Twenty Six Revenge

By greyvictor25

435K 29.2K 5.3K

Khoon Thant Shein Wah+Sunshine SiThu More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Final

30

7.9K 590 91
By greyvictor25

" မြို့တော်၀န်ဘက်ကကျွန်တော့်ကို ပြန်ဆက်သွယ်ရလောက်တဲ့အထိ ဘာကများအရေးကြီးကိစ္စဖြစ်လို့ပါလဲ "

" ကော်ဖီအရင်သောက်လိုက်ပါဦး "

ဦးစစ်ချန်းက အသံကိုတည်ငြိမ်စွာပြောရင်းကော်ဖီခွက်ကိုလက်ညွှန်ပြ၏။ ယခုတလောမြို့တော်၀န်ဘက်မှ သူ့အားမကြာခဏဆိုသလိုဆက်သွယ်လေ့ရှိတာကြောင့် မင်းခန့်ကဦးစစ်ချန်း၏အတွင်းလူယုံအနေအထားအထိ ရောက်ရှိနေပြီဖြစ်သည်။ အကြင်အနာတရားမရှိ အလုပ်အပေါ်ပြတ်သားစွာလုပ်တတ်တဲ့မင်းခန့်ကြောင့် ဦးစစ်ချန်းကသူ့အားအရေးကြီးကိစ္စများကိုသာ ခိုင်းလိမ့်မည်ဟုမင်းခန့်ကြိုတွေးထင်ထား၏။ အခြေအနေအရ မြို့တော်၀န်၏အတွင်းရေးကိစ္စများကို မင်းခန့်ကအတိုင်းအတာတစ်ခုအထိသိနှင့်ပြီးပြီမို့ ဦးစစ်ချန်းဘက်မှမင်းခန့်အား ဘက်ကန်၍မရပေ။

" လွန်ခဲ့တဲ့နှစ်ရက်က တွဲလို့ကူစာသင်ကျောင်းကလူဟောင်းတစ်ယောက်ငါ့ကိုဆက်သွယ်လာတယ် သူကအဲ့ဒီကျောင်းမှာသန့်ရှင်းရေးလုပ်တဲ့သူလိို့ပြောတယ် "

ဦးစစ်ချန်းက မျက်မှန်ကိုင်းကိုပင့်တင်ရင်း ဓာတ်ပုံပါအတူတွဲပါသည့်ဖိုင်တွဲတစ်ခုအားမင်းခန့်ဘက်ကို ပစ်ပေး၏။ မင်းခန့်ကလည်း ထိုဓာတ်ပုံထဲမှအမျိုးသားကိုသေချာစူးစိုက်ကြည့်ကာ နှုတ်ဆိတ်နေသည်။

" မင်းနဲ့ငါက ခရီးစဥ်တစ်ခုကိုအတူဖြတ်ကျော်နေကြတဲ့သူဆိုတော့ မဖုံးကွယ်ပဲပြောကြတာပေါ့ အဲ့ဓာတ်ပုံထဲကလူက သူ့မှာငါနဲ့ပတ်သတ်တဲ့ cctvမှတ်တမ်းရှိတယ်လို့ပြောတယ် အထူးသဖြင့်မီးလောင်တဲ့နေ့က ငါနဲ့ဦးအောင်ထိုက်နဲ့ပြောခဲ့တဲ့အသံဖိုင်တွေပါအကုန်ရှိတယ်လို့ပြောတယ် "

ဦးစစ်ချန်းက စိတ်ရှုပ်နေသည့်ပုံစံဖြင့်သူ့ရှပ်အင်္ကျီလက်ရှည်မှ ကြယ်သီးတစ်လုံးကိုဖြုတ်လိုက်၏။ မင်းခန့်ကလည်းခေါင်းငုံ့ကာ ခပ်ရေးရေးပြုံးရင်း ဦးအောင်ထိုက်ပေးတဲ့ဖိုင်တွဲအား သူ့ဂျာကင်အတွင်းအိတ်ထဲသို့ထိုးထည့်သည်။

" မြို့တော်၀န်ဘာကိုဆိုလိုချင်မှန်းကျွန်တော်သိပါတယ် ကျွန်တော်အဲ့ဒီသက်သေမှတ်တမ်းကို ရအောင်ယူခဲ့ပေးပါ့မယ် "

စိတ်ကျေနပ်စရာကောင်းတဲ့အဖြေကြောင့် ဦးအောင်ထိုက်ကခေါင်းကိုအသာညိတ်ရင်း ပိုက်ဆံထည့်ထားသည့်စာအိတ်တစ်အိတ်အား မင်းခန့်ကိုလှမ်းပေး၏။ မင်းခန့်ကလည်းတုံ့ဆိုင်းမရှိ ထိုစာအိတ်ကိုလှမ်းယူသည်။ ထိုအရာက သူ့အတွက်ရသင့်ရထိုက်တဲ့၀ေစုဟုသတ်မှတ်ထားတာမို့ မင်းခန့်ကလက်ခံလိုက်တာဖြစ်သည်။

" ဒါဆို ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး "

" ခဏလေး "

ဦးစစ်ချန်းက မင်းခန့်ကိုလက်ပြကာ သူ့စားပွဲအောက်မှလက်ဆွဲအိတ်တစ်ခုအား မင်းခန့်လက်ထဲထည့်ပေး၏။ ထိုအိတ်ထဲတွင် ဟင်းဘူးအချို့ထည့်ထားတာဖြစ်သည်။

" သားငယ်နဲ့စကားပြောဖူးလား "

" တစ်ခါတစ်လေခွန်းသန့်ဆီကို လာလည်တာတွေ့ပေမယ့် ကျွန်တော်နဲ့တော့စကားမပြောဖူးပါဘူး "

" အခြားသူနဲ့လည်းမထည့်ပေးချင်တာမို့ ဒီဟင်းဘူးတွေဆိုသားငယ်ဆီပို့ပေးလို့ရမလား သားငယ်ကမင်းထက်တော့အသက်ကြီးမယ်ထင်တယ် အပန်းမကြီးရင်ပို့ပေးလို့ရမလား သူ့အမေကိုယ်တိုင်ချက်ပေးထားတာမို့လို့ "

" ကျွန်တော်ဒီကအပြန်ပို့ပေးပါ့မယ် အခြားမှာစရာရှိသေးလား "

" ထွေထွေထူးထူးတော့မဟုတ်ပါဘူး သားငယ်အမေကသူ့သားကိုအရမ်းလွမ်းနေတာမို့ အိမ်ကိုတစ်ခေါက်လောက်ပြန်လာခဲ့ဖို့ပြောပေးစေချင်တယ် နောက်ပြီးအခုထည့်ပေးလိုက်တဲ့ဟင်းတွေကိုလည်း သေချာလေးစားစေချင်တယ် "

" ကျွန်တော်သေချာပြောပေးပါ့မယ် စိတ်ချပါ "

မင်းခန့်ကမြို့တော်၀န်အားနှုတ်ဆက်ကာ ကျောခိုင်းလာခဲ့၏။

" ခဏလေး "

နောက်တစ်ဖန်တားဆီးလိုက်သည့် မြို့တော်၀န်ကြောင့်မင်းခန့်ကချက်ချင်းဆိုသလိုရပ်တုန့်ကာနောက်လှည့်ကြည့်၏။

" အကယ်၍အသံဖိုင်က အဲ့လူလက်ထဲမှာတကယ်မရှိဘူးဆိုရင် တစ်ခါတည်းအပြတ်ရှင်းခဲ့လိုက် "

မြို့တော်၀န်ရဲ့စကားက ရက်စက်လွန်းရာကျသော်လည်း မင်းခန့်ကတစ်ချက်မျက်နှာမပျက်ပေ။ ခေါင်းကိုချက်ချင်းညိတ်ပြကာ ကျောခိုင်းခဲ့၏။ ထိုသို့သောအမိန့်ပေးသံတွေက သူ့အတွက်နားရည်၀သွားပြီဖြစ်သည်။

××××××××××××××
" ဆေးခန်းပိတ်သွားပြီခင်ဗျ "

ဆေးခန်းအတွင်းသို့ ကျူးကျူးကျော်ကျော်၀င်ရောက်လာသောခြေသံကြောင့် ချန်းမင်းထိုက်ကသေချာအာရုံမစိုက်မိပဲပြောလိုက်ခြင်းဖြစ်သည်။ ကောင်တာမှ၀န်ထမ်းတွေလည်းပြန်သွားပြီမို့ သူတစ်ယောက်တည်းသာကျန်တော့တာပင်။

" ဆေးခန်းလာပြရအောင် လူနာမဟုတ်ဘူး "

အသံက အထက်စီးဆန်၏။ ချန်းကအမှိုက်ပုံအတွင်းမှဆေးထိုးအပ်အိတ်တွေအား ဆွဲယူကာအနောက်လှည့်ကြည့်လိုက်တော့ အရယ်အပြုံးမရှိသူ့အားပေစောင်းစောင်းကြည့်နေသည့် မင်းခန့်အားတွေ့မြင်လိုက်ရသည်။ ထိုလူကသူ့အဖေနဲ့ဆက်နွယ်နေမှန်းချန်းကသိတာမို့ မင်းခန့်ကိုလည်းအမြင်မကြည်ပေ။

" မင်းက ငါ့ဆေးခန်းကိုဘာလာလုပ်တာလဲ "

ဘုန်း!

ကောင်တာပေါ်ရုတ်တရက်ပစ်တင်လိုက်သည့် လက်ဆွဲအိတ်ကြောင့်ချန်းရဲ့ကျောပင်တုန်တက်သွား၏။

" ခင်ဗျားအဖေပေးခိုင်းလိုက်တာ "

" ပြန်ယူသွားလိုက် "

" ခင်ဗျားအမေကိုယ်တိုင်ချက်ပေးလိုက်တယ်လို့ပြောတယ် "

" အမေချက်ပေးလည်း ပြန်ယူသွားလိုက် "

ချန်းကထိုလက်ဆွဲအိတ်အား ခပ်၀ေး၀ေးသို့တွန်းထုတ်ကာ အမှိုက်ပစ်ဖို့ရှေဆက်လာ၏။ သို့ပေမယ့် မင်းခန့်ကချန်းရဲ့အင်္ကျီဂုတ်အားလှမ်းဆွဲကာ ချန်းမျက်နှာကိုအံကြိတ်ကာစိုက်ကြည့်လာသည်။

" ကျုပ်ကိုခင်ဗျားအဖေလိုမျိုး ပြန်ခံပြောလို့ရတယ်ထင်မနေနဲ့ "

" တောက်!! "

ချန်းကဒေါသထွက်စွာဖြင့် မင်းခန့်ရဲ့လက်တွေအားဆောင့်တွန်းကာ
မကျေနပ်စွာဖြင့်ပြန်လည်စိုက်ကြည့်လာသည်။ သို့ပေမယ့်မင်းခန့်ရဲ့အကြည့်တွေက ခံစားချက်မဲ့သည်။ သူ့အားသွေးအေးစွာဖြင့်သာ ပြန်လည်တုံ့ပြန်လာတာဖြစ်သည်။

" မင်းက အဖေ့ရဲ့လူယုံဆိုတော့ငါ့အဖေလိုပဲယုတ်မာမယ်ထင်တယ် မင်းအကြောင်းကို ခွန်းသန့်ရှိန်၀ါကသိသွားရင်ကော မင်းပြေးလို့လွတ်မယ်ထင်နေတာလား "

