အပိုင်း(၈၀)

152 17 0
                                    

ယွမ်ကျိုး အပိုင်း(၈၀)

၆နာရီက အလျင်အမြန်ကုန်ဆုံးသွားခဲ့သည်။ ယွမ်ကျိုးတို့ နှစ်ယောက်  ခေါက်တုံ့ခေါက်ပြန် ရှေ့နောက်သွားရင်း ၆နာရီအချိန်က ကုန်ဆုံးသွားခဲ့ပြီး  အချိန်က တိုတောင်းလွန်းခဲ့သည်။

တစ်မနက်ခင်းလုံး အလုပ်လုပ်ပြီးနောက် ယွမ်ကျိုးက ရေချိုးသန့်စင်ရန် အပေါ်ထပ်သို့ ‌တက်သွားသည်။ ရေချိုးပြီးနောက် အပြင်သို့မသွားမီ အဝတ်အစားလဲသည်။ တကယ်တမ်း အမွှေးပွခွေးလေးအတွက်လဲ ခေါက်ဆွဲပြုတ်ပြင်ဆင်ရန် မမေ့လျော့ခဲ့ပေ။

ယွမ်ကျိုးက နေ့လည်ခင်း ခဏနားကတည်းက ခွေးကလေးကို အစာကျွေးပြီးသား ဖြစ်သည်။ စွန်းမင်က သူ့စားသောက်ဆိုင်နှင့် သိပ်မဝေးကွာသော နေရာတွင် နေထိုင်သည်။ တက္ကစီဖြင့် သွားလျှင် နာရီဝက်ခန့်သာ ကြာနိုင်သည်။ ထို့ကြောင့် ယွမ်ကျိုးက စွန်းမင်၏အိမ်သို့
လမ်းလျှောက်သွားရန် ဆုံးဖြတ်ထားသည်။

"ယွမ်ကျိုး၊ အပြင်သွားမလို့လား" လမ်းလျှောက်နေစဉ် ယွမ်ကျိုးက သူဌေးဝမ်နှင့် အမှတ်တမဲ့ ဆုံတွေ့သည်။

"ဟုတ်တယ် သူဌေးဝမ်။ ခင်ဗျားရဲ့ဆိုင်ကို မဖွင့်ဘူးလား" ယွမ်ကျိုးက ပြုံးလိုက်ပြီးတော့ သူမကို နှုတ်ဆက်သည်။

"အရွက်လာဝယ်တာ။ မင်းစားသောက်ဆိုင်က တကယ် စီးပွားရေးကောင်းတယ်နော်။
မင်းရဲ့ဟင်းချက်စွမ်းရည်က တကယ်ကောင်းလို့ ဖြစ်မယ်" သူဌေးဝမ်က ပြုံးကာ စကားပြောသည်။

"အဖေ့ဆီက ပညာအမွေကို လက်ဆင့်ကမ်းထားတာလေ" ယွမ်ကျိုးက သူ့အဖေကြောင့် ဟင်းချက်ကျွမ်းကြောင်း ကြွားဝါလိုက်သည်။

"ဒါပေါ့ ... သေချာတာပေါ့။ မင်းအဖေချက်တဲ့ ခေါက်ဆွဲက တကယ့်ကိုကောင်းတယ်" သူဌေးဝမ်က ယွမ်ကျိုး၏ဖခင်ချက်ပြုတ်ခဲ့သော ခေါက်ဆွဲ၏အရသာကို ပြန်လည် အမှတ်ရမိသည်။

"ဒါပေမယ့် ဟင်းလျာတွေက အရမ်းဈေးကြီးတယ်။ ငါ မဝယ်စားနိုင်ဘူး" သူဌေးဝမ်က ဆက်ပြောသည်။

"တန်ဖိုးကြီးပြီး အရည်အသွေးကောင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားလို့လေ။ ဒါကြောင့်မို့ ဈေးကြီးတာပေါ့"
ယွမ်ကျိုးက တည်ငြိမ်စွာ ပြန်ဖြေသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now