((Zawgyi))
အပိုင္း (၃၈)
အမဲလိုက္ျခင္း
💊💊💊
ကုန္းရိထ်န္းဟန္က ကုက်ိဳး၏ အေမးစကားကိုၾကားေတာ့ လွိုက္လွဲစြာ ၿပဳံးလိုက္ကာ:
"အားက်ိဳးက ကိုယ္တို႔ရဲ႕ စားဖိုမႉးႀကီးပဲ၊ ဒီကိစၥမွာ ေသခ်ာေပါက္ အားက်ိဳး ေျပာသမွ်က အတည္ေပါ့"
ကုက်ိဳးသည္ ေျခာက္ကပ္ကပ္ႏွင့္ ႏွစ္ခ်က္မွ်ရယ္လိုက္ၿပီးေနာက္ ကိုယ့္ကိုယ္ကို အရွက္ေျပသြားသလို ခံစားရသည္။
ေထာက္ပ့ံသူက တကယ့္လူေကာင္းတစ္ေယာက္ပဲ။ သူ႕အေပၚ ေလွာင္ေျပာင္တာမ်ိဳးလည္း မလုပ္ဘူး။ ေနာက္ဆို သူကလည္း သူမ်ားေတြ သားရိုင္း အမဲလိုက္ေနတဲ့အခ်ိန္မွာ အသားေတြရလာရင္ ဘယ္လိုခ်က္စားရမလဲဆိုတာကိုခ်ည္း စဥ္းစားမေနေတာ့ဘူး။.... ေကာင္းၿပီ၊ အဲ့အေၾကာင္းကို မစဥ္းစားဖို႔ ႀကိဳးစားရမယ့္အျပင္ ပါးစပ္ကလည္း ေတြးသမွ်အကုန္ ေလွ်ာက္မေျပာမိေအာင္ ထိန္းရမယ္။
ဝံပုေလြအေသေကာင္မ်ားသည္ ထိုေနရာမွာပင္ ရွိေနၿပီး ၄င္းတို႔က တျခားသားရဲတိရစာၦန္မ်ားကို အလြယ္တကူ ဆြဲေဆာင္လာနိုင္သည္။ ထို႔ေၾကာင့္ ကုက်ိဳးသည္ ကုန္းရိထ်န္းဟန္က သူ႕ကို ေျမေပၚခ်ေပးလိုက္သည္ႏွင့္ ဝံပုေလြအေသေကာင္မ်ားဆီသို့္ ေျပးသြားကာ အားလုံးကို လ်င္ျမန္စြာ အမဲဖ်က္လိုက္သည္။
သို႔ေသာ္ သူက ၄င္းတို႔ကို ဟင္းစားအမယ္အျဖစ္ စီမံေဆာင္႐ြက္ျခင္းျဖစ္ၿပီး က်န္ရစ္ခဲ့ေသာ ေသြးညွီနံ႕ႏွင့္ အညွီအေဟာက္မ်ားကို ေဖ်ာက္ဖ်က္ျခင္းအလုပ္က ထိုသို႔ေသာ မစ္ရွင္မ်ားႏွင့္ အသားက်ေနသည့္ လုံအာ့က တာဝန္ယူ ေဆာင္႐ြက္ေလသည္။ ထို႔အျပင္ သူတို႔တြင္ ဘက္စုံကြၽမ္းက်င္သူ ႐ႊီဝမ္းဟယ္ တစ္ေယာက္လည္း ရွိေသးသည္။
ထိုသူႏွစ္ဦးသည္ သူတို႔၏ အက်ီလက္ရွည္ထဲမွ လိုအပ္သည့္ ေဆးအမႈန့္တစ္မ်ိဳးကို ထုတ္ယူၿပီးေနာက္ ေသြးစြန္းေနသည့္ ေနရာအႏွ႕ံကို ပက္ျဖန္းလိုက္သည္။ ထိုအခါ ေသြးညွီန႕ံမ်ား ေပ်ာက္ကြယ္သြားကာ အခ်ိန္တိုအတြင္း အားလုံး စီမံၿပီးစီးသြားသည္။
ကုက်ိဳးသည္ အမဲဖ်က္ထားေသာ အသားမ်ားကို ထုပ္ပိုးၿပီးစီးသည့္အခါ လုံအာ့ေမာင္းႏွင္လာေသာ ရထားလုံးေပၚတြင္ သိမ္းဆည္းထားလိုက္သည္။
ထို႔ေနာက္ သူတို႔က ထိုေနရာမွာပင္ ညအိပ္စခန္းခ်လိုက္သည္။
သူတို႔၏ အနီးနားတြင္ သုံးစြဲစရာ ေရအရင္းအျမစ္ေတာ့မရွိေပ။ - သို႔ေသာ္ ရွိခဲ့လွ်င္လည္း သူတို႔သည္ စိတ္လြတ္ကိုယ္လြတ္ အသုံးမျပဳရဲသလို အထူးတလည္ ေရခ်ိဳးျခင္းမ်ိဳးလည္း မလုပ္နိုင္ၾကေပ။ ကုန္းရိထ်န္းဟန္သည္ပင္ ကိုယ္ေပၚမွ ဖုန္အညစ္အေၾကးမ်ားကို ဖယ္ရွားကာ မ်က္ႏွာသစ္႐ုံသာ ျပဳလုပ္နိုင္သည္ဆိုလွ်င္ က်န္လူသုံးေယာက္ကေတာ့ ဆိုဖြယ္ရာမရွိေခ်။
ဆိုရလွ်င္ မ်က္ေမွာက္ေခတ္မွလာေသာ ကုက်ိဳးအတြက္ ဒါက သိပ္ေတာ့ေက်နပ္စရာမေကာင္းလွ။ သို႔ေသာ္ ဤသို႔ဖုန္အလိမ္းလိမ္းတက္ေနသည့္ အေျခအေနက အရမ္းအဆိုးႀကီးေတာ့မဟုတ္ေပ။ သူသည္ ဤကမာၻေပၚသို႔ ေရာက္ရွိလာသည့္အခ်ိန္မွစ၍ တျခားကိစၥမ်ားကို မဆိုထားႏွင့္ အစဦးဆုံး၌ ေထာက္ပ့ံသူကို ရွာေဖြရန္ ရက္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ခဲ့စဥ္ကပင္ ဒုကၡဆင္းရဲမ်ားစြာ ခံစားခဲ့ရၿပီးျဖစ္သည္။ အခုလို ေရမခ်ိဳးရတာေလာက္ကေတာ့လား....... အေရးေပၚအေျခအေနျဖစ္လာၿပီဆိုေတာ့ ဒါေလာက္ကို သူ ဘယ္လိုမွ မသက္မသာ မခံစားရေပ။
သူတို႔၏ ညဘက္အိပ္စက္ရမည့္ တဲက အလြန္ႀကီးမားလွသည္။ သို႔ေသာ္ ကုက်ိဳးမွအပ က်န္လူသုံးေယာက္စလုံးက အသီးသီး အလွည့္က် ကင္းေစာင့္ၾကရမည္ျဖစ္သည္။
ကုက်ိဳးက အနည္းငယ္ အားနာစြာျဖင့္:
"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္ပါ လိုက္ေစာင့္မယ္ေလ?"
