အပိုင်း(၂၃)

274 32 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၃)

"အရင်ဆုံး ဟင်းလျာအသစ်ရဲ့အရသာကို မြည်းစမ်းကြည့်ပါဦး။ စားကြည့်ပြီးသွားရင် အရသာကို သိသွားလိမ့်မယ်" ယွမ်ကျိုး ကြက်ဥထမင်းကြော်အစုံလိုက်ဗန်းကို ယင်းယာတို့ရှေ့ချကာ ယင်းယာကို စားကြည့်ရန် တိုက်တွန်းသည်။

"ကောင်းပြီလေ။ ငါ အခုဘဲ စားကြည့်လိုက်မယ်" ယင်းယာက ခေါင်းညိတ်လိုက်ပြီး ဇွန်းကိုယူကာ အစုံလိုက် ကြက်ဥထမင်းကြော်ကို စတင်စားသုံးသည်။ သူ့မျက်နှာပေါ်တွင် မြင်တွေ့ရသော ကျေနပ်သောအမူအရာက ဘေးစားပွဲဝိုင်းက တခြားနှစ်ယောက်နှင့် ထပ်တူညီသွားသည်။ ကောင်းယင်နှင့် နှုတ်‌ခမ်းမွှေးနှင့်အမျိုးသားတို့သည် ကြက်ဥထမင်းကြော်ကို အားရပါးရ စားသုံးထား၍ ကုန်လုနီးပါးဖြစ်နေပါသည်။

"သူဌေး ပင်လယ်ရေမှော်ဟင်းချို နဲ့ မုန်လာချဉ် နောက်တစ်ခွက် ထပ်ပေးပါ"

"သူဌေး ပင်လယ်ရေမှော်ဟင်းချို နဲ့ မုန်လာချဉ်တစ်ခွက် ထပ်ပေးပါ" ကောင်းယင်နှင့် နှုတ်ခမ်းမွှေးနှင့်အမျိုးသား ဝူဟိုင်းတို့သည် တစ်ပြိုင်နက်တည်း တောင်းဆိုလိုက်ကြသည်။

သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်း ပြောဆိုပြီး၍ တစ်ယောက်ကိုတစ်ယောက် မသိမသာငေးကြည့်ကာ ယွမ်ကျိုးကို ငေးစိုက်ကြည့်ပြီး အဖြေကို စောင့်ဆိုင်းနေခဲ့သည်။

"တောင်းပန်ပါတယ်။ ငါတို့ စားသောက်ဆိုင်မှာ စည်းမျဉ်း စည်းကမ်း‌တွေ ချမှတ်ထားပါတယ်။ ဖောက်သည်တိုင်းက ဟင်းတစ်ပွဲစီဘဲ မှာလို့ရပါတယ်"

"သူဌေး ငါတို့က ဟင်းချိုနှင့်မုန်လာချဉ်ပဲ တောင်းတာလေ။ နောက်တစ်ပွဲထပ်မှာတာ မဟုတ်ဘူးလေ။ ဒါတွေ အားလုံးကို တခြားဆိုင်တွေမှာဆို အကန့်အသတ်မရှိ ပေးတယ်လေ။ သူဌေး မင်းက အရမ်းကို အတ္တကြီးမနေလွန်းဘူးလား" ဝူဟိုင်းက စည်းမျဉ်းစည်းကမ်းကို သိသော ပုံမှန်ဖောက်သည်ဖြစ်သော်လည်း သူ့အမြင်တွင် အရံဟင်းလျာများကို အခမဲ့ပေးသင့်သည်ဟု ယူဆထားသည်။ ဤကဲ့သို့သော အရသာရှိသော အရံဟင်းကို အခမဲ့စားသုံးခွင့်ရမည်ဆိုလျှင် ဝူဟိုင်းက ထမင်းကြော်မပါဘဲ ဟင်းချိုနှင့် မုန်လာချဉ်ကို အကြိမ်ကြိမ် စားသုံးနိုင်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now