မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

79K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း

1.6K 210 49
By Sebastiann048

((Zawgyi))

အပိုင္း (၄၇)
ပုန္းကြယ္ေနေသာနဂါးက အသူရာေခ်ာက္တြင္းမွ ျပန္လည္ထြက္ေပၚလာျခင္း

💊💊💊

ဒီေနရာမွာေတာ့ ကြၽန္ုပ္တို႔က ခ်ီအားျဖည့္ေဆးလုံးမ်ား၏တန္ဖိုးႏွင့္ ပတ္သတ္ၿပီး ေဆြးေႏြးၾကရမွာျဖစ္သည္။

အထက္တြင္ဆိုခဲ့သည့္အတိုင္း ေဆးဆရာမ်ား၏ က်င့္ႀကံျခင္းမ်ားမွာ မလြယ္ကူလွသလို၊ ေဆးဝါးမ်ား ေဖာ္စပ္သည့္အခါ၌လည္း ေအာင္ျမင္မႈႏႈန္းက ပို၍ပင္ နိမ့္ပါးလွေပသည္။ လူသုံးအမ်ားဆုံးျဖစ္သည့္ ခ်ီအားျဖည့္ေဆးလုံးမ်ားပင္လွ်င္ ေဆးလုံးတစ္လုံးကို ေ႐ႊစ တစ္စ (သို႔မဟုတ္) ႏွစ္စ ေပးၾကရသည္။ ထိုသို႔ဆို ဤမွ်ႀကီးမားသည့္ ကုန္းရိအိမ္ေတာ္ႀကီးအတြက္ မိမိအိမ္ေတာ္မွ သိုင္းပညာရွင္မ်ားမဆိုထားႏွင့္ စံအိမ္ျပင္ပမွ စုစည္းထားေသာ သိုင္းပညာရွင္မ်ား၏ အေရအတြက္ကပင္ မနည္းလွေခ်။ ထို႔ေၾကာင့္ ၄င္းတို႔အား ခ်ီအားျဖည့္ေဆးလုံးမ်ား ေထာက္ပံ့ေပးမည္ဆိုပါက အဘယ္သို႔မ်ား ဤကဲ့သို႔ မေရမတြက္နိုင္ေအာင္ အနႏၲမ်ားျပားသည့္ ပမာဏကို ေထာက္ပံ့ေပးနိုင္ပါအံ့နည္း?

သူတို႔၏ လုပ္ခလစာကား ဤကဲ့သို႔ျဖစ္သည္:

အကယ္၍ ကုန္းရိအိမ္ေတာ္၏ သားစဥ္ေျမးဆက္ျဖစ္ပါက ေသြးသန့္စင္ျခင္းအဆင့္သည္ တစ္လလွ်င္ ခ်ီအားျဖည့္ေဆးလုံး (၁)လုံး၊ အရိုးတည္ေဆာက္ျခင္းအဆင့္သည္ တစ္လလွ်င္ ေဆးလုံး (၂)လုံး။ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္အတြက္မူ ခ်ီေပါင္းစပ္ေဆးလုံးမ်ားအား အစားထိုးေျပာင္းလဲ၍ တစ္လလွ်င္ တစ္လုံး;

အကယ္၍ ကုန္းရိအိမ္ေတာ္မွ ရွာေဖြစုေဆာင္းထားေသာ သိုင္းပညာရွင္ျဖစ္ပါက ေသြးသန့္စင္ျခင္းအဆင့္က ေဆးလုံးမရရွိဘဲ၊ အရိုးတည္ေဆာက္ျခင္းအဆင့္က တစ္လလွ်င္ ခ်ီအားျဖည့္ေဆးလုံး (၁)လုံး၊ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္က တစ္လလွ်င္ ခ်ီအားျဖည့္ေဆးလုံး (၂)လုံးရရွိမွာ ျဖစ္သည္။

ဤသို႔ဆိုလွ်င္ပင္ ကုန္းရိအိမ္ေတာ္သည္ အေရအတြက္မ်ားစြာေသာ လူအေပါင္းအား ေထာက္ပံ့ရန္အတြက္ အရင္းအျမစ္မ်ားကို ေသြးသားကဲ့သို႔ မ်ားစြာရင္းႏွီးေပးဆပ္ထားရသည္ျဖစ္ရာ ဤလစာႏႈန္းထားက အလြန္ရက္ေရာသည္ဟု ဆိုရေပမည္။ အကယ္၍ အိမ္ေတာ္ငယ္ေလးတစ္ခုျဖစ္ပါက အိမ္ေတာ္၏ အတြင္းဆုံးအခရာက်သည့္ သားစဥ္ေျမးဆက္မ်ားကသာ ဤက​ဲ့သို႔ ေထာက္ပ့ံမႈမ်ိဳးကို ရရွိနိုင္ၾကတာျဖစ္ၿပီး အျခားမွ စုေဆာင္းထားသည့္ သိုင္းပညာရွင္မ်ားအတြက္ေတာ့ ဒါက မည္သို႔မွ မျဖစ္နိုင္သည့္အရာပင္။

သိထားရမည့္အခ်က္က ေဆးလုံးမ်ားအားလုံးမွာ ဝယ္လိုအားႏွင္​့ ေရာင္းလိုအားမမွ်တဘဲ အလြန္ရွားပါးေနျခင္းပင္!

ထို႔အျပင္ သိုင္းပညာရွင္မ်ားသည္ ခ်ီအားျဖည့္ေဆးလုံးမ်ားကို စုပ္ယူရာ၌ မည္မွ် အထုံပါရမီ ထူးခြၽန္ေျပာင္ေျမာက္သူျဖစ္ေစကာမူ တစ္လတြင္ ေဆးလုံး (၂)လုံးမွ (၃)လုံးသာ စုပ္ယူနိုင္ၿပီး အဲ့ဒါက အလြန္ဆုံး ထန္ကုန္ျဖစ္သည္။ ထို႔ေၾကာင့္ ခ်ီအားျဖည့္ေဆးလုံးမ်ားအား မွီခို၍ သိုင္းပညာက်င့္ႀကံဖို႔ဆိုသည္မ​ွာ လုံးဝမျဖစ္နိုင္သည့္အရာျဖစ္သည္။

ဒါေပမယ့္ သူ႕အိမ္ကေထာက္ပံ့သူကေတာ့ အဲ့ဒီလိုလုပ္နိုင္တာကို ကုက်ိဳးတစ္ေယာက္ ရွာေဖြေတြ႕ရွိခဲ့သည္။

အျခားသိုင္းပညာရွင္မ်ားသည္ ေဆးလုံးတစ္လုံးကို (၁၀)ရက္အတြင္း အစာေခ်ဖ်က္နိုင္ပါက အဲ့ဒါကိုပင္ မဆိုးလွဘူးဟု ဆိုရေပမည္။ သို႔ေသာ္ ကုန္းရိထ်န္းဟန္ကေတာ့ ခ်ီအားျဖည့္ေဆးလုံးတစ္လုံးကို စားလိုက္လွ်င္ ေက်ာက္ခဲတစ္လုံးကို ေရထဲပစ္ခ်လိဳက္ဘိသကဲ့သို႔ ေရသံ 'ပလုံ' ေတာင္ မၾကားရဘဲ အမ်ားဆုံး (၁၅)မိနစ္နဲ႕တင္ လုံးဝ ေျပာင္စင္ေအာင္ စုပ္ယူပစ္နိုင္ေပသည္။

ဒါကလည္း ထ်န္းတုခႏၶာကိုယ္ရဲ႕ ႀကီးမားတဲ့ ေနာက္ထပ္အစြမ္းတစ္ခုပ​ဲလား?

ထို႔ေၾကာင့္ပင္ ကုက်ိဳးသည္ သူ႕ေထာက္ပံ့သူအေပၚ ယုံၾကည္ခ်က္မ်ား ဆက္လက္ထိန္းသိမ္းထားဝ့ံတာျဖစ္ၿပီး ေခါင္းတစ္ခုလုံးႏွစ္၍ အစြမ္းကုန္ႀကိဳးစားကာ ေဆးဝါးမ်ား ေဖာ္စပ္သန့္စင္ေသာ ႏြားထီးႀကီးတစ္ေကာင္လို ေထာက္ပံ့သူအေနာက္မွ အတူတူလိုက္၍ ေလာင္းေၾကးထပ္ေနျခင္းျဖစ္သည္။

အဲ့ဒါက စဥ္းစားၾကည့္လိုက္ရင္၊ မုန္းစရာေကာင္းေလာက္ေအာင္ အားက်ၿပီး မနာလိုျဖစ္ေနရတုန္းပဲ.........

ေနာက္ၿပီး ကုန္းရိထ်န္းဟန္ကလည္း ကုက်ိဳး၏ အႀကံျပဳခ်က္ကို နားေထာင္ကာ ထိုအစီအစဥ္ကို အသာတၾကည္ လက္ခံသေဘာတူခ​ဲ့သည္။ သူက ကုက်ိဳး၏ မဖုံးကြယ္နိုင္ေသာ စိတ္သေဘာထားကို ထိုးေဖာက္ျမင္သည့္အခါ အသာၿပဳံးလိုက္ၿပီး ဘာစကားမွမေျပာခဲ့ေပ။

အမွန္ေတာ့ ဒါက သူ႕ေဆးဆရာေလး ေတြးေနသလို လုံးဝမဟုတ္ေပ။

ခ်ီအားျဖည့္ေဆးလုံးမ်ားကို အစာေခ်ဖ်က္နိုင္ျခင္းက........... ေကာင္းကင္ဘုံ၏အမ်က္ 'ထ်န္းတု'ခႏၶာကိုယ္ေၾကာင့္ေတာ့ အတိအက်မဟုတ္ေခ်၊ သို႔တည္းမဟုတ္ ဒါက အေၾကာင္းစုံ မဟုတ္ေသးဘူးလို႔ ဆိုရေပမည္။

ခ်င္က်ိဳး၏ ပထမဆုံးသန့္စင္ရရွိသည့္ ေဆးလုံးမ်ားက ထိပ္ဆုံးအဆင့္ ခ်ီအားျဖည့္ေဆးလုံးမ်ားျဖစ္သည္။ ေနာက္ၿပီး သူ ကိုယ္တိုင္က အမ်ိဳးမ်ိဳးေသာ ခ်ီအားျဖည့္ေဆးလုံးမ​်ား၏ မတူညီမႈကို မျမည္းစမ္းၾကည့္ဖူးတာေၾကာင့္ သူလည္းပဲ လုံးဝမသိနိုင္ေပ။ သို႔ေသာ္ ကုန္းရိထ်န္းဟန္လက္ေအာက္မွ ထ်န္းလုံအေစာင့္တပ္သားမ်ားကေတာ့ လစဥ္လတိုင္း ထိပ္ဆုံးအဆင့္ ခ်ီအားျဖည့္ေဆးလုံးတစ္လုံးက်စီ ခြဲတမ္းရရွိၾကသျဖင့္ သူတို႔၏ခံစားခ်က္မ်ားေလာက္ ပို၍ရွင္းလင္းတာမရွိေတာ့ေပ။

အရည္အေသြးလက္ရာ ပိုမိုျမင့္မားသည့္ ခ်ီအားျဖည့္ေဆးလုံးမ်ားကို စုပ္ယူရသည့္အခါ ပိုမိုလြယ္ကူသလို၊ အထဲက အာနိသင္စြမ္းအားမ်ားကလည္း ပိုမိုအလွ်ံအပယ္မ်ားျပားလွေပသည္။ ထိပ္ဆုံးအဆင့္အရည္အေသြးရွိေသာေဆးလုံးမ်ားကို သုံးစြဲဖူးၿပီးေနာက္ အရည္အေသြးနိမ့္ေဆးလုံးမ်ားကို ထပ္မံသုံးစြဲရသည့္အခါ အဲ့ဒါက ညဥ္းပန္းႏွိပ္စက္မႈတစ္မ်ိဳးပင္ ျဖစ္ေတာ့သည္။