သူ၏ အထက္လူႀကီးလည္းျဖစ္၊ သူ႕ကိုလည္း ေစာင့္ေရွာက္ေပးထားသည့္ ေထာက္ပံ့သူကိုယ္တိုင္ပင္ အထူးအခြင့္အေရး မယူခဲ့ေပ။ သူ႕အလုပ္က ဘယ္လိုပင္ အမ်ားနဲ႕မတူသည့္အလုပ္ျဖစ္ပါေစ ဤကဲ့သို႔ ေကာင္းမြန္စြာ ဆက္ဆံခံရသည့္အခါ ကိုယ့္ကိုယ္ကို ယုံၾကည္မႈနည္းပါးလာနိုင္သည္။
ကုန္းရိထ်န္းဟန္သည္ တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ ကုက်ိဳး၏ အေတြးမ်ားကို သိေနသည္။ သူက ႏွစ္သိမ့္သလိုၿပဳံးကာ ေျပာလိုက္သည္။
"ေဆးဆရာနဲ႕ သိုင္းပညာရွင္ဆိုတာ နဂိုကတည္းက မတူညီတဲ့က်င့္ႀကံေရးလမ္းကို ေလွ်ာက္ၾကရတာ။ အားက်ိဳး အရင္နားေနလိုက္ပါ။ ကိုယ္ ညကင္းသြားေစာင့္ေတာ့မယ္။ အဲ့ဒါက ကိုယ့္ခႏၶာကိုယ္ကိုလည္း ေလ့က်င့္ပ်ိဳးေထာင္ေပးရာ ေရာက္တယ္ေလ။"
ကုက်ိဳးသည္ ႏႈတ္ဆိတ္ေနလိုက္ကာ စကားနားေထာင္ၿပီး တဲထဲသို႔ လိမ္လိမ္မာမာ ဝင္ခဲ့လိုက္သည္။
သူ႕ေထာက္ပံ့သူက ဥာဏ္ေကာင္းလြန္းသည္..... သို႔ေသာ္ တစ္ခ်ိဳ႕ေသာ အေၾကာင္းအရာမ်ားကို သူ ပိုမိုရွင္းလင္းစြာ နားလည္သေဘာေပါက္မိသည္။ ေထာက္ပ့ံသူသည္ မ်ိဳးႏြယ္စုအိမ္ေတာ္ႀကီးတစ္ခု၏ ဆက္ခံသူတစ္ေယာက္ျဖစ္ၿပီး မင္းသားေလးတစ္ပါးလိုေနခဲ့ရသည္မွာ ေသခ်ာသည္။ သို႔ေသာ္ ဤကမာၻေပၚရွိ မ်ိဳးႏြယ္စု ဆက္ခံသူမ်ားမွာ အျခားသူမ်ားႏွင့္ မတူညီၾကေပ။ သူတို႔အတြက္ မိမိ၏ သိုင္းပညာအစြမ္းကို ပိုမိုသန္မာလာေစရန္ကား ထင္သေလာက္ မလြယ္ကူလွေခ်။
ထိုသို႔စဥ္းစားျခင္းက အမွန္ပင္ျဖစ္သည္။
ကုက်ိဳးသည္လည္း ခက္ခဲၾကမ္းတမ္းမႈမရွိဘဲ သိုင္းပညာေကာင္းတစ္ရပ္ကို က်င့္ႀကံနိုင္သည္ဟု ဘယ္တုန္းကမွ မၾကားဖူးခဲ့ေပ။
ကုက်ိဳး တဲထဲသို႔ ဝင္လာသည္။ သူသည္ မနက္ျဖန္တြင္ အင္အားမရွိဘဲ အျခားသူမ်ားအေပၚ အေႏွာက္အယွက္မျဖစ္ရေလေအာင္ ေဆးဝါးသန့္စက္ျခင္း မျပဳလုပ္ေတာ့ဘဲ တင္ပ်င္ေခြထိုင္လ်က္ က်င့္ႀကံေရးနည္းလမ္းကိုသာ ႀကိမ္ဖန္မ်ားစြာ လည္ပတ္က်င့္ႀကံလိုက္ၿပီး လိမ္လိမ္မာမာ အိပ္ယာဝင္လိုက္သည္။
အျပင္ဘက္တြင္ အေျခအေနမ်ားကို ပိုင္နိုင္စြာ ထိန္းခ်ဳပ္ထားနိုင္သည့္ သူ၏ေထာက္ပံ့သူရွိေနသည္ဆိုသည့္အသိေၾကာင့္ ကုက်ိဳးတစ္ေယာက္ ဒီေတာႀကီးမ်က္မည္းထဲတြင္ အႏၲရာယ္တစ္စုံတစ္ရာ မခံစားမိေပ။ သိပ္မၾကာခင္ သူ၏အသက္ရႈသံမ်ား တျဖည္းျဖည္း ညီညာလာကာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားေတာ့သည္။
ဘာအႏၲရာယ္မွ မရွိေသာ ညတစ္ည...... ထိုေန႕ညတြင္ ဘာတစ္ခုမွမျဖစ္ခဲ့တာေတာ့မဟုတ္ေပ။
ကုက်ိဳးနိုးလာသည္ႏွင့္ တဲ၏ တံခါး႐ြက္တို႔ကို ပင့္မလိုက္သည္။ ထိုအခါ မၾကာခင္ကမွ မီးၿငိမ္းသြားပုံရသည့္ မီးပုံႀကီးေရွ႕ဝယ္ အေကာင္ (၂၀) (၃၀)ခန့္ရွိေသာ သားရိုင္းသတၱဝါအေသေကာင္မ်ား စုပုံေနသည္ကို အမွတ္မထင္ ေတြ႕လိုက္ရသည္။
ထိုသားရိုင္းသတၱဝါမ်ားတြင္ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္ရွိေသာ သားရိုင္းသတၱဝါတစ္ေကာင္ပါရွိၿပီး က်န္သားရိုင္းမ်ားက အရိုးတည္ေဆာက္ျခင္းအဆင့္မ်ားျဖစ္သည္။ သို႔ေသာ္ ကုန္းရိထ်န္းဟန္အပါအဝင္ သူတို႔ သုံးဦးလုံးက ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္ရွိသူမ်ားျဖစ္သျဖင့္ ဒီအေရအတြက္သည္ သူတို႔ကို အင္အားအနည္းငယ္ ပိုသုံးလိုက္ရ႐ုံသာ ျဖစ္သည္။ သူတို႔အတြက္ ဒီလိုအေကာင္မ်ိဳး အေကာင္ (၅၀) (၆၀) ဒါမွမဟုတ္ အေကာင္ (၁၀၀)မက ေရာက္လာမွသာ အမွန္တကယ္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ေပလိမ့္မည္။
ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏ သို႔ေလာ သို႔ေလာ မေရမရာမ်က္ႏွာကိုျမင္ေတာ့ ညင္သာစြာ ရွင္းျပလာသည္။
"ႏြားခြာယွက္ေျပးေတာင္ရဲ႕ အျပင္ဘက္ေတာစပ္မွာ သားရိုင္းသတၱဝါမ်ားမ်ားစားစားမရွိဘူး။ ဝံပုေလြအုပ္ႀကီးႀကီးမားမားလည္း မရွိဘူး။ မေန႕က ကိုယ္တို႔နဲ့ေတြ႕တဲ့ ကံဆိုးတဲ့ဝံပုေလြေခါင္းေဆာင္မွာက သူနဲ႕အတူတူ ဝံပုေလြအေကာင္ (၃၀)ေလာက္ပဲ ပါလာတာ။ အဲ့ဒီဝံပုေလြေသတဲ့အခါ ဝံပုေလြအုပ္ထဲက အင္အားအႀကီးဆုံးတစ္ေကာင္က အလိုလို ေခါင္းေဆာင္ေနရာ ရသြားတာေပါ့။ ေနာက္အသစ္တက္တဲ့ဝံပုေလြေခါင္းေဆာင္က သူ႕ရဲ႕ေခါင္းေဆာင္အသစ္ေနရာ ခိုင္ၿမဲဖို႔ ဝံပုေလြအုပ္ကို ဦးေဆာင္ၿပီး အရင္ဝံပုေလြ ေသသြားတဲ့ေနရာကို လက္စားေခ်ဖို႕လာခဲ့တာ။ ၿပီးေတာ့ ကိုယ္တို႔ကလည္း သူတို႔မွာ ဘာထူးျခားတဲ့အစြမ္းရွိမွန္း မသိေတာ့ သတိႀကီးႀကီးထားရတာေပါ့"
ကုက်ိဳးက ခ်က္ခ်င္း သေဘာေပါက္လိုက္သည္။
အခုက်န္ရွိသည္ကား သူ၏တာဝန္ပင္ျဖစ္သည္။ ကုက်ိဳးသည္ သူတို႔အဖြဲ႕က ဒီေတာထဲတြင္ အမဲလိုက္ရန္အတြက္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ေနထိုင္မည္မွန္း မသိသျဖင့္ ရရင္ရသလို အေကာင္းဆုံးဟင္းအမယ္မ်ားကို စုေဆာင္းထားရမည္ျဖစ္သည္။ သို႔မွသာ အခ်ိန္တန္ အားလုံး ဆာေလာင္လာသည့္အခါ လက္ထဲတြင္ ခ်က္ျပဳတ္စရာမရွိသည့္ေဘးမွ ကင္းေဝးနိုင္မည္ျဖစ္သည္။
-- ဒီအလုပ္က အေတာ္ရိုးရွင္းလြယ္ကူသည္။ ခဏၾကာေတာ့ သူက အားလုံးကို လုပ္ကိုင္ၿပီးစီးသြားသည္။