" ဒါဆိုလည်းစိန်ခေါ်ကြည့်လေ ခွန်းသန့်ရှိန်၀ါကခင်ဗျားအဖေကိုဒီအတိုင်းလွှတ်ထားမယ်ထင်လို့လား နောက်ပြီးခင်ဗျားကသူသိပ်မုန်းနေတဲ့သူရဲ့သားအရင်းဆိုတာသိသွားရင်ကော "

မင်းခန့်က ခပ်ရွဲ့ရွဲ့ပြုံးရင်းချန်းရဲ့လက်ထဲထိုလက်ဆွဲအိတ်အားတစ်ဖန်ပြန်ထည့်ပေး၏။ ချန်းကလည်းအကြောတင်းသည်။ ထိုအိတ်ကိုလွှတ်ချဖို့ကြံတာမို့ မင်းခန့်ကချန်းရဲ့ဘယ်ဘက်လက်ကိုသူ့လက်ဖြင့်အပေါ်မှအုပ်မိုးကာဆုပ်ကိုင်ရင်း မလွှတ်တမ်းညှစ်ထား၏။

" ခင်ဗျားအမေက ခင်ဗျားကိုလွမ်းနေတာမို့အိမ်ပြန်လာဖို့မှာလိုက်တယ် "

" အဖေအိမ်မှာရှိနေသ၍ ဘယ်တော့မှပြန်မလာဘူးလို့ပြောလိုက် "

" သိပ်ကိုခေါင်းမာနေတဲ့ပုံပဲ "

ချန်းက သူ့လက်ကိုအပေါ်မှဆုပ်ကိုင်ထားသည့် မင်းခန့်ရဲ့လက်တွေကို ဆွဲဖြုတ်ကာရှောင်ထွက်လိုက်၏။

" အဲ့ဒီအိမ်ကပတ်သတ်တာတွေကို ဘာတစ်ခုမှယူမလာပေးနဲ့ "

" ကောင်းပြီလေ "

ဆက်တိုက်ငြင်းဆန်နေတဲ့ချန်းကြောင့် မင်းခန့်ကလက်ဆွဲအိတ်ထဲမှ ဟင်းဘူးတွေကိုထုတ်ယူကာ ချန်းရဲ့အလုပ်စားပွဲပေါ်တင်လိုက်၏။ ထို့နောက်ထိုင်ခုံတစ်လုံးဆွဲယူကာ မင်းခန့်ကကျကျနနထိုင်ရင်း ထိုဟင်းဘူးထဲမှဟင်းတွေကိုထုတ်စားသည်။ ချန်းကထိုဟင်းတွေအားမကျွေးချင်သည့်ပုံစံဖြင့် မသိမသာစောင်းကြည့်လာတော့ မင်းခန့်ကချန်းအမေထည့်ပေးလိုက်သည့်၀က်နံရိုးဟင်းဘူးအား ဆွဲဖွင့်သည်။ ချန်းကသူ့အမေချက်ပေးသည့် ၀က်နံရိုးပေါင်းအားအလွန်ကြိုက်သည်ကို မြို့တော်၀န်ပြောပြထားလို့မင်းခန့်ကတမင်အရွဲ့တိုက်ကာ ထိုဘူးအားဆွဲယူလိုက်ခြင်းဖြစ်သည်။

" ပြန်ပေး!! "

" ခင်ဗျားပဲမစားချင်ဘူးဆို? "

" ဒီတစ်ခါကတော့ထားလိုက်တော့ နောက်တစ်ခါဘယ်တော့မှဒီလိုဟင်းတွေယူမလာပေးနဲ့ "

ချန်းမင်းထိုက်က သူ့အမေထည့်ပေးသည့်ဟင်းဘူးတွေကို အကုန်ပြန်ဆွဲယူသွားတာမို့ မင်းခန့်ကခပ်ရွဲ့ရွဲ့ပြုံးကာ သူဆောင်းလာသည့်ဦးထုပ်ကိုခပ်ငိုက်ငိုက်စိုက်ချလိုက်၏။

" ခင်ဗျားဘာသာလွတ်ကင်းအောင်ဘယ်လိုပဲရှောင်ပုန်းနေလည်း မြို့တော်၀န်က ခင်ဗျားရဲ့အဖေဆိုတာဖုံးကွယ်မထားနိုင်တဲ့အမှန်တရားတစ်ခုပဲ "

မင်းခန့်က သတိပေးလာသည့်အနေအထားဖြင့်ချန်းရဲ့ပခုံးကို အသာပုတ်ကာခပ်တိုးတိုးရေရွတ်လာ၏။ထို့နောက် ချန်းလက်ထဲမှအမှိုက်ထုပ်အားမင်းခန့်က ဆွဲယူကာအပြင်သို့ပြန်ထွက်သွားသည်။ ထိုခဏလေးအတွင်းမှာတင် ချန်းရဲ့စိတ်တွေအလွန်ရှုပ်ထွေးရတာဖြစ်၏။အရာအာလုံးကိုအမှန်အတိုင်းသိရတဲ့တနေ့ ခွန်းသန့်ရှိန်၀ါကသူ့ကိုပါရန်ငြိုးထားလာမလားဟုတွေးမိလိုက်တိုင်း ချန်းစိတ်ပျက်မိသည်။ အထူးသဖြင့် စိုင်မွန်ကပါသူ့အားရွံမုန်းသွားလျှင် ထိုအမုန်းဒဏ်မှချန်းရုန်းထွက်နိုင်မှာမဟုတ်ပေ။

" စိတ်ကုန်စရာကောင်းတဲ့ဘ၀တွေ "

ချန်းက စိတ်ပျက်စွာရေရွတ်ရင်း သူ့စားပွဲအောက်မှအံဆွဲကိုဆွဲဖွင့်ကာ တစ်စုံတစ်ခုအားလိုက်ရှာ၏။ ထို့နောက် တစ်ခုတည်းသာကျန်တော့သည့်ပီကေအား ဆွဲခွာကာသူ့ပါးစပ်ထဲအမြန်ထည့်လိုက်သည်။ စိတ်ရှုပ်ထွေးလာသည့်အချိန်၌ တစ်စုံတစ်ခုအားပါးစပ်ထဲငုံ၀ါးနေရလျှင် သူစိတ်အနည်းငယ်သက်သာရာရသည်။ အထူးသဖြင့် စတော်ဘယ်ရီအရသာလွန်ကဲထားသည့်ထိုပီကေက သူ့စိတ်တွေကိုကျေနပ်စေနိုင်တာဖြစ်သည်။

××××××××××

" မြို့တော်၀န်ရဲ့အတွင်းရေးမှူး၀င်လာပါပြီ Boss"

Lobbyအတွင်း၌ရုပ်ဖျက်ကာထိုင်စောင့်နေသည့်စိုင်မွန်က ခွန်းသန့်အားလှမ်းအကြောင်းကြားကာ laptopပေါ်လက်ချောင်းတွေကိုလျှင်မြန်စွာလှုပ်ရှားနေ၏။ မကြာခင်ကျရောက်တော့မည့်ရွေးကောက်ပွဲနှင့်ပတ်သတ်၍ မြို့တော်၀န်တစ်ယောက်မဲဆွယ်ရေးကိစ္စတွေနှင့်အလုပ်ရှုပ်တော့မည်ကို ကြိုသိနေတာကြောင့် စိုင်မွန်နှင့်ခွန်းသန့်ကမြို့တော်၀န်၏အချိန်ဇယားများကို ခိုးယူချင်နေတာဖြစ်သည်။

Paradise Hotel၏ တရုတ်စာသောက်ဆိုင်အတွင်း၌ မြို့တော်၀န်၏အတွင်းရေးမှူးက ညစာလာစားတာဖြစ်၏။ မြို့တော်၀န်၏လက်အောက်ငယ်သားဖြစ်သည့်အလျောက် ထိုအတွင်းရေးမှူးကလည်းမောက်မာသည်။ထိုစားသောက်ဆိုင်အတွင်း သူတို့မိသားစုလေးယောက်သာလျှင်ရှိချင်တာမို့ တစ်ဆိုင်လုံးကိုတညစာငှားထား၏။

" လာလာလာ....လာလာလာလာ"🎶🎶

အတွင်းရေးမှူးက လေချွန်လိုက်သီချင်းဆိုလိုက်လုပ်ရင်း Toiletထဲ၀င်ရောက်လာ၏။ အရက်အရှိန်ကြောင့် ခြေထောက်များကလည်းအနည်းငယ်ယိုင်ချင်နေသည်။ Hotelအတွင်းမှစားသောက်ဆိုင်ဖြစ်သည့်အလျောက် Tolietအပြင်အဆင်ကလည်း luxuryဆန်သည်။ ရွှေရောင်ဘောင်ကွပ်ထားသည့်မှန်သားပြင်က ဘေစင်တစ်ခုလုံးကိုအလှဆင်ထားပြီး မီးဆိုင်းများဖြင့်ချိတ်ဆွဲထား၏။

" Hotelရဲ့စည်းကမ်းချက်အရ ဒီထဲမှာဆေးလိပ်သောက်ခွင့်မရှိဘူးထင်တယ်နော် "

ဆေးလိပ်သောက်နေသည့်အာရုံကိုလာဖျက်သည့် အဖျက်သမားကြောင့် အတွင်းရေးမှူးကမျက်မှောင်ကုတ်ကာ ဘေးလှည့်ကြည့်သည်။ အနောက်တိုင်း၀တ်စုံကို သပ်သပ်ရပ်ရပ်၀တ်ဆင်ထားသည့်လူငယ်တစ်ယောက်က အင်္ကျီ၏တန်ဖိုးကိုကျဆင်းသွားအောင်ဘေစင်ဘောင်ပေါ်တက်ထိုင်ကာသူ့အားပေကပ်ကပ်စကားပြောလာ၏။

" သောက်တော့ မင်းသောက်ကြောင်းလား "

မချေမခံပြန်ပြောလိုက်တော့ တစ်ဖက်ကောင်ကပခုံးတစ်ဖက်တွန့်ကာ ခပ်ရွဲ့ရွဲ့ပြုံးပြသည်။ထို့နောက်သူ့အိတ်ကပ်ထဲမှ Sobranie Cigaretteတစ်လိပ်အားထုတ်ယူကာ အရွဲ့တိုက်စွာဖြင့်ပြန်သောက်ပြ၏။

" ခင်ဗျားသောက်နေတာကရိုးရိုးစီးကရက်နော် ဒါသောက်ကြည့်မလား အနည်းဆုံးတော့မတူတဲ့အရသာကိုခံစားမိတာပေါ့ ဘာအရသာလဲဆိုရင် အထက်တန်းစားနဲ့အောက်တန်းစား"

" တောက်!! မင်းဘယ်သူလဲ ဒီစားသောက်ဆိုင်တစ်ခုလုံးကိုငါငှားထားတာနော် ငါ့ခွင့်ပြုချက်မရှိပဲမင်းဒီထဲကိုလာခွင့်မရှိဘူး "

" ဘယ်လိိုလုပ်မလဲ လာပြီးနေပြီလေ "

" မင်းဘယ်သူလဲ "

