မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း

1.1K 295 16
By Sebastiann048

((Zawgyi))

အပိုင္း (၃၀)
ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း

💊💊💊
ကုက်ိဳးသည္ ေထာက္ပံ့သူက ဘာျဖစ္လို႔ ဒီလိုမ်ိဳး အတိအက် ေျပာနိုင္ရသလဲဆိုတာကို မသိေပ။ သို႔ေသာ္ သူက ထိုအေၾကာင္းကို စဥ္းစားၿပီး မေမးျမန္းဖို႔ ဆုံးျဖတ္လိုက္သည္။

ပထမအခ်က္က သူစားေနေသာ အစာေျပမုန့္မ်ားက အလြန္အရသာရွိေသာေၾကာင့္ျဖစ္ၿပီး သူပါ အခ်က္အျပဳတ္ပညာတခ်ိဳ႕ကို နည္းနည္းေလာက္ ေလ့လာခ်င္သြားသည္။ ဒုတိယအခ်က္က သူ႕ေထာက္ပံ့သူ၏ အလုပ္လုပ္ပုံကိုင္ပုံကို သူ အၾကမ္းဖ်င္းနားလည္ထားျခင္းေၾကာင့္ ျဖစ္သည္။ ေထာက္ပံ့သူက သူ႕ကို စၿပီး မရွင္းျပဘူးဆိုမွေတာ့ သူအေနႏွင့္ ကိစၥမ်ားသူ႕အလိုလို ျဖစ္လာသည္ကိုသာ ဘာမွမေျပာဘဲ ေစာင့္ၾကည့္ရန္ျဖစ္သည္။

ဒီေတာ့ သူ စိတ္ရွည္ရွည္ႏွင့္ ေသ​ေသခ်ာခ်ာ ေစာင့္ၾကည့္ရမည္။

သိပ္မၾကာခင္တြင္ ေလလံပြဲကို တရားဝင္စတင္ဖြင့္လွစ္လိုက္သည္။

လုံရိက သူတို႔၏အေရွ႕တြင္ရွိေသာ အဝတ္ႀကိဳးစ ကန့္လန့္ကာကို ဆြဲခ်လိဳက္ေတာ့ အလြန္ႀကီးမားၾကည္လင္ေသာ မွန္ျပတင္းတစ္ခု ေပၚေပါက္လာသည္။ မွန္သား၏ အေရာင္ကား အျမင္မွလွမ္းၾကည့္လွ်င္ အထဲကိုမျမင္နိုင္ဘဲ အထဲကေန အျပင္ဘက္ကိုသာ ရွင္းလင္းစြာ ျမင္နိုင္သည္။

ခန္းမ၏ အေရွ႕ဆုံး၌ ေက်ာက္သားစင္ျမင့္ႀကီးတစ္ခု ျမင့္တက္လာၿပီး ထိုစင့္ျမင့္ထက္တြင္ သက္လတ္ပိုင္းအ႐ြယ္ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၃)ရွိသည့္ သိုင္းပညာရွင္တစ္ေယာက္ ရွိေနသည္။

ထိုသူက ေလလံပြဲ၏ အစီအစဥ္တင္ဆက္သူျဖစ္သည္။

ထို႔ေနာက္ သူက လက္ခုပ္သံအခ်က္ေပးလိုက္သည့္အခါ သူ႕အေနာက္မွ တစ္ဒါဇင္မကေသာ ေခ်ာေမာလွပသည့္ မိန္းမပ်ိဳေလးမ်ား တန္းစီထြက္လာၾကသည္။ ထိုမိန္းမပ်ိဳေလးမ်ား၏ လက္ထဲတြင္ ဗန္းတစ္ခုစီသယ္လာၿပီး ထိုဗန္းမ်ားကို ဇာပန္းမ်ားထိုးထားသည့္ ပိုးပဝါစမ်ားျဖင့္ အုပ္ထားကာ ဗန္းထဲမွ ပစၥည္းမ်ားက ထိုပဝါပါးေအာက္တြင္ လုံၿခဳံစြာ ကြယ္ေပ်ာက္ေနၾကသည္။

ကုက်ိဳးက စိတ္ဝင္စားစြာ ေစာင့္ၾကည့္လိုက္သည္။

ဤကဲ့သို႔ျမင္ကြင္းမ်ိဳးမွာ စင္ေအာက္ရွိ ပရိတ္သတ္မ်ားက ေရွးေဟာင္းရိုးရာဝတ္စုံမ်ားကို ဝတ္ဆင္ထားသည္မွလြဲလွ်င္ ဒီဘက္​ေခတ္ တီဗြီထဲတြင္ ျမင္ေနက် ျမင္ကြင္းႏွင့္ သိပ္မကြာလွေပ။

ေျပာရလွ်င္ သူတို႔ အနည္းငယ္ေတာ့ အဆင္မေျပ ျဖစ္ေကာင္းျဖစ္နိုင္သည္။ အေၾကာင္းက ေလလံေစ်းေခၚသည့္အခါ အသံခ်ဲ့စက္မရွိသည့္အတြက္ ဘယ္သူက အသံက်ယ္က်ယ္ ပိုေအာ္နိုင္မလဲဆိုတာ ၿပိဳင္ဆိုင္ရသလို ျဖစ္ေနသည္မဟုတ္ပါလား?

ကုက်ိဳးက ထိုပုံစံႀကီးကို ျမင္ေယာင္ၾကည့္ၿပီး စိတ္ထဲကေန တိတ္တိတ္ႀကိတ္ရယ္လိုက္သည္။

အစီအစဥ္တင္ဆက္သူက အပိုစကားအလွအပမ်ားေျပာကာ ေကြ႕ဝိုက္မေနေပ။ သူက ဧည့္သည္ေတာ္မ်ားအားလုံးကို ခပ္သြက္သြက္ ႏႈတ္ဆက္လိုက္ၿပီးေနာက္ ပထမဆုံးမိန္းမပ်ိဳ၏ လက္ထဲရွိ လင္ဗန္းေပၚမွ ပိုးပဝါစကို ဖယ္ရွားျပလိုက္သည္။ -- နဂါးျပာကုန္သြယ္ေရးလုပ္ငန္းသည္ လူတန္းစားအလႊာေပါင္းစုံက ထိုင္ခုံေနရာကိုပင္ အလုအယက္ ဝယ္ယူရသည့္ ေလလံပြဲမ်ိဳးကို က်င္းပနိုင္ေလာက္ေအာင္ အင္အားႀကီးမားသည့္ ကုန္သြယ္ေရးလုပ္ငန္းတစ္ခု ပီသပါေပသည္။ ၄င္းက အဆင့္အတန္းျမင့္မားလွသည္။ ထို႔​ေၾကာင့္ သူတို႔သည္ ေခ်ာေမာလွပေသာ မိန္းမပ်ိဳ​ေလးမ်ားကို ဧည့္သည္မ်ား ႀကိဳဆိုဧည့္ခံ​ေစၿပီး ေလလံပစၥည္းမ်ားကို ျပသေစေသာ္လည္း အျခားေသာ ကုန္သြယ္ေရး လုပ္ငန္းငယ္ေလးမ်ားကဲ့သို႔ ဝယ္သူမ်ားကို ဆြဲေဆာင္ရန္ ပီယဝါစာ စကားမ်ားကို ဖြဲ႕ႏြဲ႕ေျပာဆိုမေနေပ။

ေလလံပစၥည္းတစ္ခုကို ထုတ္ေဖာ္ျပသလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ အစီအစဥ္တင္ဆက္သူက ထိုပစၥည္းကို နားလည္ရလြယ္ၿပီး က်စ္လစ္တိက်စြာ ေျပာျပမိတ္ဆက္ေလသည္။

ထိုအခ်ိန္တြင္ ကုန္းရိထ်န္းဟန္၏ အသံက သီးသန့္ခန္းထဲတြင္ ပဲ့တင္ထပ္လာသည္။

"အားက်ိဳး၊ အခု ျပေနတဲ့ပစၥည္း အမ်ားစုက ရွားေပမယ့္ အဖိုးတန္ပစၥည္းေတြေတာ့ မဟုတ္ဘူး။ အဲ့လိုမ်ိဳး ေနာက္ (၃) (၄)ခုေလာက္ ထပ္လာလိမ့္မယ္။"

ကုက်ိဳးက ခ်က္ခ်င္း ေခါင္းညိမ့္ျပလိုက္သည္။

ဒါ ေထာက္ပံ့သူ ကိုယ္တိုင္ သူ႕ကို ေလလံပြဲအေၾကာင္းရွင္းျပေနတာ။ သူေသခ်ာေပါက္ အ​​ေလးထားနားေထာင္ရမွာေပါ့။ ေနာက္ၿပီး ေထာက္ပံ့သူအသံက သာယာခ်ိဳသာၿပီး သံလိုက္ဓာတ္လို ဆြဲေဆာင္မႈရွိ​ေနေတာ့ သူေျပာတာ နားေထာင္ေနရတာကလည္း သုခခ်မ္းသာတစ္မ်ိဳးပါပဲ!

