" မောင်ရှိန်၀ါရေ "
" ခင်ဗျာ "
" အန်တီတို့အိမ်မယ်တော့ဘာမှထွေထွေထူးထူးမရှိဘူးကွယ် ညနေမှစျေးသွားမှာမို့ အခုတော့ရှိတာလေးနဲ့စားလိုက်နော် "
ဒေါ်စန်းဌေးက ထမင်း၀ိုင်းပြင်ရင်း ခွန်းသန့်ရှိန်၀ါအားလှမ်းပြောသည်။ ရောက်သည့်အချိန်တည်းက ဧည့်ခန်းထဲမှ ၀ါးထိုင်ခုံပေါ်ထိုင်နေရတာ ပျင်းလာပြီဖြစ်သည်။ ရှိုင်းအားလိုက်ရှာမိသော်လည်း သူ့အားထားကာဘယ်ထွက်သွားမှန်းမသိ။
" မင်းထမင်းစားပြီးပြီလား "
အိမ်ထဲခပ်သွက်သွက်လျှောက်လှမ်းလာသော ရှိုင်းကခွန်းသန့်အားလှမ်းမေးသည်။ လက်ထဲတွင်လည်း ဟင်းထုတ်များကိုဆွဲကိုင်လာ၏။
" ဘာတွေ၀ယ်လာတာလဲရှိုင်းဌေးရယ် "
" အိမ်မှာထွေထွေထူးထူးမရှိတာနဲ့ လမ်းထိပ်မှာခွန်းသန့်အတွက်ဟင်းသွား၀ယ်ပေးတာအမေ "
ရှိုင်းကဒေါ်စန်းဌေးမေးသမျှကိုပြန်ဖြေရင်း ပန်းကန်လုံးထဲဟင်းလှယ်ထည့်သည်။ မနက်ကအထိမှိုင်တွေနေတဲ့သားက ခွန်းသန့်ရှိန်၀ါရောက်သည်နှင့်သွက်လက်နေတာမို့ ဒေါ်စန်းဌေးကတော့ ပြောမနိုင်တော့ပေ။
" ကဲ ထမင်းစားရအောင်မောင်ရှိန်၀ါရယ် မင်းသူငယ်ချင်းကမင်းအတွက်ဟင်းတွေ၀ယ်လာချည်ရဲ့ "
ဒေါ်စန်းဌေးက ခွန်းသန့်အားထမင်း၀ိုင်းသို့လှမ်းခေါ်ကာ သူကိုယ်တိုင်ပင်ထိုထမင်း၀ိုင်းသို့၀င်ထိုင်သည်။
" ဒါကကြက်သားနဲ့အာလူးဆီပြန်ဟင်း ဒါက၀က်သားကိုပုန်းရည်ကြီးနဲ့ချက်ထားတာလေ ဟင်းဆိုင်က၀ယ်လာတာဆိုတော့မင်းအကြိုက်တွေ့ပါ့မလားမသိဘူး "
ဆန်းရှိုင်းက ဟင်းတွေအားခွန်းသန့်ပန်းကန်ထဲအတင်းပုံထည့်ပေးနေတာမို့ ဒေါ်စန်းဌေးကရှိုင်းရဲ့ပုံစံအားအံ့သြနေတော့သည်။
" မင်းတို့နှစ်ယောက်သိတာကြာပြီလားမောင်ရှိန်၀ါ ဘာလို့ဆိုအန်တီ့သားကအပေါင်းအသင်းနည်းတယ် သူ့ကြည့်ရတာမင်းကိုအတော်လေးခင်ပုံပဲ "
" ဟုတ်ကဲ့ သိတာတော့မကြာသေးပါဘူး "
" မောင်ရှိန်၀ါကအသက်ဘယ်နှနှစ်လဲ "
ဘွားကြူကခွန်းသန့်အားယပ်ခပ်ပေးရင်း အသံကိုခပ်အေးအေးသာမေးလာသည်။ ခွန်းသန့်အားရှိုင်းနဲ့ရင်းနှီးသည်ဟုသိရသည့်အချိန်တည်းက ဒေါ်စန်းဌေးနှင့်ဘွားကြူက ခွန်းအပေါ်အတော်လေးဂရုစိုက်သည်။ ငယ်စဥ်တည်းကမိသားစုဘ၀ကိုမရရှိခဲ့သည့် ခွန်းသန့်အတွက် ထိုအခိုက်အတန့်ကသူ့စိတ်ကိုပျော်ရွှင်စေသည်။
" 24နှစ်ပါ "
" ရှိုင်းဌေးထက်တောင်ငယ်တာပဲ သားကိုကြီးကမြို့မှာတစ်ယောက်တည်းနေရတာဆိုတော့ သားကပဲစောင့်ရှောက်ပေးပါဦးနော် "
ဘွားကြူက သူ့မြေးအားစောင့်ရှောက်ပေးရန် ခွန်းသန့်အားအထပ်ထပ်မှာနေတာမို့ ခေါင်းညိတ်ကာလက်ခံလိုက်၏။
" မောင်ရှိန်၀ါကရော လူပျိုပဲလား "
" ကျွန်တော့်မှာသားလေးတစ်ယောက်ရှိပါတယ်အန်တီ ကျွန်တော်က ကလေးအဖေတစ်ယောက်ပါ "
(ကလေးအဖေ)ဟူသောစကားက ခွန်းသန့်အတွက် အချိန်မရွေးတုံ့ဆိုင်းခြင်းမရှိပဲပြောထွက်သောစကားဖြစ်သည်။ သားအတွက်သိမ်ငယ်သွားရမည့်အရာတွေကို မလိုလားတာမို့ သူသာလျှင်ကလေးအဖေဖြစ်ကြောင်း တလောကလုံးကိုကြေညာလိုက်ချင်သည်။( နေနေးအဖေက သူ့မိန်းမနဲ့ကွဲနေတာလေ/ ကလေးအမေက သေသွားပြီ) အစရှိသော ကောလဟာလသတင်းတွေအား ခွန်းသန့်လုံး၀ဂရုမစိုက်။ အများကသူ့အား မဟုတ်မမှန်သတင်းတွေနဲ့အမျိုးမျိုးပုတ်ခပ်ရင်တောင် သားရဲ့အနာဂတ်ကိုမထိခိုက်ရင်ရပြီမို့ ကလေးအဖေကသူသာဖြစ်ကြောင်း အတိအလင်းချပြထားတာဖြစ်သည်။
" ဟုတ်လား ဒါဆိုငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာထင်တယ် သားလေးကောအသက်ဘယ်နှနှစ်ရှိပြီလဲ "
" သားကအသက်လေးနှစ်ရှိပါပြီအန်တီ ကလေးအမေကတော့ဆုံးသွားပါပြီ "
ခွန်းသန့်စကားအဆုံး၌ ဒေါ်စန်းဌေးကစိတ်မကောင်းဖြစ်သွားသည့်ပုံစံဖြင့်နှုတ်ဆိတ်သွားသည်။ ရှိုင်းကလည်း ဂရုဏာသက်စွာခွန်းသန့်အားလှမ်းကြည့်သည်။ နေနေးအမေဆုံးသွားသည့်သတင်းအား ရှိုင်းအနေနဲ့အခုမှအသေအချာသိလိုက်ရတာဖြစ်သည်။
" ထမင်းစားပြီးရင် ဒီနားတစ်၀ိုက်လျှောက်ကြည့်ချင်လား ငါလိုက်ပြပေးမယ်လေ "
ငြိမ်သက်သွားသည့်ထမင်း၀ိုင်းအတွင်း ရှိုင်းကစကားပြန်စလိုက်တော့ ခွန်းသန့်ကခေါင်းညိတ်ပြသည်။ အခဲမကျေသေးတဲ့ကိစ္စအားမရှင်းရသေးတာမို့ ရှိုင်းနဲ့နှစ်ယောက်တည်းစကားပြောချင်တာလည်းပါသည်။
×××××××××××××
" ဟိုရှေ့ရောက်ရင် စမ်းချောင်းလေးတစ်ခုရှိတယ် အဲ့နားမှာသွားထိုင်ကြမလား "
" ဘာလုပ်မှာလဲ ပျင်းစရာကြီး "
" ဒါဆိုမင်းကဘယ်သွားချင်လို့လဲ "
ရှိုင်းက သူ့အားမေးခွန်းပြန်ထုတ်လာတော့ ခွန်းသန့်ကထိုနားတစ်၀ိုက်စူးစမ်းကာ လျှောက်ကြည့်သည်။
" ဟိုးနားက ဓနိအကာလေးတွေနဲ့ကဘာဆိုင်လဲ "