ကုန္းရိထ်န္းဟန္ ကိုယ္တိုင္ပင္ တစ္ခါတုန္းက အဆင့္ျမင့္ေဆးလုံးတစ္လုံးကို စားသုံး၍ ထိပ္ဆုံးအဆင့္ေဆးလုံး၏ အက်ိဳးအားနိသင္ခ်င္း ႏွိုင္းယွဥ္ၾကည့္ခဲ့ဖူးသည္။

ထိုအဆင့္ျမင့္ခ်ီအားျဖည့္ေဆးလုံးသည္ ေဆးအာနိသင္စြမ္းအားအျဖစ္ ေျပာင္းလဲသြားသည့္အခါ ၄င္းက သူ၏စစ္မွန္ေသာခ်ီစြမ္းအားစုစည္းမႈကို တြန္းအားေပးျမႇင့္တင္သကဲ့သို႔ တစ္ၿပိဳင္နက္တည္းမွာ အနည္းငယ္ မသက္မသာခံစားမႈကိုလည္း ျဖစ္ေပၚေစသည္။ က်င့္ႀကံေရးနည္းလမ္းကို အဆက္မျပတ္ က်င့္ႀကံေနစဥ္တြင္ ထိုမအီမသာခံစားမႈကို ျဖစ္ေပၚေစေသာအရာမ်ားသည္ ေခြၽးေပါက္မ်ားမွတဆင့္ တျဖည္းျဖည္း အေငြ႕ျပန္ေပ်ာက္ကြယ္သြားၾကသည္။ ထိုအခါမွ သူက သီအိုရီတစ္ခုကို စဥ္းစားမိခဲ့သည္။

ေဆးလုံးမ်ားမွီဝဲျခင္းသည္ ေကာင္းကင္ႏွင့္ေျမႀကီးမွ ခ်ီစြမ္းအားမ်ားကိုစုပ္ယူ၍ က်င့္ႀကံေလ့က်င့္ရသည္ထက္ ပိုမိုျမန္ဆန္သည္။ သို႔ေသာ္ ေဆးလုံးမ်ားအတြင္းတြင္ မသန့္စင္ေသာ အညစ္အေၾကးမ်ားပါရွိေနၿပီး ၄င္းတို႔ကို က်င့္ႀကံေရးနည္းလမ္းႏွင္​့ စစ္မွန္ေသာခ်ီစြမ္းအင္ကိုသုံးကာ ဖယ္ရွားရန္လိုအပ္သည္။ ေဆးလုံး၏ အရည္အေသြးျမင့္မားေလ အညစ္အေၾကးပါဝင္မႈနည္းေလျဖစ္ၿပီး ေဆးအာနိသင္စြမ္းအင္ကိုစုပ္ယူမႈကလည္း ပို၍ ျမန္ဆန္ေပသည္။

ထို႔ေၾကာင့္ ယခင္က သိုင္းပညာရွင္မ်ားသည္ မ်ားျပားေသာ ခ်ီအားျဖည့္ေဆးလုံးမ်ားကို စုပ္ယူနိုင္စြမ္းမရွိၾကျခင္း မဟုတ္ဘဲ ခ်ီစြမ္းအားမ်ား စုေဆာင္းရင္း တစ္ၿပိဳင္နက္တည္း၌ အညစ္အေၾကးမ်ားကိုပါ ဖယ္ရွားေနရသျဖင့္ အခ်ိန္မ်ားစြာ ၾကာျမင့္ေနရျခင္းသာျဖစ္သည္။........ သို႔ေသာ္ ဒီလိုအေျခအေနကပင္ ေကာင္းကင္ႏွင့္ေျမႀကီးမွ ခ်ီစြမ္းအင္းမ်ားကို ရိုးရွင္းစြာစုပ္ယူက်င့္ႀကံသည္ထက္ ပိုမိုျမန္ဆန္ေနေသးသည္။ ထို႔ေၾကာင့္လည္း သိုင္းပညာရွင္မ်ားက ေဆးလုံးမ်ားအေပၚ ဘဲငန္းရိုင္းေနာက္ လူအုပ္ႀကီးလိုက္ဘိသကဲ့သို႔ တန္းတန္းစြဲ႐ူးသြပ္စြာ အေျပးအလႊားလိုက္ေနၾကတာျဖစ္သည္။

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳးတစ္ေယာက္ ပ်ာပ်ာယာယာျဖင့္ အလုပ္မ်ားေနျပန္သည္ကိုၾကည့္ရင္း ခပ္ဖြဖြ ၿပဳံးလိုက္သည္။

--- သူ႕ေဆးဆရာေလးက သူ႕အတြက္ တကယ့္ အႀကီးမားဆုံး အခြင့္အေရးႀကီးတစ္ရပ္လို႔ ဆိုရမွာပဲ။

💊💊💊

ႀကီးမားေသာသစ္ပင္တစ္ပင္ေအာက္၌ ကုက်ိဳးတစ္ေယာက္ မ်က္လုံးမ်ား ႐ုတ္တရတ္ဖြင့္လိုက္သည္။

ထိုအခါ စကၠန့္ပိုင္းအတြင္း အလြန္ပါးလႊာသြယ္လ်၍ မ်က္စိျဖင့္ျမင္ရန္ခက္သည့္ ေငြမွင္ေရာင္ ဆူးခြၽန္တစ္ေခ်ာင္းထြက္ေပၚလာသည္။ ထို႔ေနာက္ ၄င္းက အေဝးသို႔ပစ္လႊတ္လိုက္သည့္အလား လႊင့္စင္ထြက္သြားသည္။ ထိုဆူးခြၽန္ေလးသည္ အလင္းတန္းတစ္ခုသဖြယ္ တရွိန္ထိုးလြင့္စင္သြားကာ သူ႕အေရွ႕ တစ္မီတာခန့္ျမင့္မားေသာ ေက်ာက္တုံးႀကီးတစ္ခုဆီ လ်င္ျမန္စြာ ထိုးေဖာက္ဝင္ေရာက္သြားသည္။

မ်ားမၾကာခင္ 'ဘန္း'ခနဲ အသံႀကီးတစ္ခုထြက္ေပၚလာၿပီး ထိုေက်ာက္တုံးႀကီးမွာ ႐ုတ္တရတ္ၿပိဳကြဲကာ အပိုင္းအစမ်ားအျဖစ္ အစိတ္စိတ္အမႊာမႊာကြဲေၾကသြားေတာ့သည္!

ကုန္းရိထ်န္းဟန္က နံေဘးတြင္ရပ္ေနရာမွ ထိုအခ်င္းအရာကိုျမင္ေတာ့ ခ်ီးမြမ္းစကားဆိုလိုက္၏။

"ေကာင္းတယ္!"

ကုက်ိဳး၏မ်က္ႏွာကလည္း ခ်က္ခ်င္းဆိုသလို ႐ႊင္ျမဴးေပ်ာ္႐ႊင္သြားရကာ:

"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္ ေအာင္ျမင္သြားၿပီ!"

ကုန္းရိထ်န္းဟန္က ၿပဳံးလိုက္ကာ ေျပာသည္။

"<<မရဏဝိညာဥ္ဆူး>>က တကယ္ကို ေၾကာက္ခမန္းလိလိ အစြမ္းထက္လွပါေပတယ္၊ ခုနကပစ္ခ်က္တစ္ခ်က္က ဟို႔ထ်န္းအဆင့္(၇)ရွိတဲ့ သိုင္းပညာရွင္တစ္ေယာက္ရဲ႕ အင္အားျပည့္ရိုက္ခ်က္တစ္ခ်က္စာနဲ႕ ယွဥ္လို႔ရတယ္၊ ေနာက္ၿပီး သူက အသံတိတ္ဆိတ္တယ္၊ တကယ္လို႔ အဲ့ဒီေနရာမွာ ကိုယ္ဆိုရင္ေတာင္ အစကတည္းက စိတ္ဝိညာဥ္ႏွစ္ျမႇုပ္ၿပီး သတိမရွိရင္ လြယ္လြယ္နဲ႕ မရိတ္မိမွာစိုးရတယ္"

ကုက်ိဳးက မ်က္ႏွာေလးနီျမန္းသြားကာ:

"ကြၽန္ေတာ္လည္း စိတ္စြမ္းအားတစ္မွ်င္သုံး႐ုံနဲ႕ မရဏဝိညာဥ္ဆူးျဖစ္ေအာင္ ပုံေဖာ္လို႔ရၿပီး ဒီေလာက္ ႀကီးမားတဲ့စြမ္းအားေတြရွိလာမယ္လို႔ မထင္ထားဘူး၊ တကယ္လို႔သာ ေနာင္ကို စိတ္စြမ္းအားေတြပိုမ်ားလာရင္ ဒီထက္ပိုၿပီး အစြမ္းထက္လာမွာ!"

သူက အခုဆိုရင္ ကိုယ့္ကိုယ္ကိုကာကြယ္နိုင္တဲ့လူျဖစ္သြားၿပိီ! သူက ကိုယ္ခံပညာမေကာင္းေပမယ့္ ဒီမရဏဝိညာဥ္ဆူးက သူ ဘယ္သြားသြားဘယ္လာလာ တိုက္ခိုက္သတ္ျဖတ္တဲ့ေနရာမွာ မရွိမျဖစ္လိုအပ္တ​ဲ့ လက္နက္ပုန္းတစ္ခုလို႔ ယူဆလို႔ရတယ္!

ကုန္းရိထ်န္းဟန္က ညင္သာစြာ ေမးလိုက္သည္။

"ခုနက မရဏဝိညာဥ္ဆူးက....."

ကုက်ိဳးက အနည္းငယ္ ႏွေျမာတသစြာေျပာသည္။

"သုံးၿပီးရင္ မရွိေတာ့ဘူး"

သူ ဝန္မခံခ်င္ေပမယ့္ အ​ဲ့ဒါက အမွန္ပ​င္။ ဒါေပမယ့္ အဲ့ဒါက စဥ္းစားၾကည့္ရင္ အထူးအဆန္းေတာ့မဟုတ္ေပ။ သိုင္းပညာရွင္ေတြမွာလည္း စစ္မွန္တဲ့ခ်ီစြမ္းအင္ေတြကို အျပည့္အဝအသုံးခ်ၿပီး တိုက္ခိုက္တ​ဲ့အခါ ကိုယ္သုံး​လိုက္တဲ့ ခ်ီစြမ္းအားေတြကို ျပန္ရယူနိုင္တာမွမဟုတ္တာ။ ေထာက္ပံ့သူရဲ႕ ခႏၶာကိုယ္ကို စစ္ေဆးေပးတ​ဲ့ခ်ိန္နဲ႕ မ်က္လုံးေတြသုံးၿပီး ေဆးဝါးေတြေပါင္းစပ္မႈကို စစ္ေဆးတဲ့အခ်ိန္ေတြမွာ လုံးဝစြမ္းအားသုံးဖို႔မလိုတာနဲ႕တင္ ေတာ္ေတာ္ေကာင္းေနပါၿပီ။ သူ ဒီထပ္ပိုၿပီး လိုခ်င္လို႔မျဖစ္ဘူး။

သူကလည္း အရမ္းေလာဘမႀကီးပါဘူး။

ကုန္းရိထ်န္းဟန္က ခဏေတြးေတာလိုက္ၿပီး:

"အားက်ိဳး၊ အခုက်န္​တဲ့ စိတ္စြမ္းအားနဲ႕ မရဏဝိညာဥ္ဆူး ဘယ္ႏွခုေလာက္ထပ္ၿပီး ေငြ႕ရည္ဖြဲ႕လို႔ရနိုင္လဲ?"

