Love Scenario (KookV/Complete...

By Jinsoohyuk_0127

66.3K 6.9K 1.1K

Top- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။ More

Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 12
EPISODE - 13
EPISODE - 14
EPISODE - 15
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE -19
EPISODE - 20
EPISODE - 21
EPISODE - 22
EPISODE - 23
EPISODE - 24
EPISODE - 25
EPISODE - 26
EPISODE - 27
EPISODE - 28
EPISODE - 29
EPISODE - 30
EPISODE - 31
EPISODE - 32

FINAL EPISODE

3.1K 241 20
By Jinsoohyuk_0127

FINAL EPISODE (Unicode)

ပထမနှစ်ဝက်ရဲ့ စာသင်ကာလတွေ ပြီးဆုံးသွားချိန်မှာတော့ ကျွန်တော်နဲ့ထယ်ထယ်တို့အတွက် နှစ်ယောက်အတူရှိဖို့ အချိန်လေးတွေ ပိုရလာခဲ့ပါပြီ။ နွေရာသီလည်း ရောက်လာခဲ့ပြီမို့ ပူနွေးနွေးပတ်ဝန်းကျင်က ကျွန်တော်တို့နှလုံးသားတွေကိုလည်း ထပ်တူနွေးထွေးနေစေပါတယ်။

လေတဖြူးဖြူးတိုက်ခတ်နေတဲ့ နွေရာသီရဲ့ သာသာယာယာ ညနေခင်းလေးတစ်ခုမှာ ကျွန်တော်နဲ့ထယ်ထယ်တို့ နမ်ဆန်းတောင်ဘက် အလည်အပတ်ထွက်ခဲ့ကြတယ်။ မှတ်မိကြဦးမလား မသိပေမယ့် ထယ်ယောင်းနဲ့ Yerinတို့ ရည်းစားအတု စဖြစ်တဲ့နေ့က ကျွန်တော်နဲ့ထယ်ထယ် ဒီကို လာခဲ့ပါသေးတယ်။

ဒီတစ်ကြိမ်ကတော့ ပထမအကြိမ်နဲ့ အများကြီးကွာခြားသွားခဲ့ပြီ။ ခံစားရတဲ့ ခံစားချက်ရော ရှူရှိုက်နေရတဲ့လေထုရော မျက်လုံးထဲဝင်ရောက်လာတဲ့ မြင်ကွင်းကအစ အရာရာ ခြားနားနေခဲ့တယ်။ အထူးသဖြင့် ထယ်ယောင်းကို ကျွန်တော့်ချစ်သူအဖြစ်နဲ့ ဒီနေရာဆီ ပြန်ခေါ်လာနိုင်ခဲ့တာ ကျွန်တော့်အတွက် ဂုဏ်အယူရဆုံးပါ။

" ထယ်ထယ် ငါမင်းကို ဒီနေရာမှာ တောင်းပန်စရာလေးရှိတယ် "

ကျွန်တော့်စကားကြောင့် ကျွန်တော့်ရဲ့ထယ်ထယ်က သူ့မျက်ဝန်းလှလှလေးတွေ ဝိုင်းစက်သွားတဲ့အထိ တအံ့တသြ ပြန်ကြည့်လာခဲ့တယ်။ သူ့အမြင်မှာတော့ ကျွန်တော် သူ့အပေါ် ဘာအပြစ်မှမလုပ်ထားဘဲ တောင်းပန်စရာရှိတယ်ပြောလာတာ အံ့သြစရာဖြစ်နေပါလိမ့်မယ်။

" မင်းက ငါ့ကို ဘာအတွက်နဲ့ တောင်းပန်မှာလဲ ဂျောင်ဂု။ ငါနဲ့တွဲလာတဲ့ တစ်လျှောက်လုံး မင်းငါ့အပေါ် တောင်းပန်ရလောက်တဲ့ အပြစ်မျိုး မလုပ်ဖူးပါဘူး "

ကျွန်တော် သူ့ကို ခပ်ယဲ့ယဲ့ကလေးပြုံးရင်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်။ ကြည့်ပါဦး အခုထိ သူ့မျက်ဝန်းလှလှတွေက ကျွန်တော့်ကို နားမလည်သလို စိုက်ကြည့်နေသေးတာ။ ကျွန်တော် ပြောလာမယ့် တောင်းပန်စကားကို သူအတော်လေး မျှော်လင့်နေပုံပဲ။

" အခုအတွက်မဟုတ်ပေမယ့် မင်းနဲ့ငါ ဒီကို ပထမအကြိမ်လာခဲ့တုန်းက မင်းကို တောင်တက်လမ်းနံရံကပ်ပြီး နမ်းမလိုလုပ်ခဲ့ဖူးတယ်လေ။ အဲ့ဒီတုန်းက မင်းငါ့ကြောင့်နဲ့ အတော်လေး စိတ်မသက်မသာဖြစ်ခဲ့ရမှာပဲ။ အဲ့ဒီအတွက် ငါမင်းကို ပြန်တောင်းပန်ပါရစေ "

ကျွန်တော့်စကားကြောင့် ထယ်ထယ်က လေးထောင့်ဆန်ဆန်ပြုံးရင်း ကျွန်တော့်မျက်နှာကို သေချာစိုက်ကြည့်လာတယ်။ ပြုံးနေတဲ့ သူ့မျက်နှာလေးက စကားပြောဖို့ဟန်ပြင်နေချိန် ခဏတာ တည်သွားခဲ့ပြီး-

" ငါတောင် မေ့နေတဲ့ကိ္စ္စကို အခုမှ ပြန်တောင်းပန်တော့ ငါက ဘာလုပ်ပေးရမလဲ။ မင်းကို မကျေနပ်ဘူးပြောပြီး ဆွဲထိုးပေးရမှာလား။ တစ်ခါတလေ မင်းက အရမ်းကြောင်တာပဲ ဂျောင်ဂု "

ထယ်ထယ်က စကားကို ဒီလောက်ပဲပြောပြီး တောင်တက်လမ်းအတိုင်း ဆက်တက်သွားခဲ့တယ်။ သူမေ့နေပြီဆိုပေမယ့် တစ်ချိန်ချိန်မှာ ပြန်သတိရလာပြီး စိတ်ဆိုးမှာစိုးလို့ ကျွန်တော် ကြိုတောင်းပန်ထားလိုက်တာ ဘာများမှားလို့လဲ။ သူ့ကို နည်းနည်းလေးတောင် စိတ်အငြိုငြင်မခံတာ ကျွန်တော့်အားနည်းချက်ဖြစ်နေပြီလေ။

" ငါက မင်းအတွက်ဆို အရူးဖြစ်ရလည်း ကျေနပ်ပါတယ်။ ဒါနဲ့ အခု တောင်ပေါ်တက်ရတာ ညောင်းနေပြီလား။ ငါကုန်းပိုးသွားမယ်လေ "

ကျွန်တော် သူ့နောက်က အမှီပြေးလိုက်ပြီး သူကျွန်တော့်ကို ပြန်ကြည်ဖို့ စကားတွေတတွတ်တွတ်ပြောနေမိတာ ငါးမိနစ်လောက်တောင် ကြာသွားခဲ့တယ်။ နောက်ဆုံးတော့ သူကျွန်တော့်ကို မလွန်ဆန်နိုင်ဘဲ ကျွန်တော့်ကျောပေါ် တက်စီးလာခဲ့တယ်။

သူ့ကို ကျောပိုးပြီး တောင်ပေါ်တက်ရတာ နည်းနည်းလေးတယ်ဆိုပေမယ့် ပြန်ရလိုက်တဲ့ ကြည်နူးမှုက ဘယ်အရာနဲ့မှ နှုိင်းယှဥ်မရနိုင်ဘူးလေ။ တစ်ချက်တစ်ချက် ကုန်းပိုးစီးနေတဲ့ သူ့မျက်နှာလှလှလေးဆီက ကြည်ကြည်နူးနူး အပြုံးချိုချိုလေးတွေကို ကျွန်တော် ခိုးခိုးကြည့်မိပါသေးတယ်။

" လူလေးတို့ အဘွားဆီက သော့ခလောက်လေးတွေ အားပေးသွားကြပါဦး။ ဝမ်ငါးထောင်တည်းပါ "

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ ပထမအကြိမ် ဒီကိုလာခဲ့တုန်းက သော့ခလောက်ရောင်းတဲ့အဘွားပဲ ထပ်ဖြစ်နေပြန်ပါတယ်။ အဲ့ဒီတုန်းက ထယ်ထယ့်ကို ပိုက်ဆံရှင်းခိုင်းမိလို့ မကျေမနပ်ဖြစ်ပြီး စူပုတ်နေတဲ့ သူ့မျက်နှာလေးက ကျွန်တော့်မှတ်ဉာဏ်မှာ အခုထိ စွဲထင်နေတုန်းပါ။

" ဟုတ်ကဲ့ အဘွား။ ကျွန်တော်တို့ တစ်ခုယူမယ်နော် "

