(U&Z)
"အား ကျွတ်စ်ကျွတ်စ်..... "
အိပ်ဆေးအရှိန်ပျယ်၍ သူမနိုးလာတော့ သူမရောက်ရှိနေသည့်နေရာက ကားနောက်ခန်းတစ်ခုထဲတွင်ဖြစ်နေ၏။
နေ့အလင်းရောင်ကြောင့်မနက်ပိုင်းအချိန်မှန်းတော့သိပေမယ့်ဘယ်နှစ်နာရီတောင်ရှိနေပြီလဲတော့ မသိပေ။
သူမ ညကဖြစ်ခဲ့တာတွေကို အားလုံးပြန်စဉ်းစားမိပြီး မှတ်မိနေပါသည်။
သူမ ညက ရင့်နဲ့နောက်ဆုံးအချိန်ဆုံခဲ့တာကိုလဲ သတိရ၏။
သူမရှိနေသည့်ကားလေးကတော့ပြေးလွှားသွားနေဆဲပါပဲ။
ထို့ပြင်ကားမောင်းသူကလဲ ရင့်ဖြစ်နေဆဲပါပဲ။
သူမ လှဲအိပ်နေရာကနေ ထထိုင်လိုက်ပြီးနောက်.....
"ရင့်.... "
"နိုးလာပြီလား .... "
"အင်း ... ငါ ... ငါ ဘယ်ရောက်နေတာလဲဟင်.....
နင်ကရော ဘယ်ကိုသွားနေတာလဲ .... "
"ညက နင်ငါနဲ့တွေ့ခဲ့တာကို သိလား .... "
ရင့်က သူမအမေးကို မဖြေပဲ သူပဲမေးခွန်းထပ်ထုတ်နေလေ၏။
"အင်း .... "
"ငါညက အဲ့ဒီ့မှာ ဘာလုပ်နေတာလဲ နင်သိလား .... "
" ... .... ... .... "
ချစ်ခြင်းက ဘာမှပြန်မဖြေပဲ နှုတ်ဆိတ်နေလေသည်။
"ငါခရီးသွားမလို့ မြို့ပြင်ဘက်ကို ထွက်လာတာ .....
ပစ္စည်းတစ်ခုကျန်နေခဲ့လို့ ငါ့အတွင်းရေးမှူးကို ဖုန်းလှမ်းဆက်ပြီး လာပို့ခိုင်းနေတဲ့ အချိန်မှာ နင်ရောက်လာတာပဲ .... "
"အင်းလေ .... အဲ့ဒါထားပါတော့ ငါကအခုထိ နင့်ကားပေါ်မှာ ဘာလို့ရှိနေသေးတာလဲ .....
ငါနေတဲ့ ဟိုတယ်ကို ပြန်ရောက်နေရမှာမဟုတ်ဘူးလား .... "
"ဘာ ... အဟား ... ရယ်စရာပဲ .....
ငါကဘာလို့ နင့်ကို တကူးတကမြို့ထဘက်ဲပြန်လှည့်ပြီးတော့ နင်အိပ်ရမယ့်အိပ်ယာထဲထိ ဘာလို့လိုက်ပို့ရမှာလဲ .....
နင်မေ့နေတာလား ချစ်ခြင်း .....
ငါနင့်ကို ဘယ်လောက်ထိမုန်းနေလဲဆိုတာကို ..... "
"ငါ သိပါတယ်.....
ငါပြောချင်တာက နင်ခရီးသွားမှာကို ဆက်သွားပေါ့ .....
ဒါပေမယ့်ငါ့ကိုတော့ နင့်အတွင်းရေးမှူးနဲ့ ပြန်ထည့်ပေးလိုက်လို့ရနေတာပဲလေ ..... "
"ငါပြောထားတာ နင်မေ့သွားပြီလား ချစ်ခြင်း .....
ဒုတိယအကြိမ်ပြန်တွေ့ရင်နင့်ကိုငါ ဘယ်လိုမှပြန်လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ ..... "
"ဟင်.... နင်.... "
ချစ်ခြင်း ရင့်ရဲ့လုပ်ရပ်ကို နားလည်လိုက်သလို ဖြစ်သွားရ၏။
"ဒါဆို ဒါဆို အခု နင်သွားတဲ့ခရီးကို ငါ့ကိုပါခေါ်လာခဲ့တာပေါ့ ဟုတ်လား ရင့်..... "
"ဟုတ်တယ်.... အသေအချာပဲ ..... "
"ရင့်.... နင်... နင်ဘာလုပ်မလို့လဲ .... "
"ဘာလုပ်မယ်ထင်လဲ နင်ခန့်မှန်းကြည့်လေ .... "
သူမ မသိပါ။သေချာတာကတော့ ရင့်က သူပြောခဲ့သလို သူမကို ရက်စက်မှာပဲဖြစ်သည်။
"နင်ခန့်မှန်းလို့ မရဘူးမှတ်လား .....
ငါကိုယ်တိုင်တောင်နင့်ကို ဘယ်လိုစိတ်ဒုက္ခပေးရမလဲလို့ အခုမှ အစီအစဉ်ချနေတုန်းပဲ .... "
"ရင့်... ငါနင့်ခံစားချက်တွေကို နားလည်တယ်....
နင်ငါ့ကို ဘာလိုပဲစိတ်ဒုက္ခတွေပေးပေး ငါမလွန်ဆန်ဘူး ငါလက်ခံရဲတယ်.....
ဘာလို့လဲဆိုတော့ ငါမှားခဲ့ဖူးတဲ့အတွက်ငါပြန်ခံရတယ်လို့ သတ်မှတ်ထားလို့ပဲ ....
ဒါပေမယ့်.... "
"ဘာဖြစ်လဲ ဆက်ပြော ..... "
ရင့်က ကားမောင်းနေရင်းနဲ့နောက်ကြည့်မှန်ထဲကနေ ချစ်ခြင်းမျက်နှာကို လှမ်းကြည့်ပြီးမေးလိုက်လေသည်။
"ဒါပေမယ့်.... ငါ့မှာအမွေကိစ္စတွေအတွက်လုပ်စရာတွေ ရှိနေသေးတယ်....
ပြီးတော့ ငါ့သူငယ်ချင်းတွေလဲ မြန်မာနိုင်ငံကိုမကြာခင်ရောက်လာကြတော့မှာ အဲ့ဒီ့တော့ ငါသူတို့နဲ့တွေ့ဖို့ ရန်ကုန်မှာရှိနေမှဖြစ်မယ်ရင့်..... "
"နင့်အခက်အခဲတွေကို ထိုင်ရွတ်ပြနေလို့လဲ အပိုပဲ ချစ်ခြင်း .....
ငါက နင်ပြောတာတွေကို လိုက်လျောပြီး နင့်ကိုပြန်လွှတ်လိုက်ဖို့ အစီအစဉ်ကိုမရှိဘူး ..... "
"ငါက ပြန်လွှတ်ပေးဖို့တောင်းဆိုနေတာမဟုတ်ပါဘူး .....
ငါ့ကိစ္စတွေကိုရှင်းပြီးရင်နင့်ရှေ့ကို ငါအရောက်ပြန်လာခဲ့မှာပါ ရင့်ရယ်..... "
"မရဘူး .... ဘာလို့လဲဆိုတော့ ငါနင့်ကိုမယုံလို့ပဲ ....