အတွင်းရေးမှူးက ခက်ထန်စွာမေးလာတာမို့ တစ်ဖက်ကောင်ကသူ့လက်ထဲမှစီးကရက်ကိုမီးငြိမ်းကာ ဘေစင်ဘောင်ပေါ်မှခုန်ဆင်းလာ၏။ ထို့နောက် သူ့အိတ်ကပ်ထဲမှလိပ်စာကဒ်အား အတွင်းရေးမှူးလက်ထဲသို့ထည့်ပေးသည်။

" နာမည်ကခွန်းသန့်ရှိန်၀ါ။ လေးလုံးထဲဆိုပေမယ့် ခင်ဗျားဦးနှောက်ထဲမှာသေချာမှတ်ထားစေချင်တယ် နောက်ဆိုမကြာခဏတွေ့ရတော့မှာမို့လို့ "

ခွန်းသန့်ရဲ့လိပ်စာကဒ်အား အတွင်းရေးမှူးကဖတ်ကြည့်ကာ အော်ရယ်လိုက်၏။ သူ့လိုအနေအထားကိုဘာမဟုတ်တဲ့သာမန်ကောင်က လေလာကျယ်နေတာမို့ ခွန်းသန့်ကိုပို၍လှောင်ပြောင်ချင်မိ၏။

" ငွေချေးလုပ်ငန်း? မင်းလိုအနေအထားကငါ့ကိုအမိန့်လာပေးနေသေးတယ်ပေါ့ ငါကဘယ်သူလဲဆိုတာကောမင်းသိရဲ့လား "

ခွန်းသန့်ရှိန်၀ါက ဂရုမစိုက်သည့်ပုံစံဖြင့် တစ်ဖက်လူနဲ့မျက်နှာအနားထိနီးနီးကပ်ကပ်ရပ်ကာ စူးစိုက်ကြည့်၏။

" ခင်ဗျားနာမည်က ဦးမင်းလွင်။ မြို့တော်၀န်ရဲ့အတွင်းရေးမှူး တစ်နည်းအားဖြင့်မြို့တော်၀န်ရဲ့စိတ်ကြိုက်ကစားစရာအရုပ်။ နောက်ပြီးခင်ဗျားမှာ သမီးတစ်ယောက်သားတစ်ယောက်ရှိတယ် ခင်ဗျားသားက မူးယစ်ဆေး၀ါးနဲ့စွပ်စွဲခံထားရတာကို ခင်ဗျားကဖုံးကွယ်ဖို့ကြိုးစားပေးနေတာကိုလည်းသိတယ် "

ခွန်းသန့်ရှိန်၀ါက တုံ့ဆိုင်းခြင်းမရှိဆက်တိုက်ပြောရင်း ပေကပ်ကပ်ခေါင်းစောင်းကာပြုံးပြ၏။

" မင်းဘာလိုချင်လို့ ငါ့အနားကိိုချဥ်းကပ်လာတာလဲ "

ဦးမင်းလွင်က ခွန်းသန့်ပေးထားသည့်လိပ်စာကိုဆုတ်ဖြဲရင်း လွှတ်ပစ်လိုက်သည်။

" မြို့တော်၀န်ရဲ့တစ်လတာ အချိန်ဇယားလိုချင်တယ် "

" အဟား....မင်းလိုကောင်ကလေ?"

ဦးမင်းလွင်က အထင်သေးစွာလှောင်ပြောင်လာသော်လည်း ခွန်းသန့်ရှိန်၀ါကဘယ်လိုမှမခံစားရသည့်ပုံဖြင့် ဦးမင်းလွင်ရဲ့အင်္ကျီကော်လံကို သေချာပြန်တည့်မတ်ပေးလိုက်၏။

" လွန်ခဲ့တဲ့သုံးလက V Showပြတိုက်မှာသေနတ်ဒဏ်ရာနဲ့သေဆုံးသွားတဲ့ဦးအောင်ထိုက်အမှုကိုမှတ်မိလား။ ခင်ဗျားတို့နဲ့ဆက်နွယ်နေတဲ့လူမိို့လို့ မြို့တော်၀န်နဲ့ခင်ဗျားကတော့ကောင်းကောင်းသိမှာပေါ့ အဲ့တာကြောင့်လည်းအဲ့ဒီအမှုရဲ့တရားခံကိုမသိရတာတောင် အမှုပိတ်ပစ်ခဲ့ကြတာမဟုတ်လား "

" ........ "

" လွန်ခဲ့တဲ့တစ်လက CZ 75Bအမျိုးအစားသေနတ်တစ်လက်ကို ခင်ဗျားလူမသိအောင် တိတ်တဆိတ်၀ယ်ယူခဲ့တယ်မလား ခင်ဗျား၀ယ်ယူခဲ့တဲ့သေနတ်ကကျုပ်ဆီကနေတဆင့်ခင်ဗျားလက်ထဲကို ကူးပြောင်းသွားခဲ့တယ်ဆိုတာခင်ဗျားသိရင်သိပ်ကောင်းမှာပဲ "

ဦးမင်းလွင်က အံ့သြသွားသည့်ပုံစံဖြင့် ခွန်းသန့်အားမျက်လုံးပြူးကာမော်ကြည့်လာတော့ ခွန်းသန့်ရှိန်၀ါကယခင်ကပေးခဲ့သည့်လိပ်စာကဒ်မဟုတ်ပဲ အနက်ရောင်လိပ်စာကဒ်အသစ်တစ်ခုအားဦးမင်းလွင်ကိုယ်ပေါ်သို့ ဂရုမစိုက်သည့်ပုံစံဖြင့် ပစ်ပေါက်လိုက်၏။

" နာမည်ကခွန်းသန့်ရှိန်၀ါ ခင်ဗျားတို့လောကထဲမှာတော့ Lucasဆိုတဲ့နာမည်နဲ့လက်နက်ရောင်း၀ယ်တယ် မကျေနပ်ရင်အဲ့ကဒ်ထဲကလိပ်စာအတိုင်း ကျုပ်ကိုလာဖမ်းလိုက်။ ခွန်းသန့်ရှိန်၀ါက ဘယ်အတိုင်းအတာထိခြယ်လှယ်နိုင်သလဲဆိုတာ ခင်ဗျားကိုလက်တွေ့ပြပေးမယ် "

ဦးမင်းလွင်က ခွန်းသန့်ပစ်ပေါက်ပေးသည့်လိပ်စာကဒ်အား တင်းတင်းဆုပ်ကာခေါင်းမော့ကြည့်၏။

" မြို့တော်၀န်ရဲ့တစ်လတာအချိန်ဇယားကိုရဖို့ ခင်ဗျားကိုအချိန်သုံးရက်ပေးမယ် ကျုပ်ကိုနှုတ်ပိတ်ဖို့ကြံစည်နေတယ်ဆိုရင်တော့အဲ့ဒီသုံးရက်အတွင်းကြိုက်သလိုအကွက်ချလို့ရတယ် ဒါပေမယ့်ခင်ဗျားကိုလည်းအလွတ်ပေးမယ်မထင်နဲ့နော် ခင်ဗျားရဲ့အသက်ရှင်ခြင်းနဲ့သေခြင်းကို ခွန်းသန့်ရှိန်၀ါဆိုတဲ့ကျုပ်ကပဲဆုံးဖြတ်ပေးမှာမို့လို့ပဲ "

×××××××××

" ခွန်းသန့် "

ရှိုင်းကအလုပ်ဆင်းသည်နှင့် ခွန်းသန့်ရင်ခွင်ထဲပြေး၀င်ကာသက်ပြင်းရှည်ချလိုက်၏။ တနေကုန်လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေသည့် ခံစားချက်တွေက ထိုအမျိုးသားရဲ့ရင်ခွင်ထဲရောက်သည်နှင့် ပြေပျောက်သွားရသည်။

" ဘာဖြစ်လာလို့လဲ "

" ဒီနေ့အရမ်းပင်ပန်းနေလို့မင်းကိုပြေးဖက်လိုက်တာ အခုပျောက်သွားပြီ "

" ညစာစားပြီးပြီလား "

" မစားရသေးဘူး "

" ဘာစားချင်လဲ "

ခွန်းသန့်ကရှိုင်းလက်ထဲမှLaptopအိတ်နှင့် ရှိုင်းလွယ်ထားသည််ကျောပိုးလွယ်အိတ်အား လက်လွှဲယူကာရှိုင်းလက်ကိုဆုပ်ကိုင်လိုက်၏။

" ငါမနက်ဖြန်နေ့လည်မှအလုပ်သွားရမှာ "

" အဲ့တော့ "

" ငါတို့ဘီယာသွားသောက်ရအောင်ခွန်းသန့် "

ရှိုင်းက အားတက်သရောမြူဆွယ်လာတာမို့ ခွန်းသန့်ကခေါင်းအသာရမ်းကာပြုံးရယ်လိုက်၏။

" ရှိုင်းဌေးက တကယ့်အရက်သမား "

" ဘာအရက်သမားလဲ ငါကတစ်ခါတလေမှသောက်တာ "

ရှိုင်းကမဟုတ်မခံပြန်ခံပြောလာတာမို့ ခွန်းသန့်ကအရှုံးပေးသည့်ပုံစံဖြင့် ခေါင်းညိတ်ကာထောက်ခံလိုက်သည်။

" ဘယ်လိုလုပ်မလဲ ကျုပ်ကလူလိမ္မာလေးဆိုတော့ ညစာကိုအရက်မသောက်ပဲထမင်းပဲစားချင်တာ "

" လိမ်ရင်သွားကျိုးပါစေ "

" ပြစမ်း ခင်ဗျားသွားဘယ်နှစ်ချောင်းကျိုးသွားပြီလဲ "

ခွန်းသန့်က ရွှတ်နောက်နောက်ဖြင့်ရှိုင်းကိုပါးစပ်ဟခိုင်း၏။

" ငါပြောတာက မင်းကိုသွားကျိုးပါစေလို့ပြောတာလေ "

" ခင်ဗျားကကျုပ်ကိုပြောတာဆိုပေမယ့် ဒီကောင်ရဲ့စိတ်အလုံးစုံကိုခင်ဗျားကိုပဲပေးထားတာဆိုတော့ တစ်ခုခုဖြစ်ရင်ခင်ဗျားဆီကိုပဲသက်ရောက်နေတော့မှာ "

" သိပ်တတ်နေတယ်ဟုတ်လား "

ရှိုင်းကခွန်းသန့်ဗိုက်ကိုခပ်ဖွဖွလှမ်းထိုးကာ ပြုံးပြလိုက်၏။ ခွန်းသန့်ကလည်းရှိုင်းပခုံးပေါ်လက်တင်ကာ လမ်းဆက်လျှောက်လာသည်။
ဘီယာဆိုင်နှင့် ရှိိင်းတို့အလုပ်နေရာကမ၀ေးတာမို့ လမ်းပဲလျှောက်လာတာဖြစ်၏။
.
.
.
.
" ငါချည်းပဲသောက်နေရတာမဟုတ်သေးဘူး မင်းလည်းသောက်လေ "

