အပိုင်း(၇၅)

128 16 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၇၅)

ယွမ်ကျိုး၏ ဖော်ရွေသော အပြုအမူကြောင့် မုကျဲယွမ်က အရဲကိုးပြီး တောင်းဆိုလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် နေ့တိုင်း လစာ လိုချင်တယ်။ အဆင်ပြေရဲ့လား" မုကျဲယွမ် ဟုခေါ်သော လူငယ်က ရှက်ရွံ့စွာ မေးသည်။

"ပြဿနာမရှိပါဘူး။ ကျန်းမာရေး လက်မှတ် ယူဖို့ မမေ့နဲ့။" ယွမ်ကျိုးသည် ၎င်း၏တောင်းဆိုမှုကို အလွယ်တကူ သဘောတူပြီး အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားအားလုံးအတွက် ကျန်းမာရေး လက်မှတ် လိုအပ်ကြောင်း စိတ်ချစွာ သတိပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ် သူဌေး၊ ကျွန်တော် သွားမယ်။ ကျွန်တော် အခုပဲ သွားယူလိုက်မယ်" မုကျဲယွမ်၏ နူးညံ့သိမ်မွေ့သောမျက်နှာပေါ်တွင် ပျော်ရွှင်သော ခံစားချက်များ ပေါ်လာသည်။

"ကောင်းပြီ၊ ဆက်လုပ်ပါ" ယွမ်ကျိုး ကျေနပ်နေသည်။ ခပ်တည်ခပ်တန်းတန်း အမူအရာက သူနှင့် ပိုသင့်‌‌လျော်သည်ဟု ခံစားမိသည်။

"ဒုန် ဒုန် ဒုန်" လူငယ်လေးက ဝမ်းသာအားရ ထွက်ပြေးသွားသည်။

“ပုံစံကြည့်ရတာ လူငယ်လေးက အသက်မပြည့်သေးပုံရတယ်” ဝူဟိုင်းက သူ့ကို ကူကယ်ရာမဲ့ သတိပေးသည်။

"ကိစ္စမရှိပါဘူး။ မကြာခင် နွေရာသီ အားလပ်ရက် ရောက်တော့မည်။ နွေရာသီ ကျောင်းပိတ်ရက်မှာ လေ့ကျင့်ရေးဆင်းတယ်လို့ ယူဆနိုင်တယ်" ယွမ်ကျိုးက လူငယ်လေးမုကျဲယွမ် အသက်ငယ်သေးမှန်း သိသည်။

“ရေရှည် အလုပ်လုပ်မယ့် အလုပ်သမားကို အလုပ်ခန့်တာ မဟုတ်ဘူးလား"
ဝူဟိုင်း အံ့ဩသွားသည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်ငယ်သည် ရေရှည်အချိန်ပြည့် အလုပ်သမားကို ခေါ်ယူရန် ပိုသင့်လျော်သည်။  အလုပ်သမား ခဏခဏ  ပြောင်းရခြင်းက တော်တော် ဒုက္ခရောက်သည် မဟုတ်ပါလား။

“ကိစ္စ မရှိဘူး။ ငါ သူ့ကိုသဘောကျတယ်" ယွမ်ကျိုး က ဝူဟိုင်းကိုကြည့်သည်။ သူ့အကြည့်က "ဘာလို့ မပြန်သေးတာလဲ"ဟူသော အကြည့် ဖြစ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now