Twenty Six Revenge

By greyvictor25

527K 34.6K 5.7K

Khoon Thant Shein Wah+Sunshine SiThu More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Final

20

10.7K 764 177
By greyvictor25

ကလင်

ဖုန်းထဲသို့ငွေလွှဲ၀င်လာသောအသံအား မင်းခန့်ကခဏမျှသာစိုက်ကြည့်ရင်း အသက်ကိုခပ်ပြင်းပြင်းရှုထုတ်လိုက်၏။ အဓိပ္ပါယ်မဲ့သောဘ၀ဟု မသတ်မှတ်ချင်သော်လည်း တစ်ခါတစ်လေ၌သူ့ဘ၀ကအထီးကျန်စရာကောင်းသည်။ မြို့တော်၀န်တို့အရှုပ်ထုပ်တွေအား သူပါ၀င်ပတ်သတ်မိသည့်အချိန်တည်းက ဘ၀ကြီးကမျှော်လင့်ချက်မဲ့လာတာဖြစ်သည်။ ထိုလူတွေအတွက် သူအသုံးမလိိုတော့သည့်အချိန်ကျ အချိန်မရွေးသေဆုံးသွားနိုင်တာလည်းဖြစ်နိုင်၏။

ခွန်းသန့်ရှိန်၀ါလက်စားချေချင်တဲ့တရားခံက မြို့တော်၀န်တစ်ယောက်သာရှိသော်လည်း ထိုလူနဲ့အပေါင်းအပါတွေအားအလွယ်တကူဖြိုချနိုင်မှာမဟုတ်ပေ။ မြို့တော်၀န်အားလက်စားချေချင်စိတ်က ခွန်းသန့်ရှိန်၀ါနှင့်ရည်ရွယ်ချက်ခြင်းတူလိမ့်မည်ဟု မင်းခန့်မသတ်မှတ်ချင်ပေ။ အကြောင်းရင်းက သူကိုယ်တိုင်ပင်အပြစ်မရှိတဲ့လူပေါင်းများစွာကို သတ်ပစ်ခဲ့တာကြောင့်ဖြစ်သည်။ သို့ပေမယ့် ထိုအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး မင်းခန့်နောင်တမရပေ။ မြို့တော်၀န်ရဲ့ယုံကြည််မှုကိုရရှိဖို့ သူဘာမဆိုလုပ်မှာဖြစ်သည်။
သို့မှသာ ထိုလူနဲ့အပေါင်းအပါ၀င်တွေအား ဖြိုချနိုင်မှာပင်။

" ခေါက်ဆွဲကအေးကုန်ပြီ "

စိတ်ပျက်စွာဖြင့် ရေရွတ်မိလိုက်သောစကားဖြစ်သည်။ သို့ပေမယ့်အေးစက်နေပြီဖြစ်တဲ့ ခေါက်ဆွဲတွေအားမင်းခန့်အထွေအထူးတွေးတောမနေပဲ ခေါင်းငုံ့ကာဆက်စား၏။

" ထပ်တွေ့ကြပြန်ပြီ "

ရင်းနှီးနေတဲ့အသံကြောင့် မင်းခန့်က စားလက်စခေါက်ဆွဲတွေအား ပါးစပ်ထဲငုံထားကာ ခေါင်းမော့ကြည့်၏။ သူ့အားဘ၀င်မကျစွာ ပြန်ငုံ့ကြည့်နေတဲ့ရှိုင်းက အသင့်ကိုင်လာသောခေါက်ဆွဲဘူးအားစားပွဲပေါ်တင်ကာ သူ့အရှေ့တွင်၀င်ထိုင်သည်။ convenience storeဖြစ်တာကြောင့် ဆိုင်အပြင်တွင်ထိုင်စရာခုံများများစားစားမရှိပေ။

" ညစာထွက်စားတာလား "

မင်းခန့်ကအေးစက်နေပြီဖြစ်တဲ့ ခေါက်ဆွဲရည်တွေအားမော့သောက်ကာ ပလုံးပထွေးမေးလိုက်၏။ ရှိုင်းကလည်း ခေါင်းသာညိတ်ပြရင်း အသင့်စားခေါက်ဆွဲပူပူအားဆက်စားသည်။

" ညစာကို အခုလိုပဲခေါက်ဆွဲတွေစားတာလား အစ်ကိုကတော့ကြာရင်ကျန်းမာရေးထိတော့မယ် "

" ငါ့ကိုမဆုံးမခင် မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး အခုလေးတင်ခေါက်ဆွဲစားပြီးတာမလား "

ရှိုင်းက မင်းခန့်အားပြန်လည်ချေပကာ သူ၀ယ်လာသောအိတ်အတွင်းမှ ဘီယာတစ်ဘူးအားမင်းခန့်ထံလှမ်းပေး၏။ သူကိုယ်တိုင်လည်း ဘီယာတစ်ဘူးဖောက်သောက်နေတာဖြစ်သည်။

" အစ်ကိုကတကယ်မထင်ရဘူးပဲ ဒါမျိုးတွေလည်းသောက်တာပဲလား "

" အဲ့ထက်ပြင်းတာတောင် ငါကအသာလေးပဲ "

ရှိုင်းကအစားဆက်စားရင်း မင်းခန့်ရဲ့ပုံပန်းသွင်ပြင်အားအကဲခတ်၏။ သူသတိထားမိသလောက် မင်းခန့်ကအမြဲလိုလိုလက်ရှည်အင်္ကျီတွေသာ ၀တ်တတ်တာဖြစ်သည်။ ပျော်ပျော်နေတတ်သည်ဟုထင်မှတ်ခဲ့သော်လည်း တကယ့်အနီးကပ်ကြည့်ရင် မင်းခန့်မျက်၀န်းထဲ၌ပျော်ရွှင်မှုအရိပ်အယောင်များ ပျောက်ကွယ်နေတာဖြစ်သည်။ လက်သည်းထိပ်တွေကပွန်းပဲ့နေပြီး လက်ဆစ်များက သွေးဆို့နေ၏။ အပြင်ပန်းကကြည့်နေသူသာ စိတ်မချမ်းမသာဖြစ်ရသော်လည်း မင်းခန့်ကထိုကိစ္စနဲ့ပတ်သတ်ပြီး အထွေအထူးခံစားမည့်ပုံမပေါ်ပေ။

" ဒီမှာခဏနေဦး "

ရှိုင်းကမင်းခန့်အား ထိုင်ခုံပေါ်တွင်သာခဏထိုင်နေဖို့အချက်ပြရင်း convenience storeထဲသို့ခပ်သွက်သွက်လေးပြန်၀င်သွား၏။ မင်းခန့်ကတော့ ရှိုင်းရဲ့အပြုအမူအားအပြင်ကတွင်သာ မသိမသာလေးအကဲခတ်သည်။
.
.
.
" မင်းလက်ပေး "

ရှိုင်းက ပွန်းပဲ့နေသည့်မင်းခန့်ရဲ့လက်ချောင်းထိပ်တွေအား ပလာစတာဖြင့်ကပ်ပေး၏။ လက်ချောင်းဆယ်ချောင်းလုံးကပ်ပေးနေတာမို့ မင်းခန့်ရဲ့လက်ထိပ်တွေက ကျောက်ပတ်တီးစည်းထားသည့်နယ် ပလာစတာများဖြင့်ပြည့်နှက်နေသည်။

" အစ်ကိုကပ်လည်းအလကားပဲ ကျွန်တော်ကအိမ်ပြန်ရောက်ရင် ပြန်ခွာပစ်မှာ "

" မင်းကိုငါ့ညီလေးတစ်ယောက်လို သဘောထားလို့လုပ်ပေးနေတာ စေတနာမစော်ကားနဲ့ "

ရှိုင်းက မင်းခန့်ရဲ့ဘယ်ဘက်လက်အားပြန်ဆွဲယူကာ ကျန်နေသည့်လက်ချောင်းနှစ်ချောင်းအားဆက်ကပ်ပေး၏။ မင်းခန့်ကတော့ ရှိုင်းလုပ်သမျှအားခပ်ငြိမ်ငြိမ်လေးသာထိုင်ကြည့်သည်။

" မင်းခန့်ဆိုတဲ့နာမည်က မင်းနာမည်အရင်းလား နှစ်လုံးတည်းဆိုတော့အရမ်းရိုးရှင်းနေလို့လေ "

