Twenty Six Revenge

By greyvictor25

435K 29.2K 5.3K

Khoon Thant Shein Wah+Sunshine SiThu More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Final

31

6.5K 460 78
By greyvictor25

" အမေတို့က ရုတ်တရက်ကြီးမြို့ကိုတက်လာပြီတဲ့ ခဏနေရင်ရောက်မယ်ပြောတယ် "

ရှိုင်းက ဧည့်ခန်းစားပွဲပေါ်မှရှုပ်ပွနေသည့်စာအုပ်တွေအား သေချာပြန်စီရင်း ခွန်းသန့်အားစကားလှည့်ပြော၏။

" ခင်ဗျားအဘွားကောပါတာလား "

" ဟုတ်တယ် အမေကလွန်ခဲ့တဲ့နှစ်ရက်တုန်းက ငါ့နဲ့ပတ်သတ်ပြီးမကောင်းတဲ့အိမ်မက်,မက်လို့တဲ့လေ အဲ့တာနဲ့ငါ့ကိုစိတ်ပူလို့လာကြည့်တာ "

" ရှိုင်းဌေးက အိမ်ရဲ့အချစ်ခံလေးဖြစ်နေတာပဲ "

" လာပါဦး အချစ်ကလေးကိုလည်းပြန်လည်မျှ၀ေပေးချင်လို့ "

ရှိုင်းက သူ့လက်နှစ်ဖက်ကိုဆန့်တန်းရင်းခွန်းသန့်ရှိန်၀ါအား ပွေ့ဖက်ပေးဖို့လှမ်းခေါ်၏။ခွန်းသန့်ကလည်း အလိုက်သိစွာဖြင့်ရှိုင်းထံချဥ်းကပ်လာသည်။

" အမေတို့ရှေ့ကျရင် စကားကိုကောင်းကောင်းမွန်မွန်ပြောဦးနော် အမေကအပြောအဆိုမတတ်ပေမယ့် စိတ်ရင်းကောင်းပါတယ် "

ရှိုင်းက ခွန်းသန့်ရဲ့ပခုံးကိုအသည်းယားစွာဖြင့် ခပ်ဖွဖွကိုက်ရင်းသတိပေးစကားဆိုလိုက်သည်။ သို့ပေမယ့် ခွန်းသန့်က ပေကပ်ကပ်ဖြင့်မကြားချင်ယောင်ဆောင်နေ၏။

" ခင်ဗျားအမေကို ကျုပ်တို့အကြောင်းဖွင့်မပြောသေးဘူးလား "

ခွန်းသန့်က မစောင့်ဆိုင်းနိုင်တော့သည့်ပုံစံဖြင့်ဂျစ်တိုက်လာတာမို့ ရှိုင်းက သက်ပြင်းချကာ ခွန်းသန့်ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။

" ဖွင့်ပြောဖို့ကနည်းနည်းစောအုံးမယ်ထင်တယ် ငါကတော့အရင်ဆုံးမင်းနဲ့ငါ့အမေနဲ့ကိုဒီထက်ပိုပြီးရင်းနှီးမှုရစေချင်တယ် ဒါကလည်းမင်းအပေါ်ကိုငါ့မိသားစုက ပိုပြီးချစ်ပေးနိုင်အောင်လို့ပါ "

" ခင်ဗျားရည်းစားက အဲ့လောက်တော့အထာနပ်ပါတယ် "

" အဲ့ခင်ဗျားတွေ ကျုပ်တွေနဲ့ သိပ်ကိုရင့်ထန်နေတာနော် အလုပ်အားတဲ့နေ့မှအချိုးပြင်ပေးဦးမယ် "

" ဒါဆိုမောင်လို့ခေါ်လေ အချိုးကပြင်စရာမလိုပဲတစ်ခါတည်းအပိုးကျိုးသွားမှာ "

" သိပ်တတ်နေတယ်ဟုတ်လား "

" လုပ်ပါဦး ထူးချင်လို့ "

ခွန်းသန့်က ပြုံးစိစိဖြင့်ရှိုင်းကိုစနောက်ကာ အစီအရီထပ်ထားသည့်စာအုပ်တွေအား ပြန်ဖွပစ်၏။

" ဘာလုပ်တာလဲ ငါသေချာစီထားတဲ့ဟာကို "

ရှိုင်းက စာအုပ်တွေကိုပြန်စီဖို့လုပ်တော့ ခွန်းသန့်ကသူ့ခန္ဓာကိုယ်ဖြင့်ပိတ်ရပ်ကာ ကွယ်ထား၏။

" ခွန်းသန့်ရှိန်၀ါ "

" ဘာလဲကွာ "

" မင်းမရှုပ်နဲ့ "

" ဒါဆို kissပေး "

" ဘာkissမှမပေးဘူး "

ရှိုင်းက ခွန်းသန့်နဖူးအားလက်၀ါးဖြင့်ခပ်ဖွဖွရိုက်ရင်း ရှောင်ထွက်ဖို့ကြံ၏။သို့ပေမယ့် ခွန်းသန့်ကရှိုင်းရဲ့ခါးကိုလှမ်းဆွဲကာ တင်းကျပ်နေအောင်ပွေ့ဖက်ထား၏။ ရှိုင်းကခန္ဓာကိုယ်ပြည့်ပြည့်လေးဖြစ်တာမို့ ခွန်းသန့်ကပို၍အသည်းယားတာဖြစ်သည်။

" ဆန်းရှိုင်း "

ခွန်းသန့်အသံက တိမ်၀င်သွားကာတစ်စုံတစ်ခုကိုပြောဖို့တွန့်ဆုတ်နေပုံရ၏။ ရှိုင်းက ခေါင်းကိုအသာညိတ်ပြရင်းခွန်းသန့်ရဲ့ပါးပြင်ကို ညင်သာစွာပွတ်ပေးသည်။ ထိုအပြုအမူကို ခွန်းသန့်ရှိန်၀ါကသဘောကျတာကြောင့်ဖြစ်သည်။

" ပြောလေ ငါနားထောင်ပေးဖို့အသင့်ရှိပါတယ် "

ရှိုင်းက ခွန်းသန့်ရဲ့ပခုံးကိုပြန်လည်ပွေ့ဖက်ကာ ပြုံးပြလိုက်တော့ခွန်းသန့်က ရှိုင်းရဲ့လက်ဖမိုးကိုဖိကပ်နမ်းလာသည်။

" အနာဂတ်မှာခင်ဗျားကျွန်တော့်ကို ဘယ်လောက်ထိချစ်ပေးနိုင်မလဲဆိုတာကြိုမသိနိုင်ပေမယ့် ခင်ဗျားနဲ့တော့မ၀ေးချင်ဘူး ကျွန်တော့်မှာခင်ဗျားပဲရှိတာ "

စနောက်မည်ဟုထင်ထားသော်လည်း ခွန်းသန့်ရှိန်၀ါကအတည်ပေါက်ပြောလာတာမို့ ရှိုင်းကခပ်ကြောင်ကြောင်လေးနားထောင်နေမိသည်။

" အကယ်၍လေ....အကယ်၍ရွေးချယ်ရခက်တဲ့အခိုက်အတန့်တွေနဲ့ကြုံတွေ့ခဲ့ရင်တောင် ခင်ဗျားကျွန်တော့်ကိုမစွန့်ခွာသွားပါဘူးဆိုတဲ့ကတိပေးနိုင်မလား "

" ငါကဘာလို့မင်းကိုစွန့်ခွာရမှာလဲ ငါကမင်းကိုအရင်စချစ်ခဲ့တဲ့သူပါခွန်းသန့်ရယ် အခုကောဘယ်အရာတွေကမင်းကိုဒီလိုအတွေးမျိုးတွေ၀င်တဲ့အထိ အနှောင့်အယှက်ပေးနေတာလဲ "

