မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း(၄၃) လူသတ္ယႏၲရား

958 248 26
By Sebastiann048

((Zawgyi))

အပိုင္း (၄၃)
လူသတ္ယႏၲရား

💊💊💊

ကုက်ိဳးတစ္ေယာက္ ေထာက္ပ့ံသူဒဏ္ရာရလာတာ ျမင္ေတာ့ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ေထာက္ပ့ံသူက ဒဏ္ရာရလာပါလား? အဲ့ဒါမေကာင္းဘူး..... အခု ေထာက္ပ့ံသူရဲ႕ ခႏၶာကိုယ္က ခံနိုင္ရည္စြမ္း အေတာ္ေလး ေကာင္းတယ္ဆိုေပမယ့္ ဒဏ္ရာရလို႔ေတာ့မျဖစ္ဘူး။ ဒဏ္ရာမရေလ ေကာင္းေလပဲ။

သူက အေစခံေနာက္လိုက္ေခြးတစ္ေယာက္လို ဟန္ေဆာင္လ်က္က ေထာက္ပံ့သူအနားသို႔ ခ်က္ခ်င္း ေျပးသြားလိုက္သည္။ ထို႔ေနာက္ သူ၏ဝတ္႐ုံလက္ထဲမွ -- တကယ္တမ္းေတာ့ သူ၏ ေလဟာနယ္သိုေလွာင္႐ုံထဲမွ ေက်ာက္စိမ္းပုလင္းတစ္ခုကိုထုတ္ကာ စင္ျမင့္ေပၚက ဆင္းလာေသာ ေထာက္ပံ့သူ လက္ထည့္သို႔ တန္းထည့္ေပးလိုက္သည္။

၄င္းတို႔မွာ ထိပ္ဆုံးအဆင့္ ခ်ီအားျဖည့္ေဆးလုံးမ်ားဆိုတာ ေျမႀကီးလက္ခတ္မလြဲေပ။

ကုန္းရိထ်န္းဟန္၏ ခႏၶာကိုယ္သည္ အိမ္ေတာ္တြင္ ေနထိုင္စဥ္က အဆင္ေျပေနေသးသည္။ သို႔ေသာ္ သူသည္ စြန့္စားခန္းခရီးႏွင္ခဲ့သည့္အခ်ိန္မွစ၍ ႏြားခြာယွက္ေျပးေတာင္တန္းမ်ား၌ တိုက္ခိုက္ရင္း ခ်ီစြမ္းအင္မ်ား ကုန္ခန္းလုနီးပါးျဖစ္သည့္အခါတိုင္း ဒီခ်ီအားျဖည့္ေဆးလုံးမ်ားကို မွီဝဲခဲ့သည္။

ထို႔ေၾကာင့္ အခုလို လူအမ်ားႏွင့္ တိုက္ခိုက္ေသာအခါလည္း ေသခ်ာေပါက္ ခြၽင္းခ်က္မရွိေပ။

ကုန္းရိထ်န္းဟန္သည္ ထိုေက်ာက္စိမ္းပုလင္းကို အားမနာတမ္း လက္ခံယူလိုက္ကာ ပုလင္းအဖုံးကို လက္ျဖင့္ အသာေတာက္ဖြင့္လိုက္ၿပီး စိုစိုေျပေျပ၊ ျပည့္ျပည့္ဝိုင္းဝိုင္း ေဆးလုံးေလးတစ္လုံးကို သူ႕ပါးစပ္ထဲသို႔ တန္းၿပီး ပစ္ထည့္လိုက္သည္။ ထို႔ေနာက္ သူက ထိုင္ခုံတစ္လုံးကိုဆြဲကာ တင္ပ်င္ေခြလိုက္ၿပီး အသက္ကိုပုံမွန္ရႈကာ ခ်ီစြမ္းအင္မ်ားကို ျပန္လည္ျဖည့္ဆည္းလိုက္သည္။

ဤသည္ကား အျခားသူမ်ားႏွင့္ တိုက္ခိုက္ခ​ဲ့သမွ်တြင္ ပထမဆုံးအႀကိမ္ ထိုသို႔ ျပဳလုပ္​ျခင္းျဖစ္သည္။ တစ္ဖက္တြင္ စဥ္းစားနိုင္စြမ္းရွိသူအခ်ိဳ႕မွာ သူသုံးလိုက္သည့္ ေဆးလုံးက ဘယ္လိုပစၥည္းမ်ိဳးလဲဆိုတာ ၾကည့္ခ်င္​ေနၾကသည္။ သို႔ေသာ္ သူတို႔က ထိုေဆးလုံး၏ အရည္အေသြး အလြန္ျမင့္မားသည္ဆိုတာသာ အၾကမ္းဖ်င္းသိနိုင္ၿပီး အေသးစိတ္ အက်ိဳးျပဳပုံကိုေတာ့ မသိၾကေပ။

သိပ္မၾကာခင္ ကုန္းရိထ်န္းဟန္သည္ မ်က္လုံးမ်ားကို ဖြင့္လိုက္ေတာ့ သူ႕၏ စြမ္းအားအရွိန္အဝါမ်ားက နဂိုထက္ ပိုမို ႀကီးမားသန္စြမ္းလာသည္ကိုေတြ႕ရသည္။

ကုက်ိဳးက သူ႕အနားသို႔ ကပ္သြားၿပီး အသံနိမ့္ကာေမးလိုက္သည္။

"သခင္ေလး၊ အဆင္ေျပရဲ႕လား?"

ကုန္းရိထ်န္းဟန္က ၿပဳံးလိုက္ကာ:

"ကိုယ္ ေဖာက္ထြက္နိုင္ၿပီ"

ကုက်ိဳး အံ့အားသင့္သြား၏။

ေဖာက္ထြက္နိုင္ၿပီ? ၾကည့္ရတာ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၃)ကေန ေနာက္ဆုံးေတာ့ ဟို႔ထ်န္းကိုးဆင့္လုံး ၿပီးျပည့္စုံေအာင္ က်င့္ႀကံနိုင္တ​ဲ့အဆင့္ကိုေရာက္သြားတာလား?

သို႔ေသာ္ ဟို႔ထ်န္းကိုးဆင့္စလုံးကို ၿပီးျပည့္စုံေအာင္ က်င့္ႀကံနိုင္ျခင္းက အဆင့္ကိုးဆင့္လုံး၏ စြမ္းအားမ်ားကို အျပစ္အနာအဆာမရွိ က်င့္ႀကံနိုင္ျခင္းသာျဖစ္ၿပီး အဲ့ဒါက ရွန္းထ်န္းအဆင့္ကို တက္လွမ္းနိုင္ဖို႔ ေျခတစ္ဝက္လွမ္းနိုင္သည္ဟုသာ ဆိုရ​ေပမည္။ ထို႔ေၾကာင့္ ဤသည္မွာ စစ္မွန္ေသာ ေဖာက္ထြက္ျခင္းေတာ့ မဟုတ္။ တကယ္လို္ ေထာက္ပံ့သူက ရွန္းထ်န္းအဆင့္ေရာက္ဖို႔ ေျခတစ္ဝက္လွမ္းနိုင္တာကို ေဖာက္ထြက္သည္ဟုဆိုလွ်င္ အဲ့ဒါက ကိစၥႀကီးႀကီးမားမားေတာ့မဟုတ္ေပ.....

ကုက်ိဳးက အခ်ိန္ခဏၾကာ အနည္းငယ္ နားမလည္နိုင္ျဖစ္သြား၏။

ကုန္းရိထ်န္းဟန္က ကုက်ိဳး၏ နားမလည္သည့္ပုံကို ျမင္ေသာ္လည္း ခ်က္ခ်င္း မရွင္းျပေသးေပ။ သူက မာနေထာင္လႊားသည့္ပုံျဖင့္ ေျပာလိုက္သည္။

"ဒီသခင္ေလးရဲ႕ နိုင္ေၾကးေတြကို အျမန္သြားမယူေသးဘူးလား?"

ကုက်ိဳးက ခ်က္ခ်င္း ျပန္အသက္ဝင္လာကာ ေကာင္တာဆီသို႔ ေျပးသြားသည္။

ေကာင္တာေနာက္တြင္ ရပ္ေနေသာ ပိန္ေညာင္ေညာင္ တာဝန္ခံမွာ မ်က္လုံးမ်ားက လူသတ္ခ်င္စိတ္မ်ားပင္ ျဖစ္ေပၚေနသည္။

ဤတိုက္ႀကီးတစ္ခုလုံးႏွင့္ လုပ္ကိုင္ေနေသာ တေစၦလမ္းလူသတ္အဖြဲ႕အစည္းအေနႏွင့္ဆိုလွ်င္ေတာ့ ေ႐ႊစ (၁.၂၈)မီလီယံဆိုတာက အေသးအဖြဲ ပမာဏသာျဖစ္သည္။ သို႔ေသာ္ ယခုလို အဖြဲ႕ခြဲေလးတစ္ခုအတြက္ အဲ့ဒါက အလြန္ႀကီးမားေသာ လည္ပတ္စရယ အရင္းအႏွီးေငြပမာဏျဖစ္သည္။

သို႔ေသာ္ ဒုစရိုက္ေလာကတြင္ ဒုစရိုက္ေလာက၏ စည္းမ်ဥ္းစည္းကမ္းမ်ားရွိေပသည္။ သူတို႔သည္ အဖြဲ႕ခြဲေလးတစ္ခုပင္ျဖစ္ပါေစ၊ ေျပာၿပီးသားေလာင္းေၾကးကိုေတာ့ ကတိပ်က္၍မျဖစ္ေခ်။ ေနာက္ၿပီး သူတို႔အေနျဖင့္ ယခုလို မ်ားမ်ားေလာင္း မ်ားမ်ားနိုင္သူ၊ လူသစ္ေလာင္းကစားသမားမ်ားကို တစ္စုံတစ္ရာ ထိခိုက္ေအာင္ လုပ္လို႔မျဖစ္ေပ။

ဒီလိုမွမဟုတ္..... ႀကိဳးဝိုင္းထဲမွာပဲ.....

