Twenty Six Revenge

Af greyvictor25

433K 29.1K 5.3K

Khoon Thant Shein Wah+Sunshine SiThu Mere

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
46
47
48
Final

45

6.4K 461 73
Af greyvictor25

လွန်ခဲ့သော6နှစ် တွဲလို့ကူမသန်စွမ်းကျောင်းမှ အမှုပိတ်သိမ်းခဲ့သောမီးလောင်မှုတွင် မြို့တော်၀န်အဓိက,ပါ၀င်ပတ်သတ်နေသည်ဟုဆို။

အင်တာနက်ပေါ်နှင့် သတင်းအချို့တွင်ခေါင်းစဥ်ကြီးပိုင်းမှပါ၀င်လာသော မြို့တော်၀န်၏သတင်းတွေကြောင့် မီဒီယာသမားအချို့နှင့်နီးစပ်ရာလူထုများက ထိုသတင်းအပေါ်သိလိုစိတ်ပြင်းပြနေကြတာဖြစ်သည်။သူကိုယ်တိုင်ခိုင်းစေခဲ့သောအသံနှင့် ဗီဒီယိုဖိုင်ကတီဗွီနှင့်အင်တာနက်ပေါ်တွင် ဖုံးဖိမရအောင်ပြန့်သွားပြီမို့ မြို့တော်၀န်ကသူ့ရုံးခန်းတွင်သာ ထိုသတင်းတွေအား အေးအေးလူလူထိုင်ကြည့်နေ၏ ။ပထမဆုံးသူ့ရဲ့မဟာအမှားက မင်းခန့်ပြောခဲ့သောလိမ်ညာစကားကိုသူကိုယ်တိုင်ယုံကြည်မိခဲ့ခြင်းဖြစ်သည်။ဗီဒီယိုဖိုင်ဟာ တကယ်မရှိပါဘူးဟုပြောဆိုလာသည့်မင်းခန့်ရဲ့စကားကြောင့် မြို့တော်၀န်ကထိုကိစ္စနှင့်ပတ်သတ်ပြီး အာရုံမထားခဲ့တော့တာဖြစ်၏။သို့ပေမယ့် သူနှင့်ပတ်သတ်သောသက်သေက ဆန်းရှိုင်းထံတွင်ရှိနေကြောင်းသတင်းရမှာသာ မင်းခန့်ကသူ့အားလိမ်ညာခဲ့မှန်းသိခဲ့ရတာဖြစ်သည်။ဆန်းရှိုင်းထံမှသက်သေကို လူလွှတ်ပြီးအစဖျောက်ခိုင်းပြန်တော့လည်း ထိုလူအားမင်းခန့်က သတ်ပစ်ခဲ့တာပင်။

" မြို့တော်၀န် "

ရုံးခန်းထဲသို့၀င်ရောက်လာသည့် ၀န်ထမ်းတစ်ယောက်ကြောင့် မြို့တော်၀န်ကတီဗွီကိုပိတ်ရင်း ထိုလူကိုလှမ်းကြည့်လိုက်သည်။

" ဘာပြောစရာရှိသလဲ "

" အခုဖြစ်နေတဲ့သတင်းတွေနဲ့ပတ်သတ်ပြီး မနက်ဖြန်မနက်မှာအစစ်ဆေးခံဖို့ လင်းဟုန်အမှုစစ်ရုံးကဆက်သွယ်လာပါတယ် "

" ကျော်၀ဏ္ဏကဘာပြောလဲ "
(ကျော်၀ဏ္ဏဆိုသည်မှာ လင်းဟုန်အမှုစစ်ရုံး၏ရာထူးအကြီးဆုံး ရဲမှူးချုပ်ဖြစ်သည်)

" ဗီဒီယိုဖိုင်ထဲမှာပါလာတဲ့ရုပ်သံက ပြန်လည်ပြုပြင်ထားတဲ့ရုပ်သံမျိုးဖြစ်တာကြောင့် မြို့တော်၀န်ရဲ့မျက်နှာက မသဲကွဲပါဘူး။ဒါကြောင့်.... "

" အဲ့ဒီရုပ်သံထဲကလူက ငါမဟုတ်ဘူးလို့ငြင်းဆန်လိုက်ရင်ရပြီမလား "

မြို့တော်၀န်ရဲ့စကားကြောင့် တစ်ဖက်လူကခေါင်းငုံ့ကာနှုတ်ဆိတ်သွား၏။

" အဲ့ကိစ္စကငါနဲ့မဆိုင်ဘူး အခင်းဖြစ်ပွားတဲ့နေ့က ငါအလုပ်ကိစ္စနဲ့ခရီးသွားနေခဲ့တာ နောက်ပြီးဒီဗီဒီယိုဖိုင်က ငါ့ကိုချောက်ချချင်တဲ့လူတွေတမင်လုပ်ထားတဲ့ဗီဒီယိုဖိုင်။ငါပြောတာနားလည်လား "

မြိုတော်၀န်၏ကြိုတင်နှုတ်ပိတ်လိုက်မှုကြောင့် တစ်ဖက်လူယုံမှာချက်ချင်းဆိုသလို ခေါင်းညိတ်ပြကာ သူ့လက်ထဲမှ Mac bookအားမြို့တော့၀န်ရှေ့သို့ချပေးလိုက်သည်။

" ဒါဆိုကျွန်တော်ဘာဆက်လုပ်လိုက်ရမလဲ "

" ညွှန်ကြားရေးမှူးဦးမင်းလွင်နဲ့တာ၀န်ခံဦးသက်ပိုင်ကို မနက်ဖြန်စစ်ဆေးခံတဲ့အခါ ငါကအဲ့ဒီမီးလောင်မှုဖြစ်ပွားတဲ့နေ့ကသူတို့နဲ့အတူခရီးသွားနေတာဖြစ်ကြောင်းနဲ့ ငါ့မှာဘာအပြစ်မှမရှိဘူးဆိုတာကို သက်သေအဖြစ်ပြောခိုင်းလိုက် "

" ဟုတ်ကဲ့ "

မြို့တော်၀န်ကဘာအပူအပင်မှမရှိသည့်ပုံစံဖြင့် သူ့စားပွဲပေါ်မှပန်းသီးတစ်စိတ်အားယူကာ အေးအေးလူလူဖြင့်စားပြလိုက်သည်။

" နောက်ပြီးကျွန်တော်သတင်းတစ်ခုထပ်ရလာပါသေးတယ် "

" ဘာသတင်းလဲ "

မြို့တော်၀န်က မျက်နှာကြောတင်းစွာဖြင့်စိုက်ကြည့်နေတာမို့ ထိုလူယုံကမျက်လွှာချရင်း....

" ခွန်းသန့်ရှိန်၀ါ ဒီနေ့ညကပဲလွတ်သွားပါပြီ "

" ဘာ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ "

" သူ့လက်နက်တွေကိုဖမ်းဆီးရရှိခဲ့တဲ့စခန်းက ခွန်းသန့်ရှိန်၀ါရဲ့စခန်းမဟုတ်ပဲ အခြားတစ်ယောက်ရဲ့စခန်းဖြစ်နေတယ်လို့ကြားပါတယ် တကယ့်တရားခံကတော့ အခုထိဖမ်းလို့မမိသေးပါဘူး နောက်ပြီးမြိို့တော်၀န်ရဲ့အတွင်းရေးမှူးသေဆုံးတဲ့ကိစ္စက မှားယွင်းစွပ်စွဲခံရတဲ့အမှုဖြစ်ပြီး အဲ့နေ့ကခွန်းသန့်ရှိန်၀ါကအခြားနေရာမှာရှိနေခဲ့တယ်လို့ဆိုပါတယ် "

" ဘယ်သူကသက်သေထွက်ဆိုပေးတာလဲ "

" စိုင်မွန်ရှင်းခန့်ပါ နောက်ပြီးခွန်းသန့်ကမြေအောက်ဂိုဏ်းတော်တော်များများနဲ့ဆက်အသွယ်ရှိတဲ့အတွက် အလွယ်တကူပြန်လွတ်မြောက်သွားတဲ့ပုံပါပဲမြို့တော်၀န် "

မြို့တော်၀န်က လှောင်ပြောင်ချင်သောအပြုံးဖြင့် ခပ်ရွဲ့ရွဲ့ပြုံးရင်း လက်ထဲမှစားလက်စပန်းသီးစိတ်အား အ၀ေးသို့လွှင့်ပစ်လိုက်သည်။ခွန်းသန့်ရှိန်၀ါရဲ့ လုပ်ပိုင်ခွင့်နှင့်အခွင့်အာဏာကိုလည်းမြို့တော်၀န်ကောင်းကောင်းသိ၏။ယခုကဲ့သို့သူ့အားစိတ်အနှောင့်အယှက်ပေးမည့်လူမှန်းသိခဲ့ပါလျှင် ထိုကလေးကိုငယ်ရွယ်စဥ်တည်းက အပြတ်ရှင်းခဲ့မှာပင်။

" လောလောဆယ်မနက်ဖြန်ကိစ္စအတွက်ပဲအာရုံစိုက်ထား ကျန်တာကိုငါမနက်ဖြန်အစစ်ဆေးခံပြီးပြန်လာရင် ဆက်ရှင်းမယ် "

