မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း

1.8K 277 28
By Sebastiann048


((Zawgyi))

အပိုင္း (၄၆)
ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း

💊💊💊

ကုန္းရိထ်န္းဟန္သည္ တံခါးေပါက္ဝသို႔ ေရာက္သည့္အခါ အထဲမွ စိတ္လႈပ္ရွားေပ်ာ္႐ႊင္စြာ ခုန္ေပါက္ထြက္လာသည္​့ သူ႕ေဆးဆရာေလးကိုျမင္ေတာ့ အနည္းငယ္ အံ့အားသင့္သြားသည္။

သူ၏ေဆးဆရာေလးသည္ သာမာန္အခ်ိန္မ်ားတြင္ အမ်ိဳးမ်ိဳးေသာ မ်က္ႏွာအမူအယာေလးမ်ားကို ေဖာ္ျပတတ္ေသာ္လည္း အခုလို စိတ္လႈပ္ရွားေပ်ာ္႐ႊင္တာမ်ိဳးကိုေတာ့ ေတြ႕ရခဲလွသည္။

ဘာမ်ားျဖစ္လို႔ပါလိမ့္?

ကုက်ိဳးသည္ ေျပးထြက္လာၿပီးေနာက္ သူ႕ကိုယ္သူ႕ အလြန္စိတ္လႈပ္ရွားေနမွန္း သတိထားမိသြားကာ ခ်က္ခ်င္း ကိုယ္ရွိန္သတ္လိုက္သည္။ ထို႔ေနာက္ သူက အသံႏွိမ့္ၿပီး ခပ္တိုးတိုးေျပာလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္ <<ဇီဝမရဏဆူး>> သိုင္းက်မ္းကို ဘယ္လိုက်င့္ႀကံရမလဲဆိုတာ သိသြားၿပီ!"

ကုန္းရိထ်န္းဟန္၏ မ်က္ဝန္းမ်ားက အေရာင္ေတာက္သြားကာ:

"အို?"

သူက ေျပာၿပီးသည္ႏွင့္ သူႏွင့္ ကုက်ိဳးတို႔ႏွစ္ေယာက္ အတူတူေနသည့္ အခန္းထဲသို႔ လွမ္းဝင္လိုက္သည္။

လုံရိႏွင့္ လုံအာ့က အခန္းအျပင္ဘက္တြင္ တံခါးေစာင့္အျဖစ္ က်န္ရစ္ခဲ့သည္။

တံခါးပိတ္လိုက္သည္ႏွင့္ အထဲမွ လႈပ္ရွားမႈမ်ားကို အျပင္ဘက္မွ မည္သူမွ် မၾကားနိုင္ေတာ့ေခ်။

ကုန္းရိထ်န္းဟန္က ထိုင္လိုက္ကာ ေမးသည္။

"အားက်ိဳး အေသးစိတ္ေျပာျပနိုင္မလား?"

ကုက်ိဳးကလည္း အေစာႀကီးကတည္းက ေျပာျပဖို႔ စီစဥ္ထားသည္ပင္။ သူက ခ်က္ခ်င္းပဲ မဆိုင္းမတြ သူ ကိုယ္တိုင္ေတြ႕ႀကဳံခဲ့ရသည့္ ျဖစ္စဥ္တစ္ေလွ်ာက္လုံးကို အကုန္အစင္ ေျပာျပလိုက္ၿပီးေနာက္ လက္ရွိ သူ႕စိတ္ဝိညာဥ္စြမ္းအား အေျခအ​ေနမ်ားကိုလည္း တစ္ခုမက်န္၊ ခေရေစ့တြင္းက် စီကာပတ္ကုံး ေျပာ​ျပလိုက္သည္။

ကုန္းရိထ်န္းဟန္သည္ အေၾကာင္းစုံ နားေထာင္ၿပီးေနာက္ စိတ္ဝင္စားမႈအျပည့္ျဖင့္ နက္နက္နဲနဲေတြးေတာလိုက္သည္။

သူသည္ မိမိ၏အသုံးမဝင္ေသာ ခႏၶာကိုယ္ကို အေၾကာင္းျပဳကာ တိုက္ႀကီးတစ္တိုက္လုံးရွိ သိုင္းပညာက်င့္ႀကံေရး နည္းလမ္းမ်ားကို နက္နက္ရွိုင္းရွိုင္း ရွာေဖြေလ့လာခဲ့သည္။ သူသည္ သိုင္းပညာမက်င့္ႀကံနိုင္သည့္ ယခင္အခ်ိန္က သိုင္းပညာက်င့္ႀကံေရးနည္းလမ္းမ်ားကို တိုးတက္ေအာင္ ျပဳျပင္မြမ္းမံခဲ့ၿပီး ေနာက္ပိုင္း ကုက်ိဳးႏွင့္ ဆုံေတြ႕ခဲ့သည့္အခါ ေဆးဆရာမ်ား၏ က်င့္ႀကံ​ေရးကလည္း သူ အရင္က ထင္မွတ္ခဲ့သလို မရိုးရွင္းေၾကာင္း သိရွိလာၿပီး စိတ္ဝင္စားမႈမ်ား အလိုလို ႀကီးထြားလာခဲ့သည္။

ႏွေျမာစရာေကာင္းသည္က ကုက်ိဳးသည္ သူ႕အေပၚ မည္သည့္အရာမွ ထိန္ခ်န္ျခင္းမရွိသည့္တိုင္ အဆုံး၌ သူသည္ ေဆးဆရာတစ္ေယာက္မဟုတ္သလို၊ သူ႕လက္ဖဝါးႏွစ္ဖက္၌လည္း ေဆးပုလဲလုံးမ်ား မရွိသည့္အတြက္ ေဆးဆရာမ်ားႏွင့္သာ သက္ဆိုင္သည့္ သီးသန့္အရာမ်ားကိုေတာ့ မည္သို႔မွ် ေလ့လာဆည္းပူးနိုင္စြမ္းမရွိေခ်။ သူက ထို<<မရဏဝိညာဥ္ဆူး>> က်မ္းစာမ်ားတြင္ ေရးသားေဖာ္ျပထားသည္မ်ားကို ဖတ္ရႈနားလည္နိုင္ေသာ္လည္း အေၾကာင္းအရာ အလုံးစုံကိုေတာ့ ဘယ္ေတာ့မွ ရွင္းရွင္းလင္းလင္း သိျမင္နိုင္မည္မဟုတ္သည့္အျပင္ ထိုက်င့္ႀကံေရးနယ္ပယ္ထဲသို႔လည္း ဝင္ေရာက္က်င့္ႀကံနိုင္မည္မဟုတ္ေပ။

လက္ရွိတြင္ သူသည္ ကုက်ိဳး၏ ေျပာစကားမ်ားကို နားေထာင္ၿပီးသည့္ေနာက္ ထင္ျမင္မွန္းဆခ်က္မ်ား ရွိလာသည္။

ေဆးဆရာမ်ားသည္ ေဆးပုလဲလုံးမ်ား ရွိေနသည့္အတြက္ သိုင္းပညာရွင္မ်ား၏ က်င့္ႀကံ​ေရးနည္းလမ္းမ်ားကို ဘယ္လိုမွ မက်င့္ႀကံနိုင္ၾကတာျဖစ္သည္။ သို႔ေသာ္ ေဆးဆရာမ်ားတြင္ မိမိတို႔ကိုယ္ပိုင္ စိတ္ဝိညာဥ္စြမ္းအားမ်ားႏွင့္ အသုံးခ်နိဳင္ေသာ စြမ္းရည္မ်ားရွိၾကသည္။ ထိုနည္းတူ သူတို႔တြင္ တန္ျပန္တိုက္ခိုက္နိုင္သည္ စြမ္းရည္မ်ားလည္းရွိၿပီး ထိုစြမ္းရည္က သူတို႔၏ ေဆးဝါးသန့္စင္နိုင္စြမ္းႏွင့္လည္း ကိုင္းကြၽန္းမွီကြၽန္းကိုင္းမွီ အျပန္အလွန္ လိုက္ဖက္သင့္ေလ်ာ္ေနသည္။ ၾကည့္ရတာ ေဆးဆရာမ်ားသည္ မိမိကိုယ္ကို ကာကြယ္ေစာင့္ေရွာက္နိုင္စြမ္း လံုးဝမရွိၾကတာမဟုတ္ဘဲ ေဆးဆရာမ်ား၏ အဆိုပါ ကြၽမ္းက်င္မႈ စြမ္းရည္မ်ားကသာ တိမ္ျမႇုပ္ေပ်ာက္ကြယ္ေနျခင္းျဖစ္​သည္။

ဒါေပမယ့္ ကုန္းရိထ်န္းဟန္က ထိုထင္ျမင္ယူဆခ်က္အေပၚ အျပည့္အဝ ယုံၾကည္လက္ခံေသးတာေတာ့မဟုတ္။

အေၾကာင္းကား ကုက်ိဳးသည္ <<မရဏဝိညာဥ္ဆူး>> သိုင္းက်မ္းကို System ဆိုသည့္အရာဆီမွ ရရွိခဲ့တာျဖစ္သည္။ ထို႔ေၾကာင့္ ျဖစ္နိုင္ေခ်တစ္ခုအရ ထိုသိုင္းက်မ္းကို System ၏ အရွင္သခင္အျဖစ္ အသိအမွတ္ျပဳျခင္းခံရေသာ ကုက်ိဳးကသာ က်င့္ႀကံေလ့က်င့္နိုင္ၿပီး အျခားေဆးဆရာမ်ားက မက်င့္ႀကံနိုင္တာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္နိုင္သည္။ သို႔တည္းမဟုတ္ ကုက်ိဳးမွာ သင့္ေတာ္ကိုက္ညီသည့္ အေျခအေနတစ္ခုရွိေနၿပီး အ​ဲ့ဒါက System မဟုတ္ေသာ အျခားအရာတစ္ခုခုလည္း ျဖစ္နိုင္သည္။......