ဘီယာနှစ်ခွက်မြောက်၌ ရှိုင်းကခွန်းသန့်ကိုစတင်စိန်ခေါ်လာခြင်းဖြစ်သည်။ ခွန်းသန့်ရှိန်၀ါကလည်း အရိပ်အခြေနားလည်၏။သူ့အကြောင်းသူသိတာမို့ အမြည်းသာထိုင်စားပြီးအရက်မသောက်ပေ။ရှိုင်းမူးသည့်အခြေအနေကို သူ့အနေဖြင့်တစ်ခါမှမတွေ့ဖူးတာမို့ ဒီတစ်ခါတော့သူစောင့်ကြည့်ချင်တာဖြစ်သည်။

" ခင်ဗျားသာသောက်ပါ ကျုပ်ကအခုတလောအရက်ရှောင်ထားတယ် "

" မရဘူးသောက်ရမယ် "

" မသောက်ချင်ဘူး "

" ငါတစ်ယောက်တည်းဆိုပျင်းစရာကောင်းတယ်လေ "

" ကျုပ်စကားပြောပေးနေတာပဲလေ ဘာပျင်းစရာရှိလဲ အရက်သောက်တာကိုအဖော်လာညှိနေသေးတယ် "

" နှစ်ယောက်သောက်တော့ပိုကောင်းတာပေါ့ ငါကမင်းနဲ့အတူသောက်ပြီးစကားတွေပြောချင်တာလေအချစ်ကလေးရဲ့....အချစ်ကလေးကငါနဲ့အတူမသောက်ချင်လိို့လား "

" တစ်ခွက်ပဲသောက်ပေးမယ် "

ခွန်းသန့်ကစူပုတ်ပုတ်ဖြင့် ဘီယာတစ်ခွက်အားလှမ်းယူကာ တစ်ကျိုက်တည်းမော့သောက်၏။

" ဒေါ်စန်းဌေးသားက သူများသားကိုသိပ်ဖျက်ဆီးတာပဲ "

ခွန်းသန့်ကမကျေမနပ်ပြောလာတော့ ရှိုင်းကသဘောကျစွာဖြင့်ပြုံးရယ်သည်။

" စုံစွမ်စိဆော့မယ် ရှုံးတဲ့သူကတစ်ခွက်သောက်ကြေး "

" ခင်ဗျားမညစ်ပတ်နဲ့ "

" ဘာညစ်ပတ်လို့လဲနိုင်အောင်ဆော့လေ ဒါဆိုတရားမျှတအောင်ဆော့မယ် ငါရှုံးရင်မင်းကိုနမ်းမယ် မင်းရှုံးရင်တစ်ခွက်သောက် "

ခွန်းသန့်ကအသံတိတ်ကာစဥ်းစားနေတာမို့ ရှိုင်းကဘီယာတစ်ခွက်အား ခွန်းသန့်ဘက်သို့ရွှေ့ပေး၏။

" လာခဲ့ ဆော့မယ် စုံစွမ်စိ "

" အဟား ခင်ဗျားရှုံးပြီ "

ရှိုင်းကရှုံးသွားတာမို့ ခွန်းသန့်ကလက်ခုပ်တီးကာအောင်ပွဲခံရင်း နှုတ်ခမ်းစူပေး၏။ ရှိုင်းကလည်းကတိတည်စွာဖြင့် ခွန်းသန့်နှုတ်ခမ်းကိုလှမ်းနမ်းသည်။

" မကျေပွဲပြန်နွှဲတာပေါ့ "

" စုံစွမ်စိ "

" စိ "

" စိ "

" ဟား...မင်းရှုံးပြီ "

ဒီတစ်ခါတော့ခွန်းသန့်ကရှုံးသွားတာမို့ ဘီယာတစ်ခွက်အားနှာခေါင်းပိတ်ကာမော့သောက်၏။ ခေါင်းထဲရိပ်တိပ်တိပ်ဖြစ်နေသော်လည်း ခွန်းသန့်ကအရှုံးမပေးချင်ပေ။ သူမနိုင်မချင်းပြန်ဆော့နေတာမို့ ရှိုင်းကလည်းအလိုက်သိစွာလိုက်ဆော့ပေး၏။ သို့ပေမယ့် ခြောက်ပွဲမှာလေးပွဲကသူကချည်းရှုံးနေတာဖြစ်သည်။ ရှိုင်းကအလျှော့ပေးကာ ထပ်မသောက်ဖို့တားမြစ်သော်လည်း ခွန်းသန့်ကခေါင်းမာ၏။ အနိုင်မရမချင်းသောက်ပြနေတာဖြစ်သည်။

" တော်တော့ မင်းမူးနေပြီ "

" မမူးဘူး ထပ်ဆော့အုံးမှာ"

" ဆော့နေတာဘယ်နှစ်ခါရှိနေပြီလဲ မင်းချည်းပဲရှုံးနေတာလေ "

" အဲ့တာတမင်သပ်သပ်အရှုံးပေးထားတာ "

" အချစ်ကလေးရာ မဆိုးနဲ့တော့ကွာ "

" မသိဘူး မသိဘူး ခင်ဗျားရှုံးတဲ့အထိဆော့မှာ "

ခွန်းသန့်ကရှိုင်းကိုလက်ညှိုးထိုးကာ ပေကပ်ကပ်ကြည့်၏။ သို့ပေမယ့် သူ့လက်ညှိုးကရှိုင်းရဲ့အခြားတစ်ဖက်ကိုထိုးနေတာဖြစ်သည်။

" ငါမင်းကိုတားပါတယ် မင်းကစကားမှနားမထောင်တာ အခုတော့မူးနေပြီမလား"

ရှိုင်းကခွန်းသန့်ရဲ့ကျောပြင်ကိုပွတ်ပေးရင်း ရေခဲတုံးတစ်တုံးကိုခွန်းရဲ့ပါးပြင်ပေါ်ကပ်ပေး၏။ ခွန်းသန့်ကနှာခေါင်းထိပ်လေးတွေရဲကာ ငိုမဲ့မဲ့ဖြစ်လာတာမို့ ရှိုင်းကခွန်းသန့်ရဲ့ဆံပင်တွေကိုသပ်တင်လိုက်သည်။

" ငိုချင်လာလို့လား "

အကြောင်းသိနေတာမို့ ရှိုင်းကနူးနူးညံ့ညံ့ဖြင့်မေးလိုက်ခြင်းဖြစ်သည်။ ခွန်းသန့်ကလည်းခေါင်းညိတ်ပြကာ ရှိုင်းပခုံးပေါ်ခေါင်းမှောက်ရင်း တရှုံ့ရှုံ့ငို၏။

" တိတ် တိတ်....မငိုနဲ့တော့နော် "

ရှိုင်းကခွန်းသန့်ရဲ့ကျောပြင်ကိုထွေးပွေ့ပေးရင်း နှစ်သိမ့်ပေး၏။ မူးလို့ငိုနေတာကိုသိသော်လည်း ထိုအမျိုးသားရဲ့ငိုသံကသူ့ရင်ကိုပူလောင်စေသည်။

" ငါတောင်းပန်ပါတယ် နောက်တစ်ခါဆိုငါ့အချစ်ကလေးကိုငိုအောင်မလုပ်တော့ဘူးနော် "

ရှိုင်းက ခွန်းသန့်ရဲ့မျက်ရည်တွေကိုသုတ်ပေးရင်း ခွန်းနဖူးကိုငုံ့နမ်း၏။ ခရမ်းချဥ်သီးပမာနီရဲနေသည့် အချစ်ကလေးရဲ့မျက်နှာက သူ့အားအသည်းယားစေတာဖြစ်သည်။

" မူးနေသေးလား "

" အင်း "

" ငါကအချစ်ကလေးကို အများကြီးချစ်တယ်နော် "

" ဟီးဟီး "

ခွန်းသန့်ကငိုနေရင်း ရယ်ပြလာတာမို့ရှိိုင်းကပါးစပ်အတင်းစိတာ ကြိတ်ရယ်ရသေး၏။

" အဆိုးအပေလေး ချစ်မှန်းသိလို့လူကိုဆိုးချင်နေတာ~~"

×××××

A/N Note: အပိုင်း(၁)တည်းက Ongoingလိုက်ပေးခဲ့ကြတာ အခုဆိုအတိုင်းအတာတစ်၀က်လောက်ထိပြီးသွားပါပြီ။ ဖတ်ရတာအဆင်ပြေကြရဲ့လားမသိㅠㅠ ဇာတ်ရှိန်ကျပြီးပျင်းသွားမှာစိုးရိမ်မိတာမို့ ခန့်မှန်းခြေအပိုင်း(၄၀)သို့မဟုတ်(၄၅)လောက်ထိနဲ့အပြီးရေးဖို့တော့စဥ်းစားထားပါတယ်။အချစ်ကလေးတို့ကို စိတ်ရှည်ရှည်နဲ့ Ongoingလိုက်ပေးနေကြလို့ ကျေးဇူးတင်ပါတယ်ရှင်♡

22.9.23
Grey

××××××

" ၿမိဳ႕ေတာ္၀န္ဘက္ကကြၽန္ေတာ့္ကို ျပန္ဆက္သြယ္ရေလာက္တဲ့အထိ ဘာကမ်ားအေရးႀကီးကိစၥျဖစ္လို႔ပါလဲ "

" ေကာ္ဖီအရင္ေသာက္လိုက္ပါဦး "

ဦးစစ္ခ်န္းက အသံကိုတည္ၿငိမ္စြာေျပာရင္းေကာ္ဖီခြက္ကိုလက္ၫႊန္ျပ၏။ ယခုတေလာၿမိဳ႕ေတာ္၀န္ဘက္မွ သူ႔အားမၾကာခဏဆိုသလိုဆက္သြယ္ေလ့ရွိတာေၾကာင့္ မင္းခန္႔ကဦးစစ္ခ်န္း၏အတြင္းလူယုံအေနအထားအထိ ေရာက္ရွိေနၿပီျဖစ္သည္။ အၾကင္အနာတရားမရွိ အလုပ္အေပၚျပတ္သားစြာလုပ္တတ္တဲ့မင္းခန္႔ေၾကာင့္ ဦးစစ္ခ်န္းကသူ႔အားအေရးႀကီးကိစၥမ်ားကိုသာ ခိုင္းလိမ့္မည္ဟုမင္းခန္႔ႀကိဳေတြးထင္ထား၏။ အေျခအေနအရ ၿမိဳ႕ေတာ္၀န္၏အတြင္းေရးကိစၥမ်ားကို မင္းခန္႔ကအတိုင္းအတာတစ္ခုအထိသိႏွင့္ၿပီးၿပီမို႔ ဦးစစ္ခ်န္းဘက္မွမင္းခန္႔အား ဘက္ကန္၍မရေပ။

" လြန္ခဲ့တဲ့ႏွစ္ရက္က တြဲလို႔ကူစာသင္ေက်ာင္းကလူေဟာင္းတစ္ေယာက္ငါ့ကိုဆက္သြယ္လာတယ္ သူကအဲ့ဒီေက်ာင္းမွာသန္႔ရွင္းေရးလုပ္တဲ့သူလိို႔ေျပာတယ္ "

ဦးစစ္ခ်န္းက မ်က္မွန္ကိုင္းကိုပင့္တင္ရင္း ဓာတ္ပုံပါအတူတြဲပါသည့္ဖိုင္တြဲတစ္ခုအားမင္းခန္႔ဘက္ကို ပစ္ေပး၏။ မင္းခန္႔ကလည္း ထိုဓာတ္ပုံထဲမွအမ်ိဳးသားကိုေသခ်ာစူးစိုက္ၾကည့္ကာ ႏႈတ္ဆိတ္ေနသည္။

