မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား

1.2K 282 17
By Sebastiann048

((Zawgyi))

အပိုင္း (၃၄)
ေ႐ႊသားလက္မွတ္မ်ား

💊💊💊
ကုန္းရိထ်န္းဟန္သည္ (၁၅)မိနစ္ခန့္ ေလ့က်င့္ၿပီးေနာက္ ရပ္လိုက္ကာ ကုက်ိဳးကို သူ႕ဆီလာဖို႔ လက္ယက္ေခၚလိုက္သည္။

ကုက်ိဳးကလည္း ထိုသို႔လွမ္းေခၚသည္ႏွင့္ ထုံးစံအတိုင္း ေထာက္ပံ့သူထံသို႔ အျမန္ေျပးသြားလိုက္သည္။

သူက ခုနကျမင္ကြင္းကိုၾကည့္ၿပီး ေတြေဝေငးေမာေနျခင္းျဖစ္သည္။ အေၾကာင္းက ေထာက္ပံ့သူသည္ က်င့္ႀကံေရးအဆင့္မ်ားကို အလြန္ျမန္ဆန္စြာ တိုးတက္သြားသည္သာမက သူ၏ ထိုးထြင္းသိျမင္နိုင္စြမ္းကလည္း အလြန္ႀကီးမားလွသည္။ -- အမွန္ပင္။ ေထာက္ပ့ံသူသည္ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္(၃)ကို ေရာက္ရွိေနၿပီး ႏွစ္ရွည္လမ်ား သိုင္းပညာက်င့္ႀကံလာသူ လုံရိႏွင့္ အဆင့္ငယ္ေလး(၁)ခုသာ ကြာေတာ့သည္။ -- သူ ေလ့က်င့္ေနေသာ သိုင္းကြက္မ်ားကလည္း အမ်ိဳးစားစုံလင္ၿပီး ကြဲျပားျခားနားၾကသည္။ သူေတြ႕ရသမွ် ေထာက္ပံ့သူ၏ သိုင္းပညာအမ်ိဳးအစားမ်ားသည္ ေန႕တိုင္းတိုးပြားေနၿပီး အခုဆို အမ်ိဳးေပါင္း (၂၀)ေက်ာ္မကရွိေနၿပီျဖစ္သည္။

လက္ရွိတြင္ ေထာက္ပံ့သူသည္ သူ႕ဟာသူ ကိုယ္ခံပညာ ေလ့က်င့္႐ုံသာမက ကုက်ိဳးကိုပါ သင္ၾကားေပးေနသည္။

ထို႔ေၾကာင့္ ကုက်ိဳးမွာ သူ႕အနားသို႔ေရာက္သည္ႏွင့္ ျမင္းစီထိုင္ အေနအထားရပ္ၿပီး လက္သီးထိုးေလ့က်င့္ရေတာ့သည္။

.....ဒီလို ေလ့က်င့္ရသည့္အခ်ိန္တိုင္း ကုက်ိဳးသည္ ေလာကႀကီးမွာ ဝဋ္ဆိုတာလည္တတ္မွန္း အၿမဲတမ္း သံေဝဂရမိသည္။

သူသည္အရင္က ေထာက္ပံ့သူ၏ ေပ်ာ့တိေပ်ာ့ဖတ္ ေတာင္ေရာက္ေျမာက္ေရာက္ အၾကည့္ရဆိုးသည့္ လက္သီးထိုးပုံကို ၾကည့္ၿပီး စိတ္ထဲက ႀကိတ္ေဝဖန္ခဲ့သမွ် အခုေတာ့ သူပါ အဲ့ဒီ ေပ်ာ့တိေပ်ာ့ဖတ္ လက္သီးထိုးနည္းကို ေလ့က်င့္ေနရၿပီျဖစ္သည္။ စဥ္းစားၾကည့္လိုက္ေတာ့ အရင္က ေထာက္ပံ့သူ၏ ႐ုပ္ေခ်ာေခ်ာေလးႏွင့္ လက္သီးထိုးသည္က အနည္းငယ္ ရယ္စရာေကာင္းေသာ္လည္း သူအခု ေလ့က်င့္သည့္အခါမွာေတာ့ အဲ့လို ေျပာမထြက္ေတာ့ေပ။

သို႔ေသာ္ ထိုေပ်ာ့တိေပ်ာ့ဖတ္ လက္သီးထိုးနည္းက ေသခ်ာေပါက္ အခ်ဥ္ေတာ့မဟုတ္။

ကုက်ိဳး အေနျဖင့္ေျပာရလွ်င္ ထိုလက္သီးထိုးပုံထိုးနည္းကား အနည္းငယ္ ရွက္စရာေကာင္းေသာ္လည္း သူလက္သီးထိုးလိုက္သည့္အခါတိုင္း စစ္မွန္​ေသာခ်ီစြမ္းအင္မ်ားက လက္သီးထိုးခ်က္ လားရာအတိုင္း လိုက္ပါစီးဆင္းၿပီး သူ၏ခႏၶာကိုယ္ကို ညီမွ်ေအာင္ ထိန္းညွိေပးသလို ႂကြက္သားမ်ားကို ေျပေလ်ာ့ေစကာ ေျခလက္မ်ား၏ တြဲဖက္လုပ္ေဆာင္နိုင္စြမ္းကိုလည္း တိုးတက္လာေစသည္။

ေထာက္ပ့ံသူ သင္ၾကားေပးထားသည့္ပုံအရ သူသည္ ပထမဆုံးလက္သီး (၁၂)ခ်က္ကိုေတာ့ လုံးဝပိုင္နိုင္​ေနရမည္ျဖစ္ၿပီး ေနာက္ပိုင္း လက္သီးခ်က္မ်ားကေတာ့ မိမိစိတ္ခံစားခ်က္အတိုင္း ဆက္လက္ထိုးရ​ေပသည္။ ကုက်ိဳးသည္ ဘယ္ေနရာကိုထိုးထိုး မသက္မသာခံစားရသည္ဟူ၍ မရွိေပ။ ေနာက္ၿပီး သူ မသက္မသာခံစားလာရသည့္အခါ၌လည္း သူက လက္သီးထိုးေနသည့္ လမ္းေၾကာင္းကို ခ်က္ခ်င္း ေျပာင္းလဲလိုက္သည္။

ကုက်ိဳးသည္ သင္ေပးသည့္အတိုင္း ေသခ်ာလိုက္လုပ္ခဲ့သည္။ သို႔ေသာ္ ေနာက္ဆုံးတြင္ သူ၏ ေပ်ာ့ဖတ္ဖတ္လက္သီးခ်က္မ်ားႏွင့္ ေထာက္ပံ့သူ၏ ေပ်ာ့ဖတ္ဖတ္လက္သီးခ်က္မ်ားက ႀကီးမားစြာ ကြာျခားေနသည္။

ၾကည့္ရတာ ဒါကလည္း ေဆးဆရာတစ္ေယာက္နဲ႕ သိုင္းပညာရွင္တစ္ေယာက္ၾကားက ကြာျခားခ်က္ပဲလား?

သို႔ေသာ္ ကုက်ိဳးသည္ အခု သူေလ့က်င့္ေနသည့္ ေပ်ာ့ဖတ္ဖတ္ လက္သီးထိုးနည္း တစ္ခုကိုသာ ေလ့က်င့္လို႔ရနိုင္သည္။

-- အစတုန္းက ကုန္းရိထ်န္းဟန္သည္ ကုက်ိဳးကို သိုင္းကြက္မ်ား သင္ေပးဖို႔ ႀကိဳးစားခဲ့သည္။

အဲ့ဒီတုန္းကေတာ့ ႀကိဳးစားၾကည့္႐ုံမွ်သာ ရည္႐ြယ္ခဲ့တာျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဒီတိုက္ႀကီးေပၚရွိ လူအားလုံး အၾကမ္းဖ်င္း သိၾကသည္မွာ: ေဆးဆရာအနည္းငယ္သာ က်င့္ႀကံေရးနည္းလမ္းမ်ားကို အေမြဆက္ခံနိုင္သည္။ ထိုက်င့္ႀကံေရး ေလ့က်င့္နိုင္သည့္ ေဆးဆရာထဲမွ အနည္းငယ္ကသာ ရွန္းထ်န္းအဆင့္သို႔ေရာက္ရွိၿပီး ရွန္းထ်န္းအဆင့္သိုင္းပညာရွင္မ်ားအတြက္ သင့္ေတာ္ေသာ ေဆးဝါးမ်ားကို သန့္စင္နိုင္သည္။ ထိုအထဲမွ အလြန္ရွားရွားပါးပါး ရွန္းထ်န္းထိပ္ဆုံးအဆင့္ ေရာက္ရွိသူ ေဆးဆရာမ်ားကသာ ထို႔ဖန္ မေသမ်ိဳးအဆင့္သိုင္းပညာရွင္မ်ားအတြက္ သင့္ေတာ္ေသာ ေဆးဝါးမ်ားကို ေဖာ္စပ္သန့္စင္နိုင္ၾကသည္။

ထို႔ေၾကာင့္ သိုင္းပညာေလ့က်င့္နိုင္ဖို႔က အေဝးႀကီးမွာပင္။

ဘာေၾကာင့္မွန္းေတာ့မသိ။ ေဆးဆရာမ်ားသည္ သူတို႔၏ စစ္မွန္ေသာခ်ီစြမ္းအင္ကိုသိုေလွာင္၍ မိမိသက္တမ္းကို ပိုမိုရွည္ၾကာေအာင္ ဆြဲဆန့္ထားနိုင္သည္။ သို႔ေသာ္ သူတို႔က သိုင္းပညာက်င့္ႀကံဖို႔ေတာ့ လုံးဝကို မျဖစ္နိုင္ေပ။ ထို႔အျပင္ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ ထို႔ဖန္မေသမ်ိဳးအဆင့္ ရွိသည့္ ေဆးဆရာမ်ိဳးကို တစ္ေယာက္တစ္ေလေတာင္ မျမင္ဖူးၾကေခ်။

