Twenty Six Revenge

By greyvictor25

438K 29.4K 5.3K

Khoon Thant Shein Wah+Sunshine SiThu More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
44
45
46
47
48
Final

43

5.9K 473 39
By greyvictor25

" ကျေးဇူးတင်ပါတယ်နော်အစ်ကို ကျွန်တော်ကဗီဒီယိုဖိုင်ပြန်မရတော့ဘူးထင်နေတာ "

" အစ်ကိုလည်းအစကမရတော့ဘူးထင်ခဲ့တာ...ဒါပေမယ့်အစ်ကို့သူငယ်ချင်းကအဲ့အပိုင်းနဲ့ပတ်သတ်ပြီးကျွမ်းကျင်တဲ့သူမို့ အဆင်ပြေသွားတယ်ပဲပြောရမှာပေါ့ "

" ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို "

ရှိုင်းက မြို့တော်၀န်ဆီမှပြန်လာပြီးနောက် သူ့စီနီယာအစ်ကိုထံမှမြို့တော်၀န်ရဲ့အသံနှင့်ဗီဒီယိုမှတ်တမ်းပါ၀င်သည့်သက်သေအား အချိန်မှီသွားယူလိုက်တာဖြစ်သည်။ထို့နောက် အပြင်သို့ပြန်ထွက်ခဲ့ကာ နာရီအားတစ်ချက်ငုံ့ကြည့်လိုက်၏။ညရှစ်နာရီကျော်သွားပြီဆိုသော်ငြား မင်းခန့်နှင့်အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ချိန်းဆိုထားတာမို့ ရှိုင်းကသူတို့နှစ်ယောက်ဆုံနေကြဖြစ်သော convenience storeဘက်သို့ထွက်လာခဲ့သည်။ထိုရောက်မှပဲ ရှိုင်းညစာစားဖို့ ကြံစည်ရတော့မှာဖြစ်၏။ယခုချိန်၌ အချစ်ကလေးတစ်ယောက် သူပို့ခိုင်းလိုက်သည့်ထမင်းဘူးအား ကုန်အောင်စားပါစေဟူ၌လည်း ရှိုင်းစိတ်ထဲ၌ဆုတောင်းနေမိတာဖြစ်သည်။

" ဆန်းရှိုင်းစည်သူ "

သူ့အရှေ့မှပိတ်ရပ်ကာ တားဆီးလိုက်တဲ့မြို့တော်၀န်ရဲ့လူယုံတစ်ယောက်ကြောင့် ရှိုင်းကသူယူလာသည့်သက်သေခံစတစ်လေးအား ဘောင်းဘီအိတ်ထဲသို့ထိုးထည့်လိုက်သည်။ထိုလူက မြို့တော်၀န်ရဲ့လူယုံတစ်ယောက်ဖြစ်မှန်း ရှိုင်းအသေအချာမှတ်မိနေတာဖြစ်သည်။

" စကားခဏလောက်ပြောကြမလား "

တစ်ဖက်လူက ရှိုင်းအနားသို့ကပ်ကာပြောလာတာမို့ ရှိုင်းကပတ်၀န်းကျင်အနေအထားကိုအကဲခတ်လိုက်သည်။လူသူရှင်းသည့်အပြင် လမ်းမီးတိုင်အနည်းငယ်သာရှိတာမို့ ရှိုင်းကလက်သီးကိုဆုပ်ကာ ထိုလူအားစိုက်ကြည့်လိုက်၏။

" ငါနဲ့မင်းနဲ့ကြားမှာ ဘာစကားမှပြောစရာမရှိဘူးထင်တယ် "

" စုံထောက်ကြီးက မြို့တော်၀န်ကိုသစ္စာဖောက်ဖို့ကြံစည်နေတာလား "

တစ်ဖက်လူက ဓားချွန်တစ်ခုအားထုတ်ယူကာ ရှိုင်းကိုရန်မူလာတာမို့ ရှိုင်းက ထိုလူရဲ့လက်ကိုဆွဲလိမ်ကာ တွန်းထုတ်လိုက်သည်။သို့ပေမယ့် မြို့တော်၀န်ရဲ့နောက်လိုက်တွေက အထူးလေ့ကျင့်သင်ပေးထားသည့်သူများဖြစ်တာကြောင့် ထိုလူကရှိုင်းကိုပြန်လည်တိုက်ခိုက်လာသည်။ရှိုင်းရဲ့ရင်ဘတ်ကိုဆောင့်ကန်လိုက်သည့် အရှိန်ကြောင့် ရှိုင်းကအသက်ပင်မနည်းလုရှုလိုက်ရ၏။ရင်ကျပ်ရောဂါအခံရှိတာမို့ ရှိုင်းကအနည်းငယ်မောပန်းလာကာ ထိုလူအားလှမ်းကြည့်လိုက်သည်။

" ခင်ဗျားအိတ်ကပ်ထဲက သက်သေကိုကျုပ်ကိုပေး "

တစ်ဖက်လူက သူ့လက်ထဲမှဓားဖြင့်ခြိမ်းခြောက်ကာ တောင်းလာသော်လည်းရှိုင်းကမပေးပေ။သူ့လိိုစုံထောက်ကိုသတ်လိုက်ရင် ယခုမြို့တော်၀န်ရင်ဆိုင်နေရသည့်ကိစ္စတွေက ပိုမိုကြီးထွားသွားတော့မှာမို့ ခြိမ်းခြောက်ရုံမျှသာခိုင်းစေလိုက်မှန်း ရှိုင်းရိပ်မိသည်။ထို့ကြောင့်လည်း တမင်မပေးပဲပေကပ်နေတာဖြစ်၏။

" ခင်ဗျားကအတော် ခေါင်းမာတာပဲ "

တစ်ဖက်လူက ရှိုင်းအနားသို့ကပ်လာဖို့ကြံသော်လည်း ချက်ချင်းဆိုသလိုခြေလှမ်းတွေက ရပ်တန့်သွား၏။အကြောင်းမှာ မင်းခန့်ကရှိုင်းအနောက်မှရပ်ကာ သွေးအေးစွာဖြင့်ကြည့်လာတာကြောင့်ဖြစ်သည်။တစ်ဖက်လူက သူ့လက်ထဲမှဓားကိုမသိမသာပြန်ဖွက်လိုက်ရင်း အခြားလမ်းထဲသို့ပြေး၀င်သွား၏။ထိုအချိန်မှသာ ရှိုင်းက အနောက်သို့လှည့်ကြည့်ရင်း မင်းခန့်အားအံ့သြစွာဖြင့်မျက်လုံးလေးပြူးပြလိုက်တာဖြစ်သည်။

" မင်းဘယ်လိုဖြစ်ပြီး... "

" အစ်ကိုက သတ္တိတွေသိပ်ကောင်းချင်နေတဲ့ပုံပဲ "

မင်းခန့်က ရှိုင်းရဲ့ဂျာကင်အင်္ကျီပေါ်မှ ပေကျံသွားသည့်ဖုန်တွေကိုသူ့လက်ဖြင့်ခါထုတ်ပေးရင်း ရှိုင်းကိုခုံတန်းတစ်ခုပေါ်တွင်ထိုင်စေလိုက်သည်။

