မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

79K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း

အပိုင်း (၄၉) လောဘအတွေးများ

401 64 11
By Sebastiann048

((Zawgyi))

အပိုင္း (၄၉)
ေလာဘအေတြးမ်ား

💊💊💊

အ့့ံဩမႈမ်ားအားတုန႔္ျပန္သည့္အေနျဖင့္ ကုန္းရိထ်န္းဟန္က မတ္တပ္ရပ္ကာ သံသယျဖစ္စရာမရွိႀကီးမားသည့္ ခ်ီစြမ္းအားမ်ားကိုထုတ္လႊတ္လိုက္သည္။

ခ်က္ခ်င္းဆိုသလို ေသြးႏွင့္ခ်ီစြမ္းအားမ်ားက အခ်က္ျပလိုက္သည့္ႏွယ္ လွ်ံထြက္ကာ အဆက္မျပတ္တဟုန္ထိုးတိုးတက္လာသည္။ အႏွိုင္းမဲ့ႀကီးမားေသာခ်ီစြမ္းအားက ေနရာ၌ရွိသမွ်လူအားလုံးကို ဖိႏွိမ္ပစ္လိုက္သည္။ ၎က ရိုးရိုးသာမန္ဟို႔ထ်န္းအဆင့္(၉) သိုင္းပညာရွင္တစ္ေယာက္ႏွင့္ယွဥ္လွ်င္ မ်ားစြာပိုမိုသာလြန္ကာ အ‌ားေကာင္းေနသည္။

မ်ားစြာေသာအႀကီးအကဲမ်ား ခ်က္ခ်င္း မ်က္လုံးျပဴးသြားၾကသည္။

သူတို႔လည္း ရွန္းထ်န္းအဆင့္စြမ္းအားရွင္မ်ားျဖစ္သည့္အေလ်ာက္ ဤမ်ိဳးဆက္သစ္ လူငယ္သိုင္းပညာရွင္၏စြမ္းအားမ်ားကို သံသယျဖစ္ဖြယ္မရွိ အလိုလိုခံစားမိၾကသည္။

ထိုအခိုက္၌ သူတို႔၏အေတြးမ်ား ေယာက္ယက္ခတ္ကာ စိတ္သေဘာထားမ်ား နိုးထတက္ႂကြလာသည္။ သို႔ေသာ္ မေမွ်ာ္လင့္ဘဲ သူတို႔၏ပထမဦးဆုံးတုန႔္ျပန္မႈမ်ားက --- ကုန္းရိမ်ိဳးႏြယ္စုမွာ ဒီကေလးရွိေနလို႔ကေတာ့ သူတို႔မ်ိဳးႏြယ္စုအဆင့္အတန္းက ေနာင္ႏွစ္တစ္ရာမက ေသခ်ာေပါက္ ဆက္လက္တည္ၿမဲ‌ေနမွာ မလြဲဧကန္ပဲဟူ၍ျဖစ္သည္။

ကုန္းရိထ်န္းဟန္ ရွန္းထ်န္းအဆင့္ကို ဘာအေႏွာင့္အယွက္မွမရွိဘဲ အႏၲရာယ္ကင္းကင္း တက္လွမ္းသြားနိုင္သေ႐ြ႕ေပါ့.....

ထိုတဒၤဂ၌ ယခင္ကတည္းက ကုန္းရိထ်န္ဟန္အေပၚ အစဥ္ခ်စ္‌ေၾကာက္ရို‌ေသခဲ့သူတို႔၏အၾကည့္မ်ားမွာ ပို၍ျပင္းျပအသက္ဝင္လာခဲ့သလို၊ တစ္ခ်ိန္တည္းမွာပဲ မနာလိုဝန္တိုဖြစ္ေနၾကသူအေပါင္း၏ မုန္းတီးမႈမ်ားက ပိုမိုေတာက္ပေလာင္ကြၽမ်းကုန္ၾကသည္။ သို႔ေသာ္ ထိုသူတို႔သည္ ေၾကာက္ခမန္းလိလိခ်ီစြမ္းအားမ်ားကိုအာ႐ုံခံမိသည္ႏွင့္ သူတို႔ရင္ထဲရွိအမုန္းမီးေတာက္မ်ားကို ဝွစ္ခနဲျမည္ေအာင္ၿငိမ္းသတ္ခံလိုက္ရကာ သက္ျပင္းရွည္မ်ားသာခ်မိၾကေလသည္။

မည္သို႔ပင္ဆိုေစကာမူ ကုန္းရိထ်န္းဟန္သည္ မိမိတို႔ပင္မမ်ိဳးႏြယ္စု၏ မိသားစုဝင္တစ္ေယာက္ျဖစ္သည္။ သူတို႔သည္ မ်ိဳးႏြယ္စုတိုက္ပြဲအတြင္း အႏြယ္ဝင္အိမ္ေတာ္ခြဲမ်ိဳးဆက္မ်ားတြင္ ကြၽမ္းက်င္သူပါရမီရွင္မ်ားစြာရွိေၾကာင္းကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ၾကသည္။ ထိုအခ်က္က ပင္မမ်ိဳးႏြယ္စုလူငယ္မ်ိဳးဆက္သစ္မ်ားအေပၚ မ်ားစြာဖိအားေပးလ်က္‌ရွိသည္။ ထို႔ေၾကာင့္ အကယ္၍မ်ား မ်ိဳးႏြယ္စုေခါင္းေဆာင္၏ အႀကီးဆုံးသခင္ေလးျဖစ္သူသာ စင္ေပၚတက္၊ အမ်ားေရွ႕ထြက္ျပနိုင္ပါက သူတို႔ပင္မမ်ိဳးႏြယ္စုဝင္မ်ားအေနျဖင့္ မ်ားစြာဂုဏ္တင့္၍ တန္ခိုးအာဏာႀကီးထြားလာမည္ဆိုတာ အားလံုးသေဘာေပါက္ေပသည္။

ကုန္းရိထ်န္းဟန္က ဝ့့ံႂကြားထည္ဝါေသာစြမ္းအားအရွိန္အဝါမ်ားကို ျပန္႐ုပ္သိမ္းလိုက္၏။

မ်ိဳးႏြယ္စုဝင္မ်ားက ေနရာမွာထိုင္ရင္း ေခတၱမွ်ၿငိမ္က်သြားကာ စိတ္ထဲတြင္ အသီးသီးဆုံးျဖတ္ခ်က္မ်ားျပတ္သားစြာခ်လိဳက္၏။

ထ်န္းဝူကုန္းေျမသည္ သိုင္းပညာရွင္မ်ားကို ေလးစားတန္ဖိုးထားသည္။ ထို႔ေၾကာင့္ ကုန္းရိထ်န္းဟန္တစ္ေယာက္ သိုင္းပညာအစြမ္းမရွိပါဘဲ အလြန္ျမင့္မားေသာဉာဏ္ရည္ဉာဏ္‌ေသြးမ်ားသာပိုင္ဆိုင္ခဲ့စဥ္က မ်ိဳးႏြယ္စုအတြင္း၌ မိသားစုအိမ္ေတာ္အေပၚ ကုန္းရိထ်န္းဟန္ေဆာင္က်ဥ္းေပးခဲ့သမွ် အက်ိဳးေက်းဇူးမ်ားအား အသိအမွတ္မျပဳ‌သူတခ်ိဳ႕အၿမဲရွိခဲ့‌သည္။ ထိုသူတို႔သည္ မ်ိဳးႏြယ္စုအိမ္‌ေတာ္ေခါင္းေဆာင္အားစိန္ေခၚကာ ေခါင္းေဆာင္ရာထူးကို ရယူလိုၾကသည္။ ယခုမူ ကုန္းရိထ်န္းဟန္သည္ သိုင္းပညာျပန္လည္က်င့္ႀကံနိုင္၍ သူ၏ထိတ္လန႔္အံ့ဩဖြယ္ပါရမီအစြမ္းမ်ားကို ထုတ္ေဖာ္ျပသၿပီး ထိုသူတို႔အားအသံပင္မထြက္နိုင္ေအာင္ အဆုံးသတ္ေပးလိုက္‌သည္။

ကုန္းရိမ်ိဳးႏြယ္၌ ပင္မမ်ိဳးႏြယ္စုမ်ားၾကား အားၿပိဳင္မႈမ်ားရွိသလို၊ အႏြယ္ဝင္အိမ္ေတာ္ခြဲမ်ားႏွင့္လည္း အားၿပိဳင္မႈတိုက္ပြဲမ်ားရွိၾကသည္။ သို႔ေသာ္ ပင္မမ်ိဳးႏြယ္စုသည္ မေရမတြက္နိုင္ေသာႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မိမိတို႔၏အဆင့္အတန္းကို တည္ၿငိမ္‌ေအာင္ထိန္းသိမ္းထားနိုင္ျခင္းမွာ ပင္မမ်ိဳးႏြယ္စုမ်ားအၾကားရွိ တစ္စိတ္တစ္ဝမ္းတည္းစိတ္ဓာတ္ေၾကာင့္ျဖစ္သည္။ ေရွးရိုးအစဥ္အလာမပ်က္ အဆင့္အတန္းကိုထိန္းသိမ္းထားနိုင္ရန္ ပင္မမ်ိဳးႏြယ္စုဝင္မ်ားသည္ အိမ္ေတာ္ခြဲမ်ား ႐ုတ္တရက္ စြမ္းအားႀကီးမားလာသည့္အခါမ်ိဳး၌ မိမိတို႔အတြင္းေရးျပႆနာမ်ားကို ေဘးခ်ိတ္၍ အခ်င္းခ်င္း စည္းလုံးညီၫြတ္ခဲ့ၾကသည္။ အႏြယ္ဝင္အိမ္ေတာ္ခြဲမ်ား၌ မိသားစုအခြဲေပါင္း (၅၂)ခု ရွိသည္။ သူတို႔ၾကားတြင္လည္း အက်ိဳးအျမတ္ရရွိရန္ ပူးေပါင္းလုပ္ေဆာင္ၾကျခင္းမ်ိဳး မ်ားစြာရွိေသာ္လည္း အခ်င္းခ်င္းကေတာ့သီးျခားစီခြဲ‌ကာ ခ်န္ယြင္အင္ပါယာတေလွ်ာက္ မ်ားစြာေသာျပည္နယ္အသီးသီး၌ ကိုယ္စီျဖန႔္ၾကက္ေနထိုင္ၾကသည္။ ထို႔ေၾကာင့္ အိမ္ေတာ္ခြဲမ်ားမွာ ဘိုးဘြားပိုင္စံအိမ္ေတာ္ႀကီးမ်ားအတြင္း ကာလရွည္ၾကာေန႕ေန႕ညညအလြန္စုစည္းညီၫြတ္စြာေနထိုင္လာၾကေသာ ပင္မမ်ိဳးႏြယ္စုမ်ားကိုေတာ့ မယွဥ္သာေပ။

