အပိုင်း(၁)

1.1K 68 0
                                    

ကျွမ်းကျင်စာဖိုမှူးစနစ်

အပိုင်း(၁)

တောင်ပေါ်ဘုရားကျောင်းမှ ပန်းပွင့်ကလေးများ စတင်ဖူးပွင့်သည့် ဧပြီလတွင် ပန်းရနံ့လေးများ သင်းပျံ့နေသည်။

ကြီးများကျယ်ပြန့်ပြီး ရှုပ်ယှက်ခတ်နေသော မြို့တော်ကြီးတွင် မြို့ပတ်လမ်း ၂နှင့် ၃လမ်းဆုံတွင်ရှိသော ဆိုင်သေးသေးလေးသည်  ယင်ကောင်သေးသေးလေးပင် မမြင်ရသည်အထိ လူသူကင်းမဲ့နေသည်။

သို့သော်လည်း မှိန်ပျပျအခန်းထဲတွင် ထိုင်နေသော ယွမ်ကျိုးက ဤအခြင်းအရာကို မသိကျိုးကျွံပြုထားသည်။ ယွမ်ကျိုးက ထိုင်ခုံခြေထောက်အကောင်းပကတိအတိုင်းရှိနေသောထိုင်ခုံပေါ်မှာ ထိုင်နေသည်။

သေးငယ်သောအခန်းကလေးကို လှည့်ပတ်ကြည့်ရှုပြီး သက်ပြင်းချကာ အတွေးထဲ နစ်မြောနေသည်။

ဤဆိုင်လေးသည် ယွမ်၅သောင်းအပြင် သူ့မိဘများအမွေအနှစ်အဖြစ် ချန်ရစ်ခဲ့သော တစ်ခုတည်းသောအမွေဖြစ်သည်။ နှစ်ထပ်စားသောက်ဆိုင်လေးသည် စီးပွားရေးအဆောက်အအုံကို ကျောခိုင်းထားပြီး ရှုပ်ယှက်ခက်သော လမ်းမပေါ်တွင် တည်ရှိလေသည်။ ဤဆိုင်လေး၏ ပထမထပ်တွင် ခေါက်ဆွဲဆိုင်ဖွင့်ထားပြီး ဒုတိယထပ်တွင် နွေးထွေးလုံခြုံသော အိမ်ကလေး ရှိသည်။ သူ့မိဘ၂ဦးစလုံး လွန်ခဲ့သော၃နှစ်ခန့်က ကားမတော်တဆမှုဖြင့် သေဆုံးသွားသောကြောင့် စားသောက်ဆိုင်ဖွင့်ထားသော ပထမထပ်ကို သူ ထပ်မသွားခဲ့ပေ။ သူအပြင်ထွက်တိုင်း နောက်ဖေးတံခါးပေါက်ကို အသုံးပြုပြီး အပြင်ထွက်လေ့ရှိသည်။

ယခုတော့ အိမ်ကလေးက အလွန်အမင်း ဖုန်ထူနေသည်။ ကျန်ရှိနေသေးသော အိုးခွက်များနှင့်တူများ ကြမ်းပြင်ပေါ် ရှုပ်ပွပြန့်ကြဲနေစဥ် ထိုင်ခုံများနှင့်စားပွဲခုံများကလည်း တစ်စစီ ကျိုးပဲ့နေလေသည်။

ဒုတိယထပ်ကလည်း ပထမထပ်နှင့် ခြားနားခြင်း မရှိခဲ့ပေ။ သူမကြာခဏ သွားလာလှုပ်ရှားလေ့ရှိသော နေရာများမှလွဲ၍ ကျန်နေရာများက လွန်ခဲ့တဲ့၃နှစ်ကအတိုင်း ရှိနေခဲ့လေသည်။

လွန်ခဲ့သော၂နှစ်ကျော်ခန့်က ဆိုင်ခန်းရောင်းချသည့်ပို့စ်ကို တင်ခဲ့၍ တစ်ယောက်ယောက်က ဤဆိုင်ကလေးကို ဝယ်ယူသွားရန်သာ သူမျှော်လင့်ခဲ့မိသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now