မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက

1.1K 259 29
By Sebastiann048

((Zawgyi))

အပိုင္း (၃၉)
ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက

💊💊💊
ကုန္းရိထ်န္းဟန္သည္ စကၠန့္ပိုင္းအတြင္း အမိန့္ေပးလိုက္၏။

"ဝမ္ဟယ္၊ မင္းက ဒီမွာေနၿပီး ကုက်ိဳးကို ကာကြယ္ထား။ ငါက လင္းယုန္အမငွက္ကို ျမႇားေခၚသြားမယ္။ လုံအာ့၊ မင္းက အဲ့ဒီလူေတြကို ကူၿပီး လင္းယုန္အထီးကို ေခါင္းျဖတ္လိုက္"

႐ႊီဝမ္ဟယ္ႏွင့္ လုံအာ့တို႔က ျပန္လည္တုန့္ျပန္လိုက္၏။

"ဟုတ္ကဲ့၊ သခင္ေလး!"

ကုက်ိဳးကလည္း မဆိုင္းမတြ ေျပာလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ သတိထားေနာ္!"

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳးကို ၿပဳံးျပၿပီးေနာက္ လုံအာ့ႏွင့္အတူ လွ်ပ္တျပတ္အတြင္း ေရွ႕သို႔ လ်င္ျမန္စြာ ခုန္ထြက္သြားသည္။

သူက ေကာင္းကင္သိမ္းငွက္ေျခလွမ္း သိုင္းကြက္ႏွင့္အတူ ခႏၶာကိုယ္ကို ေကာင္းကင္ယံသို႔ ဒုံးက်ည္တစ္ခုႏွယ္ တင့္တယ္ခန့္ညားစြာ ပ်ံတက္သြားသည္။ ထို႔ေနာက္ သူက လင္းယုန္အမငွက္ကို လက္ထဲရွိလွံျဖင့္ လ်င္ျမန္စြာ ထိုးစိုက္လိုက္၏! လုံအာ့သည္ လင္းေလးတစ္ခုကို ကိုင္လ်က္ လင္းယုန္အထီးငွက္၏ လႈပ္ရွားမႈမ်ားကို ထိန္းခ်ဳပ္ရန္အလို႔ငွာ ၄င္း၏ ေသကြင္းေသကြက္ေနရာ(၃)ခုသို႔ ျမႇားသုံးစင္းဆက္တိုက္ ခ်ိန္႐ြယ္ပစ္ခတ္လိုက္သည္။ လင္းယုန္အထီးငွက္သည္ အခ်ိန္တိုအတြင္း ေလေပၚတြင္ ျမင့္မားစြာ မပ်ံသန္းနိုင္ေတာ့ဘဲ အျခားေသာ သိုင္းသမားမ်ား၏ တိုက္ခိုက္ျခင္းကို ခံရ​​​ေလသည္။

(T/N - လုံအာ့ကိုင္တဲ့ ေလး​ျမႇားက ေလးအရွည္ - လင္းေလးပါ။ ပုံမွန္ေလးနဲ႕ လင္းေလးနဲ႕ကြာတာက ပုံမွန္ေလးက အနည္းဆုံး အရွည္ (၃)ေပက အမ်ားဆုံး (၅)ေပ (၅)လက္မခန့္အထိရွည္လ်ားၿပီး လင္းေလးကေတာ့ အသုံးျပဳသူရဲ႕ အရပ္ရွည္ရင္ ရွည္သေလာက္ အလ်ားရွိတယ္လို႔ဆိုပါတယ္။ တိုက္ခိုက္ရာမွာ ပုံမွန္ေလးက လင္းေလးထက္ ပိုျမန္ျမန္ပစ္ခတ္နိုင္ၿပီး အကြာအေဝးအရ တာတိုျဖစ္ပါတယ္။ လင္းေလးကေတာ့ ပစ္ခတ္ရာမွာ ပိုေႏွးေကြးေပမယ့္ တာေဝးအထိ လွမ္းၿပီးပစ္ခတ္နိုင္ပါတယ္တဲ့။ ဒါေလးကေတာ့ ပုံမွန္ေလးနဲ႕ လင္းေလး ယွဥ္ျပထားတာပါ။)

အျခားေသာ သိုင္းသမားမ်ားမွာ တိုက္ပြဲအတြင္းသို႔ ႐ုတ္တရတ္ ဝင္ေရာက္လာေသာ လူစိမ္းႏွစ္ဦးေၾကာင့္ ထိတ္လန့္အံ့ဩသြားရသည္။ သို႔ေသာ္ ထိုသူႏွစ္ဦးက မိမိတို႔ကို ကူညီရန္လာျခင္းျဖစ္ေၾကာင္း သိလိုက္သည့္အခါ သူတို႔လည္း ခ်က္ခ်င္း စိတ္သက္သာရာရသြားသည္။

ထိုလူစုထ​ဲမွ မ်က္ႏွာေလးေထာင့္က်က်၊ သက္လတ္ပိုင္းအ႐ြယ္ လူတစ္ဦးက တိုက္ခိုက္ေနရင္း ေလးနက္စြာဆိုလာသည္။

"အခုလို ကူညီတာ ဒီကလူႀကီးမင္းတို႔ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒီကိစၥၿပီးရင္ လူႀကီးမင္းတို႔ကို ေသခ်ာေပါက္ ေက်းဇူးဆပ္ပါ့မယ္!"

ကုန္းရိထ်န္းဟန္ႏွင့္ လုံအာ့တို႔ႏွစ္ဦးသည္ ႏႈတ္ဆိတ္လ်က္သား လင္းယုန္အဖိုအမစုံတြဲကိုသာ အာ႐ုံ​စိုက္ တိုက္ခိုက္ေနၾကသည္။

ကုန္းရိထ်န္းဟန္၏ လွံသြားမွ စြမ္းအားမ်ား အလွ်ံအပယ္ထြက္ေပၚေနကာ လင္းယုန္အမငွက္ကို တားဆီးပိတ္ပင္ထားသျဖင့္ ၄င္း က ေဒါသႀကီးလာကာ ေအာက္သို႔ ထိုးစိုက္ဆင္းလာသည္။ သို႔ေသာ္ ေကာင္းကင္သိန္းငွက္ေျခလွမ္းသိုင္းကြက္ဆိုသည္မွာ ေလဟုန္ကိုခြင္းၿပီး ပ်ံဝဲနိုင္စြမ္းရွိေပသည္။ ထို႔ေၾကာင့္ လင္းယုန္အမငွက္၏ တိုက္ခိုက္မႈမ်ားသည္ ျပင္းထန္ရက္စက္ေသာ္ျငား ကုန္းရိထ်န္းဟန္က ၄င္းထက္ ပိုမိုျမန္ဆန္စြာ ေရွာင္တိန္းနိုင္​ေပသည္။ သူ မည္သို႔မည္ပုံ ျပဳလိုက္သည္မသိ၊ ကုန္းရိထ်န္းဟန္က ေျခလွမ္းမ်ားကို ေ႐ြ႕လ်ားလိုက္တိုင္း လင္းယုန္အမငွက္၏ ခြၽန္ထက္လွသည့္ ေျခသည္းကုတ္ခ်က္မ်ားကို ေရွာင္တိန္းၿပီးသားျဖစ္​သြားသည္။ သူက ခါးကိုလွည့္လိုက္သည္။ ထိုအခါ လွံတံက သူ၏နံရိုးေအာက္မွ ပ်ံထြက္သြားကာ လင္းယုန္အမငွက္၏ ဘယ္ဘက္အေတာင္နားရွိ ေသကြင္းေသကြက္ကို တည့္မတ္စြာ ထိမွန္သြား​ေတာ့သည္။

ေျမာက္မ်ားစြာေသာ ငွက္ေမႊးအေတာင္မ်ားက ေျမျပင္ေပၚသို႔ ခ်က္ခ်င္း ျပန့္က်ဲက်လာသည္။

ကုက်ိဳး ေကာင္းစြာ သတိထားမိသည္။ သူ႕ေထာက္ပံ့သူရဲ႕ ေကာင္းကင္သိန္းငွက္​ေျခလွမ္းသိုင္းကြက္က ၾကည့္ရတာ.......ပိုညက္ေညာလာတာလား၊ ပိုၿပီး ကြၽမ္းက်င္လာတာလား၊ ဒါမွမဟုတ္ ေနာက္တဆင့္ကို တက္လွမ္းသြားနိုင္တာလား? သူသည္ ယခင္က ေထာက္ပံ့သူ၏ ကိုယ္ေဖာ့သိုင္းပညာကို အလြန္ေကာင္းမြန္သည္ဟု ထင္ထားၿပီးသားျဖစ္သည္။ သို႔ေသာ္ ယခုလက္ရွိအခ်ိန္ႏွင့္ ႏွိုင္းယွဥ္ၾကည့္လွ်င္ ယခင္ ေထာက္ပ့ံသူ၏သိုင္းကြက္မ်ားက အမွိုက္သာသာပင္ျဖစ္ေတာ့သည္။

သူ႕ေထာက္ပံ့သူက အခ်ိန္တိုအတြင္း ဒီေလာက္ျမန္ျမန္ဆန္ဆန္ တိုးတက္သြားတာလား?

ဤသည္မွာ ေကာင္းကင္ဘုံကပင္ မနာလိုျဖစ္ရေသာ ထ်န္းတုခႏၶာကိုယ္ ပီသပါေပသည္။

ေထာက္ပံ့သူ၏ လွံတံထိပ္ဖ်ားသည္ အလြန္မာေက်ာကာ လွံတံကိုယ္ထည္မွာ သင့္တင့္ေလ်ာက္ပတ္စြာ ၫႊတ္ေကြးနိုင္စြမ္းရွိသည္။ သိပ္မၾကာခင္ လင္းယုန္အမငွက္သည္ ကုန္းရိထ်န္းဟန္၏ ကြၽမ္းက်င္ေသာ ေျခလွမ္းသိုင္းကြက္မ်ားေအာက္ဝယ္ လြတ္လမ္းမရွိေတာ့ဘဲ ေ႐ြ႕လ်ားေရွာင္တိန္းစရာ ဧရိယာ က်ဥ္းသထက္ က်ဥ္းေျမာင္းလာခ​ဲ့သည္။ ေနာက္ဆုံး လင္းယုန္ငွက္တစ္ေကာင္လုံးနီးပါးသည္ မ်ားစြာေသာ လွံေရးပစ္ခ်က္မ်ားၾကား နစ္ျမႇုပ္ဖုံးလႊမ္းသြား​သည္။ ကုန္းရိထ်န္းဟန္၏ လွံသည္ မ်က္ေတာင္တစ္ခတ္အတြင္း လႈပ္ရွားသြားကာ လင္းယုန္အမငွက္၏ ဦးေခါင္းကို ထုတ္ခ်င္းေဖာက္သြား​​သည္!