" ကျောင်းနာမည်ကတော့ မင်းခန့်ပဲ ဒါပေမယ့်အမေကတော့ကျွန်တော့်ကို အဲရိုးလို့ပဲအမြဲခေါ်တယ် ဘယ်ဟာကကျွန်တော့်နာမည်အရင်းလဲဆိုတာကျွန်တော်လည်းမသိဘူး အဲ့နာမည်တွေကိုလည်းကျွန်တော်မကြိုက်ဘူး "

မင်းခန့်က ရှိုင်းပေးသည့်ဘီယာဘူးအားယူသောက်ကာ သူ့နာမည်အကြောင်းပြောပြသည်။ ရှိုင်းကလည်း စိတ်၀င်စားစွာဖြင့်နားထောင်ပေးနေတာမို့ သူ့စိတ်ထဲပျော်ရွှင်ရ၏။ လူတစ်ယောက်နှင့်မျက်နှာချင်းဆိုင်ထိုင်ကာ သူပြောသမျှနားထောင်ပေးသည့်အထဲ ရှိုင်းကပထမဦးဆုံးဖြစ်သည်။

" ဒီနေ့တော့အထီးမကျန်ရဘူးပဲ "
(ထိုစကားက မင်းခန့်စိတ်ထဲမှရေရွတ်မိလိုက်သောစကားဖြစ်သည်။)

" နှစ်လုံးတည်းလည်းကောင်းပါတယ် မှတ်မိလွယ်တာပေါ့ ငါ့နာမည်ဆိုရင် လေးလုံးတောင်လေ "

" ဒါပေမယ့် အဲ့နာမည်တွေကကျွန်တော့်ဘ၀ကိုအမြဲကံဆိုးစေတယ် အစ်ကို့မှာကံကောင်းစေတဲ့နာမည်ရှိရင် ကျွန်တော့်ကိုပေးပါလား "

" ကံကောင်းစေတဲ့နာမည်ရယ်လို့တော့ဘယ်ရှိမှာလဲ မင်းနာမည်နဲ့ပတ်သတ်ပြီးနာကျင်စရာတွေရှိခဲ့လို့လား "

ရှိုင်းက စကားထပ်နှိုက်ကာမေးတော့ မင်းခန့်ကခေါင်းငုံ့သွားကာသူ့လက်ထိပ်တွေအား ကုတ်ဖဲ့ပစ်ပြန်သည်။

" ဘာလို့လဲတော့မသိဘူး အမေကကျွန်တော််နာမည်ကိုခေါ်ပြီးတိုင်းအမြဲကျိန်ဆဲနေတော့တာ။ နည်းနည်းလောက်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့အရာတစ်ခုလောက်ကြားချင်ခဲ့ပေမယ့် ကျွန်တော့်နာမည်ရဲ့အဆုံးမှာ ကျိန်ဆဲခြင်းတွေကအမြဲကပ်ပါလာတော့တာ "

မင်းခန့်ရဲ့စကားကြောင့် ရှိုင်းကစိတ်မကောင်းဖြစ်သွားသည့်ပုံစံဖြင့်ခဏတာနှုတ်ဆိတ်သွားသည်။ ရုတ်တရက်ဆိုသလို နယ်မှသူ့အမေကိုလည်းသတိရသွား၏။ ဒေါ်စန်းဌေးက အပြောအဆိုမတတ်သော်လည်း သူ့အပေါ်တွင်တော့တစ်ခါမျှကျိန်ဆဲခြင်းမရှိပေ။

" မင်းကအယုံအကြည်ရှိလားမရှိလားမသိပေမယ့် ငါ့မှာကံကောင်းစေမယ့်နာမည်တစ်ခုတော့ရှိတယ် "

ရှိုင်းကခပ်တိုးတိုးပြောလာတာမို့ မင်းခန့်ကလည်းစိတ်၀င်စားစွာဖြင့်နားထောင်ကာ မေးငေါ့ပြ၏။

" အစ်ကိုပဲကျွန်တော့်ကိုကံကောင်းအောင် လုပ်ပေးပါဦး "

" ဟို....မင်းယုံမလားတော့မသိပေမယ့် ငါတို့မိသားစုထဲမှာဆို ဌေးပါတဲ့နာမည်က ကံကောင်းစေတယ်လို့သတ်မှတ်ကြတာလေ အဲ့တာကြောင့်နာမည်မှည့်ရင် ဌေးဆိုတဲ့နာမည်ကတော့အမြဲပါတယ် "

" ဒါဆို အစ်ကို့နာမည်မှာကျဘာလို့ဌေးမပါတာလဲ "

" အဲ့တာက ငါ့အဖေကိုယ်တိုင်ပေးခဲ့တဲ့နာမည်မို့လို့လေ ဒါပေမယ့် ငါ့အိမ်နာမည်ကရှိုင်းဌေး "

" ခွီး "

မင်းခန့်ကသဘောကျစွာဖြင့် ပြုံးရယ်တော့ရှိုင်းကပါအတူလိုက်ရယ်သည်။ ရှိုင်းဌေးဆိုသည့်နာမည်အားရေရွတ်လိုက်တိုင်း သူ့အဘွားအားသတိရလာတာဖြစ်သည်။

" ဒါဆို ကျွန်တော့်ကိုလည်းကံကောင်းအောင် ဌေးပါတဲ့နာမည်လေးရွေးပေးပါဦး "

မင်းခန့်က စားပွဲပေါ်မေးထောက်ကာနာမည်စဥ်းစားခိုင်းနေတာမို့ ရှိုင်းကလည်းအသေအချာစဥ်းစားပေး၏။

" ချမ်းဌေးဆိုရင်ကောကြိုက်လား အေးချမ်းပြီးကံကောင်းတဲ့နာမ်စားပါတဲ့နာမည်လေး "

ရှိုင်းစကားကြောင့် မင်းခန့်ကသဘောကျစွာပြုံးရင်းခေါင်းညိတ်ပြ၏။ ရှိုင်းနဲ့စကားပြောရသည့်အချိန်တိုင်း သူ့စိတ်ထဲပျော်ရွှင်မိတာဖြစ်သည်။

" ဒါဆိုရင် ကျွန်တော်တော့ဒီနေ့ကစပြီးကံကောင်းတော့မယ်ထင်တယ် "

" ချမ်းဌေး "

" ခင်ဗျာ "

" ဘာမှမဟုတ်ဘူး ဒီအတိုင်းခေါ်ကြည့်တာ မင်းကြိုက်တယ်ဆိုရင်ပြီးရော ငါလည်းပြန်လိုက်ဦးမယ် "

" ကျွန်တော်ပြန်လိုက်ပို့ပေးရမလား "

" မလိုပါဘူး ဒါကငါ့ပိုင်နက်ပဲလေ ဘယ်နားဘာရှိတယ်ကအစငါအကုန်သိတယ် "

" ဟုတ်ပါပြီ ကျွန်တော်အစ်ကိုနဲ့ပြိုင်မငြင်းနိုင်ပါဘူး "

" ကံကောင်းချင်ရင် စိတ်ထားနူးညံ့အောင်လည်းပြင်ဦး မဟုတ်ရင်ငါပေးထားတဲ့နာမည်က အလကားဖြစ်နေမှာ "

ရှိုင်းက မင်းခန့်အားသူ့ညီလေးတစ်ယောက်သဖွယ်ဆုံးမကာ ထွက်သွား၏။ မင်းခန့်ကတော့ ရှိုင်းပေးခဲ့တဲ့ဘီယာဘူးအား ကုန်အောင်သောက်ကာတစ်ယောက်တည်း ငူငူငိုင်ငိုင်ဖြင့်ကျန်ရစ်ခဲ့သည်။ လက်ထဲမှဘီယာဘူးအား အမှိုက်ပစ်ဖို့ကြံရွယ်တော့ အမှိုက်ပုံးအတွင်း၌ကြွက်တစ်ကောင်အား စိတ်ရှုပ်စွာတွေ့လိုက်ရသည်။ ထိုကြွက်ကလေးက အမှိုက်ပုံးအတွင်းမှစားကြွင်းစားကျန်များကိုမွှေနှောက်ကာ ရှာဖွေနေ၏။ အမှိုက်ပုံးအပြင်တွင်လည်း အခြားကြွက်တစ်ကောင်က အထဲမှကြွက်ကလေးအားစောင့်မျှော်နေပုံရသည်။

