မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.7K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း

1.1K 297 18
By Sebastiann048

((Zawgyi))

အပိုင္း (၃၂)
ဆန္ကုန္ေျမေလးမ်ား၏သတင္း

💊💊💊
သူတို႔က ခ်က္ခ်င္းဆိုသလို ပထမဦးဆုံးပုလင္းကို စတင္ ေလလံပစ္လိုက္သည္။

ၿပီးေနာက္ တစ္ေယာက္ၿပီးတစ္ေယာက္ အၿပိဳင္အဆိုင္ ေအာ္ဟစ္ေစ်းေပးၾကၿပီး ဝင္သက္ထြက္သက္ အခ်ိန္အနည္းငယ္အတြင္းမွာ ေလလံေစ်းက ေ႐ႊစငါးေသာင္းအထိ ျမင့္တက္သြားသည္။

ထိုအခ်ိန္၌ ခန္းမထဲတြင္ သန္မာႀကံ့ခိုင္ေသာ ေယာက်ာ္းႀကီးတစ္ေယာက္၏ အသံက ပဲ့တင္ထပ္သြားသည္။

"အားလုံးပဲ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ စစ္မာအိမ္ေတာ္ကို မ်က္ႏွာသာေပးေပးပါ"

ထိုလူ၏ အသံထြက္လာသည္ႏွင့္ ေနာက္ထပ္ဘယ္သူမွ ေလလံဆက္မဆြဲၾကေတာ့ေပ။

အဲ့ဒီေနာက္ ဒုတိယေဆးပုလင္းကို ေလလံတင္ျပန္သည္။

ေစ်းေျပာေသာအသံမ်ားက ေစာေစာကအတိုင္း ခန္းမႀကီးထဲတြင္ ထြက္ေပၚလာကာ ေ႐ႊစ ငါးေသာင္းအထိ ေစ်းတက္သြားျပန္သည္။

ထိုအခါ ေပ်ာ့ေပ်ာင္း ခ်ိဳသာၿပီး က်က္သေရရွိလွေသာ အမ်ိဳးသမီးတစ္ေယာက္၏ အသံထြက္လာသည္။

"အားလုံးပဲ ေက်းဇူးျပဳၿပီး ကြၽန္မတို႔ သြမ္းမူအိမ္ေတာ္ကို မ်က္ႏွာသာေပးပါဦး"

ထိုအခါတြင္လည္း ေနာက္ထပ္ဘယ္သူမွ ထပ္မံေစ်းမေခၚေတာ့ေပ။

ဤက​ဲ့သို ့အေျခအေနမ်ိဳးက ေနာက္ထပ္အႀကိမ္အနည္းငယ္ ထပ္မံျဖစ္ပ်က္သြားသည္။

အဲ့ဒီေနာက္မွာေတာ့ ဟဲလ်န္အိမ္ေတာ္၊ ေနာက္ ဟြမ္းဖူအိမ္ေတာ္ႏွင့္ ေနာက္ဆုံး ငါးပုလင္းေျမာက္ကို ကုန္းရိအိမ္ေတာ္က ဝယ္ယူသြားသည့္အခါမွ အေျခအေနမ်ားက ေခတၱ ၿငိမ္သက္သြားသည္။

ထို႔ေၾကာင့္ ေျခာက္ပုလင္းေျမာက္ေဆးပုလင္းကို ေလလံတင္သည့္အခါ ၿပိဳင္ဆိုင္မႈမ်ားက ပိုမိုျပင္းထန္လာသည္။

ကုက်ိဳးသည္ အျဖစ္အပ်က္မ်ားကို ေနာက္ဆုံးေတာ့ နားလည္သေဘာေပါက္သြားသည္။ အဆင့္ျမင့္ ခ်ီအားျဖည့္ေဆးလုံးပုလင္းမ်ားအားလုံးကို မ်ိဳးႏြယ္စုအိမ္ေတာ္ႀကီးမ်ားက အသီးသီး ဝယ္ယူသြားၾကျခင္းျဖစ္သည္။ ၄င္းတို႔အားလုံး၏ ဝယ္ေစ်းက ေ႐ႊစ ငါးေသာင္းျဖစ္ၿပီး မူလေစ်းထက္ (၂၅)ဆ ျမင့္သည္။ ဒါတင္မကေသး ထိုအိမ္ေတာ္ႀကီးမ်ားက ပါးစပ္ဟလိုက္သည္ႏွင့္ ဘယ္သူကမွ သူတို႔ႏွင့္အၿပိဳင္ ေလလံဝင္မဆြဲၾကေတာ့ေခ်။

ကုက်ိဳးက ေထာက္ပံ့သူေျပာခဲ့သည့္ စကားကို ျပန္သတိရသြားသည္။ ဒီခ်ီအားျဖည့္ေဆးလုံးေတြကို ေျခာက္ခါခြဲၿပီး ေလလံတင္လိမ့္မည္..... သို႔ေသာ္ ဤခန့္မွန္းခ်က္က အလြန္တိက်လြန္းေနသည္ မဟုတ္ပါလား!

ထိုအခ်ိန္တြင္ ကုန္းရိထ်န္းဟန္က ကုက်ိဳးကို ရွင္းျပလာသည္။

"အားက်ိဳး ေဖာ္စပ္သန့္စင္ေပးတဲ့ ခ်ီအား​ျဖည့္ေဆးလုံးေတြက ဒီတိုက္ႀကီးမွာရွိတဲ့ သာမန္ေဆးလုံးေတြထက္ အမ်ားႀကီးသာတယ္။ အစီအစဥ္တင္ဆက္သူ ေျပာသလိုပဲ တစ္ေယာက္ေယာက္ကသာ ဒီေဆးလုံးေတြရဲ႕ လွ်ို႔ဝွက္ခ်က္ကို ေဖာ္ထုတ္နိုင္ရင္ ရလာမယ့္ အက်ိဳးအျမတ္က ေၾကာက္ခမန္းလိလိပဲ"

အဲ့ဲဒါက သူအခု ေရာက္ရွိေနေသာ လက္ရွိ အေျခအေနလိုမ်ိဳးပင္။

"အဲ့ေတာ့ ေဆးလုံးေတြကို ဒီလို ေရာင္းထုတ္လိုက္ရင္ တစ္ဦးတစ္ေယာက္တည္း ကြက္ၿပီး အက်ိဳးအျမတ္ရဖို႔ မျဖစ္နိုင္သလို ျပႆနာေတြလည္း ျဖစ္လာနိုင္တယ္။ တကယ္လို႔ ေဆးလုံးေတြကို ဝွက္ထားလိုက္မယ္ဆိုလည္း အဲ့ဒီ ထူးဆန္းတဲ့ေဆးဆရာမွာ တျခားဘာရည္႐ြယ္ခ်က္ရွိမွန္း မသိနိုင္တဲ့အတြက္ တျခားသူေတြကို အျပစ္ျပဳမိဖို႔ အရမ္းလြယ္တယ္။ ေနာက္ၿပီး အဲဲ့ဒီ ထူးဆန္းတဲ့ ေဆးဆရာက ဒီလို ေဆးလုံးေတြကို ဘယ္ေလာက္ၾကာၾကာဆက္ၿပီး ေထာက္ပံ့ေပးမွာလဲဆိုတာကလည္း ရွင္းရွင္းလင္းလင္း မသိနိုင္ဘူး....ဆိုေတာ့ သူတို႔က ဒီေလလံပြဲလုပ္ဖို႔ပဲ ရွိေတာ့တာေပါ့"

ကုက်ိဳးက ေထာက္ပံ့သူေျပာျပတာကို နားေထာင္ၿပီး အနည္းငယ္ သေဘာေပါက္လာသည္။

ကုန္းရိထ်န္းဟန္ကလည္း အလြန္စိတ္ရွည္စြာျဖင့္:

"ဘာလို႔ ေျခာက္တြဲ ခြဲၿပီးေရာင္းတာလဲဆိုေတာ့ ျပႆနာနဲ႕ ဆုံးရႈံးမႈေတြကို အနည္းဆုံးျဖစ္ေအာင္ ေလ်ာ့ခ်ခ်င္လို႔ပဲ။ နဂါးျပာကုန္သြယ္ေရးလုပ္ငန္းက ဒီအေၾကာင္းကို ႀကိဳၿပီး သတင္းျဖန့္ထားၿပီးသား။ ဒီေတာ့အိမ္ေတာ္ႀကီး (၅)ခုက ႀကိဳတင္ျပင္ဆင္လာၾကတာ။ ဒီခ်ီအားျဖည့္ေဆးလုံးေတြက တစ္ခါပဲရမယ့္ အခြင့္အေရးဆိုေတာ့ ၾကမ္းခင္းေစ်း သက္မွတ္ခ်က္က နည္းနည္းေစ်းႀကီးမွာ ေသခ်ာတယ္။ ဒါေပမယ့္ မတန္တဆ ေစ်းမ်ားလို႔ေတာ့ မျဖစ္ဘူး။ ဒီေတာ့ သူတို႔က အခ်င္းခ်င္း နားလည္မႈနဲ႕ ေစ်းႏႈန္းကို ဒီေလာက္ပ​ဲသတ္မွတ္ဖို႔ သေဘာတူထားၾကတာ။ ဒီလိုနဲ႕ အေရွ႕က ေလလံငါးခုက မ်ိဳးႏြယ္စု အိမ္ေတာ္တစ္ခုစီကို ခြဲၿပီးေရာင္းလိုက္တာပဲ"