အမွန္ပင္ ပိုးပဝါစမ်ားကို တစ္ခုၿပီးတစ္ခု ဖယ္ရွားလိုက္သည့္ေနာက္ ၄င္းတို႔အားလုံးသည္ အၾကမ္းအားျဖင့္ လက္နက္မ်ားျပဳလုပ္ရန္ သတၱဳရိုင္းမ်ား၊ ရွားပါးေဆးအမယ္မ်ား၊ တန္ဖိုးႀကီးၿပီး လက္ရာလွပေသာ ေက်ာက္မ်က္ရတနာမ်ား အစရွိသည္မ်ားသာ ျဖစ္သည္။

ကုက်ိဳးသည္ ထိုပစၥည္းမ်ားကို ၾကည့္ရင္း ၾကာလာေတာ့ အနည္းငယ္ ၾကည့္တတ္လာသည္။ သို႔ေသာ္ သတၱဳရိုင္းမ်ား ႏွင့္ ေက်ာက္မ်က္ရတနာမ်ားကိုေတာ့ သူ မၾကည့္တတ္ေပ။ သူက ေဆးဖက္ဝင္ ေဆးဝါးအမယ္မ်ားအေပၚသာ သိသိသာသာ ဗဟုသုတရွိျခင္းျဖစ္သည္။ သို႔ေသာ္ ထိုေဆးဝါးအမယ္မ်ားအားလုံးကို ေထာက္ပံ့သူက သူ႕အတြက္ အကုန္ရယူေပးနိုင္သည့္ျဖစ္၍ ထိုပစၥည္းမ်ားအေပၚ သူသိပ္စိတ္မဝင္စားေခ်။

​ေသ​ခ်ာေပါက္ ေလလံပြဲကေတာ့ အလြန္အားေကာင္းေနဆဲ။

မ်ိဳးႏြယ္စုအိမ္ေတာ္ႀကီးမ်ားအတြက္ေတာ့ ဤပစၥည္းအမ်ားစုက ဘာမွမက္ေလာက္စရာမရွိေပ။ သို႔ေသာ္ အခ်ိဳ႕ေသာ အဆင့္နိမ့္ သိုင္းပညာရွင္မ်ားႏွင့္ မိသားစုအိမ္ေတာ္ငယ္ေလးမ်ားအတြက္ေတာ့ ေလလံပစၥည္းတခ်ိဳ႕က အေတာ္အတန္ ေကာင္းမြန္ေနၾကသည္။ ထို႔ေၾကာင့္ သူတို႔က ထိုပစၥည္းမ်ားကို အၿပိဳင္အဆိုင္ ေလလံဆြဲၾကေလသည္။

ဤသို႔ျဖင့္ ေလလံပစၥည္း အေသးအဖြဲ႕ (၄)ခုက တစ္ခုၿပီးတစ္ခု ေရာင္းထြက္သြားၾကသည္။ ေလလံပြဲ၏ အရွိန္ကလည္း လွိုင္းလုံးတစ္ခုသဖြယ္ တျဖည္းျဖည္း ျမင့္တက္လာသည္။ ေလလံဆြဲသူ ပရိတ္သတ္မ်ားကလည္း ေနာက္ဆုံးေတာ့ ေသြးပူလာၾကသည္။

အစီအစဥ္တင္ဆက္သူကလည္း အလြန္အေတြ႕အႀကဳံရွိ​ေပသည္။ သူက အေျခအေနကို အမိအရဆုပ္ကိုင္လိုက္ၿပီးေနာက္ လက္ကိုေဝွ႕ယမ္းလိုက္ကာ ေခ်ာေမာလွပသည့္ မိန္းမပ်ိဳေလးမ်ားကို ထြက္ခြာေစလိုက္သည္။ မိန္းမပ်ိဳေလးမ်ား ထြက္ခြာသြားၿပီးေနာက္ ေသြးသန့္စင္ျခင္း အဆင့္(၃)ရွိေသာ သိုင္းပညာရွင္မ်ားက စင္ျမင့္ထက္သို႔ တက္လာၾကသည္။

ထိုသိုင္းပညာရွင္ (၄)ဦးသည္ ထြားႀကိဳင္းသန္မာလွသည္။ သူတို႔၏ ခႏၶာကိုယ္အေပၚပိုင္းက အဝတ္ဗလာႏွင့္ ႂကြက္သားမ်ားက ဖုေဖာင္းကာ အျမႇောင္းျမႇောင္းထေနၾကသည္။ သူတို႔သည္ ၾကည့္႐ုံႏွင့္ပင္ သာမန္ထက္ ထူးကဲမွန္းသိသာသည္။ အနိမ့္စားသိုင္းပညာရွင္ေလးမ်ားအတြက္ ထိုလူသန္ႀကီးမ်ားက အလြန္ရင္ဆိုင္ရခက္ခဲမည္မွာ ေသခ်ာသည္။

ကုက်ိဳးသည္ ထိုႂကြက္သားဖုမ်ားႏွင့္ လူသန္ႀကီးမ်ားကို ဒီဘက္ေခတ္မွ ကာယဗလေလ့က်င့္သူမ်ားႏွင့္ ႏွိုင္းယွဥ္ၾကည့္ၿပီး အနည္းငယ္ အံ့အားသင့္သြားသည္။

သို႔ေသာ္ ကုက်ိဳးက ထိုသူတို႔၏ ခႏၶာကိုယ္အမ်ိဳးအစားကို အံ့အားသင့္မိ႐ုံသာျဖစ္သည္။ သူသည္လည္း ေထာက္ပံ့သူႏွင့္ အေနၾကာလာသည့္အေလွ်ာက္ ဤကဲ့သို႔ ခႏၶာကိုယ္ ေလ့က်င့္ပ်ိဳးေထာင္ျခင္းက တကယ္တမ္းေတာ့ မွားယြင္းေသာ အယူအဆတစ္ခုျဖစ္ၿပီး သိုင္းပညာရွင္တစ္ေယာက္ျဖစ္လာဖို႔ အနာဂတ္မရွိဘူးဆိုတာ ကို သူသိထားသည္။ ေကာင္းမြန္ေသာ က်င့္ႀကံေရးနည္းလမ္းကို ေလ့က်င့္ၿပီး ေဆးဖက္ဝင္ေဆးဝါးမ်ားႏွင့္ အာဟာရျပည့္ဝ​ေနသည့္ သိုင္းပညာရွင္တစ္ေယာက္အတြက္ သူတို႔ခႏၶာကိုယ္က ဤကဲ့သို႔ 'သန္မာသလိုထင္ရၿပီး တကယ္ေတာ့ ဝိတ္ေပၚႀကီး' ဆိုသည့္အေျခအေနမ်ိဳး ျဖစ္လာစရာ အေၾကာင္းမရွိေပ။ -- သူ႕အိမ္က ေနမေကာင္းသည့္ ေထာက္ပံ့သူသခင္ေလးကို ခဏထား၊ ဟိုသခင္ေလး (၄)ေယာက္ကိုပဲ ဆိုၾကပါစို႔။ သူတို႔ထြက္လာေတာ့ ဘယ္တစ္ေယာက္ကမ်ား ေလဆန္ကိုအံတုမယ့္ ေက်ာက္စိမ္းသစ္ပင္ မဟုတ္လို႔လဲ? သူတို႔ရဲ႕ ခႏၶာကိုယ္ေတြက ေတာင့္တင္းသန္မာတယ္ဆိုေပမယ့္ ႂကြက္သားေတြက အရမ္းကို အခ်ိဳးက်က် ရွိေနတာေလ။ သူတို႔က အကုန္လုံး အရပ္ရွည္ရွည္၊ ခ်မ္းသာႂကြယ္ဝၿပီး ႐ုပ္ရည္ေခ်ာေမာၾကသူေတြခ်ည္းပဲ။

(T/N - ေလဆန္ကိုအံတုမယ့္ ေက်ာက္စိမ္းသစ္ပင္ဆိုတာက နာမည္ဂုဏ္သတင္းေက်ာ္ၾကားသူ၊ ဂုဏ္သေရရွိရွိ၊ ေခ်ာေမာခန့္ညားၿပီး ယုံၾကည္မႈရွိတဲ့ ေယာက်ာ္းေတြကို ဆိုလိုတာပါတဲ့။)

တကယ္တမ္းေတာ့ ဒီလူသန္ႀကီးမ်ားက သ႐ုပ္ျပ သက္သက္သာျဖစ္သည္။

သူတို႔သည္ ခြန္အားႀကီးမားသည္ဟုထင္ရၿပီး ထိုအင္အားႀကီးမားေသာ လူမ်ားက လက္နက္ႀကီးတစ္ခုကို တေဟာေဟာ တဟဲဟဲႏွင့္ ပင့္မ သယ္ယူလာၾကသည္။ ထို႔ေၾကာင့္ ၾကည့္႐ုံႏွင့္ပင္ ထိုလက္နက္က မည္မွ်ေလးမည္ကို ခန့္မွန္းသိရွိနိုင္သည္ မဟုတ္ပါေလာ?

စင္ေအာက္မွ အဆင့္နိမ့္သိုင္းပညာရွင္တခ်ိဳ႕ကေတာ့ ရင္သက္ရႈေမာျဖစ္ေနၾကၿပီျဖစ္သည္။

ကုက်ိဳးကေတာ့ စိတ္ပ်က္လက္ပ်က္ျဖင့္သာ။

တင္ဆက္သူ၏ အသံက လွိုက္လွဲစြာျဖင့္ ေျပာလာသည္။

"ဒီ လူဝံမိစာၦဓားကို ကြၽမ္းက်င္ပန္းပဲဆရာက အႀကိမ္ေပါင္း တစ္ေထာင္ ထုလုပ္သြန္းေလာင္းထားတာျဖစ္ပါတယ္။ ဓားရဲ႕ အသားတင္အေလးခ်ိန္က (၅၀၀)ကီလိုဂရမ္ေက်ာ္ပါတယ္။ အင္အားႀကီးတဲ့ သိုင္းပညာရွင္မ်ိဳးကသာ ဒီလို လက္နက္ကို ကိုင္တြယ္အသုံးျပဳနိုင္မွာပါ။ ၾကမ္းခင္းေစ်းက ေ႐ႊစ ငါးေထာင္နဲ႕ စဖြင့္ပါ့မယ္။ တစ္ႀကိမ္ေခၚရင္ အနည္းဆုံး ေ႐ႊစ တစ္ရာ ​တိုးပါမယ္။ လူႀကီးမင္းတို႔ ေက်းဇူးျပဳၿပီး စတင္ေစ်းေပးလို႔ရပါၿပီ!"

စကၠန့္ပိုင္းအတြင္းမွာပင္ အၿပိဳင္အဆိုင္ ေလလံေစ်းေပးသံမ်ား ထြက္ေပၚလာသည္။

ကုက်ိဳးကေတာ့ ဆြံ႕အသြားရကား:

"အား၊ ေစ်းႀကီးလိုက္တာ....."