" အဲ့တာထန်းရည်ဆိုင်လေ "
" ထန်းရည်မသောက်ဖူးဘူး "
" မင်းသောက်ချင်လား "
" အင်း "
ခွန်းသန့်ကခေါင်းညိတ်ပြတော့ ရှိုင်းကတွေ၀ေခြင်းမရှိထိုဆိုင်သို့ ဦးဆောင်ကာခေါ်သွားပေးသည်။ အပြင်ပန်းပုံအရမထင်ရသော်လည်း ရှိုင်းကအတော်သောက်နိုင်သည်။ အရက်မူးသည်ဆိုသောအတိုင်းအတာက ရှိုင်းအတွက်အလွန်အကျွံသောက်ကာမှ ခံစားရတာဖြစ်သည်။ သို့ပေမယ့် ခွန်းသန့်ရှိန်၀ါကရှိုင်းလောက်မသောက်နိုင်ပေ။ လူအထင်ကြီးအောင် အရက်အမျိုးမျိုးသောက်ပြလေ့ရှိသော်လည်း နည်းနည်းလောက်သောက်ရုံနဲ့မူး၀ေကာ ငိုယိုလေ့ရှိသည်။ ထိုအကျင့်ကိုတော့ စိုင်မွန်ကလွဲပြီးမည်သူမှမသိ။
" ထန်းရည်နှစ်အိုးမှာထားတယ် မူးတဲ့အထိတော့မသောက်နဲ့နော် "
ရှိုင်းက ခွက်တစ်ခွက်ထဲထန်းရည်ထည့်ကာ ခွန်းသန့်ရှိန်၀ါအားလှမ်းပေးသည်။ တစ်ဖက်ကောင်ကတော့ ထန်းရည်မသောက်ခင်အနံ့လိုက်ရှုကာ နှာခေါင်းရှုံ့ပစ်၏။
" ချဥ်စုပ်စုပ်အနံ့ကြီး "
" မင်းစိတ်ထင်လိို့ပါ သောက်ကြည့်ကောင်းတယ် "
" ထန်းရည်ကထားပါဦး ဒါကကောဘာကြီးလဲ "
ခွန်းသန့်ရှိန်၀ါက သူ့အရှေ့မှပုလင်းတစ်ခုအားမေးငေါ့ကာ မေးလိုက်တော့ ရှိုင်းကဘေးပတ်၀န်းကျင်ကို လှမ်းအကဲခတ်သည်။
" အဲ့တာဆန်အရက်လေ ထန်းရည်သုံးဆ ဆန်အရက်တစ်ဆရောသောက်ရင် ရှယ်ပဲ "
ရှိုင်းကခွန်းသန့်အနားခပ်တိုးတိုးလာပြောပြတော့ ခွန်းသန့်ကအံ့သြသွားသည့်ပုံစံဖြင့် ရှိုင်းအားစူးစိုက်ကြည့်သည်။
" ခင်ဗျားကတကယ့်အရက်သမားပဲ ပရိုနဲ့လာတွေ့နေတယ် "
" သောက်ချင်လို့သောက်တာမဟုတ်ဘူး ငါ့မှာပန်းနာရင်ကျပ်ရှိတယ် အဲ့တာကြောင့်ဆေးအနေနဲ့သဘောထားပြီး နည်းနည်းပါးပါးသောက်တာ "
ရှိုင်းက ရန်ပြန်တွေ့ရင်း ထန်းရည်တစ်ခွက်အား တစ်ကျိုက်တည်းမော့သောက်ပစ်၏။ ခွန်းသန့်ကသာ တစ်ငုံသောက်လိုက် အမြည်းစားလိုက်လုပ်နေတာဖြစ်သည်။ ထန်းရည်နှစ်အိုးကုန်ခါနီးအထိ ရှိုင်းကသောက်နိုင်ဆဲဖြစ်သည်။ သို့ပေမယ့်ခွန်းသန့်ရှိန်၀ါက မျက်နှာတွေနီလာကာ ငိုမဲ့မဲ့ဖြစ်လာ၏။
" ခင်ဗျားအဲ့နေ့က ဘာလို့စာမပြန်တာလဲ "
" ဘာ "
" ခင်ဗျားသဘောကျတဲ့ကောင်နဲ့ စကားပြောနေလို့မလား "
" ဘာတွေလာပြောနေတာလဲ "
" ကျုပ်ထက်တောင်ချောတယ်ဆိုတော့ အတော်ကိုသဘောကျနေပုံပဲ "
" မင်းမူးနေတာလား "
ခေါင်းငုံ့ကာလေးပင်နေတဲ့အသံကြောင့် ရှိုင်းကခွန်းသန့်မျက်နှာအားဆွဲမော့လိုက်သည်။ မျက်လုံးတွေက အတော်မှေးစင်းသွားပြီး နှာခေါင်းထိပ်တွေကရဲနေပြီဖြစ်သည်။
" ငိုနေတာလား "
ရှိုင်းက ခွန်းသန့်မျက်ခွံပေါ်ကွယ်နေသည့် ဆံပင်အချို့ကိုလက်နဲ့သပ်တင်ပေးရင်း နူးညံ့စွာမေး၏။ ခွန်းသန့်ရှိန်၀ါက ခေါင်းကိုညိတ်ပြရင်း ထပ်ငိုသည်။ သို့ပေမယ့်အံကြိတ်ငိုနေတဲ့အသံမို့ ကျယ်လောင်စွာမကြားရပေ။
" မင်းကမသောက်နိုင်ဘူးထင်တယ် ငါကမင်းကိုအရက်သမားလို့တောင်ထင်ထားတာ တကယ်တမ်းငါကအရက်သမားဖြစ်နေတယ် "
ရှိုင်းကစနောက်သည့်ပုံစံဖြင့် လှမ်းပြောလိုက်တော့ ခွန်းသန့်ရှိန်၀ါကသူ့မျက်နှာကိုလက်နဲ့အုပ်ကာရှိုက်ငိုသည်။
" နောက်လဆိုညီမလေးမွေးနေ့ရောက်ပြီ ညီမလေးကကျုပ်ကြောင့်နဲ့.... "
ခွန်းသန့်ကငိုသံဖြင့်စကားကိုပလုံးပထွေးပြောရင်း ရှိုင်းပေါင်ပေါ်ခေါင်းမှီကာလှဲအိပ်၏။ အသံက လေးပင်ကာငိုသံဖြင့်ပါပြောနေတာမို့ ခွန်းသန့်ဘာတွေပြောနေမှန်းရှိုင်းသေချာမသိပေ။ သို့ပေမယ့်နားထဲအထပ်ထပ်ကြားနေရသည့်အသံက (ညီမလေး)ဆိုသောအသံပင်ဖြစ်သည်။ ထိုစကားကိုခွန်းသန့်ရှိန်၀ါကအထပ်ထပ်ပြောကာ ငိုနေခြင်းဖြစ်သည်။
" တိတ်တိတ် မငိုနဲ့ ငိုရင်မင်းကိုဒီမှာပဲထားပစ်ခဲ့တော့မှာ "
ရှိုင်းကခွန်းသန့်ရဲ့ကျောပြင်ကို ခပ်ဖွဖွပုတ်ရင်းလှမ်းပြော၏။ ခွန်းသန့်ကအသိတော့ ရှိသေးပုံရ၏။ အငိုတိတ်ကာ ရှိုင်းရဲ့ပေါင်ပေါ်ခပ်ငြိမ်ငြိမ်လေး လှဲနေသည်။
" ခင်ဗျားအိမ်ပေါ်မှာယောကျ်ားတစ်ယောက်ဓာတ်ပုံတွေ့ခဲ့တယ် အဲ့တာဘယ်သူလဲ "
ပလုံးပထွေးဖြင့်မေးခွန်းထုတ်လာသော်လည်း မျက်လုံးကတော့မပွင့်ပေ။ ရှိုင်းကတော့ အ၀တ်ပါးတစ်ခုထဲရေခဲတုံးလေးတွေထည့်ကာ ခွန်းသန့်ရဲ့နီရဲနေတဲ့ပါးပြင်ပေါ် ခပ်ဖွဖွကပ်ပေးသည်။
" အဲ့တာငါ့အဖေလေ အဖေကငါခြောက်တန်းနှစ်တည်းက ရောဂါနဲ့ဆုံးသွားတာ "
" ...... "
" ငါ့အမေက ငါ့အဖေကိုအရမ်းချစ်တာလေ ချစ်တာလည်းမပြောနဲ့ ငါ့အဖေကအရမ်းလိမ္မာပြီး ငါ့အမေအပေါ်စကားပြောတာအစ အရမ်းနူးညံ့တာ "
ရှိုင်းက အဖေ့အပေါ်လွမ်းတဲ့စိတ်လေးပြန်ပေါ်လာပြီး အတိတ်အကြောင်းကိုမနားတမ်းပြောပြသည်။ ခွန်းသန့်ကလည်း ငြိမ်သက်စွာနားထောင်ပေး၏။
