Twenty Six Revenge

By greyvictor25

435K 29.2K 5.3K

Khoon Thant Shein Wah+Sunshine SiThu More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
42
43
44
45
46
47
48
Final

41

5.9K 502 53
By greyvictor25

" ခွန်းသန့်ရှိန်၀ါ "

ရှိုင်းလာကြည့်သည့်အချိန်တိုင်း ခွန်းသန့်ကအချုပ်ခန်းအပေါက်၀ကိုကျောပေးကာ အမြဲထိုင်နေတာဖြစ်သည်။သူ့အနေဖြင့် မည်သူ့မျက်နှာကိုမှမကြည့်ချင်တာကြောင့် ထိုသို့ပြုမူနေသလားဟုရှိုင်းတွေးတောမိ၏။

" ဘယ်အချိန်ထိငါ့ကိုအရွဲ့တိုက်ပြီး ဘာမှမစားပဲနေ,နေမှာလဲ "

ရှိုင်းကအချုပ်ခန်းတံခါးကိုဖွင့်ကာအထဲ၀င်လာ၏။လုပ်ဖော်ကိုင်ဖက်အချို့က အခြားအလုပ်ကိစ္စတွေဖြင့်အပြင်ထွက်သွားတာမို့ ရှိုင်းလွတ်လွတ်လပ်လပ်လာတွေ့ရဲတာဖြစ်သည်။ခွန်းသန့်ကတော့ အားပျော့နေသည့်မျက်နှာဖြင့် သူ့အားမျက်လုံးသာလှန်ကြည့်၏။နှုတ်ခမ်းတွေကခြောက်သွေ့နေပြီး အစားမစားထားတာကြောင့် မျက်နှာလေးကနွမ်းလျနေပြီဖြစ်သည်။

" ဒီပုံစံအတိုင်းဆက်လုပ်နေရင် မင်းတကယ်အားပျက်တော့မှာ "

ရှိုင်းက ခွန်းသန့်ရဲ့ဘေးတွင် ငုတ်တုတ်လေးထိုင်ကာသက်ပြင်းချလိုက်သည်။ချစ်ရသူရဲ့လက်ကောက်၀တ်နှစ်ဖက်လုံးက ပွန်းပဲ့ကာသွေးများပင်ဆို့နေတာကြောင့် ရှိုင်းရင်ထဲမွန်းကျပ်လာတော့သည်။ဘာကိုမှစဥ်းစားမနေတော့ပဲ ထိုလက်ထိပ်တွေအားသော့ဖွင့်ကာ ဖြုတ်ပေးလိုက်တော့ ခွန်းသန့်ကဘယ်လိုမှမခံစားရသည့်ပုံဖြင့် ရှိုင်းအားအကြည့်လွှဲထားသည်။

" ဘယ်လိုပဲငါ့ကိုအရွဲ့တိုက်ပါတယ်ဆိုဦးတော့ ဒီလောက်ထိမင်းကိုယ်မင်းနှိပ်စက်စရာလိုလို့လား "

" ပျော်လား "

ခွန်းသန့်နှုတ်မှထိုမေးခွန်းကိုမေးလိုက်တိုင်း ရှိုင်းရှိုက်ကြီးတငင်ငိုပစ်လိုက်ချင်သည်။

" ထမင်းယူလာပေးတယ် မစားချင်ရင်တောင်တစ်လုတ်နှစ်လုတ်လောက်တော့စား "

" သုံးရက်ပဲကျုပ်မျက်နှာကိုခင်ဗျားအ၀ကြည့်ထား သုံးရက်ပြည့်တာနဲ့ကျုပ်ကဒီစက်ဆုပ်စရာကောင်းတဲ့နေရာကနေထွက်သွားတော့မှာ "

ခွန်းသန့်ဆိုလိုသည့် အကြောင်းအရာကိုရှိုင်းအပြည့်အ၀နားလည်သည်။ဦးအောင်ထိုက်သေဆုံးသည့်အမှုကိုတောင် သုံးရက်အတွင်းအမှုပိတ်ပစ်နိုင်လောက်တဲ့အထိ လုပ်ဆောင်ခဲ့တဲ့ခွန်းသန့်ရဲ့အာဏာကိုလည်းရှိုင်းအထင်မသေးရဲပေ။ယခုလည်း နိုင်ငံခြားမှခွန်းသန့်ရဲ့အထောက်အပံ့တွေက တစ်နည်းမဟုတ်တစ်နည်းဖြင့် ခွန်းသန့်အားလွတ်အောင်လုပ်ပေးနိုင်မှာကိုရှိုင်းသိသည်။ထို့ကြောင့်လည်း ခွန်းသန့်ကိုခဏတာဖမ်းဆီးခဲ့တာ အချိန်တန်ရင်ခွန်းသန့်ကပြန်လွတ်မှာကို ရှိုင်းသိနေတာကြောင့်။

" ကျုပ်လွတ်တာနဲ့ ခင်ဗျားသိပ်လေးစားနေတဲ့မြို့တော်၀န်ကို အရေခွံဆုတ်ပြမယ် "

" မြို့တော်၀န်က မင်းပြောသလိုအပြစ်ရှိတဲ့သူဆိုရင် တရားဥပဒေအရအရေးယူလို့ရတာပဲ မင်းရဲ့လက်ကိုသွေးစွန်းဖို့မှမလိုတာ "

" သွားစမ်းပါကွာ တရားဥပဒေဆိုတဲ့အရာကိုကျုပ်ကအယုံအကြည်မရှိဘူး မြို့တော်၀န်ရဲ့သေခြင်းနဲ့ရှင်ခြင်းကို ခွန်းသန့်ရှိန်၀ါဆိုတဲ့ကျုပ်ကပဲဆုံးဖြတ်ပေးမယ် "

