အပိုင်း(၂)

526 48 9
                                    

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၂)

တခြားသော တာဝန်ကို မမြင်တွေ့ရခင် ယွမ်ကျိုးက စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်ပြီး အခန်းကို ၂ပတ်ပတ်လိုက်သည်။
နောက်ဆုံးတွင်မူ သူ့အပြုအမူက ရူးမိုက်သည်ဟု ယူဆကာ ပြန်ထိုင်‌လိုက်သည်။ ထို့နောက် သူ့ဖုန်းကို ဖွင့်လိုက်ပိတ်လိုက် အကြိမ်ကြိမ်လုပ်နေမိသည်။ အတွေးပေါင်းများစွာက သူ့စိတ်ထဲ ထပ်တလဲလဲ ဖြစ်ပေါ်နေသော်လည်း စာတစ်ကြောင်းတည်းကိုသာ အမှတ်ရနေမိသည်။ "ကျွမ်းကျင်စားဖိုမှူးစနစ်၊အဲဒီစနစ်ရဲ့ အကူအညီနဲ့ ကမ္ဘာကျော်စေရမယ်"

ဤစားသောက်ဆိုင်လေးသည် သူ့မိဘများ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့၍ ပိုင်ဆိုင်ခဲ့သော စီးပွားရေးလုပ်ငန်းဖြစ်သည်။ စားသောက်ဆိုင်ဖွင့်ပြီး ၂နှစ်ပင်မကြာလိုက် ဟင်းချက်စရာများ သွားဝယ်စဉ် ကားတိုက်မှု ဖြစ်ပွားခဲ့သည်။ ထိုနှစ်က သူသည် တက္ကသိုလ် ဒုတိယနှစ်သာ ရောက်သေးသည်။ သူ့မိဘနှစ်ပါးစလုံး ရုတ်တရက် ဆုံးပါးသွား၍ သူလည်း မိဘမဲ့ဖြစ်သွားခဲ့သည်။ သောကဝေဒနာ ဖိစီးမှုကြောင့် စိတ်ဓာတ်ကျကာ ပညာဆက်လက်သင်ကြားနိုင်စွမ်းမရှိခဲ့ပေ။ ကျောင်းရပ်နားခဲ့ပြီး တစ်နှစ်ကျော်ကြာမှသာ ခက်ခက်ခဲခဲ ဘွဲ့ရရှိခဲ့သည်။

ဤလူဦးရေထူထပ်သော မြို့တော်တွင် ဘွဲ့တစ်ဘွဲ့တည်းဖြင့် သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခုကို ရှာဖွေရန် မလွယ်ကူပေ။ နောက်ဆုံးတွင်မူ စားသောက်ဆိုင်ကြီးတစ်ဆိုင်၏ မီးဖိုချောင်အကူအလုပ်ကို ရရှိခဲ့သည်။ ဤအလုပ်ဖြင့် ဟင်းချက်စွမ်းရည် တိုးတက်လာပြီး သူ့အဖေ၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု စိတ်ကူးထားသည်။ သို့သော်လည်း ဟင်းချက်ပညာရပ်တွင် ပါရမီလိုအပ်လိမ့်မည်ဟု မတွေးခဲ့ဖူးပေ။

"ဒီစနစ်က မျှော်လင့်ချက်အသစ်တွေကို ယူဆောင်လာပေးတာလား"
ဤအတွေးကြောင့် ယွမ်ကျိုးက သူ့စိတ်ထဲ ဖော်ပြထားသော ကနဦးတာဝန်ကို နှိပ်လိုက်သည်။

[တာဝန်] စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရမည်။

[တာဝန်အညွှန်း : အနာဂတ်ကျွမ်းကျင်စာဖိုမှူးအနေနဲ့ စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်သင့်တယ်မလား။ ကောင်လေး မင်းမှာ ဆိုင်တစ်ဆိုင်တောင် မရှိသေးဘူး။ ကြိုးစားသင့်တယ်]

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now