" ဟုတ်ကဲ့ "

~~~~~

" ဒယ်ဒီ "

ဆန်းရှိုင်းကလက်လွှတ်ပေးလိုက်သည်နှင့် နေနေးကသူ့အဖေထံတန်းတန်းမတ်မတ်ပြေးကာ ခွန်းသန့်အပေါ်ကုတ်တွယ်တော့သည်။ခွန်းသန့်ကလည်း နေနေးကိုပွေ့ချီကာ လွမ်းဆွတ်စွာဖြင့်နမ်းရှုံ့လိုက်၏။သားနဲ့ကြာကြာခွဲမနေဘူးတဲ့သူမို့ သုံးရက်တာအချိန်ကာလကလည်း တစ်နှစ်လောက်ကြာရှည်သလိုခံစားရတာဖြစ်သည်။

" အသည်းတုန်လေး လွမ်းနေတာ "

ခွန်းသန့်ကသူ့သားရဲ့ဆံပင်တွေကိုထိုးဆွရင်း ပါးနှစ်ဖက်ကိုနမ်းရှုံ့လိုက်၏။ရှိုင်းကတော့ မလှမ်းမကမ်းတွင်သာရပ်ပြီး အလွမ်းသယ်နေတဲ့သားအဖနှစ်ယောက်အား ကြည်နူးစွာဖြင့်ငေးကြည့်နေတာဖြစ်သည်။အချိန်ကာလအပိုင်းအခြားတစ်ခုတုန်းကလည်း ဖေဖေဟာသူ့အားယခုကဲ့သို့အချစ်ပိုခဲ့ဖူးပါသည်။သို့ပေမယ့် ရက်စက်တဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့် ဖေဖေကလောကကြီးမှထွက်ခွာသွားခဲ့တာဖြစ်သည်။တစ်ရက်ကလေးတောင် မေ့လျော့ခြင်းမရှိပါပဲ အဖေ့အကြောင်းအမြဲပြောနေတတ်သည့် ဒေါ်စန်းဌေးရဲ့စကားသံကြောင့် ရှိုင်းရင်ထဲ၌ချစ်ခြင်းမေတ္တာက မည်မျှနက်ရှိုင်းသည်ကို သိလာရတာဖြစ်သည်။ထိုနက်ရှိုင်းမှုက အစိုင်အခဲလေးဖြစ်ခဲ့ပါလျှင် ထိုအစိုင်အခဲထဲ၌အချစ်ကလေးအား တသက်တာသိမ်းဆည်းထားချင်မိ၏။

" ဆန်းရှိုင်းလေး "

အတွေးအာရုံများနေတုန်း ညင်သာစွာ၀င်ရောက်လာသည့်အသံလေးကြောင့် ရှိုင်းကခွန်းသန့်အားစူးစူးနစ်နစ်လှမ်းကြည့်လိုက်၏။ခွန်းသန့်က နေနေးအားပွေ့ချီရင်း ကျန်သည့်လက်တစ်ဖက်ကဘေးဘက်သို့ဖြန့်ကျက်ကာ သူ့အားထွေးပွေ့ပေးဖို့ကမ်းလင့်နေတာမို့ ရှိုင်းကတုံ့ဆိုင်းခြင်းမရှိပါပဲ ခွန်းသန့်ရဲ့ရင်ခွင်ထဲသို့ပြေး၀င်လိုက်သည်။ထိုရင်ခွင်အား သိပ်ကိုလွမ်းနေပါသည်ဟုဖွင့်ဟခဲ့ပါလျှင် ဒါဟာတစ်ရာ,ရာခိုင်နှုန်းမုသားမပါသည့် ထွက်ဆိုချက်ပင်ဖြစ်လိမ့်မည်။

" လွမ်းတယ် ချစ်တယ် မြတ်နိုးတယ် "

ရှိုင်းကခွန်းသန့်ရဲ့ရင်ခွင်ထဲ သူ့မျက်နှာကိုအပ်ရင်းဖွင့်ဟလာတာမို့ ခွန်းသန့်၏နှုတ်ခမ်းထောင့်၌အပြုံးရေးထင်သွားပြီး ရှိုင်းကိုတင်းကျပ်စွာထွေးပွေ့လိုက်သည်။

" ခင်ဗျားကသိပ်ဆိုးတယ် "

~~~~~

" သုံးရက်ကလေး၀ေးကွာသွားတာနဲ့ မျက်နှာလေးကချောင်ကျသွားရောပဲ ငါ့ကိုအရွဲ့တိုက်ပြီးကောင်းကောင်းမွန်မွန်လည်းမစားဘူးမလား "

ရှိုင်းကခွန်းသန့်ရဲ့မျက်နှာကိုသူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း အားမလိုအားမရဖြင့်ပြောဆိုလာ၏။ခွန်းသန့်ကတော့ ရှိုင်းရဲ့လက်ဖ၀ါးကိုဖြန့်ကာသူ့မေးစေ့လေးတင်ရင်း ပြုံးပြလိုက်သည်။

" ရှိုင်းဌေးအပြစ်တွေပဲလေ လူကိုလာငေါက်မနေနဲ့ "

ခွန်းသန့်ကပြန်လည်ချေပစကားပြောလာတာမို့ ရှိုင်းကနှာခေါင်းရှုံ့ရင်း ခွန်းသန့်ရဲ့နဖူးကိုခပ်ဖွဖွလှမ်းရိုက်လိုက်သည်။

" အဲ့အပြောတွေသတိထားနော် အကြီးကိုမရိုမသေနဲ့ "

" ဘယ်သူကအကြီးလဲ "

" ငါလေ "

" အဲ့တာဆိုကျုပ်ကဘာလဲ "

" မင်းက ငါ့အချစ်ကလေး "

" ဟီးဟီး "

ခွန်းသန့်ကပခုံးလေးတွန့်သည်အထိကြိတ်ပြုံးရင်း ရှိုင်းရဲ့ခါးကိုလှမ်းဆွဲကာ သူ့ပေါင်ပေါ်သို့ရှိိင်းခန္ဓာကိုယ်တစ်ခုလုံးကိုဆွဲတင်လိုက်၏။နီးကပ်လွန်းတဲ့အနေအထားကြောင့် ရှိုင်းကစိတ်လှုပ်ရှားစွာဖြင့် အသက်ကိုအောင့်ထားသည်။သို့ပေမယ့် သူ့အကြောင်းသိနေသည့်အမျိုးသားက ရှိုင်းရဲ့နှာခေါင်းအောက်လက်ညှိုးခံကာ အသက်ရှု,မရှုစမ်းကြည့်လာ၏။

" အသက်အောင့်ထားပြန်ပြီ "

ခွန်းသန့်က စိတ်တိုင်းမကျစွာပြောဆိုလာရင်းရှိုင်းရဲ့မျက်နှာကိုဆွဲမော့ကာ ရှိုင်းနှုတ်ခမ်းတွေပေါ် လျှင်လျှင်မြန်မြန်ကျူးကျော်လာ၏။ပထမဆုံးအကြိမ်အနမ်းမျိုးမဟုတ်တော့သော်လည်း ရှိိင်းရင်ထဲတော့ယခုတိုင် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။အချိန်ကြာလေသွေးအေးလေမဟုတ်ပဲ အချိန်ကြာလေမြတ်နိုးလေဖြစ်၏။အချစ်ကလေးနဲ့ပတ်သတ်လျှင် သေးငယ်တဲ့နမ်းရှိုက်မှုတစ်ခုကတောင် သူ့ရဲ့တစ်နေ့တာကိုပျော်ရွှင်စေတာဖြစ်သည်။

" ခွန်းသန့်ရှိန်၀ါ "

" ဘာလဲကွာ "

ရှိုင်းကခွန်းသန့်ရဲ့ရင်ဘတ်ကို အနည်းငယ်တွန်းထုတ်မိလိုက်တာမို့ ခွန်းသန့်ကအရှိန်ပျက်သွားသည့်ပြိုင်ကားလေးတစ်စီးနှယ် ရှိုင်းရဲ့ပခုံးပေါ်ရပ်နားသွားသည်။

" မြို့တော်၀န်ရဲ့သတင်းကြားပြီးပြီမလား သူ့ကိုမနက်ဖြန်စစ်ဆေးတော့မှာ "

ရှိုင်းက ခွန်းသန့်ထံမှတုံ့ပြန်လာမှုကိုစောင့်ဆိုင်းနေမိသော်လည်း ထိုအမျိုးသားကတော့ ဘယ်လိုမှမခံစားရသည့်ပုံစံဖြင့် ရှိုင်းရဲ့လက်တွေကိုဆုပ်ကိုင်လာသည်။

" ခင်ဗျားသိလား သူ့ဘ၀ကြီးကကျွန်တော်လို့မှတ်ယူထားခဲ့တဲ့ညီမလေးက ကျွန်တော့်ကိုသူစိမ်းတစ်ယောက်လိုစကားစမပြောတော့တဲ့အချိန်က ခွန်းသန့်ရှိန်၀ါရဲ့ဘ၀မှာအမှောင်ဖုံးလွှမ်းခဲ့တဲ့နေ့ရက်တွေပဲ "

ခွန်းသန့်ရဲ့စကားကြောင့် ရှိုင်းရင်ထဲ၌စူးနင့်သွားရ၏။နာကျင်စရာအတိတ်ကာလဟု မှတ်ယူနိုင်သော်လည်း ကာယကံရှင်ကခွန်းသန့်ရှိန်၀ါသာလျှင်ဖြစ်တာမို့ ထိုနာကျင်မှုအားရှိုင်းကိုယ်စားခံယူပေးလို့မရပေ။အတိတ်မှာမည်မျှနာကျင်ခဲ့မည်ကို ရှိုင်းတွေးဆလိုက်တိုင်း ခွန်းသန့်ရှိန်၀ါရဲ့လက်စားချေချင်မှုကို ရှိုင်းကိုယ်ချင်းစာမိလာလေဖြစ်သည်။

" အတိတ်ကာလတွေကိုပြန်မတွေးချင်ဘူး ကျွန်တော့်ရဲ့ငယ်ဘ၀က နာကျင်စရာတွေနဲ့ပဲပြည့်နှက်ခဲ့တာ "

ခွန်းသန့်ရဲ့သက်ပြင်းချသံကြောင့် ရှိုင်းကချက်ချင်းဆိုသလိုခွန်းသန့်ရဲ့နားရွက်နှစ်ဖက်အား သူ့လက်ဖ၀ါးဖြင့်ခပ်ဖွဖွအုပ်မိုးကာ နဖူးမောက်မောက်အားနမ်းရှုံ့လိုက်သည်။

" ၀မ်းနည်းစရာတွေပြန်မတွေးနဲ့တော့နော်် လက်ရှိမှာမင်း,ကလေးရဲ့အနာဂတ်နဲ့ငါ့ကိုပဲထည့်တွေးပေး နောက်ပြီးအဲ့ဒီမြို့တော်၀န်ကိုလည်း မကြာခင်အရေးယူတော့မှာပါ "

အရေးယူမည်ဆိုသောစကားကြောင့် ခွန်းသန့်ကအံကိုတင်းတင်းကြိတ်ထားမိသည်။သေဆုံးသွားသော,ကလေးအချို့နှင့် နစ်နာခဲ့သောဘ၀တွေကိုတွေးမိလိုက်တိုင်း ထိုလူကထောင်ထဲ၌အေးအေးလူလူနေရမည့်အဆင့်အတန်းတောင် ထိုက်တန်မနေပေ။သေဆုံးခြင်းကသာ ထိုက်တန်သည်ဟုသတ်မှတ်ထားတာမို့ ခွန်းသန့်ကဘာတစ်ခွန်းမှ ပြန်မတုံ့ပြန်ပဲ ရှိုင်းရဲ့ပါးတစ်ဖက်ကို လှမ်းနမ်းလိုက်သည်။

