Twenty Six Revenge

By greyvictor25

435K 29.2K 5.3K

Khoon Thant Shein Wah+Sunshine SiThu More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
Final

18

8K 643 159
By greyvictor25

" တို့အစ်ကိုလေးက ကြည့်ကောင်းလိုက်တာ "

အပြင်ထွက်ဖို့အဆင်သင့်ပြင်ဆင်ထားတဲ့ ချန်းမင်းထိုက်အား အိမ်တော်မှမိန်းကလေးတွေက၀ိုင်း၀န်းကာ ချီးကျူးနေကြခြင်းဖြစ်သည်။ ချန်းက ဗုဒ္ဓဟူးနေ့တိုင်းဆေးခန်းပိတ်တာမို့ ဒီအပတ်ပိတ်ရက်မှာ စိုင်မွန်နဲ့ချိန်းဆိုထားတာဖြစ်၏။ နားကောက်သော စိုင်မွန်အားချိန်းဆိုရတာ ချန်းအတွက်မလွယ်ကူပေ။ ဒီတစ်ခါဆုံရင်တော့ သူ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်တော့မှာဖြစ်သည်။
သို့ပေမယ့်စိတ်ထဲတွင်တော့ စိုးရိမ်စိတ်တစ်ခုအား ရေရွတ်လိုက်မိ၏။

" ဟိုခွေးသားလေး မပါလာပါစေနဲ့ "

×××××××××××

ချိန်းဆိုထားသောစားသောက်ဆိုင်၌ ချန်းကအရင်ရောက်အောင်လာကာအဆင်သင့်စောင့်နေသည်။ စိုင်မွန်အားဖွင့်ပြောဖို့ အဆင်သင့်မဖြစ်သေးသော်လည်း ခံစားချက်အချို့တော့ထုတ်ဖော်ပြချင်မိသည်။သို့ပေမယ့် စိုင်မွန်ရဲ့ခံစားချက်ကခွန်းအပေါ်တွင်သာ ဦးတည််လျှက်ရှိ၏။ တဖက်သတ်အချစ်က ချန်းအတွက်အထီးကျန်ကာ နာကျင်ရသည်။

" အစ်ကို "

ရင်းနှီးနေသောအသံကြောင့် ချန်းက၀မ်းသာအားရလှည့်ကြည့်၏။သို့ပေမယ့် ထိုအပြုံးကကြာကြာမခံပေ။ စိုင်မွန်ဘေးမှ ငရှုပ်ကောင်ကြောင့် ချန်းစိတ်ပျက်သွားရသည်။ ထိုကောင်တမင်သပ်သပ် လိုက်ရှုပ်နေမှန်း ချန်းသိ၏။ ချန်းကမျက်နှာပျက်နေတာမို့ ခွန်းသန့်ရှိန်၀ါက ပြုံးစိစိနှင့်လှောင်ပြောင်ပြသည်။

" ရှိန်၀ါ "

" ဘာလဲ "

" မင်းငါနဲ့ခဏစကားပြောရအောင် "

ချန်းမင်းထိုက်က ခွန်းသန့်အားအခြားစားပွဲ၀ိုင်းသို့ဆွဲခေါ်ကာ ခပ်တည်တည်စိုက်ကြည့်၏။ အရိပ်အကဲနားမလည်တဲ့ကောင်အား ချန်းတကယ်စိတ်ပျက်မိပါသည်။

" မင်းဘာရည်ရွယ်ချက်နဲ့လိုက်လာတာလဲ စိုင်မွန်နဲ့တစ်ခါတွေ့ရဖို့အရေး ငါဘယ်လောက်ထိချိန်းဆိုထားရလဲဆိုတာမင်းသိလား "

" ဘာရည်ရွယ်ချက်မှမရှိဘူး ဒီအတိုင်းငါကပျင်းလို့လိုက်လာတာ "

" တည့်ပဲမေးတော့မယ် မင်းစိုင်မွန်ရှင်းခန့်ကိုချစ်လား "

ချန်းမင်းထိုက်က အတည်ပေါက်မေးလာတာမို့ ခွန်းသန့်ကမျက်မှောင်ကုတ်ကာ နှုတ်ဆိတ်သွား၏။ ခွန်းသန့်ရှိန်၀ါရဲ့အပြုအမူအားကြည့်တာနှင့် ချန်းခန့်မှန်းလို့ရတာဖြစ်သည်။

" မင်းစိုင်မွန်ကိုမချစ်ဘူးဆိုတာငါသိတယ်ရှိန်၀ါ မင်းစိတ်ကြိုက်ကစားနေတဲ့သူတွေထဲမှာ ငါ့ကောင်လေးကိုမထည့်နဲ့။ သူစိတ်ဆင်းရဲရင် ငါလည်းမနေတတ်ဘူး "

ခွန်းသန့်ရှိန်၀ါက ထုံပေပေဖြင့်သာ တုံ့ပြန်လာသည်။ အခုတလော မည်သူနှင့်မျှသတင်းမထွက်ပဲ ခြေငြိမ်နေတဲ့ခွန်းသန့်အား ချန်းစူးစမ်းချင်လာ၏။ ဘာအကြောင်းကြောင့်များ ငြိမ်သက်နေလဲဆိုတာချန်းသိချင်တာဖြစ်သည်။

" မင်းအခုဘယ်သူနဲ့တွဲနေလဲ "

" ဘယ်သူနဲ့မှမတွဲဘူး "

" ဒါဆိုအီစီကလီလုပ်နေတဲ့ကောင်မလေး ဘယ်နှယောက်ရှိပြီလဲ "

" ဘယ်သူနဲ့မှမလုပ်ဘူး စိတ်ရှုပ်လိို့ "

" ခွန်းသန့်ရှိန်၀ါတို့ခြေငြိမ်နေတာနော် ဘယ်သူ့ဆီမှာခြေငြိမ်နေတာလဲ "

ချန်းကစကားနှိုက်ကာ မေးသော်လည်းခွန်းသန့်ရှိန်၀ါက ပေကပ်ကပ်ဖြင့်မပြောပေ။

" ငါတို့နှစ်ယောက်ကို စိုင်မွန်စောင့်နေလောက်ပြီ သွားရအောင် "

ချန်းက သူတို့စားပွဲရှိရာပြန်ခေါ်လာပြီး အစားအသောက်များမှာပေး၏။ ချန်းက စိုင်မွန်အားအသေးစိတ်အပြုအမူကအစ ဂရုစိုက်ပေးတာဖြစ်သည်။ စိုင်မွန်ကလည်း ချန်းရဲ့အပြုအမူတွေကိုစောင့်ကြည့်နေပုံရ၏။ သို့ပေမယ့် နေရာတကာ၀င်ရှုပ်လွန်းတဲ့ ခွန်းသန့်ရှိန်၀ါကြောင့် ချန်းမလွတ်လပ်ပေ။

" ဒါနဲ့ဟိုတနေ့က ငါ့ရဲ့Instagramကို ဟိုအစ်ကိုလာ Followသွားသေးတယ် ဆန်းရှိုင်းဘာဆိုလားပဲ "

စကားဆုံးသည်နှင့် ခွန်းသန့်ရှိန်၀ါက ပါးစပ်ထဲ၀ါးလက်စအစားကိုငုံထားကာ ချန်းအားမော့ကြည့်၏။ ဆန်းရှိုင်းဆိုသော အသံကြားသည်နှင့် အပြုအမူထူးဆန်းလာသောခွန်းသန့်ရှိန်၀ါအား ချန်းရိပ်မိနေတာဖြစ်သည်။ အခုတလော ရှိုင်းနဲ့သာတွဲသွားတွဲလာဖြစ်နေသည်ကို စိုင်မွန်ပြောပြလို့ချန်းသိပြီးပြီဖြစ်သည်။ ထို့ကြောင့်လည်း ခွန်းသန့်ရှိန်၀ါရဲ့စိတ်အားတမင်ထိုးဆွလိုက်တာဖြစ်သည်။ အထူအပါးနားမလည်တဲ့ခွန်းသန့်ရှိန်၀ါအား ချန်းပြန်၍လက်စားချေလိုက်ပြီဖြစ်သည်။

" အဲ့အစ်ကိုက ခင်တတ်တဲ့ပုံပါပဲ ငါဟိုနေ့ကတင်ထားတဲ့ပုံတောင် အသဲလာပေးသွားသေးတယ် "

