အပိုင်း(၆၁)

158 27 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၆၁)

မန်မန်က ဖရဲသီးဖျော်ရည်ခွက်ကို လက်ခံနေစဉ် အတွေးထဲနစ်မြောနေသည်။ ဖန်သားပြင်ပေါ်မှ စာတိုများက သူမကို သတိ‌ဝင်စေသည်။

"သူဌေးယွမ်က ဘယ်လိုအပင်အမျိုးအစားတွေကို စိုက်ပျိုးနေတာလဲ။  အဖိုးတန်ဖရဲသီးကို မြေဩဇာအနေနဲ့ သုံးရလား" မန်မန်က ဖောက်သည်တိုင်း သိချင်နေသော မေးခွန်းကို မေးမြန်းလိုက်သည်။

"အချိန်တန်ရင် ခင်ဗျားတို့ သိလာမှာပါ" ယွမ်ကျိုးက ဖြည်းဖြည်းချင်း ပြောသည်။

“အချက်အလက် နည်းနည်းလေး ထုတ်ပြောပေးလို့ မရဘူးလား" ဝမ်မန်က ကွေ့ကာဝိုက်ကာ မေးမြန်းနေသည်။ ချစ်စရာကောင်းသော အသံချိုချိုလေးက ကြားနာသူတိုင်း၏ နှလုံးသား အရည်ပျော်စေသည်။

သာဓကဆိုသော် ယခုမှ ဆိုင်ထဲဝင်လာသော အမျိုးသားက သူမကို ကူညီသည်။
"သူဌေးယွမ်၊ တစ်ခုခု ပြောပါဦး။ မဟုတ်ရင် ကောင်မလေး ငိုတော့မယ်"

"မရဘူး။ သူ မငိုပါဘူး" အားပေးထောက်ခံသူများသည့် အလှလေးဖြစ်သည့်တိုင် ယွမ်ကျိုးက ယခုလို  တောင်းဆိုမှုမျိုးကို ငြင်းပယ်ရမည်။ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံခြင်းက သူ့စည်းမျဉ်း ဖြစ်သည်။

"အယ်၊ သူဌေးယွမ်က ထူးခြားတာပဲ" သူမကို ကူညီရန် ကြိုးစားခဲ့သော အမျိုးသားက ရှက်ကိုးရှက်ကန်း အခြေအနေမှ ရုန်းထွက်ရန် ချောင်းခြောက်ဟန့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ။ သူဌေးယွမ်ရဲ့ စီးပွားရေး လျှို့ဝှက်ချက်ကို သိချင်ပေမဲ့ သူက မပြောတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ" ဝမ်မန်က နားလည်ဟန်ဖြင့် ပြန်ပြောသည်။

"သူဌေးယွမ်၊ ကြက်ဥထမင်းကြော်"

"ခေါက်ဆွဲစွပ်ပြုတ်အချို တစ်ပွဲပေးပါ"

"အစုံလိုက်ကြက်ဥထမင်းကြော် နဲ့ ခေါက်ဆွဲစွပ်ပြုတ်အချို အစုံလိုက်ပွဲပေးပါ"

ခဏလေးအတွင်း စားသောက်ဆိုင်ထဲ အော်ဒါတင်သံများဖြင့် ပြည့်နှက်နေသည်။

"အိုကေ၊ အားလုံးပဲ ခဏစောင့်ပေးပါ" ယွမ်ကျိုးက ဖောက်သည်မျိုးစုံ၏ ကတိုက်ကရိုက် အော်ဒါတင်သော အပြုအမူနှင့် ကျင့်သားရနေပါပြီ။ ယွမ်ကျိုးက အော်ဒါတင်သော ဟင်းပွဲ အမည် နှင့် အရေအတွက်ကို မှတ်ထားရန်သာ လိုအပ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Donde viven las historias. Descúbrelo ahora