" မင္းနဲ႔ငါက ခရီးစဥ္တစ္ခုကိုအတူျဖတ္ေက်ာ္ေနၾကတဲ့သူဆိုေတာ့ မဖုံးကြယ္ပဲေျပာၾကတာေပါ့ အဲ့ဓာတ္ပုံထဲကလူက သူ႔မွာငါနဲ႔ပတ္သတ္တဲ့ cctvမွတ္တမ္းရွိတယ္လို႔ေျပာတယ္ အထူးသျဖင့္မီးေလာင္တဲ့ေန႔က ငါနဲ႔ဦးေအာင္ထိုက္နဲ႔ေျပာခဲ့တဲ့အသံဖိုင္ေတြပါအကုန္ရွိတယ္လို႔ေျပာတယ္ "

ဦးစစ္ခ်န္းက စိတ္ရႈပ္ေနသည့္ပုံစံျဖင့္သူ႔ရွပ္အက်ႌလက္ရွည္မွ ၾကယ္သီးတစ္လုံးကိုျဖဳတ္လိုက္၏။ မင္းခန္႔ကလည္းေခါင္းငုံ႔ကာ ခပ္ေရးေရးၿပဳံးရင္း ဦးေအာင္ထိုက္ေပးတဲ့ဖိုင္တြဲအား သူ႔ဂ်ာကင္အတြင္းအိတ္ထဲသို႔ထိုးထည့္သည္။

" ၿမိဳ႕ေတာ္၀န္ဘာကိုဆိုလိုခ်င္မွန္းကြၽန္ေတာ္သိပါတယ္ ကြၽန္ေတာ္အဲ့ဒီသက္ေသမွတ္တမ္းကို ရေအာင္ယူခဲ့ေပးပါ့မယ္ "

စိတ္ေက်နပ္စရာေကာင္းတဲ့အေျဖေၾကာင့္ ဦးေအာင္ထိုက္ကေခါင္းကိုအသာညိတ္ရင္း ပိုက္ဆံထည့္ထားသည့္စာအိတ္တစ္အိတ္အား မင္းခန္႔ကိုလွမ္းေပး၏။ မင္းခန္႔ကလည္းတုံ႔ဆိုင္းမရွိ ထိုစာအိတ္ကိုလွမ္းယူသည္။ ထိုအရာက သူ႔အတြက္ရသင့္ရထိုက္တဲ့၀ေစုဟုသတ္မွတ္ထားတာမို႔ မင္းခန္႔ကလက္ခံလိုက္တာျဖစ္သည္။

" ဒါဆို ကြၽန္ေတာ့္ကိုျပန္ခြင့္ျပဳပါဦး "

" ခဏေလး "

ဦးစစ္ခ်န္းက မင္းခန္႔ကိုလက္ျပကာ သူ႔စားပြဲေအာက္မွလက္ဆြဲအိတ္တစ္ခုအား မင္းခန္႔လက္ထဲထည့္ေပး၏။ ထိုအိတ္ထဲတြင္ ဟင္းဘူးအခ်ိဳ႕ထည့္ထားတာျဖစ္သည္။

" သားငယ္နဲ႔စကားေျပာဖူးလား "

" တစ္ခါတစ္ေလခြန္းသန္႔ဆီကို လာလည္တာေတြ႕ေပမယ့္ ကြၽန္ေတာ္နဲ႔ေတာ့စကားမေျပာဖူးပါဘူး "

" အျခားသူနဲ႔လည္းမထည့္ေပးခ်င္တာမို႔ ဒီဟင္းဘူးေတြဆိုသားငယ္ဆီပို႔ေပးလို႔ရမလား သားငယ္ကမင္းထက္ေတာ့အသက္ႀကီးမယ္ထင္တယ္ အပန္းမႀကီးရင္ပို႔ေပးလို႔ရမလား သူ႔အေမကိုယ္တိုင္ခ်က္ေပးထားတာမို႔လို႔ "

" ကြၽန္ေတာ္ဒီကအျပန္ပို႔ေပးပါ့မယ္ အျခားမွာစရာရွိေသးလား "

" ေထြေထြထူးထူးေတာ့မဟုတ္ပါဘူး သားငယ္အေမကသူ႔သားကိုအရမ္းလြမ္းေနတာမို႔ အိမ္ကိုတစ္ေခါက္ေလာက္ျပန္လာခဲ့ဖို႔ေျပာေပးေစခ်င္တယ္ ေနာက္ၿပီးအခုထည့္ေပးလိုက္တဲ့ဟင္းေတြကိုလည္း ေသခ်ာေလးစားေစခ်င္တယ္ "

" ကြၽန္ေတာ္ေသခ်ာေျပာေပးပါ့မယ္ စိတ္ခ်ပါ "

မင္းခန္႔ကၿမိဳ႕ေတာ္၀န္အားႏႈတ္ဆက္ကာ ေက်ာခိုင္းလာခဲ့၏။

" ခဏေလး "

ေနာက္တစ္ဖန္တားဆီးလိုက္သည့္ ၿမိဳ႕ေတာ္၀န္ေၾကာင့္မင္းခန္႔ကခ်က္ခ်င္းဆိုသလိုရပ္တုန္႔ကာေနာက္လွည့္ၾကည့္၏။

" အကယ္၍အသံဖိုင္က အဲ့လူလက္ထဲမွာတကယ္မရွိဘူးဆိုရင္ တစ္ခါတည္းအျပတ္ရွင္းခဲ့လိုက္ "

ၿမိဳ႕ေတာ္၀န္ရဲ႕စကားက ရက္စက္လြန္းရာက်ေသာ္လည္း မင္းခန္႔ကတစ္ခ်က္မ်က္ႏွာမပ်က္ေပ။ ေခါင္းကိုခ်က္ခ်င္းညိတ္ျပကာ ေက်ာခိုင္းခဲ့၏။ ထိုသို႔ေသာအမိန္႔ေပးသံေတြက သူ႔အတြက္နားရည္၀သြားၿပီျဖစ္သည္။

××××××××××××××
" ေဆးခန္းပိတ္သြားၿပီခင္ဗ် "

ေဆးခန္းအတြင္းသို႔ က်ဴးက်ဴးေက်ာ္ေက်ာ္၀င္ေရာက္လာေသာေျခသံေၾကာင့္ ခ်န္းမင္းထိုက္ကေသခ်ာအာ႐ုံမစိုက္မိပဲေျပာလိုက္ျခင္းျဖစ္သည္။ ေကာင္တာမွ၀န္ထမ္းေတြလည္းျပန္သြားၿပီမို႔ သူတစ္ေယာက္တည္းသာက်န္ေတာ့တာပင္။

" ေဆးခန္းလာျပရေအာင္ လူနာမဟုတ္ဘူး "

အသံက အထက္စီးဆန္၏။ ခ်န္းကအမႈိက္ပုံအတြင္းမွေဆးထိုးအပ္အိတ္ေတြအား ဆြဲယူကာအေနာက္လွည့္ၾကည့္လိုက္ေတာ့ အရယ္အၿပဳံးမရွိသူ႔အားေပေစာင္းေစာင္းၾကည့္ေနသည့္ မင္းခန္႔အားေတြ႕ျမင္လိုက္ရသည္။ ထိုလူကသူ႔အေဖနဲ႔ဆက္ႏြယ္ေနမွန္းခ်န္းကသိတာမို႔ မင္းခန္႔ကိုလည္းအျမင္မၾကည္ေပ။

" မင္းက ငါ့ေဆးခန္းကိုဘာလာလုပ္တာလဲ "

ဘုန္း!

ေကာင္တာေပၚ႐ုတ္တရက္ပစ္တင္လိုက္သည့္ လက္ဆြဲအိတ္ေၾကာင့္ခ်န္းရဲ႕ေက်ာပင္တုန္တက္သြား၏။

" ခင္ဗ်ားအေဖေပးခိုင္းလိုက္တာ "

" ျပန္ယူသြားလိုက္ "

" ခင္ဗ်ားအေမကိုယ္တိုင္ခ်က္ေပးလိုက္တယ္လို႔ေျပာတယ္ "

" အေမခ်က္ေပးလည္း ျပန္ယူသြားလိုက္ "

ခ်န္းကထိုလက္ဆြဲအိတ္အား ခပ္၀ေး၀ေးသို႔တြန္းထုတ္ကာ အမႈိက္ပစ္ဖို႔ေရွဆက္လာ၏။ သို႔ေပမယ့္ မင္းခန္႔ကခ်န္းရဲ႕အက်ႌဂုတ္အားလွမ္းဆြဲကာ ခ်န္းမ်က္ႏွာကိုအံႀကိတ္ကာစိုက္ၾကည့္လာသည္။

" က်ဳပ္ကိုခင္ဗ်ားအေဖလိုမ်ိဳး ျပန္ခံေျပာလို႔ရတယ္ထင္မေနနဲ႔ "

" ေတာက္!! "

ခ်န္းကေဒါသထြက္စြာျဖင့္ မင္းခန္႔ရဲ႕လက္ေတြအားေဆာင့္တြန္းကာ
မေက်နပ္စြာျဖင့္ျပန္လည္စိုက္ၾကည့္လာသည္။ သို႔ေပမယ့္မင္းခန္႔ရဲ႕အၾကည့္ေတြက ခံစားခ်က္မဲ့သည္။ သူ႔အားေသြးေအးစြာျဖင့္သာ ျပန္လည္တုံ႔ျပန္လာတာျဖစ္သည္။

" မင္းက အေဖ့ရဲ႕လူယုံဆိုေတာ့ငါ့အေဖလိုပဲယုတ္မာမယ္ထင္တယ္ မင္းအေၾကာင္းကို ခြန္းသန္႔ရွိန္၀ါကသိသြားရင္ေကာ မင္းေျပးလို႔လြတ္မယ္ထင္ေနတာလား "

" ဒါဆိုလည္းစိန္ေခၚၾကည့္ေလ ခြန္းသန္႔ရွိန္၀ါကခင္ဗ်ားအေဖကိုဒီအတိုင္းလႊတ္ထားမယ္ထင္လို႔လား ေနာက္ၿပီးခင္ဗ်ားကသူသိပ္မုန္းေနတဲ့သူရဲ႕သားအရင္းဆိုတာသိသြားရင္ေကာ "

မင္းခန္႔က ခပ္႐ြဲ႕႐ြဲ႕ၿပဳံးရင္းခ်န္းရဲ႕လက္ထဲထိုလက္ဆြဲအိတ္အားတစ္ဖန္ျပန္ထည့္ေပး၏။ ခ်န္းကလည္းအေၾကာတင္းသည္။ ထိုအိတ္ကိုလႊတ္ခ်ဖို႔ႀကံတာမို႔ မင္းခန္႔ကခ်န္းရဲ႕ဘယ္ဘက္လက္ကိုသူ႔လက္ျဖင့္အေပၚမွအုပ္မိုးကာဆုပ္ကိုင္ရင္း မလႊတ္တမ္းညႇစ္ထား၏။

" ခင္ဗ်ားအေမက ခင္ဗ်ားကိုလြမ္းေနတာမို႔အိမ္ျပန္လာဖို႔မွာလိုက္တယ္ "