နင့်ကိုငါ့မျက်စိအောက်မှာပဲ ရှိနေခိုင်းမှာ .....
နင်ဆိုတဲ့မိန်းမက လွန်ခဲ့တဲ့ ဆယ်နှစ်ေကျာ်တုန်းကလဲ ခိုးချောင်ခိုးဝှက်နဲ့ ငါ့မျက်စိရှေ့ကနေ ထွက်ပြေးပျောက်ကွယ်သွားခဲ့ဖူးတယ်လေ မဟုတ်ဘူးလား ..... "
"အဲ့ဒီ့တုန်းက ငါကငယ်သေးလို့ ငါ့အမေခေါ်တဲ့နောက်ကို လိုက်သွားခဲ့ရတာပါ ရင့်ရယ် .....
ပြီးေတာ့နင်နဲ့ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ငါ့မှာမရှိခဲ့သေးဘူးလေ ..... "
"အခုတော့ အဲ့ဒီ့သတ္တိတွေ ရှိနေပြီလို့ပြောချင်တာလား ....
နင်အဲ့လောက်သတ္တိတွေ ရှိနေမှတော့ ဘာလို့ဆက်ငြင်းနေသေးလဲ ..... "
"ငါနင့်ကို ဘယ်လိုရှင်းပြရမှာလဲ ရင့်ရယ်...
ငါ့မှာမပြီးပြတ်သေးတဲ့ ကိစ္စတွေရှိနေသေးလို့ပါ ..... "
"နင့်ပထွေးနဲ့ နင့်ရဲ့ကြားထဲက ပြသနာတွေကို အတိအကျမဟုတ်ပေမယ့်အကြမ်းဖျင်းတော့ ငါသိထားတယ်.....
နင်ညက အိပ်ဆေးမိထားတယ်ဆိုတာကိုလဲ ငါရိပ်မိတယ်..... "
"ဟင်... နင်ဘယ်လိုသိတာလဲ .... "
"အရက်နံ့လဲမရပဲနဲ့ မူးပြီးယိုင်ထိုးနေတဲ့ ပုံစံမျိုးဖြစ်နေတာကို ခန့်မှန်းကြည့်လိုက်တာလေ .....
ပြီးတော့ နင်ငါ့ရှေ့လဲရောက်ရော ချက်ချင်းအိပ်ပျော်သွားတာ တစ်ညလုံး နိုးမှမနိုးပဲ ...."
"ဟုတ်တယ်ငါအိပ်ဆေးမိထားတာ ....
ငါ့ကိုသူများတိုက်လိုက်လို့ ....
ငါ့ပထွေး ဦး ..... "
"တော်ပြီ .... အဲ့ဒါနင့်ကိစ္စ ငါမသိချင်ဘူးမပြောနဲ့တော့ .....
ဒါပေမယ့်တစ်ခုတော့ငါပြောမယ်အမွေကိစ္စတွေက ဘယ်အချိန်ဖြစ်ဖြစ်ရှင်းလို့ရတယ်.....
နင်ရမယ့်အေမွတွေ နေ့ချင်းညချင်းကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီး နင်မွဲမသွားစေရဘူး စိတ်ချ .....
ဘာလို့လဲဆိုတော့ ငါသွားမယ့်ခရီးက နှစ်လကျော်ကျော်လောက်ပဲ အလွန်ဆုံးသုံးလပေါ့ ...."
"အဲ့ဒီ့ကိစ္စက ထားလိုက်ပါတော့ ......
စင်္ဂပူက ငါ့သူငယ်ချင်းတွေရောက်လာရင်ဘယ်လိုလုပ်မလဲ သူတို့နဲ့မတွေ့လို့တော့ မရဘူး ..... "
"အဲ့ဒါတွေ ငါနားမလည်ဘူးလေ နင့်ကိစ္စနင်ရှင်းပေါ့ .....
ငါရန်ကုန်ပြန်လာရင်လဲ နင်ငါ့အနားမှာပဲနေရဦးမှာ အမွေကိစ္စကိုလဲ နင့်ဘာသာပဲရှင်းရမှာ .....
ငါသိတာတစ်ခုပဲရှိတယ်ဘယ်လိုဖြစ်ဖြစ်အခုချိန်ကစပြီးနင်ငါ့မျက်စိအောက်ကနေပျောက်သွားဖို့တော့ မစဉ်းစားနဲ့ ..... "
"နင်ငါ့ကို ဘယ်အချိန်ထိခေါ်ထားမှာလဲ .... "
"ငါကျေနပ်တဲ့အထိပေါ့ .....
နင့်အမှားအတွက်ငါ့ကိုပြန်ဆပ်ရမယ့်အကြွေးတွေကျေသွားတဲ့အထိ ..... "
ဒီအတိုင်းဆိုရင်သူမစင်္ဂပူပြန်မယ့်ကိစ္စက အကန့်အသတ်မရှိနောက်ဆုတ်ထားရပါတော့မည်။
ရင့်ကို သူမဘယ်လိုမှပြောပြလို့လဲမရသလို ဘယ်လိုမှ ရှင်းပြလို့လဲမရပါ။ချစ်ခြင်း စိတ်ညစ်တာက အခုကနေ အစပျိုးပါလေပြီ။
ဘာမှတောင်းဆိုလို့ မရမယ့်အတူတူနောက်ကိစ္စနောက်မှပဲ ကြည့်ရှင်းရပါတော့မည်။
"နင်ကအခု ဘယ်ကိုသွားနေတာလဲ ရင့်.... "
"ရောက်ရင်သိလိမ့်မယ်..... "
ရင့်ကတစ်ခွန်းပဲအပြတ်ပြော၏။
ချစ်ခြင်း ဘာမှထပ်မေးဖို့ မစဉ်းစားတော့ပဲ စိတ်ကိုလျော့ချလိုက်ကာ ဖြစ်ချင်ရာဖြစ်သူခေါ်ရာနောက်သို့ လိုက်ခဲ့ရလေတော့သည်။
လမ်းမှာ ထမင်းစားတာ Toiletသွားတာတွေလုပ်ဖို့ ကားခဏရပ်သော်လည်း သူမမှာ လွတ်လပ်စွာနေရတယ်မရှိပေ။
Toiletထဲဝင်တာတောင်ခပ်လှမ်းလှမ်းကနေ ရင့်က ရပ်စောင့်နေလေ၏။
"မစောင့်ပါနဲ့"လို့ သွားပြောတော့ သူမထွက်ပြေးသွားမှာစိုးလို့တဲ့....
တကယ်ဆို သူမပိုက်ဆံအိတ်တွေ ဖုန်းတွေကအစ သူပဲယူသိမ်းထားတာပါ။
သူမလက်ထဲမှာ ဘာမှမရှိပဲနဲ့ ဘယ်လိုထွက်ပြေးရမှာလဲ သူမို့လို့ အပြောကောင်း ......
မြေလျှိုးမိုးပျံ ဈာန်ရနေတဲ့သူမို့လို့ဆိုလဲ ထားပါတော့လေ ......