အသဲပေးသွားသည်ဆိုသောစကားကြောင့် ခွန်းသန့်မကျေနပ်ပေ။သူတင်ထားသည့်ပုံတွေကိုတော့ ရှိုင်းကတစ်ခါလေးတောင်မှအသဲမပေးပေ။ သဘောကျနေသည်ဆိုလျှင် အသဲတော့ပေးသင့်သည်။ သို့ပေမယ့် ယခုတော့ခွန်းသန့်အတွေးပိုများနေရပြီဖြစ်သည်။ Instagramထဲစကားသွားပြောရင်လည်း သူကသာအရင်စပြောရတာဖြစ်သည်။ စကားအကောင်းပြောနေရင်လည်း ရှိုင်းကသူ့အားစိတ်မရှည်။ အကယ်၍ ရှိုင်းကသူ့အားစိတ်၀င်စားနေတာမဟုတ်ပဲ ချန်းမင်းထိုက်အားစိတ်၀င်စားနေခဲ့ပါလျှင်......။အတွေးပင်မဆုံးသေး ချန်းမင်းထိုက်က သူ့အားအခြားစကားများနှင့်ထိုးနှက်လာသည်။

" ဟိုနေ့ကလည်း ငါ့ကိုစကားလာပြောသွားသေးတယ် "

" ဘာပြောသွားတာလဲ "

" ငါက IG Storyမှာ ( အလုပ်တွေများနေလို့နေ့လည်စာနဲ့ညစာပေါင်းစားနေရပြီ)လို့တင်ထားတာကွာ အဲ့တာကိုအဲ့အစ်ကိုက ဂရုစိုက်ပါဗျဆိုပြီးလာပို့သွားတာ "

ရှိုင်းဘက်မှ ရိုးရိုးသားသားနှင့်တုံ့ပြန်သွားတာကိုချန်းသိသော်လည်း တဖက်ကောင်ခံရခက်သွားအောင်ပြောလိုက်ခြင်းဖြစ်သည်။ အစားပင်ဆက်မစားနိုင်အောင် မျက်နှာပျက်သွားသည့်ခွန်းသန့်ရှိန်၀ါကြောင့် ချန်းရယ်ချင်မိ၏။ထိုကောင်ရဲ့အားနည်းချက်အား ချန်းသိလိုက်ပြီဖြစ်သည်။

" ငါပြန်တော့မယ် အလုပ်ကိစ္စရှိသေးတယ် "

ခွန်းသန့်ရှိန်၀ါက ချက်ချင်းဆိုသလိုထိုဆိုင်မှထွက်ဟန်ပြုတာမို့ စိုင်မွန်ကပါအတူမတ်တပ်လိုက်ရပ်၏။

" ဘာအလုပ်ကိစ္စလဲ ကျွန်တော်လိုက်ခဲ့ပေးရမလား "

" ရတယ်စိုင်း ချန်းမင်းထိုက်နဲ့သာအေးအေးဆေးဆေးစကားပြောပြီးကျန်ခဲ့လိုက်နော်။ ငါအခြားကိစ္စလေးရှိသေးလို့ ညနေမှအိမ်ပြန်လာခဲ့မယ် သားကိုလည်းငါပဲ၀င်ခေါ်ခဲ့မယ် "

စားလက်စအစားအစာတွေကိုတောင် ပစ်ထားခဲ့ရတဲ့အထိဘာတွေများ အရေးကြီးနေသလဲဆိုတာစိုင်မွန်မတွေးတတ်တော့ပေ။ ဒီရက်ပိုင်းအတွင်း ခွန်းသန့်ရှိန်၀ါရဲ့အပြုအမူတွေကအတော်လေးပြောင်းလဲလာပြီဖြစ်သည်။ သူ့အပေါ်သံယောဇဥ်လျော့မှာကိုကြောက်နေမိသော်လည်း နှစ်ယောက်သားဆက်ဆံရေးက ဘာမှမသက်ဆိုင်တာမို့ ၀င်ရောက်စွက်ဖက်ခွင့်လည်းမရှိပေ။ လူကိုစိတ်ထင်တိုင်း အမျိုးမျိုးလှည့်စားနေတတ်သည့်ကောင်ဆိုးလေးကိုသာ အပြစ်တင်ချင်မိ၏။

××××××××××××

" ကျုပ်ဒီမှာ "

စားပွဲ၀ိုင်းထောင့်စွန်းမှလက်လှမ်းပြလာသည့် ခွန်းသန့်ကြောင့် ရှိုင်းခပ်သုတ်သုတ်လေးဆိုင်အတွင်းသို့၀င်လာလိုက်၏။ ဘာကိစ္စကြောင့်သူ့အား အရေးတကြီးလှမ်းခေါ်သလဲမသိပေမယ့် နေ့ခင်းကြောင်တောင်ဘီယာဆိုင်အတွင်းချိန်းဆိုသည့် ခွန်းသန့်ရှိန်၀ါကိုတော့ ရှိုင်းအံ့သြမိသည်။

" ဘီယာငါးခွက်မှာထားတယ် ခင်ဗျားသုံးခွက်သောက် ကျုပ်ကနှစ်ခွက်သောက်မယ် "

ထိုင်ခုံပေါ်ထိုင်လိုက်သည်နှင့် ဘီယာအတင်းသောက်ခိုင်းနေသည့်ကောင်ကြောင့် ရှိုင်းမသင်္ကာတော့ပေ။ ခွန်းသန့်ရှိန်၀ါပုံကလည်း တစ်စုံတစ်ခုကိုမကျေမနပ်ဖြစ်နေပုံရ၏။

" ငါမသောက်ဘူး မင်းပဲသောက် "

" မရဘူး ခင်ဗျားသောက်ရမှာ "

" နေပါဦး ဘယ်လိုဖြစ်လို့မင်းပုံစံကအလောတကြီးဖြစ်နေရတာလဲ "

" ဘာမှမဖြစ်ဘူး အလောတကြီးဖြစ်တာကျုပ်ရဲ့စတိုင် "

ခွန်းသန့်ရှိန်၀ါက မျက်မှောင်ကုတ်တာပြောရင်းဘီယာတစ်ခွက်အားမော့သောက်၏။ ရှိုင်းကတော့လက်ပိုက်ကာ ထိုကောင်အားအကဲခတ်နေသည်။

" ခင်ဗျားလည်းသောက်လေ "

" ဒီရက်ပိုင်း အရက်သေစာရှောင်ထားတယ် အရက်သောက်တာလည်းငါ့အမေမကြိုက်ဘူးလေ "

" အခုက ခင်ဗျားအမေမှမရှိပဲလေ "

ဘီယာသောက်ခိုင်းဖို့အရေး အမျိုးမျိုးငြင်းဆိုနေသည့်ရှိုင်းကြောင့် ခွန်းစိတ်မရှည်တော့ပေ။ ရှိုင်းကိုမူးအောင်သောက်ခိုင်းကာ စကားနှိုက်မေးချင်တာမို့ သူ့အကြံအစည်အောင်မြင်မှဖြစ်မည်။ ဒါမှလည်း ရှိုင်းအမှန်တကယ်ချစ်ခင်တဲ့သူက ဘယ်သူမှန်းသူအသေအချာသိနိုင်မှာဖြစ်သည်။

" ကျုပ်တစ်ခွက်ကုန်ပြီ ခင်ဗျားအခုထိတစ်ခွက်မှမသောက်ရသေးဘူး "

" မသောက်ချင်ဘူး ငါအလုပ်ကိစ္စလေးတွေရှိသေးတယ် "

ရှိုင်းဘက်က ကောင်းမွန်စွာငြင်းဆိုလိုက်သော်လည်း ခွန်းသန့်ရှိန်၀ါကလက်မခံပေ။ ဖုန်းနဲ့တကူးတကချိန်းဆိုကာ ဘာကြောင့်များဘီယာတွေစွတ်တိုက်နေမှန်း ရှိုင်းနားမလည်တော့ပေ။ ဒီရက်ပိုင်းအတွင်း ခွန်းသန့်ရဲ့အတိတ်နောက်ကြောင်းနဲ့ပတ်သတ်ပြီး ရှိုင်းစုံစမ်းနေတာဖြစ်၏။ လွန်ခဲ့သောနှစ်က အမှုလာဖွင့်သွားသည့်မျက်မြင်သက်သေကိုလည်း ရှိုင်းကြိုးစားကာလိုက်ရှာနေတုန်းဖြစ်သည်။ ဒါမှလည်း ခွန်းသန့်အတွက်သူအထောက်အကူပေးနိုင်မှာပင်။