" ဘယ်နားထိသွားသေးလဲ "

" ရတယ် ကြီးကြီးမားမားမဟုတ်ဘူး ရင်ဘတ်ကိုအကန်ခံလိုက်ရတာမို့ ငါနည်းနည်းလေးအသက်ရှုကျပ်သွားရုံပဲ ကျန်တာဘာမှမဖြစ်ဘူး"

ရှိုင်းကအဆင်ပြေသည့်ပုံစံဖြင့် ခေါင်းကိုညိတ်ပြနေသော်လည်း ပါးစပ်နှင့်ပါအသက်လုရှုနေရသည့်ပုံစံမျိုးဖြစ်နေတာကြောင့် မင်းခန့်ကသူ့မျက်ခုံးတွေကို အလိုမကျစွာဖြင့်စုကြုတ်လိုက်သည်။ထို့နောက် တစ်ဖက်လူထွက်ပြေးသွားခဲ့သည့်လမ်းကျဥ်းထဲသို့ လှမ်းကြည့်ကာပတ်၀န်းကျင်အခြေအနေကို အကဲခတ်လိုက်၏။

" ဘေဘီ စိတ်မရှိရင်ဒီမှာခဏလောက်စောင့်ပေးမလား "

မင်းခန့်ရဲ့စကားကြောင့် ရှောင်းကဆွံ့အသွားသည့်ပုံစံဖြင့် မင်းခန့်အားမော့ကြည့်လိုက်သည်။ထိုသို့သောအသုံးအနှုန်းဖြင့် သူ့ကိုမခေါ်ဆိုဖို့ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း မင်းခန့်ကနားထောင်သည့်ပုံမပေါ်ပေ။အသံကိုတည်ငြိမ်စွာခေါ်ဆိုရင်း ရှိုင်းမျက်လုံးကိုသေချာစူးစိုက်ကြည့်ကာပြောလာပုံက တမင်စနောက်ပြီးခေါ်ဆိုသည့်ပုံစံမျိုးမဟုတ်။

" မင်းခန့် နောက်တစ်ခါငါ့ကို.... "

" ခဏအတွင်းပြန်လာခဲ့မယ် "

မင်းခန့်က ရှိုင်းကိုထိုခုံတန်းတွင်ထားခဲ့ကာ မြို့တော်၀န်ရဲ့လူယုံထွက်ပြေးခဲ့သောလမ်းကျဥ်းရဲ့ဆန့်ကျင်ဘက်လမ်းထဲသို့ ပြေး၀င်ကာကွယ်ပျောက်သွားသည်။ရှိုင်းကတော့ သူ့အင်္ကျီအိတ်ကပ်ထဲမှ Asthma inhalerဘူးအားထုတ်ယူကာ ထိုအငွေ့တွေကိုအဆုတ်ထဲရောက်သည်အထိရှုသွင်းလိုက်၏။သူ့အနေဖြင့် အခြားလူတစ်ယောက်နှင့် တော်ရုံသင့်ရုံပြန်လည်တိုက်ခိုက်နိုင်ပါသော်လည်း သူ့ရင်ဘတ်သို့ပြင်းပြင်းထန်ထန်ထိခိုက်မိပါက ရှိုင်းရဲ့ရောဂါက ပြန်ဖောက်လာတာဖြစ်သည်။ထိုအားနည်းချက်ကိုလည်း ရှိုင်းစိတ်ပျက်မိတာအမှန်။
.
.
.
.
" ဟိုင်း "

မြို့တော်၀န်ရဲ့လူယုံက သူ့ကားထားခဲ့သောနေရာသို့ဦးတည်ကာ ပြန်လာခဲ့သော်လည်း မင်းခန့်ကထိုကားကိုမှီကာ ပေကပ်ကပ်ဖြင့်လှမ်းနှုတ်ဆက်လိုက်တာဖြစ်သည်။သည်နယ်မြေက မင်းခန့်နေထိုင်သည့်ရပ်ကွက်ဖြစ်သည့်အပြင် ဘယ်လမ်းမှာဘာရှိတယ်ကအစ မင်းခန့်ကသိနေတာမို့ ဖြတ်လမ်းမှတမင်၀င်ရောက်ကာ တစ်ဖက်လူအားအဆင်သင့်စောင့်နေတာဖြစ်၏။

" အဲရိုး "

" ဘယ်သူများလဲဆိုပြီးကြည့်နေတာ မြို့တော်၀န်ရဲ့နောက်လိုက်ခွေးလေး သက်နိုင်ဖြစ်နေတာပဲ "

သက်နိုင်က မင်းခန့်ကိုပြန်လည်ခုခံရန်သူ့လက်ထဲမှ ဓားချွန်အားအဆင်သင့်အနေအထားဖြင့် ထောင်ထားတာမို့ မင်းခန့်ကလက်ပိုက်ကာ ခပ်ရွဲ့ရွဲ့ကြည့်လိုက်သည်။

" ဆယ်မိနစ်ပဲအချိန်ရတာဆိုတော့ ခပ်မြန်မြန်ပဲလက်စသတ်လိုက်မလား "

မင်းခန့်က သက်နိုင်ထံသို့ချဥ်းကပ်လာတာမို့ သက်နိုင်ကသူ့လက်ထဲမှဓားဖြင့်မင်းခန့်အား လှမ်းထိုးလိုက်သည်။သို့ပေမယ့် ဓားနှင့်အကျွမ်းတ၀င်ရှိသည့်မင်းခန့်က တစ်ဖက်လူရဲ့လက်ထဲမှဓားကိုဖြတ်လုကာ ပြောင်းပြန်အနေအထားကိုင်လိုက်၏။ထို့နောက်တစက္ကန့်တောင် တွေ၀ေခြင်းမရှိပါပဲ တစ်ဖက်လူရဲ့လည်ပင်းထောင့်သို့ထိုးသွင်းကာ သူ့လက်ကိုအမြန်ဖယ်ရှားလိိုက်သည်။သို့မှသာ သူ့ကိုယ်ပေါ်သို့ အရောင်အစွန်းအထင်းမပေကျံတော့မှာဖြစ်သည်။

တစ်ဖက်လူကမြေပြင်ပေါ်လဲကျကာ ငြိမ်ကျသွားပြီဆိုကာမှ မင်းခန့်က တစ်ဖက်လူရဲ့အိတ်ကပ်ထဲမှဖုန်းကိုထုတ်ယူကာ နံပါတ်တစ်ခုအားခေါ်ဆိုလိုက်၏။ထိုလူက မြို့တော်၀န်ပင်ဖြစ်သည်။

" Hello "

" သိပ်မကြာခင် လာတွေ့မှာမို့လို့စောင့်နေ "

