အပိုင်း(၃)

406 45 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၃)

ဖန်သားပြင်ကို ၃ကြိမ်ခန့် ကြည့်ရှုပြီးနောက် ယွမ်ကျိုးက အချက်အလက်တချို့ကို နားလည်သွားသည်။ မှောင်မဲနေသော ညဘက်ကောင်းကင်ယံကို ငေးကြည့်ပြီးနောက် သူ့ဖုန်းမှာရှိသော အချိန်ကို စစ်ဆေးကြည့်လိုက်သည်။ ည ၈နာရီ ၄၉မိနစ် အချိန်သို့ ရောက်ရှိနေပါပြီ။

ဤအချိန်က နောက်ကျနေသော်လည်း ယွမ်ကျိုး၏စိတ်မတည်ငြိမ်သောကြောင့် အိပ်မပျော်နိုင်ချေ။ ထို့ကြောင့် စနစ်က သူ့ကို ပေးအပ်ထားသော တာဝန်အကြောင်း စတင် တွေးတောမိသည်။

"ငါ့ကို ပေးထားတဲ့ တာဝန်က စားသောက်ဆိုင်တစ်ဆိုင် ပိုင်ရမယ်ဆိုတော့ အောက်ထပ်မှာရှိတဲ့ စားသောက်ဆိုင်ကို ငါ ပိုင်ဆိုင်ထားတုန်းပဲ။ ဥပဒေအရရော တကယ့်လက်တွေ့ဘဝမှာပါ ငါ ပိုင်ဆိုင်တယ်။ ဒါဆိုရင် ဘာလို့ တာဝန် မပြီးမြောက်သေးတဲ့ စာသားကြီးက ပေါ်နေတာလဲ"

"ဆိုင်းဘုတ်မထောင်ရသေးလို့လား ဒါမှမဟုတ် စီးပွားဖြစ်ဆိုင်မဖွင့်လို့လား"

စနစ်က တုံ့ပြန်မှု မရှိမှန်း သတိပြုမိသောအခါ ယွမ်ကျိုးက တိုက်ရိုက်မေးမြန်းလိုက်သည်။ "စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရမယ်ဆိုတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ ဘယ်အချက်တွေ လိုအပ်တာလဲ"

စနစ်က စကားလုံးတချို့ကို ပြသသည်။ "လက်ခံသူက စီးပွားဖြစ်ဆိုင်ဖွင့်ဖို့ စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရပါမယ်"
ဤ‌ဖြေရှင်းချက်ကြောင့် တာဝန်ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်ချက်ကို သဘောပေါက်သွားသည်။ ထို့ကြောင့် သူ့အဝတ်ဗီရိုကို လှန်လှောရှာဖွေသည်။ ထို့နောက် ဝတ်စုံတစ်စုံကို ထုတ်လိုက်သည်။ သန့်ရှင်းရေးလုပ်ဆောင်ရန် အသုံးပြုမည့်ဝတ်စုံဖြစ်သည်။

ယွမ်ကျိုးက သူ့လက်ထဲက ဝတ်စုံကို ငေးစိုက်ကြည့်ပြီး အတွေးနစ်မြောနေသည်။ ရှပ်အင်္ကျီက အပြာရင့်ရောင်ဖြစ်၍ အလွယ်တကူ မညစ်ပတ်နိုင်ပေ။ 100ရာခိုင်နှုန်း ချည်သားဖြင့် ရက်လုပ်ထား၍ ဝတ်ဆင်ရ အဆင်ပြေပြီး လျှော်ဖွပ်ရ လွယ်ကူသည်။ တချက်ကြည့်လိုက်ရုံဖြင့် သာမန်ရှပ်အင်္ကျီဟု ထင်ရသော်လည်း ယွမ်ကျိုးစားသောက်ဆိုင်၏ တရုတ်အက္ခရာကို အရှေ့ဖက်မှာ ရိုက်နှိပ်ထားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now