" အဖေ့မှာချစ်ဖို့ကောင်းတဲ့အမူအကျင့်လေးရှိတယ် အမေကအဖေ့ကို မောင်လို့ခေါ်လိုက်တိုင်း ဗျာဆိုတဲ့အသံကမနှောင့်နှေးစေရဘူး စိတ်ဆိုးနေလည်း မောင်လို့ခေါ်လိုက်တိုင်းဗျာလို့ပဲထူးတာ "
ရှိုင်းကရေခဲကပ်ပေးရင်း လွမ်းဆွတ်စွာပြောလာတော့ ခွန်းသန့်ရှိန်၀ါက ငြီးငွေ့လာသည့်ပုံစံဖြင့် အနည်းငယ်လှုပ်ရွလာသည်။
" မောင်လို့ခေါ်ကြည့် "
" ဟမ် "
" ....... "
" မျက်နှာကလည်းအခုထိနီနေတုန်းပဲ နောက်တစ်ခါမသောက်နိုင်ပဲ စွတ်မသောက်နဲ့ "
" မောင်လို့ခေါ်ကြည့် "
" အဲ့တာက ချစ်သူရည်းစားတွေကြားခေါ်ကြတာလေ မင်းနဲ့ငါနဲ့က ဘာမှမသက်ဆိုင်ဘူးလေ "
ရှိုင်းကပေါင်ပေါ်မှခွန်းသန့်အားငုံ့ကြည့်ကာပြောလာတော့ ခွန်းသန့်ရှိန်၀ါက ရှိုင်းရဲ့လက်တွေကိုဖယ်ထုတ်ပစ်၏။
" ခေါ်ကြည့် "
" ဘာလို့လဲ "
" ထူးချင်လို့ "
ခွန်းသန့်ရှိန်၀ါတမင််ရစ်နေမှန်း ရှိုင်းသိ၏။ မျက်လုံးတွေက အတိပိတ်ကာ သူ့အားဆက်တိုက်ရစ်နေတာမို့ ရှိုင်းမနေသာတော့ပေ။ ထိုစကားတစ်ခွန်းကိုခေါ်ဖို့ တုံ့ဆိုင်းနေမိသလို ထိုအခေါ်အ၀ေါ်ကရှိုင်းအတွက် ပထမဦးဆုံးသုံးနှုန်းဖူးတာဖြစ်သည်။
" မောင် "
ရှိုင်းက ခပ်တိုးတိုးခေါ်ကာ ခွန်းသန့်ရဲ့ကျောပြင်အားနူးနူးညံ့ညံ့ပွတ်ပေးသည်။ ခွန်းသန့်ရှိန်၀ါက ခဏတာငြိမ်သက်သွားပြီး သူ့မျက်နှာကိုရှိုင်းရဲ့ပေါင်ပေါ်မျက်နှာအပ်ကာ ဖွက်ထားလိုက်၏။
" ရှိတယ်ဗျ "
ခွန်းသန့်စကားအဆုံး၌ ရှိုင်းရဲ့ရင်တွေအဆမတန်တုန်ယင်လာရသည်။ ထိုအမျိုးသားက သူ့ခံစားချက်တွေကို အချိန်မရွေးပြုစားနိုင်တာဖြစ်သည်။ အရွဲ့တိုက်တတ်သည့်အကျင့်ကို ရွံမုန်းလှသော်လည်း ထိုအမျိုးသားရဲ့အပြုအမူကိုတော့ သူအပြစ်မမြင်ရက်ပေ။
" ပြန်ကြရအောင် မိုးချုပ်သွားရင်မကောင်းဘူး "
ခွန်းရဲ့လက်မောင်းအောက် သူ့ခေါင်းကိုလျှို၀င်ကာ မတ်တပ်ရပ်ခိုင်းလိုက်သည်။ သို့ပေမယ့် ခွန်းသန့်ရှိန်၀ါကပေတေပြီး ကောင်းကောင်းမွန်မွန်မရပ်ပေ။
" လမ်းမလျှောက်နိုင်ဘူးလား "
ခွန်းသန့်ရှိန်၀ါက ခေါင်းသာညိတ်ပြသည်။ မျက်လုံးကလည်းအရှင်းမပွင့်သေးတာမို့ ထိုကောင်လေးအိပ်ချင်နေပြီဖြစ်ကြောင်းကို ရှိုင်းအကဲခတ်မိ၏။
" မင်းအခုထိမူးနေတုန်းပဲလား "
ရှိုင်းကနောက်တစ်ကြိမ်ထပ်မေးတော့ ခွန်းကခေါင်းညိတ်ပြသည်။
" ငါ့ကိုချစ်လား "
မူးနေသည့်သူတွေက အမှန်အတိုင်းပြောတတ်တာမို့ ရှိုင်းအရဲစွန့်ကာမေးလိုက်ခြင်းဖြစ်သည်။ သို့ပေမယ့်ခွန်းသန့်ရှိန်၀ါက ချက်ချင်းခေါင်းခါပြကာငြိမ်သက်သွားတာမို့ ရှိုင်း၀မ်းနည်းသွားရပြန်သည်။ ချစ်ခြင်းမေတ္တာကအတုံ့အပြန်မရှိသော်လည်း ယခုအချိန်ထိထိုအမျိုးသားအပေါ် လောဘတက်နေမိတုန်းဖြစ်သည်။
" ပြွတ် "
သူ့ကိုယ်ပေါ်မှီတွယ်လာသည့် ခွန်းသန့်အား ရှိုင်းခိုးနမ်းလိုက်ခြင်းဖြစ်သည်။ ရှိုင်းသတိထားမိသလောက် ခွန်းသန့်ကအမူးလွန်ကာငိုယိုပြီးနောက် သူ့ပါးပြင်အားနမ်းဖို့ကြံရွယ်ခဲ့တာဖြစ်သည်။ သို့ပေမယ့် နီးကပ်လာတဲ့မျက်နှာက ချက်ချင်းသလိုရှောင်ထွက်သွားခဲ့၏။ ဘာတွေကိုထိန်းချုပ်ခဲ့သလဲမသိပေမယ့် ရှိုင်းကတော့ခံစားချက်ကို မထိန်းချုပ်နိုင်ပဲ ခွန်းရဲ့ပါးပြင်ပေါ်ခိုးနမ်းလိုက်တာဖြစ်သည်။ တစ်ဖက်ကောင်က ငြိမ်သက်ကာစိတ်ဆိုးသွားသည့်အမူအယာမျိုးမတွေ့မှ ရှိုင်းလည်းသက်ပြင်းချနိုင်တော့သည်။ မူးပြီးအသိစိတ်မရှိသေးလို့သာတော်သေးသည်ဟု ရှိုင်းစိတ်ထဲတွေးတောမိလိုက်၏။
မဟုတ်ရင် ယခုလိုအခြေအနေမျိုးအထိ ရှိုင်းခိုးနမ်းရဲမှာမဟုတ်ပေ။
" ငါကုန်းပိုးသွားမယ် ငါ့ကိုသေချာကိုင်ထားနော် "
ရှိုင်းက ခွန်းကိုနောက်ကျောပေးကာဒူးတစ်ဖက်ထောက်လိုက်ပြီး ခွန်းရဲ့လက်နှစ်ဖက်အား သူ့ပခုံးပေါ်ဖက်ထားစေသည်။ ထိုခန္ဓာကိုယ်ကြီးအား ကျောပိုးထားရတာ ရှိုင်းအတွက်မလွယ်ကူပေ။
" နောက်တစ်ခါဆိုမင်းကို ဘယ်တော့မှအရက်မတိုက်တော့ဘူး လူဆိုးကောင် "
" ....... "
" သူများဆီလိုက်လာပြီး ဒုက္ခလာပေးနေသလားအောက်မေ့ရတယ် သူ့ကိုပြန်ပြီးကုန်ပိုးနေရတယ် "
ခွန်းသန့်က ရှိုင်းရဲ့ပခုံးပေါ်မျက်နှာအပ်ကာ ငြိမ်သက်နေသော်လည်း ရှိုင်းကစကားတွေဆက်တိုက်ပြောနေတုန်းဖြစ်သည်။
" မင်းကျတော့ ပွေရှုပ်နေပြီး ငါ့ကိုရည်းစားမထားနဲ့ဘာညာလာပိတ်ပင်နေသေးတယ် ငါသဘောကျနေတဲ့သူကမင်းလို့ဖွင့်ပြောလိုက်ရင်မင်းကငါ့ကိုလှောင်ပြောင်ရယ်အုံးမှာ "
" ........ "