ဤသည္မွာ ကုန္းရိမိသားစုကို ပထမဆုံးအုတ္ျမစ္ခ်တည္‌ေထာင္ခဲ့သူ ဘိုးေဘးမ်ိဳးဆက္မ်ား၏ အေမွ်ာ္အျမင္ရွိရွိ အေသအခ်ာလုပ္ေဆာင္ထားေသာ အစီအစဥ္လည္းျဖစ္၏။ သူတို႔က ထိုသို႔ေဆာင္႐ြက္နိုင္ေအာင္ စည္းမ်ဥ္းစည္းကမ္းမ်ားလည္း ခ်မွတ္သတ္မွတ္ခဲ့သည္။ ရလဒ္အေနျဖင့္ အႏြယ္ဝင္အိမ္ေတာ္ခြဲမ်ားထံမွ မ်ိဳးဆက္တစ္ဆက္ၿပီးတစ္ဆက္စြမ္းအားရွင္မ်ားစြာေပၚေပါက္ခဲ့လွ်င္ေတာင္ ထိုစြမ္းအားရွင္မ်ား၏ေသြးသားမ်ားမွာ ပင္မမ်ိဳးႏြယ္စုထဲသို႔ေပါင္းစပ္သြားခဲ့သည္။ ေနာက္ဆုံး၌ အႏြယ္ဝင္အိမ္ေတာ္ခြဲမ်ားမွာ မိမိတို႔အား ဘိုးေဘးပိုင္အိမ္ေတာ္ဝန္းအတြင္း ဝင္ေရာက္နိုင္ေရးကိုဟန္တားထားေသာ ပင္မမ်ိဳးႏြယ္စု၏ အဆင့္အတန္းဂုဏ္ျဒပ္ကို မေခ်ဖ်က္နိုင္ဘဲရွိၾကေလသည္။

အႀကီးအကဲတစ္ဦးက ႏွေျမာတသျဖစ္ေသာမ်က္ႏွာျဖင့္ေျပာလာသည္။

"ႏွေျမာစရာပဲ၊ အကယ္၍ အႀကီးဆုံးသခင္ေလးသာ ငယ္ငယ္ကတည္းက သိုင္းပညာက်င့္ႀကံနိုင္ခဲ့ရင္ ဒီလိုပါရမီအစြမ္းနဲ႕ဆို တျခားအိမ္ေတာ္ႀကီးေတြက သခင္ေလး(၄)ေယာက္ဆိုတာ သာမာန္ၾကက္ကေလး၊ ေခြးကေလးေတြေလာက္ပဲျဖစ္ေနမွာမဟုတ္လား?"

အျခား‌ေသာမ်ိဳးႏြယ္စုဝင္မ်ားကလည္း သည္စကားကိုၾကားေတာ့ တူညီေသာအမူအယာမ်ားျဖင့္:

"ဟုတ္တာေပါ့၊ ဒါ သိပ္ကိုကံဆိုးတာပဲ....."

ကုန္းရိထ်န္းဟန္ျပသခဲ့ေသာ ပါရမီအစြမ္းကား အလြန္အံမခန္းဖြယ္ျဖစ္ရကာ သူတို႔ သက္ျပင္းမခ်ဘဲ မေနနိုင္‌ေပ။

သူတို႔ေတြးမိသည္က ကုန္းရိထ်န္းဟန္သည္ တစ္ႏွစ္တည္းႏွင့္ ယခုလိုအေျခအေနေရာက္‌ေအာင္က်င့္ႀကံနိုင္သည္ဆိုလွ်င္ အကယ္၍ ကေလးဘဝကတည္းကသာ သိုင္းပညာစတင္က်င့္ႀကံခဲ့ပါက ယခုခ်ိန္၌ ဘယ္အဆင့္ေတာင္ေရာက္ေနလိုက္မလဲဟူ၍ျဖစ္သည္။ ေျပာ၍မရ သူ ဟိုးအေစာကတည္းက ရွန္းထ်န္းအဆင့္တက္လွမ္းကာ ဒီလူအိုႀကီးမ်ားကိုပင္ ေက်ာ္တက္သြားေလာက္ၿပီျဖစ္၏! ဤသို႔တမူထူးျခားေသာ ဉာဏ္ႀကီးရွင္တစ္ေယာက္ ပင္မမ်ိဳးႏြယ္စုမိသားစုဝင္မ်ားထဲမွေပၚထြက္လာျခင္းႏွင့္အတူ ကုန္းရိမ်ိဳးႏြယ္စုသည္ ေတာ္ဝင္မ်ိဳးႏြယ္မိသားစုမ်ားကိုပင္ ၿခိမ္းေျခာက္နိုင္စြမ္းရွိလာနိုင္‌ေပသည္။

ကုက်ိဳးက အေစခံေလးအေနျဖင့္ သ႐ုပ္မွန္ဖုံးကြယ္၍ လုံရိႏွင့္ေထာင့္တစ္ေနရာတြင္ရပ္ကာ သူတို႔အားလုံးကိုေစာင့္ၾကည့္ေနသည္။ သူက မေနနိုင္ဘဲ ေခါင္းအသာခါမိ၏။

ဒီလူေတြက သိပ္ေလာဘႀကီးလြန္းသည္။

သူ၏ေထာက္ပံ့သူ အဲ.....သူ႕အစ္ကိုႀကီးက ရည္မွန္းခ်က္ႀကီးမားသည္။ ကြၽမ္းက်င္လိမၼာသည္။ ပါရမီစြမ္းရွိသည္။ ဉာဏ္ပညာရွိသည္။ သူသည္ လက္ေတြ႕တြင္ ျပစ္မ်ိဳးမွဲ႕မထင္သူတစ္ေယာက္ဟုဆိုနိုင္သည္။ ဒီလိုဆိုေတာ့ တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ေလး ေနာက္က်တာက ဘာအေရးႀကီးလို႔လဲ? သူအစ္ကိုႀကီးအစြမ္းအဆႏွင့္ဆို အျမန္အမီလိုက္ၿပီး သိပ္မၾကာခင္ တျခားလူေတြကိုေက်ာ္တက္သြားမယ္ဆိုတာ ေျမႀကီးလက္ခတ္မလြဲပင္။

ခုလိုမ်ိဳး ေပ်ာ္႐ႊင္အံဩစရာကိစၥရွိလာတာ ေကာင္းတဲ့အရာပဲမဟုတ္လား? လူတစ္ေယာက္က ဘယ္ေလာက္ပဲ စိတ္သေဘာထားေသးသိမ္‌ပါေစ၊ ဒီလိုအခ်ိန္အခါမ်ိဳးမွာေတာ့ အရမ္းသိသိသာသာႀကီး ထုတ္မျပသင့္ဘူးမဟုတ္လား။

ကုက်ိဳးမွာ ထ်န္းဝူကုန္း‌ေျမတြင္ တစ္ႏွစ္ေက်ာ္မွ်ေနထိုင္ၿပီး ကုန္းရိထ်န္းဟန္၏ မၾကာခဏ အားေပးေထာက္ခံ‌ေပးျခင္းကိုခံခဲ့ရတာေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ား နားလည္သေဘာေပါက္ခဲ့သည္။ သူက မဲ့ၿပဳံးၿပဳံးကာ စိတ္ထဲကႀကိတ္ေတြးလိုက္၏။ အကယ္၍ အစ္ကိုႀကီးအစြမ္းသာ ငယ္စဥ္ကတည္းက တျဖည္းျဖည္းခ်င္းတိုးတက္လာသည္ဆိုပါက အစ္ကိုႀကီးသည္ တျခားသူမ်ားထက္ မ်ားစြာသာလြန္ေအာင္ျမင္မွာေသခ်ာသည္။ သို႔ေသာ္ ေန႕ေန႕ညည လုပ္ႀကံသတ္ျဖတ္မႈမ်ားအၾကား ပစ္မွတ္ထားခံရ၍ သက္ဆိုးရွည္ရွည္ ရွင္သန္နိုင္မည္မဟုတ္ေပ..... သည္လိုသာဆို အျခားမိသားစုအိမ္ေတာ္ႀကီးေလးခုကလည္း သူ႕အစ္ကိုႀကီးအျမင့္သို႔တက္လွမ္းသြားမည္ကို ဒီအတိုင္းလက္ပိုက္ၾကည့္ေနမယ္လို႔ေတာ့ ကုက်ိဳး မယုံေရးခ်မယုံ‌ေပ။

ဆန႔္က်င့္ဘက္အေနျဖင့္ အစ္ကိုႀကီး ယခုလို ႐ုတ္တရက္တိုးတက္လာျခင္းက ေတာ္ဝင္မင္းေနျပည္ေတာ္သို႔‌ဝင္သည္ႏွင့္ နဂါးျပာေရအိုင္သို႔သြားရန္ ေနရာတစ္ေနရာရရွိမည္ျဖစ္ကာ အစ္ကိုႀကီးအေပၚ ေကာက္က်စ္စြာ လွ်ို႔ဝွက္လုပ္ႀကံရန္လည္းမလြယ္ကူေတာ့ေပ။

ကုန္းရိထ်န္းဟန္က လက္တစ္ဖက္ျမႇောက္ျပကာ ရွင္းလင္းျပတ္သားစြာ ေျပာလိုက္၏။

"အားလုံးစိတ္ခ်ပါ။ ကြၽန္ေတာ္ ေသခ်ာေပါက္ နဂါးျပာေရကန္ဆီသြားဖို႔ ေနရာတစ္ေနရာယူၿပီး ရွန္းထ်န္းအဆင့္တက္နိုင္မယ့္အခြင့္အေရးကို အရယူပါ့မယ္၊ ဒါေတြအားလုံး ကြၽန္ေတာ့္ရဲ႕ကုန္းရိမ်ိဳးႏြယ္စုအိမ္ေတာ္ ဂုဏ္သေရအတြက္ပဲ။ ဒီေတာ့ အားလုံးလည္း အတိတ္ကကိစၥေတြအေပၚ စိုးရိမ္ေၾကာင့္ၾကေနစရာမလိုပါဘူး"

မ်ိဳးႏြယ္စုဝင္မ်ားက လူ႕သဘာဝအရေပၚေပါက္လာေသာ သူတို႔၏အမူအယာမ်ားအေပၚ ေနာင္တရမိသည္။ သို႔ေသာ္ ကုန္းရိထ်န္းဟန္ကေတာ့ ေကာင္းေကာင္းႀကီးသိထားသည္။ အကယ္၍ သူ႕မွာ မေရမတြက္နိုင္ေသာ ထိပ္ဆုံးအဆင့္ခ်ီအားျဖည့္ေဆးလုံးမ်ားကို သန႔္စင္ေဖာ္စပ္ေပးမည့္ေဆးဆရာေလးမရွိလွ်င္ သူ ယခုကဲ့သို႔ေျမာက္မ်ားစြာေသာခ်ီစြမ္းအားမ်ားကို မလိုအပ္ဘဲ အခ်ိန္အမ်ားႀကီးအကုန္ခံကာ စုပ္ယူ‌ေနရမွာျဖစ္သည္။‌ ေနာက္ၿပီး သူ၏ေန႕စဥ္ေဆးဝါးဓာတ္စားမ်ားစားသုံးျခင္းႏွင့္ ေဆးရည္စိမ္ျခင္းတို႔မွာလည္း ရပ္တန႔္သြားေပလိမ့္မည္။ ထို႔သို႔ဆို သူသည္ပါရမီအစြမ္းမည္မွ်ျမင့္မားေနပါေစ၊ ယခုကဲ့သို႔ ေအာင္ျမင္မႈမ်ိဳးရရွိနိုင္ဖို႔ဆိုတာ မေသခ်ာေပ။