သို႔ေသာ္ ကုက်ိဳးအလုပ္ၿပီးသည္ႏွင့္ ကုန္းရိထ်န္းဟန္သည္ ကုက်ိဳးဆီသို႔ ေလွ်ာက္လာကာ ကုက်ိဳး၏ပုခုံးကို ေျဖးညင္းစြာ ဖိကိုင္လိုက္သည္။ ထို႔ေနာက္ ကုန္းရိထ်န္းဟန္၏ မ်က္ဝန္းမ်ားက ရထားလုံးဆီကို မ်က္ရိပ္ျပလိုက္သည္။ ကုန္းရိထ်န္းဟန္၏ လႈပ္ရွားမႈမ်ားက အလြန္လ်င္ျမန္လွသျဖင့္ ႐ႊီဝမ္းဟယ္ တစ္ေယာက္ သတိမထားမိလိုက္ေပ။
ကုက်ိဳးက ခ်က္ခ်င္း သေဘာေပါက္လိုက္သည္။
လုံရိႏွင့္ လုံအာ့သည္ သူတို႔ကို အခ်ိန္ၾကာျမင့္စြာ အနီးကပ္ကာကြယ္ေစာင့္ေရွာက္ခဲ့သျဖင့္ ကုက်ိဳးထံတြင္ ေလဟာနယ္သိုေလွာင္႐ုံတစ္ခုရွိမွန္း အၾကမ္းဖ်င္း သိထားၿပီးသားျဖစ္သည္။ သို႔ေသာ္ သူ၏ေထာက္ပံ့သူသည္ ထိုအေၾကာင္းကို ေနာက္လူမ်ားကို ေပးမသိေစခ်င္ေပ။ ကုက်ိဳးကိုယ္တိုင္ကလည္း လွ်ို႔ဝွက္ခ်က္မ်ားကို တတ္နိုင္သမွ် ထိန္းသိမ္းထားျခင္းက အၿမဲအက်ိဳးရွိမည္ဟု ေတြးမိသည္။ ဒီလိုဆို ႐ႊီဝမ္းဟယ္သည္ တကယ္တမ္း ၾကားခံနယ္အသုံးအေဆာင္ကို ပိုင္ဆိုင္သူက သူ၏ေထာက္ပံ့သူဟုသာ ထင္သြားမည္ျဖစ္သည္။
ကုန္းရိထ်န္းဟန္က လက္ကို ဖာသိဖာသာ ေဝွ႕ယမ္းလိုက္သည္။
တစ္ခ်ိန္တည္းမွာ ကုက်ိဳးကလည္း မိမိ၏ စိတ္စြမ္းအားမ်ားကို ေ႐ြ႕လ်ားလိုက္သည္။
ခ်က္ခ်င္းဆိုသလို ရထားလုံးသည္ ေနရာမွ ေပ်ာက္ကြယ္ကာ ေလဟာနယ္သိုေလွာင္႐ုံအတြင္းသို႔ ေရာက္ရွိသြားသည္။
ထင္သည့္အတိုင္း ႐ႊီဝမ္းဟယ္ခမ်ာ သံသယျဖစ္ဖို႔ေနေနသာသာ မည္သည့္ ထူးျခားသည့္အမူအရာမွ မျပခဲ့ေပ။
ကုန္းရိထ်န္းဟန္က ေျပာလိုက္သည္။
"အခ်ိန္ေစာေသးတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ႏြားခြာယွက္ေျပးေတာင္တန္းေတြထဲကို တိုက္ရိုက္ဝင္ၾကမယ္"
က်န္လူသုံးေယာက္က ခြၽင္းခ်က္မရွိ အမိန့္ နာခံလိုက္ၾကသည္။
💊💊💊
ႏြားခြာယွက္ေျပးေတာင္တန္းသည္ သစ္ပင္ႏြယ္ပင္မ်ား ထူထပ္စြာေပါက္ေရာက္ၿပီး ေႁမြ၊ တီေကာင္၊ ႂကြက္၊ ပု႐ြက္ အစရွိေသာ ေၾကာက္စရာ ႐ြံစရာေကာင္းသည့္ အေကာင္ဗေလာင္မ်ားရွိသည့္အျပင္ ေတာင္တန္းမ်ားထဲတြင္ ရက္စက္ၾကမ္းၾကဳတ္သည့္ သားရိုင္းသတၱဝါမ်ားစြာ က်က္စားေနထိုင္ၾကသည္။
ဤေတာင္တန္းမ်ားဆီသို႔ ေဆးဖက္ဝင္သစ္ဥသစ္ဖုမ်ား လာေရာက္ရွာေဖြၿပီး မိသားစုတစ္နိုင္တစ္ပိုင္ အသုံးစားရိတ္ရွာေဖြလိုသူမ်ားအဖို႔ ဤေတာစပ္တစ္ဝိုက္မွအစျပဳကာ သတိကပ္ထားၾကရသည္။ ေတာနက္ထဲသို႔ ဝင္ေရာက္လာသည္ႏွင့္ သားရိုင္းသတၱဝါမ်ားက တစ္စတစ္စ ပိုမိုမ်ားျပားလာသည္။ ထို႔ေၾကာင့္ မိမိ၏ သိုင္းပညာအေပၚ အေတာ္အတန္ယုံၾကည္မႈရွိသည့္ အခ်ိဳ႕ေသာ သိုင္းပညာရွင္မ်ားမွအပ က်န္လူအမ်ားစုမွာ ေတာနက္ထဲသို႔ တစ္ေယာက္တည္း မသြားဝံ့ၾကေပ။
သူတို႔ အေစာႀကီးထြက္လာ၍လည္း ျဖစ္ေကာင္းျဖစ္နိုင္သည္။ သူတို႔အဖြဲ႕သည္ လမ္းခရီးတေလွ်ာက္ မည္သည့္လူစိမ္းမွ မေတြ႕ခဲ့ေပ။ သို႔ေသာ္ ကုက်ိဳးကေတာ့ ေတာင္ၾကားလမ္းမ်ားဆီသို႔ ပိုမိုနက္နဲစြာ ဝင္ေရာက္လာသည္ႏွင့္ ေဆးဝါးအမယ္မ်ားကို ေနရာတိုင္းလိုလို ေတြ႕ျမင္လာရသည္။...... ကုက်ိဳးသည္ ႀကဳံရသမွ် အလဟာသမျဖစ္ေစရ ဆိုသည့္ထုံးႏွလုံးမူကာ ျမင္ျမင္သမွ် ေကာင္းနိုးရာရာမ်ားအားလုံးကို ခ်က္ခ်င္း လက္ျမန္ေျချမန္ ခူးဆြတ္သိမ္းဆည္းလိုက္သည္။
ကုန္းရိထ်န္းဟန္သည္ အေတြ႕အႀကဳံရရန္ လာခဲ့ျခင္းျဖစ္သည့္အေလ်ာက္ ကိစၥမ်ားကို အေလာတႀကီး မျပဳလုပ္ေပ။ သူက ခရီးတေလွ်ာက္ ႀကိဳတင္ေတြးဆလာခဲ့သည္။ သူကေျပာလိုက္သည္။
"ဝမ္ဟယ္၊ ေျမပုံထုတ္လိုက္"
အရာအားလုံးက ႀကိဳတင္ျပင္ဆင္ထားသလို သူတို႔လာရာလမ္းေၾကာင္းကလည္း ရွင္းလင္းစြာ တြက္ခ်က္ထားၿပီးသားျဖစ္သည္။
က်န္လူအားလုံးက ေျမပုံနားတြင္ ဝိုင္းကာ အတူတကြ ၾကည့္ရႈလိုက္ၾကသည္။
ကုန္းရိထ်န္းဟန္က အမဲစက္အမွတ္အသားတစ္ခုကို ေထာက္ျပကာ ဆိုသည္။
" ဒီေနရာက လင္းယုန္ပါးစပ္ခ်ိဳင့္ဝွမ္းပဲ။ ဒီခ်ိဳင့္ဝွမ္းတစ္ဝိုက္မွာ ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းေတြ ေပါက္ေလ့ရွိတယ္။ နာမည္က သိပ္မလွေပမယ့္ အားက်ိဳးသိမွာပါ၊ အဲ့ဒီပန္းေတြက တကယ္တမ္း အဆိပ္မရွိတဲ့အျပင္ ေသြးအားျဖည့္ဖို႔အတြက္ ေဆးဝါးေကာင္းတစ္လက္ပဲ"
ကုက်ိဳး ေသခ်ာေပါက္ သိတာေပါ့။
သူ႕လက္ထဲက က်မ္းစာေဆးၫႊန္းေတြအရ ေဆးဝါးဓာတ္စာ၊ ေဆးအႏွစ္ရည္၊ ေဆးလုံးမ်ား၊ ဘာကိုပဲ ေဖာ္စပ္သည္ျဖစ္ေစ ေဆးအၫႊန္းအားလုံးတြင္ ဒီလိုေဆးဖက္ဝင္အပင္မ်ိဳးကို အသုံးျပဳရန္လိုအပ္သည္။ ထို႔ေၾကာင့္ တကယ္လို႔ မ်ားမ်ားစားစားသာ ေပါက္ခဲ့လွ်င္ ပိုပိုသာသာ စုေဆာင္းရန္ေကာင္းလွသည္။
-- သူသည္ အခုခ်ိန္တြင္ ေဆးဖက္ဝင္အပင္မ်ား စုေဆာင္းရသည္ကို အလြန္သေဘာေခြေနသည္။
မတတ္နိုင္ဘူး။ သူ႕မွာ ေ႐ြးစရာ ေဆးအၫႊန္းေတြ ဒီေလာက္မ်ားေနတဲ့ဟာ။ အဲ့ဒါေတြကို ေဖာ္စပ္သန့္စင္ဖို႔ လိုအပ္တဲ့ေဆးအမယ္ေတြ လက္ထဲေရာက္လာတဲ့အထိ ထိုင္ေစာင့္ေနရင္ အရမ္းအဆင္မေျပ ျဖစ္ရမယ္မဟုတ္လား? ေနာက္ၿပီး သူက ေဆးဝါးသန့္စင္ရတာကို ၾကာေလ ပိုစိတ္ဝင္စားလာေလပဲ။ ဒီေတာ့ ေဆးပင္ေတြပိုမ်ားမ်ားရွိေလ ေကာင္းေလပဲေပါ့။ ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းဆိုတာ ေနရာတိုင္းမွာ ရွာေတြ႕ဖို႔လြယ္တာမဟုတ္ဘူး။ စိုက္ပ်ိဳးရတာလည္း မလြယ္ဘူး။ ဒါမ်ိဳးကို ေတြ႕ရမယ္ဆို သူ႕အေနနဲ႕ လုံးဝလက္မလႊတ္သင့္တဲ့ အခြင့္အေရးတစ္ခုပဲ။
ကုက်ိဳးက ေျပာလိုက္သည္။
"ဒါဆို ကြၽန္ေတာ္တို႔ သြားခူးၾကမယ္ေလ?"