ကုက်ိဳးက စစ္ေဆးၾကည့္လိုက္ကာ:

"(၁၈)ခုေလာက္ေပါ့"

ကုန္းရိထ်န္းဟန္က ေခါင္းညိမ့္လိုက္ၿပီး:

"အခု မရဏဝိညာဥ္ဆူးရဲ႕စြမ္းအားကို သိရၿပီဆိုေတာ့ အားက်ိဳးက အဲ့ဒါကိုထုတ္သုံးတဲ့အျမန္ႏႈန္းကို တိုးတက္ေအာင္လုပ္ရမယ္၊ မင္းစိတ္ထဲမွာ တစ္ခ်က္ေတြးလိုက္တာနဲ႕ မရဏဝိညာဥ္ဆူးေတြကို စိတ္တိုင္းက် လိုသလိုထုတ္သုံးနိုင္ရမယ္။ မရဏဝိညာဥ္ဆူးေတြကို ႏွစ္ခု ဒါမွမဟုတ္ အမ်ားႀကီး တစ္ၿပိဳင္နက္စြမ္းအားထုတ္နိုင္ဖို႔ကေတာ့ အခြင့္အေရးရတုန္းမွာ ေကာင္းေကာင္းကြၽမ္းက်င္ေအာင္ ေလ့က်င့္ေပါ့။ ကိုယ္တို႔ သိုင္းပညာက်င့္ႀကံတုန္းကဆို စစ္မွန္တဲ့ခ်ီစြမ္းအားေတြ အကုန္သုံးလိုက္ၿပီး ေနာက္တစ္ခါအတြင္းအား ျပန္ျဖည့္တိုင္း ခံနိုင္ရည္အားပိုေကာင္းလာသလို၊ အတြင္းအားျပန္ျပည့္တဲ့ႏႈန္းလည္း ပိုျမန္လာတယ္။ သိုင္းက်င့္စဥ္အားလုံးက တစ္ခုနဲ႕တစ္ခု ဆက္စပ္ေနၾကတာဆိုေတာ့ စိတ္စြမ္းအားကလည္း အဲ့ဒီလိုပဲ ျဖစ္လိမ့္မယ္"

ကုက်ိဳးက ရိုးရွင္းစြာ ခ်က္ခ်င္း သေဘာတူလိုက္သည္။

"ထ်န္းဟန္သခင္ေလး စိတ္ခ်ပါ!"

ကုန္းရိထ်န္းဟန္က ၿပဳံးရင္း သူ႕ဆံပင္ေလးမ်ားကို ထိုးဖြလိုက္သည္။ ထို႔ေနာက္ သူက ခ်ီအားျဖည့္ေဆးလုံးကိုယူကာ သိုင္းပညာက်င့္ႀကံရန္ လ်င္ျမန္စြာ ထြက္ခြာသြားေတာ့သည္။

💊💊💊

အခ်ိန္မ်ားကား လ်င္ျမန္စြာ ကုန္ဆုံးသြား​သည္။ မ်က္စိတစ္မွိတ္အတြင္း လေပါင္းမ်ားစြာၾကာျမင့္ခဲ့ေလၿပီ။

ကုန္းရိထ်န္းဟန္သည္ ေန႕စဥ္ေန႕တိုင္း ခ်ီအားျဖည့္ေဆးလုံးတစ္လုံးက်စီ မွီဝဲရာမွ ေနာက္ပိုင္းတြင္ တစ္ေန႕ကို ေဆးလုံး (၁၀)လုံးအထိမွီဝ​ဲလာသည္။ သူ၏ခႏၶာကိုယ္အတြင္းမွ ခ်ီစြမ္းအားတည္ရာအမွတ္မ်ားက ဘယ္ေလာက္စားစားမဝေသာ အစားပုတ္ေဝလငါးႀကီးတစ္ေကာင္ကဲ့သို႔ႏွယ္ ေကာင္းကင္ႏွင့္ေျမႀကီးမွ ရွိသမွ် ခ်ီစြမ္းအင္မ်ားကို အငမ္းမရ ဝါးမ်ိဳပစ္ေနၾကသည္။

ထိုအခ်င္းအရာက အလြန္ေၾကာက္ခမန္းလိလိျဖစ္ရကား အထူးသျဖင့္ ကုန္းရိထ်န္းဟန္ေဘးနားတြင္ တစ္ခ်ိန္လုံးလိုက္ပါေနသည့္ လုံရိက ပို၍ပင္ အံ့ဩတုန္လႈပ္ရ​သည္။

ကုက်ိဳးသည္ ခ်ီအားျဖည့္ေဆးလုံးမ်ားကို မျပတ္တမ္း ေထာက္ပံ့ေပးေနရၿပီး ထ်န္းလုံတပ္ဖြဲ႕၏ အဖြဲ႕ဝင္အမ်ားစုသည္လည္း အေရးႀကီးကိစၥႀကီးမ်ား တာဝန္ေပးျခင္းခံရသည့္ လူနည္းစုမွအပ က်န္လူအားလုံးသည္ အျခားမစ္ရွင္မ်ားကို ရပ္ဆိုင္းကာ ခ်န္ယြင္နိုင္ငံတလႊား ေဒသအသီးသီးမွ ေဆးဝါးအမယ္မ်ားအားလုံးကို ရွာေဖြစုေဆာင္း၍ အျခားၿခံဝန္းတစ္ခုထဲတြင္ စုစည္းသိမ္းဆည္းထားၾကသည္။ ထို႔အျပင္ သူတို႔၏ သတိရွိရွိေဆာင္႐ြက္မႈမ်ားေၾကာင့္ တေစၦလမ္းအဖြဲ႕အစည္းႏွင့္ ကုန္းရိထ်န္းဟန္တို႔ၾကားမွ အေရာင္းအဝယ္သည္လည္း လမ္းေၾကာင္းမွန္မွန္ျဖင့္ ေအာင္ျမင္လ်က္ရွိသည္။ တေစၦလမ္းအဖြဲ႕အစည္းဘက္မွ အခ်ိန္ကာလတစ္ခုၾကာေအာင္ အႀကိမ္မ်ားစြာ ေနာက္ေယာင္ခံျခင္းမ်ားရွိခဲ့ေသာ္လည္း အဆုံးမွာေတာ့ ကုန္းရိထ်န္းဟန္လက္ေအာက္မွ နယ္႐ုပ္မ်ား၏ ေျခရာေဖ်ာက္ျခင္းကိုသာ ခံခဲ့ၾကရသည္။......

ကုန္းရိထ်န္းဟန္၏ သိုင္းပညာအစြမ္းကား မယုံၾကည္နိုင္ေလာက္ေသာ အဆင့္တစ္ခုသို႔ တိုးတက္ေရာက္ရွိခဲ့သည္။

ကုက်ိဳးသည္ ေထာက္ပံ့သူ၏ ခႏၶာကိုယ္အတြင္း အရိုးပုလဲလုံးေပါင္း (၄၅၉)လုံး ေငြရည္ဖြဲ႕စည္း​ၿပီးစီးကာ အရိုးပုလဲလုံး (၁၅၃)လုံးသာ ေငြ႕ရည္ဖြဲ႕ရန္ က်န္ရွိေတာ့တာကို ရွင္းလင္းစြာ ျမင္​ရသည္။ အဲ့ဒီေနာက္မွာေတာ့ ေထာက္ပံ့သူက မိမိခႏၶာကိုယ္၏ ကန့္သတ္ခ်က္တစ္ခုသို႔ ေရာက္ရွိမွာျဖစ္ၿပီး ေနာက္အဆင့္သို႔ တက္လွမ္းရန္ ျပင္ဆင္ရေတာ့မွာျဖစ္သည္။

ဒါက အလြန္မ်ားသည္ဟုထင္ရေသာ္လည္း အေရွ႕မွအရိုးပုလဲလုံးေလးရာေက်ာ္ကို လအနည္းငယ္အတြင္း ရရွိနိုင္ခဲ့တာကို ျပန္ေတြးၾကည့္လွ်င္ က်န္​အေရအတြက္က သိပ္ခက္ခဲသည္ဟု ခံစားရေတာ့မွာမဟုတ္ေပ။

ထို႔အျပင္ ေနာက္ပိုင္း အရိုးပုလဲလုံးမ်ားက ျဖစ္တည္ရန္ပိုမိုျမန္ဆန္ကာ သိုမွီးထားနိုင္သည့္ စစ္မွန္ေသာခ်ီစြမ္းအင္မ်ားကလည္း ပိုမိုမ်ားျပားလာသည္။

လက္ရွိအေျခအေနတြင္ ကုန္းရိထ်န္းဟန္၏ ခႏၶာကိုယ္တြင္းမွ စစ္မွန္ေသာခ်ီစြမ္းအားမ်ားမွာ ​ၿပိဳင္ဘက္ကင္းေလာက္ေအာင္ အင္အားႀကီးမားေနသည္။ သူက ခႏၶာကိုယ္အတြင္း အရိုးပုလဲလုံး (၆)စုံကို ေငြ႕ရည္ဖြဲ႕ရန္ ျပင္ဆင္ေန​သည့္အတြက္ သူ၏ကိုယ္ပိုင္ခြန္အားအစြမ္းက နဂိုခြန္အား၏ေျခာက္ဆတိတိႀကီးမားလာမွာျဖစ္သည္။ ---- ထို႔ေၾကာင့္ သူ႕ကိုယ္ပိုင္ခြန္အားအစြမ္း(အတြင္းအား)သည္ အဆင့္တူသိုင္းပညာရွင္အမ်ားစုထက္ အဆမ်ားစြာအင္အားႀကီးမား​ေနမွာျဖစ္သည္။

အကယ္၍ ကုန္းရိထ်န္းဟန္သာ ယခုအခ်ိန္ တေစၦလမ္းအဖြဲ႕အစည္းထံသြား၍ ၄င္းတို႔၏ လူသတ္ယႏၲရားေလ့က်င့္ေရးတြင္ ထပ္မံပါဝင္ခဲ့ပါမူ အဲ့ဒါက "လူကိုေခြးတစ္ေကာင္လိုသတ္သည့္အလား" ျဖစ္ေနမွာေသခ်ာသည္။