**** ***** ***** ***** *****
သူမအခုမှ သိလိုက်ရတာက ရင့်သူမကိုခေါ်လာခဲ့သည့်ခရီးသည်ငွေဆောင်ကမ်းခြေပဲဖြစ်၏။
သူပြောသည့်အလုပ်ကိစ္စကလဲ သူ့ဟိုတယ်အသစ်အတွက်ပဲဖြစ်သည်။
ဟိုတယ်ဝင်းထဲကို ကားမောင်းဝင်လာတော့ သူမပတ်ဝန်းကျင်ကို လိုက်ငေးနေမိလေသည်။
ရန်ကုန်က ဟိုတယ်ကြီးကလဲခေတ်မှီပြီးခန့်ငြားသလို ဒီဟိုတယ်အသစ်ကလဲ Viewတော်တော်လှကာ ဟိုတယ်ဒီဇိုင်းနဲ့ ဖွဲ့စည်းပုံလေးကလဲ အရမ်းကောင်းလှသည်။
ရင့်တော်တော်လေးကိုတော်ပါသည်ဟု သူမစိတ်ထဲကနေ ကြိတ်၍ချီးကျူးမိပါ၏။
ကားရပ်ပြီးကားပေါ်ကဆင်းလိုက်တာနဲ့ လာကြိုသူတွေက ရှိနေကြသည်။ ဟိုတယ်ဝန်ထမ်းတစ်ချို့နဲ့ မန်နေဂျာဟု ယူဆရသူကတစ်ယောက်။
"မင်္ဂလာပါဘောစ့်..... "
ရင့်ကို ဝန်ထမ်းအားလုံး၏ နှုတ်ဆက်သံက ကြည်ကြည်လင်လင်ညီညီညာညာနှင့်ပါ။
"ကျွန်တော်တို့ကဘောစ့်တစ်ယောက်ထဲရောက်လာမယ်ထင်နေတာ ဧည့်သည်ပါပါလာတာပဲ ..... "
မန်နေဂျာဖြစ်ဟန်တူသော အသက်သုံးဆယ်ကျော်လောက်ရှိမည့်သန့်ပြန့်ေသာရုပ်ရည်နဲ့ယောကျာင်္းတစ်ယောက်က ချစ်ခြင်းကိုမြင်တော့ ထိုမေးခွန်းမေးလေ၏။
"ဟုတ်တယ် ကိုထင်လင်းကိစ္စလေးတွေရှိလို့အဲ့လိုဖြစ်သွားတယ်.... "
ရင့်က သူမကိုငဲ့ကြည့်ပြီးပြောလိုက်၏။
"မမလေးက အပန်းဖြေဖို့ရောက်လာတာထင်တယ်.... "
"သူ့ကိုမမလေးလို့ခေါ်စရာမလိုဘူး .....
သူ့နာမည်က ချစ်ခြင်းဝေဝေတဲ့ အားလုံးသူ့နာမည်ကို ကြိုက်သလိုခေါ်လို့ရတယ်......
ပြီးတော့ သူကအပန်းဖြေဖို့လာတာ မဟုတ်ဘူး ဒီဟိုတယ်မှာသူအလုပ်လုပ်ရမှာ ..... "
"ဗျာ ... အလုပ်လုပ်မှာဟုတ်လား ..... "
မန်နေဂျာ ကိုထင်လင်းနဲ့ ဝန်းထမ်းအချို့က သူမပုံစံလေးကိုကြည့်၍ တအံတသြနှင့်ဖြစ်နေကြလေသည်။
သူမကိုယ်တိုင်လဲ ရင့်ပြောမှ သိရတာဖြစ်သည်။ သူမအလိုလို ဟိုတယ်ဝန်ထမ်းဖြစ်သွားရခြင်းသည်ရင့်ရဲ့ စကားတွေနဲ့တင်ပြီး၏။
"သူက ဘာလုပ်မှာလဲဟင်....
မန်နေဂျာလား ဒါဆို ကျွန်တော်အလုပ်ထွက်ရတော့မှာလားဟင်ဘောစ့်..... "
"မဟုတ်ပါဘူး ကိုထင်လင်းရယ်.....
ဘာတွေစိုးရိမ်နေတာလဲ ..... "
"သူကဒီမှာ အလုပ်လုပ်မယ်ဆိုတော့ သူ့ကိုကြည့်ပြီး ခန့်မှန်းကြည့်တာပါ .....
သူ့ပုံစံလေးက ဧည့်ကြို , Reception, Housekeeping, Waiter, သန့်ရှင်းရေး, မီးဖိုချောင်အကူ, စားဖိုမှူး, spaဘက်မှာလုပ်မယ့်သူ အဲ့လိုပုံစံမျိုးတွေနဲ့တစ်ခုမှလဲ မတူသလိုပဲ .... "
"သူ့မျက်နှာ သူ့ပုံစံကိုကြည့်ပြီး ဘာမှခန့်မှန်းမနေကြနဲ့ သူကဒီဟိုတယ်မှာနေရာစုံလုပ်ရမယ့်သူပဲ .....
ပြီးတော့ ကျွန်တော့်ရဲ့ဝေယျာဝေစ္စတွေကိုလဲ သူပဲလုပ်ရမှာ .....
တစ်ခြားဘယ်သူမှ လုပ်ပေးစရာမလိုဘူး အဲ့ဒါအားလုံးကို အသိပေးထားတာနော်.... "
ရင့်ပြောလိုက်မှ အားလုံးပို၍ နားရှုတ်ကုန်ကာ အံသြနေကြဆဲပင်။
"ဒါဆိုဘောစ့်အိတ်တွေကို အခန်းထဲသွားထားလိုက်တော့မယ်နော်.... "
"ရတယ်မလိုဘူး သူသယ်လိမ့်မယ်..... "
"သြော်.... ဟုတ်.... "
မန်နေဂျာကိုထင်လင်းကကြောင်စီစီနှင့်ပင်သူ့လက်ထဲမှာကိုင်ထားသည့်ခရီးဆောင်တွန်းလှည်းအိတ်ကို ချစ်ခြင်းလက်ထဲသို့ ပြန်လွှဲပေးလိုက်လေသည်။
ချစ်ခြင်းလဲယောင်နနနှင့်လက်ခံလိုက်ရ၏။
သူမအဖြစ်က အခုလောလောဆယ်တော့ အထုတ်သယ်ရမယ့်သူ။
"မမကြူ ပြီးရင်သူ့အတွက်ဝန်ထမ်းအဆောင်မှာနေဖို့ လုပ်ပေးလိုက်ပါဦးနော်..... "
မန်နေဂျာကိုထင်လင်းက အနားမှာရှိနေသော ချစ်ခြင်းတို့ထက်အသက်အများကြီး ကြီးပုံရသော အမျိုးသမီးတစ်ယောက်ကို တစ်ဆင့်လှမ်းပြောလိုက်လေသည်။
"ဟုတ်ကဲ့ ... ဂျာကြီး .... "
"မလိုဘူး .... လုပ်ပေးဖို့ သူအဲ့ဒီအဆောင်မှာနေရမှာမဟုတ်ဘူး .... "
"ဒါဆို သူကဘယ်မှာနေရမှာလဲဘောစ့်....
သူ့အတွက်စီစဉ်ပေးမလို့မေးကြည့်တာပါ ...."
