Chapter 27. မတူဘူး
ဖူ့ရှီဝိန်ညစာစားပြီးဖုန်းဖြေပြီးသည်နှင့်တစ်ပြိုင်နက်အပြင်ထွက်ရန်ပြင်တော့သည်
လင်းယွီကစားပွဲကိုရှင်းရင်း " ရှန်းရှိန်း...ဒီညပြန်လာမှာလား " ဟုမေးလိုက်သည်
" ဖြစ်နိုင်တယ် " သူကမသေချာမရေရာသည့်လေသံဖြင့်ပြော၏
လင်းယွီသည်စားပွဲကိုရှင်းနေစဉ်သူ၏လက်ဒဏ်ရာအားဂရုတစိုက်နှင့်ရှောင်နေ၏
၎င်းကိုမြင်တော့ဖူ့ရှီဝိန်က
" မင်းလက်ကဒဏ်ရာရနေတာမလား...ဒီရက်ပိုင်းငါ အိမ်ထိန်းတစ်ယောက်ငှားပေးမယ်
အဲ့တာကဒေါ်လာနည်းနည်းပဲပေးရပြီးလူကိုသက်သာစေနိုင်တဲ့နည်းပဲ "
လင်းယွီသည်သူ့အိမ်သို့ရောက်လာသည့်နေ့မှစ၍ ဖူ့ရှီဝိန်အတွက်နေ့စဉ်စားသုံးရန်ချက်ပြုတ်ပေးသည်
ဖြစ်စေအိမ်သန့်ရှင်းရေးဖြစ်စေကိုယ်တိုင်ကိုယ်ကျစီစဉ်ကာလုပ်ပေးခဲ့သည်
အိမ်ကိုသန့်ရှင်းသပ်ရပ်စွာထားပြီးညဘက်တွင်ပင် ဆိုဖာပေါ်တွင်ထိုင်ကာဖူ့ရှီဝိန်ပြန်လာမည်ကိုစောင့်မျှော်လေ့ရှိသည်
မည်မျှပင်နောက်ကျစေကာမူသူစောင့်ပေးလေ့ရှိ၏
သို့သော်ထိုအရာများအားလုံးသည်ဖူ့ရှီဝိန်၏မျက်လုံးထဲတွင်တော့အသေးအဖွဲများသာဖြစ်သည်
အိမ်ထိန်းသည် အိမ်ကိုသန့်ရှင်းရေးလုပ်နိုင်ပြီးအရသာရှိသောအစားအစာတိုင်းကိုလည်းချက်ပြုတ်ပြင်ဆင်ပေးနိုင်၏
လင်းယွီကထိုအရာများကိုသဘောကျတာကြောင့်သူ့မျက်လုံးထဲတွင်တော့လူတိုင်းကအတူတူပင်ဖြစ်ပေသည်
လင်းယွီကနာနာခံခံနှင့်ပင်ခေါင်းကိုညိတ်ပြလိုက်ပြီး " ကောင်းပါပြီ ရှန်းရှိန်း "
ထိုအဖြစ်အပျက်ကြိးဖြစ်ပျက်သွားပြီးနောက်ယုန်ငယ်လေးသည်ယခင်ကထက်ပိုမိုပျော့ပြောင်းလာသည်ကိုဖူ့ရှီဝိန်တွေ့ရှိခဲ့သည်
သူအနည်းငယ်မကျေမနပ်ဖြစ်နေကာတစ်ခုခုကကွဲပြားကာပျောက်ဆုံးသွားသကဲ့သို့ခံစားလိုက်ရသည်
ဖူ့ရှီဝိန်ကလင်းယွီကိုကြည့်လိုက်ကာ " ညကျရင်အတတ်နိုင်ဆုံးစောစောပြန်လာနိုင်အောင်ကြိုးစားပါ့မယ် "
လင်းယွီကလည်းခေါင်းကိုသာညိတ်ပြလိုက်ကာ " ရှန်းရှိန်း ဘေးကင်းပါစေ "
