အပိုင်း(၇၈)

143 17 0
                                    

ယွမ်ကျိုး အပိုင်း(၇၈)

မုကျဲယွမ်၏ စိတ်အခြေအနေက ချက်ချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ့မျက်လုံးများကို ကလည်ကလည်လုပ်ရင်း စကားပြောသည်။

“ဘာပဲဖြစ်ဖြစ် ညီမလေး အဲဒီဆိုင်မှာ အလုပ်လုပ်ရင် အထူးအခွင့်အရေးတွေ ရလာမှာပါ။ ပြီးရင် ဟင်းပွဲတွေ ပါဆယ်ထုပ်သွားလို့ရလား သူဌေးကို တောင်းဆိုကြည့်ပေါ့"

“အစ်ကို၊ သူဌေးက ဒီမနက်ခင်းတည်းက ဆိုင်ကနေ ဘာမှ မကျွေးဘူးလို့  ပြောထားပြီးသား” မုရှောင်ယွမ်က သူ့အစ်ကိုကို တော်တော်လေး စိတ်ပျက်မိသည်။

“ဒီပြင် အလုပ်က လွယ်ကူပြီး လစာလည်း တော်တော်ကောင်းတယ်။ ဒီထက်ပိုပြီး တောင်းဆိုရဲပါ့မလား"

ထိုသို့ပြောပြီးနောက် မုရှောင်ယွမ်က သူ့အစ်ကို၏အခန်းထဲမှ ထွက်သွားကာ စားသောက်ဆိုင်သို့ မသွားခင် တစ်ခုခုစားပြီး အနားယူရန် ပြင်ဆင်သည်။

..........

အချိန်တွေ ‌တရွေ့ရွေ့ကုန်ဆုံးသွားသည်။မုရှောင်ယွမ်က အချိန်လေးစားတတ်သော မိန်းကလေး ဖြစ်၍ ယွမ်ကျိုး ဆိုင်ဖွင့်ခါစ ၁၀နာရီ ၅၀မိနစ်အချိန်တွင် စားသောက်ဆိုင်သို့ ရောက်သည်။

"လာ လာ အလုပ်လုပ်ဖို့ အဆင်သင့်ပြင်ဆင်ထားပါ"ယွမ်ကျိုးက  မီးဖိုချောင်ထဲမှ အလုပ်မရှုပ်ခင် ကောင်မလေးကို နှုတ်ဆက်လိုက်သည်။

လိုအပ်သည့်အရာအားလုံးကို စနစ်က ကြိုတင်ပြင်ဆင်ထားသော်လည်း တချို့သောထူးထူးခြားခြား အလုပ်များကို ယွမ်ကျိုးကိုယ်တိုင် ပြီးမြောက်အောင်
လုပ်ဆောင်ရသည်။

"သူဌေး၊ ကျွန်မဘာလုပ်ပေးရမလဲ" မုရှောင်ယွမ်က ဆိုင်ထဲဝင်လာပြီးနောက် ယွမ်ကျိုး သူမကို ကူညီခိုင်းမည့် အရိပ်အယောင်မပြ၍ သူမက အလိုက်တသိ မေးမြန်းလိုက်သည်။

“နေ့လည်ခင်းမှာ ဖောက်သည်တွေ အများကြီးလာမယ်။ အဲဒီအခါကျရင် ပြင်ဆင်ထားတဲ့ ဟင်းပွဲအားလုံးကို ဒီနေရာလေးမှာ ထားလိုက်မယ်။ မင်းရဲ့တာဝန်က အဲ့ဒါတွေကို ဖောက်သည်တွေဆီ သယ်သွားရုံပါပဲ” ယွမ်ကျိုးက သူ့မီးဖိုချောင်ထဲ ဝင်ထွက်သွားလာစဉ် ဖြတ်သွားလေ့ရှိသော ခေါက်စားပွဲကို ညွှန်ပြသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Où les histoires vivent. Découvrez maintenant