မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း

1.3K 261 16
By Sebastiann048

((Zawgyi))

အပိုင္း (၄၀)
ဇီဝမရဏႀကိဳးဝိုင္း

💊💊💊

မီးပုံထက္ဝယ္ ေဆးႀကိဳအိုး(၃)အိုး ရွိေနသည္။ အိုးမ်ားထဲတြင္ လတ္ဆတ္ကာ အရည္႐ႊမ္းသည့္ အသားဟင္းမ်ားက တပြက္ပြက္ ဆူပြက္ေနၾကသည္။ ျပင္းထန္ၿပီး အရသာရွိသည့္ ေမႊးရနံ႕မ်ားက ႏွာဖ်ားဝသို႔ လာေရာက္ရိုက္ခတ္ကာ အမ်ားသူငါကို သြားရည္ယိုေစနိုင္သည္။

ကုက်ိဳးသည္ သူ၏အာ႐ုံမ်ားကို ဝံပုေလြသား၊ ဒရယ္သားႏွင့္ က်ားသစ္သားတို႔ပါဝင္သည့္ ေမႊးႀကိဳင္သည့္ ဟင္းပြဲမ်ားအေပၚ စူးစိုက္ထားသည္။

ထိုဟင္း(၃)မ်ိဳးသည္ ေဆးဖက္ဝင္အပင္မ်ားစြာႏွင့္ အက်အန ေပါင္းစပ္ခ်က္ျပဳတ္ထားသည့္ ေဆးဖက္ဝင္ ဓာတ္စာဟင္းပြဲမ်ားျဖစ္သည္။ အမ်ိဳးစုံေသာ ေမႊးရနံ႕မ်ားသည္ တစ္ခုကိုတစ္ခု အျပန္အလွန္ အေထာက္အပံ့ေပး​ရင္း ပိုမိုေမႊးႀကိဳင္​ၿပီး အရသာရွိသည့္ အနံ႕အရသာျပည့္စုံသည့္ ဟင္းလ်ာမ်ားျဖစ္လာသည္။

(၁၅)မိနစ္ခန့္ၾကာေသာ္ ေဆးႀကိဳအိုး(၃)အိုးမွ ဟင္းရည္မ်ား အေရာင္ေျပာင္းလဲလာသည္။ ကုက်ိဳးက နည္းနည္းမွ သတိမလြတ္ေစဘဲ သူ၏လက္ေမာင္းမ်ားကို အလ်င္ျမန္ဆုံး ေ႐ြ႕လ်ားလိုက္သည္။ သူက ေယာက္ခ်ိဳဇြန္းႀကီးျဖင့္ ဟင္းမ်ားကို ေမႊလိုက္သည္။ ထို႔ေနာက္ တစ္အိုးခ်င္းဆီမွ အေကာင္းဆုံးဓာတ္စာဟင္းမ်ားကို ဆက္တိုက္ ခပ္ယူလိုက္ၿပီး ပန္းကန္လုံးႀကီးတစ္ခုထဲသို႔ ေလာင္းထည့္လိုက္သည္။

စကၠန့္ပိုင္းအတြင္း အလြန္ထူးျခားသည့္ ေမႊးရနံ႕မ်ား ႐ုတ္တရတ္ ပ်ံ့ႏွံ႕လာသည္။ ထိုေမႊးရနံ႕သည္ လူတို႔၏ ရသာ႐ုံကို လႈံေဆာ္သကဲ့သို႔ ဝမ္းတြင္းမွ ဆာေလာင္သံမ်ားေၾကာင့္ ဗိုက္ျပည့္ေအာင္ လုယက္သုံးေဆာင္ခ်င္စိတ္မ်ား ျဖစ္ေပၚလာသည္။

ေသခ်ာေပါက္ ဒီေနရာမွာေတာ့ လုစားမည့္လူမရွိ​ေပ။

အဘယ့္ေၾကာင့္ဆိုေသာ္ ခ်က္ျပဳတ္သူ စားဖိုမႉးက ကုက်ိဳးပင္ျဖစ္သည္။ သူက အထင္ႀကီးေလာက္စရာ ခ်ဳပ္တည္းနိုင္စြမ္းျဖင့္ မိမိစိတ္ကို ထိန္းခ်ဳပ္ကာ ထိုဓာတ္စာဟင္းကို လုယူစားသုံးျခင္းမျပဳေပ။ အဲ့ဒီအစား သူက ႏွာေခါင္းတစ္ခ်က္ရႈံ႕ကာ ကုန္းရိထ်န္းဟန္ဆီသို႔ အေျပးကေလးသြားၿပီး ပန္းကန္လုံးကို ကမ္းေပးလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ ပူတုန္းေလးစားလိုက္ေနာ္! နည္းနည္းၾကာတာနဲ႕ အရသာေတြ ေပ်ာက္ကုန္လိမ့္မယ္၊ အဲ့လိုဆို အာနိသင္လည္း ေကာင္းမွာမဟုတ္ေတာ့ဘူး!"

ကုန္းရိထ်န္းဟန္က မထိန္းနိုင္ဘဲ ရယ္လိုက္ကာ:

"အားက်ိဳး အရမ္းဆာေနရင္ ကိုယ့္ကို အရင္ဆုံး လာေပးစရာမလိုပါဘူး"

ကုက်ိဳးက ကုန္းရိထ်န္းဟန္ ပန္းကန္လုံးကို လက္ခံယူလိုက္တာျမင္ေတာ့ အေနာက္သို႔ ေျခလွမ္း ေလးငါးလွမ္းခန့္ဆုတ္သြားၿပီး ပင့္သက္တစ္ခ်က္ရႉသြင္းလိုက္ကာ:

"ထ်န္းဟန္သခင္ေလးက အခု ခြန္အားအျပည့္နဲ႕ သိုင္းပညာက်င့္ႀကံေနတာေလ။ အဲ့ေတာ့ အေကာင္းဆုံးဆိုတာေတြကိုပဲ သုံးရမွာေပါ့။ ကြၽန္ေတာ့္မွာလည္း အဲ့ဒီ့ေကာင္းဆုံးေတြ ရွိေနတယ္။ ဒီေတာ့ ကြၽန္ေတာ္က သခင္ေလးကို နိမ့္ပါးတဲ့အရာေတြ လုံးဝ ေပးမွာမဟုတ္ဘူး။ စားခ်င္ေသာက္ခ်င္စိတ္ဆိုတာ လူ႕သဘာဝပဲဟာ။ မျဖစ္မေနလုပ္ရမွာမဟုတ္ပါဘူး"

စားတာက ဘယ္အခ်ိန္ျဖစ္ျဖစ္ စားလို႔ရတယ္မဟုတ္လား? သူ႕အိမ္က ေထာက္ပံ့သူကိုသာ ဝဝလင္လင္နဲ႕ ေကာင္းေကာင္းေကြၽးၿပီး ခြန္အားေတြ အမ်ားႀကီးတိုးေအာင္လုပ္ေပးနိုင္ရင္ အေကာင္းဆုံးပဲ။ အဆိုးဆုံးျဖစ္ေတာင္ သူအိမ္ေတာ္ကို ျပန္ေရာက္ရင္ စားေကာင္းေသာက္ဖြယ္အမ်ားႀကီးစားၿပီး ကိုယ့္ဟာကိုယ္ ျပန္ဆုခ်လိဳက္႐ုံေပါ့။ ေထာက္ပ့ံသူ ၾကည့္ရတာလည္း အဲ့လိုမဆိုစေလာက္ ဟင္းအမယ္ ေဆးအမယ္ေလာက္ကို ကပ္ေစးနဲမယ့္ ပုံမေပၚပါဘူး။

ကုန္းရိထ်န္ဟန္က ဟင္းပြဲကို မျငင္းေတာ့ဘဲ လက္ခံလိုက္သည္။

တကယ္ေတာ့ ကုန္းရိထ်န္းဟန္ကိုယ္တိုင္ မိမိ ခြန္အားစြမ္းရည္မ်ား အဆက္မျပတ္တိုးတက္လာသည္ႏွင့္အမွ် စားခ်င္စိတ္လည္း မ်ားစြာႀကီးမားလာမွန္း ခံစားသိရွိေနသည္။ ဤသည္ကား သိုင္းပညာရွင္တစ္ဦးအတြက္ သာမာန္ျဖစ္ရိုးျဖစ္စဥ္တစ္ခုဟု ဆိုနိုင္သည္။ သားရိုင္းသတၱဝါမ်ား၏ အေသြးအသားမ်ားတြင္ မ်ားစြာေသာအသက္ဓာတ္ႏွင့္ စြမ္းအင္မ်ားပါရွိၿပီး ၄င္းက သိုင္းပညာရွင္တစ္ဦးကို အာဟာရျဖစ္ေစသလို ခႏၶာကိုယ္ကိုလည္း ႀကံ့ခိုင္သန္မာေစသည္။ သို႔ေသာ္ မ်ားစြာေသာ သိုင္းပညာရွင္တို႔သည္ မိမိကိုယ္ကို မည္ကဲ့သို႔ အာဟာရရွိရွိ ၾက့ံခိုင္သန္မာေအာင္ လုပ္ရမည္ကို အတိအက် မသိၾကေပ။

တစ္ဖက္မွာလည္း သားရိုင္းသတၱဝါမ်ား လူသားစားျခင္းႏွင့္ ဇာတ္တူသားစားျခင္းတို႔မွာ အဆိုပါအေၾကာင္းရင္းေၾကာင့္ ျဖစ္သည္။

ကုန္းရိထ်န္းဟန္၏ ခႏၶာကိုယ္သည္ သာမာန္ထက္ အလြန္ထူးျခားသည္။ အစပိုင္းေတာ့ ကုန္းရိထ်န္းဟန္သည္ သာမာန္လူမ်ားကဲ့သို႔ ထိုက​ဲ့သို႔ေသာ အေသြးအသားဓာတ္မ်ားကို မစားသုံးနိုင္ေပ။ စားသုံးမိပါက ႀကီးမားလွသည့္ စြမ္းအားမ်ား ခႏၶာကိုယ္အတြင္းသို႔ ဝင္ေရာက္သည့္ဒဏ္ကို ခံနိုင္မည္မဟုတ္ဘဲ သူ႕ခႏၶာကိုယ္ ေပါက္ကြဲထြက္သြားမည္ျဖစ္သည္။ ေနာက္ပိုင္း သိုင္းပညာက်င့္ႀကံလာနိုင္သည့္အခါ ေန႕စဥ္ေန႕တိုင္း ေဆးအႏွစ္ရည္စိမ္ျခင္းႏွင့္ ေဆးဝါးဓာတ္စားမ်ား မွီဝဲျခင္းတို႔ကို ျပဳလုပ္ခဲ့သျဖင့္ ခႏၶာကိုယ္အတြက္ လိုအပ္ေသာ စြမ္းအင္ကို ျဖည့္ဆည္းေပးထားၿပီး အျခားအစားအစာမ်ားကို ယခင္အတိုင္း ထူးထူးျခားျခား စီစဥ္ခ်က္ျပဳတ္ျခင္းမရွိခ​ဲ့ေပ။