"သူက ကျွန်ေတာ့်အခန်းထဲမှာ ကျွန်တော်နဲ့အတူနေရမှာ .... "
"ဗျာ .... "
"ရှင်.... "
"ရင့်.... "
ဒီတစ်ခါ ရင့်ပြောလိုက်ေသာ စကားကြောင့်ချစ်ခြင်းလဲ ပထမဆုံး အသံလေးထွက်လာခဲ့ရလေ၏။
"သြော်အခုမှ သဘောပေါက်သွားပြီ .....
ဘောစ့်လက်ထပ်မယ့်ချစ်သူမိန်းခလေးထင်တယ်...
အဲ့ဒါကြောင့်ဟိုတယ်အလုပ်တွေကိုအောက်ခြေကနေစပြီးလေ့လာခိုင်းမလို့အလုပ်လုပ်ခိုင်းတာကိုး .... "
"မဟုတ်ပါဘူး ....
သူကကျွန်တော်နဲ့ လက်ထပ်မယ့်ချစ်သူမိန်းခလေး မဟုတ်ဘူး .....
သူ့ကို အလုပ်လုပ်ခိုင်းတာက သူကျွန်တော့်ဆီမှာ အကြွေးတွေပေးစရာရှိနေလို့ ..... "
"ဗျာ ..... "
"ကဲမေးခွန်းတွေ ထပ်မမေးကြနဲ့တော့
ကျွန်တော်နားချင်ပြီ သွားတော့မယ်.....
မေးစရာရှိတာနောက်မှပဲမေးတော့ .... "
ရင့်ကရှေ့ဆုံးကနေ ဟိုတယ်ဝင်းထဲက သူနေမည့်သီးသန့်ဘန်ဂလိုရှိရာသို့ သွားလေတော့၏။
ချစ်ခြင်းက သူ့နောက်ကနေ အိတ်နှစ်လုံးကိုဆွဲ၍ မှီအောင်လိုက်ရလေသည်။
"ရင့်ရင့်နင်နေဦး ....
ငါနင့်ကိုပြောစရာရှိတယ်....
ဟဲ့ .... ရင့်.... အလင်းရင့်ရောင်.... "
သူမ ရင့်ကိုပြောစရာတွေ ရှိနေသေးပါ၏။ သို့သော်ရင့်က သူမခေါ်နေတာကို လှည့်၍ပင်မကြည့်ပါချေ။
သူမတို့နှစ်ယောက်ကိုကြည့်၍ ကျန်ခဲ့ကြသည့်ဂျာကြီးနဲ့ ဝန်ထမ်းတွေကတော့ .....
"ဘာတွေလဲဟင်... နားလည်ကြလား .... "
"အကြွေးတွေပေးစရာရှိလို့တဲ့ .....
ဒါပေမယ့်သူတို့ကိုကြည့်ရတာတော့ခေါ်ပြောဆက်ဆံနေပုံက သူငယ်ချင်းတွေလို ရင်းနှီးတဲ့သူတွေလိုပဲ ..... "
"လက်ထပ်မယ့်ချစ်သူလဲ မဟုတ်ဘူးပြောသေးတယ်တစ်ခန်းထဲအတူတူနေမှာတဲ့ ....
ဘယ်လိုကြီးလဲဟ ..... "
"ဧကန္တ မဟုတ်မှလွဲရော living togetherနေပြီး ဘောစ့်စပွန်ဆာပေးတဲ့ မိန်းခလေးလား မသိဘူး ...... "
"ငါတို့ဘောစ့်က စပွန်ဆာပေးရအောင်အသက်ကြီးကြီး ရုပ်ဆိုးဆိုး အိမ်ထောင်သည်မှမဟုတ်တာဟ .....
အသက်ငယ်ငယ်လူပျိုလေး ပြီးတော့ မင်းသားလေးလို ခန့်ပြီးချောနေတဲ့သူက စပွန်ဆာပေးစရာလား သူ့ကိုအလိုလိုကြွေတဲ့မိန်းခလေးတွေမှ အများကြီးပဲကို ..... "
"အေးလေ အဲ့ဒါဆို ဘာတွေလဲ သူတို့က .... "
"သိဘူးလေ .....
ဒါပေမယ့်သေချာတာကတော့ အဲ့ဒီ့မိန်းခလေး အတော်အညှာလွယ်ပြီး အပေါစားဆန်လွန်းတယ်ဘယ်နှယ့်ဟိုကလက်ထပ်မယ့်သူ မဟုတ်ပါဘူးလို့ပြောနေတာတောင်သူကတစ်ခန်းထဲအတူနေမယ့်သဘောမှာရှိနေတယ်..... "
"ကဲ ကဲတော်ကြတော့ .....
နင်တို့ အတင်းပြောနေတာတွေကို ရပ်လိုက်တော့ ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြ သွား .... "
ဂျာကြီးက သူ့လက်အောက်က ဝန်ထမ်းမိန်းခလေးသုံးလေးယောက်ကို လှမ်းဟောက်လိုက်လေသည်။
ထိုမိန်းခလေးတွေရော ဧည့်ကြိုကောင်လေးသုံးယောက်ရော ထွက်သွားကြတော့ ဂျာကြီးနဲ့ မမကြူ ဆိုသော အမျိုးသမီးသာကျန်ခဲ့လေတော့၏။
(မမကြူ က ဝန်ထမ်းေရးရာစီမံသည့် တာဝန်ရှိ သူတစ်ယောက်ဖြစ်သည်။)
"ဂျာကြီး ....ဘောစ့်ဘာတွေလုပ်နေတာလဲ .... "
"မသိဘူးလေ .... "
ဂျာကြီးလဲခေါင်းကုတ်နေလေ၏။
ကျန်တဲ့ကိစ္စတွေ အတိအကျမသိပေမယ့်တစ်ခုခုကိုမမကြူ ကတော့ သိနေပါပြီ။
မကြာခင်မှာ ဟိုတယ်ထဲမှာရော ဝန်ထမ်းတွေကြားမှာပါပြောစရာတွေဖြစ်လာပါတော့မည်။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူတွေက သူတို့မြင်တာကို စကားအဖြစ်ပြောကြတော့မှာ အမှန်ပင်။
တစ်နည်းပြောရလျှင်တော့ အတင်းပြောကြတာပေါ့လေ .....
**** ***** ***** ***** *****
"အား ကၽြတ္စ္ကၽြတ္စ္..... "
အိပ္ေဆးအရိွန္ပ်ယ္၍ သူမႏိုးလာေတာ့ သူမေရာက္ရိွေနသၫ့္ေနရာက ကားေနာက္ခန္းတစ္ခုထဲတြင္ျဖစ္ေန၏။
ေန့အလင္းေရာင္ေၾကာင့္မနက္ပိုင္းအခ်ိန္မွန္းေတာ့သိေပမယ့္ဘယ္ႏွစ္နာရီေတာင္ရိွေနၿပီလဲေတာ့ မသိေပ။
သူမ ညကျဖစ္ခဲ့တာေတြကို အားလံုးျပန္စဉ္းစားမိၿပီး မွတ္မိေနပါသည္။
သူမ ညက ရင့္နဲ႔ေနာက္ဆံုးအခ်ိန္ဆံုခဲ့တာကိုလဲ သတိရ၏။
သူမရိွေနသၫ့္ကားေလးကေတာ့ေျပးလႊားသြားေနဆဲပါပဲ။
ထို႔ျပင္ကားေမာင္းသူကလဲ ရင့္ျဖစ္ေနဆဲပါပဲ။
သူမ လွဲအိပ္ေနရာကေန ထထိုင္လိုက္ၿပီးေနာက္.....