ကုန္းရိထ်န္းဟန္က ၿပဳံးလိုက္သည္။
"အဲ့ဒီေနရာမွာေပါက္တဲ့ ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းေတြကို ဘယ္သူမွ ခူးမသြားတဲ့အေၾကာင္းက အဲ့ဒီေတာင္နံရံေတြမွာက်က္စားေနတဲ့ က်ားေခါင္းလင္းယုန္စုံတြဲေၾကာင့္ပဲ။ က်ားေခါင္းလင္းယုန္စုံတြဲရဲ႕ အထီးက ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္(၃)ရွိၿပီး အမကေတာ့ သူ႕ထက္ နည္းနည္းအားနည္းတဲ့ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္(၂)ရွိတယ္။....တကယ္လို႔ အားက်ိဳးလိုခ်င္တယ္ဆိုရင္ ကိုယ္တို႔သြားၿပီး စိန္ေခၚၾကည့္တာေပါ့"
ကုက်ိဳး ေခါင္းေမာ့လိုက္သည့္အခါ ေထာက္ပံ့သူ၏ ယုံၾကည္မႈရွိသည့္ မ်က္ဝန္းမ်ားကို ေတြ႕ရသည္။ ေထာက္ပံ့သူက အဲ့ဒီ က်ားေခါင္းလင္းယုန္စုံတြဲကို တိုက္ခိုက္ဖို႔ ဆုံးျဖတ္ခ်က္ခ်ထားၿပီးသားဆိုတာ အသိသားႀကီးပဲ! ေထာက္ပံ့သူရဲ႕ ႀကိဳတင္တြက္ဆခ်က္အရဆို ဒါက ခဲတစ္လုံးနဲ႕ ငွက္ႏွစ္ေကာင္ပစ္တာပဲ။ ဒါေၾကာင့္ သူက ဒီေနရာကို အရင္လာဖို႔ ေ႐ြးလိုက္တာ မအံ့ဩေတာ့ပါဘူး။
ကုက်ိဳးသည္ ကန့္ကြက္ျခင္းမရွိဘဲ ရိုးရွင္းစြာ ေခါင္းညိမ့္ျပလိုက္သည္။
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ထ်န္းဟန္သခင္ေလး"
ကုန္းရိထ်န္းဟန္က မ်က္ခုံးအသာပင့္ကာ ကုက်ိဳး၏ ဆံပင္ေလးမ်ားကို လက္ျဖင့္ထိုးဖြလိုက္သည္။
"က်ားေခါင္းလင္းယုန္စုံတြဲက ပ်ံသန္းနိုင္တယ္။ ဟိုေန႕က ကိုယ့္ရဲ႕ ေကာင္းကင္သိန္းငွက္ေျခလွမ္းသိုင္းကြက္က အဲ့ဒီငွက္ေတြကို ရင္ဆိုင္နိုင္မလားဆိုတာ ေကာင္းေကာင္းစမ္းၾကည့္ရမယ္"
ကုက်ိဳးက နားေထာင္ကာ ရယ္ေမာလိုက္သည္။
ထို႔ေနာက္ သူတို႔ေလးဦးတိုင္ပင္ၿပီး ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ ထိုက်ားေခါင္းလင္းယုန္စုံတြဲတြင္ ကုန္းရိထ်န္းဟန္က သူႏွင့္ အဆင့္ခ်င္းတူသည့္ အမငွက္ႏွင့္ ရင္ဆိုင္တိုက္ခိုက္မည္ျဖစ္ၿပီး လုံအာ့ႏွင့္ ႐ႊီဝမ္ဟယ္က အထီးငွက္ႏွင့္ ရင္ဆိုင္တိုက္ခိုက္ၾကမည္ျဖစ္သည္။
ကုက်ိဳးအတြက္ကေတာ့..... သူတို႔က အနီးအနားက ဂူတစ္ခုကိုအရင္ရွာၿပီး သူ႕ကို ထိုဂူထဲ၌ ပုန္းေနေစမည္ျဖစ္သည္။
သူတို႔သည္ ေျမပုံကို ထပ္မံထုတ္လိုက္သည္။ ႏြားခြာယွက္ေျပးေတာင္တန္းမ်ားတေလွ်ာက္ရွိ လမ္းေၾကာင္းမ်ားမွာ ပိုမိုနားလည္ရလြယ္ကူလာသည္။ ႐ႊီဝမ္ဟယ္သည္ သူတို႔ကို လမ္းျပေခၚေဆာင္လာခဲ့သည္။ သူတို႔က တခ်ိဳ႕ေသာယို႔ယြင္းေနသည့္ လမ္းသြယ္မ်ားကို ျဖတ္မွန္းမသိ ျဖတ္ေက်ာ္လာခဲ့ၿပီးေနာက္ ေတာင္၏ ေျမမ်က္ႏွာသြင္ျပင္က တျဖည္းျဖည္း ေျပာင္းလဲလာသည္။ ထို႔ေနာက္ လင္းယုန္တစ္ေကာင္၏ ႏႈတ္သီးႏွင့္တူသည့္ ေနရာတစ္ခုက သူတို႔ေရွ႕၌ ေပၚေပါက္လာသည္။
သို႔ေသာ္ သူတို႔ကို အံ့အားသင့္ေစသည္မွာ သူတို႔အေရွ႕တြင္ လူတစ္ခ်ိဳ႕က အရင္ေရာက္ႏွင့္ေနျခင္းပင္။
ကုက်ိဳးသည္ အေရာင္အေသြးစုံလင္သည့္ ကင္းၿမီးေႁမြပြင့္ခ်ပ္ပန္းမ်ားက ျမက္ပင္မ်ားၾကားတြင္ အရိပ္က်ေပါက္ေရာက္ေနသည္ကို ရွင္းလင္းစြာ ျမင္လိုက္႐ုံရွိေသးသည္ ဆူဆူညံညံတိုက္ခိုက္သံမ်ားကို ၾကားလိုက္ရသည္။ ထိုေနရာမွ နားစည္ေပါက္ထြက္မတတ္ ျပင္းထန္သည့္ လင္းယုန္ငွက္ေအာ္သံမ်ားႏွင့္ လက္နက္မ်ား ထိခတ္သံတို႔ကို ၾကားရသည္။
အထူးေျပာရန္ရွိသည္ကား ေလထုထဲမွ ေသြးညီနံ႕မ်ားပင္။
ကုက်ိဳး၏မသိစိတ္က သူ႕အလိုလို ကုန္းရိထ်န္းဟန္ဆီ ေခါင္းလွည့္ၾကည့္မိသည္။ ေထာက္ပံ့သူမွာ ဘယ္လိုအစီအစဥ္ေတြမ်ား ရွိေနမလဲ?
ကုန္းရိထ်န္းဟန္သည္ အျမင္အာ႐ုံအလြန္ေကာင္းမြန္သည္။ သူက ခ်ဳံႏြယ္မ်ားကို ေဘးသို႔အနည္းငယ္ တြန္းဖယ္လိုက္သည့္အခါ အေရွ႕မွျမင္ကြင္းကို ရွင္းလင္းစြာ ျမင္ရသည္။
အမွန္ပင္ ထိုေနရာ၌ က်ားေခါင္းလင္းယုန္စုံတြဲကို တိုက္ခိုက္ေနသည့္ လူတစ္စုရွိေနသည္။
ထိုလူစုတြင္ အမ်ိဳးသားသုံးေယာက္ႏွင့္ အမ်ိဳးသမီးႏွစ္ေယာက္ပါဝင္သည္။ အမ်ိဳးသမီးႏွစ္ဦးထဲမွ တစ္ဦးက ေနာက္ထပ္ ငယ္႐ြယ္ေသာမိန္းမပ်ိဳတစ္ဦးကို သူမေနာက္တြင္ထားကာ ကာကြယ္ေစာင့္ေရွာက္ေပးေနသည္။ က်န္အမ်ိဳးသားသုံးေယာက္က လင္းယုန္ႏွစ္ေကာင္ႏွင့္ ရင္ဆိုင္တိုက္ခိုက္ေနသည္။ တိုက္ပြဲအေျခအေနက အလြန္ျပင္းထန္လွသည္။ က်ားေခါင္းလင္းယုန္မ်ားသည္ ေကာင္းကင္သို႔ ပ်ံတက္ကာ ရံဖန္ရံခါတြင္ ေျမျပင္ေပၚသို႔ ထိုးစိုက္ဆင္းလာၿပီး တိုက္ခိုက္လ်က္ အသာစီးရေနသည္။
ထို႔အျပင္ မိန္းမပ်ိဳေလးမွအပ က်န္လူေလးဦးတို႔၌ အသီးသီး ဒဏ္ရာမ်ားရရွိထားၿပီး သူတို႔ကို ၾကည့္ရသည္မွာ ေဘးက်ပ္နံက်ပ္ ေသေရးရွင္ေရးအေျခအေနသို႔ ေရာက္ရွိေနပုံေပၚသည္။
သူတို႔၏ ဝတ္စားပုံအရ ဒဏ္ရာရရွိထားသူေလးဦးသည္ ႏြားခြာယွက္ေျပးေတာင္တန္းမ်ားတြင္ တစ္ႏွစ္ပတ္လုံး သြားလာကာ သားရိုင္းသတၱဝါမ်ားကို အမဲလိုက္ျခင္းႏွင့္ သဘာဝအရင္းအျမစ္မ်ားရွာေဖြျခင္းအမႈကိုျပဳၾကသည့္ အမဲလိုက္သူမ်ားျဖစ္ဟန္တူသည္။ မိန္းမပ်ိဳေလးကေတာ့ ငယ္႐ြယ္ပုံရကာ ေၾကာက္လန့္ေနသည့္တိုင္ သူမမ်က္ႏွာေပၚတြင္ ဖုံးကြယ္မရနိုင္သည့္ မာနႀကီးမႈကိုျမင္နိုင္သည္။ သူမတစ္ဦးတည္းကသာ က်န္လူေလးေယာက္၏ အလုပ္ရွင္ျဖစ္ဟန္တူသည္။ ငယ္ငယ္ကတည္းက အလိုလိုက္ အႀကိဳက္ေဆာင္ခံရသည့္ လူတစ္ေယာက္က ဒီေနရာသို႔ စြန့္စားရန္လာခဲ့ျခင္း မဟုတ္လွ်င္ သူမ ဒီေနရာတြင္ ရွိေနရသည့္အေၾကာင္းက တစ္စုံတစ္ရာကို လိုခ်င္၍ ရွာေဖြရန္လာခဲ့တာျဖစ္နိုင္သည္။
လက္ရွိတြင္ ထိုမာနခဲမိန္းမပ်ိဳေလးသည္ မာနႀကီးေနဆဲပင္ျဖစ္သည္။ သူမသည္ သူမအေရွ႕က အမ်ိဳးသမီးကို အရင္ဆုံး ဤႏြားခြာယွက္ေျပးေတာင္တန္းမ်ားဆီမွ သူမကို ကယ္ထုတ္သြားရန္ အမိန့္ေပးခိုင္းေစျခင္းမျပဳေပ။ ထို႔ေၾကာင့္ သူမသည္ တစ္စုံတစ္ရာကို ရွာေဖြေနျခင္းျဖစ္ေၾကာင္း ျဖစ္နိုင္ေခ် ပိုမိုႀကီးမားလာသည္။
ကုန္းရိထ်န္းဟန္သည္ ႏွစ္ခ်က္သုံးခ်က္မွ် အကဲခတ္ၾကည့္ရႈၿပီးေနာက္ ထိုလူေလးဦး၏ သ႐ုပ္အမွန္ကို အားလုံးနီးပါး အကဲခတ္ၿပီးသြားသည္။
ကုန္းရိထ်န္းဟန္က ခပ္ဖြဖြၿပဳံးလိုက္၏။
ဒီလူေတြ အခ်ိန္ၾကာၾကာေတာင့္မခံနိုင္ေတာ့ဘူး။ သူတို႔ထဲက အသန္မာဆုံးလူက ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၂)ပဲရွိတယ္။ သူတို႔ ဘယ္ေလာက္ အေတြ႕အႀကဳံရွိတယ္ေျပာေျပာ၊ ဒဏ္ရာအနာတရမရွိဘဲ ေနာက္ျပန္ဆုတ္ဖို႔ေတာ့ မျဖစ္နိုင္ဘူး။ လူတစ္ေယာက္ႏွစ္ေယာက္ကို မလႊဲမေရွာင္သာ စေတးမွ ေနာက္ဆုံးမွာ လြတ္ေျမာက္နိုင္လိမ့္မယ္။ မဟုတ္လို႔ကေတာ့ အကုန္လုံးေသသြားမွာပဲ။
ဒါေပမယ့္ တကယ္လို႔ တစ္ေယာက္ေယာက္က သူတို႔ကို ကယ္လိုက္မယ္ဆိုရင္ေတာ့ အေျခအေနေတြ ေျပာင္းလဲသြားလိမ့္မယ္။
ကုန္းရိထ်န္းဟန္ႏွင့္ သူ႕လူမ်ားေရွ႕ေမွာက္ဝယ္ ေ႐ြးခ်ယ္စရာႏွစ္ခုရွိေနသည္။
ပထမတစ္နည္းက ဒီက်ားေခါင္းလင္းယုန္ေတြက ထိုလူအားလုံးကို သုတ္သင္ပစ္လိုက္သည္အထိ ထိုင္ေစာင့္ၿပီး အေျခအေနကို အခြင့္ေကာင္းယူကာ ငွက္ေတြကို သတ္ျဖတ္ပစ္ရန္ျဖစ္သည္။ အဲ့ဒါက အလြန္အဆင္ေျပလြယ္ကူေသာ ေခါင္းပုံျဖတ္ခိုးယူသည့္ နည္းလမ္းျဖစ္သည္။
ဒုတိယတစ္နည္းကေတာ့ ထိုလူမ်ားကို အလြယ္တကူ ကယ္တင္ေပးၿပီး သူတို႔၏မူလအစီအစဥ္အတိုင္း ဆက္လက္ေဆာင္႐ြက္ရန္ျဖစ္သည္။
ကုန္းရိထ်န္းဟန္၏ ပုံစံအရ ထိုကိစၥသည္ သူ႕ကို မည္သို႔မွ ေႏွာင့္ေႏွးေစျခင္းမရွိသလို အမ်ားအက်ိဳးေဆာင္ျခင္းက ကံၾကမၼာေကာင္းမ်ားကိုျဖစ္ေစသည္မဟုတ္ပါလား။ ထို႔အျပင္ အကူအညီေလးတစ္ခုလုပ္လို႔ ဘာမွထိခိုက္နစ္နာစရာမရွိနိုင္ေပ။
______________________________________
အခ်စ္ဆုံးတို႔ေရ.....