မင်းခန့်က အသံကိုပြတ်ပြတ်သားသားပြောကာဖုန်းချလိုက်၏။ဒါကလည်း မြို့တော်၀န်ကိုသတိပေးလိုက်ခြင်းတစ်မျိုးပင်။

~~~~
" ခေါက်ဆွဲထဲကြက်ဥပြုတ်ပါထည့်လာပေးတယ် ဘီယာကတော့ အစ်ကို့အကြိုက်ပေါ့ "

မင်းခန့်က စတိုးဆိုင်ထဲမှခေါက်ဆွဲပြုတ်နှင့် ဘီယာဘူးနှစ်ဘူးအား လက်ထဲယူဆောင်ကာ ထိုဆိုင်အရှေ့မှစားပွဲပေါ်တွင်ချပေးလိုက်သည်။ရှိုင်းကတော့ မင်းခန့်ယူလာပေးသည့်ခေါက်ဆွဲဘူးအား တူဖြင့်မွှေနှောက်ကာ အအေးခံလိုက်၏။

" အဲ့တော့ အစ်ကိုဘာဆက်လုပ်ဖို့စဥ်းစားထားလဲ "

" ခွန်းသန့်က သဘက်ခါဆိုရင်ပြန်လွှတ်တော့မှာ အဲ့တာကြောင့်သူ,မထွက်ခင်ငါဒီကိစ္စတွေအမြန်ဖြေရှင်းချင်တယ် "

" အင်း "

" ခွန်းသန့်ကပြန်လွတ်လာတာနဲ့ မြို့တော်၀န်ကိုလုပ်ကြံတော့မှာငါသိနေတယ် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ငါချစ်တဲ့လူရဲ့လက်ကိုတော့ အစွန်းအထင်းမခံနိုင်တာအမှန်ပဲ။နောက်ပြီးခွန်းသန့်ကသာ မြို့တော်၀န်ကိုဆိုးဆိုး၀ါး၀ါးလက်စားချေလိုက်မယ်ဆိုရင် သူကလည်းအဲ့ဒီအယုတ်တမာတွေနဲ့တန်းတူဖြစ်သွားတော့မှာလေ အတိတ်မှာနစ်နာခဲ့တယ်ဆိုပေမယ့် ဒါကပြဿနာကိုကောင်းစွာဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘူး "

" အဲ့တော့အစ်ကိုက မြို့တော်၀န်ကိုတရားဥပဒေနည်းနဲ့ပဲအရေးယူချင်တယ်ပေါ့ "

" အင်း "

" ဒါပေမယ့်ဦးစစ်ချန်းက တစ်နည်းမဟုတ်တစ်နည်းနဲ့ပြန်ပြီးလွတ်မြောက်အောင် လုပ်နေဦးမှာပဲ သူဘယ်လောက်ကောက်ကျစ်သလဲဆိုတာ အစ်ကိုကသေချာမှမသိသေးတာ "

" ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့သူ့ရဲ့မတရားမှုတွေကိုလူအကုန်သိအောင်လုပ်ပြီး ထောင်ထဲထည့်မှာပဲ "

ဦးတည်ချက်ခြင်းမတူသော်လည်း မင်းခန့်ကရှိုင်းပြောသမျှကို ဂရုတစိုက်နားထောင်ပေးကာ စားပွဲပေါ်မေးထောက်ရင်းခပ်ပြုံးပြုံးကြည့်နေ၏။ရှိုင်းကတော့ သူဆက်လုပ်မည့်အစီအစဥ်တွေကို မင်းခန့်အား ရှင်းပြပေးနေတာဖြစ်သည်။

" အစ်ကို မြို့တော်၀န်ကိုသေစေချင်လား ကျွန်တော်မေးတာကိုအကျယ်ချဲ့စဥ်းစားမနေပဲ အစ်ကို့စိတ်ထဲကအတိုင်းဖြေကြည့် "

" သူ့လိုလူမျိုးက သေခြင်းနဲ့ပဲထိုက်တန်တာဆိုပေမယ့်.... "

" အစ်ကိုက ခွန်းသန့်ရှိန်၀ါရဲ့လက်ကိုအစွန်းအထင်းမခံနိုင်လို့ မြို့တော်၀န်ကိုထောင်ထဲထည့်ချင်တာမလား "

" အင်း "

" ဒါဆိုကျွန်တော်သတ်ပေးမယ်လေ အစ်ကိုကျွန်တော့်ကိုဖမ်းမှာလား "

မင်းခန့်က ရှိုင်းကိုမေးထောက်ကာငေးကြည့်ရင်း ထိုမေးခွန်းအားမေးလိုက်တာဖြစ်သည်။ရှိုင်းကတော့ အလိုမကျဖြစ်သွားသည့်ပုံစံဖြင့် မင်းခန့်အားစူးစိုက်ကြည့်လိုက်၏။

" ငါပြောခဲ့တယ်မလား အဲ့လိုလုပ်တာကပြဿနာကိုအကောင်းဆုံး ဖြေရှင်းတဲ့နည်းလမ်းမဟုတ်ပါဘူးလို့ "

" ဟုတ်ပါပြီ ကျွန်တော်အစ်ကိုနဲ့ပြိုင်မငြင်းရဲပါဘူး "

မင်းခန့်က စားပွဲပေါ်မှဘီယာဘူးအားဖောက်ကာ ရှိုင်းဘက်သို့တွန်းပို့လိုက်၏။ရှိုင်းကလည်း ထိုဘီယာဘူးအားချက်ချင်းဆိုသလိုမော့သောက်လိုက်တာဖြစ်သည်။

" ငါအခုထိလက်မလျှော့ပဲ မြို့တော်၀န်ကိစ္စကိုဆက်လုပ်နေမှန်းခွန်းသန့်သာသိရင် ငါ့ကိုစိတ်နာသွားလောက်မလား "

ရှိုင်းက စိတ်မကောင်းဖြစ်နေသည့်ပုံစံဖြင့်ရေရွတ်လာတာမို့ မင်းခန့်ကသူ့အောက်နှုတ်ခမ်းတွင်ဖောက်ထားသည့် သံကွင်းကိုလျှာနဲ့ထိုးကလိလိုက်သည်။

" စိတ်မနာလောက်ပါဘူး သူလည်းအစ်ကို့ကိုချစ်တာပဲ "

" အင်း အဲ့လိုဆိုပေမယ့်နည်းနည်းတော့စိုးရိမ်မိသားပဲ "

" အစ်ကိုသူ့ကိုအရမ်းချစ်တာလား "

မင်းခန့်က ရှိုင်းရဲ့မျက်၀န်းပေါ်တွင်အဖြေရှာရင်းမေးလာတာဖြစ်သော်လည်း ရှိုင်းရဲ့မျက်၀န်းအကြည့်တွေက မိုးကောင်ကင်ပေါ်မော့ကြည့်ကာ တစ်စုံတစ်ယောက်အား လွမ်းဆွတ်သွားပုံရသည်။

" မင်းခန့်"

ရှိုင်းက စားပွဲပေါ်လက်နှစ်ဖက်ထောက်ရင်း မင်းခန့်အားပြန်လည်စူးစိုက်ကြည့်လာတာမို့ မင်းခန့်ကတံတွေးမြိုချကာ ရှိုင်းအားမေးငေါ့ပြလိုက်သည်။

" မင်းအမြတ်တနိုးစိုက်ပျိုးခဲ့တဲ့ပန်းပင်လေးကနေ အဖူးအပွင့်တွေ၀ေဆာအောင်ထွက်လာရင်မင်းဘယ်လိုခံစားရမလဲ "

" ကြည်နူးမိမှာပေါ့ "

" အင်း ငါခွန်းသန့်ရှိန်၀ါအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကလည်းအဲ့လိုပဲ ငါအမြတ်တနိုးစိုက်ပျိုးခဲ့တဲ့မေတ္တာပန်းကလေး ကောင်းမွန်ရှင်သန်ကြီးထွားစေဖို့ တစိမ့်စိမ့်ငေးကြည့်ရင်း မြတ်နိုးနေမိတာမျိုးလေ "

ရှိုင်းရဲ့စကားကြောင့် မင်းခန့်ကခေါင်းကိုအသာညိတ်ကာ ပြုံးပြလိုက်သည်။သို့ပေမယ့် သူ့ရင်ဘတ်ထဲတော့အနည်းငယ်နာကျင်သွားရတာဖြစ်၏။

" မင်းကကော အချစ်ကိုဘယ်လိုသတ်မှတ်ထားလဲမင်းခန့် "

ရှိုင်းက ခေါက်ဆွဲကိုပလုတ်ပလောင်းစားရင်းမေးလာတာမို့ မင်းခန့်က ရှိုင်းခေါက်ဆွဲမနင်အောင် အသင့်၀ယ်လာသည့်ရေဘူးအားရှိုင်းလက်ထဲသို့ထည့်ပေးလိုက်သည်။

" ကျွန်တော်သတ်မှတ်ထားတဲ့အချစ်ကတော့ရိုးရှင်းတယ် သူပျော်နေရင်ရပြီမို့ ကျွန်တော့်နှလုံးသားနဲ့အတိုက်အခံလုပ်ပြီး လောဘတက်ဖို့ကြိုးစားမိမှာမဟုတ်ဘူး "

" ကောင်းပါတယ် "

ရှိုင်းက လက်မတစ်ဖက်ထောင်ပြကာ ခေါက်ဆွဲဘူးထဲမှခေါက်ဆွဲရည်တွေအားမော့သောက်လိုက်သည်။မင်းခန့်ကတော့ ရှိုင်းရဲ့အပြုအမူတစ်ခုချင်းစီတိုင်းကို ခပ်ပြုံးပြုံးသာငေးကြည့်နေမိ၏။

" အစ်ကိုအရင်တစ်ခေါက်က ကျွန်တော့်ကိုပြောခဲ့တဲ့စကားလေးမှတ်မိလား ချမ်းဌေးဆိုတဲ့နာမည်အတိုင်းအေးချမ်းချင်ရင် ကျွန်တော့်ရဲ့ကြမ်းတမ်းနေတဲ့စိတ်တွေကိုအရင်ရအောင်ပြင်တဲ့လေ"

" အင်း မှတ်မိတယ်လေ အဲ့နေ့ကဒီဆိုင်ရှေ့မှာအစာလာတောင်းနေတဲ့ခွေးလေးကို မင်းကရန်ပြုနေလို့ငါတောင်စိတ်ဆိုးသွားသေးတယ်"

" ကျွန်တော်အဲ့နေ့အပြန်မှာပဲ အဲ့ခွေးလေးကိုကျွန်တော့်အိမ်မှာမွေးထားလိုက်တာ...အစ်ကို့စကားနားထောင်ချင်လို့ "

မင်းခန့်က တစ်ဖက်ကိုမျက်နှာလွှဲရင်းပြောလာတာမို့ ရှိုင်းကအံ့သြသွားသည့်ပုံစံဖြင့် မင်းခန့်အားခေါင်းစောင်းကြည့်သည်။

" မင်းတကယ်အဲ့ခွေးလေးကို မွေးလိုက်တာလား "

" အင်း "

" နှိပ်စက်ဖို့တော့မဟုတ်လောက်ပါဘူးနော် "

" နှိပ်စက်ဖို့အတွက်နဲ့ တကူးတကမွေးစရာမှမလိုတာ ကျွန်တော်ကသေချာဂရုစိုက်ပြီးမွေးထားတာပါ "

" လိမ္မာတယ် "

ရှိုင်းက မင်းခန့်ရဲ့ခေါင်းကို သူ့ညီလေးတစ်ယောက်သဖွယ်ပွတ်ပေးကာချီးကျူးလိုက်၏။ထိုအချိန်ခဏလေးအတွင်း၌ မင်းခန့်ရဲ့၀ဲဘက်ရင်အုံတွင် တုန်ယင်နေသည့်နှလုံးခုန်သံတို့က စတင်အရှိန်ပြင်းလာတော့တာဖြစ်သည်။မင်းခန့်က တစ်ခါမှမပြုံးဖူးသောအပြုံးမျိုးနှင့် ပါးချိုင့်လေးတွေထင်းထွက်နေအောင်ပြုံးရယ်ရင်း တစ်ဖက်ကိုအကြည့်လွှဲလိုက်၏။

" အစ်ကိုကဗျာ~~ "

5.11.23
Grey