"ရင့္.... "
"ႏိုးလာၿပီလား .... "
"အင္း ... ငါ ... ငါ ဘယ္ေရာက္ေနတာလဲဟင္.....
နင္ကေရာ ဘယ္ကိုသြားေနတာလဲ .... "
"ညက နင္ငါနဲ႔ေတြ့ခဲ့တာကို သိလား .... "
ရင့္က သူမအေမးကို မေျဖပဲ သူပဲေမးခြန္းထပ္ထုတ္ေနေလ၏။
"အင္း .... "
"ငါညက အဲ့ဒီ့မွာ ဘာလုပ္ေနတာလဲ နင္သိလား .... "
" ... .... ... .... "
ခ်စ္ျခင္းက ဘာမျွပန္မေျဖပဲ ႏႈတ္ဆိတ္ေနေလသည္။
"ငါခရီးသြားမလို႔ ၿမိဳ႔ျပင္ဘက္ကို ထြက္လာတာ .....
ပစၥည္းတစ္ခုက်န္ေနခဲ့လို႔ ငါ့အတြင္းေရးမွဴးကို ဖုန္းလွမ္းဆက္ၿပီး လာပို႔ခိုင္းေနတဲ့ အခ်ိန္မွာ နင္ေရာက္လာတာပဲ .... "
"အင္းေလ .... အဲ့ဒါထားပါေတာ့ ငါကအခုထိ နင့္ကားေပၚမွာ ဘာလို႔ရိွေနေသးတာလဲ .....
ငါေနတဲ့ ဟိုတယ္ကို ျပန္ေရာက္ေနရမွာမဟုတ္ဘူးလား .... "
"ဘာ ... အဟား ... ရယ္စရာပဲ .....
ငါကဘာလို႔ နင့္ကို တကူးတကၿမိဳ႔ထဘက္ဲျပန္လွၫ့္ၿပီးေတာ့ နင္အိပ္ရမယ့္အိပ္ယာထဲထိ ဘာလို႔လိုက္ပို႔ရမွာလဲ .....
နင္ေမ့ေနတာလား ခ်စ္ျခင္း .....
ငါနင့္ကို ဘယ္ေလာက္ထိမုန္းေနလဲဆိုတာကို ..... "
"ငါ သိပါတယ္.....
ငါေျပာခ်င္တာက နင္ခရီးသြားမွာကို ဆက္သြားေပါ့ .....
ဒါေပမယ့္ငါ့ကိုေတာ့ နင့္အတြင္းေရးမွဴးနဲ႔ ျပန္ထၫ့္ေပးလိုက္လို႔ရေနတာပဲေလ ..... "
"ငါေျပာထားတာ နင္ေမ့သြားၿပီလား ခ်စ္ျခင္း .....
ဒုတိယအႀကိမ္ျပန္ေတြ့ရင္နင့္ကိုငါ ဘယ္လိုမျွပန္လႊတ္ေပးမွာ မဟုတ္ဘူးဆိုတာ ..... "
"ဟင္.... နင္.... "
ခ်စ္ျခင္း ရင့္ရဲ့လုပ္ရပ္ကို နားလည္လိုက္သလို ျဖစ္သြားရ၏။
"ဒါဆို ဒါဆို အခု နင္သြားတဲ့ခရီးကို ငါ့ကိုပါေခၚလာခဲ့တာေပါ့ ဟုတ္လား ရင့္..... "
"ဟုတ္တယ္.... အေသအခ်ာပဲ ..... "
"ရင့္.... နင္... နင္ဘာလုပ္မလို႔လဲ .... "
"ဘာလုပ္မယ္ထင္လဲ နင္ခန႔္မွန္းၾကၫ့္ေလ .... "
သူမ မသိပါ။ေသခ်ာတာကေတာ့ ရင့္က သူေျပာခဲ့သလို သူမကို ရက္စက္မွာပဲျဖစ္သည္။
"နင္ခန႔္မွန္းလို႔ မရဘူးမွတ္လား .....
ငါကိုယ္တိုင္ေတာင္နင့္ကို ဘယ္လိုစိတ္ဒုကၡေပးရမလဲလို႔ အခုမွ အစီအစဉ္ခ်ေနတုန္းပဲ .... "
"ရင့္... ငါနင့္ခံစားခ်က္ေတြကို နားလည္တယ္....
နင္ငါ့ကို ဘာလိုပဲစိတ္ဒုကၡေတြေပးေပး ငါမလြန္ဆန္ဘူး ငါလက္ခံရဲတယ္.....
ဘာလို႔လဲဆိုေတာ့ ငါမွားခဲ့ဖူးတဲ့အတြက္ငါျပန္ခံရတယ္လို႔ သတ္မွတ္ထားလို႔ပဲ ....
ဒါေပမယ့္.... "
"ဘာျဖစ္လဲ ဆက္ေျပာ ..... "
ရင့္က ကားေမာင္းေနရင္းနဲ႔ေနာက္ၾကၫ့္မွန္ထဲကေန ခ်စ္ျခင္းမ်က္ႏွာကို လွမ္းၾကၫ့္ၿပီးေမးလိုက္ေလသည္။
"ဒါေပမယ့္.... ငါ့မွာအေမြကိစၥေတြအတြက္လုပ္စရာေတြ ရိွေနေသးတယ္....
ၿပီးေတာ့ ငါ့သူငယ္ခ်င္းေတြလဲ ျမန္မာႏိုင္ငံကိုမၾကာခင္ေရာက္လာၾကေတာ့မွာ အဲ့ဒီ့ေတာ့ ငါသူတို႔နဲ႔ေတြ့ဖို႔ ရန္ကုန္မွာရိွေနမျွဖစ္မယ္ရင့္..... "
"နင့္အခက္အခဲေတြကို ထိုင္ရြတ္ျပေနလို႔လဲ အပိုပဲ ခ်စ္ျခင္း .....
ငါက နင္ေျပာတာေတြကို လိုက္ေလ်ာၿပီး နင့္ကိုျပန္လႊတ္လိုက္ဖို႔ အစီအစဉ္ကိုမရိွဘူး ..... "
"ငါက ျပန္လႊတ္ေပးဖို႔ေတာင္းဆိုေနတာမဟုတ္ပါဘူး .....
ငါ့ကိစၥေတြကိုရွင္းၿပီးရင္နင့္ေရ႔ွကို ငါအေရာက္ျပန္လာခဲ့မွာပါ ရင့္ရယ္..... "
"မရဘူး .... ဘာလို႔လဲဆိုေတာ့ ငါနင့္ကိုမယံုလို႔ပဲ ....
နင့္ကိုငါ့မ်က္စိေအာက္မွာပဲ ရိွေနခိုင္းမွာ .....
နင္ဆိုတဲ့မိန္းမက လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္တုန္းကလဲ ခိုးေခ်ာင္ခိုးဝွက္နဲ႔ ငါ့မ်က္စိေရ႔ွကေန ထြက္ေျပးေပ်ာက္ကြယ္သြားခဲ့ဖူးတယ္ေလ မဟုတ္ဘူးလား ..... "
"အဲ့ဒီ့တုန္းက ငါကငယ္ေသးလို႔ ငါ့အေမေခၚတဲ့ေနာက္ကို လိုက္သြားခဲ့ရတာပါ ရင့္ရယ္ .....