" မင်းကအတော်မုန်းဖို့ကောင်းတယ် ငါ့ခံစားချက်တွေကိုဘယ်တော့မှထည့်မတွေးပေးဘူး စိုင်မွန်ဆိုတဲ့လူကျတော့မင်းကအကောင်းမြင်တယ် ငါ၀ယ်လာပေးတဲ့စွပ်ပြုတ်ကျတော့အသိအမှတ်တောင်မပြုဘူး နောက်တစ်ခါဆို မင်းကိုမုန်းပစ်တော့မှာ "
" ......... "
" ဒါပေမယ့် မင်းကိုချစ်တယ် "
ရှိုင်းက မူးနေသည့်သူအားစကားတွေဆက်တိုက်ပြောကာ ဆက်လျှောက်လာ၏။ အိမ်နှင့်ထန်းရည်ဆိုင်ကသိပ်မ၀ေးတာမို့ ရှိုင်းအတွက်တော်သေးသည်ဟုပြောရမည်။ မဟုတ်ရင်ထိုခန္ဓာကိုယ်ကြီးအား ရှိုင်းကြာကြာထိန်းနိုင်မှာမဟုတ်ပေ။ ကျောပြင်ပေါ်ငြိမ်သက်နေသည့်ကောင်ကတော့ မျက်လုံးစုံမှိတ်ကာ ရှိုင်းပြောသမျှနားထောင်ပေးသည်။ သို့ပေမယ့် ရှိုင်းစကားအဆုံး၌ နှုတ်ခမ်းထောင့်မှကွေးညွှတ်သွားသည့်အပြုံးတစ်ချို့ကိုတော့ ရှိုင်းမမြင်လိုက်ပေ။
××××××××××
အချိန်ကား မနက်အစောနှစ်နာရီဖြစ်၏။ ထောင်၀န်းထဲ၌ တိတ်ဆိတ်နေပြီး ထောင်သားများအိပ်ပျော်နေကြပြီဖြစ်သည်။ ထိုအထဲ၌ ဦးစန်းနိုင်အား တိုက်ပိတ်အခန်းထဲတသီးတသန့်ထည့်ထားတာဖြစ်သည်။ ဦးစန်းနိုင်က တစ်ကောင်ကြွက်ဖြစ်တာမို့ ထိုထောင်ထဲ၌ သူသေသွားလည်းမည်သူမှအရေးစိုက်မှာမဟုတ်ပေ။
ချောက်
သူ့အားပိတ်လှောင်ထားသည့် အခန်းတံခါးကိုအပြင်မှ သော့ဖွင့်သံကြားနေရတာမို့ ဦးစန်းနိုင်ကထိုအခန်းကျဥ်းထဲ ထောင့်ကပ်ကာတုန်လှုပ်သွားသည်။
" ကျစ်!! နံစော်နေတာပဲ "
အခန်းတံခါးပွင့်ပြီးနောက် ခြေတစ်လှမ်းချင်းလျှောက်၀င်လာသည့် အမျိုးသားက စိတ်ရှုပ်စွာရေရွတ်လိုက်ခြင်းဖြစ်သည်။ အလုံပိတ်အခန်းမို့ သဲကွဲစွာမမြင်ရသော်လည်း အခန်းတံခါးအပြင်မှ၀င်ရောက်လာသည့် အလင်းရောင်ကြောင့် ထိုလူ့မျက်နှာအား ဦးစန်းနိုင်ခပ်ရေးရေးမြင်လိုက်ရသည်။ သူ့အား နှုတ်ပိတ်ဖို့ကြံရွယ်တော့မည်ကို ကြိုသိနေတာမို့ ဦးစန်းနိုင်ကအော်ဟစ်ကာအကူအညီတောင်းသည်။
" ဒီထဲမှာလူသတ်သမားရောက်နေပါတယ် အမြန်လာကြပါ!!!! "
" ဘာလို့အော်နေတာလဲ ဘယ်သူမှမရှိဘူး ခင်ဗျားနဲ့အေးဆေးစကားပြောလို့ရအောင် ရှောင်ထွက်ပေးကြတယ်ထင်တယ် "
တစ်ဖက်ကောင်က အခန်းနံရံကိုမှီရင်း သွေးအေးစွာပြောလာတာမို့ဦးစန်းနိုင်က ဒူးထောက်ကာတောင်းပန်သည်။ ခြေထောက်တွေကိုလည်း သံကွင်းတွေနဲ့ချည်နှောင်ထားတာကြောင့် ဘယ်နည်းနဲ့မှရုန်းမထွက်နိုင်ပေ။ ထောင်ထဲအလွယ်တကူ၀င်လာတည်းက မည်သူစေလွှတ်လိုက်မှန်းဦးစန်းအသေအချာသိနေတာဖြစ်သည်။
" ခွန်းသန့်ရှိန်၀ါက ဘယ်နေ့ကခင်ဗျားကိုလာတွေ့သွားတာလဲ "
" ....... "
" အသားနာအောင်မလုပ်ချင်တာမို့ ဒီအတိုင်းပဲပြောပြလိုက်တာကောင်းမယ်ထင်တယ် "
" လွန်ခဲ့တဲ့တစ်ပတ်ကပါ "
" သူတစ်ယောက်တည်းလား "
အဲရိုးက ဒူးတစ်ဖက်ထောက်ကာထိုင်ရင်း ဦးစန်းနိုင်ရဲ့အင်္ကျီကော်လံအား ဖုန်ခါပေးသည်။ ဦးစန်းနိုင်က တစ်ကိုယ်လုံးတုန်ယင်နေတာမို့ အဲရိုးက ပါးချိုင့်တွေခွက်၀င်သွားတဲ့အထိပြုံးရယ်သည်။
" စုံထောက်တစ်ယောက်ပါ,ပါတယ် နာမည်အတိအကျမသိပေမယ့် ဆန်းရှိုင်းလို့တော့ကြားလိုက်ပါတယ် သူကအပြင်ဘက်မှာခွန်းသန့်ကိုစောင့်နေတာပါ "
" လိမ္မာသားပဲ "
အဲရိုးက ဦးစန်းနိုင်ရဲ့ခေါင်းအားခပ်ဖွဖွပုတ်ကာ ပြုံးပြသည်။ သို့ပေမယ့် ထိုအပြုံးကအလွန်အန္တရာယ်များတာဖြစ်သည်။ မျက်လုံးအကြည့်တွေက ရီ၀ေခြင်းမရှိပဲမျက်နှာသေသာဖြစ်နေတာကြောင့် ပို၍ထိတ်လန့်စရာကောင်းသည်။
" ဘာလို့တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေတာလဲ ဦးစစ်ချန်းက ကိစ္စတွေအားလုံးပြီးတဲ့အခါ မင်းကိုပါသတ်ပစ်လိမ့်မယ် "
ဦးစန်းနိုင်က မ၀ံ့မရဲသတိပေးစကားဆိုလိုက်တော့ အဲရိုးကဂရုမစိုက်သည့်ပုံစံဖြင့် ခပ်ရွဲ့ရွဲ့ပြုံးပြရင်း သူ့အိတ်ကပ်ထဲမှဆေးထိုးအပ်အားထုတ်ယူလိုက်သည်။ ထို့နောက်ဦးစစ်ချန်းရဲ့လည်ပင်းကြောထဲ ထိုးသွင်းကာ ဟန်မပျက်ပင်နံရံပေါ်ကျောမှီကာစောင့်ကြည့်နေ၏။ ဦးစစ်ချန်းရဲ့နှာခေါင်းတွင်းမှသွေးတွေစီးကျကာ လဲကျသွားသည့်အချိန်အထိ အဲရိုးကထိုမြင်ကွင်းကို အသေအချာစူးစိုက်ကြည့်နေတာဖြစ်သည်။ ထို့နောက်စီးကရက်တစ်လိပ်အား မီးညှိရင်းဦးစန်းရဲ့အရှေ့တွင် ဒူးတစ်ဖက်ထောက်ကာထိုင်လိုက်၏။ ဦးစန်းနိုင်က ခန္ဓာကိုယ်မလှုပ်နိုင်တော့သော်လည်း အသိတော့ရှိသေးတာမို့ အဲရိုးကခေါင်းကိုငုံ့ကာ ဦးစန်းနိုင်သေချာကြားနိုင်လောက်တဲ့အထိ နီးကပ်စွာကပ်လိုက်၏။
" စိတ်မပူနဲ့ အချိန်ရောက်ရင်ဦးစစ်ချန်းကိုလည်းကျုပ်ကသတ်မှာမို့လို့ "
ဦးစန်းနိုင်က အဲရိုးပြောသမျှကိုနားထောင်ရင်း မျက်လုံးတွေမှေးစင်းသွားတာမို့ အဲရိုးကထိုမြင်ကွင်းအား မေးထောက်ကာအသေအချာကြည့်သွား၏။