ခွန်းသန့်ရဲ့စကားကြောင့် ရှိုင်းမျက်တောင်တွေကိုပင်အမြန်ပုတ်ခပ်မိသည်။ခွန်းသန့်နှင့်ပတ်သတ်လျှင် စိုးရိမ်လွန်တတ်တာမို့ ချစ်ရသူရဲ့လက်၌သွေးစွန်းတာမျိုးရှိုင်းမလိုချင်ပေ။အထူးသဖြင့်ကိုယ်တိုင်က အမှုလိုက်တစ်ယောက်ဖြစ်ကာ တရားဥပဒေဘောင်အတွင်း၌ကျင်လည်နေတဲ့သူမို့ လူယုတ်မာတစ်ချို့အားတရားဥပဒေနည်းဖြင့်သာအရေးယူချင်တာဖြစ်သည်။ဒါကလည်း သူ့အလုပ်အပေါ်သစ္စာထားရှိသည့်ရှိုင်းရဲ့ဆုံးဖြတ်ချက်တစ်ခုပင်။ခွန်းသန့်ကသာ စိတ်အလိုလိုက်ပြီးထိုလူတွေကိုသတ်ပစ်ခဲ့ပါလျှင် အချစ်ကလေးက ထိုလူယုတ်မာတို့နှင့်မထူးမခြားနားသည့်လူတန်းစားဖြစ်သွားမှာအသေအချာ။ဒါကြောင့်လည်း ခွန်းသန့်အချုပ်ထဲမှပြန်မလွတ်မြောက်ခင် မြို့တော်၀န်အားအရေးယူနိုင်ဖို့ ရှိုင်းကြိုးစားနေတာဖြစ်သည်။

" လက်ကအရမ်းနာနေလား "

" နှလုံးသားကပိုနာတယ် "

ခွန်းသန့်ကသူ့ရင်ဘတ်ကို တဘုန်းဘုန်းနှင့်ရိုက်ပြကာရှိုင်းအားစူးစိုက်ကြည့်လာ၏။မြို့တော်၀န်အားတရားဥပဒေဖြင့်သာအရေးယူချင်သည့်ရှိုင်းနှင့် ရန်ကိုရန်ချင်းတုံ့ပြန်ကာလူသတ်ချင်နေသည့်ခွန်းသန့်တို့ရဲ့လောင်းကြေးနှစ်ခုတွင် မည်သူကအနိုင်ရမလဲဆိုတာရှိုင်းသေချာမသိ။သို့ပေမယ့် အချစ်ကလေးရဲ့လက်၌နောက်တစ်ကြိမ်သွေးစွန်းနိုင်မည့်အကြောင်းအရာမျိုးကိုတော့ ရှိုင်းအဖြစ်ခံတော့မှာမဟုတ်ပေ။

" မင်းထင်သလို အရာရာကပျက်စီးနေတာမဟုတ်ဘူး တကယ့်တရားဥပဒေအစစ်က မင်းသိပ်မုန်းနေတဲ့လူယုတ်မာတွေကိုအရေးယူနိုင်ကြောင်း ငါမင်းကိုသက်သေပြပေးမယ် "

ရှိုင်းက အသံကိုခပ်တန်းတန်းပြောရင်း သူယူလာသည့်ထမင်းဘူးအား ခွန်းသန့်အရှေ့သို့ရွှေ့ပေးသည်။သို့ပေမယ့် အချစ်ဆုံးကတော့သူအားမျက်နှာလွှဲကာ လျစ်လျူရှုထားသည်။

" ခွန်းသန့်ရှိန်၀ါ "

" ...... "

" မင်းဘယ်အချိန်ထိခေါင်းမာနေမှာလဲ "

" ဘာတွေလာပြီးအရေးစိုက်နေတာလဲ ခင်ဗျားကျုပ်ကိုသိပ်မုန်းနေတယ်မလား အဲ့ထမင်းဘူးပြန်ယူပြီးထွက်သွား "

" အရွဲ့တိုက်တာဒီလောက်ပဲကောင်းလိမ့်မယ်ခွန်းသန့်ရှိန်၀ါ ကြာရင်မင်းကျန်းမာရေးထိတော့မယ် "

" ထိတော့ဘာဖြစ်လဲ ကျုပ်သေသွားရင်ခင်ဗျားအတွက်၀မ်းသာစရာဖြစ်တာပေါ့ "

ပြွတ်**

ခြောက်သွေ့နေတဲ့နှုတ်ခမ်းတစ်စုံအား ရှိုင်းအမြန်ဖိကပ်နမ်းကာ ခွန်းသန့်ကိုစူးစိုက်ကြည့်လိုက်၏။ထွေးပွေ့ချင်ခဲ့တာ၊နမ်းရှုံ့ချင်ခဲ့တာ၊ယုယချင်ခဲ့တာ။အကြောင်းအရာအချို့ကြောင့် မြိုသိပ်ထားတာတောင် ဘာကြောင့်များထိုအမျိုးသားက သူ့အပေါ်၀မ်းနည်းစရာစကားတွေနှင့်ထိုးနှက်လာပါသလဲ။

" ငါအရမ်းပင်ပန်းနေပြီအချစ်ကလေးရယ် ဒီလောက်ပဲငါ့ကိုအရွဲ့တိုက်ပါတော့ "

ရှိုင်းကတုန်ယင်နေတဲ့အသံဖြင့် ခွန်းသန့်အားတောင်းဆိုကာ မတ်တပ်ရပ်လိုက်၏။ခဏလေးပူးကပ်နေမိတာတောင် ရှိုင်းစိတ်တွေကထိုအမျိုးသားအပေါ်အရှုံးပေးချင်နေမိပြီဖြစ်သည်။ဒီအတိုင်းသာ ရှိုင်းပြန်လည်စိတ်ပျော့သွားပါလျှင် မြို့တော်၀န်အားဖမ်းဆီးနိုင်မည့်အကြံအစည်တွေ သဲထဲရေသွန်ဖြစ်သွားတော့မှာအသေအချာ။ပန်းတိုင်မရောက်သရွေ့တော့ ရှိုင်းစိတ်ကိုတင်းထားရအုံးမှာပင်။