ထို႔အျပင္ ကုက်ိဳး၏ တိုးတက္မႈကလည္း မနည္းလွေပ။

သူက အခုဆို <<မရဏဝိညာဥ္ဆူး>> က်င့္စဥ္အဆင့္ (၃)ဆင့္စလုံးကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း အသုံးျပဳနိုင္ၿပီျဖစ္သည္။ သူက <<စိတ္ဝိညာဥ္ထုဆစ္ျခင္း>> နည္းလမ္းကိုသုံး၍ ေရခိုးေရေငြ႕ကဲ့သို႔ စိတ္စြမ္းအားမ်ားကို ပ်စ္ခဲသိပ္သည္းသည့္ စိတ္စြမ္းအားမ်ားအျဖစ္ လ်င္ျမန္စြာ ပုံသြင္းေျပာင္းလဲေစသည္။ ၄င္းေနာက္ <<စိတ္ဝိညာဥ္သမာဓိတည္ျခင္း>> နည္းလမ္းကိုသုံး၍ စိတ္စြမ္းအင္မ်ားကို ေငြမွင္ေရာင္ဆူးခြၽန္အပ္မ်ားအျဖစ္ ေျပာင္းလဲေစလိုက္သည္။ အဲ့ဒီေနာက္ <<ဝိညာဥ္ေဖာက္ထြင္းျခင္း>> နည္းလမ္းကိုအသုံးျပဳရသည္။..... ကုက်ိဳးက ယခုဆို ကုန္းရိထ်န္းဟန္ေျပာခဲ့သည့္အတိုင္း ေအာင္ျမင္စြာလုပ္ေဆာင္နိုင္ေနၿပီျဖစ္သည္။ သူက ေငြမွင္ေရာင္အပ္ေခ်ာင္းမ်ားကို အလိုရွိရာသို႔ စိတ္ႀကိဳက္ပစ္လႊတ္နိုင္သလို၊ စိတ္ထဲမွ တစ္ခ်က္ေလး လႈပ္ရွားလိုက္႐ုံျဖင့္ ေငြမွင္ေရာင္အပ္ေခ်ာင္းမ်ားအား မည့္သည့္ဦးတည္ရာ၊ မည့္သည့္ရႈေထာင့္၊ မည့္သည့္လမ္းေၾကာင္းကိုမဆို ပစ္လႊတ္နိုင္ေနၿပီျဖစ္သည္။

ဒါ့အျပင္ အႏွီေငြမွင္ေရာင္အပ္မ်ားကား ကနဦးအဆင့္သာရွိေသးေၾကာင္းကို သူ ထပ္မံရွာေဖြေတြ႕ရွိခဲ့သည္။ သူက မေရမတြက္နိုင္ေသာ ေငြမွင္ေရာင္အပ္ေခ်ာင္းေပါင္းမ်ားစြာကို အတူတကြ ေပါင္းစည္းလိုက္သည့္အခါ ၄င္းက ေငြမွင္ေရာင္ကေတာ့ခြၽန္ပုံစံ ယႏၲရားလက္နက္အျဖစ္ ေျပာင္းလဲသြားၿပီး ၄င္း၏ အဖ်က္စြမ္းအားမွာ ေငြမွင္ေရာင္အပ္ေခ်ာင္းမ်ားထက္ အဆေပါင္းမ်ားစြာ ပိုမိုသာလြန္အင္အားႀကီးေနသည္။

အႏွီမရဏဝိညာဥ္ဆူးကား အေကာင္အထည္ရွိ အရာဝတၳဳမ်ားကို တိုက္ခိုက္ရာတြင္ အသုံးျပဳနိုင္သလို၊ တစ္ဖက္ရန္သူ၏ 'ထ်န္းဖူ' အမွတ္ကိုလည္း အေကာင္အထည္ထင္ရွားမရွိဘဲ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္နိုင္ေပသည္!

(T/N - "ထ်န္းဖူ" အမွတ္ဆိုတာ လက္ေမာင္းအေရွ႕ဘက္မွာရွိတဲ့ ခ်ီစြမ္းအင္တည္ရာအမွတ္ျဖစ္ပါတယ္။ ထို​အမွတ္ကတဆင့္ ခ်ီစြမ္းအင္မ်ားကို ဦးေခါင္းဆီသို႔ စုပ္ယူျဖည့္တင္းတာျဖစ္ပါတယ္။)

ထို 'ထ်န္းဖူ' အမွတ္သာ ဖ်က္ဆီးခံရပါက ရန္သူသည္ သူ႐ူးတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားမွာျဖစ္သည္!

ကုက်ိဳးသည္ ထိုကဲ့သို႔ သာမန္လူမ်ားမစြမ္းသာေအာင္ အစြမ္းထက္သည့္နည္းလမ္းကို အျပည့္အဝ သေဘာေပါက္သြားသည့္အခါ သူ႕တစ္ကိုယ္လုံး သိမ့္သိမ့္တုန္သြားေအာင္ ခိုးခိုးခစ္ခစ္ရယ္ေမာမိေလသည္။

ဒါက သူ႕ကို အသက္ကယ္ေပးမယ့္ လက္နက္ေကာင္းတစ္ခုပဲ! သူ သတိလစ္ေနရင္၊ ဒါမွမဟုတ္ ရွန့္ထ်န္းအဆင့္ သိုင္းပညာရွင္မဟုတ္ရင္ေတာ့၊ အဲ့ဒီအဆင့္ေအာက္ ဘယ္သိုင္းပညာရွင္ကမွ သူ႕အနားကပ္နိုင္မွာမဟုတ္ဘူး!

ေနာက္ဆုံးေတာ့ သူဟာ ၾကက္တစ္ေကာင္ေတာင္ မဖမ္းနိုင္တဲ့ အင္အားခ်ိနဲ႕တဲ့လူမဟုတ္ေတာ့ဘူး...... သူက အ႐ြယ္မေရာက္ေသးေပမယ့္ ခြန္အားအစြမ္းေတြပိုင္ဆိုင္ရတဲ့ အားရေက်နပ္စရာခံစားခ်က္ကို ေနာက္ဆုံးမွာ ခံစားဖူးခ​ဲ့ၿပီ​။ မဟုတ္မွလြဲေရာ ဒါက ခြန္အားစြမ္းပကားရွိတဲ့ ေယာက်ာ္းသားေတြရဲ႕ ခံစားခ်က္မ်ိဳးလား? သူက ဒါကို တိုက္ခိုက္ဖို႔သုံးမွာ မဟုတ္ေပမယ့္ သူ႕မွာလုံၿခဳံမႈနည္းနည္းရွိလာၿပီလို႔ ယူဆလို႔ရတယ္။

အဲ့ဒီေနာက္မွာေတာ့ ကုက်ိဳးက စိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္းကို က်င့္ႀကံျခင္း၊ မရဏဝိညာဥ္ဆူး ေလ့က်င့္ျခင္း၊ ေဆးဝါးမ်ား အဆက္မျပတ္ ေဖာ္စပ္သန့္စင္ျခင္း၊ ေထာက္ပံ့သူအတြက္ က်န္းမာေရး ျပဳစုေစာင့္ေရွာက္မႈေပးျခင္း စသည့္မ်ားကို အျပည့္အဝ အားသြန္ခြန္စိုက္လုပ္ေဆာင္ေလေတာ့သည္။ --- တကယ္လို႔ ဒီအတိုင္းသာ ဆက္ၿပီး တိုးတက္သြားမယ္ဆို အိမ္ျပန္ရမယ့္လမ္းကလည္း အဲ့ေလာက္ အလွမ္းမေဝးေတာ့ပါဘူး။

သို႔ေသာ္ နဂါးျပာေရကန္ကို ဖြင့္လွစ္မည့္အခ်ိန္မွာလည္း လ်င္ျမန္စြာ နီးကပ္လာၿပီျဖစ္သည္။

၄င္းက ေနာက္လာမည့္ သုံးရက္ေျမာက္ေန႕ မြန္းလြဲပိုင္းအခ်ိန္မွာျဖစ္သည္။

ယခင္မ်ိဳးႏြယ္စုတိုက္ပြဲတြင္ အနိုင္ရရွိခဲ့ေသာ ထိပ္တန္းသိုင္းပညာရွင္ (၈)ဦးတို႔သည္ မနက္ျဖန္တြင္ ခ်န္းယြင္နန္းၿမိဳ႕ေတာ္သို႔ ထြက္ခြာၾကရမည္ျဖစ္သည္။ သူတို႔က ခ်န္းယြင္နိုင္ငံေတာ္ ဧကရာဇ္မင္းျမတ္ႏွင့္ ေတြ႕ဆုံၾကရမွာျဖစ္ၿပီး ေတာ္ဝင္မိသားစု၏ စမ္းသပ္စစ္ေဆးမႈမ်ားကို လက္ခံရင္ဆိုင္ၾကရမွာျဖစ္သည္။

အဆုံးထိ ​ေက်ာ္ျဖတ္နိုင္သူသည္သာ ေနရာတစ္ခုကို အမွန္တကယ္ လက္ဝယ္ရရွိနိုင္မွာျဖစ္သည္!

နဂါးျပာေရကန္၏ ခြဲတမ္းေနရာသည္ အဖိုးမျဖတ္နိုင္ေလာက္ေအာင္ တန္ဖိုးရွိေပသည္။ ထို႔ေၾကာင့္ သိုင္းပညာက်င့္ႀကံေရးလမ္းအေပၚ စိတ္ႏွလုံးႏွစ္ျမႇုပ္ထားၾကသည့္ သိုင္းပညာရွင္တိုင္းက မည္သူမဆို ဒီအခြင့္အေရးကို လြယ္လြယ္နဲ႕ လက္ေလွ်ာ့မွာမဟုတ္ေပ။

ကုန္းရိထ်န္းဟန္၏ လြန္ခဲ့ေသာႏွစ္အတြင္း မေရမတြက္နိုင္ေအာင္ ႀကိဳးစားအားထုတ္ခဲ့မႈမ်ားသည္လည္း ထိုေန႕တစ္​ရက္အတြက္ပင္ ျဖစ္ေတာ့သည္။

💊💊💊

မြန္းလြဲပိုင္း၌။

နဂါးအေၾကးခြံျမင္းမ်ားသည္ အိမ္ေတာ္တံခါးအျပင္ဘက္တြင္ စု႐ုံးေရာက္ရွိေနၿပီး ေၾကးဝါေရာင္ရထားလုံးႀကီးကလည္း အသင့္အေနအထားရွိေနသည္။

ကုန္းရိထ်န္းဟန္သည္ လက္ကိုေနာက္ပစ္လ်က္ အိမ္ေတာ္အျပင္သို႔ လမ္းေလွ်ာက္ထြက္လာသည္။ သူ႕အေနာက္မွာေတာ့ လုံရိႏွင့္ ကုက်ိဳးတို႔က ဘယ္တစ္ဖက္ ညာတစ္ဖက္ ၿခံရံလိုက္ပါလာသည္။

ေနာက္ကြယ္လွ်ို႔ဝွက္ေနရာတြင္ လုံအာ့က ပုန္းကြယ္လိုက္ပါလ်က္ရွိၿပီး လူျမင္ကြင္းအလယ္မွာေတာ့ ထ်န္းလုံတပ္သား အေယာက္ (၂၀၀)ကား နဂါးအေၾကးခြံျမင္းမ်ား နံေဘးတြင္ရပ္ကာ အရိုအေသျပဳႏႈတ္ဆက္လိုက္ၾကသည္!

သူတို႔က ယခု ကုန္းရိအိမ္ေတာ္သို႔ ထြက္ခြာၾကမည္ျဖစ္သည္!

လုံရိသည္ အေရွ႕သို႔ ဦးေဆာင္၍ ေျခတစ္လွမ္းတိုးလိုက္သည္။ ထို႔ေနာက္ သူက ေနာက္လွည့္၍ ဒူးတစ္ဖက္ေထာက္ကာ မ်က္ႏွာတစ္ခုလုံး၌ စိတ္အားထက္သန္မႈအျပည့္ျဖင့္ ၾကည္လင္ျပတ္သားစြာ ဆိုသည္။

"သခင္ေလး ႀကီးမားတဲ့ေအာင္ပြဲေတြနဲ႕ ျပန္လာနိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းပါတယ္!"

မ်ားစြာေသာ ထ်န္းလုံးတပ္သားမ်ားကလည္း တညီတၫြတ္တည္း ဒူးေထာက္လိုက္ၾကကာ:

"သခင္ေလး ႀကီးမားတဲ့ေအာင္ပြဲေတြနဲ႕ ျပန္လာနိုင္ပါေစ!"