"ေျခာက္ခုေျမာက္ ေဆးပုလင္းကမွ တကယ္ ေလလံတင္တယ္လို႔ ေျပာရမယ္ -- ဘယ္လိုအင္အားႀကီးတဲ့သူပ​ဲျဖစ္ျဖစ္ ေစ်းအမ်ားဆုံးေပးနိုင္တဲ့ သူက အနိုင္ရလိမ့္မယ္။ တကယ္လို႔ မ်ိဳးႏြယ္စု အိမ္ေတာ္ႀကီး(၅)ခုထဲက တစ္ေယာက္ေယာက္က ပိုက္ဆံပိုသုံးၿပီး ေနာက္ထပ္တစ္ပုလင္း ထပ္ဝယ္လည္းရတယ္။ ဒါဆို ေနာက္ပိုင္း သူတို႔ သုေတသနလုပ္တဲ့အခါ နာမူနာပစၥည္းမ်ားမ်ားရွိၿပီး လွ်ို႔ဝွက္ခ်က္ကို ေဖာ္ထုတ္နိုင္မယ့္ အခြင့္အေရးလည္း ပိုမ်ားလာမယ္။"

ကုက်ိဳး နားေထာင္းရင္း ႐ုတ္တရတ္ ခံစားမိသည္က ေနာက္ဆုံးေတာ့ စိတ္အပုတ္ဆုံး -- မဟုတ္ဘူး၊ အႀကံအႀကီးဆုံးသူ​က သူ႕အိမ္က ေထာက္ပံ့သူျဖစ္ေနသည္။

ေသခ်ာတာကေတာ့ ထိုကဲ့သို႔အဆင့္ျမင့္ ခ်ီအားျဖည့္ေဆးလုံးမ်ားရရွိလာျခင္းမွာ သူ၏ ေဆးဝါးသန့္စင္ျခင္းနည္းလမ္းသည္ ဒီတိုက္ႀကီးရွိ အျခားေသာ ေဆးဝါးသန့္စင္ျခင္း နည္းလမ္းမ်ားထက္ မ်ားစြာအဆင့္အတန္းျမင့္မားေနျခင္းေၾကာင့္​ျဖစ္သည္။ ဤသို႔ျဖစ္ရျခင္းက System ေၾကာင့္လို႔လည္း ေျပာလို႔ရ​​ေပသည္။ ဒါေပမယ့္ ေဆးလုံးေတြကို ဒီအတိုင္း လက္နဲ႕ ကိုယ္တိုင္ထိုင္လုံးၿပီး ထုတ္ေနသမွ်ေတာ့ အခ်ိန္အၾကာႀကီး သုေတသနျပဳလည္း သူတို႔ေတြက ဒီလို အဆင့္ျမင့္ေဆးလုံးမ်ိဳးကို တကယ္ေရာ ေဖာ္စပ္သန့္စင္လာနိုင္မွာလား?

ၿပီးေတာ့ အဲ့ဒီ ေဆးကိုလက္နဲ႕လုံးတဲ့ ေဆးဆရာေတြက လွ်ို႔ဝွက္ခ်က္ကို မေဖာ္ထုတ္နိုင္ရင္ ေထာက္ပံ့သူက ခ်ီအားျဖည့္ေဆးလုံးေတြကို ေစ်းကြက္ထဲ ပိုမ်ားမ်ား တင္သြင္းမယ္။ ဒါဆို သိုင္းပညာက်င့္ႀကံဖို႔ပဲ ျဖစ္ျဖစ္၊ သုေတသနလုပ္ဖို႔ပဲျဖစ္ျဖစ္ သူတို႔အားလုံးက ေထာက္ပံ့သူမ်က္ႏွာကိုပဲ ၾကည့္ေနရေတာ့မွာ မဟုတ္လား?....အထူးသျဖင့္ အဲ့ဒီခ်ီအားျဖည့္ေဆးလုံးေတြကို ဒီလို ေစ်းအမ်ားႀကီးနဲ႕ ေရာင္းတာက သုေတသနလုပ္မယ့္ ေဆးဆရာေတြ ေဖာ္ထုတ္နိုင္မွာ မဟုတ္ဘူးဆိုတာေသခ်ာေနလို႔လည္း ျဖစ္နိုင္တယ္။ ဒီလိုဆို အဲ့ဒီ နမူနာ ေဆးလုံးေတြရဲ႕ ေစ်းႏႈန္းက ပိုျမင့္တက္လာမယ္မဟုတ္လား?

ကုက်ိဳးသည္ စိတ္ထဲကေန သူ႕ေထာက္ပ့ံသူအတြက္ လက္မအႀကီးႀကီးေထာင္လိုက္သည္။ အဲ့ဒီေနာက္ သူက တစ္ခုခုကို သတိရသြားၿပီး ေျပာလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္ရဲ႕ ေဆးဝါးသန့္စင္တဲ့ နည္းလမ္းကို သခင္ေလးရ​ဲ ့ယုံၾကည္စိတ္ခ်ရတဲ့လူတခ်ိဳ႕ကို သင္ေပးခ်င္လား?"

သူက ထိုသို႔ေမးျမန္းလိုက္ၿပီးေနာက္ သူ႕ရဲ႕ေမ့ေလာက္ရွိေနသည့္ System ကို သြားသတိရလိုက္သည္။ သူက စိတ္ထဲကေန တိတ္တိတ္ေလး ေမးခြန္းေမးလိုက္၏။: System၊ ဒီေဆးဝါးသန့္စင္တဲ့ နည္းလမ္းေတြကို တျခားလူကို သင္ေပးလို႔ရလား?

္[Hostအေနနဲ႕ ကိုယ့္ဟာကိုယ္သင္ယူတတ္ေျမာက္ထားတဲ့ ပညာေတြကို ႀကိဳက္သလို အသုံးျပဳလို႔ရပါတယ္]

[ေဖာ္ေ႐ြစြာအႀကံျပဳခ်က္: <<နတ္ေဆးပညာစိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္း>> ကို ေလ့လာရာမွာ အထူးခႏၶာကိုယ္ဖြဲ႕စည္းပုံရွိဖို႔လိုပါတယ္။ Host အေနနဲ႕ ေက်းဇူးျပဳၿပီး သတိရွိရွိ ေဆာင္႐ြက္နိုင္ပါေစ]

ကုက်ိဳးက စိတ္ထဲမွ ေခါင္းညိမ့္ျပကာ နားလည္ေၾကာင္း ေဖာ္ျပလိုက္သည္။

သူက တုံးအ,သူေတာ့မဟုတ္။ ထို႔ေၾကာင့္ သူသည္ နတ္ေဆးပညာစိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္းအေၾကာင္းကို သူ၏ ေထာက္ပ့ံသူမွလြဲ၍ အျခားဘယ္သူကိုမွ ေျပာျပမည္မဟုတ္ေပ။ တျခား​ေဆးဝါးသန့္စင္ျခင္း နည္းလမ္းျဖစ္ရင္ေတာင္ သူသည္ မိမိ၏ ဥာဏ္ေကာင္းသည့္ ေထာက္ပံ့သူကို အရင္ေမးၿပီးမွ ကိုင္တြယ္လုပ္ေဆာင္မည္ျဖစ္သည္။

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏ စကားကို ၾကားေတာ့ အနည္းငယ္ အံ့ဩတုန္လႈပ္သြားသည္။

ထို႔ေနာက္ သူက ညင္သာစြာ ျပန္ေျဖလိုက္သည္။

"အဲ့ဒါကအခ်ိန္မက်ေသးဘူး"

သူက ၿပဳံးလိုက္ကာ:

"အားက်ိဳး၊ ကိုယ္ မင္းကိုပဲ ပင္ပန္းေစရဦးမယ္"

ကုက်ိဳးက ေခါင္းခါျပလိုက္ကာ:

"ဒါက ဘယ္လိုလုပ္ ပင္ပန္းတယ္ေခၚမွာလဲ။ ကြၽန္ေတာ့္မွာ ေဆးဖက္ဝင္ခ်ီစြမ္းအင္ေတြ ရဖို့္လိုတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ ေဆးဝါးသန့္စင္တဲ့ပညာကိုလည္း ကြၽမ္းက်င္ေအာင္ လုပ္ရဦးမွာ"

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳးဒီလိုေျပာတာျမင္ေတာ့ သူ၏ ႏႈတ္ခမ္းေထာင့္မွ အၿပဳံးက ပိုမို နက္ရွိုင္းသြားသည္။

ထိုေဆးဝါးသန့္စင္ျခင္းနည္းလမ္းသည္ အလြန္ အ့ံဖြယ္ေကာင္းလွသည္။ တကယ္လို႔ ဒီတိုက္ႀကီးအတြင္းက ေဆးဆရာမ်ားသာ ထိုနည္းလမ္းကို သင္ယူတတ္ေျမာက္ခဲ့လွ်င္ ၄င္းက ႀကီးမားေသာ ေဘးအႏၲရာယ္မ်ားကို ျဖစ္ေပၚ​ေစနိုင္သည္။ ထိုအခါ မ်ားစြာေသာ ေသြးေခ်ာင္းစီးမႈမ်ားႏွင့္ ျပင္းထန္ေသာ ဆူပူအုံႂကြမႈမ်ားကိုပါ အစပ်ိဳးေပးလိုက္သလို ျဖစ္မွာစိုးရသည္။

အ​ဲ့ဒါက ေျမာက္မ်ားစြာေသာ အင္အားစုမ်ား၏ အေျခခံအုတ္ျမစ္ကိုပင္ မိုးေျမတုန္ခါသြားေလာက္ေအာင္ ေျပာင္းလဲသြားေစလိမ့္မည္။

ကုန္းရိထ်န္းဟန္က ေကာက္ခ်က္ခ်မိသည္။ သူသည္ ႀကီးမားေသာအင္အားတစ္ခုကို မိမိလက္ထဲတြင္ ဆုပ္ကိုင္ထားနိုင္သည္မွန္ေသာ္လည္း အဲ့ဒါက ဤတိုက္ႀကီးတစ္ခုလုံးတြင္ ျဖစ္ေပၚလာမည့္ ျပင္းထန္သည့္ ဂယက္ရိုက္မႈမ်ားကို ႀကံႀကံခံထားနိုင္ဖို႔ေတာ့ မလုံေလာက္သလို သူ၏ ေဆးဆရာေလးကို ကာကြယ္ေပးေလာက္ေအာင္လည္း မသန္မာလွေပ။

ထို႔ေၾကာင့္ ဒီကိစၥကို ေဆာက္႐ြက္ရန္ အခ်ိန္မက်ေသးျခင္းျဖစ္သည္။

သူတို႔ႏွစ္ေယာက္ အျပန္အလွန္ေျပာေနစဥ္မွာ အဆင့္ျမင့္ခ်ီအားျဖည့္ေဆးလုံး၊ ေနာက္ဆုံးပုလင္း၏ ေလလံပြဲကလည္း ၿပီးဆုံးသြားသည္။

ေနာက္ဆုံးရရွိသြားသူက ဟဲလ်န္အိမ္ေတာ္မွျဖစ္သည္။

ကုန္းရိထ်န္းဟန္က ထိုအေၾကာင္းကို သိရွိသြားေတာ့ မ်က္ခုံးပင့္ကာ ေျပာလိုက္သည္။

"ဟဲလ်န္အိမ္ေတာ္က ထင္တဲ့အတိုင္း စိတ္မထိန္းနိုင္ဘူးပဲ"

သူက ပါးစပ္ဟကာ အမိန့္ေပးလိုက္သည္။

"လုံရိ၊ ေနာက္ကို ခ်ီအားျဖည့္ေဆးလုံးကိစၥၿပီးသြားရင္ နဂါးျပာကုန္သြယ္ေရးနဲ႕ ထပ္ၿပီး အလုပ္မလုပ္နဲ႕ေတာ့"

လုံရိက ဦးၫြတ္အရိုအေသေပးလိုက္ကာ:

"သခင္ေလး ၫႊန္ၾကားေပးပါ"

ကုန္းရိထ်န္းဟန္က ၿပဳံးလိုက္ရင္း:

"ေမွာင္ခိုေစ်း"

လုံရိက ႐ုတ္တရတ္ သေဘာေပါက္သြားသည္။

"ဒီလက္ေအာင္ငယ္သားက အမိန့္နာခံလ်က္ပါ!"

💊💊💊

အဆင့္ျမင့္ခ်ီအားျဖည့္ေဆးလုံးမ်ားအားလုံး ေရာင္းထြက္သြားၿပီးေနာက္ ေလလံပြဲလည္း အလိုလို ၿပီးဆုံးသြားသည္။

ကုက်ိဳးလည္း သူ၏ ေထာက္ပံ့သူေနာက္မွ လိုက္ပါကာ နဂါးျပာေလလံခန္းမႀကီးထဲမွ အတူတကြ ထြက္လာၾကသည္။ အျပန္လမ္းတြင္ ဘာမွထူးထူးျခားျခားမရွိေပ။ သို႔ေသာ္ သူသည္ ထ်န္းလုံအေစာင့္တပ္သားမ်ားက သူ႕ေထာက္ပံ့သူ၏ အမိန့္အရ ညအေမွာင္ထဲသို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္ကို ေတြ႕ရသည္။

သူ နည္းနည္းေတာ့ သိခ်င္လာမိသည္။

ကုန္းရိထ်န္းဟန္က ကုက်ိဳး၏ အေတြးမ်ားကို သိေနသည့္အလား သူ႕ကို ၿပဳံးၿပီး ေျပာလာသည္။

"ေနာက္တစ္နာရီ ႏွစ္နာရီေလာက္ဆို အားက်ိဳး သိလာလိမ့္မယ္"

ကုက်ိဳးမွာ အနည္းငယ္ ရႈပ္ေထြးေနေသာ္ျငား အၾကမ္းဖ်င္း နားလည္လိုက္သည္က သူ႕ေထာက္ပံ့သူႏွင့္ ထ်န္းလုံအေစာင့္တပ္မ်ား၏ လတ္တေလာ လုပ္ေဆာင္ခ်က္မ်ားမွာ သူႏွင့္ တစ္စုံတစ္ရာ ပတ္သက္ေန​ေပသည္။

အိမ္ေတာ္သို႔ ျပန္ေရာက္သည့္အခါ ကုက်ိဳးက နည္းနည္းမွ အခ်ိန္မျဖဳန္းေပ။

ခ်ီအားျဖည့္ေဆးလုံးမ်ား ေအာင္ျမင္ေက်ာ္ၾကား​ေနသည္ကို သိရသျဖင့္ သူက လွ်ို႔ဝွက္ခန္းထဲသို႔ အျမန္ဝင္ကာ ထိုေဆးလုံးမ်ားကို ဂ႐ုတစိုက္ျဖင့္ ေဆးႀကိဳအိုး အမ်ားႀကီး ေဖာ္စပ္သန့္စင္လိုက္သည္။ ေသခ်ာေပါက္ ေဆးလုံးအမ်ားစုက ထိပ္ဆုံးအဆင့္ျဖစ္သည္။ -- သူ၏ေထာက္ပံ့သူႏွင့္ ထ်န္းလုံတပ္ဖြဲ႕၏ ခြန္အားႀကီးမားဖို႔က အေရးအႀကီးဆုံးျဖစ္သည္​။ ထို႔ေနာက္ သူက ေထာက္ပံ့သူ၏ အစီအစဥ္အတိုင္း ပိုမိုရိုးရွင္းသည့္ အဆင့္ျမင့္ ခ်ီအားျဖည့္ေဆးလုံး အနည္းငယ္ကို ေဖာ္စပ္သန့္စင္လိုက္သည္။

သူက အႀကိမ္မ်ားစြာ ေဆးဝါးသန့္စင္ျခင္းအမႈကို ျပဳၿပီးေနာက္ ေထာက္ပ့ံသူအတြက္ ေဆးအႏွစ္ရည္ႏွင့္ ေဆးဝါးဓာတ္စာမ်ားကို ျပင္ဆင္လိုက္သည္။ ထို႔ေနာက္ သူက အျပင္ထြက္လိုက္ၿပီး ေရာဂါကုသရန္ ေထာက္ပံ့သူကို သြားေခၚ​ေလသည္။

ကုက်ိဳးအခန္းျပင္ေရာက္ေတာ့ ေထာက္ပံ့သူသည္ စာၾကည့္စားပြဲတြင္ထိုင္ကာ လုံရိ၏ တင္ျပခ်က္မ်ားကို နားေထာင္ေနသည္ကို ေတြ႕ရသည္။ -- ခုနက အျပင္ထြက္သြားၾကေသာ ထ်န္းလုံတပ္ဖြဲ႕မ်ားသည္ သတင္းအခ်က္အလက္မ်ားကို စုစည္းၿပီး သူတို႔၏ ေခါင္းေဆာင္တပ္မႉးထံသို႔ သတင္းေပးပို႔ခဲ့ျခင္းျဖစ္သည္။

ကုန္းရိထ်န္းဟန္က ကုက်ိဳးကို ျမင္သည္ႏွင့္ လက္ဟန္ျပကာ ေခၚလိုက္သည္။

"အားက်ိဳး၊ ဒီကိုလာပါဦး"

ကုက်ိဳးက အေျပးေလးသြားလိုက္ကာ ေျပာသည္။

"ထ်န္းဟန္သခင္ေလး?"

ကုန္းရိထ်န္းဟန္က ေႏြးေထြးၾကင္နာစြာျဖင့္ စာလိပ္တစ္ခုကို ကမ္းေပးလာသည္။

"ဒါကိုၾကည့္မလား?"

ကုက်ိဳးက စာ႐ြက္ကို ယူလိုက္ကာ ေျပာစကားနားေထာင္ၿပီး ဖတ္ၾကည့္လိုက္သည္။

"ဟမ္!"

ထိုစာ႐ြက္ထဲတြင္ ေရးထားသည့္အေၾကာင္းအရာက တျခားေတာ့မဟုတ္၊ ခ်ီဖုန္းႏွင့္ ပတ္သတ္သည့္ အေၾကာင္းအရာျဖစ္သည္။

လတ္စသတ္ေတာ့ ခ်ီဖုန္းသည္ လြန္ခဲ့ေသာ တစ္လေက်ာ္ခန့္ကတည္းက အင္ပါယာၿမိဳ႕ေတာ္သို႔ ေရာက္ရွိခဲ့တာျဖစ္ၿပီး သူႏွင့္ အတူပါလာသည့္သူက-- ခ်ီထ်န္း႐ုံကို ၿပီးစလြယ္ ပိုးပန္းၿပီး ခ်ီထ်န္း႐ုံ၏ ဘဝကို ဖ်က္ဆီးခဲ့ေသာလူ၊ အခ်စ္ကိုသစၥာမရွိ၊ တရားမွ်တမႈလည္းမရွိေသာလူ၊ မိတ္ေဆြသူငယ္ခ်င္းအေပၚ ကူညီေဖးမခ်င္စိတ္မရွိသည့္အျပင္ ခ်ီထ်န္း႐ုံ၏ ရန္သူေတာ္ကိုပင္ (၁၈၀) ဒီဂရီေျပာင္းလဲၿပီး ခ်စ္ျမတ္နိုးျပဖို႔ ဝန္မေလးေသာ ဆန္ကုန္ေျမေလး ပိုင္ဝမ္ကြၽင့္ ျဖစ္သည္။

ကုက်ိဳးက ထိုစာကို ျမင္ေတာ့ စိတ္ထဲတြင္ ေဒါသမီးေတာက္လာသည္။

ဒီေခြးသူေတာင္းစားအတြဲက အပူအပင္ကင္းၿပီး လြတ္လပ္ေပ်ာ္႐ႊင္ေနသည္။ သူတို႔က ခ်ီထ်န္း႐ုံကို ဒုကၡေရာက္ေအာင္လုပ္ၿပီး နည္းနည္းမွ ေနာင္တရသည့္ပုံမေပၚ၊ အခ်င္းခ်င္း ဒီေလာက္ျမန္ျမန္ေတာင္ နီးစပ္သြားေသးသည္....... တကယ့္ကို ႐ြံစရာေကာင္းသူမ်ားပင္။

ခ်ီဖုန္းလိုလူက မလိုတမာ အၿငိဳးအေတးႀကီးတာ ထားပါေတာ့။ ဟိုပိုင္ဝမ္ကြၽင့္ဆိုတဲ့ အေကာင္က ခ်ီဖုန္းကို ဒုတိယအေကာင္းဆုံးအေနနဲ႕ ေက်နပ္နိုင္တယ္ဆိုလည္း အေစာႀကီးတည္းက ဘာလို႔ အဲ့လိုမလုပ္လဲ? သူတို႔က လိုက္ဖက္ညီတဲ့ စိတ္ဓာတ္ေအာက္တန္းက်တဲ့ အတြဲပဲဟာ။ အေစာႀကီးကတည္းက တြဲလိုက္ၾကရင္ ၿပီးမသြားဘူးလား? ဘာလို႔ အျပစ္ကင္းတဲ့ ခ်ီထ်န္း႐ုံကိုမွ သြားရန္စခ်င္ရတာလဲ!?