" ရှိုင်းဌေး!! "

အချုပ်ခန်းအပြင်ရောက်သွားပြီဖြစ်တဲ့သူ့အား ခွန်းသန့်ကစိတ်မရှည်စွာဖြင့် လှမ်းခေါ်လာတာမို့ ရှိုင်းပြန်လည်လှည့်ကြည့်မိသည်။

" ထမင်းကုန်အောင်စားလိုက်မယ် "

ခွန်းသန့်ရဲ့စကားဆုံးသည်နှင့် ရှိုင်းရဲ့နှုတ်ခမ်းထောင့်၌အပြုံးတစ်ချို့ချိတ်ဆွဲသွားတော့သည်။ချစ်တယ်ဆိုသောစကားလုံးက ထုတ်ဖော်ပြစရာမလိုပဲ အပြုအမူနဲ့တင်ရှိုင်းခံစားမိတာဖြစ်သည်။အတ္တစိတ်နှင့်ချစ်ခဲ့တာမဟုတ်တဲ့အတွက် အချစ်ကလေးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာက နွေးထွေးရ၏။နွေရာသီမှာလောင်းရိပ်ပေးနိုင်တဲ့ အကိုင်းအခတ်လေးတွေလိုပဲ အချစ်ကလေးရဲ့စိတ်တွေကိုလည်း အေးချမ်းစေချင်မိပါရဲ့။

~~~~~~
" စိုင်း "

ဆေးခန်းပိတ်ချိန်မှ အချိန်ကိုက်၀င်ရောက်လာသည့်စိုင်မွန်ကြောင့် ချန်းကအံ့သြစွာဖြင့် စိုင်မွန်အားကြိုဆိုလိုက်သည်။တော်ရုံတန်ရုံသူ့အား လာမတွေ့တတ်သည့်ကောင်လေးက ယခုလိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပုံအရ ခွန်းသန့်နှင့်သာသက်ဆိုင်နိုင်ကြောင်း ချန်းရိပ်မိလိုက်သည်။

" အလည်သက်သက်တော့ဟုတ်မယ်မထင်ဘူး နေမကောင်းလို့လား "

ချန်းမင်းထိုက်က စိုင်မွန်ရဲ့ပါးပြင်နှင့်နဖူးပေါ်သို့ သူ့လက်ဖ၀ါးတွေဖြင့်စမ်းသပ်ကာ စူးစိုက်ကြည့်လာသည်။

" ကျွန်တော့်ပုံက နေမကောင်းဖြစ်နေတဲ့ပုံစံနဲ့တူနေလို့လား "

" မတူပါဘူး "

" ဒါဆိုဘာလို့ အဖျားလာစမ်းနေလဲ "

" မင်းကိုထိချင်လို့ "

စိုင်မွန်က ဂျစ်ကန်ကန်ဖြင့်သူ့အားအကြည့်လွှဲထားသည်။သို့ပေမယ့် အရင်ကလောက်သူ့ကိုမစိမ်းကားတော့တာမို့ ချန်းစိတ်ဖြေလို့ရသေးသည်။

" ဘာစားပြီးပြီလဲ "

" မစားရသေးဘူး "

" ဘာစားချင်လဲ "

" ဘာမှမစားချင်ဘူး "

" ဒီကိုကိုကအလိုလိုက်ထားတယ်ဆိုပြီး သိပ်ဆိုးချင်နေတာထင်တယ် "

ချန်းက စိုင်မွန်ရဲ့မျက်ခုံးပေါ်မှဆံသားအချို့ကိုလှန်တင်ပေးရင်း ခပ်ချောချောမျက်နှာလေးအား မေးထောက်ကြည့်လိုက်သည်။

" ကျွန်တော် အကူအညီတောင်းမလို့ "

" အကူအညီတောင်းတဲ့ပုံစံကလည်းမမိုက်ပါဘူးကွာ လူမိုက်ကလေးကျနေရော "

ချန်းမင်းထိုက်က သူ့ဂျူတီကုတ်ကိုချွတ်ရင်း လည်ပင်းထက်မှကြယ်သီးတစ်လုံးအား အသက်ရှုချောင်အောင်ဆွဲဖြုတ်လိုက်သည်။ဘာအပြစ်မှပြောရက်စရာမရှိတဲ့ချန်းမင်းထိုက်က စကားကိုလည်းအေးဆေးတည်ငြိမ်စွာဖြင့်ပြောတတ်သည်။မိန်းမအရှုပ်အရှင်းကင်းပြီး အလုပ်အပေါ်ကိုသာအာရုံစိုက်တတ်သည့်ချန်းကို ဘာကြောင့်များစိမ်းကားခဲ့သလဲဆိုတာ စိုင်မွန်ကိုယ်တိုင်လည်းနားမလည်တော့ပေ။

" ကျွန်တော်ကဆိုးလား "

စိုင်မွန်က မ၀ံ့မရဲဖြင့်ချန်းအားလှမ်းကြည့်ကာမေးလာတာမို့ ချန်းကစဥ်းစားနေသည့်ပုံစံဖြင့် နှာခေါင်းကိုရှုံ့လိုက်သည်။

" ဆိုးတာပေါ့ တော်တော်ကိုဆိုးတာ "

" ဟင်း.... "

စိုင်မွန်က မကျေနပ်သည့်ပုံစံဖြင့်သူ့အားစူပုတ်ကာကြည့်နေတာမို့ ချန်းကခေါင်းငုံ့ကာကြိတ်ရယ်သည်။ထို့နောက် စိုင်မွန်ရဲ့ဆံပင်တွေအား သူ့လက်ဖြင့်အသည်းယားစွာဆွဲဖွလိုက်၏။