" ကြည့်ရတာခင်ဗျားကမသောက်နိုင်ဘူးထင်တယ် ဒါဆိုလည်းကျုပ်ပဲအကုန်သောက်ပစ်တော့မယ် "

ခွန်းသန့်ရှိန်၀ါကရှိသမျှခွက်တွေအကုန်ဆွဲယူသွားတာမို့ ရှိုင်းကလက်လှမ်းတားကာ ဘီယာသုံးခွက်အားလှမ်းယူလိုက်၏။ ခွန်းသန့်ရှိန်၀ါမူးရင် သူတကယ်စိတ်ညစ်ရတာမို့ ထိုကောင်အားမမူးစေချင်တော့ပေ။ဘီယာတစ်ခွက်အား တစ်ကျိုက်တည်းနှင့်မော့သောက်ပစ်တော့ ခွန်းသန့်ရှိန်၀ါက မျက်လုံးပြူးကာသူ့အားစောင့်ကြည့်လာသည်။

" ခင်ဗျားကို တစ်ခုမေးဦးမယ် "

" ဘာမေးမှာလဲ "

" ခင်ဗျားဘာဖြစ်လို့ ချန်းမင်းထိုက်ကိုသွား Followရတာလဲ "

" ငါ့အကောင့်ထဲမှာ Suggested For Youအနေနဲ့ပေါ်လာလို့ သွားFollowလိုက်တာလေ အခြားအထွေအထူးတော့မရှိပါဘူး "

" သြော် အထွေအထူးမရှိလို့ တင်သမျှပုံတွေအသည်းသွားပေးတာပေါ့ "

ခွန်းသန့်ရှိန်၀ါက တစ်ယောက်တည်းရေရွတ်ကာ ဘီယာနောက်တစ်ခွက်အားမော့သောက်၏။ ရှိုင်းကတော့ စူပုတ်ပုတ်ဖြစ်နေသည့်ကောင်အားစကားမပြောပဲ ငြိမ်သက်စွာဖြင့်အတူသောက်ပေးသည်။

အချိန်အတော်ကြာသည်အထိ ရှိုင်းပုံစံကလုံး၀မပျက်ယွင်းပေ။ ဘီယာရှစ်ခွက်ကုန်သည်အထိသောက်ပြီးတာတောင် ရှိုင်းကလုံး၀မမူးပေ။ ခွန်းသန့်ကသာဘီယာသုံးခွက်လောက်နှင့်မျက်နှာတွေရဲလာတာဖြစ်သည်။ ရှိုင်းမူးသည့်အချိန်ကို သူမျှော်နေမိသော်လည်း သူကသာအမြင်တွေ၀ေ၀ါးလာတာဖြစ်၏။

" မူးလိုက်တာ "

ခွန်းသန့်ရှိန်၀ါက ရီ၀ေ၀ေဖြင့်စားပွဲပေါ်ခေါင်းမှောက်အိပ်တော့ ရှိုင်းကခွန်းရဲ့ပါးနှစ်ဖက်အား ရေခဲဖြင့်ကပ်ပေးသည်။

" ငါပြောသားပဲ မသောက်နိုင်ရင်မသောက်ပါနဲ့လို့ပြောခဲ့တာကို "

" ခင်ဗျားကမမူးပဲ ကျုပ်ကမူးနေပြီ အင့် "

ခွန်းသန့်ရှိန်၀ါက ပလုံးပထွေးပြောရင်းခေါင်းမှောက်ငို၏။ မူးရင်ငိုတတ်သည့်အကျင့်ကြောင့် ရှိုင်းအရှေ့တွင်အများကြီးသတိထားခဲ့သော်လည်း သူအလွန်အကျွံသောက်မိသွားပြီဖြစ်သည်။

" အရှက်ကလည်းမရှိဘူး မင်းက,ကလေးအဖေနော် ကိုယ့်ကိုယ်ကိုလူပျိုထင်မနေနဲ့ "

" ကလေးအဖေလည်း လူပျိုပဲလေဗျ...ခင်ဗျားဘာမှမသိပဲမပြောနဲ့ "

ခွန်းသန့်ရှိန်၀ါက သူ့ပါးပြင်ပေါ်ရေခဲကပ်ပေးနေသည့်ရှိုင်းရဲ့လက်တွေအား ဆွဲဖယ်လိုက်၏။ သဘောက သူစိတ်မကြည်ဘူးဆိုသည့်ပုံပင်။

" ငိုမနေနဲ့တော့ မင်းအိမ်ပြန်နိုင်ရဲ့လား "

ခွန်းသန့်ရှိန်၀ါက ခေါင်းမှောက်ပြီးတရှုံ့ရှုံ့သာငိုနေတာမို့ ရှိုင်းလည်းမနေသာတော့ပေ။ ရှင်းစရာပိုက်ဆံများကိုစားပွဲပေါ်တင်ပေးပြီးနောက်ခွန်းသန့်ရှိန်၀ါအားဆွဲထူ၏။ သို့ပေမယ့် ထိုကောင်ကပေကပ်ပြီးမထပေ။

" ခွန်းသန့်ရှိန်၀ါ!! "

" ဘာလဲ...ကွာ "

" အဲ့ခြေထောက်တွေသေချာရပ်လေ မင်းဒီလိုပဲပေကပ်နေရင် ငါထားခဲ့တော့မှာ "

ရှိုင်းကအသံကိုတင်းကာပြောလိုက်တော့ သူ့ခြေထောက်တွေကိုသေချာရပ်ကာ ရှိုင်းပခုံးအားသေချာဖက်တွယ်လာသည်။
ဘယ်လောက်ဆိုးဆိုးရှိုင်းကအပြစ်မမြင်ရက်တာမို့ ခွန်းသန့်ရှိန်၀ါရဲ့အကျင့်ဆိုးများကိုလည်း ရှိုင်းလက်ခံလာနိုင်ပြီဖြစ်သည်။

" မင်းကတော့လေ နေ့ခင်းကြောင်တောင်လည်းမူးနေတော့တာပဲ "

ရှိုင်းက ကားထဲအရောက်ပြန်ပို့ပေးတာမို့ ခွန်းသန့်ရှိန်၀ါကမျက်လုံးစုံမှိတ်ကာ ရှိုင်းခန္ဓာကိုယ်အားမှီတွယ်လာ၏။ ရှိုင်းအားမေးမည့် မေးခွန်းတွေကိုလည်းသူမမှတ်မိတော့ပေ။ လက်ရှိတွင်တော့ ရှိုင်းမေးသမျှသာ သူဖြေနေရတာဖြစ်သည်။

" အိမ်ကောပြန်နိုင်ရဲ့လား ဒီလိုပုံစံနဲ့ဘယ်လိုပြန်မလဲ "

" မပြန်နိုင်ဘူး "

" မင်းက တော်တော်အလုပ်ရှုပ်တာပဲ "

" ဟုတ်မှာပါ အဲ့တာကြောင့်ချန်းမင်းထိုက်ကိုအသည်းသွားပေးတာနေမှာပေါ့ "

ဘယ်လိုကြောင့်များ ထိုအကြောင်းအရာကိုထပ်တလဲလဲပြောနေမှန်း ရှိုင်းမသိတော့ပေ။ သူ့လက်မောင်းပေါ်ခေါင်းမှီအိပ်လာသည့် ခွန်းသန့်အား ငုံ့ကြည့်တော့အရက်ရှိန်ကြောင့်နှာခေါင်းထိပ်လေးတွေပင်နီနေပြီဖြစ်သည်။ ငြိမ်သက်စွာအိပ်နေတာမို့ ရှိုင်းလည်းတွန်းမဖယ်ရက်ပေ။ သူ့အား ထိုသို့ကပ်တွယ်လာတိုင်းရှိုင်းအနေခက်ရတာဖြစ်သည်။ ခပ်ရဲရဲဖြစ်နေသည့် နှုတ်ခမ်းတစုံအား ရှိုင်းအချိန်ကြာကြာစိုက်မကြည့်ရဲတာလည်းပါသည်။