ၿပီးေတာ့နင္နဲ႔ရင္ဆိုင္ရဲတဲ့ သတၲိေတြ ငါ့မွာမရိွခဲ့ေသးဘူးေလ ..... "
"အခုေတာ့ အဲ့ဒီ့သတၲိေတြ ရိွေနၿပီလို႔ေျပာခ်င္တာလား ....
နင္အဲ့ေလာက္သတၲိေတြ ရိွေနမွေတာ့ ဘာလို႔ဆက္ျငင္းေနေသးလဲ ..... "
"ငါနင့္ကို ဘယ္လိုရွင္းျပရမွာလဲ ရင့္ရယ္...
ငါ့မွာမၿပီးျပတ္ေသးတဲ့ ကိစၥေတြရိွေနေသးလို႔ပါ ..... "
"နင့္ပေထြးနဲ႔ နင့္ရဲ့ၾကားထဲက ျပသနာေတြကို အတိအက်မဟုတ္ေပမယ့္အၾကမ္းဖ်င္းေတာ့ ငါသိထားတယ္.....
နင္ညက အိပ္ေဆးမိထားတယ္ဆိုတာကိုလဲ ငါရိပ္မိတယ္..... "
"ဟင္... နင္ဘယ္လိုသိတာလဲ .... "
"အရက္နံ႔လဲမရပဲနဲ႔ မူးၿပီးယိုင္ထိုးေနတဲ့ ပံုစံမ်ိဳးျဖစ္ေနတာကို ခန႔္မွန္းၾကၫ့္လိုက္တာေလ .....
ၿပီးေတာ့ နင္ငါ့ေရ႔ွလဲေရာက္ေရာ ခ်က္ခ်င္းအိပ္ေပ်ာ္သြားတာ တစ္ညလံုး ႏိုးမွမႏိုးပဲ ...."
"ဟုတ္တယ္ငါအိပ္ေဆးမိထားတာ ....
ငါ့ကိုသူမ်ားတိုက္လိုက္လို႔ ....
ငါ့ပေထြး ဦး ..... "
"ေတာ္ၿပီ .... အဲ့ဒါနင့္ကိစၥ ငါမသိခ်င္ဘူးမေျပာနဲ႔ေတာ့ .....
ဒါေပမယ့္တစ္ခုေတာ့ငါေျပာမယ္အေမြကိစၥေတြက ဘယ္အခ်ိန္ျဖစ္ျဖစ္ရွင္းလို႔ရတယ္.....
နင္ရမယ့္ေအမြေတြ ေန့ခ်င္းညခ်င္းၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ၿပီး နင္မဲြမသြားေစရဘူး စိတ္ခ် .....
ဘာလို႔လဲဆိုေတာ့ ငါသြားမယ့္ခရီးက ႏွစ္လေက်ာ္ေက်ာ္ေလာက္ပဲ အလြန္ဆံုးသံုးလေပါ့ ...."
"အဲ့ဒီ့ကိစၥက ထားလိုက္ပါေတာ့ ......
စဂၤပူက ငါ့သူငယ္ခ်င္းေတြေရာက္လာရင္ဘယ္လိုလုပ္မလဲ သူတို႔နဲ႔မေတြ့လို႔ေတာ့ မရဘူး ..... "
"အဲ့ဒါေတြ ငါနားမလည္ဘူးေလ နင့္ကိစၥနင္ရွင္းေပါ့ .....
ငါရန္ကုန္ျပန္လာရင္လဲ နင္ငါ့အနားမွာပဲေနရဦးမွာ အေမြကိစၥကိုလဲ နင့္ဘာသာပဲရွင္းရမွာ .....
ငါသိတာတစ္ခုပဲရိွတယ္ဘယ္လိုျဖစ္ျဖစ္အခုခ်ိန္ကစၿပီးနင္ငါ့မ်က္စိေအာက္ကေနေပ်ာက္သြားဖို႔ေတာ့ မစဉ္းစားနဲ႔ ..... "
"နင္ငါ့ကို ဘယ္အခ်ိန္ထိေခၚထားမွာလဲ .... "
"ငါေက်နပ္တဲ့အထိေပါ့ .....
နင့္အမွားအတြက္ငါ့ကိုျပန္ဆပ္ရမယ့္အႂကြေးေတြေက်သြားတဲ့အထိ ..... "
ဒီအတိုင္းဆိုရင္သူမစဂၤပူျပန္မယ့္ကိစၥက အကန႔္အသတ္မရိွေနာက္ဆုတ္ထားရပါေတာ့မည္။
ရင့္ကို သူမဘယ္လိုမွေျပာျပလို႔လဲမရသလို ဘယ္လိုမွ ရွင္းျပလို႔လဲမရပါ။ခ်စ္ျခင္း စိတ္ညစ္တာက အခုကေန အစပ်ိဳးပါေလၿပီ။
ဘာမွေတာင္းဆိုလို႔ မရမယ့္အတူတူေနာက္ကိစၥေနာက္မွပဲ ၾကၫ့္ရွင္းရပါေတာ့မည္။
"နင္ကအခု ဘယ္ကိုသြားေနတာလဲ ရင့္.... "
"ေရာက္ရင္သိလိမ့္မယ္..... "
ရင့္ကတစ္ခြန္းပဲအျပတ္ေျပာ၏။
ခ်စ္ျခင္း ဘာမွထပ္ေမးဖို႔ မစဉ္းစားေတာ့ပဲ စိတ္ကိုေလ်ာ့ခ်လိုက္ကာ ျဖစ္ခ်င္ရာျဖစ္သူေခၚရာေနာက္သို႔ လိုက္ခဲ့ရေလေတာ့သည္။
လမ္းမွာ ထမင္းစားတာ Toiletသြားတာေတြလုပ္ဖို႔ ကားခဏရပ္ေသာ္လည္း သူမမွာ လြတ္လပ္စြာေနရတယ္မရိွေပ။
Toiletထဲဝင္တာေတာင္ခပ္လွမ္းလွမ္းကေန ရင့္က ရပ္ေစာင့္ေနေလ၏။
"မေစာင့္ပါနဲ႔"လို႔ သြားေျပာေတာ့ သူမထြက္ေျပးသြားမွာစိုးလို႔တဲ့....
တကယ္ဆို သူမပိုက္ဆံအိတ္ေတြ ဖုန္းေတြကအစ သူပဲယူသိမ္းထားတာပါ။
သူမလက္ထဲမွာ ဘာမွမရိွပဲနဲ႔ ဘယ္လိုထြက္ေျပးရမွာလဲ သူမို႔လို႔ အေျပာေကာင္း ......
ေျမလ်ိႈးမိုးပ်ံ ဈာန္ရေနတဲ့သူမို႔လို႔ဆိုလဲ ထားပါေတာ့ေလ ......
