အပိုင်း(၄၁)

232 24 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁)

ဂွီ

သူ့အစာအိမ်မှ ဗိုက်ဆာလောင်သောအသံ ထွက်ပေါ်လာ၍ ယွမ်ကျိုး လန့်နိုးသွားသည်။ သူက အတွေးထဲနစ်မြောနေပြီး ခေါက်ဆွဲပြုတ်အချို ချက်ပြုတ်နည်းကို အထင်ကြီးလေးစားနေသည်။

“အို့ ဒီနေ့ည ညစာတောင် မစားရသေးဘူး။ ညစာအတွက် ခေါက်ဆွဲပြုတ် ပြင်ဆင်ရင် မကောင်းဘူးလား” ယွမ်ကျိုးက တည်ငြိမ်စွာဖြင့် သူ့စိတ်ထဲ ရေရွတ်လိုက်သည်။ စောနတုန်းက ကြက်ဥထမင်းကြော် ၂ပွဲစားထားခြင်းကို မေ့လျော့နေသည်။

“ဒုန်း ဒုန်း ဒုန်း"

သူက အောက်ထပ်သို့ အမြန်ပြေးဆင်းသွားသည်။

မီးဖိုချောင် မီးများကို ဖွင့်လိုက်သောအခါ နေ့အချိန်ကဲ့သို့ တစ်ခန်းလုံး လင်းလက်သွားသည်။ ပင်မခန်းမဆောင်ထဲမှ အလင်းရောင်များသည် စားသုံးသူများကို နွမ်းလျစိတ် ပြေလျော့စေသည်။

ယွမ်ကျိုး မျှော်လင့်ထားသည့်အတိုင်း မီးဖိုချောင်ထဲမှာ ပစ္စည်းအသစ် ရောက်နေသည်။

အံဆွဲအသစ်အပေါ်တွင် ‘ဘက်စုံသုံး’ဟူသောစကားလုံး ရေးထိုးထားသည်။ ရှောင်လုံပေါင်း အသုံးပြုခဲ့သော ဂျုံအံဆွဲ၏ ဘေးနားတွင် ရှိသည်။ ထိုစဥ် မီးဖိုဘေးတွင် ချက်ပြုတ်အိုးအသစ် ပေါ်လာသည်။ သို့သော်လည်း ယွမ်ကျိုး ယခင်က မြင်တွေ့ဖူးသော အိုးများနှင့် ခြားနားသည်။

ပုံမှန်အိုးများကို တခြားစားသောက်ဆိုင်များတွင် အသုံးပြုသည်။ အိုးက ကြီးမားသောကြောင့် ခေါက်ဆွဲတော်တော်များများကို တစ်ပြိုင်နက်တည်း ပြင်ဆင်နိုင်သည်။ ယွမ်ကျိုး ပိုင်ဆိုင်သွားသော ချက်ပြုတ်အိုးက အကန့်အများကြီးပါသော ဟင်းချက်အိုးဖြစ်သည်။ အကန့်တစ်ခုချင်းစီတွင် ၁၀၀ဂရမ် ခေါက်ဆွဲများကို ပြုတ်နိုင်သည်။

စုစုပေါင်း ၁၂ကန့်ပါဝင်သည်။ အတန်း ၃တန်း ထောင်လိုက်
၄ခု ဖြစ်သည်။ သေချာအကဲခတ်ကြည့်ကာ ထိတွေ့ပြီးနောက် အကန့်တိုင်းကို သေချာပိုင်းခြားထားမှန်း သိလိုက်သည်။

လက်ကိုင်မှ ထွက်လာသော သာယာနားပျော်ဖွယ်အသံကြောင့် ကြွေရည်သုတ်ထားမှန်း ယွမ်ကျိုး သိလိုက်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now