ခွန်းသန့်ရှိန်၀ါက သူ့ခေါင်းဖြင့်ရှိုင်းရဲ့လက်မောင်းအားတိုး၀ေ့ကာ ပခုံးပေါ်ခေါင်းမှီလာပြန်၏။ လူကိုစိတ်ကြိုက်လုပ်နေသည်က ဘာဖြစ်ချင်နေမှန်းရှိုင်းတကယ်မသိ။ အချိန်ကြာကြာနှစ်ယောက်ပူးကပ်နေရတာမို့ ရှိုင်းအသက်၀၀တောင်မရှုရဲပေ။ သူ့ခံစားချက်တွေကို နားမလည်နိုင်သေးသည့် အချစ်ကလေးအားရှိုင်းသေချာငေးကြည့်ကာ ပြုံးလိုက်မိ၏။ ထိုလူနှင့်အတူရှိတိုင်း ရှိုင်းပျော်ရွှင်ရသည်။တစ်ခါတစ်လေ ထိုအဆိုးအပေကောင်ဆိုးလေးအား ထွေးပွေ့ကာနမ်းရှုံ့ပစ်ချင်မိ၏။ သို့ပေမယ့် စိတ်ကူးထဲတွင်သာအခါခါနမ်းရှိုက်ဖူးတာဖြစ်သည်။

" ခွန့်သန့်ရှိန်၀ါ "

" ........ "

" ရှိန်၀ါ "

" ....... "

နားအနားကပ်ကာခေါ်နေတာတောင် ခွန့်သန့်ရှိန်၀ါကပြန်မထူးပေ။မျက်လုံးတွေမို့မောက်ကာ ခေါင်းမထောင်နိုင်တာမို့ ထိုကောင်လေးအတော်မူးနေမှန်းကိုလည်းရှိုင်းရိပ်မိတာဖြစ်သည်။

" ခေါင်းမူးနေတုန်းပဲလား ခွန်းသန့်ရှိန်၀ါ "

" .... "

" ခွန်းသန့် "

" ....... "

" အချစ်ကလေး "

မူးနေသည့်သူအား မ၀ံ့မရဲခေါ်၀ေါ်လိုက်တော့ ခွန်းသန့်ရှိန်၀ါကမျက်နှာမော့ကာသူ့အား ရီ၀ေစွာစူးစိုက်ကြည့်လာသည်။ သို့ပေမယ့် မျက်လုံးတွေကအရှင်းမပွင့်ပေ။ အမှန်တကယ်မူးနေတာမို့ ရှိုင်းရဲ့ခေါ်သံကိုလည်း သူသဲကွဲစွာမကြားရတာဖြစ်သည်။

" အင့် "

အရဲစွန့်ကာ ခိုးနမ်းလိုက်တော့ ခွန်းသန့်ရှိန်၀ါကဘာမှမတုံ့ပြန်ပေ။ထိုကောင်မူးနေလို့သာ ရှိုင်းနမ်းရဲတာဖြစ်သည်။

ဒုတိယအနမ်းအား ခွန်းသန့်ရှိန်၀ါရဲ့နှုတ်ခမ်းပေါ်ပုံအပ်ပစ်လိုက်တာမို့ ရှိုင်းစိတ်သက်သာရာရသွားပြီဖြစ်သည်။ တိတ်တခိုးအချစ်က နာကျင်ရသော်လည်း ထိုခံစားချက်အားရှိုင်းဖော်ထုတ်ဖို့ ကြိုးစားမှာမဟုတ်ပေ။ ယခုလည်းခွန်းသန့်ရှိန်၀ါက ဘာကိုမှမမှတ်မိတာမို့ရှိုင်းအတွက် အသက်ရှုချောင်သေးသည်ဟုဆိုရမည်။ မဟုတ်ရင် ထိုကောင်အားရှိုင်းမျက်နှာချင်းဆိုင်ရဲတော့မှာမဟုတ်ပေ။

" အခုချိန်မှာ မင်းရဲ့စိတ်ထဲဘယ်သူကနေရာယူထားလဲဆိုတာ ငါသိပ်သိချင်တာပဲ တစ်ချိန်ကမင်းရဲ့အမျိုးသမီးကတော့အတော်ကံကောင်းခဲ့မှာပဲနော် "

ရှိုင်းက ခွန်းသန့်ရဲ့ပါးပြင်အားခပ်ဖွဖွပွတ်ပေးကာ တစ်ယောက်တည်းစကားပြော၏။ ခွန်းသန့်က သူ့ပခုံးပေါ်ခေါင်းမှီထားတာမို့ ရှိုင်းအသက်တောင်ပြင်းပြင်းမရှုရဲပေ။

" မင်းလိုအပ်တဲ့အချိန်တိုင်း ငါ့ကိုအမြဲဖုန်းဆက်ပြီးနှိပ်စက်ဖို့စိတ်ကူးထားတာလား မင်းကတကယ်မျက်နှာများတာပဲ ဟိုတစ်ခါကလပ်မှာတွေ့ခဲ့တဲ့ကောင်မလေးကိုလည်း မင်းကဖုန်းနံပါတ်တောင်းခဲ့သေးတာ"

ရှိုင်းကတစ်ယောက်တည်းရေရွတ်ရင်း ခွန်းသန့်ရဲ့နားထင်အား ခပ်ဖွဖွနှိပ်ပေးသည်။ခွန်းသန့်ရဲ့ပုံမှန်အသက်ရှုသံကိုလည်း ရှိုင်းခိုးနားထောင်ကာ ပြုံးလိုက်မိ၏။ အချစ်ကလေးက သူ့ပခုံးပေါ်တကယ်အိပ်ပျော်နေတာဖြစ်သည်။

" မင်းကိုချစ်တယ် "

စကားလုံးတစ်ခုချင်းစီကို ပြတ်သားစွာခေါ်ဆိုရင်းရှိုင်းကိုယ်တိုင်ပင် ခွန်းသန့်ရဲ့ခေါင်းပေါ်ပြန်မှီကာ ခဏမှေးလိုက်၏။ ထိုအချိန်ခဏလေးအား ရပ်တန့်ပစ်ချင်မိတဲ့အထိ ရှိုင်းကြည်နူးမိတာဖြစ်သည်။

" အချစ်ကလေးကို ချစ်တယ် "

စကားအဆုံး၌ ခွန်းသန့်ရဲ့နှုတ်ခမ်းထောင့်၌ သိသိသာသာအပြုံးရေးထင်ဟပ်သွားတော့သည်။ အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ရင်ခုန်သံကိုလည်း သူကိုယ်တိုင်ကြုံတွေ့နေရပြီဖြစ်သည်။ ရှိုင်းသာမျက်လုံးဖွင့်ကြည့်ခဲ့ပါလျှင် နီရဲနေတဲ့သူ့ပါးနှစ်ဖက်ကိုမြင်တွေ့ရအုံးမှာဖြစ်၏။
ခွန့်သန့်ပို၍နားလည်လာသည်က ရှိုင်းကခွန်းမူးနေသည့်အချိန်မှသာ အမှန်အတိုင်း၀န်ခံတတ်တာကိုပင်ဖြစ်သည်။

9.8.23
Grey

×××××

" တို႔အစ္ကိုေလးက ၾကည့္ေကာင္းလိုက္တာ "

အျပင္ထြက္ဖို႔အဆင္သင့္ျပင္ဆင္ထားတဲ့ ခ်န္းမင္းထိုက္အား အိမ္ေတာ္မွမိန္းကေလးေတြက၀ိုင္း၀န္းကာ ခ်ီးက်ဴးေနၾကျခင္းျဖစ္သည္။ ခ်န္းက ဗုဒၶဟူးေန႔တိုင္းေဆးခန္းပိတ္တာမို႔ ဒီအပတ္ပိတ္ရက္မွာ စိုင္မြန္နဲ႔ခ်ိန္းဆိုထားတာျဖစ္၏။ နားေကာက္ေသာ စိုင္မြန္အားခ်ိန္းဆိုရတာ ခ်န္းအတြက္မလြယ္ကူေပ။ ဒီတစ္ခါဆုံရင္ေတာ့ သူ႔ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းထုတ္ေဖာ္ေတာ့မွာျဖစ္သည္။
သို႔ေပမယ့္စိတ္ထဲတြင္ေတာ့ စိုးရိမ္စိတ္တစ္ခုအား ေရ႐ြတ္လိုက္မိ၏။

" ဟိုေခြးသားေလး မပါလာပါေစနဲ႔ "