ကုန္းရိထ်န္းဟန္က ကုက်ိဳးကို သိုင္းပညာ သင္ေပးရျခင္းအေၾကာင္းက သူသည္ ကုက်ိဳးတြင္ မည္သို႔ေသာ အံ့ဩစရာေကာင္းသည့္ အေမြဆက္ခံမႈမ်ိဳး ရရွိလာခ​ဲ့မွန္း မသိနိုင္၍ျဖစ္သည္။ ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏ က်င့္ႀကံေရးနည္းလမ္းကို အလြန္ထူးျခားသည္ဟု ျမင္မိသည္။ ၄င္းက ေဆးဆရာမ်ားအတြက္ အထူးသီးသန့္ ဖန္တီးထားသည့္ က်င့္စဥ္တစ္ခုျဖစ္ပုံရသည္။ ထို႔ေၾကာင့္ သူသည္ ကုက်ိဳး၏ အေျခအေနအရ သိုင္းပညာက်င့္ႀကံနိုင္လာမလားဟူ၍ ႀကိဳးစားၾကည့္ျခင္းျဖစ္သည္။ သို႔ေသာ္ ကံမေကာင္းစြာျဖင္​့ ကုက်​ိုး မလုပ္နိုင္ခဲ့ေပ။

...... ၾကည့္ရတာ ဒါက ေဆးဆရာမ်ား၏ ေမြးရာပါ ကန့္သတ္ခ်က္ သို႔မဟုတ္ သူတို႔ႏွင့္ သင့္ေတာ္ေသာ နည္းလမ္းကို ရွာမေတြ႕ေသး၍ ျဖစ္နိုင္သည္။ သို႔ေသာ္ ဘယ္သူက သိမွာလဲ?

အဆုံးသတ္အေျဖကေတာ့ ထို <<မရဏဝိညာဥ္ဆူး>> က်မ္းစာအုပ္ထဲတြင္ ရွိေကာင္းရွိေနနိုင္သည္။

ႏွေျမာစရာေကာင္းသည္က ကုန္းရိထ်န္းဟန္သည္ ယခုထိ ထိုမရဏဝိညာဥ္ဆူး က်မ္းစာကို ႏွံ႕စပ္ေအာင္ မေလ့လာရေသးသလို ကုက်ိဳးကလည္း ထိုက်မ္းစာကို စတင္က်င့္ႀကံဖို႔ လုံးဝဥႆုံ နားလည္သေဘာမေပါက္ေသးေပ။ ထို႔အျပင္ ကုက်ိဳးမွာ အလြန္အလုပ္မ်ားရသူျဖစ္သည္။ ဤသို႔ျဖင့္ လတ္တေလာတြင္ ထိုမရဏဝိညာဥ္ဆူးအေၾကာင္းကို ခဏေဘးဖယ္ထား​ေလသည္။

အဓိကအေၾကာင္းရင္းကို ဆက္ရလွ်င္..

ထိုေပ်ာ့ဖတ္ဖတ္ လက္သီးထိုးနည္းကို ကုန္းရိထ်န္းဟန္က တီထြင္ထားျခင္းျဖစ္ၿပီး နာမည္လည္းမရွိေပ။ ၄င္းက သူသိုင္းပညာ မက်င့္ႀကံမီ ခႏၶာကိုယ္ကို ေတာင့္တင္းခိုင္မာေအာင္ ေလ့က်င့္ရန္ ဖန္တီးထားျခင္းျဖစ္သည္။ ဤနည္းလမ္းသည္ <<နတ္ေဆးပညာစိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္း>> ေပၚ မူတည္၍ ဥာဏ္ကြန့္ျမဴးထားျခင္းျဖစ္သည့္အတြက္ ကုက်ိဳးက အစပိုင္းကို လိုက္လံသင္ယူေနနိုင္ျခင္းျဖစ္သည္။ သို႔ေသာ္လည္း အဆုံး၌ သိုင္းပညာရွင္ႏွင့္ ေဆးဆရာတို႔သည္ ခႏၶာကိုယ္ခ်င္းကေတာ့ မတူညီၾကေပ။ ေဆးဆရာမ်ားတြင္ ေဆးပုလဲမ်ားရွိၿပီး သိုင္းပညာရွင္မ်ားမွာ ထိုသို႔မရွိေပ။ ထို႔ေၾကာင့္ ေဆးဆရာတို႔အတြက္ သင့္ေတာ္ေသာနည္းလမ္းမ်ားက သိုင္းပညာရွင္မ်ားအတြက္ သင့္ေတာ္ခ်င္မွ သင့္ေတာ္ေပလိမ့္မည္။

ဤအခ်က္ေၾကာင့္ ကုန္းရိထ်န္းဟန္က ကုက်ိဳးကို မိမိသက္ေတာင့္သက္သာျဖစ္သလို ခ်ိန္ဆေလ့က်င့္ခိုင္းျခင္းျဖစ္ၿပီး အဲ့ဒါက ကုက်ိဳးကို မိမိခႏၶာကိုယ္အတြက္ ဘာကသင့္ေတာ္ေကာင္းမြန္သည္ဆိုတာ စူးစမ္းရွာေဖြနိုင္ေစသည္။

ကုက်ိဳးသည္ ဤနည္းျဖင့္ အခ်ိန္အေတာ္ၾကာ ေလ့က်င့္လာသည့္အခါ သူ႕ခႏၶာကိုယ္က အေတာ္အတန္ ေတာင့္တင္းသန္မာလာသည္။ ထို႔အျပင္ ခႏၶာကိုယ္ထဲရွိ စစ္မွန္ေသာ ခ်ီစြမ္းအားမ်ားကလည္း ပိုမို ျမန္ဆန္တက္ႂကြလာၿပီး အရိုးပုလဲမ်ား ေငြ႕ရည္ဖြဲ႕ရာတြင္ ပိုမို ျမန္ဆန္လာသည္။

ထို႔ေၾကာင့္ ကုက်ိဳးသည္ ဒီနည္းလမ္းက အၾကည့္ရဆိုးေသာ္လည္း ေထာက္ပံ့သူက သူေကာင္းဖို႔အတြက္ သင္ေပးျခင္းျဖစ္သည့္အတြက္ ဤနည္းလမ္းကို ေန႕တိုင္း တစိုက္မတ္မတ္ ေလ့က်င့္ျဖစ္ေလသည္။

သူတို႔ႏွစ္ဦးသည္ တစ္ေခါက္ ေလ့က်င့္ၿပီးေနာက္ ကုန္းရိထ်န္းဟန္က သူ၏ လက္မ်ားကို ရပ္တန့္လိုက္သည္။ သူ႕တစ္ကိုယ္လုံးတြင္ ေခြၽးအလႊာပါးေလးတစ္ထပ္ လႊမ္းၿခဳံထားၿပီး သူ၏အသြင္အျပင္ကား အလြန္ေခ်ာေမာခန့္ညားကာ အထူး သူရဲေကာင္းဆန္သည့္ အသြင္ေဆာင္ေနသည္။

ဒီတစ္ခါေတာ့ ကုက်ိဳးသည္ ေထာက္ပံ့သူကို ၾကည့္သည့္အခါ သူ၏အၾကည့္မ်ားက ေထာက္ပံ့သူ၏ မ်က္ႏွာေပၚတြင္သာ ရပ္တန့္မေနဘဲ ေထာက္ပံ့သူ၏ ပင္ကိုစိတ္အေပၚတြင္ပါ ေၾကာက္႐ြံတုန္လႈပ္မိ​ေလသည္။

ကုက်ိဳးသည္ တစ္ကိုယ္လုံး ပူေႏြးေနၿပီး ခႏၶာကိုယ္တြင္ ေခြၽးမ်ားစို႐ႊဲေနသည္ကို ခံစားမိသည္။ သူ႕ မ်က္ႏွာက ေသြးေရာင္လႊမ္းေနကာ စိတ္ဓာတ္အားမာန္တို႔ကလည္း အရမ္းကို ေကာင္းမြန္ေနသည္။

သူက ေခါင္းေမာ့လိုက္ကာ:

"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္ ေဆးဝါးသန့္စင္ဖို႔ သြားေတာ့မယ္"

ထိုအခါ ကုန္းရိထ်န္းဟန္က သူ႕ကို ခါတိုင္းေန႕မ်ားကဲ့သို႔ သေဘာတူေၾကာင္းမေျပာဘဲ သူ႕အေျပာကို ျငင္းဆန္လိုက္သည္။

"ဟင့္အင္း၊ အားက်ိဳးက ေန႕စဥ္သုံးဖို႔ လိုအပ္တဲ့ပစၥည္းသြားထည့္ေခ်။ ကိုယ္တို႔ အ​​ျပင္သြားၾကမယ္"

ကုက်ိဳးက အံ့အားသင့္သြားကာ:

"အျပင္သြားမယ္? ဘာပစၥည္းေတြ ထည့္ရမွာလဲ?"

ၾကည့္ရတာ ေထာက္ပံ့သူက​ ေစ်းဝယ္ထြက္ခ်င္လို႔လား? ဒါေပမယ့္ အဲ့ဒါဆို အထုပ္ျပင္ဖို႔ မလိုဘူးမဟုတ္လား..... မဟုတ္မွလြဲေရာ ကုန္းရိအိမ္ေတာ္ကို ခဏျပန္မလို႔လား? အဲ့ဒီမွာ ဘာကိစၥမ်ား ျဖစ္လို႔လဲ?

ကုန္းရိထ်န္းဟန္က ႏႈတ္ခမ္းေထာင့္မ်ား ေကြးသြားကာ:

"ကိုယ္ အိမ္ေတာ္ထဲမွာပဲ သိုင္းေလ့က်င့္ေနတာ ၾကာ​ေနၿပီ။ ဒါေပမယ့္ ေသြးမျမင္ရေသးဘူး။ ဒီေတာ့ ကိုယ္ ပန့္န်ိဳလင္(ႏြားခြာယွက္ေျပး)ေတာင္တန္းေတြဆီသြားၿပီး အဲ့ဒီမွာ သားရဲေတြနဲ႕ ရင္ဆိုင္တိုက္ခိုက္ၾကည့္ခ်င္တယ္"

ကုက်ိဳးတစ္ေယာက္ ကူကယ္ရာမဲ့သည့္ပုံေပါက္သြားသည္။

ေထာက္ပံ့သူေရ၊ အ​ဲ့ဒီလမင္းတစ္စင္းလို ေတာက္ပခန့္ညားေနတဲ့ မ်က္ႏွာနဲ႕ အဲ့လို ေသြးသံရဲရဲစကားေတြကို မေျပာလို႔ရမလား.....အဲ့ဒီေျပာစကားေတြက အက်ိဳးအေၾကာင္းသင့္ေနေပမယ့္ေပါ့ေလ။.....