ရှိုင်းက ခွန်းသန့်မျက်၀န်းတွေအားစေ့စေ့ကြည့်ကာမေးလိုက်တော့ ခွန်းသန့်ကထိုအကြည့်တွေအားလွှဲရှောင်သွားသည်။

" ဆန်းရှိုင်းရဲ့အချစ်ကလေးမဖြစ်နိုင်တော့မယ့်နေ့ကို အကြောက်ဆုံးပဲ "

ခွန်းသန့်ကမျက်လွှာချကာ ငြိမ်သက်သွားတာမို့ရှိုင်းကပို၍ပူလောင်ရသည်။ ဘယ်အရာကများ ထိုအမျိုးသားရဲ့အတွေးတွေကို ၀င်ရောက်နှောင့်ယှက်နေပါသလဲ။ မကောင်းတဲ့ခံစားချက်တွေအား အချစ်ကလေးနဲ့ကင်း၀ေးစေချင်တာဖြစ်သည်။

" မောင် "

" ရှိတယ်ဗျ "

" ငါကအချစ်ကလေးကိုအများကြီးချစ်တယ်နော် "

" ကျွန်တော်လည်းခင်ဗျားကိုအများကြီးချစ်တယ်.....ကိုကို "

အသံတုံးတိဖြင့်ခေါ်ဆိုလိုက်သော ကိုကိုနာမ်စားအောက်၌ရှိုင်းမသိမသာပြုံးလိုက်မိ၏။ အချစ်ကလေးက စိတ်အလုံးစုံကိုပျော်ရွှင်စေပါရဲ့။

××××

" အမလေး မောလိုက်တာအေ ရေတစ်ခွက်ပေးစမ်းပါဦးရှိုင်းဌေးရယ် "

ဒေါ်စန်းဌေးက ရှိုင်းတိုက်ခန်းထဲစ၀င်သည်နှင့် တစ်ခုပြီးတစ်ခုတောင်းလာတာဖြစ်သည်။ ခွန်းသန့်ကတော့ ပေကပ်ကပ်ဖြင့်ဒေါ်စန်းဌေးအား မသိမသာအကဲခတ်၏။ သူ့တစ်ယောက်လုံးမြင်တာတောင် ဒေါ်စန်းဌေးကမသိချင်ယောင်ဆောင်နေတာမို့ ပိုစိတ်တိုရသည်။

" အယ် မောင်ရှိန်၀ါလည်းရောက်နေတာလား အဘွားကမင်းကိုသတိတွေရနေတာကွယ် "

ဘွားကြူကဖော်ဖော်ရွေရွေဖြင့်နှုတ်ဆက်လာတာမို့ ခွန်းသန့်ကပြန်လည်ပြုံးပြကာခေါင်းညိတ်ပြသည်။

" ဟုတ်တယ်အဘွား ကျွန်တော်ကလည်းအဘွားကိုလွမ်းလို့လာတွေ့တာ "

" မောင်ရှိန်၀ါက ရှိုင်းဌေးအိမ်ကိုဒီလိုပဲမကြာခဏလာတတ်သလား "

ဒေါ်စန်းဌေးကစကားဖြတ်ပြောလာတာမို့ ခွန်းသန့်ကချောင်းတစ်ချက်ဟန့်ရင်း ချေပစကားပြန်ပြောဖို့ပြင်ရသည်။ဒေါ်စန်းဌေးမေးပုံက သူ့အားမကြည်ဖြူသည့်ပုံစံပေါက်နေတာကြောင့် ခွန်းသန့်၏အရွဲ့တိုက်ချင်စိတ်တွေကလည်းထိန်းမရပေ။

" အခုတလောဒီရပ်ကွက်မှာ လူဆိုးသူခိုးတွေထကြွနေတယ်အန်တီ အဲ့တာကြောင့်ကျွန်တော်ကအန်တီ့သားဆီကို မကြာခဏလာလည်တာပါ စောင့်ရှောက်ပေးဖို့တာ၀န်ကလည်းကျွန်တော့်မှာရှိတယ်လေ မတော်လို့အန်တီ့သားတစ်ခုခုဖြစ်ရင်အန်တီပဲရင်ကွဲရမှာမလား အန်တီရင်ကွဲရမယ့်အဖြစ်ကိုကျွန်တော်မကြည့်ရက်တာမို့ ဒီလိုမျိုးမကြာခဏလာကြည့်ပေးနေတာပါ အဓိက,ကတော့ အန်တီ့ကြောင့်ပါ အန်တီ့မျက်နှာကြောင့်အန်တီ့သားကိုစောင့်ရှောက်ပေးနေတာ "

" အို...မောင်ရှိန်၀ါကစိတ်ထားကောင်းလိုက်တာ အဘွားမြေးကတော့မောင်ရှိန်၀ါလိုသူတော်ကောင်းလေးနဲ့တွေ့ရတာကံကောင်းတာပါပဲ "

ဘွားကြူကတော့သူ့ကိုကြည်ဖြူတာမို့ ခွန်းသန့်ရှိန်၀ါကဟက်ဟက်ပက်ပက်ပြန်ရယ်ပြရင်း ဒေါ်စန်းဌေးအနားကိုကပ်သွား၏။

" ဒါနဲ့အန်တီ့ကိုတစ်ခုမေးရအုံးမယ် "

ခွန်းသန့်ရှိန်၀ါက ဒေါ်စန်းဌေးထိုင်နေသည့်ထိုင်ခုံဘေးတွင်၀င်ထိုင်ရင်း တစ်စုံတစ်ခုအားစပ်စုချင်သည့်ပုံစံဖြင့် မျက်မှောင်တွေကိုကုတ်လိုက်၏။

" မေးလေ "

" တစ်မျိုးတော့မထင်ပါနဲ့ ဆန်းရှိုင်းစည်သူကအန်တီ့သားအရင်းလားဗျ "

" ဟယ် ငါ့သားမဟုတ်လို့ဘယ်သူ့သားဖြစ်ရမှာလဲ ငါနဲ့ကိုစည်သူဌေးနဲ့ရတဲ့ တစ်ဦးတည်းသောသား "

" အန်တီပြောလို့သာယုံရတာပါ တကယ်တော့အန်တီ့မှာသားရှိမှန်းလုံး၀ယုံချင်တာမဟုတ်ဘူး "

" ဘာလို့တုန်း "

" ဘာလို့ဆို အန်တီ့ကိုကြည့်ရတာကလေးအမေနဲ့မတူပဲ အခုထိနုပျိုနေလို့လေ "

" အမလေးဟယ် "

ဒေါ်စန်းဌေးကကျေနပ်သွားသည့်ပုံစံဖြင့် ခွန်းသန့်လက်မောင်းကိုတဖြန်းဖြန်းရိုက်ကာ ရယ်နေ၏။ ဆန်းရှိင်းကတော့ စကားအလှတွေဖြင့်ချဥ်းကပ်နေသည့်အချစ်ကလေးရဲ့အပြောတွေကြောင့် ခေါင်းငုံ့ကာကြိတ်ပြုံးလိုက်သည်။

" အန်တီအရင်တစ်ခါထည့်ပေးလိုက်တဲ့ အုန်းထန်းလျက်နဲ့ကြာဇံမရွေးလည်းကျွန်တော်စားလိုက်ရပါတယ် ဒါပေမယ့်ကျွန်တော့်ပါးစပ်နဲ့အရသာမတွေ့ဘူး "

" ဟယ် ဘာဖြစ်ရပြန်ပြီလဲမောင်ရှိန်၀ါရယ် "

" ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ပါးစပ်နဲ့အရသာတွေ့တာ အန်တီကိုယ်တိုင်ချက်ကျွေးတဲ့ဟင်းတွေပဲရှိလို့လေ "

" အယ်တော့ "