အျဖစ္အပ်က္မ်ားမွာ အားလုံးေပါင္း အခ်ိန္ (၁၅)မိနစ္ခန့္သာ ၾကာျမင့္ေလသည္။

ကုက်ိဳးက ကုန္းရိထ်န္းဟန္၏လွံေရး ပိုမိုအစြမ္းထက္လာသည္ကို ျမင္နိုင္သည္။ ကုန္းရိထ်န္းဟန္၏ ယခင္လွံေရးအစြမ္းက ရိုးရွင္းက်စ္လစ္လွသည္ဟုဆိုလွ်င္ ယခု လွံေရးအစြမ္းကား ပို၍အစြမ္းထက္ကာ ရိုးရွင္းက်စ္လစ္႐ုံမက ေသေစနိုင္ေသာ အဖ်က္စြမ္းအားမ်ား ပိုမိုပါဝင္လာသည္။

ထို႔အျပင္ ကုန္းရိထ်န္းဟန္၏ ေျခလွမ္းသိုင္းကြက္မ်ား ေျပာင္းလဲသြားပုံသည္...... ကုက်ိဳး၏အျမင္အာ႐ုံမ်ားပင္ လိုက္မမိနိုင္ေအာင္ ျမန္ဆန္လွ​ေပသည္။

တစ္ခါတစ္ရံ တခ်ိဳ႕ေသာကိစၥမ်ားက ႏွိုင္းယွဥ္ၾကည့္ရန္လိုအပ္ေပသည္။ ကုန္းရိထ်န္းဟန္မွာ သူတစ္ဦးတည္းျဖင့္ လင္းယုန္အမငွက္ကို ရွင္းလင္းပစ္နိုင္သည္။ တစ္ဖက္မွာေတာ့ လုံအာ့အပါအဝင္ သိုင္းပညာရွင္ေလးဦးသည္ လင္းယုန္အထီးငွက္ကို ဒဏ္ရာ အျပင္းအထန္ ရ႐ုံသာ တိုက္ခိုက္နိုင္ေလသည္။ ထို႔ေၾကာင့္ ကုန္းရိထ်န္းဟန္သည္ စြမ္းေဆာင္ရည္ အလြန္ျမင့္မားသည္မွာ ထင္ရွားသည္။

ထို႔ေနာက္ ကုန္းရိထ်န္းဟန္က လွံကို ပစ္လႊတ္ကာ လင္းယုန္အထီးငွက္ကို အေနာက္သို႔ တြန္းထုတ္လိုက္၏။ သူက မိမိ ေျခလွမ္းသိုင္းကြက္ကို အလ်င္အျမန္ ေျပာင္းကာ ေလေပၚသို႔ ပ်ံတက္သြားသည္။ ေနာက္ဆုံး ကုန္းရိထ်န္းဟန္သည္ လင္းယုန္အထီးငွက္ကို လွံျဖင့္ထိုးစိုက္လိုက္သည္။ ထိုအခါ လင္းယုန္အထီးငွက္မွာ ေကာင္းကင္မွ ေျမေပၚသို႔ ျပဳတ္က်လာသည္။ လုံအာ့က ထိုအခြင့္အေရးကို အရယူကာ ခႏၶာကိုယ္ကို ေရွ႕သို႔ တဟုန္ထိုး ေျပးထြက္လိုက္သည္။ ထို႔ေနာက္ သူက ခြၽန္ျမေသာ ဓားေျမာင္တစ္ေခ်ာင္းျဖင့္ အားကုန္သုံး လႊဲရမ္းလိုက္ကာ လင္းယုန္အထီးငွက္ကို ေခါင္းျဖတ္လိုက္​ေလသည္!

ဤသို႔ျဖင့္ လင္းယုန္အဖိုအမငွက္တို႔ကို သုတ္သင္ၿပီးစီးသြားသည္။

ထိုအခါ ကုက်ိဳးႏွင့္ ႐ႊီဝမ္ဟယ္တို႔သည္ ခ်ဳံႏြယ္မ်ားအၾကား ပုန္းကြယ္ေနရာမွ ထြက္လာၿပီး ကုန္းရိထ်န္းဟန္တို႔ႏွင့္ ေပါင္းစည္းလိုက္ၾကသည္။

ေဘးမွၾကည့္ရႈေနသည့္ အမ်ိဳးသမီးႏွစ္ဦးႏွင္​့အမ်ိဳးသားသုံးဦးတို႔သည္လည္း ထိုအခ်ိန္မွပင္ အသီးသီး သက္ျပင္းခ်နိဳင္ၾကရွာသည္။

လူအုပ္ထဲမွ မ်က္ႏွာေလးေထာင့္က်က်ႏွင့္ သက္လတ္ပိုင္းလူတစ္ဦးသည္ က်န္လူမ်ားၾကားမွ အေရွ႕သို႔ထြက္ကာ ကုက်ိဳးႏွင့္ အျခားသူမ်ားကို လက္သီးဆုပ္ အရိုအေသျပဳလ်က္:

"ဟူယြမ္သိုင္းပညာေက်ာင္းက ေကာခ်န္ေမာက္ပါ။ ကြၽန္ေတာ္တို႔ကို ကယ္တင္ေပးတဲ့ လူႀကီးမင္းတို႔ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္!"

ထိုသူသည္ အနားမွ က်န္လူမ်ားႏွင့္လည္း မိတ္ဆက္ေပးလိုက္သည္။

"သူတို႔က ကြၽန္ေတာ့္ရဲ႕ ဆရာတူေမာင္ႏွမေတြပါ"

သူက ေနာက္ဆုံးတြင္ မာနႀကီးပုံရေသာ မိန္းမပ်ိဳေလးႏွင့္ မိတ္ဆက္ေပးလာသည္။

"ဒီပုဂၢိဳလ္ကေတာ့ ကြၽန္ေတာ္တို႔ ရွန္းဝူၿမိဳ႕ေတာ္၊ ဟန္မိသားစုက တတိယေျမာက္သခင္မေလးပါ။  ကြၽန္ေတာ္တို႔ရဲ႕ ဒီတစ္ေခါက္ခရီးအတြက္ အလုပ္ရွင္ဆိုလည္း ဟုတ္ပါတယ္။"

ကုန္းရိထ်န္းဟန္က ကုက်ိဳးကို တိတ္တဆိတ္ မ်က္ရိပ္ျပလိုက္သည္။

ကုက်ိဳးက သေဘာေပါက္နားလည္ဟန္ ျပလိုက္ကာ လင္းယုန္ငွက္အေသေကာင္မ်ားဆီသို႔ အေျပးသြားၿပီး စတင္အမဲဖ်တ္လိုက္သည္။

တစ္ဖက္မွာေတာ့ ကုန္းရိထ်န္းဟန္က ခ်င့္ခ်င့္ခ်ိန္ခ်ိန္ျဖင့္ ေခါင္းညိမ့္ျပရင္း:

"ကြၽန္ေတာ္နာမည္က လီထ်န္းဟန္ပါ။ ကြၽန္ေတာ္က အိမ္ေတာ္က ကိုယ္ရံေတာ္ေတြနဲ႕ ဒီေတာင္တန္းေတြဆီ အေတြ႕အႀကဳံရွာဖို႔ လာခဲ့တာပါ။"

သက္လတ္ပိုင္းလူႀကီးႏွင့္ အျခားလူမ်ားက ကုက်ိဳး၏ လႈပ္ရွားမႈကို ျမင္သည့္အခါ မ်က္ႏွာအမူအရာမ်ား ေျပာင္းလဲသြားသည္။ သို႔ေသာ္ ေနာက္ဆုံးတြင္ မာနႀကီးပုံရေသာ  သခင္မေလး၏ မ်က္လုံးဝိုင္းဝိုင္းမ်ားထ​ဲဝယ္ မေက်မနပ္မႈမ်ား ျဖတ္ေျပးသြားသည္မွအပ တျခားမည္သူကမွ ေဒါသထြက္ျခင္းမရွိေပ။ သို႔ေသာ္ သူမက မိမိမ်က္ႏွာထားကို ဘာမွမျဖစ္သလို အျမန္ျပန္လည္ျပင္ဆင္လိုက္သည္။

မာနႀကီးပုံရေသာ မိန္းမပ်ိဳေလးသည္ စိတ္ကို ခ်ဳပ္ထိန္းလိုက္ၿပီးေနာက္ ၿပဳံးျပကာဆိုသည္။

"ညီမငယ္ ဟန္ယြီရွို႔၊ လီသခင္ေလးကို ဂါရဝျပဳပါတယ္"

သူမက ေႏြးေထြးပ်ဴငွာသည့္ အမူအယာမ်ိဳး အစြမ္းကုန္ျပလ်က္ ဆိုသည္။

"ညီမငယ္က အစတုန္းက အိမ္ကအေဖ့ရဲ႕ ေရာဂါေဝဒနာကို ကုသဖို႔ ႏြားခြာယွက္ေျပးေတာင္တန္းေတြဆီ ေဆးဖက္ဝင္အပင္တစ္ခု ရွာရေအာင္လာခဲ့တာပါ။ မေမွ်ာ္လင့္ဘဲ ကံမေကာင္းအေၾကာင္းမလွလို႔ ဒီကေနျဖတ္အသြားမွာ ဟိုငွက္ဆိုးႏွစ္ေကာင္ကို ရန္စမိသလိုျဖစ္သြားပါတယ္။ အားလုံးက လီသခင္ေလး ကူညီေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"

ကုန္းရိထ်န္းဟန္က သာမာန္ကာလွ်ံကာပင္ ေျပာလိုက္သည္။

"ရပါတယ္။ ဒီလင္းယုန္ႏွစ္ေကာင္က နဂိုကတည္းက ကြၽန္ေတာ္ဒီကိုလာရတဲ့ အေၾကာင္းရင္းပါ။ ခင္ဗ်ားတို႔နဲ႕ ဘာမွမပတ္သတ္ပါဘူး။ အခု ခင္ဗ်ားတို႔လည္း အႏၲရာယ္ကင္းသြားၿပီဆိုေတာ့ လိုရာခရီးကိုဆက္ၾကပါ။"

ကုက်ိဳးသည္ အေျခအေနအေပၚ နားစြင့္ထားေသာ္ျငား လက္ကေတာ့ မနားတမ္း လႈပ္ရွားေနသည္။

သူက စိတ္ထဲမွ ေတြးမိသည္: ေထာက္ပံ့သူရဲ႕ အမူအရာက အိမ္ေတာ္ငယ္ သခင္ေလးတစ္ေယာက္အတိုင္း ကြတ္တိပဲ။ ဒါ သူ႕ပုံမွန္ပုံစံနဲ႕ေတာ့ တျခားစီပဲ...... ေထာက္ပံ့သူက သ႐ုပ္ေဆာင္လည္း အေတာ္ေကာင္းသကိုး။ သူ တစ္ခုခုကို ေသခ်ာအတည္ျပဳခ်င္​လို႔မ်ားလား?

ဟန္ယြီရွို႔က ကုန္းရိထ်န္းဟန္၏ သေဘာထားကို သိပ္သေဘာမက်လွေပ။ သို႔ေသာ္ သူမ​က ေပ်ာ့ေပ်ာင္းခ်ိဳသာစြာ ဆက္လက္ေျပာဆိုလိုက္သည္။

"ဒီခရီးက အရမ္းအႏၲရာယ္မ်ားၿပီး လီသခင္ေလးရဲ႕ သိုင္းပညာအစြမ္းကလည္း အရမ္းထူးခြၽန္တာမို႔ ဒီညီမငယ္က အားမနာတမ္း အကူအညီေလးတစ္ခု ေတာင္းခ်င္ပါတယ္။..... လီသခင္ေလး သေဘာတူနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"

သူမက ကုန္းရိထ်န္းဟန္၏ အေျဖစကားကိုပင္ မေစာင့္ဘဲ ကိုယ့္ဟာကိုယ္ ဆက္လက္ေျပာဆို​လိုက္သည္။

"ညီမငယ္က လီသခင္ေလးနဲ႕အတူ ခရီးထြက္ဖို႔ ေမွ်ာ္လင့္ပါတယ္။ တကယ္လို႔ လီသခင္ေလးက ညီမကို အဲ့ဒီေဆးဖက္ဝင္အပင္ကို ကူၿပီးရွာေဖြေပးမယ္ဆိုရင္ ညီမငယ္ကလည္း သခင္ေလးကို အဲ့ဒါနဲ႕ တန္ဖိုးခ်င္းတူတဲ့ လက္ေဆာင္တစ္ခု ျပန္ေပးပါ့မယ္။ လီသခင္ေလး ဘယ္လိုသေဘာရပါသလဲ?"