ကျွန်တော် ဘာမှမ​ပြောရသေးခင် ထယ်ထယ်က ကုန်းပိုးစီးလျှက်သားကနေ ကျွန်တော်လွယ်ထားတဲ့ ဘေးလွယ်အိတ်ကိုဖွင့်ပြီး ပိုက်ဆံနှိုက်ယူလိုက်တယ်။ ကိုယ့်ရည်းစားပိုက်ဆံ ကိုယ့်ပိုက်ဆံလို့မှတ်ပြီး ထယ်ထယ် အခုလို နှုိက်ရဲနေတာ ကျွန်တော့်မှာ ပီတိဖြစ်မဆုံးပေါ့။ နှုိက်ချင်သလောက်သာ နှုိက် ဒီကကောင်က လိုသလောက် ထပ်ဖြည့်ပေးမိမှာပဲ။

" ဂျောင်ဂု ငါမင်းအိတ်ထဲက ငါးထောင်ယူသုံးလိုက်ပြီနော် "

အိုး ကြည့်ပါဦး ကျွန်တော့်ကောင်လေး ဘယ်လောက်ထိ လိမ္မာသလဲဆိုတာ။ ပိုက်ဆံယူသုံးတာတောင် ကျွန်တော့်ကို တလေးတစား ပြန်​ပြော​ပြသေးတာ။ ဒီလောက် လိမ္မာသိတတ်တဲ့ ရည်းစားမျိုး သူကလွဲပြီး အခြား ဘယ်သူရှိနိုင်ပါတော့မလဲ။

" သုံးလေကွာ ငါ့တစ်ယောက်လုံးကိုတောင် မင်းအပိုင်ရထားပြီပဲ ငါပိုင်သမျှကိုလည်း မင်းသုံးခွင့်ရှိရမှာပေါ့ "

ထယ်ထယ်က box smileလေးနဲ့ ပြုံးပြရင်း ခေါင်းညိမ့်ပြတယ်။ သူ့လက်ထဲမှာတော့ လောလောလတ်လတ် အဘွားဆီကဝယ်ထားတဲ့ သော့ခလောက်လေးကိုင်လို့ပေါ့။ ချစ်သူတွေအဖြစ်နဲ့ သော့ခလောက်အတူချိတ်ရတော့မှာမို့ ကျွန်တော့်ခြေလှမ်းတွေကလည်း ပိုပိုပြီး သွက်လာခဲ့တယ်လေ။

ဒီလိုနဲ့ပဲ သော့ခလောက်တွေ ချိတ်ရမယ့်နေရာဆီ ရောက်လာခဲ့ကြတယ်။ ထယ်ထယ့်ကို ကျွန်တော့်ကျောပေါ်ကဆင်းစေလိုက်ပြီး သူ့လက်ထဲက သော့ခလောက်မှာ ကျွန်တော်တို့နှစ်ယောက် နာမည်တွေရေးနေချိန် ကျွန်တော့်ရင်ထဲက ပျော်ရွှင်မှုက ဘယ်အရာနဲ့မှ တုနှိုင်းမရအောင်ပါပဲ။

အရင်တစ်ခေါက်က ကျွန်တော် သော့ခလောက်လေးမှာတစ်စုံတစ်ယောက်ကို ရည်ရွယ်ရင်း someoneလို့ရေးပြီး ချိတ်ထားတယ်။ အဲ့ဒီ someoneဆိုတဲ့နေရာမှာ ထယ်ထယ့်နာမည် ပြောင်းရေးနိုင်ရမယ်ဆိုတဲ့ သံဓိဌာန်လည်းချရင်းပေါ့။ အခုတော့ တကယ်ပဲ ကျွန်တော့်အဓိဌာန်တွေ ပြည့်ဝလာခဲ့ပြီ။

" ဂျွန်ဂျောင်ဂု + ကင်မ်ထယ်ယောင်း "

သော့ခလောက်ပေါ်က ဒီစာတန်းလေးကို စိတ်ထဲအကြိမ်ကြိမ်ပြန်ဖတ်ရင်း ကြည်နူးပီတိတွေအပြည့်နဲ့ ကြည့်မဝဖြစ်နေခဲ့တဲ့ ကျွန်တော့်မှာ ေသာ့ခလောက်ကို ချိတ်ဖို့မေ့တဲ့အထိပါပဲ။ နှလုံးသားထဲအထိ ပဲ့တင်ထပ်ရိုက်ခတ်နေတဲ့ ဒီစာတန်းလေးရဲ့ အသံမမြည်သော အသံက ရင်ဘတ်တစ်ခုလုံးကို နွေးထွေးပျော်ဝင်သွားစေတယ်။