" မင်းဆိုးလည်း ဒီကိုကိုကမင်းကိုချစ်တာသိတယ်မလား "

" ဒါဆိုအစ်ကိုက အစ်ကိုအဖေ့လိုရက်စက်တတ်လား "

ပြတ်သားစွာမေးလာသည့်မေးခွန်းကြောင့် စိုင်မွန်ရဲ့ဆံပင်တွေကိုထိုးဖွနေသည့်ချန်းရဲ့လက်တွေမှာ ချက်ချင်းရပ်တန့်သွားပြီးအပြုံးတစ်ချို့ကွယ်ပျောက်သွားတော့သည်။

" အစ်ကိုက အစ်ကို့အဖေနဲ့အတူတူပဲလား "

" ကိုယ့်ကိုအဲ့လိုမျိုးမနှိုင်းယှဥ်နဲ့စိုင်း ဦးစစ်ချန်းကကိုယ့်အဖေအရင်းဆိုပေမယ့် ကိုယ်ကအဖေ့လိုမျိုးမယုတ်မာတတ်ဘူး နောက်ပြီးကိုယ်ကအဖေ့လိုရာထူးအဆင့်အတန်းအတွက် ကိုယ်ကျင့်တရားအပျက်ခံပြီးရက်စက်မယ့်လူမျိုးလည်းမဟုတ်ဘူး "

" ဒါဆိုအစ်ကိုက အစ်ကို့အဖေနဲ့မတူဘူးဆိုတာကို ကျွန်တော့်ကိုသက်သေပြလေ "

" ဘယ်လိုသက်သေပြရမှာလဲ "

" လူထုအရှေ့ကိုချမပြရဲတဲ့ အစ်ကို့အဖေရဲ့စာရင်းဇယားတွေကို ကျွန်တော့်ဆီယူလာပေး ဒါဆိုကျွန်တော်ယုံပေးမယ် "

" မင်းလုပ်နေတာတွေက ရှိန်၀ါအတွက်လား "

" ခွန်းနဲ့မဆိုင်ဘူး အမှန်အတိုင်း၀န်ခံရရင်အစ်ကိုက အဲ့လူကြီးရဲ့သားမှန်းကျွန်တော်သိလိုက်တဲ့အချိန်တည်းက အစ်ကို့ကိုချစ်ဖို့၀န်လေးသွားတယ် အစ်ကိုသာကျွန်တော့်ကိုသက်သေပြပေးနိုင်ရင် ကျွန်တော်အစ်ကို့ကို ပြန်ချစ်ဖို့ကြိုးစားပေးမိမယ်ထင်တယ် "

စိုင်မွန်ရဲ့စကားဆုံးသည်နှင့် ချန်းကစိုင်မွန်ကိုခါးမှလှမ်းဆွဲကာသူ့ပေါင်ပေါ်သို့ဆွဲတင်ရင်း စိုင်းရဲ့ပခုံးကိုဆုပ်ကိုင်ထား၏။အရာရာတည်ငြိမ်ကာ နူးညံ့တတ်သည့်ချန်းက တစ်ခါတစ်လေတွင်တော့ထိုသို့အနည်းငယ်ဆိုးသွမ်းတတ်ပါသည်။

" ကိုယ်သက်သေပြနိုင်ရင် မင်းကိုယ့်ကိုပြန်ချစ်မှာလား "

" အစ်ကိုက အဲ့လူနဲ့လုံး၀ကွဲပြားတယ်ဆိုတာသက်သေပြနိုင်ရင်ပေါ့ "

စိုင်မွန်က သူ့ပေါင်ပေါ်တွင်ရုန်းကန်ခြင်းမရှိပဲခပ်ငြိမ်ငြိမ်လေးထိုင်နေတာမို့ ချန်းကစိုင်မွန်ရဲ့ခေါင်းကိုထိန်းကိုင်ကာ ညင်ညင်သာသာဖြင့်နမ်းရှိုက်လာသည်။အသက်ရှုသံမြန်ဆန်လာသည့်စိုင်မွန်ကလည်း သူ့အားနှေးကွေးစွာဖြင့်ပြန်လည်တုံ့ပြန်လာတာမို့ ချန်းကသူ့လျှာဖျားကိုအသုံးပြုကာ စိုင်မွန်ရဲ့ခံတွင်းအတွင်းရစ်ပတ်လာသည်။ထို့နောက် စိုင်မွန်ကိုရီ၀ေ၀ေအကြည့်တို့ဖြင့်စူးစိုက်ကြည့်ရင်း စိုင်မွန်ရဲ့အောက်နှုတ်ခမ်းကို ခပ်ဖွဖွဆွဲကိုက်ပစ်၏။

" ကိုကို့,ကိုပြန်ချစ်ဖို့ ဒီနှလုံးသားကပြင်ဆင်ထား "

28.10.23
Grey

××××××

" ခြန္းသန္႔ရွိန္၀ါ "

ရႈိင္းလာၾကည့္သည့္အခ်ိန္တိုင္း ခြန္းသန္႔ကအခ်ဳပ္ခန္းအေပါက္၀ကိုေက်ာေပးကာ အၿမဲထိုင္ေနတာျဖစ္သည္။သူ႔အေနျဖင့္ မည္သူ႔မ်က္ႏွာကိုမွမၾကည့္ခ်င္တာေၾကာင့္ ထိုသို႔ျပဳမူေနသလားဟုရႈိင္းေတြးေတာမိ၏။

" ဘယ္အခ်ိန္ထိငါ့ကိုအ႐ြဲ႕တိုက္ၿပီး ဘာမွမစားပဲေန,ေနမွာလဲ "