ေနာက္တစ္ပိုင္းမွာေတာ့ ဘယ္လိုအကူအညီေပးမလဲဆိုတာနဲ႕ ျပန္ေတြ႕ၾကမယ္ေနာ္။ အားလုံးပဲ ေဘးကင္းလုံၿခဳံၾကပါေစ။
With love ❤
Taiga 😘
((Unicode))
အပိုင်း (၃၈)
အမဲလိုက်ခြင်း
💊💊💊
ကုန်းရိထျန်းဟန်က ကုကျိုး၏ အမေးစကားကိုကြားတော့ လှိုက်လှဲစွာ ပြုံးလိုက်ကာ:
"အားကျိုးက ကိုယ်တို့ရဲ့ စားဖိုမှူးကြီးပဲ၊ ဒီကိစ္စမှာ သေချာပေါက် အားကျိုး ပြောသမျှက အတည်ပေါ့"
ကုကျိုးသည် ခြောက်ကပ်ကပ်နှင့် နှစ်ချက်မျှရယ်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကို အရှက်ပြေသွားသလို ခံစားရသည်။
ထောက်ပ့ံသူက တကယ့်လူကောင်းတစ်ယောက်ပဲ။ သူ့အပေါ် လှောင်ပြောင်တာမျိုးလည်း မလုပ်ဘူး။ နောက်ဆို သူကလည်း သူများတွေ သားရိုင်း အမဲလိုက်နေတဲ့အချိန်မှာ အသားတွေရလာရင် ဘယ်လိုချက်စားရမလဲဆိုတာကိုချည်း စဥ်းစားမေနတော့ဘူး။.... ကောင်းပြီ၊ အဲ့အကြောင်းကို မစဥ်းစားဖို့ ကြိုးစားရမယ့်အပြင် ပါးစပ်ကလည်း တွေးသမျှအကုန် လျှောက်မပြောမိအောင် ထိန်းရမယ်။
ဝံပုလွေအသေကောင်များသည် ထိုနေရာမှာပင် ရှိနေပြီး ၄င်းတို့က တခြားသားရဲတိရစ္ဆာန်များကို အလွယ်တကူ ဆွဲဆောင်လာနိုင်သည်။ ထို့ကြောင့် ကုကျိုးသည် ကုန်းရိထျန်းဟန်က သူ့ကို မြေပေါ်ချပေးလိုက်သည်နှင့် ဝံပုလွေအသေကောင်များဆီသို့် ပြေးသွားကာ အားလုံးကို လျင်မြန်စွာ အမဲဖျက်လိုက်သည်။
သို့သော် သူက ၄င်းတို့ကို ဟင်းစားအမယ်အဖြစ် စီမံဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရစ်ခဲ့သော သွေးညှီနံ့နှင့် အညှီအဟောက်များကို ဖျောက်ဖျက်ခြင်းအလုပ်က ထိုသို့သော မစ်ရှင်များနှင့် အသားကျေနသည့် လုံအာ့က တာဝန်ယူ ဆောင်ရွက်လေသည်။ ထို့အပြင် သူတို့တွင် ဘက်စုံကျွမ်းကျင်သူ ရွှီဝမ်းဟယ် တစ်ယောက်လည်း ရှိသေးသည်။
ထိုသူနှစ်ဦးသည် သူတို့၏ အကျီလက်ရှည်ထဲမှ လိုအပ်သည့် ဆေးအမှုန့်တစ်မျိုးကို ထုတ်ယူပြီးနောက် သွေးစွန်းနေသည့် နေရာအနှ့ံကို ပက်ဖြန်းလိုက်သည်။ ထိုအခါ သွေးညှီန့ံများ ပျောက်ကွယ်သွားကာ အချိန်တိုအတွင်း အားလုံး စီမံပြီးစီးသွားသည်။
ကုကျိုးသည် အမဲဖျက်ထားသော အသားများကို ထုပ်ပိုးပြီးစီးသည့်အခါ လုံအာ့မောင်းနှင်လာသော ရထားလုံးပေါ်တွင် သိမ်းဆည်းထားလိုက်သည်။
ထို့နောက် သူတို့က ထိုနေရာမှာပင် ညအိပ်စခန်းချလိုက်သည်။
သူတို့၏ အနီးနားတွင် သုံးစွဲစရာ ရေအရင်းအမြစ်တော့မရှိပေ။ - သို့သော် ရှိခဲ့လျှင်လည်း သူတို့သည် စိတ်လွတ်ကိုယ်လွတ် အသုံးမပြုရဲသလို အထူးတလည် ရေချိုးခြင်းမျိုးလည်း မလုပ်နိုင်ကြပေ။ ကုန်းရိထျန်းဟန်သည်ပင် ကိုယ်ပေါ်မှ ဖုန်အညစ်အကြေးများကို ဖယ်ရှားကာ မျက်နှာသစ်ရုံသာ ပြုလုပ်နိုင်သည်ဆိုလျှင် ကျန်လူသုံးယောက်ကတော့ ဆိုဖွယ်ရာမရှိချေ။
ဆိုရလျှင် မျက်မှောက်ခေတ်မှလာသော ကုကျိုးအတွက် ဒါက သိပ်တော့ကျေနပ်စရာမကောင်းလှ။ သို့သော် ဤသို့ဖုန်အလိမ်းလိမ်းတက်နေသည့် အခြေအနေက အရမ်းအဆိုးကြီးတော့မဟုတ်ပေ။ သူသည် ဤကမ္ဘာပေါ်သို့ ရောက်ရှိလာသည့်အချိန်မှစ၍ တခြားကိစ္စများကို မဆိုထားနှင့် အစဦးဆုံး၌ ထောက်ပ့ံသူကို ရှာဖွေရန် ရက်ပေါင်းများစွာ စောင့်ကြည့်ခဲ့စဥ်ကပင် ဒုက္ခဆင်းရဲများစွာ ခံစားခဲ့ရပြီးဖြစ်သည်။ အခုလို ရေမချိုးရတာလောက်ကတော့လား....... အရေးပေါ်အခြေအနေဖြစ်လာပြီဆိုတော့ ဒါလောက်ကို သူ ဘယ်လိုမှ မသက်မသာ မခံစားရပေ။
သူတို့၏ ညဘက်အိပ်စက်ရမည့် တဲက အလွန်ကြီးမားလှသည်။ သို့ေသာ် ကုကျိုးမှအပ ကျန်လူသုံးယောက်စလုံးက အသီးသီး အလှည့်ကျ ကင်းစောင့်ကြရမည်ဖြစ်သည်။
ကုကျိုးက အနည်းငယ် အားနာစွာဖြင့်:
"ထျန်းဟန်သခင်လေး၊ ကျွန်တော်ပါ လိုက်စောင့်မယ်လေ?"