" ချစ်တယ်...ဆန်းရှိုင်းကို "

" ပြပါဦး လက်ကောက်၀တ်ကပွန်းပဲ့ဒဏ်ရာလေးတွေသက်သာသွားပြီလား "

ရှိုင်းက အမာရွတ်အနည်းငယ်ကျန်နေသေးသည့်ခွန်းသန့်ရဲ့လက်ကောက်၀တ်နှစ်ခုကို စူးစူးနစ်နစ်ငုံ့နမ်းကာ အာငွေ့ပေးလိုက်၏။

" အုံဖွ ငါ့အချစ်ကလေးတော်တော်နာသွားမှာ "

ရှိုင်းကခွန်းသန့်ရဲ့လက်ကောက်၀တ်ကို သူ့လက်ညှိုးလေးဖြင့်ခပ်ဖွဖွပွတ်ပေးရင်း စိတ်မကောင်းဖြစ်နေသည့်ပုံစံဖြင့် ခွန်းသန့်အားငေးမောကြည့်လိုက်၏။သို့ပေမယ့် ခွန်းသန့်ရှိန်၀ါက ရှိုင်းရဲ့ပခုံးကိုဆိုဖာပေါ်လှဲကျကာ အပေါ်မှအုပ်မိုးထားလိုက်သည်။

" လျှို့၀ှက်ချက်တစ်ခုပြောပြမယ် "

ခွန်းသန့်က ရှိုင်းရဲ့နားရွက်နားသို့နီးနီးကပ်ကပ်ပြောဆိုလာတာမို့ ရှိုင်းရဲ့ပခုံးလေးပင်တုန်ယင်သွားရ၏။

" ကျွန်တော်ကနာကျင်မှုမဲ့နေတဲ့လူတစ်ယောက် "

ခွန်းသန့်ရဲ့စကားကြောင့် ရှိုင်းကမျက်လုံးလေး၀ိုင်းစက်ကာ ခွန်းသန့်အားမော့ကြည့်လိုက်သည်။ခွန်းသန့်ကတော့ သူ့အပေါ်အုပ်မိုးထားဆဲဖြစ်ပြီး ရှိုင်းရဲ့အင်္ကျီအောက်ထဲသို့လက်လျှို၀င်လာ၏။

" ဒါပေမယ့် ဆန်းရှိုင်းရဲ့အထိအတွေ့ကတော့ကျွန်တော့်ကိုနာကျင်စေတယ် ဒါကခင်ဗျားအမေပြောဖူးတဲ့ရေစက်ကြောင့်များဖြစ်နေမလား "

ခွန်းသန့်ရဲ့လက်တစ်ဖက်က ရှိုင်းရဲ့၀မ်းဗိုက်နှင့်ရင်ဘတ်တစ်လျှောက်ပြေးလွှားနေတာမို့ ရှိုင်းတစ်ကိုယ်လုံးတုန်ယင်လာရသည်။

" ခွန်းသန့်..."

" တစ်ဘ၀လုံးပုံအပ်ပြီးအကြွေးဆပ်မယ်လို့ ဟောဒီပါးစပ်လေးကပြောခဲ့သလားလို့ ဟမ် "

ခွန်းသန့်ကရှိုင်းရဲ့နှုတ်ခမ်းပေါ် သူ့လက်ညှိုးဖြင့်ဖိကာသြရှရှပြောလာတာမို့ ရှိုင်းအသက်တောင်ပြင်းပြင်းမရှုရဲပေ။ပေကပ်ကပ်ပုံစံဖြင့် မထုံတထေးငုံ့ကြည့်လာပုံက အဆိုးအပေလေးဆိုပေမယ့် တွန်းမထုတ်ရက်ပေ။သက်ဆိုင်သူအပေါ်  အနည်းငယ်တောင်အပြစ်မြင်ချင်စိတ်မရှိပဲ အရှုံးပေးချင်နေတဲ့စိတ်က အမေနဲ့တူတာနေမှာ။

" ခင်ဗျားရဲ့အချစ်ကလေးက နည်းနည်းအရိုင်းဆန်တာလုပ်ကြည့်မယ်ဆိုရင် ဆန်းရှိုင်းလေးကစိတ်ဆိုးမှာလား "

ခွန်းသန့်က ရှိုင်းနှုတ်ခမ်းအပေါ်မှသူ့လက်ညှိုးကိုတဖြည်းဖြည်းအောက်သို့လျှောချရင်း ရှိုင်းရဲ့ရှပ်အင်္ကျီကို ပခုံးပေါ်သည်အထိဆွဲချလိုက်၏။ရှိုင်းကတော့ သူ့ခန္ဓာကိုယ်လေးကိုကျုံ့ရင်း ခြေချောင်းလေးတွေကို ကုတ်ထားသည်။

" ဒီလက်တွေက ကျုပ်ကိုလက်ထိပ်ခတ်ခဲ့တာလား "

ခွန်းသန့်က သူ့ဘောင်းဘီမှခါးပတ်ကြိုးကိုဆွဲဖြုတ်ရင်း ရှိုင်းရဲ့လက်နှစ်ဖက်ကိုဆွဲမြှောက်ကာ ချည်နှောင်ထားလိုက်၏။ရှိုင်းအနေဖြင့် လက်နှစ်ဖက်ချည်နှောင်ခံထားရတာကြောင့် ထိုခန္ဓာကိုယ်အောက်မှရုန်းထွက်ဖို့မလွယ်တော့ပေ။ရုန်းထွက်ဖို့ မကြိုးစားမိတာဟုအဓိပ္ပာယ်ဖွင့်ဆိုလျှင် ပိုမှန်လိမ့်မည်။

" ဒါငါ့ကို ပြန်လက်စားချေနေတာလား "

" လက်စားမချေ၀ံ့ပါဘူး ဒေါ်စန်းဌေးသားလေးကို အခွံနွာမလို့ "

" ငါ့အမေနာမည်ကို ခဏခဏမပြောစမ်းနဲ့ကွာ "

" ဟုတ်ပြီ ဒါဆိုဒီကောင်ရဲ့ရင်ဘတ်ထဲကဆန်းရှိုင်းလေးရဲ့နာမည်ကိုပဲပြောတော့မယ် "

ခွန်းသန့်က ရှိုင်းရဲ့ပခုံးကိုခပ်ဖွဖွကိုက်ရင်း ရှိုင်းရဲ့ရင်ဘတ်တစ်လျှောက်သူ့လျှာဖြင့်ထိုးမွှေလာ၏။ထူးဆန်းသည့်အထိအတွေ့ကြောင့် ရှိိုင်းကအောက်နှုတ်ခမ်းကိုဖိကိုက်ရင်း ချည်နှောင်ခံထားရသည့်သူ့လက်နှစ်ဖက်ကို တင်းကျပ်စွာလက်သီးဆုပ်ထားမိသည်။ထိုအမျိုးသားက ဘယ်အနေအထားကိုခြေလှမ်းနေမှန်းသိတာကြောင့် ရှိုင်းရဲ့နှလုံးခုန်သံတွေက ဆူပွက်နေသည့်ရေနွေးပေါက်ပမာ ခုန်ပေါက်နေတာဖြစ်၏။

" ခွန်း.....ခွန်းသန့် "

" လိုချင်လား "

နီးကပ်စွာမေးခွန်းထုတ်လာသည့်အဆိုးအပေလေးကြောင့် ရှိုင်းမျက်နှာတစ်ခုလုံးရဲတက်လာရသည်။စိတ်ရှိတိုင်းသာဆို ခေါင်းကိုခေါက်ကာ အကြီးကိုအဲ့သည်လိုပြောရလားဆိုပြီး ဆုံးမချင်မိပါရဲ့။

" နေနေးက အပြင်ထွက်လာရင်..... "

" ကျုပ်သားက ဒီအချိန်ဆင်တက်နင်းတောင်သူ,မနိုးဘူး "

ခွန်းသန့်က စိတ်မရှည်တော့သည့်ခွေးပေါက်လေးနည်းတူ ရှိုင်းရဲ့ပခုံးကို ခပ်ဖွဖွဆွဲကိုက်လာ၏။ထိုအမျိုးသားနှင့်ပတ်သတ်လျှင် ဘယ်သောအခါမှ ငြင်းဆန်ခြင်းမရှိခဲ့တာကြောင့် ရှိုင်းကခေါင်းကိုညိတ်ကာ မျက်လုံးစုံမှိတ်လိုက်သည်။ဒါဟာအပေါစားဆန်တာမဟုတ်ပဲ ထိုအမျိုးသားအပေါ်ပုံအပ်ထားသည့် သူ့ရဲ့ချစ်ခြင်းမေတ္တာကြောင့်ဖြစ်၏။အတွင်းထဲထိ ထိုးဖောက်မြင်နိုင်ခဲ့ပါလျှင် အချစ်ကလေးသိနိုင်ကောင်းပါရဲ့။
.
.
.
.
.
အတူမနေတာကြာသည့်အလျှောက် အသားမကျသေးသည့်နာကျင်မှုကိုအထိုက်အလျောက်ခံစားရတုန်းဖြစ်သည်။ရှိုင်းက အံ့ကိုကြိတ်ရင်းမျက်နှာတစ်ဖက်လှည့်လိုက်သော်လည်း ခွန်းသန့်ကချက်ချင်းဆိုသလိုရှိုင်းမျက်နှာကို ဆွဲလှည့်ကာဖိကပ်နမ်းရှိုက်လာ၏။ထို့နောက် ရှိုင်းလက်နှစ်ဖက်ကိုပူးချည်ထားသည့် ခါးပတ်ကြိုးကိုဆွဲဖြုတ်ကာ ထိုလက်နှစ်ဖက်ကိုသူ့ပခုံးပေါ်တင်စေလိုက်သည်။ဆိုလိုသည်က သူ့ပခုံးအားတင်းကျပ်စွာဖက်ထားစေချင်သော သဘောပင်။