ေဆးဝါး‌ေဖာ္စပ္သူ ေဆးဆရာမ်ားက မည္မွ်အဖိုးထိုက္တန္ေၾကာင္း သိုင္းပညာက်င့္ႀကံသူမ်ားအားလုံးသိၾကသည္။ ေနာက္ၿပီး ယခုသူရထားေသာေဆးဆရာ‌ေလးက အထူးေလးနက္ေသာအသိအျမင္မ်ား ပိုင္ဆိုင္သည့္ တန္ဖိုးအႀကီးဆုံးသူျဖစ္သည္။

တစ္ခုတည္းေသာအရာက...... အႏၲရာယ္ကင္းေရးႏွင့္ မ်ိဳးႏြယ္စုအိမ္ေတာ္၏အစီအစဥ္မ်ားအရ ကုက်ိဳး၏စြမ္းရည္မ်ားကို သူကလြဲလွ်င္ တျခားဘယ္သူ႕ကိုမွ လုံးဝေပးသိ၍မျဖစ္ေပ။

မ်ားစြာေသာအႀကီးအကဲမ်ားက ကုန္းရိထ်န္းဟန္၏အေတြးမ်ားကို နားမလည္ၾကေပ။ သို႔ေသာ္ သူတို႔က ကုန္းရိထ်န္းဟန္၏ ေျပာစကားကိုၾကားေတာ့ ႏွေျမာတသတဖြဖြေျပာဆိုေနျခင္းမ်ား ရပ္တန႔္သြားသည္။ ထို႔ေနာက္ တစ္ေယာက္ၿပီးတစ္ေယာက္ ေက်းဇူးတင္စြာ ရယ္ေမာလိုက္ၾကၿပီး:

"ဒါအမွန္ပဲ။ အတိတ္ကကိစၥေတြကို အစျပန္ေဖာ္ေနစရာမလိုဘူး။ ကြၽန္ေတာ္တို႔က အနာဂတ္ကိုေရွးရႈေနဖို႔ပဲလိုတယ္။ အခုလက္ရွိသခင္ေလးမွာ ေအာင္ျမင္မႈေတြအမ်ားႀကီးရွိေနၿပီ။ ဒီေတာ့ အႀကီးဆုံးသခင္ေလးအေနနဲ႕ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ရဲ႕မ်ိဳးဆက္သစ္ေတြကို ၾကည့္ရႈေစာင့္ေရွာက္ၿပီး ကုန္းရိမ်ိဳးႏြယ္စုအိမ္ေတာ္ဂုဏ္သိကၡာကို ျမႇင့္တင္ေပးနိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္!"

ကုန္းရိထ်န္းဟန္ကၿပဳံးကာ ကတိျပဳလိုက္သည္။

သူ႕အစြမ္းေၾကာင့္ ကုန္းရိမ်ိဳးႏြယ္လည္း ဘုန္းတန္ခိုးျမင့္မားလာမွာေသခ်ာသည္။ ႏွစ္ဦးႏွစ္ဘက္စလုံး ပဋိပကၡျဖစ္ဖြယ္မရွိတာေၾကာင့္ ျငင္းဆန္စရာအေၾကာင္းလည္း ေသခ်ာေပါက္မရွိေပ။

လူတိုင္းက စိတ္လႈပ္ရွားေနရာမွ တျဖည္းျဖည္းတည္ၿငိမ္လာသည္။ မ်ားစြာေသာကုန္းရိမ်ိဳးႏြယ္ဝင္မ်ားက ေတာ္ဝင္နန္းေတာ္သို႔ သြား‌ေရာက္ရာ၌ ကုန္းရိထ်န္းဟန္ေနာက္သို႔ လိုက္လံပို႔‌ေဆာင္မည့္လူမ်ားကို‌ေ႐ြးခ်ယ္ရန္ ေဆြးေႏြးေျပာဆိုၾကသည္။

အစတုန္းကေတာ့ သူတို႔က ဤကိစၥကို အလြန္မ်က္ႏွာပ်က္စရာဟုေတြးကာ လူအင္အားအမ်ားႀကီးေခၚသြားဖို႔ အစီအစဥ္မရွိေပ။ သို႔ေသာ္ ယခုအခါ သူတို႔ကမ်က္ႏွာမပ်က္ရသည့္အျပင္ အႀကီးဆုံးသခင္ေလး ရဲစြမ္းသတၱိရွိ‌ရွိ သူရဲေကာင္းအသြင္အျပင္ျဖင့္ ပထမဆုံးအႀကိမ္ေအာင္ပြဲခံမည္ကို ေစာင့္ၾကည့္နိုင္ၾကၿပီျဖစ္သည္။ ထို႔ေၾကာင့္ အတူတူလိုက္ပါလိုသူမ်ား အလိုလိုပိုမိုမ်ားျပားကာ ေ႐ြးခ်ယ္ရခက္ခဲေနသည္။

ကုက်ိဳးတစ္ေယာက္ ကူကယ္ရာမဲ့စြာျဖင့္ သူတို႔ခ်င္း ေဈးတန္းမွာေဈးဆစ္သလို လိုခ်င္တာမရမခ်င္း မ်က္ႏွာမ်ားနီရဲသည္အထိ ညွိႏွိုင္း‌ေျပာဆိုေနၾကသည့္ျမင္ကြင္းကိုၾကည့္ကာ အနည္းငယ္စိတ္ရႈပ္‌ေထြးလာသည္။ သို႔ေသာ္ သူ ခ်က္ခ်င္းပဲ ျပန္လည္႐ႊင္ျပသြား၏။ တကယ္ေတာ့ ဒီျမင္ကြင္းအားလုံးမွာ ကုန္းရိထ်န္းဟန္ေပၚထြက္လာျခင္းေၾကာင့္သာျဖစ္သည့္အတြက္ သူပါ အနည္းငယ္စိတ္လႈပ္ရွားတက္ႂကြလာသည္။ ေျပာရမွာနည္းနည္းေလလုံးႀကီးသလိုျဖစ္ေသာ္လည္း သူက ကုန္းရိထ်န္းဟန္ႏွင့္ ေပါင္းသင္းဆက္ဆံခဲ့သည့္အခ်ိန္တေလွ်ာက္ ဒီလူကို ဤေလာကတြင္ သူႏွင့္အရင္းႏွီးဆုံးလူတစ္‌ေယာက္ဟု အမွန္တကယ္သတ္မွတ္ထားခဲ့သည္။

ကုန္းရိထ်န္းဟန္အား အစ္ကိုႀကီးဟု ေခၚနိုင္ျခင္းအေပၚ...... သူ၏ဟိုးအနက္ရွိင္းဆုံးစိတ္အစဥ္၌ မေပ်ာ္႐ႊင္ခဲ့တာမ်ိဳးမရွိခဲ့ေပ။

သူသည္ လက္ရွိေခတ္ဆီျပန္ဖို႔ အစြမ္းမ်ားအလံုအေလာက္ရွိလာေအာင္က်င့္ႀကံရန္ အခ်ိန္အၾကာႀကီးလိုအပ္မွန္းထင္ရွားသည္။ ထိုကဲ့သို႔အခ်ိန္အၾကာႀကီးကို သူ႕ခ်စ္ရသူမ်ားအားလြမ္းဆြတ္ရင္း ဤေလာက၌ ရွင္သန္ေနထိုင္ရမည္မွာ အလြန္အထီးက်န္ဆန္လွၿပီး သူ႕အတြက္ စိတ္ခြန္အားအေထာက္အပံ့မ်ိဳးလိုအပ္‌ေပသည္။ ေနာက္ၿပီး ကုန္းရိထ်န္းဟန္က သူ႕အေပၚေကာင္းမြန္စြာဆက္ဆံတာေၾကာင့္ သူကလည္း သူ႕(ကုန္းရိထ်န္းဟန္)အေပၚ ပို၍ေကာင္းေပးခ်င္လာသည္။

ကုက်ိဳးတစ္ေယာက္ အေတြးနယ္ခ်ဲ့ေနတုန္း ကုန္းရိမိသားစုဝင္မ်ား လူေ႐ြးခ်ယ္ၿပီးသြားသည္။

ရွန္းထ်န္းအဆင့္(၃) မ်ိဳးႏြယ္စုအိမ္ေတာ္ေခါင္းေဆာင္ ကုန္းရိယန္အျပင္ ရွန္းထ်န္းအဆင့္(၂) အႀကီးအကဲႏွစ္ေယာက္ႏွင့္ ရွန္းထ်န္းအဆင့္(၁) အႀကီးအကဲတစ္ေယာက္ပါဝင္သည္။ သူတို႔အားလုံးသည္ အရွိန္အဝါရွိေသာ ရွန္းထ်န္းအဆင့္စြမ္းအားရွင္မ်ားဟုဆိုနိုင္သည္။ သူတို႔၏ခြန္အားအစြမ္းမွာ လက္ဖ်ားခါေလာက္သည္။ သို႔ေသာ္ ဒီေလာက္ႏွင့္ေတာ့ ကုန္းရိထ်န္းဟန္ကဲ့သို႔ တမူထူးျခားသည့္ဉာဏ္ႀကီးရွင္တစ္ေယာက္ကို ‌ကာကြယ္ေပးနိုင္ရန္ မလုံေလာက္ေသးေပ။ သို႔ႏွင့္ ကုန္းရိထ်န္းဟန္၏အဘိုး၊ စီနီယာမ်ိဳးဆက္၏ မ်ိဳးႏြယ္စုေခါင္းေဆာင္ျဖစ္သူ ကုန္းရိက်ိဳးယြဲ႕ပါ လိုက္ပါလာသည္။ သူက ခ်ီစြမ္းအားအသြင္ယူအဆင့္ (၁)ျဖစ္ၿပီး -- တစ္နည္းအားျဖင့္ ရွန္းထ်န္းအဆင့္ (၇)ရွိ စြမ္းအားရွင္တစ္ဦးျဖစ္သည္။ မ်ိဳးႏြယ္စုတိုင္း၏ မေသမ်ိဳးအဆင့္ဘိုးေဘးအားလုံးမွာ အသီးသီးတံခါးပိတ္က်င့္ႀကံေနၾကၿပီး ဘယ္သူ႕ဘက္ကမွအလ်င္စလိုစတင္မလႈပ္ရွားၾကဖို႔ အခ်င္းခ်င္းဟန႔္တားထိန္းခ်ဳပ္ထားသည့္အေျခအေနျဖစ္သည္။ ထို႔ေၾကာင့္ ကုန္းရိထ်န္ဟန္အား ကာကြယ္ေစာင့္ေရွာက္ေပးရမည့္ ႀကီးေလးေသာတာဝန္က သူ႕ပုခုံးေပၚက်ေရာက္လာသည္။ ယခင္တေလွ်ာက္လုံး အိမ္ေတာ္ေခါင္းေဆာင္ႏွင့္ သူ၏ေသြးခ်င္းစြမ္းအားရွင္မ်ားသည္ စြမ္းအားမလုံေလာက္သည့္တိုင္ အိမ္ေတာ္ႀကီးတြင္ တည္ၿငိမ္စြာရပ္တည္လႊမ္းမိုးထားနိုင္ခဲ့သည့္အေၾကာင္းရင္းမွာ အမ်ားစုက ကုန္းရိက်ိဳးယြဲ႕ရွိေနျခင္းေၾကာင့္ျဖစ္သည္။