ေ႐ႊစ ငါးေထာင္ဆိုတာ ေငြစ 'လ်န္' ၅ေသာင္း၊ တစ္'လ်န္' မွာ ေငြစ (၅၀)ဂရမ္၊ ေငြစ တစ္ဂရမ္မွာ (၂)ယြမ္.... တြက္ၾကည့္လိုက္ရင္ ေ႐ႊစ ငါးေထာင္ဆိုတာ ယြမ္(၅)မီလီယံပဲ! ဓားေလးတစ္ေခ်ာင္းကို ယြမ္(၅)မီလီယံေတာင္ ေရာင္းတယ္။ ေရွးေဟာင္းပစၥည္းလည္း မဟုတ္ဘဲနဲ႕။ တကယ္ေစ်းႀကီးတာပဲ။ သူအရင္က ေဆးဆိုင္တစ္ခုမွာ အလုပ္သင္ဝင္လုပ္တုန္း​ကဆို စားစရိတ္၊ ေနစရိတ္မပါရင္ တစ္လမွ ယြမ္(၅၀၀)ပဲရတာ။

(T/N - 'လ်န္' နဲ႕ 'ဂရမ္'က တ႐ုတ္​ေငြစရဲ႕ ေငြေၾကးအေခၚအေဝၚေတြလို႔ေျပာပါတယ္)

လူမြဲေလးတစ္ေယာက္အေနျဖင့္ သူသည္ သက္ျပင္းသာခ်မိသည္။

သို႔ေသာ္ ကုက်ိဳး ထိုသို႔ေျပာလိုက္သည့္အခါ သစၥာရွိ အမဲလိုက္ေခြးႀကီး လုံရိႏွင့္ လုံအာ့တို႔ကဲ့သို႔ မ်က္ႏွာေသႀကီး ႏွစ္ေယာက္ပင္ သူတို႔ မ်က္ႏွာအမူအရာမ်ားက အနည္းငယ္ထူးဆန္းသြားသည္။

ကုန္းရိထ်န္းဟန္သည္ ေခါင္းခါျပလိုက္ကာ:

"အားက်ိဳး၊ ခ်ီအားျဖည့္ေဆးလုံးေတြရဲ႕တန္ဖိုးက ဘယ္ေလာက္လဲ သိလား?"

ဒါကိုေတာ့ ကုက်ိဳး ေသခ်ာေပါက္ သိသည္။ အ​ဲ့ဒါက ခ်ီထ်န္း႐ုံ၏ မွတ္ဥာဏ္ထဲတြင္ ပါဝင္ေနသည္။ ခ်ီအားျဖည့္ေဆးလုံးမ်ားသည္ သိုင္းပညာရွင္မ်ားအတြက္ မရွိမျဖစ္ေဆးတစ္မ်ိဳးျဖစ္သည္။ ထို႔​ေၾကာင့္ ေဆးဆရာတိုင္းက ထိုေဆးလုံးေဖာ္စပ္နည္းကို ကြၽမ္းက်င္ေအာင္ ေလ့က်င့္ၾကသည္။ ၿပီးေတာ့ ခ်ီအားျဖည့္ေဆးလုံးမ်ားမွာ ေစ်းေပါ​ေပသည္။ ေဆးလုံးတစ္လုံးကို ေ႐ႊတစ္စ သို႔မဟုတ္ ယြမ္ တစ္ေထာင္ခန့္ က်သင့္ေပသည္။

ေနပါဦး! ခ်ီအားျဖည့္ေဆးလုံးတစ္လုံးကို ယြမ္တစ္ေထာင္တဲ့လား?

ဒါဆို သူေန႕တိုင္း ကိုင္တြယ္ေနတဲ့ ေငြ ပမာဏက......

ကုက်ိဳးမွာ အေရွ႕ကိုသာ ေၾကာင္ေငးၾကည့္ေနမိသည္။

သို႔ေသာ္ သူ ႐ုတ္တရတ္ သတိရသြားသည္။ သူသုံးတဲ့ ေဆးႀကိဳအိုးကလည္း ပိုက္ဆံေပးရသည္။ သူသုံးတဲ့ ေဆးအမယ္ေတြအတြက္လည္း ပိုက္ဆံလိုသည္။ ၿပီးေတာ့ စြမ္းအင္အရင္းအျမစ္အတြက္ကလည္း ပိုက္ဆံလိုေသးသည္။ ဒါေတြအားလုံးကို ႏႈတ္လိုက္လွ်င္ ဘယ္ေလာက္မွ မက်န္ေတာ့ေခ်။

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏ မ်က္ႏွာအမူအရာမ်ား ထပ္ခါထပ္ခါ ​ေျပာင္းလဲသြားသည္ကိုၾကည့္ၿပီး သူ႕ႏႈတ္ခမ္းသားမ်ားက တြန့္ေကြးသြားသည္။ သူက ေခါင္းကို အနည္းငယ္နိမ့္လိုက္ကာ ကုက်ိဳး၏ နား႐ြက္နားသို႔ တိုးတိုးေလး ကပ္ေျပာလိုက္၏။

"အားက်ိဳး၊ အားက်ိဳးသန့္စင္တဲ့ ခ်ီအားျဖည့္ေဆးလုံးေတြကို သိတယ္မလား? သူတို႔ရဲ႕ ေဆးအာနိသင္အစြမ္းက ဘယ္ေလာက္ရွိမယ္ထင္လဲ?"

ကုက်ိဳး စဥ္းစားလိုက္သည္။ သူက တကယ္တမ္းေတာ့ ထိုအေၾကာင္းကို သိပ္အာ႐ုံမထားခဲ့မိေပ။ သူသိသည္က ထိုေဆးလုံးမ်ားက ေစ်းကြက္ထဲရွိ ေဆးလုံးမ်ားထက္ နည္းနည္းပိုေကာင္းသည္။  သို႔ေသာ္ ဘယ္ေလာက္ ပိုေကာင္းတာလဲေတာ့ သူအတိအက် မသိေပ။

ကုန္းရိထ်န္းဟန္က သူ႕အသံကို ပိုနိမ့္လိုက္ကာ ခပ္တိုးတိုးေျပာလိုက္သည္။

"ထိပ္ဆုံးအဆင့္ ခ်ီအားျဖည့္ေဆးလုံးေတြက အဆ တစ္ရာ၊ အဆင့္ျမင့္ ေဆးလုံးေတြက ဆယ္ဆ၊ အလတ္စား ေဆးလုံးေတြက သုံးဆ"

ကုက်ိဳး မ်က္လုံးျပဴးသြားသည္။

ကုန္းရိထ်န္းဟန္က ခပ္အုပ္အုပ္ ရယ္လိုက္ကာ:

"ထိပ္ဆုံးအဆင့္ေဆးလုံးေတြက သာမာန္ေစ်းႏႈန္းထက္ အဆ(၂၀)ေစ်းရွိတယ္။ အဆင့္ျမင့္ေဆးလုံးေတြက ဆယ္ဆ၊ အလတ္စားေဆးလုံးေတြက သုံးဆ"

တကယ္လို႔ ထိပ္ဆုံးအဆင့္ ခ်ီအားျဖည့္ေဆးလုံးမ်ား၏ ေဆးအာနိသင္က ပုံမွန္ ခ်ီေပါင္းစပ္ေဆးလုံးမ်ားႏွင့္ အတူတူျဖစ္ၿပီး ခ်ီေပါင္းစပ္ေဆးလုံးမ်ား၏ ေစ်းႏႈန္းသည္ ေ႐ႊစ (၂၀)ဟု ပုံေသျဖစ္ေနျခင္းေၾကာင့္သာ မဟုတ္လွ်င္ ကုက်ိဳး၏ ေဆးလုံးမ်ားက ဒီထက္ပိုမို ေစ်းေကာင္းရနိုင္ေသးသည္။

ကုက်ိဳးမွာ ပို၍မ်က္လုံးျပဴးသြားရသည္။

သူ အနည္းငယ္ ေခါင္းမူးသြားသည္။

ဒီလိုဆို သူ သန့္စင္တဲ့ ေဆးႀကိဳအိုးတစ္အိုးစာ ခ်ီအားျဖည့္ေဆးလုံးေတြက..... တစ္ေထာင္ရဲ႕ အဆ(၂၀)၊ အဲ့ဒါရဲ႕ (၄၈)ဆ......ကိုးသိန္း​ေျခာက္ေသာင္း? တစ္ေထာင္ေတာင္မရွိတဲ့ အရင္းစရိတ္ကိုဖယ္လိုက္ဦး၊ ဒါက တကယ့္ကို အႀကီးႀကီး ျမတ္တာပဲ!