ကျွန်တော့်နှစ်ယောက်နာမည်ရေးထားတဲ့ သော့ခလောက်လေးကို သော့ခတ်ချိတ်ဆွဲလိုက်ချိနိ ကျွန်တော်တို့်မျက်နှာမှာ အပြုံးကိုယ်စီဆင်မြန်းရင်း ရင်တွင်းက ကြည်နူးမှုအတိုင်းအတာကို ဖော်ပြနေမိတယ်။ ဒီသော့လေးနဲ့အတူ ထာဝရမပြောင်းလဲနိုင်တဲ့ ကျွန်တော်တို့ချစ်ခြင်းတွေကိုပါ သော့ခတ်သိမ်းဆည်းနိုင်ခဲ့ပြီလေ။

ဒီကမ္ဘာမြေကြီး ရှိနေသရွေ့၊ တောင်ကိုရီးယားမြေမှာ နမ့်ဆန်းတောင်ကြီးရှိနေသရွေ့၊ များစွာသော အချစ်တွေသိမ်းဆည်းထားရာ ဒီနေရာလေးက ကျွန်တော်နှစ်ယောက်ကြားက ခက်ခက်ခဲခဲဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ထာဝရသက်သေပြပေးနေမှာပါ။
~~~~~xxxxx~~~~~

အချိန်က ညနက်နေပြီဆိုပေမယ့် လေတွေတဖြူးဖြူးတိုက်ခတ်နေတဲ့ ပင်လယ်ကမ်းခြေရဲ့ သဲသောင်ယံမှာ တစ်ယောက်ခါးကိုတစ်ယောက်ဖက်ရင်း လမ်းလျှောက်နေတဲ့ ကျွန်တော်နဲ့ထယ်ထယ်ကို ခင်ဗျားတို့တွေ့နိုင်ပါသေးတယ်။ နမ့်ဆန်းတောင်ကအပြန်မှာ ထယ်ထယ် အတင်းပူဆာနေတာကြောင့်ပဲ ကျွန်တော်သူ့ကို ပင်လယ်ကမ်းခြေရှိရာဆီ ခေါ်လာပေးခဲ့ရတယ်။

ပင်လယ်ကမ်းခြေနဲ့ရော နွေရာသီနဲ့ပါ လိုက်ဖက်ညီဖို့ ကျွန်တော့်ရဲ့ထယ်ထယ်က စပန့်သားအင်္ကျီ ခပ်ပွပွနဲ့ ချည်သားဘောင်းဘီတိုတိုလေးကို လှလှပပ ဆင်ယင်ထားပြီး ကျွန်တော့်မျက်ဝန်းအကြည့်တွေကို အပြည့်အဝ ဖမ်းစားထားတယ်။ ကျွန်တော် သိပ်သဘောကျရတဲ့ သူ့ပေါင်သားဖွေးဖွေးလေးတွေက လေတဖြူးဖြူးတိုက်ပြီး ဘောင်းဘီအနားလေးတွေ လိပ်တက်သွားချိန်မှာ ပိုပြီးတော့တောင် မြင်သာနေပါသေးတယ်။

" ထယ်ထယ် မနက်ဖြန်ကျရင် မင်းဘောင်းဘီကို ဒီထပ်ပိုရှည်တာ ဝတ်ခဲ့ပါလား။ အနည်းဆုံး ဒူးလောက်တော့ ဖုံးပါစေနော် "

ဒီစကားက ကျွန်တော့်ရင်ထဲက သဝန်တိုမှုအစစ်အမှန်ကို သရုပ်ပေါ်စေပါတယ်။ အခုလို ညသန်းခေါင်ကြီးမှာ ဒီလိုဝတ်တာ ကိ္စ္စမရှိပေမယ့် လူစည်တဲ့ နေ့ဘက်အချိန်မှာတော့ သူ့ပေါင်တံလေးတွေကို အခြားသူတွေကြည့်မှာ စိုးရိမ်ရတယ်လေ။ ဒူးခေါင်းအထက် နှစ်လက်မ သုံးလက်မလောက်ပဲ ပေါ်နေတဲ့ သူ့ပေါင်တံလေးတွေကို ကျွန်တော်ကလွဲပြီး အခြားဘယ်သူ့ကိုမှ မကြည့်စေချင်တာ ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်ပါ။

" ဘာလဲ မင်းက ငါ့ကို သဝန်တိုတာလား။ ငါ့ပေါင်ပေါ်နေလို့ သူများတွေကြည့်ရင်လည်း ငါ့အသားပဲ့ပါသွားတာမှ မဟုတ်တာကို "