ကုန္းရိထ်န္းဟန္က တစ္ခ်က္ၿပဳံးလိုက္ကာ:

"ငါတို႔သြားၾကမယ္!"

မ်ားစြာေသာ ထ်န္းလုံတပ္ဖြဲမ်ားက:

"သခင္ေလးရဲ႕အမိန့္ကို နာခံလ်က္ပါ!"

ကုက်ိဳးသည္ ထိုအခ်င္းအရာကို ရွင္းလင္းစြာၾကည့္ရင္း သူ႕စိတ္ထဲ၌လည္း စိတ္အားထက္သန္မႈမ်ားစြာ ေပၚေပါက္လာခဲ့သည္။

ေနာက္ဆုံးေတာ့ ဒီေန႕ကို ေရာက္လာၿပီ!

တကယ္လို႔ သူ႕​ေထာက္ပ့ံသူသာ ေအာင္ျမင္ခဲ့ရင္...... သူစိတ္ထဲကေန ႀကိဳသိေနတယ္။

ကုန္းရိထ်န္းဟန္ဟာ အခ်ိန္အၾကာႀကီး ၿငိမ္သက္ေနခ​ဲ့တဲ့ ပုန္းကြယ္ေနတဲ့နဂါးတစ္ေကာင္လို အသူရာေခ်ာက္ထဲကေန ေဖာက္ထြက္လာတာနဲ႕ ေကာင္းကင္ဘုံးကိုးဆင့္ထိေအာင္ အျမင့္ဆုံး ပ်ံသန္းေတာ့မယ္ဆိုတာပဲ!

___________________________________

အခ်စ္ဆုံးတို႔ေရ.......

မေတြ႕ရတာၾကာၿပီေနာ္။ ဒီၾကားထဲမွာ ေစာင့္ေနေပးတဲ့အတြက္ သာသာစာဖတ္သူေတြကို သာသာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ❤❤ ေနာက္ဆုံးမွာ ကုန္းရိထ်န္းဟန္က သိုင္းပညာမက်င့္ႀကံနိုင္တဲ့လူမဟုတ္ေတာ့ဘဲ ခြန္အားႀကီးတဲ့ သိုင္းပညာရွင္တစ္ေယာက္အေနနဲ႕ လူအမ်ားေရွ႕ထြက္ျပေတာ့မွာျဖစ္ပါတယ္။ ဒီေတာ့ 'မင္းအတြက္ ေဆးတစ္ခြက္' က ဒီမွာတင္ ပထမတြဲ ၿပီးပါၿပီ။ အဲ့ေတာ့ ေနာက္ဒုတိယတြဲမွာ သူတို႔ႏွစ္ေယာက္သား ဘယ္လိုေအာင္ပြဲေတြယူၾကမလဲဆိုတာ ဆက္ၾကည့္ၾကမယ္ေနာ္။ အားလုံးပဲ ေဘးကင္းလုံၿခဳံၾကပါေစ။ ❤❤

With love ❤
Taiga 😘

((Unicode))

အပိုင်း (၄၇)
ပုန်းကွယ်နေသောနဂါးက အသူရာချောက်တွင်းမှ ပြန်လည်ထွက်ပေါ်လာခြင်း

💊💊💊

ဒီနေရာမှာတော့ ကျွန်ုပ်တို့က ချီအားဖြည့်ဆေးလုံးများ၏တန်ဖိုးနှင့် ပတ်သတ်ပြီး ဆွေးနွေးကြရမှာဖြစ်သည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆေးဆရာများ၏ ကျင့်ကြံခြင်းများမှာ မလွယ်ကူလှသလို၊ ဆေးဝါးများ ဖော်စပ်သည့်အခါ၌လည်း အောင်မြင်မှုနှုန်းက ပို၍ပင် နိမ့်ပါးလှပေသည်။ လူသုံးအများဆုံးဖြစ်သည့် ချီအားဖြည့်ဆေးလုံးများပင်လျှင် ဆေးလုံးတစ်လုံးကို ရွှေစ တစ်စ (သို့မဟုတ်) နှစ်စ ပေးကြရသည်။ ထိုသို့ဆို ဤမျှကြီးမားသည့် ကုန်းရိအိမ်တော်ကြီးအတွက် မိမိအိမ်တော်မှ သိုင်းပညာရှင်များမဆိုထားနှင့် စံအိမ်ပြင်ပမှ စုစည်းထားသော သိုင်းပညာရှင်များ၏ အရေအတွက်ကပင် မနည်းလှချေ။ ထို့ကြောင့် ၄င်းတို့အား ချီအားဖြည့်ဆေးလုံးများ ထောက်ပံ့ပေးမည်ဆိုပါက အဘယ်သို့များ ဤကဲ့သို့ မရေမတွက်နိုင်အောင် အနန္တများပြားသည့် ပမာဏကို ထောက်ပံ့ပေးနိုင်ပါအံ့နည်း?

သူတို့၏ လုပ်ခလစာကား ဤကဲ့သို့ဖြစ်သည်:

အကယ်၍ ကုန်းရိအိမ်တော်၏ သားစဥ်မြေးဆက်ဖြစ်ပါက သွေးသန့်စင်ခြင်းအဆင့်သည် တစ်လလျှင် ချီအားဖြည့်ဆေးလုံး (၁)လုံး၊ အရိုးတည်ဆောက်ခြင်းအဆင့်သည် တစ်လလျှင် ဆေးလုံး (၂)လုံး။ ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့်အတွက်မူ ချီပေါင်းစပ်ဆေးလုံးများအား အစားထိုးပြောင်းလဲ၍ တစ်လလျှင် တစ်လုံး;

အကယ်၍ ကုန်းရိအိမ်တော်မှ ရှာဖွေစုဆောင်းထားသော သိုင်းပညာရှင်ဖြစ်ပါက သွေးသန့်စင်ခြင်းအဆင့်က ဆေးလုံးမရရှိဘဲ၊ အရိုးတည်ဆောက်ခြင်းအဆင့်က တစ်လလျှင် ချီအားဖြည့်ဆေးလုံး (၁)လုံး၊ ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့်က တစ်လလျှင် ချီအားဖြည့်ဆေးလုံး (၂)လုံးရရှိမှာ ဖြစ်သည်။

ဤသို့ဆိုလျှင်ပင် ကုန်းရိအိမ်တော်သည် အရေအတွက်များစွာသော လူအပေါင်းအား ထောက်ပံ့ရန်အတွက် အရင်းအမြစ်များကို သွေးသားကဲ့သို့ များစွာရင်းနှီးပေးဆပ်ထားရသည်ဖြစ်ရာ ဤလစာနှုန်းထားက အလွန်ရက်ရောသည်ဟု ဆိုရပေမည်။ အကယ်၍ အိမ်တော်ငယ်လေးတစ်ခုဖြစ်ပါက အိမ်တော်၏ အတွင်းဆုံးအခရာကျသည့် သားစဥ်မြေးဆက်များကသာ ဤက​ဲ့သို့ ထောက်ပ့ံမှုမျိုးကို ရရှိနိုင်ကြတာဖြစ်ပြီး အခြားမှ စုဆောင်းထားသည့် သိုင်းပညာရှင်များအတွက်တော့ ဒါက မည်သို့မှ မဖြစ်နိုင်သည့်အရာပင်။

သိထားရမည့်အချက်က ဆေးလုံးများအားလုံးမှာ ဝယ်လိုအားနှင်​့ ရောင်းလိုအားမမျှတဘဲ အလွန်ရှားပါးနေခြင်းပင်!

ထို့အပြင် သိုင်းပညာရှင်များသည် ချီအားဖြည့်ဆေးလုံးများကို စုပ်ယူရာ၌ မည်မျှ အထုံပါရမီ ထူးချွန်ပြောင်မြောက်သူဖြစ်စေကာမူ တစ်လတွင် ဆေးလုံး (၂)လုံးမှ (၃)လုံးသာ စုပ်ယူနိုင်ပြီး အဲ့ဒါက အလွန်ဆုံး ထန်ကုန်ဖြစ်သည်။ ထို့ကြောင့် ချီအားဖြည့်ဆေးလုံးများအား မှီခို၍ သိုင်းပညာကျင့်ကြံဖို့ဆိုသည်မ​ှာ လုံးဝမဖြစ်နိုင်သည့်အရာဖြစ်သည်။

ဒါပေမယ့် သူ့အိမ်ကထောက်ပံ့သူကတော့ အဲ့ဒီလိုလုပ်နိုင်တာကို ကုကျိုးတစ်ယောက် ရှာဖွေတွေ့ရှိခဲ့သည်။

အခြားသိုင်းပညာရှင်များသည် ဆေးလုံးတစ်လုံးကို (၁၀)ရက်အတွင်း အစာချေဖျက်နိုင်ပါက အဲ့ဒါကိုပင် မဆိုးလှဘူးဟု ဆိုရပေမည်။ သို့သော် ကုန်းရိထျန်းဟန်ကတော့ ချီအားဖြည့်ဆေးလုံးတစ်လုံးကို စားလိုက်လျှင် ကျောက်ခဲတစ်လုံးကို ရေထဲပစ်ချလိုက်ဘိသကဲ့သို့ ရေသံ 'ပလုံ' တောင် မကြားရဘဲ အများဆုံး (၁၅)မိနစ်နဲ့တင် လုံးဝ ပြောင်စင်အောင် စုပ်ယူပစ်နိုင်ပေသည်။

ဒါကလည်း ထျန်းတုခန္ဓာကိုယ်ရဲ့ ကြီးမားတဲ့ နောက်ထပ်အစွမ်းတစ်ခုပ​ဲလား?

ထို့ကြောင့်ပင် ကုကျိုးသည် သူ့ထောက်ပံ့သူအပေါ် ယုံကြည်ချက်များ ဆက်လက်ထိန်းသိမ်းထားဝ့ံတာဖြစ်ပြီး ခေါင်းတစ်ခုလုံးနှစ်၍ အစွမ်းကုန်ကြိုးစားကာ ဆေးဝါးများ ဖော်စပ်သန့်စင်သော နွားထီးကြီးတစ်ကောင်လို ထောက်ပံ့သူအနောက်မှ အတူတူလိုက်၍ လောင်းကြေးထပ်နေခြင်းဖြစ်သည်။

အဲ့ဒါက စဥ်းစားကြည့်လိုက်ရင်၊ မုန်းစရာကောင်းလောက်အောင် အားကျပြီး မနာလိုဖြစ်နေရတုန်းပဲ.........