ဒီလိုဆိုေတာ့ ေစာေစာက ဓားန​ဲ ့တန္ဖိုးခ်င္း ျပန္တြက္ၾကည့္လိုက္ေတာ့ သိပ္ေစ်းမႀကီးေတာ့သလိုပင္။

စကၠန့္ပိုင္းအတြင္းတြင္ ကုက်ိဳးသည္ သူ၏ ေထာက္ပံ့သူအတြက္ ပိုက္ဆံအမ်ားႀကီး ရွာေပးခဲ့သည္ဟု ခံစားရသည္။ သို႔ေသာ္ ျပန္စဥ္းစားၾကည့္သည့္အခါ သူသည္ မိမိ၏ အနည္းငယ္ ျမင့္တက္လာေသာ မာနကေလးကို ႏွိမ္ခ်လိုက္သည္။

သူ၏ ေထာက္ပံ့သူသည္ ေဆးအမယ္မ်ားကအစ အသုံးအေဆာင္ပစၥည္းမ်ားအဆုံး အရာအားလုံးကို ေစ်းႏႈန္းမ်ားအထိပါမက်န္ စီမံေပးခဲ့သည္။ ကုက်ိဳး၏ လုပ္ေဆာင္မႈမ်ားက ထူးခြၽန္လွသည္မွာ မွန္ေသာ္လည္း ေနာက္ဆုံးမွာေတာ့ သူ႕ေထာက္ပံ့သူ၏ စီးပြားေရး လမ္းေၾကာင္းမ်ားႏွင့္ အလြန္ေကာင္းမြန္သည့္ နည္းလမ္းမ်ားမွ တဆင့္ သြားရျခင္းသာျဖစ္သည္။ အကယ္၍ သူ႕ကိုသာ ကိုယ္တိုင္လုပ္ဖို႔ လႊတ္ေပးၾကည့္ရင္ ဤကဲ့သို့္ တန္ဖိုးမ်ိဳးကို ရရွိမည္မဟုတ္ေပ။

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏တုန့္ျပန္မႈကို ႏူးညံညင္သာစြာ ေငးၾကည့္ေနသည္။ သူက သူ႕ေဆးဆရာေလး၏ ပုခုံးကို ခပ္ဖြဖြ ပုတ္လိုက္ကာ ၿပဳံးျပရင္း ေျပာလိုက္သည္။

"ဒါၿပီး ေနာက္ပိုင္းမွာ တန္ဖိုးႀကီးတဲ့ ပစၥည္းေတြပါလာလိမ့္မယ္။ အားက်ိဳး လိုခ်င္တာရွိရင္ ကိုယ့္ကိုေျပာေနာ္။ ကိုယ္ မင္းအတြက္ ေလလံဝင္ဆြဲၿပီး ဝယ္ေပးမယ္"

ကုက်ိဳးက ေၾကာင္ေငးၾကည့္ၿပီးေနာက္ ဝမ္းသာစြာ ၿပဳံးလာသည္။

"ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ထ်န္းဟန္သခင္ေလး!"

သူ႕အိမ္က ေထာက္ပံ့သူက တကယ့္ေကာင္းတဲ့ အလုပ္ရွင္ပဲ။

ကုန္းရိထ်န္းဟန္သည္ မေအာင့္နိုင္ဘဲ ရယ္လိုက္သည္။

မထင္ထားဘူး။ ကုက်ိဳးက အခုထိ အျမတ္ေငြ ခြဲမယ့္အေၾကာင္း စကား မစဘူး...... တကယ့္ကို မတိုးတက္လာပါလားေနာ္!

ဒါေပမယ့္ သူက ကုက်ိဳးကို မမွ်မတ ဆက္ဆံမွာေတာ့ မဟုတ္ေပ။

သူတို႔ႏွစ္ဦး အျပန္အလွန္ေျပာဆိုေနသည့္အခ်ိန္၌ ထို လူဝံမိစာၦဓားက ေရာင္းထြက္သြားသည္။ ေနာက္ဆုံးအပိတ္ေစ်းက ေ႐ႊစ ရွစ္ေထာင့္သုံးရာ ျဖစ္ၿပီး တစ္ကိုယ္ေတာ္ သိုင္းပညာရွင္တစ္ဦးက အနိုင္ရရွိသြားသည္။

ထို႔ေနာက္တြင္ ေနာက္ထပ္လက္နက္မ်ားစြာကို ဆက္လက္ေလလံတင္ၿပီး ၄င္းတို႔အမ်ားစုတြင္ ထူးျခားေသာ လကၡဏာမ်ားရွိၾကသည္။ ဥပမာ၊ မီးဂုဏ္သတၱိရွိသည့္ သိုင္းက်င့္ႀကံေရးကို အားေကာင္းေစသည့္ လက္နက္မ်ိဳး။ ေနာက္ထပ္ဥပမာက ထိုးစစ္၊ ခံစစ္ ႏွစ္ခုစလုံးအတြက္ အစြမ္းရွိသည့္ လက္နက္မ်ိဳး၊ ေနာက္တစ္ခုက မတူညီေသာ သိုင္းက်င့္ႀကံေရးႏွစ္ခုကို တစ္ၿပိဳင္နက္တည္း က်င့္ႀကံနိုင္စြမ္းရွိသည့္ လက္နက္မ်ိဳးျဖစ္သည္။..... ထိုပစၥည္းမ်ားအားလုံးကို ေ႐ႊစမ်ား ေထာင္ခ်ီ ေသာင္းခ်ီျဖင့္ ေလလံတင္ေရာင္းခ်ခဲ့သည္။

ခန္းမထဲရွိ ေလထုကလည္း ပိုမို စိတ္အားထက္သန္လာၾကသည္။ ေနာက္ဆုံး ေနာက္ထပ္ ေလလံပစၥည္းတစ္ခုကို ထပ္မံထုတ္လာခ်ိန္မွာေတာ့ ေလထုက အထြတ္အထိပ္သို႔ေရာက္ရွိသြားသည္။

အားေကာင္းေမာင္းသန္ ေယာက်ာ္းႀကီးတစ္ေယာက္က စင္ျမင့္ေပၚသို႔ သယ္ေဆာင္လာသည့္ ထိုပစၥည္းမွာ အလြန္အႏုစိတ္​ေသသပ္ေသာ ေဆးႀကိဳအိုးေလးတစ္အိုးပင္!

ထိုေဆးႀကိဳးအိုးသည္ အျပင္ပန္းကလည္း ေကာင္းမြန္သလို အထဲတြင္ တပ္ဆင္ထားသည့္ အျပင္အဆင္မ်ားကလည္း အလြန္စိတ္ကူးေကာင္းလွသည္။ အရည္အေသြးျမင့္ ပစၥည္းတစ္ခုျဖစ္သည့္အတြက္ ၄င္းက အဆင့္မီ ေဆးဆရာမ်ားအတြက္ သို႔မဟုတ္ အဆင့္မီေဆးဆရာ ျဖစ္ခါစ သူမ်ားအတြက္ သင့္ေတာ္ ေကာင္းမြန္​​ေပသည္​။

ကုက်ိဳးက​ေတာ့ ထိုေဆးႀကိဳအိုးကို ၾကည့္ၿပီး ဘယ္လိုမွ မခံစားရေပ။

သူ၏ ေထာက္ပံ့သူသည္ သူ႕အတြက္ ေဆးႀကိဳအိုးအႀကီး၊ အလတ္၊ အေသး စသည့္အ႐ြယ္တစ္ခုခ်င္းစီအတြက္ ေဆးႀကိဳအိုး အမ်ိဳးအစား သုံးခုစီ ေထာက္ပံ့ေပးထားၿပီးျဖစ္သည္။ ေနာက္ၿပီး ၄င္းတို႔ အားလုံးက သီးသန့္အထူးေအာ္ဒါမွာထားသည့္ ထိပ္တန္းအေကာင္းစား ပစၥည္းမ်ားျဖစ္သည္။ ထို႔ေၾကာင့္ ဒီေဆးႀကိဳအိုးေလးႏွင့္ ယွဥ္လိုက္ရင္ သူ၏ ေဆးႀကိဳအိုးမ်ားက အရမ္းကို ေကာင္းေနသည္။ နဂါးျပာေလလံပြဲသည္ ဒီေဆးႀကိဳအိုးေလးကို ထုတ္လာျခင္းက ကုက်ိဳးကဲ့သို႔ ေခၚယူစုေဆာင္းျခင္းခံရသည့္ ေဆးဆရာမ်ားအတြက္ ရည္႐ြယ္ခ်င္းမဟုတ္ေပ။

သို႔ေသာ္ သူလည္း နည္းနည္းေတာ့ စိတ္ဝင္စားမိသည္။ ဒီလိုေဆးႀကိဳအိုးမ်ိဳးက ဘယ္ေလာက္တန္လဲဆိုတာလည္း သူသိခ်င္ေသးသည္!

ေနာက္ေတာ့ ကုက်ိဳး နည္းနည္း အံ့အားသင့္သြားသည္။

ဒီေဆးႀကိဳးအိုးေလးရဲ႕ ၾကမ္းခင္းေစ်းက ေ႐ႊစ ရွစ္ေထာင္တဲ့လား?

ဒါဆို သူ႕ရဲ႕ ေဆးသန့္စင္တဲ့အခန္းထဲက အဲ့ဒီပစၥည္းေတြက--

ကုက်ိဳး မ်က္ခုံးလႈပ္သြားသည္။

သူက အစကတည္းက သူ႕ေထာက္ပံ့သူက အေတာ္ခ်မ္းသာမွန္း ေတြးထားၿပီးျဖစ္သည္။ ဒါေပမယ့္ အခုေတာ့ သူ႕ေထာက္ပံ့သူက သူထင္ထားတာထက္ေတာင္ ပိုခ်မ္းသာေနေသးသည္။

......သူ႕အေပၚ ယုံၾကည္မႈထားရတာ တကယ္ လုံေလာက္ပါေပသည္။

ကံေကာင္းေထာက္မစြာျဖင့္ သူသည္လည္း ေထာက္ပံ့သူ ေမွ်ာ္လင့္ထားသလို လုပ္ေဆာင္နိုင္ခဲ့သည္။

ထိုသို႔ေတြးေနစဥ္ ေအာက္ထပ္မွ ရင္းႏွီးသည့္ အသံတစ္ခုကို ၾကားလိုက္ရသျဖင့္ ကုက်ိဳး၏ ခါးက ခ်က္ခ်င္းမတ္သြားသည္။

မာနေထာင္လႊားကာ စိတ္ႀကီးဝင္ၿပီး ေျပာလိုက္သည့္ စကားလုံးတိုင္းက 'တစ္ေလာကလုံးကို ေသာက္ဂ႐ုမစိုက္သလို' ဒီအေျပာက ခ်ီဖုန္း မဟုတ္လား?

ဒီစက္ဆုပ္႐ြံရွာဖြယ္ အသံႀကီးက ခ်ီထ်န္း႐ုံ၏ တိုေတာင္းလွေသာ (၁၅)ႏွစ္တာ ကာလေလးတြင္ စြဲထင္ေနခဲ့တာ ေနာက္ဆုံး ထိုေကာင္ေလးထံတြင္ အၿငိဳးအေတး နာက်ဥ္းမႈမ်ားႏွင့္ ျပည့္ႏွက္သြားသည့္အထိပင္....... သူသည္ နားပင္းသြားရင္ေတာင္ ဒီအသံႀကီးကိုေတာ့ နားၾကားမွားလိမ့္မည္မဟုတ္ေပ။

ဒီေတာ့ ေျပာရရင္ ခ်ီဖုန္းကလည္း ဒီေလလံပြဲကို လာခဲ့တယ္ေပါ့? သူက ဒီေဆးႀကိဳအိုးကို လုခ်င္တယ္ေပါ့?