ထယ်ထယ်က သူ့စကားကိုရပ်ပြီး ကျွန်တော့်ကို မထီတရီလေးပြုံးပြတယ်။ ကျွန်တော့်ရဲ့သဝန်တိုစိတ်ကို သူက နည်းနည်းလောက်ဖြစ်ဖြစ် ကလိချင်နေပုံပါပဲ။ ဒါပေမယ့် သူဒီလိုလုပ်လည်း ကျွန်တော်က ဘာတတ်နိုင်မှာတဲ့လဲ။ သူဘာလုပ်လုပ် ကျွန်တော့်မှာ ပြုံးပဲပြုံးနေမိတော့တာ။

" ဘာပဲဖြစ်ဖြစ် ချစ်သူတစ်ယောက်အနေနဲ့ မင်းငါ့ကို သဝန်တိုတာ ငါသဘောကျတယ်။ ငါအရင်က ငါ့ကို အခြားသူတွေ လာလွှမ်းမိုးတာမျိုးကို အရမ်းမုန်းတာ။ ဒါပေမယ့် ငါအခု မင်းစကားကို နားထောင်ပေးပါ့မယ်။ မင်းသိပ်မြတ်နိုးတဲ့ ငါ့ပေါင်တံလှလှလေးတွေကို အခြားဘယ်သူမှ ခိုးကြည့်လို့မရအောင် မနက်ဖြန်ကျရင် ဒီထပ်ရှည်တဲ့ ဘောင်းဘီဝတ်ပေးမယ်။ မင်းသိရဲ့လား ကိုယ့်ချစ်သူဆီက သဝန်တိုခံရတာကို မကြိုက်တဲ့လူ မရှိဘူးဆိုတာ "

ထယ်ထယ့်ဆီက နာပျော်ဖွယ်စကားသံလေးနဲ့အတူ ပင်လယ်ပြင်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ လေပြည်လေးတွေက ကျွန်တော့်တို့မျက်နှာတွေပေါ် မထိတထိလေး ကျီစယ်ဆော့ကစားလာတယ်။ ကမ်းခြေကို တစ်ချက်တစ်ချက် ရိုက်ပုတ်လာတဲ့ ​ေရ​လှိုင်းသံလေးတွေကတော့ ကျွန်တော်တို့ရဲ့ ​အချစ်ဇာတ်ဝင်ခန်းမှာ ေနာက်ခံတီးလုံးအဖြစ်နဲ့ပေါ့။

ကြယ်လင်နေတဲ့ ကောင်းကင်ယံထက်မှာ လခြမ်းကွေးလေးက အလင်းရောင်ထိန်ထိန်ထွန်းလင်းရင်း လရောင်အောက်က ကျွန်တော်တို့ချစ်သူနှစ်ဦးကို အမာခံအားပေးနေတယ်။ သူ့ဘေးက မှိတ်တုတ်မှိတ်တုန် ကြယ်ကလေးတွေကလည်း လခြမ်းကွေးလေးကို အဖော်ပြုရင်း ကျွန်တော်တို့ကို အားကျစွာ ေငးကြည့်နေမယ်ထင်ရဲ့။

" ယောင်း ဟိုမှာ ကြယ်လေးတစ်ပွင့်ကြွေသွားတာ မင်းမြင်လိုက်ရလား "

ကျွန်တော် ထယ်ထယ့်ကို နာမည်အသစ်ပြောင်းခေါ်ရင်း ကောင်းကင်ယံတစ်နေရာကို လက်ညှိုးထိုးပြမိတော့ သူက သူ့ပါးလေးတွေ ချိုင့်ဝင်သွားတဲ့အထိ ကျွန်တော့်ကိုပြုံးပြတယ်။ သူလည်း ကြယ်ကြွေတာကို မြင်လိုက်ရတယ်ထင်တယ်။

" မင်းပြောတာတောင် နောက်ကျနေသေးတယ်။ ငါက ကြယ်ကြွေတာ မြင်မြင်ချင်း ဆုပါ တစ်ခါတည်းတောင်းလိုက်တာ "

စိ်တ်ချင်းဆက်နေတာများလို့တောင် ကျွန်တော် တွေးလိုက်မိတယ်။ သူ့ကို ကြယ်ကြွေတာပြနေတဲ့တစ်ပြိုင်နက်မှာ ကျွန်တော့်စိတ်ထဲ ဆုတစ်ခု တောင်းဖြစ်ခဲ့တယ်လေ။ အဲဒါက သူနဲ့ ထာဝရသက်ဆုံးတိုင် အတူရှိခွင့်ရဖို့ပါပဲ။

" ဟုတ်လား ဒါဆို ငါ မင်းဆုတောင်းကို သိခွင့်ရှိမလား။ မင်းမ​ပြောချင်ရင်လည်း ရတယ်နော် "