ရႈိင္းကအခ်ဳပ္ခန္းတံခါးကိုဖြင့္ကာအထဲ၀င္လာ၏။လုပ္ေဖာ္ကိုင္ဖက္အခ်ိဳ႕က အျခားအလုပ္ကိစၥေတြျဖင့္အျပင္ထြက္သြားတာမို႔ ရႈိင္းလြတ္လြတ္လပ္လပ္လာေတြ႕ရဲတာျဖစ္သည္။ခြန္းသန္႔ကေတာ့ အားေပ်ာ့ေနသည့္မ်က္ႏွာျဖင့္ သူ႔အားမ်က္လုံးသာလွန္ၾကည့္၏။ႏႈတ္ခမ္းေတြကေျခာက္ေသြ႕ေနၿပီး အစားမစားထားတာေၾကာင့္ မ်က္ႏွာေလးကႏြမ္းလ်ေနၿပီျဖစ္သည္။

" ဒီပုံစံအတိုင္းဆက္လုပ္ေနရင္ မင္းတကယ္အားပ်က္ေတာ့မွာ "

ရႈိင္းက ခြန္းသန္႔ရဲ႕ေဘးတြင္ ငုတ္တုတ္ေလးထိုင္ကာသက္ျပင္းခ်လိုက္သည္။ခ်စ္ရသူရဲ႕လက္ေကာက္၀တ္ႏွစ္ဖက္လုံးက ပြန္းပဲ့ကာေသြးမ်ားပင္ဆို႔ေနတာေၾကာင့္ ရႈိင္းရင္ထဲမြန္းက်ပ္လာေတာ့သည္။ဘာကိုမွစဥ္းစားမေနေတာ့ပဲ ထိုလက္ထိပ္ေတြအားေသာ့ဖြင့္ကာ ျဖဳတ္ေပးလိုက္ေတာ့ ခြန္းသန္႔ကဘယ္လိုမွမခံစားရသည့္ပုံျဖင့္ ရႈိင္းအားအၾကည့္လႊဲထားသည္။

" ဘယ္လိုပဲငါ့ကိုအ႐ြဲ႕တိုက္ပါတယ္ဆိုဦးေတာ့ ဒီေလာက္ထိမင္းကိုယ္မင္းႏွိပ္စက္စရာလိုလို႔လား "

" ေပ်ာ္လား "

ခြန္းသန္႔ႏႈတ္မွထိုေမးခြန္းကိုေမးလိုက္တိုင္း ရႈိင္းရႈိက္ႀကီးတငင္ငိုပစ္လိုက္ခ်င္သည္။

" ထမင္းယူလာေပးတယ္ မစားခ်င္ရင္ေတာင္တစ္လုတ္ႏွစ္လုတ္ေလာက္ေတာ့စား "

" သုံးရက္ပဲက်ဳပ္မ်က္ႏွာကိုခင္ဗ်ားအ၀ၾကည့္ထား သုံးရက္ျပည့္တာနဲ႔က်ဳပ္ကဒီစက္ဆုပ္စရာေကာင္းတဲ့ေနရာကေနထြက္သြားေတာ့မွာ "

ခြန္းသန္႔ဆိုလိုသည့္ အေၾကာင္းအရာကိုရႈိင္းအျပည့္အ၀နားလည္သည္။ဦးေအာင္ထိုက္ေသဆုံးသည့္အမႈကိုေတာင္ သုံးရက္အတြင္းအမႈပိတ္ပစ္ႏိုင္ေလာက္တဲ့အထိ လုပ္ေဆာင္ခဲ့တဲ့ခြန္းသန္႔ရဲ႕အာဏာကိုလည္းရႈိင္းအထင္မေသးရဲေပ။ယခုလည္း ႏိုင္ငံျခားမွခြန္းသန္႔ရဲ႕အေထာက္အပံ့ေတြက တစ္နည္းမဟုတ္တစ္နည္းျဖင့္ ခြန္းသန္႔အားလြတ္ေအာင္လုပ္ေပးႏိုင္မွာကိုရႈိင္းသိသည္။ထို႔ေၾကာင့္လည္း ခြန္းသန္႔ကိုခဏတာဖမ္းဆီးခဲ့တာ အခ်ိန္တန္ရင္ခြန္းသန္႔ကျပန္လြတ္မွာကို ရႈိင္းသိေနတာေၾကာင့္။

" က်ဳပ္လြတ္တာနဲ႔ ခင္ဗ်ားသိပ္ေလးစားေနတဲ့ၿမိဳ႕ေတာ္၀န္ကို အေရခြံဆုတ္ျပမယ္ "

" ၿမိဳ႕ေတာ္၀န္က မင္းေျပာသလိုအျပစ္ရွိတဲ့သူဆိုရင္ တရားဥပေဒအရအေရးယူလို႔ရတာပဲ မင္းရဲ႕လက္ကိုေသြးစြန္းဖို႔မွမလိုတာ "

" သြားစမ္းပါကြာ တရားဥပေဒဆိုတဲ့အရာကိုက်ဳပ္ကအယုံအၾကည္မရွိဘူး ၿမိဳ႕ေတာ္၀န္ရဲ႕ေသျခင္းနဲ႔ရွင္ျခင္းကို ခြန္းသန္႔ရွိန္၀ါဆိုတဲ့က်ဳပ္ကပဲဆုံးျဖတ္ေပးမယ္ "

ခြန္းသန္႔ရဲ႕စကားေၾကာင့္ ရႈိင္းမ်က္ေတာင္ေတြကိုပင္အျမန္ပုတ္ခပ္မိသည္။ခြန္းသန္႔ႏွင့္ပတ္သတ္လွ်င္ စိုးရိမ္လြန္တတ္တာမို႔ ခ်စ္ရသူရဲ႕လက္၌ေသြးစြန္းတာမ်ိဳးရႈိင္းမလိုခ်င္ေပ။အထူးသျဖင့္ကိုယ္တိုင္က အမႈလိုက္တစ္ေယာက္ျဖစ္ကာ တရားဥပေဒေဘာင္အတြင္း၌က်င္လည္ေနတဲ့သူမို႔ လူယုတ္မာတစ္ခ်ိဳ႕အားတရားဥပေဒနည္းျဖင့္သာအေရးယူခ်င္တာျဖစ္သည္။ဒါကလည္း သူ႔အလုပ္အေပၚသစၥာထားရွိသည့္ရႈိင္းရဲ႕ဆုံးျဖတ္ခ်က္တစ္ခုပင္။ခြန္းသန္႔ကသာ စိတ္အလိုလိုက္ၿပီးထိုလူေတြကိုသတ္ပစ္ခဲ့ပါလွ်င္ အခ်စ္ကေလးက ထိုလူယုတ္မာတို႔ႏွင့္မထူးမျခားနားသည့္လူတန္းစားျဖစ္သြားမွာအေသအခ်ာ။ဒါေၾကာင့္လည္း ခြန္းသန္႔အခ်ဳပ္ထဲမွျပန္မလြတ္ေျမာက္ခင္ ၿမိဳ႕ေတာ္၀န္အားအေရးယူႏိုင္ဖို႔ ရႈိင္းႀကိဳးစားေနတာျဖစ္သည္။