ေနာက္ေတာ့ ကုက်ိဳးက ရွက္႐ြံစြာျဖင့္ ေမးလိုက္သည္။

"ကြၽန္ေတာ္လည္း သြားရမွာလား?"

ကုန္းရိထ်န္းဟန္က ညင္သာစြာ ေခါင္းညိမ့္လိုက္သည္။

"ကိုယ့္ခႏၶာကိုယ္က အားက်ိဳးရဲ႕ ျပဳစုေစာင့္ေရွာက္မႈေတြနဲ႕ ခြဲ​ေနလို႔မွမရတာ"

ကုက်ိဳး နားလည္ေပသည္။

သူသည္ ဒီၿခံဝန္းႀကီးထဲမွာပဲေနၿပီး ေန႕ရွိသ၍ ေဆးဝါးမ်ားကိုသာ သန့္စင္ခ်င္သည္မွန္ေသာ္လည္း ေထာက္ပံ့သူကို တစ္ေယာက္တည္း သြားခိုင္းဖို႔ေတာ့ သူ စိတ္မခ်နိဳင္ေပ။ မေတာ္လို႔ ေထာက္ပံ့သူ လမ္းမွာ တစ္ခုခုအႏၲရာယ္ႀကဳံၿပီး သတိမထားမိဘဲ ခႏၶာကိုယ္မွာ ထိခိုက္ဒဏ္ရာရခ​ဲ့ရင္ ဘယ္လိုလုပ္မလဲ? ထိုအခါ သူအရင္က လုပ္ခဲ့သမွ်ေတြ အကုန္ေရစုန္ေမ်ာသြားနိုင္သည္။

ထိုသို႔စဥ္းစားမိေတာ့ ကုက်ိဳး အနည္းငယ္ တုန္လႈပ္ေျခာက္ျခားသြားသည္။

ဒီခရီးကိုသြားရတာ သူေသခ်ာေပါက္ ေသြးသံရဲရဲေတြ ျမင္ရေတာ့မွာပင္။ သူလည္းပဲ ဒီလိုေန႕မ်ိဳးကို ေျပးမလြတ္နိုင္ဘူးဆိုတာ သိထားၿပီးသားျဖစ္သည္။

ထားလိုက္ပါေတာ့ေလ၊ ဒီအတိုင္းလည္းေကာင္းေနတာပဲ။

ေထာက္ပ့ံသူကို အေဖာ္ျပဳၿပီး တျဖည္းျဖည္းခ်င္းသြားတာက ေနာက္ပိုင္း ႐ုတ္တရတ္ ရင္ဆိုင္ရမွာထက္စာရင္ ပိုေကာင္းပါတယ္။

မိုး႐ြာမယ့္ေန႕အတြက္ ႀကိဳတင္ျပင္ဆင္ရမယ္ဆိုတဲ့စကားလည္း ရွိတယ္မလား.....

ကုက်ိဳးက ေသခ်ာစဥ္းစားၿပီးေနာက္ ေခါင္းညိမ့္ျပလိုက္သည္။

"ကြၽန္ေတာ္သိပါၿပီ။ အခုပဲ သြားၿပီး အထုပ္အပိုးျပင္လိုက္မယ္"

သူက ခဏတန့္သြားၿပီးေနာက္ ခပ္တိုးတိုးေျပာလိုက္သည္။

"ထ်န္းဟန္သခင္ေလးမွာ ထည့္ခ်င္တဲ့ပစၥည္းရွိခဲ့ရင္ ကြၽန္ေတာ္ရဲ႕ အဲ့ဒါထဲမွာ ထည့္ထားလို႔ရတယ္"

ကုန္းရိထ်န္းဟန္၏ အၾကည့္မ်ားက အနည္းငယ္ လႈပ္ခတ္သြားၿပီး အၿပဳံးမ်ားက ပိုမိုနက္ရွိုင္းသြားကာ:

"ေကာင္းၿပီ"

💊💊💊

သူတို႔ႏွစ္ေယာက္သည္ တစ္ေျဖာင့္တည္းသမားမ်ား​ျဖစ္ၾကသည္။ ကုက်ိဳးသည္လည္း မိန္းမလိုမိန္းမရ သူရဲေဘာေၾကာင္သူမဟုတ္​ေပ။ သူက အျပင္ထြက္​ေနစဥ္ ေဆးဖက္ဝင္အမယ္မ်ားကို လုံလုံေလာက္ေလာက္ မရွာေဖြနိုင္သည့္ေဘးမွ ေရွာင္ရွားနိုင္ရန္ သူ႕လွ်ို႔ဝွက္အခန္းထဲရွိ ေဆးအမယ္မ်ားကို တိုက္ရိုက္ သိမ္းက်ဳံးထည့္လိုက္သည္။ သူက ေဆးႀကိဳအိုးပါ သယ္သည့္အျပင္ အပိုႏွစ္အိုးပါ ထည့္လာခဲ့သည္။ အျခားေသာ ေဆးအႏွစ္ရည္၊ ေဆးဝါးဓာတ္စာမ်ားျပဳလုပ္ရာတြင္ သုံးသည့္ အသုံးအေဆာင္ပစၥည္းမ်ားကိုလည္း အပိုႏွစ္ခုစီထည့္ခဲ့သည္။

လဲဝတ္စရာ အဝတ္အစားကေတာ့ ကုက်ိဳးသည္ ဒီမွာေနလာတာ လေပါင္းမ်ားစြာ ရွိခဲ့ၿပီ။ ထို႔ေၾကာင့္ ကုန္းရိထ်န္းဟန္သည္ သူ႕အတြက္ လိုအပ္သည့္အရာမ်ားကို အေစာႀကီးကတည္းက စီစဥ္ျပင္ဆင္ေပးထားျဖစ္သျဖင့္ သူ႕မွာ ဝတ္စုံစုစုေပါင္း အစုံ (၂၀) (၃၀)ခန့္ရွိေလသည္။ သူက ေသခ်ာစဥ္းစားၿပီးေနာက္ အဝတ္အစား (၇)စုံ (၈)စုံခန့္ထည့္လိုက္သည္။ ထိုထဲမွ (၂)စုံစာက တစ္ခ်က္ၾကည့္႐ုံျဖင့္ အလြန္ေကာင္းမွန္းသိသာသည့္ အဝတ္အစားမ်ားျဖစ္ၿပီး က်န္တာေတြကိုေတာ့ တတ္နိုင္သမွ် ရိုးရွင္းေသာ အဝတ္အစားမ်ားကို ေ႐ြးထည့္လိုက္သည္။

အျခားတစ္ဖက္တြင္ေတာ့ ကုန္းရိထ်န္းဟန္သည္ ပိုက္ဆံကိုသာ အဓိကထား သယ္ယူ​လိုက္သည္။

ထို႔ေနာက္သူသည္ အရည္အေသြးမ်ိဳးစုံေသာ အဝတ္အစား (၁၀)စုံခန့္ကို ကုက်ိဳးထံ ေပးလိုက္ၿပီးေနာက္ သူ႕ဝတ္႐ုံလက္ထဲမွ ေ႐ႊသားလက္မွတ္မ်ားကို ထုတ္လိုက္ၿပီး ကုက်ိဳးလက္ထဲသို႔ အကုန္တန္းထည့္လိုက္သည္။

ကုက်ိဳး မ်က္လုံးျပဴးသြားသည္။

ေ႐ႊသားလက္မွတ္တစ္႐ြက္ကို ေ႐ႊစတစ္ေသာင္းႏွင့္ တန္ဖိုးတူၿပီး ေ႐ႊသားလက္မွတ္ အ႐ြက္ (၂၀)ေတာင္ဆိုေတာ့! ေထာက္ပံ့သူအျပင္တစ္ခါထြက္တာကို ေ႐ႊစ ႏွစ္သိန္းေတာင္ သယ္တာက နည္းနည္းေတာ့ ခ်​ဲ့ကားလြန္းရာမက်ဘဴးလား! ကုက်ိဳးသည္ ေလလံပြဲက အေၾကာင္းကို မွတ္မိေနသည္။ အဲ့ဒီတုန္းကေရာင္းတဲ့ ေနာက္ဆုံးပိတ္ေလလံပစၥည္းေကာင္းေတြေတာင္ အခုေလာက္ပိုက္ဆံအမ်ားႀကီး မက်ေပ.....

ကုန္းရိထ်န္းဟန္က ၿပဳံးလိုက္ကာ ေနာက္ထပ္ ေ႐ႊစကၠဴတစ္ထပ္ႀကီးကို ထပ္ထုတ္ၿပီး ခုနက ေ႐ႊသားလက္မွတ္မ်ားေပၚတြင္ တင္လိုက္သည္။

"မင္းရဲ႕အဲ့ဒီေနရာမွာထားတာက ပိုၿပီး လုံၿခဳံလိမ့္မယ္္"

ကုက်ိဳးက အေျခအေနကို အရင္းစစ္လိုက္ေတာ့: လုံၿခဳံတယ္ မလုံၿခဳံဘူးဆိုတာက ျပႆနာမဟုတ္ဘူး။ ျပႆနာက ေထာက္ပံ့သူ၊ ခင္ဗ်ားက အရမ္းခ်မ္းသာၿပီး ဩဇာႀကီးလြန္း​ေနတာပ​ဲဟုတ္ၿပီလား?