ကျွန်တော်နဲ့သူ ဆုတောင်းတွေ ထပ်တူကျမကျသိချင်တာကြောင့် သူ့ဆုတောင်းကို ကျွန်တော် ထုတ်မေးမိတယ်။ ယောင်းက ကျွန်တော့်ကို ပြုံးမြဲပြုံးပြရင်း ခေါင်းလေးကို ညင်ညင်သာသာညိမ့်ပြတယ်။ ဆိုလိုတာက ကျွန်တော် မေးတာကို သူဖြေမယ်လို့ပေါ့။

" မင်းသာ ငါ့ကို တကယ်ချစ်မယ်ဆိုရင် ငါ့ရင်ထဲက ဆုတောင်းစကားကို မင်းသိနိုင်မယ်ထင်တယ်။ ငါတို့နှလုံးသားတွေက အရာရာမှာ ထပ်တူညီခဲ့မယ်ဆို မင်းဆုတောင်းချင်တဲ့အရာက ငါဆုတောင်းမယ့်အရာနဲ့ အတူတူဖြစ်လိမ့်မယ်။ ဘယ်လိုလဲ ငါ့ဆုတောင်းကို မင်းသိနိုင်ပြီလား "

ကျွန်တော် သတ္တိရှိရှိနဲ့ပဲ သူ့ကို ခေါင်းညိမ့်ပြလိုက်တယ်။ ထယ်ထယ့်အကြောင်းကို ကျွန်တော့်လောက်သိတဲ့လူ ဒီကမ္ဘာမှာ မရှိနိုင်ဘူးလို့ ကျွန်တော် ယူဆထားတာမို့ သူနဲ့ပတ်သက်သမျှ အရာရာတိုင်းမှာ ကျွန်တော်မသိနိုင်တာ မရှိသလောက်ပါပဲ။

" မင်းငါနဲ့ တစ်သက်လုံး အတူရှိသွားဖို့ ဆုတောင်းခဲ့မယ်ထင်တာပဲ။ ငါတို့နှစ်ယောက်အတွက် အရာရာ ပြီးပြည့်စုံပြီးသားမို့ ဆုတောင်းရလောက်တဲ့အထိ လိုအပ်တဲ့အရာက ကြိုမမြင်နိုင်တဲ့ ထာဝရပေါင်းဖက်ခွင့်ပဲ မဟုတ်လား။ ငါ့အဖြေမှန်ရဲ့လား "

ကျွန်တော့်အဖြေစကားကြားတော့ ထယ်ထယ်က တစ်ခါမှမပြုံးပြတဲ့ အပြုံးတစ်မျိုးနဲ့ ကျွန်တော့်ကိုပြုံးပြပြန်တယ်။ သူဘာမှ ပြန်ပြောမလာပေမယ့် သူ့မျက်ဝန်းအကြည့်တွေအရတော့ ကျွန်တော့်အ​ဖြေ တကယ်မှန်နေပုံပါပဲ။ ဒီလိုဆို ကျွန်တော်နဲ့သူက ဆုတောင်းတွေ တစ်ထပ်တည်းကျခဲ့တာပေါ့။

" ဂျောင်ဂု ငါမင်းကို အလေးအနက်ထားပြီး ပြောစရာရှိတယ်။ ငါစပြောတဲ့အခါ ငါ့မျက်ဝန်းတွေကလွဲပြီး အခြားဘယ်ကိုမှ မကြည့်ပါနဲ့။ ငါ့စကားကလွဲပြီး ဘယ်အသံကိုမှ နားမစွင့်ပါနဲ့။ အရေးအကြီးဆုံးက ငါဘာပဲပြောနေနေ မင်းငါ့ကို မေးခွန်းပြန်မထုတ်ပါနဲ့။ ကဲ ငါစပြောလို့ရပြီလား "

ထယ်ထယ်က လျှောက်နေတဲ့ခြေလှမ်းတွေကို ရပ်တန့်ပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။ သူ့မျက်ဝန်းတွေက ကျွန်တော့်မျက်ဝန်းအိမ်ဆီ မမှိတ်မသုန် ငေးစိုက်ကြည့်နေတယ်။ ကျွန်တော့်ဘက်က ခေါင်းတစ်ချက်ညိမ့်ပြရင်း အဆင်သင့်ဖြစ်နေကြောင်း အချက်ပြလိုက်တော့ သူက ကျွန်တော့်လက်နှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လာခဲ့ပြီး-

" ငါလေ အစက ယောက်​ျားတစ်ယောက်ကို ဘယ်တော့မှ ချစ်လာနိုင်မှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ဖူးတယ်။ မင်းနဲ့တွေ့တော့မှ ငါ့အထင်တွေမှားမှန်း ငါသိလာခဲ့တယ်။ ဒါတောင် မင်းနဲ့စတွဲကတည်းက ငါ့အနေနဲ့ ယောက်ျားတစ်ယောက်ကို ချစ်တယ်ဆိုတာ ဘယ်တော့မှထုတ်ပြောမှာ မဟုတ်ဘူးလို့ တင်းခံနေခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခုကိုလည်း ငါထပ်ပြီး ချိုးဖောက်ရပြီထင်တယ်။ အချစ်မှာ ရှုံးတယ်နိုင်တယ်ဆိုတာမျိုး မာနထိခိုက်တယ်ဆိုတာမျိုး မရှိသင့်ဘူး မဟုတ်လား "

ထယ်ထယ်က သူ့စကားကို ခဏရပ်ထားပြန်တယ်။ သူ့စကားအသွားအလာကြောင့် ကျွန်တော့်မှာ စိတ်လှုပ်ရှားခြင်းအပြည့်နဲ့ ရင်ခုန်နေမိတာ ပြောမပြတတ်အောင်ပါပဲ။ ကျွန်တော် မျှော်လင့်ထားသလိုမျိုး သူကျွန်တော့်ကို....။

" ဒီစကားကို မင်းသိပ်ကြားချင်နေမယ်ဆိုတာ ငါသိပါတယ်။ ငါအခု အဲ့ဒီအရာကို ပြောတော့မယ်။ ဂျောင်ဂု.. ငါ..မင်းကို "

ထယ်ယောင်းက ကျွန်တော့်နားကို ခြေနှစ်လှမ်းထပ်တိုးလာပြီး ကျွန်တော့်နားရွက်နားကပ်ရင်း သူ့စကားကိုဆက်ပြောလာတယ်။ ငါ...မင်းကို...ဆိုတဲ့ ဒီစကားလုံးရဲ့နောက်မှာ ကျွန်တော့်နားထဲကို ကောင်းကင်ဘုံစည်းစိမ်မျိုး ခံစားရစေမယ့် စကားလုံးတွေ တလိမ့်လိမ့်ဝင်ရောက်လာခဲ့တယ်။

ကျွန်တော် ဝမ်းသာလွန်းလို့ သူ့ကို တအံ့တသြကြည့်မိတော့ ထယ်ထယ်က ရှက်သွေးဖြာရင်း မျက်နှာလေးပန်းရောင်သန်းလို့။ အချိန်ကိုက်စွာ တိုက်ခတ်လာတဲ့ ပင်လယ်လေပြေလေးရယ် ရင်ခုန်သံပိုမြန်စေမယ့် လှုိင်းပုတ်သံလေးရယ်ကြောင့် ကျွန်တော် ထယ်ထယ့်ကို ရင်ခွင်ထဲဆွဲပွေ့ထားလိုက်ပြီး ရင်ခုန်သံတွေ ဖလှယ်နေမိတာ လောကကြီးကို မေ့သွားတဲ့အထိပါပဲ။

" ကျေးဇူးပါပဲ ထယ်ထယ်။ ငါမင်းဆီက ဒီစကားကို တစ်သက်လုံး မကြားရတော့ဘူး ထင်နေတာ။ တကယ် ကျေးဇူးတင်ပါတယ် ထယ်ထယ်ရယ်။ ငါ့ကိုရွေးချယ်တဲ့အတွက် မင်းတစ်ဘဝလုံး နောင်တမရစေရပါဘူး "

ကျွန်တော် ထယ်ထယ့်ကို ရင်ခွင်ထဲက မသိမသာပြန်ထုတ်ရင်း သူ့မျက်နှာလှလှလေးကို တစ်ဖန်ပြန်ငေးကြည့်တယ်။ လရောင်အောက်မှာတောင် ရွှန်းစိုနေဆဲသူ့နှုတ်ခမ်းလေးတွေက ကျွန်တော့်ရင်ခုန်သံကို ပိုမြန်လာစေပါတယ်။ ရင်ခုန်သံရဲ့ ခေါ်ဆောင်ရာအတိုင်း သူ့နှုတ်ခမ်းတွေကို နမ်းရှိုက်မွှေးကြူဖို့ ကြိုးစားတော့ အလိုက်သင့်ကလေး မျက်လုံးမှိတ်ပေးလာတဲ့သူ့ကြောင့် ကျွန်တော်ရှေ့ဆက်ရဲခဲ့တယ်။

