အပိုင်း(၆၉)

143 16 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၆၉)

"ကောင်းပြီလေ" ယွမ်ကျိုးက လွယ်လင့်တကူ သဘောတူလိုက်သည်။

လင်းဟုန် အပျော်မလွန်ခင် ယွမ်ကျိုးက စကားဆက်ပြောသည်။
"ဆိုင်တံခါးဖွင့်ထားတာက ပြဿနာ မဟုတ်ပေမဲ့ ဟင်းပွဲ အော်ဒါတင်လို့တော့ မရနိုင်ဘူး"

"ဘာလဲ"
လင်းဟုန်က ယွမ်ကျိုး ဆိုလိုသော သဘောထားကို နားမလည်၍ ဘာသာစကား ပြန်သင့်သည်ဟုပင် ခံစားလာရသည်။

"ငါ ပြောသင့်တာကို တိုက်ရိုက်ပြောလိုက်ပြီလေ"

"သူဌေးယွမ်၊ ခင်ဗျား ကျုပ်တို့ကို ဒီလို လှည့်စားရင် တစ်နေ့ ခင်ဗျားလည်း ကျုပ်တို့လို လှည့်စားခံရမယ်နော်။ ဝဋ်ဆိုတာ နောင်ဘဝ မဆိုင်းဘူး"
လင်းဟုန်က ဒေါနှင့်မောနှင့် ပြောသည်။
"တခြားသူကို ထောက်ချောက်ဆင်တဲ့သူက သူတို့ကိုယ်တိုင်လည်း ထောက်ချောက်ထဲ သက်ဆင်းတတ်တာ သိရဲ့လား"

“ဟေ့၊  ညစာအတွက် တခြားသူတွေ ဒါကာခံဖို့ စိတ်အားထက်သန်သေးရဲ့လား"
ယွမ်ကျိုးက အဖြေစောင့်ဆိုင်းနေသည့် နောက်ဘက်မှ လူအုပ်စုကို တစ်ချက်ကြည့်ရန် လင်းဟုန်အား အချက်ပြသည်။

"ဒါပေါ့ ကျွေးမှာပါ။  ခင်ဗျားရဲ့စကားတစ်ခွန်းပဲ လိုအပ်တယ်။ ကျွန်တော်က သူတို့အားလုံးကို သေချာပေါက် ဒါကာခံမှာပါ" လင်းဟုန်က တကယ်ချမ်းသာ၍ တောင်းဆိုမှုကို ချက်ချင်း သဘောတူလိုက်သည်။

"ငါပြောတာကို နားထောင်ပါ။ မနက်ဖြန်မနက်ပိုင်း လူတိုင်း စားသောက်ဆိုင်ကို လာခဲ့ပါ။ ကျွန်တော်က မင်းတို့အားလုံးကို မနက်စာကျွေးပါမယ်"  လင်းဟုန်က စားသောက်ဆိုင်မှာ တစ်ချိန်လုံး အချိန်ဖြုန်းပြီးနောက် ယွမ်ကျိုးက မနက်ခင်း အိပ်ရာမထ၍ ရံဖန်ရံဖန်မှ စားသောက်ဆိုင်ဖွင့်လေ့ရှိသည်။ ထို့ကြောင့် သူက ယခုလိုစကားမျိုးပြော၍ ယွမ်ကျိုးကို ဖိအားပေးလိုက်သည်။

“He&Roက လူချမ်းသာ ဂုဏ်ပုဒ်နဲ့ တကယ် ထိုက်တန်ပါတယ်"
လင်းဟုန်၏ အတည်ပြုသော အဖြေကြောင့် နောက်ဘက်မှာ စောင့်ဆိုင်းနေသော စားသုံးသူ ဖောက်သည်များက ပျော်ပျော်ရွှင်ရွှင် စကားပြောသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now