Twenty Six Revenge

By greyvictor25

435K 29.2K 5.3K

Khoon Thant Shein Wah+Sunshine SiThu More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Final

24

8.2K 620 53
By greyvictor25

" ၀င်လာခဲ့လို့ရပါပြီ "

၀တ်စုံပြည့်သက်တော်စောင့်တစ်ယောက်က မင်းခန့်အားအချက်ပြကာအရှေ့မှဦးဆောင်ထွက်လာတာမို့ မင်းခန့်လည်းခပ်တည်တည်ဖြင့်သာလိုက်လာလိုက်၏။ မြို့တော်၀န်ခိုင်းသမျှတာ၀န်တွေအား မပျက်မကွက်ဆောင်ရွက်ပေးခဲ့သော်လည်း ထိုလူနှင့်တစ်ခါမျှလူချင်းတောင်မတွေ့ဖူးပေ။ ယခုအချိန် က မင်းခန့်အတွက်ပထဦးဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်၏။ ဘာရည်ရွယ်ချက်ကြောင့် မြို့တော်၀န်ကသူ့အားခေါ်တွေ့သလဲမသိပေမယ့် မင်းခန့်ကလည်းခပ်ညံ့ညံ့မဟုတ်ပေ။ သူ့လုပ်ဆောင်ချက်တွေကို မြို့တော်၀န်ကသဘောကျသွားတာမို့ လူတွေ့အကဲခတ်ခြင်းသာဖြစ်လိမ့်မည်ဟု မင်းခန့်တွေးထင်ထားတာဖြစ်သည်။

" ထိုင်ပါဦး "

ချိန်းဆိုထားသည့် VIPအခန်းအတွင်းမြို့တော်၀န်နှင့်မင်းခန့်တို့နှစ်ယောက်သာလျှင်ရှိ၏။ တီဗွီနှင့်သတင်းစာထဲတွင်မြင်ရသောမျက်နှာထက် မြို့တော်၀န်ကအပြင်တွင်ပို၍ကြည့်ကောင်းသည်။ကောက်ကျစ်သောစိတ်နေစိတ်ထားက မျက်နှာသွင်ပြင်နှင့်လုံး၀မလိုက်ဖက်။ ချန်းမင်းထိုက်နည်းတူ မျက်နှာသွင်ပြင်ကကြည်လင်နေပြီး တစ်ခါတွေ့ရုံနှင့်အမြဲအမှတ်ရစေနိုင်သောမျက်နှာပေါက်မျိုးဖြစ်၏။

" သောက်တတ်တယ်မလား တစ်ခွက်လောက်လက်ခံပါဦး "

မြို့တော်၀န်ကအရက်ငှဲ့ပေးလာတာမို့ မင်းခန့်ကခေါင်းငုံ့ကာလက်တစ်ဖက်ကိုရိုရိုသေသေရှေ့ထုတ်ပေး၏။ မြို့တော်၀န်ရဲ့အသံက တည်ငြိမ်ပြီးနားထောင်ကောင်း၏။ စကားအပြောအဆိုက အထက်တန်းကျပြီးပညာတတ်တစ်ယောက်မှန်းသိသာသည်။ အကြောင်းမသိသေးသောသူတစ်ယောက်အတွက် မြို့တော်၀န်ကကောက်ကျစ်ပါသည်ဟု ဖွင့်ဟပြောဆိုရင်တောင်ယုံလိမ့်မည်မဟုတ်ပေ။

" မင်းက ငါပေးသမျှတာ၀န်တွေကိုအကောင်းဆုံးဖြေရှင်းခဲ့တယ်လို့သတင်းတွေရပါတယ် အဲ့ဒီအတွက်မောင်ရင့်ကိုဘယ်အတိုင်းအတာထိယုံကြည်လို့ရမလဲ "

မြို့တော်၀န်က စားစရာတွေကိုမင်းခန့်ဘက်ကမ်းပေးရင်း
ခပ်အေးအေးသာပြောလာတာမို့ မင်းခန့်ကလည်းတူတစ်ချောင်းကိုင်ကာ ထိုစားစရာတွေကိုထိုးဆွ၏။

" ဘယ်အတိုင်းအတာအထိရယ်လို့မဟုတ်ပဲ ကျွန်တော်ကမြို့တော်၀န်အတွက်မရှိမဖြစ်အရေးပါတဲ့လူတစ်ယောက်အဖြစ် ဖြစ်လာအောင်ကြိုးစားသွားပါ့မယ် "

သူ့အဖြေကြောင့် မြို့တော်၀န်ကခေါင်းညိတ်ကာ ခပ်ရေးရေးပြုံး၏။ သိမ်မွေ့သောအမူအယာနှင့် အပြစ်ကင်းသောမျက်နှာက ကောက်ကျစ်သောအသွင်အပြင်တို့ကို သေသပ်လှပစွာဖုံးကွယ်ထားသည်။ အသက်အရွယ်အားဖြင့် မင်းခန့်ရဲ့ဦးလေး(သို့)အဖေအရွယ်လောက်ရှိပြီဖြစ်သော်လည်း မြို့တော်၀န်ကအရွယ်တင်သည်။ မျက်နှာကိုဘေးတစ်စောင်းလှည့်လိုက်တိုင်း ဖြောင့်စင်းနေသောနှာတံချွန်ချွန်နှင့် နှုတ်ခမ်းပါးပါးကအမြဲအမှတ်ရစေနိုင်စေသော အမှတ်အသားများဖြစ်၏။

" ခွန်းသန့်ရှိန်၀ါက ဘယ်လိုလူမျိုးလဲ သူကငါ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ အတားအဆီးတစ်ခုဖြစ်လာနိုင်သလား "

မြို့တော်၀န်က ဒုတိယအကြိမ်မင်းခန့်အားအရက်ငှဲ့ပေးလာတာမို့ မင်းခန့်ကသူ့ဘေးမှခွက်အလွတ်ကိုရှေ့တိုးပေးသည်။

" ခွန်းသန့်ရှိန်၀ါက မြေခွေးတစ်ကောင်လိုပဲဥာဏ်များတယ် သူ့စိတ်ထဲဘာတွေကြံစည်နေလဲဆိုတာခန့်မှန်းလို့မရဘူး အထူးသဖြင့်သူ့မှာနိုင်ငံခြားအထောက်အပံ့တွေအများကြီးရှိတယ် မြို့တော်၀န်ရဲ့အကြောင်းတွေမသိသေးတာတောင် သူကတစ်ချိန်လုံးလက်စားချေဖို့ကြိုးပန်းနေခဲ့တာ "

မင်းခန့်ကမြို့တော်၀န်မျက်နှာအား သေချာစူးစိုက်ကြည့်ကာပြောလာတာမို့ မြို့တော်၀န်ကမျက်မှောင်ကုတ်လိုက်၏။

" သူကလျှော့တွက်လို့တော့မရဘူးပဲ ဒါပေမယ့်ထားပါတော့ ငါ့အလုပ်တွေကို၀င်မရှုပ်သရွေ့အာရုံမစိုက်ချင်ဘူး "

" ကျွန်တော်အမြဲစောင့်ကြည့်နေပါတယ် မြို့တော်၀န်စိတ်မပူစေရပါဘူး "

မင်းခန့်က မြို့တော်၀န်သောက်လက်စခွက်ထဲအရက်ပြန်ငှဲ့ပေးကာ ပြုံးပြ၏။

" မင်းမှာတောင်းဆိုစရာများရှိသလား ငါကမင်းနဲ့အခုမှဆုံဖူးတာဆိုပေမယ့် မင်းကိုယုံပါတယ် "