ဘွားကြူနဲ့ဒေါ်စန်းဌေးက လူကြီးပီပီအသံကျယ်ကျယ်နဲ့အော်ရယ်ရင်း ပွဲကျနေ၏။ ခွန်းသန့်ကတော့ ဂုဏ်ယူနေသည့်အနေအထားဖြင့် ရှိုင်းအားလှမ်းကြည့်ကာမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ စိတ်ထဲတွင်တော့ မှတ်ချက်တစ်ခုချလိုက်၏။ ဒေါ်စန်းဌေးက အမြှောက်အလွန်ကြိုက်သည်ဟူ၍။

×××××

" ကယ်ကြပါဦး လူတစ်ယောက်ကျွန်တော့်နောက်ကိုလိုက်နေလို့ပါ "

ပတ်၀န်းကျင်ကိုအကူအညီတောင်းကာ ပြေးလွှားနေသော်လည်းလူမနေသည့်အရပ်ဖြစ်နေတာကြောင့် ထိုလူရဲ့အကူအညီတောင်းသံကအချည်းနှီးပင်။ အနောက်ကိုလှည့်ကြည့်တော့ သူ့နောက်လိုက်လာသည့်သူစိမ်းအမျိုးသားက ပျောက်ကွယ်သွားပြီဖြစ်သည်။ ခြေဦးတည့်ရာပြေးလာတာမို့ ဘယ်ဆီဘယ်၀ယ်ရောက်နေမှန်းလည်းမသိပေ။ အချိန်အားဖြင့်မှောင်ရီပျိုးစဖြစ်နေပြီမို့ လွတ်လမ်းကိုသာလျှင်ည,မမှောင်ခင်ရှာမှဖြစ်တော့မည်။

တီ တီ

မျက်စိတဆုံး၌မြင်ရသည့် ကားမီးရောင်ကထိုလူအတွက်နောက်ဆုံးမျှော်လင့်ချက်ပင်။ ထိုကားနှင့်သာလမ်းကြုံလိုက်သွားနိုင်လျှင် အသက်ဘေးမှလွတ်ကောင်းနိုင်ရဲ့။

" ဒီမှာလူရှိပါတယ် "

တစ်ဖက်ကားထဲမှကားမောင်းသမားမြင်ရအောင် လမ်းလည်ခေါင်၌သူ့လက်နှစ်ဖက်ကို ၀ေ့ရမ်းကာအချက်ပြလိုက်၏။ ကံကောင်းသည်ဟုဆိုရမည့်အတိုင်း တစ်ဖက်ကားကသူရှေ့တည့်တည့်ကိုစိုက်စိုက်မြိုက်မြိုက်မောင်းလာပေးသည်။ တုန်ယင်နေသည့်ခြေထောက်တွေက လမ်းဘေးတွင်ရပ်သွားသည့်ကားထံသို့တရှိန်ထိုးပြေးကာ အကူအညီတောင်းမိ၏။

" ကျွန်...ကျွန်တော့်ကိုလမ်းကြုံခေါ်သွားပေးလို့မလားခင်ဗျာ လူတစ်ယောက်ကကျွန်တော့်နောက်ကိုလိုက်နေလို့ပါ "

" ရပါတယ် တက်ပါ "

ကားမောင်းသမားထံမှခွင့်ပြုချက်ရသည်နှင့် အေးစက်နေသည့်လက်တွေက ကားတံခါးကိုဆွဲဖွင့်ကာချက်ချင်း၀င်လိုက်မိ၏။ ကားသမားက သူ့အားခေါင်းလှည့်ကြည့်ကာပြုံးပြသည်။ ကားထဲမှမီးရောင်ကြောင့် ထိုကားသမားရဲ့မျက်နှာကိုလည်းရှင်းလင်းစွာမြင်ရတာဖြစ်သည်။ ပြုံးလိုက်တိုင်းပေါ်လာသည့် ပါးချိုင့်တစ်ဖက်ကထိုလူနှင့်မလိုက်ဖက်တာမျိုးမဟုတ်။

" ဟိုရှေ့ရောက်ရင်ဘယ်ဘက်လမ်းကိုနည်းနည်းလောက်ကွေ့လိုက်ပါခင်ဗျ အဲ့နားလေးမှာတင်ကျွန်တော့်ကိုချပေးခဲ့လို့ရပါတယ် "

" ဟုတ်ပါပြီ ဒါနဲ့နာမည်က? "

" ကျွန်တော့်နာမည်က လင်းခန့်ပါ "

လမ်းချိုးအကွေ့၌ကားမောင်းသမားက ကားကိုထိုးရပ်ပေးသည်။ လင်းခန့်က၀မ်းသာအားရဖြင့်ကျေးဇူးတင်စကားပြောရင်း ကားတံခါးကိုဆွဲဖွင့်၏။ သို့ပေမယ့် တံခါးလော့ချထားတာမို့ ကားတံခါးကမပွင့်ပေ။ ဘေးနားကလူကိုလှမ်းကြည့်တော့ ဖိုင်တွဲတစ်ခုထဲမှဓာတ်ပုံအား သူ့မျက်နှာနှင့်ယှဥ်ကာတိုက်နေသည်ကိုတွေ့ရသည်။
အခြေအနေကထူးဆန်းတာမို့ လက်သီးကိုဆုပ်ရင်းအကဲခတ်လိုက်တော့ ထိုလူ့အနား၌ရွှံ့ပေနေသည့်ဓာတ်မီးတစ်လက်ကိုတွေ့လိုက်ရသည်။

ထိုအရာကြောင့်လင်းခန့်၏မျက်လုံးတွေက အဆမတန်ပြူးကျယ်သွားရ၏။ ထိုဓာတ်မီးက လွန်ခဲ့သောနာရီပိုင်းခန့်ကသူ့နောက်လိုက်လာသည့် သူစိမ်းအမျိုးသားထံတွင်တွေ့ခဲ့ရတာကြောင့်ဖြစ်သည်။ဂျာကင်အင်္ကျီ၀တ်ထားကာ ဦးထုပ်ဆောင်းထားတာမို့ထိုလူရဲ့မျက်နှာကိုသေချာမတွေ့ခဲ့ရပေ။ အကြောင်းအရာကိုဆက်စပ်ပြီးစဥ်းစားကြည့်ပါက သူ့နောက်လိုက်လာသည့်အမျိုးသားနှင့်ယခုကားမောင်းသမားက တစ်ယောက်တည်းသာဖြစ်လိမ့်မည်။

" ခင်ဗျားက.... "

" ဓာတ်ပုံထဲကလူနဲ့တော့တူသားပဲ ဒါဆိုရင်အခုကစပြီးမေးခွန်းလေးတွေစမေးကြမလား "

" ခင်ဗျားဘယ်သူလဲ ဘာအကြောင်းကြောင့်ကျုပ်နောက်ကိုလိုက်နေတာလဲ "

လင်းခန့်ကကြောက်လန့်စွာဖြင့် တုန်တုန်ယင်ယင်မေးလိုက်တော့ တစ်ဖက်လူက ဂရုမစိုက်သည့်ပုံစံဖြင့်သားရေလက်အိတ်နှစ်ဖက်ကို တည်ငြိမ်စွာဖြင့်၀တ်ပြသည်။

" နောက်တစ်ခေါက်ပြန်တွေ့စရာအကြောင်းမရှိတော့ဘူးဆိုပေမယ့် ငါ့နာမည်ကအဲရိုး "

လင်းခန့်က အဲရိုးရဲ့ပခုံးကိုတွန်းကာ ကားတံခါးကိုအတင်းဆွဲဖွင့်တော့ အဲရိုးကလင်းခန့်လည်ပင်းကိုသူ့လက်မောင်းကြား၌ ဆွဲညှစ်ထားသည်။

" ခွန်အားသုံးရအောင်မလုပ်ချင်နဲ့ ဒီအတိုင်းငါမေးတာကိုပဲဖြေပေး "