ထိုခဏတြင္ ကုက်ိဳး၏ စိတ္ထဲ၌ ေလွာင္ၿပဳံးမၿပဳံးဘဲ မေနနိုင္​ေပ။

သူက ေခါင္းကို လွည့္လိုက္ကာ သူ႕ ေဘးတြင္ထိုင္ေနေသာ လူကို မ်က္ႏွာခ်င္းဆိုင္ကာ ေျပာလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္ အဲ့ဒီလူကို ဒီေဆးႀကိဳအိုးရဲ႕ တန္ရာတန္ေၾကးထက္အမ်ားႀကီး ပိုေပးၿပီးမွ ရသြားေအာင္ လုပ္ခ်င္တယ္။ သခင္ေလး ကြၽန္ေတာ့္ကို ကူညီနိုင္မလား?"

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏ အမူအရာက အၾကည့္ရဆိုးေနသည္ကို ျမင္ေတာ့ မ်က္ခုံးတစ္ဖက္ ပင့္လိုက္ကာ:

"အားက်ိဳးက သူ႕ကို သိပ္သေဘာမက်ဘဴးလား?"

ကုက်ိဳးက မကြယ္ဝွက္ဘဲ ေျပာလိုက္သည္။

"သူက ခ်ီဖုန္းပဲ"

ကုန္းရိထ်န္းဟန္က ခ်က္ခ်င္း သေဘာေပါက္သြားသည္။

ေနာက္ေတာ့ သူက ၿပဳံးလို​က္ကာ အဓိပၸါယ္ပါပါ ေျပာလိုက္သည္။

"ဒါဆိုရင္ေတာ့ ကိုယ္က အားက်ိဳးကိုကူၿပီး ေဒါသေျဖေဖ်ာက္ေပးရမွာေပါ့"

______________________________________

အခ်စ္ဆုံးတို႔ေရ......

ေနာက္မွာ Sugar Daddy က ဟိုက်က္သတုံးကို ပညာေပးတာလာပါမယ္ေနာ္။ ဒါဆို ေနာက္အပိုင္းမွာ ျပန္ေတြ႕က်မယ္။ အားလုံး လုံၿခဳံေဘးကင္းၾကပါေစ။

With love ❤
Taiga 😘

((Unicode))

အပိုင်း (၃၀)
ချီဖုန်းနှင့်ထပ်တွေ့ခြင်း

💊💊💊
ကုကျိုးသည် ထောက်ပံ့သူက ဘာဖြစ်လို့ ဒီလိုမျိုး အတိအကျ ပြောနိုင်ရသလဲဆိုတာကို မသိပေ။ သို့သော် သူက ထိုအကြောင်းကို စဥ်းစားပြီး မမေးမြန်းဖို့ ဆုံးဖြတ်လိုက်သည်။

ပထမအချက်က သူစားနေသော အစာပြေမုန့်များက အလွန်အရသာရှိသောကြောင့်ဖြစ်ပြီး သူပါ အချက်အပြုတ်ပညာတချို့ကို နည်းနည်းလောက် လေ့လာချင်သွားသည်။ ဒုတိယအချက်က သူ့ထောက်ပံ့သူ၏ အလုပ်လုပ်ပုံကိုင်ပုံကို သူ အကြမ်းဖျင်းနားလည်ထားခြင်းကြောင့် ဖြစ်သည်။ ထောက်ပံ့သူက သူ့ကို စပြီး မရှင်းပြဘူးဆိုမှတော့ သူအနေနှင့် ကိစ္စများသူ့အလိုလို ဖြစ်လာသည်ကိုသာ ဘာမှမပြောဘဲ စောင့်ကြည့်ရန်ဖြစ်သည်။

ဒီတော့ သူ စိတ်ရှည်ရှည်နှင့် သေ​ေသချာချာ စောင့်ကြည့်ရမည်။

သိပ်မကြာခင်တွင် လေလံပွဲကို တရားဝင်စတင်ဖွင့်လှစ်လိုက်သည်။

လုံရိက သူတို့၏အရှေ့တွင်ရှိသော အဝတ်ကြိုးစ ကန့်လန့်ကာကို ဆွဲချလိုက်တော့ အလွန်ကြီးမားကြည်လင်သော မှန်ပြတင်းတစ်ခု ပေါ်ပေါက်လာသည်။ မှန်သား၏ အရောင်ကား အမြင်မှလှမ်းကြည့်လျှင် အထဲကိုမမြင်နိုင်ဘဲ အထဲကနေ အပြင်ဘက်ကိုသာ ရှင်းလင်းစွာ မြင်နိုင်သည်။

ခန်းမ၏ အရှေ့ဆုံး၌ ကျောက်သားစင်မြင့်ကြီးတစ်ခု မြင့်တက်လာပြီး ထိုစင့်မြင့်ထက်တွင် သက်လတ်ပိုင်းအရွယ် ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)ရှိသည့် သိုင်းပညာရှင်တစ်ယောက် ရှိနေသည်။

ထိုသူက လေလံပွဲ၏ အစီအစဥ်တင်ဆက်သူဖြစ်သည်။

ထို့နောက် သူက လက်ခုပ်သံအချက်ပေးလိုက်သည့်အခါ သူ့အနောက်မှ တစ်ဒါဇင်မကသော ချောမောလှပသည့် မိန်းမပျိုလေးများ တန်းစီထွက်လာကြသည်။ ထိုမိန်းမပျိုလေးများ၏ လက်ထဲတွင် ဗန်းတစ်ခုစီသယ်လာပြီး ထိုဗန်းများကို ဇာပန်းများထိုးထားသည့် ပိုးပဝါစများဖြင့် အုပ်ထားကာ ဗန်းထဲမှ ပစ္စည်းများက ထိုပဝါပါးအောက်တွင် လုံခြုံစွာ ကွယ်ပျောက်နေကြသည်။

ကုကျိုးက စိတ်ဝင်စားစွာ စောင့်ကြည့်လိုက်သည်။

ဤကဲ့သို့မြင်ကွင်းမျိုးမှာ စင်အောက်ရှိ ပရိတ်သတ်များက ရှေးဟောင်းရိုးရာဝတ်စုံများကို ဝတ်ဆင်ထားသည်မှလွဲလျှင် ဒီဘက်​ခေတ် တီဗွီထဲတွင် မြင်နေကျ မြင်ကွင်းနှင့် သိပ်မကွာလှပေ။

ပြောရလျှင် သူတို့ အနည်းငယ်တော့ အဆင်မပြေ ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းက လေလံစျေးခေါ်သည့်အခါ အသံချဲ့စက်မရှိသည့်အတွက် ဘယ်သူက အသံကျယ်ကျယ် ပိုအော်နိုင်မလဲဆိုတာ ပြိုင်ဆိုင်ရသလို ဖြစ်နေသည်မဟုတ်ပါလား?

ကုကျိုးက ထိုပုံစံကြီးကို မြင်ယောင်ကြည့်ပြီး စိတ်ထဲကနေ တိတ်တိတ်ကြိတ်ရယ်လိုက်သည်။

အစီအစဥ်တင်ဆက်သူက အပိုစကားအလှအပများပြောကာ ကွေ့ဝိုက်မနေပေ။ သူက ဧည့်သည်တော်များအားလုံးကို ခပ်သွက်သွက် နှုတ်ဆက်လိုက်ပြီးနောက် ပထမဆုံးမိန်းမပျို၏ လက်ထဲရှိ လင်ဗန်းပေါ်မှ ပိုးပဝါစကို ဖယ်ရှားပြလိုက်သည်။ -- နဂါးပြာကုန်သွယ်ရေးလုပ်ငန်းသည် လူတန်းစားအလွှာပေါင်းစုံက ထိုင်ခုံနေရာကိုပင် အလုအယက် ဝယ်ယူရသည့် လေလံပွဲမျိုးကို ကျင်းပနိုင်လောက်အောင် အင်အားကြီးမားသည့် ကုန်သွယ်ရေးလုပ်ငန်းတစ်ခု ပီသပါပေသည်။ ၄င်းက အဆင့်အတန်းမြင့်မားလှသည်။ ထို့​ကြောင့် သူတို့သည် ချောမောလှပသော မိန်းမပျို​လေးများကို ဧည့်သည်များ ကြိုဆိုဧည့်ခံ​ေစပြီး လေလံပစ္စည်းများကို ပြသစေသော်လည်း အခြားသော ကုန်သွယ်ရေး လုပ်ငန်းငယ်လေးများကဲ့သို့ ဝယ်သူများကို ဆွဲဆောင်ရန် ပီယဝါစာ စကားများကို ဖွဲ့နွဲ့ပြောဆိုမနေပေ။

လေလံပစ္စည်းတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်နှင့် တစ်ပြိုင်နက် အစီအစဥ်တင်ဆက်သူက ထိုပစ္စည်းကို နားလည်ရလွယ်ပြီး ကျစ်လစ်တိကျစွာ ပြောပြမိတ်ဆက်လေသည်။

ထိုအချိန်တွင် ကုန်းရိထျန်းဟန်၏ အသံက သီးသန့်ခန်းထဲတွင် ပဲ့တင်ထပ်လာသည်။

"အားကျိုး၊ အခု ပြနေတဲ့ပစ္စည်း အများစုက ရှားပေမယ့် အဖိုးတန်ပစ္စည်းတွေတော့ မဟုတ်ဘူး။ အဲ့လိုမျိုး နောက် (၃) (၄)ခုလောက် ထပ်လာလိမ့်မယ်။"

ကုကျိုးက ချက်ချင်း ခေါင်းညိမ့်ပြလိုက်သည်။

ဒါ ထောက်ပံ့သူ ကိုယ်တိုင် သူ့ကို လေလံပွဲအကြောင်းရှင်းပြနေတာ။ သူသေချာပေါက် အ​​လေးထားနားထောင်ရမှာပေါ့။ နောက်ပြီး ထောက်ပံ့သူအသံက သာယာချိုသာပြီး သံလိုက်ဓာတ်လို ဆွဲဆောင်မှုရှိ​ေနတော့ သူပြောတာ နားထောင်နေရတာကလည်း သုခချမ်းသာတစ်မျိုးပါပဲ!

