မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္

1.2K 287 47
By Sebastiann048

((Zawgyi))

အပိုင္း (၃၃)
ကုက်ိဳး၏ ဆုံးျဖတ္ခ်က္

💊💊💊
အခုေတာ့ ကုက်ိဳးသည္ ႐ုတ္တရတ္ အေတာ္ရယ္စရာေကာင္းသည္ဟု ထင္မိသည္။

ခ်ီဖုန္းက ပိုင္ဝမ္ကြၽင့္ကို အတင္းလိုက္ကပ္ေနျခင္းမွာ ပိုင္ဝမ္ကြၽင့္သည္ 'ပါရမီရွင္' တစ္ေယာက္ျဖစ္သည့္အျပင္ သူ႕မိသားစုေနာက္ခံကလည္း ႀကီးမားသည့္ အေၾကာင္းရင္းျဖစ္သည္။ အခု သူေဖာ္လံဖားေနေသာ ေခြးေကာင္ ပိုင္ဝမ္ကြၽင့္က ခ်န္းယြင္ၿမိဳ႕ေတာ္ဆီ အေျပးလာၿပီး ခိုလႈံစရာလူရွာဖို႔ အသည္းအသန္ႀကိဳးစားေနသတဲ့။ သို႔ေပမယ့္ မ်ိဳးႏြယ္စုအိမ္ေတာ္ႀကီး(၅)ခုက ဘယ္သခင္ေလးမဆို -- သူ၊ ကုက်ိဳးႏွင့္ အလုပ္လုပ္​ေနသည့္ ေထာက္ပံ့သူအပါအဝင္ အားလုံးက ပိုင္ဝမ္ကြၽင့္ အစြမ္းကုန္ႀကိဳးစားရင္ေတာင္ အနားကပ္ရဖို႔ မျဖစ္နိုင္ေသာ လူမ်ားပင္။

ကုက်ိဳးက ခဏ စဥ္းစားမိသည္။ တကယ္လို႔ သူသာ ခ်ီဖုန္းနဲ႕ ပိုင္ဝမ္ကြၽင့္ေရွ႕ကို လူလုံးထြက္ျပလိုက္ရင္ သူတို႔မ်က္ႏွာေတြ ဘယ္လိုေတာင္ ျဖစ္သြားလိမ့္မလဲ?

ဒါေပမယ့္ သူသည္ အဲ့ဒီအေတြးကို ခ်က္ခ်င္း စိတ္ထဲက ဖိႏွိမ္ပစ္လိုက္သည္။

သူတို႔ႏွစ္ေယာက္က ေထာက္ပံ့သူအတြက္ မေလာက္ေလးမေလာက္စားမ်ားျဖစ္သည္ဆိုေသာ္လည္း ေနာက္ဆုံးေတာ့ ဒုကၡေပးနိုင္သည့္ ျပႆနာအိုးမ်ား​သာျဖစ္သည္။ ထို႔ေၾကာင့္ ကုက်ိဳးအေနျဖင့္ ေထာက္ပ့ံသူေနာက္ကို ေကာင္းေကာင္းမြန္မြန္လိုက္ဖို႔ ဆုံးျဖတ္ထားၿပီးသားျဖစ္သည့္အျပင္ ေထာက္ပံ့သူကလည္း သူ႕အေပၚ ဒီေလာက္ ဂ႐ုတစိုက္ ေစာင့္ေရွာက္ေနတာကို သူက အခ်ိန္ခဏတာ အေပၚစီးကေန ႂကြားဝါးျပရဖို႔အတြက္ ထိုသို႔လုပ္လိုက္လွ်င္ အရမ္းလြန္းလြန္ရက်ေပမည္။

ကုက်ိဳးသည္ ေထာက္ပံ့သူ၏ ဆိုလိုရင္းကို ရွင္းရွင္းလင္းလင္း သေဘာေပါက္နားလည္သည္။

ေထာက္ပ့ံသူက ထိုသို႔လုပ္ေပးျခင္းမွာ ကုက်ိဳးသည္ အ​ဲ့ဒီလူႏွစ္ေယာက္အေပၚ ဘာပဲလုပ္ခ်င္​ေနသည္ျဖစ္ေစ ေထာက္ပံ့သူက သူ႕အတြက္ အကုန္လုံး ျဖစ္ေအာင္လုပ္ေပးနိုင္ေၾကာင္းကို ေျပာ​ခ်င္သည့္သ​ေဘာျဖစ္သည္။

ဒါေပမယ့္ သူက အဲ့ဒီလူႏွစ္ေယာက္ကို ဘယ္လိုကိုင္တြယ္ေျဖရွင္းရမွာလဲ?

ကုက်ိဳးမွာ မသိစိတ္ထဲက သူတို႔ကို သတ္ေပးပါ! ဟု ေျပာထြက္ဖို႔ နည္းနည္းသာလိုသည္။

သို႔ေသာ္လည္း သူ ဘာစကားမွ ထုတ္မေျပာေသးေပ။

ထိုသို႔မေျပာျခင္းက သူသည္ ေခတ္သစ္ကမာၻမွ လာခဲ့သျဖင့္ မိမိလက္မ်ားကို ေသြးမစြန္း​ေစခ်င္လို႔ေတာ့မဟုတ္​ေပ။ -- တကယ္ေတာ့ ဒီလိုကိစၥမ်ိဳးကို သူေနသားမက်​ေသးရင္ေတာင္ တစ္ေန႕ေန႕ေတာ့ ျဖစ္လာမယ္ဆိုတာ သူ သိထားၿပီးျဖစ္သည္။ ၿပီးေတာ့ အဲ့ဒါက သူတို႔အေပၚ သနားဂ႐ုဏာသက္မိသြားသည္ဆိုသည့္ ရယ္စရာအေၾကာင္းျပခ်က္ေၾကာင့္ေတာ့ လုံးဝမဟုတ္​ေပ။ -- ခ်ီဖုန္းႏွင့္ ပိုင္ဝမ္ကြၽင့္တို႔သည္လည္း ထိုအခ်ိန္က ခ်ီထ်န္း႐ုံအေပၚ နည္းနည္းမွ စာနာသနားျခင္းမရွိခ​ဲ့ေပ။

ခ်ီထ်န္း႐ုံေသဆုံးရျခင္း၏ အဓိကအေၾကာင္းရင္းက ခ်ီဖုန္းေၾကာင့္ ျဖစ္ေသာ္လည္း ပိုင္ဝမ္ကြၽင့္၏ စနက္လည္း မကင္း​ေပ။ သူက အလြန္ေသြးေအးလြန္းခဲ့သည္။ ကုက်ိဳး၏ မ်က္လုံးထဲမွာေတာ့ သူတို႔အားလုံးက တရားခံပင္။ ဒီတိုက္ႀကီး၏ ေလာကအျမင္အရ သူတို႔သည္ ခ်ီထ်န္း႐ုံ၏ ရန္သူေတာ္မ်ားျဖစ္ၿပီး သူတို႔ကို သတ္ပစ္ျခင္းက တရားမွ်တသည္ဟုဆိုနိုင္သည္။

သို႔ေသာ္ ကုက်ိဳး ႐ုတ္တရတ္ စဥ္းစားမိသည္က သူသည္ တကယ္တမ္းေတာ့ ခ်ီထ်န္း႐ုံမဟုတ္ေပ။

ခ်ီထ်န္း႐ုံသည္ ေသအံ့ဆဲဆဲအခ်ိန္ေရာက္သည့္တိုင္ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ မမုန္းတီးခဲ့ေပ။ ထို႔အျပင္ သူသည္ ခ်ီဖုန္း၊ ခ်ီမိသားစုႏွင့္ ပိုင္ဝမ္ကြၽင့္တို႔အေပၚ ကလဲ့စားေခ်လိဳစိတ္လည္း မရွိေပ။ တကယ္လို႔ ကုက်ိဳးသာ ေထာက္ပံ့သူ၏ လက္ကိုငွားၿပီး ထိုလူႏွစ္ေယာက္ကို သတ္ပစ္လိုက္လွ်င္ ေနာင္ကို တစ္ေယာက္ေယာက္က ဒီကိစၥကို သိသြားၿပီး လူေတြက ခ်ီထ်န္း႐ုံကို ကလဲ့စားေခ်ခဲ့သည္ဟု ထင္သြားနိုင္သည္။

ကုက်ိဳးသည္ ခ်ီထ်န္း႐ုံ၏ သ႐ုပ္အမွန္ကို အသုံးခ်ခဲ့သည္မွန္ေသာ္လည္း သူ တကယ္ပဲ ခ်ီထ်န္း႐ုံ၏ မူလရည္႐ြယ္ခ်က္ကို လ်စ္လ်ဴရႈၿပီး ကိုယ့္ေဒါသကို ေျဖေလ်ာ့ဖို႔ ခ်ီထ်န္း႐ုံ၏နာမည္ကို အသုံးခ်ပစ္ရက္သလား? သူသည္ ခ်ီထ်န္း႐ုံအတြက္ ကလဲ့စားေခ်ေပးခ်င္ခဲ့သည္။ သို႔ေသာ္ သူ႕မွာ အဲ့လိုလုပ္ဖို႔ ဘာအရည္အခ်င္းရွိလို႔လဲ? သူက ခ်ီထ်န္း႐ုံ၏ ႐ုပ္အေလာင္းေဘးနားတြင္ ႐ုတ္တရတ္ ထြက္ေပၚလာဖို႔ ဖိအားေပးခံရသူသာျဖစ္ၿပီး မတတ္သာသည့္အဆုံး ခ်ီထ်န္း႐ုံ၏ မွတ္ဥာဏ္ကို ရယူခဲ့ရၿပီး ခ်ီထ်န္း႐ုံး၏ ျဖစ္တည္မႈကို ခဏငွားခဲ့ရေသာ လူတစ္ေယာက္သာျဖစ္သည္။

သို႔ေသာ္လည္း လက္စားမေခ်ရျပန္လွ်င္ ဘယ္လိုမွ စိတ္အလိုက်မည္မဟုတ္ေပ။

ဘာျဖစ္လို့္ ခ်ီထ်န္း႐ုံကို ထိခိုက္နာက်င္ေအာင္ လုပ္ခဲ့တဲ့ သူေတြက် ေကာင္းေကာင္းမြန္မြန္ ရွင္သန္ေနၿပီး အဲ့ဒီ (၁၅)ႏွစ္ပဲ ရွိေသးတဲ့လူငယ္ေလးကေတာ့ စိတ္ပ်က္ဝမ္းနည္းစြာ ေသဆုံးသြားရမွာလဲ? ဘာျဖစ္လို႔ စိတ္ေကာင္းႏွလုံးေကာင္းရွိတ​ဲ့သူက် မရႈမလွ အဆုံးသတ္ရၿပီး အဲ့လိုမာနေထာင္လႊား၊ စိတ္ပုတ္ရက္စက္ၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့ လူေတြက် အတိုင္းအဆမရွိတဲ့ အနာဂတ္ကို ပိုင္ဆိုင္ရမွာလဲ?