~~~~~~~
" ေက်းဇူးတင္ပါတယ္ေနာ္အစ္ကို ကြၽန္ေတာ္ကဗီဒီယိုဖိုင္ျပန္မရေတာ့ဘူးထင္ေနတာ "

" အစ္ကိုလည္းအစကမရေတာ့ဘူးထင္ခဲ့တာ...ဒါေပမယ့္အစ္ကို႔သူငယ္ခ်င္းကအဲ့အပိုင္းနဲ႔ပတ္သတ္ၿပီးကြၽမ္းက်င္တဲ့သူမို႔ အဆင္ေျပသြားတယ္ပဲေျပာရမွာေပါ့ "

" ဘယ္လိုပဲျဖစ္ျဖစ္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္အစ္ကို "

ရႈိင္းက ၿမိဳ႕ေတာ္၀န္ဆီမွျပန္လာၿပီးေနာက္ သူ႔စီနီယာအစ္ကိုထံမွၿမိဳ႕ေတာ္၀န္ရဲ႕အသံႏွင့္ဗီဒီယိုမွတ္တမ္းပါ၀င္သည့္သက္ေသအား အခ်ိန္မွီသြားယူလိုက္တာျဖစ္သည္။ထို႔ေနာက္ အျပင္သို႔ျပန္ထြက္ခဲ့ကာ နာရီအားတစ္ခ်က္ငုံ႔ၾကည့္လိုက္၏။ညရွစ္နာရီေက်ာ္သြားၿပီဆိုေသာ္ျငား မင္းခန္႔ႏွင့္အလုပ္ကိစၥနဲ႔ပတ္သတ္ၿပီး ခ်ိန္းဆိုထားတာမို႔ ရႈိင္းကသူတို႔ႏွစ္ေယာက္ဆုံေနၾကျဖစ္ေသာ convenience storeဘက္သို႔ထြက္လာခဲ့သည္။ထိုေရာက္မွပဲ ရႈိင္းညစာစားဖို႔ ႀကံစည္ရေတာ့မွာျဖစ္၏။ယခုခ်ိန္၌ အခ်စ္ကေလးတစ္ေယာက္ သူပို႔ခိုင္းလိုက္သည့္ထမင္းဘူးအား ကုန္ေအာင္စားပါေစဟူ၌လည္း ရႈိင္းစိတ္ထဲ၌ဆုေတာင္းေနမိတာျဖစ္သည္။

