အပိုင်း(၅၂)

210 24 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၂)

"ဇီ ဇီ"

တက္ကစီက ကားပါကင်ထိုးရန် သတ်မှတ်ထားသောနေရာမှာ ရပ်တန့်လိုက်သည်။

"လူကြီးမင်း သွားချင်တဲ့ မြို့တော်စည်ပင်အခွန်ဌာနရုံးကို ရောက်ရှိပါပြီ။ ၂၂ယွမ် ကျသင့်ပါတယ်" ကားပါကင်ထိုးပြီးနောက် ယာဉ်မောင်းက ယွမ်ကျိုးကို စကားလှည့်ပြောသည်။

"ကျေးဇူးပါပဲ၊ ဒီမှာ ၂၅ယွမ် ယူလိုက်ပါ" ယွမ်ကျိုးက သူ့အမဲရောင်ခေါက်အိတ်ထဲမှ ၂၅ယွမ်ကို ထုတ်လိုက်သည်။ ယာဉ်မောင်းက ပြန်အမ်းငွေကို မပေးခင် စိန်ပြေနပြေ ပြန်ထိုင်နေလိုက်သည်။ ယာဉ်မောင်းက ပြန်အမ်းငွေကို အလျင်အမြန် ပြန်ပေးသည်။ ခဏကြာပြီးနောက် ယွမ်ကျိုးက ပြန်အမ်းငွေ ၃ယွမ်ကို ပိုက်ဆံအိတ်ထဲထည့်ကာ ‌ပေါ့ပေါ့ပါးပါး အမူအရာဖြင့် တက္ကစီပေါ်မှ ဆင်းလာသည်။

အခွန်ပေးဆောင်ရသော အစိုးရဌာနသည် တက္ကစီကားရပ်ခဲ့သောနေရာနှင့် ၂၀၀မီတာခန့် ကွာဝေးသည်။  ယွမ်ကျိုးက ရုပ်ရင့်သည်ဟုထင်ရသော်လည်း ၁၇၇ စင်တီမီတာ အရပ်အမြင့်ရှိသည်။ သွက်လက်သော ခြေလှမ်းများဖြင့် ပင်မခန်းမဆောင်သို့ ၅မိနစ်အတွင်း ရောက်ရှိသွားသည်။

အခွန်အစိုးရဌာန၏ပင်မခန်းမဆောင်သည် ကျယ်ဝန်းပြီး မီးရောင်များဖြင့် လင်းလက်နေသည်။ အခွန်ပေးဆောင်ရန်နေရာကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ယွမ်ကျိုးက အခွန်ပေးဆောင်ရန် စိတ်ပိုင်းဖြတ်ထား၍ အခွန်ဆောင်ရမည့်နံပါတ်ကို ရယူရန် တန်းစီလိုက်သည်။

အခွန်ပေးဆောင်ရသော အစိုးရဌာန၏လုပ်ငန်းစဉ်သည် ဘဏ်တစ်ခု၏လုပ်ငန်းစဉ်နှင့် တူညီသည်။ စားသောက်ဆိုင်အရွယ်အစားကို အတည်ပြုခြင်း၊ လုပ်ငန်းလိုင်စင်ပြသခြင်းနှင့် နောက်ဆုံးပေးဆောင်ရမည့်ပမာဏတို့ကို ဖော်ပြရသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်ကဲ့သို့ တစ်ဦးပိုင်လုပ်ငန်းတစ်ခုချင်းအတွက် အခွန်နှုန်းထားမှာ ပုံသေမဟုတ်ပေ။ သို့သော်လည်း ယွမ်ကျိုး၏ စားသောက်ဆိုင်သည် တခြားစားသောက်ဆိုင်လေးများနှင့်ကွဲပြားစွာ ဟင်းပွဲများက ဈေးကြီးသောကြောင့် အသေးစားအခွန်ထမ်းအဖြစ် အခွန်ပေးဆောင်းရမည်ဖြစ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now