ထိုအျပင္ အတူထြက္ခြာၾကမည့္လူမ်ားထဲ၌ လူငယ္မ်ိဳးသစ္ဆက္ (၁၂)ဦး ပါဝင္လာသည္။

ထို(၁၂)ဦးတြင္ကိုးဦးမွာ ပင္မမ်ိဳးဆက္၏ ကံေကာင္းသူအခ်ိဳ႕ျဖစ္သည္။ ကိုးဦးအနက္တစ္ဦးမွာ အိမ္ေတာ္ေခါင္းေဆာင္၏ ဒုတိယသားျဖစ္သူ သခင္ေလးကုန္းရိထ်န္းယန္ျဖစ္သည္။ က်န္လူရွစ္ဦးမွာ မ်ိဳးႏြယ္စုတိုက္ပြဲအတြင္း ထူးခြၽန္သူလူငယ္မ်ားျဖစ္သည္။ က်န္လူ(၃)ဦးကေတာ့ အႏြယ္ဝင္အိမ္ေတာ္ခြဲမ်ားမွ အင္အားအႀကီးဆုံးစြမ္းအားရွင္မ်ားျဖစ္သည္။ မ်ိဳးႏြယ္စုတိုက္ပြဲၿပီးဆုံးၿပီးေနာက္ သူတို႔အား ျပဳစုပ်ိဳးေထာင္ရန္ ပင္မမ်ိဳးဆက္အိမ္ေတာ္သို႔ေခၚယူစုေဆာင္းခဲ့သည္။ ယခုအခ်ိန္၌ သူတို႔ကိုလည္း အတူေခၚေဆာင္လာသည္။ --- ဒါသည္ သူတို႔အား အျမင္က်ယ္ေစရန္ရည္႐ြယ္ၿပီး သူတို႔စိတ္ထဲရွိ လက္ရွိလူငယ္မ်ိဳးဆက္မ်ားအၾကား ဘုရင္တစ္ဆူျဖစ္ရမည္ဆိုသည့္အေတြးမ်ိဳးကို ၿငိမ္းသတ္ပယ္ေဖ်ာက္ပစ္ဖို႔လည္းျဖစ္သည္။

က်န္တာကေတာ့..... ကုန္းရိထ်န္းယန္ႏွင့္အျခားသူမ်ား၏ သိုင္းပညာအဆင့္ေပၚမူတည္သည္။

အကယ္၍ သူတို႔သာ အႏြယ္ဝင္အိမ္ေတာ္ခြဲမ်ိဳးဆက္မ်ား၏ဖိႏွိပ္ျခင္းခံရပါက ပင္မအိမ္ေတာ္မ်ိဳးဆက္မ်ားသည္ အရည္အခ်င္းျပည့္မီျခင္းမရွိဟုဆိုရေပမည္။

💊💊💊

ျမင့္မားခမ္းနားေသာ ေတာ္ဝင္နန္းေတာ္ဆီမွ တစ္စုံတစ္ရာကို လွမ္းျမင္ေနရသည္။

ခံ့ညားထည္ဝါေသာ ကုန္းရိမ်ိဳးႏြယ္စုဝင္တစ္ဦးမွာ အလြန္ႀကီးမားေသာ သားရဲသတၱဝါတစ္ေကာင္ကိုစီးနင္းလာသည္။

၎သားရဲသတၱဝါသည္ အဆင့္(၅) သားရိုင္းတစ္ေကာင္ျဖစ္ၿပီး ရွန္းထ်န္းခ်ီအဆင့္(၂) ခ်ီစြမ္းအင္စုပ္ယူျခင္းအဆင့္ သိုင္းပညာရွင္တစ္ဦးႏွင့္ညီမွ်သည္။ ထိုသားရဲကား မ်ိဳးႏြယ္စုအိမ္ေတာ္ေခါင္းေဆာင္ကုန္းရိယန္၏ တိုက္ခိုက္ေရးသားရဲျဖစ္သည္။ ၎၏ကိုယ္ထည္က ဧရာမကုန္းေျမလိပ္တစ္ေကာင္ႏွင့္ဆင္တူၿပီး အေနာက္၌ မေရမတြက္နိုင္ေသာဆူးခြၽန္မ်ားပါသည့္ ၾကာပြတ္ကဲ့သို႔ေၾကာက္မက္ဖြယ္အၿမီးတစ္ေခ်ာင္းလည္းရွိသည္။ ၎က ခႏၶာကိုယ္အျပင္ဘက္၌ ဆူးခြၽန္မ်ားျဖင့္ အျပည့္အဝဖုံးအုပ္ေနကာ ဦးေခါင္းက အႏွိုင္းမဲ့ရက္စက္ၾကမ္းၾကဳတ္ပုံရ၏။

ထိုသတၱဝါ၏ျဖစ္တည္မႈက အႂကြင္းမဲ့ဖိႏွိပ္ခ်ဳပ္ခ်ယ္ေသာခံစားခ်က္ကိုေပးစြမ္းေနသည္။ နန္းေတာ္ဆီသြားရာလမ္းတစ္ေလွ်ာက္တြင္ လူသူမ်ားအႏၲရာယ္ကင္းေစရန္ ကုန္းရိအိမ္ေတာ္အေစာင့္တပ္သားမ်ားက အေစာကတည္းက ေ႐ႊ႕ေျပာင္းရွင္းလင္းထားၿပီးသားျဖစ္သည္။ သို႔ေသာ္ အနီးအနားအိမ္ယာမ်ားတြင္ေနထိုင္ၾကေသာ သိုင္းပညာရွင္အခ်ိဳ႕မွာ ျပင္းထန္သည့္ခ်ီတက္သံမ်ားကိုၾကားသည္ႏွင့္ အူမ်ားေခြေခါက္ကာ ႏွလုံးရပ္မတတ္ခံစားရေလသည္။

အဆင့္(၅) သားရဲတိရစာၦန္ကား အလြန္ေၾကာက္မက္ဖြယ္ေကာင္းလွ၏။

တစ္ၿပိဳင္တည္း၌ အျခား‌မ်ိဳးႏြယ္စုအိမ္ေတာ္ႀကီး (၄)ခုကလည္း ၎တို႔၏တိုက္ခိုက္ေရးသားရဲမ်ားကို ပို႔လႊတ္လာသည္။

ထိုသားရဲအားလုံးသည္လည္း အဆင့္(၅)မ်ားျဖစ္ကာ သားရိုင္းတစ္ေကာင္ခ်င္းစီက အလြန္ေၾကာက္မက္ဖြယ္ေကာင္းသည္။

သူတို႔ထံမွ ပဏာမခ်ဥ္းကပ္လာသံမ်ားၾကားရၿပီးေနာက္ နန္းေတာ္ႏွင့္တျဖည္းျဖည္းနီးကပ္လာသည္ႏွင့္အမွ် သားရဲသတၱဝါ (၅)ေကာင္ၾကားရွိ အကြာအေဝးကလည္း တျဖည္းျဖည္း ပိုမိုနီးကပ္လာသည္။

လုံေလာက္စြာနီးကပ္သည့္အကြာအေဝးတစ္ခုေရာက္သည့္အခါ အဆင့္ျမင့္သားရိုင္းသတၱဝါတစ္ေကာင္၏ ဂုဏ္အရွိန္က ၎၏အနီးအနားရွိ အဆင့္တူသားရိုင္းသတၱဝါမ်ားကို သည္းမခံနိုင္ေပ။ သို႔ႏွင့္ ၎တို႔မွာ ႀကီးမားေသာအရွိန္အဝါမ်ားၾကား သဘာဝအေလ်ာက္ အခ်င္းခ်င္းရင္ဆိုင္ဖိႏွိပ္ၾကေတာ့သည္။

၎တို႔အနက္ ဟဲ့လ်န္မ်ိဳးႏြယ္စု၏ အဆင့္(၅) ဧရာမသားရိုင္းသတၱဝါက ေျခေထာက္ကိုေဆာင့္ခ်လိဳက္သည္။

ဘုန္း!

ႀကီးမားေသာစြမ္းအားရိုက္ခက္မႈႀကီးတစ္ခု ျဖာထြက္လာသည္။ ၎၏စြမ္းအားမ်ားက လွိုင္းဂယက္သဖြယ္ အဘက္ဘက္သို႔ပ်ံ့ႏွံ႕လာသည္။

စြမ္းအားရိုက္ခတ္သြားသည့္ေနရာတိုင္း၌ မေရမတြက္နိုင္ေသာေက်ာက္စိုင္ေက်ာက္သားမ်ား စိစိညက္ညက္ေၾကကုန္သည္။

ကုက်ိဳးမွာ အျခားေသာကုန္းရိမ်ိဳးႏြယ္ဝင္ကေလးမ်ားႏွင့္အတူ သတိလက္လြတ္ျဖစ္သြားသည္။ ရလဒ္အေနျဖင့္ သူ႕ဝမ္းဗိုက္ထဲ၌ ကေမာက္ကမျဖစ္ကာ ခ်က္ခ်င္းဆိုသလို ႏွလုံးအိမ္၌ ႀကီးမားေသာဖိႏွိပ္အားတစ္ခု ခံစားလိုက္ရသည္။

ဒါတင္မကေသး အခ်ိဳ႕မ်ိဳးဆက္သစ္လူငယ္မ်ားဆို ပါးစပ္ေထာင့္မွ ေသြးအနည္းငယ္ယိုစိမ့္ကာ ေသြးအန္ကုန္ၾကသည္။

ကုန္းရိက်ိဳးယြဲ႕က မ်က္ခုံးေၾကာမ်ားရႈံ႕သြားကာ:

"ဒင္းတို႔ဟဲ့လ်န္မ်ိဳးႏြယ္ေတြက တျဖည္းျဖည္း ပိုပိုအထက္စီးဆန္လာၿပီ!"