သို႔ေသာ္ သူ႕တြင္ မည္မွ် မ်ားျပားသည့္ ထင္ျမင္ခ်က္မ်ား ရွိေနပါေစ၊ လက္ရွိတြင္ မွန္ကန္ေၾကာင္း အတည္ျပဳဖို႔ရာ မျဖစ္နိုင္ေသးေပ။

ပိုအေရးႀကီးသည္က ကုန္းရိထ်န္းရိထ်န္းဟန္သည္ ရံဖန္ရံခါ အေလာင္းအစားျပဳရျခင္းကို အလြန္ခုံမင္ႏွစ္သက္သူျဖစ္ေသာ္လည္း အထူးသတိထား ခ်င့္ခ်ိန္တတ္သူျဖစ္သည္။

ဤကိစၥသည္ ေသခ်ာေပါက္ တိုက္ႀကီးတစ္တိုက္လုံးကို အျမစ္ကေန ေခ်ဖ်က္လႈပ္ကိုင္ပစ္နိုင္သည့္ ေတြ႕ရွိမႈအသစ္တစ္ရပ္ျဖစ္သည္။ ထို႔ေၾကာင့္ သူက အျခားေဆးဆရာမ်ားကို လြယ္လြယ္ႏွင့္ ႀကိဳးစားအားထုတ္ခြင့္ေပးမွာေတာ့ မဟုတ္ေခ်။

ၾကာျမင့္စြာ သိကြၽမ္းခဲ့သူပင္ျဖစ္လင့္ကစား အတြင္းက စိတ္ရင္းအစစ္အမွန္ကိုေတာ့ မသိရွိနိုင္သကဲ့သို႔။ သူက စတင္ႀကိဳးပမ္းလိုက္သည္ႏွင့္ ေအာင္ျမင္သည္ျဖစ္ေစ၊ ရႈံးနိမ့္သည္ျဖစ္ေစ၊ သို႔တည္းမဟုတ္ အျခားျဖစ္နိုင္ေခ်တစ္ခုပင္​ျဖစ္ေစ၊ ေနာက္ဆက္တြဲရလဒ္မ်ားက လက္ရွိအ​​ေ​ျခအေနအရ သူ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိ​မည္မဟုတ္ေပ။

ထို႔ေၾကာင့္ သူမထိန္းခ်ဳပ္နိုင္သည့္ အရာတစ္ခုကို သူကလည္း လြယ္လြယ္နဲ႕ သြားထိမွာေတာ့မဟုတ္ေခ်။

ကုန္းရိထ်န္းဟန္သည္ ေလးေလးနက္နက္ ေတြးေတာၿပီးေနာက္ ညင္သာစြာ ေျပာလိုက္၏။

"ဒီလိုဆို အားက်ိဳးက ေနာင္ကို ေဆးဖက္ဝင္ခ်ီမွ်င္ေတြ စုေဆာင္းနိုင္ေအာင္ ေဆးလုံးေတြ မ်ားမ်ားေဖာ္စပ္သန့္စင္ရမွာေပါ့။ လိုအပ္တဲ့ေဆးအမယ္ေတြကို အားက်ိဳးစိတ္ထဲရွိတဲ့အတိုင္းသာေျပာလိုက္။ ကိုယ္ မင္းအတြက္ အစြမ္းကုန္ႀကိဳးစားၿပီး ရေအာင္ရွာေပးမယ္"

ကုက်ိဳးမွာ အနည္းငယ္ မ်က္ႏွာပူေႏြးသြားသည္။ သူက လက္သီး တင္းတင္းဆုပ္ကာ စကားတစ္ခြန္းကို အားတင္းေျပာလိုက္သည္။

".......ကြၽန္ေတာ္ သန့္စင္တဲ့ ေဆးလုံးေတြ အားလုံး သခင္ေလးကိုေပးမယ္!"

ဒီကမာၻေပၚမွာ ကုန္းရိထ်န္းဟန္ထက္ ပိုေကာင္းတဲ့ ေထာက္ပံ့သူဆိုတာ မရွိ​ေတာ့ဘူး။......

ရွိတယ္ပဲထားဦး၊ သူ႕အထင္ေတာ့ သူ႕အိမ္က ေထာက္ပံ့သူကသာ သူနဲ႕ အသင့္ေတာ္ဆုံးပဲ!

သူတို႔ႏွစ္ဦးသည္ ထိုကိစၥအေပၚ အခ်ိန္သိပ္မျဖဳန္းလိုက္ေပ။ ကုန္းရိထ်န္းဟန္က <<မရဏဝိညာဥ္ဆူး>> က်င့္စဥ္၏ အသုံးဝင္ပုံကို သိသည္ႏွင့္ အလြန္စိတ္ဝင္စားကာ အခ်ိန္အေတာ္ၾကာေအာင္ ဆက္လက္ေလ့လာလိုက္သည္။ ဒါ့အျပင္ သူက ကုက်ိဳးကိုလည္း ပ်စ္ခဲခဲအသြင္ စိတ္စြမ္းအားမ်ားမွ မရဏဝိညာဥ္ဆူးျဖစ္လာရန္ အနိမ့္ဆုံးလိုအပ္ခ်က္မ်ား ျပည့္မီသည္အထိ စိတ္စြမ္းအားမ်ားကို စုေဆာင္းေစသည္။ ထို႔ေနာက္ ၄င္းတို႔ကို ထိန္းခ်ဳပ္နိုင္မည့္ နည္းလမ္းမ်ားကို မိမိကိုယ္တိုင္ ေလ့က်င့္၍ျဖစ္ေစ၊ မိမိ၏စိတ္စြမ္းအား ထိန္းခ်ဳပ္နိုင္စြမ္းကို ပိုမိုခိုင္ခံ့လာေအာင္ ျပဳလုပ္၍ျဖစ္ေစ စမ္းသပ္ၾကည့္ဖို႔ေျပာခဲ့သည္။ ဒါ့အျပင္ သူက ကုက်ိဳးကို ထိုစိတ္စြမ္းအားမ်ားအား အျခားမည္သည့္ေနရာမ်ား၌ သုံးနိုင္ေသးေၾကာင္းကိုသိရွိေအာင္ မ်ားစြာစူးစမ္းရွာေဖြရန္ႏွင့္ မိမိခႏၶာကိုယ္ကိုလည္း မထိခိုက္မိေစရန္ သတိထားဖို႔ ေျပာခဲ့သည္။

ကုက်ိဳးသည္ ကုန္းရိထ်န္းဟန္၏ အေမွ်ာ္အျမင္ရွိေသာ စကားမ်ားကို သေဘာေပါက္သည့္အတြက္ မွာၾကားထားသည့္အတိုင္း တေသြမတိန္း လုပ္ေဆာင္ခဲ့သည္။ ဆယ္ရက္ေက်ာ္ၾကာသည့္အခါ သူသည္ စိတ္စြမ္းအားမ်ားကို ေနာက္ဆုံးမွာ ပုံသ႑ာန္ေပၚေအာင္ ျပဳလုပ္လာနိုင္သည္။ အဲ့ဒီေနာက္ သူက တြန့္ဆုတ္ျခင္းမရွိဘဲ ေနာက္ထပ္ေနာက္ထပ္ စမ္းသပ္မႈမ်ားကို ျပဳလုပ္ေတာ့သည္!

ဒီတစ္ခါစမ္းသပ္ခ်က္က ကုက်ိဳးကို အံ့အားသင့္ကာ ေက်နပ္အားရေစသည္။

အေၾကာင္းက သူရွာေဖြေတြ႕ရွိခဲ့သည္မွာ- အကယ္၍ သူ႕၏ သမာဓိအားသာ လုံလုံေလာက္ေလာက္ ႀကီးမားပါက သူ႕အေနျဖင့္ စိတ္စြမ္းအားမ်ားကို ထုတ္လႊတ္ၿပီး အျခားလူ၏ ခႏၶာကိုယ္ထဲသို႔ ဝင္ေရာက္ေစနိုင္ျခင္းပင္! သို႔ေသာ္ ထိုသို႔ ျပဳလုပ္ရန္ တစ္ဖက္လူက မိမိ၏စစ္မွန္ေသာ ခ်ီစြမ္းအားႏွင့္ ကုက်ိဳးကို ပိတ္ပင္မထားဖို႔လိုသည္။ ဒါေပမယ့္ အဲ့ဒါက သူ႕အိမ္က ေထာက္ပံ့သူ၏ ခႏၶာကိုယ္ကို က်န္းမာေရး စစ္ေဆးေပးသည့္ေနရာမွာေတာ့ ဘာျပႆနာမွမရွိဘဲ အသုံးျပဳနိုင္သည္!

ကုန္းရိထ်န္းဟန္ကလည္း ကုက်ိဳးႏွင့္ အလိုက္သင့္ ပူးေပါင္းလုပ္ေဆာင္ေပးသည္။ မည္သို႔ပင္ဆိုေစ ကုက်ိဳးသည္ သူ၏ စားေသာက္မႈအားလုံးနီးပါးကို လက္ရွိ ကိုင္တြယ္ေနသူျဖစ္ၿပီး သူ႕ထ်န္းတုခႏၶာကိုယ္၏ ေနာက္ဆက္တြဲက်န္းမာေရး ျပဳစုေစာင့္ေရွာက္ဖို႔က ကုက်ိဳးအေပၚ မူတည္ေနသည္။ ဒီလိုဆိုမွေတာ့ သူ႕မွာ ဘာမ်ား ဖုံးကြယ္ထားဖို႔ လိုဦးမွာလဲ?

ဤသို႔ျဖင့္ ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏ စိတ္စြမ္းအားမ်ားကို သူ၏ ခႏၶာကိုယ္အတြင္းသို႔ အတားအဆီးမရွိ ဝင္ေရာက္ခြင့္ျပဳခဲ့ၿပီး သူ႕ကိုယ္အတြင္း၌ ျဖစ္ပ်က္​သမွ် အသိမ္ေမြ႕ဆုံး၊ အေသးစိတ္အက်ဆဳံး အခ်က္အလက္မ်ားကို တစ္ခုမက်န္ ကုက်ိဳးထံသို႔ ျပန္လည္သတင္းပို႔ေစသည္။

ရလဒ္ကေတာ့ ေျပာစရာမလိုေအာင္ အလြန္ရွင္းလင္း ျမင္သာလွသည္။

ထိုအခ်ိန္မွစ၍ ေနာက္ပိုင္းတြင္ ကုက်ိဳးက ကုန္းရိထ်န္းဟန္ကို ေန႕စဥ္ေန႕တိုင္း အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္စစ္ေဆးေပးေလသည္။ ဥပမာဆိုရလွ်င္ သူက ကုန္းရိထ်န္းဟန္ကို သိုင္းပညာမေလ့က်င့္မီ စစ္ေဆးသည္။ ေလ့က်င့္ၿပီးသြားေတာ့လည္းစစ္ေဆးသည္။ က်င့္ႀကံေရး မျပဳလုပ္မီ စစ္ေဆးသည္။ က်င့္ႀကံၿပီးလွ်င္လည္း စစ္ေဆးသည္။ ေဆးဖက္ဝင္ဓာတ္စာဟင္းလ်ာမ်ား မွီဝဲၿပီးလွ်င္ စစ္ေဆးသည္။ ေဆးဖက္ဝင္ေဆးအႏွစ္ရည္ စိမ္ၿပီးသည့္အခါ စစ္ေဆးသည္။ ညအိပ္ရာမဝင္ခင္လည္း စစ္ေဆးသည္။.......ေနာက္ၿပီး ကုန္းရိထ်န္းဟန္သည္ ေဆးဖက္ဝင္ဓာတ္စာမ်ားကို တစ္ေန႕တစ္ႀကိမ္မွီဝဲရာမွ အႀကိမ္မ်ားစြာ မွီဝဲလာခ​ဲ့သည္။

အတိုခ်ဳံးေျပာရလွ်င္ ကုန္းရိထ်န္းဟန္သိလာသည္က သူဗိုက္ဆာလာသည့္အခါျဖစ္ေစ၊ ပင္ပန္းႏြမ္းနယ္သည့္အခါျဖစ္ေစ၊ ေနထိုင္မေကာင္းသည့္အခါျဖစ္ေစ အခါခပ္သိမ္း၌ ကုက်ိဳးခ်က္ေပးသည့္ ေဆးဝါးဓာတ္စားဟင္းမ်ားကို ခ်က္ခ်င္းလက္ခံစားသုံးပစ္လိုက္သည္။

........သူသည္ ဤကဲ့သို႔ အေသးစိတ္မွအစ ဂ႐ုတစိုက္ ျပဳစုေစာင့္ေရွာက္ေပးျခင္းမ်ိဳးကို သူ၏အားအနည္းဆုံးအခ်ိန္မ်ားမွာပင္ တစ္ခါမွ မရရွိခဲ့ဖူးေပ။

တစ္ခ်ိန္တည္းမွာ ကုန္းရိထ်န္းဟန္၏ ခႏၶာကိုယ္က ပိုမို သန္မာႀကံ့ခိုင္လာသည္။ သူ၏ ခ်ီစြမ္းအင္ေၾကာမ်ား၏ ေယဘုယ် အေျခအေနကလည္း ပိုမို တည္ၿငိမ္လာၿပီး ကိုယ္ပိုင္ ခြန္အားစြမ္းအင္မ်ားကလည္း တစ္ေျပးညီ ပုံမွန္တိုးတက္လာခဲ့သည္။

ဒီလိုဆို ကုက်ိဳးကေရာ?