မင်းခန့်ကထိုမြင်ကွင်းအား သေချာစူးစိုက်ကြည့်ရင်းအမှိုက်ပုံးပြင်မှ ကြွက်အားရိုက်သတ်ဖို့ကြံ၏။ သို့ပေမယ့် ရှိုင်းပြောခဲ့သည့်စကားများကိုပြန်ကြားယောင်ကာ စိတ်ပြန်လျှော့လိုက်သည်။ အပြင်မှကြွက်အားအသက်လွှတ်ပေးလိုက်သော်လည်း မင်းခန့်ကအမှိုက်ပုံးအတွင်းမှကြွက်အားပြန်မထွက်နိုင်အောင် အဖုံးပြန်ပိတ်ကာအပေါ်မှအလေးအပင်များဖြင့်ဖိချထားလိုက်၏။ သို့မှသာ သူအနည်းငယ်စိတ်သက်သာရာရသွားတာဖြစ်သည်။

××××××
" ကြာလိုက်တာ ညဘက်ကြီးဘယ်တွေလျှောက်သွားနေတာလဲ "

တိုက်ခန်းအောက်မှကျယ်ကျယ်လောင်လောင်ထွက်လာသော အသံကြောင့်ရှိုင်းကခပ်ကြောင်ကြောင်လေးသာ ပြန်ကြည့်မိသည်။ သည်အချိန်ကြီး ခွန်းသန့်ရှိန်၀ါကသူ့ရပ်ကွက်ထဲဘာလာလုပ်ပါသလဲ။

" မင်းကဘယ်လိုဖြစ်ပြီး .... "

ရှိုင်းစကားမဆုံးခင်မှာတင် ခွန်းသန့်ရှိန်၀ါက သူ့ကားအတွင်းမှအထုတ်တစ်ထုတ်အားလှမ်းယူကာ တိုက်ခန်းပေါ်သို့စိတ်မရှည်စွာတက်သွား၏။ ရှိုင်းကတော့ သူ့အခန်းသော့အားအမြန်ထုတ်ကာ ခွန်းသန့်အနောက်သို့ပြေးလိုက်သွားသည်။ ထိုသို့မပြောမဆိုနှင့်ရောက်လာတတ်သည့် ခွန်းသန့်ကြောင့်ရှိုင်းတကယ်အလုပ်ရှုပ်နေရပြီဖြစ်သည်။

တီ တီ

အခန်းတံခါးပွင့်သည်နှင့် ခွန်းသန့်ရှိန်၀ါကအားနာခြင်းမရှိ အတွင်းသို့ခပ်တည်တည်သာ၀င်သွား၏။ ရှိုင်းကသာ သူ့အနောက်မှခပ်ကြောင်ကြောင်လေးလျှောက်လိုက်နေမိတာဖြစ်သည်။

ချောက်

ခွန်းသန့်ကတိုက်ခန်းထဲ၀င်သည်နှင့် ရှိုင်းရဲ့ရေချိုးခန်းမီးခလုတ်အား အရင်သွားဖွင့်ကြည့်၏။ ဖွင့်လိုက်ပိတ်လိုက်လုပ်ကြည့်နေသော်လည်း မီးလင်းမလာတာကြောင့် ခွန်းသန့်ကမျက်မှောင်ကုတ်ကာရှိုင်းအားလှမ်းကြည့်သည်။

" ကျုပ်တို့သားအဖလာလည်တဲ့နေ့တည်းက အဲ့မီးသီးကျွမ်းနေတာလေ ခင်ဗျားအခုထိမလဲသေးဘူးလား "

" အဲ့မီးသီးကကျွမ်းနေတာကြာပြီ ငါလည်းမအားလို့မလဲဖြစ်သေးတာ "

" မတော်တဆအမှောင်ထဲချော်လဲသွားရင်ဘယ်လိုလုပ်မလဲ ခင်ဗျားဦးနှောက်အပြွတ်လိုက်ထွက်ပြီးသေကုန်မှာ "

ခွန်းသန့်ကစိတ်မရှည်စွာပြောဆိုရင်း သူအဆင်သင့်ယူလာသည့်အိတ်ထဲမှ မီးသီးအသစ်အားထုတ်ယူလိုက်၏။ ရှိုင်းကတော့ ခွန်းသန့်အပြုအမူတွေကိုထူးဆန်းစွာကြည့်ရုံမှလွဲပြီး ဘာမှမပြောနိုင်တော့ပေ။

" မီးသီးတစ်လုံး 7000ပေးရတယ် ခင်ဗျားပေးရမယ့်အကြွေးစာရင်းထဲထည့်ထားမယ် "

" နေပါဦး ဘယ်သူကမင်းကိုဒါတွေလုပ်ခိုင်းနေလို့လဲ "

ရှိုင်းက မီးသီးလဲပေးနေသည့်ခွန်းသန့်အားလှမ်းမေးတော့ တစ်ဖက်ကောင်က ပေကပ်ပြီးပြန်မဖြေပေ။

" ခွန်းသန့်ရှိန်၀ါ ! "

" ဘာလဲကွာ "

" ဒီအချိန်ကြီးမင်းကငါ့အိမ်ဘာလာလုပ်တာလဲ "

" လာချင်လွန်းလို့လာတယ်ထင်မနေနဲ့ မီးသီးကျွမ်းနေလို့လာလဲပေးတာ မဟုတ်ရင်ခင်ဗျားတစ်ယောက်တည်းအန္တရာယ်ရှိတယ် "

ခွန်းသန့်က သူလဲပေးထားသည့်မီးသီးအားသေချာစစ်ဆေးပေးကာ မီးလင်းသည်ဆိုမှ ရေချိုးခန်းထဲမှထွက်လာ၏။

" ခင်ဗျားကိုစောင့်နေတာ ခြေထောက်တွေတောင့်နေရောပဲ "

ခွန်းသန့်ရှိန်၀ါက ဆိုဖာပေါ်ခြေပစ်လက်ပစ်လှဲကာ ညည်းညူလာ၏။ အချိန်ကား ညဆယ်နာရီထိုးနေပြီဖြစ်သော်လည်း ထိုကောင်ကဂရုစိုက်မည့်ပုံမပေါ်ပေ။

" ကျေးဇူးပဲ "

" ဘာအတွက်လဲ "

" မီးသီးလဲပေးလို့ "

" ကျေးဇူးတင်တဲ့အသံကလည်း စိတ်ထဲကမပါတဲ့အသံနဲ့ "

" မင်းလာရစ်မနေနဲ့ အချိန်ကိုလည်းကြည့်ဦး နောက်ကျနေပြီ "

" အခုထိဘာမှမစားရသေးဘူး "

တမင်စကားလမ်းကြောင်းလွှဲကာ ပြောနေမှန်းလည်းရှိုင်းသိသည်။သို့ပေမယ့် ခွန်းသန့်ရှိန်၀ါအားသူစကားနာမထိုးချင်ပေ။

" သကြားမုန့်ဖက်ထုပ်ရှိတယ် စားမလား "

" အင်း "

ပေကပ်ပြီးမပြန်သေးသည့် ခွန်းသန့်ရှိန်၀ါအားရှိုင်းနှင်မထုတ်ရက်ပေ။ သို့ပေမယ့်အတူရှိသည့်အချိန်တိုင်း အနေခက်ရတာမို့ထိုကောင်အား ရှိုင်းကြာကြာစကားမပြောချင်တော့တာလည်းပါသည်။

" နေနေးကောအိပ်ပျော်နေပြီလား "

" ကျုပ်သားက ညရှစ်နာရီဆိုအိပ်ပြီ "

" ကလေးအိပ်တာနဲ့အပြင်မှာလမ်းသလားနေတယ်ပေါ့ အရင်ကလည်းအဲ့လိုပဲလား "

သူ့အားမယုံသင်္ကာကြည့်လာသည့်ရှိုင်းကြောင့် ခွန်းသန့်ကဘ၀င်မကျပေ။ အ၀ေးမှလာကာမီးသီးလဲပေးထားတာတောင် ရှိုင်းထံမှကျေနပ်စေမည့်စကားမျိုးမကြားရသေးတာကြောင့် သူစိတ်တိုင်းမကျသေးတာလည်းပါသည်။

" မုန့်ဖက်ထုပ်က သွားမှာအကုန်ကပ်နေတယ် ရေတစ်ခွက်ပေး "

ခွန်းသန့်ကရေတောင်းလာသော်လည်း ရှိုင်းကရေနွေးတစ်ခွက်ကိုသာသွားခပ်ရင်း ခွန်းလက်ထဲထည့်ပေး၏။

" ရေအေးနဲ့ဆိုရင်အဆီတွေမပျော်ပဲနေလိမ့်မယ် ရေနွေးနဲ့သောက်မှအုန်းသီးအဆီအဆိမ့်တွေကပျော်ကျသွားမှာ "