×××××××××××

ခ်ိန္းဆိုထားေသာစားေသာက္ဆိုင္၌ ခ်န္းကအရင္ေရာက္ေအာင္လာကာအဆင္သင့္ေစာင့္ေနသည္။ စိုင္မြန္အားဖြင့္ေျပာဖို႔ အဆင္သင့္မျဖစ္ေသးေသာ္လည္း ခံစားခ်က္အခ်ိဳ႕ေတာ့ထုတ္ေဖာ္ျပခ်င္မိသည္။သို႔ေပမယ့္ စိုင္မြန္ရဲ႕ခံစားခ်က္ကခြန္းအေပၚတြင္သာ ဦးတည္္လွ်က္ရွိ၏။ တဖက္သတ္အခ်စ္က ခ်န္းအတြက္အထီးက်န္ကာ နာက်င္ရသည္။

" အစ္ကို "

ရင္းႏွီးေနေသာအသံေၾကာင့္ ခ်န္းက၀မ္းသာအားရလွည့္ၾကည့္၏။သို႔ေပမယ့္ ထိုအၿပဳံးကၾကာၾကာမခံေပ။ စိုင္မြန္ေဘးမွ ငရႈပ္ေကာင္ေၾကာင့္ ခ်န္းစိတ္ပ်က္သြားရသည္။ ထိုေကာင္တမင္သပ္သပ္ လိုက္ရႈပ္ေနမွန္း ခ်န္းသိ၏။ ခ်န္းကမ်က္ႏွာပ်က္ေနတာမို႔ ခြန္းသန္႔ရွိန္၀ါက ၿပဳံးစိစိႏွင့္ေလွာင္ေျပာင္ျပသည္။

" ရွိန္၀ါ "

" ဘာလဲ "

" မင္းငါနဲ႔ခဏစကားေျပာရေအာင္ "

ခ်န္းမင္းထိုက္က ခြန္းသန္႔အားအျခားစားပြဲ၀ိုင္းသို႔ဆြဲေခၚကာ ခပ္တည္တည္စိုက္ၾကည့္၏။ အရိပ္အကဲနားမလည္တဲ့ေကာင္အား ခ်န္းတကယ္စိတ္ပ်က္မိပါသည္။

" မင္းဘာရည္႐ြယ္ခ်က္နဲ႔လိုက္လာတာလဲ စိုင္မြန္နဲ႔တစ္ခါေတြ႕ရဖို႔အေရး ငါဘယ္ေလာက္ထိခ်ိန္းဆိုထားရလဲဆိုတာမင္းသိလား "

" ဘာရည္႐ြယ္ခ်က္မွမရွိဘူး ဒီအတိုင္းငါကပ်င္းလို႔လိုက္လာတာ "

" တည့္ပဲေမးေတာ့မယ္ မင္းစိုင္မြန္ရွင္းခန္႔ကိုခ်စ္လား "

ခ်န္းမင္းထိုက္က အတည္ေပါက္ေမးလာတာမို႔ ခြန္းသန္႔ကမ်က္ေမွာင္ကုတ္ကာ ႏႈတ္ဆိတ္သြား၏။ ခြန္႔သန္႔ရွိန္၀ါရဲ႕အျပဳအမူအားၾကည့္တာႏွင့္ ခ်န္းခန္႔မွန္းလို႔ရတာျဖစ္သည္။

" မင္းစိုင္မြန္ကိုမခ်စ္ဘူးဆိုတာငါသိတယ္ရွိန္၀ါ မင္းစိတ္ႀကိဳက္ကစားေနတဲ့သူေတြထဲမွာ ငါ့ေကာင္ေလးကိုမထည့္နဲ႔။ သူစိတ္ဆင္းရဲရင္ ငါလည္းမေနတတ္ဘူး "

ခြန္႔သန္႔ရွိန္၀ါက ထုံေပေပျဖင့္သာ တုံ႔ျပန္လာသည္။ အခုတေလာ မည္သူႏွင့္မွ်သတင္းမထြက္ပဲ ေျခၿငိမ္ေနတဲ့ခြန္းသန္႔အား ခ်န္းစူးစမ္းခ်င္လာ၏။ ဘာအေၾကာင္းေၾကာင့္မ်ား ၿငိမ္သက္ေနလဲဆိုတာခ်န္းသိခ်င္တာျဖစ္သည္။

" မင္းအခုဘယ္သူနဲ႔တြဲေနလဲ "

" ဘယ္သူနဲ႔မွမတြဲဘူး "

" ဒါဆိုအီစီကလီလုပ္ေနတဲ့ေကာင္မေလး ဘယ္ႏွေယာက္ရွိၿပီလဲ "

" ဘယ္သူနဲ႔မွမလုပ္ဘူး စိတ္ရႈပ္လိို႔ "

" ခြန္းသန္႔ရွိန္၀ါတို႔ေျခၿငိမ္ေနတာေနာ္ ဘယ္သူ႔ဆီမွာေျခၿငိမ္ေနတာလဲ "

ခ်န္းကစကားႏႈိက္ကာ ေမးေသာ္လည္းခြန္းသန္႔ရွိန္၀ါက ေပကပ္ကပ္ျဖင့္မေျပာေပ။

" ငါတို႔ႏွစ္ေယာက္ကို စိုင္မြန္ေစာင့္ေနေလာက္ၿပီ သြားရေအာင္ "

ခ်န္းက သူတို႔စားပြဲရွိရာျပန္ေခၚလာၿပီး အစားအေသာက္မ်ားမွာေပး၏။ ခ်န္းက စိုင္မြန္အားအေသးစိတ္အျပဳအမူကအစ ဂ႐ုစိုက္ေပးတာျဖစ္သည္။ စိုင္မြန္ကလည္း ခ်န္းရဲ႕အျပဳအမူေတြကိုေစာင့္ၾကည့္ေနပုံရ၏။ သို႔ေပမယ့္ ေနရာတကာ၀င္ရႈပ္လြန္းတဲ့ ခြန္းသန္႔ရွိန္၀ါေၾကာင့္ ခ်န္းမလြတ္လပ္ေပ။

" ဒါနဲ႔ဟိုတေန႔က ငါ့ရဲ႕Instagramကို ဟိုအစ္ကိုလာ Followသြားေသးတယ္ ဆန္းရႈိင္းဘာဆိုလားပဲ "

စကားဆုံးသည္ႏွင့္ ခြန္းသန္႔ရွိန္၀ါက ပါးစပ္ထဲ၀ါးလက္စအစားကိုငုံထားကာ ခ်န္းအားေမာ့ၾကည့္၏။ ဆန္းရႈိင္းဆိုေသာ အသံၾကားသည္ႏွင့္ အျပဳအမူထူးဆန္းလာေသာခြန္းသန္႔ရွိန္၀ါအား ခ်န္းရိပ္မိေနတာျဖစ္သည္။ အခုတေလာ ရႈိင္းနဲ႔သာတြဲသြားတြဲလာျဖစ္ေနသည္ကို စိုင္မြန္ေျပာျပလို႔ခ်န္းသိၿပီးၿပီျဖစ္သည္။ ထို႔ေၾကာင့္လည္း ခြန္႔သန္႔ရွိန္၀ါရဲ႕စိတ္အားတမင္ထိုးဆြလိုက္တာျဖစ္သည္။ အထူအပါးနားမလည္တဲ့ခြန္းသန္႔ရွိန္၀ါအား ခ်န္းျပန္၍လက္စားေခ်လိုက္ၿပီျဖစ္သည္။

" အဲ့အစ္ကိုက ခင္တတ္တဲ့ပုံပါပဲ ငါဟိုေန႔ကတင္ထားတဲ့ပုံေတာင္ အသဲလာေပးသြားေသးတယ္ "

အသဲေပးသြားသည္ဆိုေသာစကားေၾကာင့္ ခြန္းသန္႔မေက်နပ္ေပ။သူတင္ထားသည့္ပုံေတြကိုေတာ့ ရႈိင္းကတစ္ခါေလးေတာင္မွအသဲမေပးေပ။ သေဘာက်ေနသည္ဆိုလွ်င္ အသဲေတာ့ေပးသင့္သည္။ သို႔ေပမယ့္ ယခုေတာ့ခြန္းသန္႔အေတြးပိုမ်ားေနရၿပီျဖစ္သည္။ Instagramထဲစကားသြားေျပာရင္လည္း သူကသာအရင္စေျပာရတာျဖစ္သည္။ စကားအေကာင္းေျပာေနရင္လည္း ရႈိင္းကသူ႔အားစိတ္မရွည္။ အကယ္၍ ရႈိင္းကသူ႔အားစိတ္၀င္စားေနတာမဟုတ္ပဲ ခ်န္းမင္းထိုက္အားစိတ္၀င္စားေနခဲ့ပါလွ်င္......။အေတြးပင္မဆုံးေသး ခ်န္းမင္းထိုက္က သူ႔အားအျခားစကားမ်ားႏွင့္ထိုးႏွက္လာသည္။