သူ၏ အထက်လူကြီးလည်းဖြစ်၊ သူ့ကိုလည်း စောင့်ရှောက်ပေးထားသည့် ထောက်ပံ့သူကိုယ်တိုင်ပင် အထူးအခွင့်အရေး မယူခဲ့ပေ။ သူ့အလုပ်က ဘယ်လိုပင် အများနဲ့မတူသည့်အလုပ်ဖြစ်ပါစေ ဤကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံခံရသည့်အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးလာနိုင်သည်။
ကုန်းရိထျန်းဟန်သည် တစ်ချက်ကြည့်လိုက်သည်နှင့် ကုကျိုး၏ အတွေးများကို သိေနသည်။ သူက နှစ်သိမ့်သလိုပြုံးကာ ပြောလိုက်သည်။
"ဆေးဆရာနဲ့ သိုင်းပညာရှင်ဆိုတာ နဂိုကတည်းက မတူညီတဲ့ကျင့်ကြံရေးလမ်းကို လျှောက်ကြရတာ။ အားကျိုး အရင်နားနေလိုက်ပါ။ ကိုယ် ညကင်းသွားစောင့်တော့မယ်။ အဲ့ဒါက ကိုယ့်ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးရာ ရောက်တယ်လေ။"
ကုကျိုးသည် နှုတ်ဆိတ်နေလိုက်ကာ စကားနားထောင်ပြီး တဲထဲသို့ လိမ်လိမ်မာမာ ဝင်ခဲ့လိုက်သည်။
သူ့ထောက်ပံ့သူက ဥာဏ်ကောင်းလွန်းသည်..... သို့သော် တစ်ချို့ေသာ အကြောင်းအရာများကို သူ ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်မိသည်။ ထောက်ပ့ံသူသည် မျိုးနွယ်စုအိမ်ေတာ်ကြီးတစ်ခု၏ ဆက်ခံသူတစ်ယောက်ဖြစ်ပြီး မင်းသားလေးတစ်ပါးလိုနေခဲ့ရသည်မှာ သေချာသည်။ သို့သော် ဤကမ္ဘာပေါ်ရှိ မျိုးနွယ်စု ဆက်ခံသူများမှာ အခြားသူများနှင့် မတူညီကြပေ။ သူတို့အတွက် မိမိ၏ သိုင်းပညာအစွမ်းကို ပိုမိုသန်မာလာစေရန်ကား ထင်သလောက် မလွယ်ကူလှချေ။
ထိုသို့စဥ်းစားခြင်းက အမှန်ပင်ဖြစ်သည်။
ကုကျိုးသည်လည်း ခက်ခဲကြမ်းတမ်းမှုမရှိဘဲ သိုင်းပညာကောင်းတစ်ရပ်ကို ကျင့်ကြံနိုင်သည်ဟု ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။
ကုကျိုး တဲထဲသို့ ဝင်လာသည်။ သူသည် မနက်ဖြန်တွင် အင်အားမရှိဘဲ အခြားသူများအပေါ် အနှောက်အယှက်မဖြစ်ရေလအောင် ဆေးဝါးသန့်စက်ခြင်း မပြုလုပ်တော့ဘဲ တင်ပျင်ခွေထိုင်လျက် ကျင့်ကြံရေးနည်းလမ်းကိုသာ ကြိမ်ဖန်များစွာ လည်ပတ်ကျင့်ကြံလိုက်ပြီး လိမ်လိမ်မာမာ အိပ်ယာဝင်လိုက်သည်။
အပြင်ဘက်တွင် အခြေအနေများကို ပိုင်နိုင်စွာ ထိန်းချုပ်ထားနိုင်သည့် သူ၏ထောက်ပံ့သူရှိနေသည်ဆိုသည့်အသိကြောင့် ကုကျိုးတစ်ယောက် ဒီတောကြီးမျက်မည်းထဲတွင် အန္တရာယ်တစ်စုံတစ်ရာ မခံစားမိေပ။ သိပ်မကြာခင် သူ၏အသက်ရှုသံများ တဖြည်းဖြည်း ညီညာလာကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
ဘာအန္တရာယ်မှ မရှိသော ညတစ်ည...... ထိုေန့ညတွင် ဘာတစ်ခုမှမဖြစ်ခဲ့တာတော့မဟုတ်ပေ။
ကုကျိုးနိုးလာသည်နှင့် တဲ၏ တံခါးရွက်တို့ကို ပင့်မလိုက်သည်။ ထိုအခါ မကြာခင်ကမှ မီးငြိမ်းသွားပုံရသည့် မီးပုံကြီးရှေ့ဝယ် အကောင် (၂၀) (၃၀)ခန့်ရှိသော သားရိုင်းသတ္တဝါအသေကောင်များ စုပုံေနသည်ကို အမှတ်မထင် တွေ့လိုက်ရသည်။
ထိုသားရိုင်းသတ္တဝါများတွင် ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်ရှိသော သားရိုင်းသတ္တဝါတစ်ကောင်ပါရှိပြီး ကျန်သားရိုင်းများက အရိုးတည်ဆောက်ခြင်းအဆင့်များဖြစ်သည်။ သို့သော် ကုန်းရိထျန်းဟန်အပါအဝင် သူတို့ သုံးဦးလုံးက ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့်ရှိသူများဖြစ်သဖြင့် ဒီအရေအတွက်သည် သူတို့ကို အင်အားအနည်းငယ် ပိုသုံးလိုက်ရရုံသာ ဖြစ်သည်။ သူတို့အတွက် ဒီလိုအကောင်မျိုး အကောင် (၅၀) (၆၀) ဒါမှမဟုတ် အကောင် (၁၀၀)မက ရောက်လာမှသာ အမှန်တကယ် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပေလိမ့်မည်။
ကုန်းရိထျန်းဟန်သည် ကုကျိုး၏ သို့လော သို့လော မရေမရာမျက်နှာကိုမြင်တော့ ညင်သာစွာ ရှင်းပြလာသည်။
"နွားခွာယှက်ပြေးတောင်ရဲ့ အပြင်ဘက်တောစပ်မှာ သားရိုင်းသတ္တဝါများများစားစားမရှိဘူး။ ဝံပုလွေအုပ်ကြီးကြီးမားမားလည်း မရှိဘူး။ မနေ့က ကိုယ်တို့နဲ့တွေ့တဲ့ ကံဆိုးတဲ့ဝံပုလွေခေါင်းဆောင်မှာက သူနဲ့အတူတူ ဝံပုလွေအကောင် (၃၀)လောက်ပဲ ပါလာတာ။ အဲ့ဒီဝံပုလွေသေတဲ့အခါ ဝံပုလွေအုပ်ထဲက အင်အားအကြီးဆုံးတစ်ကောင်က အလိုလို ခေါင်းဆောင်နေရာ ရသွားတာပေါ့။ နောက်အသစ်တက်တဲ့ဝံပုလွေခေါင်းဆောင်က သူ့ရဲ့ခေါင်းဆောင်အသစ်နေရာ ခိုင်မြဲဖို့ ဝံပုလွေအုပ်ကို ဦးဆောင်ပြီး အရင်ဝံပုလွေ သေသွားတဲ့နေရာကို လက်စားချေဖို့လာခဲ့တာ။ ပြီးတော့ ကိုယ်တို့ကလည်း သူတို့မှာ ဘာထူးခြားတဲ့အစွမ်းရှိမှန်း မသိတော့ သတိကြီးကြီးထားရတာပေါ့"
ကုကျိုးက ချက်ချင်း သဘောပေါက်လိုက်သည်။
အခုကျန်ရှိသည်ကား သူ၏တာဝန်ပင်ဖြစ်သည်။ ကုကျိုးသည် သူတို့အဖွဲ့က ဒီတောထဲတွင် အမဲလိုက်ရန်အတွက် အချိန်ဘယ်လောက်ကြာကြာ နေထိုင်မည်မှန်း မသိသဖြင့် ရရင်ရသလို အကောင်းဆုံးဟင်းအမယ်များကို စုဆောင်းထားရမည်ဖြစ်သည်။ သို့မှသာ အချိန်တန် အားလုံး ဆာလောင်လာသည့်အခါ လက်ထဲတွင် ချက်ပြုတ်စရာမရှိသည့်ဘေးမှ ကင်းဝေးနိုင်မည်ဖြစ်သည်။
-- ဒီအလုပ်က အတော်ရိုးရှင်းလွယ်ကူသည်။ ခဏကြာတော့ သူက အားလုံးကို လုပ်ကိုင်ပြီးစီးသွားသည်။
သို့သော် ကုကျိုးအလုပ်ပြီးသည်နှင့် ကုန်းရိထျန်းဟန်သည် ကုကျိုးဆီသို့ လျှောက်လာကာ ကုကျိုး၏ပုခုံးကို ဖြေးညင်းစွာ ဖိကိုင်လိုက်သည်။ ထို့နောက် ကုန်းရိထျန်းဟန်၏ မျက်ဝန်းများက ရထားလုံးဆီကို မျက်ရိပ်ပြလိုက်သည်။ ကုန်းရိထျန်းဟန်၏ လှုပ်ရှားမှုများက အလွန်လျင်မြန်လှသဖြင့် ရွှီဝမ်းဟယ် တစ်ယောက် သတိမထားမိလိုက်ပေ။
ကုကျိုးက ချက်ချင်း သဘောပေါက်လိုက်သည်။
လုံရိနှင့် လုံအာ့သည် သူတို့ကို အချိန်ကြာမြင့်စွာ အနီးကပ်ကာကွယ်စောင့်ရှောက်ခဲ့သဖြင့် ကုကျိုးထံတွင် လေဟာနယ်သိုလှောင်ရုံတစ်ခုရှိမှန်း အကြမ်းဖျင်း သိထားပြီးသားဖြစ်သည်။ သို့သော် သူ၏ထောက်ပံ့သူသည် ထိုအကြောင်းကို နောက်လူများကို ပေးမသိစေချင်ပေ။ ကုကျိုးကိုယ်တိုင်ကလည်း လျှို့ဝှက်ချက်များကို တတ်နိုင်သမျှ ထိန်းသိမ်းထားခြင်းက အမြဲအကျိုးရှိမည်ဟု တွေးမိသည်။ ဒီလိုဆို ရွှီဝမ်းဟယ်သည် တကယ်တမ်း ကြားခံနယ်အသုံးအဆောင်ကို ပိုင်ဆိုင်သူက သူ၏ထောက်ပံ့သူဟုသာ ထင်သွားမည်ဖြစ်သည်။
ကုန်းရိထျန်းဟန်က လက်ကို ဖာသိဖာသာ ဝှေ့ယမ်းလိုက်သည်။
တစ်ချိန်တည်းမှာ ကုကျိုးကလည်း မိမိ၏ စိတ်စွမ်းအားများကို ရွေ့လျားလိုက်သည်။
ချက်ချင်းဆိုသလို ရထားလုံးသည် နေရာမှ ပျောက်ကွယ်ကာ လေဟာနယ်သိုလှောင်ရုံအတွင်းသို့ ရောက်ရှိသွားသည်။
ထင်သည့်အတိုင်း ရွှီဝမ်းဟယ်ခမျာ သံသယဖြစ်ဖို့နေနေသာသာ မည်သည့် ထူးခြားသည့်အမူအရာမှ မပြခဲ့ပေ။
ကုန်းရိထျန်းဟန်က ပြောလိုက်သည်။
"အချိန်စောသေးတယ်ဆိုတော့ ကျွန်တော်တို့ နွားခွာယှက်ပြေးတောင်တန်းတွေထဲကို တိုက်ရိုက်ဝင်ကြမယ်"
ကျန်လူသုံးယောက်က ချွင်းချက်မရှိ အမိန့် နာခံလိုက်ကြသည်။
💊💊💊