လူငယ္မ်ိဳးဆက္သစ္မ်ားတြင္ အနည္းငယ္ဆုံးရႈံးမႈမ်ားရွိေသာ္လည္း ဒီေလာက္က လူႀကီးမ်ား ၾကားကဝင္ပါဖို႔ေတာ့ မလိုအပ္‌ေသးေပ။ သို႔ေသာ္ ဤသည္က လူကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစတာေတာ့ အမွန္ပင္။

ကုန္းရိထ်န္းဟန္၏အၾကည့္မ်ားက တျခားလမ္းမတစ္ဖက္မွ ထြက္ေပၚလာေသာ တစ္စုံတစ္ရာအေပၚ ဖ်က္ခနဲေရာက္သြားသည္။ သူက ဧရာမသတၱဝါႀကီး၏ဦးေခါင္းထိပ္တြင္ရပ္ေနေသာ လူတစ္ေယာက္ကိုၾကည့္ကာ မ်က္ႏွာအမူအယာ မသိမသာေလးနက္သြားသည္။

ထို႔ေနာက္ သူက ခႏၶာကိုယ္ကိုအနည္းငယ္ေ႐ႊ႕ကာ ကုက်ိဳးႏွင့္ ကုန္းရိထ်န္းယန္တို႔ေဘးနားမွာရပ္၍ အဆက္မျပတ္ရိုက္ခတ္လာေသာ စြမ္းအားလွိုင္းတံပိုး‌ေပါက္ကြဲမႈမ်ားကို ပိတ္ဆို႔ကာဆီးလိုက္သည္။

ကုက်ိဳးသည္လည္း မိမိစိတ္ထဲမွ ေအာ္ကလီဆန္တက္လာသည့္ခံစားခ်က္ကို သက္သာေစရန္ သူ၏က်င့္ႀကံေရးက်င့္စဥ္ကို စတင္အသက္သြင္းလိုက္သည္။

ထို႔ေနာက္ သူတို႔ေရွ႕တည့္တည့္ရွိ ေတာ္ဝင္နန္းေတာ္ဆီမွ ပို၍ပင္စြမ္းအားႀကီးမားေသာ အရွိန္အဝါတစ္ခု ထြက္ေပၚလာသည္။ ခ်က္ခ်င္းဆိုသလို ငွက္တစ္ေကာင္၏ေအာ္ျမည္သံတစ္ခု ပဲ့တင္ထပ္သြားကာ အမည္းေရာင္တိမ္တိုက္တစ္ခုသဖြယ္ ဧရာမအရိပ္ႀကီးတစ္ခု ေတာ္ဝင္နန္းေတာ္ထံမွ ပ်ံသန္းထြက္လာသည္။

၎က ေၾကာက္မက္ဖြယ္ဧရာမလင္းယုန္ႀကီးတစ္ေကာင္ျဖစ္ၿပီး ၎၏ေက်ာေပၚ၌ ေထာင္ေထာင္ေမာင္းေမာင္း သန္သန္မာမာ အမ်ိဳးသားတစ္ဦး မတ္တပ္ရပ္ေနသည္။

ေတာ္ဝင္မ်ိဳးႏြယ္၏ မိသားစုဝင္တစ္ဦး ထြက္ေပၚလာေခ်ၿပီ!

____________________________________

အခ်စ္ဆုံးတို႔ေရ......

ကုက်ိဳးတစ္ေယာက္ ေထာက္ပံ့သူကေန အစ္ကိုႀကီးရဲ႕ကေလးေလးျဖစ္ၿပီးေနာက္လာမယ့္အပိုင္းမွာေတာ့ အစ္ကိုႀကီးရဲ႕ပထမဆုံးအစြမ္းျပပုံေတြကို စတင္ရႈစားရေတာ့မွာပဲျဖစ္ပါတယ္။ ကဲ... ဒါဆို ေနာက္အပိုင္းမွာ ျပန္ေတြ႕ၾကမယ္ေနာ္။ အားလုံးပဲ ခုလိုႏွစ္ေဟာင္းကုန္ ႏွစ္သစ္ကူးမယ့္အခ်ိန္အခါေလးမွာ မိသားစုႏွင့္အတူ ေဘးကင္းလုံၿခဳံစြာရွိၿပီး ေပ်ာ္႐ႊင္ေအးခ်မ္းစြာ ျဖတ္သန္းနိုင္ၾကပါေစ‌လို႔ဆုေတာင္းရင္း....

With love ❤️
Taiga 😘

((Unicode))

အပိုင်း (၄၉)
လောဘအတွေးများ

💊💊💊

အ့့ံဩမှုများအားတုန့်ပြန်သည့်အနေဖြင့် ကုန်းရိထျန်းဟန်က မတ်တပ်ရပ်ကာ သံသယဖြစ်စရာမရှိကြီးမားသည့် ချီစွမ်းအားများကိုထုတ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလို သွေးနှင့်ချီစွမ်းအားများက အချက်ပြလိုက်သည့်နှယ် လျှံထွက်ကာ အဆက်မပြတ်တဟုန်ထိုးတိုးတက်လာသည်။ အနှိုင်းမဲ့ကြီးမားသောချီစွမ်းအားက နေရာ၌ရှိသမျှလူအားလုံးကို ဖိနှိမ်ပစ်လိုက်သည်။ ၎င်းက ရိုးရိုးသာမန်ဟို့ထျန်းအဆင့်(၉) သိုင်းပညာရှင်တစ်ယောက်နှင့်ယှဉ်လျှင် များစွာပိုမိုသာလွန်ကာ အ‌ားကောင်းနေသည်။

များစွာသောအကြီးအကဲများ ချက်ချင်း မျက်လုံးပြူးသွားကြသည်။

သူတို့လည်း ရှန်းထျန်းအဆင့်စွမ်းအားရှင်များဖြစ်သည့်အလျောက် ဤမျိုးဆက်သစ် လူငယ်သိုင်းပညာရှင်၏စွမ်းအားများကို သံသယဖြစ်ဖွယ်မရှိ အလိုလိုခံစားမိကြသည်။

ထိုအခိုက်၌ သူတို့၏အတွေးများ ယောက်ယက်ခတ်ကာ စိတ်သဘောထားများ နိုးထတက်ကြွလာသည်။ သို့သော် မမျှော်လင့်ဘဲ သူတို့၏ပထမဦးဆုံးတုန့်ပြန်မှုများက --- ကုန်းရိမျိုးနွယ်စုမှာ ဒီကလေးရှိနေလို့ကတော့ သူတို့မျိုးနွယ်စုအဆင့်အတန်းက နောင်နှစ်တစ်ရာမက သေချာပေါက် ဆက်လက်တည်မြဲ‌ေနမှာ မလွဲဧကန်ပဲဟူ၍ဖြစ်သည်။

ကုန်းရိထျန်းဟန် ရှန်းထျန်းအဆင့်ကို ဘာအနှောင့်အယှက်မှမရှိဘဲ အန္တရာယ်ကင်းကင်း တက်လှမ်းသွားနိုင်သရွေ့ပေါ့.....

ထိုတင်္ဒဂ၌ ယခင်ကတည်းက ကုန်းရိထျန်ဟန်အပေါ် အစဉ်ချစ်‌ေကြာက်ရို‌ေသခဲ့သူတို့၏အကြည့်များမှာ ပို၍ပြင်းပြအသက်ဝင်လာခဲ့သလို၊ တစ်ချိန်တည်းမှာပဲ မနာလိုဝန်တိုဖြစ်နေကြသူအပေါင်း၏ မုန်းတီးမှုများက ပိုမိုတောက်ပလောင်ကျွမ်းကုန်ကြသည်။ သို့သော် ထိုသူတို့သည် ကြောက်ခမန်းလိလိချီစွမ်းအားများကိုအာရုံခံမိသည်နှင့် သူတို့ရင်ထဲရှိအမုန်းမီးတောက်များကို ဝှစ်ခနဲမြည်အောင်ငြိမ်းသတ်ခံလိုက်ရကာ သက်ပြင်းရှည်များသာချမိကြလေသည်။

မည်သို့ပင်ဆိုစေကာမူ ကုန်းရိထျန်းဟန်သည် မိမိတို့ပင်မမျိုးနွယ်စု၏ မိသားစုဝင်တစ်ယောက်ဖြစ်သည်။ သူတို့သည် မျိုးနွယ်စုတိုက်ပွဲအတွင်း အနွယ်ဝင်အိမ်တော်ခွဲမျိုးဆက်များတွင် ကျွမ်းကျင်သူပါရမီရှင်များစွာရှိကြောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြသည်။ ထိုအချက်က ပင်မမျိုးနွယ်စုလူငယ်မျိုးဆက်သစ်များအပေါ် များစွာဖိအားပေးလျက်‌ရှိသည်။ ထို့ကြောင့် အကယ်၍များ မျိုးနွယ်စုခေါင်းဆောင်၏ အကြီးဆုံးသခင်လေးြဖစ်သူသာ စင်ပေါ်တက်၊ အများရှေ့ထွက်ပြနိုင်ပါက သူတို့ပင်မမျိုးနွယ်စုဝင်များအနေဖြင့် များစွာဂုဏ်တင့်၍ တန်ခိုးအာဏာကြီးထွားလာမည်ဆိုတာ အားလံုးသဘောပေါက်ပေသည်။

ကုန်းရိထျန်းဟန်က ဝ့့ံကြွားထည်ဝါသောစွမ်းအားအရှိန်အဝါများကို ပြန်ရုပ်သိမ်းလိုက်၏။

မျိုးနွယ်စုဝင်များက နေရာမှာထိုင်ရင်း ခေတ္တမျှငြိမ်ကျသွားကာ စိတ်ထဲတွင် အသီးသီးဆုံးဖြတ်ချက်များပြတ်သားစွာချလိုက်၏။

ထျန်းဝူကုန်းမြေသည် သိုင်းပညာရှင်များကို လေးစားတန်ဖိုးထားသည်။ ထို့ကြောင့် ကုန်းရိထျန်းဟန်တစ်ယောက် သိုင်းပညာအစွမ်းမရှိပါဘဲ အလွန်မြင့်မားသောဉာဏ်ရည်ဉာဏ်‌ေသွးများသာပိုင်ဆိုင်ခဲ့စဥ်က မျိုးနွယ်စုအတွင်း၌ မိသားစုအိမ်တော်အပေါ် ကုန်းရိထျန်းဟန်ဆောင်ကျဉ်းပေးခဲ့သမျှ အကျိုးကျေးဇူးများအား အသိအမှတ်မပြု‌သူတချို့အမြဲရှိခဲ့‌သည်။ ထိုသူတို့သည် မျိုးနွယ်စုအိမ်‌ေတာ်ခေါင်းဆောင်အားစိန်ခေါ်ကာ ခေါင်းဆောင်ရာထူးကို ရယူလိုကြသည်။ ယခုမူ ကုန်းရိထျန်းဟန်သည် သိုင်းပညာပြန်လည်ကျင့်ကြံနိုင်၍ သူ၏ထိတ်လန့်အံ့ဩဖွယ်ပါရမီအစွမ်းများကို ထုတ်ဖော်ပြသပြီး ထိုသူတို့အားအသံပင်မထွက်နိုင်အောင် အဆုံးသတ်ပေးလိုက်‌သည်။

ကုန်းရိမျိုးနွယ်၌ ပင်မမျိုးနွယ်စုများကြား အားပြိုင်မှုများရှိသလို၊ အနွယ်ဝင်အိမ်တော်ခွဲများနှင့်လည်း အားပြိုင်မှုတိုက်ပွဲများရှိကြသည်။ သို့သော် ပင်မမျိုးနွယ်စုသည် မရေမတွက်နိုင်သောနှစ်ပေါင်းများစွာကြာအောင် မိမိတို့၏အဆင့်အတန်းကို တည်ငြိမ်‌ေအာင်ထိန်းသိမ်းထားနိုင်ခြင်းမှာ ပင်မမျိုးနွယ်စုများအကြားရှိ တစ်စိတ်တစ်ဝမ်းတည်းစိတ်ဓာတ်ကြောင့်ဖြစ်သည်။ ရှေးရိုးအစဉ်အလာမပျက် အဆင့်အတန်းကိုထိန်းသိမ်းထားနိုင်ရန် ပင်မမျိုးနွယ်စုဝင်များသည် အိမ်တော်ခွဲများ ရုတ်တရက် စွမ်းအားကြီးမားလာသည့်အခါမျိုး၌ မိမိတို့အတွင်းရေးပြဿနာများကို ဘေးချိတ်၍ အချင်းချင်း စည်းလုံးညီညွတ်ခဲ့ကြသည်။ အနွယ်ဝင်အိမ်တော်ခွဲများ၌ မိသားစုအခွဲပေါင်း (၅၂)ခု ရှိသည်။ သူတို့ကြားတွင်လည်း အကျိုးအမြတ်ရရှိရန် ပူးပေါင်းလုပ်ဆောင်ကြခြင်းမျိုး များစွာရှိသော်လည်း အချင်းချင်းကတော့သီးခြားစီခွဲ‌ကာ ချန်ယွင်အင်ပါယာတလျှောက် များစွာသောပြည်နယ်အသီးသီး၌ ကိုယ်စီဖြန့်ကြက်နေထိုင်ကြသည်။ ထို့ကြောင့် အိမ်တော်ခွဲများမှာ ဘိုးဘွားပိုင်စံအိမ်တော်ကြီးများအတွင်း ကာလရှည်ကြာနေ့နေ့ညညအလွန်စုစည်းညီညွတ်စွာနေထိုင်လာကြသော ပင်မမျိုးနွယ်စုများကိုတော့ မယှဉ်သာပေ။

