အပိုင်း(၁၀)

308 38 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၁၀)

စွန်းမင်၏ မျက်နှာအမူအရာကို ကြည့်လိုက်ရုံဖြင့် ကြက်ထမင်းကြော်စျေးနှုန်းကို မကျေမနပ် ဖြစ်နေကြောင်း ယွမ်ကျိုး သိလိုက်သည်။ သို့သော်လည်း အဖြစ်မှန်ကို သိထားသော ယွမ်ကျိုးသည် ၁၈၈ယွမ်၏ နောက်တွင် အခြား သုညတစ်လုံး ထပ်ထည့်ရန် သို့တည်းမဟုတ် ငွေကြေးကို  ပေါင် သို့မဟုတ် ဒေါ်လာအဖြစ်ပင်ပြောင်းလဲချင်သော ဆန္ဒ ရှိသည်။

ထို့ကြောင့် သူက ရှင်းပြရန် မကြိုးစားဘဲ စွန်းမင်ကို ထမင်းကြော် မအေးသွားခင်စားရန် သတိပေးလိုက်သည်။

စွန်းမင်က ထိုင်ခုံမှာ ထိုင်ပြီး သိပ်မကြာလိုက် မ ကြက်ဥထမင်းကြော်၏မွှေးရနံ့က သူ့နှာခေါင်းထဲသို့ တိုက်ရိုက် စီး၀င်လာခဲ့သည်။ တခြားဆိုင်များ၏ ကြက်ဥထမင်းကြော်နှင့် ခြားနားချက်ကို သူ ချက်ချင်း သိသွားသည်။ ပုံမှန် ကြက်ဥထမင်းကြော်များ ကဲ့သို့ အဆီပြန်သော အနံ့အသက် မရှိဘဲ မွှေးကြိုင်နေသည်။ ကြက်ဥထမင်းကြော်ထဲမှာ ကြက်ဥကို လုံး၀မမြင်တွေ့ရခြင်းက မှော်ဆန်သော ဖြစ်ရပ် ဖြစ်သည်။ ပန်းကန်ကို အနီးကပ်ကြည့်လိုက်သောအခါ ထမင်းလုံး ပတ်ပတ်လည်တွင် ကပ်နေသော ကြက်ဥ၏အရောင်ကြောင့် ကြက်ဥထမင်းကြော်က ရွှေရောင်သန်းနေသည်။

ထိုကြောင့် စွန်းမင်အံ့ဩသွားသည်။  ကြယ်၃ပွင့်အဆင့်ရှိသော ဟိုတယ်၏ မီးဖိုချောင်တွင် အလုပ်လုပ်ခဲ့စဥ်က ယွမ်ကျိုး နှင့် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။
စွန်းမင်သည် အစာစားခြင်းကို နှစ်ခြိုက်သောကြောင့် စားဖိုမှူးဖြစ်ချင်သော်လည်း သူ့မိဘများက သူ့ကို စားဖိုမှူးလုပ်ရန် ခွင့်မပြုခဲ့ပေ။ ဘွဲ့ရသည်အထိ ပညာဆက်လက်သင်ကြားခဲ့ရပြီးမှ စားဖိုမှူး အလုပ်ကို လုပ်ကိုင်ခဲ့သည်။

သို့သော်လည်း သူ၏ဟင်းချက်စွမ်းရည်က ထင်သလောက် မကောင်းမွန်သောကြောင့် သူ့ဘဝကအစားကြူးသူအဖြစ် အဆုံးသတ်သွားခဲ့သည်။  ထို့နောက် အထည်ဆိုင်တစ်ဆိုင်ဖွင့်ပြီး အတော်အတန် အောင်မြင်ခဲ့သည်။

“ဒါက……” ထမင်းကြော်တစ်ဇွန်းကို လှမ်းယူလိုက်ရာ စွန်းမင် ၏ မျက်လုံးများတွင် မကျေနပ်သော ခံစားချက်များ လျော့နည်းသွားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now