အပိုင်း(၉)

349 31 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၉)

ယနေ့က ကြာသပတေးနေ့ မနက်ခင်း ဖြစ်သည်။ လူအများစုက အလုပ်လုပ်ကိုင်နေ၍ ဤအချိန်တွင် စီးပွားရေးလုပ်ရန် အများကြီး မျှော်လင့် မရပေ။

ယွမ်ကျိုးက ကြယ်၃ ပွင့် အဆင့်ရှိသောဟိုတယ်၏ မီးဖိုချောင်တွင် ယခင်က အလုပ်လုပ်ခဲ့ဖူးသည်။ ကြယ်သုံးပွင့်အဆင့်ရှိသော ဟိုတယ်၏ မီးဖိုချောင် အလုပ် နှင့် သူ့စားသောက်ဆိုင်သေးသေးလေး၏ ထည်ဝါမှု အလွန်ခြားနားသော်လည်း အလုပ်ချိန် သတ်မှတ်ချက်က အနည်းနှင့် အများ အတူတူပင် ဖြစ်သည်။ ယခုလို မနက်ခင်းအချိန်ကာလတွင် ဧည့်သည် မလာမှန်း သူ သေချာပေါက် သိသည်။

ယွမ်ကျိုးက သူ့စားသောက်ဆိုင်ထဲ ပြန်ဝင်လိုက်သည်။ မီးဖိုချောင်ထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီးနောက် ဖုံးကွယ်ထားသော အနေအထားရှိသော အနီရောင် ခလုတ်တစ်ခုကို တွေ့လိုက်ရသည်။

"စနစ်၊ ဒါ ကဘာလဲ" သူ့မီးဖိုချောင်ကို ပြုပြင်မွမ်းမံခြင်း မလုပ်ဆောင်မီက ဤကဲသို့သော အချင်းအရာများ မရှိခဲ့ကြောင်း ယွမ်ကျိုး ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

စနစ်က ပြန်လည်ဖြေကြားသည်။
"ဒါကအနားယူဖို့ ထောက်ပံ့ပေးထားတဲ့ နေရာပါ"

“မင်းက တကယ့်ကို တည့်တိုး ပြောတတ်တာပဲ” ယွမ်ကျိုးက ထုံးစံအတိုင်း စနစ်ကို မကျေမနပ် ပြောဆိုသည်။
နားမခံသာသော လျှပ်စစ်အသံနှင့်အတူတူ ထိုင်ခုံတစ်ခု ပေါ်လာသည်။ ပုံမှန်အသုံးပြုလေ့ရှိသော လေးထောင့် သစ်သားထိုင်ခုံ ကဲ့သို့ ရိုးရှင်းပုံပေါက်သော်လည်း တစ်ခုတည်းသော ကွာခြားချက်မှာ ထိုင်ခုံခြေထောက်၏ အောက်ခြေကို  သတ္တုများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤအချက်က  သိပ္ပံနှင့် နည်းပညာ၏ ဖန်တီးမှုရသကို ပေးစွမ်းနိုင်စွမ်း ရှိသည်။

ယွမ်ကျိုးက စူးစမ်းလိုစိတ်ဖြင့် ထိုင်ခုံပေါ်မှာ ထိုင်လိုက်သော်လည်း ထူးခြားမှုကို မတွေ့ရပေ။ သာမာန်ထိုင်ခုံများထက် ပို ထိုင်ရ အဆင်ပြေသောခံစားချက်ကိုသာ ပေးစွမ်းသည်။ ထို့အပြင် ယွမ်ကျိုးက သူ့ခြေထောက်များကို ဆန့်တန့်လိုက်သောအခါ ထိုင်ခုံ ခြေချောင်းများကလည်း လိုက်ပါ ရွေ့လျားသည်။ သို့တိုင် ထိုင်ခုံ ရွေ့လျားသွားသော အသံကို မကြားရပေ။ ယွမ်ကျိုးက အရုပ်အသစ်ရသော ကလေး တစ်ယောက်ကဲ့သို့  အသစ်စက်စက် ထိုင်ခုံပေါ်မှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now