အဲရိုးက တည်တည်ငြိမ်ငြိမ်ဖြင့်သာပြောလာတာမို့ လင်းခန့်ကအတင်းရုန်းကန်မနေတော့ပဲငြိမ်သက်နေလိုက်၏။

" မြို့တော်၀န်နဲ့ပတ်သတ်တဲ့ အသံဖိုင်ကဘယ်မှာရှိနေလဲ "

" မြို့...မြို့တော်၀န်ကကျွန်တော့်ကိုသတ်ဖို့ ခင်ဗျားကိုလွှတ်လိုက်တာလား "

" ဘာလို့အပိုစကားတွေပြောနေတာလဲ ငါမေးတဲ့မေးခွန်းအတွက်အဖြေပဲလိုချင်တာလေ "

" အဲ့အသံဖိုင်က ကျွန်တော့်ဆီမှာမရှိတော့ပါဘူး "

" ဒါဆိုဘယ်သူ့ဆီမှာရှိနေလဲ "

" ကျွန်တော်လည်းသေချာမသိပါဘူး အဲ့အသံဖိုင်ကလွန်ခဲ့တဲ့ငါးနှစ်လောက်တည်းကပျောက်သွားတာပါ "

" ငါ့ကိုအတိအကျသေချာပြောပြ "

" တကယ်တော့အဲ့အသံဖိုင်က ဦးအောင်ထိုက်ဆီမှာရှိခဲ့တာပါ ဒါပေမယ့်သူတို့အချင်းချင်းစကားများရင်း အဲ့အသံဖိုင်ကပျောက်သွားတယ်ပြောတယ် ကျွန်တော်ကဒီအတိုင်းမြို့တော်၀န်ဆီကပိုက်ဆံလိုချင်လို့ခြိမ်းခြောက်ခဲ့ရုံပါ နောက်တစ်ခါလည်းအခုလိုမျိုးမလုပ်တော့ပါဘူး ကျွန်တော့်ကိုလွှတ်ပေးပါ "

" အဲ့အသံဖိုင်ကပျောက်သွားတယ်ဆိုတော့ အဲ့နေ့ကဦးအောင်ထိုက်နဲ့အတူဘယ်သူတွေရှိခဲ့တာလဲ "

" ကျွန်တော်ကြားမိသလောက်တော့ အဲ့နေ့ကဦးအောင်ထိုက်နဲ့သူ့တပည့်၀ေယံတို့စကားများကြရင်းအဲ့အသံဖိုင်က ပျောက်သွားတယ်လို့သိရပါတယ် နောက်ပြီးသူတို့နဲ့အတူကောင်မလေးတစ်ယောက်လည်းရှိခဲ့တယ်လို့သိရပါတယ် ကောင်မလေးနာမည်တော့မသိပေမယ့် မသန်စွမ်းလေးပါ "

" မသန်စွမ်းလို့ပြောလိုက်တာလား "

" ဟုတ်ကဲ့ ကောင်မလေးကမသန်စွမ်းလေးပါ တွဲလို့ကူကျောင်းကပါပဲ "

လင်းခန့်ရဲ့စကားအဆုံး၌ အဲရိုးကသဘောပေါက်သွားသည့်ဟန်ပြုံးလိုက်မိ၏။ ထို့နောက်အသက်ရှုကျပ်အောင် သူ့လက်မောင်းဖြင့်ဖိကပ်ထားသည့်လင်းခန့်အား လွှတ်ပေးလိုက်သည်။

" ငါသိချင်လောက်တဲ့အတိုင်းအတာထိပြောပြပေးတဲ့အတွက် ကျေးဇူးပဲ ဒီတစ်ခါတော့မင်းကိုလွှတ်ပေးလိုက်မယ် နောက်တစ်ခါမြို့တော်၀န်ကိုထပ်မဆက်သွယ်နဲ့ "

" ကျေး....ကျေးဇူးပါခင်ဗျာ နောက်တစ်ခါဘယ်တော့မှမဆက်သွယ်တော့ပါဘူး ကျွန်တော်နှုတ်ပိတ်ပြီးနေပါ့မယ် "

" သွားတော့ "

အဲရိုးရဲ့အမိန့်ရသည်နှင့် လင်းခန့်ကကားအပြင်သို့အမြန်ပြေးထွက်ကာ တုန်တုန်ယင်ယင်ဖြင့်လမ်းကြားထဲ၀င်သွား၏။ အဲရိုးက လင်းခန့်လမ်းလျှောက်လို့အဆင်ပြေအောင်ကားမီးထိုးပေးရင်း လေလိုင်းမှသီချင်းသံအားအသံကျယ်စွာဖွင့်လိုက်သည်။ထို့နောက်သူ့အိတ်ကပ်ထဲမှစတော်ဘယ်ရီအရသာပီကေအား အရသာခံကာ၀ါးရင်း ပတ်၀န်းကျင်အားအကဲခတ်လိုက်၏။ လမ်းတစ်လျှောက်၌မှောင်မှဲနေပြီး လူနေသည့်ရပ်ကွက်ထဲရောက်ဖို့အတော်လေးလမ်းလျှောက်ရအုံးမှာဖြစ်မည်။ လမ်းကျဥ်း၏တစ်ဖက်၌ချုံပုတ်တွေကထူထဲစွာရှိနေပြီး လူအရပ်တစ်ရပ်စာလောက်ရှည်လျားနေတာဖြစ်သည်။

" အဟက် "

အဲရိုးက လေလိုင်းမှလာနေသည့်သီချင်းအားခပ်တိုးတိုးလိုက်ဆိုရင်း ကားကိုအရှိန်တင်ကာမောင်းပစ်၏။ ထို့နောက် လင်းခန့်ဆီသို့ဦးတည်ကာ တွန့်ဆုတ်ခြင်းမရှိပဲလင်းခန့်ကိုကားဖြင့် တစ်ဖက်ချုံပုတ်ထဲသို့ဆွဲပွတ်ပစ်သည်။ လင်းခန့်ကထိုချုံပုတ်ထဲပျောက်ကွယ်သွားမှသာ အဲရိုးကပါးစပ်ထဲမှပီကေအားကားအပြင်သို့ထွေးထုတ်ရင်း ဆက်မောင်းသွားသည်။

" ကောင်းကောင်းသွားတော့ ငှက်ကလေးရေ "

28.9.23
Grey

××××××

" အေမတို႔က ႐ုတ္တရက္ႀကီးၿမိဳ႕ကိုတက္လာၿပီတဲ့ ခဏေနရင္ေရာက္မယ္ေျပာတယ္ "

ရႈိင္းက ဧည့္ခန္းစားပြဲေပၚမွရႈပ္ပြေနသည့္စာအုပ္ေတြအား ေသခ်ာျပန္စီရင္း ခြန္းသန္႔အားစကားလွည့္ေျပာ၏။

" ခင္ဗ်ားအဘြားေကာပါတာလား "

" ဟုတ္တယ္ အေမကလြန္ခဲ့တဲ့ႏွစ္ရက္တုန္းက ငါ့နဲ႔ပတ္သတ္ၿပီးမေကာင္းတဲ့အိမ္မက္,မက္လို႔တဲ့ေလ အဲ့တာနဲ႔ငါ့ကိုစိတ္ပူလို႔လာၾကည့္တာ "

" ရႈိင္းေဌးက အိမ္ရဲ႕အခ်စ္ခံေလးျဖစ္ေနတာပဲ "

" လာပါဦး အခ်စ္ကေလးကိုလည္းျပန္လည္မွ်၀ေေပးခ်င္လို႔ "

ရႈိင္းက သူ႔လက္ႏွစ္ဖက္ကိုဆန္႔တန္းရင္းခြန္းသန္႔ရွိန္၀ါအား ေပြ႕ဖက္ေပးဖို႔လွမ္းေခၚ၏။ခြန္းသန္႔ကလည္း အလိုက္သိစြာျဖင့္ရႈိင္းထံခ်ဥ္းကပ္လာသည္။