အမှန်ပင် ပိုးပဝါစများကို တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်သည့်နောက် ၄င်းတို့အားလုံးသည် အကြမ်းအားဖြင့် လက်နက်များပြုလုပ်ရန် သတ္တုရိုင်းများ၊ ရှားပါးဆေးအမယ်များ၊ တန်ဖိုးကြီးပြီး လက်ရာလှပသော ကျောက်မျက်ရတနာများ အစရှိသည်များသာ ဖြစ်သည်။

ကုကျိုးသည် ထိုပစ္စည်းများကို ကြည့်ရင်း ကြာလာတော့ အနည်းငယ် ကြည့်တတ်လာသည်။ သို့သော် သတ္တုရိုင်းများ နှင့် ကျောက်မျက်ရတနာများကိုတော့ သူ မကြည့်တတ်ပေ။ သူက ဆေးဖက်ဝင် ဆေးဝါးအမယ်များအပေါ်သာ သိသိသာသာ ဗဟုသုတရှိခြင်းဖြစ်သည်။ သို့သော် ထိုဆေးဝါးအမယ်များအားလုံးကို ထောက်ပံ့သူက သူ့အတွက် အကုန်ရယူပေးနိုင်သည့်ဖြစ်၍ ထိုပစ္စည်းများအပေါ် သူသိပ်စိတ်မဝင်စားချေ။

​ေသ​ချာပေါက် လေလံပွဲကတော့ အလွန်အားကောင်းနေဆဲ။

မျိုးနွယ်စုအိမ်တော်ကြီးများအတွက်တော့ ဤပစ္စည်းအများစုက ဘာမှမက်လောက်စရာမရှိပေ။ သို့သော် အချို့သော အဆင့်နိမ့် သိုင်းပညာရှင်များနှင့် မိသားစုအိမ်တော်ငယ်လေးများအတွက်တော့ လေလံပစ္စည်းတချို့က အတော်အတန် ကောင်းမွန်နေကြသည်။ ထို့ကြောင့် သူတို့က ထိုပစ္စည်းများကို အပြိုင်အဆိုင် လေလံဆွဲကြလေသည်။

ဤသို့ဖြင့် လေလံပစ္စည်း အသေးအဖွဲ့ (၄)ခုက တစ်ခုပြီးတစ်ခု ရောင်းထွက်သွားကြသည်။ လေလံပွဲ၏ အရှိန်ကလည်း လှိုင်းလုံးတစ်ခုသဖွယ် တဖြည်းဖြည်း မြင့်တက်လာသည်။ လေလံဆွဲသူ ပရိတ်သတ်များကလည်း နောက်ဆုံးတော့ သွေးပူလာကြသည်။

အစီအစဥ်တင်ဆက်သူကလည်း အလွန်အတွေ့အကြုံရှိ​ေပသည်။ သူက အခြေအနေကို အမိအရဆုပ်ကိုင်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်ကာ ချောမောလှပသည့် မိန်းမပျိုလေးများကို ထွက်ခွာစေလိုက်သည်။ မိန်းမပျိုလေးများ ထွက်ခွာသွားပြီးနောက် သွေးသန့်စင်ခြင်း အဆင့်(၃)ရှိသော သိုင်းပညာရှင်များက စင်မြင့်ထက်သို့ တက်လာကြသည်။

ထိုသိုင်းပညာရှင် (၄)ဦးသည် ထွားကြိုင်းသန်မာလှသည်။ သူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းက အဝတ်ဗလာနှင့် ကြွက်သားများက ဖုဖောင်းကာ အမြှောင်းမြှောင်းထနေကြသည်။ သူတို့သည် ကြည့်ရုံနှင့်ပင် သာမန်ထက် ထူးကဲမှန်းသိသာသည်။ အနိမ့်စားသိုင်းပညာရှင်လေးများအတွက် ထိုလူသန်ကြီးများက အလွန်ရင်ဆိုင်ရခက်ခဲမည်မှာ သေချာသည်။

ကုကျိုးသည် ထိုကြွက်သားဖုများနှင့် လူသန်ကြီးများကို ဒီဘက်ခေတ်မှ ကာယဗလလေ့ကျင့်သူများနှင့် နှိုင်းယှဥ်ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော် ကုကျိုးက ထိုသူတို့၏ ခန္ဓာကိုယ်အမျိုးအစားကို အံ့အားသင့်မိရုံသာဖြစ်သည်။ သူသည်လည်း ထောက်ပံ့သူနှင့် အနေကြာလာသည့်အလျှောက် ဤကဲ့သို့ ခန္ဓာကိုယ် လေ့ကျင့်ပျိုးထောင်ခြင်းက တကယ်တမ်းတော့ မှားယွင်းသော အယူအဆတစ်ခုဖြစ်ပြီး သိုင်းပညာရှင်တစ်ယောက်ဖြစ်လာဖို့ အနာဂတ်မရှိဘူးဆိုတာ ကို သူသိထားသည်။ ကောင်းမွန်သော ကျင့်ကြံရေးနည်းလမ်းကို လေ့ကျင့်ပြီး ဆေးဖက်ဝင်ဆေးဝါးများနှင့် အာဟာရပြည့်ဝ​ေနသည့် သိုင်းပညာရှင်တစ်ယောက်အတွက် သူတို့ခန္ဓာကိုယ်က ဤကဲ့သို့ 'သန်မာသလိုထင်ရပြီး တကယ်တော့ ဝိတ်ပေါ်ကြီး' ဆိုသည့်အခြေအနေမျိုး ဖြစ်လာစရာ အကြောင်းမရှိပေ။ -- သူ့အိမ်က နေမကောင်းသည့် ထောက်ပံ့သူသခင်လေးကို ခဏထား၊ ဟိုသခင်လေး (၄)ယောက်ကိုပဲ ဆိုကြပါစို့။ သူတို့ထွက်လာတော့ ဘယ်တစ်ယောက်ကများ လေဆန်ကိုအံတုမယ့် ကျောက်စိမ်းသစ်ပင် မဟုတ်လို့လဲ? သူတို့ရဲ့ ခန္ဓာကိုယ်တွေက တောင့်တင်းသန်မာတယ်ဆိုပေမယ့် ကြွက်သားတွေက အရမ်းကို အချိုးကျကျ ရှိနေတာလေ။ သူတို့က အကုန်လုံး အရပ်ရှည်ရှည်၊ ချမ်းသာကြွယ်ဝပြီး ရုပ်ရည်ချောမောကြသူတွေချည်းပဲ။

(T/N - လေဆန်ကိုအံတုမယ့် ကျောက်စိမ်းသစ်ပင်ဆိုတာက နာမည်ဂုဏ်သတင်းကျော်ကြားသူ၊ ဂုဏ်သရေရှိရှိ၊ ချောမောခန့်ညားပြီး ယုံကြည်မှုရှိတဲ့ ယောကျာ်းတွေကို ဆိုလိုတာပါတဲ့။)

တကယ်တမ်းတော့ ဒီလူသန်ကြီးများက သရုပ်ပြ သက်သက်သာဖြစ်သည်။

သူတို့သည် ခွန်အားကြီးမားသည်ဟုထင်ရပြီး ထိုအင်အားကြီးမားသော လူများက လက်နက်ကြီးတစ်ခုကို တဟောဟော တဟဲဟဲနှင့် ပင့်မ သယ်ယူလာကြသည်။ ထို့ကြောင့် ကြည့်ရုံနှင့်ပင် ထိုလက်နက်က မည်မျှလေးမည်ကို ခန့်မှန်းသိရှိနိုင်သည် မဟုတ်ပါလော?

စင်အောက်မှ အဆင့်နိမ့်သိုင်းပညာရှင်တချို့ကတော့ ရင်သက်ရှုမောဖြစ်နေကြပြီဖြစ်သည်။

ကုကျိုးကတော့ စိတ်ပျက်လက်ပျက်ဖြင့်သာ။

တင်ဆက်သူ၏ အသံက လှိုက်လှဲစွာဖြင့် ပြောလာသည်။

"ဒီ လူဝံမိစ္ဆာဓားကို ကျွမ်းကျင်ပန်းပဲဆရာက အကြိမ်ပေါင်း တစ်ထောင် ထုလုပ်သွန်းလောင်းထားတာဖြစ်ပါတယ်။ ဓားရဲ့ အသားတင်အလေးချိန်က (၅၀၀)ကီလိုဂရမ်ကျော်ပါတယ်။ အင်အားကြီးတဲ့ သိုင်းပညာရှင်မျိုးကသာ ဒီလို လက်နက်ကို ကိုင်တွယ်အသုံးပြုနိုင်မှာပါ။ ကြမ်းခင်းစျေးက ရွှေစ ငါးထောင်နဲ့ စဖွင့်ပါ့မယ်။ တစ်ကြိမ်ခေါ်ရင် အနည်းဆုံး ရွှေစ တစ်ရာ ​တိုးပါမယ်။ လူကြီးမင်းတို့ ကျေးဇူးပြုပြီး စတင်စျေးပေးလို့ရပါပြီ!"

စက္ကန့်ပိုင်းအတွင်းမှာပင် အပြိုင်အဆိုင် လေလံစျေးပေးသံများ ထွက်ပေါ်လာသည်။

ကုကျိုးကတော့ ဆွံ့အသွားရကား:

"အား၊ စျေးကြီးလိုက်တာ....."

