မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

79K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အပိုင်း (၄၉) လောဘအတွေးများ

အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း

507 88 18
By Sebastiann048

((Zawgyi))

အတြဲ(၂) - ပါရမီအစြမ္းမ်ားအား ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ျပသျခင္း
အပိုင္း (၄၈) - မိသားစုအိမ္ေတာ္အား တုန္လႈပ္‌ေစျခင္း

💊💊💊

ကုန္းရိအိမ္ေတာ္။

လက္ရွိအိမ္ေတာ္ေခါင္းေဆာင္ျဖစ္သူ ကုန္းရိယန္၊ ဇနီးကေတာ္ျဖစ္သူ လ်ိဳစုရန္ႏွင့္ သားသမီးသုံးေယာက္တို႔မွ သူတို႔အား ဝမ္းပမ္းတသာ ခရီးဦးႀကိဳျပဳၾကသည္။

မိသားစု၏ အႀကီးဆုံးသားျဖစ္သူသည္ ေမြးရာပါ ဉာဏ္ရည္ဉာဏ္‌ေသြး ထူးခြၽန္ထက္ျမက္ေသာ္ျငား ကံအေၾကာင္းမလွသည့္အတြက္ တိတ္ဆိတ္ၿငိမ္းခ်မ္းစြာ ေနထိုင္ရသည္ကိုသာ ခုန္မင္ႏွစ္သက္‌၏။ ထို႔အခ်က္ေၾကာင့္ သူတို႔သည္ သားႀကီးျဖစ္သူအား အိမ္ေတာ္မွထြက္ခြာခြင့္ျပဳခဲ့ျခင္းျဖစ္သည္။ ယခုလို မိသားစုအရင္းအခ်ာမ်ား ရွားရွားပါးပါး ျပန္လည္ဆုံစည္းရသည့္အခါတိုင္း သူတို႔က မိမိတို႔၏ အႀကီးဆုံးသားျဖစ္သူအား ခ်စ္ျခင္းေမတၱာမ်ား ရရွိခံစားမိေစရန္ရည္႐ြယ္၍ အေခါက္တိုင္း ကိုယ္တိုင္ကိုယ္က် ထြက္ကာ ခရီးဦးႀကိဳျပဳၾကၿမဲျဖစ္သည္။

ကုန္းရိထ်န္းဟန္၏ အၾကည့္မ်ား ေႏြးေထြးလို႔သြားသည္။ သူက အရင္အတိုင္း မိသားစုေဆြမ်ိဳးမ်ားႏွင့္အတူ ဧည့္ခန္းမေဆာင္ႀကီးဆီသို႔ လိုက္ပါကာ အဘိုးျဖစ္သူ ကုန္းရိက်ိဳးယြဲ႕၏ ေလ့က်င့္ေရးခန္းမသို႔ ဝင္ေရာက္သြားသည္။

အႀကီးအကဲမ်ားအား ဂါရဝျပဳၿပီးေနာက္ သူတို႔အားလုံး ေနရာယူ ထိုင္လိုက္ၾက၏။

ကုန္းရိက်ိဳးယြဲ႕က သက္ျပင္းခ်ကာ:

"ထ်န္းဟန္၊ မင္း ဒီအခ်ိန္ႀကီး ဘာလို႔ျပန္လာတာလဲ?"

သူ၏ ခ်စ္လွစြာေသာ‌ေျမးျဖစ္သူသည္ ေရလိုက္ငါးလိုက္ ပါဝင္လုပ္ေဆာင္ေနမွန္း သူကိုယ္တိုင္ ရွင္းရွင္းႀကီး သေဘာေပါက္ထား၏။ မ်ိဳးႏြယ္စုတိုက္ပြဲ၌ သူ၏ခ်စ္လွစြာေသာ ေျမးျဖစ္သူကိုယ္စား လုံရိအား ပါဝင္တိုက္ခိုက္ေစျခင္းမွာ ပုံမွန္အားျဖင့္ ဘက္ေပါင္းစုံမွ ေရာက္ရွိလာနိုင္ေသာ အေၾကာင္းတရားမ်ားအေပၚ အေပးအယူညွိႏွိုင္းမႈသေဘာအရ ခြင့္ျပဳထားျခင္းမွ်သာျဖစ္သည္။ နဂါးျပာေရအိုင္၏ ေနရာေဝစုဆိုသည္မွာ အလြန္အဖိုးတန္ေသာအရာျဖစ္သည့္အေလ်ာက္ လုံရိအား ေစလႊတ္၍ အက်ိဳးခံစားခြင့္ျပဳရန္ မည္သို႔မွ် မျဖစ္နိုင္ေပ။

သည္တစ္ေခါက္ သူ၏ ခ်စ္လွစြာေသာေျမးျဖစ္သူသာ ေနရာေဝစု စမ္းသပ္ခ်က္၌ ပါဝင္ရန္ သြားေရာက္ခဲ့ပါက ေသခ်ာေပါက္ ေလွာင္ေျပာင္သေရာ္ခံရမွာ မလြဲဧကန္ပင္။ သူ၏ေျမးျဖစ္သူသည္ ထိုကေလးမ်ားထံမွ ေစာ္ကား‌ေမာ္ကားေျပာဆိုျခင္းမ်ား ခံရလွ်င္ေတာင္ အလြန္စိတ္သေဘာထားႀကီးစြာ ေနထိုင္နိုင္သည္ပင္။ သို႔ေသာ္ သူတို႔သည္ မည္မွ် ရိုင္းစိုင္းသည့္ လူရမ္းကားမ်ားျဖစ္ေစဦး ကာယကံရွင္ စိတ္ႏွလုံးသားထဲ၌ မည္သို႔ဂ႐ုမထားဘဲ ေနနိုင္ပါလိမ့္မည္နည္း?

ကုန္းရိထ်န္းဟန္က ခပ္ဖြဖြ ၿပဳံးလိုက္ကာ:

"ဒီေျမးက အလုပ္လုပ္ရင္ ဘယ္တုန္းက သင့္တင့္ေလွ်ာက္ပတ္ေအာင္ မျပဳမူဖူးတာမ်ား ရွိလို႔ပါလဲ? ဂုဏ္သိကၡာဆိုတာ လိုအပ္ရင္ ဆင္ေျခတစ္ခုအျဖစ္ သုံးလို႔ရသလို။ မလိုအပ္ရင္လည္း ေျမးက ဒါကို ဘယ္လိုလုပ္ မ်က္လုံးထဲ ထည့္ထားပါ့မလဲ? အဘိုး၊ အဘိုးကိုယ္တိုင္ ကြၽန္ေတာ့္ကို ေသခ်ာၾကည့္ပါဦး"

ကုန္းရိက်ိဳးယြဲ႕က နားမလည္သလို ၾကည့္ေနသည္။

ကုန္းရိထ်န္းဟန္က တည္ၿငိမ္စြာ လက္တစ္ဖက္ကို ဆန႔္တန္းလိုက္၏။

သူ၏လက္ဖဝါးသည္ သြယ္လ်၍ အရိုးအဆစ္တည္ေဆာက္ပုံမွာ အ့့ံမခန္း ေျဖာင့္စင္းလို႔ေနသည္။ ၎က ေျပာစရာပင္မလို တုႏွိုင္းမဲ့ လွပတင့္တယ္သည့္ လက္ဖဝါးတစ္ဖက္ျဖစ္သည္ မွန္ေသာ္လည္း  ယခုအခ်ိန္၌ ကုန္းရိထ်န္းဟန္က သူ႕လက္အား ႐ုတ္တရတ္ လက္သီးဆုပ္လိုက္၏။

ဘန္း!

ဤကား ႀကီးမားေသာတန္ခိုးစြမ္းအားကို ရည္ၫႊန္းသကဲ့သို႔ စစ္မွန္ေသာခ်ီအစြမ္း အမ်ားအျပား အျပင္သို႔ လွ်ံထြက္လာကာ ခ်ီေပါက္ကြဲမႈတစ္ခု ျဖစ္ေပၚလာသည္။

ကုန္းရိယန္မွာ မ်က္ဆံမ်ား ႐ုတ္တရတ္ ပိုမိုက်ဳံ႕ဝင္သြားကာ:

"ဒါ ____"

ကုန္းရိက်ိဳးယြဲ႕၏ မ်က္ႏွာက ႏွစ္ေထာင္းအားရ ပီတိျဖစ္လို႔သြားသည္။ သူက စိတ္လႈပ္ရွားလြန္းသျဖင့္ ၾကမ္းျပင္ကို လက္ျဖင့္ပုတ္လိုက္ရာ ၾကမ္းခင္းေပၚရွိ သံမဏိ‌စိမ္းေက်ာက္တုံးမ်ား၌ ႐ုတ္တရတ္ အက္ကြဲေၾကာင္းမ်ားျဖစ္ကာ ေပါက္ကြဲသြားသည္။

"ထ်န္းဟန္၊ မင္း၊ မင္း သိုင္းက်င့္ႀကံလို႔ ရေနၿပီလား?"

ကုန္းရိယန္ႏွင့္ ကုန္းရိက်ိဳးယြဲ႕ ႏွစ္ဦးစလုံးမွာ ကုန္းရိထ်န္းဟန္၏ ခ်ီစြမ္းအားမ်ားအား အလြန္လ်င္ျမန္စြာ ၿပိဳင္တူတစ္ညီတစ္ညာတည္း ခံစားမိၾကသည္။

သူတို႔ႏွစ္ဦးစလံုးသည္ ဝိညာဥ္အာ႐ုံခံနိုင္စြမ္း သူမတူေအာင္ ျမင့္မားသည့္ ရွန့္ထ်န္းအဆင့္ စြမ္းအားရွင္မ်ားျဖစ္၏။ သူတို႔၏ အာ႐ုံခံနိုင္စြမ္းကို သုံးလိုက္သည္ႏွင့္ ရွန္ထ်န္းအဆင့္ မေရာက္ခင္ သိုင္းပညာရွင္တစ္ဦး၏ အေျခအေနမ်ားကို ခ်က္ခ်င္း ေလ့လာသိရွိနိုင္သည္။

ထို႔ေနာက္ မိသားစုေခါင္းေဆာင္ မ်ိဳးဆက္ႏွစ္ဆက္(အေဖႏွင့္အဘိုး)မွာ အလန႔္တၾကား ေအာ္ဟစ္လိုက္ၾကသည္။

"ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္ (၃).... ၿပီးျပည့္စုံတဲ့ ဟို႔ထ်န္း အဆင့္(၉)ပဲ!"

"ထ်န္းဟန္၊ မင္းရဲ႕ ခ်ီနဲ႕ေသြးမွာ ရဲစြမ္းသတၱိေတြအျပည့္ပဲ၊ ပကတိခႏၶာကိုယ္ခြန္အားကလည္း သိပ္ကိုစြမ္းအားႀကီးတယ္!"

ထ်န္းဟန္က ရယ္လိုက္ကာ အၾကည့္မ်ား တည္ၿငိမ္‌ေလးနက္သြား၏။

"အမွန္ပါပဲ။ ကြၽန္ေတာ္ ၿပီးျပည့္စုံတဲ့အဆင့္ သိုင္းပညာရွင္ျဖစ္ေနၿပီ။ အခုက တစ္ႏွစ္ပဲရွိေသးတယ္။ ဟယ့္လ်န္ခ်င္းခ်န္နဲ႕ တျခားလူေလးေယာက္ ဘယ္ေလာက္ပဲ ခြန္အားႀကီးလာပါေစ၊ ကြၽန္ေတာ္ထက္ သိပ္မ်ားမ်ားစားစား ခြန္အားႀကီးလာမွာမဟုတ္ဘူး။ ဒီေတာ့..... ေသခ်ာေပါက္ ေလာင္းေၾကးထပ္ စြန႔္စားၾကည့္ရမွာေပါ့"

ကုန္းရိယန္က အခ်ိန္အၾကာႀကီး အလြန္အမင္း အံ့အားသင့္ေနၿပီးမွ ျဖည္းျဖည္းခ်င္း သက္ျပင္းခ်ကာ ေျပာလိုက္သည္။

"ထ်န္းဟန္၊ မင္းက အေဖ့ကို တကယ္ လန႔္ေအာင္လုပ္လိုက္တာပဲ"

ကုန္းရိက်ိဳးယြဲ႕က အားပါးတရ တဟားဟား ရယ္ေမာကာ:

"ငါ့ေျမးႀကီးက ဒီအဘိုးမသိေအာင္ တကယ္ ႀကိဳးစားပမ္းစား ဖုံးဖိထားခဲ့တာကိုး!"

ထိုအခ်ိန္၌ ကိစၥမ်ားကို ေကာင္းစြာနားမလည္ေသးသူ ေလးဘက္ေထာက္အ႐ြယ္ ကုန္းရိထ်န္းထန္မွအပ လ်ိဳစုရန္၊ ကုန္းရိထ်န္းယန္ႏွင့္ ကုန္းရိမင္ရွားတို႔အားလုံး အတိုင္းမသိ အံ့ဩေပ်ာ္႐ႊင္သြားၾကေလသည္။

"အစ္ကိုႀကီး သိုင္းက်င့္ႀကံလို႔ရသြားၿပီလား?"

"အစ္ကိုႀကီးက ၿပိဳင္စံရွား ပါရမီရွင္တစ္ေယာက္မွန္း ကြၽန္ေတာ္ သိသားပဲ!"

လ်ိဳစုရန္က လွပေသာမ်က္ဝန္းမ်ား၌ မ်က္ရည္မ်ား ဝဲလာကာ:

"ဟန္အာ၊ ငါ့ရဲ႕ဟန္အာေလး.... သား၊ သား အားလုံးေကာင္းသြားၿပီလား? အသက္အႏၲရာယ္မရွိေတာ့ဘူးမလား?"

ထိုစကားမ်ားၾကားေတာ့ က်န္‌‌ကုန္းရိမိသားစုဝင္မ်ားစြာကလည္း ကုန္းရိထ်န္းဟန္အား တစ္ၿပိဳင္တည္း လွမ္းၾကည့္ၾကသည္။

ကုန္းရိထ်န္းဟန္က အတည့္အတိုင္းသာ ေျပာလိုက္သည္။

"အတိအက်ပဲ။ အေမတို႔ ကြၽန္ေတာ့္အတြက္ စိုးရိမ္ပူပန္စရာ မလိုေတာ့ပါဘူး"

သူက မ်က္လုံးမ်ား၌ သိမ္ေမြ႕ညင္သာ‌ေသာ အလင္းေရာင္တစ္ခု လက္သြားကာ:

"ေနာင္ကို ကြၽန္ေတာ္ ဆက္အသက္ရွင္သြားမွာပါ"

ေနာက္ၿပီး သူ႕ရဲ႕ရည္မွန္းခ်က္ေတြ ဘာပဲျဖစ္ေနပါေစ အဲဒါက သူ႕ကို ဆက္ကာ ဆက္ကာ အသက္ဆက္လက္ရွင္သန္‌ေစလိမ့္မယ္။

ကုက်ိဳးက လုံရိႏွင့္အတူ ေထာင့္တစ္ေနရာ၌ မတ္တပ္ရပ္၍ အျဖစ္အပ်က္မ်ားကို တိတ္ဆိတ္စြာ အၾကာႀကီး ေစာင့္ၾကည့္ေနသည္။

ေဆြမ်ိဳးရင္းခ်ာမ်ားၾကားမွ စိုးရိမ္ဂ႐ုစိုက္ေပးမႈဆိုသည္မွာ ဤကဲ့သို႔ပင္ျဖစ္သည္။ ကုန္းရိမိသားစုဝင္မ်ားသည္ ကုန္းရိထ်န္းဟန္အေပၚ စိတ္ရင္းျဖင့္ အမွန္တကယ္ ခ်စ္ခင္ၾကေပသည္။ သို႔ေသာ္ ေလာက၌ မိသားစုအစစ္မမွန္မဟုတ္သည့္ မႏွစ္ၿမိဳ႕စရာ မိသားစုဝင္မ်ိဳးလည္း ရွိ‌ေနေသး၏။

ဥပမာ.....

ထိုအခိုက္၌ ကုက်ိဳးမွာ ယခင္က အခ်ိန္အၾကာႀကီး ေမ့ေလ်ာ့ေနခဲ့ေသာ သူ၏ကိစၥမ်ားကို ျပန္သတိရကာ ေအာ့ႏွလုံးနာသြားရသည္။

ဒါေပမယ့္ သူ ေထာက္ပံ့သူ အကူအညီနဲ႕ အဲဒီေခတ္ကို ျပန္သြားနိုင္တဲ့အခါ သူ႕မွာ ဒီလို ေအာ့ႏွလုံးနာစရာကိစၥေတြကို ေအာ့ႏွလုံးမနာရ‌ေတာ့ေအာင္ လုပ္‌ေဆာင္နိုင္စြမ္းေတြ ရွိလာမယ္မဟုတ္လား။

💊💊💊

အိမ္ေတာ္ႀကီးရွိ လူအားလုံးသည္ ကုန္းရိထ်န္းဟန္အား ၾကည့္ရႈၿပီးေနာက္ အျဖစ္အပ်က္တစ္ခုလုံးအား စတင္ေမးျမန္းၾကေတာ့သည္။ 

ကုက်ိဳးသည္ သူ၏ ခ်စ္လွစြာေသာ ေထာက္ပံ့သူအား ေစာင့္ၾကည့္ရင္း ေထာက္ပံ့သူမွ သူ၏ေဆြမ်ိဳးမ်ားကို ဘယ္လိုဘယ္ပုံပညာသားပါပါ ေဘးကင္းေအာင္ လိမ္ညာမလဲဆိုတာ မစူးစမ္းဘဲ မေနနိုင္ပါေခ်။ ေနာက္ဆုံး၌ အေၾကာင္းျပခ်က္မွာ ေထာက္ပံ့သူ အရင္တစ္ခါ ထုတ္ျပသည့္ ေဆးၫႊန္းအေပၚသာ က်ေရာက္ခဲ့သည္။ ___ ထိုေဆးၫႊန္းမွာ အမွန္ႏွင့္ အနည္းငယ္ ဆင္တူေသာ္ျငား တကယ္တမ္း ေရာဂါအစစ္အမွန္အား ကုသနိုင္သည့္ေဆးၫႊန္းေတာ့ လုံးဝ မဟုတ္ေပ။

သို႔ေသာ္ ထုံးစံအတိုင္း ကုက်ိဳးခမ်ာ မိသားစုအိမ္ေတာ္ေခါင္းေဆာင္ႏွင့္ ေသြးခ်င္းေဆြမ်ိဳးမ်ား၏ ေနာက္တစ္ႀကိမ္ ဝိုင္းဝန္းၾကည့္ရႈၾကျခင္းကို ခံရျပန္သည္။

အကယ္၍ သူ 'ဆက္သ' ခဲ့သည့္ေဆးၫႊန္းသည္ ကုန္းရိထ်န္းဟန္အား ႏွစ္အနည္းငယ္ပိုမိုအသက္ရွည္ေစနိုင္သည္ဟု ဆိုခဲ့စဥ္က မိသားစုအိမ္ေတာ္ေခါင္းေဆာင္ႏွင့္ ေသြးခ်င္းေဆြးမ်ိဳးမ်ားက သူ႕အား အလြန္ဝမ္းေျမာက္စြာ ေက်းဇူးတင္ခဲ့သည္ဟုဆိုလွ်င္၊ ယခုကဲ့သို႔ တိတ္တခိုး ရွာေတြ႕လာသည့္ ေဆးဆရာေလးက ေဆးၫႊန္းအား တိုးတက္ေစကာ ကုန္းရိထ်န္းဟန္အား လုံးဝေပ်ာက္ကင္းေအာင္ ကုသေပးနိုင္မွန္း 'အတည္ျပဳ' နိုင္ခဲ့သလို၊ အခ်ိန္တိုအတြင္း ကုန္းရိထ်န္းဟန္အား သိုင္းပညာ က်င့္ႀကံနိုင္ေစကာ လက္ရွိသိုင္းပညာအဆင့္သို႔ ေရာက္ရွိေစခဲ့သည့္အျပင္ ဆယ္စုႏွစ္တစ္ခုၾကာ ရွားပါးအခြင့္အေရးျဖစ္သည့္ နဂါးျပာေရကန္ ဖြင့္ခ်ိန္မတိုင္မီ အခ်ိန္မီ စြမ္းအားမ်ားရရွိေစမွန္းသိလိုက္ရသည့္အခါ ကုက်ိဳးအေပၚ အိမ္ေတာ္ေခါင္းေဆာင္ႏွင့္ ေသြးခ်င္းမိသားစုမ်ား၏ အၾကည့္အရႈမ်ားက ရင္မွျဖစ္ေသာ သားတစ္ေယာက္အား ၾကည့္ရႈေနသည့္ႏွင့္မျခား ရင္းႏွီးခ်စ္ခင္သြားၾကသည္။

ကုက်ိဳးမွာ ေက်ာခ်မ္းသလို ၾကက္သီးျဖန္းခနဲ ထသြား‌ေလသည္။

လ်ိဳစုရန္သည္ ႏူးညံ့သိမ္ေမြ႕ေသာ အမ်ိဳးသမီးတစ္ဦးျဖစ္၏။ ယခုကဲ့သို႔ သူမအား ႏွစ္ေပါင္းမ်ားစြာ စိုးရိမ္ပူပန္ေစသည့္ ကိစၥႀကီးတစ္ရပ္ ရင္ေအးသြားရသည့္အခါ သူမ၏ မ်က္ႏွာအမူအရာမွာ ပိုမို ႏူးညံ့သိမ္ေမြ႕သြား‌ေလသည္။ သူမက ကုက်ိဳး၏ ခႏၶာကိုယ္ေသးေသးေကြးေကြးအား ႏွစ္လိုဖြယ္ တစ္ခ်က္လွမ္းၾကည့္ကာ ကုန္းရိထ်န္းဟန္ကို ထပ္မံတိုက္တြန္းလိုက္၏။

"အားက်ိဳးေလးကလည္း မင္းရဲ႕ ေက်းဇူးရွင္လို႔ ဆိုရမယ္၊ ဟန္အာ အခုခ်ိန္ကစၿပီး သားက အားက်ိဳးကို ကိုယ့္ေသြးသားအရင္း ညီေလးတစ္ေယာက္လို သေဘာထား ဆက္ဆံရမယ္ေနာ္"

ကုက်ိဳးမွာ သူမ၏ ႏွစ္လိုဖြယ္ အေရးေပးမႈမ်ား လႊမ္းၿခဳံသြားရသည္။

ေျမေတာင္ေျမာက္ထားတဲ့ အလုပ္သမားေလး တစ္ေယာက္အျဖစ္က အဆင့္အတန္းျမင့္ ပုဂၢိဳလ္အျဖစ္ ႐ုတ္တရတ္ ေျပာင္းသြားေတာ့ သူ႕မွာ သိပ္အသားမက်ေသးဘူးေလ။ ဒီစကားက သူ႕ကို ေမြးစားညီေလးအျဖစ္ လက္ခံတာ ဒါမွမဟုတ္ ေထာက္ပံ့သူနဲ႕ ေသြးေသာက္ညီအစ္ကိုလုပ္ခိုင္းတာမ်ိဳး မဟုတ္တာ သူသိပါတယ္။ ‌ဒါေပမယ့္ စကားအျဖစ္ ထုတ္ေျပာတာနဲ႕ ဘာတစ္ခြန္းမွ မေျပာဘဲ‌ေနတာက ကြာျခားတယ္။ သူ ေကာင္းေကာင္းႀကီး နားလည္တာေပါ့.....

ကုန္းရိထ်န္းဟန္က ရယ္ေမာလိုက္ကာ:

"အေမ၊ ကြၽန္ေတာ္က အားက်ိဳးကို အေစာႀကီးကတည္းက ေသြးသားအရင္း ညီေလးတစ္ေယာက္လို သေဘာထားတာပါ။ သူက စိတ္သေဘာထားက ကေလးေလးတစ္ေယာက္လို ခ်စ္စရာေကာင္းတယ္။ အရမ္း ဉာဏ္ေကာင္းၿပီး အဂၢိရတ္ပညာရွင္ ပါရမီစြမ္း‌ေတြလည္းရွိတယ္။ အရင္က သူက သိပ္ယဥ္ေက်းလြန္းေနလို႔ပါ။ ေနာင္က်ရင္ သူ ကြၽန္ေတာ့္ကို အစ္ကိုႀကီးလို႔ ေခၚလာပါလိမ့္မယ္"

ကုန္းရိထ်န္းဟန္သည္ ေျပာ‌ေနရင္း ဒီေနရာေရာက္ေတာ့ လ်ိဳစုရန္၏ အားေပးသည့္အၾကည့္အရႈႏွင့္အတူ အေဖႏွင့္ အဘိုးျဖစ္သူ၏ စိုးစဥ္းမွ် ကန႔္ကြက္ျခင္းမရွိသည့္ သေဘာထားအား အကဲခတ္မိတာေၾကာင့္ မေနနိုင္ဘဲ မ်က္ခုံးတစ္ခ်က္ပင့္လိုက္၏။ ထို႔ေနာက္ သူက ကုက်ိဳးအား လွမ္းၾကည့္ကာ အလြန္ညင္သာစြာ ေျပာလိုက္သည္။

"အားက်ိဳး၊ မင္း အခုပဲ ကိုယ့္ကို အစမ္းေခၚၾကည့္ပါလား?"

ကုက်ိဳး: "....."

ကိစၥေတြက ျဖစ္ပ်က္သြားတာ သိပ္ျမန္လြန္းတယ္။ ေထာက္ပံ့သူေရ ကြၽန္ေတာ္ မလုပ္တတ္ေတာ့ဘူးဗ်။

ကုန္းရိထ်န္းဟန္၏ အဓိပၸါယ္ပါပါအၾကည့္‌ထဲ၌ ေမွ်ာ္လင့္ခ်က္တစ္ခု ပါရွိေနတာ ထင္ရွားသလို ဆြဲေဆာင္ေခ်ာ့ျမႇူေနသေယာင္ အရိပ္အေယာင္မ်ားလည္း ရွိေနသည္။

ကုက်ိဳးမွာ ထိုကဲ့သို႔ အၾကည့္မ်ိဳးျဖင့္ တစ္စကၠန႔္မွ် အၾကည့္ခံရၿပီးေနာက္ မည္သို႔မွ် တင္းခံနိုင္စြမ္းမရွိေတာ့ေပ။

မိမိ၏ အတြင္းစိတ္ႏွလုံးမွ နံရံေလးအား လာေရာက္ ကုတ္ျခစ္ေနသလို ခံစားလိုက္ရၿပီးေနာက္ သူက ေသေဘးကိုပင္ မေၾကာက္၊ အရဲစြန႔္ကာ ပါးစပ္ဟလိုက္ရင္း:

".....ထ်န္းဟန္ အစ္ကိုႀကီး"

ကုန္းရိထ်န္းဟန္က အသာရယ္လိုက္ကာ:

"ေရွ႕ဆုံးက စကားႏွစ္လုံးကို ျဖဳတ္လိုက္ပါလား?"

ကုက်ိဳး: "....အစ္ကိုႀကီး"

ကုန္းရိထ်န္းဟန္က ေက်နပ္သြားကာ လက္ဆန႔္၍ ကုက်ိဳးေခါင္းေလးကို ပုတ္ရင္း ေျပာလိုက္သည္။

"ေနာင္ကို ဒီလိုပဲ ေခၚရမယ္ေနာ္"

ကုန္းရိထ်န္းယန္ႏွင့္ ကုန္းရိမင္ရွားတို႔မွာ မိမိတို႔ ခ်စ္ေၾကာက္ရိုေသရေသာ အစ္ကိုႀကီးျဖစ္သူ၏ ကုက်ိဳးအေပၚ အေလးထားပုံမွာ မိမိတို႔ထက္ မနိမ့္မွန္း ျမင္‌ေတြ႕ရသည့္အခါ မေက်နပ္၊ မေပ်ာ္႐ႊင္ျခင္း အလ်င္းမရွိသည့္အျပင္ အားလုံးက ‌ရယ္ေမာၿပဳံး႐ႊင္သြားၾကေလသည္။

မိသားစု၏ သမီးကညာျဖစ္သူ ကုန္းရိမင္ရွားက ႐ႊင္ျပရယ္ေမာကာ ကုက်ိဳး လက္ေမာင္းကို ဖက္လိုက္ရင္း:

"ကိုကိုအားက်ိဳး၊ ဒီတစ္ခါေတာ့ အမည္ခံသက္သက္မဟုတ္ဘဲ တကယ္ျဖစ္သြားၿပီေနာ္"

ကုက်ိဳးမွာ ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိေတာ့ေပ။

ေခါင္းမာတတ္သည့္ လူငယ္ေလး ကုန္းရိထ်န္းယန္ကလည္း ယခုအခ်ိန္၌ နည္းနည္းမွ မေက်မနပ္ျဖစ္ပုံမရဘဲ သူ႕ကို ပြင့္လင္းရိုးရွင္းစြာ လွမ္းေခၚလိုက္၏။

"....အစ္ကိုက်ိဳး?"

ကုက်ိဳးမွာ ပို၍ပင္ ရွက္ကိုးရွက္ကန္းျဖစ္သြားရေလသည္။

ကုန္းရိထ်န္းဟန္က မေနနိုင္ဘဲ ၿပဳံးလိုက္ကာ:

"ေျပာင္းလိုက္ပါဦး၊ ယန္အာ"

ထိုအခါ ကုန္းရိထ်န္းယန္က အေလးအနက္ ေခၚလိုက္သည္။

"အစ္ကိုအားက်ိဳး"

ကုက်ိဳးက ေနာက္ဆုံးေတာ့ သက္မအသာခ်လိဳက္၏။

ထို႔ေနာက္ ႏွစ္ႏွစ္သားအ႐ြယ္ လမ္းေလွ်ာက္တတ္႐ုံ ကေလးငယ္ေလး ကုန္းရိထ်န္းထန္ကလည္း ‌ေျခေထာက္တိုတိုေလးမ်ားျဖင့္ အျမန္ေလွ်ာက္လာၿပီး ကုက်ိဳး၏.... ေျခသလုံးကို လွမ္းဖမ္းကာ တည္ၾကည္စြာ ေျပာလိုက္၏။

"ကိုကို.... အားက်ိဳး"

ကုက်ိဳးမွာ ေတာင့္ေတာင့္ႀကီး ျဖစ္သြားကာ ႀကိဳးစားပမ္းစား ၿပဳံးျပရင္း ေျပာလိုက္သည္။

"အားလုံး၊ အားလုံးကို ႏႈတ္ဆက္ပါတယ္"

သူ႕ဆီက စကားသံထြက္လာေတာ့ အႀကီးအကဲမ်ားကပါ မေနနိုင္ဘဲ ရယ္ေမာလိုက္ၾကသည္။

ကုက်ိဳး၏ အေတြးမ်ားမွာ မ်က္ႏွာေပၚ အတိုင္းသား ေပၚလြင္လို႔ေနကာ သူတို႔အေနျဖင့္ အကဲခတ္ၾကည့္ရႈဖို႔ အင္မတန္လြယ္ကူေပသည္။

ဤသို႔ေသာလူမ်ိဳးက ကုန္းရိထ်န္းဟန္အား နည္းနည္း‌‌မွ အႏၲရာယ္ျပဳ ၿခိမ္းေျခာက္မည္မဟုတ္သည့္အျပင္ အသက္ကယ္တင္ခဲ့သည့္ ေက်းဇူးတရားပါ ရွိေန‌သည္။ သူတို႔က ကုက်ိဳးအား ကုန္းရိအိမ္ေတာ္၏ ေမြးစားသားတစ္ေယာက္ဟု သတ္မွတ္ရင္ပင္ ထိုက္တန္သင့္ေတာ္ေပသည္။

ယခုအခ်ိန္၌ ေလထုက အလြန္သင့္‌ျမတ္သာယာလို႔ေနၿပီး ကုက်ိဳးမွာ ဤသို႔ ရင္းႏွီးေဖာ္ေ႐ြသည့္ မိသားစုေဆြမ်ိဳးမ်ား အလယ္၌ ရွိေနသည္။

ကုက်ိဳးသည္ မိသားစုအိမ္ေတာ္ေခါင္းေဆာင္၏ ေသြးရင္းသားရင္းမ်ားႏွင့္ အမွန္တကယ္ ရင္းႏွီးခင္မင္ခဲ့ျခင္း မရွိေသာ္လည္း ဤသို႔ေသာ ပတ္ဝန္းက်င္အသိုင္းအဝိုင္းၾကား စိတ္အစဥ္တို႔ နက္ရွိုင္းထိရွကာ တျဖည္းျဖည္း သက္ေတာင့္သက္တာ ျဖစ္လာသည္။

ေကာင္းၿပီေလ၊ သူက လိမၼာတဲ့ အလုပ္သမားေလးပဲဟာ။

သူေဌးက သူ႕ကို အစ္ကိုႀကီးလို႔ ေခၚခိုင္းမွေတာ့ ေနာင္ကို သူလည္း အေတြးအျမင္ေတြ ေျပာင္းလဲရေတာ့မွာေပါ့။

ဘာပဲျဖစ္ျဖစ္ သူ႕ရဲ႕ အရင္က ေထာက္ပံ့သူ၊ အခု အစ္ကိုႀကီးဆုိသူက တကယ္လည္း သူ႕စိတ္ကူးထဲက ....အစ္ကိုႀကီးတစ္‌ေယာက္ပုံစံနဲ႕ သိပ္ကို လိုက္ဖက္ညီပါတယ္ေလ။

💊💊💊

ေနာက္တစ္ေန႕မနက္ေစာေစာ၌ ကုန္းရိမိသားစုအိမ္ေတာ္ေခါင္းေဆာင္ႏွင့္ ေသြးရင္းသားရင္း မိသားစုဝင္မ်ား စုေဝးလို႔ေနၾကသည္။ ရာထူးဂုဏ္ရွိန္ျမင့္မားသူ ပင္မမ်ိဳးဆက္(ပထမမ်ိဳးဆက္) အႀကီးအကဲမ်ားမွာ မိမိတို႔၏ ထူးခြၽန္သူ သားေျမးမ်ားစြာကို ဦးေဆာင္၍ တရားဝင္ကိစၥမ်ား ေဆြးေႏြးရန္ ပင္မခန္းမေဆာင္သို႔ ေရာက္ရွိလာၾကသည္။

ကုက်ိဳးမွာ ပင္မမ်ိဳးဆက္၏ သားေျမးမ်ားက တကယ္တမ္း အလြန္မ်ားျပားေၾကာင္း သိရွိလိုက္ရ၏။ တံခါးပိတ္က်င့္ႀကံေနသူမ်ားမပါ လူေပါင္းရာေက်ာ္မွာ ခန္းမအတြင္း ေရာက္ရွိေနၾကသည္။ သူတို႔ကား အစုလိုက္အၿပဳံလိုက္ေရာက္ရွိလာကာ မိမိတို႔ေနရာအသီးသီး၌ ဝင္ေရာက္ ေနရာယူလိုက္ၾကသည္။ သို႔ျဖင့္ မူလက ႀကီးမားက်ယ္ဝန္းသည့္ ခန္းမေဆာင္ႀကီးမွာ အလြန္ေသးငယ္က်ဥ္းေျမာင္းသြားသေယာင္ထင္မွတ္ရသည္။

ထိုင္ခုံေနရာမ်ားတြင္ ထိုင္ခြင့္ရသူတစ္‌ေယာက္ခ်င္းစီသည္ ကုန္းရိအိမ္ေတာ္၏ ေျပာေရးဆိုခြင့္ရွိသူ မ်ိဳးဆက္အႀကီးအကဲမ်ား ျဖစ္သည္။ ထိုပုဂၢိဳလ္မ်ားသည္ ကုန္းရိအိမ္ေတာ္၏ အခြင့္အာဏာအခ်ိဳ႕အား ခြဲေဝထိန္းခ်ဳပ္ထားသည္။ တခ်ိဳ႕က ရည္မွန္းခ်က္ႀကီး၍ ဉာဏ္မ်ား၏။ တစ္ခ်ိဳ႕က အမိန႔္နာခံကာ မည္ကာမတၱသာျဖစ္၏။ တခ်ိဳ႕က ေအးခ်မ္းတိတ္ဆိတ္စြာ ေနရသည္ကိုႏွစ္သက္ၿပီး တင္းတိမ္ေရာင့္ရဲၾက၏။ သို႔ေသာ္ သူတို႔အားလုံး၌ အရည္အခ်င္းညံ့ဖ်င္းသူ တစ္ဦးတစ္ေလမွမရွိသလို ၎တို႔၌ ပထမမ်ိဳးဆက္ သားစဥ္ေျမးဆက္မ်ားစြာရွိကာ အားလုံးက အလြန္ထူးခြၽန္သူ လူငယ္သိုင္းပညာရွင္မ်ားျဖစ္ၾကသည္။

ခန္းမေဆာင္အတြင္း၌ သိုင္းပညာရွင္မ်ားထံမွ ေသြးႏွင့္ခ်ီစြမ္းအားအရွိန္အဝါမ်ား တန္ျပန္ရိုက္ခတ္ကာ ေလထုႀကီးကလည္း အေၾကာင္းအရင္းမရွိပါဘဲ ျပင္းထန္ေတာက္ေလာင္လို႔ လာသည္။

ကုက်ိဳးသည္ သူတို႔‌ေတြအားလုံး ကုန္းရိယန္ အနီးတဝိုက္သို႔ လွမ္းၾကည့္ အကဲခတ္ေနၾကသည္ကို ေတြ႕ရသည္။ သူတို႔အားလုံးက သူ၏ ေထာက္ပံ့.... အစ္ကိုႀကီးကို ဝိုင္းဝန္းၾကည့္ရႈေနၾကျခင္းျဖစ္သည္။ လူအမ်ားစုက ႏွေျမာတသျဖစ္‌ေနၾကၿပီး လူနည္းစုကေတာ့ သူ႕အစ္ကိုႀကီးအား ရင္ဘတ္ထဲက ဆူးတစ္ေခ်ာင္းလို သေဘာထားေနၾကသည္။ သူတို႔စိတ္ထဲ၌ ယုတ္မာသည့္အႀကံဉာဏ္မ်ား ကိန္းေအာင္းေနသည့္အျပင္ စိတ္ေကာင္းေစတနာေကာင္းလည္း မရွိၾကေပ။ ထို႔အျပင္ လူငယ္မ်ိဳးဆက္သစ္မ်ား၏ အၾကည့္အရႈမ်ားကလည္း အမ်ားစုက ေလးစားရိုေသၾကကာ က်န္လူမ်ား၏ မ်က္ဝန္းမ်ားမွာေတာ့ မလိုမုန္းထားျခင္းမ်ားရွိေနသည္။

တကယ္ေတာ့ ဒီမလိုမုန္းထား ေဒါသအမ်က္ေတြကို အားလုံး သူ႕အစ္ကိုႀကီးအေပၚ ပုံခ်ေနလည္း အလကားပဲ! သူ႕အစ္ကိုႀကီးက သူမ်ား‌ေတြရဲ႕ ကိုယ့္ကိုယ္ကိုယုံၾကည္မႈကို ခ်ိဳးေခ်ဖ်က္ဆီးပစ္တဲ့ေနရာမွာ တစ္ဖက္ကမ္းခတ္ေအာင္ ကြၽမ္းက်င္တဲ့ ေကာင္းကင္တမန္ေတာ္အတိုင္းပဲ။ သူတို႔ ကိုယ့္ရင္ဝကိုယ္ ေဆာင့္ကန္ခံရဖို႔ အခ်ိန္ကုန္ခံ‌ေနမယ့္အစား ေစာေစာစီးစီး လက္ျမႇောက္အရႈံးေပးလိုက္တာ ပိုေကာင္းေပဦးမယ္။

လက္ရွိအခ်ိန္၌ လူမ်ားစြာစုေဝး‌ေရာက္ရွိေနေသာ္လည္း မည္သူမွ် အသံမထြက္‌ၾကဘဲ တိတ္ဆိတ္ၿငိမ္သက္ေနၾကသည္။

ကုန္းရိယန္မွာ မ်က္ႏွာအမူအယာ တည္ၾကည္ေနဆဲျဖစ္ကာ မ်က္လုံးမ်ားထဲ၌ ေပ်ာ္႐ႊင္ျမဴတူးမႈကို တစ္ခ်ိန္လုံး ဖုံးကြယ္ကာဆီးထား၏။ ---- အမွန္ပင္။ သူသည္ သားျဖစ္သူက ႐ုတ္တရတ္ ခြန္အားအစြမ္းမ်ားတိုးတက္ၿပီး လူငယ္မ်ိဳးဆက္သစ္မ်ားအၾကား ပါရမီရွင္ ထူးခြၽန္သူတစ္ေယာက္ျဖစ္လာသည့္ ေပ်ာ္႐ႊင္ဝမ္းေျမာက္မႈမွ အျပည့္အဝ ျပန္လည္မနိုးထနိုင္ေသးေပ။

"အားလုံးပဲ၊ ခဏေနက် က်ဳပ္၊ ကုန္းရိယန္ေျပာမယ့္ စကားေတြဟာ က်ဳပ္တို႔ ကုန္းရိမိသားစုအိမ္ေတာ္ရဲ႕ ကိစၥႀကီးတစ္ခုနဲ႕ သက္ဆိုင္တယ္။ မင္းတို႔အားလုံးဟာ က်ဳပ္ရဲ႕ပင္မမ်ိဳးဆက္ မိသားစုဝင္မ်ား ျဖစ္တယ္။ ဒါေၾကာင့္ ဒီကိစၥနဲ႕ ပတ္သတ္လို႔ က်ဳပ္ေျပာျပတာကို နားေထာင္ၿပီးတဲ့ေနာက္ မင္းတို႔ဟာ တျခားမိသားစုအိမ္ေတာ္ေတြနဲ႕ ခိုးေၾကာင္ခိုးဝွက္ ပူးေပါင္းႀကံစည္တာမ်ိဳး လုံးဝမလုပ္ရဘူး။ အဲလိုမဟုတ္ဘဲ ဒီအိမ္ေတာ္ေခါင္းေဆာင္၊ က်ဳပ္ ျပန္လည္ၾကားသိခဲ့ရင္ မ်ိဳးႏြယ္စု စည္းမ်ဥ္းစည္းကမ္းအတိုင္း က်င့္သုံးၿပီး မင္းတို႔ရဲ႕ မ်ိဳးႏြယ္အဆင့္အတန္းကို ျဖဳတ္ခ်ပစ္မယ္!"

"အားလုံးက ထက္ျမက္တဲ့သူေတြပဲ။ လူတခ်ိဳ႕က မင္းတို႔အားလံုးကို ေသြးေဆာင္ဖ်ားေယာင္ခ်င္ရတာက မင္းတို႔အားလုံးဟာ ကုန္းရိမ်ိဳးႏြယ္ဝင္ျဖစ္ၿပီး ကုန္းရိအိမ္ေတာ္ရဲ႕ ဂုဏ္ရွိန္အဆင့္အတန္းကို ပိုင္ဆိုင္ထားၾကလို႔ပဲ။ အကယ္၍ ဒီဂုဏ္ရွိန္အဆင့္အတန္းသာ ဆုံးရႈံးသြားခဲ့ရင္ ေသခ်ာေပါက္ ဘယ္သူကမွ အဲဒီမိသားစုနဲ႕ စီးပြားေရးလုပ္ရဲမွာမဟုတ္ေတာ့ဘူး။ ဒါေၾကာင့္ ငါးစာကိုမက္ၿပီး ငါးမွ်ားခ်ိတ္မျမင္တဲ့အျဖစ္မ်ိဳးမေရာက္ေစဘဲ တျခားသူ ေသြးထိုးလႈံ႕ေဆာ္တာ မခံၾကဖို႔ ေျပာခ်င္တယ္။ မင္းတို႔အားလုံး သေဘာေပါက္ၾကလား?"

ဆိုစကားမ်ားက အလြန္ျပင္းထန္ေလးနက္တာေၾကာင့္ သူတို႔ ဘယ္လိုလုပ္ နားမလည္ဘဲ ေနနိုင္မည္လဲ။

ဤရာခ်ီေအာင္ မ်ားျပားသည့္ မ်ိဳးႏြယ္စုဝင္မ်ားအၾကားတြင္ အ႐ူးအႏွမ္းတစ္ဦးတစ္ေလမွ် မပါရွိေခ်။ အထူးသျဖင့္ အႀကီးအကဲမ်ားျဖစ္၏။ သူတို႔သည္ မိသားစုေခါင္းေဆာင္ရာထူးအတြက္ ယွဥ္ၿပိဳင္ရန္ မည္မွ်ပင္ ဆႏၵရွိေနပါေစ၊ သူတို႔၏ ဘုန္းတန္ခိုးအာဏာ ဂုဏ္အရွိန္အဝါႏွင့္ ဂုဏ္အသေရပ်က္ဆီး အရွက္ရျခင္းတို႔သည္ ကုန္းရိမ်ိဳးႏြယ္စုအိမ္ေတာ္ႏွင့္ နက္ရွိုင္းစြာ ဆက္ႏြယ္ေနမွန္း သိရွိၾကေပသည္။ လက္ရွိမိသားစုအိမ္ေတာ္ေခါင္းေဆာင္၏ ျပင္းထန္စြာ သတိေပးျခင္းကို ၾကားရၿပီးေနာက္ သူတို႔က မိမိတို႔၏ လက္ရွိစိတ္ေနသေဘာထားမ်ားကို ဂ႐ုတစိုက္ ထိန္းခ်ဳပ္လိုက္ၾကသည္။ မဟုတ္လွ်င္ သူတို႔သည္လည္း စိတ္ျမန္လက္ျမန္ လူငယ္မ်ိဳးဆက္သစ္မ်ားႏွင့္ မျခားသလို သေဘာသက္ေရာက္သြားေပလိမ့္မည္။

သို႔ေသာ္ မည္သို႔ေသာ အေရးႀကီးသတင္းကိစၥက ဤကဲ့သို႔ႏွိုင္းႏွိုင္းဆဆ ျပဳမူရန္လိုအပ္ရသည္ကို အႀကီးအကဲမ်ားက နားမလည္နိုင္ျဖစ္ေနၾကသည္။ သူတို႔က ယေန႕က်င္းပမည့္ ေတာ္ဝင္ၿမိဳ႕ေတာ္၏ စမ္းေဆးမႈအေၾကာင္း အလိုလို ေတြးမိသြားၾကသည္။ သို႔ေသာ္ ကုန္းရိအိမ္ေတာ္သည္ ဘယ္ေတာ့မွ ထိုအခြင့္အေရးမ်ိဳးရဖို႔ ကံမပါမွန္း သူတို႔ကိုယ္တိုင္ သိထားၿပီးျဖစ္သည္။ မဟုတ္မွလြဲေရာ မိသားစုအိမ္ေတာ္ေခါင္းေဆာင္က မ်က္ႏွာမပ်က္ေအာင္ အဖတ္ဆယ္ဖို႔ နည္းလမ္းတစ္ခုခုမ်ား စဥ္းစားမိလို႔လား?

ကုန္းရိယန္သည္ အသက္ျပင္းျပင္းရႈကာ တည္ၾကည္ေလးနက္သည့္ အမူအယာျဖင့္:

"က်ဳပ္ရဲ႕ အႀကီးဆုံးသား၊ ကုန္းရိထ်န္းဟန္ဟာ လြန္ခဲ့တဲ့တစ္ႏွစ္ကစလို႔ နာမက်န္းျဖစ္ရာက လုံးဝ ေရာဂါေပ်ာက္ကင္းသြားၿပီ။ ၿပီးေတာ့ သူဟာ တစ္ႏွစ္အတြင္း ႀကိဳးစားက်င့္ႀကံလို႔ အခု အသက္ (၁၉) ႏွစ္အ႐ြယ္မွာ ဟို႔ထ်န္းအဆင့္ (၉) ဆင့္ကို ၿပီးျပည့္စုံေအာင္ က်င့္ႀကံနိုင္တဲ့ သိုင္းပညာရွင္တစ္ေယာက္ ျဖစ္လာၿပီ!"

ထိုစကားမ်ား ေျပာၿပီးသည့္ႏွင့္ ခန္းမႀကီးတစ္ခုလုံး ဆူညံပြက္ေလာရိုက္သြားေတာ့သည္။

"ဘာေျပာတယ္?"

"အႀကီးဆုံးသခင္ေလးက တကယ္ပဲလား____ ဒါ လုံးဝမျဖစ္နိုင္ဘူး!"

"ဒါေပမယ့္၊ တကယ္လို႔ ဒီကိစၥက အမွန္ဆို....."

"ဒါ၊ ဒါဟာ ဘယ္လိုေတာင္ ေကာင္းလိုက္တဲ့ ပါရမီအစြမ္းမ်ိဳးလဲ?"

______________________________________

အခ်စ္ဆုံးတို႔ေရ.....

စစခ်င္းမွာ ေထာက္ပံ့သူကေန အစ္ကိုႀကီးျဖစ္သြားပါၿပီ။ အတြဲ(၂) ေလးလည္း ျပန္လာပါၿပီ။ ေစာင့္ေမွ်ာ္ေနၾကတဲ့ စာဖတ္သူမ်ားအားလုံးကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒါဆို ေနာက္အပိုင္းမွာ ျပန္ေတြ႕ၾကမယ္ေနာ္။ အားလုံးပဲ မိသားစုႏွင့္အတူ ေဘးကင္းလုံၿခဳံစြာ ရွိၾကပါေစ။

With love ❤️
Taiga 😘

((Unicode))

အတွဲ(၂) - ပါရမီအစွမ်းများအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်း
အပိုင်း (၄၈) - မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း

💊💊💊

ကုန်းရိအိမ်တော်။

လက်ရှိအိမ်တော်ခေါင်းဆောင်ဖြစ်သူ ကုန်းရိယန်၊ ဇနီးကတော်ဖြစ်သူ လျိုစုရန်နှင့် သားသမီးသုံးယောက်တို့မှ သူတို့အား ဝမ်းပမ်းတသာ ခရီးဦးကြိုပြုကြသည်။

မိသားစု၏ အကြီးဆုံးသားဖြစ်သူသည် မွေးရာပါ ဉာဏ်ရည်ဉာဏ်‌ေသွး ထူးချွန်ထက်မြက်သော်ငြား ကံအကြောင်းမလှသည့်အတွက် တိတ်ဆိတ်ငြိမ်းချမ်းစွာ နေထိုင်ရသည်ကိုသာ ခုန်မင်နှစ်သက်‌၏။ ထို့အချက်ကြောင့် သူတို့သည် သားကြီးဖြစ်သူအား အိမ်တော်မှထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခုလို မိသားစုအရင်းအချာများ ရှားရှားပါးပါး ပြန်လည်ဆုံစည်းရသည့်အခါတိုင်း သူတို့က မိမိတို့၏ အကြီးဆုံးသားဖြစ်သူအား ချစ်ခြင်းမေတ္တာများ ရရှိခံစားမိစေရန်ရည်ရွယ်၍ အခေါက်တိုင်း ကိုယ်တိုင်ကိုယ်ကျ ထွက်ကာ ခရီးဦးကြိုပြုကြမြဲဖြစ်သည်။

ကုန်းရိထျန်းဟန်၏ အကြည့်များ နွေးထွေးလို့သွားသည်။ သူက အရင်အတိုင်း မိသားစုဆွေမျိုးများနှင့်အတူ ဧည့်ခန်းမဆောင်ကြီးဆီသို့ လိုက်ပါကာ အဘိုးဖြစ်သူ ကုန်းရိကျိုးယွဲ့၏ လေ့ကျင့်ရေးခန်းမသို့ ဝင်ရောက်သွားသည်။

အကြီးအကဲများအား ဂါရဝပြုပြီးနောက် သူတို့အားလုံး နေရာယူ ထိုင်လိုက်ကြ၏။

ကုန်းရိကျိုးယွဲ့က သက်ပြင်းချကာ:

"ထျန်းဟန်၊ မင်း ဒီအချိန်ကြီး ဘာလို့ပြန်လာတာလဲ?"

သူ၏ ချစ်လှစွာသော‌ေြမးြဖစ်သူသည် ရေလိုက်ငါးလိုက် ပါဝင်လုပ်ဆောင်နေမှန်း သူကိုယ်တိုင် ရှင်းရှင်းကြီး သဘောပေါက်ထား၏။ မျိုးနွယ်စုတိုက်ပွဲ၌ သူ၏ချစ်လှစွာသော မြေးဖြစ်သူကိုယ်စား လုံရိအား ပါဝင်တိုက်ခိုက်စေခြင်းမှာ ပုံမှန်အားြဖင့် ဘက်ပေါင်းစုံမှ ရောက်ရှိလာနိုင်သော အကြောင်းတရားများအပေါ် အပေးအယူညှိနှိုင်းမှုသဘောအရ ခွင့်ပြုထားခြင်းမျှသာဖြစ်သည်။ နဂါးပြာရေအိုင်၏ နေရာဝေစုဆိုသည်မှာ အလွန်အဖိုးတန်သောအရာဖြစ်သည့်အလျောက် လုံရိအား စေလွှတ်၍ အကျိုးခံစားခွင့်ပြုရန် မည်သို့မျှ မဖြစ်နိုင်ပေ။

သည်တစ်ခေါက် သူ၏ ချစ်လှစွာသောမြေးဖြစ်သူသာ နေရာဝေစု စမ်းသပ်ချက်၌ ပါဝင်ရန် သွားရောက်ခဲ့ပါက သေချာပေါက် လှောင်ပြောင်သရော်ခံရမှာ မလွဲဧကန်ပင်။ သူ၏မြေးဖြစ်သူသည် ထိုကလေးများထံမှ စော်ကား‌ေမာ်ကားပြောဆိုခြင်းများ ခံရလျှင်တောင် အလွန်စိတ်သဘောထားကြီးစွာ နေထိုင်နိုင်သည်ပင်။ သို့သော် သူတို့သည် မည်မျှ ရိုင်းစိုင်းသည့် လူရမ်းကားများဖြစ်စေဦး ကာယကံရှင် စိတ်နှလုံးသားထဲ၌ မည်သို့ဂရုမထားဘဲ နေနိုင်ပါလိမ့်မည်နည်း?

ကုန်းရိထျန်းဟန်က ခပ်ဖွဖွ ပြုံးလိုက်ကာ:

"ဒီမြေးက အလုပ်လုပ်ရင် ဘယ်တုန်းက သင့်တင့်လျှောက်ပတ်အောင် မပြုမူဖူးတာများ ရှိလို့ပါလဲ? ဂုဏ်သိက္ခာဆိုတာ လိုအပ်ရင် ဆင်ခြေတစ်ခုအဖြစ် သုံးလို့ရသလို။ မလိုအပ်ရင်လည်း မြေးက ဒါကို ဘယ်လိုလုပ် မျက်လုံးထဲ ထည့်ထားပါ့မလဲ? အဘိုး၊ အဘိုးကိုယ်တိုင် ကျွန်တော့်ကို သေချာကြည့်ပါဦး"

ကုန်းရိကျိုးယွဲ့က နားမလည်သလို ကြည့်နေသည်။

ကုန်းရိထျန်းဟန်က တည်ငြိမ်စွာ လက်တစ်ဖက်ကို ဆန့်တန်းလိုက်၏။

သူ၏လက်ဖဝါးသည် သွယ်လျ၍ အရိုးအဆစ်တည်ဆောက်ပုံမှာ အ့့ံမခန်း ဖြောင့်စင်းလို့နေသည်။ ၎င်းက ပြောစရာပင်မလို တုနှိုင်းမဲ့ လှပတင့်တယ်သည့် လက်ဖဝါးတစ်ဖက်ဖြစ်သည် မှန်သော်လည်း  ယခုအချိန်၌ ကုန်းရိထျန်းဟန်က သူ့လက်အား ရုတ်တရတ် လက်သီးဆုပ်လိုက်၏။

ဘန်း!

ဤကား ကြီးမားသောတန်ခိုးစွမ်းအားကို ရည်ညွှန်းသကဲ့သို့ စစ်မှန်သောချီအစွမ်း အများအပြား အပြင်သို့ လျှံထွက်လာကာ ချီပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ကုန်းရိယန်မှာ မျက်ဆံများ ရုတ်တရတ် ပိုမိုကျုံ့ဝင်သွားကာ:

"ဒါ ____"

ကုန်းရိကျိုးယွဲ့၏ မျက်နှာက နှစ်ထောင်းအားရ ပီတိဖြစ်လို့သွားသည်။ သူက စိတ်လှုပ်ရှားလွန်းသဖြင့် ကြမ်းပြင်ကို လက်ဖြင့်ပုတ်လိုက်ရာ ကြမ်းခင်းပေါ်ရှိ သံမဏိ‌စိမ်းကျောက်တုံးများ၌ ရုတ်တရတ် အက်ကွဲကြောင်းများဖြစ်ကာ ပေါက်ကွဲသွားသည်။

"ထျန်းဟန်၊ မင်း၊ မင်း သိုင်းကျင့်ကြံလို့ ရနေပြီလား?"

ကုန်းရိယန်နှင့် ကုန်းရိကျိုးယွဲ့ နှစ်ဦးစလုံးမှာ ကုန်းရိထျန်းဟန်၏ ချီစွမ်းအားများအား အလွန်လျင်မြန်စွာ ပြိုင်တူတစ်ညီတစ်ညာတည်း ခံစားမိကြသည်။

သူတို့နှစ်ဦးစလံုးသည် ဝိညာဉ်အာရုံခံနိုင်စွမ်း သူမတူအောင် မြင့်မားသည့် ရှန့်ထျန်းအဆင့် စွမ်းအားရှင်များြဖစ်၏။ သူတို့၏ အာရုံခံနိုင်စွမ်းကို သုံးလိုက်သည်နှင့် ရှန်ထျန်းအဆင့် မရောက်ခင် သိုင်းပညာရှင်တစ်ဦး၏ အခြေအနေများကို ချက်ချင်း လေ့လာသိရှိနိုင်သည်။

ထို့နောက် မိသားစုခေါင်းဆောင် မျိုးဆက်နှစ်ဆက်(အဖေနှင့်အဘိုး)မှာ အလန့်တကြား အော်ဟစ်လိုက်ကြသည်။

"ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့် (၃).... ပြီးပြည့်စုံတဲ့ ဟို့ထျန်း အဆင့်(၉)ပဲ!"

"ထျန်းဟန်၊ မင်းရဲ့ ချီနဲ့သွေးမှာ ရဲစွမ်းသတ္တိတွေအပြည့်ပဲ၊ ပကတိခန္ဓာကိုယ်ခွန်အားကလည်း သိပ်ကိုစွမ်းအားကြီးတယ်!"


ထျန်းဟန်က ရယ်လိုက်ကာ အကြည့်များ တည်ငြိမ်‌ေလးနက်သွား၏။

"အမှန်ပါပဲ။ ကျွန်တော် ပြီးပြည့်စုံတဲ့အဆင့် သိုင်းပညာရှင်ဖြစ်နေပြီ။ အခုက တစ်နှစ်ပဲရှိသေးတယ်။ ဟယ့်လျန်ချင်းချန်နဲ့ တခြားလူလေးယောက် ဘယ်လောက်ပဲ ခွန်အားကြီးလာပါစေ၊ ကျွန်တော်ထက် သိပ်များများစားစား ခွန်အားကြီးလာမှာမဟုတ်ဘူး။ ဒီတော့..... သေချာပေါက် လောင်းကြေးထပ် စွန့်စားကြည့်ရမှာပေါ့"

ကုန်းရိယန်က အချိန်အကြာကြီး အလွန်အမင်း အံ့အားသင့်နေပြီးမှ ဖြည်းဖြည်းချင်း သက်ပြင်းချကာ ပြောလိုက်သည်။

"ထျန်းဟန်၊ မင်းက အဖေ့ကို တကယ် လန့်အောင်လုပ်လိုက်တာပဲ"

ကုန်းရိကျိုးယွဲ့က အားပါးတရ တဟားဟား ရယ်မောကာ:

"ငါ့မြေးကြီးက ဒီအဘိုးမသိအောင် တကယ် ကြိုးစားပမ်းစား ဖုံးဖိထားခဲ့တာကိုး!"

ထိုအချိန်၌ ကိစ္စများကို ကောင်းစွာနားမလည်သေးသူ လေးဘက်ထောက်အရွယ် ကုန်းရိထျန်းထန်မှအပ လျိုစုရန်၊ ကုန်းရိထျန်းယန်နှင့် ကုန်းရိမင်ရှားတို့အားလုံး အတိုင်းမသိ အံ့ဩပျော်ရွှင်သွားကြလေသည်။

"အစ်ကိုကြီး သိုင်းကျင့်ကြံလို့ရသွားပြီလား?"

"အစ်ကိုကြီးက ပြိုင်စံရှား ပါရမီရှင်တစ်ယောက်မှန်း ကျွန်တော် သိသားပဲ!"

လျိုစုရန်က လှပသောမျက်ဝန်းများ၌ မျက်ရည်များ ဝဲလာကာ:

"ဟန်အာ၊ ငါ့ရဲ့ဟန်အာလေး.... သား၊ သား အားလုံးကောင်းသွားပြီလား? အသက်အန္တရာယ်မရှိတော့ဘူးမလား?"

ထိုစကားများကြားတော့ ကျန်‌‌ကုန်းရိမိသားစုဝင်များစွာကလည်း ကုန်းရိထျန်းဟန်အား တစ်ပြိုင်တည်း လှမ်းကြည့်ကြသည်။

ကုန်းရိထျန်းဟန်က အတည့်အတိုင်းသာ ပြောလိုက်သည်။

"အတိအကျပဲ။ အမေတို့ ကျွန်တော့်အတွက် စိုးရိမ်ပူပန်စရာ မလိုတော့ပါဘူး"

သူက မျက်လုံးများ၌ သိမ်မွေ့ညင်သာ‌သော အလင်းရောင်တစ်ခု လက်သွားကာ:

"နောင်ကို ကျွန်တော် ဆက်အသက်ရှင်သွားမှာပါ"

နောက်ပြီး သူ့ရဲ့ရည်မှန်းချက်တွေ ဘာပဲဖြစ်နေပါစေ အဲဒါက သူ့ကို ဆက်ကာ ဆက်ကာ အသက်ဆက်လက်ရှင်သန်‌ေစလိမ့်မယ်။

ကုကျိုးက လုံရိနှင့်အတူ ထောင့်တစ်နေရာ၌ မတ်တပ်ရပ်၍ အဖြစ်အပျက်များကို တိတ်ဆိတ်စွာ အကြာကြီး စောင့်ကြည့်နေသည်။

ဆွေမျိုးရင်းချာများကြားမှ စိုးရိမ်ဂရုစိုက်ပေးမှုဆိုသည်မှာ ဤကဲ့သို့ပင်ဖြစ်သည်။ ကုန်းရိမိသားစုဝင်များသည် ကုန်းရိထျန်းဟန်အပေါ် စိတ်ရင်းဖြင့် အမှန်တကယ် ချစ်ခင်ကြပေသည်။ သို့သော် လောက၌ မိသားစုအစစ်မမှန်မဟုတ်သည့် မနှစ်မြို့စရာ မိသားစုဝင်မျိုးလည်း ရှိ‌ေနသေး၏။

ဥပမာ.....

ထိုအခိုက်၌ ကုကျိုးမှာ ယခင်က အချိန်အကြာကြီး မေ့လျော့နေခဲ့သော သူ၏ကိစ္စများကို ပြန်သတိရကာ အော့နှလုံးနာသွားရသည်။

ဒါပေမယ့် သူ ထောက်ပံ့သူ အကူအညီနဲ့ အဲဒီခေတ်ကို ပြန်သွားနိုင်တဲ့အခါ သူ့မှာ ဒီလို အော့နှလုံးနာစရာကိစ္စတွေကို အော့နှလုံးမနာရ‌တော့အောင် လုပ်‌ေဆာင်နိုင်စွမ်းတွေ ရှိလာမယ်မဟုတ်လား။

💊💊💊

အိမ်တော်ကြီးရှိ လူအားလုံးသည် ကုန်းရိထျန်းဟန်အား ကြည့်ရှုပြီးနောက် အဖြစ်အပျက်တစ်ခုလုံးအား စတင်မေးြမန်းကြတော့သည်။ 

ကုကျိုးသည် သူ၏ ချစ်လှစွာသော ထောက်ပံ့သူအား စောင့်ကြည့်ရင်း ထောက်ပံ့သူမှ သူ၏ဆွေမျိုးများကို ဘယ်လိုဘယ်ပုံပညာသားပါပါ ဘေးကင်းအောင် လိမ်ညာမလဲဆိုတာ မစူးစမ်းဘဲ မနေနိုင်ပါချေ။ နောက်ဆုံး၌ အကြောင်းပြချက်မှာ ထောက်ပံ့သူ အရင်တစ်ခါ ထုတ်ပြသည့် ဆေးညွှန်းအပေါ်သာ ကျရောက်ခဲ့သည်။ ___ ထိုဆေးညွှန်းမှာ အမှန်နှင့် အနည်းငယ် ဆင်တူသော်ငြား တကယ်တမ်း ရောဂါအစစ်အမှန်အား ကုသနိုင်သည့်ဆေးညွှန်းတော့ လုံးဝ မဟုတ်ပေ။

သို့သော် ထုံးစံအတိုင်း ကုကျိုးခမျာ မိသားစုအိမ်တော်ခေါင်းဆောင်နှင့် သွေးချင်းဆွေမျိုးများ၏ နောက်တစ်ကြိမ် ဝိုင်းဝန်းကြည့်ရှုကြခြင်းကို ခံရပြန်သည်။

အကယ်၍ သူ 'ဆက်သ' ခဲ့သည့်ဆေးညွှန်းသည် ကုန်းရိထျန်းဟန်အား နှစ်အနည်းငယ်ပိုမိုအသက်ရှည်စေနိုင်သည်ဟု ဆိုခဲ့စဉ်က မိသားစုအိမ်တော်ခေါင်းဆောင်နှင့် သွေးချင်းဆွေးမျိုးများက သူ့အား အလွန်ဝမ်းမြောက်စွာ ကျေးဇူးတင်ခဲ့သည်ဟုဆိုလျှင်၊ ယခုကဲ့သို့ တိတ်တခိုး ရှာတွေ့လာသည့် ဆေးဆရာလေးက ဆေးညွှန်းအား တိုးတက်စေကာ ကုန်းရိထျန်းဟန်အား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်မှန်း 'အတည်ပြု' နိုင်ခဲ့သလို၊ အချိန်တိုအတွင်း ကုန်းရိထျန်းဟန်အား သိုင်းပညာ ကျင့်ကြံနိုင်စေကာ လက်ရှိသိုင်းပညာအဆင့်သို့ ရောက်ရှိစေခဲ့သည့်အပြင် ဆယ်စုနှစ်တစ်ခုကြာ ရှားပါးအခွင့်အရေးဖြစ်သည့် နဂါးပြာရေကန် ဖွင့်ချိန်မတိုင်မီ အချိန်မီ စွမ်းအားများရရှိစေမှန်းသိလိုက်ရသည့်အခါ ကုကျိုးအပေါ် အိမ်တော်ခေါင်းဆောင်နှင့် သွေးချင်းမိသားစုများ၏ အကြည့်အရှုများက ရင်မှဖြစ်သော သားတစ်ယောက်အား ကြည့်ရှုနေသည့်နှင့်မခြား ရင်းနှီးချစ်ခင်သွားကြသည်။

ကုကျိုးမှာ ကျောချမ်းသလို ကြက်သီးဖြန်းခနဲ ထသွား‌ေလသည်။

လျိုစုရန်သည် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်၏။ ယခုကဲ့သို့ သူမအား နှစ်ပေါင်းများစွာ စိုးရိမ်ပူပန်စေသည့် ကိစ္စကြီးတစ်ရပ် ရင်အေးသွားရသည့်အခါ သူမ၏ မျက်နှာအမူအရာမှာ ပိုမို နူးညံ့သိမ်မွေ့သွား‌ေလသည်။ သူမက ကုကျိုး၏ ခန္ဓာကိုယ်သေးသေးကွေးကွေးအား နှစ်လိုဖွယ် တစ်ချက်လှမ်းကြည့်ကာ ကုန်းရိထျန်းဟန်ကို ထပ်မံတိုက်တွန်းလိုက်၏။

"အားကျိုးလေးကလည်း မင်းရဲ့ ကျေးဇူးရှင်လို့ ဆိုရမယ်၊ ဟန်အာ အခုချိန်ကစပြီး သားက အားကျိုးကို ကိုယ့်သွေးသားအရင်း ညီလေးတစ်ယောက်လို သဘောထား ဆက်ဆံရမယ်နော်"

ကုကျိုးမှာ သူမ၏ နှစ်လိုဖွယ် အရေးပေးမှုများ လွှမ်းခြုံသွားရသည်။

မြေတောင်မြောက်ထားတဲ့ အလုပ်သမားလေး တစ်ယောက်အဖြစ်က အဆင့်အတန်းမြင့် ပုဂ္ဂိုလ်အဖြစ် ရုတ်တရတ် ပြောင်းသွားတော့ သူ့မှာ သိပ်အသားမကျသေးဘူးလေ။ ဒီစကားက သူ့ကို မွေးစားညီလေးအဖြစ် လက်ခံတာ ဒါမှမဟုတ် ထောက်ပံ့သူနဲ့ သွေးသောက်ညီအစ်ကိုလုပ်ခိုင်းတာမျိုး မဟုတ်တာ သူသိပါတယ်။ ‌ဒါပေမယ့် စကားအဖြစ် ထုတ်ပြောတာနဲ့ ဘာတစ်ခွန်းမှ မပြောဘဲ‌ေနတာက ကွာခြားတယ်။ သူ ကောင်းကောင်းကြီး နားလည်တာပေါ့.....

ကုန်းရိထျန်းဟန်က ရယ်မောလိုက်ကာ:

"အမေ၊ ကျွန်တော်က အားကျိုးကို အစောကြီးကတည်းက သွေးသားအရင်း ညီလေးတစ်ယောက်လို သဘောထားတာပါ။ သူက စိတ်သဘောထားက ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတယ်။ အရမ်း ဉာဏ်ကောင်းပြီး အဂ္ဂိရတ်ပညာရှင် ပါရမီစွမ်း‌ေတွလည်းရှိတယ်။ အရင်က သူက သိပ်ယဉ်ကျေးလွန်းနေလို့ပါ။ နောင်ကျရင် သူ ကျွန်တော့်ကို အစ်ကိုကြီးလို့ ခေါ်လာပါလိမ့်မယ်"

ကုန်းရိထျန်းဟန်သည် ပြော‌ေနရင်း ဒီနေရာရောက်တော့ လျိုစုရန်၏ အားပေးသည့်အကြည့်အရှုနှင့်အတူ အဖေနှင့် အဘိုးဖြစ်သူ၏ စိုးစဉ်းမျှ ကန့်ကွက်ခြင်းမရှိသည့် သဘောထားအား အကဲခတ်မိတာကြောင့် မနေနိုင်ဘဲ မျက်ခုံးတစ်ချက်ပင့်လိုက်၏။ ထို့နောက် သူက ကုကျိုးအား လှမ်းကြည့်ကာ အလွန်ညင်သာစွာ ပြောလိုက်သည်။

"အားကျိုး၊ မင်း အခုပဲ ကိုယ့်ကို အစမ်းခေါ်ကြည့်ပါလား?"

ကုကျိုး: "....."

ကိစ္စတွေက ဖြစ်ပျက်သွားတာ သိပ်မြန်လွန်းတယ်။ ထောက်ပံ့သူရေ ကျွန်တော် မလုပ်တတ်တော့ဘူးဗျ။

ကုန်းရိထျန်းဟန်၏ အဓိပ္ပါယ်ပါပါအကြည့်‌ထဲ၌ မျှော်လင့်ချက်တစ်ခု ပါရှိနေတာ ထင်ရှားသလို ဆွဲဆောင်ချော့မြှူနေသယောင် အရိပ်အယောင်များလည်း ရှိနေသည်။

ကုကျိုးမှာ ထိုကဲ့သို့ အကြည့်မျိုးဖြင့် တစ်စက္ကန့်မျှ အကြည့်ခံရပြီးနောက် မည်သို့မျှ တင်းခံနိုင်စွမ်းမရှိတော့ပေ။

မိမိ၏ အတွင်းစိတ်နှလုံးမှ နံရံလေးအား လာရောက် ကုတ်ခြစ်နေသလို ခံစားလိုက်ရပြီးနောက် သူက သေဘေးကိုပင် မကြောက်၊ အရဲစွန့်ကာ ပါးစပ်ဟလိုက်ရင်း:

".....ထျန်းဟန် အစ်ကိုကြီး"

ကုန်းရိထျန်းဟန်က အသာရယ်လိုက်ကာ:

"ရှေ့ဆုံးက စကားနှစ်လုံးကို ဖြုတ်လိုက်ပါလား?"

ကုကျိုး: "....အစ်ကိုကြီး"

ကုန်းရိထျန်းဟန်က ကျေနပ်သွားကာ လက်ဆန့်၍ ကုကျိုးခေါင်းလေးကို ပုတ်ရင်း ပြောလိုက်သည်။

"နောင်ကို ဒီလိုပဲ ခေါ်ရမယ်နော်"

ကုန်းရိထျန်းယန်နှင့် ကုန်းရိမင်ရှားတို့မှာ မိမိတို့ ချစ်ကြောက်ရိုသေရသော အစ်ကိုကြီးဖြစ်သူ၏ ကုကျိုးအပေါ် အလေးထားပုံမှာ မိမိတို့ထက် မနိမ့်မှန်း မြင်‌ေတွ့ရသည့်အခါ မကျေနပ်၊ မပျော်ရွှင်ခြင်း အလျင်းမရှိသည့်အပြင် အားလုံးက ‌ရယ်မောပြုံးရွှင်သွားကြလေသည်။

မိသားစု၏ သမီးကညာဖြစ်သူ ကုန်းရိမင်ရှားက ရွှင်ပြရယ်မောကာ ကုကျိုး လက်မောင်းကို ဖက်လိုက်ရင်း:

"ကိုကိုအားကျိုး၊ ဒီတစ်ခါတော့ အမည်ခံသက်သက်မဟုတ်ဘဲ တကယ်ဖြစ်သွားပြီနော်"

ကုကျိုးမှာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပေ။

ခေါင်းမာတတ်သည့် လူငယ်လေး ကုန်းရိထျန်းယန်ကလည်း ယခုအချိန်၌ နည်းနည်းမှ မကျေမနပ်ဖြစ်ပုံမရဘဲ သူ့ကို ပွင့်လင်းရိုးရှင်းစွာ လှမ်းခေါ်လိုက်၏။

"....အစ်ကိုကျိုး?"

ကုကျိုးမှာ ပို၍ပင် ရှက်ကိုးရှက်ကန်းဖြစ်သွားရလေသည်။

ကုန်းရိထျန်းဟန်က မနေနိုင်ဘဲ ပြုံးလိုက်ကာ:

"ပြောင်းလိုက်ပါဦး၊ ယန်အာ"

ထိုအခါ ကုန်းရိထျန်းယန်က အလေးအနက် ခေါ်လိုက်သည်။

"အစ်ကိုအားကျိုး"

ကုကျိုးက နောက်ဆုံးတော့ သက်မအသာချလိုက်၏။

ထို့နောက် နှစ်နှစ်သားအရွယ် လမ်းလျှောက်တတ်ရုံ ကလေးငယ်လေး ကုန်းရိထျန်းထန်ကလည်း ‌ေြခထောက်တိုတိုလေးများဖြင့် အမြန်လျှောက်လာပြီး ကုကျိုး၏.... ခြေသလုံးကို လှမ်းဖမ်းကာ တည်ကြည်စွာ ပြောလိုက်၏။

"ကိုကို.... အားကျိုး"

ကုကျိုးမှာ တောင့်တောင့်ကြီး ဖြစ်သွားကာ ကြိုးစားပမ်းစား ပြုံးပြရင်း ပြောလိုက်သည်။

"အားလုံး၊ အားလုံးကို နှုတ်ဆက်ပါတယ်"

သူ့ဆီက စကားသံထွက်လာတော့ အကြီးအကဲများကပါ မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။

ကုကျိုး၏ အတွေးများမှာ မျက်နှာပေါ် အတိုင်းသား ပေါ်လွင်လို့နေကာ သူတို့အနေဖြင့် အကဲခတ်ကြည့်ရှုဖို့ အင်မတန်လွယ်ကူပေသည်။

ဤသို့သောလူမျိုးက ကုန်းရိထျန်းဟန်အား နည်းနည်း‌‌မှ အန္တရာယ်ပြု ခြိမ်းခြောက်မည်မဟုတ်သည့်အပြင် အသက်ကယ်တင်ခဲ့သည့် ကျေးဇူးတရားပါ ရှိနေ‌သည်။ သူတို့က ကုကျိုးအား ကုန်းရိအိမ်တော်၏ မွေးစားသားတစ်ယောက်ဟု သတ်မှတ်ရင်ပင် ထိုက်တန်သင့်တော်ပေသည်။

ယခုအချိန်၌ လေထုက အလွန်သင့်‌မြတ်သာယာလို့နေပြီး ကုကျိုးမှာ ဤသို့ ရင်းနှီးဖော်ရွေသည့် မိသားစုဆွေမျိုးများ အလယ်၌ ရှိနေသည်။

ကုကျိုးသည် မိသားစုအိမ်တော်ခေါင်းဆောင်၏ သွေးရင်းသားရင်းများနှင့် အမှန်တကယ် ရင်းနှီးခင်မင်ခဲ့ခြင်း မရှိသော်လည်း ဤသို့သော ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြား စိတ်အစဉ်တို့ နက်ရှိုင်းထိရှကာ တဖြည်းဖြည်း သက်တောင့်သက်တာ ဖြစ်လာသည်။

ကောင်းပြီလေ၊ သူက လိမ္မာတဲ့ အလုပ်သမားလေးပဲဟာ။

သူဌေးက သူ့ကို အစ်ကိုကြီးလို့ ခေါ်ခိုင်းမှတော့ နောင်ကို သူလည်း အတွေးအမြင်တွေ ပြောင်းလဲရတော့မှာပေါ့။

ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အရင်က ထောက်ပံ့သူ၊ အခု အစ်ကိုကြီးဆုိသူက တကယ်လည်း သူ့စိတ်ကူးထဲက ....အစ်ကိုကြီးတစ်‌ေယာက်ပုံစံနဲ့ သိပ်ကို လိုက်ဖက်ညီပါတယ်လေ။

💊💊💊

နောက်တစ်နေ့မနက်စောစော၌ ကုန်းရိမိသားစုအိမ်တော်ခေါင်းဆောင်နှင့် သွေးရင်းသားရင်း မိသားစုဝင်များ စုဝေးလို့နေကြသည်။ ရာထူးဂုဏ်ရှိန်မြင့်မားသူ ပင်မမျိုးဆက်(ပထမမျိုးဆက်) အကြီးအကဲများမှာ မိမိတို့၏ ထူးချွန်သူ သားမြေးများစွာကို ဦးဆောင်၍ တရားဝင်ကိစ္စများ ဆွေးနွေးရန် ပင်မခန်းမဆောင်သို့ ရောက်ရှိလာကြသည်။

ကုကျိုးမှာ ပင်မမျိုးဆက်၏ သားမြေးများက တကယ်တမ်း အလွန်များပြားကြောင်း သိရှိလိုက်ရ၏။ တံခါးပိတ်ကျင့်ကြံနေသူများမပါ လူပေါင်းရာကျော်မှာ ခန်းမအတွင်း ရောက်ရှိနေကြသည်။ သူတို့ကား အစုလိုက်အပြုံလိုက်ရောက်ရှိလာကာ မိမိတို့နေရာအသီးသီး၌ ဝင်ရောက် နေရာယူလိုက်ကြသည်။ သို့ဖြင့် မူလက ကြီးမားကျယ်ဝန်းသည့် ခန်းမဆောင်ကြီးမှာ အလွန်သေးငယ်ကျဉ်းမြောင်းသွားသယောင်ထင်မှတ်ရသည်။

ထိုင်ခုံနေရာများတွင် ထိုင်ခွင့်ရသူတစ်‌ေယာက်ချင်းစီသည် ကုန်းရိအိမ်တော်၏ ပြောရေးဆိုခွင့်ရှိသူ မျိုးဆက်အကြီးအကဲများ ဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် ကုန်းရိအိမ်တော်၏ အခွင့်အာဏာအချို့အား ခွဲဝေထိန်းချုပ်ထားသည်။ တချို့က ရည်မှန်းချက်ကြီး၍ ဉာဏ်များ၏။ တစ်ချို့က အမိန့်နာခံကာ မည်ကာမတ္တသာဖြစ်၏။ တချို့က အေးချမ်းတိတ်ဆိတ်စွာ နေရသည်ကိုနှစ်သက်ပြီး တင်းတိမ်ရောင့်ရဲကြ၏။ သို့သော် သူတို့အားလုံး၌ အရည်အချင်းညံ့ဖျင်းသူ တစ်ဦးတစ်လေမှမရှိသလို ၎င်းတို့၌ ပထမမျိုးဆက် သားစဉ်မြေးဆက်များစွာရှိကာ အားလုံးက အလွန်ထူးချွန်သူ လူငယ်သိုင်းပညာရှင်များဖြစ်ကြသည်။

ခန်းမဆောင်အတွင်း၌ သိုင်းပညာရှင်များထံမှ သွေးနှင့်ချီစွမ်းအားအရှိန်အဝါများ တန်ပြန်ရိုက်ခတ်ကာ လေထုကြီးကလည်း အကြောင်းအရင်းမရှိပါဘဲ ပြင်းထန်တောက်လောင်လို့ လာသည်။

ကုကျိုးသည် သူတို့‌ေတွအားလုံး ကုန်းရိယန် အနီးတဝိုက်သို့ လှမ်းကြည့် အကဲခတ်နေကြသည်ကို တွေ့ရသည်။ သူတို့အားလုံးက သူ၏ ထောက်ပံ့.... အစ်ကိုကြီးကို ဝိုင်းဝန်းကြည့်ရှုနေကြခြင်းဖြစ်သည်။ လူအများစုက နှမြောတသဖြစ်‌ေနကြပြီး လူနည်းစုကတော့ သူ့အစ်ကိုကြီးအား ရင်ဘတ်ထဲက ဆူးတစ်ချောင်းလို သဘောထားနေကြသည်။ သူတို့စိတ်ထဲ၌ ယုတ်မာသည့်အကြံဉာဏ်များ ကိန်းအောင်းနေသည့်အပြင် စိတ်ကောင်းစေတနာကောင်းလည်း မရှိကြပေ။ ထို့အပြင် လူငယ်မျိုးဆက်သစ်များ၏ အကြည့်အရှုများကလည်း အများစုက လေးစားရိုသေကြကာ ကျန်လူများ၏ မျက်ဝန်းများမှာတော့ မလိုမုန်းထားခြင်းများရှိနေသည်။

တကယ်တော့ ဒီမလိုမုန်းထား ဒေါသအမျက်တွေကို အားလုံး သူ့အစ်ကိုကြီးအပေါ် ပုံချနေလည်း အလကားပဲ! သူ့အစ်ကိုကြီးက သူများ‌ေတွရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ချိုးချေဖျက်ဆီးပစ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်တဲ့ ကောင်းကင်တမန်တော်အတိုင်းပဲ။ သူတို့ ကိုယ့်ရင်ဝကိုယ် ဆောင့်ကန်ခံရဖို့ အချိန်ကုန်ခံ‌နေမယ့်အစား စောစောစီးစီး လက်မြှောက်အရှုံးပေးလိုက်တာ ပိုကောင်းပေဦးမယ်။

လက်ရှိအချိန်၌ လူများစွာစုဝေး‌ေရာက်ရှိနေသော်လည်း မည်သူမျှ အသံမထွက်‌ကြဘဲ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ကုန်းရိယန်မှာ မျက်နှာအမူအယာ တည်ကြည်နေဆဲဖြစ်ကာ မျက်လုံးများထဲ၌ ပျော်ရွှင်မြူတူးမှုကို တစ်ချိန်လုံး ဖုံးကွယ်ကာဆီးထား၏။ ---- အမှန်ပင်။ သူသည် သားဖြစ်သူက ရုတ်တရတ် ခွန်အားအစွမ်းများတိုးတက်ပြီး လူငယ်မျိုးဆက်သစ်များအကြား ပါရမီရှင် ထူးချွန်သူတစ်ယောက်ဖြစ်လာသည့် ပျော်ရွှင်ဝမ်းမြောက်မှုမှ အပြည့်အဝ ပြန်လည်မနိုးထနိုင်သေးပေ။

"အားလုံးပဲ၊ ခဏနေကျ ကျုပ်၊ ကုန်းရိယန်ပြောမယ့် စကားတွေဟာ ကျုပ်တို့ ကုန်းရိမိသားစုအိမ်တော်ရဲ့ ကိစ္စကြီးတစ်ခုနဲ့ သက်ဆိုင်တယ်။ မင်းတို့အားလုံးဟာ ကျုပ်ရဲ့ပင်မမျိုးဆက် မိသားစုဝင်များ ြဖစ်တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျုပ်ပြောပြတာကို နားထောင်ပြီးတဲ့နောက် မင်းတို့ဟာ တခြားမိသားစုအိမ်တော်တွေနဲ့ ခိုးကြောင်ခိုးဝှက် ပူးပေါင်းကြံစည်တာမျိုး လုံးဝမလုပ်ရဘူး။ အဲလိုမဟုတ်ဘဲ ဒီအိမ်တော်ခေါင်းဆောင်၊ ကျုပ် ပြန်လည်ကြားသိခဲ့ရင် မျိုးနွယ်စု စည်းမျဉ်းစည်းကမ်းအတိုင်း ကျင့်သုံးပြီး မင်းတို့ရဲ့ မျိုးနွယ်အဆင့်အတန်းကို ဖြုတ်ချပစ်မယ်!"

"အားလုံးက ထက်မြက်တဲ့သူတွေပဲ။ လူတချို့က မင်းတို့အားလံုးကို သွေးဆောင်ဖျားယောင်ချင်ရတာက မင်းတို့အားလုံးဟာ ကုန်းရိမျိုးနွယ်ဝင်ဖြစ်ပြီး ကုန်းရိအိမ်တော်ရဲ့ ဂုဏ်ရှိန်အဆင့်အတန်းကို ပိုင်ဆိုင်ထားကြလို့ပဲ။ အကယ်၍ ဒီဂုဏ်ရှိန်အဆင့်အတန်းသာ ဆုံးရှုံးသွားခဲ့ရင် သေချာပေါက် ဘယ်သူကမှ အဲဒီမိသားစုနဲ့ စီးပွားရေးလုပ်ရဲမှာမဟုတ်တော့ဘူး။ ဒါကြောင့် ငါးစာကိုမက်ပြီး ငါးမျှားချိတ်မမြင်တဲ့အဖြစ်မျိုးမရောက်စေဘဲ တခြားသူ သွေးထိုးလှုံ့ဆော်တာ မခံကြဖို့ ပြောချင်တယ်။ မင်းတို့အားလုံး သဘောပေါက်ကြလား?"

ဆိုစကားများက အလွန်ပြင်းထန်လေးနက်တာကြောင့် သူတို့ ဘယ်လိုလုပ် နားမလည်ဘဲ နေနိုင်မည်လဲ။

ဤရာချီအောင် များပြားသည့် မျိုးနွယ်စုဝင်များအကြားတွင် အရူးအနှမ်းတစ်ဦးတစ်လေမှျ မပါရှိချေ။ အထူးသဖြင့် အကြီးအကဲများဖြစ်၏။ သူတို့သည် မိသားစုခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ရန် မည်မျှပင် ဆန္ဒရှိနေပါစေ၊ သူတို့၏ ဘုန်းတန်ခိုးအာဏာ ဂုဏ်အရှိန်အဝါနှင့် ဂုဏ်အသရေပျက်ဆီး အရှက်ရခြင်းတို့သည် ကုန်းရိမျိုးနွယ်စုအိမ်တော်နှင့် နက်ရှိုင်းစွာ ဆက်နွယ်နေမှန်း သိရှိကြပေသည်။ လက်ရှိမိသားစုအိမ်တော်ခေါင်းဆောင်၏ ပြင်းထန်စွာ သတိပေးခြင်းကို ကြားရပြီးနောက် သူတို့က မိမိတို့၏ လက်ရှိစိတ်နေသဘောထားများကို ဂရုတစိုက် ထိန်းချုပ်လိုက်ကြသည်။ မဟုတ်လျှင် သူတို့သည်လည်း စိတ်မြန်လက်မြန် လူငယ်မျိုးဆက်သစ်များနှင့် မခြားသလို သဘောသက်ရောက်သွားပေလိမ့်မည်။


သို့သော် မည်သို့သော အရေးကြီးသတင်းကိစ္စက ဤကဲ့သို့နှိုင်းနှိုင်းဆဆ ပြုမူရန်လိုအပ်ရသည်ကို အကြီးအကဲများက နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့က ယနေ့ကျင်းပမည့် တော်ဝင်မြို့တော်၏ စမ်းဆေးမှုအကြောင်း အလိုလို တွေးမိသွားကြသည်။ သို့သော် ကုန်းရိအိမ်တော်သည် ဘယ်တော့မှ ထိုအခွင့်အရေးမျိုးရဖို့ ကံမပါမှန်း သူတို့ကိုယ်တိုင် သိထားပြီးဖြစ်သည်။ မဟုတ်မှလွဲရော မိသားစုအိမ်တော်ခေါင်းဆောင်က မျက်နှာမပျက်အောင် အဖတ်ဆယ်ဖို့ နည်းလမ်းတစ်ခုခုများ စဉ်းစားမိလို့လား?

ကုန်းရိယန်သည် အသက်ပြင်းပြင်းရှုကာ တည်ကြည်လေးနက်သည့် အမူအယာဖြင့်:

"ကျုပ်ရဲ့ အကြီးဆုံးသား၊ ကုန်းရိထျန်းဟန်ဟာ လွန်ခဲ့တဲ့တစ်နှစ်ကစလို့ နာမကျန်းဖြစ်ရာက လုံးဝ ရောဂါပျောက်ကင်းသွားပြီ။ ပြီးတော့ သူဟာ တစ်နှစ်အတွင်း ကြိုးစားကျင့်ကြံလို့ အခု အသက် (၁၉) နှစ်အရွယ်မှာ ဟို့ထျန်းအဆင့် (၉) ဆင့်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီ!"

ထိုစကားများ ပြောပြီးသည့်နှင့် ခန်းမကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။


"ဘာပြောတယ်?"

"အကြီးဆုံးသခင်လေးက တကယ်ပဲလား____ ဒါ လုံးဝမဖြစ်နိုင်ဘူး!"

"ဒါပေမယ့်၊ တကယ်လို့ ဒီကိစ္စက အမှန်ဆို....."


"ဒါ၊ ဒါဟာ ဘယ်လိုတောင် ကောင်းလိုက်တဲ့ ပါရမီအစွမ်းမျိုးလဲ?"

______________________________________

အချစ်ဆုံးတို့ရေ.....

စစချင်းမှာ ထောက်ပံ့သူကနေ အစ်ကိုကြီးဖြစ်သွားပါပြီ။ အတွဲ(၂) လေးလည်း ပြန်လာပါပြီ။ စောင့်မျှော်နေကြတဲ့ စာဖတ်သူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒါဆို နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်နော်။ အားလုံးပဲ မိသားစုနှင့်အတူ ဘေးကင်းလုံခြုံစွာ ရှိကြပါစေ။

With love ❤️
Taiga 😘

Continue Reading

You'll Also Like

2.3M 169K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
42.7K 3.4K 21
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
476K 42.3K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
101K 12.7K 106
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...