သူက ေန႕စဥ္ေန႕တိုင္း ေဆးလုံးမ်ားစြာကို ေဖာ္စပ္သန့္စင္ခဲ့သည္။ သူက ခ်ီအားျဖည့္ေဆးလုံးႏွင့္ ေႏြဦးသစ္လြင္ေဆးလုံးမ်ားသာမက ေနာက္ထပ္ေဆးလုံးအသစ္မ်ားကို သန့္စင္ရန္ စတင္ျပင္ဆင္ခဲ့ၿပီး ေဆးအၫႊန္းမ်ားကို သုေတသနျပဳခဲ့သည္။ -- ဆိုရလွ်င္ ေဆးလုံးမ်ားကို ေဖာ္စပ္သန့္စင္သည့္အလုပ္ျဖစ္ေစ၊ ေထာက္ပ့ံသူကို ၾကည့္ရႈေစာင့္ေရွာက်သည့္အလုပ္ပင္ျဖစ္ေစ အားလုံးက အဆင္ေျပေခ်ာေမြ႕ကာ သင့္ျမတ္သာယာလ်က္ရွိသည္။

သို႔ေသာ္ ယေန႕မွာေတာ့ ကုက်ိဳးသည္ သူ႕အိမ္ကေထာက္ပံ့သူကို "ေသြးေၾကာစမ္း"ေပးၿပီးေနာက္ သူ႕ကို ထခုန္မတတ္ လန့္ဖ်န့္သြားေစသည့္ ကိစၥတစ္ရပ္ကို ရွာေဖြေတြ႕ရွိခ​ဲ့သည္။

ကုက်ိဳးက ႏႈတ္ခမ္းမ်ား တြန့္ေကြးသြားၿပီးေနာက္ ကုန္းရိထ်န္းဟန္ကို အခ်ိန္အေတာ္ၾကာ ပါးစပ္အေဟာင္းသားျဖင့္ အံအားသင့္စြာ ေငးၾကည့္ေနသည္။

ေထာက္ပ့ံသူရဲ႕ သတၱိကေတာ့..... သူ အရင္က ေထာက္ပ့ံသူကို ေလွ်ာ့တြက္ခဲ့မိတာပါလား....

ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၃)ရွိသူ သိုင္းပညာရွင္သည္ ခႏၶာကိုယ္၏ ေျမမိစာၦအမွတ္ (၇၂)ခုကို ဖြင့္နိုင္သည္။ တစ္နည္းဆိုရလွ်င္ အားလုံးကို ေပါင္းစည္းလိုက္ပါက ထိုလူသည္ ဟို႔ထ်န္းအဆင့္ (၉)ဆင့္လုံး ၿပီးျပည့္စုံေအာင္ က်င့္ႀကံနိုင္သူ ​ျဖစ္လာၿပီး အခ်ိန္မေ႐ြး ရွန္းထ်န္းအဆင့္၏ ကနဦးနယ္ပယ္ထဲသို႔ ခ်ိဳးဖ်က္ဝင္ေရာက္သြားနိုင္သည္။ ဤကား ဟိုးအရင္ ေရွးပေဝသဏီကတည္းက အားလုံး ဒီအတိုင္းပင္ျဖစ္သည္။

သို႔ေသာ္ လူ႕ခႏၶာကိုယ္တြင္ ခ်ီစြမ္းအင္တည္ရာအမွတ္မ်ားသည္ အဆိုပါ ေကာင္းကင္ခုႏွစ္စင္ၾကယ္အမွတ္ (၃၆)ခုႏွင့္ ေျမမိစာၦအမွတ္ (၇၂)ခု၊ ေပါင္း (၁၀၈)ခုခ်ည္းသာရွိတာေတာ့မဟုတ္။ လူ႕ခႏၶာကိုယ္၌ အျခားေသာ ယခင္က မည္သူတစ္ဦးတစ္ေယာက္မွ မဖြင့္ခ​ဲ့ဖူးသည့္ အတြင္းအျပင္ ခ်ီစြမ္းအင္တည္ရာအမွတ္မ်ား ရာေပါင္းမ်ားစြာ က်န္ရွိေနေသးသည္။

သို႔ရာတြင္ ယခု ကုက်ိဳးရွင္းရွင္းလင္းလင္း ေတြ႕​ေနရသည္က- သူ႕အိမ္ကေထာက္ပံ့သူသည္ ေျခေထာက္တြင္ရွိေသာ ယန္ဓာတ္ ခ်ီေသြးေၾကာ (၃)ခုဆုံသည့္ ခ်ီစြမ္းအင္တည္ရာအမွတ္တစ္ခုကို ဖြင့္ထားနိုင္သည့္အျပင္ ထို​ေနရာ၌ ၾကည္လင္ေတာက္ပသည့္ အရိုးပုလဲတစ္လုံးကိုပင္ ေငြ႕ရည္ဖြဲ႕ထားနိုင္ၿပီျဖစ္သည္!

(T/N - ဒီေနရာမွာ အေျခခံခ်ီစြမ္းအင္ ပင္မေသြးေၾကာႀကီး (၁၂)သြယ္ကို ယင္နဲ႕ ယန္ဓာတ္ ခြဲျခားထားပုံကို ေျပာထားတာျဖစ္ပါတယ္။ အၾကမ္းအားျဖင့္ လက္မွာ ယင္ ေသြးေၾကာ(၃)ခု၊ ယန္ေသြးေၾကာ(၃)ခုရွိၿပီး ေျခေထာက္မွာ ယင္ေသြးေၾကာ(၃)ခု၊ ယန္ေသြးေၾကာ(၃)ခုရွိပါတယ္။ အဲ့ဒီ ေျခေထာက္က ယန္ေသြးေၾကာ(၃)ခုဟာ အစာအိမ္၊ ဆီးအိမ္၊ သည္းေျခအိတ္ႏွင့္ သက္ဆိုင္ပါတယ္။ အဲ့ဒီေသြးေၾကာ သုံးခု လာဆုံတဲ့ေနရာက အမွတ္မွာ အရိုးပုလဲလုံးေလးကို ေငြ႕ရည္ဖြဲ႕ထားတယ္လို႔ေျပာပါတယ္။ ယင္နဲ႕ ယန္ခ်ီေသြးေၾကာမ်ားဟာ အထက္မွေအာက္၊ ေအာက္မွအထက္ ဆန့္က်င္ဘက္စီးဆင္းၿပီး တစ္လွည့္စီ လွည့္ပတ္တယ္လို႔ ဆိုပါတယ္။)

ဟုတ္သားပဲ! ထ်န္းတုခႏၶာကိုယ္မွာ ေမြးရာပါ ခ်ီစြမ္းအင္တည္ရာအမွတ္ေပါင္း တစ္ရာက အလိုလိုပြင့္​ၿပီးသား။ အဲ့ဒီပြင့္​ၿပီးသားအမွတ္တစ္ရာက ေကာင္းကင္ခုႏွစ္စင္ၾကယ္နဲ႕ ေျမမိစာၦအမွတ္ (၁၀၈)ခုပဲ။ ဒါေပမယ့္ တျခားက်န္တဲ့ ခ်ီစြမ္းအင္တည္ရာအမွတ္ေတြကေတာ့ ပိတ္ေနေသးတယ္။ သူ႕ရဲ႕ ပိတ္ဆို႔မႈေတြက သာမန္သိုင္းပညာရွင္နဲ႕ယွဥ္ရင္ အမ်ားႀကီး မျပင္းထန္သလို၊ သာမန္သိုင္းပညာရွင္ေတြေလာက္လည္း ခက္ခက္ခဲခဲႀကိဳးစားဖြင့္စရာမလိုဘူး။ ဒါေပမယ့္ မခက္ဘူးဆိုလည္း မခက္န​ဲ့ေပါ့။ ဒီေလာက္ထိ......... ထိန္းမနိုင္သိမ္းမရျဖစ္ဖို႔လိုလား!

ကုက်ိဳးခမ်ာ ဆြံ႕အသြားရသည္။

ေထာက္ပံ့သူရဲ႕ ဒါႀကီးက အရမ္းကို......အတိုင္းအဆမဲ့လြန္းရာက်သြားၿပီမဟုတ္လား?

ကုန္းရိထ်န္းဟန္က ကုက်ိဳး၏ ခါးသီးနာက်င္ေနသည့္ မ်က္ႏွာအမူအရာကို ျမင္ေတာ့ မေနနိုင္ဘဲ ၿပဳံးမိသည္။

"အားက်ိဳးက ဘာလို႔ အဲ့လိုမသက္မသာမ်က္ႏွာနဲ႕ မ်က္ေမွာင္ႀကီးၾကဳတ္ထားရတာလဲ? အဲ့ဒါက က်င့္ႀကံေရးပုံစံေျပာင္းလိုက္လို႔ပါ။ ကိုယ့္အထင္ ဒီလိုက်င့္ႀကံတာက ပိုၿပီး သင့္ေတာ္မယ္ထင္တယ္"

ကုက်ိဳးက ထိုစကားၾကားေတာ့ အမူအယာ ပုံမွန္ျပန္ျဖစ္သြားကာ:

"ထ်န္းဟန္သခင္ေလး တီထြင္ထားတဲ့က်င့္ႀကံေရးနည္းလမ္းက ဒါမ်ိဳးေတြ လိုအပ္လို႔လား?

ကုန္းရိထ်န္းဟန္က ေတြးေတြးဆဆျဖင့္ ေျပာလိုက္သည္။

"အမွန္ပဲ။ ကိုယ္ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၃)ကိုေရာက္ၿပီးတဲ့ေနာက္ အဲ့ဒါက ၿပီးျပည့္စုံတဲ့ အဆင့္ေရာက္ဖို႔ အေဝးႀကီးလိုေနေသးတယ္လို႔ ကိုယ္ ခံစားရတယ္။ ကိုယ္သာ ဒီအတိုင္း ရွန္းထ်န္းအဆင့္ကို ေဖာက္ထြက္ဖို႔ ႀကိဳးစားလိုက္ရင္ မေအာင္ျမင္ဖို႔က မ်ားတယ္။ ကိုယ္အႀကိမ္ႀကိမ္ ႀကိဳးစားၾကည့္လိုက္ေတာ့ တျခားခ်ီစြမ္းအင္တည္ရာအမွတ္ေတြက လြယ္လြယ္နဲ႕ဖြင့္လို႔ရေနတာသြားေတြ႕တယ္။ အဲ့လိုဖြင့္ၿပီးတဲ့ေနာက္ ခ်ီေသြးေၾကာေတြထဲမွာ ရွန္းထ်န္းခ်ီေတြကို သန့္စင္တဲ့အခါ ခ်ီစြမ္းအားေတြက အရမ္းႀကီးမားလြန္းေတာ့ ခ်ီစြမ္းအင္ေၾကာေတြက လက္ခံထိန္းသိမ္းထားဖို႔ခက္တယ္။ မ်ားေသာအားျဖင့္ အဲ့ဒီစြမ္းအားေတြက ခ်ီ​စြမ္းအင္ေၾကာတည္ရာအမွတ္ေတြကေန အျပင္ကို လြင့္ျပယ္ထြက္သြားတယ္။ အဲ့ဒါက အေတာ္ေလး ႏွေျမာဖို႔ေကာင္းတယ္ေလ။ ဒါနဲ႕ ကိုယ္က က်င့္ႀကံေရးနည္းလမ္းကို ေျပာင္းလိုက္ေတာ့ အဲ့ဒီအသစ္ဖြင့္ထားတဲ့ ခ်ီစြမ္းအင္တည္ရာအမွတ္မွာ အရိုးပုလဲတစ္လုံး ေငြ႕ရည္ဖြဲ႕လာတယ္။ က်င့္ႀကံေရးကေန သန့္စင္ၿပီး ပိုထြက္လာတဲ့ ရွန္းထ်န္းခ်ီေတြကိုလည္း အဲ့ဒီအထဲမွာ သိမ္းထားလို႔ရတယ္။........"