သူ႕မ်က္ႏွာအမူအရာက အလြန္သိသာသြားလို႔ထင္သည္။ ကုန္းရိထ်န္းဟန္က မထိန္းနိုင္ဘဲ ရယ္ခ်လိဳက္ကာ:

"ေလလံပြဲကေနဝယ္တဲ့ အဲဲ့ဒီပစၥည္းေတြက ကိုယ့္အတြက္ သာမန္ကိစၥပဲ။ အဲ့ဒါက ကိုယ့္စည္းစိမ္ကို လုံးဝ ထိခိုက္စရာမရွိပါဘူး။ ကိုယ္ကကုန္းရိအိမ္ေတာ္ရဲ႕ ကေလးတစ္ေယာက္ဆိုေပမယ့္ ကိုယ့္ရဲ႕ ကိုယ္ပိုင္ စည္းစိမ္က အဲ့ဒါထက္ အမ်ားႀကီးပိုမ်ားတယ္။"

သူက ေျပာၿပီးေနာက္ သူ႕မ်က္ဝန္းထဲတြင္ အၿပဳံးရိပ္မ်ား ပိုမို ယွက္သန္းလာသည္။

"ၿပီးေတာ့ အားက်ိဳး သန့္စင္ေပးတဲ့ ခ်ီအားျဖည့္ေဆးလုံးေတြကို ထ်န္းလုံတပ္ဖြဲ႕က ေမွာင္ခိုေစ်းမွာ ဆက္တိုက္တင္ေရာင္းေနတာ အခု ေ႐ႊစ တစ္မီလီယံ ရေနၿပီ"

ကုက်ိဳး ပါးစပ္အေဟာင္းသားျဖစ္သြားသည္။

"ေ႐ႊစ တစ္...တစ္မီလီယံ?"

ကုန္းရိထ်န္းဟန္က အၿပဳံးမပ်က္ရွိေနလ်က္:

"အဲ့ဒီတုန္းက ဟဲလ်န္အိမ္ေတာ္ကေန ေ႐ႊစ ႏွစ္သိန္းသုံးေသာင္းေပးဝယ္သြားတဲ့ ေျခာက္ပုလင္းေျမာက္ ခ်ီအားျဖည့္ေဆးလုံးထဲမွာ ေဆးအလုံး (၂၀၀)ပါတယ္။ ေနာက္ေတာ့ ကိုယ္ေတာင္းဆိုလို႔ အားက်ိဳး ေနာက္ဆုံး သန့္စင္ေပးတဲ့ ေဆးအလုံး တစ္ေထာင္ကို ျပန္ခြဲၿပီး အလုံးတစ္ရာပါတဲ့ တစ္ပုလင္းကို ေမွာင္ခိုေစ်းမွာ တစ္သိန္းနဲ႕ ေရာင္းခဲ့တာ။ အားလုံးကို ရက္နည္းနည္းနဲ႕ ေရာင္းထြက္သြားတယ္။ ဆိုေတာ့ ေပါင္းလိုက္ရင္ ေ႐ႊစ တစ္မီလီယံရတယ္"

ကုက်ိဳးက နားထင္ကို လက္ျဖင့္ဖိလိုက္သည္။

အဲ့ဒါက ေဆးႀကိဳအိုး (၂၀)စာပဲရွိတဲ့ ေဆးလုံးေလးေတြပဲကို..... သူသည္ ေထာက္ပ့ံသူကို မညွာမတာရက္စက္ရာက်သည္ဟုပ​ဲေျပာရမလား ဒါမွမဟုတ္ သူ႕ေဆးလုံးေတြကပဲ တကယ္ ေ႐ႊတြင္းႀကီးျဖစ္ေနသလား မသိေတာ့ေပ။

ထိုကိစၥႀကီးက အလြန္အံ့ဩစရာေကာင္းေသာေၾကာင္​့ ကုက်ိဳးသည္ ကုန္းရိထ်န္းဟန္က ေနာက္ထပ္ ေ႐ႊလက္မွတ္မ်ားစြာကို အထပ္လိုက္ထပ္မံ ထုတ္လာၿပီး သူသိမ္းဖို့္ လက္ထဲထည့္ေပးေနသည္ကိုပင္ ေရးႀကီးခြင္က်ယ္မေျပာနိုင္ေတာ့ေပ။

သူသည္ ပိုမို စိတ္တည္ၿငိမ္လာသည္။

ဘယ္လိုပဲျဖစ္​​​​ျဖစ္ ေထာက္ပံ့သူသည္ ႂကြယ္ဝခ်မ္းသာၿပီး ဩဇာႀကီးမားသူတစ္ေယာက္ျဖစ္ၿပီး ႂကြယ္ဝမႈမ်ားကလည္း ပိုမိုတိုးပြားလာမွာျဖစ္သည္။ ေနာင္ကို သူက ဒီေလာက္ ေငြေတြအမ်ားႀကီး ျမင္ရရင္ေတာင္ အခုလို အံ့ဩေတာ့မည္မဟုတ္ေပ။ အင္း၊ သူက ေထာက္ပံ့သူ ေနာက္လိုက္ၿပီဆိုမွေတာ့ နည္းနည္းေတာ့ အလိုက္သင့္ေနသင့္တာေပါ့

ဤသို႔ျဖင့္ ကုက်ိဳး၏ ေလဟာနယ္သိုေလွာင္႐ုံအတြင္းရွိ အခန္းတစ္ခန္းထ​ဲတြင္ ေထာက္ပံ့သူ၏ ပစၥည္းမ်ားျဖင့္ ျပည့္သြားေတာ့သည္။

အဝတ္အစားေသတၱာ(၂)ခု၊ လက္နက္ဆယ္ခု​ေက်ာ္ႏွင့္ ေ႐ႊစ (၁၅) မီလီယံ တန္ဖိုးရွိေသာ ေ႐ႊသားလက္မွတ္မ်ား.......

ဟုတ္တယ္၊ ဒါက ဘာမွမထူးဆန္းပါဘူးေလ။

အားလုံး အဆင္ေျပသြားၿပီးေနာက္ ကုန္းရိထ်န္းဟန္သည္ ကုက်ိဳးကိုေခၚကာ အိမ္ေတာ္မွ ထြက္ခဲ့သည္။

အိမ္ေတာ္၏ အျပင္ဘက္တြင္ ရထားလုံးတစ္စီး အသင့္ရွိေနသည္။ ရထားလုံး၏ အရည္အေသြးက အလယ္အလတ္အဆင့္မွ အျမင့္စားအဆင့္ေလာက္ရွိၿပီး အေရွ႕တြင္ ျမင္းရိုင္းႏွစ္ေကာင္ျဖင့္ ႀကိဳးဆြဲထားသည္။ -- ထိုျမင္းမ်ားက မီးနဂါးအေၾကးခြံျမင္းမ်ား ေသခ်ာေပါက္ မဟုတ္ေပ။ ၄င္းတို႔က အလြန္သိသာထင္ရွားသလို တစ္ကိုယ္လုံး အနီေရာင္ျဖစ္ကာ အတုမရွိေသာ မာန္ဟုန္အျပည့္ျဖင့္​ျဖစ္သည္။ ၄င္းတို႔မွာ ေခါင္းႏွင့္ ေျခေလးေခ်ာင္းက ​ျခ​ေသၤ့တစ္ေကာင္ႏွင့္တူသည္​့ မီးလွ်ံ​ျခ​ေသၤ့ ျမင္းအမ်ိဳးအစားျဖစ္သည္။

ထိုျမင္းမ်ားက ၾကည့္ရတာ အလြန္ခန့္ညားထည္ဝါလွေသာ္လည္း စိတ္ေနစိတ္ထားက ယဥ္ပါးလိမၼာၿပီး အေတာ္ ႏူးညံသိမ္ေမြ႕ၾကသည္။

လုံရိသည္ ထ်န္းလုံတပ္ဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သည့္အေလ်ာက္ အခ်ိဳ႕ေသာ ကိစၥမ်ားကို တာဝန္ယူေျဖရွင္းရန္ က်န္ရစ္ခဲ့သည္။ ထို႔အျပင္ ထ်န္းလုံတပ္ဖြဲ႕၌ ႐ုပ္ဖ်တ္ျခင္းအတတ္ကို ကြၽမ္းက်င္သူ သိုင္းပညာရွင္မ်ား ရွိၾကၿပီး ထိုသူတို႔က စံအိမ္ေတာ္မွ အျခားလူမ်ားကို လွည့္စားရန္ ကုန္းရိထ်န္းဟန္အသြင္ကဲ့သို႔ ႐ုပ္ဖ်တ္ေျပာင္းလဲနိုင္ၾကသည္။

ထို႔ေၾကာင့္ ရထားလုံးေပၚရွိ လွည္းေမာင္းသူေနရာတြင္ ေနာက္ထပ္အရိပ္တစ္ခု ေနရာယူထားၿပီး တင္ပ်က္ေခြထိုင္ေနသည္။ ထို႔လူသည္ တစ္ကိုယ္လုံးကို မီးခိုးေရာင္ သာမာန္ဝတ္စုံကို ဝတ္ဆင္ထားၿပီး ေလထဲတြင္ မီးခိုးေရာင္ တလူလူလြင့္ေနသည္။ ထိုသူက လုံအာ့ပင္ျဖစ္သည္။

ကုန္းရိထ်န္းဟန္သည္ ရထားလုံးေပၚ တက္လိုက္ကာ လက္တစ္ဖက္ကို ဆန့္တန္းၿပီး ေျပာလိုက္သည္။

"လာ ၊အားက်ိဳး"

ကုက်ိဳးသည္ မ်က္ႏွာ အနည္းငယ္နီျမန္းသြားၿပီးေနာက္ ေထာက္ပံ့သူ၏ လက္ကိုကိုင္ကာ ရထားလုံးေပၚသို႔ တက္လိုက္သည္။

ရထားလုံး၏ အတြင္း၌ သားရဲသတၱဝါတစ္ေကာင္၏ သားေမြးမ်ားျဖင့္ ဆင္ယင္ထားၿပီး အလြန္သက္ေတာင့္သက္သာရွိကာ ေနရာက်ယ္ဝန္းသည္။

ကုန္းရိထ်န္းဟန္သည္ ရထာလုံး၏ အလယ္တည့္တည့္တြင္ ထိုင္လိုက္ၿပီး ကုက်ိဳးက သူ႕ေဘးနားတြင္ လိမ္လိ္မ္မာမာ လိုက္ထိုင္လိုက္သည္။