" အေမတို႔ေရွ႕က်ရင္ စကားကိုေကာင္းေကာင္းမြန္မြန္ေျပာဦးေနာ္ အေမကအေျပာအဆိုမတတ္ေပမယ့္ စိတ္ရင္းေကာင္းပါတယ္ "

ရႈိင္းက ခြန္းသန္႔ရဲ႕ပခုံးကိုအသည္းယားစြာျဖင့္ ခပ္ဖြဖြကိုက္ရင္းသတိေပးစကားဆိုလိုက္သည္။ သို႔ေပမယ့္ ခြန္းသန္႔က ေပကပ္ကပ္ျဖင့္မၾကားခ်င္ေယာင္ေဆာင္ေန၏။

" ခင္ဗ်ားအေမကို က်ဳပ္တို႔အေၾကာင္းဖြင့္မေျပာေသးဘူးလား "

ခြန္းသန္႔က မေစာင့္ဆိုင္းႏိုင္ေတာ့သည့္ပုံစံျဖင့္ဂ်စ္တိုက္လာတာမို႔ ရႈိင္းက သက္ျပင္းခ်ကာ ခြန္းသန္႔ရဲ႕လက္ေတြကိုဆုပ္ကိုင္လိုက္သည္။

" ဖြင့္ေျပာဖို႔ကနည္းနည္းေစာအုံးမယ္ထင္တယ္ ငါကေတာ့အရင္ဆုံးမင္းနဲ႔ငါ့အေမနဲ႔ကိုဒီထက္ပိုၿပီးရင္းႏွီးမႈရေစခ်င္တယ္ ဒါကလည္းမင္းအေပၚကိုငါ့မိသားစုက ပိုၿပီးခ်စ္ေပးႏိုင္ေအာင္လို႔ပါ "

" ခင္ဗ်ားရည္းစားက အဲ့ေလာက္ေတာ့အထာနပ္ပါတယ္ "

" အဲ့ခင္ဗ်ားေတြ က်ဳပ္ေတြနဲ႔ သိပ္ကိုရင့္ထန္ေနတာေနာ္ အလုပ္အားတဲ့ေန႔မွအခ်ိဳးျပင္ေပးဦးမယ္ "

" ဒါဆိုေမာင္လို႔ေခၚေလ အခ်ိဳးကျပင္စရာမလိုပဲတစ္ခါတည္းအပိုးက်ိဳးသြားမွာ "

" သိပ္တတ္ေနတယ္ဟုတ္လား "

" လုပ္ပါဦး ထူးခ်င္လို႔ "

ခြန္းသန္႔က ၿပဳံးစိစိျဖင့္ရႈိင္းကိုစေနာက္ကာ အစီအရီထပ္ထားသည့္စာအုပ္ေတြအား ျပန္ဖြပစ္၏။

" ဘာလုပ္တာလဲ ငါေသခ်ာစီထားတဲ့ဟာကို "

ရႈိင္းက စာအုပ္ေတြကိုျပန္စီဖို႔လုပ္ေတာ့ ခြန္းသန္႔ကသူ႔ခႏၶာကိုယ္ျဖင့္ပိတ္ရပ္ကာ ကြယ္ထား၏။

" ခြန္းသန္႔ရွိန္၀ါ "

" ဘာလဲကြာ "

" မင္းမရႈပ္နဲ႔ "

" ဒါဆို kissေပး "

" ဘာkissမွမေပးဘူး "

ရႈိင္းက ခြန္းသန္႔နဖူးအားလက္၀ါးျဖင့္ခပ္ဖြဖြ႐ိုက္ရင္း ေရွာင္ထြက္ဖို႔ႀကံ၏။သို႔ေပမယ့္ ခြန္းသန္႔ကရႈိင္းရဲ႕ခါးကိုလွမ္းဆြဲကာ တင္းက်ပ္ေနေအာင္ေပြ႕ဖက္ထား၏။ ရႈိင္းကခႏၶာကိုယ္ျပည့္ျပည့္ေလးျဖစ္တာမို႔ ခြန္းသန္႔ကပို၍အသည္းယားတာျဖစ္သည္။

" ဆန္းရႈိင္း "

ခြန္းသန္႔အသံက တိမ္၀င္သြားကာတစ္စုံတစ္ခုကိုေျပာဖို႔တြန္႔ဆုတ္ေနပုံရ၏။ ရႈိင္းက ေခါင္းကိုအသာညိတ္ျပရင္းခြန္းသန္႔ရဲ႕ပါးျပင္ကို ညင္သာစြာပြတ္ေပးသည္။ ထိုအျပဳအမူကို ခြန္းသန္႔ရွိန္၀ါကသေဘာက်တာေၾကာင့္ျဖစ္သည္။

" ေျပာေလ ငါနားေထာင္ေပးဖို႔အသင့္ရွိပါတယ္ "

ရႈိင္းက ခြန္းသန္႔ရဲ႕ပခုံးကိုျပန္လည္ေပြ႕ဖက္ကာ ၿပဳံးျပလိုက္ေတာ့ခြန္းသန္႔က ရႈိင္းရဲ႕လက္ဖမိုးကိုဖိကပ္နမ္းလာသည္။

" အနာဂတ္မွာခင္ဗ်ားကြၽန္ေတာ့္ကို ဘယ္ေလာက္ထိခ်စ္ေပးႏိုင္မလဲဆိုတာႀကိဳမသိႏိုင္ေပမယ့္ ခင္ဗ်ားနဲ႔ေတာ့မ၀ေးခ်င္ဘူး ကြၽန္ေတာ့္မွာခင္ဗ်ားပဲရွိတာ "

စေနာက္မည္ဟုထင္ထားေသာ္လည္း ခြန္းသန္႔ရွိန္၀ါကအတည္ေပါက္ေျပာလာတာမို႔ ရႈိင္းကခပ္ေၾကာင္ေၾကာင္ေလးနားေထာင္ေနမိသည္။

" အကယ္၍ေလ....အကယ္၍ေ႐ြးခ်ယ္ရခက္တဲ့အခိုက္အတန္႔ေတြနဲ႔ႀကဳံေတြ႕ခဲ့ရင္ေတာင္ ခင္ဗ်ားကြၽန္ေတာ့္ကိုမစြန္႔ခြာသြားပါဘူးဆိုတဲ့ကတိေပးႏိုင္မလား "

" ငါကဘာလို႔မင္းကိုစြန္႔ခြာရမွာလဲ ငါကမင္းကိုအရင္စခ်စ္ခဲ့တဲ့သူပါခြန္းသန္႔ရယ္ အခုေကာဘယ္အရာေတြကမင္းကိုဒီလိုအေတြးမ်ိဳးေတြ၀င္တဲ့အထိ အေႏွာင့္အယွက္ေပးေနတာလဲ "

ရႈိင္းက ခြန္းသန္႔မ်က္၀န္းေတြအားေစ့ေစ့ၾကည့္ကာေမးလိုက္ေတာ့ ခြန္းသန္႔ကထိုအၾကည့္ေတြအားလႊဲေရွာင္သြားသည္။

" ဆန္းရႈိင္းရဲ႕အခ်စ္ကေလးမျဖစ္ႏိုင္ေတာ့မယ့္ေန႔ကို အေၾကာက္ဆုံးပဲ "

ခြန္းသန္႔ကမ်က္လႊာခ်ကာ ၿငိမ္သက္သြားတာမို႔ရႈိင္းကပို၍ပူေလာင္ရသည္။ ဘယ္အရာကမ်ား ထိုအမ်ိဳးသားရဲ႕အေတြးေတြကို ၀င္ေရာက္ေႏွာင့္ယွက္ေနပါသလဲ။ မေကာင္းတဲ့ခံစားခ်က္ေတြအား အခ်စ္ကေလးနဲ႔ကင္း၀ေးေစခ်င္တာျဖစ္သည္။