"တောင်းဆိုစရာဆိုရင်တော့ ကျွန်တော်မြို့တော်၀န်ရဲ့လူယုံတစ်ယောက်ဖြစ်ချင်ပါတယ် မြို့တော်၀န်ရဲ့ဆုံးဖြတ်ချက်တိုင်းကိုကျွန်တော်ပဲအကောင်အထည်ဖော်ပေးချင်တယ် "

မင်းခန့်စကားကြောင့် မြို့တော်၀န်ကခဏနှုတ်ဆိတ်ကာစဥ်းစားနေဟန်ပြုသည်။ ခဏကြာမှ သဘောကျသွားဟန်ပြုံးရယ်ရင်း မင်းခန့်ရဲ့ပခုံးအားလာပုတ်၏။

" ဖြည်းဖြည်းချင်းပဲသွားတာပေါ့မောင်ရင် မင်းကိုဒီထက်ပိုပြီးယုံကြည်လို့ရအောင် သက်သေပြဖို့လိုသေးတယ်မဟုတ်လား "

မြို့တော်၀န်ရဲ့ပညာသားပါတဲ့စကားကြောင့် မင်းခန့်ကခေါင်းညိတ်ကာ ပြုံးရယ်ပြ၏။

" ဟုတ်တာပေါ့ ကျွန်တော်ကလက်တွေ့သမားမို့ အပြောနဲ့မဟုတ်ပဲလက်တွေ့ပဲသက်သေပြသွားမှာပါ မြို့တော်၀န်စိတ်မပူပါနဲ့ခင်ဗျ "

×××××××

" စိတ်ဆိုးနေတာလား စိတ်ကောက်နေတာလား "

စာအုပ်ငုံ့ဖတ်နေတုန်း စားပွဲပေါ်ရုတ်တရက်ရောက်လာသည့်စာရွတ်တစ်ရွက်ကြောင့် စိုင်မွန်ကဘ၀င်မကျစွာမျက်မှောင်ကြုတ်လိုက်၏။ စာရွက်လာရာကြည့်လိုက်တော့ ချန်းမင်းထိုက်က စာအုပ်တစ်အုပ်ဖြင့်မျက်နှာတစ်ခြမ်းကွယ်ရင်း သူ့အားပြုံးပြလာသည်။ စာကြည့်တိုက်ထဲတွင်ရောက်နေတာမို့ အသံကျယ်ကျယ်ပြော၍လည်းမရပေ။

" စိတ်လည်းမကောက်ဘူး စိတ်လည်းမဆိုးဘူး "

စိုင်မွန်ကချန်းပစ်ပေးသောစာရွက်တွင် ဘောပင်ဖြင့်ပြန်ရေးရင်းပစ်ပေးဖို့ကြံရွယ်တော့ ချန်းမင်းထိုက်ကသူ့စားပွဲရှိရာဆီဦးတည်လာပြီဖြစ်သည်။ ချန်းကသူ့အရှေ့ထိုင်ခုံတွင်နေရာယူရင်း စာရွက်ထဲမှစာအားဖတ်ကြည့်၏။

" မျက်နှာကိုကြည့်ရသလောက်တော့ စိတ်ကောက်နေတဲ့ပုံပဲ ဘယ်သူကကိုယ့်ကောင်လေးကိုစိတ်ကောက်အောင်လုပ်လိုက်သလဲ အဲ့ကောင်ကိုဆေးထိုးအပ်ကြီးကြီးနဲ့နာနာထိုးပစ်မယ် "

ချန်းကစိုင်မွန်ကြားရရုံမျှသာခပ်တိုးတိုးပြောရင်း ချောကလတ်ကွတ်ကီးတစ်ခုအားစိုင်မွန်လက်ထဲထည့်ပေး၏။ ချောကလတ်ကြိုက်သည့် စိုင်မွန်အကြောင်းသူမှတ်ထားတာဖြစ်သည်။

" အစ်ကိုက ကျွန်တော်ဒီမှာရှိမှန်းဘယ်လိုသိလဲ "

" မင်းစိတ်ညစ်တဲ့အချိန်တိုင်းစာကြည့်တိုက်လာတတ်မှန်းသိထားတယ် ကိုယ့်ဘာသာကိုယ်စုံစမ်းရတာပေါ့ "

" အစ်ကို့ကိုကြည့်ရတာ အရမ်းအားနေတဲ့ပုံပဲ "

" ဟုတ်ပါ့ အားနေလို့အလေလိုက်နေတာ အဲ့ခြေထောက်တွေကလည်းပြောလို့မရဘူး အားတာနဲ့မင်းဆီကိုပဲဦးတည်နေတာ "

ချန်းက ရွှတ်နောက်နောက်နှင့်ပါးချိုင့်များခွက်သည်အထိပြုံးပြနေတာမို့ စိုင်မွန်ကပါအတူလိုက်ပြုံးမိသည်။ တကယ်တမ်းမျှော်လင့်နေသူကရောက်မလာပဲ မမျှော်လင့်ထားသည့်သူကသာလျှင် သူ့ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခြင်းဖြစ်သည်။ အတုံ့အပြန်မရှိသည့်ချစ်ခြင်းမေတ္တာက အနည်းငယ်နာကျင်စရာကောင်းသည်။

" ညကမင်းအိမ်ပြန်မအိပ်ဘူးလို့ရှိန်၀ါပြောသံကြားတယ် ဘာလို့အပြင်မှာလျှောက်သွားနေတာလဲ လူကိုစိတ်ပူအောင် "

" အိမ်မှမပြန်ချင်တာ ခွန်းမျက်နှာမြင်ရင်ကျွန်တော်ခံစားရတုန်းပဲ "

" ဟုတ်ပါ့ အဲ့ကောင်ကတကယ်အရူးကောင် "

" သူကတကယ်ရက်စက်တယ် "

" ဒီကောင်အတော်ဆိုးတာပဲ နောက်တစ်ခါတွေ့ရင်ဇက်ပိုးကိုနာနာလေးရိုက်ပစ်မယ် ကိုယ့်ကောင်လေးကိုစိတ်အနှောင့်အယှက်လာပေးနေလို့ "

" အစ်ကိုကကောဘာလဲ ဘာလို့ကျွန်တော့်ကိုစကားတွေလာပြောနေတာလဲ "

" အစ်ကိုကမင်းကိုစိတ်ပူလို့လိုက်လာတာ "

" မလိုက်လာနဲ့ ကျွန်တော်ကသွားချင်တဲ့နေရာသွားမှာ "

" သွားလေ မင်းသွားရာနောက်အစ်ကိုကလျှောက်လိုက်နေမှာ အစ်ကို့ခြေထောက်တွေကနားကောက်တယ် "

ချန်းကဆက်တိုက်စနောက်နေတာမို့ စိုင်မွန်ကအသက်ပြင်းပြင်းရှုထုတ်ကာ လက်ထဲမှချောကလတ်ကွတ်ကီးအား တစ်ကိုက်,ကိုက်လိုက်၏။

" ဒါပြီးရင်ဘယ်သွားမယ်စိတ်ကူးလဲ "

" အရက်သွားသောက်မှာ "

" ကောင်းတာပေါ့ အစ်ကိုလည်းအရက်သွားသောက်မလို့ပဲ မင်းနဲ့စိတ်ကူးတူတယ် အဲ့တော့အတူသွားသောက်ကြမလား "

" ဒီအစ်ကိုနဲ့တကယ်ပြဿနာပဲ "

စိုင်မွန်ကစိတ်မရှည်ဟန်ပြောကာ မျက်နှာလွှဲသွားတာမို့ ချန်းကခေါင်းလေးစောင်းကာ စိုင်မွန်အားလိုက်ကြည့်သည်။

" အဲ့တော့အတူသွားမှာလား မသွားဘူးလား မသွားရင်လည်းကိစ္စမရှိဘူး အစ်ကိုကမလိုက်ချင်ပေမယ့် အစ်ကို့ခြေထောက်တွေကမင်းသွားရာနောက်ပဲလျှောက်လိုက်နေမှာဆိုတော့ စိတ်ညစ်ညစ်နဲ့ပဲလိုက်ရတော့မှာ "