ရွှေစ ငါးထောင်ဆိုတာ ငွေစ 'လျန်' ၅သောင်း၊ တစ်'လျန်' မှာ ငွေစ (၅၀)ဂရမ်၊ ငွေစ တစ်ဂရမ်မှာ (၂)ယွမ်.... တွက်ကြည့်လိုက်ရင် ရွှေစ ငါးထောင်ဆိုတာ ယွမ်(၅)မီလီယံပဲ! ဓားလေးတစ်ချောင်းကို ယွမ်(၅)မီလီယံတောင် ရောင်းတယ်။ ရှေးဟောင်းပစ္စည်းလည်း မဟုတ်ဘဲနဲ့။ တကယ်စျေးကြီးတာပဲ။ သူအရင်က ဆေးဆိုင်တစ်ခုမှာ အလုပ်သင်ဝင်လုပ်တုန်း​ကဆို စားစရိတ်၊ နေစရိတ်မပါရင် တစ်လမှ ယွမ်(၅၀၀)ပဲရတာ။

(T/N - 'လျန်' နဲ့ 'ဂရမ်'က တရုတ်​ငွေစရဲ့ ငွေကြေးအခေါ်အဝေါ်တွေလို့ပြောပါတယ်)

လူမွဲလေးတစ်ယောက်အနေဖြင့် သူသည် သက်ပြင်းသာချမိသည်။

သို့သော် ကုကျိုး ထိုသို့ပြောလိုက်သည့်အခါ သစ္စာရှိ အမဲလိုက်ခွေးကြီး လုံရိနှင့် လုံအာ့တို့ကဲ့သို့ မျက်နှာသေကြီး နှစ်ယောက်ပင် သူတို့ မျက်နှာအမူအရာများက အနည်းငယ်ထူးဆန်းသွားသည်။

ကုန်းရိထျန်းဟန်သည် ခေါင်းခါပြလိုက်ကာ:

"အားကျိုး၊ ချီအားဖြည့်ဆေးလုံးတွေရဲ့တန်ဖိုးက ဘယ်လောက်လဲ သိလား?"

ဒါကိုတော့ ကုကျိုး သေချာပေါက် သိသည်။ အ​ဲ့ဒါက ချီထျန်းရုံ၏ မှတ်ဥာဏ်ထဲတွင် ပါဝင်နေသည်။ ချီအားဖြည့်ဆေးလုံးများသည် သိုင်းပညာရှင်များအတွက် မရှိမဖြစ်ဆေးတစ်မျိုးဖြစ်သည်။ ထို့​ကြောင့် ဆေးဆရာတိုင်းက ထိုဆေးလုံးဖော်စပ်နည်းကို ကျွမ်းကျင်အောင် လေ့ကျင့်ကြသည်။ ပြီးတော့ ချီအားဖြည့်ဆေးလုံးများမှာ စျေးပေါ​ေပသည်။ ဆေးလုံးတစ်လုံးကို ရွှေတစ်စ သို့မဟုတ် ယွမ် တစ်ထောင်ခန့် ကျသင့်ပေသည်။

နေပါဦး! ချီအားဖြည့်ဆေးလုံးတစ်လုံးကို ယွမ်တစ်ထောင်တဲ့လား?

ဒါဆို သူနေ့တိုင်း ကိုင်တွယ်နေတဲ့ ငွေ ပမာဏက......

ကုကျိုးမှာ အရှေ့ကိုသာ ကြောင်ငေးကြည့်နေမိသည်။

သို့သော် သူ ရုတ်တရတ် သတိရသွားသည်။ သူသုံးတဲ့ ဆေးကြိုအိုးကလည်း ပိုက်ဆံပေးရသည်။ သူသုံးတဲ့ ဆေးအမယ်တွေအတွက်လည်း ပိုက်ဆံလိုသည်။ ပြီးတော့ စွမ်းအင်အရင်းအမြစ်အတွက်ကလည်း ပိုက်ဆံလိုသေးသည်။ ဒါတွေအားလုံးကို နှုတ်လိုက်လျှင် ဘယ်လောက်မှ မကျန်တော့ချေ။

ကုန်းရိထျန်းဟန်သည် ကုကျိုး၏ မျက်နှာအမူအရာများ ထပ်ခါထပ်ခါ ​ပြောင်းလဲသွားသည်ကိုကြည့်ပြီး သူ့နှုတ်ခမ်းသားများက တွန့်ကွေးသွားသည်။ သူက ခေါင်းကို အနည်းငယ်နိမ့်လိုက်ကာ ကုကျိုး၏ နားရွက်နားသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။

"အားကျိုး၊ အားကျိုးသန့်စင်တဲ့ ချီအားဖြည့်ဆေးလုံးတွေကို သိတယ်မလား? သူတို့ရဲ့ ဆေးအာနိသင်အစွမ်းက ဘယ်လောက်ရှိမယ်ထင်လဲ?"

ကုကျိုး စဥ်းစားလိုက်သည်။ သူက တကယ်တမ်းတော့ ထိုအကြောင်းကို သိပ်အာရုံမထားခဲ့မိပေ။ သူသိသည်က ထိုဆေးလုံးများက စျေးကွက်ထဲရှိ ဆေးလုံးများထက် နည်းနည်းပိုကောင်းသည်။  သို့သော် ဘယ်လောက် ပိုကောင်းတာလဲတော့ သူအတိအကျ မသိပေ။

ကုန်းရိထျန်းဟန်က သူ့အသံကို ပိုနိမ့်လိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ထိပ်ဆုံးအဆင့် ချီအားဖြည့်ဆေးလုံးတွေက အဆ တစ်ရာ၊ အဆင့်မြင့် ဆေးလုံးတွေက ဆယ်ဆ၊ အလတ်စား ဆေးလုံးတွေက သုံးဆ"

ကုကျိုး မျက်လုံးပြူးသွားသည်။

ကုန်းရိထျန်းဟန်က ခပ်အုပ်အုပ် ရယ်လိုက်ကာ:

"ထိပ်ဆုံးအဆင့်ဆေးလုံးတွေက သာမာန်စျေးနှုန်းထက် အဆ(၂၀)စျေးရှိတယ်။ အဆင့်မြင့်ဆေးလုံးတွေက ဆယ်ဆ၊ အလတ်စားဆေးလုံးတွေက သုံးဆ"

တကယ်လို့ ထိပ်ဆုံးအဆင့် ချီအားဖြည့်ဆေးလုံးများ၏ ဆေးအာနိသင်က ပုံမှန် ချီပေါင်းစပ်ဆေးလုံးများနှင့် အတူတူဖြစ်ပြီး ချီပေါင်းစပ်ဆေးလုံးများ၏ စျေးနှုန်းသည် ရွှေစ (၂၀)ဟု ပုံသေဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် ကုကျိုး၏ ဆေးလုံးများက ဒီထက်ပိုမို စျေးကောင်းရနိုင်သေးသည်။

ကုကျိုးမှာ ပို၍မျက်လုံးပြူးသွားရသည်။

သူ အနည်းငယ် ခေါင်းမူးသွားသည်။

ဒီလိုဆို သူ သန့်စင်တဲ့ ဆေးကြိုအိုးတစ်အိုးစာ ချီအားဖြည့်ဆေးလုံးတွေက..... တစ်ထောင်ရဲ့ အဆ(၂၀)၊ အဲ့ဒါရဲ့ (၄၈)ဆ......ကိုးသိန်း​ခြောက်သောင်း? တစ်ထောင်တောင်မရှိတဲ့ အရင်းစရိတ်ကိုဖယ်လိုက်ဦး၊ ဒါက တကယ့်ကို အကြီးကြီး မြတ်တာပဲ!

ဒီလိုဆိုတော့ စောစောက ဓားန​ဲ ့တန်ဖိုးချင်း ပြန်တွက်ကြည့်လိုက်တော့ သိပ်စျေးမကြီးတော့သလိုပင်။

စက္ကန့်ပိုင်းအတွင်းတွင် ကုကျိုးသည် သူ၏ ထောက်ပံ့သူအတွက် ပိုက်ဆံအများကြီး ရှာပေးခဲ့သည်ဟု ခံစားရသည်။ သို့သော် ပြန်စဥ်းစားကြည့်သည့်အခါ သူသည် မိမိ၏ အနည်းငယ် မြင့်တက်လာသော မာနကလေးကို နှိမ်ချလိုက်သည်။

သူ၏ ထောက်ပံ့သူသည် ဆေးအမယ်များကအစ အသုံးအဆောင်ပစ္စည်းများအဆုံး အရာအားလုံးကို စျေးနှုန်းများအထိပါမကျန် စီမံပေးခဲ့သည်။ ကုကျိုး၏ လုပ်ဆောင်မှုများက ထူးချွန်လှသည်မှာ မှန်သော်လည်း နောက်ဆုံးမှာတော့ သူ့ထောက်ပံ့သူ၏ စီးပွားရေး လမ်းကြောင်းများနှင့် အလွန်ကောင်းမွန်သည့် နည်းလမ်းများမှ တဆင့် သွားရခြင်းသာဖြစ်သည်။ အကယ်၍ သူ့ကိုသာ ကိုယ်တိုင်လုပ်ဖို့ လွှတ်ပေးကြည့်ရင် ဤကဲ့သို့် တန်ဖိုးမျိုးကို ရရှိမည်မဟုတ်ပေ။

ကုန်းရိထျန်းဟန်သည် ကုကျိုး၏တုန့်ပြန်မှုကို နူးညံညင်သာစွာ ငေးကြည့်နေသည်။ သူက သူ့ဆေးဆရာလေး၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်ကာ ပြုံးပြရင်း ပြောလိုက်သည်။

"ဒါပြီး နောက်ပိုင်းမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေပါလာလိမ့်မယ်။ အားကျိုး လိုချင်တာရှိရင် ကိုယ့်ကိုပြောနော်။ ကိုယ် မင်းအတွက် လေလံဝင်ဆွဲပြီး ဝယ်ပေးမယ်"

ကုကျိုးက ကြောင်ငေးကြည့်ပြီးနောက် ဝမ်းသာစွာ ပြုံးလာသည်။

"ကျေးဇူးအများကြီးတင်ပါတယ်၊ ထျန်းဟန်သခင်လေး!"