" ခင်ဗျားဟာကတအားပူတယ်လေ မသောက်နိုင်ဘူး "

" ငါမှုတ်ပေးမယ် "

ရှိုင်းကအငွေ့တလူလူထွက်နေသည့် ရေနွေးခွက်အားမှုတ်ပေးကာ ခပ်နွေးနွေးလေးဖြစ်အောင် လုပ်ပေး၏။ ခွန်းသန့်ကတော့ ပြုံးစိစိဖြင့်သာရှိုင်းလုပ်ပေးသမျှ စောင့်ကြည့်နေသည်။

" ရော့ ဒီအနေလေးဆိုရင်အတော်ပဲ ဖြည်းဖြည်းချင်းသောက် "

ရှိုင်းမှုတ်ပေးထားသည့်ရေနွေးအား ခွန်းသန့်ကတစ်ခါတည်းနှင့်အကုန်မော့သောက်ပစ်၏။ ပုံမှန်ဆို ရေနွေးသောက်သည့်အကျင့်က ခွန်းသန့်ထံတွင်မရှိပေ။ သို့ပေမယ့် ရှိုင်းမှုတ်ပေးသောရေနွေးကိုတော့ ငြင်းဆိုခြင်းမရှိသောက်ပစ်လိုက်တာဖြစ်သည်။

" ကျေးဇူးပဲနော် ခုနကသေချာမပြောလိုက်မိလို့လေ "

" အကြွေး7000နော် "

" အေးပါ မင်းပြန်ရင်ငါပိုက်ဆံပြန်ပေးလိုက်ပါ့မယ် "

" ဘယ်သူကပိုက်ဆံပြန်တောင်းနေလို့လဲ "

" မတောင်းလည်းပေးရမှာပဲ သူများဆီကနေဘယ်အရာမှအလကားမလိုချင်ဘူး "

" ဘယ်သူကခင်ဗျားကို အလကားပေးနေလို့လဲ "

" မင်းမရစ်နဲ့ "

" ဒါနဲ့ခင်ဗျားငှက်က ဥာဏ်ကောင်းတာကောသေချာရဲ့လား ကျုပ်သင်ပေးတဲ့စကားကိုအခုထိမပြောသေးလို့လေ "

" မင်းကခဏပဲသင်ပေးလိုက်လို့နေမှာပေါ့ နှစ်ရက်သုံးရက်လောက်သင်ပေးရင်တော့နားရည်၀ပြီးပြောတတ်လာမှာ "

" အဲ့တာကြောင့်ပဲ ခင်ဗျားအိမ်မှာဒီညလာအိပ်တာ "

" ဟမ် "

ရှိုင်းက အံ့သြသွားသည့်ပုံစံဖြင့်တုံ့ပြန်လာတော့ ခွန်းသန့်ကဆိုဖာပေါ်လှဲအိပ်ကာ ရှိုင်းအားစူးစိုက်ကြည့်လာသည်။

" အကြွေး7000ကို တညအိပ်တာနဲ့ချေပေးလိုက်မယ် "

" ငါ့မှာအခန်းတစ်ခန်းပဲရှိတာ မင်းကိုအိပ်ခိုင်းစရာအခန်းမရှိဘူး "

" ရတယ် ဒီအပြင်မှာပဲအိပ်မှာ "

ခွန်းသန့်က အမျိုးမျိုးပေကပ်ကာထွက်မသွားတာမို့ ရှိုင်းလည်းထပ်မပြောတော့ပေ။

" ဘာလို့လဲမသိဘူး အခုတလောခင်ဗျားကိုပဲတွေ့ချင်နေတာ ခင်ဗျားမျက်နှာမမြင်ရရင် ကျုပ်မှာအားပြတ်နေသလိုပဲ "

ခွန်းသန့်က အတည်ပေါက်ပြောလာတာမို့ ရှိုင်းရင်ထဲလှုပ်ခတ်သွားရသည်။ အချစ်ကလေးက သူ့ ,အားနည်းချက်ကိုများထိုးနှက်နေပါသလား။

" ငါလည်း မင်းကိုအမြဲတွေ့ချင်မိပါတယ် "

" ခင်ဗျားအမေက သူ့အမျိုးသားကိုခေါ်သလိုမျိုး ကျုပ်ကိုလည်းပြန်ခေါ်ကြည့်ပေးပါလား "

ခွန်းသန့်အသံက အရင်လိုရဲတင်းမနေပဲ အနည်းငယ်မ၀ံ့မရဲဖြစ်နေပုံရ၏။ ရှိုင်းရဲ့မျက်၀န်းတွေပေါ် အဖြေအသည်းအသန်ရှာနေရပုံက သူ့အားကြာရှည်စေသည်။ စည်းချက်မညီစွာ တုန်ယင်နေသည့်နှလုံးခုန်သံတွေကိုလည်း သူကိုယ်တိုင်ပင်ဖုံးကွယ်နေရပြီဖြစ်သည်။

" ဆန်းရှိုင်း "

" အင်း "

" အဲ့လိုလေးပြန်ခေါ်ပေးပါလား ခင်ဗျားပြောခဲ့တယ်လေ ခင်ဗျားအမေက သူ့အမျိုးသားကိုအဲ့လိုခေါ်လိုက်တိုင်း ခင်ဗျားသိပ်သဘောကျတာပါဆို "

ခွန်းသန့်က သူ့လက်အားဆုပ်ကိုင်ကာတောင်းဆိုလာတာမို့ ရှိုင်းကြာကြာမတောင့်ခံနိုင်ပေ။ အချိန်တန်ရင် ထိုအမျိုးသားရဲ့တောင်းဆိုမှုအောက်တွင်သာ ရှိုင်းအမြဲကျရှုံးခဲ့ရတာဖြစ်သည်။

" မောင် "

ရှိုင်းက အသံကိုခပ်တန်းတန်းသာခေါ်ဆိုသွားတာမို့ ခွန်းသန့်ရှိန်၀ါက အသံတိတ်ရယ်သည်။ သို့ပေမယ့် သူ့ရင်တွေအဆမတန်တုန်ယင်နေတာဖြစ်သည်။ ဆန်းရှိုင်းမသိနိုင်အောင် ဖုံးကွယ်နေရသည်က သူ့အားတကယ်ကိုစိတ်ရှုပ်စေတာပင်။ ရှိုင်းကသူ့ရဲ့အဖြေအား စောင့်မျှော်နေတာမို့ ခွန်းသန့်ရှိန်၀ါကရှိုင်းရဲ့လက်အား တင်းကျပ်စွာပိုဆုပ်ကိုင်ကာ အနားကပ်သွား၏။

ရှိတယ်ဗျ ~~

16.8.23
Grey

××××

ကလင္

ဖုန္းထဲသို႔ေငြလႊဲ၀င္လာေသာအသံအား မင္းခန္႔ကခဏမွ်သာစိုက္ၾကည့္ရင္း အသက္ကိုခပ္ျပင္းျပင္းရႈထုတ္လိုက္၏။ အဓိပၸါယ္မဲ့ေသာဘ၀ဟု မသတ္မွတ္ခ်င္ေသာ္လည္း တစ္ခါတစ္ေလ၌သူ႔ဘ၀ကအထီးက်န္စရာေကာင္းသည္။ ၿမိဳ႕ေတာ္၀န္တို႔အရႈပ္ထုပ္ေတြအား သူပါ၀င္ပတ္သတ္မိသည့္အခ်ိန္တည္းက ဘ၀ႀကီးကေမွ်ာ္လင့္ခ်က္မဲ့လာတာျဖစ္သည္။ ထိုလူေတြအတြက္ သူအသုံးမလိိုေတာ့သည့္အခ်ိန္က် အခ်ိန္မေ႐ြးေသဆုံးသြားႏိုင္တာလည္းျဖစ္ႏိုင္၏။

ခြန္းသန္႔ရွိန္၀ါလက္စားေခ်ခ်င္တဲ့တရားခံက ၿမိဳ႕ေတာ္၀န္တစ္ေယာက္သာရွိေသာ္လည္း ထိုလူနဲ႔အေပါင္းအပါေတြအားအလြယ္တကူၿဖိဳခ်ႏိုင္မွာမဟုတ္ေပ။ ၿမိဳ႕ေတာ္၀န္အားလက္စားေခ်ခ်င္စိတ္က ခြန္းသန္႔ရွိန္၀ါႏွင့္ရည္႐ြယ္ခ်က္ျခင္းတူလိမ့္မည္ဟု မင္းခန္႔မသတ္မွတ္ခ်င္ေပ။ အေၾကာင္းရင္းက သူကိုယ္တိုင္ပင္အျပစ္မရွိတဲ့လူေပါင္းမ်ားစြာကို သတ္ပစ္ခဲ့တာေၾကာင့္ျဖစ္သည္။ သို႔ေပမယ့္ ထိုအေၾကာင္းအရာေတြနဲ႔ပတ္သတ္ၿပီး မင္းခန္႔ေနာင္တမရေပ။ ၿမိဳ႕ေတာ္၀န္ရဲ႕ယုံၾကည္္မႈကိုရရွိဖို႔ သူဘာမဆိုလုပ္မွာျဖစ္သည္။
သို႔မွသာ ထိုလူနဲ႔အေပါင္းအပါ၀င္ေတြအား ၿဖိဳခ်ႏိုင္မွာပင္။

" ေခါက္ဆြဲကေအးကုန္ၿပီ "

စိတ္ပ်က္စြာျဖင့္ ေရ႐ြတ္မိလိုက္ေသာစကားျဖစ္သည္။ သို႔ေပမယ့္ေအးစက္ေနၿပီျဖစ္တဲ့ ေခါက္ဆြဲေတြအားမင္းခန္႔အေထြအထူးေတြးေတာမေနပဲ ေခါင္းငုံ႔ကာဆက္စား၏။

" ထပ္ေတြ႕ၾကျပန္ၿပီ "

ရင္းႏွီးေနတဲ့အသံေၾကာင့္ မင္းခန္႔က စားလက္စေခါက္ဆြဲေတြအား ပါးစပ္ထဲငုံထားကာ ေခါင္းေမာ့ၾကည့္၏။ သူ႔အားဘ၀င္မက်စြာ ျပန္ငုံ႔ၾကည့္ေနတဲ့ရႈိင္းက အသင့္ကိုင္လာေသာေခါက္ဆြဲဘူးအားစားပြဲေပၚတင္ကာ သူ႔အေရွ႕တြင္၀င္ထိုင္သည္။ convenient storeျဖစ္တာေၾကာင့္ ဆိုင္အျပင္တြင္ထိုင္စရာခုံမ်ားမ်ားမရွိေပ။

" ညစာထြက္စားတာလား "

မင္းခန္႔ကေအးစက္ေနၿပီျဖစ္တဲ့ ေခါက္ဆြဲရည္ေတြအားေမာ့ေသာက္ကာ ပလုံးပေထြးေမးလိုက္၏။ ရႈိင္းကလည္း ေခါင္းသာညိတ္ျပရင္း အသင့္စားေခါက္ဆြဲပူပူအားဆက္စားသည္။

" ညစာကို အခုလိုပဲေခါက္ဆြဲေတြစားတာလား အစ္ကိုကေတာ့ၾကာရင္က်န္းမာေရးထိေတာ့မယ္ "

" ငါ့ကိုမဆုံးမခင္ မင္းကိုယ္မင္းလည္းျပန္ၾကည့္ဦး အခုေလးတင္ေခါက္ဆြဲစားၿပီးတာမလား "

ရႈိင္းက မင္းခန္႔အားျပန္လည္ေခ်ပကာ သူ၀ယ္လာေသာအိတ္အတြင္းမွ ဘီယာတစ္ဘူးအားမင္းခန္႔ထံလွမ္းေပး၏။ သူကိုယ္တိုင္လည္း ဘီယာတစ္ဘူးေဖာက္ေသာက္ေနတာျဖစ္သည္။

" အစ္ကိုကတကယ္မထင္ရဘူးပဲ ဒါမ်ိဳးေတြလည္းေသာက္တာပဲလား "

" အဲ့ထက္ျပင္းတာေတာင္ ငါကအသာေလးပဲ "

ရႈိင္းကအစားဆက္စားရင္း မင္းခန္႔ရဲ႕ပုံပန္းသြင္ျပင္အားအကဲခတ္၏။ သူသတိထားမိသေလာက္ မင္းခန္႔ကအၿမဲလိုလိုလက္ရွည္အက်ႌေတြသာ ၀တ္တတ္တာျဖစ္သည္။ ေပ်ာ္ေပ်ာ္ေနတတ္သည္ဟုထင္မွတ္ခဲ့ေသာ္လည္း တကယ့္အနီးကပ္ၾကည့္ရင္ မင္းခန္႔မ်က္၀န္းထဲ၌ေပ်ာ္႐ႊင္မႈအရိပ္အေယာင္မ်ား ေပ်ာက္ကြယ္ေနတာျဖစ္သည္။ လက္သည္းထိပ္ေတြကပြန္းပဲ့ေနၿပီး လက္ဆစ္မ်ားက ေသြးဆို႔ေန၏။ အျပင္ပန္းကၾကည့္ေနသူသာ စိတ္မခ်မ္းမသာျဖစ္ရေသာ္လည္း မင္းခန္႔ကထိုကိစၥနဲ႔ပတ္သတ္ၿပီး အေထြအထူးခံစားမည့္ပုံမေပၚေပ။

" ဒီမွာခဏေနဦး "

ရႈိင္းကမင္းခန္႔အား ထိုင္ခုံေပၚတြင္သာခဏထိုင္ေနဖို႔အခ်က္ျပရင္းconvenient storeထဲသို႔ခပ္သြက္သြက္ေလးျပန္၀င္သြား၏။ မင္းခန္႔ကေတာ့ ရႈိင္းရဲ႕အျပဳအမူအားအျပင္ကတြင္သာ မသိမသာေလးအကဲခတ္သည္။
.
.
.
" မင္းလက္ေပး "

ရႈိင္းက ပြန္းပဲ့ေနသည့္မင္းခန္႔ရဲ႕လက္ေခ်ာင္းထိပ္ေတြအား ပလာစတာျဖင့္ကပ္ေပး၏။ လက္ေခ်ာင္းဆယ္ေခ်ာင္းလုံးကပ္ေပးေနတာမို႔ မင္းခန္႔ရဲ႕လက္ထိပ္ေတြက ေက်ာက္ပတ္တီးစည္းထားသည့္နယ္ ပလာစတာမ်ားျဖင့္ျပည့္ႏွက္ေနသည္။

" အစ္ကိုကပ္လည္းအလကားပဲ ကြၽန္ေတာ္ကအိမ္ျပန္ေရာက္ရင္ ျပန္ခြာပစ္မွာ "

" မင္းကိုငါ့ညီေလးတစ္ေယာက္လို သေဘာထားလို႔လုပ္ေပးေနတာ ေစတနာမေစာ္ကားနဲ႔ "

ရႈိင္းက မင္းခန္႔ရဲ႕ဘယ္ဘက္လက္အားျပန္ဆြဲယူကာ က်န္ေနသည့္လက္ေခ်ာင္းႏွစ္ေခ်ာင္းအားဆက္ကပ္ေပး၏။ မင္းခန္႔ကေတာ့ ရႈိင္းလုပ္သမွ်အားခပ္ၿငိမ္ၿငိမ္ေလးသာထိုင္ၾကည့္သည္။

" မင္းခန္႔ဆိုတဲ့နာမည္က မင္းနာမည္အရင္းလား ႏွစ္လုံးတည္းဆိုေတာ့အရမ္း႐ိုးရွင္းေနလို႔ေလ "

" ေက်ာင္းနာမည္ကေတာ့ မင္းခန္႔ပဲ ဒါေပမယ့္အေမကေတာ့ကြၽန္ေတာ့္ကို အဲ႐ိုးလို႔ပဲအၿမဲေခၚတယ္ ဘယ္ဟာကကြၽန္ေတာ့္နာမည္အရင္းလဲဆိုတာကြၽန္ေတာ္လည္းမသိဘူး အဲ့နာမည္ေတြကိုလည္းကြၽန္ေတာ္မႀကိဳက္ဘူး "

မင္းခန္႔က ရႈိင္းေပးသည့္ဘီယာဘူးအားယူေသာက္ကာ သူ႔နာမည္အေၾကာင္းေျပာျပသည္။ ရႈိင္းကလည္း စိတ္၀င္စားစြာျဖင့္နားေထာင္ေပးေနတာမို႔ သူ႔စိတ္ထဲေပ်ာ္႐ႊင္ရ၏။ လူတစ္ေယာက္ႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ သူေျပာသမွ်နားေထာင္ေပးသည့္အထဲ ရႈိင္းကပထမဦးဆုံးျဖစ္သည္။