ကုက်ိဳး သေဘာေပါက္သြားသည္။

"သခင္ေလးက ေနာင္ကို အရိုးပုလဲေတြ အမ်ားႀကီးထပ္ၿပီး ေငြ႕ရည္ဖြဲ႕ခ်င္တာလား?"

ကုန္းရိထ်န္းဟန္က ေခါင္းညိမ့္ျပလိုက္သည္။

"ေကာင္းကင္ခုႏွစ္စင္ၾကယ္နဲ႕ ေျမမိစာၦခ်ီစြမ္းအင္အမွတ္ စုစုေပါင္း (၁၀၈)ခုရွိတယ္။ ကိုယ္ ခံစားမိတာ ကိုယ့္ခႏၶာကိုယ္ထဲက စစ္မွန္တဲ့ခ်ီစြမ္းအင္ေတြက ေနရာ(၆)ခုဆီ ခြဲျဖာစီးသြားတယ္။ ၾကည့္ရတာ ခ်ီစြမ္းအင္ေတြမွာ လည္ပတ္မႈစက္ကြင္း (၆)ခုရွိေနသလိုပဲ။ ေနာက္ၿပီး အဲ့ဒီ လည္ပတ္မႈစက္ကြင္း(၆)ခုက အားလုံးေပါင္းၿပီး ႀကီးမားတဲ့ စက္ကြင္းႀကီးတစ္ခုကို ျဖစ္​ေစတယ္။.....ဒီအဆင့္မွာေတာ့ ၾကည့္ရတာ ကိုယ္ ေနာက္ထပ္ ခ်ီေသြးေၾကာတည္ရာအမွတ္ (၅)စုံကို ေငြ႕ရည္ဖြဲ႕ဖို႔လိုမယ္ထင္တယ္။ အဲ့ဒါက အားလုံးေပါင္းလိုက္ရင္ အရိုးပုလဲေပါင္း (၅၄၀)ပဲ"

ကုက်ိဳးခမ်ာ သူ႕နဖူးတည့္တည့္ကို မိုးႀကိဳးပစ္လိုက္သည့္အတိုင္းပင္။

အရိုးပုလဲလုံးေပါင္း (၅၄၀) တဲ့? သူ႕ကိုလာေနာက္ေနတာလား?

ေနဦး၊ မဟုတ္ေသးဘူး။ လက္ရွိမွာ ေထာက္ပ့ံသူက ေျမမိစာၦအမွတ္ (၇၂)ခုကိုပဲ ေငြ႕ရည္ဖြဲ႕ရေသးတာ။ တကယ္လို႔ ခ်ီစြမ္းအင္တည္ရာအမွတ္ (၆)စုံဆိုရင္ ေနာက္ထပ္(၅)စုံ လိုဦးမယ္။ အဲ့ေတာ့ ျဖစ္သင့္တာက (၇၂)ရဲ႕ ငါးဆဆိုေတာ့ ေျမမိစာၦအမွတ္ေပါင္း (၃၆၀) ေပါ့! ဘယ္လိုလုပ္ ေကာင္းကင္ခုႏွစ္စင္ၾကယ္အမွတ္ (၁၈၀)ကိုလည္း ထည့္တြက္လိုက္တာလဲ?

ကုန္းရိထ်န္းဟန္သည္ သူစိတ္ထဲကေမးခြန္းမ်ားကို ေဖာက္ထြင္းျမင္သည္ႏွင့္ ၿပဳံးကာ ေျပာလိုက္သည္။

"တကယ္ေတာ့ အဲ့ဒါက စိတ္ကူးယဥ္တာလို႔ ဆိုရမယ္။ တျခားခ်ီစြမ္းအင္တည္ရာအမွတ္ေတြက အားလုံးဟို႔ထ်န္းအဆင့္ပဲ။ ကိုယ္ဒီအဆင့္မွာ အရိုးပုလဲေတြအားလုံး ေငြ႕ရည္ဖြဲ႕ၿပီးသြားရင္ ရွန္းထ်န္းအဆင့္ကို ေရာက္သြားတဲ့အခါ ရွန္းထ်န္းအရိုးပုလဲ (၃၆)လုံးကိုပဲ ေငြ႕ရည္ဖြဲ႕ဖို႔လိုေတာ့မွာေလ"

ကုက်ိဳးကေတာ့ ပက္လက္သာ လန္ေနလိုက္ခ်င္ေတာ့သည္။

ဒီေတာ့ ေျပာရရင္ ေထာက္ပံ့သူမွာ အရိုးပုလဲ (၅၃၉)လုံး ေငြ႕ရည္ဖြဲ႕ဖို႔ က်န္ေသးတာေပါ့ ဟုတ္တယ္မလား?........ ေတြးၾကည့္လိုက္႐ုံန​ဲ့တင္ သူ႕ေရွ႕ေရးက အားလုံး ေမွာင္မိုက္ေနၿပီ ဟုတ္​ၿပီလား?

(T/N - ဒါေလးက ပုလဲလုံးသခၤ်ာေလးပါ။ ကုန္းရိထ်န္းဟန္က လက္ရွိမွာ
ဟို႔ထ်န္းအဆင့္ - ေျမမိစာၦ(၇၂)လုံး။
သူလိုတာက (၅)စုံ - (၇၂ x ၅ = ၃၆၀) ပါ။
ရွန္းထ်န္းအဆင့္ေရာက္ဖို႔လိုတာက - ေကာင္းကင္ခုႏွစ္စင္ၾကယ္(၃၆)လုံး။
(၅)စုံဆိုေတာ့ - ၃၆ x ၅ = ၁၈၀) ပါ။
သူက ဟို႔ထ်န္းၿပီးျပည့္စုံတဲ့အဆင့္မွာ -
(၃၆၀ + ၁၈၀ = ၅၄၀) လုပ္ခ်င္တာပါ။
အဲ့ဒီကေန ရွန္းထ်န္းတက္ေတာ့မွ (၆)စုံျပည့္ေအာင္ ေနာက္ထပ္ (၃၆)လုံးကို ထပ္လုပ္မွာပါ။ အဲ့ေတာ့မွ (၆)စုံစာ (၁၀၈ x ၆ = ၆၄၈) လုံးျပည့္မွာပါတဲ့)

ကုန္းရိထ်န္းဟန္၏ အၾကည့္မ်ားက ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ တလက္လက္ေတာက္ပေနသည္။

"ဒါဆို အားက်ိဳးက ကိုယ့္ကိုကူညီဖို႔ ဆႏၵရွိလား?"

ကုက်ိဳးက အားငယ္ေဖ်ာ့ေတာ့စြာျဖင့္:

"ရွိတယ္....."

ေကာင္းၿပီ။ ေထာက္ပံ့သူက ရည္မွန္းခ်က္ႀကီးႀကီးထားမွေတာ့ သူက ဆႏၵမရွိလဲ ရွိရေတာ့မွာေပါ့! အခက္အခဲေတြဘာေတြလည္း သူစဥ္းစားမေနေတာ့ပါဘူး။ သူစဥ္းစားမိတာကေတာ့ ေထာက္ပံ့သူ ေအာင္ျမင္သြားတဲ့အခါက်ရင္ သူ႕ရဲ႕ခြန္အားစြမ္းပကားက ကမာၻေလာကႀကီးကို ဘယ္ေလာက္ထိ တုန္လႈပ္ေစၿပီး၊ နတ္ေတြတေစၦေတြကိုေတာင္ ငိုခ်င္းခ်ေစလိမ့္မယ္ဆိုတာပဲ!

ကုန္းရိထ်န္းဟန္က အဲ့ဒါကိုျမင္ေတာ့ မ်က္ခုံးမ်ားကို အနည္းငယ္ပင့္လိုက္ကာ:

"ေနာက္က် အားက်ိဳးကိုပဲ ပင္ပန္းေစရဦးမယ္"

ကုက်ိဳးသည္ သူ႕စိတ္၏ အနက္ရွိုင္းဆုံးတစ္ေနရာ၌ ကိုယ့္အတြက္ကိုယ္ ဖေယာင္းတိုင္ေလးထြန္းကာ ဆုေတာင္းေပးလိုက္ၿပီးေနာက္ အားအင္အသစ္မ်ားႏွင့္ ျပန္လည္ေတာက္ပလာသည္။

"ထ်န္းဟန္သခင္ေလး စိတ္ခ်ပါ! လေတြအမ်ားႀကီး က်န္ပါေသးတယ္။ ကြၽန္ေတာ္ ေသခ်ာေပါက္ အစြမ္းကုန္ႀကိဳးစားပါ့မယ္!"

ကုန္းရိထ်န္းဟန္သည္ မ်က္ႏွာအမူအယာ ေပ်ာ့ေျပာင္းသြားကာ:

"ကိုယ္လည္းပဲ အစြမ္းကုန္ႀကိဳးစားပါ့မယ္"

သူ႕အိမ္က ေထာက္ပံ့သူက ဒီေလာက္ ေသာက္က်ိဳးနည္းဆိုး႐ြားသည့္ မစ္ရွင္ႀကီးကို ထုတ္ျပန္ေၾကညာလို႔အၿပီးမွာ ကုက်ိဳးတစ္ေယာက္ အလုပ္ေတြမ်ားလြန္းလို႔ နံရံကိုသာ ေျပးကုတ္ခ်င္မိေတာ့သည္။

(T/N - နံရံေျပးကုတ္တယ္ဆိုတာက စိတ္ဖိစီးမႈေၾကာင့္ ကူကယ္ရာမဲ့တာ၊ အားငယ္စိတ္ပ်က္တာမ်ိဳးကို ဆိုလိုတာပါတဲ့)

သူက ထိုအေၾကာင္းကို ေသခ်ာစဥ္းစားၿပီးေနာက္ ဒီကိစၥက သိပ္မဆိုးလွဘူးဟု ေတြးမိသည္။........ ဥပမာေျပာရရင္ ေထာက္ပံ့သူရဲ႕ ခ်ီစြမ္းအင္ေၾကာေတြက အရမ္းအားနည္းေနတဲ့ ျပႆနာ။ ခ်ီစြမ္းအင္ေၾကာဆိုတာ ခ်ီစြမ္းအင္တည္ရာအမွတ္နဲ႕ ဆက္သြယ္ေနတယ္။ ခ်ီစြမ္းအင္ေၾကာေတြမွာ အရိုးပုလဲလုံးေတြ အလုံအေလာက္ ေငြ႕ရည္ဖြဲ႕ၿပီးတဲ့အခါ ေကာင္းကင္နဲ႕ေျမႀကီးက ခ်ီစြမ္းအားေတြက ခ်ီစြမ္းအင္ေၾကာထဲ ဝင္လာတဲ့အခ်ိန္တိုင္း အရိုးပုလဲက ခ်က္ခ်င္း စုပ္ယူသြားလိမ့္မယ္။ ဒါဆို ခ်ီစြမ္းအင္ေၾကာအေပၚ သက္ေရာက္မႈျပင္းအား ေလ်ာ့သြားလိမ့္မယ္။ တကယ္လို႔ ျပင္းအားေၾကာင့္ ခ်ီစြမ္းအင္ေၾကာေတြ ထိခိုက္္ပ်က္စီးသြားမယ္ဆိုရင္ေတာင္ အရိုးပုလဲေတြရဲ႕ အေထာက္အပံ့နဲ႕ဆို နည္းနည္းပါးပါးပဲ ထိခိုက္မိမွာ။ ဒါဆို ျပန္သက္သာလာဖို႔ကလည္း အလြယ္ေလးပဲေပါ့!

