မင်းအတွက် ဆေးတစ်ခွက် [System]
By Sebastiann048
78.7K 14.1K 876
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More
About
ကျင့်​ကြံ​ရေးအဆင့်​သတ်​မှတ်​ချက်​များ
အတွဲ (၁) အပိုင်း (၁) System က Host ကို အသိအမှတ်ပြုခြင်း
အပိုင်း (၂) ​သေ​လောက်​သည့်​မစ်​ရှင်
အပိုင်း (၃) ​ရှေ့ခရီးလမ်းကရှည်​လှတယ်
အပိုင်း (၄) 'ချီ' အိမ်တော်မှထွက်ပြေးခြင်း
အပိုင်း (၅) ချန်းယွင်မြို့တော်
အပိုင်း (၆) ​ထောက်ပံ့သူကို ခြိမ်းခြောက်ခြင်း
အပိုင်း (၇) ကုန်းရိထျန်းဟန်
အပိုင်း (၈) ​ရောဂါ
အပိုင်း (၉) သတင်းကောင်း
အပိုင်း (၁၀) ​ဆေးဝါးသန့်​စင်ခြင်း
အပိုင်း (၁၁) ကုကျိုး၏စွမ်းရည်
အပိုင်း (၁၂) ​ကြောက်စရာကောင်းသည့်ဆေး
အပိုင်း(၁၃) ကုကျိုး၏တန်ဖိုး
အပိုင်း (၁၄) ကုန်းရိအိမ်တော်သို့သွားခြင်း
အပိုင်း (၁၅) ကုန်းရိအိမ်တော်
အပိုင်း (၁၆) မျိုးနွယ်စုတိုက်ပွဲ
အပိုင်း (၁၇) အားကျိုး၊ သေချာကြည့်ထား
အပိုင်း (၁၈) ​ထောက်ပံ့သူ၏ အနီးကပ်သင်တန်း
အပိုင်း (၁၉) တိုးတက်သွားသောကျင့်ကြံရေးနည်းလမ်း
အပိုင်း (၂၀) အိမ်​တော်သခင်လေး(၄)ဦးထွက်ပေါ်လာခြင်း
အပိုင်း (၂၁) ထုံးထျန်းမျက်လုံး
အပိုင်း (၂၂) ပြိုင်ပွဲ၏ရလဒ်
အပိုင်း (၂၃) နဂါးပြာရေကန်
အပိုင်း (၂၄) မစ်ရှင်အသစ်
အပိုင်း (၂၅) ဖွင့်ဟဝန်ခံခြင်းနှင့် မှန်းဆတွေးတောခြင်း
အပိုင်း (၂၆) အရိုးပုလဲ
အပိုင်း (၂၇) ​ဆေးလုံးများကို အကဲဖြတ်ခြင်း
အပိုင်း (၂၈) နဂါးပြာကုန်သွယ်ရေးလုပ်ငန်း
အပိုင်း (၂၉) လေလံပွဲ
အပိုင်း (၃၀) ချီဖုန်းနှင့်ထပ်တွေ့ခြင်း
အပိုင်း (၃၁) အသေးစားလှည့်ကွက်
အပိုင်း (၃၂) ဆန်ကုန်မြေလေးများ၏သတင်း
အပိုင်း (၃၃) ကုကျိုး၏ ဆုံးဖြတ်ချက်
အပိုင်း (၃၄) ​ရွှေသားလက်မှတ်များ
အပိုင်း (၃၅) ပွဲကြီးပွဲကောင်း
အပိုင်း (၃၆) အကူအညီလေးတစ်ခုပြုလုပ်ခြင်း
အပိုင်း (၃၇) လျှာလည်စေသောဟင်းပွဲ
အပိုင်း (၃၈) အမဲလိုက်ခြင်း
အပိုင်း (၃၉) ကြီးနိုင်ငယ်ညှင်းသဘာဝလောက
အပိုင်း (၄၀) ဇီဝမရဏကြိုးဝိုင်း
အပိုင်း (၄၁) ​လောင်းကြေးထပ်ခြင်း
အပိုင်း(၄၃) လူသတ်ယန္တရား
အပိုင်း (၄၄) ဆေးလုံးများကိုရောင်းဝယ်ခြင်း
အပိုင်း (၄၅) ကြီးမားလှသည့် တိုးတက်မှု
အပိုင်း (၄၆) ခေါင်းကိုမိုးကြိုးပစ်ခံရခြင်း
အတှဲ (၁) end အပိုင်း (၄၇) ပုန်းကွယ်နေသောနဂါး ပြန်လည်ထွက်ပေါ်လာခြင်း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ
1K 242 23
By Sebastiann048
((Zawgyi))
အပိုင်း (၄၂)
💊💊💊
(T/N - ဒါက ရှေးခေတ် လက်နောက်ပစ်ထားတဲ့ ပုံစံပါ)
"နွားရုပ်ဆိုး၊ ဒီနေ့ မင်းဦးနှောက်ထဲကို ရေဝင်​နေတာလား?"
ထောက်ပံ့သူရဲ့ ရည်ရွယ်ချက်က နည်းနည်းတော့ စိတ်ပုတ်တယ်..... သူ ဒီလိုပွဲဆူအောင်လုပ်တာက တကယ်ပဲ ဟန်ဆောင်နေတာလား ဒါမှမဟုတ် သဘောဆိုးကြီးနဲ့ ပျော်ပါးနေတာများလား?
"ဟွန့်! ဒီလောက်ပဲလား!"
်-- မဟုတ်ဘူး၊ အဲ့ဒါက လုံးဝကို မယှဉ်နိုင်တာဖြစ်သည်။
ဤကမ္ဘာကြီး၌ သိုင်းပညာအစွမ်းရော လုံလောက်သည့် ဩဇာလွှမ်းမိုးနိုင်စွမ်း​ရောရှိမှသာ အချင်းချင်း ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ထိုအရာကသာလျှင် ပျော်ရွှင်မှုအစစ်အမှန်ဖြစ်သည်။
တချို့သော သုံးသပ်နိုင်သည့် အမျှော်အမြင်ရှိသူတို့က ကုန်းရိထျန်းဟန်ကို အာရုံစိုက်ကာ ကြည့်ရှု​နေကြသည်။
သူတို့ စိတ်ထဲမှာ ဒီဖူးဖူးမှုတ်ခံထားရတဲ့ သခင်လေးက တကယ်ပဲ ပါရမီရှိသူတစ်ယောက်ဖြစ်ပြီး သူ့ပင်ကိုစရိုက်ကိုက ဒီလိုမျိုး ပေါ့တန်တန်ဖြစ်နေတာလား? ဒါမှမဟုတ် သူတို့ကို လှည့်ဖျားပြီး ကျားသားစားချင်လို့ ဝက်ယောင်ဆောင်​နေတာလားဆိုတာ သံသယဝင်လာသည်။
သူသည် ကုန်းရိထျန်းဟန်ပြောသမျှ ချက်ချင်း လျစ်လျူရှုလိုက်သည်။ ထို့​နောက် သူက နဂိုသိုင်းကွက်ပုံစံအတိုင်း ကုန်းရိထျန်းဟန်ကို အစွမ်းကုန်သတ်ဖြတ်ရန် ကြိုးပမ်းလိုက်၏!