" ဟိုေန႔ကလည္း ငါ့ကိုစကားလာေျပာသြားေသးတယ္ "

" ဘာေျပာသြားတာလဲ "

" ငါက IG Storyမွာ ( အလုပ္ေတြမ်ားေနလို႔ေန႔လည္စာနဲ႔ညစာေပါင္းစားေနရၿပီ)လို႔တင္ထားတာကြာ အဲ့တာကိုအဲ့အစ္ကိုက ဂ႐ုစိုက္ပါဗ်ဆိုၿပီးလာပို႔သြားတာ "

ရႈိင္းဘက္မွ ႐ိုး႐ိုးသားသားႏွင့္တုံ႔ျပန္သြားတာကိုခ်န္းသိေသာ္လည္း တဖက္ေကာင္ခံရခက္သြားေအာင္ေျပာလိုက္ျခင္းျဖစ္သည္။ အစားပင္ဆက္မစားႏိုင္ေအာင္ မ်က္ႏွာပ်က္သြားသည့္ခြန္းသန္႔ရွိန္၀ါေၾကာင့္ ခ်န္းရယ္ခ်င္မိ၏။ထိုေကာင္ရဲ႕အားနည္းခ်က္အား ခ်န္းသိလိုက္ၿပီျဖစ္သည္။

" ငါျပန္ေတာ့မယ္ အလုပ္ကိစၥရွိေသးတယ္ "

ခြန္းသန္႔ရွိန္၀ါက ခ်က္ခ်င္းဆိုသလိုထိုဆိုင္မွထြက္ဟန္ျပဳတာမို႔ စိုင္မြန္ကပါအတူမတ္တပ္လိုက္ရပ္၏။

" ဘာအလုပ္ကိစၥလဲ ကြၽန္ေတာ္လိုက္ခဲ့ေပးရမလား "

" ရတယ္စိုင္း ခ်န္းမင္းထိုက္နဲ႔သာေအးေအးေဆးေဆးစကားေျပာၿပီးက်န္ခဲ့လိုက္ေနာ္။ ငါအျခားကိစၥေလးရွိေသးလို႔ ညေနမွအိမ္ျပန္လာခဲ့မယ္ သားကိုလည္းငါပဲ၀င္ေခၚခဲ့မယ္ "

စားလက္စအစားအစာေတြကိုေတာင္ ပစ္ထားခဲ့ရတဲ့အထိဘာေတြမ်ား အေရးႀကီးေနသလဲဆိုတာစိုင္မြန္မေတြးတတ္ေတာ့ေပ။ ဒီရက္ပိုင္းအတြင္း ခြန္းသန္႔ရွိန္၀ါရဲ႕အျပဳအမူေတြကအေတာ္ေလးေျပာင္းလဲလာၿပီျဖစ္သည္။ သူ႔အေပၚသံေယာဇဥ္ေလ်ာ့မွာကိုေၾကာက္ေနမိေသာ္လည္း ႏွစ္ေယာက္သားဆက္ဆံေရးက ဘာမွမသက္ဆိုင္တာမို႔ ၀င္ေရာက္စြက္ဖက္ခြင့္လည္းမရွိေပ။ လူကိုစိတ္ထင္တိုင္း အမ်ိဳးမ်ိဳးလွည့္စားေနတတ္သည့္ေကာင္ဆိုးေလးကိုသာ အျပစ္တင္ခ်င္မိ၏။

××××××××××××

" က်ဳပ္ဒီမွာ "

စားပြဲ၀ိုင္းေထာင့္စြန္းမွလက္လွမ္းျပလာသည့္ ခြန္းသန္႔ေၾကာင့္ ရႈိင္းခပ္သုတ္သုတ္ေလးဆိုင္အတြင္းသို႔၀င္လာလိုက္၏။ ဘာကိစၥေၾကာင့္သူ႔အား အေရးတႀကီးလွမ္းေခၚသလဲမသိေပမယ့္ ေန႔ခင္းေၾကာင္ေတာင္ဘီယာဆိုင္အတြင္းခ်ိန္းဆိုသည့္ ခြန္းသန္႔ရွိန္၀ါကိုေတာ့ ရႈိင္းအံ့ၾသမိသည္။

" ဘီယာငါးခြက္မွာထားတယ္ ခင္ဗ်ားသုံးခြက္ေသာက္ က်ဳပ္ကႏွစ္ခြက္ေသာက္မယ္ "

ထိုင္ခုံေပၚထိုင္လိုက္သည္ႏွင့္ ဘီယာအတင္းေသာက္ခိုင္းေနသည့္ေကာင္ေၾကာင့္ ရႈိင္းမသကၤာေတာ့ေပ။ ခြန္းသန္႔ရွိန္၀ါပုံကလည္း တစ္စုံတစ္ခုကိုမေက်မနပ္ျဖစ္ေနပုံရ၏။

" ငါမေသာက္ဘူး မင္းပဲေသာက္ "

" မရဘူး ခင္ဗ်ားေသာက္ရမွာ "

" ေနပါဦး ဘယ္လိုျဖစ္လို႔မင္းပုံစံကအေလာတႀကီးျဖစ္ေနရတာလဲ "

" ဘာမွမျဖစ္ဘူး အေလာတႀကီးျဖစ္တာက်ဳပ္ရဲ႕စတိုင္ "

ခြန္းသန္႔ရွိန္၀ါက မ်က္ေမွာင္ကုတ္တာေျပာရင္းဘီယာတစ္ခြက္အားေမာ့ေသာက္၏။ ရႈိင္းကေတာ့လက္ပိုက္ကာ ထိုေကာင္အားအကဲခတ္ေနသည္။

" ခင္ဗ်ားလည္းေသာက္ေလ "

" ဒီရက္ပိုင္း အရက္ေသစာေရွာင္ထားတယ္ အရက္ေသာက္တာလည္းငါ့အေမမႀကိဳက္ဘူးေလ "

" အခုက ခင္ဗ်ားအေမမွမရွိပဲေလ "

ဘီယာေသာက္ခိုင္းဖို႔အေရး အမ်ိဳးမ်ိဳးျငင္းဆိုေနသည့္ရႈိင္းေၾကာင့္ ခြန္းစိတ္မရွည္ေတာ့ေပ။ ရႈိင္းကိုမူးေအာင္ေသာက္ခိုင္းကာ စကားႏႈိက္ေမးခ်င္တာမို႔ သူ႔အႀကံအစည္ေအာင္ျမင္မွျဖစ္မည္။ ဒါမွလည္း ရႈိင္းအမွန္တကယ္ခ်စ္ခင္တဲ့သူက ဘယ္သူမွန္းသူအေသအခ်ာသိႏိုင္မွာျဖစ္သည္။

" က်ဳပ္တစ္ခြက္ကုန္ၿပီ ခင္ဗ်ားအခုထိတစ္ခြက္မွမေသာက္ရေသးဘူး "

" မေသာက္ခ်င္ဘူး ငါအလုပ္ကိစၥေလးေတြရွိေသးတယ္ "

ရႈိင္းဘက္က ေကာင္းမြန္စြာျငင္းဆိုလိုက္ေသာ္လည္း ခြန္းသန္႔ရွိန္၀ါကလက္မခံေပ။ ဖုန္းနဲ႔တကူးတကခ်ိန္းဆိုကာ ဘာေၾကာင့္မ်ားဘီယာေတြစြတ္တိုက္ေနမွန္း ရႈိင္းနားမလည္ေတာ့ေပ။ ဒီရက္ပိုင္းအတြင္း ခြန္းသန္႔ရဲ႕အတိတ္ေနာက္ေၾကာင္းနဲ႔ပတ္သတ္ၿပီး ရႈိင္းစုံစမ္းေနတာျဖစ္၏။ လြန္ခဲ့ေသာႏွစ္က အမႈလာဖြင့္သြားသည့္မ်က္ျမင္သက္ေသကိုလည္း ရႈိင္းႀကိဳးစားကာလိုက္ရွာေနတုန္းျဖစ္သည္။ ဒါမွလည္း ခြန္းသန္႔အတြက္သူအေထာက္အကူေပးႏိုင္မွာပင္။