" လက္ကအရမ္းနာေနလား "

" ႏွလုံးသားကပိုနာတယ္ "

ခြန္းသန္႔ကသူ႔ရင္ဘတ္ကို တဘုန္းဘုန္းႏွင့္႐ိုက္ျပကာရႈိင္းအားစူးစိုက္ၾကည့္လာ၏။ၿမိဳ႕ေတာ္၀န္အားတရားဥပေဒျဖင့္သာအေရးယူခ်င္သည့္ရႈိင္းႏွင့္ ရန္ကိုရန္ခ်င္းတုံ႔ျပန္ကာလူသတ္ခ်င္ေနသည့္ခြန္းသန္႔တို႔ရဲ႕ေလာင္းေၾကးႏွစ္ခုတြင္ မည္သူကအႏိုင္ရမလဲဆိုတာရႈိင္းေသခ်ာမသိ။သို႔ေပမယ့္ အခ်စ္ကေလးရဲ႕လက္၌ေနာက္တစ္ႀကိမ္ေသြးစြန္းႏိုင္မည့္အေၾကာင္းအရာမ်ိဳးကိုေတာ့ ရႈိင္းအျဖစ္ခံေတာ့မွာမဟုတ္ေပ။

" မင္းထင္သလို အရာရာကပ်က္စီးေနတာမဟုတ္ဘူး တကယ့္တရားဥပေဒအစစ္က မင္းသိပ္မုန္းေနတဲ့လူယုတ္မာေတြကိုအေရးယူႏိုင္ေၾကာင္း ငါမင္းကိုသက္ေသျပေပးမယ္ "

ရႈိင္းက အသံကိုခပ္တန္းတန္းေျပာရင္း သူယူလာသည့္ထမင္းဘူးအား ခြန္းသန္႔အေရွ႕သို႔ေ႐ႊ႕ေပးသည္။သို႔ေပမယ့္ အခ်စ္ဆုံးကေတာ့သူအားမ်က္ႏွာလႊဲကာ လ်စ္လ်ဴရႈထားသည္။

" ခြန္းသန္႔ရွိန္၀ါ "

" ...... "

" မင္းဘယ္အခ်ိန္ထိေခါင္းမာေနမွာလဲ "

" ဘာေတြလာၿပီးအေရးစိုက္ေနတာလဲ ခင္ဗ်ားက်ဳပ္ကိုသိပ္မုန္းေနတယ္မလား အဲ့ထမင္းဘူးျပန္ယူၿပီးထြက္သြား "

" အ႐ြဲ႕တိုက္တာဒီေလာက္ပဲေကာင္းလိမ့္မယ္ခြန္းသန္႔ရွိန္၀ါ ၾကာရင္မင္းက်န္းမာေရးထိေတာ့မယ္ "

" ထိေတာ့ဘာျဖစ္လဲ က်ဳပ္ေသသြားရင္ခင္ဗ်ားအတြက္၀မ္းသာစရာျဖစ္တာေပါ့ "

ႁပြတ္**

ေျခာက္ေသြ႕ေနတဲ့ႏႈတ္ခမ္းတစ္စုံအား ရႈိင္းအျမန္ဖိကပ္နမ္းကာ ခြန္းသန္႔ကိုစူးစိုက္ၾကည့္လိုက္၏။ေထြးေပြ႕ခ်င္ခဲ့တာ၊နမ္းရႈံ႕ခ်င္ခဲ့တာ၊ယုယခ်င္ခဲ့တာ။အေၾကာင္းအရာအခ်ိဳ႕ေၾကာင့္ ၿမိဳသိပ္ထားတာေတာင္ ဘာေၾကာင့္မ်ားထိုအမ်ိဳးသားက သူ႔အေပၚ၀မ္းနည္းစရာစကားေတြႏွင့္ထိုးႏွက္လာပါသလဲ။

" ငါအရမ္းပင္ပန္းေနၿပီအခ်စ္ကေလးရယ္ ဒီေလာက္ပဲငါ့ကိုအ႐ြဲ႕တိုက္ပါေတာ့ "

ရႈိင္းကတုန္ယင္ေနတဲ့အသံျဖင့္ ခြန္းသန္႔အားေတာင္းဆိုကာ မတ္တပ္ရပ္လိုက္၏။ခဏေလးပူးကပ္ေနမိတာေတာင္ ရႈိင္းစိတ္ေတြကထိုအမ်ိဳးသားအေပၚအရႈံးေပးခ်င္ေနမိၿပီျဖစ္သည္။ဒီအတိုင္းသာ ရႈိင္းျပန္လည္စိတ္ေပ်ာ့သြားပါလွ်င္ ၿမိဳ႕ေတာ္၀န္အားဖမ္းဆီးႏိုင္မည့္အႀကံအစည္ေတြ သဲထဲေရသြန္ျဖစ္သြားေတာ့မွာအေသအခ်ာ။ပန္းတိုင္မေရာက္သေ႐ြ႕ေတာ့ ရႈိင္းစိတ္ကိုတင္းထားရအုံးမွာပင္။

" ရႈိင္းေဌး!! "

အခ်ဳပ္ခန္းအျပင္ေရာက္သြားၿပီျဖစ္တဲ့သူ႔အား ခြန္းသန္႔ကစိတ္မရွည္စြာျဖင့္ လွမ္းေခၚလာတာမို႔ ရႈိင္းျပန္လည္လွည့္ၾကည့္မိသည္။

" ထမင္းကုန္ေအာင္စားလိုက္မယ္ "

ခြန္းသန္႔ရဲ႕စကားဆုံးသည္ႏွင့္ ရႈိင္းရဲ႕ႏႈတ္ခမ္းေထာင့္၌အၿပဳံးတစ္ခ်ိဳ႕ခ်ိတ္ဆြဲသြားေတာ့သည္။ခ်စ္တယ္ဆိုေသာစကားလုံးက ထုတ္ေဖာ္ျပစရာမလိုပဲ အျပဳအမူနဲ႔တင္ရႈိင္းခံစားမိတာျဖစ္သည္။အတၱစိတ္ႏွင့္ခ်စ္ခဲ့တာမဟုတ္တဲ့အတြက္ အခ်စ္ကေလးအေပၚထားတဲ့ခ်စ္ျခင္းေမတၱာက ေႏြးေထြးရ၏။ေႏြရာသီမွာေလာင္းရိပ္ေပးႏိုင္တဲ့ အကိုင္းအခတ္ေတြလိုပဲ အခ်စ္ကေလးရဲ႕စိတ္ေတြကိုလည္း ေအးခ်မ္းေစခ်င္မိပါရဲ႕။