" ေမာင္ "

" ရွိတယ္ဗ် "

" ငါကအခ်စ္ကေလးကိုအမ်ားႀကီးခ်စ္တယ္ေနာ္ "

" ကြၽန္ေတာ္လည္းခင္ဗ်ားကိုအမ်ားႀကီးခ်စ္တယ္.....ကိုကို "

အသံတုံးတိျဖင့္ေခၚဆိုလိုက္ေသာ ကိုကိုနာမ္စားေအာက္၌ရႈိင္းမသိမသာၿပဳံးလိုက္မိ၏။ အခ်စ္ကေလးက စိတ္အလုံးစုံကိုေပ်ာ္႐ႊင္ေစပါရဲ႕။

××××

" အမေလး ေမာလိုက္တာေအ ေရတစ္ခြက္ေပးစမ္းပါဦးရႈိင္းေဌးရယ္ "

ေဒၚစန္းေဌးက ရႈိင္းတိုက္ခန္းထဲစ၀င္သည္ႏွင့္ တစ္ခုၿပီးတစ္ခုေတာင္းလာတာျဖစ္သည္။ ခြန္းသန္႔ကေတာ့ ေပကပ္ကပ္ျဖင့္ေဒၚစန္းေဌးအား မသိမသာအကဲခတ္၏။ သူ႔တစ္ေယာက္လုံးျမင္တာေတာင္ ေဒၚစန္းေဌးကမသိခ်င္ေယာင္ေဆာင္ေနတာမို႔ ပိုစိတ္တိုရသည္။

" အယ္ ေမာင္ရွိန္၀ါလည္းေရာက္ေနတာလား အဘြားကမင္းကိုသတိေတြရေနတာကြယ္ "

ဘြားၾကဴကေဖာ္ေဖာ္ေ႐ြေ႐ြျဖင့္ႏႈတ္ဆက္လာတာမို႔ ခြန္းသန္႔ကျပန္လည္ၿပဳံးျပကာေခါင္းညိတ္ျပသည္။

" ဟုတ္တယ္အဘြား ကြၽန္ေတာ္ကလည္းအဘြားကိုလြမ္းလို႔လာေတြ႕တာ "

" ေမာင္ရွိန္၀ါက ရႈိင္းေဌးအိမ္ကိုဒီလိုပဲမၾကာခဏလာတတ္သလား "

ေဒၚစန္းေဌးကစကားျဖတ္ေျပာလာတာမို႔ ခြန္းသန္႔ကေခ်ာင္းတစ္ခ်က္ဟန္႔ရင္း ေခ်ပစကားျပန္ေျပာဖို႔ျပင္ရသည္။ေဒၚစန္းေဌးေမးပုံက သူ႔အားမၾကည္ျဖဴသည့္ပုံစံေပါက္ေနတာေၾကာင့္ ခြန္းသန္႔၏အ႐ြဲ႕တိုက္ခ်င္စိတ္ေတြကလည္းထိန္းမရေပ။

" အခုတေလာဒီရပ္ကြက္မွာ လူဆိုးသူခိုးေတြထႂကြေနတယ္အန္တီ အဲ့တာေၾကာင့္ကြၽန္ေတာ္ကအန္တီ့သားဆီကို မၾကာခဏလာလည္တာပါ ေစာင့္ေရွာက္ေပးဖို႔တာ၀န္ကလည္းကြၽန္ေတာ့္မွာရွိတယ္ေလ မေတာ္လို႔အန္တီ့သားတစ္ခုခုျဖစ္ရင္အန္တီပဲရင္ကြဲရမွာမလား အန္တီရင္ကြဲရမယ့္အျဖစ္ကိုကြၽန္ေတာ္မၾကည့္ရက္တာမို႔ ဒီလိုမ်ိဳးမၾကာခဏလာၾကည့္ေပးေနတာပါ အဓိက,ကေတာ့ အန္တီ့ေၾကာင့္ပါ အန္တီ့မ်က္ႏွာေၾကာင့္အန္တီ့သားကိုေစာင့္ေရွာက္ေပးေနတာ "

" အို...ေမာင္ရွိန္၀ါကစိတ္ထားေကာင္းလိုက္တာ အဘြားေျမးကေတာ့ေမာင္ရွိန္၀ါလိုသူေတာ္ေကာင္းေလးနဲ႔ေတြ႕ရတာကံေကာင္းတာပါပဲ "

ဘြားၾကဴကေတာ့သူ႔ကိုၾကည္ျဖဴတာမို႔ ခြန္းသန္႔ရွိန္၀ါကဟက္ဟက္ပက္ပက္ျပန္ရယ္ျပရင္း ေဒၚစန္းေဌးအနားကိုကပ္သြား၏။

" ဒါနဲ႔အန္တီ့ကိုတစ္ခုေမးရအုံးမယ္ "

ခြန္းသန္႔ရွိန္၀ါက ေဒၚစန္းေဌးထိုင္ေနသည့္ထိုင္ခုံေဘးတြင္၀င္ထိုင္ရင္း တစ္စုံတစ္ခုအားစပ္စုခ်င္သည့္ပုံစံျဖင့္ မ်က္ေမွာင္ေတြကိုကုတ္လိုက္၏။

" ေမးေလ "

" တစ္မ်ိဳးေတာ့မထင္ပါနဲ႔ ဆန္းရႈိင္းစည္သူကအန္တီ့သားအရင္းလားဗ် "

" ဟယ္ ငါ့သားမဟုတ္လို႔ဘယ္သူ႔သားျဖစ္ရမွာလဲ ငါနဲ႔ကိုစည္သူေဌးနဲ႔ရတဲ့ တစ္ဦးတည္းေသာသား "

" အန္တီေျပာလို႔သာယုံရတာပါ တကယ္ေတာ့အန္တီ့မွာသားရွိမွန္းလုံး၀ယုံခ်င္တာမဟုတ္ဘူး "

" ဘာလို႔တုန္း "

" ဘာလို႔ဆို အန္တီ့ကိုၾကည့္ရတာကေလးအေမနဲ႔မတူပဲ အခုထိႏုပ်ိဳေနလို႔ေလ "

" အမေလးဟယ္ "

ေဒၚစန္းေဌးကေက်နပ္သြားသည့္ပုံစံျဖင့္ ခြန္းသန္႔လက္ေမာင္းကိုတျဖန္းျဖန္း႐ိုက္ကာ ရယ္ေန၏။ ဆန္းရွိင္းကေတာ့ စကားအလွေတြျဖင့္ခ်ဥ္းကပ္ေနသည့္အခ်စ္ကေလးရဲ႕အေျပာေတြေၾကာင့္ ေခါင္းငုံ႔ကာႀကိတ္ၿပဳံးလိုက္သည္။

" အန္တီအရင္တစ္ခါထည့္ေပးလိုက္တဲ့ အုန္းထန္းလ်က္နဲ႔ၾကာဇံမေ႐ြးလည္းကြၽန္ေတာ္စားလိုက္ရပါတယ္ ဒါေပမယ့္ကြၽန္ေတာ့္ပါးစပ္နဲ႔အရသာမေတြ႕ဘူး "

" ဟယ္ ဘာျဖစ္ရျပန္ၿပီလဲေမာင္ရွိန္၀ါရယ္ "

" ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ့္ပါးစပ္နဲ႔အရသာေတြ႕တာ အန္တီကိုယ္တိုင္ခ်က္ေကြၽးတဲ့ဟင္းေတြပဲရွိလို႔ေလ "

" အယ္ေတာ့ "