" ၾကည့္ရတာခင္ဗ်ားကမေသာက္ႏိုင္ဘူးထင္တယ္ ဒါဆိုလည္းက်ဳပ္ပဲအကုန္ေသာက္ပစ္ေတာ့မယ္ "

ခြန္းသန္႔ရွိန္၀ါကရွိသမွ်ခြက္ေတြအကုန္ဆြဲယူသြားတာမို႔ ရႈိင္းကလက္လွမ္းတားကာ ဘီယာသုံးခြက္အားလွမ္းယူလိုက္၏။ ခြန္႔သန္႔ရွိန္၀ါမူးရင္ သူတကယ္စိတ္ညစ္ရတာမို႔ ထိုေကာင္အားမမူးေစခ်င္ေတာ့ေပ။ဘီယာတစ္ခြက္အား တစ္က်ိဳက္တည္းႏွင့္ေမာ့ေသာက္ပစ္ေတာ့ ခြန္းသန္႔ရွိန္၀ါက မ်က္လုံးျပဴးကာသူ႔အားေစာင့္ၾကည့္လာသည္။

" ခင္ဗ်ားကို တစ္ခုေမးဦးမယ္ "

" ဘာေမးမွာလဲ "

" ခင္ဗ်ားဘာျဖစ္လို႔ ခ်န္းမင္းထိုက္ကိုသြား Followရတာလဲ "

" ငါ့အေကာင့္ထဲမွာ Suggested For Youအေနနဲ႔ေပၚလာလို႔ သြားFollowလိုက္တာေလ အျခားအေထြအထူးေတာ့မရွိပါဘူး "

" ေၾသာ္ အေထြအထူးမရွိလို႔ တင္သမွ်ပုံေတြအသည္းသြားေပးတာေပါ့ "

ခြန္းသန္႔ရွိန္၀ါက တစ္ေယာက္တည္းေရ႐ြတ္ကာ ဘီယာေနာက္တစ္ခြက္အားေမာ့ေသာက္၏။ ရႈိင္းကေတာ့ စူပုတ္ပုတ္ျဖစ္ေနသည့္ေကာင္အားစကားမေျပာပဲ ၿငိမ္သက္စြာျဖင့္အတူေသာက္ေပးသည္။

အခ်ိန္အေတာ္ၾကာသည္အထိ ရႈိင္းပုံစံကလုံး၀မပ်က္ယြင္းေပ။ ဘီယာရွစ္ခြက္ကုန္သည္အထိေသာက္ၿပီးတာေတာင္ ရႈိင္းကလုံး၀မမူးေပ။ ခြန္းသန္႔ကသာဘီယာသုံးခြက္ေလာက္ႏွင့္မ်က္ႏွာေတြရဲလာတာျဖစ္သည္။ ရႈိင္းမူးသည့္အခ်ိန္ကို သူေမွ်ာ္ေနမိေသာ္လည္း သူကသာအျမင္ေတြ၀ေ၀ါးလာတာျဖစ္၏။

" မူးလိုက္တာ "

ခြန္းသန္႔ရွိန္၀ါက ရီ၀ေ၀ေျဖင့္စားပြဲေပၚေခါင္းေမွာက္အိပ္ေတာ့ ရႈိင္းကခြန္းရဲ႕ပါးႏွစ္ဖက္အား ေရခဲျဖင့္ကပ္ေပးသည္။

" ငါေျပာသားပဲ မေသာက္ႏိုင္ရင္မေသာက္ပါနဲ႔လို႔ေျပာခဲ့တာကို "

" ခင္ဗ်ားကမမူးပဲ က်ဳပ္ကမူးေနၿပီ အင့္ "

ခြန္းသန္႔ရွိန္၀ါက ပလုံးပေထြးေျပာရင္းေခါင္းေမွာက္ငို၏။ မူးရင္ငိုတတ္သည့္အက်င့္ေၾကာင့္ ရႈိင္းအေရွ႕တြင္အမ်ားႀကီးသတိထားခဲ့ေသာ္လည္း သူအလြန္အကြၽံေသာက္မိသြားၿပီျဖစ္သည္။

" အရွက္ကလည္းမရွိဘူး မင္းက,ကေလးအေဖေနာ္ ကိုယ့္ကိုယ္ကိုလူပ်ိဳထင္မေနနဲ႔ "

" ကေလးအေဖလည္း လူပ်ိဳပဲေလဗ်...ခင္ဗ်ားဘာမွမသိပဲမေျပာနဲ႔ "

ခြန္းသန္႔ရွိန္၀ါက သူ႔ပါးျပင္ေပၚေရခဲကပ္ေပးေနသည့္ရႈိင္းရဲ႕လက္ေတြအား ဆြဲဖယ္လိုက္၏။ သေဘာက သူစိတ္မၾကည္ဘူးဆိုသည့္ပုံပင္။

" ငိုမေနနဲ႔ေတာ့ မင္းအိမ္ျပန္ႏိုင္ရဲ႕လား "

ခြန္းသန္႔ရွိန္၀ါက ေခါင္းေမွာက္ၿပီးတရႈံ႕ရႈံ႕သာငိုေနတာမို႔ ရႈိင္းလည္းမေနသာေတာ့ေပ။ ရွင္းစရာပိုက္ဆံမ်ားကိုစားပြဲေပၚတင္ေပးၿပီးေနာက္ခြန္းသန္႔ရွိန္၀ါအားဆြဲထူ၏။ သို႔ေပမယ့္ ထိုေကာင္ကေပကပ္ၿပီးမထေပ။

" ခြန္းသန္႔ရွိန္၀ါ!! "

" ဘာလဲ...ကြာ "

" အဲ့ေျခေထာက္ေတြေသခ်ာရပ္ေလ မင္းဒီလိုပဲေပကပ္ေနရင္ ငါထားခဲ့ေတာ့မွာ "

ရႈိင္းကအသံကိုတင္းကာေျပာလိုက္ေတာ့ သူ႔ေျခေထာက္ေတြကိုေသခ်ာရပ္ကာ ရႈိင္းပခုံးအားေသခ်ာဖက္တြယ္လာသည္။
ဘယ္ေလာက္ဆိုးဆိုးရႈိင္းကအျပစ္မျမင္ရက္တာမို႔ ခြန္းသန္႔ရွိန္၀ါရဲ႕အက်င့္ဆိုးမ်ားကိုလည္း ရႈိင္းလက္ခံလာႏိုင္ၿပီျဖစ္သည္။

" မင္းကေတာ့ေလ ေန႔ခင္းေၾကာင္ေတာင္လည္းမူးေနေတာ့တာပဲ "

ရႈိင္းက ကားထဲအေရာက္ျပန္ပို႔ေပးတာမို႔ ခြန္းသန္႔ရွိန္၀ါကမ်က္လုံးစုံမွိတ္ကာ ရႈိင္းခႏၶာကိုယ္အားမွီတြယ္လာ၏။ ရႈိင္းအားေမးမည့္ ေမးခြန္းေတြကိုလည္းသူမမွတ္မိေတာ့ေပ။ လက္ရွိတြင္ေတာ့ ရႈိင္းေမးသမွ်သာ သူေျဖေနရတာျဖစ္သည္။

" အိမ္ေကာျပန္ႏိုင္ရဲ႕လား ဒီလိုပုံစံနဲ႔ဘယ္လိုျပန္မလဲ "

" မျပန္ႏိုင္ဘူး "

" မင္းက ေတာ္ေတာ္အလုပ္ရႈပ္တာပဲ "

" ဟုတ္မွာပါ အဲ့တာေၾကာင့္ခ်န္းမင္းထိုက္ကိုအသည္းသြားေပးတာေနမွာေပါ့ "

ဘယ္လိုေၾကာင့္မ်ား ထိုအေၾကာင္းအရာကိုထပ္တလဲလဲေျပာေနမွန္း ရႈိင္းမသိေတာ့ေပ။ သူ႔လက္ေမာင္းေပၚေခါင္းမွီအိပ္လာသည့္ ခြန္းသန္႔အား ငုံ႔ၾကည့္ေတာ့အရက္ရွိန္ေၾကာင့္ႏွာေခါင္းထိပ္ေလးေတြပင္နီေနၿပီျဖစ္သည္။ ၿငိမ္သက္စြာအိပ္ေနတာမို႔ ရႈိင္းလည္းတြန္းမဖယ္ရက္ေပ။ သူ႔အား ထိုသို႔ကပ္တြယ္လာတိုင္းရႈိင္းအေနခက္ရတာျဖစ္သည္။ ခပ္ရဲရဲျဖစ္ေနသည့္ ႏႈတ္ခမ္းတစုံအား ရႈိင္းအခ်ိန္ၾကာၾကာစိုက္မၾကည့္ရဲတာလည္းပါသည္။