" ဆန္းရႈိင္းစည္သူ "

သူ႔အေရွ႕မွပိတ္ရပ္ကာ တားဆီးလိုက္တဲ့ၿမိဳ႕ေတာ္၀န္ရဲ႕လူယုံတစ္ေယာက္ေၾကာင့္ ရႈိင္းကသူယူလာသည့္သက္ေသခံစတစ္ေလးအား ေဘာင္းဘီအိတ္ထဲသို႔ထိုးထည့္လိုက္သည္။ထိုလူက ၿမိဳ႕ေတာ္၀န္ရဲ႕လူယုံတစ္ေယာက္ျဖစ္မွန္း ရႈိင္းအေသအခ်ာမွတ္မိေနတာျဖစ္သည္။

" စကားခဏေလာက္ေျပာၾကမလား "

တစ္ဖက္လူက ရႈိင္းအနားသို႔ကပ္ကာေျပာလာတာမို႔ ရႈိင္းကပတ္၀န္းက်င္အေနအထားကိုအကဲခတ္လိုက္သည္။လူသူရွင္းသည့္အျပင္ လမ္းမီးတိုင္အနည္းငယ္သာရွိတာမို႔ ရႈိင္းကလက္သီးကိုဆုပ္ကာ ထိုလူအားစိုက္ၾကည့္လိုက္၏။

" ငါနဲ႔မင္းနဲ႔ၾကားမွာ ဘာစကားမွေျပာစရာမရွိဘူးထင္တယ္ "

" စုံေထာက္ႀကီးက ၿမိဳ႕ေတာ္၀န္ကိုသစၥာေဖာက္ဖို႔ႀကံစည္ေနတာလား "

တစ္ဖက္လူက ဓားခြၽန္တစ္ခုအားထုတ္ယူကာ ရႈိင္းကိုရန္မူလာတာမို႔ ရႈိင္းက ထိုလူရဲ႕လက္ကိုဆြဲလိမ္ကာ တြန္းထုတ္လိုက္သည္။သို႔ေပမယ့္ ၿမိဳ႕ေတာ္၀န္ရဲ႕ေနာက္လိုက္ေတြက အထူးေလ့က်င့္သင္ေပးထားသည့္သူမ်ားျဖစ္တာေၾကာင့္ ထိုလူကရႈိင္းကိုျပန္လည္တိုက္ခိုက္လာသည္။ရႈိင္းရဲ႕ရင္ဘတ္ကိုေဆာင့္ကန္လိုက္သည့္ အရွိန္ေၾကာင့္ ရႈိင္းကအသက္ပင္မနည္းလုရႈလိုက္ရ၏။ရင္က်ပ္ေရာဂါအခံရွိတာမို႔ ရႈိင္းကအနည္းငယ္ေမာပန္းလာကာ ထိုလူအားလွမ္းၾကည့္လိုက္သည္။

" ခင္ဗ်ားအိတ္ကပ္ထဲက သက္ေသကိုက်ဳပ္ကိုေပး "

တစ္ဖက္လူက သူ႔လက္ထဲမွဓားျဖင့္ၿခိမ္းေျခာက္ကာ ေတာင္းလာေသာ္လည္းရႈိင္းကမေပးေပ။သူ႔လိိုစုံေထာက္ကိုသတ္လိုက္ရင္ ယခုၿမိဳ႕ေတာ္၀န္ရင္ဆိုင္ေနရသည့္ကိစၥေတြက ပိုမိုႀကီးထြားသြားေတာ့မွာမို႔ ၿခိမ္းေျခာက္႐ုံမွ်သာခိုင္းေစလိုက္မွန္း ရႈိင္းရိပ္မိသည္။ထို႔ေၾကာင့္လည္း တမင္မေပးပဲေပကပ္ေနတာျဖစ္၏။

" ခင္ဗ်ားကအေတာ္ ေခါင္းမာတာပဲ "

တစ္ဖက္လူက ရႈိင္းအနားသို႔ကပ္လာဖို႔ႀကံေသာ္လည္း ခ်က္ခ်င္းဆိုသလိုေျခလွမ္းေတြက ရပ္တန႔္သြား၏။အေၾကာင္းမွာ မင္းခန္႔ကရႈိင္းအေနာက္မွရပ္ကာ ေသြးေအးစြာျဖင့္ၾကည့္လာတာေၾကာင့္ျဖစ္သည္။တစ္ဖက္လူက သူ႔လက္ထဲမွဓားကိုမသိမသာျပန္ဖြက္လိုက္ရင္း အျခားလမ္းထဲသို႔ေျပး၀င္သြား၏။ထိုအခ်ိန္မွသာ ရႈိင္းက အေနာက္သို႔လွည့္ၾကည့္ရင္း မင္းခန္႔အားအံ့ၾသစြာျဖင့္မ်က္လုံးေလးျပဴးျပလိုက္တာျဖစ္သည္။

" မင္းဘယ္လိုျဖစ္ၿပီး... "

" အစ္ကိုက သတၱိေတြသိပ္ေကာင္းခ်င္ေနတဲ့ပုံပဲ "

မင္းခန္႔က ရႈိင္းရဲ႕ဂ်ာကင္အက်ႌေပၚမွ ေပက်ံသြားသည့္ဖုန္ေတြကိုသူ႔လက္ျဖင့္ခါထုတ္ေပးရင္း ရႈိင္းကိုခုံတန္းတစ္ခုေပၚတြင္ထိုင္ေစလိုက္သည္။

" ဘယ္နားထိသြားေသးလဲ "

" ရတယ္ ႀကီးႀကီးမားမားမဟုတ္ဘူး ရင္ဘတ္ကိုအကန္ခံလိုက္ရတာမို႔ ငါနည္းနည္းေလးအသက္ရႈက်ပ္သြား႐ုံပဲ က်န္တာဘာမွမျဖစ္ဘူး"

ရႈိင္းကအဆင္ေျပသည့္ပုံစံျဖင့္ ေခါင္းကိုညိတ္ျပေနေသာ္လည္း ပါးစပ္ႏွင့္ပါအသက္လုရႈေနရသည့္ပုံစံမ်ိဳးျဖစ္ေနတာေၾကာင့္ မင္းခန္႔ကသူ႔မ်က္ခုံးေတြကို အလိုမက်စြာျဖင့္စုၾကဳတ္လိုက္သည္။ထို႔ေနာက္ တစ္ဖက္လူထြက္ေျပးသြားခဲ့သည့္လမ္းက်ဥ္းထဲသို႔ လွမ္းၾကည့္ကာပတ္၀န္းက်င္အေျခအေနကို အကဲခတ္လိုက္၏။