" ဒီေန႔ေတာ့အထီးမက်န္ရဘူးပဲ "
(ထိုစကားက မင္းခန္႔စိတ္ထဲမွေရ႐ြတ္မိလိုက္ေသာစကားျဖစ္သည္။)

" ႏွစ္လုံးတည္းလည္းေကာင္းပါတယ္ မွတ္မိလြယ္တာေပါ့ ငါ့နာမည္ဆိုရင္ ေလးလုံးေတာင္ေလ "

" ဒါေပမယ့္ အဲ့နာမည္ေတြကကြၽန္ေတာ့္ဘ၀ကိုအၿမဲကံဆိုးေစတယ္ အစ္ကို႔မွာကံေကာင္းေစတဲ့နာမည္ရွိရင္ ကြၽန္ေတာ့္ကိုေပးပါလား "

" ကံေကာင္းေစတဲ့နာမည္ရယ္လို႔ေတာ့ဘယ္ရွိမွာလဲ မင္းနာမည္နဲ႔ပတ္သတ္ၿပီးနာက်င္စရာေတြရွိခဲ့လို႔လား "

ရႈိင္းက စကားထပ္ႏႈိက္ကာေမးေတာ့ မင္းခန္႔ကေခါင္းငုံ႔သြားကာသူ႔လက္ထိပ္ေတြအား ကုတ္ဖဲ့ပစ္ျပန္သည္။

" ဘာလို႔လဲေတာ့မသိဘူး အေမကကြၽန္ေတာ္္နာမည္ကိုေခၚၿပီးတိုင္းအၿမဲက်ိန္ဆဲေနေတာ့တာ။ နည္းနည္းေလာက္ပဲျဖစ္ျဖစ္ ေကာင္းမြန္တဲ့အရာတစ္ခုေလာက္ၾကားခ်င္ခဲ့ေပမယ့္ ကြၽန္ေတာ့္နာမည္ရဲ႕အဆုံးမွာ က်ိန္ဆဲျခင္းေတြကအၿမဲကပ္ပါလာေတာ့တာ "

မင္းခန္႔ရဲ႕စကားေၾကာင့္ ရႈိင္းကစိတ္မေကာင္းျဖစ္သြားသည့္ပုံစံျဖင့္ခဏတာႏႈတ္ဆိတ္သြားသည္။ ႐ုတ္တရက္ဆိုသလို နယ္မွသူ႔အေမကိုလည္းသတိရသြား၏။ ေဒၚစန္းေဌးက အေျပာအဆိုမတတ္ေသာ္လည္း သူ႔အေပၚတြင္ေတာ့တစ္ခါမွ်က်ိန္ဆဲျခင္းမရွိေပ။

" မင္းကအယုံအၾကည္ရွိလားမရွိလားမသိေပမယ့္ ငါ့မွာကံေကာင္းေစမယ့္နာမည္တစ္ခုေတာ့ရွိတယ္ "

ရႈိင္းကခပ္တိုးတိုးေျပာလာတာမို႔ မင္းခန္႔ကလည္းစိတ္၀င္စားစြာျဖင့္နားေထာင္ကာ ေမးေငါ့ျပ၏။

" အစ္ကိုပဲကြၽန္ေတာ့္ကိုကံေကာင္းေအာင္ လုပ္ေပးပါဦး "

" ဟို....မင္းယုံမလားေတာ့မသိေပမယ့္ ငါတို႔မိသားစုထဲမွာဆို ေဌးပါတဲ့နာမည္က ကံေကာင္းေစတယ္လို႔သတ္မွတ္ၾကတာေလ အဲ့တာေၾကာင့္နာမည္မွည့္ရင္ ေဌးဆိုတဲ့နာမည္ကေတာ့အၿမဲပါတယ္ "

" ဒါဆို အစ္ကို႔နာမည္မွာက်ဘာလို႔ေဌးမပါတာလဲ "

" အဲ့တာက ငါ့အေဖကိုယ္တိုင္ေပးခဲ့တဲ့နာမည္မို႔လို႔ေလ ဒါေပမယ့္ ငါ့အိမ္နာမည္ကရႈိင္းေဌး "

" ခြီး "

မင္းခန္႔ကသေဘာက်စြာျဖင့္ ၿပဳံးရယ္ေတာ့ရႈိင္းကပါအတူလိုက္ရယ္သည္။ ရႈိင္းေဌးဆိုသည့္နာမည္အားေရ႐ြတ္လိုက္တိုင္း သူ႔အဘြားအားသတိရလာတာျဖစ္သည္။

" ဒါဆို ကြၽန္ေတာ့္ကိုလည္းကံေကာင္းေအာင္ ေဌးပါတဲ့နာမည္ေလးေ႐ြးေပးပါဦး "

မင္းခန္႔က စားပြဲေပၚေမးေထာက္ကာနာမည္စဥ္းစားခိုင္းေနတာမို႔ ရႈိင္းကလည္းအေသအခ်ာစဥ္းစားေပး၏။

" ခ်မ္းေဌးဆိုရင္ေကာႀကိဳက္လား ေအးခ်မ္းၿပီးကံေကာင္းတဲ့နာမ္စားပါတဲ့နာမည္ေလး "

ရႈိင္းစကားေၾကာင့္ မင္းခန္႔ကသေဘာက်စြာၿပဳံးရင္းေခါင္းညိတ္ျပ၏။ ရႈိင္းနဲ႔စကားေျပာရသည့္အခ်ိန္တိုင္း သူ႔စိတ္ထဲေပ်ာ္႐ႊင္မိတာျဖစ္သည္။

" ဒါဆိုရင္ ကြၽန္ေတာ္ေတာ့ဒီေန႔ကစၿပီးကံေကာင္းေတာ့မယ္ထင္တယ္ "

" ခ်မ္းေဌး "

" ခင္ဗ်ာ "

" ဘာမွမဟုတ္ဘူး ဒီအတိုင္းေခၚၾကည့္တာ မင္းႀကိဳက္တယ္ဆိုရင္ၿပီးေရာ ငါလည္းျပန္လိုက္ဦးမယ္ "

" ကြၽန္ေတာ္ျပန္လိုက္ပို႔ေပးရမလား "

" မလိုပါဘူး ဒါကငါ့ပိုင္နက္ပဲေလ ဘယ္နားဘာရွိတယ္ကအစငါအကုန္သိတယ္ "

" ဟုတ္ပါၿပီ ကြၽန္ေတာ္အစ္ကိုနဲ႔ၿပိဳင္မျငင္းႏိုင္ပါဘူး "

" ကံေကာင္းခ်င္ရင္ စိတ္ထားႏူးညံ့ေအာင္လည္းျပင္ဦး မဟုတ္ရင္ငါေပးထားတဲ့နာမည္က အလကားျဖစ္ေနမွာ "

ရႈိင္းက မင္းခန္႔အားသူ႔ညီေလးတစ္ေယာက္သဖြယ္ဆုံးမကာ ထြက္သြား၏။ မင္းခန္႔ကေတာ့ ရႈိင္းေပးခဲ့တဲ့ဘီယာဘူးအား ကုန္ေအာင္ေသာက္ကာတစ္ေယာက္တည္း ငူငူငိုင္ငိုင္ျဖင့္က်န္ရစ္ခဲ့သည္။ လက္ထဲမွဘီယာဘူးအား အမႈိက္ပစ္ဖို႔ႀကံ႐ြယ္ေတာ့ အမႈိက္ပုံးအတြင္း၌ႂကြက္တစ္ေကာင္အား စိတ္ရႈပ္စြာေတြ႕လိုက္ရသည္။ ထိုႂကြက္ကေလးက အမႈိက္ပုံးအတြင္းမွစားႂကြင္းစားက်န္မ်ားကိုေမႊေႏွာက္ကာ ရွာေဖြေန၏။ အမႈိက္ပုံးအျပင္တြင္လည္း အျခားႂကြက္တစ္ေကာင္က အထဲမွႂကြက္ကေလးအားေစာင့္ေမွ်ာ္ေနပုံရသည္။