ၿပီးေတာ့ သူတို႔၏ အျခားတစ္ဖက္တြင္ သာမန္႐ုပ္ရည္ႏွင့္ အလြန္ေဖာ္ေ႐ြပုံရသည့္ လူလတ္ပိုင္း ေယာက်ာ္းႀကီးတစ္ေယာက္လည္း ရွိေနသည္။

"ဒီလက္ေအာက္ငယ္သားက ႐ႊီဝမ္ဟယ္လို႔ေခၚပါတယ္။ သခင္ေလးနဲ႕ ေဆးဆရာကု တို႔ကို ႏႈတ္ဆက္ပါတယ္။"

ကုက်ိဳးသည္ အျမန္ျပန္လည္ ႏႈတ္ဆက္လိုက္ၿပီးေနာက္ သူ၏ေထာက္ပံ့သူကို လွမ္းၾကည့္လိုက္သည္။

ကုန္းရိထ်န္းဟန္က ခပ္ဖြဖြ ၿပဳံးလိုက္ကာ:

"အားက်ိဳး၊ သူက ကိုယ္တို႔ရဲ႕ လမ္းျပေလ"

ရထားလုံးက လႈပ္ရွားသြားၿပီးေနာက္ လုံအာ့က မီးလွ်ံ​ျခ​ေသၤ့ ျမင္းမ်ားကိုေရွ႕သို႔ စတင္ေမာင္းႏွင္လိုက္သည္။

ကုန္းရိထ်န္းဟန္က တည္ၿငိမ္ေအးခ်မ္းစြာ ၿပဳံးေနလ်က္ ေလသံတိုးတိုးျဖင့္ ေျပာလာသည္။

"ဒါေပမယ့္ မသြားခင္မွာ ကိုယ္ အားက်ိဳးကို ပြဲႀကီးပြဲေကာင္းတစ္ခု ၾကည့္ခိုင္းဖို႔ရွိတယ္"

_____________________________________

အခ်စ္ဆုံးတို႔ေရ.......

သူတို႔ရဲ႕ ပထမဆုံး ခရီးစဥ္ႀကီး စတင္ပါၿပီေနာ္ ❤ အားလုံးပဲ ေပ်ာ္႐ႊင္စရာသီတင္းကြၽတ္ပါေနာ္။ 🎇🎆 ခ်စ္တဲ့သူေတြနဲ႕ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းနိုင္ၿပီး လုံၿခဳံေဘးကင္းၾကပါေစ။

With love ❤
Taiga 😘

((Unicode))

အပိုင်း (၃၄)
ရွှေသားလက်မှတ်များ

💊💊💊
ကုန်းရိထျန်းဟန်သည် (၁၅)မိနစ်ခန့် လေ့ကျင့်ပြီးနောက် ရပ်လိုက်ကာ ကုကျိုးကို သူ့ဆီလာဖို့ လက်ယက်ခေါ်လိုက်သည်။

ကုကျိုးကလည်း ထိုသို့လှမ်းခေါ်သည်နှင့် ထုံးစံအတိုင်း ထောက်ပံ့သူထံသို့ အမြန်ပြေးသွားလိုက်သည်။

သူက ခုနကမြင်ကွင်းကိုကြည့်ပြီး တွေဝေငေးမောနေခြင်းဖြစ်သည်။ အကြောင်းက ထောက်ပံ့သူသည် ကျင့်ကြံရေးအဆင့်များကို အလွန်မြန်ဆန်စွာ တိုးတက်သွားသည်သာမက သူ၏ ထိုးထွင်းသိမြင်နိုင်စွမ်းကလည်း အလွန်ကြီးမားလှသည်။ -- အမှန်ပင်။ ထောက်ပ့ံသူသည် ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့်(၃)ကို ရောက်ရှိနေပြီး နှစ်ရှည်လများ သိုင်းပညာကျင့်ကြံလာသူ လုံရိနှင့် အဆင့်ငယ်လေး(၁)ခုသာ ကွာတော့သည်။ -- သူ လေ့ကျင့်နေသော သိုင်းကွက်များကလည်း အမျိုးစားစုံလင်ပြီး ကွဲပြားခြားနားကြသည်။ သူတွေ့ရသမျှ ထောက်ပံ့သူ၏ သိုင်းပညာအမျိုးအစားများသည် နေ့တိုင်းတိုးပွားနေပြီး အခုဆို အမျိုးပေါင်း (၂၀)ကျော်မကရှိနေပြီဖြစ်သည်။

လက်ရှိတွင် ထောက်ပံ့သူသည် သူ့ဟာသူ ကိုယ်ခံပညာ လေ့ကျင့်ရုံသာမက ကုကျိုးကိုပါ သင်ကြားပေးနေသည်။

ထို့ကြောင့် ကုကျိုးမှာ သူ့အနားသို့ရောက်သည်နှင့် မြင်းစီထိုင် အနေအထားရပ်ပြီး လက်သီးထိုးလေ့ကျင့်ရတော့သည်။

.....ဒီလို လေ့ကျင့်ရသည့်အချိန်တိုင်း ကုကျိုးသည် လောကကြီးမှာ ဝဋ်ဆိုတာလည်တတ်မှန်း အမြဲတမ်း သံဝေဂရမိသည်။

သူသည်အရင်က ထောက်ပံ့သူ၏ ပျော့တိပျော့ဖတ် တောင်ရောက်မြောက်ရောက် အကြည့်ရဆိုးသည့် လက်သီးထိုးပုံကို ကြည့်ပြီး စိတ်ထဲက ကြိတ်ဝေဖန်ခဲ့သမျှ အခုတော့ သူပါ အဲ့ဒီ ပျော့တိပျော့​ဖတ် လက်သီးထိုးနည်းကို လေ့ကျင့်နေရပြီဖြစ်သည်။ စဥ်းစားကြည့်လိုက်တော့ အရင်က ထောက်ပံ့သူ၏ ရုပ်ချောချောလေးနှင့် လက်သီးထိုးသည်က အနည်းငယ် ရယ်စရာကောင်းသော်လည်း သူအခု လေ့ကျင့်သည့်အခါမှာတော့ အဲ့လို ပြောမထွက်တော့ပေ။

သို့သော် ထိုပျော့တိပျော့ဖတ် လက်သီးထိုးနည်းက သေချာပေါက် အချဥ်တော့မဟုတ်။

ကုကျိုး အနေဖြင့်ပြောရလျှင် ထိုလက်သီးထိုးပုံထိုးနည်းကား အနည်းငယ် ရှက်စရာကောင်းသော်လည်း သူလက်သီးထိုးလိုက်သည့်အခါတိုင်း စစ်မှန်​ေသာချီစွမ်းအင်များက လက်သီးထိုးချက် လားရာအတိုင်း လိုက်ပါစီးဆင်းပြီး သူ၏ခန္ဓာကိုယ်ကို ညီမျှအောင် ထိန်းညှိပေးသလို ကြွက်သားများကို ပြေလျော့စေကာ ခြေလက်များ၏ တွဲဖက်လုပ်ဆောင်နိုင်စွမ်းကိုလည်း တိုးတက်လာစေသည်။

ထောက်ပ့ံသူ သင်ကြားပေးထားသည့်ပုံအရ သူသည် ပထမဆုံးလက်သီး (၁၂)ချက်ကိုတော့ လုံးဝပိုင်နိုင်​ေနရမည်ဖြစ်ပြီး နောက်ပိုင်း လက်သီးချက်များကတော့ မိမိစိတ်ခံစားချက်အတိုင်း ဆက်လက်ထိုးရ​ေပသည်။ ကုကျိုးသည် ဘယ်နေရာကိုထိုးထိုး မသက်မသာခံစားရသည်ဟူ၍ မရှိပေ။ နောက်ပြီး သူ မသက်မသာခံစားလာရသည့်အခါ၌လည်း သူက လက်သီးထိုးနေသည့် လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်သည်။

ကုကျိုးသည် သင်ပေးသည့်အတိုင်း သေချာလိုက်လုပ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ၏ ပျော့ဖတ်ဖတ်လက်သီးချက်များနှင့် ထောက်ပံ့သူ၏ ပျော့ဖတ်ဖတ်လက်သီးချက်များက ကြီးမားစွာ ကွာခြားနေသည်။

ကြည့်ရတာ ဒါကလည်း ဆေးဆရာတစ်ယောက်နဲ့ သိုင်းပညာရှင်တစ်ယောက်ကြားက ကွာခြားချက်ပဲလား?

သို့သော် ကုကျိုးသည် အခု သူလေ့ကျင့်နေသည့် ပျော့ဖတ်ဖတ် လက်သီးထိုးနည်း တစ်ခုကိုသာ လေ့ကျင့်လို့ရနိုင်သည်။

-- အစတုန်းက ကုန်းရိထျန်းဟန်သည် ကုကျိုးကို သိုင်းကွက်များ သင်ပေးဖို့ ကြိုးစားခဲ့သည်။

အဲ့ဒီတုန်းကတော့ ကြိုးစားကြည့်ရုံမျှသာ ရည်ရွယ်ခဲ့တာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒီတိုက်ကြီးပေါ်ရှိ လူအားလုံး အကြမ်းဖျင်း သိကြသည်မှာ: ဆေးဆရာအနည်းငယ်သာ ကျင့်ကြံရေးနည်းလမ်းများကို အမွေဆက်ခံနိုင်သည်။ ထိုကျင့်ကြံရေး လေ့ကျင့်နိုင်သည့် ဆေးဆရာထဲမှ အနည်းငယ်ကသာ ရှန်းထျန်းအဆင့်သို့ရောက်ရှိပြီး ရှန်းထျန်းအဆင့်သိုင်းပညာရှင်များအတွက် သင့်တော်သော ဆေးဝါးများကို သန့်စင်နိုင်သည်။ ထိုအထဲမှ အလွန်ရှားရှားပါးပါး ရှန်းထျန်းထိပ်ဆုံးအဆင့် ရောက်ရှိသူ ဆေးဆရာများကသာ ထို့ဖန် မသေမျိုးအဆင့်သိုင်းပညာရှင်များအတွက် သင့်တော်သော ဆေးဝါးများကို ဖော်စပ်သန့်စင်နိုင်ကြသည်။