ကုန္းရိထ်န္းဟန္က ပ်င္းရိေလးတြဲစြာျဖင့္:

"ေနပါေစ"

သူက ထိုလူစုကို ဆက္အာ႐ုံစိုက္မေနဘဲ ေျပာလိုက္သည္။

"ဒီသခင္ေလးရဲ႕ အိမ္ေတာ္က တန္ဖိုးႀကီးပစၥည္းေတြ မတတ္နိုင္ေလာက္ေအာင္ ဆင္းရဲေနတယ္မ်ား ထင္လို႔လား? မင္းတို႔အားလုံး ခ်က္ခ်င္းထြက္သြားနိုင္ၿပီ။ စကားအပိုေတြ ေျပာမေနပါနဲ႕ေတာ့!"

ဟန္ယြီရွို႔၏ မ်က္လုံးဝိုင္းဝိုင္းမ်ားက ျပဴးက်ယ္သြားသည္။ အဆုံး၌ နဂိုကပင္ မာနႀကီးေသာ သူမက ေဒါသအမ်က္ ေခ်ာင္းေခ်ာင္းထြက္သြားကာ:

"ရွင္ --"

သို႔ေသာ္ ထိုအခ်ိန္တြင္ အျခားအမ်ိဳးသမီးတစ္ဦးက သူမ၏ လက္ေကာက္ဝတ္ကို ဆြဲကာ တားဆီးလိုက္သည္။

"ဟန္သခင္မေလး၊ မလုပ္ပါနဲ႕ေတာ့"

ဟန္ယြီရွို႔သည္ လက္သည္းမ်ား အသားထဲသို႔စိုက္ဝင္သြားသည့္အထိ လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္လိုက္သည္။ ထို႔ေနာက္ သူမ၏ ခါးသီးကာ ေဒါသထြက္ေနေသာ အမူအရာမ်ား ေပ်ာက္ကြယ္သြားကာ ေဒါသကို ခ်ဳပ္တည္းလ်က္ ေျပာလိုက္သည္။

"လီသခင္ေလးက ဆႏၵမရွိဘူးဆိုမွေတာ့ ညီမငယ္ကလည္း အခက္ေတြ႕ေအာင္ မလုပ္ေတာ့ပါဘူး..... ငါတို႔သြားၾကစို႔!"

သူမစကားဆုံးသည္ႏွင့္ ဟူယြမ္သိုင္းပညာေက်ာင္းမွ လူမ်ားကလည္း ႏႈတ္ဆက္စကားဆိုကာ ထိုေနရာမွ ခ်က္ခ်င္း ထြက္ခြာသြားၾကသည္။

ထိုလူမ်ားထြက္သြားၿပီးေနာက္ ကုက်ိဳးလည္း လင္းယုန္ငွက္ႏွစ္ေကာင္ကို ေကာင္းစြာ အမဲဖ်တ္လိုက္ကာ ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းမ်ား ခူးရန္ျပင္လိုက္သည္။ က်န္လူမ်ားကေတာ့ သူတို႔၏ ကြၽမ္းက်င္မႈအရ ေဆးဖက္ဝင္အပင္မ်ား ခူးဆြတ္ရန္ မသင့္ေတာ္သျဖင့္ ကုက်ိဳးကိုသာ ေဘးက ေစာင့္ၾကည့္ေပးၾကသည္။

ကုန္းရိထ်န္းဟန္ကလည္း ကုက်ိဳး၏ နံေဘးတြင္ ရပ္ကာ သူ႕ကို အေဖာ္ျပဳေပးေနသည္။

ကုက်ိဳးသည္ ေဆးဖက္ဝင္အပင္မ်ားကို ခူးဆြတ္ေနရင္းက ေမးခြန္းေမးလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ သခင္ေလးက သူတို႔ကို ကယ္တင္ေပးလိုက္တာပဲ၊ ဘာျဖစ္လို႔မ်ား...... အဲ့ဒီေကာင္မေလးက အၿငိဳးအေတးထားသြားတာမ်ိဳး မျဖစ္နိုင္ဘူးလား?"

ယခုအခ်ိန္အထိ သူသိသည္က ေထာက္ပံ့သူသည္ ထိုလူမ်ားကို သနားက႐ုဏာသက္လြန္းသျဖင့္ ကယ္တင္ေပးလိုက္ျခင္း မဟုတ္ေပ။ ထို႔အျပင္ ေထာက္ပ့ံသူသည္ သူ၏ သ႐ုပ္မွန္ကို ဖုံးကြယ္ထား႐ုံသာမက မိမိတို႔၏ ရည္႐ြယ္ခ်က္ကိုပါ သံသယမဝင္ေစရန္ ထိုက​ဲ့သို႔ဟန္ေဆာင္လိုက္ျခင္းျဖစ္သည္။ ကုက်ိဳးသည္ပင္ ထိုမိန္းမပ်ိဳေလးမွာ စိတ္ေနသေဘာထား ေကာင္းမြန္သူမဟုတ္မွန္း အတပ္ေျပာနိုင္သည္ျဖစ္ရာ သူ႕ေထာက္ပံ့သူက မသိဘဲ ေနမည္မဟုတ္ေခ်......

ကုန္းရိထ်န္းဟန္က ၿပဳံးကာ အေျဖေပးလိုက္သည္။

"ကိုယ္က သူတို႔ကို လမ္းႀကဳံ ကယ္တင္ေပးတာ​ေလ။ ၿပီးေတာ့ သူတို႔က ကိုယ့္အတြက္ အသုံးဝင္နိုင္မလားဆိုတာလည္း သိနိုင္တယ္။ အဲ့ဒီဟန္ယြီရွို႔ဆိုတဲ့ ေကာင္မေလးရဲ႕ စိတ္ေနစိတ္ထားက မႏွစ္ၿမိဳ႕စရာပဲ။ သူမက အရမ္းမိုက္မဲတာမဟုတ္ေပမယ့္ ကိုယ္တို႔အတြက္ အသုံးမဝင္ဘူး။ အသုံးဝင္တဲ့သူေတြက ဟူယြမ္သိုင္းပညာေက်ာင္းက လူေတြပဲ"

ကုက်ိဳးက အံ့အားသင့္သြားကာ:

"ထ်န္းဟန္သခင္ေလးက ဟူယြမ္သိုင္းပညာေက်ာင္းက လူေတြကို အင္အားစုေဆာင္းခ်င္လို႔လား?"

ကုန္းရိထ်န္းဟန္က ဆိုသည္။

"ကိုယ္က သူတို႔ကို အင္အားအ​ျဖစ္ စုေဆာင္းတဲ့အထိေတာ့ မရည္႐ြယ္ပါဘူး။ ဒါေပမယ့္ ကုန္းရိအိမ္ေတာ္ရဲ႕ ပိုင္ဆိုင္မႈန​ဲ့အသိုင္းအဝိုင္းက အင္ပါယာတစ္ခုလုံးအႏွံမွာဆိုေတာ့ မ်က္စိေတြ၊ နားေတြဆိုတာ အၿမဲတမ္းရွိေနဖို႔ လိုအပ္တယ္ေလ။ ဟူယြမ္သိုင္းပညာေက်ာင္းက လူေတြက အေျခအေန၊ အခ်ိန္အခါကို နားလည္ၿပီး စိတ္လိုက္မာန္ပါမလုပ္ၾကဘူး။ တကယ္လို႔ ဟူယြမ္သိုင္းပညာေက်ာင္းတစ္ခုလုံးက ဒီလိုဆိုရင္ ကိုယ္တို႔က သူတို႔နဲ႕ အဆက္အသြယ္လုပ္ၾကည့္လို႔ရနိုင္တယ္"

ကုန္းရိထ်န္းဟန္သည္ ထိုသို႔ေျပာၿပီးေနာက္ ေခါင္းကိုအနည္းငယ္ေစာင္းလိုက္ကာ:

"ဝမ္းဟယ္၊ မင္း မွတ္ထားတယ္မလား?"

႐ႊီဝမ္းဟယ္က ရိုေသေလးစားစြာ တုန့္ျပန္လိုက္သည္။

"ဒီလက္ေအာက္ငယ္သား နားလည္ပါၿပီ"

ကုက်ိဳး သေဘာေပါက္သြားသည္။

ေထာက္ပ့ံသူသည္ အစကတည္းက သူ၏ အမႈကိစၥမ်ားကို ေဆာင္႐ြက္ရန္ လက္ေအာက္ငယ္သားမ်ားစြာ ရွိၿပီးသားျဖစ္ၿပီး ႐ႊီဝမ္းဟယ္သည္လည္း ေသခ်ာေပါက္ ထိုစနစ္ထဲမွ လူတစ္ေယာက္ျဖစ္ေပသည္။

ကုက်ိဳးက ေနာက္ေမးခြန္းတစ္ခု ထပ္မံေမးလိုက္သည္။

"ဒါဆို ဟန္သခင္မေလးရဲ႕ အိမ္​ေတာ္ကေရာ...."

ကုန္းရိထ်န္းဟန္က အဓိပၸါယ္ရွိရွိ ရယ္သြမ္းေသြးလိုက္ကာ:

"ကိုယ္ တစ္ခါမွ ဟန္အိမ္ေတာ္ဆိုတာ မၾကားဖူးဘူး"

ကုက်ိဳးသည္ သုံးစကၠန့္မွ် စဥ္းစားလိုက္ၿပီးေနာက္ ဆိုလိုရင္းကို သေဘာေပါက္သြားသည္။

သူ၏ေထာက္ပံ့သူသည္ မင္းၿမိဳ႕ေတာ္ရွိ မိသားစုအိမ္ေတာ္ အႀကီးအငယ္မွန္သမွ် အားလုံးအျပင္ ခ်န္းယြင္အင္ပါယာအနီးတဝိုက္ရွိ အျခားေသာ မိသားစုအိမ္ေတာ္မ်ားကိုပါ သိရွိထားၿပီးသားျဖစ္သည္။ အကယ္၍ ေထာက္ပ့ံသူက ထိုအိမ္ေတာ္မ်ိဳးရိုးအမည္ကို တစ္ခါမွ မၾကားဖူးပါဟုဆိုလွ်င္ ထိုသူတို႔သည္ ေထာက္ပ့ံသူအေပၚ မည္သည့္ဖိအားမွ ေပးနိုင္စြမ္းမရွိသည္မွာ ေသခ်ာသည္။ --- သူ႕ေထာက္ပ့ံရဲ႕ လက္ေအာက္ငယ္သားေတြက ဒီေလာက္ လုပ္ရည္ကိုင္ရည္ရွိတာ၊ အာ႐ုံစိုက္သင့္တ​ဲ့ဘယ္အရာကိုမွ သူတို႔မ်က္စိေအာက္က လြတ္ထြက္သြားစရာအေၾကာင္းမရွိဘူး!