ဘြားၾကဴနဲ႔ေဒၚစန္းေဌးက လူႀကီးပီပီအသံက်ယ္က်ယ္နဲ႔ေအာ္ရယ္ရင္း ပြဲက်ေန၏။ ခြန္းသန္႔ကေတာ့ ဂုဏ္ယူေနသည့္အေနအထားျဖင့္ ရႈိင္းအားလွမ္းၾကည့္ကာမ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။ စိတ္ထဲတြင္ေတာ့ မွတ္ခ်က္တစ္ခုခ်လိုက္၏။ ေဒၚစန္းေဌးက အေျမႇာက္အလြန္ႀကိဳက္သည္ဟူ၍။

×××××

" ကယ္ၾကပါဦး လူတစ္ေယာက္ကြၽန္ေတာ့္ေနာက္ကိုလိုက္ေနလို႔ပါ "

ပတ္၀န္းက်င္ကိုအကူအညီေတာင္းကာ ေျပးလႊားေနေသာ္လည္းလူမေနသည့္အရပ္ျဖစ္ေနတာေၾကာင့္ ထိုလူရဲ႕အကူအညီေတာင္းသံကအခ်ည္းႏွီးပင္။ အေနာက္ကိုလွည့္ၾကည့္ေတာ့ သူ႔ေနာက္လိုက္လာသည့္သူစိမ္းအမ်ိဳးသားက ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ ေျခဦးတည့္ရာေျပးလာတာမို႔ ဘယ္ဆီဘယ္၀ယ္ေရာက္ေနမွန္းလည္းမသိေပ။ အခ်ိန္အားျဖင့္ေမွာင္ရီပ်ိဳးစျဖစ္ေနၿပီမို႔ လြတ္လမ္းကိုသာလွ်င္ည,မေမွာင္ခင္ရွာမွျဖစ္ေတာ့မည္။

တီ တီ

မ်က္စိတဆုံး၌ျမင္ရသည့္ ကားမီးေရာင္ကထိုလူအတြက္ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ပင္။ ထိုကားႏွင့္သာလမ္းႀကဳံလိုက္သြားႏိုင္လွ်င္ အသက္ေဘးမွလြတ္ေကာင္းႏိုင္ရဲ႕။

" ဒီမွာလူရွိပါတယ္ "

တစ္ဖက္ကားထဲမွကားေမာင္းသမားျမင္ရေအာင္ လမ္းလည္ေခါင္၌သူ႔လက္ႏွစ္ဖက္ကို ၀ေ့ရမ္းကာအခ်က္ျပလိုက္၏။ ကံေကာင္းည္ဟုဆိုရမည့္အတိုင္း တစ္ဖက္ကားကသူေရွ႕တည့္တည့္ကိုစိုက္စိုက္ၿမိဳက္ၿမိဳက္ေမာင္းလာေပးသည္။ တုန္ယင္ေနသည့္ေျခေထာက္ေတြက လမ္းေဘးတြင္ရပ္သြားသည့္ကားထံသို႔တရွိန္ထိုးေျပးကာ အကူအညီေတာင္းမိ၏။

" ကြၽန္...ကြၽန္ေတာ့္ကိုလမ္းႀကဳံေခၚသြားေပးလို႔မလားခင္ဗ်ာ လူတစ္ေယာက္ကကြၽန္ေတာ့္ေနာက္ကိုလိုက္ေနလို႔ပါ "

" ရပါတယ္ တက္ပါ "

ကားေမာင္းသမားထံမွခြင့္ျပဳခ်က္ရသည္ႏွင့္ ေအးစက္ေနသည့္လက္ေတြက ကားတံခါးကိုဆြဲဖြင့္ကာခ်က္ခ်င္း၀င္လိုက္မိ၏။ ကားသမားက သူ႔အားေခါင္းလွည့္ၾကည့္ကာၿပဳံးျပသည္။ ကားထဲမွမီးေရာင္ေၾကာင့္ ထိုကားသမားရဲ႕မ်က္ႏွာကိုလည္းရွင္းလင္းစြာျမင္ရတာျဖစ္သည္။ ၿပဳံးလိုက္တိုင္းေပၚလာသည့္ ပါးခ်ိဳင့္တစ္ဖက္ကထိုလူႏွင့္မလိုက္ဖက္တာမ်ိဳးမဟုတ္။

" ဟိုေရွ႕ေရာက္ရင္ဘယ္ဘက္လမ္းကိုနည္းနည္းေလာက္ေကြ႕လိုက္ပါခင္ဗ် အဲ့နားေလးမွာတင္ကြၽန္ေတာ့္ကိုခ်ေပးခဲ့လို႔ရပါတယ္ "

" ဟုတ္ပါၿပီ ဒါနဲ႔နာမည္က? "

" ကြၽန္ေတာ့္နာမည္က လင္းခန္႔ပါ "

လမ္းခ်ိဳးအေကြ႕၌ကားေမာင္းသမားက ကားကိုထိုးရပ္ေပးသည္။ လင္းခန္႔က၀မ္းသာအားရျဖင့္ေက်းဇူးတင္စကားေျပာရင္း ကားတံခါးကိုဆြဲဖြင့္၏။ သို႔ေပမယ့္ တံခါးေလာ့ခ်ထားတာမို႔ ကားတံခါးကမပြင့္ေပ။ ေဘးနားကလူကိုလွမ္းၾကည့္ေတာ့ ဖိုင္တြဲတစ္ခုထဲမွဓာတ္ပုံအား သူ႔မ်က္ႏွာႏွင့္ယွဥ္ကာတိုက္ေနသည္ကိုေတြ႕ရသည္။
အေျခအေနကထူးဆန္းတာမို႔ လက္သီးကိုဆုပ္ရင္းအကဲခတ္လိုက္ေတာ့ ထိုလူ႔အနား၌႐ႊံ႕ေပေနသည့္ဓာတ္မီးတစ္လက္ကိုေတြ႕လိုက္ရသည္။

ထိုအရာေၾကာင့္လင္းလန္႔၏မ်က္လုံးေတြက အဆမတန္ျပဴးက်ယ္သြားရ၏။ ထိုဓာတ္မီးက လြန္ခဲ့ေသာနာရီပိုင္းခန္႔ကသူ႔ေနာက္လိုက္လာသည့္ သူစိမ္းအမ်ိဳးသားထံတြင္ေတြ႕ခဲ့ရတာေၾကာင့္ျဖစ္သည္။ဂ်ာကင္အက်ႌ၀တ္ထားကာ ဦးထုပ္ေဆာင္းထားတာမို႔ထိုလူရဲ႕မ်က္ႏွာကိုေသခ်ာမေတြ႕ခဲ့ရေပ။ အေၾကာင္းအရာကိုဆက္စပ္ၿပီးစဥ္းစားၾကည့္ပါက သူ႔ေနာက္လိုက္လာသည့္အမ်ိဳးသားႏွင့္ယခုကားသေမာင္းသမားက တစ္ေယာက္တည္းသာျဖစ္လိမ့္မည္။

" ခင္ဗ်ားက.... "

" ဓာတ္ပုံထဲကလူနဲ႔ေတာ့တူသားပဲ ဒါဆိုရင္အခုကစၿပီးေမးခြန္းေလးေတြစေမးၾကမလား "

" ခင္ဗ်ားဘယ္သူလဲ ဘာအေၾကာင္းေၾကာင့္က်ဳပ္ေနာက္ကိုလိုက္ေနတာလဲ "

လင္းခန္႔ကေၾကာက္လန္႔စြာျဖင့္ တုန္တုန္ယင္ယင္ေမးလိုက္ေတာ့ တစ္ဖက္လူက ဂ႐ုမစိုက္သည့္ပုံစံျဖင့္သားေရလက္အိတ္ႏွစ္ဖက္ကို တည္ၿငိမ္စြာျဖင့္၀တ္ျပသည္။

" ေနာက္တစ္ေခါက္ျပန္ေတြ႕စရာအေၾကာင္းမရွိေတာ့ဘူးဆိုေပမယ့္ ငါ့နာမည္ကအဲ႐ိုး "