ချန်းကအသံကိုသနားစဖွယ်ပြောရင်း စိုင်မွန်လက်ထဲကွတ်ကီးတစ်ခုထပ်ထည့်ပေး၏။ စိုင်မွန်ကတော့ သက်ပြင်းချကာ လူပုဂ္ဂိုလ်နှစ်ဦးအားယှဥ်ကြည့်သည်။ သူစိတ်ညစ်နေသည့်အချိန်တိုင်း ချန်းကသာအဖော်ပြုပေးလေ့ရှိ၏။ သို့ပေမယ့်ချန်းရဲ့စိတ်ခံစားချက်အား သူလျစ်လျူရှုထားဆဲဖြစ်သည်။ ခွန်းသန့်ပေါ်တွင်သာဦးတည်နေသည့် သူ့ခံစားချက်တွေကို ဖယ်ထုတ်ရမှာဖြစ်သော်လည်းအချိန်တော့ယူရအုံးမှာဖြစ်၏။ သို့ပေမယ့်ထိုအဆိုးအပေကောင်ဆိုးလေးအား စိတ်လည်းမနာရက်ပေ။ တစ်ဖက်သတ်အချစ်က ပေးဆပ်မှုများသလိုနာကျင်ရတာလည်းဖြစ်သည်။

" မျက်နှာကြီးစူပုတ်မနေပါနဲ့ကွာ အဲ့လိုမျက်နှာထားနဲ့မင်းပုံစံနဲ့ကမလိုက်ဖက်ဘူး အစ်ကို့ဆီကအပြုံးတစ်ချို့ယူမလား ကောင်လေးအတွက်ဆိုရင်အလကားပေးမှာပါ "

ချန်းကပါးချိုင့်များခွက်အောင်ပြုံးပြရင်း စိုင်မွန်နဲ့မျက်လုံးချင်းဆုံအောင် ခေါင်းလေးစောင်းကြည့်၏။ စိတ်မပြေမချင်းချော့မော့နေသည့်ချန်းကြောင်း စိုင်းကြာကြာမတင်းမာနိုင်တော့ပေ။ ခွန်းသန့်ရှိန်၀ါပေးသည့်စိတ်ဒဏ်ရာအား ခဏတာမေ့ပျောက်ရန်ချန်းခေါ်ဆောင်ရာသို့သာ လိုက်လာခဲ့လိုက်၏။ တစ်ဖက်သတ်အချစ်က စိုင်မွန်အတွက်နာကျင်ရသလို ချန်းအတွက်လည်းနာကျင်ရသည်။ အချိန်ကကုစားပေးရင်တော့ မေတ္တာစိတ်ကလေးထပ်တူကျမိချင်ပါရဲ့။

×××××××××

( Sunshine's🤍) ဆိုသော Captionနှင့် Instagramတွင်ပုံအသစ်တင်လာသောခွန်းသန့်ရှိန်၀ါကြောင့် Commentတွင်၀င်ရောက်စူးစမ်းသူများနှင့် စည်ကားလျှက်ရှိသည်။

( ဟယ် ငါတို့ကလေးအဖေတော့sold outသွားပြီထင်တယ် )

( Officialကြီးချပြထားတာဟ Sunshineကဘယ်သူလဲ ငါသူ့ကိုမနာလိုလိုက်တာ )

( ငါ့ကောင်လေးကိုဘယ်သူအပိုင်သိမ်းသွားတာလဲ Sunshineဆိုတဲ့တစ်ယောက်ထွက်ခဲ့ )

အမျိုးမျိုးကြေကွဲပြနေသော နှုတ်ခမ်းနီမလေးတွေကြောင့်ရှိုင်းက Commentတွေလိုက်ဖတ်ရင်းပြုံးမိ၏။ ခွန်းသန့်ရှိန်၀ါရဲ့အကောင့်ထဲ လူတစ်ယောက်ရဲ့အပိုင်ဖြစ်ကြောင်းပေါ်တင်ချပြထားပုံက ယခုအကြိမ်ပထမဆုံးဖြစ်သည်။

( ဒီလိုTypeမျိုးထဲက တစ်ယောက်လောက်လိုချင်ရင်ဘယ်လိုဆက်သွယ်ရမလဲခင်ဗျ )

ရှိုင်းဘက်ကမသိချင်ယောင်ဆောင်ကာရေးလိုက်သော Commentဖြစ်၏။ အချိန်ခဏလေးအတွင်းမှာပဲ ခွန်းသန့်ဘက်မှReplyပြန်စာရောက်ရှိလာသည်။

( အချစ်ကလေးလို့သာခေါ်လိုက် အိမ်ရှေ့ထိ၀န်ဆောင်ခပေးစရာမလိုပဲ ချက်ချင်းရောက်လာစေရမယ် )

စကားတတ်သည့်အချစ်ကလေးကြောင့် ရှိုင်းခေါင်းကိုအသာရမ်းကာပြုံးလိုက်မိသည်။ အလုပ်ထဲမှာမို့ ပြုံးစိစိဖြစ်နေသည့်သူ့မျက်နှာအား အထက်လူကြီးတွေကအကဲခတ်နေတာမို့ ရှိုင်းဖုန်းကိုအမြန်ချကာ လုပ်လက်စများဆက်လုပ်ရတော့သည်။ စိတ်ထဲတွင်တော့ ခွန်းသန့်ရှိန်၀ါအားတမ်းတမိလိုက်၏။

" အချစ်ကလေးကိုလွမ်းလိုက်တာ~~~ "

××××××××

တီ တီ...

တနေကုန်အလုပ်ပင်ပန်းလာတာမို့ လေးလံနေတဲ့ခြေလှမ်းတွေကိုအားတင်းရင်း တိုက်ခန်းအခန်းတံခါးကိုအားယူဖွင့်၏။ အလုပ်ပြန်ချိန်ဆို ရှိုင်းအတွက်အပင်ပန်းဆုံးဖြစ်သည်။

" ၀ါး!! ဦးဦးဆန်းရှိုင်း"

တံခါးပွင့်သည်နှင့် နေနေးကတံခါးနောက်ကွယ်မှရှိုင်းအား ခြောက်လှန့်သည်။ ရှိုင်းကရုတ်တရက်မို့လန့်သွားတော့ နေနေးကသဘောကျစွာပြုံးရယ်သည်။ ပင်ပန်းမှုများက ထိုကလေးငယ်၏အပြစ်ကင်းသောရယ်သံအောက်တွင် ပြေလျော့သွားရသည်။

" ဘယ်အချိန်ထဲကရောက်နေတာလဲ ကလေးလေးရဲ့ "

ရှိုင်းကနေနေးအားပွေ့ချီကာမေးခွန်းထုတ်လိုက်တော့ နေးကမျက်လုံးကိုအပေါ်လှန်ကာအပီအပြင်ပြန်စဥ်းစား၏။

" ဒီလောက် "

နေနေးကလက်ခုနှစ်ချောင်းထောင်ပြလာတာမို့ ရှိုင်းကခေါင်းညိတ်ကာ ဧည့်ခန်းထဲ၀င်လာသည်။ ခွန်းသန့်ရှိန်၀ါအားမျက်လုံး၀ေ့ကာရှာမိတော့ မီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေသည်။

" သားက ဂျက်ဂျက်နဲ့စကားပြောနေတာဦးဦးဆန်းရှိုင်း "

" ဟုတ်လား လှောင်အိမ်ထဲကိုတော့လက်သွားမထည့်နဲ့နော်သားလေး ဂျက်ဂျက်ကစိတ်မကြည်တဲ့အချိန်ဆိုကိုက်မိမှာစိုးလို့ "

ဂျက်ဂျက်ထံတွင်သာစိတ်ရောက်နေသည့်နေနေးအား ရှိုင်းကအောက်ပြန်ချပေးရင်း မီးဖိုချောင်ထဲသို့ဦးတည်လာခဲ့၏။

" ဘာတွေ၀ယ်လာတာလဲ စားစရာတွေအများကြီးပဲ "

အပြင်မှ၀ယ်လာသည့်စားစရာတွေအား ခွန်းသန့်ကပန်းကန်ထဲလှယ်ထည့်နေတာမို့ ရှိုင်းက၀င်ကူလုပ်ရင်းမေးလိုက်ခြင်းဖြစ်သည်။

" ဘာမှမစားရသေးဘူးမလား ကျုပ်လည်းအချိန်မရှိလို့ခင်ဗျားအတွက်အပြင်ကနေပဲအဆင်ပြေတဲ့ဟာတွေ၀ယ်ခဲ့ပေးတယ် ရေခဲသေတ္တာထဲမှာ နွားနို့ဘူးတွေနဲ့ပေါင်မုန့်တွေထည့်ထားပေးတယ် မနက်စာကိုဖြစ်သလိုမစားနဲ့ နောက်ပြီးခင်ဗျားအမေထည့်ပေးလိုက်တဲ့ပစ္စည်းတွေကိုလည်း ကားဂိတ်ကနေသွားယူခဲ့ပေးတယ် "

" ကောင်လေးက လိမ္မာနေပါလား "

" လိမ္မာပေမယ့် ဘာဆုမှမရတော့ မလိမ္မာချင်တော့ဘူး "

ခွန်းသန့်ရှိန်၀ါက ဆောင့်အောင့်အောင့်ပြောရင်းရှိုင်းကိုယ်ပေါ်သို့ သူ့ခန္ဓာကိုယ်ကြီးဖြင့်အတင်းမှီတွယ်လာ၏။

" ခွန်းသန့်ရှိန်၀ါ "

" ဘာလဲကွာ "

" ဘယ်လိုဖြစ်နေလဲ "

" လူကိုအဲ့ဒီစိတ်မရှည်နဲ့အသံနဲ့အမြဲပြောနေတာနော် နောက်တစ်ခါပြောရင်ခင်ဗျားကိုစိတ်ဆိုးမိတော့မယ် "

ခွန်းသန့်က ရှိုင်းရဲ့မျက်တောင်တွေအားလေမှုတ်ထုတ်ကာ ရှိုင်းရဲ့ပါးပြင်ကိုခပ်မြန်မြန်လှမ်းနမ်း၏။ ခွန်းသန့်ရဲ့ပုံစံက ရှိုင်းကိုမထိရက်မတို့ရက်အနေအထားဖြင့် ခပ်ဖွဖွနမ်းသွားတာဖြစ်သည်။

" ဒီကိုလာပါဦးအချစ်ကလေးရဲ့ ဆုချချင်လို့ပါ "

ရှိုင်းက လက်ပြန်ပြကာလှမ်းခေါ်လိုက်မှခွန်းသန့်ကသူ့အနားပြန်ရောက်လာတာဖြစ်သည်။ သူ့နှုတ်ခမ်းတွေအားထိတွေ့ဖို့အမြဲတွန့်ဆုတ်နေတတ်သည့် အချစ်ကလေးကြောင့်ရှိုင်းကပဲဦးဆောင်ကာ အစပြုလိုက်သည်။ သို့ပေမယ့်ကျွမ်းကျင်လွန်းလှသည့်အချစ်ကလေးက သူ့အားပြန်လည်ဦးဆောင်သွားခဲ့ပြီဖြစ်သည်။ နှုတ်ခမ်းတစ်ခုလုံးထုံကျင်သွားသည့်နယ် ထိုအမျိုးသားကအလွတ်မပေးပဲနမ်းရှုံ့နေတာဖြစ်သည်။

" ငလည်လေး ဆုချသင့်တဲ့အတိုင်းအတာထက်ပိုယူသွားတယ် "

ရှိုင်းကခွန်းသန့်နှာခေါင်းထိပ်အား ခပ်ဖွဖွဆွဲညှစ်ကာအသည်းယားစွာဖြင့် ပြောလိုက်၏။

" တွန့်တိုလိုက်တာ မသိရင်သူ့ရည်းစားမဟုတ်တဲ့အတိုင်းပဲ "

" စကားနိုင်သိပ်လုတတ်နေတယ်ဟုတ်လား "

ရှိုင်းကခွန်းသန့်တင်ပါးအားလှမ်းရိုက်ကာ မသိချင်ယောင်ဆောင်သွားတာမို့ ခွန်းသန့်ရှိန်၀ါကပေကပ်ကပ်ဖြင့်သူ့အားခေါင်းစောင်းကြည့်လာသည်။

" အန်တီစန်းဌေးသားကကြောက်စရာကောင်းလိုက်တာ သူကချည်းအသားယူနေတယ် သူများကမယူရဘူး "

ခွန်းသန့်ရှိန်၀ါကမကျေမနပ်ပြောလာတာမို့ ရှိုင်းကရေသောက်ရင်းပြုံးရယ်မိသည်။ထို့နောက် ဟင်းပွဲတွေဖြင့်အလုပ်ရှုပ်နေသည့်ခွန်းသန့်အနားပြန်ကပ်ကာ ထိုအမျိုးသားရဲ့ကျောပြင်ကျယ်အားအနောက်မှပွေ့ဖက်လိုက်၏။

" အချစ်ကလေးကိုချစ်လိုက်တာ~~~ "

28.8.23
Grey
×××××

" ၀င္လာခဲ့လို႔ရပါၿပီ "

၀တ္စုံျပည့္သက္ေတာ္ေစာင့္တစ္ေယာက္က မင္းခန္႔အားအခ်က္ျပကာအေရွ႕မွဦးေဆာင္ထြက္လာတာမို႔ မင္းခန္႔လည္းခပ္တည္တည္ျဖင့္သာလိုက္လာလိုက္၏။ ၿမိဳ႕ေတာ္၀န္ခိုင္းသမွ်တာ၀န္ေတြအား မပ်က္မကြက္ေဆာင္႐ြက္ေပးခဲ့ေသာ္လည္း ထိုလူႏွင့္တစ္ခါမွ်လူခ်င္းေတာင္မေတြ႕ဖူးေပ။ ယခုအခ်ိန္ က မင္းခန္႔အတြက္ပထဦးဆုံးအႀကိမ္ေတြ႕ဆုံျခင္းျဖစ္၏။ ဘာရည္႐ြယ္ခ်က္ေၾကာင့္ ၿမိဳ႕ေတာ္၀န္ကသူ႔အားေခၚေတြ႕သလဲမသိေပမယ့္ မင္းခန္႔ကလည္းခပ္ညံ့ညံ့မဟုတ္ေပ။ သူ႔လုပ္ေဆာင္ခ်က္ေတြကို ၿမိဳ႕ေတာ္၀န္ကသေဘာက်သြားတာမို႔ လူေတြ႕အကဲခတ္ျခင္းသာျဖစ္လိမ့္မည္ဟု မင္းခန္႔ေတြးထင္ထားတာျဖစ္သည္။

" ထိုင္ပါဦး "

ခ်ိန္းဆိုထားသည့္ VIPအခန္းအတြင္းၿမိဳ႕ေတာ္၀န္ႏွင့္မင္းခန္႔တို႔ႏွစ္ေယာက္သာလွ်င္ရွိ၏။ တီဗြီႏွင့္သတင္းစာထဲတြင္ျမင္ရေသာမ်က္ႏွာထက္ ၿမိဳ႕ေတာ္၀န္ကအျပင္တြင္ပို၍ၾကည့္ေကာင္းသည္။ေကာက္က်စ္ေသာစိတ္ေနစိတ္ထားက မ်က္ႏွာသြင္ျပင္ႏွင့္လုံး၀မလိုက္ဖက္။ ခ်န္းမင္းထိုက္နည္းတူ မ်က္ႏွာသြင္ျပင္ကၾကည္လင္ေနၿပီး တစ္ခါေတြ႕႐ုံႏွင့္အၿမဲအမွတ္ရေစႏိုင္ေသာမ်က္ႏွာေပါက္မ်ိဳးျဖစ္၏။

" ေသာက္တတ္တယ္မလား တစ္ခြက္ေလာက္လက္ခံပါဦး "

ၿမိဳ႕ေတာ္၀န္ကအရက္ငွဲ႔ေပးလာတာမို႔ မင္းခန္႔ကေခါင္းငုံ႔ကာလက္တစ္ဖက္ကို႐ို႐ိုေသေသေရွ႕ထုတ္ေပး၏။ ၿမိဳ႕ေတာ္၀န္ရဲ႕အသံက တည္ၿငိမ္ၿပီးနားေထာင္ေကာင္း၏။ စကားအေျပာအဆိုက အထက္တန္းက်ၿပီးပညာတတ္တစ္ေယာက္မွန္းသိသာသည္။ အေၾကာင္းမသိေသးေသာသူတစ္ေယာက္အတြက္ ၿမိဳ႕ေတာ္၀န္ကေကာက္က်စ္ပါသည္ဟု ဖြင့္ဟေျပာဆိုရင္ေတာင္ယုံလိမ့္မည္မဟုတ္ေပ။

" မင္းက ငါေပးသမွ်တာ၀န္ေတြကိုအေကာင္းဆုံးေျဖရွင္းခဲ့တယ္လို႔သတင္းေတြရပါတယ္ အဲ့ဒီအတြက္ေမာင္ရင့္ကိုဘယ္အတိုင္းအတာထိယုံၾကည္လို႔ရမလဲ "

ၿမိဳ႕ေတာ္၀န္က စားစရာေတြကိုမင္းခန္႔ဘက္ကမ္းေပးရင္း
ခပ္ေအးေအးသာေျပာလာတာမို႔ မင္းခန္႔ကလည္းတူတစ္ေခ်ာင္းကိုင္ကာ ထိုစားစရာေတြကိုထိုးဆြ၏။

" ဘယ္အတိုင္းအတာအထိရယ္လို႔မဟုတ္ပဲ ကြၽန္ေတာ္ကၿမိဳ႕ေတာ္၀န္အတြက္မရွိမျဖစ္အေရးပါတဲ့လူတစ္ေယာက္အျဖစ္ ျဖစ္လာေအာင္ႀကိဳးစားသြားပါ့မယ္ "

သူ႔အေျဖေၾကာင့္ ၿမိဳ႕ေတာ္၀န္ကေခါင္းညိတ္ကာ ခပ္ေရးေရးၿပဳံး၏။ သိမ္ေမြ႕ေသာအမူအယာႏွင့္ အျပစ္ကင္းေသာမ်က္ႏွာက ေကာက္က်စ္ေသာအသြင္အျပင္တို႔ကို ေသသပ္လွပစြာဖုံးကြယ္ထားသည္။ အသက္အ႐ြယ္အားျဖင့္ မင္းခန္႔ရဲ႕ဦးေလး(သို႔)အေဖအ႐ြယ္ေလာက္ရွိၿပီျဖစ္ေသာ္လည္း ၿမိဳ႕ေတာ္၀န္ကအ႐ြယ္တင္သည္။ မ်က္ႏွာကိုေဘးတစ္ေစာင္းလွည့္လိုက္တိုင္း ေျဖာင့္စင္းေနေသာႏွာတံခြၽန္ခြၽန္ႏွင့္ ႏႈတ္ခမ္းပါးပါးကအၿမဲအမွတ္ရေစႏိုင္ေစေသာ အမွတ္အသားမ်ားျဖစ္၏။

" ခြန္းသန္႔ရွိန္၀ါက ဘယ္လိုလူမ်ိဳးလဲ သူကငါ့ကိုယ္ေရးကိုယ္တာကိစၥေတြမွာ အတားအဆီးတစ္ခုျဖစ္လာႏိုင္သလား "

ၿမိဳ႕ေတာ္၀န္က ဒုတိယအႀကိမ္မင္းခန္႔အားအရက္ငွဲ႔ေပးလာတာမို႔ မင္းခန္႔ကသူ႔ေဘးမွခြက္အလြတ္ကိုေရွ႕တိုးေပးသည္။

" ခြန္းသန္႔ရွိန္၀ါက ေျမေခြးတစ္ေကာင္လိုပဲဥာဏ္မ်ားတယ္ သူ႔စိတ္ထဲဘာေတြႀကံစည္ေနလဲဆိုတာခန္႔မွန္းလို႔မရဘူး အထူးသျဖင့္သူ႔မွာႏိုင္ငံျခားအေထာက္အပံ့ေတြအမ်ားႀကီးရွိတယ္ ၿမိဳ႕ေတာ္၀န္ရဲ႕အေၾကာင္းေတြမသိေသးတာေတာင္ သူကတစ္ခ်ိန္လုံးလက္စားေခ်ဖို႔ႀကိဳးပန္းေနခဲ့တာ "

မင္းခန္႔ကၿမိဳ႕ေတာ္၀န္မ်က္ႏွာအား ေသခ်ာစူးစိုက္ၾကည့္ကာေျပာလာတာမို႔ ၿမိဳ႕ေတာ္၀န္ကမ်က္ေမွာင္ကုတ္လိုက္၏။

" သူကေလွ်ာ့တြက္လို႔ေတာ့မရဘူးပဲ ဒါေပမယ့္ထားပါေတာ့ ငါ့အလုပ္ေတြကို၀င္မရႈပ္သေ႐ြ႕အာ႐ုံမစိုက္ခ်င္ဘူး "

" ကြၽန္ေတာ္အၿမဲေစာင့္ၾကည့္ေနပါတယ္ ၿမိဳ႕ေတာ္၀န္စိတ္မပူေစရပါဘူး "

မင္းခန္႔က ၿမိဳ႕ေတာ္၀န္ေသာက္လက္စခြက္ထဲအရက္ျပန္ငွဲ႔ေပးကာ
ၿပဳံးျပ၏။

" မင္းမွာေတာင္းဆိုစရာမ်ားရွိသလား ငါကမင္းနဲ႔အခုမွဆုံဖူးတာဆိုေပမယ့္ မင္းကိုယုံပါတယ္ "

"ေတာင္းဆိုစရာဆိုရင္ေတာ့ ကြၽန္ေတာ္ၿမိဳ႕ေတာ္၀န္ရဲ႕လူယုံတစ္ေယာက္ျဖစ္ခ်င္ပါတယ္ ၿမိဳ႕ေတာ္၀န္ရဲ႕ဆုံးျဖတ္ခ်က္တိုင္းကိုကြၽန္ေတာ္ပဲအေကာင္အထည္ေဖာ္ေပးခ်င္တယ္ "

မင္းခန္႔စကားေၾကာင့္ ၿမိဳ႕ေတာ့၀န္ကခဏႏႈတ္ဆိတ္ကာစဥ္းစားေနဟန္ျပဳသည္။ ခဏၾကာမွ သေဘာက်သြားဟန္ၿပဳံးရယ္ရင္း မင္းခန္႔ရဲ႕ပခုံးအားလာပုတ္၏။

" ျဖည္းျဖည္းခ်င္းပဲသြားတာေပါ့ေမာင္ရင္ မင္းကိုဒီထက္ပိုၿပီးယုံၾကည္လို႔ရေအာင္ သက္ေသျပဖို႔လိုေသးတယ္မဟုတ္လား "