အဲ့ဒီဟန္အိမ္ေတာ္ဆိုတာ ေထာက္ပ့ံသူအတြက္ နာမည္သိေနဖို႔ေတာင္ အရည္အခ်င္းမမီတဲ့ သူပဲ......

ဒီေတာ့ ဟန္ယြီရွို႔က သူတို႔ကို ေသခ်ာေပါက္ ဘယ္လိုနည္းနဲ႕မွ ၿခိမ္းေျခာက္နိုင္စရာ မရွိဘူး။

တကယ္ေတာ့ ကုက်ိဳးသည္ အကယ္၍မ်ား ဟန္ယြီရွို႔က သူမ၏ ေနာက္ခံအိမ္ေတာ္မွ ဩဇာလႊမ္းမိုးမႈကို သုံးၿပီး သူတို႔ကို ျပန္လာရွာခဲ့လွ်င္ မခက္ေပဘူးလားဟူ၍ စိတ္ထဲမွ အတန္တန္ျမင္ေယာင္ၾကည့္မိသည္။ သို႔ေသာ္ သူသည္ အရင္က ေထာက္ပံ့သူ ေျပာဖူးသည့္ ေထာက္ပ့ံသူတို႔ အိမ္ေတာ္၏ ပိုင္ဆိုင္မႈမ်ားက ေနရာအႏွံတြင္ ရွိသည္ဆိုသည့္ စကားကို သြားအမွတ္ရမိသည့္အခါ ထိုကိစၥမ်ိဳးက ျဖစ္လာမည္မဟုတ္ေၾကာင္း ေတြးမိ​ေလသည္။

ေထာက္ပံ့သူက ခရီးထြက္လာတယ္ဆိုမွေတာ့ ဒီလိုကိစၥမ်ိဳးအတြက္ ႀကိဳတင္ မျပင္ဆင္ထားဘဲ ေနပါ့မလား? တစ္ဖက္လူက သူ႕အိမ္ေတာ္ အင္အားစုေတြကို ေခၚလာနိုင္တယ္ဆိုရင္ ႐ႊီဝမ္းဟယ္ကလည္း သူ႕ အဆက္အသြယ္ေတြကတဆင့္ ကုန္းရိအိမ္ေတာ္ရဲ႕ ပိုင္ဆိုင္မႈအရွိန္အဝါနဲ႕ ဩဇာအာဏာ​ေတြကို ေသခ်ာေပါက္ ဆင့္ေခၚနိုင္မွာေပါ့!

သူကိုက အေတြးမ်ားေနတာပဲ။

ကုက်ိဳးက စိတ္ေလ်ာ့လိုက္ၿပီးေနာက္ ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းမ်ားကို ဆက္လက္ ခူးဆြတ္လိုက္သည္။

.....သူ ေဆးဖက္ဝင္အပင္ေတြ စုေဆာင္းတာပဲ ေကာင္းပါတယ္ေလ။

ေဆးပင္မ်ား ခူးဆြတ္ျခင္းအမႈက အဆင္ေျပေခ်ာေမြ႕စြာ ၿပီးဆုံးသြားသည္။ ကုက်ိဳးသည္ ဆယ္ႏွစ္အထက္ သက္တမ္းရွိေသာ ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းမ်ားအားလုံးကို ဂ႐ုတစိုက္ စုေဆာင္းလိုက္သည္။ ထို႔ေနာက္ သူက ထိုေဆးပင္မ်ားကို ေထာက္ပ့ံသူ၏ ၾကားခံနယ္အသုံးအေဆာင္ထဲသို႔ ထည့္သြင္းလိုက္သလို ဟန္ေဆာင္ကာ သူ၏ ေလဟာနယ္သိုေလွာင္႐ုံထဲသို႔ သိမ္းဆည္းလိုက္သည္။

တကယ္တမ္း ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းမ်ားသည္ အနည္းဆုံး သက္တမ္းတစ္ႏွစ္ေက်ာ္သည္ႏွင့္ ေဆးဝါးအျဖစ္ အသုံးျပဳနိုင္ၿပီျဖစ္သည္။ ဒါေပမယ့္ ဒီေနရာက ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းေတြိ ထပ္မံ​ေပါက္ပြားဖို႔ အရမ္းသင့္ေတာ္တယ္၊ ဒီေတာ့ သူက ရွိသမွ်အပင္အားလုံးကို ဘာျဖစ္လို႔ အကုန္ခူးပစ္ရမွာလဲ? ကုက်ိဳးသည္ ေဆးဖက္ဝင္အပင္မ်ားက စဥ္ဆက္မျပတ္ ဆက္လက္ေပါက္ေရာက္နိုင္ရန္လိုအပ္ေၾကာင္းကိုလည္း သိရွိထားေပသည္။

.... ေကာင္းေရာ၊ အခုေတာ့ သူ႕အျဖစ္က 'ပစၥည္းေကာင္းေတြပဲ သုံးၿပီး ေဆးဝါးသန့္စင္တယ္' လို႔ ေျပာရမလိုျဖစ္ေနၿပီ

ကုက်ိဳးသည္ ထိုေနရာမွ ျပန္အထြက္ ေဘးပတ္လည္ကို ေခါင္းလွည့္ၾကည့္မိသည္။ ခ်ိဳင့္ဝွမ္းပတ္လည္ရွိ ေတာင္နံရံမ်ားေအာက္ဝယ္ မေရမတြက္နိုင္သည့္ လူအရိုးေျခာက္မ်ား ရွိေနသည္။

လူအရိုးစုမ်ားသည္ ယခင္က ဤက်ားေခါင္း လင္းယုန္ငွက္ႏွစ္ေကာင္၏ တိုက္ခိုက္ျခင္း ခံခဲ့ရသူမ်ားပင္။ ယခုေတာ့ သူတို႔က ထိုလင္းယုန္ငွက္ႏွစ္ေကာင္ကို သုတ္သင္ရွင္းလင္းလိုက္ၿပီျဖစ္ေသာေၾကာင္​့ ဤနယ္ပယ္တစ္ဝိုက္တြင္ က်က္စားမည့္အရွင္သခင္မရွိေတာ့ၿပီ။ ထို႔ေၾကာင့္ သိပ္မၾကာခင္၌ အျခားေသာ သားရိုင္းသတၱဝါမ်ားက ဤေနရာကို လာေရာက္သိမ္းယူၾကေပလိမ့္မည္။

ကုက်ိဳးသည္လည္း တစ္စုံတစ္ရာကို ျဖည္းျဖည္းခ်င္း နားလည္သေဘာေပါက္လာသည္။

ဤကမာၻႀကီးသည္ကား အမွန္တကယ္ပင္ ခြန္အားႀကီးသူက ခြန္အားနည္းသူအေပၚ နိုင္စားသည့္ ႀကီးနိုင္ငယ္ညွင္းသဘာဝ ေလာကႀကီးပင္တည္း။

💊💊💊

ကုန္းရိထ်န္းဟန္သည္ အေတြ႕အႀကဳံရရွိေစရန္ ရည္႐ြယ္ကာ ေျမပုံမွတဆင့္ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၂)ရွိေသာ သားရိုင္းသတၱဝါမ်ား က်တ္စားရာေနရာႏွင့္ အဖိုးတန္ ေဆးဖက္ဝင္အပင္မ်ား ေပါက္ေရာက္ရာေနရာမ်ားကို ေ႐ြးခ်ယ္သြားေရာက္ခဲ့သည္။ သူတို႔ ေနရာတစ္ခုကို သြားတိုင္း ကုန္းရိထ်န္းဟန္က အၿမဲတမ္း ပစ္မွတ္ကို လြယ္ကူေခ်ာေမြ႕စြာ သတ္ျဖတ္နိုင္ေလသည္။ ထို႔ေၾကာင့္ ကုက်ိဳးသည္လည္း ေဆးဖက္ဝင္အပင္မ်ားစြာကို စုေဆာင္းရရွိခဲ့သည္။

သူတို႔အဖြဲ႕သည္ အစပိုင္းတိုက္ခိုက္ရာတြင္ အေထာက္အပံေပးရန္ လံုအာ့ႏွင့္ ႐ႊီဝမ္းဟယ္တို႔ပါဝင္ခဲ့ေသာ္လည္း အခ်ိန္ၾကာလာသည္ႏွင့္အမွ် ကုန္းရိထ်န္းဟန္က ထိုသူႏွစ္ဦးကို တိုက္ခိုက္မႈမ်ားမွ လက္ေရွာင္ေစခဲ့သည္။ ထို႔ေၾကာင့္ပင္ သူကိုယ္တိုင္၌ ထိခိုက္ဒဏ္ရာရျခင္းမ်ိဳးကို မေရွာင္လႊဲနိုင္​ေပ။ ကုန္းရိထ်န္ဟန္သည္ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၃)ရွိသည့္ သားရိုင္းသတၱဝါကိုပင္ သူတစ္ဦးတည္း ရင္ဆိုင္တိုက္ခိုက္ရန္ႀကိဳးစားခဲ့ၿပီး ထိုသားရိုင္းသတၱဝါ၏ ဖိအားဒဏ္ကို ႀကံႀကံခံကာ မိမိကိုယ္ကို တိုးတက္ေအာင္ ေလ့က်င့္ခဲ့သည္။

ဤသို႔ျဖင့္ ကုန္းရိထ်န္းဟန္၏ ခြန္အားကား ေၾကာက္ခမန္းလိလိ တိုးတက္လာခဲ့သည္။ ပို၍ ေၾကာက္စရာေကာင္းသည္က ဤကဲ့သို႔စဥ္ဆက္မျပတ္ စိန္ေခၚရင္ဆိုင္မႈမ်ားၾကား၌ သူ၏ စစ္မွန္ေသာ ခ်ီစြမ္းအားမ်ားက ပိုမို လ်င္ျမန္စြာ လည္ပတ္လာသလို ေနာက္ထပ္အရိုးပုလဲမ်ားကိုပင္ ထပ္မံေငြ႕ရည္ဖြဲ႕နိုင္ခဲ့သည္။ အဆုံး၌ ကုန္းရိထ်န္းဟန္သည္ အခ်ိန္တစ္ခုေရာက္သည့္အခါ က်င့္ႀကံေရး အဆင့္တစ္ခုသို႔ ေအာင္ျမင္စြာ တက္လွမ္းနိုင္ခဲ့ၿပီး ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၃)ရွိေသာ သိုင္းပညာရွင္တစ္ဦး ျဖစ္လာခဲ့သည္!