အချိန်ကြာလာသည်နှင့်အမျှ သာယာမှုဆိုသောခံစားချက်ကို ရှိုင်းကိုယ်ထဲ၌ခံစားလာရသည်။မောပန်းခြင်းမရှိပါပဲ သူ့အပေါ်ဦးဆောင်နေသည့်အမျိုးသားကြောင့် ရှိုင်းကခွန်းသန့်ရဲ့ပခုံးကိုတင်းကျပ်စွာဖက်ကာ သူ့မျက်နှာကိုခွန်းသန့်လည်ပင်းထက်၌ အပ်နှံထားလိုက်သည်။ချစ်သည်၊မြတ်နိုးသည်ဟု အချိန်တိုင်းဖွင့်ဟပြောဆိုနေပါလျှင် အချစ်ကလေးနားငြီးနိုင်လောက်ပါရဲ့။

" မောင် "

" ရှိတယ်ဗျ "

" ငါကအချစ်ကလေးကို အများကြီးချစ်တယ်နော် "

ရှိုင်းရဲ့စကားအဆုံး၌ ခွန်းသန့်ကကျေနပ်စွာပြုံးရယ်ရင်း ရှိုင်းရဲ့မျက်နှာတစ်လျှောက် နေရာလွတ်မရှိစေရအောင် စူးစူးနစ်နစ်နမ်းရှုံ့လာ၏။

" မောင်ကလည်း မောင့်ဆန်းရှိုင်းလေးကိုအများကြီးချစ်တယ်နော် "

~~~~~~~~~

" မြို့တော်၀န်ရောက်လာပြီ "

အမှုစစ်ရုံးရှေ့၌ ကားရပ်သည်ဆိုလျှင်ပဲ သတင်းသမားများနှင့် လာရောက်စူးစမ်းကြသောလူထုကြီးက အော်ဟစ်ကာ မြို့တော်၀န်ကိုအလုအယက်သတင်းမေးကြ၏။မြို့တော်၀န်ကတော့ အပြစ်ကင်းသည့်နှယ် ကားထဲမှတည်ငြိမ်စွာထွက်လာကာ သူ့ကုတ်အင်္ကျီအား သေချာဆွဲစိလိုက်သည်။ရှိုင်းကတော့ သူတို့စခန်းအပေါက်၀မှ မြို့တော်၀န်အားအံကြိတ်ကာ လှမ်းကြည့်နေတာဖြစ်သည်။

* အချိန်ကျပြီပဲ

ခွန်းသန့်ရှိန်၀ါက ရှိုင်းတို့စခန်းကိုလှမ်းမြင်ရသည့်အဆောက်အဦးထက်တွင်နေရာယူကာ သူအမြဲ၀တ်ဆင်နေသည့် သားရေလက်အိတ်နှင့်Maskအနက်ကိုအရင်၀တ်ရင်း ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်၏။ထို့နောက် သူ့ရဲ့အဖိုးတန်ဖြစ်တဲ့ b14 HMRအမျိုးအစားဖြစ်သည့် Sniper Rifleသေနတ်ကို သေချာတပ်ဆင်ကာ မြို့တော်၀န်၏ဦးခေါင်းတည့်တည့်သို့ချိန်ထားလိုက်သည်။မြို့တော်၀န်ကို ယခုလိုအဆုံးသတ်ဖို့ကြံစည်နေသည်ကို ရှိုင်းသာသိခဲ့ပါလျှင် သူ့အားတားဆီးမှာအသေအချာပင်။သို့ပေမယ့် မြို့တော်၀န်ကသေဆုံးခြင်းနှင့်သာ ထိုက်တန်သည်ဟုခွန်းသန့်စိတ်ထဲ၌ သတ်မှတ်ထားတာမို့ ယခုလိုကြိုးစားအားထုတ်နေခြင်းဖြစ်သည်။

" မြို့တော်၀န်ရှင့် ယခုထွက်ပေါ်လာတဲ့သတင်းတွေနဲ့ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းချက်မျိုးပေးချင်ပါသလဲ "

သတင်းသမားတွေ၏ အလုအယက်မေးလာသည့်မေးခွန်းကြောင့် မြို့တော်၀န်က ခပ်ရွဲ့ရွဲ့ပြုံးရင်းထိုလူထုကြီးအားလှမ်းကြည့်လိုက်သည်။

" အချိန်တန်ရင်အဖြစ်မှန်ကိုသိရပါလိမ့်မယ် ဒါပေမယ့်အခုပျံ့လွင့်နေတဲ့သတင်းက မဟုတ်မမှန်တဲ့ကောလဟာလတွေသာဖြစ်တာကြောင့် အကောင်းဆုံးဖြေရှင်းပြီးပြန်ထွက်လာခဲ့ပါ့မယ် "

" ဒါဆို မြို့တော်၀န်ရဲ့အသံနဲ့ဗီဒီယိုဖိုင်ကိုရော ဘယ်လိုဖြေရှင်းချက်ပေးမှာလဲ "

" ဒါကတော့.... "

မြို့တော်၀န်က ဖြေရှင်းချက်ပေးဖို့ကြိုးစားရင်း ထိုလူထုကြားထဲ၌ သူ့အားနာကျည်းနေသည့်ပုံစံဖြင့် ရပ်ကြည့်နေသည့်ချန်းမင်းထိုက်ကြောင့် ချက်ချင်းဆိုသလိုသူ့စကားတွေကရပ်တန့်သွားသည်။ချန်းမင်းထိုက်ရဲ့ပုံစံက သူ့အားအဖြစ်မှန်တွေကို၀န်ခံစေချင်ပုံရပြီး ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ခံယူစေချင်နေသည့်ပုံစံမျိုးဖြစ်နေတာကြောင့် မြို့တော်၀န်က ချက်ချင်းမျက်နှာလွှဲကာ နောက်တစ်ဖန်ပြုံးပြလိုက်၏။

" အဲ့ဒီဗီဒီယိုဖိုင်ကလည်း လုပ်ကြံထားတဲ့အရာ၀တ္ထုသပ်သပ်ဖြစ်တာမို့လို့ အချိန်တန်ရင်အဖြစ်မှန်တွေ သိပါလိမ့်မယ် အခုတော့အပြစ်မရှိကြောင်းသက်သေပြဖို့ ကျွန်တော်အစစ်ဆေးခံမှာပါ "

" Let's Do It Khoon Thant! "

ခွန်းသန့်က သူ့ကိုယ်သူပြန်အားပေးရင်း သူကိုင်ဆောင်ထားသည့် Rifleအားတစ်ချက်ဖိကပ်နမ်းလိုက်၏။ထို့နောက် မြို့တော်၀န်ရဲ့ဦးခေါင်းတည့်တည့်ကိုသေနတ်ပြောင်း၀ဖြင့် ချိန်ရွယ်ရင်း အဆုံးသတ်ဖို့အသင့်ပြင်လိုက်သည်။

ဒိုင်း~~

အရှိန်အဟုန်ပြင်းစွာ ထိုးစစ်ဆင်လာသည့်ကျည်ဆံက မြိုတော်၀န်၏ဦးခေါင်းတည့်တည့်သို့ ထိုးဖောက်သွား၏။ဆူညံသွားသောလူထုကြီးနှင့် ရုတ်ရုတ်သည်းသည်းဖြစ်သွားသော ရဲ၀န်ထမ်းတွေကြောင့် ခွန်းသန့်ကအသက်ပင်မရှုနိုင်တော့လောက်အောင် သူ့လက်ထဲမှသေနတ်အား အမြန်အောက်ချကာ ပုန်းကွယ်လိုက်၏။သူကိုယ်တိုင်ပင်မထင်မှတ်ထားသည့် အခြေအနေကြောင့်ခွန်းသန့်က လက်သီးဆုပ်ကာအံကြိတ်ထားမိသည်။အကြောင်းမှာ သူ့ထက်လျှင်မြန်သည့် အခြားသေနတ်ထဲမှကျည်ဆံက မြို့တော်၀န်ကိုနေရာဦးသွားခြင်းကြောင့်ဖြစ်သည်။ထိုလူဟာ မည်သူမှန်းမသိသော်လည်း လူသတ်မိတော့မည့်ခွန်းသန့်ရဲ့လက်ကို အချိန်မှီတားဆီးနိုင်လိုက်ခြင်းပင်။

11.11.23
Grey

~~~~~~~~

လြန္ခဲ့ေသာ6ႏွစ္ တြဲလို႔ကူမသန္စြမ္းေက်ာင္းမွ အမႈပိတ္သိမ္းခဲ့ေသာမီးေလာင္မႈတြင္ ၿမိဳ႕ေတာ္၀န္အဓိက,ပါ၀င္ပတ္သတ္ေနသည္ဟုဆို။

အင္တာနက္ေပၚႏွင့္ သတင္းအခ်ိဳ႕တြင္ေခါင္းစဥ္ႀကီးပိုင္းမွပါ၀င္လာေသာ ၿမိဳ႕ေတာ္၀န္၏သတင္းေတြေၾကာင့္ မီဒီယာသမားအခ်ိဳ႕ႏွင့္နီးစပ္ရာလူထုမ်ားက ထိုသတင္းအေပၚသိလိုစိတ္ျပင္းျပေနၾကတာျဖစ္သည္။သူကိုယ္တိုင္ခိုင္းေစခဲ့ေသာအသံႏွင့္ ဗီဒီယိုဖိုင္ကတီဗြီႏွင့္အင္တာနက္ေပၚတြင္ ဖုံးဖိမရေအာင္ျပန္႔သြားၿပီမို႔ ၿမိဳ႕ေတာ္၀န္ကသူ႔႐ုံးခန္းတြင္သာ ထိုသတင္းေတြအား ေအးေအးလူလူထိုင္ၾကည့္ေန၏ ။ပထမဆုံးသူ႔ရဲ႕မဟာအမွားက မင္းခန္႔ေျပာခဲ့ေသာလိမ္ညာစကားကိုသူကိုယ္တိုင္ယုံၾကည္မိခဲ့ျခင္းျဖစ္သည္။ဗီဒီယိုဖိုင္ဟာ တကယ္မရွိပါဘူးဟုေျပာဆိုလာသည့္မင္းခန္႔ရဲ႕စကားေၾကာင့္ ၿမိဳ႕ေတာ္၀န္ကထိုကိစၥႏွင့္ပတ္သတ္ၿပီး အာ႐ုံမထားခဲ့ေတာ့တာျဖစ္၏။သို႔ေပမယ့္ သူႏွင့္ပတ္သတ္ေသာသက္ေသက ဆန္းရႈိင္းထံတြင္ရွိေနေၾကာင္းသတင္းရမွာသာ မင္းခန္႔ကသူ႔အားလိမ္ညာခဲ့မွန္းသိခဲ့ရတာျဖစ္သည္။ဆန္းရႈိင္းထံမွသက္ေသကို လူလႊတ္ၿပီးအစေဖ်ာက္ခိုင္းျပန္ေတာ့လည္း ထိုလူအားမင္းခန္႔က သတ္ပစ္ခဲ့တာပင္။