~~~~~~
" စိုင္း "

ေဆးခန္းပိတ္ခ်ိန္မွ အခ်ိန္ကိုက္၀င္ေရာက္လာသည့္စိုင္မြန္ေၾကာင့္ ခ်န္းကအံ့ၾသစြာျဖင့္ စိုင္မြန္အားႀကိဳဆိုလိုက္သည္။ေတာ္႐ုံတန္႐ုံသူ႔အား လာမေတြ႕တတ္သည့္ေကာင္ေလးက ယခုလိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာပုံအရ ခြန္းသန္႔ႏွင့္သာသက္ဆိုင္ႏိုင္ေၾကာင္း ခ်န္းရိပ္မိလိုက္သည္။

" အလည္သက္သက္ေတာ့ဟုတ္မယ္မထင္ဘူး ေနမေကာင္းလို႔လား "

ခ်န္းမင္းထိုက္က စိုင္မြန္ရဲ႕ပါးျပင္ႏွင့္နဖူးေပၚသို႔ သူ႔လက္ဖ၀ါးေတြျဖင့္စမ္းသပ္ကာ စူးစိုက္ၾကည့္လာသည္။

" ကြၽန္ေတာ့္ပုံက ေနမေကာင္းျဖစ္ေနတဲ့ပုံစံနဲ႔တူေနလို႔လား "

" မတူပါဘူး "

" ဒါဆိုဘာလို႔ အဖ်ားလာစမ္းေနလဲ "

" မင္းကိုထိခ်င္လို႔ "

စိုင္မြန္က ဂ်စ္ကန္ကန္ျဖင့္သူ႔အားအၾကည့္လႊဲထားသည္။သို႔ေပမယ့္ အရင္ကေလာက္သူ႔ကိုမစိမ္းကားေတာ့တာမို႔ ခ်န္းစိတ္ေျဖလို႔ရေသးသည္။

" ဘာစားၿပီးၿပီလဲ "

" မစားရေသးဘူး "

" ဘာစားခ်င္လဲ "

" ဘာမွမစားခ်င္ဘူး "

" ဒီကိုကိုကအလိုလိုက္ထားတယ္ဆိုၿပီး သိပ္ဆိုးခ်င္ေနတာထင္တယ္ "

ခ်န္းက စိုင္မြန္ရဲ႕မ်က္ခုံးေပၚမွဆံသားအခ်ိဳ႕ကိုလွန္တင္ေပးရင္း ခပ္ေခ်ာေခ်ာမ်က္ႏွာေလးအား ေမးေထာက္ၾကည့္လိုက္သည္။

" ကြၽန္ေတာ္ အကူအညီေတာင္းမလို႔ "

" အကူအညီေတာင္းတဲ့ပုံစံကလည္းမမိုက္ပါဘူးကြာ လူမိုက္ကေလးက်ေနေရာ "

ခ်န္းမင္းထိုက္က သူ႔ဂ်ဴတီကုတ္ကိုခြၽတ္ရင္း လည္ပင္းထက္မွၾကယ္သီးတစ္လုံးအား အသက္ရႈေခ်ာင္ေအာင္ဆြဲျဖဳတ္လိုက္သည္။ဘာအျပစ္မွေျပာရက္စရာမရွိတဲ့ခ်န္းမင္းထိုက္က စကားကိုလည္းေအးေဆးတည္ၿငိမ္စြာျဖင့္ေျပာတတ္သည္။မိန္းမအရႈပ္အရွင္းကင္းၿပီး အလုပ္အေပၚကိုသာအာ႐ုံစိုက္တတ္သည့္ခ်န္းကို ဘာေၾကာင့္မ်ားစိမ္းကားခဲ့သလဲဆိုတာ စိုင္မြန္ကိုယ္တိုင္လည္းနားမလည္ေတာ့ေပ။

" ကြၽန္ေတာ္ကဆိုးလား "

စိုင္မြန္က မ၀ံ့မရဲျဖင့္ခ်န္းအားလွမ္းၾကည့္ကာေမးလာတာမို႔ ခ်န္းကစဥ္းစားေနသည့္ပုံစံျဖင့္ ႏွာေခါင္းကိုရႈံ႕လိုက္သည္။

" ဆိုးတာေပါ့ ေတာ္ေတာ္ကိုဆိုးတာ "

" ဟင္း.... "

စိုင္မြန္က မေက်နပ္သည့္ပုံစံျဖင့္သူ႔အားစူပုတ္ကာၾကည့္ေနတာမို႔ ခ်န္းကေခါင္းငုံ႔ကာႀကိတ္ရယ္သည္။ထို႔ေနာက္ စိုင္မြန္ရဲ႕ဆံပင္ေတြအား သူ႔လက္ျဖင့္အသည္းယားစြာဆြဲဖြလိုက္၏။

