အပိုင်း(၆၂)

173 29 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၆၂)

“ကြိုဆိုပါတယ်" ယွမ်ကျိုးက ယဉ်ကျေးစွာ တုံ့ပြန်သည်။

"သူဌေးယွမ်၊ ခင်ဗျာက ရွှေလက်ဖက်ကြက်ဥ ရောင်းတာလား"
ဆံပင်ခပ်တိုတိုနှင့် တက်ကြွဖျတ်လတ်သော အမျိုးသားက လက်ဆွဲ သားရေအိတ်ကို သယ်ဆောင်လာပြီး စပ်စပ်စုစု မေးမြန်းသည်။

"ခင်ဗျား စမ်းစားကြည့်ချင်လား" ယွမ်ကျိုးက တန်းမေးမြန်းလိုက်သည်။

"အမ်၊ မလိုပါဘူး။ ဈေးကြီးတဲ့ရွှေကြက်ဥကို ဝယ်မစားနိုင်ဘူး" သူက ယွမ်ကျိုး၏ အကြံပြုချက်ကို တုံ့ဆိုင်းခြင်း မရှိဘဲ ငြင်းပယ်သည်။

"အိုကေ"

ယွမ်ကျိုးက လက်ဖက်ကြက်ဥကို မရောင်းနိုင်ခဲ့သော်လည်း စိတ်မဆိုးခဲ့ပေ။ ဖောက်သည် တစ်ယောက်မှ ဝယ်မစားလည်း ပြဿနာ မရှိပေ။ လက်ဖက်ကြက်ဥ၏ မူလဈေးနှုန်း နှင့် အသုံးပြုထားသော ပစ္စည်းများ အကြောင်း တကယ် သိချင်မိသည်။

ရှေးယခင်က လက်ဖက်ရည်ကို တော်ဝင်မိသားစုများသာ စားသောက်နိုင်၍ ဇိမ်ခံပစ္စည်းဟုပင် သတ်မှတ်နိုင်သည်။ လူနေမှုအဆင့်အတန်း လျင်မြန်စွာ တိုးတက်လာ၍ လက်ဖက်ရွက်ကို သာမန်လူတန်းစားများပင် အသုံးပြုလာနိုင်သည်။

လက်ရှိကာလတွင် လက်ဖက်ရည်ကို ပုံမှန်သောက်လေ့ရှိသည်။

ယွမ်ကျိုး အတွေးထဲနစ်မြောနေစဉ် အခွန်ဌာန၏ ဌာနမှူးချုပ်သည် ဒုဌာနမှူးလီနှင့်အတူတူ စားသောက်ဆိုင်သို့ လမ်းလျှောက်လာသည်။

"ဌာနမှူး ၊ စားသုံးသူတွေ ကျိတ်ကျိတ်တိုးနေတဲ့ ဒီဆိုင်ပဲ"
ဒုဌာနမှူးလီက ဦးဆောင်ပြီး ခေါ်လာသည်။

ဌာနမှူး၏မျိုးရိုးနာမည်က 'လင်း' ဖြစ်သည်။ သူက ငယ်ရွယ်သူ မဟုတ်ဘဲ အသက်၄၈နှစ် အရွယ်ဖြစ်သည်။ သူက အခွန်ဌာနတွင် ဌာနမှူး ရာထူးဖြင့် နှစ်အတော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့၍ ဤပတ်ဝန်းကျင်က စားသောက်များနှင့် ရင်းနှီးနေသည်။

ဤလမ်းပတ်ဝန်းကျင်မှ စားသောက်ဆိုင်များသည် ရုံးဝန်ထမ်းများ နှင့် ရပ်ကွက် နှစ်ခုမှာ နေထိုင်သူများကို အားကိုးအားထားပြုပြီး ရပ်တည်ရသည်။ ဆိတ်ငြိမ်သောနေရာက စားသုံးသူ သိပ်မလာသည့် သဘောလည်း ဖြစ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now