" ၿမိဳ႕ေတာ္၀န္ "

႐ုံးခန္းထဲသို႔၀င္ေရာက္လာသည့္ ၀န္ထမ္းတစ္ေယာက္ေၾကာင့္ ၿမိဳ႕ေတာ္၀န္ကတီဗြီကိုပိတ္ရင္း ထိုလူကိုလွမ္းၾကည့္လိုက္သည္။

" ဘာေျပာစရာရွိသလဲ "

" အခုျဖစ္ေနတဲ့သတင္းေတြနဲ႔ပတ္သတ္ၿပီး မနက္ျဖန္မနက္မွာအစစ္ေဆးခံဖို႔ လင္းဟုန္အမႈစစ္႐ုံးကဆက္သြယ္လာပါတယ္ "

" ေက်ာ္၀ဏၰကဘာေျပာလဲ "
(ေက်ာ္၀ဏၰဆိုသည္မွာ လင္းဟုန္အမႈစစ္႐ုံး၏ရာထူးအႀကီးဆုံး ရဲမႉးခ်ဳပ္ျဖစ္သည္)

" ဗီဒီယိုဖိုင္ထဲမွာပါလာတဲ့႐ုပ္သံက ျပန္လည္ျပဳျပင္ထားတဲ့႐ုပ္သံမ်ိဳးျဖစ္တာေၾကာင့္ ၿမိဳ႕ေတာ္၀န္ရဲ႕မ်က္ႏွာက မသဲကြဲပါဘူး။ဒါေၾကာင့္.... "

" အဲ့ဒီ႐ုပ္သံထဲကလူက ငါမဟုတ္ဘူးလို႔ျငင္းဆန္လိုက္ရင္ရၿပီမလား "

ၿမိဳ႕ေတာ္၀န္ရဲ႕စကားေၾကာင့္ တစ္ဖက္လူကေခါင္းငုံ႔ကာႏႈတ္ဆိတ္သြား၏။

" အဲ့ကိစၥကငါနဲ႔မဆိုင္ဘူး အခင္းျဖစ္ပြားတဲ့ေန႔က ငါအလုပ္ကိစၥနဲ႔ခရီးသြားေနခဲ့တာ ေနာက္ၿပီးဒီဗီဒီယိုဖိုင္က ငါ့ကိုေခ်ာက္ခ်ခ်င္တဲ့လူေတြတမင္လုပ္ထားတဲ့ဗီဒီယိုဖိုင္။ငါေျပာတာနားလည္လား "

ၿမိဳေတာ္၀န္၏ႀကိဳတင္ႏႈတ္ပိတ္လိုက္မႈေၾကာင့္ တစ္ဖက္လူယုံမွာခ်က္ခ်င္းဆိုသလို ေခါင္းညိတ္ျပကာ သူ႔လက္ထဲမွ Mac bookအားၿမိဳ႕ေတာ့၀န္ေရွ႕သို႔ခ်ေပးလိုက္သည္။

" ဒါဆိုကြၽန္ေတာ္ဘာဆက္လုပ္လိုက္ရမလဲ "

" ၫႊန္ၾကားေရးမႉးဦးမင္းလြင္နဲ႔တာ၀န္ခံဦးသက္ပိုင္ကို မနက္ျဖန္စစ္ေဆးခံတဲ့အခါ ငါကအဲ့ဒီမီးေလာင္မႈျဖစ္ပြားတဲ့ေန႔ကသူတို႔နဲ႔အတူခရီးသြားေနတာျဖစ္ေၾကာင္းနဲ႔ ငါ့မွာဘာအျပစ္မွမရွိဘူးဆိုတာကို သက္ေသအျဖစ္ေျပာခိုင္းလိုက္ "

" ဟုတ္ကဲ့ "

ၿမိဳ႕ေတာ္၀န္ကဘာအပူအပင္မွမရွိသည့္ပုံစံျဖင့္ သူ႔စားပြဲေပၚမွပန္းသီးတစ္စိတ္အားယူကာ ေအးေအးလူလူျဖင့္စားျပလိုက္သည္။

" ေနာက္ၿပီးကြၽန္ေတာ္သတင္းတစ္ခုထပ္ရလာပါေသးတယ္ "

" ဘာသတင္းလဲ "

ၿမိဳ႕ေတာ္၀န္က မ်က္ႏွာေၾကာတင္းစြာျဖင့္စိုက္ၾကည့္ေနတာမို႔ ထိုလူယုံကမ်က္လႊာခ်ရင္း....

" ခြန္းသန္႔ရွိန္၀ါ ဒီေန႔ညကပဲလြတ္သြားပါၿပီ "

" ဘာ ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔လဲ "

" သူ႔လက္နက္ေတြကိုဖမ္းဆီးရရွိခဲ့တဲ့စခန္းက ခြန္းသန္႔ရွိန္၀ါရဲ႕စခန္းမဟုတ္ပဲ အျခားတစ္ေယာက္ရဲ႕စခန္းျဖစ္ေနတယ္လို႔ၾကားပါတယ္ တကယ့္တရားခံကေတာ့ အခုထိဖမ္းလို႔မမိေသးပါဘူး ေနာက္ၿပီးၿမိို႔ေတာ္၀န္ရဲ႕အတြင္းေရးမႉးေသဆုံးတဲ့ကိစၥက မွားယြင္းစြပ္စြဲခံရတဲ့အမႈျဖစ္ၿပီး အဲ့ေန႔ကခြန္းသန္႔ရွိန္၀ါကအျခားေနရာမွာရွိေနခဲ့တယ္လို႔ဆိုပါတယ္ "

" ဘယ္သူကသက္ေသထြက္ဆိုေပးတာလဲ "

" စိုင္မြန္ရွင္းသန္႔ပါ ေနာက္ၿပီးခြန္းသန္႔ကေျမေအာက္ဂိုဏ္းေတာ္ေတာ္မ်ားမ်ားနဲ႔ဆက္အသြယ္ရွိတဲ့အတြက္ အလြယ္တကူျပန္လြတ္ေျမာက္သြားတဲ့ပုံပါပဲၿမိဳ႕ေတာ္၀န္ "

ၿမိဳ႕ေတာ္၀န္က ေလွာင္ေျပာင္ခ်င္ေသာအၿပဳံးျဖင့္ ခပ္႐ြဲ႕႐ြဲ႕ၿပဳံးရင္း လက္ထဲမွစားလက္စပန္းသီးစိတ္အား အ၀ေးသို႔လႊင့္ပစ္လိုက္သည္။ခြန္းသန္႔ရွိန္၀ါရဲ႕ လုပ္ပိုင္ခြင့္ႏွင့္အခြင့္အာဏာကိုလည္းၿမိဳ႕ေတာ္၀န္ေကာင္းေကာင္းသိ၏။ယခုကဲ့သို႔သူ႔အားစိတ္အေႏွာင့္အယွက္ေပးမည့္လူမွန္းသိခဲ့ပါလွ်င္ ထိုကေလးကိုငယ္႐ြယ္စဥ္တည္းက အျပတ္ရွင္းခဲ့မွာပင္။

" ေလာေလာဆယ္မနက္ျဖန္ကိစၥအတြက္ပဲအာ႐ုံစိုက္ထား က်န္တာကိုငါမနက္ျဖန္အစစ္ေဆးခံၿပီးျပန္လာရင္ ဆက္ရွင္းမယ္ "

" ဟုတ္ကဲ့ "

~~~~~

" ဒယ္ဒီ "

ဆန္းရႈိင္းကလက္လႊတ္ေပးလိုက္သည္ႏွင့္ ေနေနးကသူ႔အေဖထံတန္းတန္းမတ္မတ္ေျပးကာ ခြန္းသန္႔အေပၚကုတ္တြယ္ေတာ့သည္။ခြန္းသန္႔ကလည္း ေနေနးကိုေပြ႕ခ်ီကာ လြမ္းဆြတ္စြာျဖင့္နမ္းရႈံ႕လိုက္၏။သားနဲ႔ၾကာၾကာခြဲမေနဘူးတဲ့သူမို႔ သုံးရက္တာအခ်ိန္ကာလကလည္း တစ္ႏွစ္ေလာက္ၾကာရွည္သလိုခံစားရတာျဖစ္သည္။

" အသည္းတုန္ေလး လြမ္းေနတာ "

ခြန္းသန္႔ကသူ႔သားရဲ႕ဆံပင္ေတြကိုထိုးဆြရင္း ပါးႏွစ္ဖက္ကိုနမ္းရႈံ႕လိုက္၏။ရႈိင္းကေတာ့ မလွမ္းမကမ္းတြင္သာရပ္ၿပီး အလြမ္းသယ္ေနတဲ့သားအဖႏွစ္ေယာက္အား ၾကည္ႏူးစြာျဖင့္ေငးၾကည့္ေနတာျဖစ္သည္။အခ်ိန္ကာလအပိုင္းအျခားတစ္ခုတုန္းကလည္း ေဖေဖဟာသူ႔အားယခုကဲ့သို႔အခ်စ္ပိုခဲ့ဖူးပါသည္။သို႔ေပမယ့္ ရက္စက္တဲ့ကံၾကမၼာအလွည့္အေျပာင္းေၾကာင့္ ေဖေဖကေလာကႀကီးမွထြက္ခြာသြားခဲ့တာျဖစ္သည္။တစ္ရက္ကေလးေတာင္ ေမ့ေလ်ာ့ျခင္းမရွိပါပဲ အေဖ့အေၾကာင္းအၿမဲေျပာေနတတ္သည့္ ေဒၚစန္းေဌးရဲ႕စကားသံေၾကာင့္ ရႈိင္းရင္ထဲ၌ခ်စ္ျခင္းေမတၱာက မည္မွ်နက္ရႈိင္းသည္ကို သိလာရတာျဖစ္သည္။ထိုနက္ရႈိင္းမႈက အစိုင္အခဲေလးျဖစ္ခဲ့ပါလွ်င္ ထိုအစိုင္အခဲထဲ၌အခ်စ္ကေလးအား တသက္တာသိမ္းဆည္းထားခ်င္မိ၏။

" ဆန္းရႈိင္းေလး "

အေတြးအာ႐ုံမ်ားေနတုန္း ညင္သာစြာ၀င္ေရာက္လာသည့္အသံေလးေၾကာင့္ ရႈိင္းကခြန္းသန္႔အားစူးစူးနစ္နစ္လွမ္းၾကည့္လိုက္၏။ခြန္းသန္႔က ေနေနးအားေပြ႕ခ်ီရင္း က်န္သည့္လက္တစ္ဖက္ကေဘးဘက္သို႔ျဖန္႔က်က္ကာ သူ႔အားေထြးေပြ႕ေပးဖို႔ကမ္းလင့္ေနတာမို႔ ရႈိင္းကတုံ႔ဆိုင္းျခင္းမရွိပါပဲ ခြန္းသန္႔ရဲ႕ရင္ခြင္ထဲသို႔ေျပး၀င္လိုက္သည္။ထိုရင္ခြင္အား သိပ္ကိုလြမ္းေနပါသည္ဟုဖြင့္ဟခဲ့ပါလွ်င္ ဒါဟာတစ္ရာ,ရာခိုင္ႏႈန္းမုသားမပါသည့္ ထြက္ဆိုခ်က္ပင္ျဖစ္လိမ့္မည္။

" လြမ္းတယ္ ခ်စ္တယ္ ျမတ္ႏိုးတယ္ "

ရႈိင္းကခြန္းသန္႔ရဲ႕ရင္ခြင္ထဲ သူ႔မ်က္ႏွာကိုအပ္ရင္းဖြင့္ဟလာတာမို႔ ခြန္းသန္႔၏ႏႈတ္ခမ္းေထာင့္၌အၿပဳံးေရးထင္သြားၿပီး ရႈိင္းကိုတင္းက်ပ္စြာေထြးေပြ႕လိုက္သည္။

" ခင္ဗ်ားကသိပ္ဆိုးတယ္ "