" ကောင်းကောင်းသွားတော့ ငှက်ကလေးရေ "
29.7.23
Grey
××××××××
" ေမာင္ရွိန္၀ါေရ "
" ခင္ဗ်ာ "
" အန္တီတို႔အိမ္မယ္ေတာ့ဘာမွေထြေထြထူးထူးမရွိဘူးကြယ္ ညေနမွေစ်းသြားမွာမို႔ အခုေတာ့ရွိတာေလးနဲ႔စားလိုက္ေနာ္ "
ေဒၚစန္းေဌးက ထမင္း၀ိုင္းျပင္ရင္း ခြန္းသန္႔ရွိန္၀ါအားလွမ္းေျပာသည္။ ေရာက္သည့္အခ်ိန္တည္းက ဧည့္ခန္းထဲမွ ၀ါးထိုင္ခုံေပၚထိုင္ေနရတာ ပ်င္းလာၿပီျဖစ္သည္။ ရႈိင္းအားလိုက္ရွာမိေသာ္လည္း သူ႔အားထားကာဘယ္ထြက္သြားမွန္းမသိ။
" မင္းထမင္းစားၿပီးၿပီလား "
အိမ္ထဲခပ္သြက္သြက္ေလွ်ာက္လွမ္းလာေသာ ရႈိင္းကခြန္းသန္႔အားလွမ္းေမးသည္။ လက္ထဲတြင္လည္း ဟင္းထုတ္မ်ားကိုဆြဲကိုင္လာ၏။
" ဘာေတြ၀ယ္လာတာလဲရႈိင္းေဌးရယ္ "
" အိမ္မွာေထြေထြထူးထူးမရွိတာနဲ႔ လမ္းထိပ္မွာခြန္းသန္႔အတြက္ဟင္းသြား၀ယ္ေပးတာအေမ "
ရႈိင္းကေဒၚစန္းေဌးေမးသမွ်ကိုျပန္ေျဖရင္း ပန္းကန္လုံးထဲဟင္းလွယ္ထည့္သည္။ မနက္ကအထိမႈိင္ေတြေနတဲ့သားက ခြန္းသန္႔ရွိန္၀ါေရာက္သည္ႏွင့္သြက္လက္ေနတာမို႔ ေဒၚစန္းေဌးကေတာ့ ေျပာမႏိုင္ေတာ့ေပ။
" ကဲ ထမင္းစားရေအာင္ေမာင္ရွိန္၀ါရယ္ မင္းသူငယ္ခ်င္းကမင္းအတြက္ဟင္းေတြ၀ယ္လာခ်ည္ရဲ႕ "
ေဒၚစန္းေဌးက ခြန္းသန္႔အားထမင္း၀ိုင္းသို႔လွမ္းေခၚကာ သူကိုယ္တိုင္ပင္ထိုထမင္း၀ိုင္းသို႔၀င္ထိုင္သည္။
" ဒါကၾကက္သားနဲ႔အာလူးဆီျပန္ဟင္း ဒါက၀က္သားကိုပုန္းရည္ႀကီးနဲ႔ခ်က္ထားတာေလ ဟင္းဆိုင္က၀ယ္လာတာဆိုေတာ့မင္းအႀကိဳက္ေတြ႕ပါ့မလားမသိဘူး "
ဆန္းရႈိင္းက ဟင္းေတြအားခြန္းသန္႔ပန္းကန္ထဲအတင္းပုံထည့္ေပးေနတာမို႔ ေဒၚစန္းေဌးကရႈိင္းရဲ႕ပုံစံအားအံ့ၾသေနေတာ့သည္။
" မင္းတို႔ႏွစ္ေယာက္သိတာၾကာၿပီလားေမာင္ရွိန္၀ါ ဘာလို႔ဆိုအန္တီ့သားကအေပါင္းအသင္းနည္းတယ္ သူ႔ၾကည့္ရတာမင္းကိုအေတာ္ေလးခင္ပုံပဲ "
" ဟုတ္ကဲ့ သိတာေတာ့မၾကာေသးပါဘူး "
" ေမာင္ရွိန္၀ါကအသက္ဘယ္ႏွႏွစ္လဲ "
ဘြားၾကဴကခြန္းသန္႔အားယပ္ခပ္ေပးရင္း အသံကိုခပ္ေအးေအးသာေမးလာသည္။ ခြန္းသန္႔အားရႈိင္းနဲ႔ရင္းႏွီးသည္ဟုသိရသည့္အခ်ိန္တည္းက ေဒၚစန္းေဌးႏွင့္ဘြားၾကဴက ခြန္းအေပၚအေတာ္ေလးဂ႐ုစိုက္သည္။ ငယ္စဥ္တည္းကမိသားစုဘ၀ကိုမရရွိခဲ့သည့္ ခြန္းသန္႔အတြက္ ထိုအခိုက္အတန္႔ကသူ႔စိတ္ကိုေပ်ာ္႐ႊင္ေစသည္။
" 24ႏွစ္ပါ "
" ရႈိင္းေဌးထက္ေတာင္ငယ္တာပဲ သားကိုႀကီးကၿမိဳ႕မွာတစ္ေယာက္တည္းေနရတာဆိုေတာ့ သားကပဲေစာင့္ေရွာက္ေပးပါဦးေနာ္ "
ဘြားၾကဴက သူ႔ေျမးအားေစာင့္ေရွာက္ေပးရန္ ခြန္းသန္႔အားအထပ္ထပ္မွာေနတာမို႔ ေခါင္းညိတ္ကာလက္ခံလိုက္၏။
" ေမာင္ရွိန္၀ါကေရာ လူပ်ိဳပဲလား "
" ကြၽန္ေတာ့္မွာသားေလးတစ္ေယာက္ရွိပါတယ္အန္တီ ကြၽန္ေတာ္က ကေလးအေဖတစ္ေယာက္ပါ "
(ကေလးအေဖ)ဟူေသာစကားက ခြန္းသန္႔အတြက္ အခ်ိန္မေ႐ြးတုံ႔ဆိုင္းျခင္းမရွိပဲေျပာထြက္ေသာစကားျဖစ္သည္။ သားအတြက္သိမ္ငယ္သြားရမည့္အရာေတြကို မလိုလားတာမို႔ သူသာလွ်င္ကေလးအေဖျဖစ္ေၾကာင္း တေလာကလုံးကိုေၾကညာလိုက္ခ်င္သည္။( ေနေနးအေဖက သူ႔မိန္းမနဲ႔ကြဲေနတာေလ/ ကေလးအေမက ေသသြားၿပီ) အစရွိေသာ ေကာလဟာလသတင္းေတြအား ခြန္းသန္႔လုံး၀ဂ႐ုမစိုက္။ အမ်ားကသူ႔အား မဟုတ္မမွန္သတင္းေတြနဲ႔အမ်ိဳးမ်ိဳးပုတ္ခပ္ရင္ေတာင္ သားရဲ႕အနာဂတ္ကိုမထိခိုက္ရင္ရၿပီမို႔ ကေလးအေဖကသူသာျဖစ္ေၾကာင္း အတိအလင္းခ်ျပထားတာျဖစ္သည္။
" ဟုတ္လား ဒါဆိုငယ္ငယ္႐ြယ္႐ြယ္နဲ႔အိမ္ေထာင္က်တာထင္တယ္ သားေလးေကာအသက္ဘယ္ႏွႏွစ္ရွိၿပီလဲ "
" သားကအသက္ေလးႏွစ္ရွိပါၿပီအန္တီ ကေလးအေမကေတာ့ဆုံးသြားပါၿပီ "
ခြန္းသန္႔စကားအဆုံး၌ ေဒၚစန္းေဌးကစိတ္မေကာင္းျဖစ္သြားသည့္ပုံစံျဖင့္ႏႈတ္ဆိတ္သြားသည္။ ရႈိင္းကလည္း ဂ႐ုဏာသက္စြာခြန္းသန္႔အားလွမ္းၾကည့္သည္။ ေနေနးအေမဆုံးသြားသည့္သတင္းအား ရႈိင္းအေနနဲ႔အခုမွအေသအခ်ာသိလိုက္ရတာျဖစ္သည္။
" ထမင္းစားၿပီးရင္ ဒီနားတစ္၀ိုက္ေလွ်ာက္ၾကည့္ခ်င္လား ငါလိုက္ျပေပးမယ္ေလ "
ၿငိမ္သက္သြားသည့္ထမင္း၀ိုင္းအတြင္း ရႈိင္းကစကားျပန္စလိုက္ေတာ့ ခြန္းသန္႔ကေခါင္းညိတ္ျပသည္။ အခဲမေက်ေသးတဲ့ကိစၥအားမရွင္းရေသးတာမို႔ ရႈိင္းနဲ႔ႏွစ္ေယာက္တည္းစကားေျပာခ်င္တာလည္းပါသည္။
×××××××××××××
" ဟိုေရွ႕ေရာက္ရင္ စမ္းေခ်ာင္းေလးတစ္ခုရွိတယ္ အဲ့နားမွာသြားထိုင္ၾကမလား "
" ဘာလုပ္မွာလဲ ပ်င္းစရာႀကီး "
" ဒါဆိုမင္းကဘယ္သြားခ်င္လို႔လဲ "
ရႈိင္းက သူ႔အားေမးခြန္းျပန္ထုတ္လာေတာ့ ခြန္းသန္႔ကထိုနားတစ္၀ိုက္စူးစမ္းကာ ေလွ်ာက္ၾကည့္သည္။
" ဟိုးနားက ဓနိအကာေလးေတြနဲ႔ကဘာဆိုင္လဲ "
" အဲ့တာထန္းရည္ဆိုင္ေလ "
" ထန္းရည္မေသာက္ဖူးဘူး "
" မင္းေသာက္ခ်င္လား "
" အင္း "
ခြန္းသန္႔ကေခါင္းညိတ္ျပေတာ့ ရႈိင္းကေတြ၀ေျခင္းမရွိထိုဆိုင္သို႔ ဦးေဆာင္ကာေခၚသြားေပးသည္။ အျပင္ပန္းပုံအရမထင္ရေသာ္လည္း ရႈိင္းကအေတာ္ေသာက္ႏိုင္သည္။ အရက္မူးသည္ဆိုေသာအတိုင္းအတာက ရႈိင္းအတြက္အလြန္အကြၽံေသာက္ကာမွ ခံစားရတာျဖစ္သည္။ သို႔ေပမယ့္ ခြန္းသန္႔ရွိန္၀ါကရႈိင္းေလာက္မေသာက္ႏိုင္ေပ။ လူအထင္ႀကီးေအာင္ အရက္အမ်ိဳးမ်ိဳးေသာက္ျပေလ့ရွိေသာ္လည္း နည္းနည္းေလာက္ေသာက္႐ုံနဲ႔မူး၀ေကာ ငိုယိုေလ့ရွိသည္။ ထိုအက်င့္ကိုေတာ့ စိုင္မြန္ကလြဲၿပီးမည္သူမွမသိ။
" ထန္းရည္ႏွစ္အိုးမွာထားတယ္ မူးတဲ့အထိေတာ့မေသာက္နဲ႔ေနာ္ "
ရႈိင္းက ခြက္တစ္ခြက္ထဲထန္းရည္ထည့္ကာ ခြန္းသန္႔ရွိန္၀ါအားလွမ္းေပးသည္။ တစ္ဖက္ေကာင္ကေတာ့ ထန္းရည္မေသာက္ခင္အနံ႔လိုက္ရႈကာ ႏွာေခါင္းရႈံ႕ပစ္၏။
" ခ်ဥ္စုပ္စုပ္အနံ႔ႀကီး "
" မင္းစိတ္ထင္လိို႔ပါ ေသာက္ၾကည့္ေကာင္းတယ္ "
" ထန္းရည္ကထားပါဦး ဒါကေကာဘာႀကီးလဲ "
ခြန္းသန္႔ရွိန္၀ါက သူ႔အေရွ႕မွပုလင္းတစ္ခုအားေမးေငါ့ကာ ေမးလိုက္ေတာ့ ရႈိင္းကေဘးပတ္၀န္းက်င္ကို လွမ္းအကဲခတ္သည္။
" အဲ့တာဆန္အရက္ေလ ထန္းရည္သုံးဆ ဆန္အရက္တစ္ဆေရာေသာက္ရင္ ရွယ္ပဲ "
ရႈိင္းကခြန္းသန္႔အနားခပ္တိုးတိုးလာေျပာျပေတာ့ ခြန္းသန္႔ကအံ့ၾသသြားသည့္ပုံစံျဖင့္ ရႈိင္းအားစူးစိုက္ၾကည့္သည္။
" ခင္ဗ်ားကတကယ့္အရက္သမားပဲ ပ႐ိုနဲ႔လာေတြ႕ေနတယ္ "
" ေသာက္ခ်င္လို႔ေသာက္တာမဟုတ္ဘူး ငါ့မွာပန္းနာရင္က်ပ္ရွိတယ္ အဲ့တာေၾကာင့္ေဆးအေနနဲ႔သေဘာထားၿပီး နည္းနည္းပါးပါးေသာက္တာ "
ရႈိင္းက ရန္ျပန္ေတြ႕ရင္း ထန္းရည္တစ္ခြက္အား တစ္က်ိဳက္တည္းေမာ့ေသာက္ပစ္၏။ ခြန္းသန္႔ကသာ တစ္ငုံေသာက္လိုက္ အျမည္းစားလိုက္လုပ္ေနတာျဖစ္သည္။ ထန္းရည္ႏွစ္အိုးကုန္ခါနီးအထိ ရႈိင္းကေသာက္ႏိုင္ဆဲျဖစ္သည္။ သို႔ေပမယ့္ခြန္းသန္႔ရွိန္၀ါက မ်က္ႏွာေတြနီလာကာ ငိုမဲ့မဲ့ျဖစ္လာ၏။
" ခင္ဗ်ားအဲ့ေန႔က ဘာလို႔စာမျပန္တာလဲ "
" ဘာ "
" ခင္ဗ်ားသေဘာက်တဲ့ေကာင္နဲ႔ စကားေျပာေနလို႔မလား "
" ဘာေတြလာေျပာေနတာလဲ "
" က်ဳပ္ထက္ေတာင္ေခ်ာတယ္ဆိုေတာ့ အေတာ္ကိုသေဘာက်ေနပုံပဲ "
" မင္းမူးေနတာလား "
ေခါင္းငုံ႔ကာေလးပင္ေနတဲ့အသံေၾကာင့္ ရႈိင္းကခြန္းသန္႔မ်က္ႏွာအားဆြဲေမာ့လိုက္သည္။ မ်က္လုံးေတြက အေတာ္ေမွးစင္းသြားၿပီး ႏွာေခါင္းထိပ္ေတြကရဲေနၿပီျဖစ္သည္။
" ငိုေနတာလား "
ရႈိင္းက ခြန္းသန္႔မ်က္ခြံေပၚကြယ္ေနသည့္ ဆံပင္အခ်ိဳ႕ကိုလက္နဲ႔သပ္တင္ေပးရင္း ႏူးညံ့စြာေမး၏။ ခြန္းသန္႔ရွိန္၀ါက ေခါင္းကိုညိတ္ျပရင္း ထပ္ငိုသည္။ သို႔ေပမယ့္အံႀကိတ္ငိုေနတဲ့အသံမို႔ က်ယ္ေလာင္စြာမၾကားရေပ။
" မင္းကမေသာက္ႏိုင္ဘူးထင္တယ္ ငါကမင္းကိုအရက္သမားလို႔ေတာင္ထင္ထားတာ တကယ္တမ္းငါကအရက္သမားျဖစ္ေနတယ္ "
ရႈိင္းကစေနာက္သည့္ပုံစံျဖင့္ လွမ္းေျပာလိုက္ေတာ့ ခြန္းသန္႔ရွိန္၀ါကသူ႔မ်က္ႏွာကိုလက္နဲ႔အုပ္ကာရႈိက္ငိုသည္။
" ေနာက္လဆိုညီမေလးေမြးေန႔ေရာက္ၿပီ ညီမေလးကက်ဳပ္ေၾကာင့္နဲ႔.... "
ခြန္းသန္႔ကငိုသံျဖင့္စကားကိုပလုံးပေထြးေျပာရင္း ရႈိင္းေပါင္ေပၚေခါင္းမွီကာလွဲအိပ္၏။ အသံက ေလးပင္ကာငိုသံျဖင့္ပါေျပာေနတာမို႔ ခြန္းသန္႔ဘာေတြေျပာေနမွန္းရႈိင္းေသခ်ာမသိေပ။ သို႔ေပမယ့္နားထဲအထပ္ထပ္ၾကားေနရသည့္အသံက (ညီမေလး)ဆိုေသာအသံပင္ျဖစ္သည္။ ထိုစကားကိုခြန္းသန္႔ရွိန္၀ါကအထပ္ထပ္ေျပာကာ ငိုေနျခင္းျဖစ္သည္။
" တိတ္တိတ္ မငိုနဲ႔ ငိုရင္မင္းကိုဒီမွာပဲထားပစ္ခဲ့ေတာ့မွာ "
ရႈိင္းကခြန္းသန္႔ရဲ႕ေက်ာျပင္ကို ခပ္ဖြဖြပုတ္ရင္းလွမ္းေျပာ၏။ ခြန္းသန္႔ကအသိေတာ့ ရွိေသးပုံရ၏။ အငိုတိတ္ကာ ရႈိင္းရဲ႕ေပါင္ေပၚခပ္ၿငိမ္ၿငိမ္ေလး လွဲေနသည္။
" ခင္ဗ်ားအိမ္ေပၚမွာေယာက်္ားတစ္ေယာက္ဓာတ္ပုံေတြ႕ခဲ့တယ္ အဲ့တာဘယ္သူလဲ "
ပလုံးပေထြးျဖင့္ေမးခြန္းထုတ္လာေသာ္လည္း မ်က္လုံးကေတာ့မပြင့္ေပ။ ရႈိင္းကေတာ့ အ၀တ္ပါးတစ္ခုထဲေရခဲတုံးေလးေတြထည့္ကာ ခြန္းသန္႔ရဲ႕နီရဲေနတဲ့ပါးျပင္ေပၚ ခပ္ဖြဖြကပ္ေပးသည္။
" အဲ့တာငါ့အေဖေလ အေဖကငါေျခာက္တန္းႏွစ္တည္းက ေရာဂါနဲ႔ဆုံးသြားတာ "
" ...... "
" ငါ့အေမက ငါ့အေဖကိုအရမ္းခ်စ္တာေလ ခ်စ္တာလည္းမေျပာနဲ႔ ငါ့အေဖကအရမ္းလိမၼာၿပီး ငါ့အေမအေပၚစကားေျပာတာအစ အရမ္းႏူးညံ့တာ "
ရႈိင္းက အေဖ့အေပၚလြမ္းတဲ့စိတ္ေလးျပန္ေပၚလာၿပီး အတိတ္အေၾကာင္းကိုမနားတမ္းေျပာျပသည္။ ခြန္းသန္႔ကလည္း ၿငိမ္သက္စြာနားေထာင္ေပး၏။
" အေဖ့မွာခ်စ္ဖို႔ေကာင္းတဲ့အမူအက်င့္ေလးရွိတယ္ အေမကအေဖ့ကို ေမာင္လို႔ေခၚလိုက္တိုင္း ဗ်ာဆိုတဲ့အသံကမေႏွာင့္ေႏွးေစရဘူး စိတ္ဆိုးေနလည္း ေမာင္လို႔ေခၚလိုက္တိုင္းဗ်ာလို႔ပဲထူးတာ "
ရႈိင္းကေရခဲကပ္ေပးရင္း လြမ္းဆြတ္စြာေျပာလာေတာ့ ခြန္းသန္႔ရွိန္၀ါက ၿငီးေငြ႕လာသည့္ပုံစံျဖင့္ အနည္းငယ္လႈပ္႐ြလာသည္။
" ေမာင္လို႔ေခၚၾကည့္ "
" ဟမ္ "
" ....... "
" မ်က္ႏွာကလည္းအခုထိနီေနတုန္းပဲ ေနာက္တစ္ခါမေသာက္ႏိုင္ပဲ စြတ္မေသာက္နဲ႔ "
" ေမာင္လို႔ေခၚၾကည့္ "
" အဲ့တာက ခ်စ္သူရည္းစားေတြၾကားေခၚၾကတာေလ မင္းနဲ႔ငါနဲ႔က ဘာမွမသက္ဆိုင္ဘူးေလ "
ရႈိင္းကေပါင္ေပၚမွခြန္းသန္႔အားငုံ႔ၾကည့္ကာေျပာလာေတာ့ ခြန္းသန္႔ရွိန္၀ါက ရႈိင္းရဲ႕လက္ေတြကိုဖယ္ထုတ္ပစ္၏။
" ေခၚၾကည့္ "
" ဘာလို႔လဲ "
" ထူးခ်င္လို႔ "
ခြန္းသန္႔ရွိန္၀ါတမင္္ရစ္ေနမွန္း ရႈိင္းသိ၏။ မ်က္လုံးေတြက အတိပိတ္ကာ သူ႔အားဆက္တိုက္ရစ္ေနတာမို႔ ရႈိင္းမေနသာေတာ့ေပ။ ထိုစကားတစ္ခြန္းကိုေခၚဖို႔ တုံ႔ဆိုင္းေနမိသလို ထိုအေခၚအ၀ေၚကရႈိင္းအတြက္ ပထမဦးဆုံးသုံးႏႈန္းဖူးတာျဖစ္သည္။
" ေမာင္ "
ရႈိင္းက ခပ္တိုးတိုးေခၚကာ ခြန္းသန္႔ရဲ႕ေက်ာျပင္အားႏူးႏူးညံ့ညံ့ပြတ္ေပးသည္။ ခြန္းသန္႔ရွိန္၀ါက ခဏတာၿငိမ္သက္သြားၿပီး သူ႔မ်က္ႏွာကိုရႈိင္းရဲ႕ေပါင္ေပၚမ်က္ႏွာအပ္ကာ ဖြက္ထားလိုက္၏။
" ရွိတယ္ဗ် "
ခြန္းသန္႔စကားအဆုံး၌ ရႈိင္းရဲ႕ရင္ေတြအဆမတန္တုန္ယင္လာရသည္။ ထိုအမ်ိဳးသားက သူ႔ခံစားခ်က္ေတြကို အခ်ိန္မေ႐ြးျပဳစားႏိုင္တာျဖစ္သည္။ အ႐ြဲ႕တိုက္တတ္သည့္အက်င့္ကို ႐ြံမုန္းလွေသာ္လည္း ထိုအမ်ိဳးသားရဲ႕အျပဳအမူကိုေတာ့ သူအျပစ္မျမင္ရက္ေပ။
" ျပန္ၾကရေအာင္ မိုးခ်ဳပ္သြားရင္မေကာင္းဘူး "
ခြန္းရဲ႕လက္ေမာင္းေအာက္ သူ႔ေခါင္းကိုလွ်ိဳ၀င္ကာ မတ္တပ္ရပ္ခိုင္းလိုက္သည္။ သို႔ေပမယ့္ ခြန္းသန္႔ရွိန္၀ါကေပေတၿပီး ေကာင္းေကာင္းမြန္မြန္မရပ္ေပ။
" လမ္းမေလွ်ာက္ႏိုင္ဘူးလား "
ခြန္းသန္႔ရွိန္၀ါက ေခါင္းသာညိတ္ျပသည္။ မ်က္လုံးကလည္းအရွင္းမပြင့္ေသးတာမို႔ ထိုေကာင္ေလးအိပ္ခ်င္ေနၿပီျဖစ္ေၾကာင္းကို ရႈိင္းအကဲခတ္မိ၏။
" မင္းအခုထိမူးေနတုန္းပဲလား "
ရႈိင္းကေနာက္တစ္ႀကိမ္ထပ္ေမးေတာ့ ခြန္းကေခါင္းညိတ္ျပသည္။
" ငါ့ကိုခ်စ္လား "
မူးေနသည့္သူေတြက အမွန္အတိုင္းေျပာတတ္တာမို႔ ရႈိင္းအရဲစြန္႔ကာေမးလိုက္ျခင္းျဖစ္သည္။ သို႔ေပမယ့္ခြန္းသန္႔ရွိန္၀ါက ခ်က္ခ်င္းေခါင္းခါျပကာၿငိမ္သက္သြားတာမို႔ ရႈိင္း၀မ္းနည္းသြားရျပန္သည္။ ခ်စ္ျခင္းေမတၱာကအတုံ႔အျပန္မရွိေသာ္လည္း ယခုအခ်ိန္ထိထိုအမ်ိဳးသားအေပၚ ေလာဘတက္ေနမိတုန္းျဖစ္သည္။
" ႁပြတ္ "
သူ႔ကိုယ္ေပၚမွီတြယ္လာသည့္ ခြန္းသန္႔အား ရႈိင္းခိုးနမ္းလိုက္ျခင္းျဖစ္သည္။ ရႈိင္းသတိထားမိသေလာက္ ခြန္းသန္႔ကအမူးလြန္ကာငိုယိုၿပီးေနာက္ သူ႔ပါးျပင္အားနမ္းဖို႔ႀကံ႐ြယ္ခဲ့တာျဖစ္သည္။ သို႔ေပမယ့္ နီးကပ္လာတဲ့မ်က္ႏွာက ခ်က္ခ်င္းသလိုေရွာင္ထြက္သြားခဲ့၏။ ဘာေတြကိုထိန္းခ်ဳပ္ခဲ့သလဲမသိေပမယ့္ ရႈိင္းကေတာ့ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္ပဲ ခြန္းရဲ႕ပါးျပင္ေပၚခိုးနမ္းလိုက္တာျဖစ္သည္။ တစ္ဖက္ေကာင္က ၿငိမ္သက္ကာစိတ္ဆိုးသြားသည့္အမူအယာမ်ိဳးမေတြ႕မွ ရႈိင္းလည္းသက္ျပင္းခ်ႏိုင္ေတာ့သည္။ မူးၿပီးအသိစိတ္မရွိေသးလို႔သာေတာ္ေသးသည္ဟု ရႈိင္းစိတ္ထဲေတြးေတာမိလိုက္၏။
မဟုတ္ရင္ ယခုလိုအေျခအေနမ်ိဳးအထိ ရႈိင္းခိုးနမ္းရဲမွာမဟုတ္ေပ။
" ငါကုန္းပိုးသြားမယ္ ငါ့ကိုေသခ်ာကိုင္ထားေနာ္ "
ရႈိင္းက ခြန္းကိုေနာက္ေက်ာေပးကာဒူးတစ္ဖက္ေထာက္လိုက္ၿပီး ခြန္းရဲ႕လက္ႏွစ္ဖက္အား သူ႔ပခုံးေပၚဖက္ထားေစသည္။ ထိုခႏၶာကိုယ္ႀကီးအား ေက်ာပိုးထားရတာ ရႈိင္းအတြက္မလြယ္ကူေပ။
" ေနာက္တစ္ခါဆိုမင္းကို ဘယ္ေတာ့မွအရက္မတိုက္ေတာ့ဘူး လူဆိုးေကာင္ "
" ....... "
" သူမ်ားဆီလိုက္လာၿပီး ဒုကၡလာေပးေနသလားေအာက္ေမ့ရတယ္ သူ႔ကိုျပန္ၿပီးကုန္ပိုးေနရတယ္ "
ခြန္းသန္႔က ရႈိင္းရဲ႕ပခုံးေပၚမ်က္ႏွာအပ္ကာ ၿငိမ္သက္ေနေသာ္လည္း ရႈိင္းကစကားေတြဆက္တိုက္ေျပာေနတုန္းျဖစ္သည္။
" မင္းက်ေတာ့ ေပြရႈပ္ေနၿပီး ငါ့ကိုရည္းစားမထားနဲ႔ဘာညာလာပိတ္ပင္ေနေသးတယ္ ငါသေဘာက်ေနတဲ့သူကမင္းလို႔ဖြင့္ေျပာလိုက္ရင္မင္းကငါ့ကိုေလွာင္ေျပာင္ရယ္အုံးမွာ "
" ........ "
" မင္းကအေတာ္မုန္းဖို႔ေကာင္းတယ္ ငါ့ခံစားခ်က္ေတြကိုဘယ္ေတာ့မွထည့္မေတြးေပးဘူး စိုင္မြန္ဆိုတဲ့လူက်ေတာ့မင္းကအေကာင္းျမင္တယ္ ငါ၀ယ္လာေပးတဲ့စြပ္ျပဳတ္က်ေတာ့အသိအမွတ္ေတာင္မျပဳဘူး ေနာက္တစ္ခါဆို မင္းကိုမုန္းပစ္ေတာ့မွာ "
" ......... "
" ဒါေပမယ့္ မင္းကိုခ်စ္တယ္ "
ရႈိင္းက မူးေနသည့္သူအားစကားေတြဆက္တိုက္ေျပာကာ ဆက္ေလွ်ာက္လာ၏။ အိမ္ႏွင့္ထန္းရည္ဆိုင္ကသိပ္မ၀ေးတာမို႔ ရႈိင္းအတြက္ေတာ္ေသးသည္ဟုေျပာရမည္။ မဟုတ္ရင္ထိုခႏၶာကိုယ္ႀကီးအား ရႈိင္းၾကာၾကာထိန္းႏိုင္မွာမဟုတ္ေပ။ ေက်ာျပင္ေပၚၿငိမ္သက္ေနသည့္ေကာင္ကေတာ့ မ်က္လုံးစုံမွိတ္ကာ ရႈိင္းေျပာသမွ်နားေထာင္ေပးသည္။ သို႔ေပမယ့္ ရႈိင္းစကားအဆုံး၌ ႏႈတ္ခမ္းေထာင့္မွေကြးၫႊတ္သြားသည့္အၿပဳံးတစ္ခ်ိဳ႕ကိုေတာ့ ရႈိင္းမျမင္လိုက္ေပ။
××××××××××
အခ်ိန္ကား မနက္အေစာႏွစ္နာရီျဖစ္၏။ ေထာင္၀န္းထဲ၌ တိတ္ဆိတ္ေနၿပီး ေထာင္သားမ်ားအိပ္ေပ်ာ္ေနၾကၿပီျဖစ္သည္။ ထိုအထဲ၌ ဦးစန္းႏိုင္အား တိုက္ပိတ္အခန္းထဲတသီးတသန္႔ထည့္ထားတာျဖစ္သည္။ ဦးစန္းႏိုင္က တစ္ေကာင္ႂကြက္ျဖစ္တာမို႔ ထိုေထာင္ထဲ၌ သူေသသြားလည္းမည္သူမွအေရးစိုက္မွာမဟုတ္ေပ။
ေခ်ာက္
သူ႔အားပိတ္ေလွာင္ထားသည့္ အခန္းတံခါးကိုအျပင္မွ ေသာ့ဖြင့္သံၾကားေနရတာမို႔ ဦးစန္းႏိုင္ကထိုအခန္းက်ဥ္းထဲ ေထာင့္ကပ္ကာတုန္လႈပ္သြားသည္။
" က်စ္!! နံေစာ္ေနတာပဲ "
အခန္းတံခါးပြင့္ၿပီးေနာက္ ေျခတစ္လွမ္းခ်င္းေလွ်ာက္၀င္လာသည့္ အမ်ိဳးသားက စိတ္ရႈပ္စြာေရ႐ြတ္လိုက္ျခင္းျဖစ္သည္။ အလုံပိတ္အခန္းမို႔ သဲကြဲစြာမျမင္ရေသာ္လည္း အခန္းတံခါးအျပင္မွ၀င္ေရာက္လာသည့္ အလင္းေရာင္ေၾကာင့္ ထိုလူ႔မ်က္ႏွာအား ဦးစန္းႏိုင္ခပ္ေရးေရးျမင္လိုက္ရသည္။ သူ႔အား ႏႈတ္ပိတ္ဖို႔ႀကံ႐ြယ္ေတာ့မည္ကို ႀကိဳသိေနတာမို႔ ဦးစန္းႏိုင္ကေအာ္ဟစ္ကာအကူအညီေတာင္းသည္။
" ဒီထဲမွာလူသတ္သမားေရာက္ေနပါတယ္ အျမန္လာၾကပါ!!!! "
" ဘာလို႔ေအာ္ေနတာလဲ ဘယ္သူမွမရွိဘူး ခင္ဗ်ားနဲ႔ေအးေဆးစကားေျပာလို႔ရေအာင္ ေရွာင္ထြက္ေပးၾကတယ္ထင္တယ္ "
တစ္ဖက္ေကာင္က အခန္းနံရံကိုမွီရင္း ေသြးေအးစြာေျပာလာတာမို႔ဦးစန္းႏိုင္က ဒူးေထာက္ကာေတာင္းပန္သည္။ ေျခေထာက္ေတြကိုလည္း သံကြင္းေတြနဲ႔ခ်ည္ေႏွာင္ထားတာေၾကာင့္ ဘယ္နည္းနဲ႔မွ႐ုန္းမထြက္ႏိုင္ေပ။ ေထာင္ထဲအလြယ္တကူ၀င္လာတည္းက မည္သူေစလႊတ္လိုက္မွန္းဦးစန္းအေသအခ်ာသိေနတာျဖစ္သည္။
" ခြန္းသန္႔ရွိန္၀ါက ဘယ္ေန႔ကခင္ဗ်ားကိုလာေတြ႕သြားတာလဲ "
" ....... "
" အသားနာေအာင္မလုပ္ခ်င္တာမို႔ ဒီအတိုင္းပဲေျပာျပလိုက္ေတာ့ "
" လြန္ခဲ့တဲ့တစ္ပတ္ကပါ "
" သူတစ္ေယာက္တည္းလား "
အဲ႐ိုးက ဒူးတစ္ဖက္ေထာက္ကာထိုင္ရင္း ဦးစန္းႏိုင္ရဲ႕အက်ႌေကာ္လံအား ဖုန္ခါေပးသည္။ ဦးစန္းႏိုင္က တစ္ကိုယ္လုံးတုန္ယင္ေနတာမို႔ အဲ႐ိုးက ပါးခ်ိဳင့္ေတြခြက္၀င္သြားတဲ့အထိၿပဳံးရယ္သည္။
" စုံေထာက္တစ္ေယာက္ပါ,ပါတယ္ နာမည္အတိအက်မသိေပမယ့္ ဆန္းရႈိင္းလို႔ေတာ့ၾကားလိုက္ပါတယ္ သူကအျပင္ဘက္မွာခြန္းသန္႔ကိုေစာင့္ေနတာပါ "
" လိမၼာသားပဲ "
အဲ႐ိုးက ဦးစန္းႏိုင္ရဲ႕ေခါင္းအားခပ္ဖြဖြပုတ္ကာ ၿပဳံးျပသည္။ သို႔ေပမယ့္ ထိုအၿပဳံးကအလြန္အႏၲရာယ္မ်ားတာျဖစ္သည္။ မ်က္လုံးအၾကည့္ေတြက ရီ၀ေျခင္းမရွိပဲမ်က္ႏွာေသသာျဖစ္ေနတာေၾကာင့္ ပို၍ထိတ္လန္႔စရာေကာင္းသည္။
" ဘာလို႔တစ္ေယာက္ၿပီးတစ္ေယာက္လိုက္သတ္ေနတာလဲ ဦးစစ္ခ်န္းက ကိစၥေတြအားလုံးၿပီးတဲ့အခါ မင္းကိုပါသတ္ပစ္လိမ့္မယ္ "
ဦးစန္းႏိုင္က မ၀ံ့မရဲသတိေပးစကားဆိုလိုက္ေတာ့ အဲ႐ိုးကဂ႐ုမစိုက္သည့္ပုံစံျဖင့္ ခပ္႐ြဲ႕႐ြဲ႕ၿပဳံးျပရင္း သူ႔အိတ္ကပ္ထဲမွေဆးထိုးအပ္အားထုတ္ယူလိုက္သည္။ ထို႔ေနာက္ဦးစစ္ခ်န္းရဲ႕လည္ပင္းေၾကာထဲ ထိုးသြင္းကာ ဟန္မပ်က္ပင္နံရံေပၚေက်ာမွီကာေစာင့္ၾကည့္ေန၏။ ဦးစစ္ခ်န္းရဲ႕ႏွာေခါင္းတြင္းမွေသြးေတြစီးက်ကာ လဲက်သြားသည့္အခ်ိန္အထိ အဲ႐ိုးကထိုျမင္ကြင္းကို အေသအခ်ာစူးစိုက္ၾကည့္ေနတာျဖစ္သည္။ ထို႔ေနာက္စီးကရက္တစ္လိပ္အား မီးညႇိရင္းဦးစန္းရဲ႕အေရွ႕တြင္ ဒူးတစ္ဖက္ေထာက္ကာထိုင္လိုက္၏။ ဦးစန္းႏိုင္က ခႏၶာကိုယ္မလႈပ္ႏိုင္ေတာ့ေသာ္လည္း အသိေတာ့ရွိေသးတာမို႔ အဲ႐ိုးကေခါင္းကိုငုံ႔ကာ ဦးစန္းႏိုင္ေသခ်ာၾကားႏိုင္ေလာက္တဲ့အထိ နီးကပ္စြာကပ္လိုက္၏။
" စိတ္မပူနဲ႔ အခ်ိန္ေရာက္ရင္ဦးစစ္ခ်န္းကိုလည္းက်ဳပ္ကသတ္မွာမို႔လို႔ "
ဦးစန္းႏိုင္က အဲ႐ိုးေျပာသမွ်ကိုနားေထာင္ရင္း မ်က္လုံးေတြေမွးစင္းသြားတာမို႔ အဲ႐ိုးကထိုျမင္ကြင္းအား ေမးေထာက္ကာအေသအခ်ာၾကည့္သြား၏။
" ေကာင္းေကာင္းသြားေတာ့ ငွက္ကေလးေရ "
29.7.23
Grey
××××××××