ေနာက္ၿပီး ေထာက္ပံ့သူက အခု အရိုးပုလဲေတြ အဲ့ေလာက္အမ်ားႀကီး ေငြ႕ရည္ဖြဲ႕ခ်င္ေနတာဆိုေတာ့ သူ႕ခႏၶာကိုယ္ထဲက ခ်ီစြမ္းအင္တည္ရာအမွတ္အားလုံးက ခ်ီစြမ္းအားေတြ ဆာေလာင္မြတ္သိပ္ေနမွာေသခ်ာတယ္။ ဒီေတာ့ ေထာက္ပံ့သူကို သူ႕ဟာသူ ေကာင္းကင္နဲ႕ေျမႀကီးက ခ်ီစြမ္းအင္ေတြကို ပမာဏအမ်ားႀကီး မစုပ္ယူခိုင္းေတာ့ဘဲ ခ်ီအားျဖည့္ေဆးလုံးေတြပဲ တစ္ခါတည္း အဝစားခိုင္းရမယ္!

ဘာပ​ဲ​ျဖစ္ျဖစ္ အဲ့ဒါေလးေတြေလာက္ေတာ့ သူက အလြယ္ေလး သန့္စင္ေပးနိုင္တယ္ေလ.....

_____________________________________

အခ်စ္ဆုံးတို႔ေရ......

အမ်ားနဲ႕မတူ တမူထူးျခားတဲ့ sugar daddy ကို ျပဳစုရတာ သိပ္ေတာ့မလြယ္ကူဘူးပဲ 😅😅 ဒါဆို ေနာက္အပိုင္းမွာျပန္ေတြ႕ၾကမယ္ေနာ္။ အားလုံးပဲ ေဘးကင္း လုံၿခဳံၾကပါေစ။ ❤

With love ❤
Taiga 😘

((Unicode))

အပိုင်း (၄၆)
ခေါင်းကိုမိုးကြိုးပစ်ခံရခြင်း

💊💊💊

ကုန်းရိထျန်းဟန်သည် တံခါးပေါက်ဝသို့ ရောက်သည့်အခါ အထဲမှ စိတ်လှုပ်ရှားပျော်ရွှင်စွာ ခုန်ပေါက်ထွက်လာသည်​့ သူ့ဆေးဆရာလေးကိုမြင်တော့ အနည်းငယ် အံ့အားသင့်သွားသည်။

သူ၏ဆေးဆရာလေးသည် သာမာန်အချိန်များတွင် အမျိုးမျိုးသော မျက်နှာအမူအယာလေးများကို ဖော်ပြတတ်သော်လည်း အခုလို စိတ်လှုပ်ရှားပျော်ရွှင်တာမျိုးကိုတော့ တွေ့ရခဲလှသည်။

ဘာများဖြစ်လို့ပါလိမ့်?

ကုကျိုးသည် ပြေးထွက်လာပြီးနောက် သူ့ကိုယ်သူ့ အလွန်စိတ်လှုပ်ရှားနေမှန်း သတိထားမိသွားကာ ချက်ချင်း ကိုယ်ရှိန်သတ်လိုက်သည်။ ထို့နောက် သူက အသံနှိမ့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

"ထျန်းဟန်သခင်လေး၊ ကျွန်တော် <<ဇီဝမရဏဆူး>> သိုင်းကျမ်းကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သိသွားပြီ!"

ကုန်းရိထျန်းဟန်၏ မျက်ဝန်းများက အရောင်တောက်သွားကာ:

"အို?"

သူက ပြောပြီးသည်နှင့် သူနှင့် ကုကျိုးတို့နှစ်ယောက် အတူတူနေသည့် အခန်းထဲသို့ လှမ်းဝင်လိုက်သည်။

လုံရိနှင့် လုံအာ့က အခန်းအပြင်ဘက်တွင် တံခါးစောင့်အဖြစ် ကျန်ရစ်ခဲ့သည်။

တံခါးပိတ်လိုက်သည်နှင့် အထဲမှ လှုပ်ရှားမှုများကို အပြင်ဘက်မှ မည်သူမျှ မကြားနိုင်တော့ချေ။

ကုန်းရိထျန်းဟန်က ထိုင်လိုက်ကာ မေးသည်။

"အားကျိုး အသေးစိတ်ပြောပြနိုင်မလား?"

ကုကျိုးကလည်း အစောကြီးကတည်းက ပြောပြဖို့ စီစဥ်ထားသည်ပင်။ သူက ချက်ချင်းပဲ မဆိုင်းမတွ သူ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် ဖြစ်စဥ်တစ်လျှောက်လုံးကို အကုန်အစင် ပြောပြလိုက်ပြီးနောက် လက်ရှိ သူ့စိတ်ဝိညာဥ်စွမ်းအား အခြေအ​နေများကိုလည်း တစ်ခုမကျန်၊ ခရေစေ့တွင်းကျ စီကာပတ်ကုံး ပြော​ြပလိုက်သည်။

ကုန်းရိထျန်းဟန်သည် အကြောင်းစုံ နားထောင်ပြီးနောက် စိတ်ဝင်စားမှုအပြည့်ဖြင့် နက်နက်နဲနဲတွေးတောလိုက်သည်။

သူသည် မိမိ၏အသုံးမဝင်သော ခန္ဓာကိုယ်ကို အကြောင်းပြုကာ တိုက်ကြီးတစ်တိုက်လုံးရှိ သိုင်းပညာကျင့်ကြံရေး နည်းလမ်းများကို နက်နက်ရှိုင်းရှိုင်း ရှာဖွေလေ့လာခဲ့သည်။ သူသည် သိုင်းပညာမကျင့်ကြံနိုင်သည့် ယခင်အချိန်က သိုင်းပညာကျင့်ကြံရေးနည်းလမ်းများကို တိုးတက်အောင် ပြုပြင်မွမ်းမံခဲ့ပြီး နောက်ပိုင်း ကုကျိုးနှင့် ဆုံတွေ့ခဲ့သည့်အခါ ဆေးဆရာများ၏ ကျင့်ကြံ​ရေးကလည်း သူ အရင်က ထင်မှတ်ခဲ့သလို မရိုးရှင်းကြောင်း သိရှိလာပြီး စိတ်ဝင်စားမှုများ အလိုလို ကြီးထွားလာခဲ့သည်။

နှမြောစရာကောင်းသည်က ကုကျိုးသည် သူ့အပေါ် မည်သည့်အရာမှ ထိန်ချန်ခြင်းမရှိသည့်တိုင် အဆုံး၌ သူသည် ဆေးဆရာတစ်ယောက်မဟုတ်သလို၊ သူ့လက်ဖဝါးနှစ်ဖက်၌လည်း ဆေးပုလဲလုံးများ မရှိသည့်အတွက် ဆေးဆရာများနှင့်သာ သက်ဆိုင်သည့် သီးသန့်အရာများကိုတော့ မည်သို့မျှ လေ့လာဆည်းပူးနိုင်စွမ်းမရှိချေ။ သူက ထို<<မရဏဝိညာဥ်ဆူး>> ကျမ်းစာများတွင် ရေးသားဖော်ပြထားသည်များကို ဖတ်ရှုနားလည်နိုင်သော်လည်း အကြောင်းအရာ အလုံးစုံကိုတော့ ဘယ်တော့မှ ရှင်းရှင်းလင်းလင်း သိမြင်နိုင်မည်မဟုတ်သည့်အပြင် ထိုကျင့်ကြံရေးနယ်ပယ်ထဲသို့လည်း ဝင်ရောက်ကျင့်ကြံနိုင်မည်မဟုတ်ပေ။

လက်ရှိတွင် သူသည် ကုကျိုး၏ ပြောစကားများကို နားထောင်ပြီးသည့်နောက် ထင်မြင်မှန်းဆချက်များ ရှိလာသည်။

ဆေးဆရာများသည် ဆေးပုလဲလုံးများ ရှိနေသည့်အတွက် သိုင်းပညာရှင်များ၏ ကျင့်ကြံ​ရေးနည်းလမ်းများကို ဘယ်လိုမှ မကျင့်ကြံနိုင်ကြတာဖြစ်သည်။ သို့သော် ဆေးဆရာများတွင် မိမိတို့ကိုယ်ပိုင် စိတ်ဝိညာဥ်စွမ်းအားများနှင့် အသုံးချနိုင်သော စွမ်းရည်များရှိကြသည်။ ထိုနည်းတူ သူတို့တွင် တန်ပြန်တိုက်ခိုက်နိုင်သည် စွမ်းရည်များလည်းရှိပြီး ထိုစွမ်းရည်က သူတို့၏ ဆေးဝါးသန့်စင်နိုင်စွမ်းနှင့်လည်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အပြန်အလှန် လိုက်ဖက်သင့်လျော်နေသည်။ ကြည့်ရတာ ဆေးဆရာများသည် မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း လံုးဝမရှိကြတာမဟုတ်ဘဲ ဆေးဆရာများ၏ အဆိုပါ ကျွမ်းကျင်မှု စွမ်းရည်များကသာ တိမ်မြှုပ်ပျောက်ကွယ်နေခြင်းဖြစ်​သည်။

ဒါပေမယ့် ကုန်းရိထျန်းဟန်က ထိုထင်မြင်ယူဆချက်အပေါ် အပြည့်အဝ ယုံကြည်လက်ခံသေးတာတော့မဟုတ်။

အကြောင်းကား ကုကျိုးသည် <<မရဏဝိညာဥ်ဆူး>> သိုင်းကျမ်းကို System ဆိုသည့်အရာဆီမှ ရရှိခဲ့တာဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်ချေတစ်ခုအရ ထိုသိုင်းကျမ်းကို System ၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုခြင်းခံရသော ကုကျိုးကသာ ကျင့်ကြံလေ့ကျင့်နိုင်ပြီး အခြားဆေးဆရာများက မကျင့်ကြံနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့တည်းမဟုတ် ကုကျိုးမှာ သင့်တော်ကိုက်ညီသည့် အခြေအနေတစ်ခုရှိနေပြီး အ​ဲ့ဒါက System မဟုတ်သော အခြားအရာတစ်ခုခုလည်း ဖြစ်နိုင်သည်။......