~~~~~

" သုံးရက္ကေလး၀ေးကြာသြားတာနဲ႔ မ်က္ႏွာေလးကေခ်ာင္က်သြားေရာပဲ ငါ့ကိုအ႐ြဲ႕တိုက္ၿပီးေကာင္းေကာင္းမြန္မြန္လည္းမစားဘူးမလား "

ရႈိင္းကခြန္းသန္႔ရဲ႕မ်က္ႏွာကိုသူ႔လက္ႏွစ္ဖက္ျဖင့္ဆုပ္ကိုင္ရင္း အားမလိုအားမရျဖင့္ေျပာဆိုလာ၏။ခြန္းသန္႔ကေတာ့ ရႈိင္းရဲ႕လက္ဖ၀ါးကိုျဖန္႔ကာသူ႔ေမးေစ့ေလးတင္ရင္း ၿပဳံးျပလိုက္သည္။

" ရႈိင္းေဌးအျပစ္ေတြပဲေလ လူကိုလာေငါက္မေနနဲ႔ "

ခြန္းသန္႔ကျပန္လည္ေခ်ပစကားေျပာလာတာမို႔ ရႈိင္းကႏွာေခါင္းရႈံ႕ရင္း ခြန္းသန္႔ရဲ႕နဖူးကိုခပ္ဖြဖြလွမ္း႐ိုက္လိုက္သည္။

" အဲ့အေျပာေတြသတိထားေနာ္ အႀကီးကိုမ႐ိုမေသနဲ႔ "

" ဘယ္သူကအႀကီးလဲ "

" ငါေလ "

" အဲ့တာဆိုက်ဳပ္ကဘာလဲ "

" မင္းက ငါ့အခ်စ္ကေလး "

" ဟီးဟီး "

ခြန္းသန္႔ကပခုံးေလးတြန္႔သည္အထိႀကိတ္ၿပဳံးရင္း ရႈိင္းရဲ႕ခါးကိုလွမ္းဆြဲကာ သူ႔ေပါင္ေပၚသို႔ရွိိင္းခႏၶာကိုယ္တစ္ခုလုံးကိုဆြဲတင္လိုက္၏။နီးကပ္လြန္းတဲ့အေနအထားေၾကာင့္ ရႈိင္းကစိတ္လႈပ္ရွားစြာျဖင့္ အသက္ကိုေအာင့္ထားသည္။သို႔ေပမယ့္ သူ႔အေၾကာင္းသိေနသည့္အမ်ိဳးသားက ရႈိင္းရဲ႕ႏွာေခါင္းေအာက္လက္ညႇိဳးခံကာ အသက္ရႈ,မရႈစမ္းၾကည့္လာ၏။

" အသက္ေအာင့္ထားျပန္ၿပီ "

ခြန္းသန္႔က စိတ္တိုင္းမက်စြာေျပာဆိုလာရင္းရႈိင္းရဲ႕မ်က္ႏွာကိုဆြဲေမာ့ကာ ရႈိင္းႏႈတ္ခမ္းေတြေပၚ လွ်င္လွ်င္ျမန္ျမန္က်ဴးေက်ာ္လာ၏။ပထမဆုံးအႀကိမ္အနမ္းမ်ိဳးမဟုတ္ေတာ့ေသာ္လည္း ရွိိင္းရင္ထဲေတာ့ယခုတိုင္ စိတ္လႈပ္ရွားေနဆဲျဖစ္သည္။အခ်ိန္ၾကာေလေသြးေအးေလမဟုတ္ပဲ အခ်ိန္ၾကာေလျမတ္ႏိုးေလျဖစ္၏။အခ်စ္ကေလးနဲ႔ပတ္သတ္လွ်င္ ေသးငယ္တဲ့နမ္းရႈိက္မႈတစ္ခုကေတာင္ သူ႔ရဲ႕တစ္ေန႔တာကိုေပ်ာ္႐ႊင္ေစတာျဖစ္သည္။

" ခြန္းသန္႔ရွိန္၀ါ "

" ဘာလဲကြာ "

ရႈိင္းကခြန္းသန္႔ရဲ႕ရင္ဘတ္ကို အနည္းငယ္တြန္းထုတ္မိလိုက္တာမို႔ ခြန္းသန္႔ကအရွိန္ပ်က္သြားသည့္ၿပိဳင္ကားေလးတစ္စီးႏွယ္ ရႈိင္းရဲ႕ပခုံးေပၚရပ္နားသြားသည္။

" ၿမိဳ႕ေတာ္၀န္ရဲ႕သတင္းၾကားၿပီးၿပီမလား သူ႔ကိုမနက္ျဖန္စစ္ေဆးေတာ့မွာ "

ရႈိင္းက ခြန္းသန္႔ထံမွတုံ႔ျပန္လာမႈကိုေစာင့္ဆိုင္းေနမိေသာ္လည္း ထိုအမ်ိဳးသားကေတာ့ ဘယ္လိုမွမခံစားရသည့္ပုံစံျဖင့္ ရႈိင္းရဲ႕လက္ေတြကိုဆုပ္ကိုင္လာသည္။

" ခင္ဗ်ားသိလား သူ႔ဘ၀ႀကီးကကြၽန္ေတာ္လို႔မွတ္ယူထားခဲ့တဲ့ညီမေလးက ကြၽန္ေတာ့္ကိုသူစိမ္းတစ္ေယာက္လိုစကားစမေျပာေတာ့တဲ့အခ်ိန္က ခြန္းသန္႔ရွိန္၀ါရဲ႕ဘ၀မွာအေမွာင္ဖုံးလႊမ္းခဲ့တဲ့ေန႔ရက္ေတြပဲ "

ခြန္းသန္႔ရဲ႕စကားေၾကာင့္ ရႈိင္းရင္ထဲ၌စူးနင့္သြားရ၏။နာက်င္စရာအတိတ္ကာလဟု မွတ္ယူႏိုင္ေသာ္လည္း ကာယကံရွင္ကခြန္းသန္႔ရွိန္၀ါသာလွ်င္ျဖစ္တာမို႔ ထိုနာက်င္မႈအားရႈိင္းကိုယ္စားခံယူေပးလို႔မရေပ။အတိတ္မွာမည္မွ်နာက်င္ခဲ့မည္ကို ရႈိင္းေတြးဆလိုက္တိုင္း ခြန္းသန္႔ရွိန္၀ါရဲ႕လက္စားေခ်ခ်င္မႈကို ရႈိင္းကိုယ္ခ်င္းစာမိလာေလျဖစ္သည္။

" အတိတ္ကာလေတြကိုျပန္မေတြးခ်င္ဘူး ကြၽန္ေတာ့္ရဲ႕ငယ္ဘ၀က နာက်င္စရာေတြနဲ႔ပဲျပည့္ႏွက္ခဲ့တာ "

ခြန္းသန္႔ရဲ႕သက္ျပင္းခ်သံေၾကာင့္ ရႈိင္းကခ်က္ခ်င္းဆိုသလိုခြန္းသန္႔ရဲ႕နား႐ြက္ႏွစ္ဖက္အား သူ႔လက္ဖ၀ါးျဖင့္ခပ္ဖြဖြအုပ္မိုးကာ နဖူးေမာက္ေမာက္အားနမ္းရႈံ႕လိုက္သည္။

" ၀မ္းနည္းစရာေတြျပန္မေတြးနဲ႔ေတာ့ေနာ္္ လက္ရွိမွာမင္း,ကေလးရဲ႕အနာဂတ္နဲ႔ငါ့ကိုပဲထည့္ေတြးေပး ေနာက္ၿပီးအဲ့ဒီၿမိဳ႕ေတာ္၀န္ကိုလည္း မၾကာခင္အေရးယူေတာ့မွာပါ "

အေရးယူမည္ဆိုေသာစကားေၾကာင့္ ခြန္းသန္႔ကအံကိုတင္းတင္းႀကိတ္ထားမိသည္။ေသဆုံးသြားေသာ,ကေလးအခ်ိဳ႕ႏွင့္ နစ္နာခဲ့ေသာဘ၀ေတြကိုေတြးမိလိုက္တိုင္း ထိုလူကေထာင္ထဲ၌ေအးေအးလူလူေနရမည့္အဆင့္အတန္းေတာင္ ထိုက္တန္မေနေပ။ေသဆုံးျခင္းကသာ ထိုက္တန္သည္ဟုသတ္မွတ္ထားတာမို႔ ခြန္းသန္႔ကဘာတစ္ခြန္းမွ ျပန္မတုံ႔ျပန္ပဲ ရႈိင္းရဲ႕ပါးတစ္ဖက္ကို လွမ္းနမ္းလိုက္သည္။