" ေဘဘီ စိတ္မရွိရင္ဒီမွာခဏေလာက္ေစာင့္ေပးမလား "

မင္းခန္႔ရဲ႕စကားေၾကာင့္ ေရွာင္းကဆြံ႕အသြားသည့္ပုံစံျဖင့္ မင္းခန္႔အားေမာ့ၾကည့္လိုက္သည္။ထိုသို႔ေသာအသုံးအႏႈန္းျဖင့္ သူ႔ကိုမေခၚဆိုဖို႔ အႀကိမ္ႀကိမ္သတိေပးခဲ့ေသာ္လည္း မင္းခန္႔ကနားေထာင္သည့္ပုံမေပၚေပ။အသံကိုတည္ၿငိမ္စြာေခၚဆိုရင္း ရႈိင္းမ်က္လုံးကိုေသခ်ာစူးစိုက္ၾကည့္ကာေျပာလာပုံက တမင္စေနာက္ၿပီးေခၚဆိုသည့္ပုံစံမ်ိဳးမဟုတ္။

" မင္းခန္႔ ေနာက္တစ္ခါငါ့ကို.... "

" ခဏအတြင္းျပန္လာခဲ့မယ္ "

မင္းခန္႔က ရႈိင္းကိုထိုခုံတန္းတြင္ထားခဲ့ကာ ၿမိဳ႕ေတာ္၀န္ရဲ႕လူယုံထြက္ေျပးခဲ့ေသာလမ္းက်ဥ္းရဲ႕ဆန္႔က်င္ဘက္လမ္းထဲသို႔ ေျပး၀င္ကာကြယ္ေပ်ာက္သြားသည္။ရႈိင္းကေတာ့ သူ႔အက်ႌအိတ္ကပ္ထဲမွ Asthma inhalerဘူးအားထုတ္ယူကာ ထိုအေငြ႕ေတြကိုအဆုတ္ထဲေရာက္သည္အထိရႈသြင္းလိုက္၏။သူ႔အေနျဖင့္ အျခားလူတစ္ေယာက္ႏွင့္ ေတာ္႐ုံသင့္႐ုံျပန္လည္တိုက္ခိုက္ႏိုင္ပါေသာ္လည္း သူ႔ရင္ဘတ္သို႔ျပင္းျပင္းထန္ထန္ထိခိုက္မိပါက ရႈိင္းရဲ႕ေရာဂါက ျပန္ေဖာက္လာတာျဖစ္သည္။ထိုအားနည္းခ်က္ကိုလည္း ရႈိင္းစိတ္ပ်က္မိတာအမွန္။
.
.
.
.
" ဟိုင္း "

ၿမိဳ႕ေတာ္၀န္ရဲ႕လူယုံက သူ႔ကားထားခဲ့ေသာေနရာသို႔ဦးတည္ကာ ျပန္လာခဲ့ေသာ္လည္း မင္းခန္႔ကထိုကားကိုမွီကာ ေပကပ္ကပ္ျဖင့္လွမ္းႏႈတ္ဆက္လိုက္တာျဖစ္သည္။သည္နယ္ေျမက မင္းခန္႔ေနထိုင္သည့္ရပ္ကြက္ျဖစ္သည့္အျပင္ ဘယ္လမ္းမွာဘာရွိတယ္ကအစ မင္းခန္႔ကသိေနတာမို႔ ျဖတ္လမ္းမွတမင္၀င္ေရာက္ကာ တစ္ဖက္လူအားအဆင္သင့္ေစာင့္ေနတာျဖစ္၏။

" အဲ႐ိုး "

" ဘယ္သူမ်ားလဲဆိုၿပီးၾကည့္ေနတာ ၿမိဳ႕ေတာ္၀န္ရဲ႕ေနာက္လိုက္ေခြးေလး သက္ႏိုင္ျဖစ္ေနတာပဲ "

သက္ႏိုင္က မင္းခန္႔ကိုျပန္လည္ခုခံရန္သူ႔လက္ထဲမွ ဓားခြၽန္အားအဆင္သင့္အေနအထားျဖင့္ ေထာင္ထားတာမို႔ မင္းခန္႔ကလက္ပိုက္ကာ ခပ္႐ြဲ႕႐ြဲ႕ၾကည့္လိုက္သည္။

" ဆယ္မိနစ္ပဲအခ်ိန္ရတာဆိုေတာ့ ခပ္ျမန္ျမန္ပဲလက္စသတ္လိုက္မလား "

မင္းခန္႔က သက္ႏိုင္ထံသို႔ခ်ဥ္းကပ္လာတာမို႔ သက္ႏိုင္ကသူ႔လက္ထဲမွဓားျဖင့္မင္းခန္႔အား လွမ္းထိုးလိုက္သည္။သို႔ေပမယ့္ ဓားႏွင့္အကြၽမ္းတ၀င္ရွိသည့္မင္းခန္႔က တစ္ဖက္လူရဲ႕လက္ထဲမွဓားကိုျဖတ္လုကာ ေျပာင္းျပန္အေနအထားကိုင္လိုက္၏။ထို႔ေနာက္တစကၠန္႔ေတာင္ ေတြ၀ေျခင္းမရွိပါပဲ တစ္ဖက္လူရဲ႕လည္ပင္းေထာင့္သို႔ထိုးသြင္းကာ သူ႔လက္ကိုအျမန္ဖယ္ရွားလိိုက္သည္။သို႔မွသာ သူ႔ကိုယ္ေပၚသို႔ အေရာင္အစြန္းအထင္းမေပက်ံေတာ့မွာျဖစ္သည္။

တစ္ဖက္လူကေျမျပင္ေပၚလဲက်ကာ ၿငိမ္က်သြားၿပီဆိုကာမွ မင္းခန္႔က တစ္ဖက္လူရဲ႕အိတ္ကပ္ထဲမွဖုန္းကိုထုတ္ယူကာ နံပါတ္တစ္ခုအားေခၚဆိုလိုက္၏။ထိုလူက ၿမိဳ႕ေတာ္၀န္ပင္ျဖစ္သည္။

" Hello "

" သိပ္မၾကာခင္ လာေတြ႕မွာမို႔လို႔ေစာင့္ေန "

မင္းခန္႔က အသံကိုျပတ္ျပတ္သားသားေျပာကာဖုန္းခ်လိုက္၏။ဒါကလည္း ၿမိဳ႕ေတာ္၀န္ကိုသတိေပးလိုက္ျခင္းတစ္မ်ိဳးပင္။

~~~~
" ေခါက္ဆြဲထဲၾကက္ဥျပဳတ္ပါထည့္လာေပးတယ္ ဘီယာကေတာ့ အစ္ကို႔အႀကိဳက္ေပါ့ "

မင္းခန္႔က စတိုးဆိုင္ထဲမွေခါက္ဆြဲျပဳတ္ႏွင့္ ဘီယာဘူးႏွစ္ဘူးအား လက္ထဲယူေဆာင္ကာ ထိုဆိုင္အေရွ႕မွစားပြဲေပၚတြင္ခ်ေပးလိုက္သည္။ရႈိင္းကေတာ့ မင္းခန္႔ယူလာေပးသည့္ေခါက္ဆြဲဘူးအား တူျဖင့္ေမႊေႏွာက္ကာ အေအးခံလိုက္၏။

" အဲ့ေတာ့ အစ္ကိုဘာဆက္လုပ္ဖို႔စဥ္းစားထားလဲ "

" ခြန္းသန္႔က သဘက္ခါဆိုရင္ျပန္လႊတ္ေတာ့မွာ အဲ့တာေၾကာင့္သူ,မထြက္ခင္ငါဒီကိစၥေတြအျမန္ေျဖရွင္းခ်င္တယ္ "

" အင္း "

" ခြန္းသန္႔ကျပန္လြတ္လာတာနဲ႔ ၿမိဳ႕ေတာ္၀န္ကိုလုပ္ႀကံေတာ့မွာငါသိေနတယ္ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ငါခ်စ္တဲ့လူရဲ႕လက္ကိုေတာ့ အစြန္းအထင္းမခံႏိုင္တာအမွန္ပဲ။ေနာက္ၿပီးခြန္းသန္႔ကသာ ၿမိဳ႕ေတာ္၀န္ကိုဆိုးဆိုး၀ါး၀ါးလက္စားေခ်လိုက္မယ္ဆိုရင္ သူကလည္းအဲ့ဒီအယုတ္တမာေတြနဲ႔တန္းတူျဖစ္သြားေတာ့မွာေလ အတိတ္မွာနစ္နာခဲ့တယ္ဆိုေပမယ့္ ဒါကျပႆနာကိုေကာင္းစြာေျဖရွင္းတဲ့နည္းလမ္းမဟုတ္ဘူး "

" အဲ့ေတာ့အစ္ကိုက ၿမိဳ႕ေတာ္၀န္ကိုတရားဥပေဒနည္းနဲ႔ပဲအေရးယူခ်င္တယ္ေပါ့ "

" အင္း "

" ဒါေပမယ့္ဦးစစ္ခ်န္းက တစ္နည္းမဟုတ္တစ္နည္းနဲ႔ျပန္ၿပီးလြတ္ေျမာက္ေအာင္ လုပ္ေနဦးမွာပဲ သူဘယ္ေလာက္ေကာက္က်စ္သလဲဆိုတာ အစ္ကိုကေသခ်ာမွမသိေသးတာ "

" ဘယ္လိုပဲျဖစ္ျဖစ္ ငါကေတာ့သူ႔ရဲ႕မတရားမႈေတြကိုလူအကုန္သိေအာင္လုပ္ၿပီး ေထာင္ထဲထည့္မွာပဲ "

ဦးတည္ခ်က္ျခင္းမတူေသာ္လည္း မင္းခန္႔ကရႈိင္းေျပာသမွ်ကို ဂ႐ုတစိုက္နားေထာင္ေပးကာ စားပြဲေပၚေမးေထာက္ရင္းခပ္ၿပဳံးၿပဳံးၾကည့္ေန၏။ရႈိင္းကေတာ့ သူဆက္လုပ္မည့္အစီအစဥ္ေတြကို မင္းခန္႔အား ရွင္းျပေပးေနတာျဖစ္သည္။

" အစ္ကို ၿမိဳ႕ေတာ္၀န္ကိုေသေစခ်င္လား ကြၽန္ေတာ္ေမးတာကိုအက်ယ္ခ်ဲ႕စဥ္းစားမေနပဲ အစ္ကို႔စိတ္ထဲကအတိုင္းေျဖၾကည့္ "

" သူ႔လိုလူမ်ိဳးက ေသျခင္းနဲ႔ပဲထိုက္တန္တာဆိုေပမယ့္.... "

" အစ္ကိုက ခြန္းသန္႔ရွိန္၀ါရဲ႕လက္ကိုအစြန္းအထင္းမခံႏိုင္လို႔ ၿမိဳ႕ေတာ္၀န္ကိုေထာင္ထဲထည့္ခ်င္တာမလား "

" အင္း "

" ဒါဆိုကြၽန္ေတာ္သတ္ေပးမယ္ေလ အစ္ကိုကြၽန္ေတာ့္ကိုဖမ္းမွာလား "

မင္းခန္႔က ရႈိင္းကိုေမးေထာက္ကာေငးၾကည့္ရင္း ထိုေမးခြန္းအားေမးလိုက္တာျဖစ္သည္။ရႈိင္းကေတာ့ အလိုမက်ျဖစ္သြားသည့္ပုံစံျဖင့္ မင္းခန္႔အားစူးစိုက္ၾကည့္လိုက္၏။

" ငါေျပာခဲ့တယ္မလား အဲ့လိုလုပ္တာကျပႆနာကိုအေကာင္းဆုံး ေျဖရွင္းတဲ့နည္းလမ္းမဟုတ္ပါဘူးလို႔ "

" ဟုတ္ပါၿပီ ကြၽန္ေတာ္အစ္ကိုနဲ႔ၿပိဳင္မျငင္းရဲပါဘူး "

မင္းခန္႔က စားပြဲေပၚမွဘီယာဘူးအားေဖာက္ကာ ရႈိင္းဘက္သို႔တြန္းပို႔လိုက္၏။ရႈိင္းကလည္း ထိုဘီယာဘူးအားခ်က္ခ်င္းဆိုသလိုေမာ့ေသာက္လိုက္တာျဖစ္သည္။

" ငါအခုထိလက္မေလွ်ာ့ပဲ ၿမိဳ႕ေတာ္၀န္ကိစၥကိုဆက္လုပ္ေနမွန္းခြန္းသန္႔သာသိရင္ ငါ့ကိုစိတ္နာသြားေလာက္မလား "

ရႈိင္းက စိတ္မေကာင္းျဖစ္ေနသည့္ပုံစံျဖင့္ေရ႐ြတ္လာတာမို႔ မင္းခန္႔ကသူ႔ေအာက္ႏႈတ္ခမ္းတြင္ေဖာက္ထားသည့္ သံကြင္းကိုလွ်ာနဲ႔ထိုးကလိလိုက္သည္။

" စိတ္မနာေလာက္ပါဘူး သူလည္းအစ္ကို႔ကိုခ်စ္တာပဲ "

" အင္း အဲ့လိုဆိုေပမယ့္နည္းနည္းေတာ့စိုးရိမ္မိသားပဲ "

" အစ္ကိုသူ႔ကိုအရမ္းခ်စ္တာလား "

မင္းခန္႔က ရႈိင္းရဲ႕မ်က္လုံးေပၚတြင္အေျဖရွာရင္းေမးလာတာေျဖေသာ္လည္း ရႈိင္းရဲ႕မ်က္၀န္းအၾကည့္ေတြက မိုးေကာင္ကင္ေပၚေမာ့ၾကည့္ကာ တစ္စုံတစ္ေယာက္အား လြမ္းဆြတ္သြားပုံရသည္။

" မင္းခန္႔"

ရႈိင္းက စားပြဲေပၚလက္ႏွစ္ဖက္ေထာက္ရင္း မင္းခန္႔အားျပန္လည္စူးစိုက္ၾကည့္လာတာမို႔ မင္းခန္႔ကတံေတြးၿမိဳခ်ကာ ရႈိင္းအားေမးေငါ့ျပလိုက္သည္။

" မင္းအျမတ္တႏိုးစိုက္ပ်ိဳးခဲ့တဲ့ပန္းပင္ေလးကေန အဖူးအပြင့္ေတြ၀ေဆာေအာင္ထြက္လာရင္မင္းဘယ္လိုခံစားရမလဲ "

" ၾကည္ႏူးမိမွာေပါ့ "

" အင္း ငါခြန္းသန္႔ရွိန္၀ါအေပၚထားတဲ့ခ်စ္ျခင္းေမတၱာကလည္းအဲ့လိုပဲ ငါအျမတ္တႏိုးစိုက္ပ်ိဳးခဲ့တဲ့ေမတၱာပန္းကေလး ေကာင္းမြန္ရွင္သန္ႀကီးထြားေစဖို႔ တစိမ့္စိမ့္ေငးၾကည့္ရင္း ျမတ္ႏိုးေနမိတာမ်ိဳးေလ "

ရႈိင္းရဲ႕စကားေၾကာင့္ မင္းခန္႔ကေခါင္းကိုအသာညိတ္ကာ ၿပဳံးျပလိုက္သည္။သို႔ေပမယ့္ သူ႔ရင္ဘတ္ထဲေတာ့အနည္းငယ္နာက်င္သြားရတာျဖစ္၏။

" မင္းကေကာ အခ်စ္ကိုဘယ္လိုသတ္မွတ္ထားလဲမင္းခန္႔ "

ရႈိင္းက ေခါက္ဆြဲကိုပလုတ္ပေလာင္းစားရင္းေမးလာတာမို႔ မင္းခန္႔က ရႈိင္းေခါက္ဆြဲမနင္ေအာင္ အသင့္၀ယ္လာသည့္ေရဘူးအားရႈိင္းလက္ထဲသို႔ထည့္ေပးလိုက္သည္။

" ကြၽန္ေတာ္သတ္မွတ္ထားတဲ့အခ်စ္ကေတာ့႐ိုးရွင္းတယ္ သူေပ်ာ္ေနရင္ရၿပီမို႔ ကြၽန္ေတာ့္ႏွလုံးသားနဲ႔အတိုက္အခံလုပ္ၿပီး ေလာဘတက္ဖို႔ႀကိဳးစားမိမွာမဟုတ္ဘူး "

" ေကာင္းပါတယ္ "

ရႈိင္းက လက္မတစ္ဖက္ေထာင္ျပကာ ေခါက္ဆြဲဘူးထဲမွေခါက္ဆြဲရည္ေတြအားေမာ့ေသာက္လိုက္သည္။မင္းခန္႔ကေတာ့ ရႈိင္းရဲ႕အျပဳအမူတစ္ခုခ်င္းစီတိုင္းကို ခပ္ၿပဳံးၿပဳံးသာေငးၾကည့္ေနမိ၏။

" အစ္ကိုအရင္တစ္ေခါက္က ကြၽန္ေတာ့္ကိုေျပာခဲ့တဲ့စကားေလးမွတ္မိလား ခ်မ္းေဌးဆိုတဲ့နာမည္အတိုင္းေအးခ်မ္းခ်င္ရင္ ကြၽန္ေတာ့္ရဲ႕ၾကမ္းတမ္းေနတဲ့စိတ္ေတြကိုအရင္ရေအာင္ျပင္တဲ့ေလ"

" အင္း မွတ္မိတယ္ေလ အဲ့ေန႔ကဒီဆိုင္ေရွ႕မွာအစာလာေတာင္းေနတဲ့ေခြးေလးကို မင္းကရန္ျပဳေနလို႔ငါေတာင္စိတ္ဆိုးသြားေသးတယ္"

" ကြၽန္ေတာ္အဲ့ေန႔အျပန္မွာပဲ အဲ့ေခြးေလးကိုကြၽန္ေတာ့္အိမ္မွာေမြးထားလိုက္တာ...အစ္ကို႔စကားနားေထာင္ခ်င္လို႔ "

မင္းခန္႔က တစ္ဖက္ကိုမ်က္ႏွာလႊဲရင္းေျပာလာတာမို႔ ရႈိင္းကအံ့ၾသသြားသည့္ပုံစံျဖင့္ မင္းခန္႔အားေခါင္းေစာင္းၾကည့္သည္။

" မင္းတကယ္အဲ့ေခြးေလးကို ေမြးလိုက္တာလား "

" အင္း "

" ႏွိပ္စက္ဖို႔ေတာ့မဟုတ္ေလာက္ပါဘူးေနာ္ "

" ႏွိပ္စက္ဖို႔အတြက္နဲ႔ တကူးတကေမြးစရာမွမလိုတာ ကြၽန္ေတာ္ကေသခ်ာဂ႐ုစိုက္ၿပီးေမြးထားတာပါ "

" လိမၼာတယ္ "

ရႈိင္းက မင္းခန္႔ရဲ႕ေခါင္းကို သူ႔ညီေလးတစ္ေယာက္သဖြယ္ပြတ္ေပးကာခ်ီးက်ဴးလိုက္၏။ထိုအခ်ိန္ခဏေလးအတြင္း၌ မင္းခန္႔ရဲ႕၀ဲဘက္ရင္အုံတြင္ တုန္ယင္ေနသည့္ႏွလုံးခုန္သံတို႔က စတင္အရွိန္ျပင္းလာေတာ့တာျဖစ္သည္။မင္းခန္႔က တစ္ခါမွမၿပဳံးဖူးေသာအၿပဳံးမ်ိဳးႏွင့္ ပါးခ်ိဳင့္ေလးေတြထင္းထြက္ေနေအာင္ၿပဳံးရယ္ရင္း တစ္ဖက္ကိုအၾကည့္လႊဲလိုက္၏။

" အစ္ကိုကဗ်ာ~~ "

5.11.23
Grey

~~~~~~~

Continue Reading

You'll Also Like

36.8K 4.9K 29
باس لە ژیانی کچێکی بچوک ئەکات کە لەبەر ھەژاری و نەداری بێ دایک و باوک وازی لەمەکتەب ھێناوە دەستی بەکار کردوە لە کۆمپانیەیەکی بەناوبانگ و بەھێز بەڵام...
43.6K 8K 34
Чшш...тэр түүх өгүүлж байна...
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
Twenty Six Revenge By Grey

Mystery / Thriller

438K 29.4K 49
Khoon Thant Shein Wah+Sunshine SiThu