နွားခွာယှက်ပြေးတောင်တန်းသည် သစ်ပင်နွယ်ပင်များ ထူထပ်စွာပေါက်ရောက်ပြီး မြွေ၊ တီကောင်၊ ကြွက်၊ ပုရွက် အစရှိသော ကြောက်စရာ ရွံစရာကောင်းသည့် အကောင်ဗလောင်များရှိသည့်အပြင် တောင်တန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် သားရိုင်းသတ္တဝါများစွာ ကျက်စားနေထိုင်ကြသည်။
ဤတောင်တန်းများဆီသို့ ဆေးဖက်ဝင်သစ်ဥသစ်ဖုများ လာရောက်ရှာဖွေပြီး မိသားစုတစ်နိုင်တစ်ပိုင် အသုံးစားရိတ်ရှာဖွေလိုသူများအဖို့ ဤတောစပ်တစ်ဝိုက်မှအစပြုကာ သတိကပ်ထားကြရသည်။ တောနက်ထဲသို့ ဝင်ရောက်လာသည်နှင့် သားရိုင်းသတ္တဝါများက တစ်စတစ်စ ပိုမိုများပြားလာသည်။ ထို့ကြောင့် မိမိ၏ သိုင်းပညာအပေါ် အတော်အတန်ယုံကြည်မှုရှိသည့် အချို့သော သိုင်းပညာရှင်များမှအပ ကျန်လူအများစုမှာ တောနက်ထဲသို့ တစ်ယောက်တည်း မသွားဝံ့ကြပေ။
သူတို့ အစောကြီးထွက်လာ၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့အဖွဲ့သည် လမ်းခရီးတလျှောက် မည်သည့်လူစိမ်းမှ မတွေ့ခဲ့ပေ။ သို့သော် ကုကျိုးကတော့ တောင်ကြားလမ်းများဆီသို့ ပိုမိုနက်နဲစွာ ဝင်ရောက်လာသည်နှင့် ဆေးဝါးအမယ်များကို နေရာတိုင်းလိုလို တွေ့မြင်လာရသည်။...... ကုကျိုးသည် ကြုံရသမျှ အလဟာသမဖြစ်စေရ ဆိုသည့်ထုံးနှလုံးမူကာ မြင်မြင်သမျှ ကောင်းနိုးရာရာများအားလုံးကို ချက်ချင်း လက်မြန်ခြေမြန် ခူးဆွတ်သိမ်းဆည်းလိုက်သည်။
ကုန်းရိထျန်းဟန်သည် အတွေ့အကြုံရရန် လာခဲ့ခြင်းဖြစ်သည့်အလျောက် ကိစ္စများကို အလောတကြီး မပြုလုပ်ပေ။ သူက ခရီးတလျှောက် ကြိုတင်တွေးဆလာခဲ့သည်။ သူကပြောလိုက်သည်။
"ဝမ်ဟယ်၊ မြေပုံထုတ်လိုက်"
အရာအားလုံးက ကြိုတင်ပြင်ဆင်ထားသလို သူတို့လာရာလမ်းကြောင်းကလည်း ရှင်းလင်းစွာ တွက်ချက်ထားပြီးသားဖြစ်သည်။
ကျန်လူအားလုံးက မြေပုံနားတွင် ဝိုင်းကာ အတူတကွ ကြည့်ရှုလိုက်ကြသည်။
ကုန်းရိထျန်းဟန်က အမဲစက်အမှတ်အသားတစ်ခုကို ထောက်ပြကာ ဆိုသည်။
" ဒီနေရာက လင်းယုန်ပါးစပ်ချိုင့်ဝှမ်းပဲ။ ဒီချိုင့်ဝှမ်းတစ်ဝိုက်မှာ ကင်းမြီးမြွေပွင့်ချပ်ပန်းတွေ ပေါက်လေ့ရှိတယ်။ နာမည်က သိပ်မလှပေမယ့် အားကျိုးသိမှာပါ၊ အဲ့ဒီပန်းတွေက တကယ်တမ်း အဆိပ်မရှိတဲ့အပြင် သွေးအားဖြည့်ဖို့အတွက် ဆေးဝါးကောင်းတစ်လက်ပဲ"
ကုကျိုး သေချာပေါက် သိတာပေါ့။
သူ့လက်ထဲက ကျမ်းစာဆေးညွှန်းတွေအရ ဆေးဝါးဓာတ်စာ၊ ဆေးအနှစ်ရည်၊ ဆေးလုံးများ၊ ဘာကိုပဲ ဖော်စပ်သည်ဖြစ်စေ ဆေးအညွှန်းအားလုံးတွင် ဒီလိုဆေးဖက်ဝင်အပင်မျိုးကို အသုံးပြုရန်လိုအပ်သည်။ ထို့ကြောင့် တကယ်လို့ များများစားစားသာ ပေါက်ခဲ့လျှင် ပိုပိုသာသာ စုဆောင်းရန်ကောင်းလှသည်။
-- သူသည် အခုချိန်တွင် ဆေးဖက်ဝင်အပင်များ စုဆောင်းရသည်ကို အလွန်သဘောခွေနေသည်။
မတတ်နိုင်ဘူး။ သူ့မှာ ရွေးစရာ ဆေးအညွှန်းတွေ ဒီလောက်များနေတဲ့ဟာ။ အဲ့ဒါတွေကို ဖော်စပ်သန့်စင်ဖို့ လိုအပ်တဲ့ဆေးအမယ်တွေ လက်ထဲရောက်လာတဲ့အထိ ထိုင်စောင့်နေရင် အရမ်းအဆင်မပြေ ဖြစ်ရမယ်မဟုတ်လား? နောက်ပြီး သူက ဆေးဝါးသန့်စင်ရတာကို ကြာလေ ပိုစိတ်ဝင်စားလာလေပဲ။ ဒီတော့ ဆေးပင်တွေပိုများများရှိလေ ကောင်းလေပဲပေါ့။ ကင်းမြီးမြွေပွင့်ချပ်ပန်းဆိုတာ နေရာတိုင်းမှာ ရှာတွေ့ဖို့လွယ်တာမဟုတ်ဘူး။ စိုက်ပျိုးရတာလည်း မလွယ်ဘူး။ ဒါမျိုးကို တွေ့ရမယ်ဆို သူ့အနေနဲ့ လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပဲ။
ကုကျိုးက ပြောလိုက်သည်။
"ဒါဆို ကျွန်တော်တို့ သွားခူးကြမယ်လေ?"
ကုန်းရိထျန်းဟန်က ပြုံးလိုက်သည်။
"အဲ့ဒီနေရာမှာပေါက်တဲ့ ကင်းမြီးမြွေပွင့်ချပ်ပန်းတွေကို ဘယ်သူမှ ခူးမသွားတဲ့အကြောင်းက အဲ့ဒီတောင်နံရံတွေမှာကျက်စားေနတဲ့ ကျားခေါင်းလင်းယုန်စုံတွဲကြောင့်ပဲ။ ကျားခေါင်းလင်းယုန်စုံတွဲရဲ့ အထီးက ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့်(၃)ရှိပြီး အမကတော့ သူ့ထက် နည်းနည်းအားနည်းတဲ့ ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့်(၂)ရှိတယ်။....တကယ်လို့ အားကျိုးလိုချင်တယ်ဆိုရင် ကိုယ်တို့သွားပြီး စိန်ခေါ်ကြည့်တာပေါ့"
ကုကျိုး ခေါင်းမော့လိုက်သည့်အခါ ထောက်ပံ့သူ၏ ယုံကြည်မှုရှိသည့် မျက်ဝန်းများကို တွေ့ရသည်။ ထောက်ပံ့သူက အဲ့ဒီ ကျားခေါင်းလင်းယုန်စုံတွဲကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချထားပြီးသားဆိုတာ အသိသားကြီးပဲ! ထောက်ပံ့သူရဲ့ ကြိုတင်တွက်ဆချက်အရဆို ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ။ ဒါကြောင့် သူက ဒီနေရာကို အရင်လာဖို့ ရွေးလိုက်တာ မအံ့ဩတော့ပါဘူး။
ကုကျိုးသည် ကန့်ကွက်ခြင်းမရှိဘဲ ရိုးရှင်းစွာ ခေါင်းညိမ့်ပြလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်၊ ထျန်းဟန်သခင်လေး"
ကုန်းရိထျန်းဟန်က မျက်ခုံးအသာပင့်ကာ ကုကျိုး၏ ဆံပင်လေးများကို လက်ဖြင့်ထိုးဖွလိုက်သည်။
"ကျားခေါင်းလင်းယုန်စုံတွဲက ပျံသန်းနိုင်တယ်။ ဟိုနေ့က ကိုယ့်ရဲ့ ကောင်းကင်သိန်းငှက်ခြေလှမ်းသိုင်းကွက်က အဲ့ဒီငှက်တွေကို ရင်ဆိုင်နိုင်မလားဆိုတာ ကောင်းကောင်းစမ်းကြည့်ရမယ်"
ကုကျိုးက နားထောင်ကာ ရယ်မောလိုက်သည်။
ထို့နောက် သူတို့လေးဦးတိုင်ပင်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုကျားခေါင်းလင်းယုန်စုံတွဲတွင် ကုန်းရိထျန်းဟန်က သူနှင့် အဆင့်ချင်းတူသည့် အမငှက်နှင့် ရင်ဆိုင်တိုက်ခိုက်မည်ဖြစ်ပြီး လုံအာ့နှင့် ရွှီဝမ်ဟယ်က အထီးငှက်နှင့် ရင်ဆိုင်တိုက်ခိုက်ကြမည်ဖြစ်သည်။
ကုကျိုးအတွက်ကတော့..... သူတို့က အနီးအနားက ဂူတစ်ခုကိုအရင်ရှာပြီး သူ့ကို ထိုဂူထဲ၌ ပုန်းနေစေမည်ဖြစ်သည်။
သူတို့သည် မြေပုံကို ထပ်မံထုတ်လိုက်သည်။ နွားခွာယှက်ပြေးတောင်တန်းများတလျှောက်ရှိ လမ်းကြောင်းများမှာ ပိုမိုနားလည်ရလွယ်ကူလာသည်။ ရွှီဝမ်ဟယ်သည် သူတို့ကို လမ်းပြခေါ်ဆောင်လာခဲ့သည်။ သူတို့က တချို့ေသာယို့ယွင်းနေသည့် လမ်းသွယ်များကို ဖြတ်မှန်းမသိ ဖြတ်ကျော်လာခဲ့ပြီးနောက် တောင်၏ မြေမျက်နှာသွင်ပြင်က တဖြည်းဖြည်း ပြောင်းလဲလာသည်။ ထို့နောက် လင်းယုန်တစ်ကောင်၏ နှုတ်သီးနှင့်တူသည့် နေရာတစ်ခုက သူတို့ရှေ့၌ ပေါ်ပေါက်လာသည်။
သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ သူတို့အရှေ့တွင် လူတစ်ချို့က အရင်ရောက်နှင့်နေခြင်းပင်။
ကုကျိုးသည် အရောင်အသွေးစုံလင်သည့် ကင်းမြီးမြွေပွင့်ချပ်ပန်းများက မြက်ပင်များကြားတွင် အရိပ်ကျပေါက်ရောက်နေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရုံရှိသေးသည် ဆူဆူညံညံတိုက်ခိုက်သံများကို ကြားလိုက်ရသည်။ ထိုနေရာမှ နားစည်ပေါက်ထွက်မတတ် ပြင်းထန်သည့် လင်းယုန်ငှက်အော်သံများနှင့် လက်နက်များ ထိခတ်သံတို့ကို ကြားရသည်။
အထူးပြောရန်ရှိသည်ကား လေထုထဲမှ သွေးညီနံ့များပင်။
ကုကျိုး၏မသိစိတ်က သူ့အလိုလို ကုန်းရိထျန်းဟန်ဆီ ခေါင်းလှည့်ကြည့်မိသည်။ ထောက်ပံ့သူမှာ ဘယ်လိုအစီအစဥ်တွေများ ရှိနေမလဲ?