" ခ်စ္တယ္...ဆန္းရႈိင္းကို "

" ျပပါဦး လက္ေကာက္၀တ္မွပြန္းပဲ့ဒဏ္ရာေလးေတြသက္သာသြားၿပီလား "

ရႈိင္းက အမာ႐ြတ္အနည္းငယ္က်န္ေနေသးသည့္ခြန္းသန္႔ရဲ႕လက္ေကာက္၀တ္ႏွစ္ခုကို စူးစူးနစ္နစ္ငုံ႔နမ္းကာ အာေငြ႕ေပးလိုက္၏။

" အုံဖြ ငါ့အခ်စ္ကေလးေတာ္ေတာ္နာသြားမွာ "

ရႈိင္းကခြန္းသန္႔ရဲ႕လက္ေကာက္၀တ္ကို သူ႔လက္ညႇိဳးေလးျဖင့္ခပ္ဖြဖြပြတ္ေပးရင္း စိတ္မေကာင္းျဖစ္ေနသည့္ပုံစံျဖင့္ ခြန္းသန္႔အားေငးေမာၾကည့္လိုက္၏။သို႔ေပမယ့္ ခြန္းသန္႔ရွိန္၀ါက ရႈိင္းရဲ႕ပခုံးကိုဆိုဖာေပၚလွဲက်ကာ အေပၚမွအုပ္မိုးထားလိုက္သည္။

" လွ်ိဳ႕၀ွက္ခ်က္တစ္ခုေျပာျပမယ္ "

ခြန္းသန္႔က ရႈိင္းရဲ႕နား႐ြက္နားသို႔နီးနီးကပ္ကပ္ေျပာဆိုလာတာမို႔ ရႈိင္းရဲ႕ပခုံးေလးပင္တုန္ယင္သြားရ၏။

" ကြၽန္ေတာ္ကနာက်င္မႈမဲ့ေနတဲ့လူတစ္ေယာက္ "

ခြန္းသန္႔ရဲ႕စကားေၾကာင့္ ရႈိင္းကမ်က္လုံးေလး၀ိုင္းစက္ကာ ခြန္းသန္႔အားေမာ့ၾကည့္လိုက္သည္။ခြန္းသန္႔ကေတာ့ သူ႔အေပၚအုပ္မိုးထားဆဲျဖစ္ၿပီး ရႈိင္းရဲ႕အက်ႌေအာက္ထဲသို႔လက္လွ်ိဳ၀င္လာ၏။

" ဒါေပမယ့္ ဆန္းရႈိင္းရဲ႕အထိအေတြ႕ကေတာ့ကြၽန္ေတာ့္ကိုနာက်င္ေစတယ္ ဒါကခင္ဗ်ားအေမေျပာဖူးတဲ့ေရစက္ေၾကာင့္မ်ားျဖစ္ေနမလား "

ခြန္းသန္႔ရဲ႕လက္တစ္ဖက္က ရႈိင္းရဲ႕၀မ္းဗိုက္ႏွင့္ရင္ဘတ္တစ္ေလွ်ာက္ေျပးလႊားေနတာမို႔ ရႈိင္းတစ္ကိုယ္လုံးတုန္ယင္လာရသည္။

" ခြန္းသန္႔..."

" တစ္ဘ၀လုံးပုံအပ္ၿပီးအေႂကြးဆပ္မယ္လို႔ ေဟာဒီပါးစပ္ေလးကေျပာခဲ့သလားလို႔ ဟမ္ "

ခြန္းသန္႔ကရႈိင္းရဲ႕ႏႈတ္ခမ္းေပၚ သူ႔လက္ညႇိဳးျဖင့္ဖိကာၾသရွရွေျပာလာတာမို႔ ရႈိင္းအသက္ေတာင္ျပင္းျပင္းမရႈရဲေပ။ေပကပ္ကပ္ပုံစံျဖင့္ မထုံတေထးငုံ႔ၾကည့္လာပုံက အဆိုးအေပေလးဆိုေပမယ့္ တြန္းမထုတ္ရက္ေပ။သက္ဆိုင္သူအေပၚ  အနည္းငယ္ေတာင္အျပစ္ျမင္ခ်င္စိတ္မရွိပဲ အရႈံးေပးခ်င္ေနတဲ့စိတ္က အေမနဲ႔တူတာေနမွာ။

" ခင္ဗ်ားရဲ႕အခ်စ္ကေလးက နည္းနည္းအ႐ိုင္းဆန္တာလုပ္ၾကည့္မယ္ဆိုရင္ ဆန္းရႈိင္းေလးကစိတ္ဆိုးမွာလား "

ခြန္းသန္႔က ရႈိင္းႏႈတ္ခမ္းအေပၚမွသူ႔လက္ညႇိဳးကိုတျဖည္းျဖည္းေအာက္သို႔ေလွ်ာခ်ရင္း ရႈိင္းရဲ႕ရွပ္အက်ႌကို ပခုံးေပၚသည္အထိဆြဲခ်လိုက္၏။ရႈိင္းကေတာ့ သူ႔ခႏၶာကိုယ္ေလးကိုက်ဳံ႕ရင္း ေျခေခ်ာင္းေလးေတြကို ကုတ္ထားသည္။

" ဒီလက္ေတြက က်ဳပ္ကိုလက္ထိပ္ခတ္ခဲ့တာလား "

ခြန္းသန္႔က သူ႔ေဘာင္းဘီမွခါးပတ္ႀကိဳးကိုဆြဲျဖဳတ္ရင္း ရႈိင္းရဲ႕လက္ႏွစ္ဖက္ကိုဆြဲေျမႇာက္ကာ ခ်ည္ေႏွာင္ထားလိုက္၏။ရႈိင္းအေနျဖင့္ လက္ႏွစ္ဖက္ခ်ည္ေႏွာင္ခံထားရတာေၾကာင့္ ထိုခႏၶာကိုယ္ေအာက္မွ႐ုန္းထြက္ဖို႔မလြယ္ေတာ့ေပ။႐ုန္းထြက္ဖို႔ မႀကိဳးစားမိတာဟုအဓိပၸာယ္ဖြင့္ဆိုလွ်င္ ပိုမွန္လိမ့္မည္။

" ဒါငါ့ကို ျပန္လက္စားေခ်ေနတာလား "

" လက္စားမေခ်၀ံ့ပါဘူး ေဒၚစန္းေဌးသားေလးကို အခြံႏြာမလို႔ "

" ငါ့အေမနာမည္ကို ခဏခဏမေျပာစမ္းနဲ႔ကြာ "

" ဟုတ္ၿပီ ဒါဆိုဒီေကာင္ရဲ႕ရင္ဘတ္ထဲကဆန္းရႈိင္းေလးရဲ႕နာမည္ကိုပဲေျပာေတာ့မယ္ "

ခြန္းသန္႔က ရႈိင္းရဲ႕ပခုံးကိုခပ္ဖြဖြကိုက္ရင္း ရႈိင္းရဲ႕ရင္ဘတ္တစ္ေလွ်ာက္သူ႔လွ်ာျဖင့္ထိုးေမႊလာ၏။ထူးဆန္းသည့္အထိအေတြ႕ေၾကာင့္ ရွိိုင္းကေအာက္ႏႈတ္ခမ္းကိုဖိကိုက္ရင္း ခ်ည္ေႏွာင္ခံထားရသည့္သူ႔လက္ႏွစ္ဖက္ကို တင္းက်ပ္စြာလက္သီးဆုပ္ထားမိသည္။ထိုအမ်ိဳးသားက ဘယ္အေနအထားကိုေျခလွမ္းေနမွန္းသိတာေၾကာင့္ ရႈိင္းရဲ႕ႏွလုံးခုန္သံေတြက ဆူပြက္ေနသည့္ေရေႏြးေပါက္ပမာ ခုန္ေပါက္ေနတာျဖစ္၏။

" ခြန္း.....ခြန္းသန္႔ "

" လိုခ်င္လား "

နီးကပ္စြာေမးခြန္းထုတ္လာသည့္အဆိုးအေပေလးေၾကာင့္ ရႈိင္းမ်က္ႏွာတစ္ခုလုံးရဲတက္လာရသည္။စိတ္ရွိတိုင္းသာဆို ေခါင္းကိုေခါက္ကာ အႀကီးကိုအဲ့သည္လိုေျပာရလားဆိုၿပီး ဆုံးမခ်င္မိပါရဲ႕။

" ေနေနးက အျပင္ထြက္လာရင္..... "

" က်ဳပ္သားက ဒီအခ်ိန္ဆင္တက္နင္းေတာင္သူ,မႏိုးဘူး "

ခြန္းသန္႔က စိတ္မရွည္ေတာ့သည့္ေခြးေပါက္ေလးနည္းတူ ရႈိင္းရဲ႕ပခုံးကို ခပ္ဖြဖြဆြဲကိုက္လာ၏။ထိုအမ်ိဳးသားႏွင့္ပတ္သတ္လွ်င္ ဘယ္ေသာအခါမွ ျငင္းဆန္ျခင္းမရွိခဲ့တာေၾကာင့္ ရႈိင္းကေခါင္းကိုညိတ္ကာ မ်က္လုံးစုံမွိတ္လိုက္သည္။ဒါဟာအေပါစားဆန္တာမဟုတ္ပဲ ထိုအမ်ိဳးသားအေပၚပုံအပ္ထားသည့္ သူ႔ရဲ႕ခ်စ္ျခင္းေမတၱာေၾကာင့္ျဖစ္၏။အတြင္းထဲထိ ထိုးေဖာက္ျမင္ႏိုင္ခဲ့ပါလွ်င္ အခ်စ္ကေလးသိႏိုင္ေကာင္းပါရဲ႕။
.
.
.
.
.
အတူမေနတာၾကာသည့္အေလွ်ာက္ အသားမက်ေသးသည့္နာက်င္မႈကိုအထိုက္အေလ်ာက္ခံစားရတုန္းျဖစ္သည္။ရႈိင္းက အံ့ကိုႀကိတ္ရင္းမ်က္ႏွာတစ္ဖက္လွည့္လိုက္ေသာ္လည္း ခြန္းသန္႔ကခ်က္ခ်င္းဆိုသလိုရႈိင္းမ်က္ႏွာကို ဆြဲလွည့္ကာဖိကပ္နမ္းရႈိက္လာ၏။ထို႔ေနာက္ ရႈိင္းလက္ႏွစ္ဖက္ကိုပူးခ်ည္ထားသည့္ ခါးပတ္ႀကိဳးကိုဆြဲျဖဳတ္ကာ ထိုလက္ႏွစ္ဖက္ကိုသူ႔ပခုံးေပၚတင္ေစလိုက္သည္။ဆိုလိုသည္က သူ႔ပခုံးအားတင္းက်ပ္စြာဖက္ထားေစခ်င္ေသာ သေဘာပင္။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် သာယာမႈဆိုေသာခံစားခ်က္ကို ရႈိင္းကိုယ္ထဲ၌ခံစားလာရသည္။ေမာပန္းျခင္းမရွိပါပဲ သူ႔အေပၚဦးေဆာင္ေနသည့္အမ်ိဳးသားေၾကာင့္ ရႈိင္းကခြန္းသန္႔ရဲ႕ပခုံးကိုတင္းက်ပ္စြာဖက္ကာ သူ႔မ်က္ႏွာကိုခြန္းသန္႔လည္ပင္းထက္၌ အပ္ႏွံထားလိုက္သည္။ခ်စ္သည္၊ျမတ္ႏိုးသည္ဟု အခ်ိန္တိုင္းဖြင့္ဟေျပာဆိုေနပါလွ်င္ အခ်စ္ကေလးနားၿငီးႏိုင္ေလာက္ပါရဲ႕။

