အပိုင်း(၂၉)

261 32 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၉)

ယွမ်ကျိုးက တံခါးစောင့်၏ဦးဆောင်မှုဖြင့် ဧည့်ကြိုကောင်တာသို့ သွားသည်။ ယွမ်ကျိုးက စားသောက်ဆိုင်သို့ သွားမည်ဟု ပြောကြားသောအခါ ဧည့်ကြိုဝန်ထမ်းက ဟိုတယ်၏လေးထပ်မြောက်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်သို့ ယွမ်ကျိုးအား ပို့ဆောင်ပေးရန် စားပွဲထိုးကောင်မလေးကို ထည့်ပေးလိုက်သည်။

"လူကြီးမင်း၊ ဒီလမ်းအတိုင်း ကြွပေးပါ" ကုတ်အင်္ကျီနှင့်အနီရောင်စကတ်ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသော စားပွဲထိုး‌ကောင်မလေးသည် ဓာတ်လှေကားသို့ ဦးဆောင်ခေါ်သွားသည်။

"ဒင်" ဓာတ်လှေကားခလုတ်ကို ဖိနှိပ်ပြီးနောက် စားပွဲထိုးကောင်မလေးသည် ယွမ်ကျိုး၏နောက်ဖက်သို့ ပြန်သွားသည်။ ဓာတ်လှေကားအတွင်းမှာ ဓာတ်လှေကားမောင်းနှင်သူ ရှိပြီး သတ်မှတ်ထားသော အလွှာသို့ ဧည့်သည်များကို ပို့ဆောင်ပေးသည်။ စားပွဲထိုးကောင်မလေးက စားသောက်ဆိုင်သို့ သွားမည်ဖြစ်ကြောင်း မောင်းနှင်သူသို့ ပြောသောအခါ တံခါးက ဖြေးဖြေးချင်း ပိတ်သွားသည်။ ကြယ်၃ပွင့်အဆင့် ဟိုတယ်၏ အသုံးအဆောင်ပစ္စည်းများနှင့် ဝန်ဆောင်မှုသည် ဟိုတယ်၏အဆင့်အတန်းနှင့် လိုက်ဖက်ညီသည်။ စားပွဲထိုး၏ဦးဆောင်မှုဖြင့် ယွမ်ကျိုးက စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။ နေ့လည်(၁၂)နာရီ မရောက်သေးသောကြောင့် နေရာလပ်အများကြီး ကျန်နေသေးသည်။

"ကျွန်တော့်ကို ပြတင်းပေါက်နားက ထိုင်ခုံပေးပါ" ယွမ်ကျိုးက နေရာရွေးချယ်ပြီးနောက် စားပွဲထိုးမိန်းကလေးနောက်သို့ လိုက်ပါကာ သတ်မှတ်ထားသော ထိုင်ခုံတွင် ထိုင်လိုက်သည်။ အဝါရောင်စတုဂံစားပွဲခုံပေါ်တွင် ပန်းအိုးတစ်လုံးကို တင်ထားပြီး အဖြူရောင်စားပွဲခင်းကို ခင်းထားသည်။ ပန်းကန်ခွက်ယောက်များဖြစ်သော ပန်းကန်လုံး၊ပန်းကန်ပြား၊ရေခွက်နှင့် တူကို သေသပ်ကျနစွာ ခင်းကျင်းထားသည်။

စားသောက်ဆိုင်အတွင်းရှိ အခန်းအပူချိန်ကိုလည်း ပုံမှန်အခြေအနေဖြစ်အောင် ထိန်းညှိထားသည်။ စားသောက်ဆိုင်အထပ်မြင့်မှ
အောက်သို့ ငုံ့ကြည့်လိုက်လျှင်
အရမ်းမမြင့်သော်လည်း လှပသည်ဟု ခံစားရမည့်အစား တစ်မျိုးတစ်မည် တွေးမိသည်။ ဤမြင်ကွင်းက ညဖက်တွင် လှပသော ရှုမျှော်ခင်းလေး ဖြစ်နိုင်သော်လည်း နေ့ခင်းဘက်တွင် အိမ်များကိုသာ မြင်တွေ့ရ၍ ထူးခြားမှု မရှိပေ။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)On viuen les histories. Descobreix ara