ဤသည်မှာ ကုန်းရိမိသားစုကို ပထမဆုံးအုတ်မြစ်ချတည်‌ေထာင်ခဲ့သူ ဘိုးဘေးမျိုးဆက်များ၏ အမျှော်အမြင်ရှိရှိ အသေအချာလုပ်ဆောင်ထားသော အစီအစဉ်လည်းဖြစ်၏။ သူတို့က ထိုသို့ဆောင်ရွက်နိုင်အောင် စည်းမျဉ်းစည်းကမ်းများလည်း ချမှတ်သတ်မှတ်ခဲ့သည်။ ရလဒ်အနေဖြင့် အနွယ်ဝင်အိမ်တော်ခွဲများထံမှ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်စွမ်းအားရှင်များစွာပေါ်ပေါက်ခဲ့လျှင်တောင် ထိုစွမ်းအားရှင်များ၏သွေးသားများမှာ ပင်မမျိုးနွယ်စုထဲသို့ပေါင်းစပ်သွားခဲ့သည်။ နောက်ဆုံး၌ အနွယ်ဝင်အိမ်တော်ခွဲများမှာ မိမိတို့အား ဘိုးဘေးပိုင်အိမ်တော်ဝန်းအတွင်း ဝင်ရောက်နိုင်ရေးကိုဟန်တားထားသော ပင်မမျိုးနွယ်စု၏ အဆင့်အတန်းဂုဏ်ဒြပ်ကို မချေဖျက်နိုင်ဘဲရှိကြလေသည်။

အကြီးအကဲတစ်ဦးက နှမြောတသဖြစ်သောမျက်နှာဖြင့်ပြောလာသည်။

"နှမြောစရာပဲ၊ အကယ်၍ အကြီးဆုံးသခင်လေးသာ ငယ်ငယ်ကတည်းက သိုင်းပညာကျင့်ကြံနိုင်ခဲ့ရင် ဒီလိုပါရမီအစွမ်းနဲ့ဆို တခြားအိမ်တော်ကြီးတွေက သခင်လေး(၄)ယောက်ဆိုတာ သာမာန်ကြက်ကလေး၊ ခွေးကလေးတွေလောက်ပဲဖြစ်နေမှာမဟုတ်လား?"

အခြား‌ေသာမျိုးနွယ်စုဝင်များကလည်း သည်စကားကိုကြားတော့ တူညီသောအမူအယာများဖြင့်:

"ဟုတ်တာပေါ့၊ ဒါ သိပ်ကိုကံဆိုးတာပဲ....."

ကုန်းရိထျန်းဟန်ပြသခဲ့သော ပါရမီအစွမ်းကား အလွန်အံမခန်းဖွယ်ဖြစ်ရကာ သူတို့ သက်ပြင်းမချဘဲ မနေနိုင်‌ပေ။

သူတို့တွေးမိသည်က ကုန်းရိထျန်းဟန်သည် တစ်နှစ်တည်းနှင့် ယခုလိုအခြေအနေရောက်‌ေအာင်ကျင့်ကြံနိုင်သည်ဆိုလျှင် အကယ်၍ ကလေးဘဝကတည်းကသာ သိုင်းပညာစတင်ကျင့်ကြံခဲ့ပါက ယခုချိန်၌ ဘယ်အဆင့်တောင်ရောက်နေလိုက်မလဲဟူ၍ဖြစ်သည်။ ပြော၍မရ သူ ဟိုးအစောကတည်းက ရှန်းထျန်းအဆင့်တက်လှမ်းကာ ဒီလူအိုကြီးများကိုပင် ကျော်တက်သွားလောက်ပြီဖြစ်၏! ဤသို့တမူထူးြခားသော ဉာဏ်ကြီးရှင်တစ်ယောက် ပင်မမျိုးနွယ်စုမိသားစုဝင်များထဲမှပေါ်ထွက်လာခြင်းနှင့်အတူ ကုန်းရိမျိုးနွယ်စုသည် တော်ဝင်မျိုးနွယ်မိသားစုများကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိလာနိုင်‌ေပသည်။

ကုကျိုးက အစေခံလေးအနေဖြင့် သရုပ်မှန်ဖုံးကွယ်၍ လုံရိနှင့်ထောင့်တစ်နေရာတွင်ရပ်ကာ သူတို့အားလုံးကိုစောင့်ကြည့်နေသည်။ သူက မနေနိုင်ဘဲ ခေါင်းအသာခါမိ၏။

ဒီလူတွေက သိပ်လောဘကြီးလွန်းသည်။

သူ၏ထောက်ပံ့သူ အဲ.....သူ့အစ်ကိုကြီးက ရည်မှန်းချက်ကြီးမားသည်။ ကျွမ်းကျင်လိမ္မာသည်။ ပါရမီစွမ်းရှိသည်။ ဉာဏ်ပညာရှိသည်။ သူသည် လက်တွေ့တွင် ပြစ်မျိုးမှဲ့မထင်သူတစ်ယောက်ဟုဆိုနိုင်သည်။ ဒီလိုဆိုတော့ တစ်နှစ်၊ နှစ်နှစ်လောက်လေး နောက်ကျတာက ဘာအရေးကြီးလို့လဲ? သူအစ်ကိုကြီးအစွမ်းအဆနှင့်ဆို အမြန်အမီလိုက်ပြီး သိပ်မကြာခင် တခြားလူတွေကိုကျော်တက်သွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပင်။

ခုလိုမျိုး ပျော်ရွှင်အံဩစရာကိစ္စရှိလာတာ ကောင်းတဲ့အရာပဲမဟုတ်လား? လူတစ်ယောက်က ဘယ်လောက်ပဲ စိတ်သဘောထားသေးသိမ်‌ပါစေ၊ ဒီလိုအချိန်အခါမျိုးမှာတော့ အရမ်းသိသိသာသာကြီး ထုတ်မပြသင့်ဘူးမဟုတ်လား။

ကုကျိုးမှာ ထျန်းဝူကုန်း‌ေြမတွင် တစ်နှစ်ကျော်မျှနေထိုင်ပြီး ကုန်းရိထျန်းဟန်၏ မကြာခဏ အားပေးထောက်ခံ‌ေပးခြင်းကိုခံခဲ့ရတာကြောင့် ကိစ္စတော်တော်များများ နားလည်သဘောပေါက်ခဲ့သည်။ သူက မဲ့ပြုံးပြုံးကာ စိတ်ထဲကကြိတ်တွေးလိုက်၏။ အကယ်၍ အစ်ကိုကြီးအစွမ်းသာ ငယ်စဉ်ကတည်းက တဖြည်းဖြည်းချင်းတိုးတက်လာသည်ဆိုပါက အစ်ကိုကြီးသည် တခြားသူများထက် များစွာသာလွန်အောင်မြင်မှာသေချာသည်။ သို့သော် နေ့နေ့ညည လုပ်ကြံသတ်ဖြတ်မှုများအကြား ပစ်မှတ်ထားခံရ၍ သက်ဆိုးရှည်ရှည် ရှင်သန်နိုင်မည်မဟုတ်ပေ..... သည်လိုသာဆို အခြားမိသားစုအိမ်တော်ကြီးလေးခုကလည်း သူ့အစ်ကိုကြီးအမြင့်သို့တက်လှမ်းသွားမည်ကို ဒီအတိုင်းလက်ပိုက်ကြည့်နေမယ်လို့တော့ ကုကျိုး မယုံရေးချမယုံ‌ေပ။

ဆန့်ကျင့်ဘက်အနေဖြင့် အစ်ကိုကြီး ယခုလို ရုတ်တရက်တိုးတက်လာခြင်းက တော်ဝင်မင်းနေပြည်တော်သို့‌ဝင်သည်နှင့် နဂါးပြာရေအိုင်သို့သွားရန် နေရာတစ်နေရာရရှိမည်ဖြစ်ကာ အစ်ကိုကြီးအပေါ် ကောက်ကျစ်စွာ လျှို့ဝှက်လုပ်ကြံရန်လည်းမလွယ်ကူတော့ပေ။

ကုန်းရိထျန်းဟန်က လက်တစ်ဖက်မြှောက်ပြကာ ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။

"အားလုံးစိတ်ချပါ။ ကျွန်တော် သေချာပေါက် နဂါးပြာရေကန်ဆီသွားဖို့ နေရာတစ်နေရာယူပြီး ရှန်းထျန်းအဆင့်တက်နိုင်မယ့်အခွင့်အရေးကို အရယူပါ့မယ်၊ ဒါတွေအားလုံး ကျွန်တော့်ရဲ့ကုန်းရိမျိုးနွယ်စုအိမ်တော် ဂုဏ်သရေအတွက်ပဲ။ ဒီတော့ အားလုံးလည်း အတိတ်ကကိစ္စတွေအပေါ် စိုးရိမ်ကြောင့်ကြနေစရာမလိုပါဘူး"

မျိုးနွယ်စုဝင်များက လူ့သဘာဝအရပေါ်ပေါက်လာသော သူတို့၏အမူအယာများအပေါ် နောင်တရမိသည်။ သို့သော် ကုန်းရိထျန်းဟန်ကတော့ ကောင်းကောင်းကြီးသိထားသည်။ အကယ်၍ သူ့မှာ မရေမတွက်နိုင်သော ထိပ်ဆုံးအဆင့်ချီအားဖြည့်ဆေးလုံးများကို သန့်စင်ဖော်စပ်ပေးမည့်ဆေးဆရာလေးမရှိလျှင် သူ ယခုကဲ့သို့မြောက်များစွာသောချီစွမ်းအားများကို မလိုအပ်ဘဲ အချိန်အများကြီးအကုန်ခံကာ စုပ်ယူ‌ေနရမှာဖြစ်သည်။‌ နောက်ပြီး သူ၏နေ့စဉ်ဆေးဝါးဓာတ်စားများစားသုံးခြင်းနှင့် ဆေးရည်စိမ်ခြင်းတို့မှာလည်း ရပ်တန့်သွားပေလိမ့်မည်။ ထို့သို့ဆို သူသည်ပါရမီအစွမ်းမည်မျှမြင့်မားနေပါစေ၊ ယခုကဲ့သို့ အောင်မြင်မှုမျိုးရရှိနိုင်ဖို့ဆိုတာ မသေချာပေ။