သို့သော် သူ့တွင် မည်မျှ များပြားသည့် ထင်မြင်ချက်များ ရှိနေပါစေ၊ လက်ရှိတွင် မှန်ကန်ကြောင်း အတည်ပြုဖို့ရာ မဖြစ်နိုင်သေးပေ။

ပိုအရေးကြီးသည်က ကုန်းရိထျန်းရိထျန်းဟန်သည် ရံဖန်ရံခါ အလောင်းအစားပြုရခြင်းကို အလွန်ခုံမင်နှစ်သက်သူဖြစ်သော်လည်း အထူးသတိထား ချင့်ချိန်တတ်သူဖြစ်သည်။

ဤကိစ္စသည် သေချာပေါက် တိုက်ကြီးတစ်တိုက်လုံးကို အမြစ်ကနေ ချေဖျက်လှုပ်ကိုင်ပစ်နိုင်သည့် တွေ့ရှိမှုအသစ်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် သူက အခြားဆေးဆရာများကို လွယ်လွယ်နှင့် ကြိုးစားအားထုတ်ခွင့်ပေးမှာတော့ မဟုတ်ချေ။

ကြာမြင့်စွာ သိကျွမ်းခဲ့သူပင်ဖြစ်လင့်ကစား အတွင်းက စိတ်ရင်းအစစ်အမှန်ကိုတော့ မသိရှိနိုင်သကဲ့သို့။ သူက စတင်ကြိုးပမ်းလိုက်သည်နှင့် အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ သို့တည်းမဟုတ် အခြားဖြစ်နိုင်ချေတစ်ခုပင်​ဖြစ်စေ၊ နောက်ဆက်တွဲရလဒ်များက လက်ရှိအ​​ေ​ြခအနေအရ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိ​မည်မဟုတ်ပေ။

ထို့ကြောင့် သူမထိန်းချုပ်နိုင်သည့် အရာတစ်ခုကို သူကလည်း လွယ်လွယ်နဲ့ သွားထိမှာတော့မဟုတ်ချေ။

ကုန်းရိထျန်းဟန်သည် လေးလေးနက်နက် တွေးတောပြီးနောက် ညင်သာစွာ ပြောလိုက်၏။

"ဒီလိုဆို အားကျိုးက နောင်ကို ဆေးဖက်ဝင်ချီမျှင်တွေ စုဆောင်းနိုင်အောင် ဆေးလုံးတွေ များများဖော်စပ်သန့်စင်ရမှာပေါ့။ လိုအပ်တဲ့ဆေးအမယ်တွေကို အားကျိုးစိတ်ထဲရှိတဲ့အတိုင်းသာပြောလိုက်။ ကိုယ် မင်းအတွက် အစွမ်းကုန်ကြိုးစားပြီး ရအောင်ရှာပေးမယ်"

ကုကျိုးမှာ အနည်းငယ် မျက်နှာပူနွေးသွားသည်။ သူက လက်သီး တင်းတင်းဆုပ်ကာ စကားတစ်ခွန်းကို အားတင်းပြောလိုက်သည်။

".......ကျွန်တော် သန့်စင်တဲ့ ဆေးလုံးတွေ အားလုံး သခင်လေးကိုပေးမယ်!"

ဒီကမ္ဘာပေါ်မှာ ကုန်းရိထျန်းဟန်ထက် ပိုကောင်းတဲ့ ထောက်ပံ့သူဆိုတာ မရှိ​ေတာ့ဘူး။......

ရှိတယ်ပဲထားဦး၊ သူ့အထင်တော့ သူ့အိမ်က ထောက်ပံ့သူကသာ သူနဲ့ အသင့်တော်ဆုံးပဲ!

သူတို့နှစ်ဦးသည် ထိုကိစ္စအပေါ် အချိန်သိပ်မဖြုန်းလိုက်ပေ။ ကုန်းရိထျန်းဟန်က <<မရဏဝိညာဥ်ဆူး>> ကျင့်စဥ်၏ အသုံးဝင်ပုံကို သိသည်နှင့် အလွန်စိတ်ဝင်စားကာ အချိန်အတော်ကြာအောင် ဆက်လက်လေ့လာလိုက်သည်။ ဒါ့အပြင် သူက ကုကျိုးကိုလည်း ပျစ်ခဲခဲအသွင် စိတ်စွမ်းအားများမှ မရဏဝိညာဥ်ဆူးဖြစ်လာရန် အနိမ့်ဆုံးလိုအပ်ချက်များ ပြည့်မီသည်အထိ စိတ်စွမ်းအားများကို စုဆောင်းစေသည်။ ထို့နောက် ၄င်းတို့ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများကို မိမိကိုယ်တိုင် လေ့ကျင့်၍ဖြစ်စေ၊ မိမိ၏စိတ်စွမ်းအား ထိန်းချုပ်နိုင်စွမ်းကို ပိုမိုခိုင်ခံ့လာအောင် ပြုလုပ်၍ဖြစ်စေ စမ်းသပ်ကြည့်ဖို့ပြောခဲ့သည်။ ဒါ့အပြင် သူက ကုကျိုးကို ထိုစိတ်စွမ်းအားများအား အခြားမည်သည့်နေရာများ၌ သုံးနိုင်သေးကြောင်းကိုသိရှိအောင် များစွာစူးစမ်းရှာဖွေရန်နှင့် မိမိခန္ဓာကိုယ်ကိုလည်း မထိခိုက်မိစေရန် သတိထားဖို့ ပြောခဲ့သည်။

ကုကျိုးသည် ကုန်းရိထျန်းဟန်၏ အမျှော်အမြင်ရှိသော စကားများကို သဘောပေါက်သည့်အတွက် မှာကြားထားသည့်အတိုင်း တသွေမတိန်း လုပ်ဆောင်ခဲ့သည်။ ဆယ်ရက်ကျော်ကြာသည့်အခါ သူသည် စိတ်စွမ်းအားများကို နောက်ဆုံးမှာ ပုံသဏ္ဍာန်ပေါ်အောင် ပြုလုပ်လာနိုင်သည်။ အဲ့ဒီနောက် သူက တွန့်ဆုတ်ခြင်းမရှိဘဲ နောက်ထပ်နောက်ထပ် စမ်းသပ်မှုများကို ပြုလုပ်တော့သည်!

ဒီတစ်ခါစမ်းသပ်ချက်က ကုကျိုးကို အံ့အားသင့်ကာ ကျေနပ်အားရစေသည်။

အကြောင်းက သူရှာဖွေတွေ့ရှိခဲ့သည်မှာ- အကယ်၍ သူ့၏ သမာဓိအားသာ လုံလုံလောက်လောက် ကြီးမားပါက သူ့အနေဖြင့် စိတ်စွမ်းအားများကို ထုတ်လွှတ်ပြီး အခြားလူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေနိုင်ခြင်းပင်! သို့သော် ထိုသို့ ပြုလုပ်ရန် တစ်ဖက်လူက မိမိ၏စစ်မှန်သော ချီစွမ်းအားနှင့် ကုကျိုးကို ပိတ်ပင်မထားဖို့လိုသည်။ ဒါပေမယ့် အဲ့ဒါက သူ့အိမ်က ထောက်ပံ့သူ၏ ခန္ဓာကိုယ်ကို ကျန်းမာရေး စစ်ဆေးပေးသည့်နေရာမှာတော့ ဘာပြဿနာမှမရှိဘဲ အသုံးပြုနိုင်သည်!

ကုန်းရိထျန်းဟန်ကလည်း ကုကျိုးနှင့် အလိုက်သင့် ပူးပေါင်းလုပ်ဆောင်ပေးသည်။ မည်သို့ပင်ဆိုစေ ကုကျိုးသည် သူ၏ စားသောက်မှုအားလုံးနီးပါးကို လက်ရှိ ကိုင်တွယ်နေသူဖြစ်ပြီး သူ့ထျန်းတုခန္ဓာကိုယ်၏ နောက်ဆက်တွဲကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့က ကုကျိုးအပေါ် မူတည်နေသည်။ ဒီလိုဆိုမှတော့ သူ့မှာ ဘာများ ဖုံးကွယ်ထားဖို့ လိုဦးမှာလဲ?

ဤသို့ဖြင့် ကုန်းရိထျန်းဟန်သည် ကုကျိုး၏ စိတ်စွမ်းအားများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုခဲ့ပြီး သူ့ကိုယ်အတွင်း၌ ဖြစ်ပျက်​သမျှ အသိမ်မွေ့ဆုံး၊ အသေးစိတ်အကျဆုံး အချက်အလက်များကို တစ်ခုမကျန် ကုကျိုးထံသို့ ပြန်လည်သတင်းပို့စေသည်။

ရလဒ်ကတော့ ပြောစရာမလိုအောင် အလွန်ရှင်းလင်း မြင်သာလှသည်။

ထိုအချိန်မှစ၍ နောက်ပိုင်းတွင် ကုကျိုးက ကုန်းရိထျန်းဟန်ကို နေ့စဥ်နေ့တိုင်း အကြိမ်ပေါင်းများစွာ စမ်းသပ်စစ်ဆေးပေးလေသည်။ ဥပမာဆိုရလျှင် သူက ကုန်းရိထျန်းဟန်ကို သိုင်းပညာမလေ့ကျင့်မီ စစ်ဆေးသည်။ လေ့ကျင့်ပြီးသွားတော့လည်းစစ်ဆေးသည်။ ကျင့်ကြံရေး မပြုလုပ်မီ စစ်ဆေးသည်။ ကျင့်ကြံပြီးလျှင်လည်း စစ်ဆေးသည်။ ဆေးဖက်ဝင်ဓာတ်စာဟင်းလျာများ မှီဝဲပြီးလျှင် စစ်ဆေးသည်။ ဆေးဖက်ဝင်ဆေးအနှစ်ရည် စိမ်ပြီးသည့်အခါ စစ်ဆေးသည်။ ညအိပ်ရာမဝင်ခင်လည်း စစ်ဆေးသည်။.......နောက်ပြီး ကုန်းရိထျန်းဟန်သည် ဆေးဖက်ဝင်ဓာတ်စာများကို တစ်နေ့တစ်ကြိမ်မှီဝဲရာမှ အကြိမ်များစွာ မှီဝဲလာခ​ဲ့သည်။

အတိုချုံးပြောရလျှင် ကုန်းရိထျန်းဟန်သိလာသည်က သူဗိုက်ဆာလာသည့်အခါဖြစ်စေ၊ ပင်ပန်းနွမ်းနယ်သည့်အခါဖြစ်စေ၊ နေထိုင်မကောင်းသည့်အခါဖြစ်စေ အခါခပ်သိမ်း၌ ကုကျိုးချက်ပေးသည့် ဆေးဝါးဓာတ်စားဟင်းများကို ချက်ချင်းလက်ခံစားသုံးပစ်လိုက်သည်။

........သူသည် ဤကဲ့သို့ အသေးစိတ်မှအစ ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခြင်းမျိုးကို သူ၏အားအနည်းဆုံးအချိန်များမှာပင် တစ်ခါမှ မရရှိခဲ့ဖူးပေ။

တစ်ချိန်တည်းမှာ ကုန်းရိထျန်းဟန်၏ ခန္ဓာကိုယ်က ပိုမို သန်မာကြံ့ခိုင်လာသည်။ သူ၏ ချီစွမ်းအင်ကြောများ၏ ယေဘုယျ အခြေအနေကလည်း ပိုမို တည်ငြိမ်လာပြီး ကိုယ်ပိုင် ခွန်အားစွမ်းအင်များကလည်း တစ်ပြေးညီ ပုံမှန်တိုးတက်လာခဲ့သည်။

ဒီလိုဆို ကုကျိုးကရော?