နောက်ပြီး ကုန်းရိထျန်းဟန်ကလည်း ကုကျိုး၏ အကြံပြုချက်ကို နားထောင်ကာ ထိုအစီအစဥ်ကို အသာတကြည် လက်ခံသဘောတူခ​ဲ့သည်။ သူက ကုကျိုး၏ မဖုံးကွယ်နိုင်သော စိတ်သဘောထားကို ထိုးဖောက်မြင်သည့်အခါ အသာပြုံးလိုက်ပြီး ဘာစကားမှမပြောခဲ့ပေ။

အမှန်တော့ ဒါက သူ့ဆေးဆရာလေး တွေးနေသလို လုံးဝမဟုတ်ပေ။

ချီအားဖြည့်ဆေးလုံးများကို အစာချေဖျက်နိုင်ခြင်းက........... ကောင်းကင်ဘုံ၏အမျက် 'ထျန်းတု'ခန္ဓာကိုယ်ကြောင့်တော့ အတိအကျမဟုတ်ချေ၊ သို့တည်းမဟုတ် ဒါက အကြောင်းစုံ မဟုတ်သေးဘူးလို့ ဆိုရပေမည်။

ချင်ကျိုး၏ ပထမဆုံးသန့်စင်ရရှိသည့် ဆေးလုံးများက ထိပ်ဆုံးအဆင့် ချီအားဖြည့်ဆေးလုံးများဖြစ်သည်။ နောက်ပြီး သူ ကိုယ်တိုင်က အမျိုးမျိုးသော ချီအားဖြည့်ဆေးလုံးမ​ျား၏ မတူညီမှုကို မမြည်းစမ်းကြည့်ဖူးတာကြောင့် သူလည်းပဲ လုံးဝမသိနိုင်ပေ။ သို့သော် ကုန်းရိထျန်းဟန်လက်အောက်မှ ထျန်းလုံအစောင့်တပ်သားများကတော့ လစဥ်လတိုင်း ထိပ်ဆုံးအဆင့် ချီအားဖြည့်ဆေးလုံးတစ်လုံးကျစီ ခွဲတမ်းရရှိကြသဖြင့် သူတို့၏ခံစားချက်များလောက် ပို၍ရှင်းလင်းတာမရှိတော့ပေ။

အရည်အသွေးလက်ရာ ပိုမိုမြင့်မားသည့် ချီအားဖြည့်ဆေးလုံးများကို စုပ်ယူရသည့်အခါ ပိုမိုလွယ်ကူသလို၊ အထဲက အာနိသင်စွမ်းအားများကလည်း ပိုမိုအလျှံအပယ်များပြားလှပေသည်။ ထိပ်ဆုံးအဆင့်အရည်အသွေးရှိသောဆေးလုံးများကို သုံးစွဲဖူးပြီးနောက် အရည်အသွေးနိမ့်ဆေးလုံးများကို ထပ်မံသုံးစွဲရသည့်အခါ အဲ့ဒါက ညဥ်းပန်းနှိပ်စက်မှုတစ်မျိုးပင် ဖြစ်တော့သည်။

ကုန်းရိထျန်းဟန် ကိုယ်တိုင်ပင် တစ်ခါတုန်းက အဆင့်မြင့်ဆေးလုံးတစ်လုံးကို စားသုံး၍ ထိပ်ဆုံးအဆင့်ဆေးလုံး၏ အကျိုးအားနိသင်ချင်း နှိုင်းယှဥ်ကြည့်ခဲ့ဖူးသည်။

ထိုအဆင့်မြင့်ချီအားဖြည့်ဆေးလုံးသည် ဆေးအာနိသင်စွမ်းအားအဖြစ် ပြောင်းလဲသွားသည့်အခါ ၄င်းက သူ၏စစ်မှန်သောချီစွမ်းအားစုစည်းမှုကို တွန်းအားပေးမြှင့်တင်သကဲ့သို့ တစ်ပြိုင်နက်တည်းမှာ အနည်းငယ် မသက်မသာခံစားမှုကိုလည်း ဖြစ်ပေါ်စေသည်။ ကျင့်ကြံရေးနည်းလမ်းကို အဆက်မပြတ် ကျင့်ကြံနေစဥ်တွင် ထိုမအီမသာခံစားမှုကို ဖြစ်ပေါ်စေသောအရာများသည် ချွေးပေါက်များမှတဆင့် တဖြည်းဖြည်း အငွေ့ပြန်ပျောက်ကွယ်သွားကြသည်။ ထိုအခါမှ သူက သီအိုရီတစ်ခုကို စဥ်းစားမိခဲ့သည်။

ဆေးလုံးများမှီဝဲခြင်းသည် ကောင်းကင်နှင့်မြေကြီးမှ ချီစွမ်းအားများကိုစုပ်ယူ၍ ကျင့်ကြံလေ့ကျင့်ရသည်ထက် ပိုမိုမြန်ဆန်သည်။ သို့သော် ဆေးလုံးများအတွင်းတွင် မသန့်စင်သော အညစ်အကြေးများပါရှိနေပြီး ၄င်းတို့ကို ကျင့်ကြံရေးနည်းလမ်းနှင်​့ စစ်မှန်သောချီစွမ်းအင်ကိုသုံးကာ ဖယ်ရှားရန်လိုအပ်သည်။ ဆေးလုံး၏ အရည်အသွေးမြင့်မားလေ အညစ်အကြေးပါဝင်မှုနည်းလေဖြစ်ပြီး ဆေးအာနိသင်စွမ်းအင်ကိုစုပ်ယူမှုကလည်း ပို၍ မြန်ဆန်ပေသည်။

ထို့ကြောင့် ယခင်က သိုင်းပညာရှင်များသည် များပြားသော ချီအားဖြည့်ဆေးလုံးများကို စုပ်ယူနိုင်စွမ်းမရှိကြခြင်း မဟုတ်ဘဲ ချီစွမ်းအားများ စုဆောင်းရင်း တစ်ပြိုင်နက်တည်း၌ အညစ်အကြေးများကိုပါ ဖယ်ရှားနေရသဖြင့် အချိန်များစွာ ကြာမြင့်နေရခြင်းသာဖြစ်သည်။........ သို့သော် ဒီလိုအခြေအနေကပင် ကောင်းကင်နှင့်မြေကြီးမှ ချီစွမ်းအင်းများကို ရိုးရှင်းစွာစုပ်ယူကျင့်ကြံသည်ထက် ပိုမိုမြန်ဆန်နေသေးသည်။ ထို့ကြောင့်လည်း သိုင်းပညာရှင်များက ဆေးလုံးများအပေါ် ဘဲငန်းရိုင်းနောက် လူအုပ်ကြီးလိုက်ဘိသကဲ့သို့ တန်းတန်းစွဲရူးသွပ်စွာ အပြေးအလွှားလိုက်နေကြတာဖြစ်သည်။

ကုန်းရိထျန်းဟန်သည် ကုကျိုးတစ်ယောက် ပျာပျာယာယာဖြင့် အလုပ်များနေပြန်သည်ကိုကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

--- သူ့ဆေးဆရာလေးက သူ့အတွက် တကယ့် အကြီးမားဆုံး အခွင့်အရေးကြီးတစ်ရပ်လို့ ဆိုရမှာပဲ။

💊💊💊

ကြီးမားသောသစ်ပင်တစ်ပင်အောက်၌ ကုကျိုးတစ်ယောက် မျက်လုံးများ ရုတ်တရတ်ဖွင့်လိုက်သည်။

ထိုအခါ စက္ကန့်ပိုင်းအတွင်း အလွန်ပါးလွှာသွယ်လျ၍ မျက်စိဖြင့်မြင်ရန်ခက်သည့် ငွေမှင်ရောင် ဆူးချွန်တစ်ချောင်းထွက်ပေါ်လာသည်။ ထို့နောက် ၄င်းက အဝေးသို့ပစ်လွှတ်လိုက်သည့်အလား လွှင့်စင်ထွက်သွားသည်။ ထိုဆူးချွန်လေးသည် အလင်းတန်းတစ်ခုသဖွယ် တရှိန်ထိုးလွင့်စင်သွားကာ သူ့အရှေ့ တစ်မီတာခန့်မြင့်မားသော ကျောက်တုံးကြီးတစ်ခုဆီ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။

များမကြာခင် 'ဘန်း'ခနဲ အသံကြီးတစ်ခုထွက်ပေါ်လာပြီး ထိုကျောက်တုံးကြီးမှာ ရုတ်တရတ်ပြိုကွဲကာ အပိုင်းအစများအဖြစ် အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့သည်!

ကုန်းရိထျန်းဟန်က နံဘေးတွင်ရပ်နေရာမှ ထိုအချင်းအရာကိုမြင်တော့ ချီးမွမ်းစကားဆိုလိုက်၏။

"ကောင်းတယ်!"

ကုကျိုး၏မျက်နှာကလည်း ချက်ချင်းဆိုသလို ရွှင်မြူးပျော်ရွှင်သွားရကာ:

"ထျန်းဟန်သခင်လေး၊ ကျွန်တော် အောင်မြင်သွားပြီ!"

ကုန်းရိထျန်းဟန်က ပြုံးလိုက်ကာ ပြောသည်။

"<<မရဏဝိညာဥ်ဆူး>>က တကယ်ကို ကြောက်ခမန်းလိလိ အစွမ်းထက်လှပါပေတယ်၊ ခုနကပစ်ချက်တစ်ချက်က ဟို့ထျန်းအဆင့်(၇)ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ အင်အားပြည့်ရိုက်ချက်တစ်ချက်စာနဲ့ ယှဥ်လို့ရတယ်၊ နောက်ပြီး သူက အသံတိတ်ဆိတ်တယ်၊ တကယ်လို့ အဲ့ဒီနေရာမှာ ကိုယ်ဆိုရင်တောင် အစကတည်းက စိတ်ဝိညာဥ်နှစ်မြှုပ်ပြီး သတိမရှိရင် လွယ်လွယ်နဲ့ မရိတ်မိမှာစိုးရတယ်"

ကုကျိုးက မျက်နှာလေးနီမြန်းသွားကာ:

"ကျွန်တော်လည်း စိတ်စွမ်းအားတစ်မျှင်သုံးရုံနဲ့ မရဏဝိညာဥ်ဆူးဖြစ်အောင် ပုံဖော်လို့ရပြီး ဒီလောက် ကြီးမားတဲ့စွမ်းအားတွေရှိလာမယ်လို့ မထင်ထားဘူး၊ တကယ်လို့သာ နောင်ကို စိတ်စွမ်းအားတွေပိုများလာရင် ဒီထက်ပိုပြီး အစွမ်းထက်လာမှာ!"

သူက အခုဆိုရင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တဲ့လူဖြစ်သွားပြိီ! သူက ကိုယ်ခံပညာမကောင်းပေမယ့် ဒီမရဏဝိညာဥ်ဆူးက သူ ဘယ်သွားသွားဘယ်လာလာ တိုက်ခိုက်သတ်ဖြတ်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တ​ဲ့ လက်နက်ပုန်းတစ်ခုလို့ ယူဆလို့ရတယ်!

ကုန်းရိထျန်းဟန်က ညင်သာစွာ မေးလိုက်သည်။

"ခုနက မရဏဝိညာဥ်ဆူးက....."

ကုကျိုးက အနည်းငယ် နှမြောတသစွာပြောသည်။

"သုံးပြီးရင် မရှိတော့ဘူး"

သူ ဝန်မခံချင်ပေမယ့် အ​ဲ့ဒါက အမှန်ပ​င်။ ဒါပေမယ့် အဲ့ဒါက စဥ်းစားကြည့်ရင် အထူးအဆန်းတော့မဟုတ်ပေ။ သိုင်းပညာရှင်တွေမှာလည်း စစ်မှန်တဲ့ချီစွမ်းအင်တွေကို အပြည့်အဝအသုံးချပြီး တိုက်ခိုက်တ​ဲ့အခါ ကိုယ်သုံး​လိုက်တဲ့ ချီစွမ်းအားတွေကို ပြန်ရယူနိုင်တာမှမဟုတ်တာ။ ထောက်ပံ့သူရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးတ​ဲ့ချိန်နဲ့ မျက်လုံးတွေသုံးပြီး ဆေးဝါးတွေပေါင်းစပ်မှုကို စစ်ဆေးတဲ့အချိန်တွေမှာ လုံးဝစွမ်းအားသုံးဖို့မလိုတာနဲ့တင် တော်တော်ကောင်းနေပါပြီ။ သူ ဒီထပ်ပိုပြီး လိုချင်လို့မဖြစ်ဘူး။

သူကလည်း အရမ်းလောဘမကြီးပါဘူး။

ကုန်းရိထျန်းဟန်က ခဏတွေးတောလိုက်ပြီး:

"အားကျိုး၊ အခုကျန်​တဲ့ စိတ်စွမ်းအားနဲ့ မရဏဝိညာဥ်ဆူး ဘယ်နှခုလောက်ထပ်ပြီး ငွေ့ရည်ဖွဲ့လို့ရနိုင်လဲ?"