ခြန္းသန္႔ရွိန္၀ါက သူ႔ေခါင္းျဖင့္ရႈိင္းရဲ႕လက္ေမာင္းအားတိုး၀ေ့ကာ ပခုံးေပၚေခါင္းမွီလာျပန္၏။ လူကိုစိတ္ႀကိဳက္လုပ္ေနသည္က ဘာျဖစ္ခ်င္ေနမွန္းရႈိင္းတကယ္မသိ။ အခ်ိန္ၾကာၾကာႏွစ္ေယာက္ပူးကပ္ေနရတာမို႔ ရႈိင္းအသက္၀၀ေတာင္မရႈရဲေပ။ သူ႔ခံစားခ်က္ေတြကို နားမလည္ႏိုင္ေသးသည့္ အခ်စ္ကေလးအားရႈိင္းေသခ်ာေငးၾကည့္ကာ ၿပဳံးလိုက္မိ၏။ ထိုလူႏွင့္အတူရွိတိုင္း ရႈိင္းေပ်ာ္႐ႊင္ရသည္။တစ္ခါတစ္ေလ ထိုအဆိုးအေပေကာင္ဆိုးေလးအား ေထြးေပြ႕ကာနမ္းရႈံ႕ပစ္ခ်င္မိ၏။ သို႔ေပမယ့္ စိတ္ကူးထဲတြင္သာအခါခါနမ္းရႈိက္ဖူးတာျဖစ္သည္။

" ခြန္႔သန္႔ရွိန္၀ါ "

" ........ "

" ရွိန္၀ါ "

" ....... "

နားအနားကပ္ကာေခၚေနတာေတာင္ ခြန္႔သန္႔ရွိန္၀ါကျပန္မထူးေပ။မ်က္လုံးေတြမို႔ေမာက္ကာ ေခါင္းမေထာင္ႏိုင္တာမို႔ ထိုေကာင္ေလးအေတာ္မူးေနမွန္းကိုလည္းရႈိင္းရိပ္မိတာျဖစ္သည္။

" ေခါင္းမူးေနတုန္းပဲလား ခြန္းသန္႔ရွိန္၀ါ "

" .... "

" ခြန္းသန္႔ "

" ....... "

" အခ်စ္ကေလး "

မူးေနသည့္သူအား မ၀ံ့မရဲေခၚ၀ေၚလိုက္ေတာ့ ခြန္းသန္႔ရွိန္၀ါကမ်က္ႏွာေမာ့ကာသူ႔အား ရီ၀ေစြာစူးစိုက္ၾကည့္လာသည္။ သို႔ေပမယ့္ မ်က္လုံးေတြကအရွင္းမပြင့္ေပ။ အမွန္တကယ္မူးေနတာမို႔ ရႈိင္းရဲ႕ေခၚသံကိုလည္း သူသဲကြဲစြာမၾကားရတာျဖစ္သည္။

" အင့္ "

အရဲစြန္႔ကာ ခိုးနမ္းလိုက္ေတာ့ ခြန္းသန္႔ရွိန္၀ါကဘာမွမတုံ႔ျပန္ေပ။ထိုေကာင္မူးေနလို႔သာ ရႈိင္းနမ္းရဲတာျဖစ္သည္။

ဒုတိယအနမ္းအား ခြန္းသန္႔ရွိန္၀ါရဲ႕ႏႈတ္ခမ္းေပၚပုံအပ္ပစ္လိုက္တာမို႔ ရႈိင္းစိတ္သက္သာရာရသြားၿပီျဖစ္သည္။ တိတ္တခိုးအခ်စ္က နာက်င္ရေသာ္လည္း ထိုခံစားခ်က္အားရႈိင္းေဖာ္ထုတ္ဖို႔ ႀကိဳးစားမွာမဟုတ္ေပ။ ယခုလည္းခြန္းသန္႔ရွိန္၀ါက ဘာကိုမွမမွတ္မိတာမို႔ရႈိင္းအတြက္ အသက္ရႈေခ်ာင္ေသးသည္ဟုဆိုရမည္။ မဟုတ္ရင္ ထိုေကာင္အားရႈိင္းမ်က္ႏွာခ်င္းဆိုင္ရဲေတာ့မွာမဟုတ္ေပ။

" အခုခ်ိန္မွာ မင္းရဲ႕စိတ္ထဲဘယ္သူကေနရာယူထားလဲဆိုတာ ငါသိပ္သိခ်င္တာပဲ တစ္ခ်ိန္ကမင္းရဲ႕အမ်ိဳးသမီးကေတာ့အေတာ္ကံေကာင္းခဲ့မွာပဲေနာ္ "

ရႈိင္းက ခြန္းသန္႔ရဲ႕ပါးျပင္အားခပ္ဖြဖြပြတ္ေပးကာ တစ္ေယာက္တည္းစကားေျပာ၏။ ခြန္းသန္႔က သူ႔ပခုံးေပၚေခါင္းမွီထားတာမို႔ ရႈိင္းအသက္ေတာင္ျပင္းျပင္းမရႈရဲေပ။

" မင္းလိုအပ္တဲ့အခ်ိန္တိုင္း ငါ့ကိုအၿမဲဖုန္းဆက္ၿပီးႏွိပ္စက္ဖို႔စိတ္ကူးထားတာလား မင္းကတကယ္မ်က္ႏွာမ်ားတာပဲ ဟိုတစ္ခါကလပ္မွာေတြ႕ခဲ့တဲ့ေကာင္မေလးကိုလည္း မင္းကဖုန္းနံပါတ္ေတာင္းခဲ့ေသးတာ"

ရႈိင္းကတစ္ေယာက္တည္းေရ႐ြတ္ရင္း ခြန္းသန္႔ရဲ႕နားထင္အား ခပ္ဖြဖြႏွိပ္ေပးသည္။ခြန္းသန္႔ရဲ႕ပုံမွန္အသက္ရႈသံကိုလည္း ရႈိင္းခိုးနားေထာင္ကာ ၿပဳံးလိုက္မိ၏။ အခ်စ္ကေလးက သူ႔ပခုံးေပၚတကယ္အိပ္ေပ်ာ္ေနတာျဖစ္သည္။

" မင္းကိုခ်စ္တယ္ "

စကားလုံးတစ္ခုခ်င္းစီကို ျပတ္သားစြာေခၚဆိုရင္းရႈိင္းကိုယ္တိုင္ပင္ ခြန္းသန္႔ရဲ႕ေခါင္းေပၚျပန္မွီကာ ခဏေမွးလိုက္၏။ ထိုအခ်ိန္ခဏေလးအား ရပ္တန္႔ပစ္ခ်င္မိတဲ့အထိ ရႈိင္းၾကည္ႏူးမိတာျဖစ္သည္။

" အခ်စ္ကေလးကို ခ်စ္တယ္ "

စကားအဆုံး၌ ခြန္းသန္႔ရဲ႕ႏႈတ္ခမ္းေထာင့္၌ သိသိသာသာအၿပဳံးေရးထင္ဟပ္သြားေတာ့သည္။ အခ်စ္ေၾကာင့္ျဖစ္ေပၚလာတဲ့ ရင္ခုန္သံကိုလည္း သူကိုယ္တိုင္ႀကဳံေတြ႕ေနရၿပီျဖစ္သည္။ ရႈိင္းသာမ်က္လုံးဖြင့္ၾကည့္ခဲ့ပါလွ်င္ နီရဲေနတဲ့သူ႔ပါးႏွစ္ဖက္ကိုျမင္ေတြ႕ရအုံးမွာျဖစ္၏။
ခြန္႔သန္႔ပို၍နားလည္လာသည္က ရႈိင္းကခြန္းမူးေနသည့္အခ်ိန္မွသာ အမွန္အတိုင္း၀န္ခံတတ္တာကိုပင္ျဖစ္သည္။

9.8.23
Grey

×××××

Continue Reading

You'll Also Like

709K 121K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
544K 88K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
43.5K 8K 34
Чшш...тэр түүх өгүүлж байна...