သို႔ေသာ္ ဒီတစ္ေခါက္ခရီးထြက္ခဲ့ခ်ိန္မွစ၍ ကုက်ိဳးသည္ ကိစၥမ်ားကို ဂ႐ုတစိုက္ ခ်င့္ခ်ိန္စဥ္းစားၿပီး ကုန္းရိထ်န္းဟန္ကို ရက္အနည္းငယ္ၾကာတိုင္း ေဆးအႏွစ္ရည္ စိမ္ေစကာ ေန႕စဥ္ေန႕တိုင္း ေဆးဖက္ဝင္ဟင္းလ်ာမ်ိဳးစုံကို တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ေျပာင္းလဲၿပီး ျပင္ဆင္ခ်က္ျပဳတ္ေကြၽးခ​ဲ့သည္။

ကုန္းရိထ်န္းဟန္သည္ မိမိကိုယ္တိုင္ ေဆးဝါးမ်ား မသန့္စင္နိုင္ေသာ္ျငား မိမိတြင္ ကုသ၍မရနိုင္သည့္ ေရာဂါရွိသည္ကို ယခင္ကတည္းက သိရွိထားသည့္အတြက္ ေဆးပညာကို အနည္းငယ္ ေလ့လာခဲ့သည္။ သာမာန္လူတို႔အတြက္ ေဆးကုသနည္းမ်ားမွာ သိုင္းပညာရွင္တို႔အတြက္ သိပ္အသုံးမဝင္လွေပ။ ထို႔အျပင္ သိုင္းပညာရွင္တို႔အတြက္ ေဆးကုသနည္းမ်ားက အလြန္ရိုးရွင္းလွသည္ျဖစ္ရာ ၄င္းက ကုန္းရိထ်န္းဟန္ကို တစ္ခ်ိဳ႕အရာမ်ားအား နားလည္သေဘာေပါက္ေစၿပီး ေဆးဝါးဓာတ္စာတစ္ခုခ်င္းစီ၏ ထူးျခားပုံတို႔ကို အက​​ဲျဖတ္သိရွိေစနိုင္သည္။

သူ႕ေဆးဆရာေလးသည္ သူ၏က်န္းမာေရးကို ေရွးရႈကာ သူ႕ကိုေကြၽးသမွ် အစားအစာမ်ားကို ႀကိဳတင္စီစဥ္ကာ ဂ႐ုတစိုက္ ခ်က္ျပဳတ္ေပးျခင္းျဖစ္သည္။ အကယ္၍ ဒီတစ္ေခါက္ ဟင္းလ်ာက ဓာတ္ႀကီးငါးပါးထဲမွ မီးျဒပ္စင္ကို အားေပးသည့္ ဓာတ္စာျဖစ္လွ်င္ ေနာက္တစ္ေခါက္ ဟင္းလ်ာက ၄င္းဓာတ္ကို ေျပေပ်ာက္ေစသည့္ ဓာတ္ႀကီးငါးပါးမွ ေရဓာတ္ပါဝင္ေသာ ဟင္းလ်ာကို ခ်က္ျပဳတ္ေပးသည္။ အဲ့ဒီေနာက္ သံသတၱဳဓာတ္၊ သစ္သားဓာတ္၊ ေျမဓာတ္ အစရွိသည့္ ျဒပ္စင္မ်ားကို တစ္ခုၿပီးတစ္ခု ျပင္ဆင္ခ်က္ျပဳတ္ေပးေလသည္။ ဟင္းပြဲဓာတ္စာမ်ားသည္ စြမ္းအင္ေပ်ာ့ေပ်ာင္းသည့္တိုင္ ကုက်ိဳးက အစြမ္းကုန္ႀကိဳးစားကာ ဓာတ္ႀကီးငါးပါးျဒပ္စင္မ်ားအားလုံးကို သမမွ်တ၍ ဟန္ခ်က္ညီေစရန္ ခ်က္ျပဳတ္ေပးေလသည္။

ထို႔ေၾကာင့္ ကုန္းရိထ်န္းဟန္သည္ ေန႕စဥ္ေန႕တိုင္း အားအင္ျပည့္ဝေနၿပီး ရံဖန္ရံခါ ဒဏ္ရာရရွိေသာ္ျငား ေဆးဝါးဓာတ္စာတြင္ ေဆးဖက္ဝင္အာနိသင္ကို အနည္းငယ္ အသားေပးေဖာ္စပ္လိုက္သည္ႏွင့္ အလ်င္အျမန္ သက္သာေပ်ာက္ကင္းသျဖင့္ ဘာမွစိုးရိမ္ပူပန္စရာမရွိပါေခ်။

ထိုေျမာက္မ်ားစြာေသာ အေတြးမ်ားက ကုန္းရိထ်န္းဟန္၏ စိတ္ထဲ၌ စကၠန့္ပိုင္းအတြင္း ျဖတ္ေျပးသြားသည္။ -- သူ႕မ်က္ဝန္းမ်ားက ေႏြးေထြးမႈျဖင့္ အေရာင္လက္သြားကာ ကုက်ိဳး၏ ဆံပင္ေလးမ်ားကို ထိုးဖြလိုက္ရင္း:

"အားက်ိဳးလည္း ျမန္ျမန္သြားစားေလ။ ကိုယ့္ကိုယ္ကို အဆာခံ မေနနဲ႕ဦး"

ကုက်ိဳးက တဟ​ဲဟ​ဲရယ္ၿပီး လုံအာ့ႏွင့္ ႐ႊီဝမ္ဟယ္တို႔ထံသြားကာ ရနံ႕သုံးမ်ိဳးေမႊးပ်ံ့ေနသည့္ အရသာရွိသည့္ ဟင္းလ်ာမ်ားကို ပန္းကန္လုံးႀကီးမ်ားျဖင့္ ခပ္ထည့္ေပးရင္း အားရပါးရ စားဖို႔ ေျပာလိုက္သည္။

အားလုံးစားေသာက္ၿပီးသြားေတာ့ ကုန္းရိထ်န္းဟန္က ဒီေနရာမွ ထြက္ခြာေတာ့မည့္အေၾကာင္း ေၾကညာလိုက္သည္။

ႏြားခြာယွက္ေျပးေတာင္တန္းမ်ားမွာ အမွန္စင္စစ္ ေလ့က်င္ရန္ေနရာေကာင္းတစ္ခုျဖစ္ၿပီး ေတာေတာင္မ်ားက နက္နဲက်ယ္ေျပာလွသလို သဘာဝအရင္းအျမစ္မ်ားကလည္း ေပါႂကြယ္ဝလွသည္။ သို႔ေသာ္ လက္ရွိကုန္းရိထ်န္းဟန္အတြက္ေတာ့ ဒီေနရာက သိပ္မ်ားမ်ားစားစား အသုံးမဝင္ေတာ့ေပ။  သူက ဤေနရာရွိ တိုက္ခိုက္ေလာက္စရာ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္ သားရိုင္းသတၱဝါအမ်ားစုကို စိန္ေခၚတိုက္ခိုက္ၿပီးျဖစ္သလို ကုက်ိဳးသည္လည္း ရွာေတြ႕နိုင္သမွ်ေသာ ေဆးဖက္ဝင္အပင္အားလုံးကို ခူးဆြတ္ရိပ္သိမ္းၿပီးျဖစ္သည္။ ထို႔​ေၾကာင့္ ဒီေနရာတြင္ ဆက္ေနျခင္းက အလကား အခ်ိန္ျဖဳန္းျခင္းသာ ျဖစ္လိမ့္မည္။

သူတို႔လူတစ္စု ေတာင္တန္းမ်ားၾကားမွ ေျဖးညင္းစြာ လမ္းေလွ်ာက္ထြက္လာခ်ိန္၌ ကုက်ိဳးက ေမးလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္တို႔ အခု ဘယ္သြားမွာလဲ?"

ကုန္းရိထ်န္းဟန္က အေျဖမေပးဘဲ သူ၏လက္ေအာက္ငယ္သားကို လွမ္းေမးလိုက္သည္။

"ဝမ္းဟယ္၊ ဒီအနီးတစ္ဝိုက္မွာ ငါတို႔ ေလ့က်င့္လို႔ရမယ့္ ေနရာရွိလား?"

႐ႊီဝမ္းဟယ္က စဥ္းစားလိုက္ၿပီးေနာက္ အေျဖေပးလိုက္သည္။

"ဇီဝမရဏႀကိဳးဝိုင္းပဲ"

ကုန္းရိထ်န္းဟန္က မ်က္ခုံးပင့္လိုက္ကာ:

"ပိုတိတိက်က် ေျပာပါဦး"

ထို႔ေနာက္ ႐ႊီဝမ္ဟယ္က သူတို႔ကို အေသးစိတ္ ေသခ်ာရွင္းျပလာသည္။

ဇီဝမရဏႀကိဳးဝိုင္းဆိုသည္မွာ ေၾကးစားလူသတ္အဖြဲ႕အစည္းတစ္ခုမွ တည္ေထာင္ထားသည့္ ေမွာင္ခိုေစ်းကြက္ တိုက္ခိုက္ေရးစင္ျမင့္တစ္ခုျဖစ္သည္။ ထိုတိုက္ခိုက္ေရးႀကိဳးဝိုင္း၏ တည္ေနရာကို အေတာ္အတန္ ပိရိစြာ ဖုံးကြယ္ထားၿပီး ၄င္းက အေျခခံအားျဖင့္ ထိုအဖြဲ႕အစည္း၏ စစ္ဆင္ေရးမ်ားေဆာင္႐ြက္ရာ ကိုင္းဖ်ားကိုင္းနား ဌာနခြဲတစ္ခုျဖစ္သည္။ အမ်ားအားျဖင့္ သိုင္းပညာရွင္တစ္ဦးက ထိုဌာန၏ တည္ေနရာကိုသိလွ်င္ ၾကားခံလမ္းၫႊန္သူမွတဆင့္ အထဲသို႔ ဝင္ေရာက္ၿပီး အဖြဲ႕အစည္း၏ ေၾကးစားလူသတ္သမားမ်ားႏွင့္ ယွဥ္ၿပိဳင္တိုက္ခိုက္နိုင္သည္။

ကုက်ိဳးက အနည္းငယ္ သံသယျဖစ္စြာျဖင့္:

"လူသတ္သမားေတြက လူေတြ႕ခံလို႔ရလို႔လား?"

႐ႊီဝမ္းဟယ္က ၿပဳံးကာ ေျပာလိုက္သည္။

"ေဆးဆရာကုက အေၾကာင္းစုံ မသိေသးလို႔ပါ။ ဒီတေစၦလမ္းအဖြဲ႕အစည္းက သူ႕ရဲ႕ ေၾကးစားလူသတ္သမားေတြကို ေလ့က်င့္ေပးပုံက အေတာ္ေလး ေသြးေအးတယ္။ သူတို႔က ႀကိဳးဝိုင္းထဲမွာ ေသျခင္းရွင္းျခင္းကို ပဓာနမထားဘဲ တိုက္ခိုက္ခိုင္းတယ္။ ႀကိဳးဝိုင္းထဲမွာ လူသတ္သမားေတြဟာ ေနာက္တစ္ဆင့္ကို တက္လွမ္းနိုင္ဖို႔ ေသေရးရွင္ေရး အႏၲရာယ္ေတြကို ႀကံႀကံခိုင္ရင္ဆိုင္ၿပီး အားကုန္ထုတ္ တိုက္ခိုက္ရမယ္။ ေျပာၾကတာက ဒီလို ေလ့က်င့္ေပးတာက ေၾကးစားလူသတ္သမားေတြကို ေသြးနဲ႕ရက္စက္ျခင္းကို ျမင္ေစၿပီး ေနာင္ကို လုပ္ႀကံသတ္ျဖတ္ဖို႔ သြားတဲ့အခါ သူတို႔စိတ္ေတြ ေပ်ာ့ညံ့တြန့္ဆုတ္သြားတာမ်ိဳး မရွိေအာင္ လို႔ဆိုၾကတယ္"

သူက ​ေခတၱ စဥ္းစားလိုက္ၿပီးေနာက္ ဆက္ေျပာလာသည္။

"ေနာက္ၿပီး တကယ္လို႔ တစ္စုံတစ္ေယာက္ကဒီတေစၦလမ္းအဖြဲ႕အစည္းနဲ႕ ဆက္သြယ္ၿပီး တာဝန္ေပးခ်င္တယ္ဆိုရင္ ဒီအမာခံဌာနေတြက ဆက္သြယ္ဖို႔ ေနရာေကာင္းပဲ။ ေနာက္ၿပီး အခုလို အျပင္ေလာကနဲ႕ ေၾကးစားလူသတ္အဖြဲ႕အစည္းၾကားမွာ အဆက္အသြယ္ရွိေနတာက အဖြဲ႕ရဲ႕ ဂုဏ္သိကၡာကို ျမႇင့္တင္ရာေရာက္သလို လူသစ္စုေဆာင္းရတာလည္း အရမ္းအေထာက္အကူျဖစ္ေစတယ္"

ကုက်ိဳး၏ အသိပညာမ်ားက တဖန္ ျပန္လည္ဆန္းသစ္သြားရျပန္သည္။

အခုေခတ္ ေၾကးစားလူသတ္သမားေတြက ေခတ္မီဆန္းသစ္လာပါလား။ အရင္လို လူမသိသူမသိ လွ်ို႔ဝွက္မေနၾကေတာ့ဘူးေပါ့?

႐ႊီဝမ္းဟယ္၏ စကားက မၿပီးေသးေပ။

"ဒါေပမယ့္ အဲ့ဒီအမာခံဌာနခြဲေတြက တစ္ဝက္ေလာက္ပဲ ဖြင့္ေပးထားသလို တေစၦလမ္းအဖြဲ႕အစည္းရဲ႕ တကယ့္ပင္မဌာနခ်ဳပ္က ဘယ္ေနရာမွာဆိုတာကို လ်ိဳ႕ဝွက္ထားတုန္းပဲ။ အဲ့ဒါနဲ႕ ပတ္သတ္ၿပီး သတင္းရခ်င္တဲ့သူေတြက အမာခံဌာနခြဲထဲကို ဝင္လာၾကေပမယ့္ ဘယ္သူမွ ေနရာအမွန္ကို ရွာမေတြ႕ၾကေတာ့ တေစၦလမ္းအဖြဲ႕အစည္းရဲ႕ လ်ိဳ႕ဝွက္ဆန္းၾကယ္မႈေတြက တိုးပြားလာသလို သူ႕ရဲ႕ဂုဏ္သတင္းကလည္း ပိုၿပီး ပ်ံ့ႏွံ႕လာတယ္။"

လတ္စသတ္ေတာ့ ဒီလိုကိုး။

ဒီတေစၦလမ္းအဖြဲ႕အစည္းက ဝါဒျဖန့္တဲ့ေနရာ​ေရာ လက္ေ႐ြးစင္ေတြကို ေလ့က်င့္ေပးတဲ့ေနရာမွာပါ တကယ့္ကို ေျပာင္ေျမာက္ပါေပတယ္။

ကုက်ိဳးမွာ ပါးစပ္အေဟာင္းသားျဖစ္ရေလသည္။

သူတို႔သည္ ေတာင္တန္းမ်ားထဲသို႔ ဝင္ခ​ဲ့စဥ္က အနည္းငယ္ ခက္ခဲေသာ္လည္း ယခု ထြက္ခြာလာခ်ိန္၌ ပိုမို ျမန္ဆန္ေနသည္။

သူတို႔လူစုသည္ ႏြားခြာယွက္ေျပးေတာင္တန္းမ်ားမွ အလ်င္အျမန္ထြက္လာခဲ့သည္။ ေတာစပ္မွထြက္ခါနီး၌ ကုန္းရိထ်န္းဟန္သည္ ေလဟာနယ္သိုေလွာင္႐ုံထဲတြင္ သိမ္းဆည္းထားေသာ ရထားလုံးကို အျပင္သို႔ ထုတ္ေစသည္။ ထို႔ေနာက္ သူတို႔အားလုံး ရထားလုံးေပၚသို႔ တက္လိုက္ၾကၿပီး အခ်ိန္အေတာ္ၾကာ ေဘးမဲ့ေပးထားသည့္ မီးလွ်ံ​ျခ​ေသၤ့ျမင္းမ်ားကို သံုးကာ ပိုမိုခရီးတြင္ေစလိုက္သည္။ -- မီးလွ်ံ​ျခ​ေသၤ့ျမင္းမ်ားသည္ အရိုးတည္ေဆာက္ျခင္းအဆင့္သာရွိေသာ္လည္း ၄င္းတို႔ကို ေကာင္းစြာေလ့က်င့္ေပးထားသည္ျဖစ္ရာ အမဲလိုက္စဥ္အေတာအတြင္း ထိုျမင္းမ်ားက မိမိတို႔ဘာသာ ဆက္လက္ရွင္သန္ၿပီး အျခားေသာသားရိုင္းသတၱဝါမ်ား၏ ေဘးမွ လြတ္ေအာင္ေရွာင္တိန္းနိုင္ခဲ့သည္။ သူတို႔က လုံအာ့ေလခြၽန္လိုက္သည္ႏွင့္ သူတို႔၏ ေရွ႕ေမွာက္သို႔ လ်င္ျမန္စြာ ေရာက္ရွိလာၾကသည္။

ဤသို႔ ခရီးဆက္ျခင္းက ကုက်ိဳးႏွင့္ အျခားသူမ်ားကို မ်ားစြာ သက္ေတာင့္သက္သာရွိေစသည္။

....ထို႔ေၾကာင့္ ခဏတာ စိတ္လက္ေပါ့ပါးစြာ အနားယူနိုင္ေသာ ခံစားခ်က္မ်ိဳး ရရွိခဲ့ေလသည္။

💊💊💊

ဖုန္းထုန္ၿမိဳ႕။

ဤ​ၿမိဳ႕သည္ ခ်န္းယြင္အင္ပါယာ၏ အလယ္အလတ္တန္းစား ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၿမိဳ႕ပတ္ပတ္လည္၌ ျမင့္မားေသာ အမဲေရာင္ တံတိုင္းရွည္မ်ား ဝန္းရံထားသည္။ ၿမိဳ႕၏ အရပ္ေလးမ်က္ႏွာ၌ ၿမိဳ႕တံခါး ေလးခုရွိၿပီး ခရီးလမ္းေၾကာင္းအားလုံးကို အလြန္အဆင္ေျပေခ်ာေမြ႕ေအာင္ ဆက္သြယ္ထားသည္။

ထို႔ေၾကာင့္ ဤၿမိဳ႕သို႔ ခရီးသြားလာေရာက္ၾကသူ အလြန္မ်ားၿပီး နဂါးႏွင့္ ေႁမြ၊ လူဆိုးလူေကာင္းတို႔ ရႈပ္ေထြးေရာေႏွာရာ ေနရာျဖစ္သည္။ သို႔ျဖစ္၍ တေစၦလမ္းအဖြဲ႕အစည္းအေနျဖင့္ ဤေနရာကို အမာခံဌာနခြဲတစ္ခုအျဖစ္ ဖြင့္လွစ္ထားျခင္းက မဆန္းလွပါေခ်။

႐ႊီဝမ္းဟယ္သည္ သူ႕နည္းသူ႕ဟန္ျဖင့္ ကိစၥမ်ားကို ေဆာင္႐ြက္လိုက္သည္။ သူက လမ္းၾကားတစ္ခုအတြင္း ဝင္ေရာက္သြားၿပီးေနာက္ ပိန္ပိန္ပါးပါး ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ႏွင့္အတူ ျပန္ထြက္လာသည္။

ကုက်ိဳးက ထိုလူ၏ မ်က္ႏွာကို ေသခ်ာဂ႐ုစိုက္ၾကည့္သည့္အခါ ထိုလူငယ္ေလးက တကယ္တမ္းေတာ့ ငယ္႐ြယ္သူတစ္ေယာက္မဟုတ္ဘဲ ကေလးမ်က္ႏွာႏွင့္ ႏုပ်ိဳေနကာ အသက္သုံးဆယ္ဝန္းက်င္ေလာက္ ရွိေပသည္။ သူ႕မ်က္လုံးမ်ားမွာ အလြန္နက္ရွိုင္းၿပီး ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္၏ တက္ႂကြဖ်တ္လက္မႈမ်ိဳး ရွိမေနေပ။

႐ႊီဝမ္းဟယ္သည္ ကုန္းရိထ်န္းဟန္ႏွင့္ အျခားသူမ်ားကို ထိုလူႏွင့္ မိတ္ဆက္ေပးလိုက္သည္။

"ဒါက ဇီဝမရဏႀကိဳးဝိုင္းရဲ႕ လမ္းၫႊန္သူ ေရွာင္းက်ိဳ (ဇီးကြက္၉)ပါ။အခု သူ႕ကို မိတ္ဆက္ေပးၿပီးၿပီဆိုေတာ့ သူက ကြၽန္ေတာ္တို႔ကို အဲ့ဒီေနရာဆီ ေခၚသြားေပးလိမ့္မယ္"

႐ႊီဝမ္းဟယ္က ထိုလမ္းၫႊန္သူကို ေျပာလိုက္သည္။

"ဒါကေတာ့ ကြၽန္ေတာ္ရဲ႕ အလုပ္ရွင္ သခင္ေလး လီတလီ၊ သူ႕ရဲ႕ ကိုယ္ရံေတာ္ လ်ိဳအာ့နဲ႕ ေယာက်ာ္းေလးအေစခံ ကုစန္းပါ။"

နာမည္မ်ားက တစ္ႏွစ္သုံးမကလို႔ ကိုးတစ္ဆယ္ပင္ျဖစ္ပါေစ ၄င္းတို႔အားလုံးက နာမည္ဝွက္ေတြမွန္း အသိသာႀကီးပင္ျဖစ္သည္။

သို႔ေသာ္ ႏွစ္ဖက္စလုံးက ထိုနာမည္အတုမ်ားကို နည္းနည္းမွ ဂ႐ုမစိုက္ၾကေပ။

ေရွာင္းက်ိဳက နားေထာင္ၿပီးေနာက္ မ်က္ႏွာေပၚတြင္ ႏွစ္လိုေသာအၿပဳံးတစ္ခု ေပၚလာကာ:

"လတ္စသတ္ေတာ့ လီသခင္ေလးကိုး။ ေတြ႕ရတာ ဂုဏ္ယူပါတယ္။ ဂုဏ္ယူပါတယ္"

ကုန္းရိထ်န္းဟန္က ေမာက္မာစြာ ၿပဳံးလိုက္ရင္း:

"အေျပာေကာင္းသားပဲ"

ကုက်ိဳး: ေထာက္ပ့ံသူကေတာ့ စၿပီး သ႐ုပ္ေဆာင္ေနျပန္ၿပီ.....

ေရွာင္းက်ိဳက သူတို႔ႏွင့္ ရင္းႏွီးမႈ ရယူလိုက္ၿပီးေနာက္ ​ေျခလွမ္းက်ဲမ်ားျဖင့္ ေဘးဘက္က လမ္းသြယ္တစ္ခုထဲသို႔ ဦးေဆာင္ေလွ်ာက္လွမ္းသြားသည္။

"လူႀကီးမင္းတို႔ ကြၽန္ေတာ္ေနာက္လိုက္ခဲ့ပါ။ ဒီတစ္ခါ လူႀကီးမင္းတို႔ထဲက ဘယ္ႏွစ္ေယာက္မ်ား ပါဝင္မွာပါလဲ။ ေနာက္ၿပီး လူႀကီးမင္းတို႔က ဇီဝတံခါးေပါက္ကို ျဖတ္မွာလား၊ မရဏတံခါးေပါက္ကို ျဖတ္မွာလား သိပါရေစ။"

ကုန္းရိထ်န္းဟန္က ထိုလူ၏ ေျခလွမ္းမ်ားႏွင့္ အမီေလွ်ာက္လွမ္းရင္း ေမးလိုက္သည္။

"ဇီဝတံခါးန​ဲ ့မရဏတံခါးက ဘာေတြလဲ?"

ေရွာင္းက်ိဳက ဆိုသည္။

"ဇီဝတံခါးက ဇီဝမရဏႀကိဳးဝိုင္းဆီသြားတဲ့လမ္း။ မရဏတံခါးကေတာ့ ပိုက္ဆံနည္းနည္းသုံးၿပီး ေလာင္းေၾကးထပ္တဲ့ေနရာ။ ဇီဝတံခါးက ကိုယ့္ရဲ႕အသက္ ျဖစ္ၿပီး မရဏတံခါးက တျခားသူရဲ႕ အသက္ပဲ။ ေသတာနဲ႕ရွင္တာ၊ နားလည္ရ အလြယ္ေလးပ​ဲမဟုတ္လား?"

ကုက်ိဳးတစ္ေယာက္ မေနနိုင္မထိုင္နိုင္ သေရာ္ေတြးေတြးမိ၏: ဟုတ္တာေပါ့၊ ငါရွင္ရင္ရွင္၊ မဟုတ္ရင္ မင္းေသတ​ဲ့။ ဘယ္လိုေျပာေျပာ အက်ိဳးသင့္အေၾကာင္းသင့္ေတာ့ ရွိတယ္ မဟုတ္လား။

သိပ္မၾကာခင္ ေရွာင္းက်ိဳသည္ သူတို႔သုံးေယာက္ကို တစ္ခုေသာ....ျပည့္တန္ဆာ႐ုံဆီသို႔ ေခၚေဆာင္သြားေလသည္။

အမွန္ပင္ ထိုေနရာက ျပည့္တန္ဆာ႐ုံတစ္႐ုံျဖစ္သည္။ ၄င္းက 'ျပည့္တန္ဆာ႐ုံ' ဟု ဆိုင္းဘုတ္မတပ္ထားေသာ္ျငား ထိုေနရာသို႔ လာေရာက္သူမ်ားကို မိန္းမငယ္ေလးမ်ားက ကလူ၏ျမဴ၏ အၿပဳံးတို႔ျဖင့္ ပေရာ္ပရည္လုပ္ကာ ဧည့္ခံေနၾကသည္။ ဒါ အလိမ္ခံရတာေတာ့မဟုတ္ဘူးမလား? အေဆာက္အဦးထဲ ဝင္တာနဲ႕ ညစ္ညမ္းတဲ့ အေငြ႕အသက္နဲ႕ လႈပ္ရွားမႈေတြက သိုင္းပညာရွင္ေတြရဲ႕ အာ႐ုံခံနိုင္စြမ္းကို ဖုံးထားလို႔မွမရတာ။ ဒါက ေနရာအတုႀကီး မဟုတ္လား?

အကယ္၍ တေစၦလမ္းအဖြဲ႕အစည္းရဲ႕ အမာခံဌာနခြဲက ဒီျပည့္တန္ဆာ႐ုံျဖစ္ခဲ့လွ်င္ သူတို႔၏ ေ႐ြးခ်ယ္မႈက အမွန္တကယ္ ထူးဆန္းလွသည္ဟု ဆိုရေပမည္။

မီးလွ်ံ​ျခ​ေသၤ့ျမင္းမ်ားႏွင့္ ရထားလုံးကို အေစာင့္မ်ားက တာဝန္ယူကာ ျမင္းေစာင္းတစ္ခုတြင္ ေနရာခ်ထားေပးသည္။ ေရွာင္းက်ိဳက သူတို႔လူစုကို အေဆာက္အဦးအတြင္းသို႔ ေခၚေဆာင္သြားၿပီး သိပ္မၾကာခင္မွာ ထိုသို႔ေသာ မေရမရာ အေတြးမ်ားက တျဖည္းျဖည္း လြင့္စင္ေပ်ာက္ကြယ္သြားေတာ့သည္။

လတ္စသတ္ေတာ့ ထိုျပည့္တန္ဆာ႐ုံသည္ အမာခံဌာနခြဲတစ္ခုမဟုတ္ဘဲ ထိုေနရာသို႔သြားသည့္ ဝင္ေပါက္တစ္ခုသာျဖစ္သည္။

အေမွာင္ထုထဲသို႔ ဝင္ေရာက္သြားၿပီးေနာက္ ေရွာင္းက်ိဳက လူတစ္ခ်ိဳ႕ႏွင့္ စကားဝွက္ အျပန္အလွန္ဖလွယ္လိုက္သည့္အခါ ေဘးတိုက္ေရွာတံခါးတစ္ခု ပြင့္ဟလာသည္။

ကုက်ိဳးမွာ မထိန္းနိုင္ဘဲ တဆတ္ဆတ္တုန္ရီလာမိသည္။

ထိုတံခါး၏ အေနာက္၌ ပိန္းပိတ္ေအာင္ ေမွာင္မိုက္ေနသည့္ စၾကၤန္လမ္းတစ္ခုရွိၿပီး အပ္က်သံပင္ မၾကားရေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနကာ ေမွာင္မိုက္ေအးစက္သည့္ ေက်ာစိမ့္စရာ ခံစားခ်က္တစ္ခုကို ေပးစြမ္းေနသည္။

ထိုအခ်ိန္တြင္ လက္တစ္ဖက္က ကုက်ိဳး၏ ပုခုံးေပၚသို႔ က်ေရာက္လာသည္။

ကုက်ိဳးမွာ လန့္လြန္းလို႔ ထခုန္မိမတတ္ျဖစ္သြားသည္။ သို႔ေသာ္ ကံေကာင္းစြာျဖင့္ ရင္းႏွီးကြၽမ္းဝင္ေသာ ခံစားခ်က္ေၾကာင့္ အဲ့ဒါက သူ၏ ေထာက္ပံ့သူမွန္း ခဏအတြင္း သိရွိသြားၿပီး သူ႕စိတ္ထဲတြင္ လုံၿခဳံစိတ္ခ်မႈကို ခံစားလိုက္ရသည္။

ဟုတ္တယ္၊ သူနဲ႕ေထာက္ပံ့သူက အတူတူရွိေနတာပဲ။

စၾကၤန္လမ္းက သိပ္ၾကာၾကာမသြားလိုက္ရေပ။ ကုန္းရိထ်န္းဟန္သည္ သူ၏လက္ျဖင့္ ကုက်ိဳး၏ပုခုံးကို ေပြ႕ဖက္ထားသကဲ့သို႔ ရစ္သိုင္းထားသည္။ သူက ဘာစကားတစ္ခြန္းမွမဆိုေသာ္ျငား ထိုအမူမဲ့အမွတ္မဲ့ လုပ္ေဆာင္မႈေလးက ကုက်ိဳးအတြက္ ႏွစ္သိမ့္ေပးသကဲ့သို႔ အမွန္ပင္ သက္ေတာင့္သက္သာရွိ​ေစသည္။

ကုက်ိဳးသည္ စိတ္တည္ၿငိမ္သြားၿပီးေနာက္ ခုနက မိမိ၏တုန့္ျပန္မႈအေပၚ အနည္းငယ္ အရွက္ရမိသည္။

သူက အခုဆို သားရိုင္းသတၱဝါအေသေတြကို မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ မ်က္ေတာင္မခတ္တမ္း အမဲဖ်တ္ရဲလာၿပီ။ ဒါေပမယ့္ သူ႕ရဲ႕ အေမွာင္ထုအေပၚ တုန့္ျပန္မႈကေတာ့ အရင္အတိုင္း ခ်ာတူးလန္ဆဲပဲ။ ဒီလိုဆို မျဖစ္ေခ်ဘဴး။ အိမ္ျပန္ေရာက္တဲ့အခါ ေထာက္ပ့ံသူဆီကေန အကူအညီေတာင္းၾကည့္ရင္ေကာင္းမလား၊ ေျပာလို႔မရဘူး သူ႕ရဲ႕ ေထာက္ပ့ံသူဆီမွာ မတူညီတဲ့ ပတ္ဝန္းက်င္ေတြအေပၚ လိုက္ေလ်ာညီေထြေနတတ္ေအာင္ ေလ့က်င့္နည္းလို ဘာဘာညာညာ အစီအစဥ္ေတြ ရွိရင္ရွိေနမွာမလား? ကိုယ္နဲ႕ မရင္းႏွီးတဲ့ အေျခအေနတစ္ခုနဲ႕ ႀကဳံတိုင္း ေၾကာက္လန့္ေနရင္ ဒီကမာၻႀကီးေပၚမွာ အသက္ရွင္ေနထိုင္ဖို႔ သင့္ေတာ္မွာမဟုတ္ဘူး။

သူ အသက္ရွင္​ေနမွ ျဖစ္မယ္ေလ။

______________________________________

အခ်စ္ဆုံးတို႔ေရ.....

ကုက်ိဳးတို႔ရဲ႕ ေနာက္တစ္ေနရာက စြန့္စားခန္းေတြနဲ႕အတူ ေနာက္အပိုင္းမွာ ျပန္ေတြ႕ၾကမယ္ေနာ္။ အားလုံးပဲ လုံၿခဳံေဘးကင္းၾကပါေစ။ ❤❤

With love ❤
Taiga 😘

((Unicode))

အပိုင်း (၄၀)
ဇီဝမရဏကြိုးဝိုင်း

💊💊💊

မီးပုံထက်ဝယ် ဆေးကြိုအိုး(၃)အိုး ရှိနေသည်။ အိုးများထဲတွင် လတ်ဆတ်ကာ အရည်ရွှမ်းသည့် အသားဟင်းများက တပွက်ပွက် ဆူပွက်နေကြသည်။ ပြင်းထန်ပြီး အရသာရှိသည့် မွှေးရနံ့များက နှာဖျားဝသို့ လာရောက်ရိုက်ခတ်ကာ အများသူငါကို သွားရည်ယိုစေနိုင်သည်။

ကုကျိုးသည် သူ၏အာရုံများကို ဝံပုလွေသား၊ ဒရယ်သားနှင့် ကျားသစ်သားတို့ပါဝင်သည့် မွှေးကြိုင်သည့် ဟင်းပွဲများအပေါ် စူးစိုက်ထားသည်။

ထိုဟင်း(၃)မျိုးသည် ဆေးဖက်ဝင်အပင်များစွာနှင့် အကျအန ပေါင်းစပ်ချက်ပြုတ်ထားသည့် ဆေးဖက်ဝင် ဓာတ်စာဟင်းပွဲများဖြစ်သည်။ အမျိုးစုံသော မွှေးရနံ့များသည် တစ်ခုကိုတစ်ခု အပြန်အလှန် အထောက်အပံ့ပေး​ရင်း ပိုမိုမွှေးကြိုင်​ပြီး အရသာရှိသည့် အနံ့အရသာပြည့်စုံသည့် ဟင်းလျာများဖြစ်လာသည်။

(၁၅)မိနစ်ခန့်ကြာသော် ဆေးကြိုအိုး(၃)အိုးမှ ဟင်းရည်များ အရောင်ပြောင်းလဲလာသည်။ ကုကျိုးက နည်းနည်းမှ သတိမလွတ်စေဘဲ သူ၏လက်မောင်းများကို အလျင်မြန်ဆုံး ရွေ့လျားလိုက်သည်။ သူက ယောက်ချိုဇွန်းကြီးဖြင့် ဟင်းများကို မွှေလိုက်သည်။ ထို့နောက် တစ်အိုးချင်းဆီမှ အကောင်းဆုံးဓာတ်စာဟင်းများကို ဆက်တိုက် ခပ်ယူလိုက်ပြီး ပန်းကန်လုံးကြီးတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။

စက္ကန့်ပိုင်းအတွင်း အလွန်ထူးခြားသည့် မွှေးရနံ့များ ရုတ်တရတ် ပျံ့နှံ့လာသည်။ ထိုမွှေးရနံ့သည် လူတို့၏ ရသာရုံကို လှုံဆော်သကဲ့သို့ ဝမ်းတွင်းမှ ဆာလောင်သံများကြောင့် ဗိုက်ပြည့်အောင် လုယက်သုံးဆောင်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

သေချာပေါက် ဒီနေရာမှာတော့ လုစားမည့်လူမရှိ​ေပ။

အဘယ့်ကြောင့်ဆိုသော် ချက်ပြုတ်သူ စားဖိုမှူးက ကုကျိုးပင်ဖြစ်သည်။ သူက အထင်ကြီးလောက်စရာ ချုပ်တည်းနိုင်စွမ်းဖြင့် မိမိစိတ်ကို ထိန်းချုပ်ကာ ထိုဓာတ်စာဟင်းကို လုယူစားသုံးခြင်းမပြုပေ။ အဲ့ဒီအစား သူက နှာခေါင်းတစ်ချက်ရှုံ့ကာ ကုန်းရိထျန်းဟန်ဆီသို့ အပြေးကလေးသွားပြီး ပန်းကန်လုံးကို ကမ်းပေးလိုက်သည်။

"ထျန်းဟန်သခင်လေး၊ ပူတုန်းလေးစားလိုက်နော်! နည်းနည်းကြာတာနဲ့ အရသာတွေ ပျောက်ကုန်လိမ့်မယ်၊ အဲ့လိုဆို အာနိသင်လည်း ကောင်းမှာမဟုတ်တော့ဘူး!"

ကုန်းရိထျန်းဟန်က မထိန်းနိုင်ဘဲ ရယ်လိုက်ကာ:

"အားကျိုး အရမ်းဆာနေရင် ကိုယ့်ကို အရင်ဆုံး လာပေးစရာမလိုပါဘူး"

ကုကျိုးက ကုန်းရိထျန်းဟန် ပန်းကန်လုံးကို လက်ခံယူလိုက်တာမြင်တော့ အနောက်သို့ ခြေလှမ်း လေးငါးလှမ်းခန့်ဆုတ်သွားပြီး ပင့်သက်တစ်ချက်ရှူသွင်းလိုက်ကာ:

"ထျန်းဟန်သခင်လေးက အခု ခွန်အားအပြည့်နဲ့ သိုင်းပညာကျင့်ကြံနေတာလေ။ အဲ့တော့ အကောင်းဆုံးဆိုတာတွေကိုပဲ သုံးရမှာပေါ့။ ကျွန်တော့်မှာလည်း အဲ့ဒီ့ကောင်းဆုံးတွေ ရှိနေတယ်။ ဒီတော့ ကျွန်တော်က သခင်လေးကို နိမ့်ပါးတဲ့အရာတွေ လုံးဝ ပေးမှာမဟုတ်ဘူး။ စားချင်သောက်ချင်စိတ်ဆိုတာ လူ့သဘာဝပဲဟာ။ မဖြစ်မနေလုပ်ရမှာမဟုတ်ပါဘူး"

စားတာက ဘယ်အချိန်ဖြစ်ဖြစ် စားလို့ရတယ်မဟုတ်လား? သူ့အိမ်က ထောက်ပံ့သူကိုသာ ဝဝလင်လင်နဲ့ ကောင်းကောင်းကျွေးပြီး ခွန်အားတွေ အများကြီးတိုးအောင်လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ။ အဆိုးဆုံးဖြစ်တောင် သူအိမ်တော်ကို ပြန်ရောက်ရင် စားကောင်းသောက်ဖွယ်အများကြီးစားပြီး ကိုယ့်ဟာကိုယ် ပြန်ဆုချလိုက်ရုံပေါ့။ ထောက်ပ့ံသူ ကြည့်ရတာလည်း အဲ့လိုမဆိုစလောက် ဟင်းအမယ် ဆေးအမယ်လောက်ကို ကပ်စေးနဲမယ့် ပုံမပေါ်ပါဘူး။

ကုန်းရိထျန်ဟန်က ဟင်းပွဲကို မငြင်းတော့ဘဲ လက်ခံလိုက်သည်။

တကယ်တော့ ကုန်းရိထျန်းဟန်ကိုယ်တိုင် မိမိ ခွန်အားစွမ်းရည်များ အဆက်မပြတ်တိုးတက်လာသည်နှင့်အမျှ စားချင်စိတ်လည်း များစွာကြီးမားလာမှန်း ခံစားသိရှိနေသည်။ ဤသည်ကား သိုင်းပညာရှင်တစ်ဦးအတွက် သာမာန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုဟု ဆိုနိုင်သည်။ သားရိုင်းသတ္တဝါများ၏ အသွေးအသားများတွင် များစွာသောအသက်ဓာတ်နှင့် စွမ်းအင်များပါရှိပြီး ၄င်းက သိုင်းပညာရှင်တစ်ဦးကို အာဟာရဖြစ်စေသလို ခန္ဓာကိုယ်ကိုလည်း ကြံ့ခိုင်သန်မာစေသည်။ သို့သော် များစွာသော သိုင်းပညာရှင်တို့သည် မိမိကိုယ်ကို မည်ကဲ့သို့ အာဟာရရှိရှိ ကြ့ံခိုင်သန်မာအောင် လုပ်ရမည်ကို အတိအကျ မသိကြပေ။

တစ်ဖက်မှာလည်း သားရိုင်းသတ္တဝါများ လူသားစားခြင်းနှင့် ဇာတ်တူသားစားခြင်းတို့မှာ အဆိုပါအကြောင်းရင်းကြောင့် ဖြစ်သည်။

ကုန်းရိထျန်းဟန်၏ ခန္ဓာကိုယ်သည် သာမာန်ထက် အလွန်ထူးခြားသည်။ အစပိုင်းတော့ ကုန်းရိထျန်းဟန်သည် သာမာန်လူများကဲ့သို့ ထိုက​ဲ့သို့သော အသွေးအသားဓာတ်များကို မစားသုံးနိုင်ပေ။ စားသုံးမိပါက ကြီးမားလှသည့် စွမ်းအားများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သည့်ဒဏ်ကို ခံနိုင်မည်မဟုတ်ဘဲ သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားမည်ဖြစ်သည်။ နောက်ပိုင်း သိုင်းပညာကျင့်ကြံလာနိုင်သည့်အခါ နေ့စဥ်နေ့တိုင်း ဆေးအနှစ်ရည်စိမ်ခြင်းနှင့် ဆေးဝါးဓာတ်စားများ မှီဝဲခြင်းတို့ကို ပြုလုပ်ခဲ့သဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်ဆည်းပေးထားပြီး အခြားအစားအစာများကို ယခင်အတိုင်း ထူးထူးခြားခြား စီစဥ်ချက်ပြုတ်ခြင်းမရှိခ​ဲ့ပေ။

သို့သော် ဒီတစ်ခေါက်ခရီးထွက်ခဲ့ချိန်မှစ၍ ကုကျိုးသည် ကိစ္စများကို ဂရုတစိုက် ချင့်ချိန်စဥ်းစားပြီး ကုန်းရိထျန်းဟန်ကို ရက်အနည်းငယ်ကြာတိုင်း ဆေးအနှစ်ရည် စိမ်စေကာ နေ့စဥ်နေ့တိုင်း ဆေးဖက်ဝင်ဟင်းလျာမျိုးစုံကို တစ်မျိုးမဟုတ်တစ်မျိုး ပြောင်းလဲပြီး ပြင်ဆင်ချက်ပြုတ်ကျွေးခ​ဲ့သည်။

ကုန်းရိထျန်းဟန်သည် မိမိကိုယ်တိုင် ဆေးဝါးများ မသန့်စင်နိုင်သော်ငြား မိမိတွင် ကုသ၍မရနိုင်သည့် ရောဂါရှိသည်ကို ယခင်ကတည်းက သိရှိထားသည့်အတွက် ဆေးပညာကို အနည်းငယ် လေ့လာခဲ့သည်။ သာမာန်လူတို့အတွက် ဆေးကုသနည်းများမှာ သိုင်းပညာရှင်တို့အတွက် သိပ်အသုံးမဝင်လှပေ။ ထို့အပြင် သိုင်းပညာရှင်တို့အတွက် ဆေးကုသနည်းများက အလွန်ရိုးရှင်းလှသည်ဖြစ်ရာ ၄င်းက ကုန်းရိထျန်းဟန်ကို တစ်ချို့အရာများအား နားလည်သဘောပေါက်စေပြီး ဆေးဝါးဓာတ်စာတစ်ခုချင်းစီ၏ ထူးခြားပုံတို့ကို အက​​ဲဖြတ်သိရှိစေနိုင်သည်။

သူ့ဆေးဆရာလေးသည် သူ၏ကျန်းမာရေးကို ရှေးရှုကာ သူ့ကိုကျွေးသမျှ အစားအစာများကို ကြိုတင်စီစဥ်ကာ ဂရုတစိုက် ချက်ပြုတ်ပေးခြင်းဖြစ်သည်။ အကယ်၍ ဒီတစ်ခေါက် ဟင်းလျာက ဓာတ်ကြီးငါးပါးထဲမှ မီးဒြပ်စင်ကို အားပေးသည့် ဓာတ်စာဖြစ်လျှင် နောက်တစ်ခေါက် ဟင်းလျာက ၄င်းဓာတ်ကို ပြေပျောက်စေသည့် ဓာတ်ကြီးငါးပါးမှ ရေဓာတ်ပါဝင်သော ဟင်းလျာကို ချက်ပြုတ်ပေးသည်။ အဲ့ဒီနောက် သံသတ္တုဓာတ်၊ သစ်သားဓာတ်၊ မြေဓာတ် အစရှိသည့် ဒြပ်စင်များကို တစ်ခုပြီးတစ်ခု ပြင်ဆင်ချက်ပြုတ်ပေးလေသည်။ ဟင်းပွဲဓာတ်စာများသည် စွမ်းအင်ပျော့ပျောင်းသည့်တိုင် ကုကျိုးက အစွမ်းကုန်ကြိုးစားကာ ဓာတ်ကြီးငါးပါးဒြပ်စင်များအားလုံးကို သမမျှတ၍ ဟန်ချက်ညီစေရန် ချက်ပြုတ်ပေးလေသည်။

ထို့ကြောင့် ကုန်းရိထျန်းဟန်သည် နေ့စဥ်နေ့တိုင်း အားအင်ပြည့်ဝနေပြီး ရံဖန်ရံခါ ဒဏ်ရာရရှိသော်ငြား ဆေးဝါးဓာတ်စာတွင် ဆေးဖက်ဝင်အာနိသင်ကို အနည်းငယ် အသားပေးဖော်စပ်လိုက်သည်နှင့် အလျင်အမြန် သက်သာပျောက်ကင်းသဖြင့် ဘာမှစိုးရိမ်ပူပန်စရာမရှိပါချေ။

ထိုမြောက်များစွာသော အတွေးများက ကုန်းရိထျန်းဟန်၏ စိတ်ထဲ၌ စက္ကန့်ပိုင်းအတွင်း ဖြတ်ပြေးသွားသည်။ -- သူ့မျက်ဝန်းများက နွေးထွေးမှုဖြင့် အရောင်လက်သွားကာ ကုကျိုး၏ ဆံပင်လေးများကို ထိုးဖွလိုက်ရင်း:

"အားကျိုးလည်း မြန်မြန်သွားစားလေ။ ကိုယ့်ကိုယ်ကို အဆာခံ မနေနဲ့ဦး"

ကုကျိုးက တဟ​ဲဟ​ဲရယ်ပြီး လုံအာ့နှင့် ရွှီဝမ်ဟယ်တို့ထံသွားကာ ရနံ့သုံးမျိုးမွှေးပျံ့နေသည့် အရသာရှိသည့် ဟင်းလျာများကို ပန်းကန်လုံးကြီးများဖြင့် ခပ်ထည့်ပေးရင်း အားရပါးရ စားဖို့ ပြောလိုက်သည်။

အားလုံးစားသောက်ပြီးသွားတော့ ကုန်းရိထျန်းဟန်က ဒီနေရာမှ ထွက်ခွာတော့မည့်အကြောင်း ကြေညာလိုက်သည်။

နွားခွာယှက်ပြေးတောင်တန်းများမှာ အမှန်စင်စစ် လေ့ကျင်ရန်နေရာကောင်းတစ်ခုဖြစ်ပြီး တောတောင်များက နက်နဲကျယ်ပြောလှသလို သဘာဝအရင်းအမြစ်များကလည်း ပေါကြွယ်ဝလှသည်။ သို့သော် လက်ရှိကုန်းရိထျန်းဟန်အတွက်တော့ ဒီနေရာက သိပ်များများစားစား အသုံးမဝင်တော့ပေ။  သူက ဤနေရာရှိ တိုက်ခိုက်လောက်စရာ ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့် သားရိုင်းသတ္တဝါအများစုကို စိန်ခေါ်တိုက်ခိုက်ပြီးဖြစ်သလို ကုကျိုးသည်လည်း ရှာတွေ့နိုင်သမျှသော ဆေးဖက်ဝင်အပင်အားလုံးကို ခူးဆွတ်ရိပ်သိမ်းပြီးဖြစ်သည်။ ထို့​ကြောင့် ဒီနေရာတွင် ဆက်နေခြင်းက အလကား အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။

သူတို့လူတစ်စု တောင်တန်းများကြားမှ ဖြေးညင်းစွာ လမ်းလျှောက်ထွက်လာချိန်၌ ကုကျိုးက မေးလိုက်သည်။

"ထျန်းဟန်သခင်လေး၊ ကျွန်တော်တို့ အခု ဘယ်သွားမှာလဲ?"

ကုန်းရိထျန်းဟန်က အဖြေမပေးဘဲ သူ၏လက်အောက်ငယ်သားကို လှမ်းမေးလိုက်သည်။

"ဝမ်းဟယ်၊ ဒီအနီးတစ်ဝိုက်မှာ ငါတို့ လေ့ကျင့်လို့ရမယ့် နေရာရှိလား?"

ရွှီဝမ်းဟယ်က စဥ်းစားလိုက်ပြီးနောက် အဖြေပေးလိုက်သည်။

"ဇီဝမရဏကြိုးဝိုင်းပဲ"

ကုန်းရိထျန်းဟန်က မျက်ခုံးပင့်လိုက်ကာ:

"ပိုတိတိကျကျ ပြောပါဦး"

ထို့နောက် ရွှီဝမ်ဟယ်က သူတို့ကို အသေးစိတ် သေချာရှင်းပြလာသည်။

ဇီဝမရဏကြိုးဝိုင်းဆိုသည်မှာ ကြေးစားလူသတ်အဖွဲ့အစည်းတစ်ခုမှ တည်ထောင်ထားသည့် မှောင်ခိုစျေးကွက် တိုက်ခိုက်ရေးစင်မြင့်တစ်ခုဖြစ်သည်။ ထိုတိုက်ခိုက်ရေးကြိုးဝိုင်း၏ တည်နေရာကို အတော်အတန် ပိရိစွာ ဖုံးကွယ်ထားပြီး ၄င်းက အခြေခံအားဖြင့် ထိုအဖွဲ့အစည်း၏ စစ်ဆင်ရေးများဆောင်ရွက်ရာ ကိုင်းဖျားကိုင်းနား ဌာနခွဲတစ်ခုဖြစ်သည်။ အများအားဖြင့် သိုင်းပညာရှင်တစ်ဦးက ထိုဌာန၏ တည်နေရာကိုသိလျှင် ကြားခံလမ်းညွှန်သူမှတဆင့် အထဲသို့ ဝင်ရောက်ပြီး အဖွဲ့အစည်း၏ ကြေးစားလူသတ်သမားများနှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။

ကုကျိုးက အနည်းငယ် သံသယဖြစ်စွာဖြင့်:

"လူသတ်သမားတွေက လူတွေ့ခံလို့ရလို့လား?"

ရွှီဝမ်းဟယ်က ပြုံးကာ ပြောလိုက်သည်။

"ဆေးဆရာကုက အကြောင်းစုံ မသိသေးလို့ပါ။ ဒီတစ္ဆေလမ်းအဖွဲ့အစည်းက သူ့ရဲ့ ကြေးစားလူသတ်သမားတွေကို လေ့ကျင့်ပေးပုံက အတော်လေး သွေးအေးတယ်။ သူတို့က ကြိုးဝိုင်းထဲမှာ သေခြင်းရှင်းခြင်းကို ပဓာနမထားဘဲ တိုက်ခိုက်ခိုင်းတယ်။ ကြိုးဝိုင်းထဲမှာ လူသတ်သမားတွေဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ သေရေးရှင်ရေး အန္တရာယ်တွေကို ကြံကြံခိုင်ရင်ဆိုင်ပြီး အားကုန်ထုတ် တိုက်ခိုက်ရမယ်။ ပြောကြတာက ဒီလို လေ့ကျင့်ပေးတာက ကြေးစားလူသတ်သမားတွေကို သွေးနဲ့ရက်စက်ခြင်းကို မြင်စေပြီး နောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ သွားတဲ့အခါ သူတို့စိတ်တွေ ပျော့ညံ့တွန့်ဆုတ်သွားတာမျိုး မရှိအောင် လို့ဆိုကြတယ်"

သူက ​ေခတ္တ စဥ်းစားလိုက်ပြီးနောက် ဆက်ပြောလာသည်။

"နောက်ပြီး တကယ်လို့ တစ်စုံတစ်ယောက်ကဒီတစ္ဆေလမ်းအဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး တာဝန်ပေးချင်တယ်ဆိုရင် ဒီအမာခံဌာနတွေက ဆက်သွယ်ဖို့ နေရာကောင်းပဲ။ နောက်ပြီး အခုလို အပြင်လောကနဲ့ ကြေးစားလူသတ်အဖွဲ့အစည်းကြားမှာ အဆက်အသွယ်ရှိနေတာက အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ရာရောက်သလို လူသစ်စုဆောင်းရတာလည်း အရမ်းအထောက်အကူဖြစ်စေတယ်"

ကုကျိုး၏ အသိပညာများက တဖန် ပြန်လည်ဆန်းသစ်သွားရပြန်သည်။

အခုခေတ် ကြေးစားလူသတ်သမားတွေက ခေတ်မီဆန်းသစ်လာပါလား။ အရင်လို လူမသိသူမသိ လျှို့ဝှက်မနေကြတော့ဘူးပေါ့?

ရွှီဝမ်းဟယ်၏ စကားက မပြီးသေးပေ။

"ဒါပေမယ့် အဲ့ဒီအမာခံဌာနခွဲတွေက တစ်ဝက်လောက်ပဲ ဖွင့်ပေးထားသလို တစ္ဆေလမ်းအဖွဲ့အစည်းရဲ့ တကယ့်ပင်မဌာနချုပ်က ဘယ်နေရာမှာဆိုတာကို လျို့ဝှက်ထားတုန်းပဲ။ အဲ့ဒါနဲ့ ပတ်သတ်ပြီး သတင်းရချင်တဲ့သူတွေက အမာခံဌာနခွဲထဲကို ဝင်လာကြပေမယ့် ဘယ်သူမှ နေရာအမှန်ကို ရှာမတွေ့ကြတော့ တစ္ဆေလမ်းအဖွဲ့အစည်းရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေက တိုးပွားလာသလို သူ့ရဲ့ဂုဏ်သတင်းကလည်း ပိုပြီး ပျံ့နှံ့လာတယ်။"

လတ်စသတ်တော့ ဒီလိုကိုး။

ဒီတစ္ဆေလမ်းအဖွဲ့အစည်းက ဝါဒဖြန့်တဲ့နေရာ​ေရာ လက်ရွေးစင်တွေကို လေ့ကျင့်ပေးတဲ့နေရာမှာပါ တကယ့်ကို ပြောင်မြောက်ပါပေတယ်။

ကုကျိုးမှာ ပါးစပ်အဟောင်းသားဖြစ်ရလေသည်။

သူတို့သည် တောင်တန်းများထဲသို့ ဝင်ခ​ဲ့စဥ်က အနည်းငယ် ခက်ခဲသော်လည်း ယခု ထွက်ခွာလာချိန်၌ ပိုမို မြန်ဆန်နေသည်။

သူတို့လူစုသည် နွားခွာယှက်ပြေးတောင်တန်းများမှ အလျင်အမြန်ထွက်လာခဲ့သည်။ တောစပ်မှထွက်ခါနီး၌ ကုန်းရိထျန်းဟန်သည် လေဟာနယ်သိုလှောင်ရုံထဲတွင် သိမ်းဆည်းထားသော ရထားလုံးကို အပြင်သို့ ထုတ်စေသည်။ ထို့နောက် သူတို့အားလုံး ရထားလုံးပေါ်သို့ တက်လိုက်ကြပြီး အချိန်အတော်ကြာ ဘေးမဲ့ပေးထားသည့် မီးလျှံ​ြခ​ေင်္သ့မြင်းများကို သံုးကာ ပိုမိုခရီးတွင်စေလိုက်သည်။ -- မီးလျှံ​ြခ​ေင်္သ့မြင်းများသည် အရိုးတည်ဆောက်ခြင်းအဆင့်သာရှိသော်လည်း ၄င်းတို့ကို ကောင်းစွာလေ့ကျင့်ပေးထားသည်ဖြစ်ရာ အမဲလိုက်စဥ်အတောအတွင်း ထိုမြင်းများက မိမိတို့ဘာသာ ဆက်လက်ရှင်သန်ပြီး အခြားသောသားရိုင်းသတ္တဝါများ၏ ဘေးမှ လွတ်အောင်ရှောင်တိန်းနိုင်ခဲ့သည်။ သူတို့က လုံအာ့လေချွန်လိုက်သည်နှင့် သူတို့၏ ရှေ့မှောက်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

ဤသို့ ခရီးဆက်ခြင်းက ကုကျိုးနှင့် အခြားသူများကို များစွာ သက်တောင့်သက်သာရှိစေသည်။

....ထို့ကြောင့် ခဏတာ စိတ်လက်ပေါ့ပါးစွာ အနားယူနိုင်သော ခံစားချက်မျိုး ရရှိခဲ့လေသည်။

💊💊💊

ဖုန်းထုန်မြို့။

ဤ​မြို့သည် ချန်းယွင်အင်ပါယာ၏ အလယ်အလတ်တန်းစား မြို့တစ်မြို့ဖြစ်ပြီး မြို့ပတ်ပတ်လည်၌ မြင့်မားသော အမဲရောင် တံတိုင်းရှည်များ ဝန်းရံထားသည်။ မြို့၏ အရပ်လေးမျက်နှာ၌ မြို့တံခါး လေးခုရှိပြီး ခရီးလမ်းကြောင်းအားလုံးကို အလွန်အဆင်ပြေချောမွေ့အောင် ဆက်သွယ်ထားသည်။

ထို့ကြောင့် ဤမြို့သို့ ခရီးသွားလာရောက်ကြသူ အလွန်များပြီး နဂါးနှင့် မြွေ၊ လူဆိုးလူကောင်းတို့ ရှုပ်ထွေးရောနှောရာ နေရာဖြစ်သည်။ သို့ဖြစ်၍ တစ္ဆေလမ်းအဖွဲ့အစည်းအနေဖြင့် ဤနေရာကို အမာခံဌာနခွဲတစ်ခုအဖြစ် ဖွင့်လှစ်ထားခြင်းက မဆန်းလှပါချေ။

ရွှီဝမ်းဟယ်သည် သူ့နည်းသူ့ဟန်ဖြင့် ကိစ္စများကို ဆောင်ရွက်လိုက်သည်။ သူက လမ်းကြားတစ်ခုအတွင်း ဝင်ရောက်သွားပြီးနောက် ပိန်ပိန်ပါးပါး ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်နှင့်အတူ ပြန်ထွက်လာသည်။

ကုကျိုးက ထိုလူ၏ မျက်နှာကို သေချာဂရုစိုက်ကြည့်သည့်အခါ ထိုလူငယ်လေးက တကယ်တမ်းတော့ ငယ်ရွယ်သူတစ်ယောက်မဟုတ်ဘဲ ကလေးမျက်နှာနှင့် နုပျိုနေကာ အသက်သုံးဆယ်ဝန်းကျင်လောက် ရှိပေသည်။ သူ့မျက်လုံးများမှာ အလွန်နက်ရှိုင်းပြီး ဆယ်ကျော်သက်လူငယ်တစ်ယောက်၏ တက်ကြွဖျတ်လက်မှုမျိုး ရှိမနေပေ။

ရွှီဝမ်းဟယ်သည် ကုန်းရိထျန်းဟန်နှင့် အခြားသူများကို ထိုလူနှင့် မိတ်ဆက်ပေးလိုက်သည်။

"ဒါက ဇီဝမရဏကြိုးဝိုင်းရဲ့ လမ်းညွှန်သူ ရှောင်းကျို (ဇီးကွက်၉)ပါ။အခု သူ့ကို မိတ်ဆက်ပေးပြီးပြီဆိုတော့ သူက ကျွန်တော်တို့ကို အဲ့ဒီနေရာဆီ ခေါ်သွားပေးလိမ့်မယ်"

ရွှီဝမ်းဟယ်က ထိုလမ်းညွှန်သူကို ပြောလိုက်သည်။

"ဒါကတော့ ကျွန်တော်ရဲ့ အလုပ်ရှင် သခင်လေး လီတလီ၊ သူ့ရဲ့ ကိုယ်ရံတော် လျိုအာ့နဲ့ ယောကျာ်းလေးအစေခံ ကုစန်းပါ။"

နာမည်များက တစ်နှစ်သုံးမကလို့ ကိုးတစ်ဆယ်ပင်ဖြစ်ပါစေ ၄င်းတို့အားလုံးက နာမည်ဝှက်တွေမှန်း အသိသာကြီးပင်ဖြစ်သည်။

သို့သော် နှစ်ဖက်စလုံးက ထိုနာမည်အတုများကို နည်းနည်းမှ ဂရုမစိုက်ကြပေ။

ရှောင်းကျိုက နားထောင်ပြီးနောက် မျက်နှာပေါ်တွင် နှစ်လိုသောအပြုံးတစ်ခု ပေါ်လာကာ:

"လတ်စသတ်တော့ လီသခင်လေးကိုး။ တွေ့ရတာ ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်"

ကုန်းရိထျန်းဟန်က မောက်မာစွာ ပြုံးလိုက်ရင်း:

"အပြောကောင်းသားပဲ"

ကုကျိုး: ထောက်ပ့ံသူကတော့ စပြီး သရုပ်ဆောင်နေပြန်ပြီ.....

ရှောင်းကျိုက သူတို့နှင့် ရင်းနှီးမှု ရယူလိုက်ပြီးနောက် ​ခြေလှမ်းကျဲများဖြင့် ဘေးဘက်က လမ်းသွယ်တစ်ခုထဲသို့ ဦးဆောင်လျှောက်လှမ်းသွားသည်။

"လူကြီးမင်းတို့ ကျွန်တော်နောက်လိုက်ခဲ့ပါ။ ဒီတစ်ခါ လူကြီးမင်းတို့ထဲက ဘယ်နှစ်ယောက်များ ပါဝင်မှာပါလဲ။ နောက်ပြီး လူကြီးမင်းတို့က ဇီဝတံခါးပေါက်ကို ဖြတ်မှာလား၊ မရဏတံခါးပေါက်ကို ဖြတ်မှာလား သိပါရစေ။"

ကုန်းရိထျန်းဟန်က ထိုလူ၏ ခြေလှမ်းများနှင့် အမီလျှောက်လှမ်းရင်း မေးလိုက်သည်။

"ဇီဝတံခါးန​ဲ ့မရဏတံခါးက ဘာတွေလဲ?"

ရှောင်းကျိုက ဆိုသည်။

"ဇီဝတံခါးက ဇီဝမရဏကြိုးဝိုင်းဆီသွားတဲ့လမ်း။ မရဏတံခါးကတော့ ပိုက်ဆံနည်းနည်းသုံးပြီး လောင်းကြေးထပ်တဲ့နေရာ။ ဇီဝတံခါးက ကိုယ့်ရဲ့အသက် ဖြစ်ပြီး မရဏတံခါးက တခြားသူရဲ့ အသက်ပဲ။ သေတာနဲ့ရှင်တာ၊ နားလည်ရ အလွယ်လေးပ​ဲမဟုတ်လား?"

ကုကျိုးတစ်ယောက် မနေနိုင်မထိုင်နိုင် သရော်တွေးတွေးမိ၏: ဟုတ်တာပေါ့၊ ငါရှင်ရင်ရှင်၊ မဟုတ်ရင် မင်းသေတ​ဲ့။ ဘယ်လိုပြောပြော အကျိုးသင့်အကြောင်းသင့်တော့ ရှိတယ် မဟုတ်လား။

သိပ်မကြာခင် ရှောင်းကျိုသည် သူတို့သုံးယောက်ကို တစ်ခုသော....ပြည့်တန်ဆာရုံဆီသို့ ခေါ်ဆောင်သွားလေသည်။

အမှန်ပင် ထိုနေရာက ပြည့်တန်ဆာရုံတစ်ရုံဖြစ်သည်။ ၄င်းက 'ပြည့်တန်ဆာရုံ' ဟု ဆိုင်းဘုတ်မတပ်ထားသော်ငြား ထိုနေရာသို့ လာရောက်သူများကို မိန်းမငယ်လေးများက ကလူ၏မြူ၏ အပြုံးတို့ဖြင့် ပရော်ပရည်လုပ်ကာ ဧည့်ခံနေကြသည်။ ဒါ အလိမ်ခံရတာတော့မဟုတ်ဘူးမလား? အဆောက်အဦးထဲ ဝင်တာနဲ့ ညစ်ညမ်းတဲ့ အငွေ့အသက်နဲ့ လှုပ်ရှားမှုတွေက သိုင်းပညာရှင်တွေရဲ့ အာရုံခံနိုင်စွမ်းကို ဖုံးထားလို့မှမရတာ။ ဒါက နေရာအတုကြီး မဟုတ်လား?

အကယ်၍ တစ္ဆေလမ်းအဖွဲ့အစည်းရဲ့ အမာခံဌာနခွဲက ဒီပြည့်တန်ဆာရုံဖြစ်ခဲ့လျှင် သူတို့၏ ရွေးချယ်မှုက အမှန်တကယ် ထူးဆန်းလှသည်ဟု ဆိုရပေမည်။

မီးလျှံ​ြခ​ေင်္သ့မြင်းများနှင့် ရထားလုံးကို အစောင့်များက တာဝန်ယူကာ မြင်းစောင်းတစ်ခုတွင် နေရာချထားပေးသည်။ ရှောင်းကျိုက သူတို့လူစုကို အဆောက်အဦးအတွင်းသို့ ခေါ်ဆောင်သွားပြီး သိပ်မကြာခင်မှာ ထိုသို့သော မရေမရာ အတွေးများက တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။

လတ်စသတ်တော့ ထိုပြည့်တန်ဆာရုံသည် အမာခံဌာနခွဲတစ်ခုမဟုတ်ဘဲ ထိုနေရာသို့သွားသည့် ဝင်ပေါက်တစ်ခုသာဖြစ်သည်။

အမှောင်ထုထဲသို့ ဝင်ရောက်သွားပြီးနောက် ရှောင်းကျိုက လူတစ်ချို့နှင့် စကားဝှက် အပြန်အလှန်ဖလှယ်လိုက်သည့်အခါ ဘေးတိုက်ရှောတံခါးတစ်ခု ပွင့်ဟလာသည်။

ကုကျိုးမှာ မထိန်းနိုင်ဘဲ တဆတ်ဆတ်တုန်ရီလာမိသည်။

ထိုတံခါး၏ အနောက်၌ ပိန်းပိတ်အောင် မှောင်မိုက်နေသည့် စင်္ကြန်လမ်းတစ်ခုရှိပြီး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေကာ မှောင်မိုက်အေးစက်သည့် ကျောစိမ့်စရာ ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။

ထိုအချိန်တွင် လက်တစ်ဖက်က ကုကျိုး၏ ပုခုံးပေါ်သို့ ကျရောက်လာသည်။

ကုကျိုးမှာ လန့်လွန်းလို့ ထခုန်မိမတတ်ဖြစ်သွားသည်။ သို့သော် ကံကောင်းစွာဖြင့် ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကြောင့် အဲ့ဒါက သူ၏ ထောက်ပံ့သူမှန်း ခဏအတွင်း သိရှိသွားပြီး သူ့စိတ်ထဲတွင် လုံခြုံစိတ်ချမှုကို ခံစားလိုက်ရသည်။

ဟုတ်တယ်၊ သူနဲ့ထောက်ပံ့သူက အတူတူရှိနေတာပဲ။

စင်္ကြန်လမ်းက သိပ်ကြာကြာမသွားလိုက်ရပေ။ ကုန်းရိထျန်းဟန်သည် သူ၏လက်ဖြင့် ကုကျိုး၏ပုခုံးကို ပွေ့ဖက်ထားသကဲ့သို့ ရစ်သိုင်းထားသည်။ သူက ဘာစကားတစ်ခွန်းမှမဆိုသော်ငြား ထိုအမူမဲ့အမှတ်မဲ့ လုပ်ဆောင်မှုလေးက ကုကျိုးအတွက် နှစ်သိမ့်ပေးသကဲ့သို့ အမှန်ပင် သက်တောင့်သက်သာရှိ​ေစသည်။

ကုကျိုးသည် စိတ်တည်ငြိမ်သွားပြီးနောက် ခုနက မိမိ၏တုန့်ပြန်မှုအပေါ် အနည်းငယ် အရှက်ရမိသည်။

သူက အခုဆို သားရိုင်းသတ္တဝါအသေတွေကို မျက်နှာတစ်ချက်မပျက်ဘဲ မျက်တောင်မခတ်တမ်း အမဲဖျတ်ရဲလာပြီ။ ဒါပေမယ့် သူ့ရဲ့ အမှောင်ထုအပေါ် တုန့်ပြန်မှုကတော့ အရင်အတိုင်း ချာတူးလန်ဆဲပဲ။ ဒီလိုဆို မဖြစ်ချေဘူး။ အိမ်ပြန်ရောက်တဲ့အခါ ထောက်ပ့ံသူဆီကနေ အကူအညီတောင်းကြည့်ရင်ကောင်းမလား၊ ပြောလို့မရဘူး သူ့ရဲ့ ထောက်ပ့ံသူဆီမှာ မတူညီတဲ့ ပတ်ဝန်းကျင်တွေအပေါ် လိုက်လျောညီထွေနေတတ်အောင် လေ့ကျင့်နည်းလို ဘာဘာညာညာ အစီအစဥ်တွေ ရှိရင်ရှိနေမှာမလား? ကိုယ်နဲ့ မရင်းနှီးတဲ့ အခြေအနေတစ်ခုနဲ့ ကြုံတိုင်း ကြောက်လန့်နေရင် ဒီကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေထိုင်ဖို့ သင့်တော်မှာမဟုတ်ဘူး။

သူ အသက်ရှင်​ေနမှ ဖြစ်မယ်လေ။

______________________________________

အချစ်ဆုံးတို့ရေ.....

ကုကျိုးတို့ရဲ့ နောက်တစ်နေရာက စွန့်စားခန်းတွေနဲ့အတူ နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်နော်။ အားလုံးပဲ လုံခြုံဘေးကင်းကြပါစေ။ ❤❤

With love ❤
Taiga 😘

Continue Reading

You'll Also Like

296K 4.6K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
38.6K 3.1K 19
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
2.2M 167K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
237K 27.8K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။