ပိန္ေညာင္ေညာင္တာဝန္ခံ၏ မ်က္ႏွာသည္ အနည္းငယ္ တုန္ရီသြားၿပီးေနာက္ အင္တင္တင္ႏွင့္ ရယ္ျပလာသည္။

"ဒီကသခင္ေလးက ထပ္ၿပီး ေလာင္းခ်င္ေသးလား သိပါရေစ?"

ကုက်ိဳးက ေခါင္းလွည့္ကာ ကုန္းရိထ်န္းဟန္ကို ၾကည့္လိုက္သည္။

ကုန္းရိထ်န္းဟန္က မ်က္ခုံးပင့္လိုက္ကာ:

"ေလာင္းေၾကးက ဘယ္ႏွဆလဲ?"

ကုက်ိဳးက ေခါင္းကိုျပန္လွည့္ကာ ထိုပိန္ေညာင္ေညာင္ တာဝန္ခံကို ၾကည့္ၿပီး ေျပာလိုက္သည္။

"ငါတို႔သခင္ေလးက ေမးေနတယ္ေလ!"

ပိန္ေညာင္ေညာင္တာဝန္ခံ၏ ပါးစပ္က အေၾကာဆြဲသြားကာ:

"ေလာင္းေၾကး ႏွစ္ဆ"

ကုက်ိဳးက လ်င္ျမန္စြာ ေအာ္ေျပာလိုက္သည္။

"သခင္ေလး၊ ေလာင္းေၾကးႏွစ္ဆပါ!"

ကုန္းရိထ်န္းဟန္က သေရာ္ၿပဳံးၿပဳံးကာ ေျပာလိုက္သည္။

"အဲ့ေလာက္ေတာင္နည္းသလား? ဘယ္လိုလုပ္ ေပ်ာ္ဖို႔ေကာင္းေတာ့မွာလဲ? ေ႐ႊသားလက္မွတ္ေတြ ျပန္ယူလာခဲ့!"

ကုက်ိဳးက ေနာက္တစ္ခါ ေအာ္ေျပာလိုက္ျပန္သည္။

"အမိန့္အတိုင္းပါ! သခင္ေလး!"

ထို႔ေနာက္ သူက ပိန္ေညာင္ေညာင္တာဝန္ခံ၏ မလိုလားသည့္အၾကည့္၊ ေလာင္းေၾကးလက္ခံသူ တာဝန္ခံ၏ မေက်မနပ္တြန့္ဆုတ္ေနေသာအၾကည့္ႏွင့္ ေဘးနားမွ ရပ္ၾကည့္ေနသူ သိုင္းပညာရွင္မ်ားစြာ၏ ေလာဘတက္သည့္ အၾကည့္မ်ားေရွ႕ေမွာက္၌ ေ႐ႊသားလက္မွတ္အထူႀကီး တစ္ထပ္ကို ယူကာ ေထာက္ပံ့သူထံသို႔ ေပးလိုက္၏။

ကုန္းရိထ်န္းဟန္က အဲ့ဒါကို တစ္ခ်က္မွ် ၾကည့္လိုက္ကာ:

"မင္းပဲ သိမ္းထားလိုက္ေတာ့"

ကုက်ိဳးသည္ အနားရွိလူမ်ား၏ ပင့္သက္ရွိုက္သံမ်ားကိုၾကားရသည္။ သူက ရယ္ခ်င္စိတ္ကို ထိန္းကာ:

"ဟုတ္ကဲ့ သခင္ေလး!"

သူက ေျပာၿပီးသည္ႏွင့္ ထိုေ႐ႊသားလက္မွတ္ တစ္ထပ္ႀကီးကို သူ႕ဝတ္႐ုံစထဲသို႔ ထိုးထည့္လိုက္သည္။ ၿပီးတာနဲ႕ သူခမ်ာ ဘက္ေပါင္းစုံမွ စိုက္ၾကည့္လာသည့္ ပူေလာင္ျပင္းထန္ေသာ အၾကည့္မ်ားကို ခံစားမိေတာ့သည္။

ဒါ​က နည္းနည္းေတာ့ ေၾကာက္ဖို႔ေကာင္းတယ္။

ကုက်ိဳးသည္ အသက္ေအာင့္လိုက္ကာ လုံအာ့အေနာက္သို႔ ဝင္ပုန္းလိုက္၏။

အား.... သူက အားနည္းတဲ့ ေဆးဆရာေလးတစ္ေယာက္သက္သက္ပါေနာ္။

သို႔ေသာ္ ကုန္းရိထ်န္းဟန္သည္ ထပ္မံေလာင္းေၾကးမထပ္ေသာ္ျငား သူရင္ဆိုင္ရမည့္ၿပိဳင္ဘက္ကေတာ့ ပိုမို၍ ခြန္အားႀကီးမား သန္မာလာဆဲပင္။

ဒီတစ္ခ်ီထြက္ေပၚလာသည့္ ၿပိဳင္ဘက္က အလြန္ရက္စက္ၾကမ္းတမ္းသည့္ သားရဲတစ္ေကာင္အလား ထင္ရသည္။ -- မဟုတ္ေသးဘူး။ ထိုလူက ဒီအတိုင္းဘာမွမလုပ္ဘဲ ရပ္ေနခ်ိန္တြင္ တေစၦတစ္ေကာင္ႏွင့္တူၿပီး စတင္လႈပ္ရွားလိုက္သည္ႏွင့္ သူခႏၶာကိုယ္တစ္ခုလုံးမွာ အလြန္ဆိုး႐ြားသည့္ ရက္စက္ၾကမ္းၾကဳတ္မႈမ်ား လႊမ္းၿခဳံသြားသည္။ သူပုံစံက လူသတ္ယႏၲရားတစ္ခုႏွင့္ပင္တူၿပီး အလြန္ေၾကာက္စရာေကာင္းလွသည္!

ထိုအခါက်မွ ကုန္းရိထ်န္းဟန္သည္ စိတ္ကေန ေနာက္ဆုံးေတာ့ ေက်နပ္သြား၏။

ထိုလူသတ္ယႏၲရားလိုလူသည္ ဒီတေစၦလမ္းအဖြဲ႕အစည္းမွ ပ်ိဳးေထာင္ထားသည့္ အသက္ေပါင္းမ်ားစြာကို သတ္ျဖတ္ဖူးေသာ အေတြ႕အႀကဳံရွိသည့္ လူသတ္သမားစစ္စစ္ဆိုတာ သူအတပ္ေျပာနိုင္သည္။ သူ႕လက္ထဲတြင္ လူအသက္ ဘယ္ေလာက္မ်ားမ်ား သတ္ခဲ့မွန္းေတာင္ မသိရနိုင္ေပ။ ထိုလူက အမွန္တကယ္ကို လက္ေ႐ြးစင္ လူသတ္သမားတစ္ေယာက္ျဖစ္သည္။

တကယ္လို႔ သူက ရိုးရိုးသာမာန္ လူဆိုးေလးေတြနဲ႕ တိုက္ခိုက္ခ်င္တာဆို ဘာလို႔ ဒီေနရာအထိ တကူးတက လာ​ေနရမွာလဲ? သူ႕လက္ေအာက္ငယ္သားေတြကို သူခိုးဓားျပေတြ ဘယ္နားမွာ ေသာင္းက်န္းေနလဲ စုံစမ္းခိုင္းၿပီး သူတို႔ကိုဘသုတ္သင္ရွင္းလင္းပစ္လိုက္လို႔ရတာပ​ဲ။ သူလိုခ်င္တာက တေစၦလမ္းအဖြဲ႕အစည္းက ထက္ေအာင္ေသြးေနသည့္ လူသတ္သမားအသစ္ေလးမ်ားလည္း မဟုတ္ေပ။ ႐ႊီဝမ္ဟယ္ သူ႕ကို ဒီေနရာသို႔သြားရန္ အႀကံျပဳကတည္းက သူ႕စိတ္ထဲမွာ အစီအစဥ္ခ်ၿပီးသားျဖစ္သည္။ -- သူလိုခ်င္သည္က မ်က္စိေရွ႕တြင္ ေသျခင္းရွင္ျခင္းကို နဖူးေတြ႕ဒူးေတြႀကဳံရၿပီး ထိတ္လန့္တုန္လႈပ္ဖြယ္ ခံစားခ်က္မ်ိဳးႏွင့္ ေသေရးရွင္ေရးၾကား အသက္လုရေသာ ေသြးထြက္သံယို အေျခအေနမ်ိဳးတြင္ ကိုယ့္ကိုယ္ကို ေလ့က်င့္႐ုန္းကန္ခ်င္တာျဖစ္သည္!

ေသျခင္းတရားကို အႀကိမ္ႀကိမ္ အနီးကပ္ ေတြ႕ႀကဳံၿပီး ၄င္းတို႔ကို ေအာင္နိုင္ျခင္းကသာ သူ၏ စိတ္ဓာတ္ခြန္အားကို ပိုမိုႀကံခိုင္လာေစမွာ​ျဖစ္သလို၊ မည္သည့္ အၾကပ္အတည္းမ်ိဳးကိုမဆို ရင္ဆိုင္နိုင္စြမ္းရွိမွ သိုင္းပညာက်င့္ႀကံေရးလမ္းစဥ္ေပၚ ေျခကုပ္ယူကာ ထိပ္ဆုံးသို႔ ေရာက္ရွိမွာျဖစ္သည္!

ထို႔ေၾကာင့္ ကုန္းရိထ်န္းဟန္သည္ မာနေထာင္လႊားသည့္ပုံစံကို မသိမသာျပခဲ့ၿပီး ႀကီးမားသည့္ ေငြေၾကးပမာဏကိုသုံးကာ ထိုေလာင္းကစားသမားမ်ား၏ စိတ္ကို ဆြေပးခဲ့သည္။ ထို႔ေနာက္ နိုင္ပြဲမ်ားမွတဆင့္ ထိုေလာင္းကစားသမားမ်ားကို ထိတ္ထိတ္ပ်ာပ်ာျဖစ္ေစၿပီး အဖြဲအစည္းမွ အုပ္ခ်ဳပ္သူမ်ားကို သူသည္ သြားရႈပ္၍မရေသာ သတိထားစရာလူျဖစ္ေၾကာင္း အသိအမွတ္ျပဳေစသည္။ သူက အဖြဲ႕အစည္းမွလူမ်ား၏ အစြန္းဆုံ သည္းခံနိုင္စြမ္းကို ဆြေပးၿပီးသည္ႏွင့္ ခ်က္ခ်င္း အခ်ိန္မီရပ္တန့္လိုက္သည္။ ထိုအခါက်မွ အဖြဲ႕အစည္းက သူတို႔၏ လက္ေ႐ြးစင္ ဝွက္ဖဲမ်ားကို ေနာက္ဆုံးေတာ့ ထုတ္သုံးလာခဲ့ၿပီျဖစ္သည္။

-- ဒီတစ္ခါမွာေတာ့ ဌာနခြဲတစ္ခုလုံးက ကုန္းရိထ်န္းဟန္ကို လုံးဝ အသက္ရွင္ခြင့္ မေပးခ်င္ေပ။

သူ ဘယ္လိုပဲ အထိန္းအကြပ္မဲ့၊ မာနေထာင္လႊားေနပါေစ၊ သူက အမွန္တကယ္ပင္ တဇြတ္ထိုးမာနႀကီးသူအစစ္ျဖစ္ပါေစ၊ အတုပင္ျဖစ္ပါေစ၊ သူ၏ သ႐ုပ္အမွန္က ဘယ္လိုလူမ်ိဳးပင္ျဖစ္ပါေစ၊ သူတို႔အားလုံးကေတာ့ သူ႕ကို ဒီေနရာမွာ အေရခြံႏႊာပစ္မွာျဖစ္သည္!

အဲ့ဒါကေတာ့ ကုန္းရိထ်န္းဟန္လိုခ်င္သည့္ အဖြဲ႕အစည္း၏ သေဘာထားပင္ျဖစ္သည္။

ကုန္းရိထ်န္းဟန္ကား အလြန္႐ူးသြပ္သူတစ္ေယာက္ပါေပ။

ကုက်ိဳးခမ်ာ ယခုအခ်ိန္တြင္ သူ႕ေထာက္ပံ့သူသည္ စိတ္အားထက္သန္မႈမ်ားျဖင့္ စတင္ေလာင္ျမႇိုက္ေနသည္ကို သတိမျပဳမိရွာေပ။ သူက ေထာက္ပံ့သူရင္ဆိုင္တိုက္ခိုက္ရမည့္ ၿပိဳင္ဘက္ကိုၾကည့္ကာ တသိမ့္သိမ့္တုန္ေနၿပီး သူ၏ေထာက္ပံ့သူ ေအာင္ပြဲခံကာ ျပန္လာမည့္အခ်ိန္ကို ရိုးသားစြာ ေစာင့္ဆိုင္းေနသည္။

သူသည္ သူ႕ေထာက္ပ့ံသူသာ ေနာက္ဆုံးမွာ အျပတ္အသတ္အနိုင္ရမည္ဟု အခိုင္အမာ ယုံၾကည္ေနသည္!

💊💊💊

ဒီတစ္ခ်ီေတာ့ ကုန္းရိထ်န္းဟန္သည္ ယခင္လို လြယ္ကူစြာ မတိုက္ခိုက္နိုင္ေပ။ ေနာက္ၿပီး သူက အရင္ကကဲ့သို႔ သူ၏ နည္းလမ္းမ်ားကို ဖုံးကြယ္မထားေတာ့ေပ။

သူက သိုင္းပညာအစြမ္းအားလုံးကို အျပည့္အဝအသုံးခ်ခဲ့သည္။ သူ၏ေျခလွမ္းသိုင္းကြက္မ်ားက အလြန္မွန္းဆရန္ခက္ခဲသလို၊ အျမန္ႏႈန္းကလည္း ေရွ႕ပြဲမ်ားထက္ ပိုမိုလ်င္ျမန္လာသည္။ သူ၏တိုက္ခိုက္မႈမ်ားသည္ ပိုမိုျပင္းထန္ကာ တိုက္ခိုက္သည့္ ရႈေထာင့္မ်ားကလည္း ပို၍ ဥာဏ္မ်ားၿပီး ေျခလက္မ်ားက ပိုမိုအခ်ိတ္အဆက္မိလာသည္။

သူသည္ မၾကာခဏဆိုသလို ေဘးနားက ၾကည့္ရႈေနသူ သိုင္းပညာရွင္မ်ားပင္ မ်က္စိႏွင့္ မျမင္နိုင္ေသာ သိုင္းကြက္မ်ားျဖင့္ တုန့္ျပန္တိုက္ခိုက္ေနသည္။ သူ၏ တိုက္္ကြက္မ်ားက (၁၀)ႀကိမ္မက ေျပာင္းလဲေနၿပီး တိုက္ခိုက္သည့္အခါတိုင္း ျပင္းထန္သည့္ လက္သီးခ်က္မ်ားက မရပ္မနားတမ္း ေပါက္ကြဲထြက္သြားသည္။ သူ ေဝွ႕ယမ္းလိုက္သည့္ လက္ဝါးခ်က္မ်ားသည္ တစ္ခုႏွင့္တစ္ခုၾကား ေလအဟုန္ခြင္းသံမ်ား ထြက္ေပၚလာသည္။

မ်ားစြာေသာ သိုင္းပညာရွင္တို႔သည္ ထိုအလိုလိုက္ခံထားရေသာ သခင္ေလးက ပို၍ျမန္ဆန္ကာ ပို၍အင္အားႀကီးမားလာသည္ကို ျမင္ရသည္။ သို႔ေသာ္ သူတို႔သည္ ထိုသို႔ေသာ ေၾကာက္စရာစြမ္းအားမ်ားကို အရင္က တစ္ခုမွမေတြ႕ဖူးမွန္းသိသာလွသည္။ သူက ဒီအခ်ိန္တိုေလးအတြင္းမွာ ဒီလို ေၾကာက္ခမန္းလိလိတိုးတက္လာတာက အရမ္းခ်ဲ့ကားလြန္းတယ္မဟုတ္လား? ဒါမွမဟုတ္ ဒီလူငယ္ေလးက သူရဲ႕ခြန္အားအစစ္အမွန္ကို အစကတည္းက ဖုံးကြယ္ထားခဲ့တာလား?

အေတြ႕အႀကဳံရွိေသာ လူသတ္သမားသည္ အမည္းေရာင္အရိပ္အျဖစ္ ေျပာင္းကာ မွန္းဆရခက္သည့္ တိုက္ခိုက္မႈမ်ားျဖင့္ ဘက္ေပါင္းစုံမွ တိုက္ခိုက္လိုက္သည္။ သူက ေၾကာက္စရာ စြမ္းအားမ်ားျဖင့္ ပြဲခ်င္းၿပီးေသေစနိုင္ေသာ ရိုက္ခ်က္တစ္ခုကို ပစ္လႊတ္လိုက္သည္!

သို႔ေသာ္ သူ၏တိုက္ကြက္မ်ားအားလုံးကိုကုန္းရိထ်န္းဟန္က တားဆီးနိုင္သည္။ သူတို႔အခ်င္းခ်င္း ကန္ေက်ာက္သံ၊ ထိုးသတ္ေနသံမ်ားက အဆက္မျပတ္ထြက္ေပၚေနၿပီး သူတို႔၏ တိုက္ခိုက္မႈစြမ္းအားမ်ား ထိခတ္သြားတိုင္း မိုးခ်ိမ္းသံကဲ့သို႔ ေပါက္ကြဲသံမ်ား က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။

ကုန္းရိထ်န္ဟန္က အလြန္ ေအးေဆးတည္ၿငိမ္ေနသည္။

သူသည္ သူ၏အေသြးအသားမ်ားကို ဆုတ္ၿဖဲၿပီး ရိုးတြင္းခ်င္ဆီအထိ ေဖာက္ထြင္းခ်င္ေနေသာ အဆုံးမဲ့ လူသတ္ခ်င္စိတ္မ်ားကို ခံစားသိ​ေနသည္။ သူက ၿပိဳင္ဖက္၏ ပြဲခ်င္းၿပီးေသေစနိုင္ေသာ တိုက္ကြက္မ်ားကို အႀကိမ္ေပါင္းမ်ားစြာ လက္မတင္ေလးေရွာင္တိမ္းလိုက္သည္။ သူ၏ ၿပိဳင္ဘက္ဆီမွ သတ္ျဖတ္ခ်င္စိတ္မ်ား ျပင္းထန္စြာ လွ်ံထြက္လာသည္။ ၿပိဳင္ဘက္က သိမ္ဖ်င္းေသာ နည္းလမ္းမ်ားသုံးၿပီး သူ႕ကို တိုက္ခိုက္လာတိုင္း ၿပိဳင္ဘက္၏ ေသးငယ္ေသာလႈပ္ရွားမႈမ်ားပါမက်န္ မ်က္ေျခမျပတ္ေစာင့္ၾကည့္ကာ သူ၏ခႏၶာကိုယ္ကို ၿပိဳင္ဖက္၏ တိုက္ခိုက္မႈမ်ား လာရာလမ္းေၾကာင္းမွ အခ်ိန္မီတြက္ခ်က္ကာ လြတ္ေအာင္ေရွာင္တိန္းလ်က္ နည္းမ်ိဳးစုံျဖင့္ ျပန္လည္တိုက္ခိုက္လိုက္သည္။

ဤကဲ့သို႔ အလြန္ေကာင္းမြန္သည့္ ထိုးထြင္းသိျမင္နိုင္စြမ္းကား သူ၏ ေမြးရာပါ ဗီဇပါရမီျဖစ္သည္။ အဲ့ဒါက သူ၏အတုမရွိေသာ ဥာဏ္ပညာႏွင့္ေပါင္းစပ္လိုက္သည့္အခါ ကုန္းရိထ်န္ဟန္သည္ ခြန္အားအႀကီးမားဆုံးသူတစ္ေယာက္ျဖစ္လာသည္။

သူ၏ ေသေရးရွင္ေရး အၾကပ္အတည္း ပိုမိုႀကီးမားေလ သူ႕စိတ္က ပို၍ တည္ၿငိမ္လာေလျဖစ္သည္။

ထို႔ေၾကာင့္ သူ၏မ်က္လုံးမ်ားသည္ ႏွစ္ဖက္ျမင္မွန္သားတစ္ခ်ပ္လို အေရွ႕က လူသတ္ယႏၲရား၏ သတ္ျဖတ္မႈနည္းလမ္းအားလုံးကို အေသးစိတ္ အား႐ုံစိုက္ထားသည္။

သို႔ျဖစ္၍ တေစၦလမ္းအဖြဲ႕အစည္းသည္ ထိုလူသတ္ယႏၲရားကို ဂ႐ုတစိုက္က်င့္ႀကံပ်ိဳးေထာင္ေပးခ​ဲ့သည္မွန္ေသာ္လည္း ထိုလူသည္ မိမိ၏တိုက္ကြက္မ်ားကို ကုန္းရိထ်န္းဟန္ က်င့္သားမရမီ အစပိုင္း၌သာ ကုန္းရိထ်န္းဟန္ကို ထိခိုက္ဒဏ္ရာအနည္းငယ္ရေစနိုင္ၿပီး ေနာက္ပိုင္းမွာေတာ့ ကုန္းရိထ်န္းဟန္၏ တိုက္ကြက္မ်ားက ပိုမိုရဲရင့္လာသည့္အခါ ထိုလူသတ္ယႏၲရားမွာ ဓာတ္အားျပတ္ေတာက္လာသည့္ စက္ပစၥည္းတစ္ခုလိုျဖစ္လာသည္။ သူက သူ၏ အလင္းအလ်င္လိုျမန္သည့္ လွ်ပ္စီးမုန္တိုင္းလိုတိုက္ကြက္မ်ားကို ဆက္လက္ထိန္းထားနိုင္စြမ္းမရွိေတာ့ေပ!

ကုန္းရိထ်န္းဟန္သည္ မာနေထာင္လႊားသည့္အမူအယာကို မေမ့မေလ်ာ့ ထိန္းသိမ္းထားေသာ္လည္း လႈပ္ရွားမႈမ်ားကေတာ့ အမူအယာႏွင့္ လိုက္ဖက္မႈမရွိေပ။ သူက ႐ုတ္တရတ္ ေကာင္းကင္သိန္းငွက္ေျခလွမ္းကို အသုံးျပဳလိုက္သည္။ ထို႔ေနာက္ သူက ၄င္းသိုင္းကြက္ႏွင့္ ေႁမြဝိညာဥ္ေျခလွမ္းသိုင္းကြက္ကို ႀကိမ္ဖန္မ်ားစြာ ေျပာင္းလဲအသုံးျပဳလိုက္သည္။ ေနာက္ဆုံးေတာ့ သူသည္ အေရွ႕အေခါက္မ်ားနည္းတူ လူသတ္သမားထက္ ပိုမိုဥာဏ္မ်ားစြာ လူသတ္သမား၏ ေနာက္သို႔ တိတ္တဆိတ္ ခ်ဥ္းကပ္ၿပီး သူ၏လည္ပင္းကို ခ်ိဳးပစ္လိုက္သည္!

အမွန္ပင္၊ လူသတ္သမား၏ လည္ပင္းသည္ ခက္ခဲၾကမ္းတမ္းသည့္ ေလ့က်င့္မႈမ်ားေၾကာင့္ မာေက်ာေနေလၿပီ။ သို႔ေသာ္ ကုန္းရိထ်န္းဟန္က အဲ့ဒါအတြက္ ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္၏။ သူက အားကုန္သုံးကာ တေစၦလမ္းေၾကးစားလူသတ္အဖြဲ႕အစည္း၏ လူသတ္ယႏၲရားတစ္ေယာက္ကို ကြၽမ္းက်င္စြာ သတ္ျဖတ္ပစ္လိုက္သည္!

တိုက္ပြဲကားၿပီးဆုံးသြား​ၿပီ။

မေရမတြက္နိုင္ေသာ သိုင္းပညာရွင္မ်ား၏စိတ္ထ​ဲဝယ္ ခါးသီးအမုန္းတရားမ်ားျဖစ္ေပၚလာသည္။

ဤေနရာတြင္ အေနၾကာေနသည့္ သိုင္းပညာရွင္အမ်ားစုက သာမာန္ထက္ထူးျခားေသာ ျမင္နိုင္စြမ္းရွိၾကသည္။ ထို႔အျပင္ ဦးေႏွာက္မရွိသည့္ လူတခ်ိဳ႕မွလြဲ၍ က်န္​ပုံမွန္ေလာင္းကစားသမားမ်ားက ေလာင္ေၾကးႀကီးႀကီးကို ျမင္၍ေတာ့ သူတို႔၏ ေဝဖန္ပိုင္ျခားနိုင္စြမ္းကို ဖုံးကြယ္ေစမွာမဟုတ္ေပ။

ဥပမာ၊ သူတို႔အထဲတြင္ အတြက္အခ်က္အလြန္ေတာ္သူမ်ားရွိၿပီး ထိုသူမ်ားက လူအမ်ား မ်က္စိက်ေနသည့္ ကုန္းရိထ်န္းဟန္ႏွင့္ သူ႕အဖြဲ႕သည္ ေနာက္ဆုံးမွာ အဆုံးသတ္လွမည္မဟုတ္ဟု ႀကိဳတင္တြက္ဆထားသည္။ တကယ္လည္း ထိုလူသတ္ယႏၲရားထြက္ေပၚလာခ်ိန္၌ သူတို႔က အဲ့ဒီလူသတ္သမားကို သိုင္းပညာရွင္အမ်ားစုႏွင့္ ကြဲျပားမွန္း သိေနၾကသည္။

ထို႔ေၾကာင့္ ေလာင္းကစားသမားအမ်ားစုက စိတ္ထဲက အလိုလို ယုံၾကည္စိတ္ခ်သြားသည္။ အဲ့ဒါကေတာ့ ကုန္းရိထ်န္းဟန္က မည္မွ် ပါရမီရွိသူပင္ျဖစ္ေစ၊ အမွန္တကယ္ ဓားေတာင္ကိုေက်ာ္ကာ ေသြးပင္လယ္ေဝရသည့္ တိုက္ပြဲမ်ိဳးကို မႀကဳံဖူးသူျဖစ္သည္။ ထိုအခ်က္က တေစၦလမ္းအဖြဲ႕အစည္းမွ ေသခ်ာပ်ိဳးေထာင္ထားသည့္ လက္ေ႐ြးစင္ လူသတ္သမားႏွင့္ ယွဥ္ဖို႔ လုံးဝမျဖစ္နိုင္ေပ။ ထို႔​ေၾကာင့္ သူတို႔က ေလာင္ေၾကးထပ္သည့္အခါ အေတြ႕အႀကဳံရွိသူ လူသတ္ယႏၲရားကိုသာ ေ႐ြးခ်ယ္ခဲ့ၾကသည္။

ဒါေပမယ့္ ေနာက္ဆုံးေတာ့ ကုန္းရိထ်န္းဟန္ကပဲ နိုင္သြားလိမ့္မယ္လို႔ ဘယ္သူကေတြးမိမွာလဲ?

တစ္ပြဲၿပီးတစ္ပြဲပါပဲလား။

သိုင္းပညာရွင္မ်ားက ကုန္းရိထ်န္းဟန္ကို ရႈံးေတာ့မည္ဟု ထင္လိုက္တိုင္း သူက အမ်ိဳးမ်ိဳးေသာ နည္းလမ္းမ်ားျဖင့္ အနိုင္ရရွိခဲ့သည္။ ေနာက္ဆုံး တေစၦလမ္းအဖြဲ႕အစည္းက လက္ေ႐ြးစင္ လူသတ္သမား ေရာက္လာတာေတာင္ သူတို႔မ်က္ႏွာကို ျဖတ္ရိုက္ခံရဆဲျဖစ္သည္။

အဲ့ဒါက သူတို႔ကို ေနာက္ဆုံးမွာ တစ္ခုခုမွားယြင္းေနၿပီဆိုတာ ခံစားခ်က္ရေစသည္။....

လူတိုင္းက မ်က္ႏွာအေရာင္ေျပာင္းသြားၾကသည္။

ကုက်ိဳးက ေထာက္ပံ့သူဆီ အျမန္ေျပးသြားၿပီး ထိပ္တန္းအဆင့္ ခ်ီအားျဖည့္ေဆးလုံးမ်ားႏွင့္ ေႏြဦးသစ္လြင္ေဆးလုံးမ်ားကို အဆက္မျပတ္ လက္ထဲထည့္ေပးလိုက္သည္။ -- ေထာက္ပံ့သူသည္ အဝတ္အစားမ်ား စုတ္ၿပဲေန႐ုံသာမက ခႏၶာကိုယ္ေပၚ၌ ေသြးမ်ားယိုစီးက်ေနသည့္ ဒဏ္ရာ အႀကီးအေသးမ်ိဳးစုံ ရွိေနသည္။ ထို႔ေနာက္ ေထာက္ပံ့သူ၏ ဒဏ္ရာမ်ားက တစ္ခုမက်န္ အျမန္ေကာင္းမြန္လာကာ ျပန္လည္ခြန္အားျပည့္လာသည္။

သို႔ေသာ္ ကုက်ိဳးသည္ ေနာက္ထပ္လာမည့္ တိုက္ပြဲမ်ားက ဒီထက္ အဆေပါင္းမ်ားစြာ ပိုမိုခက္ခဲၾကမ္းတမ္းမည္ကို သိေနသည္!

...အားယား၊ ေထာက္ပံ့သူက တကယ္ အရမ္းကို သည္းထိတ္ရင္ဖိုေတြ စြန့္စားတာပဲ!

____________________________________

အခ်စ္ဆုံးတို႔ေရ.........

GoodBye 2021 & Say Hello to the New Year 2022. သာသာရဲ႕ စာဖတ္သူေတြနဲ႕ ႏွစ္သစ္ကို အတူတူေက်ာ္ျဖတ္ခဲ့တာ အခုဆို သုံးႏွစ္ေျမာက္ရွိခ​ဲ့ပါၿပီ။ သာသာနဲ႕ ႏွစ္တိုင္း အတူတူ ရွိေပးခဲ့တဲ့ စာဖတ္သူေတြ အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ေနာက္ကိုလည္း အတူတူ ရွိေပးနိုင္ေအာင္ အမ်ားႀကီး ႀကိဳးစားေပးပါ့မယ္ေနာ္။ (၂၀၂၁)ရဲ႕ ေနာက္ဆုံး update ေလးနဲ႕အတူ ေနာက္ႏွစ္မွာ အပိုင္းအသစ္ေတြနဲ႕ ျပန္ေတြ႕ၾကမယ္ေနာ္။ အားလုံးပဲ ႏွစ္သစ္မွာ ေဘးကင္းလုံၿခဳံၿပီး ကိုယ္ေရာ စိတ္ပါ ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ။

With love ❤
Taiga 😘

(

(Unicode))

အပိုင်း (၄၃)
လူသတ်ယန္တရား

💊💊💊

ကုကျိုးတစ်ယောက် ထောက်ပ့ံသူဒဏ်ရာရလာတာ မြင်တော့ မျက်မှောင်ကြုတ်လိုက်သည်။

ထောက်ပ့ံသူက ဒဏ်ရာရလာပါလား? အဲ့ဒါမကောင်းဘူး..... အခု ထောက်ပ့ံသူရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်စွမ်း အတော်လေး ကောင်းတယ်ဆိုပေမယ့် ဒဏ်ရာရလို့တော့မဖြစ်ဘူး။ ဒဏ်ရာမရလေ ကောင်းလေပဲ။

သူက အစေခံနောက်လိုက်ခွေးတစ်ယောက်လို ဟန်ဆောင်လျက်က ထောက်ပံ့သူအနားသို့ ချက်ချင်း ပြေးသွားလိုက်သည်။ ထို့နောက် သူ၏ဝတ်ရုံလက်ထဲမှ -- တကယ်တမ်းတော့ သူ၏ လေဟာနယ်သိုလှောင်ရုံထဲမှ ကျောက်စိမ်းပုလင်းတစ်ခုကိုထုတ်ကာ စင်မြင့်ပေါ်က ဆင်းလာသော ထောက်ပံ့သူ လက်ထည့်သို့ တန်းထည့်ပေးလိုက်သည်။

၄င်းတို့မှာ ထိပ်ဆုံးအဆင့် ချီအားဖြည့်ဆေးလုံးများဆိုတာ မြေကြီးလက်ခတ်မလွဲပေ။

ကုန်းရိထျန်းဟန်၏ ခန္ဓာကိုယ်သည် အိမ်တော်တွင် နေထိုင်စဥ်က အဆင်ပြေနေသေးသည်။ သို့သော် သူသည် စွန့်စားခန်းခရီးနှင်ခဲ့သည့်အချိန်မှစ၍ နွားခွာယှက်ပြေးတောင်တန်းများ၌ တိုက်ခိုက်ရင်း ချီစွမ်းအင်များ ကုန်ခန်းလုနီးပါးဖြစ်သည့်အခါတိုင်း ဒီချီအားဖြည့်ဆေးလုံးများကို မှီဝဲခဲ့သည်။

ထို့ကြောင့် အခုလို လူအများနှင့် တိုက်ခိုက်သောအခါလည်း သေချာပေါက် ချွင်းချက်မရှိပေ။

ကုန်းရိထျန်းဟန်သည် ထိုကျောက်စိမ်းပုလင်းကို အားမနာတမ်း လက်ခံယူလိုက်ကာ ပုလင်းအဖုံးကို လက်ဖြင့် အသာတောက်ဖွင့်လိုက်ပြီး စိုစိုပြေပြေ၊ ပြည့်ပြည့်ဝိုင်းဝိုင်း ဆေးလုံးလေးတစ်လုံးကို သူ့ပါးစပ်ထဲသို့ တန်းပြီး ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ထိုင်ခုံတစ်လုံးကိုဆွဲကာ တင်ပျင်ခွေလိုက်ပြီး အသက်ကိုပုံမှန်ရှုကာ ချီစွမ်းအင်များကို ပြန်လည်ဖြည့်ဆည်းလိုက်သည်။

ဤသည်ကား အခြားသူများနှင့် တိုက်ခိုက်ခ​ဲ့သမျှတွင် ပထမဆုံးအကြိမ် ထိုသို့ ပြုလုပ်​ခြင်းဖြစ်သည်။ တစ်ဖက်တွင် စဥ်းစားနိုင်စွမ်းရှိသူအချို့မှာ သူသုံးလိုက်သည့် ဆေးလုံးက ဘယ်လိုပစ္စည်းမျိုးလဲဆိုတာ ကြည့်ချင်​ေနကြသည်။ သို့သော် သူတို့က ထိုဆေးလုံး၏ အရည်အသွေး အလွန်မြင့်မားသည်ဆိုတာသာ အကြမ်းဖျင်းသိနိုင်ပြီး အသေးစိတ် အကျိုးပြုပုံကိုတော့ မသိကြပေ။

သိပ်မကြာခင် ကုန်းရိထျန်းဟန်သည် မျက်လုံးများကို ဖွင့်လိုက်တော့ သူ့၏ စွမ်းအားအရှိန်အဝါများက နဂိုထက် ပိုမို ကြီးမားသန်စွမ်းလာသည်ကိုတွေ့ရသည်။

ကုကျိုးက သူ့အနားသို့ ကပ်သွားပြီး အသံနိမ့်ကာမေးလိုက်သည်။

"သခင်လေး၊ အဆင်ပြေရဲ့လား?"

ကုန်းရိထျန်းဟန်က ပြုံးလိုက်ကာ:

"ကိုယ် ဖောက်ထွက်နိုင်ပြီ"

ကုကျိုး အံ့အားသင့်သွား၏။

ဖောက်ထွက်နိုင်ပြီ? ကြည့်ရတာ ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)ကနေ နောက်ဆုံးတော့ ဟို့ထျန်းကိုးဆင့်လုံး ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်တ​ဲ့အဆင့်ကိုရောက်သွားတာလား?

သို့သော် ဟို့ထျန်းကိုးဆင့်စလုံးကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခြင်းက အဆင့်ကိုးဆင့်လုံး၏ စွမ်းအားများကို အပြစ်အနာအဆာမရှိ ကျင့်ကြံနိုင်ခြင်းသာဖြစ်ပြီး အဲ့ဒါက ရှန်းထျန်းအဆင့်ကို တက်လှမ်းနိုင်ဖို့ ခြေတစ်ဝက်လှမ်းနိုင်သည်ဟုသာ ဆိုရ​ပေမည်။ ထို့ကြောင့် ဤသည်မှာ စစ်မှန်သော ဖောက်ထွက်ခြင်းတော့ မဟုတ်။ တကယ်လို် ထောက်ပံ့သူက ရှန်းထျန်းအဆင့်ရောက်ဖို့ ခြေတစ်ဝက်လှမ်းနိုင်တာကို ဖောက်ထွက်သည်ဟုဆိုလျှင် အဲ့ဒါက ကိစ္စကြီးကြီးမားမားတော့မဟုတ်ပေ.....

ကုကျိုးက အချိန်ခဏကြာ အနည်းငယ် နားမလည်နိုင်ဖြစ်သွား၏။

ကုန်းရိထျန်းဟန်က ကုကျိုး၏ နားမလည်သည့်ပုံကို မြင်သော်လည်း ချက်ချင်း မရှင်းပြသေးပေ။ သူက မာနထောင်လွှားသည့်ပုံဖြင့် ပြောလိုက်သည်။

"ဒီသခင်လေးရဲ့ နိုင်ကြေးတွေကို အမြန်သွားမယူသေးဘူးလား?"

ကုကျိုးက ချက်ချင်း ပြန်အသက်ဝင်လာကာ ကောင်တာဆီသို့ ပြေးသွားသည်။

ကောင်တာနောက်တွင် ရပ်နေသော ပိန်ညောင်ညောင် တာဝန်ခံမှာ မျက်လုံးများက လူသတ်ချင်စိတ်များပင် ဖြစ်ပေါ်နေသည်။

ဤတိုက်ကြီးတစ်ခုလုံးနှင့် လုပ်ကိုင်နေသော တစ္ဆေလမ်းလူသတ်အဖွဲ့အစည်းအနေနှင့်ဆိုလျှင်တော့ ရွှေစ (၁.၂၈)မီလီယံဆိုတာက အသေးအဖွဲ ပမာဏသာဖြစ်သည်။ သို့သော် ယခုလို အဖွဲ့ခွဲလေးတစ်ခုအတွက် အဲ့ဒါက အလွန်ကြီးမားသော လည်ပတ်စရယ အရင်းအနှီးငွေပမာဏဖြစ်သည်။

သို့သော် ဒုစရိုက်လောကတွင် ဒုစရိုက်လောက၏ စည်းမျဥ်းစည်းကမ်းများရှိပေသည်။ သူတို့သည် အဖွဲ့ခွဲလေးတစ်ခုပင်ဖြစ်ပါစေ၊ ပြောပြီးသားလောင်းကြေးကိုတော့ ကတိပျက်၍မဖြစ်ချေ။ နောက်ပြီး သူတို့အနေဖြင့် ယခုလို များများလောင်း များများနိုင်သူ၊ လူသစ်လောင်းကစားသမားများကို တစ်စုံတစ်ရာ ထိခိုက်အောင် လုပ်လို့မဖြစ်ပေ။

ဒီလိုမှမဟုတ်..... ကြိုးဝိုင်းထဲမှာပဲ.....

ပိန်ညောင်ညောင်တာဝန်ခံ၏ မျက်နှာသည် အနည်းငယ် တုန်ရီသွားပြီးနောက် အင်တင်တင်နှင့် ရယ်ပြလာသည်။

"ဒီကသခင်လေးက ထပ်ပြီး လောင်းချင်သေးလား သိပါရစေ?"

ကုကျိုးက ခေါင်းလှည့်ကာ ကုန်းရိထျန်းဟန်ကို ကြည့်လိုက်သည်။

ကုန်းရိထျန်းဟန်က မျက်ခုံးပင့်လိုက်ကာ:

"လောင်းကြေးက ဘယ်နှဆလဲ?"

ကုကျိုးက ခေါင်းကိုပြန်လှည့်ကာ ထိုပိန်ညောင်ညောင် တာဝန်ခံကို ကြည့်ပြီး ပြောလိုက်သည်။

"ငါတို့သခင်လေးက မေးနေတယ်လေ!"

ပိန်ညောင်ညောင်တာဝန်ခံ၏ ပါးစပ်က အကြောဆွဲသွားကာ:

"လောင်းကြေး နှစ်ဆ"

ကုကျိုးက လျင်မြန်စွာ အော်ပြောလိုက်သည်။

"သခင်လေး၊ လောင်းကြေးနှစ်ဆပါ!"

ကုန်းရိထျန်းဟန်က သရော်ပြုံးပြုံးကာ ပြောလိုက်သည်။

"အဲ့လောက်တောင်နည်းသလား? ဘယ်လိုလုပ် ပျော်ဖို့ကောင်းတော့မှာလဲ? ရွှေသားလက်မှတ်တွေ ပြန်ယူလာခဲ့!"

ကုကျိုးက နောက်တစ်ခါ အော်ပြောလိုက်ပြန်သည်။

"အမိန့်အတိုင်းပါ! သခင်လေး!"

ထို့နောက် သူက ပိန်ညောင်ညောင်တာဝန်ခံ၏ မလိုလားသည့်အကြည့်၊ လောင်းကြေးလက်ခံသူ တာဝန်ခံ၏ မကျေမနပ်တွန့်ဆုတ်နေသောအကြည့်နှင့် ဘေးနားမှ ရပ်ကြည့်နေသူ သိုင်းပညာရှင်များစွာ၏ လောဘတက်သည့် အကြည့်များရှေ့မှောက်၌ ရွှေသားလက်မှတ်အထူကြီး တစ်ထပ်ကို ယူကာ ထောက်ပံ့သူထံသို့ ပေးလိုက်၏။

ကုန်းရိထျန်းဟန်က အဲ့ဒါကို တစ်ချက်မျှ ကြည့်လိုက်ကာ:

"မင်းပဲ သိမ်းထားလိုက်တော့"

ကုကျိုးသည် အနားရှိလူများ၏ ပင့်သက်ရှိုက်သံများကိုကြားရသည်။ သူက ရယ်ချင်စိတ်ကို ထိန်းကာ:

"ဟုတ်ကဲ့ သခင်လေး!"

သူက ပြောပြီးသည်နှင့် ထိုရွှေသားလက်မှတ် တစ်ထပ်ကြီးကို သူ့ဝတ်ရုံစထဲသို့ ထိုးထည့်လိုက်သည်။ ပြီးတာနဲ့ သူခမျာ ဘက်ပေါင်းစုံမှ စိုက်ကြည့်လာသည့် ပူလောင်ပြင်းထန်သော အကြည့်များကို ခံစားမိတော့သည်။

ဒါ​က နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်။

ကုကျိုးသည် အသက်အောင့်လိုက်ကာ လုံအာ့အနောက်သို့ ဝင်ပုန်းလိုက်၏။

အား.... သူက အားနည်းတဲ့ ဆေးဆရာလေးတစ်ယောက်သက်သက်ပါနော်။

သို့သော် ကုန်းရိထျန်းဟန်သည် ထပ်မံလောင်းကြေးမထပ်သော်ငြား သူရင်ဆိုင်ရမည့်ပြိုင်ဘက်ကတော့ ပိုမို၍ ခွန်အားကြီးမား သန်မာလာဆဲပင်။

ဒီတစ်ချီထွက်ပေါ်လာသည့် ပြိုင်ဘက်က အလွန်ရက်စက်ကြမ်းတမ်းသည့် သားရဲတစ်ကောင်အလား ထင်ရသည်။ -- မဟုတ်သေးဘူး။ ထိုလူက ဒီအတိုင်းဘာမှမလုပ်ဘဲ ရပ်နေချိန်တွင် တစ္ဆေတစ်ကောင်နှင့်တူပြီး စတင်လှုပ်ရှားလိုက်သည်နှင့် သူခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်မှုများ လွှမ်းခြုံသွားသည်။ သူပုံစံက လူသတ်ယန္တရားတစ်ခုနှင့်ပင်တူပြီး အလွန်ကြောက်စရာကောင်းလှသည်!

ထိုအခါကျမှ ကုန်းရိထျန်းဟန်သည် စိတ်ကနေ နောက်ဆုံးတော့ ကျေနပ်သွား၏။

ထိုလူသတ်ယန္တရားလိုလူသည် ဒီတစ္ဆေလမ်းအဖွဲ့အစည်းမှ ပျိုးထောင်ထားသည့် အသက်ပေါင်းများစွာကို သတ်ဖြတ်ဖူးသော အတွေ့အကြုံရှိသည့် လူသတ်သမားစစ်စစ်ဆိုတာ သူအတပ်ပြောနိုင်သည်။ သူ့လက်ထဲတွင် လူအသက် ဘယ်လောက်များများ သတ်ခဲ့မှန်းတောင် မသိရနိုင်ပေ။ ထိုလူက အမှန်တကယ်ကို လက်ရွေးစင် လူသတ်သမားတစ်ယောက်ဖြစ်သည်။

တကယ်လို့ သူက ရိုးရိုးသာမာန် လူဆိုးလေးတွေနဲ့ တိုက်ခိုက်ချင်တာဆို ဘာလို့ ဒီနေရာအထိ တကူးတက လာ​ေနရမှာလဲ? သူ့လက်အောက်ငယ်သားတွေကို သူခိုးဓားပြတွေ ဘယ်နားမှာ သောင်းကျန်းနေလဲ စုံစမ်းခိုင်းပြီး သူတို့ကိုဘသုတ်သင်ရှင်းလင်းပစ်လိုက်လို့ရတာပ​ဲ။ သူလိုချင်တာက တစ္ဆေလမ်းအဖွဲ့အစည်းက ထက်အောင်သွေးနေသည့် လူသတ်သမားအသစ်လေးများလည်း မဟုတ်ပေ။ ရွှီဝမ်ဟယ် သူ့ကို ဒီနေရာသို့သွားရန် အကြံပြုကတည်းက သူ့စိတ်ထဲမှာ အစီအစဥ်ချပြီးသားဖြစ်သည်။ -- သူလိုချင်သည်က မျက်စိရှေ့တွင် သေခြင်းရှင်ခြင်းကို နဖူးတွေ့ဒူးတွေကြုံရပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်မျိုးနှင့် သေရေးရှင်ရေးကြား အသက်လုရသော သွေးထွက်သံယို အခြေအနေမျိုးတွင် ကိုယ့်ကိုယ်ကို လေ့ကျင့်ရုန်းကန်ချင်တာဖြစ်သည်!

သေခြင်းတရားကို အကြိမ်ကြိမ် အနီးကပ် တွေ့ကြုံပြီး ၄င်းတို့ကို အောင်နိုင်ခြင်းကသာ သူ၏ စိတ်ဓာတ်ခွန်အားကို ပိုမိုကြံခိုင်လာစေမှာ​ဖြစ်သလို၊ မည်သည့် အကြပ်အတည်းမျိုးကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိမှ သိုင်းပညာကျင့်ကြံရေးလမ်းစဥ်ပေါ် ခြေကုပ်ယူကာ ထိပ်ဆုံးသို့ ရောက်ရှိမှာဖြစ်သည်!

ထို့ကြောင့် ကုန်းရိထျန်းဟန်သည် မာနထောင်လွှားသည့်ပုံစံကို မသိမသာပြခဲ့ပြီး ကြီးမားသည့် ငွေကြေးပမာဏကိုသုံးကာ ထိုလောင်းကစားသမားများ၏ စိတ်ကို ဆွပေးခဲ့သည်။ ထို့နောက် နိုင်ပွဲများမှတဆင့် ထိုလောင်းကစားသမားများကို ထိတ်ထိတ်ပျာပျာဖြစ်စေပြီး အဖွဲအစည်းမှ အုပ်ချုပ်သူများကို သူသည် သွားရှုပ်၍မရသော သတိထားစရာလူဖြစ်ကြောင်း အသိအမှတ်ပြုစေသည်။ သူက အဖွဲ့အစည်းမှလူများ၏ အစွန်းဆုံ သည်းခံနိုင်စွမ်းကို ဆွပေးပြီးသည်နှင့် ချက်ချင်း အချိန်မီရပ်တန့်လိုက်သည်။ ထိုအခါကျမှ အဖွဲ့အစည်းက သူတို့၏ လက်ရွေးစင် ဝှက်ဖဲများကို နောက်ဆုံးတော့ ထုတ်သုံးလာခဲ့ပြီဖြစ်သည်။

-- ဒီတစ်ခါမှာတော့ ဌာနခွဲတစ်ခုလုံးက ကုန်းရိထျန်းဟန်ကို လုံးဝ အသက်ရှင်ခွင့် မပေးချင်ပေ။

သူ ဘယ်လိုပဲ အထိန်းအကွပ်မဲ့၊ မာနထောင်လွှားနေပါစေ၊ သူက အမှန်တကယ်ပင် တဇွတ်ထိုးမာနကြီးသူအစစ်ဖြစ်ပါစေ၊ အတုပင်ဖြစ်ပါစေ၊ သူ၏ သရုပ်အမှန်က ဘယ်လိုလူမျိုးပင်ဖြစ်ပါစေ၊ သူတို့အားလုံးကတော့ သူ့ကို ဒီနေရာမှာ အရေခွံနွှာပစ်မှာဖြစ်သည်!

အဲ့ဒါကတော့ ကုန်းရိထျန်းဟန်လိုချင်သည့် အဖွဲ့အစည်း၏ သဘောထားပင်ဖြစ်သည်။

ကုန်းရိထျန်းဟန်ကား အလွန်ရူးသွပ်သူတစ်ယောက်ပါပေ။

ကုကျိုးခမျာ ယခုအချိန်တွင် သူ့ထောက်ပံ့သူသည် စိတ်အားထက်သန်မှုများဖြင့် စတင်လောင်မြှိုက်နေသည်ကို သတိမပြုမိရှာပေ။ သူက ထောက်ပံ့သူရင်ဆိုင်တိုက်ခိုက်ရမည့် ပြိုင်ဘက်ကိုကြည့်ကာ တသိမ့်သိမ့်တုန်နေပြီး သူ၏ထောက်ပံ့သူ အောင်ပွဲခံကာ ပြန်လာမည့်အချိန်ကို ရိုးသားစွာ စောင့်ဆိုင်းနေသည်။

သူသည် သူ့ထောက်ပ့ံသူသာ နောက်ဆုံးမှာ အပြတ်အသတ်အနိုင်ရမည်ဟု အခိုင်အမာ ယုံကြည်နေသည်!

💊💊💊

ဒီတစ်ချီတော့ ကုန်းရိထျန်းဟန်သည် ယခင်လို လွယ်ကူစွာ မတိုက်ခိုက်နိုင်ပေ။ နောက်ပြီး သူက အရင်ကကဲ့သို့ သူ၏ နည်းလမ်းများကို ဖုံးကွယ်မထားတော့ပေ။

သူက သိုင်းပညာအစွမ်းအားလုံးကို အပြည့်အဝအသုံးချခဲ့သည်။ သူ၏ခြေလှမ်းသိုင်းကွက်များက အလွန်မှန်းဆရန်ခက်ခဲသလို၊ အမြန်နှုန်းကလည်း ရှေ့ပွဲများထက် ပိုမိုလျင်မြန်လာသည်။ သူ၏တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်ကာ တိုက်ခိုက်သည့် ရှုထောင့်များကလည်း ပို၍ ဥာဏ်များပြီး ခြေလက်များက ပိုမိုအချိတ်အဆက်မိလာသည်။

သူသည် မကြာခဏဆိုသလို ဘေးနားက ကြည့်ရှုနေသူ သိုင်းပညာရှင်များပင် မျက်စိနှင့် မမြင်နိုင်သော သိုင်းကွက်များဖြင့် တုန့်ပြန်တိုက်ခိုက်နေသည်။ သူ၏ တိုက််ကွက်များက (၁၀)ကြိမ်မက ပြောင်းလဲနေပြီး တိုက်ခိုက်သည့်အခါတိုင်း ပြင်းထန်သည့် လက်သီးချက်များက မရပ်မနားတမ်း ပေါက်ကွဲထွက်သွားသည်။ သူ ဝှေ့ယမ်းလိုက်သည့် လက်ဝါးချက်များသည် တစ်ခုနှင့်တစ်ခုကြား လေအဟုန်ခွင်းသံများ ထွက်ပေါ်လာသည်။

များစွာသော သိုင်းပညာရှင်တို့သည် ထိုအလိုလိုက်ခံထားရသော သခင်လေးက ပို၍မြန်ဆန်ကာ ပို၍အင်အားကြီးမားလာသည်ကို မြင်ရသည်။ သို့သော် သူတို့သည် ထိုသို့သော ကြောက်စရာစွမ်းအားများကို အရင်က တစ်ခုမှမတွေ့ဖူးမှန်းသိသာလှသည်။ သူက ဒီအချိန်တိုလေးအတွင်းမှာ ဒီလို ကြောက်ခမန်းလိလိတိုးတက်လာတာက အရမ်းချဲ့ကားလွန်းတယ်မဟုတ်လား? ဒါမှမဟုတ် ဒီလူငယ်လေးက သူရဲ့ခွန်အားအစစ်အမှန်ကို အစကတည်းက ဖုံးကွယ်ထားခဲ့တာလား?

အတွေ့အကြုံရှိသော လူသတ်သမားသည် အမည်းရောင်အရိပ်အဖြစ် ပြောင်းကာ မှန်းဆရခက်သည့် တိုက်ခိုက်မှုများဖြင့် ဘက်ပေါင်းစုံမှ တိုက်ခိုက်လိုက်သည်။ သူက ကြောက်စရာ စွမ်းအားများဖြင့် ပွဲချင်းပြီးသေစေနိုင်သော ရိုက်ချက်တစ်ခုကို ပစ်လွှတ်လိုက်သည်!

သို့သော် သူ၏တိုက်ကွက်များအားလုံးကိုကုန်းရိထျန်းဟန်က တားဆီးနိုင်သည်။ သူတို့အချင်းချင်း ကန်ကျောက်သံ၊ ထိုးသတ်နေသံများက အဆက်မပြတ်ထွက်ပေါ်နေပြီး သူတို့၏ တိုက်ခိုက်မှုစွမ်းအားများ ထိခတ်သွားတိုင်း မိုးချိမ်းသံကဲ့သို့ ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကုန်းရိထျန်ဟန်က အလွန် အေးဆေးတည်ငြိမ်နေသည်။

သူသည် သူ၏အသွေးအသားများကို ဆုတ်ဖြဲပြီး ရိုးတွင်းချင်ဆီအထိ ဖောက်ထွင်းချင်နေသော အဆုံးမဲ့ လူသတ်ချင်စိတ်များကို ခံစားသိ​ေနသည်။ သူက ပြိုင်ဖက်၏ ပွဲချင်းပြီးသေစေနိုင်သော တိုက်ကွက်များကို အကြိမ်ပေါင်းများစွာ လက်မတင်လေးရှောင်တိမ်းလိုက်သည်။ သူ၏ ပြိုင်ဘက်ဆီမှ သတ်ဖြတ်ချင်စိတ်များ ပြင်းထန်စွာ လျှံထွက်လာသည်။ ပြိုင်ဘက်က သိမ်ဖျင်းသော နည်းလမ်းများသုံးပြီး သူ့ကို တိုက်ခိုက်လာတိုင်း ပြိုင်ဘက်၏ သေးငယ်သောလှုပ်ရှားမှုများပါမကျန် မျက်ခြေမပြတ်စောင့်ကြည့်ကာ သူ၏ခန္ဓာကိုယ်ကို ပြိုင်ဖက်၏ တိုက်ခိုက်မှုများ လာရာလမ်းကြောင်းမှ အချိန်မီတွက်ချက်ကာ လွတ်အောင်ရှောင်တိန်းလျက် နည်းမျိုးစုံဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

ဤကဲ့သို့ အလွန်ကောင်းမွန်သည့် ထိုးထွင်းသိမြင်နိုင်စွမ်းကား သူ၏ မွေးရာပါ ဗီဇပါရမီဖြစ်သည်။ အဲ့ဒါက သူ၏အတုမရှိသော ဥာဏ်ပညာနှင့်ပေါင်းစပ်လိုက်သည့်အခါ ကုန်းရိထျန်ဟန်သည် ခွန်အားအကြီးမားဆုံးသူတစ်ယောက်ဖြစ်လာသည်။

သူ၏ သေရေးရှင်ရေး အကြပ်အတည်း ပိုမိုကြီးမားလေ သူ့စိတ်က ပို၍ တည်ငြိမ်လာလေဖြစ်သည်။

ထို့ကြောင့် သူ၏မျက်လုံးများသည် နှစ်ဖက်မြင်မှန်သားတစ်ချပ်လို အရှေ့က လူသတ်ယန္တရား၏ သတ်ဖြတ်မှုနည်းလမ်းအားလုံးကို အသေးစိတ် အားရုံစိုက်ထားသည်။

သို့ဖြစ်၍ တစ္ဆေလမ်းအဖွဲ့အစည်းသည် ထိုလူသတ်ယန္တရားကို ဂရုတစိုက်ကျင့်ကြံပျိုးထောင်ပေးခ​ဲ့သည်မှန်သော်လည်း ထိုလူသည် မိမိ၏တိုက်ကွက်များကို ကုန်းရိထျန်းဟန် ကျင့်သားမရမီ အစပိုင်း၌သာ ကုန်းရိထျန်းဟန်ကို ထိခိုက်ဒဏ်ရာအနည်းငယ်ရစေနိုင်ပြီး နောက်ပိုင်းမှာတော့ ကုန်းရိထျန်းဟန်၏ တိုက်ကွက်များက ပိုမိုရဲရင့်လာသည့်အခါ ထိုလူသတ်ယန္တရားမှာ ဓာတ်အားပြတ်တောက်လာသည့် စက်ပစ္စည်းတစ်ခုလိုဖြစ်လာသည်။ သူက သူ၏ အလင်းအလျင်လိုမြန်သည့် လျှပ်စီးမုန်တိုင်းလိုတိုက်ကွက်များကို ဆက်လက်ထိန်းထားနိုင်စွမ်းမရှိတော့ပေ!

ကုန်းရိထျန်းဟန်သည် မာနထောင်လွှားသည့်အမူအယာကို မမေ့မလျော့ ထိန်းသိမ်းထားသော်လည်း လှုပ်ရှားမှုများကတော့ အမူအယာနှင့် လိုက်ဖက်မှုမရှိပေ။ သူက ရုတ်တရတ် ကောင်းကင်သိန်းငှက်ခြေလှမ်းကို အသုံးပြုလိုက်သည်။ ထို့နောက် သူက ၄င်းသိုင်းကွက်နှင့် မြွေဝိညာဥ်ခြေလှမ်းသိုင်းကွက်ကို ကြိမ်ဖန်များစွာ ပြောင်းလဲအသုံးပြုလိုက်သည်။ နောက်ဆုံးတော့ သူသည် အရှေ့အခေါက်များနည်းတူ လူသတ်သမားထက် ပိုမိုဥာဏ်များစွာ လူသတ်သမား၏ နောက်သို့ တိတ်တဆိတ် ချဥ်းကပ်ပြီး သူ၏လည်ပင်းကို ချိုးပစ်လိုက်သည်!

အမှန်ပင်၊ လူသတ်သမား၏ လည်ပင်းသည် ခက်ခဲကြမ်းတမ်းသည့် လေ့ကျင့်မှုများကြောင့် မာကျောနေလေပြီ။ သို့သော် ကုန်းရိထျန်းဟန်က အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။ သူက အားကုန်သုံးကာ တစ္ဆေလမ်းကြေးစားလူသတ်အဖွဲ့အစည်း၏ လူသတ်ယန္တရားတစ်ယောက်ကို ကျွမ်းကျင်စွာ သတ်ဖြတ်ပစ်လိုက်သည်!

တိုက်ပွဲကားပြီးဆုံးသွား​ြပီ။

မရေမတွက်နိုင်သော သိုင်းပညာရှင်များ၏စိတ်ထ​ဲဝယ် ခါးသီးအမုန်းတရားများဖြစ်ပေါ်လာသည်။

ဤနေရာတွင် အနေကြာနေသည့် သိုင်းပညာရှင်အများစုက သာမာန်ထက်ထူးခြားသော မြင်နိုင်စွမ်းရှိကြသည်။ ထို့အပြင် ဦးနှောက်မရှိသည့် လူတချို့မှလွဲ၍ ကျန်​ပုံမှန်လောင်းကစားသမားများက လောင်ကြေးကြီးကြီးကို မြင်၍တော့ သူတို့၏ ဝေဖန်ပိုင်ခြားနိုင်စွမ်းကို ဖုံးကွယ်စေမှာမဟုတ်ပေ။

ဥပမာ၊ သူတို့အထဲတွင် အတွက်အချက်အလွန်တော်သူများရှိပြီး ထိုသူများက လူအများ မျက်စိကျနေသည့် ကုန်းရိထျန်းဟန်နှင့် သူ့အဖွဲ့သည် နောက်ဆုံးမှာ အဆုံးသတ်လှမည်မဟုတ်ဟု ကြိုတင်တွက်ဆထားသည်။ တကယ်လည်း ထိုလူသတ်ယန္တရားထွက်ပေါ်လာချိန်၌ သူတို့က အဲ့ဒီလူသတ်သမားကို သိုင်းပညာရှင်အများစုနှင့် ကွဲပြားမှန်း သိနေကြသည်။

ထို့ကြောင့် လောင်းကစားသမားအများစုက စိတ်ထဲက အလိုလို ယုံကြည်စိတ်ချသွားသည်။ အဲ့ဒါကတော့ ကုန်းရိထျန်းဟန်က မည်မျှ ပါရမီရှိသူပင်ဖြစ်စေ၊ အမှန်တကယ် ဓားတောင်ကိုကျော်ကာ သွေးပင်လယ်ဝေရသည့် တိုက်ပွဲမျိုးကို မကြုံဖူးသူဖြစ်သည်။ ထိုအချက်က တစ္ဆေလမ်းအဖွဲ့အစည်းမှ သေချာပျိုးထောင်ထားသည့် လက်ရွေးစင် လူသတ်သမားနှင့် ယှဥ်ဖို့ လုံးဝမဖြစ်နိုင်ပေ။ ထို့​ကြောင့် သူတို့က လောင်ကြေးထပ်သည့်အခါ အတွေ့အကြုံရှိသူ လူသတ်ယန္တရားကိုသာ ရွေးချယ်ခဲ့ကြသည်။

ဒါပေမယ့် နောက်ဆုံးတော့ ကုန်းရိထျန်းဟန်ကပဲ နိုင်သွားလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ?

တစ်ပွဲပြီးတစ်ပွဲပါပဲလား။

သိုင်းပညာရှင်များက ကုန်းရိထျန်းဟန်ကို ရှုံးတော့မည်ဟု ထင်လိုက်တိုင်း သူက အမျိုးမျိုးသော နည်းလမ်းများဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ဆုံး တစ္ဆေလမ်းအဖွဲ့အစည်းက လက်ရွေးစင် လူသတ်သမား ရောက်လာတာတောင် သူတို့မျက်နှာကို ဖြတ်ရိုက်ခံရဆဲဖြစ်သည်။

အဲ့ဒါက သူတို့ကို နောက်ဆုံးမှာ တစ်ခုခုမှားယွင်းနေပြီဆိုတာ ခံစားချက်ရစေသည်။....

လူတိုင်းက မျက်နှာအရောင်ပြောင်းသွားကြသည်။

ကုကျိုးက ထောက်ပံ့သူဆီ အမြန်ပြေးသွားပြီး ထိပ်တန်းအဆင့် ချီအားဖြည့်ဆေးလုံးများနှင့် နွေဦးသစ်လွင်ဆေးလုံးများကို အဆက်မပြတ် လက်ထဲထည့်ပေးလိုက်သည်။ -- ထောက်ပံ့သူသည် အဝတ်အစားများ စုတ်ပြဲနေရုံသာမက ခန္ဓာကိုယ်ပေါ်၌ သွေးများယိုစီးကျနေသည့် ဒဏ်ရာ အကြီးအသေးမျိုးစုံ ရှိနေသည်။ ထို့နောက် ထောက်ပံ့သူ၏ ဒဏ်ရာများက တစ်ခုမကျန် အမြန်ကောင်းမွန်လာကာ ပြန်လည်ခွန်အားပြည့်လာသည်။

သို့သော် ကုကျိုးသည် နောက်ထပ်လာမည့် တိုက်ပွဲများက ဒီထက် အဆပေါင်းများစွာ ပိုမိုခက်ခဲကြမ်းတမ်းမည်ကို သိနေသည်!

...အားယား၊ ထောက်ပံ့သူက တကယ် အရမ်းကို သည်းထိတ်ရင်ဖိုတွေ စွန့်စားတာပဲ!

____________________________________

အချစ်ဆုံးတို့ရေ.........

GoodBye 2021 & Say Hello to the New Year 2022. သာသာရဲ့ စာဖတ်သူတွေနဲ့ နှစ်သစ်ကို အတူတူကျော်ဖြတ်ခဲ့တာ အခုဆို သုံးနှစ်မြောက်ရှိခ​ဲ့ပါပြီ။ သာသာနဲ့ နှစ်တိုင်း အတူတူ ရှိပေးခဲ့တဲ့ စာဖတ်သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ကိုလည်း အတူတူ ရှိပေးနိုင်အောင် အများကြီး ကြိုးစားပေးပါ့မယ်နော်။ (၂၀၂၁)ရဲ့ နောက်ဆုံး update လေးနဲ့အတူ နောက်နှစ်မှာ အပိုင်းအသစ်တွေနဲ့ ပြန်တွေ့ကြမယ်နော်။ အားလုံးပဲ နှစ်သစ်မှာ ဘေးကင်းလုံခြုံပြီး ကိုယ်ရော စိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ။

With love ❤
Taiga 😘

Continue Reading

You'll Also Like

215K 30.2K 96
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
1.3M 52.4K 25
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
241K 28.1K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။
331K 67.7K 127
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature