အပိုင်း(၂၈)

252 30 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၈)

“iPhoneကို ကောင်တာမှာ အရင်ထားခဲ့ပေးမယ်နော်။ နောက်မှ ကွန်ပြူတာ နဲ့ အတူတူ ပိုက်ဆံရှင်းလို့ရပါတယ်” ကောင်မလေးက ပြောလိုက်သည်။

"ကောင်းပြီလေ"
ယွမ်ကျိုးက ခေါင်းညိတ်ပြပြီး ကောင်မလေးပြန်လာမည့် အချိန်ကို စောင့်လိုက်သည်။

"စောင့်နေရလို့ တောင်းပန်ပါတယ်။ ဒီဘက်ကနေ  အပေါ်ထပ်တက်ရအောင်"
ကောင်မလေးသည် ၃မိနစ်အတွင်း ယွမ်ကျိုးအနားသို့ ပြန်ရောက်လာသည်။

ယွမ်ကျိုးက ကောင်မလေးနောက် လိုက်ကာ ဓာတ်လှေကားထဲသို့ ဝင်သွားသည်။

“ဒင်း”

မြင့်မားသော အဆောက်အဦမဟုတ်သောကြောင့် ဓာတ်လှေကားသည် မကြာမီ အပေါ်ထပ်သို့ ရောက်သွားသည်။ ယွမ်ကျိုးသည် ဓာတ်လှေကားမှ ထွက်လာစဥ် ဤအလွှာက လူသိပ်မရှိမှန်း သိလိုက်သည်။

သို့သော်လည်း စတုတ္ထထပ် တစ်ထပ်လုံးတွင် Apple အမှတ်တံဆိပ် ကွန်ပျူတာများစွာရှိပြီး ဧည့်သည်များ ကြည့်ရှုနိုင်စေရန် မော်ဒယ်အမျိုးမျိုးကို စားပွဲပေါ်မှာ တောက်ပစွာ ပြသထားသည်။

ထောင့်တစ်နေရာတွင် ဆိုဖာများနှင့် လက်ဖက်ရည်များခင်းကျင်းထား၍ အတော်လေး အဆင့်မြင့်ပုံပေါက်သည်။

ယွမ်ကျိုးက လူငယ်တစ်ယောက်ဖြစ်သော်လည်း သူက ကွန်ပျူတာအကြောင်း  သိပ်မသိပေ။ အဖွင့် အပိတ်လုပ်နည်းကိုသာ သိသည်။ တခြားလုပ်ဆောင်ချက်များက သူ့အတွက် နည်းနည်း ခက်ခဲသည်။ ထို့ကြောင့် ယွမ်ကျိုးက သူ့ဘေးနားရှိ ကောင်မလေး၏ စကားကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

လက်ရှိဈေးကွက်ထဲ ဈေးအကြီးဆုံး Laptopက ဒီဇိုင်းအမြင့်ဆုံးဖန်တီးမှုဖြင့် Gaming Laptop ဖြစ်သည်။

ယွမ်ကျိုးက အွန်လိုင်းဂိမ်းကို တော်ရုံ မကစားသော်လည်း အနည်းဆုံးတော့ စမ်းကြည့်ချင်သည်။ ထို့ကြောင့် သူက Gaming Laptopကို အရင်ကြည့်ရန် ပြောလိုက်သည်။

"ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ဆိုဖာပေါ်မှာ ထိုင်ပါ။ လူကြီးမင်း လိုချင်တဲ့ Laptopကို ချက်ချင်း ယူလာပေးပါမယ်”
ထို့နောက် သူမက ယွမ်ကျိုးကို ဆိုဖာနေရာသို့ လိုက်ပို့သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now