ၿမိဳ႕ေတာ္၀န္ရဲ႕ပညာသားပါတဲ့စကားေၾကာင့္ မင္းခန္႔ကေခါင္းညိတ္ကာ ၿပဳံးရယ္ျပ၏။

" ဟုတ္တာေပါ့ ကြၽန္ေတာ္ကလက္ေတြ႕သမားမို႔ အေျပာနဲ႔မဟုတ္ပဲလက္ေတြ႕ပဲသက္ေသျပသြားမွာပါ ၿမိဳ႕ေတာ္၀န္စိတ္မပူပါနဲ႔ခင္ဗ် "

×××××××

" စိတ္ဆိုးေနတာလား စိတ္ေကာက္ေနတာလား "

စာအုပ္ငုံ႔ဖတ္ေနတုန္း စားပြဲေပၚ႐ုတ္တရက္ေရာက္လာသည့္စာ႐ြတ္တစ္႐ြက္ေၾကာင့္ စိုင္မြန္ကဘ၀င္မက်စြာမ်က္ေမွာင္ၾကဳတ္လိုက္၏။ စာ႐ြက္လာရာၾကည့္လိုက္ေတာ့ ခ်န္းမင္းထိုက္က စာအုပ္တစ္အုပ္ျဖင့္မ်က္ႏွာတစ္ျခမ္းကြယ္ရင္း သူ႔အားၿပဳံးျပလာသည္။ စာၾကည့္တိုက္ထဲတြင္ေရာက္ေနတာမို႔ အသံက်ယ္က်ယ္ေျပာ၍လည္းမရေပ။

" စိတ္လည္းမေကာက္ဘူး စိတ္လည္းမဆိုးဘူး "

စိုင္မြန္ကခ်န္းပစ္ေပးေသာစာ႐ြက္တြင္ ေဘာပင္ျဖင့္ျပန္ေရးရင္းပစ္ေပးဖို႔ႀကံ႐ြယ္ေတာ့ ခ်န္းမင္းထိုက္ကသူ႔စားပြဲရွိရာဆီဦးတည္လာၿပီျဖစ္သည္။ ခ်န္းကသူ႔အေရွ႕ထိုင္ခုံတြင္ေနရာယူရင္း စာ႐ြက္ထဲမွစာအားဖတ္ၾကည့္၏။

" မ်က္ႏွာကိုၾကည့္ရသေလာက္ေတာ့ စိတ္ေကာက္ေနတဲ့ပုံပဲ ဘယ္သူကကိုယ့္ေကာင္ေလးကိုစိတ္ေကာက္ေအာင္လုပ္လိုက္သလဲ အဲ့ေကာင္ကိုေဆးထိုးအပ္ႀကီးႀကီးနဲ႔နာနာထိုးပစ္မယ္ "

ခ်န္းကစိုင္မြန္ၾကားရ႐ုံမွ်သာခပ္တိုးတိုးေျပာရင္း ေခ်ာကလတ္ကြတ္ကီးတစ္ခုအားစိုင္မြန္လက္ထဲထည့္ေပး၏။ ေခ်ာကလတ္ႀကိဳက္သည့္ စိုင္မြန္အေၾကာင္းသူမွတ္ထားတာျဖစ္သည္။

" အစ္ကိုက ကြၽန္ေတာ္ဒီမွာရွိမွန္းဘယ္လိုသိလဲ "

" မင္းစိတ္ညစ္တဲ့အခ်ိန္တိုင္းစာၾကည့္တိုက္လာတတ္မွန္းသိထားတယ္ ကိုယ့္ဘာသာကိုယ္စုံစမ္းရတာေပါ့ "

" အစ္ကို႔ကိုၾကည့္ရတာ အရမ္းအားေနတဲ့ပုံပဲ "

" ဟုတ္ပါ့ အားေနလို႔အေလလိုက္ေနတာ အဲ့ေျခေထာက္ေတြကလည္းေျပာလို႔မရဘူး အားတာနဲ႔မင္းဆီကိုပဲဦးတည္ေနတာ "

ခ်န္းက ႐ႊတ္ေနာက္ေနာက္ႏွင့္ပါးခ်ိဳင့္မ်ားခြက္သည္အထိၿပဳံးျပေနတာမို႔ စိုင္မြန္ကပါအတူလိုက္ၿပဳံးမိသည္။ တကယ္တမ္းေမွ်ာ္လင့္ေနသူကေရာက္မလာပဲ မေမွ်ာ္လင့္ထားသည့္သူကသာလွ်င္ သူ႔ထံသို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာျခင္းျဖစ္သည္။ အတုံ႔အျပန္မရွိသည့္ခ်စ္ျခင္းေမတၱာက အနည္းငယ္နာက်င္စရာေကာင္းသည္။

" ညကမင္းအိမ္ျပန္မအိပ္ဘူးလို႔ရွိန္၀ါေျပာသံၾကားတယ္ ဘာလို႔အျပင္မွာေလွ်ာက္သြားေနတာလဲ လူကိုစိတ္ပူေအာင္ "

" အိမ္မွမျပန္ခ်င္တာ ခြန္းမ်က္ႏွာျမင္ရင္ကြၽန္ေတာ္ခံစားရတုန္းပဲ "

" ဟုတ္ပါ့ အဲ့ေကာင္ကတကယ္အ႐ူးေကာင္ "

" သူကတကယ္ရက္စက္တယ္ "

" ဒီေကာင္အေတာ္ဆိုးတာပဲ ေနာက္တစ္ခါေတြ႕ရင္ဇက္ပိုးကိုနာနာေလး႐ိုက္ပစ္မယ္ ကိုယ့္ေကာင္ေလးကိုစိတ္အေႏွာင့္အယွက္လာေပးေနလို႔ "

" အစ္ကိုကေကာဘာလဲ ဘာလို႔ကြၽန္ေတာ့္ကိုစကားေတြလာေျပာေနတာလဲ "

" အစ္ကိုကမင္းကိုစိတ္ပူလို႔လိုက္လာတာ "

" မလိုက္လာနဲ႔ ကြၽန္ေတာ္ကသြားခ်င္တဲ့ေနရာသြားမွာ "

" သြားေလ မင္းသြားရာေနာက္အစ္ကိုကေလွ်ာက္လိုက္ေနမွာ အစ္ကို႔ေျခေထာက္ေတြကနားေကာက္တယ္ "

ခ်န္းကဆက္တိုက္စေနာက္ေနတာမို႔ စိုင္မြန္ကအသက္ျပင္းျပင္းရႈထုတ္ကာ လက္ထဲမွေခ်ာကလတ္ကြတ္ကီးအား တစ္ကိုက္,ကိုက္လိုက္၏။

" ဒါၿပီးရင္ဘယ္သြားမယ္စိတ္ကူးလဲ "

" အရက္သြားေသာက္မွာ "

" ေကာင္းတာေပါ့ အစ္ကိုလည္းအရက္သြားေသာက္မလို႔ပဲ မင္းနဲ႔စိတ္ကူးတူတယ္ အဲ့ေတာ့အတူသြားေသာက္ၾကမလား "

" ဒီအစ္ကိုနဲ႔တကယ္ျပႆနာပဲ "

စိုင္မြန္ကစိတ္မရွည္ဟန္ေျပာကာ မ်က္ႏွာလႊဲသြားတာမို႔ ခ်န္းကေခါင္းေလးေစာင္းကာ စိုင္မြန္အားလိုက္ၾကည့္သည္။

" အဲ့ေတာ့အတူသြားမွာလား မသြားဘူးလား မသြားရင္လည္းကိစၥမရွိဘူး အစ္ကိုကမလိုက္ခ်င္ေပမယ့္ အစ္ကို႔ေျခေထာက္ေတြကမင္းသြားရာေနာက္ပဲေလွ်ာက္လိုက္ေနမွာဆိုေတာ့ စိတ္ညစ္ညစ္နဲ႔ပဲလိုက္ရေတာ့မွာ "