မင္းခန္႔ကထိုျမင္ကြင္းအား ေသခ်ာစူးစိုက္ၾကည့္ရင္းအမႈိက္ပုံးျပင္မွ ႂကြက္အား႐ိုက္သတ္ဖို႔ႀကံ၏။ သို႔ေပမယ့္ ရႈိင္းေျပာခဲ့သည့္စကားမ်ားကိုျပန္ၾကားေယာင္ကာ စိတ္ျပန္ေလွ်ာ့လိုက္သည္။ အျပင္မွႂကြက္အားအသက္လႊတ္ေပးလိုက္ေသာ္လည္း မင္းခန္႔ကအမႈိက္ပုံးအတြင္းမွႂကြက္အားျပန္မထြက္ႏိုင္ေအာင္ အဖုံးျပန္ပိတ္ကာအေပၚမွအေလးအပင္မ်ားျဖင့္ဖိခ်ထားလိုက္၏။ သို႔မွသာ သူအနည္းငယ္စိတ္သက္သာရာရသြားတာျဖစ္သည္။

××××××
" ၾကာလိုက္တာ ညဘက္ႀကီးဘယ္ေတြေလွ်ာက္သြားေနတာလဲ "

တိုက္ခန္းေအာက္မွက်ယ္က်ယ္ေလာင္ေလာင္ထြက္လာေသာ အသံေၾကာင့္ရႈိင္းကခပ္ေၾကာင္ေၾကာင္ေလးသာ ျပန္ၾကည့္မိသည္။ သည္အခ်ိန္ႀကီး ခြန္းသန္႔ရွိန္၀ါကသူ႔ရပ္ကြက္ထဲဘာလာလုပ္ပါသလဲ။

" မင္းကဘယ္လိုျဖစ္ၿပီး .... "

ရႈိင္းစကားမဆုံးခင္မွာတင္ ခြန္းသန္႔ရွိန္၀ါက သူ႔ကားအတြင္းမွအထုတ္တစ္ထုတ္အားလွမ္းယူကာ တိုက္ခန္းေပၚသို႔စိတ္မရွည္စြာတက္သြား၏။ ရႈိင္းကေတာ့ သူ႔အခန္းေသာ့အားအျမန္ထုတ္ကာ ခြန္းသန္႔အေနာက္သို႔ေျပးလိုက္သြားသည္။ ထိုသို႔မေျပာမဆိုႏွင့္ေရာက္လာတတ္သည့္ ခြန္းသန္႔ေၾကာင့္ရႈိင္းတကယ္အလုပ္ရႈပ္ေနရၿပီျဖစ္သည္။

တီ တီ

အခန္းတံခါးပြင့္သည္ႏွင့္ ခြန္းသန္႔ရွိန္၀ါကအားနာျခင္းမရွိ အတြင္းသို႔ခပ္တည္တည္သာ၀င္သြား၏။ ရႈိင္းကသာ သူ႔အေနာက္မွခပ္ေၾကာင္ေၾကာင္ေလးေလွ်ာက္လိုက္ေနမိတာျဖစ္သည္။

ေခ်ာက္

ခြန္းသန္႔ကတိုက္ခန္းထဲ၀င္သည္ႏွင့္ ရႈိင္းရဲ႕ေရခ်ိဳးခန္းမီးခလုတ္အား အရင္သြားဖြင့္ၾကည့္၏။ ဖြင့္လိုက္ပိတ္လိုက္လုပ္ၾကည့္ေနေသာ္လည္း မီးလင္းမလာတာေၾကာင့္ ခြန္းသန္႔ကမ်က္ေမွာင္ကုတ္ကာရႈိင္းအားလွမ္းၾကည့္သည္။

" က်ဳပ္တို႔သားအဖလာလည္တဲ့ေန႔တည္းက အဲ့မီးသီးကြၽမ္းေနတာေလ ခင္ဗ်ားအခုထိမလဲေသးဘူးလား "

" အဲ့မီးသီးကကြၽမ္းေနတာၾကာၿပီ ငါလည္းမအားလို႔မလဲျဖစ္ေသးတာ "

" မေတာ္တဆအေမွာင္ထဲေခ်ာ္လဲသြားရင္ဘယ္လိုလုပ္မလဲ ခင္ဗ်ားဦးေႏွာက္အႁပြတ္လိုက္ထြက္ၿပီးေသကုန္မွာ "

ခြန္းသန္႔ကစိတ္မရွည္စြာေျပာဆိုရင္း သူအဆင္သင့္ယူလာသည့္အိတ္ထဲမွ မီးသီးအသစ္အားထုတ္ယူလိုက္၏။ ရႈိင္းကေတာ့ ခြန္းသန္႔အျပဳအမူေတြကိုထူးဆန္းစြာၾကည့္႐ုံမွလြဲၿပီး ဘာမွမေျပာႏိုင္ေတာ့ေပ။

" မီးသီးတစ္လုံး 7000ေပးရတယ္ ခင္ဗ်ားေပးရမယ့္အေႂကြးစာရင္းထဲထည့္ထားမယ္ "

" ေနပါဦး ဘယ္သူကမင္းကိုဒါေတြလုပ္ခိုင္းေနလို႔လဲ "

ရႈိင္းက မီးသီးလဲေပးေနသည့္ခြန္းသန္႔အားလွမ္းေမးေတာ့ တစ္ဖက္ေကာင္က ေပကပ္ၿပီးျပန္မေျဖေပ။

" ခြန္းသန္႔ရွိန္၀ါ ! "

" ဘာလဲကြာ "

" ဒီအခ်ိန္ႀကီးမင္းကငါ့အိမ္ဘာလာလုပ္တာလဲ "

" လာခ်င္လြန္းလို႔လာတယ္ထင္မေနနဲ႔ မီးသီးကြၽမ္းေနလို႔လာလဲေပးတာ မဟုတ္ရင္ခင္ဗ်ားတစ္ေယာက္တည္းအႏၲရာယ္ရွိတယ္ "

ခြန္းသန္႔က သူလဲေပးထားသည့္မီးသီးအားေသခ်ာစစ္ေဆးေပးကာ မီးလင္းသည္ဆိုမွ ေရခ်ိဳးခန္းထဲမွထြက္လာ၏။

" ခင္ဗ်ားကိုေစာင့္ေနတာ ေျခေထာက္ေတြေတာင့္ေနေရာပဲ "

ခြန္းသန္႔ရွိန္၀ါက ဆိုဖာေပၚေျခပစ္လက္ပစ္လွဲကာ ညည္းညဴလာ၏။ အခ်ိန္ကား ညဆယ္နာရီထိုးေနၿပီျဖစ္ေသာ္လည္း ထိုေကာင္ကဂ႐ုစိုက္မည့္ပုံမေပၚေပ။

" ေက်းဇူးပဲ "

" ဘာအတြက္လဲ "

" မီးသီးလဲေပးလို႔ "

" ေက်းဇူးတင္တဲ့အသံကလည္း စိတ္ထဲကမပါတဲ့အသံနဲ႔ "

" မင္းလာရစ္မေနနဲ႔ အခ်ိန္ကိုလည္းၾကည့္ဦး ေနာက္က်ေနၿပီ "

" အခုထိဘာမွမစားရေသးဘူး "

တမင္စကားလမ္းေၾကာင္းလႊဲကာ ေျပာေနမွန္းလည္းရႈိင္းသိသည္။သို႔ေပမယ့္ ခြန္းသန္႔ရွိန္၀ါအားသူစကားနာမထိုးခ်င္ေပ။

" သၾကားမုန္႔ဖက္ထုပ္ရွိတယ္ စားမလား "

" အင္း "

ေပကပ္ၿပီးမျပန္ေသးသည့္ ခြန္းသန္႔ရွိန္၀ါအားရႈိင္းႏွင္မထုတ္ရက္ေပ။ သို႔ေပမယ့္အတူရွိသည့္အခ်ိန္တိုင္း အေနခက္ရတာမို႔ထိုေကာင္အား ရႈိင္းၾကာၾကာစကားမေျပာခ်င္ေတာ့တာလည္းပါသည္။

" ေနေနးေကာအိပ္ေပ်ာ္ေနၿပီလား "

" က်ဳပ္သားက ညရွစ္နာရီဆိုအိပ္ၿပီ "

" ကေလးအိပ္တာနဲ႔အျပင္မွာလမ္းသလားေနတယ္ေပါ့ အရင္ကလည္းအဲ့လိုပဲလား "

သူ႔အားမယုံသကၤာၾကည့္လာသည့္ရႈိင္းေၾကာင့္ ခြန္းသန္႔ကဘ၀င္မက်ေပ။ အ၀ေးမွလာကာမီးသီးလဲေပးထားတာေတာင္ ရႈိင္းထံမွေက်နပ္ေစမည့္စကားမ်ိဳးမၾကားရေသးတာေၾကာင့္ သူစိတ္တိုင္းမက်ေသးတာလည္းပါသည္။