လင္းခန္႔က အဲ႐ိုးရဲ႕ပခုံးကိုတြန္းကာ ကားတံခါးကိုအတင္းဆြဲဖြင့္ေတာ့ အဲ႐ိုးကလင္းခန္႔လည္ပင္းကိုသူ႔လက္ေမာင္းၾကား၌ ဆြဲညႇစ္ထားသည္။

" ခြန္အားသုံးရေအာင္မလုပ္ခ်င္နဲ႔ ဒီအတိုင္းငါေမးတာကိုပဲေျဖေပး "

အဲ႐ိုးက တည္တည္ၿငိမ္ၿငိမ္ျဖင့္သာေျပာလာတာမို႔ လင္းခန္႔ကအတင္း႐ုန္းကန္မေနေတာ့ပဲၿငိမ္သက္ေနလိုက္၏။

" ၿမိဳ႕ေတာ္၀န္နဲ႔ပတ္သတ္တဲ့ အသံဖိုင္ကဘယ္မွာရွိေနလဲ "

" ၿမိဳ႕...ၿမိဳ႕ေတာ္၀န္ကကြၽန္ေတာ့္ကိုသတ္ဖို႔ ခင္ဗ်ားကိုလႊတ္လိုက္တာလား "

" ဘာလို႔အပိုစကားေတြေျပာေနတာလဲ ငါေမးတဲ့ေမးခြန္းအတြက္အေျဖပဲလိုခ်င္တာေလ "

" အဲ့အသံဖိုင္က ကြၽန္ေတာ့္ဆီမွာမရွိေတာ့ပါဘူး "

" ဒါဆိုဘယ္သူ႔ဆီမွာရွိေနလဲ "

" ကြၽန္ေတာ္လည္းေသခ်ာမသိပါဘူး အဲ့အသံဖိုင္ကလြန္ခဲ့တဲ့ငါးႏွစ္ေလာက္တည္းကေပ်ာက္သြားတာပါ "

" ငါ့ကိုအတိအက်ေသခ်ာေျပာျပ "

" တကယ္ေတာ့အဲ့အသံဖိုင္က ဦးေအာင္ထိုက္ဆီမွာရွိခဲ့တာပါ ဒါေပမယ့္သူတို႔အခ်င္းခ်င္းစကားမ်ားရင္း အဲ့အသံဖိုင္ကေပ်ာက္သြားတယ္ေျပာတယ္ ကြၽန္ေတာ္ကဒီအတိုင္းၿမိဳ႕ေတာ္၀န္ဆီကပိုက္ဆံလိုခ်င္လို႔ၿခိမ္းေျခာက္ခဲ့႐ုံပါ ေနာက္တစ္ခါလည္းအခုလိုမ်ိဳးမလုပ္ေတာ့ပါဘူး ကြၽန္ေတာ့္ကိုလႊတ္ေပးပါ "

" အဲ့အသံဖိုင္ကေပ်ာက္သြားတယ္ဆိုေတာ့ အဲ့ေန႔ကဦးေအာင္ထိုက္နဲ႔အတူဘယ္သူေတြရွိခဲ့တာလဲ "

" ကြၽန္ေတာ္ၾကားမိသေလာက္ေတာ့ အဲ့ေန႔ကဦးေအာင္ထိုက္နဲ႔သူ႔တပည့္၀ေယံတို႔စကားမ်ားၾကရင္းအဲ့အသံဖိုင္က ေပ်ာက္သြားတယ္လို႔သိရပါတယ္ ေနာက္ၿပီးသူတို႔နဲ႔အတူေကာင္မေလးတစ္ေယာက္လည္းရွိခဲ့တယ္လို႔သိရပါတယ္ ေကာင္မေလးနာမည္ေတာ့မသိေပမယ့္ မသန္စြမ္းေလးပါ "

" မသန္စြမ္းလို႔ေျပာလိုက္တာလား "

" ဟုတ္ကဲ့ ေကာင္မေလးကမသန္စြမ္းေလးပါ တြဲလို႔ကူေက်ာင္းကပါပဲ "

လင္းခန္႔ရဲ႕စကားအဆုံး၌ အဲ႐ိုးကသေဘာေပါက္သြားသည့္ဟန္ၿပဳံးလိုက္မိ၏။ ထို႔ေနာက္အသက္ရႈက်ပ္ေအာင္ သူ႔လက္ေမာင္းျဖင့္ဖိကပ္ထားသည့္လင္းခန္႔အား လႊတ္ေပးလိုက္သည္။

" ငါသိခ်င္ေလာက္တဲ့အတိုင္းအတာထိေျပာျပေပးတဲ့အတြက္ ေက်းဇူးပဲ ဒီတစ္ခါေတာ့မင္းကိုလႊတ္ေပးလိုက္မယ္ ေနာက္တစ္ခါၿမိဳ႕ေတာ္၀န္ကိုထပ္မဆက္သြယ္နဲ႔ "

" ေက်း....ေက်းဇူးပါခင္ဗ်ာ ေနာက္တစ္ခါဘယ္ေတာ့မွမဆက္သြယ္ေတာ့ပါဘူး ကြၽန္ေတာ္ႏႈတ္ပိတ္ၿပီးေနပါ့မယ္ "

" သြားေတာ့ "

အဲ႐ိုးရဲ႕အမိန္႔ရသည္ႏွင့္ လင္းခန္႔ကကားအျပင္သို႔အျမန္ေျပးထြက္ကာ တုန္တုန္ယင္ယင္ျဖင့္လမ္းၾကားထဲ၀င္သြား၏။ အဲ႐ိုးက လင္းခန္႔လမ္းေလွ်ာက္လို႔အဆင္ေျပေအာင္ကားမီးထိုးေပးရင္း ေလလိုင္းမွသီခ်င္းသံအားအသံက်ယ္စြာဖြင့္လိုက္သည္။ထို႔ေနာက္သူ႔အိတ္ကပ္ထဲမွပီေကအား အရသာခံကာ၀ါးရင္း ပတ္၀န္းက်င္အားအကဲခတ္လိုက္၏။ လမ္းတစ္ေလွ်ာက္၌ေမွာင္မွဲေနၿပီး လူေနသည့္ရပ္ကြက္ထဲေရာက္ဖို႔အေတာ္ေလးလမ္းေလွ်ာက္ရအုံးမွာျဖစ္မည္။ လမ္းက်ဥ္း၏တစ္ဖက္၌ခ်ဳံပုတ္ေတြကထူထဲစြာရွိေနၿပီး လူအရပ္တစ္ရပ္စာေလာက္ရွည္လ်ားေနတာျဖစ္သည္။

" အဟက္ "

အဲ႐ိုးက ေလလိုင္းမွလာေနသည့္သီခ်င္းအားခပ္တိုးတိုးလိုက္ဆိုရင္း ကားကိုအရွိန္တင္ကာေမာင္းပစ္၏။ ထို႔ေနာက္ လင္းခန္႔ဆီသို႔ဦးတည္ကာ တြန္႔ဆုတ္ျခင္းမရွိပဲလင္းခန္႔ကိုကားျဖင့္ တစ္ဖက္ခ်ဳံပုတ္ထဲသို႔ဆြဲပြတ္ပစ္သည္။ လင္းခန္႔ကထိုခ်ဳံပုတ္ထဲေပ်ာက္ကြယ္သြားမွသာ အဲ႐ိုးကပါးစပ္ထဲမွပီေကအားကားအျပင္သို႔ေထြးထုတ္ရင္း ဆက္ေမာင္းသြားသည္။

" ေကာင္းေကာင္းသြားေတာ့ ငွက္ကေလးေရ "

××××××
28.9.23
Grey

Continue Reading

You'll Also Like

Twenty Six Revenge By Grey

Mystery / Thriller

435K 29.2K 49
Khoon Thant Shein Wah+Sunshine SiThu
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
10.9K 2K 57
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...
274K 43.2K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story