သူက နေ့စဥ်နေ့တိုင်း ဆေးလုံးများစွာကို ဖော်စပ်သန့်စင်ခဲ့သည်။ သူက ချီအားဖြည့်ဆေးလုံးနှင့် နွေဦးသစ်လွင်ဆေးလုံးများသာမက နောက်ထပ်ဆေးလုံးအသစ်များကို သန့်စင်ရန် စတင်ပြင်ဆင်ခဲ့ပြီး ဆေးအညွှန်းများကို သုတေသနပြုခဲ့သည်။ -- ဆိုရလျှင် ဆေးလုံးများကို ဖော်စပ်သန့်စင်သည့်အလုပ်ဖြစ်စေ၊ ထောက်ပ့ံသူကို ကြည့်ရှုစောင့်ရှောက်သည့်အလုပ်ပင်ဖြစ်စေ အားလုံးက အဆင်ပြေချောမွေ့ကာ သင့်မြတ်သာယာလျက်ရှိသည်။

သို့သော် ယနေ့မှာတော့ ကုကျိုးသည် သူ့အိမ်ကထောက်ပံ့သူကို "သွေးကြောစမ်း"ပေးပြီးနောက် သူ့ကို ထခုန်မတတ် လန့်ဖျန့်သွားစေသည့် ကိစ္စတစ်ရပ်ကို ရှာဖွေတွေ့ရှိခ​ဲ့သည်။

ကုကျိုးက နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် ကုန်းရိထျန်းဟန်ကို အချိန်အတော်ကြာ ပါးစပ်အဟောင်းသားဖြင့် အံအားသင့်စွာ ငေးကြည့်နေသည်။

ထောက်ပ့ံသူရဲ့ သတ္တိကတော့..... သူ အရင်က ထောက်ပ့ံသူကို လျှော့တွက်ခဲ့မိတာပါလား....

ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)ရှိသူ သိုင်းပညာရှင်သည် ခန္ဓာကိုယ်၏ မြေမိစ္ဆာအမှတ် (၇၂)ခုကို ဖွင့်နိုင်သည်။ တစ်နည်းဆိုရလျှင် အားလုံးကို ပေါင်းစည်းလိုက်ပါက ထိုလူသည် ဟို့ထျန်းအဆင့် (၉)ဆင့်လုံး ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်သူ ​ဖြစ်လာပြီး အချိန်မရွေး ရှန်းထျန်းအဆင့်၏ ကနဦးနယ်ပယ်ထဲသို့ ချိုးဖျက်ဝင်ရောက်သွားနိုင်သည်။ ဤကား ဟိုးအရင် ရှေးပဝေသဏီကတည်းက အားလုံး ဒီအတိုင်းပင်ဖြစ်သည်။

သို့သော် လူ့ခန္ဓာကိုယ်တွင် ချီစွမ်းအင်တည်ရာအမှတ်များသည် အဆိုပါ ကောင်းကင်ခုနှစ်စင်ကြယ်အမှတ် (၃၆)ခုနှင့် မြေမိစ္ဆာအမှတ် (၇၂)ခု၊ ပေါင်း (၁၀၈)ခုချည်းသာရှိတာတော့မဟုတ်။ လူ့ခန္ဓာကိုယ်၌ အခြားသော ယခင်က မည်သူတစ်ဦးတစ်ယောက်မှ မဖွင့်ခ​ဲ့ဖူးသည့် အတွင်းအပြင် ချီစွမ်းအင်တည်ရာအမှတ်များ ရာပေါင်းများစွာ ကျန်ရှိနေသေးသည်။

သို့ရာတွင် ယခု ကုကျိုးရှင်းရှင်းလင်းလင်း တွေ့​ေနရသည်က- သူ့အိမ်ကထောက်ပံ့သူသည် ခြေထောက်တွင်ရှိသော ယန်ဓာတ် ချီသွေးကြော (၃)ခုဆုံသည့် ချီစွမ်းအင်တည်ရာအမှတ်တစ်ခုကို ဖွင့်ထားနိုင်သည့်အပြင် ထို​နေရာ၌ ကြည်လင်တောက်ပသည့် အရိုးပုလဲတစ်လုံးကိုပင် ငွေ့ရည်ဖွဲ့ထားနိုင်ပြီဖြစ်သည်!

(T/N - ဒီနေရာမှာ အခြေခံချီစွမ်းအင် ပင်မသွေးကြောကြီး (၁၂)သွယ်ကို ယင်နဲ့ ယန်ဓာတ် ခွဲခြားထားပုံကို ပြောထားတာဖြစ်ပါတယ်။ အကြမ်းအားဖြင့် လက်မှာ ယင် သွေးကြော(၃)ခု၊ ယန်သွေးကြော(၃)ခုရှိပြီး ခြေထောက်မှာ ယင်သွေးကြော(၃)ခု၊ ယန်သွေးကြော(၃)ခုရှိပါတယ်။ အဲ့ဒီ ခြေထောက်က ယန်သွေးကြော(၃)ခုဟာ အစာအိမ်၊ ဆီးအိမ်၊ သည်းခြေအိတ်နှင့် သက်ဆိုင်ပါတယ်။ အဲ့ဒီသွေးကြော သုံးခု လာဆုံတဲ့နေရာက အမှတ်မှာ အရိုးပုလဲလုံးလေးကို ငွေ့ရည်ဖွဲ့ထားတယ်လို့ပြောပါတယ်။ ယင်နဲ့ ယန်ချီသွေးကြောများဟာ အထက်မှအောက်၊ အောက်မှအထက် ဆန့်ကျင်ဘက်စီးဆင်းပြီး တစ်လှည့်စီ လှည့်ပတ်တယ်လို့ ဆိုပါတယ်။)

ဟုတ်သားပဲ! ထျန်းတုခန္ဓာကိုယ်မှာ မွေးရာပါ ချီစွမ်းအင်တည်ရာအမှတ်ပေါင်း တစ်ရာက အလိုလိုပွင့်​ပြီးသား။ အဲ့ဒီပွင့်​ပြီးသားအမှတ်တစ်ရာက ကောင်းကင်ခုနှစ်စင်ကြယ်နဲ့ မြေမိစ္ဆာအမှတ် (၁၀၈)ခုပဲ။ ဒါပေမယ့် တခြားကျန်တဲ့ ချီစွမ်းအင်တည်ရာအမှတ်တွေကတော့ ပိတ်နေသေးတယ်။ သူ့ရဲ့ ပိတ်ဆို့မှုတွေက သာမန်သိုင်းပညာရှင်နဲ့ယှဥ်ရင် အများကြီး မပြင်းထန်သလို၊ သာမန်သိုင်းပညာရှင်တွေလောက်လည်း ခက်ခက်ခဲခဲကြိုးစားဖွင့်စရာမလိုဘူး။ ဒါပေမယ့် မခက်ဘူးဆိုလည်း မခက်န​ဲ့ပေါ့။ ဒီလောက်ထိ......... ထိန်းမနိုင်သိမ်းမရဖြစ်ဖို့လိုလား!

ကုကျိုးခမျာ ဆွံ့အသွားရသည်။

ထောက်ပံ့သူရဲ့ ဒါကြီးက အရမ်းကို......အတိုင်းအဆမဲ့လွန်းရာကျသွားပြီမဟုတ်လား?

ကုန်းရိထျန်းဟန်က ကုကျိုး၏ ခါးသီးနာကျင်နေသည့် မျက်နှာအမူအရာကို မြင်တော့ မနေနိုင်ဘဲ ပြုံးမိသည်။

"အားကျိုးက ဘာလို့ အဲ့လိုမသက်မသာမျက်နှာနဲ့ မျက်မှောင်ကြီးကြုတ်ထားရတာလဲ? အဲ့ဒါက ကျင့်ကြံရေးပုံစံပြောင်းလိုက်လို့ပါ။ ကိုယ့်အထင် ဒီလိုကျင့်ကြံတာက ပိုပြီး သင့်တော်မယ်ထင်တယ်"

ကုကျိုးက ထိုစကားကြားတော့ အမူအယာ ပုံမှန်ပြန်ဖြစ်သွားကာ:

"ထျန်းဟန်သခင်လေး တီထွင်ထားတဲ့ကျင့်ကြံရေးနည်းလမ်းက ဒါမျိုးတွေ လိုအပ်လို့လား?

ကုန်းရိထျန်းဟန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"အမှန်ပဲ။ ကိုယ် ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)ကိုရောက်ပြီးတဲ့နောက် အဲ့ဒါက ပြီးပြည့်စုံတဲ့ အဆင့်ရောက်ဖို့ အဝေးကြီးလိုနေသေးတယ်လို့ ကိုယ် ခံစားရတယ်။ ကိုယ်သာ ဒီအတိုင်း ရှန်းထျန်းအဆင့်ကို ဖောက်ထွက်ဖို့ ကြိုးစားလိုက်ရင် မအောင်မြင်ဖို့က များတယ်။ ကိုယ်အကြိမ်ကြိမ် ကြိုးစားကြည့်လိုက်တော့ တခြားချီစွမ်းအင်တည်ရာအမှတ်တွေက လွယ်လွယ်နဲ့ဖွင့်လို့ရနေတာသွားတွေ့တယ်။ အဲ့လိုဖွင့်ပြီးတဲ့နောက် ချီသွေးကြောတွေထဲမှာ ရှန်းထျန်းချီတွေကို သန့်စင်တဲ့အခါ ချီစွမ်းအားတွေက အရမ်းကြီးမားလွန်းတော့ ချီစွမ်းအင်ကြောတွေက လက်ခံထိန်းသိမ်းထားဖို့ခက်တယ်။ များသောအားဖြင့် အဲ့ဒီစွမ်းအားတွေက ချီ​စွမ်းအင်ကြောတည်ရာအမှတ်တွေကနေ အပြင်ကို လွင့်ပြယ်ထွက်သွားတယ်။ အဲ့ဒါက အတော်လေး နှမြောဖို့ကောင်းတယ်လေ။ ဒါနဲ့ ကိုယ်က ကျင့်ကြံရေးနည်းလမ်းကို ပြောင်းလိုက်တော့ အဲ့ဒီအသစ်ဖွင့်ထားတဲ့ ချီစွမ်းအင်တည်ရာအမှတ်မှာ အရိုးပုလဲတစ်လုံး ငွေ့ရည်ဖွဲ့လာတယ်။ ကျင့်ကြံရေးကနေ သန့်စင်ပြီး ပိုထွက်လာတဲ့ ရှန်းထျန်းချီတွေကိုလည်း အဲ့ဒီအထဲမှာ သိမ်းထားလို့ရတယ်။........"

ကုကျိုး သဘောပေါက်သွားသည်။

"သခင်လေးက နောင်ကို အရိုးပုလဲတွေ အများကြီးထပ်ပြီး ငွေ့ရည်ဖွဲ့ချင်တာလား?"