ဒါပေမယ့် ကုန်းရိထျန်းဟန်ကရော? သူက မိမိသရုပ်ဆောင်နေသောပုံစံက ဦးနှောက်မရှိသူမဟုတ်ကြောင်း အတိုချုံး ပြသလိုက်ပြီးနောက် ဘာစကားမှ ထပ်မပြောတော့ပေ။ သို့သော် သူ၏ တိုက်ကွက်များက ပိုမို ရက်စက်ကာ အကြင်နာကင်းမဲ့လာသည်။
ဇီဝမရဏကြိုးဝိုင်းသည် မိမိ၏ သေခြင်းရှင်ခြင်းကို တာဝန်ယူကာ အလောင်းအစားလုပ်ရခြင်း​ဖြစ်သည်။ -- သူသည် ဤနေရာတွင် တခြားလူများနှင့် တိုက်ခိုက်သည့်အတွေ့အကြုံရဖို့်လာခဲ့သည်ဖြစ်သော်လည်း အဲဒါက အပျော်အပျက် ရယ်စရာတစ်ခုတော့မဟုတ်ချေ။
ကုန်းရိထျန်းဟန်သည် လေးလေးနက်နက်ဖြင့် သိုင်းကွက်(၃)ကွက် ထုတ်ကာ တိုက်ခိုက်လိုက်သည်။ ၄င်းတို့က တောင်စဥ်ပြိုလဲသိုင်း၊ မိုးကြိုးလက်သီးနှင့် လေပွေခြေထောက်သိုင်းတို့​ဖြစ်သည်။ သူက ထိုသိုင်းကွက်များကို အဆက်မပြတ် မှန်းဆရခက်စွာ အသုံးပြု​ေနသည်။ ထို့ကြောင့် တစ်ဖက်လူက သူနောက်တစ်ကွက် မည်သည့်သိုင်းကွက်ထုတ်မည်မှန်း သိရှိရန် အလွန်ခက်လှသည်။
သူတို့က အစမှအဆုံးအထိ သိုင်းကွက် (၁၀)ကွက်တိုက်ခိုက်ခဲ့သည်။ နွားရုပ်ဆိုး၏ တိုက်ကွက်များက ရက်စက်ကြမ်းကြုတ်သည်မှန်သော်လည်း အဆုံးမှာတော့ ကုန်းရိထျန်းဟန်၏ ဖိနှိမ်ထားခြင်းကိုသာ ခံရသည်။ -- နွားရုပ်ဆိုးသည် ပိုမိုကောက်ကျစ်သည့် ရှောင်တခင်တိုက်ကွက်များဖြင့် ထိန်းချုပ်ရန်ကြိုးစားခဲ့သည့်တိုင် ကုန်းရိထျန်းဟန်၏ တိုက်စစ်များကို ခုခံနိုင်စွမ်းမရှိပေ။
ကုန်းရိထျန်းဟန်၏ တိုက်ကွက်တစ်ခုချင်းစီသည် ခွန်အားကြီးမားကာ နည်းစနစ်ကျပြီး ပွင်လင်းမြင်သာမှုရှိသည်။
နွားရုပ်ဆိုးခမျာ ကုန်းရိထျန်းဟန်အရှေ့တွင် ရယ်စရာလူရွှင်တော်တစ်ယောက်က​ဲ့သိုပင်။ အဆုံး၌ ကုန်းရိထျန်းဟန်က သူ့ လည်ပင်းကိုချိုးပစ်လိုက်သည်!
ကုန်းရိထျန်းဟန်သည် နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ ဘဝင်လေဟပ်နေသည့်အပြုံးဖြင့်:
"ဟွန့်! ဒီလောက်ပဲလား!"
သူက အလွန်မာနကြီး ဘဝင်မြင့်ပုံဖမ်းထားသော်လည်း စိတ်ထဲမှာတော့ အေးဆေးတည်ငြိမ်လျက်ပင်။
ပထမဆုံးလူသတ်လိုက်သည့်ခံစားချက်ကား....... ဘာမှမခံစားရသလောက်နီးပါးပင်။ တစ်ခုခုပြောရမည်ဆိုရင်တော့ သူ သွေးဆူလာသည်ကို ခံစားမိ​ေနသည်။
သူသည် အရင်က ဦးနှောက်ကိုသုံးကာ ကြီးမားသော အိမ်တော်ကိစ္စများကို ကိုင်တွယ်ခဲ့သည်။ သူက နောက်ကွယ်မှ ကြိုးကိုင်ပြီး မရေမတွက််နိုင်သော လူများ၏ အသက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ ထိုလူတို့၏ သေခြင်းရှင်ခြင်းကိုပင် ထိန်းချုပ်ထားခဲ့သည်။ ထိုသို့သော ခံစားချက်က အလွန်အားရစရာကောင်းသည်မှန်သော်လည်း အဲ့ဒါက အခုလိုမျိုး ကိုယ်လက်ထဲမှာ စွမ်းအားများရှိနေတာနှင့်တော့ မည်သို့ ယှဥ်နိုင်မည်နည်း?
္-- မဟုတ်ဘူး၊ အဲ့ဒါက လုံးဝကို မယှဥ်နိုင်တာဖြစ်သည်။
လူသားတို့သည် လောဘကြီးကြသည်။ သိုင်းပညာစွမ်းရှိသူက ဩဇာလွှမ်းမိုးနိုင်စွမ်းကို လိုလားတောင့်တကြပြီး တစ်ဖန် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသူတို့က သိုင်းပညာစွမ်းများရှိလာရန် ဆန္ဒရှိကြပြန်သည်။ ထိုအရာနှစ်ခုစလုံးမရှိသူများကတော့ သူတို့အတွေးများနှင့် အလှမ်းဝေးကြရမည်ဖြစ်သည်။
ဤကမ္ဘာကြီး၌ သိုင်းပညာအစွမ်းရော လုံလောက်သည့် ဩဇာလွှမ်းမိုးနိုင်စွမ်း​ေရာရှိမှသာ အချင်းချင်း ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ထိုအရာကသာလျှင် ပျော်ရွှင်မှုအစစ်အမှန်ဖြစ်သည်။
အဲ့ဒီ ဖူးဖူးမှုတ်ခံထားရတဲ့ သခင်လေးက တကယ်ကြီးနိုင်သွားတယ်ဟ! နိုင်တာမှ ဘာဒဏ်ရာဒဏ်ချက်မှမရဘဲ နိုင်သွားတာ!
နွားရုပ်ဆိုး၏ သေဆုံးသွားသော ခန္ဓာကိုယ် ကြမ်းပြင်သို့ ပြုတ်ကျသွားသည်နှင့် ပြိုင်ကွင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားတော့သည်။
ယခုကဲ့သို့ လူဟောင်းကို လူသစ်ကအနိုင်ရရှိသွားခြင်းမျိုး အရင်က ရှိခဲ့ဖူးသည်။ သို့သော် ထိုလူသစ်များအားလုံးမှာ လူသတ်ဖူးသည့် အတွေ့အကြုံများ ရှိပုံပေါ်သည်။ သူတို့ထဲက ဘယ်သူက ဒီတစ်ယောက်လို မာနထောင်လွှားပြီး ဦးနှောက်မရှိတဲ့ပုံပေါက်နေလို့လဲ? သူတို့က ဒီပွဲရဲ့ လောင်ကြေးကို အပိုင်တွက်ထားသော်လည်း မမျှော်လင့်ဘဲ လူသစ်က အပြတ်အသတ်အနိုင်ရသွားသဖြင့် လက်ခံဖို့ရာ ခက်ခဲနေသည်။
တချို့သော သုံးသပ်နိုင်သည့် အမျှော်အမြင်ရှိသူတို့က ကုန်းရိထျန်းဟန်ကို အာရုံစိုက်ကာ ကြည့်ရှု​ေနကြသည်။
နွားရုပ်ဆိုး၏ အစွမ်းကို သူတို့အားလုံးသိပြီးသားဖြစ်သည်။ သူက အစွမ်းအထက်ဆုံးသူ မဟုတ်သော်လည်း သူ့၌ နည်းဗျူဟာများစွာရှိကာ ကျွမ်းကျင်သူတစ်ဦးဟု ဆိုနိုင်သည်။ အခုတော့ ထိုကျွမ်းကျင်သူတစ်ယောက်က ကုန်းရိထျန်းဟန်၏ လက်ထဲတွင် သေပွဲဝင်သွားရသည်။ အဲ့ဒါက လူအများ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့သည်။
သူတို့ စိတ်ထဲမှာ ဒီဖူးဖူးမှုတ်ခံထားရတဲ့ သခင်လေးက တကယ်ပဲ ပါရမီရှိသူတစ်ယောက်ဖြစ်ပြီး သူ့ပင်ကိုစရိုက်ကိုက ဒီလိုမျိုး ပေါ့တန်တန်ဖြစ်နေတာလား? ဒါမှမဟုတ် သူတို့ကို လှည့်ဖျားပြီး ကျားသားစားချင်လို့ ဝက်ယောင်ဆောင်​ေနတာလားဆိုတာ သံသယဝင်လာသည်။
ဆိုင်တာဝန်ခံက မျက်လုံးများ အရောင်လက်သွားကာ:
"ကောင်းပြီ၊ ပိုက်ဆံပေးရမယ့်လူကို ပိုက်ဆံပေးရမှာပဲ။ ဒီနေရာကို ရောက်လာပြီဆိုမှတော့ ဒီကလူအားလုံးက ကျွန်တော်တို့ရဲ့ ဧည့်သည်တော်တွေပဲပေါ့"
ထိုအခါ လူပေါင်းများစွာက မျက်နှာအမူအရာများ ပြောင်းသွားသည်။ သူတို့က စိတ်လျော့လိုက်ကာ သဘောတူလက်ခံလိုက်ကြသည်။
သိပ်ဟုတ်တာပေါ့။ နောက်ဆုံးကျ ကုန်းရိထျန်းဟန်ဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ? သူတို့အနေဖြင့် သိရင်လည်း သိတယ်ပေါ့။ မသိဘူးဆိုလည်း ပါးစပ်ပိတ်နေဖို့သာရှိသည်။ သူတို့က အမှောင်ထဲတွင် ပုန်းကွယ်နေသော လူတန်းစားဖြစ်ပြီး အမှန်အတိုင်း ဝန်ခံရလျှင် သူတို့သည် ကိစ္စအတော်များများကို သိနေသော်လည်း တစ်ခါတစ်ရံ တချို့အရာများကိုတော့ မျက်စိမှိတ်ထားရမည်ဖြစ်သည်။
လက်ရှိတွင် ကုကျိုးသည် တခြားသူများ ဘာတွေစဥ်းစားနေသည်ကို ဂရုမစိုက်အားပေ။ -- အနည်းဆုံးတော့ သူက အစေခံနောက်လိုက်တစ်ယောက်အဖြစ် ဟန်ဆောင်နေသူပီပီ ဆိုင်ရှေ့သို့ စိတ်အားထက်သန်စွာ အပြေးသွားလိုက်သည်။
သူဘာလုပ်ရမလဲ? လောင်းကြေးနိုင်တဲ့ ရွှေတွေကို သွားယူရမှာပေါ့!
စည်းကမ်းအရ ရွှေစ နှစ်သောင်းတန် ရွှေလက်မှတ်များက တစ်ဆယ်မှာ ရှစ်ဆရမည်ဖြစ်သည့်အတွက် သူက စုစုပေါင်း ရွှေစ တစ်သိန်းခြောက်သောင်းကို သွားရောက်ထုတ်ယူရမည်ဖြစ်သည်။
ကုကျိုးသည် ထိုအကြောင်းတွေးရင်း အနည်းငယ် စိတ်လှုပ်ရှားလာသည်။
နောက်ဆုံးတော့ သူသည် ထောက်ပံ့သူ၏ ပိုက်ဆံရှာနိုင်သော အစွမ်းအဆကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရလေပြီ။ သူ ဆေးလုံးတွေ ဖော်ပြီးရောင်းရင်တောင် အခုလို ထောင်ချီသောင်းချီသည့် ရွှေစများရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာဖြစ်သည်။ သူ့ထောက်ပ့ံသူကတော့ တစ်ပွဲလောက် တိုက်ခိုက်လိုက်ရုံနှင့် အချိန်တိုအတွင်း အမြန်ဖြေရှင်းလိုက်ကာ အကျိုးအမြတ်များစွာကို ဆောင်ကျဥ်းပေးနိုင်သည်!
ထိုပိန်ညောင်ညောင်တာဝန်ခံကလည်း အချိန်ဆွဲမနေဘဲ ကုကျိုးအတွက် တစ်ခုကို ရွှေစတစ်သောင်းတန်သည့် ရွှေသားလက်မှတ်များ အလုံအလောက်ပေးရန် တစ်စုံတစ်ယောက်ကို ညွှန်းကြားလိုက်သည်။ ထို့နောက် ဆိုင်တာဝန်ခံက ရွှေသားလက်မှတ်များကို ကုကျိုးထံသို့ ပြတ်ပြတ်သားသား ကမ်းပေးလိုက်သည်။
ကုကျိုးက ရွှေသားလက်မှတ်များကို ယူပြီးနောက် ထောက်ပ့ံသူက အလွန်အင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ကိုယ်ဖော့သိုင်းဖြင့် စင်မြင့်ထက်မှပြန်ဆင်းလာသည်ကို တွေ့လိုက်သည်။ သူက ကုကျိုး၏ အနားသို့ ချက်ချင်း ရောက်လာသည်။
ကုကျိုးက သူအခု သရုပ်ဆောင်နေသည့် ဇာတ်ကောင်နေရာကို သတိရသွားကာ အမြန်ပြောလိုက်၏။
"သခင်လေး၊ ဒီရွှေသားလက်မှတ်တွေက...."
ကုန်းရိထျန်းဟန်က တက်ကြွစွာဖြင့်:
"ဒီသခင်လေးဘက်က ထပ်ပြီး လောင်းရမှာပေါ့"
ဘေးနားရှိ လူတစ်ယောက်က ထိုစကားကိုကြားတော့ ခေါင်းလှည့်ကြည့်ကာ သူတို့နားသို့ ချဥ်းကပ်လာသည်။
လောင်းကြေးများကို လက်ခံစာရင်းသွင်းသည့် ထိုတာဝန်ခံက သူတို့ကို စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
"ရွှေစ တစ်သိန်းခြောက်သောင်းလုံးကို အကုန်လောင်းမှာလား?"
ဒါကတော့ အရမ်းကို လက်ကြီးသွားပြီမဟုတ်လား?
ကုကျိုး၏ နှလုံးသားက အနည်းငယ် လှုပ်ခါသွားသည်။ သို့သော် သူက မျက်နှာတည်တည်ဖြင့် ရွှေစ တစ်သိန်းခြောက်သောင်းတန် ရွှေလက်မှတ်များကို ဆိုင်ကောင်တာပေါ်သို့ တင်လိုက်သည်။ သူက ပါးစပ်မှလည်း သခင်အားကိုးနှင့် မိုက်နေသည့် နောက်လိုက်ခွေးတစ်ယောက်လို့ ပြောလိုက်၏။
"သခင်လေးရဲ့ စကားတစ်ခွန်းက အတည်ပဲ။ ဘယ်တော့မှ မပြောင်းဘူး! မင်းတို့ကသာ ဒီလို ရွှေစလေး တစ်သိန်းခြောက်သောင်းလောက်ကို ဥာဏ်တိမ်နေတာ။ သခင်လေးရဲ့ လက်ဖျားက ပိုလို့ကျလာနဲ့ ငွေတောင် ဒီပမာဏထက်များတယ်။ သခင်လေးတွေအတွက် မြန်မြန် စာရင်းမသွင်းသေးဘူးလား?"
ဒီ...ဒီလိုမျိုး သရုပ်တောင်ရတဲ့ ခံစားချက်က အရမ်းမိုက်တာပဲ!
ဆိုင်တာဝန်ခံက ခြောက်ကပ်စွာ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။
"ဧည့်သည်ကို စာရင်းသွင်းပေးလိုက်!"
သူတို့ရှေ့ကလူက သူတို့ကို တုန်လှုပ်စွာ တစ်ချက်ကြည့်ပြီးနောက် အမြန်စာရင်းသွင်းပေးလိုက်သည်။
မှန်ပေသည်။ သူတို့အဖွဲ့အစည်းထဲရှိ ဘယ်သူကများ ဒီလိုကိစ္စမျိုးကို မမြင်ဖူးဘဲ နေလိမ့်မလဲ? ထိုလူကသာ အမြင်တိမ်နေတာဖြစ်သည်။ ဤနေရာ၌ ယခုကဲ့သို့ ရွှေစ သောင်းချီလောင်းကြေးထပ်ခြင်းမျိုး သိပ်မရှိသော်လည်း အဲ့ဒါမျိုးက လုံးဝမရှိတာတော့မဟုတ်ပေ။ ထို့အပြင် အဖွဲ့အစည်း၏ အခြားနေရာများတွင် သိန်းချီလောင်းကြေးထပ်ခြင်းမျိုးပင် ရှိသည်။ ထို့ကြောင့် ဤကိစ္စနှင့်ပတ်သတ်၍ ရေးကြီးခွင်ကျယ် လုပ်စရာ မလိုပေ။
ခဏကြာတော့ ထိုလူက သူ့ကိုယ်သူ အပြောစောလွန်းတာကို သိရှိသွားတော့သည်။
လက်ရှိအချိန်တွင် ပါဝင်ယှဥ်ပြိုင်သူက သိပ်မများလှ​ေပ။ ဇီဝမရဏကြိုးဝိုင်းထက်ဝယ် နောက်ထပ် ပြိုင်ပွဲ နှစ်ပွဲခန့် ယှဥ်ပြိုင်တိုက်ခိုက်ပြီးနောက် ကုန်းရိထျန်းဟန်၏ အလှည့်သို့ တဖန်ပြန်လည်ရောက်ရှိလာသည်။
ကုန်းရိထျန်းဟန်ကလည်း အားမနာတမ်း သူ့ပြိုင်ဖက်နှင့် ထပ်မံတိုက်ခိုက်ရန် စင်မြင့်ပေါ်သို့တက်လိုက်သည်။
ဘယ်သူက ဘယ်သူနှင့် တိုက်ခိုက်ရမည်ကို အစီအစဥ်ချပေးရာတွင် အထူးတလည် စိန်ခေါ်သူများမှလွဲ၍ ကျန်သူများအားလုံးကို တစ္ဆေလမ်းအဖွဲ့အစည်းမှ ကြုံရာကျပန်းရွေးချယ်မလား နောက်ကွယ်မှ တိတ်တဆိတ်စီစဥ်ရွေးချယ်ပေးမလားပေါ် မူတည်၍ လူစီစဥ်ပေးခြင်းဖြစ်သည်။
ဒီတစ်ခေါက်မှာတော့ ကုန်းရိထျန်းဟန်သည် ရည်ရွယ်ချက်ရှိရှိ စီစဥ်ပေးထားသော ပြိုင်ဖက်နှင့် တွေ့ခဲ့သည်။
ကုန်းရိထျန်းဟန် စင်မြင့်ပေါ်သို့ တက်လိုက်သည်နှင့် သူ၏ပြိုင်ဘက်ထံမှ သွေးပင်လယ်ထဲက ထွက်လာသလို ခံစားချက်မျိုးကို ရလိုက်သည်။ ထိုသူ၏ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါက နွားရုပ်ဆိုးထက် အဆပေါင်းများစွာ သာသည်။ သူတို့က ကျင့်ကြံရေးအဆင့်ချင်းတူသော်လည်း ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်ကတော့ ကွာခြားလှသည်။
ကုန်းရိထျန်းဟန်သည် စိတ်ထဲမှ ကြိုတင်သတိကပ်လိုက်သော်ငြား မျက်နှာအမူအရာက မာနထောင်လွှားနေဆဲပင်။
နှစ်ဖက်စလုံးက မဆိုင်းအတွပင် စတင်တိုက်ခိုက်တော့သည်!
ကုကျိုးသည် စင်အောက်မှ ကြည့်ရင်း ရုတ်တရတ် နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူသည် ထိုလူထံမှ အန္တရာယ်ကြီးမားသည့် အငွေ့အသက်များကို ခံစားမိနေသည်!
ထောက်ပံ့သူ၊ သူက.... မဟုတ်သေးဘူး။ ထောက်ပံ့သူက သူ့ရဲ့ တကယ်အစစ်အမှန်ပုံစံကိုတောင် မထုတ်ပြရသေးဘူး။ ကုကျိုးကတော့ ထောက်ပ့ံသူအပေါ် ယုံကြည်မှုရှိနေဆဲ။
လုံအာ့နှင့် ရွှီဝမ်ဟယ်တို့နှစ်ဦးသည် သူတို့ အထဲသို့ စတင်ဝင်လာချိန်မှစ၍ သူတို့နှစ်ဦး၏ဖြစ်တည်မှုကို မှေးမှိန်ထားခဲ့သည်။ သို့သော် ယခုအချိန်၌ သူတို့နှစ်ဦးစလုံးက ရှေ့တက်လာကာ ကုကျိုးနှင့်အတူ စင်မြင့်ထက်သို့သာ အလုံးစုံအာရုံစိုက်ထားကြသည်။
ကုန်းရိထျန်းဟန်က သူတို့၏ မျှော်လင့်ချက်ကို စိတ်မပျက်စေရပေ။ သူက ဒီတစ်ချီတွင် သိုင်းပညာငါးမျိုးကို သုံးခဲ့သည်။ သူသည် ပြင်းထန်လှသည့် တိုက်ပွဲအတွင်း ရုတ်တရတ် မြွေဝိညာဥ်​ခြေလှမ်းကို သုံးလိုက်သည်။ ထို့​နောက် ပြိုင်ဘက်၏ တိုက်ကွက်များက အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိလာသည့်အခါ အရှေ့သို့ လျင်မြန်စွာ ခုန်ထွက်ပြီး ရန်သူ၏ အားနည်းချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်! ၄င်းက ပြိုင်ဘက်ကို အထိနာစေကာ ဒဏ်ရာအပြင်းအထန်ရရှိသွား​ေစသည်။ ထို့နောက် သူက အချိန်မဆိုင်းဘဲ ချက်ချင်းပင် ပြိုင်ဘက်၏ လည်ပင်းကို အညှာအတာကင်းမဲ့စွာ ချိုးပစ်လိုက်သည်။
ဤသို့ဖြင့် ဆိုင်တာဝန်ခံ ထပ်မံရှုံးနိမ့်သွားသည်။ ယခုတစ်ခေါက်တွင် လောင်းကြေးငွေက တစ်ဆ လေးဆသာဖြစ်သော်လည်း ရရှိသည့် ငွေပမာဏက ရွေစ ခြောက်သိန်း လေးသောင်းတောင်ဖြစ်သဖြင့် အဲ့ဒါက အကုန်ထိုး အကုန်နိုင်လိုက်သော အနိုင်ပွဲဖြစ်၏။
သူတို့က ချက်ချင်း လောင်းကြေးကို တစ်ဆ နှစ်ဆ အဖြစ် ပြောင်းလဲလိုက်သည်။ ကုန်းရိထျန်းဟန်၏ ပြိုင်ဘက်များမှာ ပိုမိုသန်မာလာကြပြီး သွေးထွက်သံယိုများ ပိုများလာသည်။
နှမြောစရာကောင်းသည်မှာ ကုန်းရိထျန်းဟန်ကပင် အနိုင်ရ​နေဆဲဖြစ်သည်။ -- ဒီတစ်ချီမှာတော့ ကုန်းရိထျန်းဟန်သည် အသေးစားဒဏ်ရာတစ်ခုရလိုက်ပြီး သူတို့ နိုင်လိုက်သည့် ရွှေပမာဏက (၁.၂၈) မီလီယံဖြစ်သည်။
____________________________________
အချစ်ဆုံတို့ရေ.....
နှစ်ယောက်သားပိုက်ဆံရှာပုံရှာပန်းကတော့နော် 😅😅 ဒါနဲ့ omicron က ဒီကို ရောက်လာပါပြီ။ forth wave အတွက်လည်း ​ကြိုတင်ပြင်ဆင်ပြီး ကျန်းမာရေးဂရုစိုက်ကြပါနော်။ နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။ ❤
With love ❤
Taiga 😘
7;ိုမိုသန်မာလာကြပြီး သွေးထွက်သံယိုများ ပိုများလာသည်။
____________________________________
အချစ်ဆုံတို့ရေ.....
With love ❤
Taiga 😘
((Unicode))
အပိုင်း (၄၂)
လောင်းသမျှ အနိုင်ရခြင်း
💊💊💊
ကုန်းရိထျန်းဟန်သည် လက်ဆန့်လိုက်သည်နှင့် ချီစွမ်းအားအပြည့်ပါသော လက်သီးတစ်ချက်က နွားရုပ်ဆိုး၏ လေခွင်းလက်သည်းများထံသို့ ပြင်းထန်စွာ အလုံးအရင်း ဝင်ရောက်သွားသည်။ ထိုလက်သီးချက်က အလွန်အားပြင်းကာ နွားရုပ်ဆိုး၏ လေခွင်းလက်သည်းများကို တိုက်မိသည်နှင့် လေခွင်းလက်သည်းက ချက်ချင်း ပေါက်ကွဲထွက်သွားသည်!
နွားရုပ်ဆိုးမှာ အလွန်လျင်မြန်သည်။ သူ၏အမြန်နှုန်းက အလွန်မြင့်မားသဖြင့် ပွဲကြည့်ပရိတ်သတ်များသည် သူလှုပ်ရှားသွားသည်ကို အရိပ်အယောင်သာ တွေ့ရသည်။ သူသည် အရင် ပြိုင်ပွဲတိုင်းတွင် ပြိုင်ဘက်ကို အကောင်းဆုံးအခြေအနေအား ဆုပ်ကိုင်ခွင့်မပေးသလို၊ သူ့ထက် ပို၍လျင်မြန်သူလည်းမရှိပေ။ သူ၏ပထမဆုံးတိုက်ကွက်က ပြိုင်ဘက်၏ အသားများကို ဆုတ်ပြဲသွားစေနိုင်သည်။ ပြိုင်ဘက်က အလျင်အမြန်ရှောင်နိုင်၍ အသားများ မဆုတ်ပြဲမသွားလျှင်တောင် ၄င်းက သွေးအမှတ်အသားတစ်ခု ကျန်ရစ်စေကာ လေခွင်းလက်သည်း၏ အရှိန်ကြောင့် အတွင်းဒဏ်ရာရသွားမှာ သေချာသည်။
သို့သော် ယခုအခေါက်တွင် သူ၏လေခွင်းလက်သည်းများ ထွက်ပေါ်လာသည်နှင့် ချီစွမ်းအားများ ချက်ချင်းပေါက်ကွဲသွားပြီး ၄င်းက ကုန်းရိထျန်းဟန်ကို ဒဏ်ရာမရစေသည့်အပြင် နွားရုပ်ဆိုးခမျာ ရုတ်တရတ်ဝင်လာသည့် လျှပ်တစ်ပြက်တိုက်ကွက်ကြောင့် ပါးစပ်မှ သွေးတစ်ပွက် အန်ထုတ်လိုက်၏။
နွားရုပ်ဆိုးက ထိတ်လန့်တကြားဆိုသည်။
"မင်း..မင်း...မင်းက အရမ်းအင်အားကြီးတယ်!"
ကုန်းရိထျန်းဟန်က လက်နှစ်ဖက်ကိုနောက်ပစ်လိုက်ရင်း ဝံ့ကြွားစွာ ​ပြောလိုက်သည်။
(T/N - ဒါက ရှေးခေတ် လက်နောက်ပစ်ထားတဲ့ ပံုစံပါ)
"ငါသခင်လေး ကျင့်ကြံထားတဲ့ သိုင်းပညာက မင်းလို သာမာန်မျက်စိနဲ့ ကြည့်လို့မြင်မှာမဟုတ်ဘူး။ မင်းက ဂုဏ်သတင်း အရမ်းကြီးတယ်။ ဒါပေမယ့် ငါသခင်လေးရဲ့ လက်ထဲမှာတော့ မင်းက ငါ့ရဲ့လက်သီးချက်တစ်ချက်ကိုတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး"
နွားရုပ်ဆိုး မျက်နှာမည်းသွားသည်။
ဒီလူက ဘယ်သူလဲ? သူ့လို သေရေးရှင်ရေး တိုက်ပွဲပေါင်းများစွာ ဖြတ်ကျော်လာခဲ့တဲ့သူက ဒီနေ့မှာ ဒီသခင်လေးလက်ချက်နဲ့ ကျရှုံးသွားရင် သူဘယ်လိုမှ ခေါင်းဖော်နိုင်မှာမဟုတ်ဘူး!
နွားရုပ်ဆိုးသည် သူ၏စိတ်ထဲက ထင်​မြင်ချက်များကို ဖယ်ရှားလိုက်ပြီး ပိုမိုစိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။
သူ့တွေးသည်က ခုနက သူတွက်ကိန်းမှားသွားသည်။ ဒီသခင်လေးက သူ၏တိုက်ကွက်ကို ခုခံနိုင်ခြင်းမှာ သူကျင့်ကြံသည့် သိုင်းပညာ အလွန်မြင့်မားသောကြောင့် ယခုလို စွမ်းအားကြီးမားနေတာဖြစ်နိုင်သည်။ သို့သော် ကြည့်ရသည်မှာ တစ်ဖက်လူက ဒီလိုအင်အားကြီးမားတဲ့ သိုင်းပညာမျိုး တစ်ခါနှစ်ခါလောက်သုံးဖူးရုံနှင့် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေပုံရသည်။ သူ့မှာ အရင်က မတွေ့ဖူး၊ မကြုံဖူးတာ ဘာများရှိလို့လဲ? သူတို့အားလုံး နောက်ဆုံးကျ သူ့လက်ထဲမှာပဲ သေသွားရတာမဟုတ်လား? အဲ့တော့ ဒီတစ်ခေါက်လည်း ချွင်းချက်မရှိစေရဘူး!
နွားရုပ်ဆိုး၏ သိုင်းကွက်များက မျက်စိတစ်မှိတ်အတွင်း ပိုမိုပရိယာယ်များကာ ပို၍ ထူးဆန်းလာသည်။ သူ့မျက်နှာပေါ်၌ သွေးဆာမှုနှင့် ကြမ်းတမ်းရက်စက်မှုများ ထင်ဟပ်နေသည်။
သူက အမှန်တကယ် အလေးအနက်ထား တိုက်ခိုက်လာသည်!
ကုန်းရိထျန်းဟန်၏ မျက်လုံးများက လျို့ဝှက်ဆန်းကြယ်စွာ အရောင်လက်သွားသည်။ သူက လက်ဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်ကာ:
"ငါ့ကိုကြည့်ထား၊ တောင်စဥ်ဖိနှိပ် သိုင်းကွက်ပုံစံ(၃)!"
ရုတ်တရတ်ဆိုသလို ပြင်းထန်သည့် ခွန်အားတစ်ခု အရှိန်အဟုန်နှင့် ထွက်ပေါ်လာသည်။ ၄င်းက လေထဲတွင် လေပွေတစ်ခုသဖွယ် (၃)ကြိမ်မျှ အဆက်မပြတ် လည်ပတ်သွွားပြီး နွားရုပ်ဆိုးထံသို့ လှိုင်းလုံးများကဲ့သို့ တိုးဝင်သွားသည်။ နွားရုပ်ဆိုးက အလွန်လျင်မြန်စွာ တုန့်ပြန်လိုက်၏။ သူက ကုန်းရိထျန်းဟန်၏ အသံကိုကြားသည်နှင့် သူ့ကိုယ်နေဟန်ထားကို ချက်ချင်းပြောင်းလဲသည်။ သူက ထိုစွမ်းအားကို ရှောင်ရှားရန် မြေပေါ်သို့ အမြန်ဝပ်ချလိုက်သည်။
သို့သော် မမျှော်လင့်ဘဲ သူသည် ထိုစွမ်းအားကို ရှောင်လိုက်သည်နှင့် ကြောက်စရာကောင်းသည့် စွမ်းအားများက လှိုင်းဂယက်ငယ်များသဖွယ် ပျံနှံသွားကာ မျက်စိတစ်မှိတ်အတွင်း သူရင်ဘတ်ကို လာရောက်ထိမှန်သွားသည်။ ထိုအခါ ထိုလူ၏ပါးစပ်မှ နောက်ထပ်သွေးတစ်ပွက် ထပ်မံအန်ထုတ်လိုက်သည်။
နွားရုပ်ဆိုးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"ဒါက တောင်စဥ်ဖိနှိပ်သိုင်းမှ မဟုတ်ဘဲ!"
ကုန်းရိထျန်းဟန်က လှောင်ပြုံးပြုံးလိုက်ကာ:
"ဒီသခင်လေးပြောသမျှ မင်းက အကုန်ယုံတာပဲလား? တုံးလိုက်တာ!"
သေချာပေါက် သူသုံးလိုက်သည့် သိုင်းကွက်မှာ တောင်စဥ်ဖိနှိမ်သိုင်းကွက်မဟုတ်ဘဲ တောင်စဥ်ပြိုလဲသိုင်းကွက်ဖြစ်သည်။
ပထမသိုင်းပညာမှာ လူသားအဆင့်၊ အဆင့်နိမ့် သိုင်းပညာဖြစ်ပြီး တောင်စဥ်ပြိုလဲသိုင်းကွက်က လူသားအဆင့် အလယ်အလတ်တန်းစား သိုင်းပညာတစ်ရပ်ဖြစ်သည်။ ထိုသိုင်းပညာနှစ်ရပ်၏ခွန်အားသည် မိုးနှင့်မြေကဲ့သို့ ကွာခြားသည်။ ထို့အပြင် တောင်စဥ်ဖိနှိပ်သိုင်းပညာကို သိုင်းပညာရှင်များစွာက ရယူကျင့်ကြံနိုင်သော်လည်း တောင်စဥ်ပြိုလဲသိုင်းကွက်ကမူ မိသားစုအိမ်တော်ကြီး အနည်းငယ်များ ကြား၌သာ လက်ဝယ်ရရှိနိုင်တာဖြစ်သည်။ ထို့ကြောင့် တောင်စဥ်ဖိနှိပ်သိုင်းကွက်သုံးသူများကို တောင်စဥ်ပြိုလဲသိုင်းကျင့်ကြံသူတို့က မျက်စိထဲထားမည်မဟုတ်ချေ။
စင်အောက်မှ ပွဲကြည့်ပရိတ်သတ်များက ဝိုင်းဝန်း လှောင်ပြောင်ကာ အပြစ်တင်ပြောဆိုကြတော့၏။
"နွားရုပ်ဆိုး၊ ဒီနေ့ မင်းဦးနှောက်ထဲကို ရေဝင်​ေနတာလား?"
"မင်းဖထွေးက ရွှေစတစ်ရာတောင် လောင်းထားတာကွ! သောက်ကျိုးနည်း၊ ငါ့ကို ပြန်ပေးစမ်း!"
"နွားရုပ်ဆိုး၊ မင်းက လူသစ်လေးကိုတောင် နိုင်အောင် မတိုက်နိုင်ဘူးလား?"
"နွားရုပ်ဆိုး၊ အဲ့ဒီလူသစ်ကို သတ်ပစ်လိုက်စမ်း!"
"နင့်အမေငါက တစ်လလုံးစာ အသုံးစားရိတ်​တွေ အကုန်လုံးကို နင့်ဘက်ကလောင်းထားတာ ခွေးမသားရဲ့၊ ဘာတွေ ကြောင်ကြည့်နေတာလဲ? ငါ့ကို ပြန်ပေးစမ်း!"
ကုကျိုးခမျာ ကူကယ်ရာမဲ့နေသည်။
ထောက်ပ့ံသူရဲ့ ရည်ရွယ်ချက်က နည်းနည်းတော့ စိတ်ပုတ်တယ်..... သူ ဒီလိုပွဲဆူအောင်လုပ်တာက တကယ်ပဲ ဟန်ဆောင်နေတာလား ဒါမှမဟုတ် သဘောဆိုးကြီးနဲ့ ပျော်ပါးနေတာများလား?
နွားရုပ်ဆိုးက ရုပ်ပျက်ဆင်းပျက် မျက်နှာပျက်နေသည်။
သူက ဒီလိုလူသစ်လေးကို အပြတ်အသတ်ရှုံးလိမ့်မယ်လို့ ဘယ်လိုလုပ်ထင်မှာလဲ? သူ့ကို အစက ကိုယ့်အခြေအနေကိုယ်မသိတဲ့ အရူးတစ်ယောက်လို့ထင်ခဲ့တာ၊ အခုတော့ မမျှော်လင့်ဘဲ တကယ်အရူးလုပ်ခံရတဲ့သူက သူကိုယ်တိုင်ဖြစ်နေသည်။
သူသည် ကုန်းရိထျန်းဟန်ပြောသမျှ ချက်ချင်း လျစ်လျူရှုလိုက်သည်။ ထို့​နောက် သူက နဂိုသိုင်းကွက်ပုံစံအတိုင်း ကုန်းရိထျန်းဟန်ကို အစွမ်းကုန်သတ်ဖြတ်ရန် ကြိုးပမ်းလိုက်၏!
ဒါပေမယ့် ကုန်းရိထျန်းဟန်ကရော? သူက မိမိသရုပ်ဆောင်နေသောပုံစံက ဦးနှောက်မရှိသူမဟုတ်ကြောင်း အတိုချုံး ပြသလိုက်ပြီးနောက် ဘာစကားမှ ထပ်မပြောတော့ပေ။ သို့သော် သူ၏ တိုက်ကွက်များက ပိုမို ရက်စက်ကာ အကြင်နာကင်းမဲ့လာသည်။
ဇီဝမရဏကြိုးဝိုင်းသည် မိမိ၏ သေခြင်းရှင်ခြင်းကို တာဝန်ယူကာ အလောင်းအစားလုပ်ရခြင်း​ဖြစ်သည်။ -- သူသည် ဤနေရာတွင် တခြားလူများနှင့် တိုက်ခိုက်သည့်အတွေ့အကြုံရဖို့်လာခဲ့သည်ဖြစ်သော်လည်း အဲဒါက အပျော်အပျက် ရယ်စရာတစ်ခုတော့မဟုတ်ချေ။
ကုန်းရိထျန်းဟန်သည် လေးလေးနက်နက်ဖြင့် သိုင်းကွက်(၃)ကွက် ထုတ်ကာ တိုက်ခိုက်လိုက်သည်။ ၄င်းတို့က တောင်စဥ်ပြိုလဲသိုင်း၊ မိုးကြိုးလက်သီးနှင့် လေပွေခြေထောက်သိုင်းတို့​ဖြစ်သည်။ သူက ထိုသိုင်းကွက်များကို အဆက်မပြတ် မှန်းဆရခက်စွာ အသုံးပြု​ေနသည်။ ထို့ကြောင့် တစ်ဖက်လူက သူနောက်တစ်ကွက် မည်သည့်သိုင်းကွက်ထုတ်မည်မှန်း သိရှိရန် အလွန်ခက်လှသည်။
သူတို့က အစမှအဆုံးအထိ သိုင်းကွက် (၁၀)ကွက်တိုက်ခိုက်ခဲ့သည်။ နွားရုပ်ဆိုး၏ တိုက်ကွက်များက ရက်စက်ကြမ်းကြုတ်သည်မှန်သော်လည်း အဆုံးမှာတော့ ကုန်းရိထျန်းဟန်၏ ဖိနှိမ်ထားခြင်းကိုသာ ခံရသည်။ -- နွားရုပ်ဆိုးသည် ပိုမိုကောက်ကျစ်သည့် ရှောင်တခင်တိုက်ကွက်များဖြင့် ထိန်းချုပ်ရန်ကြိုးစားခဲ့သည့်တိုင် ကုန်းရိထျန်းဟန်၏ တိုက်စစ်များကို ခုခံနိုင်စွမ်းမရှိပေ။
ကုန်းရိထျန်းဟန်၏ တိုက်ကွက်တစ်ခုချင်းစီသည် ခွန်အားကြီးမားကာ နည်းစနစ်ကျပြီး ပွင်လင်းမြင်သာမှုရှိသည်။
နွားရုပ်ဆိုးခမျာ ကုန်းရိထျန်းဟန်အရှေ့တွင် ရယ်စရာလူရွှင်တော်တစ်ယောက်က​ဲ့သိုပင်။ အဆုံး၌ ကုန်းရိထျန်းဟန်က သူ့ လည်ပင်းကိုချိုးပစ်လိုက်သည်!
ကုန်းရိထျန်းဟန်သည် နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ ဘဝင်လေဟပ်နေသည့်အပြုံးဖြင့်:
"ဟွန့်! ဒီလောက်ပဲလား!"
သူက အလွန်မာနကြီး ဘဝင်မြင့်ပုံဖမ်းထားသော်လည်း စိတ်ထဲမှာတော့ အေးဆေးတည်ငြိမ်လျက်ပင်။
ပထမဆုံးလူသတ်လိုက်သည့်ခံစားချက်ကား....... ဘာမှမခံစားရသလောက်နီးပါးပင်။ တစ်ခုခုပြောရမည်ဆိုရင်တော့ သူ သွေးဆူလာသည်ကို ခံစားမိ​ေနသည်။
သူသည် အရင်က ဦးနှောက်ကိုသုံးကာ ကြီးမားသော အိမ်တော်ကိစ္စများကို ကိုင်တွယ်ခဲ့သည်။ သူက နောက်ကွယ်မှ ကြိုးကိုင်ပြီး မရေမတွက််နိုင်သော လူများ၏ အသက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ ထိုလူတို့၏ သေခြင်းရှင်ခြင်းကိုပင် ထိန်းချုပ်ထားခဲ့သည်။ ထိုသို့သော ခံစားချက်က အလွန်အားရစရာကောင်းသည်မှန်သော်လည်း အဲ့ဒါက အခုလိုမျိုး ကိုယ်လက်ထဲမှာ စွမ်းအားများရှိနေတာနှင့်တော့ မည်သို့ ယှဥ်နိုင်မည်နည်း?
္-- မဟုတ်ဘူး၊ အဲ့ဒါက လုံးဝကို မယှဥ်နိုင်တာဖြစ်သည်။
လူသားတို့သည် လောဘကြီးကြသည်။ သိုင်းပညာစွမ်းရှိသူက ဩဇာလွှမ်းမိုးနိုင်စွမ်းကို လိုလားတောင့်တကြပြီး တစ်ဖန် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသူတို့က သိုင်းပညာစွမ်းများရှိလာရန် ဆန္ဒရှိကြပြန်သည်။ ထိုအရာနှစ်ခုစလုံးမရှိသူများကတော့ သူတို့အတွေးများနှင့် အလှမ်းဝေးကြရမည်ဖြစ်သည်။
ဤကမ္ဘာကြီး၌ သိုင်းပညာအစွမ်းရော လုံလောက်သည့် ဩဇာလွှမ်းမိုးနိုင်စွမ်း​ေရာရှိမှသာ အချင်းချင်း ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ထိုအရာကသာလျှင် ပျော်ရွှင်မှုအစစ်အမှန်ဖြစ်သည်။
အဲ့ဒီ ဖူးဖူးမှုတ်ခံထားရတဲ့ သခင်လေးက တကယ်ကြီးနိုင်သွားတယ်ဟ! နိုင်တာမှ ဘာဒဏ်ရာဒဏ်ချက်မှမရဘဲ နိုင်သွားတာ!
နွားရုပ်ဆိုး၏ သေဆုံးသွားသော ခန္ဓာကိုယ် ကြမ်းပြင်သို့ ပြုတ်ကျသွားသည်နှင့် ပြိုင်ကွင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားတော့သည်။
ယခုကဲ့သို့ လူဟောင်းကို လူသစ်ကအနိုင်ရရှိသွားခြင်းမျိုး အရင်က ရှိခဲ့ဖူးသည်။ သို့သော် ထိုလူသစ်များအားလုံးမှာ လူသတ်ဖူးသည့် အတွေ့အကြုံများ ရှိပုံပေါ်သည်။ သူတို့ထဲက ဘယ်သူက ဒီတစ်ယောက်လို မာနထောင်လွှားပြီး ဦးနှောက်မရှိတဲ့ပုံပေါက်နေလို့လဲ? သူတို့က ဒီပွဲရဲ့ လောင်ကြေးကို အပိုင်တွက်ထားသော်လည်း မမျှော်လင့်ဘဲ လူသစ်က အပြတ်အသတ်အနိုင်ရသွားသဖြင့် လက်ခံဖို့ရာ ခက်ခဲနေသည်။
တချို့သော သုံးသပ်နိုင်သည့် အမျှော်အမြင်ရှိသူတို့က ကုန်းရိထျန်းဟန်ကို အာရုံစိုက်ကာ ကြည့်ရှု​ေနကြသည်။
နွားရုပ်ဆိုး၏ အစွမ်းကို သူတို့အားလုံးသိပြီးသားဖြစ်သည်။ သူက အစွမ်းအထက်ဆုံးသူ မဟုတ်သော်လည်း သူ့၌ နည်းဗျူဟာများစွာရှိကာ ကျွမ်းကျင်သူတစ်ဦးဟု ဆိုနိုင်သည်။ အခုတော့ ထိုကျွမ်းကျင်သူတစ်ယောက်က ကုန်းရိထျန်းဟန်၏ လက်ထဲတွင် သေပွဲဝင်သွားရသည်။ အဲ့ဒါက လူအများ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့သည်။
သူတို့ စိတ်ထဲမှာ ဒီဖူးဖူးမှုတ်ခံထားရတဲ့ သခင်လေးက တကယ်ပဲ ပါရမီရှိသူတစ်ယောက်ဖြစ်ပြီး သူ့ပင်ကိုစရိုက်ကိုက ဒီလိုမျိုး ပေါ့တန်တန်ဖြစ်နေတာလား? ဒါမှမဟုတ် သူတို့ကို လှည့်ဖျားပြီး ကျားသားစားချင်လို့ ဝက်ယောင်ဆောင်​ေနတာလားဆိုတာ သံသယဝင်လာသည်။
ဆိုင်တာဝန်ခံက မျက်လုံးများ အရောင်လက်သွားကာ:
"ကောင်းပြီ၊ ပိုက်ဆံပေးရမယ့်လူကို ပိုက်ဆံပေးရမှာပဲ။ ဒီနေရာကို ရောက်လာပြီဆိုမှတော့ ဒီကလူအားလုံးက ကျွန်တော်တို့ရဲ့ ဧည့်သည်တော်တွေပဲပေါ့"
ထိုအခါ လူပေါင်းများစွာက မျက်နှာအမူအရာများ ပြောင်းသွားသည်။ သူတို့က စိတ်လျော့လိုက်ကာ သဘောတူလက်ခံလိုက်ကြသည်။
သိပ်ဟုတ်တာပေါ့။ နောက်ဆုံးကျ ကုန်းရိထျန်းဟန်ဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ? သူတို့အနေဖြင့် သိရင်လည်း သိတယ်ပေါ့။ မသိဘူးဆိုလည်း ပါးစပ်ပိတ်နေဖို့သာရှိသည်။ သူတို့က အမှောင်ထဲတွင် ပုန်းကွယ်နေသော လူတန်းစားဖြစ်ပြီး အမှန်အတိုင်း ဝန်ခံရလျှင် သူတို့သည် ကိစ္စအတော်များများကို သိနေသော်လည်း တစ်ခါတစ်ရံ တချို့အရာများကိုတော့ မျက်စိမှိတ်ထားရမည်ဖြစ်သည်။
လက်ရှိတွင် ကုကျိုးသည် တခြားသူများ ဘာတွေစဥ်းစားနေသည်ကို ဂရုမစိုက်အားပေ။ -- အနည်းဆုံးတော့ သူက အစေခံနောက်လိုက်တစ်ယောက်အဖြစ် ဟန်ဆောင်နေသူပီပီ ဆိုင်ရှေ့သို့ စိတ်အားထက်သန်စွာ အပြေးသွားလိုက်သည်။
သူဘာလုပ်ရမလဲ? လောင်းကြေးနိုင်တဲ့ ရွှေတွေကို သွားယူရမှာပေါ့!
စည်းကမ်းအရ ရွှေစ နှစ်သောင်းတန် ရွှေလက်မှတ်များက တစ်ဆယ်မှာ ရှစ်ဆရမည်ဖြစ်သည့်အတွက် သူက စုစုပေါင်း ရွှေစ တစ်သိန်းခြောက်သောင်းကို သွားရောက်ထုတ်ယူရမည်ဖြစ်သည်။
ကုကျိုးသည် ထိုအကြောင်းတွေးရင်း အနည်းငယ် စိတ်လှုပ်ရှားလာသည်။
နောက်ဆုံးတော့ သူသည် ထောက်ပံ့သူ၏ ပိုက်ဆံရှာနိုင်သော အစွမ်းအဆကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရလေပြီ။ သူ ဆေးလုံးတွေ ဖော်ပြီးရောင်းရင်တောင် အခုလို ထောင်ချီသောင်းချီသည့် ရွှေစများရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာဖြစ်သည်။ သူ့ထောက်ပ့ံသူကတော့ တစ်ပွဲလောက် တိုက်ခိုက်လိုက်ရုံနှင့် အချိန်တိုအတွင်း အမြန်ဖြေရှင်းလိုက်ကာ အကျိုးအမြတ်များစွာကို ဆောင်ကျဥ်းပေးနိုင်သည်!
ထိုပိန်ညောင်ညောင်တာဝန်ခံကလည်း အချိန်ဆွဲမနေဘဲ ကုကျိုးအတွက် တစ်ခုကို ရွှေစတစ်သောင်းတန်သည့် ရွှေသားလက်မှတ်များ အလုံအလောက်ပေးရန် တစ်စုံတစ်ယောက်ကို ညွှန်းကြားလိုက်သည်။ ထို့နောက် ဆိုင်တာဝန်ခံက ရွှေသားလက်မှတ်များကို ကုကျိုးထံသို့ ပြတ်ပြတ်သားသား ကမ်းပေးလိုက်သည်။
ကုကျိုးက ရွှေသားလက်မှတ်များကို ယူပြီးနောက် ထောက်ပ့ံသူက အလွန်အင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ကိုယ်ဖော့သိုင်းဖြင့် စင်မြင့်ထက်မှပြန်ဆင်းလာသည်ကို တွေ့လိုက်သည်။ သူက ကုကျိုး၏ အနားသို့ ချက်ချင်း ရောက်လာသည်။
ကုကျိုးက သူအခု သရုပ်ဆောင်နေသည့် ဇာတ်ကောင်နေရာကို သတိရသွားကာ အမြန်ပြောလိုက်၏။
"သခင်လေး၊ ဒီရွှေသားလက်မှတ်တွေက...."
ကုန်းရိထျန်းဟန်က တက်ကြွစွာဖြင့်:
"ဒီသခင်လေးဘက်က ထပ်ပြီး လောင်းရမှာပေါ့"
ဘေးနားရှိ လူတစ်ယောက်က ထိုစကားကိုကြားတော့ ခေါင်းလှည့်ကြည့်ကာ သူတို့နားသို့ ချဥ်းကပ်လာသည်။
လောင်းကြေးများကို လက်ခံစာရင်းသွင်းသည့် ထိုတာဝန်ခံက သူတို့ကို စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
"ရွှေစ တစ်သိန်းခြောက်သောင်းလုံးကို အကုန်လောင်းမှာလား?"
ဒါကတော့ အရမ်းကို လက်ကြီးသွားပြီမဟုတ်လား?
ကုကျိုး၏ နှလုံးသားက အနည်းငယ် လှုပ်ခါသွားသည်။ သို့သော် သူက မျက်နှာတည်တည်ဖြင့် ရွှေစ တစ်သိန်းခြောက်သောင်းတန် ရွှေလက်မှတ်များကို ဆိုင်ကောင်တာပေါ်သို့ တင်လိုက်သည်။ သူက ပါးစပ်မှလည်း သခင်အားကိုးနှင့် မိုက်နေသည့် နောက်လိုက်ခွေးတစ်ယောက်လို့ ပြောလိုက်၏။
"သခင်လေးရဲ့ စကားတစ်ခွန်းက အတည်ပဲ။ ဘယ်တော့မှ မပြောင်းဘူး! မင်းတို့ကသာ ဒီလို ရွှေစလေး တစ်သိန်းခြောက်သောင်းလောက်ကို ဥာဏ်တိမ်နေတာ။ သခင်လေးရဲ့ လက်ဖျားက ပိုလို့ကျလာနဲ့ ငွေတောင် ဒီပမာဏထက်များတယ်။ သခင်လေးတွေအတွက် မြန်မြန် စာရင်းမသွင်းသေးဘူးလား?"
ဒီ...ဒီလိုမျိုး သရုပ်တောင်ရတဲ့ ခံစားချက်က အရမ်းမိုက်တာပဲ!
ဆိုင်တာဝန်ခံက ခြောက်ကပ်စွာ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။
"ဧည့်သည်ကို စာရင်းသွင်းပေးလိုက်!"
သူတို့ရှေ့ကလူက သူတို့ကို တုန်လှုပ်စွာ တစ်ချက်ကြည့်ပြီးနောက် အမြန်စာရင်းသွင်းပေးလိုက်သည်။
မှန်ပေသည်။ သူတို့အဖွဲ့အစည်းထဲရှိ ဘယ်သူကများ ဒီလိုကိစ္စမျိုးကို မမြင်ဖူးဘဲ နေလိမ့်မလဲ? ထိုလူကသာ အမြင်တိမ်နေတာဖြစ်သည်။ ဤနေရာ၌ ယခုကဲ့သို့ ရွှေစ သောင်းချီလောင်းကြေးထပ်ခြင်းမျိုး သိပ်မရှိသော်လည်း အဲ့ဒါမျိုးက လုံးဝမရှိတာတော့မဟုတ်ပေ။ ထို့အပြင် အဖွဲ့အစည်း၏ အခြားနေရာများတွင် သိန်းချီလောင်းကြေးထပ်ခြင်းမျိုးပင် ရှိသည်။ ထို့ကြောင့် ဤကိစ္စနှင့်ပတ်သတ်၍ ရေးကြီးခွင်ကျယ် လုပ်စရာ မလိုပေ။
ခဏကြာတော့ ထိုလူက သူ့ကိုယ်သူ အပြောစောလွန်းတာကို သိရှိသွားတော့သည်။
လက်ရှိအချိန်တွင် ပါဝင်ယှဥ်ပြိုင်သူက သိပ်မများလှ​ေပ။ ဇီဝမရဏကြိုးဝိုင်းထက်ဝယ် နောက်ထပ် ပြိုင်ပွဲ နှစ်ပွဲခန့် ယှဥ်ပြိုင်တိုက်ခိုက်ပြီးနောက် ကုန်းရိထျန်းဟန်၏ အလှည့်သို့ တဖန်ပြန်လည်ရောက်ရှိလာသည်။
ကုန်းရိထျန်းဟန်ကလည်း အားမနာတမ်း သူ့ပြိုင်ဖက်နှင့် ထပ်မံတိုက်ခိုက်ရန် စင်မြင့်ပေါ်သို့တက်လိုက်သည်။
ဘယ်သူက ဘယ်သူနှင့် တိုက်ခိုက်ရမည်ကို အစီအစဥ်ချပေးရာတွင် အထူးတလည် စိန်ခေါ်သူများမှလွဲ၍ ကျန်သူများအားလုံးကို တစ္ဆေလမ်းအဖွဲ့အစည်းမှ ကြုံရာကျပန်းရွေးချယ်မလား နောက်ကွယ်မှ တိတ်တဆိတ်စီစဥ်ရွေးချယ်ပေးမလားပေါ် မူတည်၍ လူစီစဥ်ပေးခြင်းဖြစ်သည်။
ဒီတစ်ခေါက်မှာတော့ ကုန်းရိထျန်းဟန်သည် ရည်ရွယ်ချက်ရှိရှိ စီစဥ်ပေးထားသော ပြိုင်ဖက်နှင့် တွေ့ခဲ့သည်။
ကုန်းရိထျန်းဟန် စင်မြင့်ပေါ်သို့ တက်လိုက်သည်နှင့် သူ၏ပြိုင်ဘက်ထံမှ သွေးပင်လယ်ထဲက ထွက်လာသလို ခံစားချက်မျိုးကို ရလိုက်သည်။ ထိုသူ၏ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါက နွားရုပ်ဆိုးထက် အဆပေါင်းများစွာ သာသည်။ သူတို့က ကျင့်ကြံရေးအဆင့်ချင်းတူသော်လည်း ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်ကတော့ ကွာခြားလှသည်။
ကုန်းရိထျန်းဟန်သည် စိတ်ထဲမှ ကြိုတင်သတိကပ်လိုက်သော်ငြား မျက်နှာအမူအရာက မာနထောင်လွှားနေဆဲပင်။
နှစ်ဖက်စလုံးက မဆိုင်းအတွပင် စတင်တိုက်ခိုက်တော့သည်!
ကုကျိုးသည် စင်အောက်မှ ကြည့်ရင်း ရုတ်တရတ် နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူသည် ထိုလူထံမှ အန္တရာယ်ကြီးမားသည့် အငွေ့အသက်များကို ခံစားမိနေသည်!
ထောက်ပံ့သူ၊ သူက.... မဟုတ်သေးဘူး။ ထောက်ပံ့သူက သူ့ရဲ့ တကယ်အစစ်အမှန်ပုံစံကိုတောင် မထုတ်ပြရသေးဘူး။ ကုကျိုးကတော့ ထောက်ပ့ံသူအပေါ် ယုံကြည်မှုရှိနေဆဲ။
လုံအာ့နှင့် ရွှီဝမ်ဟယ်တို့နှစ်ဦးသည် သူတို့ အထဲသို့ စတင်ဝင်လာချိန်မှစ၍ သူတို့နှစ်ဦး၏ဖြစ်တည်မှုကို မှေးမှိန်ထားခဲ့သည်။ သို့သော် ယခုအချိန်၌ သူတို့နှစ်ဦးစလုံးက ရှေ့တက်လာကာ ကုကျိုးနှင့်အတူ စင်မြင့်ထက်သို့သာ အလုံးစုံအာရုံစိုက်ထားကြသည်။
ကုန်းရိထျန်းဟန်က သူတို့၏ မျှော်လင့်ချက်ကို စိတ်မပျက်စေရပေ။ သူက ဒီတစ်ချီတွင် သိုင်းပညာငါးမျိုးကို သုံးခဲ့သည်။ သူသည် ပြင်းထန်လှသည့် တိုက်ပွဲအတွင်း ရုတ်တရတ် မြွေဝိညာဥ်​ခြေလှမ်းကို သုံးလိုက်သည်။ ထို့​နောက် ပြိုင်ဘက်၏ တိုက်ကွက်များက အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိလာသည့်အခါ အရှေ့သို့ လျင်မြန်စွာ ခုန်ထွက်ပြီး ရန်သူ၏ အားနည်းချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်! ၄င်းက ပြိုင်ဘက်ကို အထိနာစေကာ ဒဏ်ရာအပြင်းအထန်ရရှိသွား​ေစသည်။ ထို့နောက် သူက အချိန်မဆိုင်းဘဲ ချက်ချင်းပင်  ပြိုင်ဘက်၏ လည်ပင်းကို အညှာအတာကင်းမဲ့စွာ ချိုးပစ်လိုက်သည်။
ဤသို့ဖြင့် ဆိုင်တာဝန်ခံ ထပ်မံရှုံးနိမ့်သွားသည်။ ယခုတစ်ခေါက်တွင် လောင်းကြေးငွေက တစ်ဆ လေးဆသာဖြစ်သော်လည်း ရရှိသည့် ငွေပမာဏက ရွေစ ခြောက်သိန်း လေးသောင်းတောင်ဖြစ်သဖြင့် အဲ့ဒါက အကုန်ထိုး အကုန်နိုင်လိုက်သော အနိုင်ပွဲဖြစ်၏။
သူတို့က ချက်ချင်း လောင်းကြေးကို တစ်ဆ နှစ်ဆ အဖြစ် ပြောင်းလဲလိုက်သည်။ ကုန်းရိထျန်းဟန်၏ ပြိုင်ဘက်များမှာ ပိုမိုသန်မာလာကြပြီး သွေးထွက်သံယိုများ ပိုများလာသည်။
နှမြောစရာကောင်းသည်မှာ ကုန်းရိထျန်းဟန်ကပင် အနိုင်ရ​နေဆဲဖြစ်သည်။ -- ဒီတစ်ချီမှာတော့ ကုန်းရိထျန်းဟန်သည် အသေးစားဒဏ်ရာတစ်ခုရလိုက်ပြီး သူတို့ နိုင်လိုက်သည့် ရွှေပမာဏက (၁.၂၈) မီလီယံဖြစ်သည်။
____________________________________
အချစ်ဆုံတို့ရေ.....
နှစ်ယောက်သားပိုက်ဆံရှာပုံရှာပန်းကတော့နော် 😅😅 ဒါနဲ့ omicron က ဒီကို ရောက်လာပါပြီ။ forth wave အတွက်လည်း ​ကြိုတင်ပြင်ဆင်ပြီး ကျန်းမာရေးဂရုစိုက်ကြပါနော်။ နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။ ❤
With love ❤
Taiga 😘
Continue Reading
You'll Also Like
1.4M 188K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
292K 4.6K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။