ဖူ့ရှီဝိန်၏မသိစိတ်မှအလိုလိုနေ၍မျက်မှောင်ကြုတ်မိသည်
သူထွက်သွားပြီးနောက်လင်းယွီသည်ဆိုဖာပေါ်ရှိ ဖူ့ရှဝိန်၏လက်ကိုင်ဖုန်းကိုတွေ့လိုက်ရသည်
" ဖူကော...မြန်မြန်လာတော့...ဒီနေ့ရဲ့ကြယ်ပွင့်လေးအန်းချိန်အထူးတလည်ပြန်လာတာကိုကြိုဆိုနေကြတယ်...အားလုံးကမင်းတစ်ယောက်တည်းကိုပဲမျှော်နေကြတာ "
ဆိုဖာပေါ်မှဖုန်းလေးကရုတ်တရက်မီးလင်းလာပြီး WeChat မှထိုစာတစ်စောင်ကရောက်လာခဲ့သည်
လင်းယွီသည်သူ့နောက်မှတံခါးခေါက်သံကြောင့်အံ့အားသင့်သွားကာအတွေးထဲမှပြန်လည်သတိဝင်လာပြီးအဝေးသို့လျှောက်သွားလိုက်သည်
ဖူ့ရှီဝိန်ထွက်သွားပြီးနောက်သူ့ထံသို့ဆဲလ်ဖုန်းပါမလာသည်ကိုတွေ့လိုက်ရသည်
သူပြန်ဝင်လာကာဆိုဖာပေါ်ရှိဖုန်းကိုကောက်ကိုင်လိုက်ပြီးစားပွဲကိုသန့်ရှင်းနေသောလင်းယွီအားကြည့်ကာပြောလိုက်သည်
" ကိုယ်ဖုန်းကျန်ခဲ့လို့,,,အခုပဲသွားတော့မှာ ...လာပွေ့ဖက်ပါဦး "
လင်းယွီကရှေ့သို့ဖြည်းညင်းစွာလှမ်းလာပြီးဖူ့ရှီဝိန်၏ရင်ခွင်တွင်းသို့တိုးဝင်လိုက်သည်
သူသည်သူ့ရင်ခွင်ထဲရှိယုန်ငယ်လေး၏နဖူးပေါ်သို့ခပ်ဖွဖွအနမ်းတစ်ခုကိုညင်သာစွာပေးလိုက်၏
" အိမ်မှာကောင်းကောင်းနေပြီးကိုယ်ပြန်လာတာကိုစောင့်နေ "
" အင်း " လင်းယွီကခေါင်းကိုအသာညိတ်ပြသည်
ထိုလူထွက်သွားပြီးနောက်လင်းယွီသည်ဆိုဖာပေါ်တွင်ထိုင်နေကာအတန်ကြာအောင်ထိတ်လန့်နေ၏
တစ်နေရာရာမှတုန်ယင်နေဟန်ပေါ်သည့်အသံတစ်ချို့ကိုကြားရပြီးနောက်သူသတိပြန်ဝင်လာခဲ့သည်
အိမ်မှာကြွက်တွေရှိနေတာလား
နောက်ဆုံးရှာဖွေမှုပြီးဆုံးသွားသည့်အခါတွင်တော့လင်းယွီသည်ရေစင်နောက်တွင်ရှိနေသည့်ယုန်ငယ်လေးတစ်ကောင်အားတွေ့လိုက်ရ၏
ထိုယုန်လေးသည်အလွန်ပင်သေးကွေးကာသူ့တွင်နှင်းကဲ့သို့ဖြူဖွေးလှသည့်အမွှေးများနှင့်အထူးသဖြင့်အလွန်အမင်းဆွဲဆောင်မှုရှိသောအနီရောင်မျက်လုံးများပါရှိပြီးထောင့်စွန်းနားလေးသို့ကပ်ကာနေနေ၏
အိမ်မှာဘယ်လိုဖြစ်ပြီးယုန်တွေရှိနေရတာလဲ
ရုတ်ချည်းဆိုသလိုကော်ဖီစားပွဲပေါ်၌တင်ထားသောပန်းရောင်လှောင်အိမ်တစ်ခုရှိခဲ့သည်ကိုသူသတိရမိသွားသည်
သူသည်ငုတ်တုတ်ထိုင်နေသည့်ထိုယုန်ငယ်လေးကိုပွေ့ချီလိုက်ရာ၎င်းသည်အနည်းငယ်ကြောက်ရွှံ့ကာတုန်ယင်နေဟန်ပေါ်၏
သို့ရာတွင်သူပွေ့ချီထားသည်ကိုမရုန်းကန်သောကြောင့်လင်းယွီသည်ခေါင်းကိုငုံ့ကာထိုယုန်ငယ်လေး၏ရှေ့လက်လေးများကိုညင်သာစွာပွတ်သပ်ပေးလိုက်သည်
" ဗိုက်ဆာနေပြီလား "
လင်းယွီကယုန်လေးများဘာစားတတ်သည်ကိုမသိသဖြင့်အင်တာနက်၌စစ်ကြည့်ရာ၎င်းတို့သည်
မြက်ပင်နှင့်ယုန်အစာများကိုစားကြသည်ကိုတွေ့ရသော်လည်းသူ၏အိမ်တွင်တစ်စုံတစ်ရာမျှမရှိပေ
ယုန်လေးများသည်ပန်းသီး၊မုန်လာဉနီနှင့်ရွှေဖရုံသီးများကိုလည်းစားနိုင်ကာအိမ်တွင်မုန်လာဉနီအနည်းငယ်ရှိနေသေးသည်ကိုသူသတိရမိလိုက်၏
လင်းယွီသည်ယုန်ငယ်လေးအားပန်းရောင်လှောင်အိမ်ငယ်ထဲသို့ ထည့်ကာလတ်ဆတ်သောမုန်လာဥနီကိုရှာဖွေရန်မီးဖိုချောင်သို့သွာပြီး၎င်းတို့ကိုပါးပါးလေးဖြစ်အောင်လှီးဖြတ်လိုက်သည်
သူထိုမုန်လာဉနီတို့ကိုဖြန့်ထားသောလက်ဖဝါးအတွင်းသို့ထည့်လိုက်၏
ယုန်ငယ်လေးသည်နှာခေါင်းဖြင့်အနံ့ခံကြည့်ကာသူစားနိုင်ကြောင်းကိုသတိပြုမိသောကြောင့်ခေါင်းကို အနည်းငယ်ငုံ့ကာမုန်လာဥနီကိုကိုက်လိုက်သည်
ယုန်ငယ်လေးသည်အစာစားရာတွင်ပါးစပ်သုံးခုလုံးကိုရွေ့လျားကာဖြည်းဖြည်းချင်းဂရုတစိုက်စားကြပြီး
တစ်ခါတစ်ရံတွင်သူ၏ဖြူဖွေးသောသွားများကိုရှက်ရှက်နှင့်လှစ်ဟပြတတ်သေးသည်
လင်းယွီကသူ့အားထိတွေ့သောအခါမျိုးတွင်သူ၏နားရွက်များကလှုပ်ခါသွားပါသော်လည်းပုန်းကွယ်နေခြင်းမျိုးကိုမလုပ်တော့ပေ
ခဏအကြာတွင်မုန်လာဥနီတစ်လုံးကိုထပ်မံစားပြန်သည်
( ခေါင်းစဉ်က မတူဘူးဆိုတဲ့အဓိပ္ပာယ်က လင်းယွီနဲ့ပတ်သက်ပြီးဖူ့ရှီဝိန်ရဲ့ခံစားချက်ကအရင်ကနဲ့မတူဘူးလို့ပြောချင်တာပါ )
Chapter 28. ရှန်းရှိန်းနဲ့ကျနော်
ညသည်အလွန်ကိုမှတိတ်ဆိတ်လှသောကြောင့်ပြတင်းပေါက်အပြင်ဘက်ရှိသစ်ကိုင်းများတိုးခတ်သံကိုပါ
ကြားနေရသည်
လင်းယွီဆိုဖာပေါ်တွင်ထိုင်ကာသူ၏ ဒိုင်ယာရီစာအုပ်လေးအားဖွင့်လိုက်သည်
သူဒိုင်ယာရီစာအုပ်အထူကြီးတွင်စာကိုထိုစာအုပ်တစ်ဝက်နီးပါးမျှရေးပြီးခဲ့ပြီဖြစ်သည်
လင်းယွီကဒိုင်ယာရီရေးလေ့ရေးထမရှိပေ...သို့သော်ရံဖန်ရံခါတွင်သူသည်အသေးအဖွဲလေးကအစမှတ်တမ်းတင်လေ့ရှိကာယခုတွင်လည်းစာရေးရန်ဘောပင်ကိုထုတ်လိုက်သည်
...........................
၁၁ . ၂၆
" ရာသီဉတုကအရမ်းကိုသာယာတယ်
ဒီနေ့မနက်မထမဦးဆုံးအကြိမ်ထမင်းကြော်လုပ်ခဲ့တယ်
အရသာမကောင်းမှာကိုစိုးရိမ်ခဲ့ပေမယ့်ရှန်းရှိန်းကအရသာရှိတယ်လို့
ပြောခဲ့တာကြောင့်အရမ်းကိုဝမ်းသာပါတယ် "
............................
၃ . ၈
" ရာသီဉတုအနေနဲ့မိုးရွာနေတယ်
မိဘတွေက ကျောင်းသားတွေနဲ့ပတ်သက်ပြိးပညာရေးစွမ်းဆောင်နိုင်ရည်မှု
အကြောင်းဆွေးနွေးနေလို့အိမ်ပြန်နောက်ကျသွားတယ်
ရှန်းရှိန်းကဒီနေ့ဝိုင်မူးပြီးနှုတ်ခမ်းကိုနမ်းခဲ့တယ်
ရှန်းရှိန်းရဲ့နှုတ်ခမ်းကအရမ်းနူးညံ့လို့နောက်တစ်ခေါက်ထပ်နမ်းချင်တယ် "
..............................
၅ . ၁၇
" ဒီနေ့မိုးအုံ့ပေမယ့်မအေးဘူး
ဆေးသောက်ဖို့ငြင်းတတ်တဲ့ ရှန်းရှိန်းကဒီနေ့ဆေးပြားကိုကြိတ်ပြီးတစ်ခါတည်းသောက်ခဲ့တယ်
ရှန်းရှိန်းဘာဖြစ်တာလဲတော့မသိပေမယ့်သူဆေးသောက်ရတာကိုမငြင်တော့းဘူး "
............................
လင်းယွီ၏လက်ချောင်းလေးများကစာကိုတစ်ရွက်ပြီးတစ်ရွက်လှန်လိုက်သည်
ဒိုင်ယာရီ၏နောက်ဆုံးစာမျက်နှာလေးတွင်ယခင်သူရေးထားခဲ့သောပန်းတိုင်စာရင်းဆယ်ခုရှိသည်
အကြောင်းအရာ ၁ : ရှန်းရှိန်းနဲ့အတူနေထွက်ချိန်ကိုကြည့်ဖိူ့တောင်ပေါ်တက်မယ်
အကြောင်းအရာ ၂ : ရှန်းရှိန်းနဲ့အတူနေဝင်ချိန်ကိုကြည့်ဖို့ကမ်းခြေကိုသွားမယ်
..........
အကြောင်းအရာ ၉ : ရှန်းရှိန်းနဲ့အတူအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်မွေးမယ်
အကြောင်းအရာ ၁၀ : ရှန်းရှိန်နဲ့ကလေးလေးနဲ့အတူကမ်းခြေသွားချင်တယ်
.........
သူဆိုဖာထောင့်လေးမှာအိပ်ပျော်နေတဲ့ယုန်ငယ်လေးကိုတစ်ချက်ကြည့်လိုက်ပြီးဘောပင်ကိုကောက်ကိုင်လိုက်ကာအပေါ်ကနံပါတ်ကိုးဆိုတဲ့နေရာလေးမှာအမှန်ခြစ်လေးခြစ်လိုက်တယ်
..........
ညဆယ်နာရီလောက်ရောက်သော်သူတံခါးအပြင်ဘက်မှကားတစ်စီး၏အသံကိုကြားလိုက်ရသည်
ဆိုဖာပေါ်ရှိယုန်ငယ်လေးကနိုးလာကာသူ၏နားရွက်ရှည်ကြီးနှစ်ဖက်မှာလည်းကျယ်လာပြီးပတ်ဝန်းကျင်အားစိုးရိမ်တကြီးကြည့်လာ၏
သူယုန်ငယ်လေး၏ခေါင်းကိုတယုတယနှင့်ပွတ်သပ်ပေးလိုက်သည်
ထိုယုန်ငယ်လေး၏နားရွက်များကပျော့ပြောင်းလာကာသူ၏နှာသီးဖျားလေးနှင့်လင်းယွီ၏လက်လေးအားတိုးဝှေ့လာကာ ဆာလောင်နေဟန်လည်းပေါ်နေ၏
ယုန်လေးများသည်ညဘက်တွင်ပိုမိုဆာလောင်တတ်ကြပြီးနေ့ခင်းဘက်ထက်ပိုမိုစားတတ်ကြသည်
လင်းယွီသည်ယုန်လေးအားမုန်လာဉနီကျွေးကာခဏမျှအာရုံပြောင်းလိုက်သည်
အပြင်ဘက်မှတံခါးခေါက်သံပေါ်လာ၏
ရှန်းရှိန်းကသော့မေ့သွားတာလား
သူယုန်လေးအားချလိုက်ကာတံခါးဖွင့်ပေးရန်ထသွားလိုက်သည်
တံခါးဖွင့်လိုက်သည်နှင့်သူတခဏတာအံ့ဩသွားရသည်
တံခါးအပြင်ဘက်တွင်သူနှင့်တူသောလူငယ်လေးတစ်ယောက်ကဖူ့ရှီဝိန်အားတွဲခေါ်ပေးထား၏
ထိုသူက အန်းချိန်ပင်...
တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းဆုံသွားရာ အန်းချိန်ကလင်းယွီထက်ပိုအံ့ဩသွားဟန်နှင့်
သူ့အားအံ့အားသင့်စွာကြည့်ရင်း
" တောင်းပန်ပါတယ်...မင်းမှာ ရှီဝိန်နဲ့ဒီလိုဆက်ဆံရေးမျိုးရှိမှန်းငါမသိလိုက်ဘူး "
လင်းယွီနှင့်အန်းချိန်တို့သည်အဖွားဖူ၏မွေးနေ့ပွဲတွင်နောက်ဆုံးအကြိမ်ဆုံဖြစ်ခဲ့ခြင်းဖြစ်သည်
လင်းယွီမမေ့နိုင်သေးသောအရာမှာပွဲမပြီးသေးခင်အချိန်လေးတွင်အန်းချိန်ကဖူ့ရှီဝိန်အားသူ့ကိုညွှန်ပြကာ
' ဘယ်သူလဲ ' ဟုမေးရာတွင်ဖူ့ရှီဝိန်ကအရေးမပါသူဟုဖြေခဲ့သည်ကိုသာဖြစ်သည်
နောက်ပိုင်းတွင်လင်းယွီနားလည်ခဲ့သည်
ရှန်းရှိန်းကအန်းချိန်ရှေ့တွင်သူတို့၏ဆက်ဆံရေးကိုမချပြချင်ခဲ့တာဖြစ်သည်
ထိုဖြစ်ရပ်ကိုတွေးမိတိုင်းသူ့နှလုံးသားကတင်းကျပ်ကာပိတ်ဆို့လာခဲ့သည်
" ဖူ့ရှီဝိန်ကအရက်တွေအရမ်းသောက်ထားလို့ငါသူ့ကိုအိမ်လိုက်ပို့ပေးတာ "
ဖူ့ရှီဝိန်ကအန်းချိန်၏တစ်ကိုယ်လုံးအားမှီကာနေနေသည်ကိုကြည့်လျှင်အရက်ကိုအလွန်အကျွံသောက်ထားကာမူးနေမှန်းသိသာလှသည်
" တောင်းပန်ပါတယ်...သူငါ့အစားအရက်တွေအများကြီးသောက်ပေးခဲ့လို့ပါ "
အန်းချိန်၏မျက်နှာကတောင်းပန်မှုများနှင့်ပြည့်နှက်နေ၏
လင်းယွီက အန်းချိန်ပြောသည့်အရာသည်အခြားတစ်ခုသို့ရည်ညွှန်းမှန်းမဟုတ်ကြောင်းကိုသိသော်လည်း
သူ့နားနှင့်တိုက်ရိုက်ကြားလိုက်ရသည့်အခါတွင်တော့အနည်းငယ်စိတ်မသက်မသာဖြစ်သွားရသည်
အန်းချိန်အရက်မသောက်စေရန်အတွက်ဖူ့ရှီဝိန်ကသူ့အစားသောက်ပေးခဲ့တာကြောင့်ထိုကဲ့သို့မူးနေခြင်းဖြစ်သည်
လင်းယွီကထိုသူနှစ်ဦး၏နီးကပ်နေသောခန္ဓာကိုယ်နှစ်ခုအားကြည့်ကာမျက်မှောင်ကြုတ်လိုက်ရင်း
" ရှန်းရှိန်းကိုပေးထားခဲ့လိုက်ပါ "
အန်းချိန်ကပြုံးရင်း " ရပါတယ်...ကျနော်သူ့ကိုကူညီပေးလိုက်ပါ့မယ် " ဟုပြောကာဖူ့ရှီဝိန်အားကူသယ်ပေးလိုက်သည်
သူသည်အခန်းထဲရှိ ဖူ့ရှီဝိန်၏အိပ်ခန်းကိုရင်းနှီးစွာတွေ့လိုက်ရပြီးထိုသူအားအိပ်ရာပေ်ါသို့တင်ကာစောင်ဖြင့်လုံခြုံအောင်ခြုံပေးလိုက်သည်
ဖူ့ရှီဝိန်က ၁.၈၉ မီတာမြင့်ကာအန်းချိန်ကတော့သူ့ထက်အနည်းငယ်ပုပါသည်
လင်းယွီကစကားမပြောဘဲဘေးနားတွင်ရပ်နေကာဖူ့ရှီဝိန်၏မျက်နှာအားတိတ်တဆိတ်ကြည့်ရင်းလက်ချောင်းများကိုသာခပ်တင်းတင်းဆုပ်ကိုင်ထား၏
.
.
.
.
Update မမှန်ပေမယ့်ကိုယ့်ရဲ့စာရေးခြင်းအမှုကိုအသိအမှတ်ပြုပေးတဲ့အနေနဲ့ star လေးတွေမပေးခဲ့ချင်ဘူးလားဟင်
မပေးချင်လည်းမပေးပါနဲ့တော့...ဖတ်ပေးရင်ကိုကျေးဇူးအများကြီးတင်နေပါပြီ
အမှန်တော့ရချင်နေတာ 😁😁😘😘😘