ခ်န္းကအသံကိုသနားစဖြယ္ေျပာရင္း စိုင္မြန္လက္ထဲကြတ္ကီးတစ္ခုထပ္ထည့္ေပး၏။ စိုင္မြန္ကေတာ့ သက္ျပင္းခ်ကာ လူပုဂၢိဳလ္ႏွစ္ဦးအားယွဥ္ၾကည့္သည္။ သူစိတ္ညစ္ေနသည့္အခ်ိန္တိုင္း ခ်န္းကသာအေဖာ္ျပဳေပးေလ့ရွိ၏။ သို႔ေပမယ့္ခ်န္းရဲ႕စိတ္ခံစားခ်က္အား သူလ်စ္လ်ဴရႈထားဆဲျဖစ္သည္။ ခြန္းသန္႔ေပၚတြင္သာဦးတည္ေနသည့္ သူ႔ခံစားခ်က္ေတြကို ဖယ္ထုတ္ရမွာျဖစ္ေသာ္လည္းအခ်ိန္ေတာ့ယူရအုံးမွာျဖစ္၏။ သို႔ေပမယ့္ထိုအဆိုးအေပေကာင္ဆိုးေလးအား စိတ္လည္းမနာရက္ေပ။ တစ္ဖက္သတ္အခ်စ္က ေပးဆပ္မႈမ်ားသလိုနာက်င္ရတာလည္းျဖစ္သည္။

" မ်က္ႏွာႀကီးစူပုတ္မေနပါနဲ႔ကြာ အဲ့လိုမ်က္ႏွာထားနဲ႔မင္းပုံစံနဲ႔ကမလိုက္ဖက္ဘူး အစ္ကို႔ဆီကအၿပဳံးတစ္ခ်ိဳ႕ယူမလား ေကာင္ေလးအတြက္ဆိုရင္အလကားေပးမွာပါ "

ခ်န္းကပါးခ်ိဳင့္မ်ားခြက္ေအာင္ၿပဳံးျပရင္း စိုင္မြန္နဲ႔မ်က္လုံးခ်င္းဆုံေအာင္ ေခါင္းေလးေစာင္းၾကည့္၏။ စိတ္မေျပမခ်င္းေခ်ာ့ေမာ့ေနသည့္ခ်န္းေၾကာင္း စိုင္းၾကာၾကာမတင္းမာႏိုင္ေတာ့ေပ။ ခြန္းသန္႔ရွိန္၀ါေပးသည့္စိတ္ဒဏ္ရာအား ခဏတာေမ့ေပ်ာက္ရန္ခ်န္းေခၚေဆာင္ရာသို႔သာ လိုက္လာခဲ့လိုက္၏။ တစ္ဖက္သတ္အခ်စ္က စိုင္မြန္အတြက္နာက်င္ရသလို ခ်န္းအတြက္လည္းနာက်င္ရသည္။ အခ်ိန္ကကုစားေပးရင္ေတာ့ ေမတၱာစိတ္ကေလးထပ္တူက်မိခ်င္ပါရဲ႕။

××××××××××

( Sunshine's🤍) ဆိုေသာ Captionႏွင့္ Instagramတြင္ပုံအသစ္တင္လာေသာခြန္းသန္႔ရွိန္၀ါေၾကာင့္ Commentတြင္၀င္ေရာက္စူးစမ္းသူမ်ားႏွင့္ စည္ကားလွ်က္ရွိသည္။

( ဟယ္ ငါတို႔ကေလးအေဖေတာ့sold outသြားၿပီထင္တယ္ )

( Officialႀကီးခ်ျပထားတာဟ Sunshineကဘယ္သူလဲ ငါသူ႔ကိုမနာလိုလိုက္တာ )

( ငါ့ေကာင္ေလးကိုဘယ္သူအပိုင္သိမ္းသြားတာလဲ Sunshineဆိုတဲ့တစ္ေယာက္ထြက္ခဲ့ )

အမ်ိဳးမ်ိဳးေၾကကြဲျပေနေသာ ႏႈတ္ခမ္းနီမေလးေတြေၾကာင့္ရႈိင္းက Commentေတြလိုက္ဖတ္ရင္းၿပဳံးမိ၏။ ခြန္းသန္႔ရွိန္၀ါရဲ႕အေကာင့္ထဲ လူတစ္ေယာက္ရဲ႕အပိုင္ျဖစ္ေၾကာင္းေပၚတင္ခ်ျပထားပုံက ယခုအႀကိမ္ပထမဆုံးျဖစ္သည္။

( ဒီလိုTypeမ်ိဳးထဲက တစ္ေယာက္ေလာက္လိုခ်င္ရင္ဘယ္လိုဆက္သြယ္ရမလဲခင္ဗ် )

ရႈိင္းဘက္ကမသိခ်င္ေယာင္ေဆာင္ကာေရးလိုက္ေသာ Commentျဖစ္၏။ အခ်ိန္ခဏေလးအတြင္းမွာပဲ ခြန္းသန္႔ဘက္မွReplyျပန္စာေရာက္ရွိလာသည္။

( အခ်စ္ကေလးလို႔သာေခၚလိုက္ အိမ္ေရွ႕ထိ၀န္ေဆာင္ခေပးစရာမလိုပဲ ခ်က္ခ်င္းေရာက္လာေစရမယ္ )

စကားတတ္သည့္အခ်စ္ကေလးေၾကာင့္ ရႈိင္းေခါင္းကိုအသာရမ္းကာၿပဳံးလိုက္မိသည္။ အလုပ္ထဲမွာမို႔ ၿပဳံးစိစိျဖစ္ေနသည့္သူ႔မ်က္ႏွာအား အထက္လူႀကီးေတြကအကဲခတ္ေနတာမို႔ ရႈိင္းဖုန္းကိုအျမန္ခ်ကာ လုပ္လက္စမ်ားဆက္လုပ္ရေတာ့သည္။ စိတ္ထဲတြင္ေတာ့ ခြန္းသန္႔ရွိန္၀ါအားတမ္းတမိလိုက္၏။

" အခ်စ္ကေလးကိုလြမ္းလိုက္တာ~~~ "

××××××××

တီ တီ...

တေနကုန္အလုပ္ပင္ပန္းလာတာမို႔ ေလးလံေနတဲ့ေျခလွမ္းေတြကိုအားတင္းရင္း တိုက္ခန္းအခန္းတံခါးကိုအားယူဖြင့္၏။ အလုပ္ျပန္ခ်ိန္ဆို ရႈိင္းအတြက္အပင္ပန္းဆုံးျဖစ္သည္။

" ၀ါး!! ဦးဦးဆန္းရႈိင္း"

တံခါးပြင့္သည္ႏွင့္ ေနေနးကတံခါးေနာက္ကြယ္မွရႈိင္းအား ေျခာက္လွန္႔သည္။ ရႈိင္းက႐ုတ္တရက္မို႔လန္႔သြားေတာ့ ေနေနးကသေဘာက်စြာၿပဳံးရယ္သည္။ ပင္ပန္းမႈမ်ားက ထိုကေလးငယ္၏အျပစ္ကင္းေသာရယ္သံေအာက္တြင္ ေျပေလ်ာ့သြားရသည္။

" ဘယ္အခ်ိန္ထဲကေရာက္ေနတာလဲ ကေလးေလးရဲ႕ "

ရႈိင္းကေနေနးအားေပြ႕ခ်ီကာေမးခြန္းထုတ္လိုက္ေတာ့ ေနးကမ်က္လုံးကိုအေပၚလွန္ကာအပီအျပင္ျပန္စဥ္းစား၏။