ထို့ကြောင့် သိုင်းပညာလေ့ကျင့်နိုင်ဖို့က အဝေးကြီးမှာပင်။

ဘာကြောင့်မှန်းတော့မသိ။ ဆေးဆရာများသည် သူတို့၏ စစ်မှန်သောချီစွမ်းအင်ကိုသိုလှောင်၍ မိမိသက်တမ်းကို ပိုမိုရှည်ကြာအောင် ဆွဲဆန့်ထားနိုင်သည်။ သို့သော် သူတို့က သိုင်းပညာကျင့်ကြံဖို့တော့ လုံးဝကို မဖြစ်နိုင်ပေ။ ထို့အပြင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ထို့ဖန်မသေမျိုးအဆင့် ရှိသည့် ဆေးဆရာမျိုးကို တစ်ယောက်တစ်လေတောင် မမြင်ဖူးကြချေ။

ကုန်းရိထျန်းဟန်က ကုကျိုးကို သိုင်းပညာ သင်ပေးရခြင်းအကြောင်းက သူသည် ကုကျိုးတွင် မည်သို့သော အံ့ဩစရာကောင်းသည့် အမွေဆက်ခံမှုမျိုး ရရှိလာခ​ဲ့မှန်း မသိနိုင်၍ဖြစ်သည်။ ကုန်းရိထျန်းဟန်သည် ကုကျိုး၏ ကျင့်ကြံရေးနည်းလမ်းကို အလွန်ထူးခြားသည်ဟု မြင်မိသည်။ ၄င်းက ဆေးဆရာများအတွက် အထူးသီးသန့် ဖန်တီးထားသည့် ကျင့်စဥ်တစ်ခုဖြစ်ပုံရသည်။ ထို့ကြောင့် သူသည် ကုကျိုး၏ အခြေအနေအရ သိုင်းပညာကျင့်ကြံနိုင်လာမလားဟူ၍ ကြိုးစားကြည့်ခြင်းဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင်​့ ကုကျ​ိုး မလုပ်နိုင်ခဲ့ပေ။

...... ကြည့်ရတာ ဒါက ဆေးဆရာများ၏ မွေးရာပါ ကန့်သတ်ချက် သို့မဟုတ် သူတို့နှင့် သင့်တော်သော နည်းလမ်းကို ရှာမတွေ့သေး၍ ဖြစ်နိုင်သည်။ သို့သော် ဘယ်သူက သိမှာလဲ?

အဆုံးသတ်အဖြေကတော့ ထို <<မရဏဝိညာဥ်ဆူး>> ကျမ်းစာအုပ်ထဲတွင် ရှိကောင်းရှိနေနိုင်သည်။

နှမြောစရာကောင်းသည်က ကုန်းရိထျန်းဟန်သည် ယခုထိ ထိုမရဏဝိညာဥ်ဆူး ကျမ်းစာကို နှံ့စပ်အောင် မလေ့လာရသေးသလို ကုကျိုးကလည်း ထိုကျမ်းစာကို စတင်ကျင့်ကြံဖို့ လုံးဝဥဿုံ နားလည်သဘောမပေါက်သေးပေ။ ထို့အပြင် ကုကျိုးမှာ အလွန်အလုပ်များရသူဖြစ်သည်။ ဤသို့ဖြင့် လတ်တလောတွင် ထိုမရဏဝိညာဥ်ဆူးအကြောင်းကို ခဏဘေးဖယ်ထား​ေလသည်။

အဓိကအကြောင်းရင်းကို ဆက်ရလျှင်..

ထိုပျော့ဖတ်ဖတ် လက်သီးထိုးနည်းကို ကုန်းရိထျန်းဟန်က တီထွင်ထားခြင်းဖြစ်ပြီး နာမည်လည်းမရှိပေ။ ၄င်းက သူသိုင်းပညာ မကျင့်ကြံမီ ခန္ဓာကိုယ်ကို တောင့်တင်းခိုင်မာအောင် လေ့ကျင့်ရန် ဖန်တီးထားခြင်းဖြစ်သည်။ ဤနည်းလမ်းသည် <<နတ်ဆေးပညာစိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်း>> ပေါ် မူတည်၍ ဥာဏ်ကွန့်မြူးထားခြင်းဖြစ်သည့်အတွက် ကုကျိုးက အစပိုင်းကို လိုက်လံသင်ယူနေနိုင်ခြင်းဖြစ်သည်။ သို့သော်လည်း အဆုံး၌ သိုင်းပညာရှင်နှင့် ဆေးဆရာတို့သည် ခန္ဓာကိုယ်ချင်းကတော့ မတူညီကြပေ။ ဆေးဆရာများတွင် ဆေးပုလဲများရှိပြီး သိုင်းပညာရှင်များမှာ ထိုသို့မရှိပေ။ ထို့ကြောင့် ဆေးဆရာတို့အတွက် သင့်တော်သောနည်းလမ်းများက သိုင်းပညာရှင်များအတွက် သင့်တော်ချင်မှ သင့်တော်ပေလိမ့်မည်။

ဤအချက်ကြောင့် ကုန်းရိထျန်းဟန်က ကုကျိုးကို မိမိသက်တောင့်သက်သာဖြစ်သလို ချိန်ဆလေ့ကျင့်ခိုင်းခြင်းဖြစ်ပြီး အဲ့ဒါက ကုကျိုးကို မိမိခန္ဓာကိုယ်အတွက် ဘာကသင့်တော်ကောင်းမွန်သည်ဆိုတာ စူးစမ်းရှာဖွေနိုင်စေသည်။

ကုကျိုးသည် ဤနည်းဖြင့် အချိန်အတော်ကြာ လေ့ကျင့်လာသည့်အခါ သူ့ခန္ဓာကိုယ်က အတော်အတန် တောင့်တင်းသန်မာလာသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲရှိ စစ်မှန်သော ချီစွမ်းအားများကလည်း ပိုမို မြန်ဆန်တက်ကြွလာပြီး အရိုးပုလဲများ ငွေ့ရည်ဖွဲ့ရာတွင် ပိုမို မြန်ဆန်လာသည်။

ထို့ကြောင့် ကုကျိုးသည် ဒီနည်းလမ်းက အကြည့်ရဆိုးသော်လည်း ထောက်ပံ့သူက သူကောင်းဖို့အတွက် သင်ပေးခြင်းဖြစ်သည့်အတွက် ဤနည်းလမ်းကို နေ့တိုင်း တစိုက်မတ်မတ် လေ့ကျင့်ဖြစ်လေသည်။

သူတို့နှစ်ဦးသည် တစ်ခေါက် လေ့ကျင့်ပြီးနောက် ကုန်းရိထျန်းဟန်က သူ၏ လက်များကို ရပ်တန့်လိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် ချွေးအလွှာပါးလေးတစ်ထပ် လွှမ်းခြုံထားပြီး သူ၏အသွင်အပြင်ကား အလွန်ချောမောခန့်ညားကာ အထူး သူရဲကောင်းဆန်သည့် အသွင်ဆောင်နေသည်။

ဒီတစ်ခါတော့ ကုကျိုးသည် ထောက်ပံ့သူကို ကြည့်သည့်အခါ သူ၏အကြည့်များက ထောက်ပံ့သူ၏ မျက်နှာပေါ်တွင်သာ ရပ်တန့်မနေဘဲ ထောက်ပံ့သူ၏ ပင်ကိုစိတ်အပေါ်တွင်ပါ ကြောက်ရွံတုန်လှုပ်မိ​ေလသည်။

ကုကျိုးသည် တစ်ကိုယ်လုံး ပူနွေးနေပြီး ခန္ဓာကိုယ်တွင် ချွေးများစိုရွှဲနေသည်ကို ခံစားမိသည်။ သူ့ မျက်နှာက သွေးရောင်လွှမ်းနေကာ စိတ်ဓာတ်အားမာန်တို့ကလည်း အရမ်းကို ကောင်းမွန်နေသည်။

သူက ခေါင်းမော့လိုက်ကာ:

"ထျန်းဟန်သခင်လေး၊ ကျွန်တော် ဆေးဝါးသန့်စင်ဖို့ သွားတော့မယ်"

ထိုအခါ ကုန်းရိထျန်းဟန်က သူ့ကို ခါတိုင်းနေ့များကဲ့သို့ သဘောတူကြောင်းမပြောဘဲ သူ့အပြောကို ငြင်းဆန်လိုက်သည်။

"ဟင့်အင်း၊ အားကျိုးက နေ့စဥ်သုံးဖို့ လိုအပ်တဲ့ပစ္စည်းသွားထည့်ချေ။ ကိုယ်တို့ အ​​ပြင်သွားကြမယ်"

ကုကျိုးက အံ့အားသင့်သွားကာ:

"အပြင်သွားမယ်? ဘာပစ္စည်းတွေ ထည့်ရမှာလဲ?"

ကြည့်ရတာ ထောက်ပံ့သူက​ စျေးဝယ်ထွက်ချင်လို့လား? ဒါပေမယ့် အဲ့ဒါဆို အထုပ်ပြင်ဖို့ မလိုဘူးမဟုတ်လား..... မဟုတ်မှလွဲရော ကုန်းရိအိမ်တော်ကို ခဏပြန်မလို့လား? အဲ့ဒီမှာ ဘာကိစ္စများ ဖြစ်လို့လဲ?

ကုန်းရိထျန်းဟန်က နှုတ်ခမ်းထောင့်များ ကွေးသွားကာ:

"ကိုယ် အိမ်တော်ထဲမှာပဲ သိုင်းလေ့ကျင့်နေတာ ကြာ​ေနပြီ။ ဒါပေမယ့် သွေးမမြင်ရသေးဘူး။ ဒီတော့ ကိုယ် ပန့်နျိုလင်(နွားခွာယှက်ပြေး)တောင်တန်းတွေဆီသွားပြီး အဲ့ဒီမှာ သားရဲတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ကြည့်ချင်တယ်"

ကုကျိုးတစ်ယောက် ကူကယ်ရာမဲ့သည့်ပုံပေါက်သွားသည်။

ထောက်ပံ့သူရေ၊ အ​ဲ့ဒီလမင်းတစ်စင်းလို တောက်ပခန့်ညားနေတဲ့ မျက်နှာနဲ့ အဲ့လို သွေးသံရဲရဲစကားတွေကို မပြောလို့ရမလား.....အဲ့ဒီပြောစကားတွေက အကျိုးအကြောင်းသင့်နေပေမယ့်ပေါ့လေ။.....