ကုကျိုးက စစ်ဆေးကြည့်လိုက်ကာ:

"(၁၈)ခုလောက်ပေါ့"

ကုန်းရိထျန်းဟန်က ခေါင်းညိမ့်လိုက်ပြီး:

"အခု မရဏဝိညာဥ်ဆူးရဲ့စွမ်းအားကို သိရပြီဆိုတော့ အားကျိုးက အဲ့ဒါကိုထုတ်သုံးတဲ့အမြန်နှုန်းကို တိုးတက်အောင်လုပ်ရမယ်၊ မင်းစိတ်ထဲမှာ တစ်ချက်တွေးလိုက်တာနဲ့ မရဏဝိညာဥ်ဆူးတွေကို စိတ်တိုင်းကျ လိုသလိုထုတ်သုံးနိုင်ရမယ်။ မရဏဝိညာဥ်ဆူးတွေကို နှစ်ခု ဒါမှမဟုတ် အများကြီး တစ်ပြိုင်နက်စွမ်းအားထုတ်နိုင်ဖို့ကတော့ အခွင့်အရေးရတုန်းမှာ ကောင်းကောင်းကျွမ်းကျင်အောင် လေ့ကျင့်ပေါ့။ ကိုယ်တို့ သိုင်းပညာကျင့်ကြံတုန်းကဆို စစ်မှန်တဲ့ချီစွမ်းအားတွေ အကုန်သုံးလိုက်ပြီး နောက်တစ်ခါအတွင်းအား ပြန်ဖြည့်တိုင်း ခံနိုင်ရည်အားပိုကောင်းလာသလို၊ အတွင်းအားပြန်ပြည့်တဲ့နှုန်းလည်း ပိုမြန်လာတယ်။ သိုင်းကျင့်စဥ်အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတာဆိုတော့ စိတ်စွမ်းအားကလည်း အဲ့ဒီလိုပဲ ဖြစ်လိမ့်မယ်"

ကုကျိုးက ရိုးရှင်းစွာ ချက်ချင်း သဘောတူလိုက်သည်။

"ထျန်းဟန်သခင်လေး စိတ်ချပါ!"

ကုန်းရိထျန်းဟန်က ပြုံးရင်း သူ့ဆံပင်လေးများကို ထိုးဖွလိုက်သည်။ ထို့နောက် သူက ချီအားဖြည့်ဆေးလုံးကိုယူကာ သိုင်းပညာကျင့်ကြံရန် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

💊💊💊

အချိန်များကား လျင်မြန်စွာ ကုန်ဆုံးသွား​သည်။ မျက်စိတစ်မှိတ်အတွင်း လပေါင်းများစွာကြာမြင့်ခဲ့လေပြီ။

ကုန်းရိထျန်းဟန်သည် နေ့စဥ်နေ့တိုင်း ချီအားဖြည့်ဆေးလုံးတစ်လုံးကျစီ မှီဝဲရာမှ နောက်ပိုင်းတွင် တစ်နေ့ကို ဆေးလုံး (၁၀)လုံးအထိမှီဝ​ဲလာသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားတည်ရာအမှတ်များက ဘယ်လောက်စားစားမဝသော အစားပုတ်ဝေလငါးကြီးတစ်ကောင်ကဲ့သို့နှယ် ကောင်းကင်နှင့်မြေကြီးမှ ရှိသမျှ ချီစွမ်းအင်များကို အငမ်းမရ ဝါးမျိုပစ်နေကြသည်။

ထိုအချင်းအရာက အလွန်ကြောက်ခမန်းလိလိဖြစ်ရကား အထူးသဖြင့် ကုန်းရိထျန်းဟန်ဘေးနားတွင် တစ်ချိန်လုံးလိုက်ပါနေသည့် လုံရိက ပို၍ပင် အံ့ဩတုန်လှုပ်ရ​သည်။

ကုကျိုးသည် ချီအားဖြည့်ဆေးလုံးများကို မပြတ်တမ်း ထောက်ပံ့ပေးနေရပြီး ထျန်းလုံတပ်ဖွဲ့၏ အဖွဲ့ဝင်အများစုသည်လည်း အရေးကြီးကိစ္စကြီးများ တာဝန်ပေးခြင်းခံရသည့် လူနည်းစုမှအပ ကျန်လူအားလုံးသည် အခြားမစ်ရှင်များကို ရပ်ဆိုင်းကာ ချန်ယွင်နိုင်ငံတလွှား ဒေသအသီးသီးမှ ဆေးဝါးအမယ်များအားလုံးကို ရှာဖွေစုဆောင်း၍ အခြားခြံဝန်းတစ်ခုထဲတွင် စုစည်းသိမ်းဆည်းထားကြသည်။ ထို့အပြင် သူတို့၏ သတိရှိရှိဆောင်ရွက်မှုများကြောင့် တစ္ဆေလမ်းအဖွဲ့အစည်းနှင့် ကုန်းရိထျန်းဟန်တို့ကြားမှ အရောင်းအဝယ်သည်လည်း လမ်းကြောင်းမှန်မှန်ဖြင့် အောင်မြင်လျက်ရှိသည်။ တစ္ဆေလမ်းအဖွဲ့အစည်းဘက်မှ အချိန်ကာလတစ်ခုကြာအောင် အကြိမ်များစွာ နောက်ယောင်ခံခြင်းများရှိခဲ့သော်လည်း အဆုံးမှာတော့ ကုန်းရိထျန်းဟန်လက်အောက်မှ နယ်ရုပ်များ၏ ခြေရာဖျောက်ခြင်းကိုသာ ခံခဲ့ကြရသည်။......

ကုန်းရိထျန်းဟန်၏ သိုင်းပညာအစွမ်းကား မယုံကြည်နိုင်လောက်သော အဆင့်တစ်ခုသို့ တိုးတက်ရောက်ရှိခဲ့သည်။

ကုကျိုးသည် ထောက်ပံ့သူ၏ ခန္ဓာကိုယ်အတွင်း အရိုးပုလဲလုံးပေါင်း (၄၅၉)လုံး ငွေရည်ဖွဲ့စည်း​ပြီးစီးကာ အရိုးပုလဲလုံး (၁၅၃)လုံးသာ ငွေ့ရည်ဖွဲ့ရန် ကျန်ရှိတော့တာကို ရှင်းလင်းစွာ မြင်​ရသည်။ အဲ့ဒီနောက်မှာတော့ ထောက်ပံ့သူက မိမိခန္ဓာကိုယ်၏ ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိမှာဖြစ်ပြီး နောက်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ရတော့မှာဖြစ်သည်။

ဒါက အလွန်များသည်ဟုထင်ရသော်လည်း အရှေ့မှအရိုးပုလဲလုံးလေးရာကျော်ကို လအနည်းငယ်အတွင်း ရရှိနိုင်ခဲ့တာကို ပြန်တွေးကြည့်လျှင် ကျန်​အရေအတွက်က သိပ်ခက်ခဲသည်ဟု ခံစားရတော့မှာမဟုတ်ပေ။

ထို့အပြင် နောက်ပိုင်း အရိုးပုလဲလုံးများက ဖြစ်တည်ရန်ပိုမိုမြန်ဆန်ကာ သိုမှီးထားနိုင်သည့် စစ်မှန်သောချီစွမ်းအင်များကလည်း ပိုမိုများပြားလာသည်။

လက်ရှိအခြေအနေတွင် ကုန်းရိထျန်းဟန်၏ ခန္ဓာကိုယ်တွင်းမှ စစ်မှန်သောချီစွမ်းအားများမှာ ​ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးမားနေသည်။ သူက ခန္ဓာကိုယ်အတွင်း အရိုးပုလဲလုံး (၆)စုံကို ငွေ့ရည်ဖွဲ့ရန် ပြင်ဆင်နေ​သည့်အတွက် သူ၏ကိုယ်ပိုင်ခွန်အားအစွမ်းက နဂိုခွန်အား၏ခြောက်ဆတိတိကြီးမားလာမှာဖြစ်သည်။ ---- ထို့ကြောင့် သူ့ကိုယ်ပိုင်ခွန်အားအစွမ်း(အတွင်းအား)သည် အဆင့်တူသိုင်းပညာရှင်အများစုထက် အဆများစွာအင်အားကြီးမား​နေမှာဖြစ်သည်။

အကယ်၍ ကုန်းရိထျန်းဟန်သာ ယခုအချိန် တစ္ဆေလမ်းအဖွဲ့အစည်းထံသွား၍ ၄င်းတို့၏ လူသတ်ယန္တရားလေ့ကျင့်ရေးတွင် ထပ်မံပါဝင်ခဲ့ပါမူ အဲ့ဒါက "လူကိုခွေးတစ်ကောင်လိုသတ်သည့်အလား" ဖြစ်နေမှာသေချာသည်။

ထို့အပြင် ကုကျိုး၏ တိုးတက်မှုကလည်း မနည်းလှပေ။

သူက အခုဆို <<မရဏဝိညာဥ်ဆူး>> ကျင့်စဥ်အဆင့် (၃)ဆင့်စလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း အသုံးပြုနိုင်ပြီဖြစ်သည်။ သူက <<စိတ်ဝိညာဥ်ထုဆစ်ခြင်း>> နည်းလမ်းကိုသုံး၍ ရေခိုးရေငွေ့ကဲ့သို့ စိတ်စွမ်းအားများကို ပျစ်ခဲသိပ်သည်းသည့် စိတ်စွမ်းအားများအဖြစ် လျင်မြန်စွာ ပုံသွင်းပြောင်းလဲစေသည်။ ၄င်းနောက် <<စိတ်ဝိညာဥ်သမာဓိတည်ခြင်း>> နည်းလမ်းကိုသုံး၍ စိတ်စွမ်းအင်များကို ငွေမှင်ရောင်ဆူးချွန်အပ်များအဖြစ် ပြောင်းလဲစေလိုက်သည်။ အဲ့ဒီနောက် <<ဝိညာဥ်ဖောက်ထွင်းခြင်း>> နည်းလမ်းကိုအသုံးပြုရသည်။..... ကုကျိုးက ယခုဆို ကုန်းရိထျန်းဟန်ပြောခဲ့သည့်အတိုင်း အောင်မြင်စွာလုပ်ဆောင်နိုင်နေပြီဖြစ်သည်။ သူက ငွေမှင်ရောင်အပ်ချောင်းများကို အလိုရှိရာသို့ စိတ်ကြိုက်ပစ်လွှတ်နိုင်သလို၊ စိတ်ထဲမှ တစ်ချက်လေး လှုပ်ရှားလိုက်ရုံဖြင့် ငွေမှင်ရောင်အပ်ချောင်းများအား မည့်သည့်ဦးတည်ရာ၊ မည့်သည့်ရှုထောင့်၊ မည့်သည့်လမ်းကြောင်းကိုမဆို ပစ်လွှတ်နိုင်နေပြီဖြစ်သည်။

ဒါ့အပြင် အနှီငွေမှင်ရောင်အပ်များကား ကနဦးအဆင့်သာရှိသေးကြောင်းကို သူ ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ သူက မရေမတွက်နိုင်သော ငွေမှင်ရောင်အပ်ချောင်းပေါင်းများစွာကို အတူတကွ ပေါင်းစည်းလိုက်သည့်အခါ ၄င်းက ငွေမှင်ရောင်ကတော့ချွန်ပုံစံ ယန္တရားလက်နက်အဖြစ် ပြောင်းလဲသွားပြီး ၄င်း၏ အဖျက်စွမ်းအားမှာ ငွေမှင်ရောင်အပ်ချောင်းများထက် အဆပေါင်းများစွာ ပိုမိုသာလွန်အင်အားကြီးနေသည်။

အနှီမရဏဝိညာဥ်ဆူးကား အကောင်အထည်ရှိ အရာဝတ္ထုများကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သလို၊ တစ်ဖက်ရန်သူ၏ 'ထျန်းဖူ' အမှတ်ကိုလည်း အကောင်အထည်ထင်ရှားမရှိဘဲ တိုက်ခိုက်မှုများလုပ်ဆောင်နိုင်ပေသည်!