" ဒီေလာက္ "

ေနေနးကလက္ခုႏွစ္ေခ်ာင္းေထာင္ျပလာတာမို႔ ရႈိင္းကေခါင္းညိတ္ကာ ဧည့္ခန္းထဲ၀င္လာသည္။ ခြန္းသန္႔ရွိန္၀ါအားမ်က္လုံး၀ေ့ကာရွာမိေတာ့ မီးဖိုေခ်ာင္ထဲတြင္အလုပ္ရႈပ္ေနသည္။

" သားက ဂ်က္ဂ်က္နဲ႔စကားေျပာေနတာဦးဦးဆန္းရႈိင္း "

" ဟုတ္လား ေလွာင္အိမ္ထဲကိုေတာ့လက္သြားမထည့္နဲ႔ေနာ္သားေလး ဂ်က္ဂ်က္ကစိတ္မၾကည္တဲ့အခ်ိန္ဆိုကိုက္မိမွာစိုးလို႔ "

ဂ်က္ဂ်က္ထံတြင္သာစိတ္ေရာက္ေနသည့္ေနေနးအား ရႈိင္းကေအာက္ျပန္ခ်ေပးရင္း မီးဖိုေခ်ာင္ထဲသို႔ဦးတည္လာခဲ့၏။

" ဘာေတြ၀ယ္လာတာလဲ စားစရာေတြအမ်ားႀကီးပဲ "

အျပင္မွ၀ယ္လာသည့္စားစရာေတြအား ခြန္းသန္႔ကပန္းကန္ထဲလွယ္ထည့္ေနတာမို႔ ရႈိင္းက၀င္ကူလုပ္ရင္းေမးလိုက္ျခင္းျဖစ္သည္။

" ဘာမွမစားရေသးဘူးမလား က်ဳပ္လည္းအခ်ိန္မရွိလို႔ခင္ဗ်ားအတြက္အျပင္ကေနပဲအဆင္ေျပတဲ့ဟာေတြ၀ယ္ခဲ့ေပးတယ္ ေရခဲေသတၱာထဲမွာ ႏြားႏို႔ဘူးေတြနဲ႔ေပါင္မုန္႔ေတြထည့္ထားေပးတယ္ မနက္စာကိုျဖစ္သလိုမစားနဲ႔ ေနာက္ၿပီးခင္ဗ်ားအေမထည့္ေပးလိုက္တဲ့ပစၥည္းေတြကိုလည္း ကားဂိတ္ကေနသြားယူခဲ့ေပးတယ္ "

" ေကာင္ေလးက လိမၼာေနပါလား "

" လိမၼာေပမယ့္ ဘာဆုမွမရေတာ့ မလိမၼာခ်င္ေတာ့ဘူး "

ခြန္းသန္႔ရွိန္၀ါက ေဆာင့္ေအာင့္ေအာင့္ေျပာရင္းရႈိင္းကိုယ္ေပၚသို႔ သူ႔ခႏၶာကိုယ္ႀကီးျဖင့္အတင္းမွီတြယ္လာ၏။

" ခြန္းသန္႔ရွိန္၀ါ "

" ဘာလဲကြာ "

" ဘယ္လိုျဖစ္ေနလဲ "

" လူကိုအဲ့ဒီစိတ္မရွည္နဲ႔အသံနဲ႔အၿမဲေျပာေနတာေနာ္ ေနာက္တစ္ခါေျပာရင္ခင္ဗ်ားကိုစိတ္ဆိုးမိေတာ့မယ္ "

ခြန္းသန္႔က ရႈိင္းရဲ႕မ်က္ေတာင္ေတြအားေလမႈတ္ထုတ္ကာ ရႈိင္းရဲ႕ပါးျပင္ကိုခပ္ျမန္ျမန္လွမ္းနမ္း၏။ ခြန္းသန္႔ရဲ႕ပုံစံက ရႈိင္းကိုမထိရက္မတို႔ရက္အေနအထားျဖင့္ ခပ္ဖြဖြနမ္းသြားတာျဖစ္သည္။

" ဒီကိုလာပါဦးအခ်စ္ကေလးရဲ႕ ဆုခ်ခ်င္လို႔ပါ "

ရႈိင္းက လက္ျပန္ျပကာလွမ္းေခၚလိုက္မွခြန္းသန္႔ကသူ႔အနားျပန္ေရာက္လာတာျဖစ္သည္။ သူ႔ႏႈတ္ခမ္းေတြအားထိေတြ႕ဖို႔အၿမဲတြန္႔ဆုတ္ေနတတ္သည့္ အခ်စ္ကေလးေၾကာင့္ရႈိင္းကပဲဦးေဆာင္ကာ အစျပဳလိုက္သည္။ သို႔ေပမယ့္ကြၽမ္းက်င္လြန္းလွသည့္အခ်စ္ကေလးက သူ႔အားျပန္လည္ဦးေဆာင္သြားခဲ့ၿပီျဖစ္သည္။ ႏႈတ္ခမ္းတစ္ခုလုံးထုံက်င္သြားသည့္နယ္ ထိုအမ်ိဳးသားကအလြတ္မေပးပဲနမ္းရႈံ႕ေနတာျဖစ္သည္။

" ငလည္ေလး ဆုခ်သင့္တဲ့အတိုင္းအတာထက္ပိုယူသြားတယ္ "

ရႈိင္းကခြန္းသန္႔ႏွာေခါင္းထိပ္အား ခပ္ဖြဖြဆြဲညႇစ္ကာအသည္းယားစြာျဖင့္ ေျပာလိုက္၏။

" တြန္႔တိုလိုက္တာ မသိရင္သူ႔ရည္းစားမဟုတ္တဲ့အတိုင္းပဲ "

" စကားႏိုင္သိပ္လုတတ္ေနတယ္ဟုတ္လား "

ရႈိင္းကခြန္းသန္႔တင္ပါးအားလွမ္း႐ိုက္ကာ မသိခ်င္ေယာင္ေဆာင္သြားတာမို႔ ခြန္းသန္႔ရွိန္၀ါကေပကပ္ကပ္ျဖင့္သူ႔အားေခါင္းေစာင္းၾကည့္လာသည္။

" အန္တီစန္းေဌးသားကေၾကာက္စရာေကာင္းလိုက္တာ သူကခ်ည္းအသားယူေနတယ္ သူမ်ားကမယူရဘူး "

ခြန္းသန္႔ရွိန္၀ါကမေက်မနပ္ေျပာလာတာမို႔ ရႈိင္းကေရေသာက္ရင္းၿပဳံးရယ္မိသည္။ထို႔ေနာက္ ဟင္းပြဲေတြျဖင့္အလုပ္ရႈပ္ေနသည့္ခြန္းသန္႔အနားျပန္ကပ္ကာ ထိုအမ်ိဳးသားရဲ႕ေက်ာျပင္က်ယ္အားအေနာက္မွေပြ႕ဖက္လိုက္၏။

" အခ်စ္ကေလးကိုခ်စ္လိုက္တာ~~~ "

28.8.23
Grey
×××××

Continue Reading

You'll Also Like

709K 121K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
43.5K 8K 34
Чшш...тэр түүх өгүүлж байна...
Twenty Six Revenge By Grey

Mystery / Thriller

435K 29.2K 49
Khoon Thant Shein Wah+Sunshine SiThu
128K 10.4K 33
က်ိန္စာဆိုးမ်ားႏွင့္ျပည့္ႏွက္ေနေသာ ေၾကာက္မက္ဖြယ္ဝိညာဥ္ဆိုးမ်ားျဖင့္ ဆာေလာင္မြတ္သိပ္ေနေသာ "ျမနန္းစံေတာ္" အတိတ္ဘဝရန္ၿငိဳးေတြႏွင့္.. အမုန္းတရားေတြျပည့္...