တကယ္လို႔ ဒီကိစၥေတြကို သူ မသိခဲ့ဘူးဆိုလည္း ထားေတာ့။ တကယ္လို႔ သူတို႔က သူမမွတ္မိတဲ့ လူေတြဆိုလည္း ထားေတာ့။ ဒါေပမယ့္ သူ သိေနပါလ်က္၊ သူကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရသလို စာနာေနနိုင္ပါလ်က္နဲ႕ ဘယ္လိုလုပ္ မ်က္ႏွာလြဲခဲပစ္ လႊတ္ေပးလိုက္လို႔ ျဖစ္မလဲ?!

ကုက်ိဳးသည္ သူ ဘယ္ေတာ့မွ ခ်ီထ်န္း႐ုံလို သေဘာထား ႀကီးႀကီးထားနိုင္မွာမဟုတ္မွန္း မိမိကိုယ္ကို ခံစားမိေနသည္။

ထို႔ေၾကာင့္ သူ တစ္မ်ိဳးေလး အေနခက္မိသည္။

ကုက်ိဳးသည္ စိတ္ထဲက တစ္ခုခုလုပ္လိုက္ခ်င္သည္။ သို႔ေသာ္လည္း လူအမ်ားက ခ်ီထ်န္း႐ုံအေပၚထားသည့္ သေဘာထားအျမင္ကိုလည္း မဖ်က္ဆီးပစ္ခ်င္ေပ။

ထို႔ေၾကာင့္ သူသည္ ထိုလူႏွစ္ေယာက္၏ အသက္ကို လြယ္လြယ္ႏွင့္ ႏႈတ္ယူပစ္နိုင္မည္မဟုတ္ေပ။

ကုက်ိဳးသည္ အခ်ိန္အတန္ၾကာ တုန႔္ဆိုင္းေနၿပီးေနာက္ ေနာက္ဆုံးေတာ့ ဆုံး​​​ျဖတ္ခ်က္ခ်လိဳက္သည္။

"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္ ခ်ီဖုန္းရဲ႕ ေဆးပုလဲလုံးေတြကို မေတာ္တဆတစ္ခုခု​ျဖစ္ၿပီး ပ်က္စီးဆုံးရႈံးသြားတာမ်ိဳး လိုခ်င္တယ္။ ၿပီးေတာ့ ပိုင္ဝမ္ကြၽင့္ လိုခ်င္​ေနတဲ့ ရည္မွန္းခ်က္ပန္းတိုင္ကိုလည္း ဘယ္ေတာ့မွ မေအာင္ျမင္ေစခ်င္ဘူး"

သူတို႔ႏွစ္ေယာက္ကို မသတ္နိုင္ဘူးဆိုမွေတာ့ သူတို႔ကို ေကာင္းေကာင္းမေနေစရဘူး။ ခ်ီဖုန္းကို ခ်ီထ်န္း႐ုံသာ အသက္မေသခဲ့ရင္ အဆံုးအထိ ေနထိုင္သြားရမယ့္ ပုံစံအတိုင္း အရွက္တကြဲအက်ိဳးနည္းျဖစ္ေစမယ္။ တစ္ကိုယ္ေကာင္းသမား ပိုင္ဝမ္ကြၽင့္ကိုလည္း သူ႕အိပ္မက္ကို တစ္သက္လုံး အေကာင္အထည္မေဖာ္နိုင္တဲ့ ဘဝမ်ိဳး ျဖစ္ေစမယ္။

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏ တုန့္ျပန္မႈတိုင္းကို ေစာင့္ၾကည့္ေနသည္။ သူက ကုက်ိဳးေျပာစကားကို ၾကားေတာ့ ခပ္ဖြဖြ ၿပဳံးလိုက္ကာ:

"ေကာင္းၿပီ၊ အားက်ိဳး ေျပာတဲ့အတိုင္း ခ်က္ခ်င္းလုပ္လိုက္မယ္"

ကုက်ိဳးသည္ ေထာက္ပ့ံသူ၏ နက္ရွိုင္းေသာ မ်က္ဝန္းမ်ားႏွင့္ အၾကည့္ခ်င္းဆုံသည့္အခါ နည္းနည္း အေနရခက္လာသည္။ သို႔ေသာ္ သူက ျမန္ျမန္ တည္ၿငိမ္သြားကာ:

"ကြၽန္ေတာ္တို႔ လ်ိဳ႕ဝွက္ၿပီး လုပ္ရမယ္။ တျခားလူေတြ သိသြားလို႔မ​ျဖစ္ဘူး"

ကုန္းရိထ်န္းဟန္က ရယ္လိုက္ကာ:

"ေကာင္းၿပီ၊ ကိုယ္တို႔ လွ်ို႔ဝွက္ၿပီး လုပ္ၾကတာေပါ့"

💊💊💊

ကုက်ိဳးသည္ ေထာက္ပံ့သူကို ေတာင္းဆိုၿပီးေနာက္ ေဆးဝါးသန့္စင္ျခင္း ပင္လယ္ထဲတြင္ တစ္ဖန္ျပန္လည္ ကူးခတ္လိုက္သည္။ သူက အလုပ္ကို အသည္းအမဲလုပ္ေနၿပီး သူ၏ ​ေန႕စဥ္ဘဝက စည္ကားသာယာေနသည္။ သူသည္ ေထာက္ပံ့သူက ထိုဆန္ကုန္ေျမေလးႏွစ္ေယာက္ကို ဘယ္အခ်ိန္ ပညာေပးမလဲဆိုတာလည္း သြားမေမးေပ။ -- အေၾကာင္းက ေထာက္ပံ့သူက ေသခ်ာစီစဥ္လိမ့္မည္မွန္း သူယုံၾကည္​ေနသလို အခ်ိန္က်လာရင္ ေထာက္ပံ့သူက သူ႕ကို ေသခ်ာေပါက္ ေျပာျပလာမွာျဖစ္သည္။

ဤကိစၥျဖစ္ၿပီးေနာက္ ကုက်ိဳးႏွင့္ ေထာက္ပံ့သူတို႔အၾကား ဆက္ဆံေရးက ပိုမိုသင့္ျမတ္ ေကာင္းမြန္လာသည္။

အဲ့ဒီေနာက္ေတာ့ ကုက်ိဳးသည္ ထိုဆန္ကုန္ေျမေလးႏွစ္ေယာက္ အေၾကာင္းကို ေခါင္းထဲမွထုတ္လိုက္ၿပီး သူ႕စိတ္က အျခားဝမ္းေျမာက္စရာ ကိစၥတစ္ခုအေပၚ အာ႐ုံေရာက္သြားသည္။

ထိုကိစၥကား ရက္အနည္းငယ္အၾကာတြင္ ေထာက္ပံ့သူသည္ အရိုးပုလဲတစ္ခုကို ေအာင္ျမင္စြာ ေငြ႕ရည္ဖြဲ႕နိုင္ခဲ့သည္!

ဒါက ေသခ်ာေပါက္ အံ့ဩစရာဟု မဆိုနိုင္ေပ။

ထ်န္းတုခႏၶာကိုယ္သည္ ေကာင္းကင္ဘုံ၏ မနာလို အားက်ျခင္းကို ခံရသည္။ ထို႔ေၾကာင့္ ထို လုံးဝသိပၸံနည္းက်မဟုတ္သည့္ အသိပညာရွိ​ေနျခင္းက တစ္ခ်က္​ျဖစ္သည့္အျပင္ ေနာက္တစ္ခ်က္က သူ႕ အေသြးအသားတို႔က ေမြးရာပါ ရွန္းထ်န္းအဆင့္ ျဖစ္ေနျခင္းျဖစ္သည္။ -- အလြယ္ေျပာရလွ်င္ သူ၏ အေသြးအသားမ်ားက ေမြးကတည္းက ရွန္းထ်န္းအဆင့္ကို ေအာင္ျမင္စြာ ေရာက္ရွိၿပီးသား သိုင္းပညာရွင္တစ္ေယာက္ကဲ့သို႔ အတူတူျဖစ္ၿပီး ရွန္းထ်န္းခ်ီစြမ္းအင္မ်ားျဖင့္ အားအင္ျပည့္ဝေနသည္။ -- ဒါက ေနာက္ပိုင္းတြင္ သူ၏ခ်ီစြမ္းအင္ေၾကာမ်ား ပိတ္ဆို႔သြားရသည့္ အေၾကာင္းရင္းတစ္ရပ္လည္း​ျဖစ္သည္။

အားလုံးသိၾကသည့္အတိုင္း လူ႕ ခႏၶာကိုယ္သည္ မိခင္၏ ဝမ္းတြင္း၌ သေႏၶတည္သည့္အခ်ိန္တြင္ အသန့္စင္ဆုံးျဖစ္ၿပီး ထိုအခ်ိန္ကတည္းက ခႏၶာကိုယ္တြင္ ရွန္းထ်န္းခ်ီစြမ္းအင္မ်ား ပါဝင္ေနခဲ့တာျဖစ္သည္။ ေမြးဖြားလာၿပီးသည့္ေနာက္တြင္ ထိုရွန္းထ်န္းခ်ီစြမ္းအင္မ်ားက လွ်ံထြက္လာၿပီး မသန့္ရွင္းေသာ ဟို႔ထ်န္းခ်ီစြမ္းအင္မ်ားက ခႏၶာကိုယ္ထဲသို႔ ပ်ံႏွံသြားသည္။ ဟို႔ထ်န္းအဆင့္မွ ရွန္းထ်န္းအဆင့္သို႔ က်င့္ႀကံရာတြင္ သိုင္းပညာက်င့္ႀကံေရးကို နားလည္ဖို႔လိုသလို ခႏၶာကိုယ္ကိုလည္း ေျပာင္းလဲေစရသည္။

ေသြးသန့္စင္ျခင္း၊ အရိုးတည္ေဆာက္ျခင္း၊ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း -- ဤကဲ့သို႔ အဆင့္ဆင့္ျဖစ္သည္။

ထ်န္းတုခႏၶာကိုယ္၏ ခ်ီစြမ္းအင္ေၾကာတည္ရာအမွတ္ အခု (၁၀၀)က ေမြးရာပါ ပိတ္ဆို႔ျခင္းမရွိ ပြင့္ေနၿပီးသားျဖစ္သည္။ ထို႔အျပင္ ဟို႔ထ်န္းအဆင့္ကို ေအာင္ျမင္ရန္ ေျမမိစာၦအမွတ္ (၇၂)ခုကို ပြင့္ေစရန္ လိုအပ္ၿပီး ရွန္းထ်န္းအဆင့္ ေအာင္ျမင္ဖို႔ရန္ ေကာင္းကင္ဝိညာဥ္အမွတ္ (၃၆)ခုကို ပြင့္ေစရမွာျဖစ္သည္။ အထက္တြင္ ဆိုခဲ့ေသာ ထ်န္းတုခႏၶာကိုယ္၏ ေမြးရာပါ ပြင့္လ်က္သား ခ်ီစြမ္းအင္ေၾကာအမွတ္ (၁၀၀)က ထို ဖြင့္ရန္လိုအပ္သည့္ အမွတ္မ်ား ျဖစ္သည္။

ထို႔ေၾကာင့္ ကုန္းရိထ်န္းဟန္၏ ပိတ္ဆို႔ေနေသာ ခ်ီစြမ္းအင္ေၾကာမ်ား ပြင့္သြားသည္ႏွင့္ သူ႕ခႏၶာကိုယ္ကို ေဆးဆရာ၏ အကူအညီျဖင့္ နည္းလမ္းေပါင္းစုံသုံး၍ ေကာင္းမြန္စြာ အားျဖည့္သန္မာေစသည္။ ထို႔ေနာက္ သိုင္းပညာ စတင္ေလ့က်င့္သည့္အခါ၌ သူ၏ ခ်ီစြမ္းအင္တည္ရာအမွတ္မ်ားက အထူးတလည္ ဖြင့္ဖို့္မလိုအပ္ေပ။ သူ၏ ခ်ီစြမ္းအင္ေၾကာမ်ားထဲတြင္ ရွန္းထ်န္းခ်ီစြမ္းအားမ်ားကို တိုက္ရိုက္သန့္စင္နိုင္ၿပီး တစ္ခ်ိန္တည္းတြင္ ခ်ီစြမ္းအင္ေၾကာမ်ားကို ရွင္းလင္းသန္မာလာေစသည္။ ထိုအခါ အရိုးပုလဲျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ အားလုံးကို အလြန္လ်င္ျမန္စြာ လုပ္ေဆာင္သြားနိုင္မည္ျဖစ္သည္။

(T/N - ပိတ္တာေတြ ပြင့္တာေတြနဲ႕ ရႈပ္ေနၾကမွာစိုးလို႔ပါ။ အတိုခ်ဳံးရရင္ သိုင္းက်င့္မယ့္လူတိုင္းက ခ်ီစြမ္းအင္ေၾကာတည္ရာအမွတ္ေတြ ပိတ္ေနမွာပါ။ အဲ့ဒါကို ပြင့္ေအာင္ ဖြင့္နိုင္မွ အရိုးပုလဲလုပ္ၿပီး အဆင့္တက္လို႔ရမွာပါ။ ကုန္းရိထ်န္းဟန္ရဲ႕ ေရာဂါက အဲ့ဒီ အမွတ္ေတြ အကုန္ပြင့္ၿပီးသားျဖစ္ၿပီး သူ႕မွာ ပိတ္ေနတာက ခ်ီအတြင္းအားေတြ လည္ပတ္ရမယ့္ ခ်ီစြမ္းအင္ေၾကာေတြပါ။ အရိုးပုလဲကေတာ့ ေမြးရာပါ မဟုတ္ပါဘူး။ ကိုယ့္ဟာကိုယ္ က်င့္ႀကံၿပီး ရလာေအာင္ လုပ္ရမွာပါ။)

ဒီေတာ့ ကုက်ိဳးသည္ ေထာက္ပ့ံသူ၏  ခြန္အားက အလြန္ႀကီးမားစြာ တိုးတက္လာမွန္း သိသည္ႏွင့္ သူ႕မွာ အာ႐ုံစိုက္စရာ ကိစၥႏွစ္ခုျဖင့္ အလုပ္ရႈပ္ေနေတာ့သည္။

ပထမအလုပ္က ေသခ်ာေပါက္ ေထာက္ပံ့သူ၏ က်န္းမာေရးအေပၚ ဂ႐ုစိုက္ေပးရသည့္ အခ်ိန္ ျဖစ္သည္။ ေထာက္ပံ့သူသည္ အရိုးပုလဲတစ္ခုကို ေငြ႕ရည္ဖြဲ႕လိုက္တိုင္း သူ၏ ခႏၶာကိုယ္က မ်ားစြာေျပာင္းလဲသြားသည္။ အသုံးျပဳရသည့္ ေဆးဝါးအတိုင္းအတာကလည္း အေသးစိတ္မွအစ ႀကီးႀကီးမားမားအထိ ထိန္းညွိ​ေပးရန္ လိုအပ္သည္! ေဆးဆရာတစ္ေယာက္အေနျဖင့္ ေစ့စပ္ေသခ်ာစြာ အာ႐ုံစိုက္ထားဖို႔လိုၿပီး အရမ္းမ်ားလြန္း အရမ္းနည္းလြန္းပါက ၿပီးျပည့္စုံသည့္ ရလဒ္ကို ရရွိမည္မဟုတ္ေပ!

ထိုေၾကာင့္ ကုက်ိဳးတစ္ေယာက္ ပို၍ ပူပင္ေသာကေရာက္ရသည္။ အေၾကာင္းမွာ လက္ရွိတြင္ သူ ဘာျပႆနာမွ ရွာမေတြ႕ေသာေၾကာင့္​​ျဖစ္သည္။ ေထာက္ပံ့သူသည္ သိုင္းပညာက်င့္ႀကံသူတစ္ေယာက္ျဖစ္သည့္အတြက္ ေနာင္တြင္ သူ႕ခႏၶာကိုယ္ ေျပာင္းလဲမႈမ်ားက ပိုမိုႀကီးမားလာမွာျဖစ္ၿပီး အသုံးျပဳရေသာ ေဆးဝါးမ်ားကလည္း ပိုမို ရႈပ္ေထြးလာမွာ​ျဖစ္သည္။ ကုက်ိဳးက ေသြးေၾကာစမ္းေပးျခင္းႏွင့္ ေထာက္ပံ့သူ၏ ခ်ီစြမ္းအင္အေျခအေနကို ေစာင့္ၾကည့္ျခင္း စသည့္ ရိုးရွင္းေသာ ကိစၥေလးမ်ားကိုသာ လုပ္ေပးနိုင္သည္။ တကယ္လို႔ ေနာက္ပိုင္းမွာ ေထာက္ပံ့သူရဲ႕ က်န္းမာေရးနဲ႕ ပတ္သတ္ၿပီး သူေသခ်ာနားမလည္နိုင္​လွ်င္ ေထာက္ပံ့သူအတြက္ ထိခိုက္နစ္နာမႈမ်ား ျဖစ္ေစနိုင္မည္။

သို႔ေသာ္ အဲ့ဒါက အေရးတႀကီးေတာ့ မဟုတ္​ေပ။ ေထာက္ပံ့သူ၏ ႏွစ္သိမ့္ေပးမႈေၾကာင့္ သူက နည္းလမ္းတစ္ခုကို ျဖည္းျဖည္းခ်င္း ရွာေဖြမည္ျဖစ္သည္။

ဒုတိယကေတာ့ ကုက်ိဳးသည္ ထ်န္းတုခႏၶာကိုယ္၏ လ်င္ျမန္ျပင္းထန္သည့္ တိုးတက္မႈမ်ားကို တစ္မ်ိဳးတစ္ဖုံ မနာလိုအားက်မိသည္။ သူေလ့က်င့္ေနသည့္ နတ္ေဆးပညာစိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္းမွာ အလြန္ေကာင္းမြန္ေသာ က်င့္စဥ္တစ္ခုျဖစ္ၿပီး ခႏၶာကိုယ္မွ အညစ္အေၾကးမ်ားကို စဥ္ဆက္မျပတ္ ဖယ္ရွာေပးနိုင္သည္။ သူ႕၏ က်င့္စဥ္က မ်ားစြာေသာ က်င့္ႀကံေရးနည္းလမ္းမ်ားႏွင့္ ယွဥ္လွ်င္ အလြန္စြမ္းအားႀကီးမားသည္ဟု ဆိုနိုင္သည္။ သို႔ေသာ္ သူ႕ေထာက္ပံ့သူ၏ လတ္တေလာ ကုသေပ်ာက္ကင္းသြားေသာ ေမြးကတည္းက အညစ္အေၾကးကင္းစင္သည့္ ထ်န္းတုခႏၶာကိုယ္ႏွင့္ ယွဥ္လိုက္လွ်င္ ကုက်ိဳးက အနည္းငယ္ နိမ့္က်ေနသည္ပင္။

ကုက်ိဳးသည္ က်င့္ႀကံေရးကို အစြမ္းကုန္ႀကိဳးစားေလ့က်င့္ရန္ႏွင့္ အညစ္အေၾကးမ်ားအားလုံး စင္ၾကယ္သြားေစရန္ လိုအပ္သည္ဟုေတြးမိသည္။ သူသည္ ေထာက္ပံ့သူထက္ ပိုမိုအင္အားႀကီးမားလာဖို႔ဆိုတာကို အသာထား ေနာက္ေကာက္က် က်န္ခဲ့လို႔ေတာ့ လုံးဝ မျဖစ္ေခ်။ မဟုတ္ရင္ ေထာက္ပ့ံသူက သူ႕ကို အသုံးမက်ဘဴးလို႔ ထင္သြားရင္ ဘယ္ႏွယ့္လုပ္မလဲ?

ႏွေျမာစရာေကာင္းတာက ထိုအခ်က္ႏွစ္ခုစလုံးသည္ သူ႕စိတ္ထဲက ေတြးသလို လက္ေတြ႕တြင္ အေကာင္အထည္မေပၚခဲ့ေပ။

ဥပမာ ပထမအခ်က္အတြက္ သူသည္ က်င့္ႀကံေရးႏွင့္ ပတ္သတ္၍ ဘာထိုးထြင္းသိျမင္နိုင္စြမ္းမွ မရွိေပ။ ဒုတိယအခ်က္အတြက္ကေတာ့ သူက အရိုးပုလဲ(၁၆)ခုကို အလ်င္အျမန္ ေငြ႕ရည္ဖြဲ႕နိုင္ၿပီး ေသြးသန့္စင္ျခင္း အဆင့္(၂)သို႔ ေခ်ာေမြ႕စြာ ေရာက္ရွိခဲ့သည္။ သိပ္မၾကာခင္မွာ သူက အဆင့္(၃)သို႔ တက္လွမ္းနိုင္ေတာ့မည္။ သို႔ေသာ္ သူ၏ ေထာက္ပံ့သူ ကုန္းရိထ်န္းဟန္သည္ ေသြးသန့္စင္ျခင္းအဆင့္ကို လ်င္ျမန္စြာ ေက်ာ္ျဖတ္သြားခဲ့ၿပီး အရိုးတည္ေဆာက္ျခင္း အဆင့္(၂) သိုင္းပညာရွင္တစ္ေယာက္ ျဖစ္ေနေလၿပီ။

ေထာက္ပံ့သူက သူ႕ရဲ႕ အဆင့္ေသးေလး(၃)ခု နဲ႕ ယွဥ္လွ်င္ သူ႕ကို အဆင့္တစ္ခုလုံးေက်ာ္တက္သြားျခင္းပင္!

-- ဒီလို အခ်ိန္ႏွစ္လတည္း သိုင္းက်င့္ႀကံၿပီး က်င့္ႀကံေရးအဆင့္ (၂)ခုကို တန္းၿပီး ေအာင္ျမင္သြားတဲ့ ပါရမီရွင္မ်ိဳး ရွိေသးတယ္လား? ရိုးရိုးသာမန္လူေလးေတြကိုလည္း အသက္ရွင္ခြင့္ ေပးပါဦးေတာ့လား......

ကုက်ိဳးသည္ စိတ္ထဲက ဝမ္းနည္းေၾကကြဲမႈမ်ားကို ၿမိဳသိပ္လိုက္ၿပီးေနာက္ ေဆးဝါးသန့္စင္ျခင္းဘက္ကို ဦးလွည့္လိုက္ကာ ေဆးဝါးမ်ားကို ဆက္လက္သန့္စင္လိုက္သည္။

ဤက​ဲ့သို႔ ေဆးဝါးသန့္စင္​ေနမွ ကုက်ိဳးသည္ မိမိ ကိုယ္ပိုင္ျဖစ္တည္မႈေလး၏ အေရးပါပုံကို ျပန္လည္ရွာေဖြနိုင္ေတာ့သည္။

ေထာက္ပံ့သူ၏ ေမြးရာပါ ရွန္းထ်န္းခႏၶာကိုယ္က ေဆးဝါးမသန့္စင္နိုင္ေအာင္ တားျမစ္ထားလို႔သာမဟုတ္ရင္ ေထာက္ပံ့သူ မလုပ္နိုင္တာ ဘာမွမရွိေလာက္ဘူး...... ၾကည့္ရတာ ကေလးရေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာေတာ့ မသိ​ေသးဘူးထင္တယ္?

တကယ္လို႔ တစ္ေန႕မွာ ေထာက္ပံ့သူက သူ႕ကို ေယာက်ာ္းခ်င္း ကေလးရေအာင္ ဘယ္လိုလုပ္ရလဲဆိုတဲ့ အဆင့္သတ္မွတ္ခ်က္ကို သူ ေဖာက္ထြက္နိုင္ၿပီလို႔ ေျပာလာရင္ေတာင္ ကုက်ိဳးေတာ့ သိပ္အံ့ဩမိမည္မထင္။

💊💊💊

သုံလေက်ာ္ၾကာၿပီးေနာက္။

ကုန္းရိထ်န္းဟန္ သိုင္းပညာက်င့္ႀကံလာသည္မွာ ႏွစ္ဝက္ခန့္ၾကာျမင့္ခဲ့ၿပီ။ နဂါးျပာေရကန္ဖြင့္ပြဲက်င္းပဖို႔ကလည္း ေျခာက္လသာလိုေတာ့သည္။

ယ​ေန႕မနက္တြင္ ကုက်ိဳးသည္ ခါတိုင္း မ်က္ႏွာခ်င္းဆိုင္တြင္ ရွိေနက် ေထာက္ပံ့သူက အိပ္ရာထဲတြင္ မရွိေတာ့တာကို ေတြ႕ရသည္။ -- မွန္ေပသည္။ သူ၏ ေထာက္ပံ့သူသည္ သိုင္းပညာစတင္က်င့္ႀကံနိုင္သည့္ အခ်ိန္မွစ၍ လုံ႕လဝိရိယရွိရွိ ႀကိဳးစားေလ့က်င့္ခဲ့သည္။ ထို႔ေၾကာင့္ ကုက်ိဳးသည္လည္း အိပ္ခ်င္မူးတူး ျဖစ္ေနသည့္ ဆြဲေဆာင္မႈရွိသည့္ ​ရီေဝေဝ မ်က္ႏွာေလးကို ထပ္မံမေတြ႕ရေတာ့ေခ်။

သူ႕အထက္လူႀကီးက ဤကဲ့သို႔ ႀကိဳးစားေနသည့္အတြက္ ကုက်ိဳးကလည္း အပ်င္းခိုဖို႔ အစီအစဥ္မရွိေပ။ သူက အိပ္ရာမွ အျမန္ခုန္ထလိုက္ကာ အဝတ္အစားဝတ္လိုက္ၿပီး ေထာက္ပံ့သူကို ရွာရန္ ၿခံဝန္းဘက္သို႔ထြက္ခဲ့သည္။ ဟုတ္ေပသည္။ ေထာက္ပံ့သူသည္ ထိုသစ္ပင္ႀကီးေအာက္တြင္ ရွိေနဆဲျဖစ္ၿပီး...... ကိုယ္ခံပညာကို ေလ့က်င့္ေနသည္။

ကုက်ိဳးသည္ အခန္းေပါက္ဝ တံစက္ၿမိတ္ကေန ထိုေနရာသို႔ မ်က္ႏွာမူကာ လွမ္းၾကည့္လိုက္သည္။

ဒီေန႕ေတာ့ ကုန္းရိထ်န္းဟန္သည္ ႀကီးမားေသာ ခြန္အားျဖင့္ လက္သီးထိုးေလ့က်င့္ေနသည္။ လက္သီးခ်က္တိုင္းက ေလကိုခြင္းသြားသည့္ အသံမ်ားထြက္ေပၚလာၿပီး တိုက္ရည္ခိုက္ရည္မ်ား ႏွိုးၾကားလာကာ အလြန္စူးရွသည့္ တေျဖာက္ေျဖာက္ျမည္သံမ်ားကို ၾကားေနရသည္။

ကုန္းရိထ်န္းဟန္သည္ ကိုယ္ၾကပ္ဝတ္စုံကို ဝတ္ဆင္ထားသည္။ သူ၏ အသားအေရက ေက်ာက္စိမ္းသဖြယ္ ျဖဴေဖြးေတာက္ပၿပီး ေျခတံလက္တံမ်ားက က်စ္လ်စ္သြယ္လ်သည္။ သူ၏လက္သီးခ်က္မ်ားက အရင္လို ေပ်ာ့ေပ်ာင္း အားနည္းမေနဘဲ ခြန္အားအျပည့္ႏွင့္ အလြန္ၾကည့္ေကာင္းလွသည္။

လက္သီးထိုးေလ့က်င့္ၿပီးသည့္ေနာက္ ကုန္းရိထ်န္းဟန္က လက္ဆယ္ေခ်ာင္းစလုံးကို ျဖန့္လိုက္ၿပီး လက္သီးဆုပ္မ်ားက လက္ဝါးအျဖစ္သို႔ ေျပာင္းသြားသည္။ ထို႔ေနာက္ သူ႕ေျခေထာက္မ်ားက သိုင္းကြက္မ်ားစတင္ လွမ္းလိုက္ၿပီးေနာက္ အခ်ိန္တို​အတြင္း သူ႕၏ အသြင္သ႑ာန္မွာ နဂါးတစ္ေကာင္ ကူးခတ္သြားလာ​ေနသည့္အလား ထင္ရသည္။ သူ၏ လက္ဖဝါးမ်ားက ေလထုကို ဓားတစ္ေခ်ာင္းႏွယ္ ကိုင္တြယ္လႈပ္ရွားလိုက္သည္။ သူ႕ လႈပ္ရွားမႈမ်ားက ဖ်တ္လတ္ျမန္ဆန္ၿပီး သူရဲေကာင္းတစ္ေယာက္၏ အရွိန္အဝါမ်ားေပၚလြင္လို့္ေနသည္။

သိုင္းကြက္တစ္ခုခ်င္းစီက ေပါင္းစည္းသြားၾကသည္။ ေလ့က်င​့္ခ်ိန္ၾကာလာသည္ႏွင့္အမွ် သူ၏ လႈပ္ရွားမႈမ်ားက ပိုမိုျမန္ဆန္လာသည္။ ကုက်ိဳးသည္ ၾကည့္ေနရင္းျဖင့္ သိုင္းကြက္မ်ားကို ရွင္းလင္စြာ မသိနိုင္ေတာ့သလို ခံစားရသည္။ သူသည္ ေလကိုခြင္းသြားသည့္ တဝွစ္ဝွစ္ျမည္သံကိုသာ ၾကား​ေနရၿပီး ကုန္းရိထ်န္းဟန္၏ လက္ဖဝါးထဲရွိ ေလထုက သစ္႐ြက္ေျခာက္မ်ားစြာကို ႏွစ္ပိုင္းျပတ္သြားေစသျဖင့္ သစ္႐ြက္ေလးမ်ားက ေဘးႏွစ္ဘက္သို႔ ျဖာထြက္သြားၾကသည္။

သိပ္မၾကာခင္တြင္ ကုန္းရိထ်န္းဟန္၏ သိုင္းကြက္မ်ားက ေနာက္တစ္ခုေျပာင္းသြားၿပီး သူမသိလိုက္ခင္မွာပင္ အနည္းဆုံး သိုင္းပညာ (၇)မ်ိဳး (၈)မ်ိဳးခန့္ ေျပာင္းလ​ဲသြားသည္။

ကုက်ိဳးသည္ ၾကည့္ေနရင္းက အနည္းငယ္ ေၾကာင္အသြားသည္။

ေျပာရရင္ သူ႕အိမ္က ေထာက္ပံ့သူ၏ လက္ရွိအသြင္အျပင္က ကုက်ိဳး ပထမဆုံးစတင္ေဆးကုတုန္းကလို အရိုးေပၚအရည္တင္ ပိန္လွီေနသည့္ပုံထက္ အမ်ားႀကီးပိုေကာင္းလာသည္။ အရင္တုန္းက ေထာက္ပံ့သူသည္အေရျပားတစ္ထပ္သာရွိသည္ ထင္ရၿပီး အခုေတာ့ ပါးလႊာေသာ ႂကြက္သားတစ္ထပ္က အေတာ္အတန္ ရွိလာခဲ့ၿပီ။ ထို ႂကြက္သားအလႊာပါး၊ အဖုအထစ္မ်ားက မညီမညာ အက်ည္းတန္ျခင္းမရွိသလို အဲ့ဒီ့အစား ေပ်ာ့ေပ်ာင္းကာ အင္အားႀကီးမားၿပီး အလြန္လွပၾကည့္ေကာင္းေပသည္။

ကုန္းရိထ်န္းဟန္၏ အရင္က မ်က္ႏွာအလြန္ၾကည့္ေကာင္းၿပီး ခႏၶာကိုယ္အခ်ိဳးအစားကေတာ့ ေျပာလို႔မရေပ။ အခုေတာ့ သူသည္ ေသြးေရာင္လႊမ္းလာသည့္ ပါးျပင္ႏွင့္ ေခ်ာေမာခန့္ညားကာ ခႏၶာကိုယ္အခ်ိဳးအစားကလည္း ေက်နပ္စရာေကာင္းလာသည္။

သူ႕တစ္ကိုယ္လုံး၏ အသြင္အျပင္ကို ခ်ဳံေျပာရလွ်င္ ႏွစ္ဆတိုးလာသည္ဟု မဆိုသာေသာ္လည္း အနည္းဆုံးေတာ့ (၅၀) ရာခိုင္ႏႈန္းခန့္ျမင့္တက္လာသည္။

သို႔ေသာ္ ကုက်ိဳးသည္ ေထာက္ပံ့သူ သိုင္းပညာက်င့္ေနသည္ကို ၾကည့္ဖို႔လာျခင္းျဖစ္ၿပီး ေထာက္ပံ့သူ၏ ေခ်ာေမာခန့္ညားမႈကို ၾကည့္ဖို႔မဟုတ္ေပ။

ေနာက္ၿပီး သူ႕မွာလည္း ပုံမွန္ေလ့က်င့္ရမည့္အစီအစဥ္ ရွိေပသည္။

______________________________________

အခ်စ္ဆုံးတို႔ေရ.....

သိုင္းက်င့္တာၾကည့္ေနတာလား ငမ္းေနတာလားေတာ့ သိပ္မသဲကြဲပါဘူး 😁😁 ဒါဆို ေနာက္တစ္ပိုင္းမွာ ဆက္ငမ္းၾကမယ္ေနာ္ 😝 အားလုံးပဲ လုံၿခဳံေဘးကင္းၾကပါေစ။

With love ❤
Taiga 😘

(

(Unicode))

အပိုင်း (၃၃)
ကုကျိုး၏ ဆုံးဖြတ်ချက်

💊💊💊
အခုတော့ ကုကျိုးသည် ရုတ်တရတ် အတော်ရယ်စရာကောင်းသည်ဟု ထင်မိသည်။

ချီဖုန်းက ပိုင်ဝမ်ကျွင့်ကို အတင်းလိုက်ကပ်နေခြင်းမှာ ပိုင်ဝမ်ကျွင့်သည် 'ပါရမီရှင်' တစ်ယောက်ဖြစ်သည့်အပြင် သူ့မိသားစုနောက်ခံကလည်း ကြီးမားသည့် အကြောင်းရင်းဖြစ်သည်။ အခု သူဖော်လံဖားနေသော ခွေးကောင် ပိုင်ဝမ်ကျွင့်က ချန်းယွင်မြို့တော်ဆီ အပြေးလာပြီး ခိုလှုံစရာလူရှာဖို့ အသည်းအသန်ကြိုးစားနေသတဲ့။ သို့ပေမယ့် မျိုးနွယ်စုအိမ်တော်ကြီး(၅)ခုက ဘယ်သခင်လေးမဆို -- သူ၊ ကုကျိုးနှင့် အလုပ်လုပ်​နေသည့် ထောက်ပံ့သူအပါအဝင် အားလုံးက ပိုင်ဝမ်ကျွင့် အစွမ်းကုန်ကြိုးစားရင်တောင် အနားကပ်ရဖို့ မဖြစ်နိုင်သော လူများပင်။

ကုကျိုးက ခဏ စဥ်းစားမိသည်။ တကယ်လို့ သူသာ ချီဖုန်းနဲ့ ပိုင်ဝမ်ကျွင့်ရှေ့ကို လူလုံးထွက်ပြလိုက်ရင် သူတို့မျက်နှာတွေ ဘယ်လိုတောင် ဖြစ်သွားလိမ့်မလဲ?

ဒါပေမယ့် သူသည် အဲ့ဒီအတွေးကို ချက်ချင်း စိတ်ထဲက ဖိနှိမ်ပစ်လိုက်သည်။

သူတို့နှစ်ယောက်က ထောက်ပံ့သူအတွက် မလောက်လေးမလောက်စားများဖြစ်သည်ဆိုသော်လည်း နောက်ဆုံးတော့ ဒုက္ခပေးနိုင်သည့် ပြဿနာအိုးများ​သာဖြစ်သည်။ ထို့ကြောင့် ကုကျိုးအနေဖြင့် ထောက်ပ့ံသူနောက်ကို ကောင်းကောင်းမွန်မွန်လိုက်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည့်အပြင် ထောက်ပံ့သူကလည်း သူ့အပေါ် ဒီလောက် ဂရုတစိုက် စောင့်ရှောက်နေတာကို သူက အချိန်ခဏတာ အပေါ်စီးကနေ ကြွားဝါးပြရဖို့အတွက် ထိုသို့လုပ်လိုက်လျှင် အရမ်းလွန်းလွန်ရကျပေမည်။

ကုကျိုးသည် ထောက်ပံ့သူ၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်သည်။

ထောက်ပ့ံသူက ထိုသို့လုပ်ပေးခြင်းမှာ ကုကျိုးသည် အ​ဲ့ဒီလူနှစ်ယောက်အပေါ် ဘာပဲလုပ်ချင်​ေနသည်ဖြစ်စေ ထောက်ပံ့သူက သူ့အတွက် အကုန်လုံး ဖြစ်အောင်လုပ်ပေးနိုင်ကြောင်းကို ပြော​ချင်သည့်သ​ေဘာဖြစ်သည်။

ဒါပေမယ့် သူက အဲ့ဒီလူနှစ်ယောက်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှာလဲ?

ကုကျိုးမှာ မသိစိတ်ထဲက သူတို့ကို သတ်ပေးပါ! ဟု ပြောထွက်ဖို့ နည်းနည်းသာလိုသည်။

သို့သော်လည်း သူ ဘာစကားမှ ထုတ်မပြောသေးပေ။

ထိုသို့မပြောခြင်းက သူသည် ခေတ်သစ်ကမ္ဘာမှ လာခဲ့သဖြင့် မိမိလက်များကို သွေးမစွန်း​ေစချင်လို့တော့မဟုတ်​ေပ။ -- တကယ်တော့ ဒီလိုကိစ္စမျိုးကို သူနေသားမကျ​သေးရင်တောင် တစ်နေ့နေ့တော့ ဖြစ်လာမယ်ဆိုတာ သူ သိထားပြီးဖြစ်သည်။ ပြီးတော့ အဲ့ဒါက သူတို့အပေါ် သနားဂရုဏာသက်မိသွားသည်ဆိုသည့် ရယ်စရာအကြောင်းပြချက်ကြောင့်တော့ လုံးဝမဟုတ်​ေပ။ -- ချီဖုန်းနှင့် ပိုင်ဝမ်ကျွင့်တို့သည်လည်း ထိုအချိန်က ချီထျန်းရုံအပေါ် နည်းနည်းမှ စာနာသနားခြင်းမရှိခ​ဲ့ပေ။

ချီထျန်းရုံသေဆုံးရခြင်း၏ အဓိကအကြောင်းရင်းက ချီဖုန်းကြောင့် ဖြစ်သော်လည်း ပိုင်ဝမ်ကျွင့်၏ စနက်လည်း မကင်း​ေပ။ သူက အလွန်သွေးအေးလွန်းခဲ့သည်။ ကုကျိုး၏ မျက်လုံးထဲမှာတော့ သူတို့အားလုံးက တရားခံပင်။ ဒီတိုက်ကြီး၏ လောကအမြင်အရ သူတို့သည် ချီထျန်းရုံ၏ ရန်သူတော်များဖြစ်ပြီး သူတို့ကို သတ်ပစ်ခြင်းက တရားမျှတသည်ဟုဆိုနိုင်သည်။

သို့သော် ကုကျိုး ရုတ်တရတ် စဥ်းစားမိသည်က သူသည် တကယ်တမ်းတော့ ချီထျန်းရုံမဟုတ်ပေ။

ချီထျန်းရုံသည် သေအံ့ဆဲဆဲအချိန်ရောက်သည့်တိုင် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မမုန်းတီးခဲ့ပေ။ ထို့အပြင် သူသည် ချီဖုန်း၊ ချီမိသားစုနှင့် ပိုင်ဝမ်ကျွင့်တို့အပေါ် ကလဲ့စားချေလိုစိတ်လည်း မရှိပေ။ တကယ်လို့ ကုကျိုးသာ ထောက်ပံ့သူ၏ လက်ကိုငှားပြီး ထိုလူနှစ်ယောက်ကို သတ်ပစ်လိုက်လျှင် နောင်ကို တစ်ယောက်ယောက်က ဒီကိစ္စကို သိသွားပြီး လူတွေက ချီထျန်းရုံကို ကလဲ့စားချေခဲ့သည်ဟု ထင်သွားနိုင်သည်။

ကုကျိုးသည် ချီထျန်းရုံ၏ သရုပ်အမှန်ကို အသုံးချခဲ့သည်မှန်သော်လည်း သူ တကယ်ပဲ ချီထျန်းရုံ၏ မူလရည်ရွယ်ချက်ကို လျစ်လျူရှုပြီး ကိုယ့်ဒေါသကို ဖြေလျော့ဖို့ ချီထျန်းရုံ၏နာမည်ကို အသုံးချပစ်ရက်သလား? သူသည် ချီထျန်းရုံအတွက် ကလဲ့စားချေပေးချင်ခဲ့သည်။ သို့သော် သူ့မှာ အဲ့လိုလုပ်ဖို့ ဘာအရည်အချင်းရှိလို့လဲ? သူက ချီထျန်းရုံ၏ ရုပ်အလောင်းဘေးနားတွင် ရုတ်တရတ် ထွက်ပေါ်လာဖို့ ဖိအားပေးခံရသူသာဖြစ်ပြီး မတတ်သာသည့်အဆုံး ချီထျန်းရုံ၏ မှတ်ဥာဏ်ကို ရယူခဲ့ရပြီး ချီထျန်းရုံး၏ ဖြစ်တည်မှုကို ခဏငှားခဲ့ရသော လူတစ်ယောက်သာဖြစ်သည်။

သို့သော်လည်း လက်စားမချေရပြန်လျှင် ဘယ်လိုမှ စိတ်အလိုကျမည်မဟုတ်ပေ။

ဘာဖြစ်လို့် ချီထျန်းရုံကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တဲ့ သူတွေကျ ကောင်းကောင်းမွန်မွန် ရှင်သန်နေပြီး အဲ့ဒီ (၁၅)နှစ်ပဲ ရှိသေးတဲ့လူငယ်လေးကတော့ စိတ်ပျက်ဝမ်းနည်းစွာ သေဆုံးသွားရမှာလဲ? ဘာဖြစ်လို့ စိတ်ကောင်းနှလုံးကောင်းရှိတ​ဲ့သူကျ မရှုမလှ အဆုံးသတ်ရပြီး အဲ့လိုမာနထောင်လွှား၊ စိတ်ပုတ်ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေကျ အတိုင်းအဆမရှိတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာလဲ?

တကယ်လို့ ဒီကိစ္စတွေကို သူ မသိခဲ့ဘူးဆိုလည်း ထားတော့။ တကယ်လို့ သူတို့က သူမမှတ်မိတဲ့ လူတွေဆိုလည်း ထားတော့။ ဒါပေမယ့် သူ သိနေပါလျက်၊ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသလို စာနာနေနိုင်ပါလျက်နဲ့ ဘယ်လိုလုပ် မျက်နှာလွဲခဲပစ် လွှတ်ပေးလိုက်လို့ ဖြစ်မလဲ?!

ကုကျိုးသည် သူ ဘယ်တော့မှ ချီထျန်းရုံလို သဘောထား ကြီးကြီးထားနိုင်မှာမဟုတ်မှန်း မိမိကိုယ်ကို ခံစားမိနေသည်။

ထို့ကြောင့် သူ တစ်မျိုးလေး အနေခက်မိသည်။

ကုကျိုးသည် စိတ်ထဲက တစ်ခုခုလုပ်လိုက်ချင်သည်။ သို့သော်လည်း လူအများက ချီထျန်းရုံအပေါ်ထားသည့် သဘောထားအမြင်ကိုလည်း မဖျက်ဆီးပစ်ချင်ပေ။

ထို့ကြောင့် သူသည် ထိုလူနှစ်ယောက်၏ အသက်ကို လွယ်လွယ်နှင့် နှုတ်ယူပစ်နိုင်မည်မဟုတ်ပေ။

ကုကျိုးသည် အချိန်အတန်ကြာ တုန့်ဆိုင်းနေပြီးနောက် နောက်ဆုံးတော့ ဆုံး​​​ဖြတ်ချက်ချလိုက်သည်။

"ထျန်းဟန်သခင်လေး၊ ကျွန်တော် ချီဖုန်းရဲ့ ဆေးပုလဲလုံးတွေကို မတော်တဆတစ်ခုခု​ဖြစ်ပြီး ပျက်စီးဆုံးရှုံးသွားတာမျိုး လိုချင်တယ်။ ပြီးတော့ ပိုင်ဝမ်ကျွင့် လိုချင်​ေနတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း ဘယ်တော့မှ မအောင်မြင်စေချင်ဘူး"

သူတို့နှစ်ယောက်ကို မသတ်နိုင်ဘူးဆိုမှတော့ သူတို့ကို ကောင်းကောင်းမနေစေရဘူး။ ချီဖုန်းကို ချီထျန်းရုံသာ အသက်မသေခဲ့ရင် အဆံုးအထိ နေထိုင်သွားရမယ့် ပုံစံအတိုင်း အရှက်တကွဲအကျိုးနည်းဖြစ်စေမယ်။ တစ်ကိုယ်ကောင်းသမား ပိုင်ဝမ်ကျွင့်ကိုလည်း သူ့အိပ်မက်ကို တစ်သက်လုံး အကောင်အထည်မဖော်နိုင်တဲ့ ဘဝမျိုး ဖြစ်စေမယ်။

ကုန်းရိထျန်းဟန်သည် ကုကျိုး၏ တုန့်ပြန်မှုတိုင်းကို စောင့်ကြည့်နေသည်။ သူက ကုကျိုးပြောစကားကို ကြားတော့ ခပ်ဖွဖွ ပြုံးလိုက်ကာ:

"ကောင်းပြီ၊ အားကျိုး ပြောတဲ့အတိုင်း ချက်ချင်းလုပ်လိုက်မယ်"

ကုကျိုးသည် ထောက်ပ့ံသူ၏ နက်ရှိုင်းသော မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသည့်အခါ နည်းနည်း အနေရခက်လာသည်။ သို့သော် သူက မြန်မြန် တည်ငြိမ်သွားကာ:

"ကျွန်တော်တို့ လျို့ဝှက်ပြီး လုပ်ရမယ်။ တခြားလူတွေ သိသွားလို့မ​ဖြစ်ဘူး"

ကုန်းရိထျန်းဟန်က ရယ်လိုက်ကာ:

"ကောင်းပြီ၊ ကိုယ်တို့ လျှို့ဝှက်ပြီး လုပ်ကြတာပေါ့"

💊💊💊

ကုကျိုးသည် ထောက်ပံ့သူကို တောင်းဆိုပြီးနောက် ဆေးဝါးသန့်စင်ခြင်း ပင်လယ်ထဲတွင် တစ်ဖန်ပြန်လည် ကူးခတ်လိုက်သည်။ သူက အလုပ်ကို အသည်းအမဲလုပ်နေပြီး သူ၏ ​နေ့စဥ်ဘဝက စည်ကားသာယာနေသည်။ သူသည် ထောက်ပံ့သူက ထိုဆန်ကုန်မြေလေးနှစ်ယောက်ကို ဘယ်အချိန် ပညာပေးမလဲဆိုတာလည်း သွားမမေးပေ။ -- အကြောင်းက ထောက်ပံ့သူက သေချာစီစဥ်လိမ့်မည်မှန်း သူယုံကြည်​ေနသလို အချိန်ကျလာရင် ထောက်ပံ့သူက သူ့ကို သေချာပေါက် ပြောပြလာမှာဖြစ်သည်။

ဤကိစ္စဖြစ်ပြီးနောက် ကုကျိုးနှင့် ထောက်ပံ့သူတို့အကြား ဆက်ဆံရေးက ပိုမိုသင့်မြတ် ကောင်းမွန်လာသည်။

အဲ့ဒီနောက်တော့ ကုကျိုးသည် ထိုဆန်ကုန်မြေလေးနှစ်ယောက် အကြောင်းကို ခေါင်းထဲမှထုတ်လိုက်ပြီး သူ့စိတ်က အခြားဝမ်းမြောက်စရာ ကိစ္စတစ်ခုအပေါ် အာရုံရောက်သွားသည်။

ထိုကိစ္စကား ရက်အနည်းငယ်အကြာတွင် ထောက်ပံ့သူသည် အရိုးပုလဲတစ်ခုကို အောင်မြင်စွာ ငွေ့ရည်ဖွဲ့နိုင်ခဲ့သည်!

ဒါက သေချာပေါက် အံ့ဩစရာဟု မဆိုနိုင်ပေ။

ထျန်းတုခန္ဓာကိုယ်သည် ကောင်းကင်ဘုံ၏ မနာလို အားကျခြင်းကို ခံရသည်။ ထို့ကြောင့် ထို လုံးဝသိပ္ပံနည်းကျမဟုတ်သည့် အသိပညာရှိ​ေနခြင်းက တစ်ချက်​ဖြစ်သည့်အပြင် နောက်တစ်ချက်က သူ့ အသွေးအသားတို့က မွေးရာပါ ရှန်းထျန်းအဆင့် ဖြစ်နေခြင်းဖြစ်သည်။ -- အလွယ်ပြောရလျှင် သူ၏ အသွေးအသားများက မွေးကတည်းက ရှန်းထျန်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိပြီးသား သိုင်းပညာရှင်တစ်ယောက်ကဲ့သို့ အတူတူဖြစ်ပြီး ရှန်းထျန်းချီစွမ်းအင်များဖြင့် အားအင်ပြည့်ဝနေသည်။ -- ဒါက နောက်ပိုင်းတွင် သူ၏ချီစွမ်းအင်ကြောများ ပိတ်ဆို့သွားရသည့် အကြောင်းရင်းတစ်ရပ်လည်း​ဖြစ်သည်။

အားလုံးသိကြသည့်အတိုင်း လူ့ ခန္ဓာကိုယ်သည် မိခင်၏ ဝမ်းတွင်း၌ သန္ဓေတည်သည့်အချိန်တွင် အသန့်စင်ဆုံးဖြစ်ပြီး ထိုအချိန်ကတည်းက ခန္ဓာကိုယ်တွင် ရှန်းထျန်းချီစွမ်းအင်များ ပါဝင်နေခဲ့တာဖြစ်သည်။ မွေးဖွားလာပြီးသည့်နောက်တွင် ထိုရှန်းထျန်းချီစွမ်းအင်များက လျှံထွက်လာပြီး မသန့်ရှင်းသော ဟို့ထျန်းချီစွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ပျံနှံသွားသည်။ ဟို့ထျန်းအဆင့်မှ ရှန်းထျန်းအဆင့်သို့ ကျင့်ကြံရာတွင် သိုင်းပညာကျင့်ကြံရေးကို နားလည်ဖို့လိုသလို ခန္ဓာကိုယ်ကိုလည်း ပြောင်းလဲစေရသည်။

သွေးသန့်စင်ခြင်း၊ အရိုးတည်ဆောက်ခြင်း၊ ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း -- ဤကဲ့သို့ အဆင့်ဆင့်ဖြစ်သည်။

ထျန်းတုခန္ဓာကိုယ်၏ ချီစွမ်းအင်ကြောတည်ရာအမှတ် အခု (၁၀၀)က မွေးရာပါ ပိတ်ဆို့ခြင်းမရှိ ပွင့်နေပြီးသားဖြစ်သည်။ ထို့အပြင် ဟို့ထျန်းအဆင့်ကို အောင်မြင်ရန် မြေမိစ္ဆာအမှတ် (၇၂)ခုကို ပွင့်စေရန် လိုအပ်ပြီး ရှန်းထျန်းအဆင့် အောင်မြင်ဖို့ရန် ကောင်းကင်ဝိညာဥ်အမှတ် (၃၆)ခုကို ပွင့်စေရမှာဖြစ်သည်။ အထက်တွင် ဆိုခဲ့သော ထျန်းတုခန္ဓာကိုယ်၏ မွေးရာပါ ပွင့်လျက်သား ချီစွမ်းအင်ကြောအမှတ် (၁၀၀)က ထို ဖွင့်ရန်လိုအပ်သည့် အမှတ်များ ဖြစ်သည်။

ထို့ကြောင့် ကုန်းရိထျန်းဟန်၏ ပိတ်ဆို့နေသော ချီစွမ်းအင်ကြောများ ပွင့်သွားသည်နှင့် သူ့ခန္ဓာကိုယ်ကို ဆေးဆရာ၏ အကူအညီဖြင့် နည်းလမ်းပေါင်းစုံသုံး၍ ကောင်းမွန်စွာ အားဖြည့်သန်မာစေသည်။ ထို့နောက် သိုင်းပညာ စတင်လေ့ကျင့်သည့်အခါ၌ သူ၏ ချီစွမ်းအင်တည်ရာအမှတ်များက အထူးတလည် ဖွင့်ဖို့်မလိုအပ်ပေ။ သူ၏ ချီစွမ်းအင်ကြောများထဲတွင် ရှန်းထျန်းချီစွမ်းအားများကို တိုက်ရိုက်သန့်စင်နိုင်ပြီး တစ်ချိန်တည်းတွင် ချီစွမ်းအင်ကြောများကို ရှင်းလင်းသန်မာလာစေသည်။ ထိုအခါ အရိုးပုလဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အားလုံးကို အလွန်လျင်မြန်စွာ လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။

(T/N - ပိတ်တာတွေ ပွင့်တာတွေနဲ့ ရှုပ်နေကြမှာစိုးလို့ပါ။ အတိုချုံးရရင် သိုင်းကျင့်မယ့်လူတိုင်းက ချီစွမ်းအင်ကြောတည်ရာအမှတ်တွေ ပိတ်နေမှာပါ။ အဲ့ဒါကို ပွင့်အောင် ဖွင့်နိုင်မှ အရိုးပုလဲလုပ်ပြီး အဆင့်တက်လို့ရမှာပါ။ ကုန်းရိထျန်းဟန်ရဲ့ ရောဂါက အဲ့ဒီ အမှတ်တွေ အကုန်ပွင့်ပြီးသားဖြစ်ပြီး သူ့မှာ ပိတ်နေတာက ချီအတွင်းအားတွေ လည်ပတ်ရမယ့် ချီစွမ်းအင်ကြောတွေပါ။ အရိုးပုလဲကတော့ မွေးရာပါ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် ကျင့်ကြံပြီး ရလာအောင် လုပ်ရမှာပါ။)

ဒီတော့ ကုကျိုးသည် ထောက်ပ့ံသူ၏  ခွန်အားက အလွန်ကြီးမားစွာ တိုးတက်လာမှန်း သိသည်နှင့် သူ့မှာ အာရုံစိုက်စရာ ကိစ္စနှစ်ခုဖြင့် အလုပ်ရှုပ်နေတော့သည်။

ပထမအလုပ်က သေချာပေါက် ထောက်ပံ့သူ၏ ကျန်းမာရေးအပေါ် ဂရုစိုက်ပေးရသည့် အချိန် ဖြစ်သည်။ ထောက်ပံ့သူသည် အရိုးပုလဲတစ်ခုကို ငွေ့ရည်ဖွဲ့လိုက်တိုင်း သူ၏ ခန္ဓာကိုယ်က များစွာပြောင်းလဲသွားသည်။ အသုံးပြုရသည့် ဆေးဝါးအတိုင်းအတာကလည်း အသေးစိတ်မှအစ ကြီးကြီးမားမားအထိ ထိန်းညှိ​ပေးရန် လိုအပ်သည်! ဆေးဆရာတစ်ယောက်အနေဖြင့် စေ့စပ်သေချာစွာ အာရုံစိုက်ထားဖို့လိုပြီး အရမ်းများလွန်း အရမ်းနည်းလွန်းပါက ပြီးပြည့်စုံသည့် ရလဒ်ကို ရရှိမည်မဟုတ်ပေ!

ထိုကြောင့် ကုကျိုးတစ်ယောက် ပို၍ ပူပင်သောကရောက်ရသည်။ အကြောင်းမှာ လက်ရှိတွင် သူ ဘာပြဿနာမှ ရှာမတွေ့သောကြောင့်​​ဖြစ်သည်။ ထောက်ပံ့သူသည် သိုင်းပညာကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် နောင်တွင် သူ့ခန္ဓာကိုယ် ပြောင်းလဲမှုများက ပိုမိုကြီးမားလာမှာဖြစ်ပြီး အသုံးပြုရသော ဆေးဝါးများကလည်း ပိုမို ရှုပ်ထွေးလာမှာ​ဖြစ်သည်။ ကုကျိုးက သွေးကြောစမ်းပေးခြင်းနှင့် ထောက်ပံ့သူ၏ ချီစွမ်းအင်အခြေအနေကို စောင့်ကြည့်ခြင်း စသည့် ရိုးရှင်းသော ကိစ္စလေးများကိုသာ လုပ်ပေးနိုင်သည်။ တကယ်လို့ နောက်ပိုင်းမှာ ထောက်ပံ့သူရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သူသေချာနားမလည်နိုင်​လျှင် ထောက်ပံ့သူအတွက် ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်မည်။

သို့သော် အဲ့ဒါက အရေးတကြီးတော့ မဟုတ်​ေပ။ ထောက်ပံ့သူ၏ နှစ်သိမ့်ပေးမှုကြောင့် သူက နည်းလမ်းတစ်ခုကို ဖြည်းဖြည်းချင်း ရှာဖွေမည်ဖြစ်သည်။

ဒုတိယကတော့ ကုကျိုးသည် ထျန်းတုခန္ဓာကိုယ်၏ လျင်မြန်ပြင်းထန်သည့် တိုးတက်မှုများကို တစ်မျိုးတစ်ဖုံ မနာလိုအားကျမိသည်။ သူလေ့ကျင့်နေသည့် နတ်ဆေးပညာစိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်းမှာ အလွန်ကောင်းမွန်သော ကျင့်စဥ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်မှ အညစ်အကြေးများကို စဥ်ဆက်မပြတ် ဖယ်ရှာပေးနိုင်သည်။ သူ့၏ ကျင့်စဥ်က များစွာသော ကျင့်ကြံရေးနည်းလမ်းများနှင့် ယှဥ်လျှင် အလွန်စွမ်းအားကြီးမားသည်ဟု ဆိုနိုင်သည်။ သို့သော် သူ့ထောက်ပံ့သူ၏ လတ်တလော ကုသပျောက်ကင်းသွားသော မွေးကတည်းက အညစ်အကြေးကင်းစင်သည့် ထျန်းတုခန္ဓာကိုယ်နှင့် ယှဥ်လိုက်လျှင် ကုကျိုးက အနည်းငယ် နိမ့်ကျနေသည်ပင်။

ကုကျိုးသည် ကျင့်ကြံရေးကို အစွမ်းကုန်ကြိုးစားလေ့ကျင့်ရန်နှင့် အညစ်အကြေးများအားလုံး စင်ကြယ်သွားစေရန် လိုအပ်သည်ဟုတွေးမိသည်။ သူသည် ထောက်ပံ့သူထက် ပိုမိုအင်အားကြီးမားလာဖို့ဆိုတာကို အသာထား နောက်ကောက်ကျ ကျန်ခဲ့လို့တော့ လုံးဝ မဖြစ်ချေ။ မဟုတ်ရင် ထောက်ပ့ံသူက သူ့ကို အသုံးမကျဘူးလို့ ထင်သွားရင် ဘယ်နှယ့်လုပ်မလဲ?

နှမြောစရာကောင်းတာက ထိုအချက်နှစ်ခုစလုံးသည် သူ့စိတ်ထဲက တွေးသလို လက်တွေ့တွင် အကောင်အထည်မပေါ်ခဲ့ပေ။

ဥပမာ ပထမအချက်အတွက် သူသည် ကျင့်ကြံရေးနှင့် ပတ်သတ်၍ ဘာထိုးထွင်းသိမြင်နိုင်စွမ်းမှ မရှိပေ။ ဒုတိယအချက်အတွက်ကတော့ သူက အရိုးပုလဲ(၁၆)ခုကို အလျင်အမြန် ငွေ့ရည်ဖွဲ့နိုင်ပြီး သွေးသန့်စင်ခြင်း အဆင့်(၂)သို့ ချောမွေ့စွာ ရောက်ရှိခဲ့သည်။ သိပ်မကြာခင်မှာ သူက အဆင့်(၃)သို့ တက်လှမ်းနိုင်တော့မည်။ သို့သော် သူ၏ ထောက်ပံ့သူ ကုန်းရိထျန်းဟန်သည် သွေးသန့်စင်ခြင်းအဆင့်ကို လျင်မြန်စွာ ကျော်ဖြတ်သွားခဲ့ပြီး အရိုးတည်ဆောက်ခြင်း အဆင့်(၂) သိုင်းပညာရှင်တစ်ယောက် ဖြစ်နေလေပြီ။

ထောက်ပံ့သူက သူ့ရဲ့ အဆင့်သေးလေး(၃)ခု နဲ့ ယှဥ်လျှင် သူ့ကို အဆင့်တစ်ခုလုံးကျော်တက်သွားခြင်းပင်!

-- ဒီလို အချိန်နှစ်လတည်း သိုင်းကျင့်ကြံပြီး ကျင့်ကြံရေးအဆင့် (၂)ခုကို တန်းပြီး အောင်မြင်သွားတဲ့ ပါရမီရှင်မျိုး ရှိသေးတယ်လား? ရိုးရိုးသာမန်လူလေးတွေကိုလည်း အသက်ရှင်ခွင့် ပေးပါဦးတော့လား......

ကုကျိုးသည် စိတ်ထဲက ဝမ်းနည်းကြေကွဲမှုများကို မြိုသိပ်လိုက်ပြီးနောက် ဆေးဝါးသန့်စင်ခြင်းဘက်ကို ဦးလှည့်လိုက်ကာ ဆေးဝါးများကို ဆက်လက်သန့်စင်လိုက်သည်။

ဤက​ဲ့သို့ ဆေးဝါးသန့်စင်​ေနမှ ကုကျိုးသည် မိမိ ကိုယ်ပိုင်ဖြစ်တည်မှုလေး၏ အရေးပါပုံကို ပြန်လည်ရှာဖွေနိုင်တော့သည်။

ထောက်ပံ့သူ၏ မွေးရာပါ ရှန်းထျန်းခန္ဓာကိုယ်က ဆေးဝါးမသန့်စင်နိုင်အောင် တားမြစ်ထားလို့သာမဟုတ်ရင် ထောက်ပံ့သူ မလုပ်နိုင်တာ ဘာမှမရှိလောက်ဘူး...... ကြည့်ရတာ ကလေးရအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိ​သေးဘူးထင်တယ်?

တကယ်လို့ တစ်နေ့မှာ ထောက်ပံ့သူက သူ့ကို ယောကျာ်းချင်း ကလေးရအောင် ဘယ်လိုလုပ်ရလဲဆိုတဲ့ အဆင့်သတ်မှတ်ချက်ကို သူ ဖောက်ထွက်နိုင်ပြီလို့ ပြောလာရင်တောင် ကုကျိုးတော့ သိပ်အံ့ဩမိမည်မထင်။

💊💊💊

သုံလကျော်ကြာပြီးနောက်။

ကုန်းရိထျန်းဟန် သိုင်းပညာကျင့်ကြံလာသည်မှာ နှစ်ဝက်ခန့်ကြာမြင့်ခဲ့ပြီ။ နဂါးပြာရေကန်ဖွင့်ပွဲကျင်းပဖို့ကလည်း ခြောက်လသာလိုတော့သည်။

ယ​ေန့မနက်တွင် ကုကျိုးသည် ခါတိုင်း မျက်နှာချင်းဆိုင်တွင် ရှိနေကျ ထောက်ပံ့သူက အိပ်ရာထဲတွင် မရှိတော့တာကို တွေ့ရသည်။ -- မှန်ပေသည်။ သူ၏ ထောက်ပံ့သူသည် သိုင်းပညာစတင်ကျင့်ကြံနိုင်သည့် အချိန်မှစ၍ လုံ့လဝိရိယရှိရှိ ကြိုးစားလေ့ကျင့်ခဲ့သည်။ ထို့ကြောင့် ကုကျိုးသည်လည်း အိပ်ချင်မူးတူး ဖြစ်နေသည့် ဆွဲဆောင်မှုရှိသည့် ​ရီဝေဝေ မျက်နှာလေးကို ထပ်မံမတွေ့ရတော့ချေ။

သူ့အထက်လူကြီးက ဤကဲ့သို့ ကြိုးစားနေသည့်အတွက် ကုကျိုးကလည်း အပျင်းခိုဖို့ အစီအစဥ်မရှိပေ။ သူက အိပ်ရာမှ အမြန်ခုန်ထလိုက်ကာ အဝတ်အစားဝတ်လိုက်ပြီး ထောက်ပံ့သူကို ရှာရန် ခြံဝန်းဘက်သို့ထွက်ခဲ့သည်။ ဟုတ်ပေသည်။ ထောက်ပံ့သူသည် ထိုသစ်ပင်ကြီးအောက်တွင် ရှိနေဆဲဖြစ်ပြီး...... ကိုယ်ခံပညာကို လေ့ကျင့်နေသည်။

ကုကျိုးသည် အခန်းပေါက်ဝ တံစက်မြိတ်ကနေ ထိုနေရာသို့ မျက်နှာမူကာ လှမ်းကြည့်လိုက်သည်။

ဒီနေ့တော့ ကုန်းရိထျန်းဟန်သည် ကြီးမားသော ခွန်အားဖြင့် လက်သီးထိုးလေ့ကျင့်နေသည်။ လက်သီးချက်တိုင်းက လေကိုခွင်းသွားသည့် အသံများထွက်ပေါ်လာပြီး တိုက်ရည်ခိုက်ရည်များ နှိုးကြားလာကာ အလွန်စူးရှသည့် တဖြောက်ဖြောက်မြည်သံများကို ကြားနေရသည်။

ကုန်းရိထျန်းဟန်သည် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အသားအရေက ကျောက်စိမ်းသဖွယ် ဖြူဖွေးတောက်ပပြီး ခြေတံလက်တံများက ကျစ်လျစ်သွယ်လျသည်။ သူ၏လက်သီးချက်များက အရင်လို ပျော့ပျောင်း အားနည်းမနေဘဲ ခွန်အားအပြည့်နှင့် အလွန်ကြည့်ကောင်းလှသည်။

လက်သီးထိုးလေ့ကျင့်ပြီးသည့်နောက် ကုန်းရိထျန်းဟန်က လက်ဆယ်ချောင်းစလုံးကို ဖြန့်လိုက်ပြီး လက်သီးဆုပ်များက လက်ဝါးအဖြစ်သို့ ပြောင်းသွားသည်။ ထို့နောက် သူ့ခြေထောက်များက သိုင်းကွက်များစတင် လှမ်းလိုက်ပြီးနောက် အချိန်တို​အတွင်း သူ့၏ အသွင်သဏ္ဍာန်မှာ နဂါးတစ်ကောင် ကူးခတ်သွားလာ​ေနသည့်အလား ထင်ရသည်။ သူ၏ လက်ဖဝါးများက လေထုကို ဓားတစ်ချောင်းနှယ် ကိုင်တွယ်လှုပ်ရှားလိုက်သည်။ သူ့ လှုပ်ရှားမှုများက ဖျတ်လတ်မြန်ဆန်ပြီး သူရဲကောင်းတစ်ယောက်၏ အရှိန်အဝါများပေါ်လွင်လို့်နေသည်။

သိုင်းကွက်တစ်ခုချင်းစီက ပေါင်းစည်းသွားကြသည်။ လေ့ကျင​့်ချိန်ကြာလာသည်နှင့်အမျှ သူ၏ လှုပ်ရှားမှုများက ပိုမိုမြန်ဆန်လာသည်။ ကုကျိုးသည် ကြည့်နေရင်းဖြင့် သိုင်းကွက်များကို ရှင်းလင်စွာ မသိနိုင်တော့သလို ခံစားရသည်။ သူသည် လေကိုခွင်းသွားသည့် တဝှစ်ဝှစ်မြည်သံကိုသာ ကြား​ေနရပြီး ကုန်းရိထျန်းဟန်၏ လက်ဖဝါးထဲရှိ လေထုက သစ်ရွက်ခြောက်များစွာကို နှစ်ပိုင်းပြတ်သွားစေသဖြင့် သစ်ရွက်လေးများက ဘေးနှစ်ဘက်သို့ ဖြာထွက်သွားကြသည်။

သိပ်မကြာခင်တွင် ကုန်းရိထျန်းဟန်၏ သိုင်းကွက်များက နောက်တစ်ခုပြောင်းသွားပြီး သူမသိလိုက်ခင်မှာပင် အနည်းဆုံး သိုင်းပညာ (၇)မျိုး (၈)မျိုးခန့် ပြောင်းလ​ဲသွားသည်။

ကုကျိုးသည် ကြည့်နေရင်းက အနည်းငယ် ကြောင်အသွားသည်။

ပြောရရင် သူ့အိမ်က ထောက်ပံ့သူ၏ လက်ရှိအသွင်အပြင်က ကုကျိုး ပထမဆုံးစတင်ဆေးကုတုန်းကလို အရိုးပေါ်အရည်တင် ပိန်လှီနေသည့်ပုံထက် အများကြီးပိုကောင်းလာသည်။ အရင်တုန်းက ထောက်ပံ့သူသည်အရေပြားတစ်ထပ်သာရှိသည် ထင်ရပြီး အခုတော့ ပါးလွှာသော ကြွက်သားတစ်ထပ်က အတော်အတန် ရှိလာခဲ့ပြီ။ ထို ကြွက်သားအလွှာပါး၊ အဖုအထစ်များက မညီမညာ အကျည်းတန်ခြင်းမရှိသလို အဲ့ဒီ့အစား ပျော့ပျောင်းကာ အင်အားကြီးမားပြီး အလွန်လှပကြည့်ကောင်းပေသည်။

ကုန်းရိထျန်းဟန်၏ အရင်က မျက်နှာအလွန်ကြည့်ကောင်းပြီး ခန္ဓာကိုယ်အချိုးအစားကတော့ ပြောလို့မရပေ။ အခုတော့ သူသည် သွေးရောင်လွှမ်းလာသည့် ပါးပြင်နှင့် ချောမောခန့်ညားကာ ခန္ဓာကိုယ်အချိုးအစားကလည်း ကျေနပ်စရာကောင်းလာသည်။

သူ့တစ်ကိုယ်လုံး၏ အသွင်အပြင်ကို ချုံပြောရလျှင် နှစ်ဆတိုးလာသည်ဟု မဆိုသာသော်လည်း အနည်းဆုံးတော့ (၅၀) ရာခိုင်နှုန်းခန့်မြင့်တက်လာသည်။

သို့သော် ကုကျိုးသည် ထောက်ပံ့သူ သိုင်းပညာကျင့်နေသည်ကို ကြည့်ဖို့လာခြင်းဖြစ်ပြီး ထောက်ပံ့သူ၏ ချောမောခန့်ညားမှုကို ကြည့်ဖို့မဟုတ်ပေ။

နောက်ပြီး သူ့မှာလည်း ပုံမှန်လေ့ကျင့်ရမည့်အစီအစဥ် ရှိပေသည်။

______________________________________

အချစ်ဆုံးတို့ရေ.....

သိုင်းကျင့်တာကြည့်နေတာလား ငမ်းနေတာလားတော့ သိပ်မသဲကွဲပါဘူး 😁😁 ဒါဆို နောက်တစ်ပိုင်းမှာ ဆက်ငမ်းကြမယ်နော် 😝 အားလုံးပဲ လုံခြုံဘေးကင်းကြပါစေ။

With love ❤
T

aiga 😘

Continue Reading

You'll Also Like

813K 16.5K 83
ကောင်မလေးကိုချစ်ပါသည်။
9.7K 756 6
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
2.2M 168K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
813K 114K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...