သူ့အိမ်က ထောက်ပံ့သူက တကယ့်ကောင်းတဲ့ အလုပ်ရှင်ပဲ။

ကုန်းရိထျန်းဟန်သည် မအောင့်နိုင်ဘဲ ရယ်လိုက်သည်။

မထင်ထားဘူး။ ကုကျိုးက အခုထိ အမြတ်ငွေ ခွဲမယ့်အကြောင်း စကား မစဘူး...... တကယ့်ကို မတိုးတက်လာပါလားနော်!

ဒါပေမယ့် သူက ကုကျိုးကို မမျှမတ ဆက်ဆံမှာတော့ မဟုတ်ပေ။

သူတို့နှစ်ဦး အပြန်အလှန်ပြောဆိုနေသည့်အချိန်၌ ထို လူဝံမိစ္ဆာဓားက ရောင်းထွက်သွားသည်။ နောက်ဆုံးအပိတ်စျေးက ရွှေစ ရှစ်ထောင့်သုံးရာ ဖြစ်ပြီး တစ်ကိုယ်တော် သိုင်းပညာရှင်တစ်ဦးက အနိုင်ရရှိသွားသည်။

ထို့နောက်တွင် နောက်ထပ်လက်နက်များစွာကို ဆက်လက်လေလံတင်ပြီး ၄င်းတို့အများစုတွင် ထူးခြားသော လက္ခဏာများရှိကြသည်။ ဥပမာ၊ မီးဂုဏ်သတ္တိရှိသည့် သိုင်းကျင့်ကြံရေးကို အားကောင်းစေသည့် လက်နက်မျိုး။ နောက်ထပ်ဥပမာက ထိုးစစ်၊ ခံစစ် နှစ်ခုစလုံးအတွက် အစွမ်းရှိသည့် လက်နက်မျိုး၊ နောက်တစ်ခုက မတူညီသော သိုင်းကျင့်ကြံရေးနှစ်ခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်စွမ်းရှိသည့် လက်နက်မျိုးဖြစ်သည်။..... ထိုပစ္စည်းများအားလုံးကို ရွှေစများ ထောင်ချီ သောင်းချီဖြင့် လေလံတင်ရောင်းချခဲ့သည်။

ခန်းမထဲရှိ လေထုကလည်း ပိုမို စိတ်အားထက်သန်လာကြသည်။ နောက်ဆုံး နောက်ထပ် လေလံပစ္စည်းတစ်ခုကို ထပ်မံထုတ်လာချိန်မှာတော့ လေထုက အထွတ်အထိပ်သို့ရောက်ရှိသွားသည်။

အားကောင်းမောင်းသန် ယောကျာ်းကြီးတစ်ယောက်က စင်မြင့်ပေါ်သို့ သယ်ဆောင်လာသည့် ထိုပစ္စည်းမှာ အလွန်အနုစိတ်​သေသပ်သော ဆေးကြိုအိုးလေးတစ်အိုးပင်!

ထိုဆေးကြိုးအိုးသည် အပြင်ပန်းကလည်း ကောင်းမွန်သလို အထဲတွင် တပ်ဆင်ထားသည့် အပြင်အဆင်များကလည်း အလွန်စိတ်ကူးကောင်းလှသည်။ အရည်အသွေးမြင့် ပစ္စည်းတစ်ခုဖြစ်သည့်အတွက် ၄င်းက အဆင့်မီ ဆေးဆရာများအတွက် သို့မဟုတ် အဆင့်မီဆေးဆရာ ဖြစ်ခါစ သူများအတွက် သင့်တော် ကောင်းမွန်​ေပသည်။

ကုကျိုးကတော့ ထိုဆေးကြိုအိုးကို ကြည့်ပြီး ဘယ်လိုမှ မခံစားရပေ။

သူ၏ ထောက်ပံ့သူသည် သူ့အတွက် ဆေးကြိုအိုးအကြီး၊ အလတ်၊ အသေး စသည့်အရွယ်တစ်ခုချင်းစီအတွက် ဆေးကြိုအိုး အမျိုးအစား သုံးခုစီ ထောက်ပံ့ပေးထားပြီးဖြစ်သည်။ နောက်ပြီး ၄င်းတို့ အားလုံးက သီးသန့်အထူးအော်ဒါမှာထားသည့် ထိပ်တန်းအကောင်းစား ပစ္စည်းများဖြစ်သည်။ ထို့ကြောင့် ဒီဆေးကြိုအိုးလေးနှင့် ယှဥ်လိုက်ရင် သူ၏ ဆေးကြိုအိုးများက အရမ်းကို ကောင်းနေသည်။ နဂါးပြာလေလံပွဲသည် ဒီဆေးကြိုအိုးလေးကို ထုတ်လာခြင်းက ကုကျိုးကဲ့သို့ ခေါ်ယူစုဆောင်းခြင်းခံရသည့် ဆေးဆရာများအတွက် ရည်ရွယ်ခြင်းမဟုတ်ပေ။

သို့သော် သူလည်း နည်းနည်းတော့ စိတ်ဝင်စားမိသည်။ ဒီလိုဆေးကြိုအိုးမျိုးက ဘယ်လောက်တန်လဲဆိုတာလည်း သူသိချင်သေးသည်!

နောက်တော့ ကုကျိုး နည်းနည်း အံ့အားသင့်သွားသည်။

ဒီဆေးကြိုးအိုးလေးရဲ့ ကြမ်းခင်းစျေးက ရွှေစ ရှစ်ထောင်တဲ့လား?

ဒါဆို သူ့ရဲ့ ဆေးသန့်စင်တဲ့အခန်းထဲက အဲ့ဒီပစ္စည်းတွေက--

ကုကျိုး မျက်ခုံးလှုပ်သွားသည်။

သူက အစကတည်းက သူ့ထောက်ပံ့သူက အတော်ချမ်းသာမှန်း တွေးထားပြီးဖြစ်သည်။ ဒါပေမယ့် အခုတော့ သူ့ထောက်ပံ့သူက သူထင်ထားတာထက်တောင် ပိုချမ်းသာနေသေးသည်။

......သူ့အပေါ် ယုံကြည်မှုထားရတာ တကယ် လုံလောက်ပါပေသည်။

ကံကောင်းထောက်မစွာဖြင့် သူသည်လည်း ထောက်ပံ့သူ မျှော်လင့်ထားသလို လုပ်ဆောင်နိုင်ခဲ့သည်။

ထိုသို့တွေးနေစဥ် အောက်ထပ်မှ ရင်းနှီးသည့် အသံတစ်ခုကို ကြားလိုက်ရသဖြင့် ကုကျိုး၏ ခါးက ချက်ချင်းမတ်သွားသည်။

မာနထောင်လွှားကာ စိတ်ကြီးဝင်ပြီး ပြောလိုက်သည့် စကားလုံးတိုင်းက 'တစ်လောကလုံးကို သောက်ဂရုမစိုက်သလို' ဒီအပြောက ချီဖုန်း မဟုတ်လား?

ဒီစက်ဆုပ်ရွံရှာဖွယ် အသံကြီးက ချီထျန်းရုံ၏ တိုတောင်းလှသော (၁၅)နှစ်တာ ကာလလေးတွင် စွဲထင်နေခဲ့တာ နောက်ဆုံး ထိုကောင်လေးထံတွင် အငြိုးအတေး နာကျဥ်းမှုများနှင့် ပြည့်နှက်သွားသည့်အထိပင်....... သူသည် နားပင်းသွားရင်တောင် ဒီအသံကြီးကိုတော့ နားကြားမှားလိမ့်မည်မဟုတ်ပေ။

ဒီတော့ ပြောရရင် ချီဖုန်းကလည်း ဒီလေလံပွဲကို လာခဲ့တယ်ပေါ့? သူက ဒီဆေးကြိုအိုးကို လုချင်တယ်ပေါ့?

ထိုခဏတွင် ကုကျိုး၏ စိတ်ထဲ၌ လှောင်ပြုံးမပြုံးဘဲ မနေနိုင်​ေပ။

သူက ခေါင်းကို လှည့်လိုက်ကာ သူ့ ဘေးတွင်ထိုင်နေသော လူကို မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

"ထျန်းဟန်သခင်လေး၊ ကျွန်တော် အဲ့ဒီလူကို ဒီဆေးကြိုအိုးရဲ့ တန်ရာတန်ကြေးထက်အများကြီး ပိုပေးပြီးမှ ရသွားအောင် လုပ်ချင်တယ်။ သခင်လေး ကျွန်တော့်ကို ကူညီနိုင်မလား?"

ကုန်းရိထျန်းဟန်သည် ကုကျိုး၏ အမူအရာက အကြည့်ရဆိုးနေသည်ကို မြင်တော့ မျက်ခုံးတစ်ဖက် ပင့်လိုက်ကာ:

"အားကျိုးက သူ့ကို သိပ်သဘောမကျဘူးလား?"

ကုကျိုးက မကွယ်ဝှက်ဘဲ ပြောလိုက်သည်။

"သူက ချီဖုန်းပဲ"

ကုန်းရိထျန်းဟန်က ချက်ချင်း သဘောပေါက်သွားသည်။

နောက်တော့ သူက ပြုံးလို​က်ကာ အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကိုယ်က အားကျိုးကိုကူပြီး ဒေါသဖြေဖျောက်ပေးရမှာပေါ့"

______________________________________

အချစ်ဆုံးတို့ရေ......

နောက်မှာ Sugar Daddy က ဟိုကျက်သတုံးကို ပညာပေးတာလာပါမယ်နော်။ ဒါဆို နောက်အပိုင်းမှာ ပြန်တွေ့ကျမယ်။ အားလုံး လုံခြုံဘေးကင်းကြပါစေ။

With love ❤
Taiga 😘

Continue Reading

You'll Also Like

296K 4.6K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
237K 27.8K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။
2.2M 167K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023