" မင္းဆိုးလည္း ဒီကိုကိုကမင္းကိုခ်စ္တာသိတယ္မလား "

" ဒါဆိုအစ္ကိုက အစ္ကိုအေဖ့လိုရက္စက္တတ္လား "

ျပတ္သားစြာေမးလာသည့္ေမးခြန္းေၾကာင့္ စိုင္မြန္ရဲ႕ဆံပင္ေတြကိုထိုးဖြေနသည့္ခ်န္းရဲ႕လက္ေတြမွာ ခ်က္ခ်င္းရပ္တန္႔သြားၿပီးအၿပဳံးတစ္ခ်ိဳ႕ကြယ္ေပ်ာက္သြားေတာ့သည္။

" အစ္ကိုက အစ္ကို႔အေဖနဲ႔အတူတူပဲလား "

" ကိုယ့္ကိုအဲ့လိုမ်ိဳးမႏႈိင္းယွဥ္နဲ႔စိုင္း ဦးစစ္ခ်န္းကကိုယ့္အေဖအရင္းဆိုေပမယ့္ ကိုယ္ကအေဖ့လိုမ်ိဳးမယုတ္မာတတ္ဘူး ေနာက္ၿပီးကိုယ္ကအေဖ့လိုရာထူးအဆင့္အတန္းအတြက္ ကိုယ္က်င့္တရားအပ်က္ခံၿပီးရက္စက္မယ့္လူမ်ိဳးလည္းမဟုတ္ဘူး "

" ဒါဆိုအစ္ကိုက အစ္ကို႔အေဖနဲ႔မတူဘူးဆိုတာကို ကြၽန္ေတာ့္ကိုသက္ေသျပေလ "

" ဘယ္လိုသက္ေသျပရမွာလဲ "

" လူထုအေရွ႕ကိုခ်မျပရဲတဲ့ အစ္ကို႔အေဖရဲ႕စာရင္းဇယားေတြကို ကြၽန္ေတာ့္ဆီယူလာေပး ဒါဆိုကြၽန္ေတာ္ယုံေပးမယ္ "

" မင္းလုပ္ေနတာေတြက ရွိန္၀ါအတြက္လား "

" ခြန္းနဲ႔မဆိုင္ဘူး အမွန္အတိုင္း၀န္ခံရရင္အစ္ကိုက အဲ့လူႀကီးရဲ႕သားမွန္းကြၽန္ေတာ္သိလိုက္တဲ့အခ်ိန္တည္းက အစ္ကို႔ကိုခ်စ္ဖို႔၀န္ေလးသြားတယ္ အစ္ကိုသာကြၽန္ေတာ့္ကိုသက္ေသျပေပးႏိုင္ရင္ ကြၽန္ေတာ္အစ္ကို႔ကို ျပန္ခ်စ္ဖို႔ႀကိဳးစားေပးမိမယ္ထင္တယ္ "

စိုင္မြန္ရဲ႕စကားဆုံးသည္ႏွင့္ ခ်န္းကစိုင္မြန္ကိုခါးမွလွမ္းဆြဲကာသူ႔ေပါင္ေပၚသို႔ဆြဲတင္ရင္း စိုင္းရဲ႕ပခုံးကိုဆုပ္ကိုင္ထား၏။အရာရာတည္ၿငိမ္ကာ ႏူးညံ့တတ္သည့္ခ်န္းက တစ္ခါတစ္ေလတြင္ေတာ့ထိုသို႔အနည္းငယ္ဆိုးသြမ္းတတ္ပါသည္။

" ကိုယ္သက္ေသျပႏိုင္ရင္ မင္းကိုယ့္ကိုျပန္ခ်စ္မွာလား "

" အစ္ကိုက အဲ့လူနဲ႔လုံး၀ကြဲျပားတယ္ဆိုတာသက္ေသျပႏိုင္ရင္ေပါ့ "

စိုင္မြန္က သူ႔ေပါင္ေပၚတြင္႐ုန္းကန္ျခင္းမရွိပဲခပ္ၿငိမ္ၿငိမ္ေလးထိုင္ေနတာမို႔ ခ်န္းကစိုင္မြန္ရဲ႕ေခါင္းကိုထိန္းကိုင္ကာ ညင္ညင္သာသာျဖင့္နမ္းရႈိက္လာသည္။အသက္ရႈသံျမန္ဆန္လာသည့္စိုင္မြန္ကလည္း သူ႔အားေႏွးေကြးစြာျဖင့္ျပန္လည္တုံ႔ျပန္လာတာမို႔ ခ်န္းကသူ႔လွ်ာဖ်ားကိုအသုံးျပဳကာ စိုင္မြန္ရဲ႕ခံတြင္းအတြင္းရစ္ပတ္လာသည္။ထို႔ေနာက္ စိုင္မြန္ကိုရီ၀ေ၀ေအၾကည့္တို႔ျဖင့္စူးစိုက္ၾကည့္ရင္း စိုင္မြန္ရဲ႕ေအာက္ႏႈတ္ခမ္းကို ခပ္ဖြဖြဆြဲကိုက္ပစ္၏။

" ကိုကို႔,ကိုျပန္ခ်စ္ဖို႔ ဒီႏွလုံးသားကျပင္ဆင္ထား "

28.10.23
Grey

××××××

Continue Reading

You'll Also Like

10.9K 2K 57
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...
488K 88.9K 177
Fan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] ...
274K 43.2K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
2.9K 126 45
သူကpsychopath တစ်ကောင်ပဲ psychopath တောင်ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ....... ဟားးဟားး..... သိပ်ဟုတ်တာပေါ့... ယဉ်ယဉ်လေးနဲ့ရူးနေပေမဲ့လူတွေရှေ့မှာတော့သိပ်ဟန်ဆ...