**** ***** ***** ***** *****
သူမအခုမွ သိလိုက္ရတာက ရင့္သူမကိုေခၚလာခဲ့သၫ့္ခရီးသည္ေငြေဆာင္ကမ္းေျခပဲျဖစ္၏။
သူေျပာသၫ့္အလုပ္ကိစၥကလဲ သူ႔ဟိုတယ္အသစ္အတြက္ပဲျဖစ္သည္။
ဟိုတယ္ဝင္းထဲကို ကားေမာင္းဝင္လာေတာ့ သူမပတ္ဝန္းက်င္ကို လိုက္ေငးေနမိေလသည္။
ရန္ကုန္က ဟိုတယ္ႀကီးကလဲေခတ္မွီၿပီးခန႔္ျငားသလို ဒီဟိုတယ္အသစ္ကလဲ Viewေတာ္ေတာ္လွကာ ဟိုတယ္ဒီဇိုင္းနဲ႔ ဖဲြ႔စည္းပံုေလးကလဲ အရမ္းေကာင္းလွသည္။
ရင့္ေတာ္ေတာ္ေလးကိုေတာ္ပါသည္ဟု သူမစိတ္ထဲကေန ႀကိတ္၍ခ်ီးက်ူးမိပါ၏။
ကားရပ္ၿပီးကားေပၚကဆင္းလိုက္တာနဲ႔ လာႀကိဳသူေတြက ရိွေနၾကသည္။ ဟိုတယ္ဝန္ထမ္းတစ္ခ်ိဳ႕နဲ႔ မန္ေနဂ်ာဟု ယူဆရသူကတစ္ေယာက္။
"မဂၤလာပါေဘာစ့္..... "
ရင့္ကို ဝန္ထမ္းအားလံုး၏ ႏႈတ္ဆက္သံက ၾကည္ၾကည္လင္လင္ညီညီညာညာႏွင့္ပါ။
"ကၽြန္ေတာ္တို႔ကေဘာစ့္တစ္ေယာက္ထဲေရာက္လာမယ္ထင္ေနတာ ဧၫ့္သည္ပါပါလာတာပဲ ..... "
မန္ေနဂ်ာျဖစ္ဟန္တူေသာ အသက္သံုးဆယ္ေက်ာ္ေလာက္ရိွမၫ့္သန႔္ျပန႔္ေသာရုပ္ရည္နဲ႔ေယာက်ာင္္းတစ္ေယာက္က ခ်စ္ျခင္းကိုျမင္ေတာ့ ထိုေမးခြန္းေမးေလ၏။
"ဟုတ္တယ္ ကိုထင္လင္းကိစၥေလးေတြရိွလို႔အဲ့လိုျဖစ္သြားတယ္.... "
ရင့္က သူမကိုငဲ့ၾကၫ့္ၿပီးေျပာလိုက္၏။
"မမေလးက အပန္းေျဖဖို႔ေရာက္လာတာထင္တယ္.... "
"သူ႔ကိုမမေလးလို႔ေခၚစရာမလိုဘူး .....
သူ႔နာမည္က ခ်စ္ျခင္းေဝေဝတဲ့ အားလံုးသူ႔နာမည္ကို ႀကိဳက္သလိုေခၚလို႔ရတယ္......
ၿပီးေတာ့ သူကအပန္းေျဖဖို႔လာတာ မဟုတ္ဘူး ဒီဟိုတယ္မွာသူအလုပ္လုပ္ရမွာ ..... "
"ဗ်ာ ... အလုပ္လုပ္မွာဟုတ္လား ..... "
မန္ေနဂ်ာ ကိုထင္လင္းနဲ႔ ဝန္းထမ္းအခ်ိဳ႕က သူမပံုစံေလးကိုၾကၫ့္၍ တအံတၾသႏွင့္ျဖစ္ေနၾကေလသည္။
သူမကိုယ္တိုင္လဲ ရင့္ေျပာမွ သိရတာျဖစ္သည္။ သူမအလိုလို ဟိုတယ္ဝန္ထမ္းျဖစ္သြားရျခင္းသည္ရင့္ရဲ့ စကားေတြနဲ႔တင္ၿပီး၏။
"သူက ဘာလုပ္မွာလဲဟင္....
မန္ေနဂ်ာလား ဒါဆို ကၽြန္ေတာ္အလုပ္ထြက္ရေတာ့မွာလားဟင္ေဘာစ့္..... "
"မဟုတ္ပါဘူး ကိုထင္လင္းရယ္.....
ဘာေတြစိုးရိမ္ေနတာလဲ ..... "
"သူကဒီမွာ အလုပ္လုပ္မယ္ဆိုေတာ့ သူ႔ကိုၾကၫ့္ၿပီး ခန႔္မွန္းၾကၫ့္တာပါ .....
သူ႔ပံုစံေလးက ဧၫ့္ႀကိဳ , Reception, Housekeeping, Waiter, သန႔္ရွင္းေရး, မီးဖိုေခ်ာင္အကူ, စားဖိုမွဴး, spaဘက္မွာလုပ္မယ့္သူ အဲ့လိုပံုစံမ်ိဳးေတြနဲ႔တစ္ခုမွလဲ မတူသလိုပဲ .... "
"သူ႔မ်က္ႏွာ သူ႔ပံုစံကိုၾကၫ့္ၿပီး ဘာမွခန႔္မွန္းမေနၾကနဲ႔ သူကဒီဟိုတယ္မွာေနရာစံုလုပ္ရမယ့္သူပဲ .....
ၿပီးေတာ့ ကၽြန္ေတာ့္ရဲ့ေဝယ်ာေဝစၥေတြကိုလဲ သူပဲလုပ္ရမွာ .....
တစ္ျခားဘယ္သူမွ လုပ္ေပးစရာမလိုဘူး အဲ့ဒါအားလံုးကို အသိေပးထားတာေနာ္.... "
ရင့္ေျပာလိုက္မွ အားလံုးပို၍ နားရႈတ္ကုန္ကာ အံၾသေနၾကဆဲပင္။
"ဒါဆိုေဘာစ့္အိတ္ေတြကို အခန္းထဲသြားထားလိုက္ေတာ့မယ္ေနာ္.... "
"ရတယ္မလိုဘူး သူသယ္လိမ့္မယ္..... "
"ေၾသာ္.... ဟုတ္.... "
မန္ေနဂ်ာကိုထင္လင္းကေၾကာင္စီစီႏွင့္ပင္သူ႔လက္ထဲမွာကိုင္ထားသၫ့္ခရီးေဆာင္တြန္းလွည္းအိတ္ကို ခ်စ္ျခင္းလက္ထဲသို႔ ျပန္လႊဲေပးလိုက္ေလသည္။
ခ်စ္ျခင္းလဲေယာင္နနႏွင့္လက္ခံလိုက္ရ၏။
သူမအျဖစ္က အခုေလာေလာဆယ္ေတာ့ အထုတ္သယ္ရမယ့္သူ။
"မမၾကဴ ၿပီးရင္သူ႔အတြက္ဝန္ထမ္းအေဆာင္မွာေနဖို႔ လုပ္ေပးလိုက္ပါဦးေနာ္..... "
မန္ေနဂ်ာကိုထင္လင္းက အနားမွာရိွေနေသာ ခ်စ္ျခင္းတို႔ထက္အသက္အမ်ားႀကီး ႀကီးပံုရေသာ အမ်ိဳးသမီးတစ္ေယာက္ကို တစ္ဆင့္လွမ္းေျပာလိုက္ေလသည္။
"ဟုတ္ကဲ့ ... ဂ်ာႀကီး .... "
"မလိုဘူး .... လုပ္ေပးဖို႔ သူအဲ့ဒီအေဆာင္မွာေနရမွာမဟုတ္ဘူး .... "
"ဒါဆို သူကဘယ္မွာေနရမွာလဲေဘာစ့္....