သို႔ေသာ္ သူသည္ ေလ့က်င့္ျခင္းကို မရပ္တန့္သည့္အျပင္ သူ၏အစားထိုးပစ္မွတ္က ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္(၃)ရွိေသာ သားရိုင္းသတၱဝါမ်ား ျဖစ္လာခဲ့သည္။

တျဖည္းျဖည္းႏွင့္ ထိုခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၃)ရွိသည့္ သားရိုင္းသတၱဝါမ်ားသည္လည္း သူ႕လက္ထဲ၌ ေသပြဲဝင္ၾကရေလသည္။

သတိမထားမိခင္အခ်ိန္အတြင္း သူတို႔ေလးဦးအဖြဲ႕သည္ ဤႏြားခြာယွက္ေျပးေတာင္တန္းမ်ားထဲဝယ္ အခ်ိန္တစ္လခန့္ ကုန္ဆုံးခဲ့ေလၿပီ။

ကုက်ိဳးသည္ ေဆးဖက္ဝင္အပင္မ်ား စုေဆာင္းျခင္းႏွင့္ ေဆးဖက္ဝင္ဓာတ္စာမ်ားခ်က္ျပဳတ္ျခင္း ကိစၥအားလုံးတြင္ ႀကီးမားေသာ တိုးတက္မႈမ်ားစြာ ရရွိခဲ့သည္။

ကုန္းရိထ်န္းဟန္သည္ ဤကာလအတြင္း ေၾကာက္ခမန္းလိလိ စြမ္းအားႀကီးမားလာျခင္းမွာ သူ႕ခႏၶာကိုယ္၏ ၿပိဳင္စံရွား ပင္ကိုပါရမီေၾကာင့္အျပင္ ကုက်ိဳး၏ အႀကိမ္တိုင္း အစြမ္းကုန္ ဂ႐ုတစိုက္ခ်က္ျပဳတ္ေပးသည့္ ဓာတ္စာဟင္းလ်ာမ်ားႏွင့္လည္း သက္ဆိုင္ေပသည္။ ကုန္းရိထ်န္းဟန္သည္ သူ၏ ခြန္အားစြမ္းအင္မ်ား တိုးတက္လာၿပီးေနာက္ ကုက်ိဳးအတြက္လည္း ေဆးဖက္ဝင္အပင္မ်ားစြာကို ပိုမိုရွာေဖြေပးေလသည္။

ဤသို႔ျဖင့္ ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္ အက်ိဳးရွိေနေတာ့သည္။

______________________________________

အခ်စ္ဆုံးတို႔ေရ.....

ေနာက္က်သြားတဲ့အတြက္ ခြင့္လႊတ္ေပးၾကပါေနာ္။ သာသာမွာ က်န္းမာေရးကိစၥေတြ တစ္ခုၿပီးတစ္ခု ျဖစ္ေနတဲ့အတြက္ ခုတေလာ update ေလးေတြ ေႏွးေနတာ သည္းခံေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္။ လတ္တေလာမွာ သာသာ ခြဲစိတ္ကုသမႈ ခံယူဖို႔ရွိေနလို႔ စိတ္ေရာ လူေရာ ခြဲစိတ္ဖို႔ ျပင္ဆင္ေနပါတယ္။ ခြဲစိတ္ရမယ့္ရက္နီးလာရင္ သာသာထပ္ၿပီး ေျပာ​ေပ​းပါမယ္ေနာ္။ လတ္တေလာမွာေတာ့ သာသာ ၿပီးသေလာက္ update ေလးေတြ တင္ေပးသြားပါ့မယ္။ အၿမဲတမ္း အားေပးၾကတဲ့ စာဖတ္သူမ်ားကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။❤❤ အားလုံး ေဘးကင္းလုံၿခဳံၾကပါေစ။ ေနာက္အပိုင္းမွာ ျပန္ေတြ႕ၾကမယ္ေနာ္။

With love ❤
Taiga 😘

((Unicode))

အပိုင်း (၃၉)
ကြီးနိုင်ငယ်ညှင်းသဘာဝလောက

💊💊💊
ကုန်းရိထျန်းဟန်သည် စက္ကန့်ပိုင်းအတွင်း အမိန့်ပေးလိုက်၏။

"ဝမ်ဟယ်၊ မင်းက ဒီမှာနေပြီး ကုကျိုးကို ကာကွယ်ထား။ ငါက လင်းယုန်အမငှက်ကို မြှားခေါ်သွားမယ်။ လုံအာ့၊ မင်းက အဲ့ဒီလူတွေကို ကူပြီး လင်းယုန်အထီးကို ခေါင်းဖြတ်လိုက်"

ရွှီဝမ်ဟယ်နှင့် လုံအာ့တို့က ပြန်လည်တုန့်ပြန်လိုက်၏။

"ဟုတ်ကဲ့၊ သခင်လေး!"

ကုကျိုးကလည်း မဆိုင်းမတွ ပြောလိုက်သည်။

"ထျန်းဟန်သခင်လေး၊ သတိထားနော်!"

ကုန်းရိထျန်းဟန်သည် ကုကျိုးကို ပြုံးပြပြီးနောက် လုံအာ့နှင့်အတူ လျှပ်တပြတ်အတွင်း ရှေ့သို့ လျင်မြန်စွာ ခုန်ထွက်သွားသည်။

သူက ကောင်းကင်သိမ်းငှက်ခြေလှမ်း သိုင်းကွက်နှင့်အတူ ခန္ဓာကိုယ်ကို ကောင်းကင်ယံသို့ ဒုံးကျည်တစ်ခုနှယ် တင့်တယ်ခန့်ညားစွာ ပျံတက်သွားသည်။ ထို့နောက် သူက လင်းယုန်အမငှက်ကို လက်ထဲရှိလှံဖြင့် လျင်မြန်စွာ ထိုးစိုက်လိုက်၏! လုံအာ့သည် လင်းလေးတစ်ခုကို ကိုင်လျက် လင်းယုန်အထီးငှက်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အလို့ငှာ ၄င်း၏ သေကွင်းသေကွက်နေရာ(၃)ခုသို့ မြှားသုံးစင်းဆက်တိုက် ချိန်ရွယ်ပစ်ခတ်လိုက်သည်။ လင်းယုန်အထီးငှက်သည် အချိန်တိုအတွင်း လေပေါ်တွင် မြင့်မားစွာ မပျံသန်းနိုင်တော့ဘဲ အခြားသော သိုင်းသမားများ၏ တိုက်ခိုက်ခြင်းကို ခံရ​​​ေလသည်။

(T/N - လုံအာ့ကိုင်တဲ့ လေး​မြှားက လေးအရှည် - လင်းလေးပါ။ ပုံမှန်လေးနဲ့ လင်းလေးနဲ့ကွာတာက ပုံမှန်လေးက အနည်းဆုံး အရှည် (၃)ပေက အများဆုံး (၅)ပေ (၅)လက်မခန့်အထိရှည်လျားပြီး လင်းလေးကတော့ အသုံးပြုသူရဲ့ အရပ်ရှည်ရင် ရှည်သလောက် အလျားရှိတယ်လို့ဆိုပါတယ်။ တိုက်ခိုက်ရာမှာ ပုံမှန်လေးက လင်းလေးထက် ပိုမြန်မြန်ပစ်ခတ်နိုင်ပြီး အကွာအဝေးအရ တာတိုဖြစ်ပါတယ်။ လင်းလေးကတော့ ပစ်ခတ်ရာမှာ ပိုနှေးကွေးပေမယ့် တာဝေးအထိ လှမ်းပြီးပစ်ခတ်နိုင်ပါတယ်တဲ့။ ဒါလေးကတော့ ပုံမှန်လေးနဲ့ လင်းလေး ယှဥ်ပြထားတာပါ။)

အခြားသော သိုင်းသမားများမှာ တိုက်ပွဲအတွင်းသို့ ရုတ်တရတ် ဝင်ရောက်လာသော လူစိမ်းနှစ်ဦးကြောင့် ထိတ်လန့်အံ့ဩသွားရသည်။ သို့သော် ထိုသူနှစ်ဦးက မိမိတို့ကို ကူညီရန်လာခြင်းဖြစ်ကြောင်း သိလိုက်သည့်အခါ သူတို့လည်း ချက်ချင်း စိတ်သက်သာရာရသွားသည်။

ထိုလူစုထ​ဲမှ မျက်နှာလေးထောင့်ကျကျ၊ သက်လတ်ပိုင်းအရွယ် လူတစ်ဦးက တိုက်ခိုက်နေရင်း လေးနက်စွာဆိုလာသည်။

"အခုလို ကူညီတာ ဒီကလူကြီးမင်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကိစ္စပြီးရင် လူကြီးမင်းတို့ကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်!"

ကုန်းရိထျန်းဟန်နှင့် လုံအာ့တို့နှစ်ဦးသည် နှုတ်ဆိတ်လျက်သား လင်းယုန်အဖိုအမစုံတွဲကိုသာ အာရုံ​စိုက် တိုက်ခိုက်နေကြသည်။

ကုန်းရိထျန်းဟန်၏ လှံသွားမှ စွမ်းအားများ အလျှံအပယ်ထွက်ပေါ်နေကာ လင်းယုန်အမငှက်ကို တားဆီးပိတ်ပင်ထားသဖြင့် ၄င်း က ဒေါသကြီးလာကာ အောက်သို့ ထိုးစိုက်ဆင်းလာသည်။ သို့သော် ကောင်းကင်သိန်းငှက်ခြေလှမ်းသိုင်းကွက်ဆိုသည်မှာ လေဟုန်ကိုခွင်းပြီး ပျံဝဲနိုင်စွမ်းရှိပေသည်။ ထို့ကြောင့် လင်းယုန်အမငှက်၏ တိုက်ခိုက်မှုများသည် ပြင်းထန်ရက်စက်သော်ငြား ကုန်းရိထျန်းဟန်က ၄င်းထက် ပိုမိုမြန်ဆန်စွာ ရှောင်တိန်းနိုင်​ေပသည်။ သူ မည်သို့မည်ပုံ ပြုလိုက်သည်မသိ၊ ကုန်းရိထျန်းဟန်က ခြေလှမ်းများကို ရွေ့လျားလိုက်တိုင်း လင်းယုန်အမငှက်၏ ချွန်ထက်လှသည့် ခြေသည်းကုတ်ချက်များကို ရှောင်တိန်းပြီးသားဖြစ်​သွားသည်။ သူက ခါးကိုလှည့်လိုက်သည်။ ထိုအခါ လှံတံက သူ၏နံရိုးအောက်မှ ပျံထွက်သွားကာ လင်းယုန်အမငှက်၏ ဘယ်ဘက်အတောင်နားရှိ သေကွင်းသေကွက်ကို တည့်မတ်စွာ ထိမှန်သွား​ေတာ့သည်။

မြောက်များစွာသော ငှက်မွှေးအတောင်များက မြေပြင်ပေါ်သို့ ချက်ချင်း ပြန့်ကျဲကျလာသည်။

ကုကျိုး ကောင်းစွာ သတိထားမိသည်။ သူ့ထောက်ပံ့သူရဲ့ ကောင်းကင်သိန်းငှက်​ခြေလှမ်းသိုင်းကွက်က ကြည့်ရတာ.......ပိုညက်ညောလာတာလား၊ ပိုပြီး ကျွမ်းကျင်လာတာလား၊ ဒါမှမဟုတ် နောက်တဆင့်ကို တက်လှမ်းသွားနိုင်တာလား? သူသည် ယခင်က ထောက်ပံ့သူ၏ ကိုယ်ဖော့သိုင်းပညာကို အလွန်ကောင်းမွန်သည်ဟု ထင်ထားပြီးသားဖြစ်သည်။ သို့သော် ယခုလက်ရှိအချိန်နှင့် နှိုင်းယှဥ်ကြည့်လျှင် ယခင် ထောက်ပ့ံသူ၏သိုင်းကွက်များက အမှိုက်သာသာပင်ဖြစ်တော့သည်။

သူ့ထောက်ပံ့သူက အချိန်တိုအတွင်း ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်သွားတာလား?

ဤသည်မှာ ကောင်းကင်ဘုံကပင် မနာလိုဖြစ်ရသော ထျန်းတုခန္ဓာကိုယ် ပီသပါပေသည်။

ထောက်ပံ့သူ၏ လှံတံထိပ်ဖျားသည် အလွန်မာကျောကာ လှံတံကိုယ်ထည်မှာ သင့်တင့်လျောက်ပတ်စွာ ညွှတ်ကွေးနိုင်စွမ်းရှိသည်။ သိပ်မကြာခင် လင်းယုန်အမငှက်သည် ကုန်းရိထျန်းဟန်၏ ကျွမ်းကျင်သော ခြေလှမ်းသိုင်းကွက်များအောက်ဝယ် လွတ်လမ်းမရှိတော့ဘဲ ရွေ့လျားရှောင်တိန်းစရာ ဧရိယာ ကျဥ်းသထက် ကျဥ်းမြောင်းလာခ​ဲ့သည်။ နောက်ဆုံး လင်းယုန်ငှက်တစ်ကောင်လုံးနီးပါးသည် များစွာသော လှံရေးပစ်ချက်များကြား နစ်မြှုပ်ဖုံးလွှမ်းသွား​သည်။ ကုန်းရိထျန်းဟန်၏ လှံသည် မျက်တောင်တစ်ခတ်အတွင်း လှုပ်ရှားသွားကာ လင်းယုန်အမငှက်၏ ဦးခေါင်းကို ထုတ်ချင်းဖောက်သွား​​သည်!

အဖြစ်အပျက်များမှာ အားလုံးပေါင်း အချိန် (၁၅)မိနစ်ခန့်သာ ကြာမြင့်လေသည်။

ကုကျိုးက ကုန်းရိထျန်းဟန်၏လှံရေး ပိုမိုအစွမ်းထက်လာသည်ကို မြင်နိုင်သည်။ ကုန်းရိထျန်းဟန်၏ ယခင်လှံရေးအစွမ်းက ရိုးရှင်းကျစ်လစ်လှသည်ဟုဆိုလျှင် ယခု လှံရေးအစွမ်းကား ပို၍အစွမ်းထက်ကာ ရိုးရှင်းကျစ်လစ်ရုံမက သေစေနိုင်သော အဖျက်စွမ်းအားများ ပိုမိုပါဝင်လာသည်။

ထို့အပြင် ကုန်းရိထျန်းဟန်၏ ခြေလှမ်းသိုင်းကွက်များ ပြောင်းလဲသွားပုံသည်...... ကုကျိုး၏အမြင်အာရုံများပင် လိုက်မမိနိုင်အောင် မြန်ဆန်လှ​ေပသည်။

တစ်ခါတစ်ရံ တချို့သောကိစ္စများက နှိုင်းယှဥ်ကြည့်ရန်လိုအပ်ပေသည်။ ကုန်းရိထျန်းဟန်မှာ သူတစ်ဦးတည်းဖြင့် လင်းယုန်အမငှက်ကို ရှင်းလင်းပစ်နိုင်သည်။ တစ်ဖက်မှာတော့ လုံအာ့အပါအဝင် သိုင်းပညာရှင်လေးဦးသည် လင်းယုန်အထီးငှက်ကို ဒဏ်ရာ အပြင်းအထန် ရရုံသာ တိုက်ခိုက်နိုင်လေသည်။ ထို့ကြောင့် ကုန်းရိထျန်းဟန်သည် စွမ်းဆောင်ရည် အလွန်မြင့်မားသည်မှာ ထင်ရှားသည်။

ထို့နောက် ကုန်းရိထျန်းဟန်က လှံကို ပစ်လွှတ်ကာ လင်းယုန်အထီးငှက်ကို အနောက်သို့ တွန်းထုတ်လိုက်၏။ သူက မိမိ ခြေလှမ်းသိုင်းကွက်ကို အလျင်အမြန် ပြောင်းကာ လေပေါ်သို့ ပျံတက်သွားသည်။ နောက်ဆုံး ကုန်းရိထျန်းဟန်သည် လင်းယုန်အထီးငှက်ကို လှံဖြင့်ထိုးစိုက်လိုက်သည်။ ထိုအခါ လင်းယုန်အထီးငှက်မှာ ကောင်းကင်မှ မြေပေါ်သို့ ပြုတ်ကျလာသည်။ လုံအာ့က ထိုအခွင့်အရေးကို အရယူကာ ခန္ဓာကိုယ်ကို ရှေ့သို့ တဟုန်ထိုး ပြေးထွက်လိုက်သည်။ ထို့နောက် သူက ချွန်မြသော ဓားမြောင်တစ်ချောင်းဖြင့် အားကုန်သုံး လွှဲရမ်းလိုက်ကာ လင်းယုန်အထီးငှက်ကို ခေါင်းဖြတ်လိုက်​ေလသည်!

ဤသို့ဖြင့် လင်းယုန်အဖိုအမငှက်တို့ကို သုတ်သင်ပြီးစီးသွားသည်။

ထိုအခါ ကုကျိုးနှင့် ရွှီဝမ်ဟယ်တို့သည် ချုံနွယ်များအကြား ပုန်းကွယ်နေရာမှ ထွက်လာပြီး ကုန်းရိထျန်းဟန်တို့နှင့် ပေါင်းစည်းလိုက်ကြသည်။

ဘေးမှကြည့်ရှုနေသည့် အမျိုးသမီးနှစ်ဦးနှင်​့အမျိုးသားသုံးဦးတို့သည်လည်း ထိုအချိန်မှပင် အသီးသီး သက်ပြင်းချနိုင်ကြရှာသည်။

လူအုပ်ထဲမှ မျက်နှာလေးထောင့်ကျကျနှင့် သက်လတ်ပိုင်းလူတစ်ဦးသည် ကျန်လူများကြားမှ အရှေ့သို့ထွက်ကာ ကုကျိုးနှင့် အခြားသူများကို လက်သီးဆုပ် အရိုအသေပြုလျက်:

"ဟူယွမ်သိုင်းပညာကျောင်းက ကောချန်မောက်ပါ။ ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့ လူကြီးမင်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ်!"

ထိုသူသည် အနားမှ ကျန်လူများနှင့်လည်း မိတ်ဆက်ပေးလိုက်သည်။

"သူတို့က ကျွန်တော့်ရဲ့ ဆရာတူမောင်နှမတွေပါ"

သူက နောက်ဆုံးတွင် မာနကြီးပုံရသော မိန်းမပျိုလေးနှင့် မိတ်ဆက်ပေးလာသည်။

"ဒီပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့ ရှန်းဝူမြို့တော်၊ ဟန်မိသားစုက တတိယမြောက်သခင်မလေးပါ။  ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက်ခရီးအတွက် အလုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။"

ကုန်းရိထျန်းဟန်က ကုကျိုးကို တိတ်တဆိတ် မျက်ရိပ်ပြလိုက်သည်။

ကုကျိုးက သဘောပေါက်နားလည်ဟန် ပြလိုက်ကာ လင်းယုန်ငှက်အသေကောင်များဆီသို့ အပြေးသွားပြီး စတင်အမဲဖျတ်လိုက်သည်။

တစ်ဖက်မှာတော့ ကုန်းရိထျန်းဟန်က ချင့်ချင့်ချိန်ချိန်ဖြင့် ခေါင်းညိမ့်ပြရင်း:

"ကျွန်တော်နာမည်က လီထျန်းဟန်ပါ။ ကျွန်တော်က အိမ်တော်က ကိုယ်ရံတော်တွေနဲ့ ဒီတောင်တန်းတွေဆီ အတွေ့အကြုံရှာဖို့ လာခဲ့တာပါ။"

သက်လတ်ပိုင်းလူကြီးနှင့် အခြားလူများက ကုကျိုး၏ လှုပ်ရှားမှုကို မြင်သည့်အခါ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ သို့သော် နောက်ဆုံးတွင် မာနကြီးပုံရသော  သခင်မလေး၏ မျက်လုံးဝိုင်းဝိုင်းများထ​ဲဝယ် မကျေမနပ်မှုများ ဖြတ်ပြေးသွားသည်မှအပ တခြားမည်သူကမှ ဒေါသထွက်ခြင်းမရှိပေ။ သို့သော် သူမက မိမိမျက်နှာထားကို ဘာမှမဖြစ်သလို အမြန်ပြန်လည်ပြင်ဆင်လိုက်သည်။

မာနကြီးပုံရသော မိန်းမပျိုလေးသည် စိတ်ကို ချုပ်ထိန်းလိုက်ပြီးနောက် ပြုံးပြကာဆိုသည်။

"ညီမငယ် ဟန်ယွီရှို့၊ လီသခင်လေးကို ဂါရဝပြုပါတယ်"

သူမက နွေးထွေးပျူငှာသည့် အမူအယာမျိုး အစွမ်းကုန်ပြလျက် ဆိုသည်။

"ညီမငယ်က အစတုန်းက အိမ်ကအဖေ့ရဲ့ ရောဂါဝေဒနာကို ကုသဖို့ နွားခွာယှက်ပြေးတောင်တန်းတွေဆီ ဆေးဖက်ဝင်အပင်တစ်ခု ရှာရအောင်လာခဲ့တာပါ။ မမျှော်လင့်ဘဲ ကံမကောင်းအကြောင်းမလှလို့ ဒီကနေဖြတ်အသွားမှာ ဟိုငှက်ဆိုးနှစ်ကောင်ကို ရန်စမိသလိုဖြစ်သွားပါတယ်။ အားလုံးက လီသခင်လေး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကုန်းရိထျန်းဟန်က သာမာန်ကာလျှံကာပင် ပြောလိုက်သည်။

"ရပါတယ်။ ဒီလင်းယုန်နှစ်ကောင်က နဂိုကတည်းက ကျွန်တော်ဒီကိုလာရတဲ့ အကြောင်းရင်းပါ။ ခင်ဗျားတို့နဲ့ ဘာမှမပတ်သတ်ပါဘူး။ အခု ခင်ဗျားတို့လည်း အန္တရာယ်ကင်းသွားပြီဆိုတော့ လိုရာခရီးကိုဆက်ကြပါ။"

ကုကျိုးသည် အခြေအနေအပေါ် နားစွင့်ထားသော်ငြား လက်ကတော့ မနားတမ်း လှုပ်ရှားနေသည်။

သူက စိတ်ထဲမှ တွေးမိသည်: ထောက်ပံ့သူရဲ့ အမူအရာက အိမ်တော်ငယ် သခင်လေးတစ်ယောက်အတိုင်း ကွတ်တိပဲ။ ဒါ သူ့ပုံမှန်ပုံစံနဲ့တော့ တခြားစီပဲ...... ထောက်ပံ့သူက သရုပ်ဆောင်လည်း အတော်ကောင်းသကိုး။ သူ တစ်ခုခုကို သေချာအတည်ပြုချင်​လို့များလား?

ဟန်ယွီရှို့က ကုန်းရိထျန်းဟန်၏ သဘောထားကို သိပ်သဘောမကျလှပေ။ သို့သော် သူမ​က ပျော့ပျောင်းချိုသာစွာ ဆက်လက်ပြောဆိုလိုက်သည်။

"ဒီခရီးက အရမ်းအန္တရာယ်များပြီး လီသခင်လေးရဲ့ သိုင်းပညာအစွမ်းကလည်း အရမ်းထူးချွန်တာမို့ ဒီညီမငယ်က အားမနာတမ်း အကူအညီလေးတစ်ခု တောင်းချင်ပါတယ်။..... လီသခင်လေး သဘောတူနိုင်မယ်လို့ မျှော်လင့်ပါတယ်"

သူမက ကုန်းရိထျန်းဟန်၏ အဖြေစကားကိုပင် မစောင့်ဘဲ ကိုယ့်ဟာကိုယ် ဆက်လက်ပြောဆို​လိုက်သည်။

"ညီမငယ်က လီသခင်လေးနဲ့အတူ ခရီးထွက်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ လီသခင်လေးက ညီမကို အဲ့ဒီဆေးဖက်ဝင်အပင်ကို ကူပြီးရှာဖွေပေးမယ်ဆိုရင် ညီမငယ်ကလည်း သခင်လေးကို အဲ့ဒါနဲ့ တန်ဖိုးချင်းတူတဲ့ လက်ဆောင်တစ်ခု ပြန်ပေးပါ့မယ်။ လီသခင်လေး ဘယ်လိုသဘောရပါသလဲ?"

ကုန်းရိထျန်းဟန်က ပျင်းရိလေးတွဲစွာဖြင့်:

"နေပါစေ"

သူက ထိုလူစုကို ဆက်အာရုံစိုက်မနေဘဲ ပြောလိုက်သည်။

"ဒီသခင်လေးရဲ့ အိမ်တော်က တန်ဖိုးကြီးပစ္စည်းတွေ မတတ်နိုင်လောက်အောင် ဆင်းရဲနေတယ်များ ထင်လို့လား? မင်းတို့အားလုံး ချက်ချင်းထွက်သွားနိုင်ပြီ။ စကားအပိုတွေ ပြောမနေပါနဲ့တော့!"

ဟန်ယွီရှို့၏ မျက်လုံးဝိုင်းဝိုင်းများက ပြူးကျယ်သွားသည်။ အဆုံး၌ နဂိုကပင် မာနကြီးသော သူမက ဒေါသအမျက် ချောင်းချောင်းထွက်သွားကာ:

"ရှင် --"

သို့သော် ထိုအချိန်တွင် အခြားအမျိုးသမီးတစ်ဦးက သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ တားဆီးလိုက်သည်။

"ဟန်သခင်မလေး၊ မလုပ်ပါနဲ့တော့"

ဟန်ယွီရှို့သည် လက်သည်းများ အသားထဲသို့စိုက်ဝင်သွားသည့်အထိ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထို့နောက် သူမ၏ ခါးသီးကာ ဒေါသထွက်နေသော အမူအရာများ ပျောက်ကွယ်သွားကာ ဒေါသကို ချုပ်တည်းလျက် ပြောလိုက်သည်။

"လီသခင်လေးက ဆန္ဒမရှိဘူးဆိုမှတော့ ညီမငယ်ကလည်း အခက်တွေ့အောင် မလုပ်တော့ပါဘူး..... ငါတို့သွားကြစို့!"

သူမစကားဆုံးသည်နှင့် ဟူယွမ်သိုင်းပညာကျောင်းမှ လူများကလည်း နှုတ်ဆက်စကားဆိုကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားကြသည်။

ထိုလူများထွက်သွားပြီးနောက် ကုကျိုးလည်း လင်းယုန်ငှက်နှစ်ကောင်ကို ကောင်းစွာ အမဲဖျတ်လိုက်ကာ ကင်းမြီးမြွေပွင့်ချပ်ပန်းများ ခူးရန်ပြင်လိုက်သည်။ ကျန်လူများကတော့ သူတို့၏ ကျွမ်းကျင်မှုအရ ဆေးဖက်ဝင်အပင်များ ခူးဆွတ်ရန် မသင့်တော်သဖြင့် ကုကျိုးကိုသာ ဘေးက စောင့်ကြည့်ပေးကြသည်။

ကုန်းရိထျန်းဟန်ကလည်း ကုကျိုး၏ နံဘေးတွင် ရပ်ကာ သူ့ကို အဖော်ပြုပေးနေသည်။

ကုကျိုးသည် ဆေးဖက်ဝင်အပင်များကို ခူးဆွတ်နေရင်းက မေးခွန်းမေးလိုက်သည်။

"ထျန်းဟန်သခင်လေး၊ သခင်လေးက သူတို့ကို ကယ်တင်ပေးလိုက်တာပဲ၊ ဘာဖြစ်လို့များ...... အဲ့ဒီကောင်မလေးက အငြိုးအတေးထားသွားတာမျိုး မဖြစ်နိုင်ဘူးလား?"

ယခုအချိန်အထိ သူသိသည်က ထောက်ပံ့သူသည် ထိုလူများကို သနားကရုဏာသက်လွန်းသဖြင့် ကယ်တင်ပေးလိုက်ခြင်း မဟုတ်ပေ။ ထို့အပြင် ထောက်ပ့ံသူသည် သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားရုံသာမက မိမိတို့၏ ရည်ရွယ်ချက်ကိုပါ သံသယမဝင်စေရန် ထိုက​ဲ့သို့ဟန်ဆောင်လိုက်ခြင်းဖြစ်သည်။ ကုကျိုးသည်ပင် ထိုမိန်းမပျိုလေးမှာ စိတ်နေသဘောထား ကောင်းမွန်သူမဟုတ်မှန်း အတပ်ပြောနိုင်သည်ဖြစ်ရာ သူ့ထောက်ပံ့သူက မသိဘဲ နေမည်မဟုတ်ချေ......

ကုန်းရိထျန်းဟန်က ပြုံးကာ အဖြေပေးလိုက်သည်။

"ကိုယ်က သူတို့ကို လမ်းကြုံ ကယ်တင်ပေးတာ​ေလ။ ပြီးတော့ သူတို့က ကိုယ့်အတွက် အသုံးဝင်နိုင်မလားဆိုတာလည်း သိနိုင်တယ်။ အဲ့ဒီဟန်ယွီရှို့ဆိုတဲ့ ကောင်မလေးရဲ့ စိတ်နေစိတ်ထားက မနှစ်မြို့စရာပဲ။ သူမက အရမ်းမိုက်မဲတာမဟုတ်ပေမယ့် ကိုယ်တို့အတွက် အသုံးမဝင်ဘူး။ အသုံးဝင်တဲ့သူတွေက ဟူယွမ်သိုင်းပညာကျောင်းက လူတွေပဲ"

ကုကျိုးက အံ့အားသင့်သွားကာ:

"ထျန်းဟန်သခင်လေးက ဟူယွမ်သိုင်းပညာကျောင်းက လူတွေကို အင်အားစုဆောင်းချင်လို့လား?"

ကုန်းရိထျန်းဟန်က ဆိုသည်။

"ကိုယ်က သူတို့ကို အင်အားအ​ဖြစ် စုဆောင်းတဲ့အထိတော့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ကုန်းရိအိမ်တော်ရဲ့ ပိုင်ဆိုင်မှုန​ဲ့အသိုင်းအဝိုင်းက အင်ပါယာတစ်ခုလုံးအနှံမှာဆိုတော့ မျက်စိတွေ၊ နားတွေဆိုတာ အမြဲတမ်းရှိနေဖို့ လိုအပ်တယ်လေ။ ဟူယွမ်သိုင်းပညာကျောင်းက လူတွေက အခြေအနေ၊ အချိန်အခါကို နားလည်ပြီး စိတ်လိုက်မာန်ပါမလုပ်ကြဘူး။ တကယ်လို့ ဟူယွမ်သိုင်းပညာကျောင်းတစ်ခုလုံးက ဒီလိုဆိုရင် ကိုယ်တို့က သူတို့နဲ့ အဆက်အသွယ်လုပ်ကြည့်လို့ရနိုင်တယ်"

ကုန်းရိထျန်းဟန်သည် ထိုသို့ပြောပြီးနောက် ခေါင်းကိုအနည်းငယ်စောင်းလိုက်ကာ:

"ဝမ်းဟယ်၊ မင်း မှတ်ထားတယ်မလား?"

ရွှီဝမ်းဟယ်က ရိုသေလေးစားစွာ တုန့်ပြန်လိုက်သည်။

"ဒီလက်အောက်ငယ်သား နားလည်ပါပြီ"

ကုကျိုး သဘောပေါက်သွားသည်။

ထောက်ပ့ံသူသည် အစကတည်းက သူ၏ အမှုကိစ္စများကို ဆောင်ရွက်ရန် လက်အောက်ငယ်သားများစွာ ရှိပြီးသားဖြစ်ပြီး ရွှီဝမ်းဟယ်သည်လည်း သေချာပေါက် ထိုစနစ်ထဲမှ လူတစ်ယောက်ဖြစ်ပေသည်။

ကုကျိုးက နောက်မေးခွန်းတစ်ခု ထပ်မံမေးလိုက်သည်။

"ဒါဆို ဟန်သခင်မလေးရဲ့ အိမ်​ေတာ်ကရော...."

ကုန်းရိထျန်းဟန်က အဓိပ္ပါယ်ရှိရှိ ရယ်သွမ်းသွေးလိုက်ကာ:

"ကိုယ် တစ်ခါမှ ဟန်အိမ်တော်ဆိုတာ မကြားဖူးဘူး"

ကုကျိုးသည် သုံးစက္ကန့်မျှ စဥ်းစားလိုက်ပြီးနောက် ဆိုလိုရင်းကို သဘောပေါက်သွားသည်။

သူ၏ထောက်ပံ့သူသည် မင်းမြို့တော်ရှိ မိသားစုအိမ်တော် အကြီးအငယ်မှန်သမျှ အားလုံးအပြင် ချန်းယွင်အင်ပါယာအနီးတဝိုက်ရှိ အခြားသော မိသားစုအိမ်တော်များကိုပါ သိရှိထားပြီးသားဖြစ်သည်။ အကယ်၍ ထောက်ပ့ံသူက ထိုအိမ်တော်မျိုးရိုးအမည်ကို တစ်ခါမှ မကြားဖူးပါဟုဆိုလျှင် ထိုသူတို့သည် ထောက်ပ့ံသူအပေါ် မည်သည့်ဖိအားမှ ပေးနိုင်စွမ်းမရှိသည်မှာ သေချာသည်။ --- သူ့ထောက်ပ့ံရဲ့ လက်အောက်ငယ်သားတွေက ဒီလောက် လုပ်ရည်ကိုင်ရည်ရှိတာ၊ အာရုံစိုက်သင့်တ​ဲ့ဘယ်အရာကိုမှ သူတို့မျက်စိအောက်က လွတ်ထွက်သွားစရာအကြောင်းမရှိဘူး!

အဲ့ဒီဟန်အိမ်တော်ဆိုတာ ထောက်ပ့ံသူအတွက် နာမည်သိနေဖို့တောင် အရည်အချင်းမမီတဲ့ သူပဲ......

ဒီတော့ ဟန်ယွီရှို့က သူတို့ကို သေချာပေါက် ဘယ်လိုနည်းနဲ့မှ ခြိမ်းခြောက်နိုင်စရာ မရှိဘူး။

တကယ်တော့ ကုကျိုးသည် အကယ်၍များ ဟန်ယွီရှို့က သူမ၏ နောက်ခံအိမ်တော်မှ ဩဇာလွှမ်းမိုးမှုကို သုံးပြီး သူတို့ကို ပြန်လာရှာခဲ့လျှင် မခက်ပေဘူးလားဟူ၍ စိတ်ထဲမှ အတန်တန်မြင်ယောင်ကြည့်မိသည်။ သို့သော် သူသည် အရင်က ထောက်ပံ့သူ ပြောဖူးသည့် ထောက်ပ့ံသူတို့ အိမ်တော်၏ ပိုင်ဆိုင်မှုများက နေရာအနှံတွင် ရှိသည်ဆိုသည့် စကားကို သွားအမှတ်ရမိသည့်အခါ ထိုကိစ္စမျိုးက ဖြစ်လာမည်မဟုတ်ကြောင်း တွေးမိ​ေလသည်။

ထောက်ပံ့သူက ခရီးထွက်လာတယ်ဆိုမှတော့ ဒီလိုကိစ္စမျိုးအတွက် ကြိုတင် မပြင်ဆင်ထားဘဲ နေပါ့မလား? တစ်ဖက်လူက သူ့အိမ်တော် အင်အားစုတွေကို ခေါ်လာနိုင်တယ်ဆိုရင် ရွှီဝမ်းဟယ်ကလည်း သူ့ အဆက်အသွယ်တွေကတဆင့် ကုန်းရိအိမ်တော်ရဲ့ ပိုင်ဆိုင်မှုအရှိန်အဝါနဲ့ ဩဇာအာဏာ​ေတွကို သေချာပေါက် ဆင့်ခေါ်နိုင်မှာပေါ့!

သူကိုက အတွေးများနေတာပဲ။

ကုကျိုးက စိတ်လျော့လိုက်ပြီးနောက် ကင်းမြီးမြွေပွင့်ချပ်ပန်းများကို ဆက်လက် ခူးဆွတ်လိုက်သည်။

.....သူ ဆေးဖက်ဝင်အပင်တွေ စုဆောင်းတာပဲ ကောင်းပါတယ်လေ။

ဆေးပင်များ ခူးဆွတ်ခြင်းအမှုက အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားသည်။ ကုကျိုးသည် ဆယ်နှစ်အထက် သက်တမ်းရှိသော ကင်းမြီးမြွေပွင့်ချပ်ပန်းများအားလုံးကို ဂရုတစိုက် စုဆောင်းလိုက်သည်။ ထို့နောက် သူက ထိုဆေးပင်များကို ထောက်ပ့ံသူ၏ ကြားခံနယ်အသုံးအဆောင်ထဲသို့ ထည့်သွင်းလိုက်သလို ဟန်ဆောင်ကာ သူ၏ လေဟာနယ်သိုလှောင်ရုံထဲသို့ သိမ်းဆည်းလိုက်သည်။

တကယ်တမ်း ကင်းမြီးမြွေပွင့်ချပ်ပန်းများသည် အနည်းဆုံး သက်တမ်းတစ်နှစ်ကျော်သည်နှင့် ဆေးဝါးအဖြစ် အသုံးပြုနိုင်ပြီဖြစ်သည်။ ဒါပေမယ့် ဒီနေရာက ကင်းမြီးမြွေပွင့်ချပ်ပန်းတွေိ ထပ်မံ​ေပါက်ပွားဖို့ အရမ်းသင့်တော်တယ်၊ ဒီတော့ သူက ရှိသမျှအပင်အားလုံးကို ဘာဖြစ်လို့ အကုန်ခူးပစ်ရမှာလဲ? ကုကျိုးသည် ဆေးဖက်ဝင်အပင်များက စဥ်ဆက်မပြတ် ဆက်လက်ပေါက်ရောက်နိုင်ရန်လိုအပ်ကြောင်းကိုလည်း သိရှိထားပေသည်။

.... ကောင်းရော၊ အခုတော့ သူ့အဖြစ်က 'ပစ္စည်းကောင်းတွေပဲ သုံးပြီး ဆေးဝါးသန့်စင်တယ်' လို့ ပြောရမလိုဖြစ်နေပြီ

ကုကျိုးသည် ထိုနေရာမှ ပြန်အထွက် ဘေးပတ်လည်ကို ခေါင်းလှည့်ကြည့်မိသည်။ ချိုင့်ဝှမ်းပတ်လည်ရှိ တောင်နံရံများအောက်ဝယ် မရေမတွက်နိုင်သည့် လူအရိုးခြောက်များ ရှိနေသည်။

လူအရိုးစုများသည် ယခင်က ဤကျားခေါင်း လင်းယုန်ငှက်နှစ်ကောင်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသူများပင်။ ယခုတော့ သူတို့က ထိုလင်းယုန်ငှက်နှစ်ကောင်ကို သုတ်သင်ရှင်းလင်းလိုက်ပြီဖြစ်သောကြောင်​့ ဤနယ်ပယ်တစ်ဝိုက်တွင် ကျက်စားမည့်အရှင်သခင်မရှိတော့ပြီ။ ထို့ကြောင့် သိပ်မကြာခင်၌ အခြားသော သားရိုင်းသတ္တဝါများက ဤနေရာကို လာရောက်သိမ်းယူကြပေလိမ့်မည်။

ကုကျိုးသည်လည်း တစ်စုံတစ်ရာကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာသည်။

ဤကမ္ဘာကြီးသည်ကား အမှန်တကယ်ပင် ခွန်အားကြီးသူက ခွန်အားနည်းသူအပေါ် နိုင်စားသည့် ကြီးနိုင်ငယ်ညှင်းသဘာဝ လောကကြီးပင်တည်း။

💊💊💊

ကုန်းရိထျန်းဟန်သည် အတွေ့အကြုံရရှိစေရန် ရည်ရွယ်ကာ မြေပုံမှတဆင့် ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၂)ရှိသော သားရိုင်းသတ္တဝါများ ကျတ်စားရာနေရာနှင့် အဖိုးတန် ဆေးဖက်ဝင်အပင်များ ပေါက်ရောက်ရာနေရာများကို ရွေးချယ်သွားရောက်ခဲ့သည်။ သူတို့ နေရာတစ်ခုကို သွားတိုင်း ကုန်းရိထျန်းဟန်က အမြဲတမ်း ပစ်မှတ်ကို လွယ်ကူချောမွေ့စွာ သတ်ဖြတ်နိုင်လေသည်။ ထို့ကြောင့် ကုကျိုးသည်လည်း ဆေးဖက်ဝင်အပင်များစွာကို စုဆောင်းရရှိခဲ့သည်။

သူတို့အဖွဲ့သည် အစပိုင်းတိုက်ခိုက်ရာတွင် အထောက်အပံပေးရန် လံုအာ့နှင့် ရွှီဝမ်းဟယ်တို့ပါဝင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကုန်းရိထျန်းဟန်က ထိုသူနှစ်ဦးကို တိုက်ခိုက်မှုများမှ လက်ရှောင်စေခဲ့သည်။ ထို့ကြောင့်ပင် သူကိုယ်တိုင်၌ ထိခိုက်ဒဏ်ရာရခြင်းမျိုးကို မရှောင်လွှဲနိုင်​ေပ။ ကုန်းရိထျန်ဟန်သည် ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)ရှိသည့် သားရိုင်းသတ္တဝါကိုပင် သူတစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်ရန်ကြိုးစားခဲ့ပြီး ထိုသားရိုင်းသတ္တဝါ၏ ဖိအားဒဏ်ကို ကြံကြံခံကာ မိမိကိုယ်ကို တိုးတက်အောင် လေ့ကျင့်ခဲ့သည်။

ဤသို့ဖြင့် ကုန်းရိထျန်းဟန်၏ ခွန်အားကား ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်။ ပို၍ ကြောက်စရာကောင်းသည်က ဤကဲ့သို့စဥ်ဆက်မပြတ် စိန်ခေါ်ရင်ဆိုင်မှုများကြား၌ သူ၏ စစ်မှန်သော ချီစွမ်းအားများက ပိုမို လျင်မြန်စွာ လည်ပတ်လာသလို နောက်ထပ်အရိုးပုလဲများကိုပင် ထပ်မံငွေ့ရည်ဖွဲ့နိုင်ခဲ့သည်။ အဆုံး၌ ကုန်းရိထျန်းဟန်သည် အချိန်တစ်ခုရောက်သည့်အခါ ကျင့်ကြံရေး အဆင့်တစ်ခုသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)ရှိသော သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်!

သို့သော် သူသည် လေ့ကျင့်ခြင်းကို မရပ်တန့်သည့်အပြင် သူ၏အစားထိုးပစ်မှတ်က ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့်(၃)ရှိသော သားရိုင်းသတ္တဝါများ ဖြစ်လာခဲ့သည်။

တဖြည်းဖြည်းနှင့် ထိုချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)ရှိသည့် သားရိုင်းသတ္တဝါများသည်လည်း သူ့လက်ထဲ၌ သေပွဲဝင်ကြရလေသည်။

သတိမထားမိခင်အချိန်အတွင်း သူတို့လေးဦးအဖွဲ့သည် ဤနွားခွာယှက်ပြေးတောင်တန်းများထဲဝယ် အချိန်တစ်လခန့် ကုန်ဆုံးခဲ့လေပြီ။

ကုကျိုးသည် ဆေးဖက်ဝင်အပင်များ စုဆောင်းခြင်းနှင့် ဆေးဖက်ဝင်ဓာတ်စာများချက်ပြုတ်ခြင်း ကိစ္စအားလုံးတွင် ကြီးမားသော တိုးတက်မှုများစွာ ရရှိခဲ့သည်။

ကုန်းရိထျန်းဟန်သည် ဤကာလအတွင်း ကြောက်ခမန်းလိလိ စွမ်းအားကြီးမားလာခြင်းမှာ သူ့ခန္ဓာကိုယ်၏ ပြိုင်စံရှား ပင်ကိုပါရမီကြောင့်အပြင် ကုကျိုး၏ အကြိမ်တိုင်း အစွမ်းကုန် ဂရုတစိုက်ချက်ပြုတ်ပေးသည့် ဓာတ်စာဟင်းလျာများနှင့်လည်း သက်ဆိုင်ပေသည်။ ကုန်းရိထျန်းဟန်သည် သူ၏ ခွန်အားစွမ်းအင်များ တိုးတက်လာပြီးနောက် ကုကျိုးအတွက်လည်း ဆေးဖက်ဝင်အပင်များစွာကို ပိုမိုရှာဖွေပေးလေသည်။

ဤသို့ဖြင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိနေတော့သည်။

______________________________________

အချစ်ဆုံးတို့ရေ.....

နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးကြပါနော်။ သာသာမှာ ကျန်းမာရေးကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတဲ့အတွက် ခုတလော update လေးတွေ နှေးနေတာ သည်းခံပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ လတ်တလောမှာ သာသာ ခွဲစိတ်ကုသမှု ခံယူဖို့ရှိနေလို့ စိတ်ရော လူရော ခွဲစိတ်ဖို့ ပြင်ဆင်နေပါတယ်။ ခွဲစိတ်ရမယ့်ရက်နီးလာရင် သာသာထပ်ပြီး ပြော​ေပ​းပါမယ်နော်။ လတ်တလောမှာတော့ သာသာ ပြီးသလောက် update လေးတွေ တင်ပေးသွားပါ့မယ်။ အမြဲတမ်း အားပေးကြတဲ့ စာဖတ်သူများကို ကျေးဇူးအများကြီးတင်ပါတယ်။❤❤ အားလုံး ဘေးကင်းလုံခြုံကြပါစေ။ နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်နော်။

With love ❤
Taiga 😘

Continue Reading

You'll Also Like

813K 114K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
239K 27.9K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။
588K 34.2K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...