ကုန်းရိထျန်းဟန်သည် အမြင်အာရုံအလွန်ကောင်းမွန်သည်။ သူက ချုံနွယ်များကို ဘေးသို့အနည်းငယ် တွန်းဖယ်လိုက်သည့်အခါ အရှေ့မှမြင်ကွင်းကို ရှင်းလင်းစွာ မြင်ရသည်။
အမှန်ပင် ထိုနေရာ၌ ကျားခေါင်းလင်းယုန်စုံတွဲကို တိုက်ခိုက်နေသည့် လူတစ်စုရှိနေသည်။
ထိုလူစုတွင် အမျိုးသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက်ပါဝင်သည်။ အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးက နောက်ထပ် ငယ်ရွယ်ေသာမိန်းမပျိုတစ်ဦးကို သူမနောက်တွင်ထားကာ ကာကွယ်စောင့်ရှောက်ပေးနေသည်။ ကျန်အမျိုးသားသုံးယောက်က လင်းယုန်နှစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။ တိုက်ပွဲအခြေအနေက အလွန်ပြင်းထန်လှသည်။ ကျားခေါင်းလင်းယုန်များသည် ကောင်းကင်သို့ ပျံတက်ကာ ရံဖန်ရံခါတွင် မြေပြင်ပေါ်သို့ ထိုးစိုက်ဆင်းလာပြီး တိုက်ခိုက်လျက် အသာစီးရနေသည်။
ထို့အပြင် မိန်းမပျိုလေးမှအပ ကျန်လူလေးဦးတို့၌ အသီးသီး ဒဏ်ရာများရရှိထားပြီး သူတို့ကို ကြည့်ရသည်မှာ ဘေးကျပ်နံကျပ် သေရေးရှင်ရေးအခြေအနေသို့ ရောက်ရှိနေပုံပေါ်သည်။
သူတို့၏ ဝတ်စားပုံအရ ဒဏ်ရာရရှိထားသူလေးဦးသည် နွားခွာယှက်ပြေးတောင်တန်းများတွင် တစ်နှစ်ပတ်လုံး သွားလာကာ သားရိုင်းသတ္တဝါများကို အမဲလိုက်ခြင်းနှင့် သဘာဝအရင်းအမြစ်များရှာဖွေခြင်းအမှုကိုပြုကြသည့် အမဲလိုက်သူများဖြစ်ဟန်တူသည်။ မိန်းမပျိုလေးကတော့ ငယ်ရွယ်ပုံရကာ ကြောက်လန့်နေသည့်တိုင် သူမမျက်နှာပေါ်တွင် ဖုံးကွယ်မရနိုင်သည့် မာနကြီးမှုကိုမြင်နိုင်သည်။ သူမတစ်ဦးတည်းကသာ ကျန်လူလေးယောက်၏ အလုပ်ရှင်ဖြစ်ဟန်တူသည်။ ငယ်ငယ်ကတည်းက အလိုလိုက် အကြိုက်ဆောင်ခံရသည့် လူတစ်ယောက်က ဒီနေရာသို့ စွန့်စားရန်လာခဲ့ခြင်း မဟုတ်လျှင် သူမ ဒီေနရာတွင် ရှိနေရသည့်အကြောင်းက တစ်စုံတစ်ရာကို လိုချင်၍ ရှာဖွေရန်လာခဲ့တာဖြစ်နိုင်သည်။
လက်ရှိတွင် ထိုမာနခဲမိန်းမပျိုလေးသည် မာနကြီးနေဆဲပင်ဖြစ်သည်။ သူမသည် သူမအရှေ့က အမျိုးသမီးကို အရင်ဆုံး ဤနွားခွာယှက်ပြေးတောင်တန်းများဆီမှ သူမကို ကယ်ထုတ်သွားရန် အမိန့်ပေးခိုင်းစေခြင်းမပြုပေ။ ထို့ကြောင့် သူမသည် တစ်စုံတစ်ရာကို ရှာဖွေနေခြင်းဖြစ်ကြောင်း ဖြစ်နိုင်ချေ ပိုမိုကြီးမားလာသည်။
ကုန်းရိထျန်းဟန်သည် နှစ်ချက်သုံးချက်မျှ အကဲခတ်ကြည့်ရှုပြီးနောက် ထိုလူလေးဦး၏ သရုပ်အမှန်ကို အားလုံးနီးပါး အကဲခတ်ပြီးသွားသည်။
ကုန်းရိထျန်းဟန်က ခပ်ဖွဖွပြုံးလိုက်၏။
ဒီလူတွေ အချိန်ကြာကြာတောင့်မခံနိုင်တော့ဘူး။ သူတို့ထဲက အသန်မာဆုံးလူက ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၂)ပဲရှိတယ်။ သူတို့ ဘယ်လောက် အတွေ့အကြုံရှိတယ်ပြောပြော၊ ဒဏ်ရာအနာတရမရှိဘဲ နောက်ပြန်ဆုတ်ဖို့တော့ မဖြစ်နိုင်ဘူး။ လူတစ်ယောက်နှစ်ယောက်ကို မလွှဲမရှောင်သာ စတေးမှ နောက်ဆုံးမှာ လွတ်မြောက်နိုင်လိမ့်မယ်။ မဟုတ်လို့ကတော့ အကုန်လုံးသေသွားမှာပဲ။
ဒါပေမယ့် တကယ်လို့ တစ်ယောက်ယောက်က သူတို့ကို ကယ်လိုက်မယ်ဆိုရင်တော့ အခြေအနေတွေ ပြောင်းလဲသွားလိမ့်မယ်။
ကုန်းရိထျန်းဟန်နှင့် သူ့လူများရှေ့မှောက်ဝယ် ရွေးချယ်စရာနှစ်ခုရှိနေသည်။
ပထမတစ်နည်းက ဒီကျားခေါင်းလင်းယုန်တွေက ထိုလူအားလုံးကို သုတ်သင်ပစ်လိုက်သည်အထိ ထိုင်စောင့်ပြီး အခြေအနေကို အခွင့်ကောင်းယူကာ ငှက်တွေကို သတ်ဖြတ်ပစ်ရန်ဖြစ်သည်။ အဲ့ဒါက အလွန်အဆင်ပြေလွယ်ကူသော ခေါင်းပုံဖြတ်ခိုးယူသည့် နည်းလမ်းဖြစ်သည်။
ဒုတိယတစ်နည်းကတော့ ထိုလူများကို အလွယ်တကူ ကယ်တင်ပေးပြီး သူတို့၏မူလအစီအစဥ်အတိုင်း ဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်။
ကုန်းရိထျန်းဟန်၏ ပုံစံအရ ထိုကိစ္စသည် သူ့ကို မည်သို့မှ နှောင့်နှေးစေခြင်းမရှိသလို အများအကျိုးဆောင်ခြင်းက ကံကြမ္မာကောင်းများကိုဖြစ်စေသည်မဟုတ်ပါလား။ ထို့အပြင် အကူအညီလေးတစ်ခုလုပ်လို့ ဘာမှထိခိုက်နစ်နာစရာမရှိနိုင်ေပ။
______________________________________
အချစ်ဆုံးတို့ရေ.....
နောက်တစ်ပိုင်းမှာတော့ ဘယ်လိုအကူအညီပေးမလဲဆိုတာနဲ့ ပြန်တွေ့ကြမယ်နော်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။
With love ❤
Taiga 😘