ဆေးဝါး‌ေဖာ်စပ်သူ ဆေးဆရာများက မည်မျှအဖိုးထိုက်တန်ကြောင်း သိုင်းပညာကျင့်ကြံသူများအားလုံးသိကြသည်။ နောက်ပြီး ယခုသူရထားသောဆေးဆရာ‌ေလးက အထူးလေးနက်သောအသိအမြင်များ ပိုင်ဆိုင်သည့် တန်ဖိုးအကြီးဆုံးသူဖြစ်သည်။

တစ်ခုတည်းသောအရာက...... အန္တရာယ်ကင်းရေးနှင့် မျိုးနွယ်စုအိမ်တော်၏အစီအစဉ်များအရ ကုကျိုး၏စွမ်းရည်များကို သူကလွဲလျှင် တခြားဘယ်သူ့ကိုမှ လုံးဝပေးသိ၍မဖြစ်ပေ။

များစွာသောအကြီးအကဲများက ကုန်းရိထျန်းဟန်၏အတွေးများကို နားမလည်ကြပေ။ သို့သော် သူတို့က ကုန်းရိထျန်းဟန်၏ ပြောစကားကိုကြားတော့ နှမြောတသတဖွဖွပြောဆိုနေခြင်းများ ရပ်တန့်သွားသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးတင်စွာ ရယ်မောလိုက်ကြပြီး:

"ဒါအမှန်ပဲ။ အတိတ်ကကိစ္စတွေကို အစပြန်ဖော်နေစရာမလိုဘူး။ ကျွန်တော်တို့က အနာဂတ်ကိုရှေးရှုနေဖို့ပဲလိုတယ်။ အခုလက်ရှိသခင်လေးမှာ အောင်မြင်မှုတွေအများကြီးရှိနေပြီ။ ဒီတော့ အကြီးဆုံးသခင်လေးအနေနဲ့ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေကို ကြည့်ရှုစောင့်ရှောက်ပြီး ကုန်းရိမျိုးနွယ်စုအိမ်တော်ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်!"

ကုန်းရိထျန်းဟန်ကပြုံးကာ ကတိပြုလိုက်သည်။

သူ့အစွမ်းကြောင့် ကုန်းရိမျိုးနွယ်လည်း ဘုန်းတန်ခိုးမြင့်မားလာမှာသေချာသည်။ နှစ်ဦးနှစ်ဘက်စလုံး ပဋိပက္ခဖြစ်ဖွယ်မရှိတာကြောင့် ငြင်းဆန်စရာအကြောင်းလည်း သေချာပေါက်မရှိပေ။

လူတိုင်းက စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်းတည်ငြိမ်လာသည်။ များစွာသောကုန်းရိမျိုးနွယ်ဝင်များက တော်ဝင်နန်းတော်သို့ သွား‌ေရာက်ရာ၌ ကုန်းရိထျန်းဟန်နောက်သို့ လိုက်လံပို့‌ေဆာင်မည့်လူများကို‌ေရွးချယ်ရန် ဆွေးနွေးပြောဆိုကြသည်။

အစတုန်းကတော့ သူတို့က ဤကိစ္စကို အလွန်မျက်နှာပျက်စရာဟုတွေးကာ လူအင်အားအများကြီးခေါ်သွားဖို့ အစီအစဉ်မရှိပေ။ သို့သော် ယခုအခါ သူတို့ကမျက်နှာမပျက်ရသည့်အပြင် အကြီးဆုံးသခင်လေး ရဲစွမ်းသတ္တိရှိ‌ရှိ သူရဲကောင်းအသွင်အပြင်ဖြင့် ပထမဆုံးအကြိမ်အောင်ပွဲခံမည်ကို စောင့်ကြည့်နိုင်ကြပြီဖြစ်သည်။ ထို့ကြောင့် အတူတူလိုက်ပါလိုသူများ အလိုလိုပိုမိုများပြားကာ ရွေးချယ်ရခက်ခဲနေသည်။

ကုကျိုးတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် သူတို့ချင်း ဈေးတန်းမှာဈေးဆစ်သလို လိုချင်တာမရမချင်း မျက်နှာများနီရဲသည်အထိ ညှိနှိုင်း‌ေပြာဆိုနေကြသည့်မြင်ကွင်းကိုကြည့်ကာ အနည်းငယ်စိတ်ရှုပ်‌ေထွးလာသည်။ သို့သော် သူ ချက်ချင်းပဲ ပြန်လည်ရွှင်ပြသွား၏။ တကယ်တော့ ဒီမြင်ကွင်းအားလုံးမှာ ကုန်းရိထျန်းဟန်ပေါ်ထွက်လာခြင်းကြောင့်သာဖြစ်သည့်အတွက် သူပါ အနည်းငယ်စိတ်လှုပ်ရှားတက်ကြွလာသည်။ ပြောရမှာနည်းနည်းလေလုံးကြီးသလိုဖြစ်သော်လည်း သူက ကုန်းရိထျန်းဟန်နှင့် ပေါင်းသင်းဆက်ဆံခဲ့သည့်အချိန်တလျှောက် ဒီလူကို ဤလောကတွင် သူနှင့်အရင်းနှီးဆုံးလူတစ်‌ေယာက်ဟု အမှန်တကယ်သတ်မှတ်ထားခဲ့သည်။

ကုန်းရိထျန်းဟန်အား အစ်ကိုကြီးဟု ခေါ်နိုင်ခြင်းအပေါ်...... သူ၏ဟိုးအနက်ရှိင်းဆုံးစိတ်အစဉ်၌ မပျော်ရွှင်ခဲ့တာမျိုးမရှိခဲ့ပေ။

သူသည် လက်ရှိခေတ်ဆီပြန်ဖို့ အစွမ်းများအလံုအလောက်ရှိလာအောင်ကျင့်ကြံရန် အချိန်အကြာကြီးလိုအပ်မှန်းထင်ရှားသည်။ ထိုကဲ့သို့အချိန်အကြာကြီးကို သူ့ချစ်ရသူများအားလွမ်းဆွတ်ရင်း ဤလောက၌ ရှင်သန်နေထိုင်ရမည်မှာ အလွန်အထီးကျန်ဆန်လှပြီး သူ့အတွက် စိတ်ခွန်အားအထောက်အပံ့မျိုးလိုအပ်‌ေပသည်။ နောက်ပြီး ကုန်းရိထျန်းဟန်က သူ့အပေါ်ကောင်းမွန်စွာဆက်ဆံတာကြောင့် သူကလည်း သူ့(ကုန်းရိထျန်းဟန်)အပေါ် ပို၍ကောင်းပေးချင်လာသည်။

ကုကျိုးတစ်ယောက် အတွေးနယ်ချဲ့နေတုန်း ကုန်းရိမိသားစုဝင်များ လူရွေးချယ်ပြီးသွားသည်။

ရှန်းထျန်းအဆင့်(၃) မျိုးနွယ်စုအိမ်တော်ခေါင်းဆောင် ကုန်းရိယန်အပြင် ရှန်းထျန်းအဆင့်(၂) အကြီးအကဲနှစ်ယောက်နှင့် ရှန်းထျန်းအဆင့်(၁) အကြီးအကဲတစ်ယောက်ပါဝင်သည်။ သူတို့အားလုံးသည် အရှိန်အဝါရှိသော ရှန်းထျန်းအဆင့်စွမ်းအားရှင်များဟုဆိုနိုင်သည်။ သူတို့၏ခွန်အားအစွမ်းမှာ လက်ဖျားခါလောက်သည်။ သို့သော် ဒီလောက်နှင့်တော့ ကုန်းရိထျန်းဟန်ကဲ့သို့ တမူထူးခြားသည့်ဉာဏ်ကြီးရှင်တစ်ယောက်ကို ‌ကာကွယ်ပေးနိုင်ရန် မလုံလောက်သေးပေ။ သို့နှင့် ကုန်းရိထျန်းဟန်၏အဘိုး၊ စီနီယာမျိုးဆက်၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူ ကုန်းရိကျိုးယွဲ့ပါ လိုက်ပါလာသည်။ သူက ချီစွမ်းအားအသွင်ယူအဆင့် (၁)ဖြစ်ပြီး -- တစ်နည်းအားဖြင့် ရှန်းထျန်းအဆင့် (၇)ရှိ စွမ်းအားရှင်တစ်ဦးဖြစ်သည်။ မျိုးနွယ်စုတိုင်း၏ မသေမျိုးအဆင့်ဘိုးဘေးအားလုံးမှာ အသီးသီးတံခါးပိတ်ကျင့်ကြံနေကြပြီး ဘယ်သူ့ဘက်ကမှအလျင်စလိုစတင်မလှုပ်ရှားကြဖို့ အချင်းချင်းဟန့်တားထိန်းချုပ်ထားသည့်အခြေအနေဖြစ်သည်။ ထို့ကြောင့် ကုန်းရိထျန်ဟန်အား ကာကွယ်စောင့်ရှောက်ပေးရမည့် ကြီးလေးသောတာဝန်က သူ့ပုခုံးပေါ်ကျရောက်လာသည်။ ယခင်တလျှောက်လုံး အိမ်တော်ခေါင်းဆောင်နှင့် သူ၏သွေးချင်းစွမ်းအားရှင်များသည် စွမ်းအားမလုံလောက်သည့်တိုင် အိမ်တော်ကြီးတွင် တည်ငြိမ်စွာရပ်တည်လွှမ်းမိုးထားနိုင်ခဲ့သည့်အကြောင်းရင်းမှာ အများစုက ကုန်းရိကျိုးယွဲ့ရှိနေခြင်းကြောင့်ဖြစ်သည်။

ထိုအပြင် အတူထွက်ခွာကြမည့်လူများထဲ၌ လူငယ်မျိုးသစ်ဆက် (၁၂)ဦး ပါဝင်လာသည်။

ထို(၁၂)ဦးတွင်ကိုးဦးမှာ ပင်မမျိုးဆက်၏ ကံကောင်းသူအချို့ဖြစ်သည်။ ကိုးဦးအနက်တစ်ဦးမှာ အိမ်တော်ခေါင်းဆောင်၏ ဒုတိယသားဖြစ်သူ သခင်လေးကုန်းရိထျန်းယန်ဖြစ်သည်။ ကျန်လူရှစ်ဦးမှာ မျိုးနွယ်စုတိုက်ပွဲအတွင်း ထူးချွန်သူလူငယ်များဖြစ်သည်။ ကျန်လူ(၃)ဦးကတော့ အနွယ်ဝင်အိမ်တော်ခွဲများမှ အင်အားအကြီးဆုံးစွမ်းအားရှင်များဖြစ်သည်။ မျိုးနွယ်စုတိုက်ပွဲပြီးဆုံးြပီးနောက် သူတို့အား ပြုစုပျိုးထောင်ရန် ပင်မမျိုးဆက်အိမ်တော်သို့ခေါ်ယူစုဆောင်းခဲ့သည်။ ယခုအချိန်၌ သူတို့ကိုလည်း အတူခေါ်ဆောင်လာသည်။ --- ဒါသည် သူတို့အား အမြင်ကျယ်စေရန်ရည်ရွယ်ပြီး သူတို့စိတ်ထဲရှိ လက်ရှိလူငယ်မျိုးဆက်များအကြား ဘုရင်တစ်ဆူဖြစ်ရမည်ဆိုသည့်အတွေးမျိုးကို ငြိမ်းသတ်ပယ်ဖျောက်ပစ်ဖို့လည်းဖြစ်သည်။

ကျန်တာကတော့..... ကုန်းရိထျန်းယန်နှင့်အခြားသူများ၏ သိုင်းပညာအဆင့်ပေါ်မူတည်သည်။

အကယ်၍ သူတို့သာ အနွယ်ဝင်အိမ်တော်ခွဲမျိုးဆက်များ၏ဖိနှိပ်ခြင်းခံရပါက ပင်မအိမ်တော်မျိုးဆက်များသည် အရည်အချင်းပြည့်မီခြင်းမရှိဟုဆိုရပေမည်။

💊💊💊

မြင့်မားခမ်းနားသော တော်ဝင်နန်းတော်ဆီမှ တစ်စုံတစ်ရာကို လှမ်းမြင်နေရသည်။

ခံ့ညားထည်ဝါသော ကုန်းရိမျိုးနွယ်စုဝင်တစ်ဦးမှာ အလွန်ကြီးမားသော သားရဲသတ္တဝါတစ်ကောင်ကိုစီးနင်းလာသည်။

၎င်းသားရဲသတ္တဝါသည် အဆင့်(၅) သားရိုင်းတစ်ကောင်ဖြစ်ပြီး ရှန်းထျန်းချီအဆင့်(၂) ချီစွမ်းအင်စုပ်ယူခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးနှင့်ညီမျှသည်။ ထိုသားရဲကား မျိုးနွယ်စုအိမ်တော်ခေါင်းဆောင်ကုန်းရိယန်၏ တိုက်ခိုက်ရေးသားရဲဖြစ်သည်။ ၎င်း၏ကိုယ်ထည်က ဧရာမကုန်းမြေလိပ်တစ်ကောင်နှင့်ဆင်တူပြီး အနောက်၌ မရေမတွက်နိုင်သောဆူးချွန်များပါသည့် ကြာပွတ်ကဲ့သို့ကြောက်မက်ဖွယ်အမြီးတစ်ချောင်းလည်းရှိသည်။ ၎င်းက ခန္ဓာကိုယ်အပြင်ဘက်၌ ဆူးချွန်များဖြင့် အပြည့်အဝဖုံးအုပ်နေကာ ဦးခေါင်းက အနှိုင်းမဲ့ရက်စက်ကြမ်းကြုတ်ပုံရ၏။

ထိုသတ္တဝါ၏ဖြစ်တည်မှုက အကြွင်းမဲ့ဖိနှိပ်ချုပ်ချယ်သောခံစားချက်ကိုပေးစွမ်းနေသည်။ နန်းတော်ဆီသွားရာလမ်းတစ်လျှောက်တွင် လူသူများအန္တရာယ်ကင်းစေရန် ကုန်းရိအိမ်တော်အစောင့်တပ်သားများက အစောကတည်းက ရွှေ့ပြောင်းရှင်းလင်းထားပြီးသားဖြစ်သည်။ သို့သော် အနီးအနားအိမ်ယာများတွင်နေထိုင်ကြသော သိုင်းပညာရှင်အချို့မှာ ပြင်းထန်သည့်ချီတက်သံများကိုကြားသည်နှင့် အူများခွေခေါက်ကာ နှလုံးရပ်မတတ်ခံစားရလေသည်။

အဆင့်(၅) သားရဲတိရစ္ဆာန်ကား အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။

တစ်ပြိုင်တည်း၌ အခြား‌မျိုးနွယ်စုအိမ်တော်ကြီး (၄)ခုကလည်း ၎င်းတို့၏တိုက်ခိုက်ရေးသားရဲများကို ပို့လွှတ်လာသည်။

ထိုသားရဲအားလုံးသည်လည်း အဆင့်(၅)များဖြစ်ကာ သားရိုင်းတစ်ကောင်ချင်းစီက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

သူတို့ထံမှ ပဏာမချဉ်းကပ်လာသံများကြားရပြီးနောက် နန်းတော်နှင့်တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ သားရဲသတ္တဝါ (၅)ကောင်ကြားရှိ အကွာအဝေးကလည်း တဖြည်းဖြည်း ပိုမိုနီးကပ်လာသည်။

လုံလောက်စွာနီးကပ်သည့်အကွာအဝေးတစ်ခုရောက်သည့်အခါ အဆင့်မြင့်သားရိုင်းသတ္တဝါတစ်ကောင်၏ ဂုဏ်အရှိန်က ၎င်း၏အနီးအနားရှိ အဆင့်တူသားရိုင်းသတ္တဝါများကို သည်းမခံနိုင်ပေ။ သို့နှင့် ၎င်းတို့မှာ ကြီးမားသောအရှိန်အဝါများကြား သဘာဝအလျောက် အချင်းချင်းရင်ဆိုင်ဖိနှိပ်ကြတော့သည်။

၎င်းတို့အနက် ဟဲ့လျန်မျိုးနွယ်စု၏ အဆင့်(၅) ဧရာမသားရိုင်းသတ္တဝါက ခြေထောက်ကိုဆောင့်ချလိုက်သည်။

ဘုန်း!

ကြီးမားသောစွမ်းအားရိုက်ခက်မှုကြီးတစ်ခု ဖြာထွက်လာသည်။ ၎င်း၏စွမ်းအားများက လှိုင်းဂယက်သဖွယ် အဘက်ဘက်သို့ပျံ့နှံ့လာသည်။

စွမ်းအားရိုက်ခတ်သွားသည့်နေရာတိုင်း၌ မရေမတွက်နိုင်သောကျောက်စိုင်ကျောက်သားများ စိစိညက်ညက်ကြေကုန်သည်။

ကုကျိုးမှာ အခြားသောကုန်းရိမျိုးနွယ်ဝင်ကလေးများနှင့်အတူ သတိလက်လွတ်ဖြစ်သွားသည်။ ရလဒ်အနေဖြင့် သူ့ဝမ်းဗိုက်ထဲ၌ ကမောက်ကမဖြစ်ကာ ချက်ချင်းဆိုသလို နှလုံးအိမ်၌ ကြီးမားသောဖိနှိပ်အားတစ်ခု ခံစားလိုက်ရသည်။

ဒါတင်မကသေး အချို့မျိုးဆက်သစ်လူငယ်များဆို ပါးစပ်ထောင့်မှ သွေးအနည်းငယ်ယိုစိမ့်ကာ သွေးအန်ကုန်ကြသည်။

ကုန်းရိကျိုးယွဲ့က မျက်ခုံးကြောများရှုံ့သွားကာ:

"ဒင်းတို့ဟဲ့လျန်မျိုးနွယ်တွေက တဖြည်းဖြည်း ပိုပိုအထက်စီးဆန်လာပြီ!"

လူငယ်မျိုးဆက်သစ်များတွင် အနည်းငယ်ဆုံးရှုံးမှုများရှိသော်လည်း ဒီလောက်က လူကြီးများ ကြားကဝင်ပါဖို့တော့ မလိုအပ်‌ေသးပေ။ သို့သော် ဤသည်က လူကိုစိတ်အနှောင့်အယှက်ဖြစ်စေတာတော့ အမှန်ပင်။

ကုန်းရိထျန်းဟန်၏အကြည့်များက တခြားလမ်းမတစ်ဖက်မှ ထွက်ပေါ်လာသော တစ်စုံတစ်ရာအပေါ် ဖျက်ခနဲရောက်သွားသည်။ သူက ဧရာမသတ္တဝါကြီး၏ဦးခေါင်းထိပ်တွင်ရပ်နေသော လူတစ်ယောက်ကိုကြည့်ကာ မျက်နှာအမူအယာ မသိမသာလေးနက်သွားသည်။

ထို့နောက် သူက ခန္ဓာကိုယ်ကိုအနည်းငယ်ရွှေ့ကာ ကုကျိုးနှင့် ကုန်းရိထျန်းယန်တို့ဘေးနားမှာရပ်၍ အဆက်မပြတ်ရိုက်ခတ်လာသော စွမ်းအားလှိုင်းတံပိုး‌ေပါက်ကွဲမှုများကို ပိတ်ဆို့ကာဆီးလိုက်သည်။

ကုကျိုးသည်လည်း မိမိစိတ်ထဲမှ အော်ကလီဆန်တက်လာသည့်ခံစားချက်ကို သက်သာစေရန် သူ၏ကျင့်ကြံရေးကျင့်စဉ်ကို စတင်အသက်သွင်းလိုက်သည်။

ထို့နောက် သူတို့ရှေ့တည့်တည့်ရှိ တော်ဝင်နန်းတော်ဆီမှ ပို၍ပင်စွမ်းအားကြီးမားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ငှက်တစ်ကောင်၏အော်မြည်သံတစ်ခု ပဲ့တင်ထပ်သွားကာ အမည်းရောင်တိမ်တိုက်တစ်ခုသဖွယ် ဧရာမအရိပ်ကြီးတစ်ခု တော်ဝင်နန်းတော်ထံမှ ပျံသန်းထွက်လာသည်။

၎င်းက ကြောက်မက်ဖွယ်ဧရာမလင်းယုန်ကြီးတစ်ကောင်ဖြစ်ပြီး ၎င်း၏ကျောပေါ်၌ ထောင်ထောင်မောင်းမောင်း သန်သန်မာမာ အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်။

တော်ဝင်မျိုးနွယ်၏ မိသားစုဝင်တစ်ဦး ထွက်ပေါ်လာချေပြီ!

____________________________________

အချစ်ဆုံးတို့ရေ......

ကုကျိုးတစ်ယောက် ထောက်ပံ့သူကနေ အစ်ကိုကြီးရဲ့ကလေးလေးဖြစ်ပြီးနောက်လာမယ့်အပိုင်းမှာတော့ အစ်ကိုကြီးရဲ့ပထမဆုံးအစွမ်းပြပုံတွေကို စတင်ရှုစားရတော့မှာပဲဖြစ်ပါတယ်။ ကဲ... ဒါဆို နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်နော်။ အားလုံးပဲ ခုလိုနှစ်ဟောင်းကုန် နှစ်သစ်ကူးမယ့်အချိန်အခါလေးမှာ မိသားစုနှင့်အတူ ဘေးကင်းလုံခြုံစွာရှိပြီး ပျော်ရွှင်အေးချမ်းစွာ ြဖတ်သန်းနိုင်ကြပါစေ‌လို့ဆုတောင်းရင်း....

With love ❤️
Taiga 😘

Continue Reading

You'll Also Like

42.5K 3.4K 21
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
484K 33.4K 31
story description>>>>> start-5/10/2021 end-1/1/2022
254K 16.3K 37
ငါ့ဘ၀မွာ​ ​ေလာဘတက္​ၿပီး ပိုင္​ဆိုင္​ခ်င္​ခဲ့တာမ်ိဳးဆိုတာ မင္​းနဲ႔မွ ျဖစ္​​ေပၚလာတာပါ ေဒါသ​ေတြ၊မာန္​မာန​ေတြနဲ႔​ေမ်ွာ္​လင္​့ခ်က္​ကင္​းမဲ့​ေနခ်ိန္​ ပထမဆံ...
2.3M 169K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023