သူ႔အတြက္စီစဉ္ေပးမလို႔ေမးၾကၫ့္တာပါ ...."
"သူက ကၽြန္ေတာ့္အခန္းထဲမွာ ကၽြန္ေတာ္နဲ႔အတူေနရမွာ .... "
"ဗ်ာ .... "
"ရွင္.... "
"ရင့္.... "
ဒီတစ္ခါ ရင့္ေျပာလိုက္ေသာ စကားေၾကာင့္ခ်စ္ျခင္းလဲ ပထမဆံုး အသံေလးထြက္လာခဲ့ရေလ၏။
"ေၾသာ္အခုမွ သေဘာေပါက္သြားၿပီ .....
ေဘာစ့္လက္ထပ္မယ့္ခ်စ္သူမိန္းခေလးထင္တယ္...
အဲ့ဒါေၾကာင့္ဟိုတယ္အလုပ္ေတြကိုေအာက္ေျခကေနစၿပီးေလ့လာခိုင္းမလို႔အလုပ္လုပ္ခိုင္းတာကိုး .... "
"မဟုတ္ပါဘူး ....
သူကကၽြန္ေတာ္နဲ႔ လက္ထပ္မယ့္ခ်စ္သူမိန္းခေလး မဟုတ္ဘူး .....
သူ႔ကို အလုပ္လုပ္ခိုင္းတာက သူကၽြန္ေတာ့္ဆီမွာ အႂကြေးေတြေပးစရာရိွေနလို႔ ..... "
"ဗ်ာ ..... "
"ကဲေမးခြန္းေတြ ထပ္မေမးၾကနဲ႔ေတာ့
ကၽြန္ေတာ္နားခ်င္ၿပီ သြားေတာ့မယ္.....
ေမးစရာရိွတာေနာက္မွပဲေမးေတာ့ .... "
ရင့္ကေရ႔ွဆံုးကေန ဟိုတယ္ဝင္းထဲက သူေနမၫ့္သီးသန႔္ဘန္ဂလိုရိွရာသို႔ သြားေလေတာ့၏။
ခ်စ္ျခင္းက သူ႔ေနာက္ကေန အိတ္ႏွစ္လံုးကိုဆဲြ၍ မွီေအာင္လိုက္ရေလသည္။
"ရင့္ရင့္နင္ေနဦး ....
ငါနင့္ကိုေျပာစရာရိွတယ္....
ဟဲ့ .... ရင့္.... အလင္းရင့္ေရာင္.... "
သူမ ရင့္ကိုေျပာစရာေတြ ရိွေနေသးပါ၏။ သို႔ေသာ္ရင့္က သူမေခၚေနတာကို လွၫ့္၍ပင္မၾကၫ့္ပါေခ်။
သူမတို႔ႏွစ္ေယာက္ကိုၾကၫ့္၍ က်န္ခဲ့ၾကသၫ့္ဂ်ာႀကီးနဲ႔ ဝန္ထမ္းေတြကေတာ့ .....
"ဘာေတြလဲဟင္... နားလည္ၾကလား .... "
"အႂကြေးေတြေပးစရာရိွလို႔တဲ့ .....
ဒါေပမယ့္သူတို႔ကိုၾကၫ့္ရတာေတာ့ေခၚေျပာဆက္ဆံေနပံုက သူငယ္ခ်င္းေတြလို ရင္းႏွီးတဲ့သူေတြလိုပဲ ..... "
"လက္ထပ္မယ့္ခ်စ္သူလဲ မဟုတ္ဘူးေျပာေသးတယ္တစ္ခန္းထဲအတူတူေနမွာတဲ့ ....
ဘယ္လိုႀကီးလဲဟ ..... "
"ဧကႏၲ မဟုတ္မွလဲြေရာ living togetherေနၿပီး ေဘာစ့္စပြန္ဆာေပးတဲ့ မိန္းခေလးလား မသိဘူး ...... "
"ငါတို႔ေဘာစ့္က စပြန္ဆာေပးရေအာင္အသက္ႀကီးႀကီး ရုပ္ဆိုးဆိုး အိမ္ေထာင္သည္မွမဟုတ္တာဟ .....
အသက္ငယ္ငယ္လူပ်ိဳေလး ၿပီးေတာ့ မင္းသားေလးလို ခန႔္ၿပီးေခ်ာေနတဲ့သူက စပြန္ဆာေပးစရာလား သူ႔ကိုအလိုလိုႂကြေတဲ့မိန္းခေလးေတြမွ အမ်ားႀကီးပဲကို ..... "
"ေအးေလ အဲ့ဒါဆို ဘာေတြလဲ သူတို႔က .... "
"သိဘူးေလ .....
ဒါေပမယ့္ေသခ်ာတာကေတာ့ အဲ့ဒီ့မိန္းခေလး အေတာ္အၫွာလြယ္ၿပီး အေပါစားဆန္လြန္းတယ္ဘယ္ႏွယ့္ဟိုကလက္ထပ္မယ့္သူ မဟုတ္ပါဘူးလို႔ေျပာေနတာေတာင္သူကတစ္ခန္းထဲအတူေနမယ့္သေဘာမွာရိွေနတယ္..... "
"ကဲ ကဲေတာ္ၾကေတာ့ .....
နင္တို႔ အတင္းေျပာေနတာေတြကို ရပ္လိုက္ေတာ့ ကိုယ့္အလုပ္ကိုယ္သြားလုပ္ၾက သြား .... "
ဂ်ာႀကီးက သူ႔လက္ေအာက္က ဝန္ထမ္းမိန္းခေလးသံုးေလးေယာက္ကို လွမ္းေဟာက္လိုက္ေလသည္။
ထိုမိန္းခေလးေတြေရာ ဧၫ့္ႀကိဳေကာင္ေလးသံုးေယာက္ေရာ ထြက္သြားၾကေတာ့ ဂ်ာႀကီးနဲ႔ မမၾကဴ ဆိုေသာ အမ်ိဳးသမီးသာက်န္ခဲ့ေလေတာ့၏။
(မမၾကဴ က ဝန္ထမ္းေရးရာစီမံသၫ့္ တာဝန္ရိွ သူတစ္ေယာက္ျဖစ္သည္။)
"ဂ်ာႀကီး ....ေဘာစ့္ဘာေတြလုပ္ေနတာလဲ .... "
"မသိဘူးေလ .... "
ဂ်ာႀကီးလဲေခါင္းကုတ္ေနေလ၏။
က်န္တဲ့ကိစၥေတြ အတိအက်မသိေပမယ့္တစ္ခုခုကိုမမၾကဴ ကေတာ့ သိေနပါၿပီ။
မၾကာခင္မွာ ဟိုတယ္ထဲမွာေရာ ဝန္ထမ္းေတြၾကားမွာပါေျပာစရာေတျြဖစ္လာပါေတာ့မည္။
ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ လူေတြက သူတို႔ျမင္တာကို စကားအျဖစ္ေျပာၾကေတာ့မွာ အမွန္ပင္။
တစ္နည္းေျပာရလ်ွင္ေတာ့ အတင္းေျပာၾကတာေပါ့ေလ .....
**** ***** ***** ***** *****