(T/N - "ထျန်းဖူ" အမှတ်ဆိုတာ လက်မောင်းအရှေ့ဘက်မှာရှိတဲ့ ချီစွမ်းအင်တည်ရာအမှတ်ဖြစ်ပါတယ်။ ထို​အမှတ်ကတဆင့် ချီစွမ်းအင်များကို ဦးခေါင်းဆီသို့ စုပ်ယူဖြည့်တင်းတာဖြစ်ပါတယ်။)

ထို 'ထျန်းဖူ' အမှတ်သာ ဖျက်ဆီးခံရပါက ရန်သူသည် သူရူးတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာဖြစ်သည်!

ကုကျိုးသည် ထိုကဲ့သို့ သာမန်လူများမစွမ်းသာအောင် အစွမ်းထက်သည့်နည်းလမ်းကို အပြည့်အဝ သဘောပေါက်သွားသည့်အခါ သူ့တစ်ကိုယ်လုံး သိမ့်သိမ့်တုန်သွားအောင် ခိုးခိုးခစ်ခစ်ရယ်မောမိလေသည်။

ဒါက သူ့ကို အသက်ကယ်ပေးမယ့် လက်နက်ကောင်းတစ်ခုပဲ! သူ သတိလစ်နေရင်၊ ဒါမှမဟုတ် ရှန့်ထျန်းအဆင့် သိုင်းပညာရှင်မဟုတ်ရင်တော့၊ အဲ့ဒီအဆင့်အောက် ဘယ်သိုင်းပညာရှင်ကမှ သူ့အနားကပ်နိုင်မှာမဟုတ်ဘူး!

နောက်ဆုံးတော့ သူဟာ ကြက်တစ်ကောင်တောင် မဖမ်းနိုင်တဲ့ အင်အားချိနဲ့တဲ့လူမဟုတ်တော့ဘူး...... သူက အရွယ်မရောက်သေးပေမယ့် ခွန်အားအစွမ်းတွေပိုင်ဆိုင်ရတဲ့ အားရကျေနပ်စရာခံစားချက်ကို နောက်ဆုံးမှာ ခံစားဖူးခ​ဲ့ပြီ​။ မဟုတ်မှလွဲရော ဒါက ခွန်အားစွမ်းပကားရှိတဲ့ ယောကျာ်းသားတွေရဲ့ ခံစားချက်မျိုးလား? သူက ဒါကို တိုက်ခိုက်ဖို့သုံးမှာ မဟုတ်ပေမယ့် သူ့မှာလုံခြုံမှုနည်းနည်းရှိလာပြီလို့ ယူဆလို့ရတယ်။

အဲ့ဒီနောက်မှာတော့ ကုကျိုးက စိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်းကို ကျင့်ကြံခြင်း၊ မရဏဝိညာဥ်ဆူး လေ့ကျင့်ခြင်း၊ ဆေးဝါးများ အဆက်မပြတ် ဖော်စပ်သန့်စင်ခြင်း၊ ထောက်ပံ့သူအတွက် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးခြင်း စသည့်များကို အပြည့်အဝ အားသွန်ခွန်စိုက်လုပ်ဆောင်လေတော့သည်။ --- တကယ်လို့ ဒီအတိုင်းသာ ဆက်ပြီး တိုးတက်သွားမယ်ဆို အိမ်ပြန်ရမယ့်လမ်းကလည်း အဲ့လောက် အလှမ်းမဝေးတော့ပါဘူး။

သို့သော် နဂါးပြာရေကန်ကို ဖွင့်လှစ်မည့်အချိန်မှာလည်း လျင်မြန်စွာ နီးကပ်လာပြီဖြစ်သည်။

၄င်းက နောက်လာမည့် သုံးရက်မြောက်နေ့ မွန်းလွဲပိုင်းအချိန်မှာဖြစ်သည်။

ယခင်မျိုးနွယ်စုတိုက်ပွဲတွင် အနိုင်ရရှိခဲ့သော ထိပ်တန်းသိုင်းပညာရှင် (၈)ဦးတို့သည် မနက်ဖြန်တွင် ချန်းယွင်နန်းမြို့တော်သို့ ထွက်ခွာကြရမည်ဖြစ်သည်။ သူတို့က ချန်းယွင်နိုင်ငံတော် ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံကြရမှာဖြစ်ပြီး တော်ဝင်မိသားစု၏ စမ်းသပ်စစ်ဆေးမှုများကို လက်ခံရင်ဆိုင်ကြရမှာဖြစ်သည်။

အဆုံးထိ ​ေကျာ်ဖြတ်နိုင်သူသည်သာ နေရာတစ်ခုကို အမှန်တကယ် လက်ဝယ်ရရှိနိုင်မှာဖြစ်သည်!

နဂါးပြာရေကန်၏ ခွဲတမ်းနေရာသည် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိပေသည်။ ထို့ကြောင့် သိုင်းပညာကျင့်ကြံရေးလမ်းအပေါ် စိတ်နှလုံးနှစ်မြှုပ်ထားကြသည့် သိုင်းပညာရှင်တိုင်းက မည်သူမဆို ဒီအခွင့်အရေးကို လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ပေ။

ကုန်းရိထျန်းဟန်၏ လွန်ခဲ့သောနှစ်အတွင်း မရေမတွက်နိုင်အောင် ကြိုးစားအားထုတ်ခဲ့မှုများသည်လည်း ထိုနေ့တစ်​ရက်အတွက်ပင် ဖြစ်တော့သည်။

💊💊💊

မွန်းလွဲပိုင်း၌။

နဂါးအကြေးခွံမြင်းများသည် အိမ်တော်တံခါးအပြင်ဘက်တွင် စုရုံးရောက်ရှိနေပြီး ကြေးဝါရောင်ရထားလုံးကြီးကလည်း အသင့်အနေအထားရှိနေသည်။

ကုန်းရိထျန်းဟန်သည် လက်ကိုနောက်ပစ်လျက် အိမ်တော်အပြင်သို့ လမ်းလျှောက်ထွက်လာသည်။ သူ့အနောက်မှာတော့ လုံရိနှင့် ကုကျိုးတို့က ဘယ်တစ်ဖက် ညာတစ်ဖက် ခြံရံလိုက်ပါလာသည်။

နောက်ကွယ်လျှို့ဝှက်နေရာတွင် လုံအာ့က ပုန်းကွယ်လိုက်ပါလျက်ရှိပြီး လူမြင်ကွင်းအလယ်မှာတော့ ထျန်းလုံတပ်သား အယောက် (၂၀၀)ကား နဂါးအကြေးခွံမြင်းများ နံဘေးတွင်ရပ်ကာ အရိုအသေပြုနှုတ်ဆက်လိုက်ကြသည်!

သူတို့က ယခု ကုန်းရိအိမ်တော်သို့ ထွက်ခွာကြမည်ဖြစ်သည်!

လုံရိသည် အရှေ့သို့ ဦးဆောင်၍ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် သူက နောက်လှည့်၍ ဒူးတစ်ဖက်ထောက်ကာ မျက်နှာတစ်ခုလုံး၌ စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည်လင်ပြတ်သားစွာ ဆိုသည်။

"သခင်လေး ကြီးမားတဲ့အောင်ပွဲတွေနဲ့ ပြန်လာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်!"

များစွာသော ထျန်းလုံးတပ်သားများကလည်း တညီတညွတ်တည်း ဒူးထောက်လိုက်ကြကာ:

"သခင်လေး ကြီးမားတဲ့အောင်ပွဲတွေနဲ့ ပြန်လာနိုင်ပါစေ!"

ကုန်းရိထျန်းဟန်က တစ်ချက်ပြုံးလိုက်ကာ:

"ငါတို့သွားကြမယ်!"

များစွာသော ထျန်းလုံတပ်ဖွဲများက:

"သခင်လေးရဲ့အမိန့်ကို နာခံလျက်ပါ!"

ကုကျိုးသည် ထိုအချင်းအရာကို ရှင်းလင်းစွာကြည့်ရင်း သူ့စိတ်ထဲ၌လည်း စိတ်အားထက်သန်မှုများစွာ ပေါ်ပေါက်လာခဲ့သည်။

နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပြီ!

တကယ်လို့ သူ့​ထောက်ပ့ံသူသာ အောင်မြင်ခဲ့ရင်...... သူစိတ်ထဲကနေ ကြိုသိနေတယ်။

ကုန်းရိထျန်းဟန်ဟာ အချိန်အကြာကြီး ငြိမ်သက်နေခ​ဲ့တဲ့ ပုန်းကွယ်နေတဲ့နဂါးတစ်ကောင်လို အသူရာချောက်ထဲကနေ ဖောက်ထွက်လာတာနဲ့ ကောင်းကင်ဘုံးကိုးဆင့်ထိအောင် အမြင့်ဆုံး ပျံသန်းတော့မယ်ဆိုတာပဲ!

___________________________________

အချစ်ဆုံးတို့ရေ.......

မတွေ့ရတာကြာပြီနော်။ ဒီကြားထဲမှာ စောင့်နေပေးတဲ့အတွက် သာသာစာဖတ်သူတွေကို သာသာ ကျေးဇူးအများကြီးတင်ပါတယ်။ ❤❤ နောက်ဆုံးမှာ ကုန်းရိထျန်းဟန်က သိုင်းပညာမကျင့်ကြံနိုင်တဲ့လူမဟုတ်တော့ဘဲ ခွန်အားကြီးတဲ့ သိုင်းပညာရှင်တစ်ယောက်အနေနဲ့ လူအများရှေ့ထွက်ပြတော့မှာဖြစ်ပါတယ်။ ဒီတော့ 'မင်းအတွက် ဆေးတစ်ခွက်' က ဒီမှာတင် ပထမတွဲ ပြီးပါပြီ။ အဲ့တော့ နောက်ဒုတိယတွဲမှာ သူတို့နှစ်ယောက်သား ဘယ်လိုအောင်ပွဲတွေယူကြမလဲဆိုတာ ဆက်ကြည့်ကြမယ်နော်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။ ❤❤

With love ❤
Taiga 😘

Continue Reading

You'll Also Like

806K 60.2K 46
ကြၽန္ေတာ္က ခင္ဗ်ားကို ခ်စ္ဖို႔ ေမြးဖြားလာတဲ့ ဂ်စ္ကန္ကန္ေကာင္ေလး..။ ခင္ဗ်ားကို မုန္းဖို႔ဆိုတာ ကြၽန္ေတာ္အတြက္ ဘယ္ေတာ့မွ ျဖစ္တည္မလာတဲ့ စကားလံုးတစ္ခု...
673K 36.9K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
491K 33.7K 31
story description>>>>> start-5/10/2021 end-1/1/2022
12.4K 961 8
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant