Chapter 37. စိတ်မဆိုးပါဘူး
အဝတ်လျှော်စက်ထဲမှအဝတ်များအားလုံးလျှော်ပြီးသွားသည့်အခါတွင်၎င်းထံမှ " တီတီ " ဟူသောအသံတစ်ချက်ထွက်လာ၏
လင်းယွီကအဝတ်အစားများကိုကျွမ်းကျင်သူပီပီ
အလျင်အမြန်သိမ်းဆည်းလိုက်သည်
ဖူ့ရှီဝိန်သည်အနောက်မှလိုက်လာကာ လသာဆောင်၌ရပ်ပြီးစီးကရက်စ်မီးကို
ညှိလိုက်၏
ပြတင်းပေါက်အပြင်ဘက်ရှိညအချိန်အခါလေးကအလွန်တရာကိုမှအေးချမ်းနေသယောင်...
ကောင်းကင်ပေါ်ရှိလကြီးသည် ၁၅ ရက်နေ့ဖြစ်
နေတာကြောင့်လားတော့မသိ...ကြည့်ရသည်မှာ
အလွန်ပင်ဝဖြိုးနေကဲ့သို့ဖြစ်နေ၏
ဖူ့ရှီဝိန်က စီးကရက်စ်တစ်လိပ်ကိုရှူရှိုက်ရင်း
လင်းယွီအားကြည့်ကာ
" အန်းချိန်ကခြေထောက်ကဒဏ်ရာဖြစ်နေလို့
ကိုယ်သူ့ကိုအိမ်မှာနေခွင့်ပေးလိုက်တာပါ..မင်းစိတ်မဆိုးဘူးမလား "
သူမေးလိုက်သည်
လင်းယွီကအပြုံးတုတစ်ခုရအောင်ဖျစ်ညှစ်လိုက်ပြီး " ကျနော်စိတ်မဆိုးပါဘူး...အန်းချိန်က
ရှန်းရှိန်းရဲ့သူငယ်ချင်းဆိုတော့လည်းကျနော့်သူငယ်ချင်းဘဲပေါ့ "
ဖူ့ရှီဝိန်သည် လင်းယွီ၏မျက်နှာပေါ်ရှိထိုအပြုံးတုကိုစိုက်ကြည့်ကာအစစ်အမှန်အပြုံးနှင့်ဟန်ဆောင်အပြုံးနှစ်ခုကြားရှိခြားနားချက်ကို
တွေ့သွား၏
" ကောင်းပြီလေ..ဒါဆိုလည်း ညဘက်သူနေဖို့အခန်းတစ်ခန်းကိုသန့်ရှင်းရေးသွားလုပ်ထားပေးလိုက် "
" ကောင်းပါပြီ " လင်းယွီ နာနာခံခံနှင့်ခေါင်းညိတ်ပြလိုက်သည်
ဖူ့ရှီဝိန်က " အားယွီ..ဒီရက်ပိုင်းသူ့ကိုသေချာဂရုစိုက်ပေးနော်..သူ့ခြေထောက်တွေကအဆင်မပြေဘူး "
" အင်း "
ဖူ့ရှီဝိန်ဘာဘဲပြောပြောလင်းယွီက " အင်း "
" ကောင်းပြီ " ထိုနှစ်ခွန်းကိုသာပြော၏
သူကငြီးငွေ့လာသကဲ့သို့ပျင်းရိရိခံစားချက်ကြီးဖြစ်လာကာသူ့လက်ထဲရှိစီးကရက်စ်အငွေ့များအပြင်ဘက်သို့လွင့်သွားစေရန်ပြတင်းပေါက်ကိုခပ်ကျယ်ကျယ်ဖွင့်လိုက်သည်
ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့်အေးစက်စက်လေစိမ်းများကတဖြူးဖြူးနှင့်တိုက်ခတ်လာ၏
" အန်းချိန်ကငယ်ငယ်ကတည်းကဆေးလိပ်ငွေ့ဆိုရင်လုံးဝမခံနိုင်ဘူး...သူကစီးကရက်စ်နံ့ကိုရပြီဆိုတာနဲ့နှာခေါင်းပိတ်ပြီးတန်းထွက်ပြေးတော့တာပဲ "
လင်းယွီကဖူ့ရှီဝိန်ကိုသာတိတ်တဆိတ်စိုက်ကြည့်နေလိုက်၏
သူကခေါင်းကိုလင်းယွီဘက်လှည့်လာကာ
" ငါ့ခန္ဓာကိုယ်ကအနံ့ကအရမ်းပြင်းနေလား "
လင်းယွီကအနီးနားသို့ကပ်သွားကာသူ့ခန္ဓာကိုယ်ပေါ်မှအနံ့ကိုရှူရှိုက်လိုက်သည်...ဖူ့ရှီဝိန်၏
ခန္ဓာကိုယ်ပေါ်ရှိရနံ့ကမွှေးပျံ့နေပြီးစီးကရက်စ်နံ့အနည်းငယ်စွဲကပ်နေသော်လည်းသိပ်တော့မသိသာလှပေ
သူကအမှန်အတိုင်းပင်ဖြေပေးလိုက်၏
" အဲ့လောက်ထိကြီးအနံ့ပြင်းမနေပါဘူး "
ဖူ့ရှီဝိန်ကယုန်ပေါက်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ
" ဘာကြောင့်စိတ်မပျော်မရွှင်ဖြစ်နေရတာလဲ "
" ဘာကြောင့်မှမဟုတ်ပါဘူး ..ရှန်းရှိန်း "
သူကလင်းယွီ၏မျက်ခုံးမွှေးရေးရေးလေးတွေကိုငုံ့ကြည့်ရင်းဝိုင်းစက်နေသည့်မျက်လုံးထံသို့အကြည့်ပို့လိုက်ကာ
" သဝန်တိုနေတာလား "
" အင်း " လင်းယွီကခေါင်းကိုညိတ်ပြလိုက်သည်
ဖူ့ရှီဝိန်၏နှုတ်ခမ်းထောင့်ကအနည်းငယ်ကွေးတက်သွားကာ
" သဝန်မတိုပါနဲ့...ကိုယ်မင်းအတွက်
အကောင်းဆုံးဝန်ဆောင်မှုပေးမယ် "
သူ့လက်ကလင်းယွီ၏ချည်သားတီရှပ်အောက်သို့ရောက်လာကာလက်ချောင်းများကချောမွေ့နူးညံ့သောအသားအရေလေးကိုပွတ်သပ်နေ၏
ဖူ့ရှီဝိန်ကထိုခံစားချက်ကိုအင်မတန်မှသဘောကျ၏..ဒါကအကောင်းဆုံးပိုးထည်ကိုထိနေရသလိုမျိုးအရမ်းကိုမှထိတွေ့လို့ကောင်းလွန်းတယ်
လင်းယွီကဧည့်ခန်းဆိုဖာပေါ်မှာထိုင်နေတဲ့အန်းချိန်ကိုရုတ်တရက်သတိရလိုက်မိတာကြာင့်
" ရှန်း..ရှန်းရှိန်း...အိမ်ထဲမှာအန်းချိန်လည်းရှိနေ
သေးတယ်လေ "
ဖူ့ရှီဝိန်က လင်းယွီရဲ့နဖူးကိုခပ်ဖွဖွလေးအနမ်းပေးလိုက်ပြီး
" သူသိမှာမဟုတ်ပါဘူး...မနေ့ညကကိုယ်တို့တွေ
တစ်ယောက်နဲ့တစ်ယောက်မတွေ့လိုက်ရဘူးလေ...ကိုယ့်ကိုလွမ်းပြီးလိုချင်တယ်မလား "
လင်းယွီကနီရဲနေသည့်မျက်နှာနှင့်ခပ်တိုးတိုးလေးပြောလိုက်၏ " လို..လိုချင်တယ် "
သူလင်းယွီရဲ့ခါးသေးသေးလေးကိုသူ့ရဲ့လက်မောင်းကြီးတွေနဲ့ရစ်ပတ်လိုက်ပြီးခန္ဓာကိုယ်လေးကိုမလိုက်ကာအမှောင်ထဲသို့သွားရန်ဆန္ဒရှိနေ၏
" မင်းဘာတွေတွေးနေတာလဲ...ကိုယ်တစ်ယောက်လုံးဒီမှာရှိနေတာကိုတောင်ဘာအကြောင်းတွေးနေနိုင်သေးတာလဲ "
သူကလင်းယွီရဲ့ဂျင်းဘောင်းဘီပေါ်ကိုသူ့ရဲ့လက်တစ်ဖက်တင်ထားပြီးကျန်တစ်ဖက်နဲ့အင်္ကျီကြယ်သီးတွေကိုခပ်မြန်မြန်ဖြုတ်နေကာသူ့ကိုယ်လုံးလေးအားပြင်းပြင်းထန်ထန်ဖိထားလိုက်၏
လင်းယွီကယင်ကောင်လေးတစ်ကောင်လိုအသံမျိုးနှင့် " ကျနော်အရမ်းလိုချင်နေပြီ "
ဖူ့ရှီဝိန်ကလင်းယွီ၏နားရွက်ချွန်ချွန်သေးသေးလေးအားနမ်းလိုက်ကာအောက်ပိုင်းကစိုရွှဲနေပြီဖြစ်သောယုန်ငယ်လေးအားကြည့်ပြီး
" အားယွီ...မင်းလေးကအရမ်းတွေရိုးသားနေတယ်ပေါ့..ညနေစာကိုကိုယ်မင်းအတွက်မုန်လာ
ဉနီအကြီးကြီးကျွေးမယ် "
လင်းယွီကဖူ့ရှီဝိန်၏၎င်းကဲ့သို့သော dirty talk များကိုသူ့နားနှင့်ပထမဉီးဆုံးအကြိမ်ကြားလိုက်ရသောကြောင့်အလွန်အမင်းရှက်သွားရကာ
" ရှန်းရှိန်း "
သူကလင်းယွီ၏ရှက်ရွှံ့နေသောအမူအရာအား
ကြည့်ကာစိတ်လွတ်သွားရ၏
ရုတ်တရက်အိမ်ထဲမှတစ်စုံတစ်ခုကျိုးပဲ့သွားသကဲ့သို့ကျယ်လောင်သည့်အသံတစ်သံပေါ်ထွက်လာခဲ့၏
" အာ့... " တစ်ချိန်ထဲမှာပင်ဧည့်ခန်းထဲမှအန်းချိန်၏အသံကထွက်လာခဲ့သည်
ဖူ့ရှီဝိန်ကရပ်လိုက်ပြီးလင်းယွီကိုချက်ချင်းလွှတ်လိုက်ကာ " ကိုယ်သွားကြည့်လိုက်ဉီးမယ် "
သူဖူ့ရှီဝိန်၏ကျောပြင်ကြီးကိုတိတ်တဆိတ်
စိုက်ကြည့်ကာတစ်ခဏလောက်ငြိမ်သက်
သွားရ၏
သူခေါင်းကိုအသာငုံ့ပြီးအဝတ်အစားတွေကိုသပ်သပ်ရပ်ရပ်ပြန်ပြင်လိုက်ကာပါးစပ်ထဲမှ
လေတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်
ပူနွေးနေသောအာငွေ့များကသူ၏မျက်နှာ
ပြင်တစ်လျှောက်ဖြတ်ပြေးသွား၏
သူအိပ်ခန်းထဲမှထွက်လာပြီးဧည့်ခန်းထဲသို့လျှောက်လာခဲ့ရာ အန်းချိန်အားပွေ့ဖက်ပေး
နေသည့်ဖူ့ရှီဝိန်အားတွေ့လိုက်ရသည်
အန်းချိန်၏မျက်လုံးများကနီရဲနေပြီးလင်းယွီကိုကြည့်ရန်ခေါင်းကိုမော့လာခဲ့သည်
" တောင်းပန်ပါတယ် အားယွီ...ငါမင်းရဲ့ခွက်ကိုကွဲအောင်လုပ်လိုက်မိတယ် "
Chapter 38. ထွက်သွားရတော့မည်လား
သူကြမ်းပြင်ပေါ်ကကွဲကြေနေတဲ့ဖန်ခွက်အကွဲလေးကိုကြည့်ပြီးနှစ်စက္ကန့်လောက်ဆွံ့အသွားရတယ်
အဲ့ဒါကရှန်းရှိန်းရဲ့ရေခွက်လေးဖြစ်ပြီး
ဝံပုလွေကြီးနဲ့ယုန်ငယ်လေး ကာတွန်းပုံပါတဲ့
အရာလေးဖြစ်တယ်
" အားယွီ...ငါတောင်းပန်ပါတယ်...ငါကမကောင်းတဲ့လူဘဲ...မင်းဒီခွက်ကိုအရမ်းကြိုက်တာမလား..
ဒါကငါ့အပြစ်တွေပါ "
အန်းချိန်ကအမှန်တစ်ကယ်နောင်တရကာပြောနေဟန်ပေါ်၏
"မင်းကိုယ့်ကိုယ်ကိုအပြစ်တင်နေစရာမလိုပါဘူး"" ဒါကဖန်ခွက်လေးတစ်လုံးပဲလေ...မင်းရဲ့လက်ကိုကိုယ့်ကိုပြပါဉီး...အရမ်းနာနေတာလား "
ဖူ့ရှီဝိန်ရဲ့အလွန်တရာစိုးရိမ်ပူပန်နေတဲ့မျက်လုံးတွေကိုတွေ့လိုက်ရတော့လင်းယွီကသူ့ရဲ့နက်ရှိုင်းတဲ့နှလုံးသားနေရာကတင်းကြပ်သွားသလိုခံစားလိုက်ရတယ်
ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ
သူ့နှလုံးသားလေးတွေကအပ်တစ်ချောင်းနဲ့
ထိုးဆွခံနေရသလိုဘဲ
ဒါပေမယ့်နာကျင်မှုကိုတော့မခံစားရဘူး
" အားယွီ အဆင်ပြေရဲ့လား "
အန်းချိန်ကခေါင်းကိုမော့လာပြီးအဆင်ပြေနေပုံမပေါ်တဲ့လင်းယွီရဲ့မျက်နှာကိုကြည့်ပြီးမေးလိုက်တယ်
သူကပြုံးပြကာခေါင်းကိုခါရမ်းလိုက်ပြီး
" ရပါတယ်...မင်းလက်ကအရမ်းထိခိုက်မိသွား
သေးလား...ငါဆေးသွားယူပေးမယ် "
ဖူ့ရှီဝိန်က " ငါသွားယူပေးလိုက်မယ်...မင်းအဲ့ဒီဖန်ကွဲစတွေကိုရှင်းထားလိုက် "
" ကောင်းပါပြီ "
လင်းယွီကခေါင်းညိတ်ကာဆိုသည်
သူတံမြက်စည်းနှင့်ထိုခွက်အပိုင်းများကိုလှည်းကျင်းကာအမှိုက်ပုံးထဲသို့သွန်ပစ်လိုက်သည်
သူဆိုဖာကိုတစ်ချက်လှည့်ကြည့်လိုက်တယ်
ဆိုဖာပေါ်မှာဖူ့ရှီဝိန်ကအန်းချိန်ရဲ့လက်ကိုဂရုတစိုက်နဲ့ဆေးထည့်ပေးပြီးပလာစတာနဲ့ကပ်ပေးနေတယ်...သူ့ရဲ့မျက်လုံးထဲကနူးညံ့မှုကတစ်စုံတစ်ယောက်ထဲအတွက်သာရှိနေသလိုမျိုး
နစ်မွန်းနေတယ်....
ဒါပေမယ့်အဲ့ဒီညှာတာနူးညံ့မှုတွေကလင်းယွီဆိုတဲ့သူ့အတွက်တော့မဟုတ်ခဲ့ဘူး
.....................
villa တွေအများစုကဗလာခန်းတွေအများကြီးပါပြီးလင်းယွီက အန်းချိန်အိပ်ဖို့အတွက်လွတ်နေ
တဲ့အခန်းတစ်ခန်းကိုသိမ်းဆည်းပေးကာအမှိုက်တွေကိုထုပ်ပိုးပေးနေရသည်
သူသိမ်းဆည်းပြီး၍အခန်းအပြင်ဘက်သို့ထွက်လာရာရှန်းရှိန်းနှင့်အန်းချိန်တို့နှစ်ဉီးသားဆိုဖာပေါ်တွင်ထိုင်နေကြပြီးတစ်စုံတစ်ခုအကြောင်းပြောရင်းပျော်ရွှင်ရယ်မောနေကြသည်....သူတို့
နှစ်ဉီး၏ဆက်ဆံရေးမှာပြောစရာမလိုလောက်အောင်ကိုအေးချမ်းသာယာနေခဲ့ပါ၏
သူခေါင်းကိုငုံ့ကာသစ်သီးခွဲရန်မီးဖိုချောင်အတွင်းသို့ဝင်သွားလိုက်၏
လင်းယွီအသီးပန်းကန်ကိုကိုင်ကာသူတို့နှစ်ဉီးထံထွက်လာလိုက်၏
" အားယွီ...ငါသရက်သီးနဲ့သခွားမွှေးသီးကြိုက်မှန်းဘယ်လိုသိတာလဲ "
အန်းချိန်ကအံ့ဩစွာမေးလာ၏
လင်းယွီကအပြုံးလေးနှင့်ပြန်ပြောသည်
" ရှန်းရှိန်း ကမင်းစားချင်တယ်လို့ပြောဖူးလို့ပါ "
" တစ်ကယ်ကြီးပေါ့ "
သူကဖူ့ရှီဝိန်အားကြည့်ကာအလွန်စိတ်လှုပ်ရှားနေဟန်ပေါ်၏
သူပြုံးပြကာငြင်းဆန်ခြင်းမပြုဘဲခက်ရင်းအသေးလေးနှင့်သရက်သီးတစ်စိတ်ကိုထိုးစိုက်
လိုက်ပြီးအန်းချိန်အားခွံ့ကျွေးလိုက်သည်
" စားလိုက်ဉီး "
သူကသရက်သီးကိုပါးစပ်ထဲထည့်လိုက်ကာ
" ကျေးဇူးပါ "
" အင်း....အရမ်းမွှေးတာပဲ "
" လင်းယွီ..လာစားလေ..အရမ်းအရသာရှိတယ် "
အန်းချိန်ကပြော၏
လင်းယွီ သူ့လက်ကိုဝှေ့ယမ်းပြလိုက်ပြီး
" ကျနော်ဗိုက်မဆာပါဘူး...ရှန်းရှိန်း တို့နှစ်ယောက်စကားပြောထားလိုက်ဉီးနော်
ကျနော်နည်းနည်းအိပ်ချင်နေလို့ "
ဖူ့ရှီဝိန်ကလင်းယွီအားတစ်ချက်စိုက်ကြည့်ရင်း
" အင်း..သွားအိပ်လိုက်တော့ "
လင်းယွီပြောပြီးသည်နှင့်အိပ်ခန်းထဲသို့ဝင်လာကာသူ့ကိုယ်ကိုကုတင်ပေါ်လှဲချလိုက်ရင်းမျက်နှာကျက်အားတိတ်တဆိတ်စိုက်ကြည့်နေလိုက်၏
ပြတင်းပေါက်အပြင်ဘက်ရှိလရောင်လေးသည်
ငွေရောင်အစက်အပြောက်များကဲ့သို့သစ်ရွက်လေးများမှတစ်ဆင့်အိပ်ခန်းအတွင်းသို့ထိုးဖောက်ဝင်ရောက်လာ၏
လေတစ်ချက်တစ်ချက်တိုးဝှေ့လာသော်သစ်ပင်ပေါ်မှသစ်ရွက်ကလေးများသည်လေနှင့်အတူ
ဝှေ့ပါသွားရင်းမြေပြင်ပေါ်ရှိသူတို့၏ယိမ်းနွဲ့နေသောအရိပ်လေးများကလည်းအလွန်ပင်ကြည့်ကောင်းနေပေသည်
ဧည့်ခန်းထဲမှလူနှစ်ဉီး၏ရယ်သံများကလည်းပျံ့လွင့်နေ၏
လင်းယွီ သူ့ခေါင်းနဲ့နှလုံးသားကဗလာဖြစ်သွားသယောင်ခံစားလိုက်ရ၏
မကြာခင်မှာသူထွက်သွားတော့မည်.....
...........
အချိန်အတန်ကြာပြီးနောက်ဖူ့ရှီဝိန်ကတံခါးကို
တွန်းဖွင့်ကာဝင်လာခဲ့၏
သူကမီးကိုဖွင့်ကာ " အိပ်ပြီလား "
ဟုမေးလာခဲ့သည်
သူကထိုတိုးညှင့်နေသောအသံကိုကြားသော်
လည်းမျက်လုံးကိုမှိတ်ထားဆဲဖြစ်ကာပြန်မဖြေခဲ့ပေ....
ဖူ့ရှီဝိန်က ကုတင်ပေါ်တက်လာပြီးခေါင်းကိုတစ်ဖက်သို့လှည့်ကာလင်းယွီအားဘေးတိုက်အနေအထားဖြင့်ကြည့်လာ၏
" မငိးအိပ်ချင်ယောင်ဆောင်နေတာလား "
လင်းယွီ မျက်လုံးကိုဖွင့်လိုက်ကာ
" အိပ်မပျော်ဘူးဆိုတာကိုရှန်းရှိန်းဘယ်လိုသိတာလဲ "
သူခေါင်းကိုမလိုက်ကာလင်းယွီ၏နဖူးကိုနမ်းလိုက်သည်
" မင်းမျက်တောင်လေးတွေကတုန်နေတာမို့
သိတာ...တစ်ခုခုအဆင်မပြေလို့လား "
လင်းယွီကခေါင်းခါသည်
သူလင်းယွီ၏မျက်နှာလေးကိုလှမ်းကိုင်ရင်း
" ခွက်ကကွဲသွားပြီ..နောက်တစ်ခုဝယ်လိုက်ဉီး...
အန်းချိန်ကရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး..ဒါကြောင့်စိတ်ထဲမထားနဲ့ "
" အင်း "
သူခေါင်းကိုအသာညိတ်ပြ၏
.
.
.
.
.
.
စာလုံးပေါင်းလုံးဝမစစ်ထားရပါဘူး
မှားနေတဲ့နေရာလေးတွေရှိရင်ထောက်ပြပေးခဲ့ကြပါနော်
Love all of my readers....