ကုန်းရိထျန်းဟန်က ခေါင်းညိမ့်ပြလိုက်သည်။

"ကောင်းကင်ခုနှစ်စင်ကြယ်နဲ့ မြေမိစ္ဆာချီစွမ်းအင်အမှတ် စုစုပေါင်း (၁၀၈)ခုရှိတယ်။ ကိုယ် ခံစားမိတာ ကိုယ့်ခန္ဓာကိုယ်ထဲက စစ်မှန်တဲ့ချီစွမ်းအင်တွေက နေရာ(၆)ခုဆီ ခွဲဖြာစီးသွားတယ်။ ကြည့်ရတာ ချီစွမ်းအင်တွေမှာ လည်ပတ်မှုစက်ကွင်း (၆)ခုရှိနေသလိုပဲ။ နောက်ပြီး အဲ့ဒီ လည်ပတ်မှုစက်ကွင်း(၆)ခုက အားလုံးပေါင်းပြီး ကြီးမားတဲ့ စက်ကွင်းကြီးတစ်ခုကို ဖြစ်​ေစတယ်။.....ဒီအဆင့်မှာတော့ ကြည့်ရတာ ကိုယ် နောက်ထပ် ချီသွေးကြောတည်ရာအမှတ် (၅)စုံကို ငွေ့ရည်ဖွဲ့ဖို့လိုမယ်ထင်တယ်။ အဲ့ဒါက အားလုံးပေါင်းလိုက်ရင် အရိုးပုလဲပေါင်း (၅၄၀)ပဲ"

ကုကျိုးခမျာ သူ့နဖူးတည့်တည့်ကို မိုးကြိုးပစ်လိုက်သည့်အတိုင်းပင်။

အရိုးပုလဲလုံးပေါင်း (၅၄၀) တဲ့? သူ့ကိုလာနောက်နေတာလား?

နေဦး၊ မဟုတ်သေးဘူး။ လက်ရှိမှာ ထောက်ပ့ံသူက မြေမိစ္ဆာအမှတ် (၇၂)ခုကိုပဲ ငွေ့ရည်ဖွဲ့ရသေးတာ။ တကယ်လို့ ချီစွမ်းအင်တည်ရာအမှတ် (၆)စုံဆိုရင် နောက်ထပ်(၅)စုံ လိုဦးမယ်။ အဲ့တော့ ဖြစ်သင့်တာက (၇၂)ရဲ့ ငါးဆဆိုတော့ မြေမိစ္ဆာအမှတ်ပေါင်း (၃၆၀) ပေါ့! ဘယ်လိုလုပ် ကောင်းကင်ခုနှစ်စင်ကြယ်အမှတ် (၁၈၀)ကိုလည်း ထည့်တွက်လိုက်တာလဲ?

ကုန်းရိထျန်းဟန်သည် သူစိတ်ထဲကမေးခွန်းများကို ဖောက်ထွင်းမြင်သည်နှင့် ပြုံးကာ ပြောလိုက်သည်။

"တကယ်တော့ အဲ့ဒါက စိတ်ကူးယဥ်တာလို့ ဆိုရမယ်။ တခြားချီစွမ်းအင်တည်ရာအမှတ်တွေက အားလုံးဟို့ထျန်းအဆင့်ပဲ။ ကိုယ်ဒီအဆင့်မှာ အရိုးပုလဲတွေအားလုံး ငွေ့ရည်ဖွဲ့ပြီးသွားရင် ရှန်းထျန်းအဆင့်ကို ရောက်သွားတဲ့အခါ ရှန်းထျန်းအရိုးပုလဲ (၃၆)လုံးကိုပဲ ငွေ့ရည်ဖွဲ့ဖို့လိုတော့မှာလေ"

ကုကျိုးကတော့ ပက်လက်သာ လန်နေလိုက်ချင်တော့သည်။

ဒီတော့ ပြောရရင် ထောက်ပံ့သူမှာ အရိုးပုလဲ (၅၃၉)လုံး ငွေ့ရည်ဖွဲ့ဖို့ ကျန်သေးတာပေါ့ ဟုတ်တယ်မလား?........ တွေးကြည့်လိုက်ရုံန​ဲ့တင် သူ့ရှေ့ရေးက အားလုံး မှောင်မိုက်နေပြီ ဟုတ်​ြပီလား?

(T/N - ဒါလေးက ပုလဲလုံးသင်္ချာလေးပါ။ ကုန်းရိထျန်းဟန်က လက်ရှိမှာ
ဟို့ထျန်းအဆင့် - မြေမိစ္ဆာ(၇၂)လုံး။
သူလိုတာက (၅)စုံ - (၇၂ x ၅ = ၃၆၀) ပါ။
ရှန်းထျန်းအဆင့်ရောက်ဖို့လိုတာက - ကောင်းကင်ခုနှစ်စင်ကြယ်(၃၆)လုံး။
(၅)စုံဆိုတော့ - ၃၆ x ၅ = ၁၈၀) ပါ။
သူက ဟို့ထျန်းပြီးပြည့်စုံတဲ့အဆင့်မှာ -
(၃၆၀ + ၁၈၀ = ၅၄၀) လုပ်ချင်တာပါ။
အဲ့ဒီကနေ ရှန်းထျန်းတက်တော့မှ (၆)စုံပြည့်အောင် နောက်ထပ် (၃၆)လုံးကို ထပ်လုပ်မှာပါ။ အဲ့တော့မှ (၆)စုံစာ (၁၀၈ x ၆ = ၆၄၈) လုံးပြည့်မှာပါတဲ့)

ကုန်းရိထျန်းဟန်၏ အကြည့်များက မျှော်လင့်ချက်များဖြင့် တလက်လက်တောက်ပနေသည်။

"ဒါဆို အားကျိုးက ကိုယ့်ကိုကူညီဖို့ ဆန္ဒရှိလား?"

ကုကျိုးက အားငယ်ဖျော့တော့စွာဖြင့်:

"ရှိတယ်....."

ကောင်းပြီ။ ထောက်ပံ့သူက ရည်မှန်းချက်ကြီးကြီးထားမှတော့ သူက ဆန္ဒမရှိလဲ ရှိရတော့မှာပေါ့! အခက်အခဲတွေဘာတွေလည်း သူစဥ်းစားမနေတော့ပါဘူး။ သူစဥ်းစားမိတာကတော့ ထောက်ပံ့သူ အောင်မြင်သွားတဲ့အခါကျရင် သူ့ရဲ့ခွန်အားစွမ်းပကားက ကမ္ဘာလောကကြီးကို ဘယ်လောက်ထိ တုန်လှုပ်စေပြီး၊ နတ်တွေတစ္ဆေတွေကိုတောင် ငိုချင်းချစေလိမ့်မယ်ဆိုတာပဲ!

ကုန်းရိထျန်းဟန်က အဲ့ဒါကိုမြင်တော့ မျက်ခုံးများကို အနည်းငယ်ပင့်လိုက်ကာ:

"နောက်ကျ အားကျိုးကိုပဲ ပင်ပန်းစေရဦးမယ်"

ကုကျိုးသည် သူ့စိတ်၏ အနက်ရှိုင်းဆုံးတစ်နေရာ၌ ကိုယ့်အတွက်ကိုယ် ဖယောင်းတိုင်လေးထွန်းကာ ဆုတောင်းပေးလိုက်ပြီးနောက် အားအင်အသစ်များနှင့် ပြန်လည်တောက်ပလာသည်။

"ထျန်းဟန်သခင်လေး စိတ်ချပါ! လတွေအများကြီး ကျန်ပါသေးတယ်။ ကျွန်တော် သေချာပေါက် အစွမ်းကုန်ကြိုးစားပါ့မယ်!"

ကုန်းရိထျန်းဟန်သည် မျက်နှာအမူအယာ ပျော့ပြောင်းသွားကာ:

"ကိုယ်လည်းပဲ အစွမ်းကုန်ကြိုးစားပါ့မယ်"

သူ့အိမ်က ထောက်ပံ့သူက ဒီလောက် သောက်ကျိုးနည်းဆိုးရွားသည့် မစ်ရှင်ကြီးကို ထုတ်ပြန်ကြေညာလို့အပြီးမှာ ကုကျိုးတစ်ယောက် အလုပ်တွေများလွန်းလို့ နံရံကိုသာ ပြေးကုတ်ချင်မိတော့သည်။

(T/N - နံရံပြေးကုတ်တယ်ဆိုတာက စိတ်ဖိစီးမှုကြောင့် ကူကယ်ရာမဲ့တာ၊ အားငယ်စိတ်ပျက်တာမျိုးကို ဆိုလိုတာပါတဲ့)

သူက ထိုအကြောင်းကို သေချာစဥ်းစားပြီးနောက် ဒီကိစ္စက သိပ်မဆိုးလှဘူးဟု တွေးမိသည်။........ ဥပမာပြောရရင် ထောက်ပံ့သူရဲ့ ချီစွမ်းအင်ကြောတွေက အရမ်းအားနည်းနေတဲ့ ပြဿနာ။ ချီစွမ်းအင်ကြောဆိုတာ ချီစွမ်းအင်တည်ရာအမှတ်နဲ့ ဆက်သွယ်နေတယ်။ ချီစွမ်းအင်ကြောတွေမှာ အရိုးပုလဲလုံးတွေ အလုံအလောက် ငွေ့ရည်ဖွဲ့ပြီးတဲ့အခါ ကောင်းကင်နဲ့မြေကြီးက ချီစွမ်းအားတွေက ချီစွမ်းအင်ကြောထဲ ဝင်လာတဲ့အချိန်တိုင်း အရိုးပုလဲက ချက်ချင်း စုပ်ယူသွားလိမ့်မယ်။ ဒါဆို ချီစွမ်းအင်ကြောအပေါ် သက်ရောက်မှုပြင်းအား လျော့သွားလိမ့်မယ်။ တကယ်လို့ ပြင်းအားကြောင့် ချီစွမ်းအင်ကြောတွေ ထိခိုက််ပျက်စီးသွားမယ်ဆိုရင်တောင် အရိုးပုလဲတွေရဲ့ အထောက်အပံ့နဲ့ဆို နည်းနည်းပါးပါးပဲ ထိခိုက်မိမှာ။ ဒါဆို ပြန်သက်သာလာဖို့ကလည်း အလွယ်လေးပဲပေါ့!

နောက်ပြီး ထောက်ပံ့သူက အခု အရိုးပုလဲတွေ အဲ့လောက်အများကြီး ငွေ့ရည်ဖွဲ့ချင်နေတာဆိုတော့ သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တည်ရာအမှတ်အားလုံးက ချီစွမ်းအားတွေ ဆာလောင်မွတ်သိပ်နေမှာသေချာတယ်။ ဒီတော့ ထောက်ပံ့သူကို သူ့ဟာသူ ကောင်းကင်နဲ့မြေကြီးက ချီစွမ်းအင်တွေကို ပမာဏအများကြီး မစုပ်ယူခိုင်းတော့ဘဲ ချီအားဖြည့်ဆေးလုံးတွေပဲ တစ်ခါတည်း အဝစားခိုင်းရမယ်!

ဘာပ​ဲ​ြဖစ်ဖြစ် အဲ့ဒါလေးတွေလောက်တော့ သူက အလွယ်လေး သန့်စင်ပေးနိုင်တယ်လေ.....

_____________________________________

အချစ်ဆုံးတို့ရေ......

အများနဲ့မတူ တမူထူးခြားတဲ့ sugar daddy ကို ပြုစုရတာ သိပ်တော့မလွယ်ကူဘူးပဲ 😅😅 ဒါဆို နောက်အပိုင်းမှာပြန်တွေ့ကြမယ်နော်။ အားလုံးပဲ ဘေးကင်း လုံခြုံကြပါစေ။ ❤

With love ❤
Taiga 😘

Continue Reading

You'll Also Like

1.4M 188K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
182K 24.8K 66
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
449K 26.1K 31
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
95.5K 12K 104
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...