နောက်တော့ ကုကျိုးက ရှက်ရွံစွာဖြင့် မေးလိုက်သည်။

"ကျွန်တော်လည်း သွားရမှာလား?"

ကုန်းရိထျန်းဟန်က ညင်သာစွာ ခေါင်းညိမ့်လိုက်သည်။

"ကိုယ့်ခန္ဓာကိုယ်က အားကျိုးရဲ့ ပြုစုစောင့်ရှောက်မှုတွေနဲ့ ခွဲ​ေနလို့မှမရတာ"

ကုကျိုး နားလည်ပေသည်။

သူသည် ဒီခြံဝန်းကြီးထဲမှာပဲနေပြီး နေ့ရှိသ၍ ဆေးဝါးများကိုသာ သန့်စင်ချင်သည်မှန်သော်လည်း ထောက်ပံ့သူကို တစ်ယောက်တည်း သွားခိုင်းဖို့တော့ သူ စိတ်မချနိုင်ပေ။ မတော်လို့ ထောက်ပံ့သူ လမ်းမှာ တစ်ခုခုအန္တရာယ်ကြုံပြီး သတိမထားမိဘဲ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရခ​ဲ့ရင် ဘယ်လိုလုပ်မလဲ? ထိုအခါ သူအရင်က လုပ်ခဲ့သမျှတွေ အကုန်ရေစုန်မျောသွားနိုင်သည်။

ထိုသို့စဥ်းစားမိတော့ ကုကျိုး အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားသည်။

ဒီခရီးကိုသွားရတာ သူသေချာပေါက် သွေးသံရဲရဲတွေ မြင်ရတော့မှာပင်။ သူလည်းပဲ ဒီလိုနေ့မျိုးကို ပြေးမလွတ်နိုင်ဘူးဆိုတာ သိထားပြီးသားဖြစ်သည်။

ထားလိုက်ပါတော့လေ၊ ဒီအတိုင်းလည်းကောင်းနေတာပဲ။

ထောက်ပ့ံသူကို အဖော်ပြုပြီး တဖြည်းဖြည်းချင်းသွားတာက နောက်ပိုင်း ရုတ်တရတ် ရင်ဆိုင်ရမှာထက်စာရင် ပိုကောင်းပါတယ်။

မိုးရွာမယ့်နေ့အတွက် ကြိုတင်ပြင်ဆင်ရမယ်ဆိုတဲ့စကားလည်း ရှိတယ်မလား.....

ကုကျိုးက သေချာစဥ်းစားပြီးနောက် ခေါင်းညိမ့်ပြလိုက်သည်။

"ကျွန်တော်သိပါပြီ။ အခုပဲ သွားပြီး အထုပ်အပိုးပြင်လိုက်မယ်"

သူက ခဏတန့်သွားပြီးနောက် ခပ်တိုးတိုးပြောလိုက်သည်။

"ထျန်းဟန်သခင်လေးမှာ ထည့်ချင်တဲ့ပစ္စည်းရှိခဲ့ရင် ကျွန်တော်ရဲ့ အဲ့ဒါထဲမှာ ထည့်ထားလို့ရတယ်"

ကုန်းရိထျန်းဟန်၏ အကြည့်များက အနည်းငယ် လှုပ်ခတ်သွားပြီး အပြုံးများက ပိုမိုနက်ရှိုင်းသွားကာ:

"ကောင်းပြီ"

💊💊💊

သူတို့နှစ်ယောက်သည် တစ်ဖြောင့်တည်းသမားများ​ဖြစ်ကြသည်။ ကုကျိုးသည်လည်း မိန်းမလိုမိန်းမရ သူရဲဘောကြောင်သူမဟုတ်​ေပ။ သူက အပြင်ထွက်​ေနစဥ် ဆေးဖက်ဝင်အမယ်များကို လုံလုံလောက်လောက် မရှာဖွေနိုင်သည့်ဘေးမှ ရှောင်ရှားနိုင်ရန် သူ့လျှို့ဝှက်အခန်းထဲရှိ ဆေးအမယ်များကို တိုက်ရိုက် သိမ်းကျုံးထည့်လိုက်သည်။ သူက ဆေးကြိုအိုးပါ သယ်သည့်အပြင် အပိုနှစ်အိုးပါ ထည့်လာခဲ့သည်။ အခြားသော ဆေးအနှစ်ရည်၊ ဆေးဝါးဓာတ်စာများပြုလုပ်ရာတွင် သုံးသည့် အသုံးအဆောင်ပစ္စည်းများကိုလည်း အပိုနှစ်ခုစီထည့်ခဲ့သည်။

လဲဝတ်စရာ အဝတ်အစားကတော့ ကုကျိုးသည် ဒီမှာနေလာတာ လပေါင်းများစွာ ရှိခဲ့ပြီ။ ထို့ကြောင့် ကုန်းရိထျန်းဟန်သည် သူ့အတွက် လိုအပ်သည့်အရာများကို အစောကြီးကတည်းက စီစဥ်ပြင်ဆင်ပေးထားဖြစ်သဖြင့် သူ့မှာ ဝတ်စုံစုစုပေါင်း အစုံ (၂၀) (၃၀)ခန့်ရှိလေသည်။ သူက သေချာစဥ်းစားပြီးနောက် အဝတ်အစား (၇)စုံ (၈)စုံခန့်ထည့်လိုက်သည်။ ထိုထဲမှ (၂)စုံစာက တစ်ချက်ကြည့်ရုံဖြင့် အလွန်ကောင်းမှန်းသိသာသည့် အဝတ်အစားများဖြစ်ပြီး ကျန်တာတွေကိုတော့ တတ်နိုင်သမျှ ရိုးရှင်းသော အဝတ်အစားများကို ရွေးထည့်လိုက်သည်။

အခြားတစ်ဖက်တွင်တော့ ကုန်းရိထျန်းဟန်သည် ပိုက်ဆံကိုသာ အဓိကထား သယ်ယူ​လိုက်သည်။

ထို့နောက်သူသည် အရည်အသွေးမျိုးစုံသော အဝတ်အစား (၁၀)စုံခန့်ကို ကုကျိုးထံ ပေးလိုက်ပြီးနောက် သူ့ဝတ်ရုံလက်ထဲမှ ရွှေသားလက်မှတ်များကို ထုတ်လိုက်ပြီး ကုကျိုးလက်ထဲသို့ အကုန်တန်းထည့်လိုက်သည်။

ကုကျိုး မျက်လုံးပြူးသွားသည်။

ရွှေသားလက်မှတ်တစ်ရွက်ကို ရွှေစတစ်သောင်းနှင့် တန်ဖိုးတူပြီး ရွှေသားလက်မှတ် အရွက် (၂၀)တောင်ဆိုတော့! ထောက်ပံ့သူအပြင်တစ်ခါထွက်တာကို ရွှေစ နှစ်သိန်းတောင် သယ်တာက နည်းနည်းတော့ ချ​ဲ့ကားလွန်းရာမကျဘူးလား! ကုကျိုးသည် လေလံပွဲက အကြောင်းကို မှတ်မိနေသည်။ အဲ့ဒီတုန်းကရောင်းတဲ့ နောက်ဆုံးပိတ်လေလံပစ္စည်းကောင်းတွေတောင် အခုလောက်ပိုက်ဆံအများကြီး မကျပေ.....

ကုန်းရိထျန်းဟန်က ပြုံးလိုက်ကာ နောက်ထပ် ရွှေစက္ကူတစ်ထပ်ကြီးကို ထပ်ထုတ်ပြီး ခုနက ရွှေသားလက်မှတ်များပေါ်တွင် တင်လိုက်သည်။

"မင်းရဲ့အဲ့ဒီနေရာမှာထားတာက ပိုပြီး လုံခြုံလိမ့်မယ်္"

ကုကျိုးက အခြေအနေကို အရင်းစစ်လိုက်တော့: လုံခြုံတယ် မလုံခြုံဘူးဆိုတာက ပြဿနာမဟုတ်ဘူး။ ပြဿနာက ထောက်ပံ့သူ၊ ခင်ဗျားက အရမ်းချမ်းသာပြီး ဩဇာကြီးလွန်း​ေနတာပ​ဲဟုတ်ပြီလား?

သူ့မျက်နှာအမူအရာက အလွန်သိသာသွားလို့ထင်သည်။ ကုန်းရိထျန်းဟန်က မထိန်းနိုင်ဘဲ ရယ်ချလိုက်ကာ:

"လေလံပွဲကနေဝယ်တဲ့ အဲဲ့ဒီပစ္စည်းတွေက ကိုယ့်အတွက် သာမန်ကိစ္စပဲ။ အဲ့ဒါက ကိုယ့်စည်းစိမ်ကို လုံးဝ ထိခိုက်စရာမရှိပါဘူး။ ကိုယ်ကကုန်းရိအိမ်တော်ရဲ့ ကလေးတစ်ယောက်ဆိုပေမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင် စည်းစိမ်က အဲ့ဒါထက် အများကြီးပိုများတယ်။"

သူက ပြောပြီးနောက် သူ့မျက်ဝန်းထဲတွင် အပြုံးရိပ်များ ပိုမို ယှက်သန်းလာသည်။

"ပြီးတော့ အားကျိုး သန့်စင်ပေးတဲ့ ချီအားဖြည့်ဆေးလုံးတွေကို ထျန်းလုံတပ်ဖွဲ့က မှောင်ခိုစျေးမှာ ဆက်တိုက်တင်ရောင်းနေတာ အခု ရွှေစ တစ်မီလီယံ ရနေပြီ"

ကုကျိုး ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"ရွှေစ တစ်...တစ်မီလီယံ?"

ကုန်းရိထျန်းဟန်က အပြုံးမပျက်ရှိနေလျက်:

"အဲ့ဒီတုန်းက ဟဲလျန်အိမ်တော်ကနေ ရွှေစ နှစ်သိန်းသုံးသောင်းပေးဝယ်သွားတဲ့ ခြောက်ပုလင်းမြောက် ချီအားဖြည့်ဆေးလုံးထဲမှာ ဆေးအလုံး (၂၀၀)ပါတယ်။ နောက်တော့ ကိုယ်တောင်းဆိုလို့ အားကျိုး နောက်ဆုံး သန့်စင်ပေးတဲ့ ဆေးအလုံး တစ်ထောင်ကို ပြန်ခွဲပြီး အလုံးတစ်ရာပါတဲ့ တစ်ပုလင်းကို မှောင်ခိုစျေးမှာ တစ်သိန်းနဲ့ ရောင်းခဲ့တာ။ အားလုံးကို ရက်နည်းနည်းနဲ့ ရောင်းထွက်သွားတယ်။ ဆိုတော့ ပေါင်းလိုက်ရင် ရွှေစ တစ်မီလီယံရတယ်"

ကုကျိုးက နားထင်ကို လက်ဖြင့်ဖိလိုက်သည်။

အဲ့ဒါက ဆေးကြိုအိုး (၂၀)စာပဲရှိတဲ့ ဆေးလုံးလေးတွေပဲကို..... သူသည် ထောက်ပ့ံသူကို မညှာမတာရက်စက်ရာကျသည်ဟုပ​ဲပြောရမလား ဒါမှမဟုတ် သူ့ဆေးလုံးတွေကပဲ တကယ် ရွှေတွင်းကြီးဖြစ်နေသလား မသိတော့ပေ။

ထိုကိစ္စကြီးက အလွန်အံ့ဩစရာကောင်းသောကြောင်​့ ကုကျိုးသည် ကုန်းရိထျန်းဟန်က နောက်ထပ် ရွှေလက်မှတ်များစွာကို အထပ်လိုက်ထပ်မံ ထုတ်လာပြီး သူသိမ်းဖို့် လက်ထဲထည့်ပေးနေသည်ကိုပင် ရေးကြီးခွင်ကျယ်မပြောနိုင်တော့ပေ။

သူသည် ပိုမို စိတ်တည်ငြိမ်လာသည်။

ဘယ်လိုပဲဖြစ်​​​​ဖြစ် ထောက်ပံ့သူသည် ကြွယ်ဝချမ်းသာပြီး ဩဇာကြီးမားသူတစ်ယောက်ဖြစ်ပြီး ကြွယ်ဝမှုများကလည်း ပိုမိုတိုးပွားလာမှာဖြစ်သည်။ နောင်ကို သူက ဒီလောက် ငွေတွေအများကြီး မြင်ရရင်တောင် အခုလို အံ့ဩတော့မည်မဟုတ်ပေ။ အင်း၊ သူက ထောက်ပံ့သူ နောက်လိုက်ပြီဆိုမှတော့ နည်းနည်းတော့ အလိုက်သင့်နေသင့်တာပေါ့

ဤသို့ဖြင့် ကုကျိုး၏ လေဟာနယ်သိုလှောင်ရုံအတွင်းရှိ အခန်းတစ်ခန်းထ​ဲတွင် ထောက်ပံ့သူ၏ ပစ္စည်းများဖြင့် ပြည့်သွားတော့သည်။

အဝတ်အစားသေတ္တာ(၂)ခု၊ လက်နက်ဆယ်ခု​ကျော်နှင့် ရွှေစ (၁၅) မီလီယံ တန်ဖိုးရှိသော ရွှေသားလက်မှတ်များ.......

ဟုတ်တယ်၊ ဒါက ဘာမှမထူးဆန်းပါဘူးလေ။

အားလုံး အဆင်ပြေသွားပြီးနောက် ကုန်းရိထျန်းဟန်သည် ကုကျိုးကိုခေါ်ကာ အိမ်တော်မှ ထွက်ခဲ့သည်။

အိမ်တော်၏ အပြင်ဘက်တွင် ရထားလုံးတစ်စီး အသင့်ရှိနေသည်။ ရထားလုံး၏ အရည်အသွေးက အလယ်အလတ်အဆင့်မှ အမြင့်စားအဆင့်လောက်ရှိပြီး အရှေ့တွင် မြင်းရိုင်းနှစ်ကောင်ဖြင့် ကြိုးဆွဲထားသည်။ -- ထိုမြင်းများက မီးနဂါးအကြေးခွံမြင်းများ သေချာပေါက် မဟုတ်ပေ။ ၄င်းတို့က အလွန်သိသာထင်ရှားသလို တစ်ကိုယ်လုံး အနီရောင်ဖြစ်ကာ အတုမရှိသော မာန်ဟုန်အပြည့်ဖြင့်​ဖြစ်သည်။ ၄င်းတို့မှာ ခေါင်းနှင့် ခြေလေးချောင်းက ​ြခ​ေင်္သ့တစ်ကောင်နှင့်တူသည်​့ မီးလျှံ​ြခ​ေင်္သ့ မြင်းအမျိုးအစားဖြစ်သည်။

ထိုမြင်းများက ကြည့်ရတာ အလွန်ခန့်ညားထည်ဝါလှသော်လည်း စိတ်နေစိတ်ထားက ယဥ်ပါးလိမ္မာပြီး အတော် နူးညံသိမ်မွေ့ကြသည်။

လုံရိသည် ထျန်းလုံတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် အချို့သော ကိစ္စများကို တာဝန်ယူဖြေရှင်းရန် ကျန်ရစ်ခဲ့သည်။ ထို့အပြင် ထျန်းလုံတပ်ဖွဲ့၌ ရုပ်ဖျတ်ခြင်းအတတ်ကို ကျွမ်းကျင်သူ သိုင်းပညာရှင်များ ရှိကြပြီး ထိုသူတို့က စံအိမ်တော်မှ အခြားလူများကို လှည့်စားရန် ကုန်းရိထျန်းဟန်အသွင်ကဲ့သို့ ရုပ်ဖျတ်ပြောင်းလဲနိုင်ကြသည်။

ထို့ကြောင့် ရထားလုံးပေါ်ရှိ လှည်းမောင်းသူနေရာတွင် နောက်ထပ်အရိပ်တစ်ခု နေရာယူထားပြီး တင်ပျက်ခွေထိုင်နေသည်။ ထို့လူသည် တစ်ကိုယ်လုံးကို မီးခိုးရောင် သာမာန်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေထဲတွင် မီးခိုးရောင် တလူလူလွင့်နေသည်။ ထိုသူက လုံအာ့ပင်ဖြစ်သည်။

ကုန်းရိထျန်းဟန်သည် ရထားလုံးပေါ် တက်လိုက်ကာ လက်တစ်ဖက်ကို ဆန့်တန်းပြီး ပြောလိုက်သည်။

"လာ ၊အားကျိုး"

ကုကျိုးသည် မျက်နှာ အနည်းငယ်နီမြန်းသွားပြီးနောက် ထောက်ပံ့သူ၏ လက်ကိုကိုင်ကာ ရထားလုံးပေါ်သို့ တက်လိုက်သည်။

ရထားလုံး၏ အတွင်း၌ သားရဲသတ္တဝါတစ်ကောင်၏ သားမွေးများဖြင့် ဆင်ယင်ထားပြီး အလွန်သက်တောင့်သက်သာရှိကာ နေရာကျယ်ဝန်းသည်။

ကုန်းရိထျန်းဟန်သည် ရထာလုံး၏ အလယ်တည့်တည့်တွင် ထိုင်လိုက်ပြီး ကုကျိုးက သူ့ဘေးနားတွင် လိမ်လိ်မ်မာမာ လိုက်ထိုင်လိုက်သည်။

ပြီးတော့ သူတို့၏ အခြားတစ်ဖက်တွင် သာမန်ရုပ်ရည်နှင့် အလွန်ဖော်ရွေပုံရသည့် လူလတ်ပိုင်း ယောကျာ်းကြီးတစ်ယောက်လည်း ရှိနေသည်။

"ဒီလက်အောက်ငယ်သားက ရွှီဝမ်ဟယ်လို့ခေါ်ပါတယ်။ သခင်လေးနဲ့ ဆေးဆရာကု တို့ကို နှုတ်ဆက်ပါတယ်။"

ကုကျိုးသည် အမြန်ပြန်လည် နှုတ်ဆက်လိုက်ပြီးနောက် သူ၏ထောက်ပံ့သူကို လှမ်းကြည့်လိုက်သည်။

ကုန်းရိထျန်းဟန်က ခပ်ဖွဖွ ပြုံးလိုက်ကာ:

"အားကျိုး၊ သူက ကိုယ်တို့ရဲ့ လမ်းပြလေ"

ရထားလုံးက လှုပ်ရှားသွားပြီးနောက် လုံအာ့က မီးလျှံ​ြခ​ေင်္သ့ မြင်းများကိုရှေ့သို့ စတင်မောင်းနှင်လိုက်သည်။

ကုန်းရိထျန်းဟန်က တည်ငြိမ်အေးချမ်းစွာ ပြုံးနေလျက် လေသံတိုးတိုးဖြင့် ပြောလာသည်။

"ဒါပေမယ့် မသွားခင်မှာ ကိုယ် အားကျိုးကို ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ခိုင်းဖို့ရှိတယ်"

_____________________________________

အချစ်ဆုံးတို့ရေ.......

သူတို့ရဲ့ ပထမဆုံး ခရီးစဥ်ကြီး စတင်ပါပြီနော် ❤ အားလုံးပဲ ပျော်ရွှင်စရာသီတင်းကျွတ်ပါနော်။ 🎇🎆 ချစ်တဲ့သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပြီး လုံခြုံဘေးကင်းကြပါစေ။

With love ❤
Taiga 😘

Continue Reading

You'll Also Like

325K 67.2K 127
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature
1M 182K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...
39.1K 3.1K 19
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
238K 27.8K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။