" ေမာင္ "

" ရွိတယ္ဗ် "

" ငါကအခ်စ္ကေလးကို အမ်ားႀကီးခ်စ္တယ္ေနာ္ "

ရႈိင္းရဲ႕စကားအဆုံး၌ ခြန္းသန္႔ကေက်နပ္စြာၿပဳံးရယ္ရင္း ရႈိင္းရဲ႕မ်က္ႏွာတစ္ေလွ်ာက္ ေနရာလြတ္မရွိေစရေအာင္ စူးစူးနစ္နစ္နမ္းရႈံ႕လာ၏။

" ေမာင္ကလည္း ေမာင့္ဆန္းရႈိင္းေလးကိုအမ်ားႀကီးခ်စ္တယ္ေနာ္ "

~~~~~~~~~

" ၿမိဳ႕ေတာ္၀န္ေရာက္လာၿပီ "

အမႈစစ္႐ုံးေရွ႕၌ ကားရပ္သည္ဆိုလွ်င္ပဲ သတင္းသမားမ်ားႏွင့္ လာေရာက္စူးစမ္းၾကေသာလူထုႀကီးက ေအာ္ဟစ္ကာ ၿမိဳ႕ေတာ္၀န္ကိုအလုအယက္သတင္းေမးၾက၏။ၿမိဳ႕ေတာ္၀န္ကေတာ့ အျပစ္ကင္းသည့္ႏွယ္ ကားထဲမွတည္ၿငိမ္စြာထြက္လာကာ သူ႔ကုတ္အက်ႌအား ေသခ်ာဆြဲစိလိုက္သည္။ရႈိင္းကေတာ့ သူတို႔စခန္းအေပါက္၀မွ ၿမိဳ႕ေတာ္၀န္အားအံႀကိတ္ကာ လွမ္းၾကည့္ေနတာျဖစ္သည္။

* အခ်ိန္က်ၿပီပဲ

ခြန္းသန္႔ရွိန္၀ါက ရႈိင္းတို႔စခန္းကိုလွမ္းျမင္ရသည့္အေဆာက္အဦးထက္တြင္ေနရာယူကာ သူအၿမဲ၀တ္ဆင္ေနသည့္ သားေရလက္အိတ္ႏွင့္Maskအနက္ကိုအရင္၀တ္ရင္း ဦးထုပ္ကိုခပ္ငိုက္ငိုက္ေဆာင္းလိုက္၏။ထို႔ေနာက္ သူ႔ရဲ႕အဖိုးတန္ျဖစ္တဲ့ b14 HMRအမ်ိဳးအစားျဖစ္သည့္ Sniper Rifleေသနတ္ကို ေသခ်ာတပ္ဆင္ကာ ၿမိဳ႕ေတာ္၀န္၏ဦးေခါင္းတည့္တည့္သို႔ခ်ိန္ထားလိုက္သည္။ၿမိဳ႕ေတာ္၀န္ကို ယခုလိုအဆုံးသတ္ဖို႔ႀကံစည္ေနသည္ကို ရႈိင္းသာသိခဲ့ပါလွ်င္ သူ႔အားတားဆီးမွာအေသအခ်ာပင္။သို႔ေပမယ့္ ၿမိဳ႕ေတာ္၀န္ကေသဆုံးျခင္းႏွင့္သာ ထိုက္တန္သည္ဟုခြန္းသန္႔စိတ္ထဲ၌ သတ္မွတ္ထားတာမို႔ ယခုလိုႀကိဳးစားအားထုတ္ေနျခင္းျဖစ္သည္။

" ၿမိဳ႕ေတာ္၀န္ရွင့္ ယခုထြက္ေပၚလာတဲ့သတင္းေတြနဲ႔ပတ္သတ္ၿပီး ဘယ္လိုေျဖရွင္းခ်က္မ်ိဳးေပးခ်င္ပါသလဲ "

သတင္းသမားေတြ၏ အလုအယက္ေမးလာသည့္ေမးခြန္းေၾကာင့္ ၿမိဳ႕ေတာ္၀န္က ခပ္႐ြဲ႕႐ြဲ႕ၿပဳံးရင္းထိုလူထုႀကီးအားလွမ္းၾကည့္လိုက္သည္။

" အခ်ိန္တန္ရင္အျဖစ္မွန္ကိုသိရပါလိမ့္မယ္ ဒါေပမယ့္အခုပ်ံ႕လြင့္ေနတဲ့သတင္းက မဟုတ္မမွန္တဲ့ေကာလဟာလေတြသာျဖစ္တာေၾကာင့္ အေကာင္းဆုံးေျဖရွင္းၿပီးျပန္ထြက္လာခဲ့ပါ့မယ္ "

" ဒါဆို ၿမိဳ႕ေတာ္၀န္ရဲ႕အသံနဲ႔ဗီဒီယိုဖိုင္ကိုေရာ ဘယ္လိုေျဖရွင္းခ်က္ေပးမွာလဲ "

" ဒါကေတာ့.... "

ၿမိဳ႕ေတာ္၀န္က ေျဖရွင္းခ်က္ေပးဖို႔ႀကိဳးစားရင္း ထိုလူထုၾကားထဲ၌ သူ႔အားနာက်ည္းေနသည့္ပုံစံျဖင့္ ရပ္ၾကည့္ေနသည့္ခ်န္းမင္းထိုက္ေၾကာင့္ ခ်က္ခ်င္းဆိုသလိုသူ႔စကားေတြကရပ္တန္႔သြားသည္။ခ်န္းမင္းထိုက္ရဲ႕ပုံစံက သူ႔အားအျဖစ္မွန္ေတြကို၀န္ခံေစခ်င္ပုံရၿပီး ထိုက္သင့္တဲ့အျပစ္ဒဏ္ကို ခံယူေစခ်င္ေနသည့္ပုံစံမ်ိဳးျဖစ္ေနတာေၾကာင့္ ၿမိဳ႕ေတာ္၀န္က ခ်က္ခ်င္းမ်က္ႏွာလႊဲကာ ေနာက္တစ္ဖန္ၿပဳံးျပလိုက္၏။

" အဲ့ဒီဗီဒီယိုဖိုင္ကလည္း လုပ္ႀကံထားတဲ့အရာ၀တၳဳသပ္သပ္ျဖစ္တာမို႔လို႔ အခ်ိန္တန္ရင္အျဖစ္မွန္ေတြ သိပါလိမ့္မယ္ အခုေတာ့အျပစ္မရွိေၾကာင္းသက္ေသျပဖို႔ ကြၽန္ေတာ္အစစ္ေဆးခံမွာပါ "

" Let's Do It Khoon Thant! "

ခြန္းသန္႔က သူ႔ကိုယ္သူျပန္အားေပးရင္း သူကိုင္ေဆာင္ထားသည့္ Rifleအားတစ္ခ်က္ဖိကပ္နမ္းလိုက္၏။ထို႔ေနာက္ ၿမိဳ႕ေတာ္၀န္ရဲ႕ဦးေခါင္းတည့္တည့္ကိုေသနတ္ေျပာင္း၀ျဖင့္ ခ်ိန္႐ြယ္ရင္း အဆုံးသတ္ဖို႔အသင့္ျပင္လိုက္သည္။

ဒိုင္း~~

အရွိန္အဟုန္ျပင္းစြာ ထိုးစစ္ဆင္လာသည့္က်ည္ဆံက ၿမိဳေတာ္၀န္၏ဦးေခါင္းတည့္တည့္သို႔ ထိုးေဖာက္သြား၏။ဆူညံသြားေသာလူထုႀကီးႏွင့္ ႐ုတ္႐ုတ္သည္းသည္းျဖစ္သြားေသာ ရဲ၀န္ထမ္းေတြေၾကာင့္ ခြန္းသန္႔ကအသက္ပင္မရႈႏိုင္ေတာ့ေလာက္ေအာင္ သူ႔လက္ထဲမွေသနတ္အား အျမန္ေအာက္ခ်ကာ ပုန္းကြယ္လိုက္၏။သူကိုယ္တိုင္ပင္မထင္မွတ္ထားသည့္ အေျခအေနေၾကာင့္ခြန္းသန္႔က လက္သီးဆုပ္ကာအံႀကိတ္ထားမိသည္။အေၾကာင္းမွာ သူ႔ထက္လွ်င္ျမန္သည့္ အျခားေသနတ္ထဲမွက်ည္ဆံက ၿမိဳ႕ေတာ္၀န္ကိုေနရာဦးသြားျခင္းေၾကာင့္ျဖစ္သည္။ထိုလူဟာ မည္သူမွန္းမသိေသာ္လည္း လူသတ္မိေတာ့မည့္ခြန္းသန္႔ရဲ႕လက္ကို အခ်ိန္မွီတားဆီးႏိုင္လိုက္ျခင္းပင္။

11.11.23
Grey

~~~~~~~~

Fortsæt med at læse

You'll Also Like

488K 88.9K 177
Fan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] ...
168K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
402K 40.9K 46
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
146K 26.7K 102
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...