အဲ့လို လူေတြ၊ အဲ့လို လူမ်ိဳးေတြ........

ကုက်ိဳးက မ်က္လုံးမ်ားကို မွိတ္ကာ ႏွလုံးသားထဲမွာ ေဒါသမီးမ်ားကို ခ်ဳပ္ထိန္းလိုက္သည္။

ဒီအျဖစ္အပ်က္မ်ားက လေပါင္းမ်ားစြာၾကာခဲ့ၿပီသျဖင့္ သူသည္လည္း ခ်ီထ်န္း႐ုံ၏ မွတ္ဥာဏ္မ်ားကို လက္ခံရယူခဲ့စဥ္ကကဲ့သို႔ စာနာသနားမႈႏွင့္ တရားမွ်တမႈကို ရယူခ်င္စိတ္မ်ား ျပင္းထန္မေန​ေပ။ သို့္ေသာ္ သူသည္ ယခုကဲ့သို႔ သူတို႔ႏွစ္ေယာက္၏ သတင္းကို ေတြ႕လိုက္ရသည့္အခါ ဘယ္လိုမွ စိတ္မထိန္းနိုင္​ေတာ့ေပ။

ကုက်ိဳးက ခဏေလာက္ စိတ္တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္ၿပီးေနာက္ စာကို ဆက္လက္ဖတ္ရႈလိုက္သည္။

ၾကည့္ရတာ သူတို႔ႏွစ္ေယာက္က တကယ္ လိုက္ဖက္ညီလွသည္ထင့္။ သူတို႔ႏွစ္ေယာက္သည္ အခ်ိန္အေတာ္ၾကာ ရင္းႏွီးမႈယူၾကၿပီးေနာက္ ခ်ီဖုန္းက ပိုင္ဝမ္ကြၽင့္အေပၚ နာခံက်ိဳးႏြံၿပီး ခ်ီအိမ္ေတာ္ကလည္း ပိုင္ဝမ္ကြၽင့္ကို ရရင္ရသလို မ်က္ႏွာခ်ိဳေသြးခဲ့သည္။ ၾကာလာေတာ့ ပိုင္ဝမ္ကြၽင့္က ခ်ီဖုန္းကို သူ႕၏ အေဖာ္မြန္အျဖစ္ လက္ခံဖို့္ သေဘာတူလိုက္သည္။

ေနာက္ေတာ့ မၾကာေသးမီက က်င္းပသည့္ မ်ိဳးႏြယ္စုတိုက္ပြဲကို အေၾကာင္းျပဳ၍ ပိုင္ဝမ္ကြၽင့္က အင္ပါယာမင္းေနျပည္ေတာ္ ခ်န္းယြင္ၿမိဳ႕​ေတာ္သို႔ တကူးတက လာခဲ့သည္။ ၿပီးေတာ့ သူက သူတို႔ႏွစ္ဦးၾကား ပိုမိုရင္းႏွီးမႈရရွိေအာင္ ခ်ီဖုန္းကိုပါ တစ္ပါတည္း ေခၚခဲ့သည္။

ဒီလိုေျပာေတာ့ သူတို႔က အလြန္ၾကည္ႏူးစရာေကာင္းသလိုထင္ရေပမယ့္ တကယ္တမ္း ဒီလို လူစားမ်ိဳးက ႐ြံမုန္းစရာပင္။

ၿပီးေတာ့ ထင္သည့္အတိုင္း ဟိုေန႕က ေလလံခန္းမ ေအာက္ထပ္ရွိ သီးသန့္အခန္းငယ္ေလးကလည္း ပိုင္ဝမ္ကြၽင့္က ခ်ီဖုန္းကို ေခၚလာခဲ့တာျဖစ္ၿပီး ခ်ီဖုန္း အၿပိဳင္အဆိုင္ ဝယ္ယူခဲ့သည့္ အဲ့ဒီ ေဆးႀကိဳအိုးေသးေလးကိုလည္း ပိုင္ဝမ္ကြၽင့္ ပိုက္ဆံျဖင့္ ဝယ္ယူခဲ့​ျခင္းျဖစ္သည္။

ကုက်ိဳးက အဲ့ဒါကို ဖတ္ၿပီးေနာက္ သက္ျပင္းခ်လိဳက္သည္။

သူသည္ အစတုန္းက ခ်ီဖုန္းကို ေခ်ာက္ခ်ခ်င္တာျဖစ္ၿပီး အခု တကယ္ခံလိုက္ရသူက ပိုင္ဝမ္ကြၽင့္ျဖစ္​ေနသည္။ အ​ဲ့ဒါလည္း သိပ္ေတာ့ မဆိုးလွေပ။

ပိုင္ဝမ္ကြၽင့္ရဲ႕ အိမ္ေတာ္က အေျခခိုင္တယ္ဆိုေပမယ့္ ပိုက္ဆံႏွစ္ဆေပးၿပီး ျဖဳန္းတီးတာကိုေတာ့ ဘယ္လိုလုပ္ ၾကည္ျဖဴနိုင္မလဲ? ဒီကိစၥေၾကာင့္ သူက ခ်ီဖုန္းရဲ႕ ေခါင္းမာတဲ့အက်င့္ကို မေက်မနပ္စိတ္ခုသြားရင္ ပိုေတာင္ေကာင္းေသးတယ္။ 

ကုက်ိဳးက ထိုသတင္းကို ဖတ္ရႈၿပီးေနာက္ သူ၏ ေထာက္ပံ့သူကို လွည့္ၾကည့္လိုက္သည္။

ကုန္းရိထ်န္းဟန္၏ အမူအရာက ညင္သာေပ်ာ့ေပ်ာင္းေနလ်က္:

"အားက်ိဳး တစ္ခုခု လုပ္ခ်င္လား?"

ကုက်ိဳးမွာ ရင္ထဲ ထိခတ္သြားသည္။

သူ၏ေထာက္ပ့ံသူသည္ သူ႕လူမ်ားကို အထူးတလည္လႊတ္ၿပီး ဒီဆန္ကုန္ေျမေလးႏွစ္ေယာက္အေၾကာင္းကို စုံစမ္းခိုင္းျခင္းက ကုက်ိဳး၏ စိတ္ထဲမွ မေက်နပ္စရာ အဖုအထစ္မ်ားကို ေျပေလ်ာ့ေစခ်င္လို႔မွန္း သူေသခ်ာသိေနသည္။

ကုက်ိဳးက စဥ္းစားလိုက္ၿပီးေနာက္ ေမးလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ ပိုင္အိမ္ေတာ္က.... ဘယ္လိုမိသားစုမ်ိဳးလဲ? ပိုင္ဝမ္ကြၽင့္က အင္ပါယာၿမိဳ႕ေတာ္ကို ဘာရည္႐ြယ္ခ်က္နဲ႕ ေရာက္လာတာလဲ?"

ကုန္းရိထ်န္းဟန္၏ မ်က္ဝန္းမ်ားက ခ်ီးမြမ္းလိုက္သကဲ့သို႔ အေရာင္လက္သြားကာ ျပန္ေျဖလိုက္သည္။

"ဒီတိုက္ႀကီးတစ္ခုလုံးမွာရွိတဲ့ မိသားစုအိမ္ေတာ္ေတြကို အဆင့္အတန္းခြဲရရင္ မင္းၿမိဳ႕ေတာ္ရဲ႕ မိသားစုအိမ္ေတာ္ႀကီး (၅)ခုက ခ်န္းယြင္အင္ပါယာရဲ႕ အင္အားအႀကီးဆုံးအိမ္ေတာ္ေတြ။ သူတို႔ထက္ အဆင့္နည္းနည္းနိမ့္တဲ့ မ်ိဳးႏြယ္စုအိမ္ေတြက ပထမတန္းစားအင္အားစု၊ အဲ့ဒီေအာက္က ဒုတိယတန္းစား၊ တတိယတန္းစားနဲ႕ အရည္အခ်င္းမမီတဲ့ အင္အားစုေတြဆိုၿပီး ရွိတယ္"

ကုက်ိဳးက ဂ႐ုတစိုက္ နားေထာင္ေနသည္။

ကုန္းရိထ်န္းဟန္၏ ႏႈတ္ခမ္းေထာင့္မ်ားက အနည္းငယ္ ခနဲ႕သလို ၿပဳံးလို​က္ကာ:

"ခ်ီအိမ္ရဲ႕ မ်ိဳးရိုးျဖစ္တည္မႈက ႏွစ္ေပါင္း (၂၀၀)မေက်ာ္ဘူး။ သူတို႔က အမ်ားဆုံးမွ တတိယတန္းစားကို ဘယ္ေတာ့မွ မေရာက္ဖူးတဲ့ အဆင့္မမီတဲ့အင္အားစုပဲ။ ပိုင္အိမ္ရ​ဲ့မ်ိဳးရိုးက သူတို႔ထက္ ပိုၾကာေပမယ့္ ဒုတိယတန္းစားအဆင့္မွာ အခိုင္အမာ မရပ္တည္နိုင္ေသးဘူး။ တကယ္လို႔ သူတို႔ကို ရွင္းထုတ္ပစ္ခ်င္ရင္........"

ကုန္းရိထ်န္းဟန္က ၿပဳံးလိုက္ကာ:

"ဒုတိယတန္းစားအဆင့္ေလာက္ကို အားက်ိဳး သတိထားေနဖို႔ မလိုပါဘူး"

ကုက်ိဳး သေဘာေပါက္သြားသည္။

သူ႕ေထာက္ပံ့သူ၏ မ်က္လုံးထဲမွာေတာ့ ခ်ီမိသားစုက အသည္းအသန္ ေဖာ္လန္ဖားေနရသည့္ ထိုပိုင္အိမ္ေတာ္ဆိုတာက သူ႕လက္ျဖင့္တစ္ခ်က္ ေတာက္လိုက္႐ုံႏွင့္ ​ၿပိဳလဲသြားနိုင္သည့္ ပု႐ြက္ဆိတ္တစ္ေကာင္ထက္ မပိုေပ။

ထိုအခ်ိန္တြင္ ကုန္းရိထ်န္းဟန္က ခပ္ဖြဖြ ေရ႐ြက္လိုက္ျပန္သည္။

"ပိုင္ဝမ္ကြၽင့္ မင္းၿမိဳ႕ေတာ္ကို လာရတဲ့ ရည္႐ြယ္ခ်က္က...."

သူက ေခါင္းကို အနည္းငယ္ေစာင္းလိုက္ကာ:

"ၾကည့္ရတာ အဲ့လိုထူးခြၽန္တယ္ဆိုတဲ့ ဒုတိယ- တတိယတန္းစားအိမ္ေတာ္က လူငယ္ေတြက သူတို႔ရဲ႕ အစြမ္းေတြကို ထုတ္ျပၿပီး ကိုယ္တို႔လို႔ အိမ္ေတာ္ႀကီးေတြဆီမွာ မွီခိုခ်င္လို႔ေနမွာေပါ့"

______________________________________

အခ်စ္ဆုံးတို႔ေရ.....

Sugar daddy ရဲ႕ အလိုက္သိမႈေတြနဲ႕ က်က္သတုံးႏွစ္ေကာင္အေၾကာင္း တေစ့တေစာင္းျဖစ္ပါတယ္ 😆 ဒါဆို ေနာက္အပိုင္းမွာ ျပန္ေတြ႕ၾကမယ္ေနာ္။ က်န္းမာေရးလည္​း ဂ႐ုစိုက္ပါေနာ္။ အားလံုး အနၱာရာယ္​ကင္​း လံုျခဳံၾကပါ​ေစ။

With love ❤
Taiga 😘

((Unicode))

အပိုင်း (၃၂)
ဆန်ကုန်မြေလေးများ၏သတင်း

💊💊💊
သူတို့က ချက်ချင်းဆိုသလို ပထမဦးဆုံးပုလင်းကို စတင် လေလံပစ်လိုက်သည်။

ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် အော်ဟစ်စျေးပေးကြပြီး ဝင်သက်ထွက်သက် အချိန်အနည်းငယ်အတွင်းမှာ လေလံစျေးက ရွှေစငါးသောင်းအထိ မြင့်တက်သွားသည်။

ထိုအချိန်၌ ခန်းမထဲတွင် သန်မာကြံ့ခိုင်သော ယောကျာ်းကြီးတစ်ယောက်၏ အသံက ပဲ့တင်ထပ်သွားသည်။

"အားလုံးပဲ ကျေးဇူးပြုပြီး ကျွန်တော်တို့ စစ်မာအိမ်တော်ကို မျက်နှာသာပေးပေးပါ"

ထိုလူ၏ အသံထွက်လာသည်နှင့် နောက်ထပ်ဘယ်သူမှ လေလံဆက်မဆွဲကြတော့ပေ။

အဲ့ဒီနောက် ဒုတိယဆေးပုလင်းကို လေလံတင်ပြန်သည်။

စျေးပြောသောအသံများက စောစောကအတိုင်း ခန်းမကြီးထဲတွင် ထွက်ပေါ်လာကာ ရွှေစ ငါးသောင်းအထိ စျေးတက်သွားပြန်သည်။

ထိုအခါ ပျော့ပျောင်း ချိုသာပြီး ကျက်သရေရှိလှသော အမျိုးသမီးတစ်ယောက်၏ အသံထွက်လာသည်။

"အားလုံးပဲ ကျေးဇူးပြုပြီး ကျွန်မတို့ သွမ်းမူအိမ်တော်ကို မျက်နှာသာပေးပါဦး"

ထိုအခါတွင်လည်း နောက်ထပ်ဘယ်သူမှ ထပ်မံစျေးမခေါ်တော့ပေ။

ဤက​ဲ့သို ့အခြေအနေမျိုးက နောက်ထပ်အကြိမ်အနည်းငယ် ထပ်မံဖြစ်ပျက်သွားသည်။

အဲ့ဒီနောက်မှာတော့ ဟဲလျန်အိမ်တော်၊ နောက် ဟွမ်းဖူအိမ်တော်နှင့် နောက်ဆုံး ငါးပုလင်းမြောက်ကို ကုန်းရိအိမ်တော်က ဝယ်ယူသွားသည့်အခါမှ အခြေအနေများက ခေတ္တ ငြိမ်သက်သွားသည်။

ထို့ကြောင့် ခြောက်ပုလင်းမြောက်ဆေးပုလင်းကို လေလံတင်သည့်အခါ ပြိုင်ဆိုင်မှုများက ပိုမိုပြင်းထန်လာသည်။

ကုကျိုးသည် အဖြစ်အပျက်များကို နောက်ဆုံးတော့ နားလည်သဘောပေါက်သွားသည်။ အဆင့်မြင့် ချီအားဖြည့်ဆေးလုံးပုလင်းများအားလုံးကို မျိုးနွယ်စုအိမ်တော်ကြီးများက အသီးသီး ဝယ်ယူသွားကြခြင်းဖြစ်သည်။ ၄င်းတို့အားလုံး၏ ဝယ်စျေးက ရွှေစ ငါးသောင်းဖြစ်ပြီး မူလစျေးထက် (၂၅)ဆ မြင့်သည်။ ဒါတင်မကသေး ထိုအိမ်တော်ကြီးများက ပါးစပ်ဟလိုက်သည်နှင့် ဘယ်သူကမှ သူတို့နှင့်အပြိုင် လေလံဝင်မဆွဲကြတော့ချေ။

ကုကျိုးက ထောက်ပံ့သူပြောခဲ့သည့် စကားကို ပြန်သတိရသွားသည်။ ဒီချီအားဖြည့်ဆေးလုံးတွေကို ခြောက်ခါခွဲပြီး လေလံတင်လိမ့်မည်..... သို့သော် ဤခန့်မှန်းချက်က အလွန်တိကျလွန်းနေသည် မဟုတ်ပါလား!

ထိုအချိန်တွင် ကုန်းရိထျန်းဟန်က ကုကျိုးကို ရှင်းပြလာသည်။

"အားကျိုး ဖော်စပ်သန့်စင်ပေးတဲ့ ချီအား​ဖြည့်ဆေးလုံးတွေက ဒီတိုက်ကြီးမှာရှိတဲ့ သာမန်ဆေးလုံးတွေထက် အများကြီးသာတယ်။ အစီအစဥ်တင်ဆက်သူ ပြောသလိုပဲ တစ်ယောက်ယောက်ကသာ ဒီဆေးလုံးတွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရင် ရလာမယ့် အကျိုးအမြတ်က ကြောက်ခမန်းလိလိပဲ"

အဲ့ဲဒါက သူအခု ရောက်ရှိနေသော လက်ရှိ အခြေအနေလိုမျိုးပင်။

"အဲ့တော့ ဆေးလုံးတွေကို ဒီလို ရောင်းထုတ်လိုက်ရင် တစ်ဦးတစ်ယောက်တည်း ကွက်ပြီး အကျိုးအမြတ်ရဖို့ မဖြစ်နိုင်သလို ပြဿနာတွေလည်း ဖြစ်လာနိုင်တယ်။ တကယ်လို့ ဆေးလုံးတွေကို ဝှက်ထားလိုက်မယ်ဆိုလည်း အဲ့ဒီ ထူးဆန်းတဲ့ဆေးဆရာမှာ တခြားဘာရည်ရွယ်ချက်ရှိမှန်း မသိနိုင်တဲ့အတွက် တခြားသူတွေကို အပြစ်ပြုမိဖို့ အရမ်းလွယ်တယ်။ နောက်ပြီး အဲဲ့ဒီ ထူးဆန်းတဲ့ ဆေးဆရာက ဒီလို ဆေးလုံးတွေကို ဘယ်လောက်ကြာကြာဆက်ပြီး ထောက်ပံ့ပေးမှာလဲဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး....ဆိုတော့ သူတို့က ဒီလေလံပွဲလုပ်ဖို့ပဲ ရှိတော့တာပေါ့"

ကုကျိုးက ထောက်ပံ့သူပြောပြတာကို နားထောင်ပြီး အနည်းငယ် သဘောပေါက်လာသည်။

ကုန်းရိထျန်းဟန်ကလည်း အလွန်စိတ်ရှည်စွာဖြင့်:

"ဘာလို့ ခြောက်တွဲ ခွဲပြီးရောင်းတာလဲဆိုတော့ ပြဿနာနဲ့ ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် လျော့ချချင်လို့ပဲ။ နဂါးပြာကုန်သွယ်ရေးလုပ်ငန်းက ဒီအကြောင်းကို ကြိုပြီး သတင်းဖြန့်ထားပြီးသား။ ဒီတော့အိမ်တော်ကြီး (၅)ခုက ကြိုတင်ပြင်ဆင်လာကြတာ။ ဒီချီအားဖြည့်ဆေးလုံးတွေက တစ်ခါပဲရမယ့် အခွင့်အရေးဆိုတော့ ကြမ်းခင်းစျေး သက်မှတ်ချက်က နည်းနည်းစျေးကြီးမှာ သေချာတယ်။ ဒါပေမယ့် မတန်တဆ စျေးများလို့တော့ မဖြစ်ဘူး။ ဒီတော့ သူတို့က အချင်းချင်း နားလည်မှုနဲ့ စျေးနှုန်းကို ဒီလောက်ပ​ဲသတ်မှတ်ဖို့ သဘောတူထားကြတာ။ ဒီလိုနဲ့ အရှေ့က လေလံငါးခုက မျိုးနွယ်စု အိမ်တော်တစ်ခုစီကို ခွဲပြီးရောင်းလိုက်တာပဲ"

"ခြောက်ခုမြောက် ဆေးပုလင်းကမှ တကယ် လေလံတင်တယ်လို့ ပြောရမယ် -- ဘယ်လိုအင်အားကြီးတဲ့သူပ​ဲဖြစ်ဖြစ် စျေးအများဆုံးပေးနိုင်တဲ့ သူက အနိုင်ရလိမ့်မယ်။ တကယ်လို့ မျိုးနွယ်စု အိမ်တော်ကြီး(၅)ခုထဲက တစ်ယောက်ယောက်က ပိုက်ဆံပိုသုံးပြီး နောက်ထပ်တစ်ပုလင်း ထပ်ဝယ်လည်းရတယ်။ ဒါဆို နောက်ပိုင်း သူတို့ သုတေသနလုပ်တဲ့အခါ နာမူနာပစ္စည်းများများရှိပြီး လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ့် အခွင့်အရေးလည်း ပိုများလာမယ်။"

ကုကျိုး နားထောင်းရင်း ရုတ်တရတ် ခံစားမိသည်က နောက်ဆုံးတော့ စိတ်အပုတ်ဆုံး -- မဟုတ်ဘူး၊ အကြံအကြီးဆုံးသူ​က သူ့အိမ်က ထောက်ပံ့သူဖြစ်နေသည်။

သေချာတာကတော့ ထိုကဲ့သို့အဆင့်မြင့် ချီအားဖြည့်ဆေးလုံးများရရှိလာခြင်းမှာ သူ၏ ဆေးဝါးသန့်စင်ခြင်းနည်းလမ်းသည် ဒီတိုက်ကြီးရှိ အခြားသော ဆေးဝါးသန့်စင်ခြင်း နည်းလမ်းများထက် များစွာအဆင့်အတန်းမြင့်မားနေခြင်းကြောင့်​ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းက System ကြောင့်လို့လည်း ပြောလို့ရ​​ေပသည်။ ဒါပေမယ့် ဆေးလုံးတွေကို ဒီအတိုင်း လက်နဲ့ ကိုယ်တိုင်ထိုင်လုံးပြီး ထုတ်နေသမျှတော့ အချိန်အကြာကြီး သုတေသနပြုလည်း သူတို့တွေက ဒီလို အဆင့်မြင့်ဆေးလုံးမျိုးကို တကယ်ရော ဖော်စပ်သန့်စင်လာနိုင်မှာလား?

ပြီးတော့ အဲ့ဒီ ဆေးကိုလက်နဲ့လုံးတဲ့ ဆေးဆရာတွေက လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ရင် ထောက်ပံ့သူက ချီအားဖြည့်ဆေးလုံးတွေကို စျေးကွက်ထဲ ပိုများများ တင်သွင်းမယ်။ ဒါဆို သိုင်းပညာကျင့်ကြံဖို့ပဲ ဖြစ်ဖြစ်၊ သုတေသနလုပ်ဖို့ပဲဖြစ်ဖြစ် သူတို့အားလုံးက ထောက်ပံ့သူမျက်နှာကိုပဲ ကြည့်နေရတော့မှာ မဟုတ်လား?....အထူးသဖြင့် အဲ့ဒီချီအားဖြည့်ဆေးလုံးတွေကို ဒီလို စျေးအများကြီးနဲ့ ရောင်းတာက သုတေသနလုပ်မယ့် ဆေးဆရာတွေ ဖော်ထုတ်နိုင်မှာ မဟုတ်ဘူးဆိုတာသေချာနေလို့လည်း ဖြစ်နိုင်တယ်။ ဒီလိုဆို အဲ့ဒီ နမူနာ ဆေးလုံးတွေရဲ့ စျေးနှုန်းက ပိုမြင့်တက်လာမယ်မဟုတ်လား?

ကုကျိုးသည် စိတ်ထဲကနေ သူ့ထောက်ပ့ံသူအတွက် လက်မအကြီးကြီးထောင်လိုက်သည်။ အဲ့ဒီနောက် သူက တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။

"ထျန်းဟန်သခင်လေး၊ ကျွန်တော်ရဲ့ ဆေးဝါးသန့်စင်တဲ့ နည်းလမ်းကို သခင်လေးရ​ဲ ့ယုံကြည်စိတ်ချရတဲ့လူတချို့ကို သင်ပေးချင်လား?"

သူက ထိုသို့မေးမြန်းလိုက်ပြီးနောက် သူ့ရဲ့မေ့လောက်ရှိနေသည့် System ကို သွားသတိရလိုက်သည်။ သူက စိတ်ထဲကနေ တိတ်တိတ်လေး မေးခွန်းမေးလိုက်၏။: System၊ ဒီဆေးဝါးသန့်စင်တဲ့ နည်းလမ်းတွေကို တခြားလူကို သင်ပေးလို့ရလား?

္[Hostအနေနဲ့ ကိုယ့်ဟာကိုယ်သင်ယူတတ်မြောက်ထားတဲ့ ပညာတွေကို ကြိုက်သလို အသုံးပြုလို့ရပါတယ်]

[ဖော်ရွေစွာအကြံပြုချက်: <<နတ်ဆေးပညာစိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်း>> ကို လေ့လာရာမှာ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိဖို့လိုပါတယ်။ Host အနေနဲ့ ကျေးဇူးပြုပြီး သတိရှိရှိ ဆောင်ရွက်နိုင်ပါစေ]

ကုကျိုးက စိတ်ထဲမှ ခေါင်းညိမ့်ပြကာ နားလည်ကြောင်း ဖော်ပြလိုက်သည်။

သူက တုံးအ,သူတော့မဟုတ်။ ထို့ကြောင့် သူသည် နတ်ဆေးပညာစိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်းအကြောင်းကို သူ၏ ထောက်ပ့ံသူမှလွဲ၍ အခြားဘယ်သူကိုမှ ပြောပြမည်မဟုတ်ပေ။ တခြား​ဆေးဝါးသန့်စင်ခြင်း နည်းလမ်းဖြစ်ရင်တောင် သူသည် မိမိ၏ ဥာဏ်ကောင်းသည့် ထောက်ပံ့သူကို အရင်မေးပြီးမှ ကိုင်တွယ်လုပ်ဆောင်မည်ဖြစ်သည်။

ကုန်းရိထျန်းဟန်သည် ကုကျိုး၏ စကားကို ကြားတော့ အနည်းငယ် အံ့ဩတုန်လှုပ်သွားသည်။

ထို့နောက် သူက ညင်သာစွာ ပြန်ဖြေလိုက်သည်။

"အဲ့ဒါကအချိန်မကျသေးဘူး"

သူက ပြုံးလိုက်ကာ:

"အားကျိုး၊ ကိုယ် မင်းကိုပဲ ပင်ပန်းစေရဦးမယ်"

ကုကျိုးက ခေါင်းခါပြလိုက်ကာ:

"ဒါက ဘယ်လိုလုပ် ပင်ပန်းတယ်ခေါ်မှာလဲ။ ကျွန်တော့်မှာ ဆေးဖက်ဝင်ချီစွမ်းအင်တွေ ရဖို့်လိုတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဆေးဝါးသန့်စင်တဲ့ပညာကိုလည်း ကျွမ်းကျင်အောင် လုပ်ရဦးမှာ"

ကုန်းရိထျန်းဟန်သည် ကုကျိုးဒီလိုပြောတာမြင်တော့ သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးက ပိုမို နက်ရှိုင်းသွားသည်။

ထိုဆေးဝါးသန့်စင်ခြင်းနည်းလမ်းသည် အလွန် အ့ံဖွယ်ကောင်းလှသည်။ တကယ်လို့ ဒီတိုက်ကြီးအတွင်းက ဆေးဆရာများသာ ထိုနည်းလမ်းကို သင်ယူတတ်မြောက်ခဲ့လျှင် ၄င်းက ကြီးမားသော ဘေးအန္တရာယ်များကို ဖြစ်ပေါ်​ေစနိုင်သည်။ ထိုအခါ များစွာသော သွေးချောင်းစီးမှုများနှင့် ပြင်းထန်သော ဆူပူအုံကြွမှုများကိုပါ အစပျိုးပေးလိုက်သလို ဖြစ်မှာစိုးရသည်။

အ​ဲ့ဒါက မြောက်များစွာသော အင်အားစုများ၏ အခြေခံအုတ်မြစ်ကိုပင် မိုးမြေတုန်ခါသွားလောက်အောင် ပြောင်းလဲသွားစေလိမ့်မည်။

ကုန်းရိထျန်းဟန်က ကောက်ချက်ချမိသည်။ သူသည် ကြီးမားသောအင်အားတစ်ခုကို မိမိလက်ထဲတွင် ဆုပ်ကိုင်ထားနိုင်သည်မှန်သော်လည်း အဲ့ဒါက ဤတိုက်ကြီးတစ်ခုလုံးတွင် ဖြစ်ပေါ်လာမည့် ပြင်းထန်သည့် ဂယက်ရိုက်မှုများကို ကြံကြံခံထားနိုင်ဖို့တော့ မလုံလောက်သလို သူ၏ ဆေးဆရာလေးကို ကာကွယ်ပေးလောက်အောင်လည်း မသန်မာလှပေ။

ထို့ကြောင့် ဒီကိစ္စကို ဆောက်ရွက်ရန် အချိန်မကျသေးခြင်းဖြစ်သည်။

သူတို့နှစ်ယောက် အပြန်အလှန်ပြောနေစဥ်မှာ အဆင့်မြင့်ချီအားဖြည့်ဆေးလုံး၊ နောက်ဆုံးပုလင်း၏ လေလံပွဲကလည်း ပြီးဆုံးသွားသည်။

နောက်ဆုံးရရှိသွားသူက ဟဲလျန်အိမ်တော်မှဖြစ်သည်။

ကုန်းရိထျန်းဟန်က ထိုအကြောင်းကို သိရှိသွားတော့ မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"ဟဲလျန်အိမ်တော်က ထင်တဲ့အတိုင်း စိတ်မထိန်းနိုင်ဘူးပဲ"

သူက ပါးစပ်ဟကာ အမိန့်ပေးလိုက်သည်။

"လုံရိ၊ နောက်ကို ချီအားဖြည့်ဆေးလုံးကိစ္စပြီးသွားရင် နဂါးပြာကုန်သွယ်ရေးနဲ့ ထပ်ပြီး အလုပ်မလုပ်နဲ့တော့"

လုံရိက ဦးညွတ်အရိုအသေပေးလိုက်ကာ:

"သခင်လေး ညွှန်ကြားပေးပါ"

ကုန်းရိထျန်းဟန်က ပြုံးလိုက်ရင်း:

"မှောင်ခိုစျေး"

လုံရိက ရုတ်တရတ် သဘောပေါက်သွားသည်။

"ဒီလက်အောင်ငယ်သားက အမိန့်နာခံလျက်ပါ!"

💊💊💊

အဆင့်မြင့်ချီအားဖြည့်ဆေးလုံးများအားလုံး ရောင်းထွက်သွားပြီးနောက် လေလံပွဲလည်း အလိုလို ပြီးဆုံးသွားသည်။

ကုကျိုးလည်း သူ၏ ထောက်ပံ့သူနောက်မှ လိုက်ပါကာ နဂါးပြာလေလံခန်းမကြီးထဲမှ အတူတကွ ထွက်လာကြသည်။ အပြန်လမ်းတွင် ဘာမှထူးထူးခြားခြားမရှိပေ။ သို့သော် သူသည် ထျန်းလုံအစောင့်တပ်သားများက သူ့ထောက်ပံ့သူ၏ အမိန့်အရ ညအမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။

သူ နည်းနည်းတော့ သိချင်လာမိသည်။

ကုန်းရိထျန်းဟန်က ကုကျိုး၏ အတွေးများကို သိနေသည့်အလား သူ့ကို ပြုံးပြီး ပြောလာသည်။

"နောက်တစ်နာရီ နှစ်နာရီလောက်ဆို အားကျိုး သိလာလိမ့်မယ်"

ကုကျိုးမှာ အနည်းငယ် ရှုပ်ထွေးနေသော်ငြား အကြမ်းဖျင်း နားလည်လိုက်သည်က သူ့ထောက်ပံ့သူနှင့် ထျန်းလုံအစောင့်တပ်များ၏ လတ်တလော လုပ်ဆောင်ချက်များမှာ သူနှင့် တစ်စုံတစ်ရာ ပတ်သက်နေ​ေပသည်။

အိမ်တော်သို့ ပြန်ရောက်သည့်အခါ ကုကျိုးက နည်းနည်းမှ အချိန်မဖြုန်းပေ။

ချီအားဖြည့်ဆေးလုံးများ အောင်မြင်ကျော်ကြား​ေနသည်ကို သိရသဖြင့် သူက လျှို့ဝှက်ခန်းထဲသို့ အမြန်ဝင်ကာ ထိုဆေးလုံးများကို ဂရုတစိုက်ဖြင့် ဆေးကြိုအိုး အများကြီး ဖော်စပ်သန့်စင်လိုက်သည်။ သေချာပေါက် ဆေးလုံးအများစုက ထိပ်ဆုံးအဆင့်ဖြစ်သည်။ -- သူ၏ထောက်ပံ့သူနှင့် ထျန်းလုံတပ်ဖွဲ့၏ ခွန်အားကြီးမားဖို့က အရေးအကြီးဆုံးဖြစ်သည်​။ ထို့နောက် သူက ထောက်ပံ့သူ၏ အစီအစဥ်အတိုင်း ပိုမိုရိုးရှင်းသည့် အဆင့်မြင့် ချီအားဖြည့်ဆေးလုံး အနည်းငယ်ကို ဖော်စပ်သန့်စင်လိုက်သည်။

သူက အကြိမ်များစွာ ဆေးဝါးသန့်စင်ခြင်းအမှုကို ပြုပြီးနောက် ထောက်ပ့ံသူအတွက် ဆေးအနှစ်ရည်နှင့် ဆေးဝါးဓာတ်စာများကို ပြင်ဆင်လိုက်သည်။ ထို့နောက် သူက အပြင်ထွက်လိုက်ပြီး ရောဂါကုသရန် ထောက်ပံ့သူကို သွားခေါ်​ေလသည်။

ကုကျိုးအခန်းပြင်ရောက်တော့ ထောက်ပံ့သူသည် စာကြည့်စားပွဲတွင်ထိုင်ကာ လုံရိ၏ တင်ပြချက်များကို နားထောင်နေသည်ကို တွေ့ရသည်။ -- ခုနက အပြင်ထွက်သွားကြသော ထျန်းလုံတပ်ဖွဲ့များသည် သတင်းအချက်အလက်များကို စုစည်းပြီး သူတို့၏ ခေါင်းဆောင်တပ်မှူးထံသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

ကုန်းရိထျန်းဟန်က ကုကျိုးကို မြင်သည်နှင့် လက်ဟန်ပြကာ ခေါ်လိုက်သည်။

"အားကျိုး၊ ဒီကိုလာပါဦး"

ကုကျိုးက အပြေးလေးသွားလိုက်ကာ ပြောသည်။

"ထျန်းဟန်သခင်လေး?"

ကုန်းရိထျန်းဟန်က နွေးထွေးကြင်နာစွာဖြင့် စာလိပ်တစ်ခုကို ကမ်းပေးလာသည်။

"ဒါကိုကြည့်မလား?"

ကုကျိုးက စာရွက်ကို ယူလိုက်ကာ ပြောစကားနားထောင်ပြီး ဖတ်ကြည့်လိုက်သည်။

"ဟမ်!"

ထိုစာရွက်ထဲတွင် ရေးထားသည့်အကြောင်းအရာက တခြားတော့မဟုတ်၊ ချီဖုန်းနှင့် ပတ်သတ်သည့် အကြောင်းအရာဖြစ်သည်။

လတ်စသတ်တော့ ချီဖုန်းသည် လွန်ခဲ့သော တစ်လကျော်ခန့်ကတည်းက အင်ပါယာမြို့တော်သို့ ရောက်ရှိခဲ့တာဖြစ်ပြီး သူနှင့် အတူပါလာသည့်သူက-- ချီထျန်းရုံကို ပြီးစလွယ် ပိုးပန်းပြီး ချီထျန်းရုံ၏ ဘဝကို ဖျက်ဆီးခဲ့သောလူ၊ အချစ်ကိုသစ္စာမရှိ၊ တရားမျှတမှုလည်းမရှိသောလူ၊ မိတ်ဆွေသူငယ်ချင်းအပေါ် ကူညီဖေးမချင်စိတ်မရှိသည့်အပြင် ချီထျန်းရုံ၏ ရန်သူတော်ကိုပင် (၁၈၀) ဒီဂရီပြောင်းလဲပြီး ချစ်မြတ်နိုးပြဖို့ ဝန်မလေးသော ဆန်ကုန်မြေလေး ပိုင်ဝမ်ကျွင့် ဖြစ်သည်။

ကုကျိုးက ထိုစာကို မြင်တော့ စိတ်ထဲတွင် ဒေါသမီးတောက်လာသည်။

ဒီခွေးသူတောင်းစားအတွဲက အပူအပင်ကင်းပြီး လွတ်လပ်ပျော်ရွှင်နေသည်။ သူတို့က ချီထျန်းရုံကို ဒုက္ခရောက်အောင်လုပ်ပြီး နည်းနည်းမှ နောင်တရသည့်ပုံမပေါ်၊ အချင်းချင်း ဒီလောက်မြန်မြန်တောင် နီးစပ်သွားသေးသည်....... တကယ့်ကို ရွံစရာကောင်းသူများပင်။

ချီဖုန်းလိုလူက မလိုတမာ အငြိုးအတေးကြီးတာ ထားပါတော့။ ဟိုပိုင်ဝမ်ကျွင့်ဆိုတဲ့ အကောင်က ချီဖုန်းကို ဒုတိယအကောင်းဆုံးအနေနဲ့ ကျေနပ်နိုင်တယ်ဆိုလည်း အစောကြီးတည်းက ဘာလို့ အဲ့လိုမလုပ်လဲ? သူတို့က လိုက်ဖက်ညီတဲ့ စိတ်ဓာတ်အောက်တန်းကျတဲ့ အတွဲပဲဟာ။ အစောကြီးကတည်းက တွဲလိုက်ကြရင် ပြီးမသွားဘူးလား? ဘာလို့ အပြစ်ကင်းတဲ့ ချီထျန်းရုံကိုမှ သွားရန်စချင်ရတာလဲ!?

အဲ့လို လူတွေ၊ အဲ့လို လူမျိုးတွေ........

ကုကျိုးက မျက်လုံးများကို မှိတ်ကာ နှလုံးသားထဲမှာ ဒေါသမီးများကို ချုပ်ထိန်းလိုက်သည်။

ဒီအဖြစ်အပျက်များက လပေါင်းများစွာကြာခဲ့ပြီသဖြင့် သူသည်လည်း ချီထျန်းရုံ၏ မှတ်ဥာဏ်များကို လက်ခံရယူခဲ့စဥ်ကကဲ့သို့ စာနာသနားမှုနှင့် တရားမျှတမှုကို ရယူချင်စိတ်များ ပြင်းထန်မနေ​ေပ။ သို့်သော် သူသည် ယခုကဲ့သို့ သူတို့နှစ်ယောက်၏ သတင်းကို တွေ့လိုက်ရသည့်အခါ ဘယ်လိုမှ စိတ်မထိန်းနိုင်​ေတာ့ပေ။

ကုကျိုးက ခဏလောက် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးနောက် စာကို ဆက်လက်ဖတ်ရှုလိုက်သည်။

ကြည့်ရတာ သူတို့နှစ်ယောက်က တကယ် လိုက်ဖက်ညီလှသည်ထင့်။ သူတို့နှစ်ယောက်သည် အချိန်အတော်ကြာ ရင်းနှီးမှုယူကြပြီးနောက် ချီဖုန်းက ပိုင်ဝမ်ကျွင့်အပေါ် နာခံကျိုးနွံပြီး ချီအိမ်တော်ကလည်း ပိုင်ဝမ်ကျွင့်ကို ရရင်ရသလို မျက်နှာချိုသွေးခဲ့သည်။ ကြာလာတော့ ပိုင်ဝမ်ကျွင့်က ချီဖုန်းကို သူ့၏ အဖော်မွန်အဖြစ် လက်ခံဖို့် သဘောတူလိုက်သည်။

နောက်တော့ မကြာသေးမီက ကျင်းပသည့် မျိုးနွယ်စုတိုက်ပွဲကို အကြောင်းပြု၍ ပိုင်ဝမ်ကျွင့်က အင်ပါယာမင်းနေပြည်တော် ချန်းယွင်မြို့​ေတာ်သို့ တကူးတက လာခဲ့သည်။ ပြီးတော့ သူက သူတို့နှစ်ဦးကြား ပိုမိုရင်းနှီးမှုရရှိအောင် ချီဖုန်းကိုပါ တစ်ပါတည်း ခေါ်ခဲ့သည်။

ဒီလိုပြောတော့ သူတို့က အလွန်ကြည်နူးစရာကောင်းသလိုထင်ရပေမယ့် တကယ်တမ်း ဒီလို လူစားမျိုးက ရွံမုန်းစရာပင်။

ပြီးတော့ ထင်သည့်အတိုင်း ဟိုနေ့က လေလံခန်းမ အောက်ထပ်ရှိ သီးသန့်အခန်းငယ်လေးကလည်း ပိုင်ဝမ်ကျွင့်က ချီဖုန်းကို ခေါ်လာခဲ့တာဖြစ်ပြီး ချီဖုန်း အပြိုင်အဆိုင် ဝယ်ယူခဲ့သည့် အဲ့ဒီ ဆေးကြိုအိုးသေးလေးကိုလည်း ပိုင်ဝမ်ကျွင့် ပိုက်ဆံဖြင့် ဝယ်ယူခဲ့​ခြင်းဖြစ်သည်။

ကုကျိုးက အဲ့ဒါကို ဖတ်ပြီးနောက် သက်ပြင်းချလိုက်သည်။

သူသည် အစတုန်းက ချီဖုန်းကို ချောက်ချချင်တာဖြစ်ပြီး အခု တကယ်ခံလိုက်ရသူက ပိုင်ဝမ်ကျွင့်ဖြစ်​ေနသည်။ အ​ဲ့ဒါလည်း သိပ်တော့ မဆိုးလှပေ။

ပိုင်ဝမ်ကျွင့်ရဲ့ အိမ်တော်က အခြေခိုင်တယ်ဆိုပေမယ့် ပိုက်ဆံနှစ်ဆပေးပြီး ဖြုန်းတီးတာကိုတော့ ဘယ်လိုလုပ် ကြည်ဖြူနိုင်မလဲ? ဒီကိစ္စကြောင့် သူက ချီဖုန်းရဲ့ ခေါင်းမာတဲ့အကျင့်ကို မကျေမနပ်စိတ်ခုသွားရင် ပိုတောင်ကောင်းသေးတယ်။ 

ကုကျိုးက ထိုသတင်းကို ဖတ်ရှုပြီးနောက် သူ၏ ထောက်ပံ့သူကို လှည့်ကြည့်လိုက်သည်။

ကုန်းရိထျန်းဟန်၏ အမူအရာက ညင်သာပျော့ပျောင်းနေလျက်:

"အားကျိုး တစ်ခုခု လုပ်ချင်လား?"

ကုကျိုးမှာ ရင်ထဲ ထိခတ်သွားသည်။

သူ၏ထောက်ပ့ံသူသည် သူ့လူများကို အထူးတလည်လွှတ်ပြီး ဒီဆန်ကုန်မြေလေးနှစ်ယောက်အကြောင်းကို စုံစမ်းခိုင်းခြင်းက ကုကျိုး၏ စိတ်ထဲမှ မကျေနပ်စရာ အဖုအထစ်များကို ပြေလျော့စေချင်လို့မှန်း သူသေချာသိနေသည်။

ကုကျိုးက စဥ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

"ထျန်းဟန်သခင်လေး၊ ပိုင်အိမ်တော်က.... ဘယ်လိုမိသားစုမျိုးလဲ? ပိုင်ဝမ်ကျွင့်က အင်ပါယာမြို့တော်ကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ?"

ကုန်းရိထျန်းဟန်၏ မျက်ဝန်းများက ချီးမွမ်းလိုက်သကဲ့သို့ အရောင်လက်သွားကာ ပြန်ဖြေလိုက်သည်။

"ဒီတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ မိသားစုအိမ်တော်တွေကို အဆင့်အတန်းခွဲရရင် မင်းမြို့တော်ရဲ့ မိသားစုအိမ်တော်ကြီး (၅)ခုက ချန်းယွင်အင်ပါယာရဲ့ အင်အားအကြီးဆုံးအိမ်တော်တွေ။ သူတို့ထက် အဆင့်နည်းနည်းနိမ့်တဲ့ မျိုးနွယ်စုအိမ်တွေက ပထမတန်းစားအင်အားစု၊ အဲ့ဒီအောက်က ဒုတိယတန်းစား၊ တတိယတန်းစားနဲ့ အရည်အချင်းမမီတဲ့ အင်အားစုတွေဆိုပြီး ရှိတယ်"

ကုကျိုးက ဂရုတစိုက် နားထောင်နေသည်။

ကုန်းရိထျန်းဟန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ခနဲ့သလို ပြုံးလို​က်ကာ:

"ချီအိမ်ရဲ့ မျိုးရိုးဖြစ်တည်မှုက နှစ်ပေါင်း (၂၀၀)မကျော်ဘူး။ သူတို့က အများဆုံးမှ တတိယတန်းစားကို ဘယ်တော့မှ မရောက်ဖူးတဲ့ အဆင့်မမီတဲ့အင်အားစုပဲ။ ပိုင်အိမ်ရ​ဲ့မျိုးရိုးက သူတို့ထက် ပိုကြာပေမယ့် ဒုတိယတန်းစားအဆင့်မှာ အခိုင်အမာ မရပ်တည်နိုင်သေးဘူး။ တကယ်လို့ သူတို့ကို ရှင်းထုတ်ပစ်ချင်ရင်........"

ကုန်းရိထျန်းဟန်က ပြုံးလိုက်ကာ:

"ဒုတိယတန်းစားအဆင့်လောက်ကို အားကျိုး သတိထားနေဖို့ မလိုပါဘူး"

ကုကျိုး သဘောပေါက်သွားသည်။

သူ့ထောက်ပံ့သူ၏ မျက်လုံးထဲမှာတော့ ချီမိသားစုက အသည်းအသန် ဖော်လန်ဖားနေရသည့် ထိုပိုင်အိမ်တော်ဆိုတာက သူ့လက်ဖြင့်တစ်ချက် တောက်လိုက်ရုံနှင့် ​ပြိုလဲသွားနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

ထိုအချိန်တွင် ကုန်းရိထျန်းဟန်က ခပ်ဖွဖွ ရေရွက်လိုက်ပြန်သည်။

"ပိုင်ဝမ်ကျွင့် မင်းမြို့တော်ကို လာရတဲ့ ရည်ရွယ်ချက်က...."

သူက ခေါင်းကို အနည်းငယ်စောင်းလိုက်ကာ:

"ကြည့်ရတာ အဲ့လိုထူးချွန်တယ်ဆိုတဲ့ ဒုတိယ- တတိယတန်းစားအိမ်တော်က လူငယ်တွေက သူတို့ရဲ့ အစွမ်းတွေကို ထုတ်ပြပြီး ကိုယ်တို့လို့ အိမ်တော်ကြီးတွေဆီမှာ မှီခိုချင်လို့နေမှာပေါ့"

______________________________________

အချစ်ဆုံးတို့ရေ.....

Sugar daddy ရဲ့ အလိုက်သိမှုတွေနဲ့ ကျက်သတုံးနှစ်ကောင်အကြောင်း တစေ့တစောင်းဖြစ်ပါတယ် 😆 ဒါဆို နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်ပါနော်။ အားလုံး အန္တရာယ်ကင်း လုံခြုံကြပါစေ။

With love ❤
Taiga 😘

Continue Reading

You'll Also Like

454K 41.1K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
178K 24.4K 65
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
1M 182K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...
2.2M 167K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023