" မုန္႔ဖက္ထုပ္က သြားမွာအကုန္ကပ္ေနတယ္ ေရတစ္ခြက္ေပး "

ခြန္းသန္႔ကေရေတာင္းလာေသာ္လည္း ရႈိင္းကေရေႏြးတစ္ခြက္ကိုသာသြားခပ္ရင္း ခြန္းလက္ထဲထည့္ေပး၏။

" ေရေအးနဲ႔ဆိုရင္အဆီေတြမေပ်ာ္ပဲေနလိမ့္မယ္ ေရေႏြးနဲ႔ေသာက္မွအုန္းသီးအဆီအဆိမ့္ေတြကေပ်ာ္က်သြားမွာ "

" ခင္ဗ်ားဟာကတအားပူတယ္ေလ မေသာက္ႏိုင္ဘူး "

" ငါမႈတ္ေပးမယ္ "

ရႈိင္းကအေငြ႕တလူလူထြက္ေနသည့္ ေရေႏြးခြက္အားမႈတ္ေပးကာ ခပ္ေႏြးေႏြးေလးျဖစ္ေအာင္ လုပ္ေပး၏။ ခြန္းသန္႔ကေတာ့ ၿပဳံးစိစိျဖင့္သာရႈိင္းလုပ္ေပးသမွ် ေစာင့္ၾကည့္ေနသည္။

" ေရာ့ ဒီအေနေလးဆိုရင္အေတာ္ပဲ ျဖည္းျဖည္းခ်င္းေသာက္ "

ရႈိင္းမႈတ္ေပးထားသည့္ေရေႏြးအား ခြန္းသန္႔ကတစ္ခါတည္းႏွင့္အကုန္ေမာ့ေသာက္ပစ္၏။ ပုံမွန္ဆို ေရေႏြးေသာက္သည့္အက်င့္က ခြန္းသန္႔ထံတြင္မရွိေပ။ သို႔ေပမယ့္ ရႈိင္းမႈတ္ေပးေသာေရေႏြးကိုေတာ့ ျငင္းဆိုျခင္းမရွိေသာက္ပစ္လိုက္တာျဖစ္သည္။

" ေက်းဇူးပဲေနာ္ ခုနကေသခ်ာမေျပာလိုက္မိလို႔ေလ "

" အေႂကြး7000ေနာ္ "

" ေအးပါ မင္းျပန္ရင္ငါပိုက္ဆံျပန္ေပးလိုက္ပါ့မယ္ "

" ဘယ္သူကပိုက္ဆံျပန္ေတာင္းေနလို႔လဲ "

" မေတာင္းလည္းေပးရမွာပဲ သူမ်ားဆီကေနဘယ္အရာမွအလကားမလိုခ်င္ဘူး "

" ဘယ္သူကခင္ဗ်ားကို အလကားေပးေနလို႔လဲ "

" မင္းမရစ္နဲ႔ "

" ဒါနဲ႔ခင္ဗ်ားငွက္က ဥာဏ္ေကာင္းတာေကာေသခ်ာရဲ႕လား က်ဳပ္သင္ေပးတဲ့စကားကိုအခုထိမေျပာေသးလို႔ေလ "

" မင္းကခဏပဲသင္ေပးလိုက္လို႔ေနမွာေပါ့ ႏွစ္ရက္သုံးရက္ေလာက္သင္ေပးရင္ေတာ့နားရည္၀ၿပီးေျပာတတ္လာမွာ "

" အဲ့တာေၾကာင့္ပဲ ခင္ဗ်ားအိမ္မွာဒီညလာအိပ္တာ "

" ဟမ္ "

ရႈိင္းက အံ့ၾသသြားသည့္ပုံစံျဖင့္တုံ႔ျပန္လာေတာ့ ခြန္းသန္႔ကဆိုဖာေပၚလွဲအိပ္ကာ ရႈိင္းအားစူးစိုက္ၾကည့္လာသည္။

" အေႂကြး7000ကို တညအိပ္တာနဲ႔ေခ်ေပးလိုက္မယ္ "

" ငါ့မွာအခန္းတစ္ခန္းပဲရွိတာ မင္းကိုအိပ္ခိုင္းစရာအခန္းမရွိဘူး "

" ရတယ္ ဒီအျပင္မွာပဲအိပ္မွာ "

ခြန္းသန္႔က အမ်ိဳးမ်ိဳးေပကပ္ကာထြက္မသြားတာမို႔ ရႈိင္းလည္းထပ္မေျပာေတာ့ေပ။

" ဘာလို႔လဲမသိဘူး အခုတေလာခင္ဗ်ားကိုပဲေတြ႕ခ်င္ေနတာ ခင္ဗ်ားမ်က္ႏွာမျမင္ရရင္ က်ဳပ္မွာအားျပတ္ေနသလိုပဲ "

ခြန္းသန္႔က အတည္ေပါက္ေျပာလာတာမို႔ ရႈိင္းရင္ထဲလႈပ္ခတ္သြားရသည္။ အခ်စ္ကေလးက သူ႔ ,အားနည္းခ်က္ကိုမ်ားထိုးႏွက္ေနပါသလား။

" ငါလည္း မင္းကိုအၿမဲေတြ႕ခ်င္မိပါတယ္ "

" ခင္ဗ်ားအေမက သူ႔အမ်ိဳးသားကိုေခၚသလိုမ်ိဳး က်ဳပ္ကိုလည္းျပန္ေခၚၾကည့္ေပးပါလား "

ခြန္းသန္႔အသံက အရင္လိုရဲတင္းမေနပဲ အနည္းငယ္မ၀ံ့မရဲျဖစ္ေနပုံရ၏။ ရႈိင္းရဲ႕မ်က္၀န္းေတြေပၚ အေျဖအသည္းအသန္ရွာေနရပုံက သူ႔အားၾကာရွည္ေစသည္။ စည္းခ်က္မညီစြာ တုန္ယင္ေနသည့္ႏွလုံးခုန္သံေတြကိုလည္း သူကိုယ္တိုင္ပင္ဖုံးကြယ္ေနရၿပီျဖစ္သည္။

" ဆန္းရႈိင္း "

" အင္း "

" အဲ့လိုေလးျပန္ေခၚေပးပါလား ခင္ဗ်ားေျပာခဲ့တယ္ေလ ခင္ဗ်ားအေမက သူ႔အမ်ိဳးသားကိုအဲ့လိုေခၚလိုက္တိုင္း ခင္ဗ်ားသိပ္သေဘာက်တာပါဆို "

ခြန္းသန္႔က သူ႔လက္အားဆုပ္ကိုင္ကာေတာင္းဆိုလာတာမို႔ ရႈိင္းၾကာၾကာမေတာင့္ခံႏိုင္ေပ။ အခ်ိန္တန္ရင္ ထိုအမ်ိဳးသားရဲ႕ေတာင္းဆိုမႈေအာက္တြင္သာ ရႈိင္းအၿမဲက်ရႈံးခဲ့ရတာျဖစ္သည္။

" ေမာင္ "

ရႈိင္းက အသံကိုခပ္တန္းတန္းသာေခၚဆိုသြားတာမို႔ ခြန္းသန္႔ရွိန္၀ါက အသံတိတ္ရယ္သည္။ သို႔ေပမယ့္ သူ႔ရင္ေတြအဆမတန္တုန္ယင္ေနတာျဖစ္သည္။ ဆန္းရႈိင္းမသိႏိုင္ေအာင္ ဖုံးကြယ္ေနရသည္က သူ႔အားတကယ္ကိုစိတ္ရႈပ္ေစတာပင္။ ရႈိင္းကသူ႔ရဲ႕အေျဖအား ေစာင့္ေမွ်ာ္ေနတာမို႔ ခြန္းသန္႔ရွိန္၀ါကရႈိင္းရဲ႕လက္အား တင္းက်ပ္စြာပိုဆုပ္ကိုင္ကာ အနားကပ္သြား၏။

ရွိတယ္ဗ် ~~

16.8.23
Grey

Continue Reading

You'll Also Like

171K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
552K 89K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
32.8K 4.2K 44
لە هەفتە یەکدا تەنها یەک ڕۆژ بە ئاسای بژی18 کووکی : من خیانەتم نەکردوە ن/ت :بینیم کە ماچی ئەوت کرد
297K 29.3K 41
"Maama forgive me! I cant see you in more tears, Zanje Nigeria, i'll look for my Brother, i'll find him and i'll bring him home, I promise". "Baba Ab...