" အေဖအိမ္မွာရွိေနသ၍ ဘယ္ေတာ့မွျပန္မလာဘူးလို႔ေျပာလိုက္ "

" သိပ္ကိုေခါင္းမာေနတဲ့ပုံပဲ "

ခ်န္းက သူ႔လက္ကိုအေပၚမွဆုပ္ကိုင္ထားသည့္ မင္းခန္႔ရဲ႕လက္ေတြကို ဆြဲျဖဳတ္ကာေရွာင္ထြက္လိုက္၏။

" အဲ့ဒီအိမ္ကပတ္သတ္တာေတြကို ဘာတစ္ခုမွယူမလာေပးနဲ႔ "

" ေကာင္းၿပီေလ "

ဆက္တိုက္ျငင္းဆန္ေနတဲ့ခ်န္းေၾကာင့္ မင္းခန္႔ကလက္ဆြဲအိတ္ထဲမွ ဟင္းဘူးေတြကိုထုတ္ယူကာ ခ်န္းရဲ႕အလုပ္စားပြဲေပၚတင္လိုက္၏။ ထို႔ေနာက္ထိုင္ခုံတစ္လုံးဆြဲယူကာ မင္းခန္႔ကက်က်နနထိုင္ရင္း ထိုဟင္းဘူးထဲမွဟင္းေတြကိုထုတ္စားသည္။ ခ်န္းကထိုဟင္းေတြအားမေကြၽးခ်င္သည့္ပုံစံျဖင့္ မသိမသာေစာင္းၾကည့္လာေတာ့ မင္းခန္႔ကခ်န္းအေမထည့္ေပးလိုက္သည့္၀က္နံ႐ိုးဟင္းဘူးအား ဆြဲဖြင့္သည္။ ခ်န္းကသူ႔အေမခ်က္ေပးသည့္ ၀က္နံ႐ိုးေပါင္းအားအလြန္ႀကိဳက္သည္ကို ၿမိဳ႕ေတာ္၀န္ေျပာျပထားလို႔မင္းခန္႔ကတမင္အ႐ြဲ႕တိုက္ကာ ထိုဘူးအားဆြဲယူလိုက္ျခင္းျဖစ္သည္။

" ျပန္ေပး!! "

" ခင္ဗ်ားပဲမစားခ်င္ဘူးဆို? "

" ဒီတစ္ခါကေတာ့ထားလိုက္ေတာ့ ေနာက္တစ္ခါဘယ္ေတာ့မွဒီလိုဟင္းေတြယူမလာေပးနဲ႔ "

ခ်န္းမင္းထိုက္က သူ႔အေမထည့္ေပးသည့္ဟင္းဘူးေတြကို အကုန္ျပန္ဆြဲယူသြားတာမို႔ မင္းခန္႔ကခပ္႐ြဲ႕႐ြဲ႕ၿပဳံးကာ သူေဆာင္းလာသည့္ဦးထုပ္ကိုခပ္ငိုက္ငိုက္စိုက္ခ်လိုက္၏။

" ခင္ဗ်ားဘာသာလြတ္ကင္းေအာင္ဘယ္လိုပဲေရွာင္ပုန္းေနလည္း ၿမိဳ႕ေတာ္၀န္က ခင္ဗ်ားရဲ႕အေဖဆိုတာဖုံးကြယ္မထားႏိုင္တဲ့အမွန္တရားတစ္ခုပဲ "

မင္းခန္႔က သတိေပးလာသည့္အေနအထားျဖင့္ခ်န္းရဲ႕ပခုံးကို အသာပုတ္ကာခပ္တိုးတိုးေရ႐ြတ္လာ၏။ထို႔ေနာက္ ခ်န္းလက္ထဲမွအမႈိက္ထုပ္အားမင္းခန္႔က ဆြဲယူကာအျပင္သို႔ျပန္ထြက္သြားသည္။ ထိုခဏေလးအတြင္းမွာတင္ ခ်န္းရဲ႕စိတ္ေတြအလြန္ရႈပ္ေထြးရတာျဖစ္၏။အရာအာလုံးကိုအမွန္အတိုင္းသိရတဲ့တေန႔ ခြန္းသန္႔ရွိန္၀ါကသူ႔ကိုပါရန္ၿငိဳးထားလာမလားဟုေတြးမိလိုက္တိုင္း ခ်န္းစိတ္ပ်က္မိသည္။ အထူးသျဖင့္ စိုင္မြန္ကပါသူ႔အား႐ြံမုန္းသြားလွ်င္ ထိုအမုန္းဒဏ္မွခ်န္း႐ုန္းထြက္ႏိုင္မွာမဟုတ္ေပ။

" စိတ္ကုန္စရာေကာင္းတဲ့ဘ၀ေတြ "

ခ်န္းက စိတ္ပ်က္စြာေရ႐ြတ္ရင္း သူ႔စားပြဲေအာက္မွအံဆြဲကိုဆြဲဖြင့္ကာ တစ္စုံတစ္ခုအားလိုက္ရွာ၏။ ထို႔ေနာက္ တစ္ခုတည္းသာက်န္ေတာ့သည့္ပီေကအား ဆြဲခြာကာသူ႔ပါးစပ္ထဲအျမန္ထည့္လိုက္သည္။ စိတ္ရႈပ္ေထြးလာသည့္အခ်ိန္၌ တစ္စုံတစ္ခုအားပါးစပ္ထဲငုံ၀ါးေနရလွ်င္ သူစိတ္အနည္းငယ္သက္သာရာရသည္။ အထူးသျဖင့္ စေတာ္ဘယ္ရီအရသာလြန္ကဲထားသည့္ထိုပီေကက သူ႔စိတ္ေတြကိုေက်နပ္ေစႏိုင္တာျဖစ္သည္။

××××××××××

" ၿမိဳ႕ေတာ္၀န္ရဲ႕အတြင္းေရးမႉး၀င္လာပါၿပီ Boss"

Lobbyအတြင္း၌႐ုပ္ဖ်က္ကာထိုင္ေစာင့္ေနသည့္စိုင္မြန္က ခြန္းသန္႔အားလွမ္းအေၾကာင္းၾကားကာ laptopေပၚလက္ေခ်ာင္းေတြကိုလွ်င္ျမန္စြာလႈပ္ရွားေန၏။ မၾကာခင္က်ေရာက္ေတာ့မည့္ေ႐ြးေကာက္ပြဲႏွင့္ပတ္သတ္၍ ၿမိဳ႕ေတာ္၀န္တစ္ေယာက္မဲဆြယ္ေရးကိစၥေတြႏွင့္အလုပ္ရႈပ္ေတာ့မည္ကို ႀကိဳသိေနတာေၾကာင့္ စိုင္မြန္ႏွင့္ခြန္းသန္႔ကၿမိဳ႕ေတာ္၀န္၏အခ်ိန္ဇယားမ်ားကို ခိုးယူခ်င္ေနတာျဖစ္သည္။

Paradise Hotel၏ တ႐ုတ္စာေသာက္ဆိုင္အတြင္း၌ ၿမိဳ႕ေတာ္၀န္၏အတြင္းေရးမႉးက ညစာလာစားတာျဖစ္၏။ ၿမိဳ႕ေတာ္၀န္၏လက္ေအာက္ငယ္သားျဖစ္သည့္အေလ်ာက္ ထိုအတြင္းေရးမႉးကလည္းေမာက္မာသည္။ထိုစားေသာက္ဆိုင္အတြင္း သူတို႔မိသားစုေလးေယာက္သာလွ်င္ရွိခ်င္တာမို႔ တစ္ဆိုင္လုံးကိုတညစာငွားထား၏။

" လာလာလာ....လာလာလာလာ"🎶🎶

အတြင္းေရးမႉးက ေလခြၽန္လိုက္သီခ်င္းဆိုလိုက္လုပ္ရင္း Toiletထဲ၀င္ေရာက္လာ၏။ အရက္အရွိန္ေၾကာင့္ ေျခေထာက္မ်ားကလည္းအနည္းငယ္ယိုင္ခ်င္ေနသည္။ Hotelအတြင္းမွစားေသာက္ဆိုင္ျဖစ္သည့္အေလ်ာက္ Tolietအျပင္အဆင္ကလည္း luxuryဆန္သည္။ ေ႐ႊေရာင္ေဘာင္ကြပ္ထားသည့္မွန္သားျပင္က ေဘစင္တစ္ခုလုံးကိုအလွဆင္ထားၿပီး မီးဆိုင္းမ်ားျဖင့္ခ်ိတ္ဆြဲထား၏။

" Hotelရဲ႕စည္းကမ္းခ်က္အရ ဒီထဲမွာေဆးလိပ္ေသာက္ခြင့္မရွိဘူးထင္တယ္ေနာ္ "

ေဆးလိပ္ေသာက္ေနသည့္အာ႐ုံကိုလာဖ်က္သည့္ အဖ်က္သမားေၾကာင့္ အတြင္းေရးမႉးကမ်က္ေမွာင္ကုတ္ကာ ေဘးလွည့္ၾကည့္သည္။ အေနာက္တိုင္း၀တ္စုံကို သပ္သပ္ရပ္ရပ္၀တ္ဆင္ထားသည့္လူငယ္တစ္ေယာက္က အက်ႌ၏တန္ဖိုးကိုက်ဆင္းသြားေအာင္ေဘစင္ေဘာင္ေပၚတက္ထိုင္ကာသူ႔အားေပကပ္ကပ္စကားေျပာလာ၏။

" ေသာက္ေတာ့ မင္းေသာက္ေၾကာင္းလား "

မေခ်မခံျပန္ေျပာလိုက္ေတာ့ တစ္ဖက္ေကာင္ကပခုံးတစ္ဖက္တြန္႔ကာ ခပ္႐ြဲ႕႐ြဲ႕ၿပဳံးျပသည္။ထို႔ေနာက္သူ႔အိတ္ကပ္ထဲမွ Sobranie Cigaretteတစ္လိပ္အားထုတ္ယူကာ အ႐ြဲ႕တိုက္စြာျဖင့္ျပန္ေသာက္ျပ၏။

" ခင္ဗ်ားေသာက္ေနတာက႐ိုး႐ိုးစီးကရက္ေနာ္ ဒါေသာက္ၾကည့္မလား အနည္းဆုံးေတာ့မတူတဲ့အရသာကိုခံစားမိတာေပါ့ ဘာအရသာလဲဆိုရင္ အထက္တန္းစားနဲ႔ေအာက္တန္းစား"

" ေတာက္!! မင္းဘယ္သူလဲ ဒီစားေသာက္ဆိုင္တစ္ခုလုံးကိုငါငွားထားတာေနာ္ ငါ့ခြင့္ျပဳခ်က္မရွိပဲမင္းဒီထဲကိုလာခြင့္မရွိဘူး "

" ဘယ္လိိုလုပ္မလဲ လာၿပီးေနၿပီေလ "

" မင္းဘယ္သူလဲ "

အတြင္းေရးမႉးက ခက္ထန္စြာေမးလာတာမို႔ တစ္ဖက္ေကာင္ကသူ႔လက္ထဲမွစီးကရက္ကိုမီးၿငိမ္းကာ ေဘစင္ေဘာင္ေပၚမွခုန္ဆင္းလာ၏။ ထို႔ေနာက္ သူ႔အိတ္ကပ္ထဲမွလိပ္စာကဒ္အား အတြင္းေရးမႉးလက္ထဲသို႔ထည့္ေပးသည္။

" နာမည္ကခြန္းသန္႔ရွိန္၀ါ။ ေလးလုံးထဲဆိုေပမယ့္ ခင္ဗ်ားဦးေႏွာက္ထဲမွာေသခ်ာမွတ္ထားေစခ်င္တယ္ ေနာက္ဆိုမၾကာခဏေတြ႕ရေတာ့မွာမို႔လို႔ "

ခြန္းသန္႔ရဲ႕လိပ္စာကဒ္အား အတြင္းေရးမႉးကဖတ္ၾကည့္ကာ ေအာ္ရယ္လိုက္၏။ သူ႔လိုအေနအထားကိုဘာမဟုတ္တဲ့သာမန္ေကာင္က ေလလာက်ယ္ေနတာမို႔ ခြန္းသန္႔ကိုပို၍ေလွာင္ေျပာင္ခ်င္မိ၏။

" ေငြေခ်းလုပ္ငန္း? မင္းလိုအေနအထားကငါ့ကိုအမိန္႔လာေပးေနေသးတယ္ေပါ့ ငါကဘယ္သူလဲဆိုတာေကာမင္းသိရဲ႕လား "

ခြန္းသန္႔ရွိန္၀ါက ဂ႐ုမစိုက္သည့္ပုံစံျဖင့္ တစ္ဖက္လူနဲ႔မ်က္ႏွာအနားထိနီးနီးကပ္ကပ္ရပ္ကာ စူးစိုက္ၾကည့္၏။

" ခင္ဗ်ားနာမည္က ဦးမင္းလြင္။ ၿမိဳ႕ေတာ္၀န္ရဲ႕အတြင္းေရးမႉး တစ္နည္းအားျဖင့္ၿမိဳ႕ေတာ္၀န္ရဲ႕စိတ္ႀကိဳက္ကစားစရာအ႐ုပ္။ ေနာက္ၿပီးခင္ဗ်ားမွာ သမီးတစ္ေယာက္သားတစ္ေယာက္ရွိတယ္ ခင္ဗ်ားသားက မူးယစ္ေဆး၀ါးနဲ႔စြပ္စြဲခံထားရတာကို ခင္ဗ်ားကဖုံးကြယ္ဖို႔ႀကိဳးစားေပးေနတာကိုလည္းသိတယ္ "

ခြန္းသန္႔ရွိန္၀ါက တုံ႔ဆိုင္းျခင္းမရွိဆက္တိုက္ေျပာရင္း ေပကပ္ကပ္ေခါင္းေစာင္းကာၿပဳံးျပ၏။

" မင္းဘာလိုခ်င္လို႔ ငါ့အနားကိိုခ်ဥ္းကပ္လာတာလဲ "

ဦးမင္းလြင္က ခြန္းသန္႔ေပးထားသည့္လိပ္စာကိုဆုတ္ၿဖဲရင္း လႊတ္ပစ္လိုက္သည္။

" ၿမိဳ႕ေတာ္၀န္ရဲ႕တစ္လတာ အခ်ိန္ဇယားလိုခ်င္တယ္ "

" အဟား....မင္းလိုေကာင္ကေလ?"

ဦးမင္းလြင္က အထင္ေသးစြာေလွာင္ေျပာင္လာေသာ္လည္း ခြန္းသန္႔ရွိန္၀ါကဘယ္လိုမွမခံစားရသည့္ပုံျဖင့္ ဦးမင္းလြင္ရဲ႕အက်ႌေကာ္လံကို ေသခ်ာျပန္တည့္မတ္ေပးလိုက္၏။

" လြန္ခဲ့တဲ့သုံးလက V Showျပတိုက္မွာေသနတ္ဒဏ္ရာနဲ႔ေသဆုံးသြားတဲ့ဦးေအာင္ထိုက္အမႈကိုမွတ္မိလား။ ခင္ဗ်ားတို႔နဲ႔ဆက္ႏြယ္ေနတဲ့လူမိို႔လို႔ ၿမိဳ႕ေတာ္၀န္နဲ႔ခင္ဗ်ားကေတာ့ေကာင္းေကာင္းသိမွာေပါ့ အဲ့တာေၾကာင့္လည္းအဲ့ဒီအမႈရဲ႕တရားခံကိုမသိရတာေတာင္ အမႈပိတ္ပစ္ခဲ့ၾကတာမဟုတ္လား "

" ........ "

" လြန္ခဲ့တဲ့တစ္လက CZ 75Bအမ်ိဳးအစားေသနတ္တစ္လက္ကို ခင္ဗ်ားလူမသိေအာင္ တိတ္တဆိတ္၀ယ္ယူခဲ့တယ္မလား ခင္ဗ်ား၀ယ္ယူခဲ့တဲ့ေသနတ္ကက်ဳပ္ဆီကေနတဆင့္ခင္ဗ်ားလက္ထဲကို ကူးေျပာင္းသြားခဲ့တယ္ဆိုတာခင္ဗ်ားသိရင္သိပ္ေကာင္းမွာပဲ "

ဦးမင္းလြင္က အံ့ၾသသြားသည့္ပုံစံျဖင့္ ခြန္းသန္႔အားမ်က္လုံးျပဴးကုေမာ္ၾကည့္လာေတာ့ ခြန္းသန္႔ရွိန္၀ါကယခင္ကေပးခဲ့သည့္လိပ္စာကဒ္မဟုတ္ပဲ အနက္ေရာင္လိပ္စာကဒ္အသစ္တစ္ခုအားဦးမင္းလြင္ကိုယ္ေပၚသို႔ ဂ႐ုမစိုက္သည့္ပုံစံျဖင့္ ပစ္ေပါက္လိုက္၏။

" နာမည္ကခြန္းသန္႔ရွိန္၀ါ ခင္ဗ်ားတို႔ေလာကထဲမွာေတာ့ Lucasဆိုတဲ့နာမည္နဲ႔လက္နက္ေရာင္း၀ယ္တယ္ မေက်နပ္ရင္အဲ့ကဒ္ထဲကလိပ္စာအတိုင္း က်ဳပ္ကိုလာဖမ္းလိုက္။ ခြန္းသန္႔ရွိန္၀ါက ဘယ္အတိုင္းအတာထိျခယ္လွယ္ႏိုင္သလဲဆိုတာ ခင္ဗ်ားကိုလက္ေတြ႕ျပေပးမယ္ "

ဦးမင္းလြင္က ခြန္းသန္႔ပစ္ေပါက္ေပးသည့္လိပ္စာကဒ္အား တင္းတင္းဆုပ္ကာေခါင္းေမာ့ၾကည့္၏။

" ၿမိဳ႕ေတာ္၀န္ရဲ႕တစ္လတာအခ်ိန္ဇယားကိုရဖို႔ ခင္ဗ်ားကိုအခ်ိန္သုံးရက္ေပးမယ္ က်ဳပ္ကိုႏႈတ္ပိတ္ဖို႔ႀကံစည္ေနတယ္ဆိုရင္ေတာ့အဲ့သုံးရက္အတြင္းႀကိဳက္သလိုအကြက္ခ်လို႔ရတယ္ ဒါေပမယ့္ခင္ဗ်ားကိုလည္းအလြတ္ေပးမယ္မထင္နဲ႔ေနာ္ ခင္ဗ်ားရဲ႕အသက္ရွင္ျခင္းနဲ႔ေသျခင္းကို ခြန္းသန္႔ရွိန္၀ါဆိုတဲ့က်ဳပ္ကပဲဆုံးျဖတ္ေပးမွာမို႔လို႔ပဲ "

×××××××××

" ခြန္းသန္႔ "

ရႈိင္းကအလုပ္ဆင္းသည္ႏွင့္ ခြန္းသန္႔ရင္ခြင္ထဲေျပး၀င္ကာသက္ျပင္းရွည္ခ်လိုက္၏။ တေနကုန္လူပင္ပန္းစိတ္ပင္ပန္းျဖစ္ေနသည့္ ခံစားခ်က္ေတြက ထိုအမ်ိဳးသားရဲ႕ရင္ခြင္ထဲေရာက္သည္ႏွင့္ ေျပေပ်ာက္သြားရသည္။

" ဘာျဖစ္လာလို႔လဲ "

" ဒီေန႔အရမ္းပင္ပန္းေနလို႔မင္းကိုေျပးဖက္လိုက္တာ အခုေပ်ာက္သြားၿပီ "

" ညစာစားၿပီးၿပီလား "

" မစားရေသးဘူး "

" ဘာစားခ်င္လဲ "

ခြန္းသန္႔ကရႈိင္းလက္ထဲမွLaptopအိတ္ႏွင့္ ရႈိင္းလြယ္ထားသည္္ေက်ာပိုးလြယ္အိတ္အား လက္လႊဲယူကာရႈိင္းလက္ကိုဆုပ္ကိုင္လိုက္၏။

" ငါမနက္ျဖန္ေန႔လည္မွအလုပ္သြားရမွာ "

" အဲ့ေတာ့ "

" ငါတို႔ဘီယာသြားေသာက္ရေအာင္ခြန္းသန္႔ "

ရႈိင္းက အားတက္သေရာျမဴဆြယ္လာတာမို႔ ခြန္းသန္႔ကေခါင္းအသာရမ္းကာၿပဳံးရယ္လိုက္၏။

" ရႈိင္းေဌးက တကယ့္အရက္သမား "

" ဘာအရက္သမားလဲ ငါကတစ္ခါတေလမွေသာက္တာ "

ရႈိင္းကမဟုတ္မခံျပန္ခံေျပာလာတာမို႔ ခြန္းသန္႔ကအရႈံးေပးသည့္ပုံစံျဖင့္ ေခါင္းညိတ္ကာေထာက္ခံလိုက္သည္။

" ဘယ္လိုလုပ္မလဲ က်ဳပ္ကလူလိမၼာေလးဆိုေတာ့ ညစာကိုအရက္မေသာက္ပဲထမင္းပဲစားခ်င္တာ "

" လိမ္ရင္သြားက်ိဳးပါေစ "

" ျပစမ္း ခင္ဗ်ားသြားဘယ္ႏွစ္ေခ်ာင္းက်ိဳးသြားၿပီလဲ "

ခြန္းသန္႔က ႐ႊတ္ေနာက္ေနာက္ျဖင့္ရႈိင္းကိုပါးစပ္ဟခိုင္း၏။

" ငါေျပာတာက မင္းကိုသြားက်ိဳးပါေစလို႔ေျပာတာေလ "

" ခင္ဗ်ားကက်ဳပ္ကိုေျပာတာဆိုေပမယ့္ ဒီေကာင္ရဲ႕စိတ္အလုံးစုံကိုခင္ဗ်ားကိုပဲေပးထားတာဆိုေတာ့ တစ္ခုခုျဖစ္ရင္ခင္ဗ်ားဆီကိုပဲသက္ေရာက္ေနေတာ့မွာ "

" သိပ္တတ္ေနတယ္ဟုတ္လား "

ရႈိင္းကခြန္းသန္႔ဗိုက္ကိုခပ္ဖြဖြလွမ္းထိုးကာ ၿပဳံးျပလိုက္၏။ ခြန္းသန္႔ကလည္းရႈိင္းပခုံးေပၚလက္တင္ကာ လမ္းဆက္ေလွ်ာက္လာသည္။
ဘီယာဆိုင္ႏွင့္ ရွိိင္းတို႔အလုပ္ေနရာကမ၀ေးတာမို႔ လမ္းပဲေလွ်ာက္လာတာျဖစ္၏။
.
.
.
.
" ငါခ်ည္းပဲေသာက္ေနရတာမဟုတ္ေသးဘူး မင္းလည္းေသာက္ေလ "

ဘီယာႏွစ္ခြက္ေျမာက္၌ ရႈိင္းကခြန္းသန္႔ကိုစတင္စိန္ေခၚလာျခင္းျဖစ္သည္။ ခြန္းသန္႔ရွိန္၀ါကလည္း အရိပ္အေျခနားလည္၏။သူ႔အေၾကာင္းသူသိတာမို႔ အျမည္းသာထိုင္စားၿပီးအရက္မေသာက္ေပ။ရႈိင္းမူးသည့္အေျခအေနကို သူ႔အေနျဖင့္တစ္ခါမွမေတြ႕ဖူးတာမို႔ ဒီတစ္ခါေတာ့သူေစာင့္ၾကည့္ခ်င္တာျဖစ္သည္။

" ခင္ဗ်ားသာေသာက္ပါ က်ဳပ္ကအခုတေလာအရက္ေရွာင္ထားတယ္ "

" မရဘူးေသာက္ရမယ္ "

" မေသာက္ခ်င္ဘူး "

" ငါတစ္ေယာက္တည္းဆိုပ်င္းစရာေကာင္းတယ္ေလ "

" က်ဳပ္စကားေျပာေပးေနတာပဲေလ ဘာပ်င္းစရာရွိလဲ အရက္ေသာက္တာကိုအေဖာ္လာညႇိေနေသးတယ္ "

" ႏွစ္ေယာက္ေသာက္ေတာ့ပိုေကာင္းတာေပါ့ ငါကမင္းနဲ႔အတူေသာက္ၿပီးစကားေတြေျပာခ်င္တာေလအခ်စ္ကေလးရဲ႕....အခ်စ္ကေလးကငါနဲ႔အတူမေသာက္ခ်င္လိို႔လား "

" တစ္ခြက္ပဲေသာက္ေပးမယ္ "

ခြန္းသန္႔ကစူပုတ္ပုတ္ျဖင့္ ဘီယာတစ္ခြက္အားလွမ္းယူကာ တစ္က်ိဳက္တည္းေမာ့ေသာက္၏။

" ေဒၚစန္းေဌးသားက သူမ်ားသားကိုသိပ္ဖ်က္ဆီးတာပဲ "

ခြန္းသန္႔ကမေက်မနပ္ေျပာလာေတာ့ ရႈိင္းကသေဘာက်စြာျဖင့္ၿပဳံးရယ္သည္။

" စုံစြမ္စိေဆာ့မယ္ ရႈံးတဲ့သူကတစ္ခြက္ေသာက္ေၾကး "

" ခင္ဗ်ားမညစ္ပတ္နဲ႔ "

" ဘာညစ္ပတ္လို႔လဲႏိုင္ေအာင္ေဆာ့ေလ ဒါဆိုတရားမွ်တေအာင္ေဆာ့မယ္ ငါရႈံးရင္မင္းကိုနမ္းမယ္ မင္းရႈံးရင္တစ္ခြက္ေသာက္ "

ခြန္းသန္႔ကအသံတိတ္ကာစဥ္းစားေနတာမို႔ ရႈိင္းကဘီယာတစ္ခြက္အား ခြန္းသန္႔ဘက္သို႔ေ႐ႊ႕ေပး၏။

" လာခဲ့ ေဆာ့မယ္ စုံစြမ္စိ "

" အဟား ခင္ဗ်ားရႈံးၿပီ "

ရႈိင္းကရႈံးသြားတာမို႔ ခြန္းသန္႔ကလက္ခုပ္တီးကာေအာင္ပြဲခံရင္း ႏႈတ္ခမ္းစူေပး၏။ ရႈိင္းကလည္းကတိတည္စြာျဖင့္ ခြန္းသန္႔ႏႈတ္ခမ္းကိုလွမ္းနမ္းသည္။

" မေက်ပြဲျပန္ႏႊဲတာေပါ့ "

" စုံစြမ္စိ "

" စိ "

" စိ "

" ဟား...မင္းရႈံးၿပီ "

ဒီတစ္ခါေတာ့ခြန္းသန္႔ကရႈံးသြားတာမို႔ ဘီယာတစ္ခြက္အားႏွာေခါင္းပိတ္ကာေမာ့ေသာက္၏။ ေခါင္းထဲရိပ္တိပ္တိပ္ျဖစ္ေနေသာ္လည္း ခြန္းသန္႔ကအရႈံးမေပးခ်င္ေပ။ သူမႏိုင္မခ်င္းျပန္ေဆာ့ေနတာမို႔ ရႈိင္းကလည္းအလိုက္သိစြာလိုက္ေဆာ့ေပး၏။ သို႔ေပမယ့္ ေျခာက္ပြဲမွာေလးပြဲကသူကခ်ည္းရႈံးေနတာျဖစ္သည္။ ရႈိင္းကအေလွ်ာ့ေပးကာ ထပ္မေသာက္ဖို႔တားျမစ္ေသာ္လည္း ခြန္းသန္႔ကေခါင္းမာ၏။ အႏိုင္မရမခ်င္းေသာက္ျပေနတာျဖစ္သည္။

" ေတာ္ေတာ့ မင္းမူးေနၿပီ "

" မမူးဘူး ထပ္ေဆာ့အုံးမွာ"

" ေဆာ့ေနတာဘယ္ႏွစ္ခါရွိေနၿပီလဲ မင္းခ်ည္းပဲရႈံးေနတာေလ "

" အဲ့တာတမင္သပ္သပ္အရႈံးေပးထားတာ "

" အခ်စ္ကေလးရာ မဆိုးနဲ႔ေတာ့ကြာ "

" မသိဘူး မသိဘူး ခင္ဗ်ားရႈံးတဲ့အထိေဆာ့မွာ "

ခြန္းသန္႔ကရႈိင္းကိုလက္ညႇိဳးထိုးကာ ေပကပ္ကပ္ၾကည့္၏။ သို႔ေပမယ့္ သူ႔လက္ညႇိဳးကရႈိင္းရဲ႕အျခားတစ္ဖက္ကိုထိုးေနတာျဖစ္သည္။

" ငါမင္းကိုတားပါတယ္ မင္းကစကားမွနားမေထာင္တာ အခုေတာ့မူးေနၿပီမလား"

ရႈိင္းကခြန္းသန္႔ရဲ႕ေက်ာျပင္ကိုပြတ္ေပးရင္း ေရခဲတုံးတစ္တုံးကိုခြန္းရဲ႕ပါးျပင္ေပၚကပ္ေပး၏။ ခြန္းသန္႔ကႏွာေခါင္းထိပ္ေလးေတြရဲကာ ငိုမဲ့မဲ့ျဖစ္လာတာမို႔ ရႈိင္းကခြန္းသန္႔ရဲ႕ဆံပင္ေတြကိုသပ္တင္လိုက္သည္။

" ငိုခ်င္လာလို႔လား "

အေၾကာင္းသိေနတာမို႔ ရႈိင္းကႏူးႏူးညံ့ညံ့ျဖင့္ေမးလိုက္ျခင္းျဖစ္သည္။ ခြန္းသန္႔ကလည္းေခါင္းညိတ္ျပကာ ရႈိင္းပခုံးေပၚေခါင္းေမွာက္ရင္း တရႈံ႕ရႈံ႕ငို၏။

" တိတ္ တိတ္....မငိုနဲ႔ေတာ့ေနာ္ "

ရႈိင္းကခြန္းသန္႔ရဲ႕ေက်ာျပင္ကိုေထြးေပြ႕ေပးရင္း ႏွစ္သိမ့္ေပး၏။ မူးလို႔ငိုေနတာကိုသိေသာ္လည္း ထိုအမ်ိဳးသားရဲ႕ငိုသံကသူ႔ရင္ကိုပူေလာင္ေစသည္။

" ငါေတာင္းပန္ပါတယ္ ေနာက္တစ္ခါဆိုငါ့အခ်စ္ကေလးကိုငိုေအာင္မလုပ္ေတာ့ဘူးေနာ္ "

ရႈိင္းက ခြန္းသန္႔ရဲ႕မ်က္ရည္ေတြကိုသုတ္ေပးရင္း ခြန္းနဖူးကိုငုံ႔နမ္း၏။ ခရမ္းခ်ဥ္သီးပမာနီရဲေနသည့္ အခ်စ္ကေလးရဲ႕မ်က္ႏွာက သူ႔အားအသည္းယားေစတာျဖစ္သည္။

" မူးေနေသးလား "

" အင္း "

" ငါကအခ်စ္ကေလးကို အမ်ားႀကီးခ်စ္တယ္ေနာ္ "

" ဟီးဟီး "

ခြန္းသန္႔ကငိုေနရင္း ရယ္ျပလာတာမို႔ရွိိုင္းကပါးစပ္အတင္းစိတာ ႀကိတ္ရယ္ရေသး၏။

" အဆိုးအေပေလး ခ်စ္မွန္းသိလို႔လူကိုဆိုးခ်င္ေနတာ~~"

×××××

A/N Note: အပိုင္း(၁)တည္းက Ongoingလိုက္ေပးခဲ့ၾကတာ အခုဆိုအတိုင္းအတာတစ္၀က္ေလာက္ထိၿပီးသြားပါၿပီ။ ဖတ္ရတာအဆင္ေျပၾကရဲ႕လားမသိㅠㅠ ဇာတ္ရွိန္က်ၿပီးပ်င္းသြားမွာစိုးရိမ္မိတာမို႔ ခန္႔မွန္းေျခအပိုင္း(၄၀)သို႔မဟုတ္(၄၅)ေလာက္ထိနဲ႔အၿပီးေရးဖို႔ေတာ့စဥ္းစားထားပါတယ္။အခ်စ္ကေလးတို႔ကို စိတ္ရွည္ရွည္နဲ႔ Ongoingလိုက္ေပးေနၾကလို႔ ေက်းဇူးတင္ပါတယ္ရွင္♡

22.9.23
Grey

××××××

Continue Reading

You'll Also Like

43.6K 8K 34
Чшш...тэр түүх өгүүлж байна...
709K 121K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
2.9K 126 45
သူကpsychopath တစ်ကောင်ပဲ psychopath တောင်ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ....... ဟားးဟားး..... သိပ်ဟုတ်တာပေါ့... ယဉ်ယဉ်လေးနဲ့ရူးနေပေမဲ့လူတွေရှေ့မှာတော့သိပ်ဟန်ဆ...
700K 90.9K 59
Black-eyed Susan ဆိုတဲ့ ပန္​းရဲ႕ အဓိပၸါယ္​ကို သိလား စံု​ေထာက္​ႀကီး... Black-eyed Susan ပန္​းဟာ တရားမ်ွတမႈကို ကုိယ္​စားျပဳတယ္​တဲ့.. သူ႔ကို Flower of...