အပိုင်း(၁၉)

286 36 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၉)

စီးပွားရေးကောင်းလာသည်နှင့်အမျှ ယွမ်ကျိုး အလုပ်များလာသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်က နေ့လည်ချိန်တွင် လူများလွန်းသောကြောင့် ဧည့်သည်တချို့က မနက်စာစားချိန်အတွင်း လာကြသည်။ ထို့ကြောင့် ယွမ်ကျိုးက မနက်စောစော ထရသည်။

ယွမ်ကျိုးက သူ့ကိုယ်သူ ဇွဲလုံ့လဝီရိယရှိသူဟု အသိအမှတ်ပြုကာ  အကောင်းဆုံးအလုပ်သမားဆုနှင့်ထိုက်တန်သည်ဟု ခံစားမိသည်။ ယနေ့က တနင်္လာနေ့ဖြစ်ပြီး ယွမ်ကျိုးသည် ယခင်နေ့ထက် နာရီဝက်ခန့်စောပြီး နိုးလာခဲ့သည်။

မစ်ရှင်အ‌‌ခြေအ‌နေကို ကြည့်လိုက်‌သောအခါ ကြက်ဥထမင်းကြော် ၉၉ပွဲရောင်းပြီးပြီဟုပြထားပြီး ကြာချိန် ၅ရက်ခန့်သာရှိသေးသည် ။ ယွမ်ကျိုးက နောက်တစ်ပွဲ ထပ်ရောင်းချနိုင်လျှင် စနစ်မှ ပေးအပ်သော ဆုလာဘ်ကို ရရှိလိမ့်မည်။

ထို့ကြောင့် ယွမ်ကျိုးက မနက်စာအတွက် ကြက်ဥထမင်းကြော်ကို မစားဘဲ သူ့ဆုလာဘ်အသစ် ရရှိမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ အဆင့် 0 မှ 1 သို့  အဆင့်မြှင့်တင်ခြင်းသည် ကန့်သတ်ချက်များစွာကို ဖယ်ရှားပေးလိမ့်မည်။ ထို့အပြင် ဤအချက်က ယွမ်ကျိုး ၏အဓိက ပန်းတိုင်လည်း ဖြစ်သည်။

"သူဌေးယွမ်၊ မင်းက ဒီနေ့ ခါတိုင်းထက် နာရီဝက်စောနိုး‌နေတာပဲ"
ဝူဟိုင် ဟုခေါ်သော နှုတ်ခမ်းမွေးအမျိုးသားသည် ညအိပ်ဝတ်စုံဖြင့် ‌ဆိုင်ထဲဝင်လာခဲ့သည်။

“ဟုတ်တယ် ဒီနေ့ ဆိုင်စောစောဖွင့်တယ်။ မင်းရဲ့ကြက်ဥထမင်းကြော်က အမြန်ဆုံး ပြင်ဆင်ပေးမယ်"

ယွမ်ကျိုး က အစားပုပ်သော ဤအမျိုးသားသည် သူ့စားသောက်‌ဆိုင်ကို အမြဲစောင့်ကြည့်နေမှန်းသိသည်။ ၎င်းသည် သူ့စားသောက်ဆိုင်၏ ပင်တိုင် ပထမဆုံးဧည့်သည် ဖြစ်သည်။

"သူဌေးယွမ်၊ မင်း ဒီနေ့ စိတ်ကောင်း၀င်‌နေပါလား" နှုတ်ခမ်းမွှေးလူသားဝူဟိုင်က အမြင်စူးရှသည်။ သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ယွမ်ကျိုး ၏မျက်နှာပေါ်မှ ရွှင်လန်းသောအမူအရာကို သတိပြုမိသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now