အပိုင်း(၁၁)

317 35 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၁)

"ဒင် ကလင်လင်" နောက်တစ်နေ့ မနက်ခင်းကို နှိုးစက်မြည်သံဖြင့် အစပြုခဲ့သည်။

မနေ့ညက စားသုံးခဲ့သော ကြက်ဥထမင်းကြော်ကို သူ့တာဝန် ပြီးမြောက်ခြင်းအတွက် ထည့်မတွက်သောကြောင့် ယွမ်ကျိုးက သူ့နှလုံးသားနာကျင်မှု ဝေဒနာကို နှစ်သိမ့်ရန် ကြက်ဥထမင်းကြော်၂ပန်းကန်ကို မနက်စာအဖြစ် စားသုံးရန် ဆုံးဖြတ်ခဲ့သည်။ သူ့အစာအိမ်ထဲ ထမင်းကြော်၂ပန်းကန် ဝင်ရောက်သွားပြီးနောက် စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာသည်။ သို့သော်လည်း စနစ်အား ကုန်ကျစရိတ်ငွေ ပေးဆောင်ရမည်ကို တွေးမိသောအခါ သူ့နှလုံးသားအနည်းငယ်နာကျင်လာသည်။

"မင်္ဂလာမနက်ခင်းပါ။ ငါ အချိန်မှီရောက်လာခဲ့ပုံပဲ။ ငါ့အတွက် ကြက်ဥထမင်းကြော်တစ်ပွဲ မြန်မြန်ပြင်ပေးပါ" ယွမ်ကျိုး၏စိတ်အခြေအနေ တည်ငြိမ်သွားပြီး သိပ်မကြာလိုက် စွန်းမင်က ခြေလှမ်းခပ်ကျဲကျဲလှမ်းပြီး စားသောက်ဆိုင်ထဲ ဝင်ရောက်ကာ ထိုင်ခုံမှာ ထိုင်လိုက်သည်။

"အေးပါ ခဏစောင့် ခဏနေရင် အဆင်သင့်ဖြစ်စေရမယ်" ယွမ်ကျိုးက စကားအများကြီးမပြောဘဲ မီးဖိုချောင်ထဲ တန်းဝင်ကာ ထမင်းကြော်ရန် စတင်လုပ်ဆောင်သည်။ စနစ်မှ ပေးအပ်ထားသော ကိရိယာများသည် အသုံးပြုရန် အမှန်တကယ် လွယ်ကူသည်။ မီးဖိုချောင်က ကျဉ်းမြောင်းပြီး အဖွင့်မီးဖိုချောင်အဖြစ် ပြန်လည်ပြုပြင်ထားသော်လည်း မနှစ်မြို့ဖွယ်ကောင်းသောဆီ နှင့် မီးခိုးရနံ့များ လုံးဝ မရှိပေ။

ပြန်လည်ပြုပြင်ထားသော ဂက်စ်မီးဖို၏ မီးလျှံများသည် အတွင်းဖက်သို့ ဦးတည်သည်။ မီးဖိုဘေးနားမှာ မတ်တပ်ရပ်နေသည့်တိုင် အပူငွေ့ကို မခံစားရပေ။ အိုးထဲ ပွက်ပွက်ဆူနေသော ဆီများက အပူထုတ်လွှတ်နေခြင်းကို သက်သေပြနေသည်။

ချက်ပြုတ်သော အိုးများသည်လည်း ဆေးကြောရလွယ်ကူသည်။ ထို့အပြင် မော်ဒယ်မျိုးစုံ၊အရွယ်အစားမျိုးစုံရှိသော ဟင်းချက်အိုးအနည်းဆုံး ၁၀အိုး ခန့်ရှိသည်။ ထို့ကြောင့် ယွမ်ကျိုးက သူ့လတ်တလော ပိုင်ဆိုင်ထားသော မီးဖိုချောင်ကို အတော်အတန်ကျေနပ်မှု ရှိသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Où les histoires vivent. Découvrez maintenant