နွေရာသီရဲ့ ခပ်နွေးနွေးအပူချိန်အောက် ပူနွေးစွတ်စိုတဲ့ နှုတ်ခမ်းနှစ်လွှာ၏ အနူးညံ့ဆုံးထိတွေ့မှုက ကျွန်တော့်ကို သာယာယစ်မူးစေခဲ့တယ်။ ကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့ နှစ်ချို့ဝိုင်တွေထက် သူ့နှုတ်ခမ်းနှစ်လွှာက ကျွန်တော့်ကို ပိုယစ်မူးစေသလိုပါပဲ။ ဒီနှုတ်ခမ်းလွှာတွေတင်မက သူ့ရဲ့အရာအရာတိုင်းက ကျွန်တော့်ကို ထာဝရ ယစ်မူးပျော်ဝင်စေမှာ အမှန်ပါပဲ။

ကျွန်တော့်နှစ်ယောက်ရဲ့ သာသာယာယာ အချစ်ပုံပြင်လေးမှာတော့ ကျွန်တော့်နှလုံးသားက သူ့အချစ်တွေအောက်မှာ ယစ်မူးပျော်ဝင်သွားခဲ့ပါပြီ။

THE END
Love Scenerio©2021
15 Oct 2021,11:10 PM

Author Note: ငါမင်းကို ချစ်တယ်။ ငါလည်း မင်းကို ချစ်ပါတယ် ဆိုတာမျိုးက ရိုးလွန်းရာရောက်လို့ နည်းနည်း ကလိကလိဖြစ်မယ့်ပုံစံကို ရွေးလိုက်ပါတယ်။ ဇာတ်သိမ်းပြီမို့ Voteအကြွေးတင်နေတဲ့ သူတွေလည်း Voteပေးသွားဖို့ မမေ့ကြပါနဲ့ဦး။ လိုအပ်ချက်တွေရှိလို့ ဖတ်လို့မကောင်းခဲ့ရင်လည်း တောင်းပန်ပါတယ်လို့။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါ။

FINAL EPISODE (Zawgyi)

ပထမႏွစ္ဝက္ရဲ႕ စာသင္ကာလေတြ ၿပီးဆုံးသြားခ်ိန္မွာေတာ့ ကြၽန္ေတာ္နဲ႔ထယ္ထယ္တို႔အတြက္ ႏွစ္ေယာက္အတူ႐ွိဖို႔ အခ်ိန္ေလးေတြ ပိုရလာခဲ့ပါၿပီ။ ေႏြရာသီလည္း ေရာက္လာခဲ့ၿပီမို႔ ပူေႏြးေႏြးပတ္ဝန္းက်င္က ကြၽန္ေတာ္တို႔ႏွလုံးသားေတြကိုလည္း ထပ္တူေႏြးေထြးေနေစပါတယ္။

ေလတျဖဴးျဖဴးတိုက္ခတ္ေနတဲ့ ေႏြရာသီရဲ႕ သာသာယာယာ ညေနခင္းေလးတစ္ခုမွာ ကြၽန္ေတာ္နဲ႔ထယ္ထယ္တို႔ နမ္ဆန္းေတာင္ဘက္ အလည္အပတ္ထြက္ခဲ့ၾကတယ္။ မွတ္မိၾကဦးမလား မသိေပမယ့္ ထယ္ေယာင္းနဲ႔ Yerinတို႔ ရည္းစားအတု စျဖစ္တဲ့ေန႔က ကြၽန္ေတာ္နဲ႔ထယ္ထယ္ ဒီကို လာခဲ့ပါေသးတယ္။

ဒီတစ္ႀကိမ္ကေတာ့ ပထမအႀကိမ္နဲ႔ အမ်ားႀကီးကြာျခားသြားခဲ့ၿပီ။ ခံစားရတဲ့ ခံစားခ်က္ေရာ ႐ွဴ႐ိႈက္ေနရတဲ့ေလထုေရာ မ်က္လုံးထဲဝင္ေရာက္လာတဲ့ ျမင္ကြင္းကအစ အရာရာ ျခားနားေနခဲ့တယ္။ အထူးသျဖင့္ ထယ္ေယာင္းကို ကြၽန္ေတာ္႕ခ်စ္သူအျဖစ္နဲ႔ ဒီေနရာဆီ ျပန္ေခၚလာႏိုင္ခဲ့တာ ကြၽန္ေတာ္႕အတြက္ ဂုဏ္အယူရဆုံးပါ။

" ထယ္ထယ္ ငါမင္းကို ဒီေနရာမွာ ေတာင္းပန္စရာေလး႐ွိတယ္ "

ကြၽန္ေတာ္႕စကားေၾကာင့္ ကြၽန္ေတာ္႕ရဲ႕ထယ္ထယ္က သူ႕မ်က္ဝန္းလွလွေလးေတြ ဝိုင္းစက္သြားတဲ့အထိ တအံ့တၾသ ျပန္ၾကည့္လာခဲ့တယ္။ သူ႕အျမင္မွာေတာ့ ကြၽန္ေတာ္ သူ႕အေပၚ ဘာအျပစ္မွမလုပ္ထားဘဲ ေတာင္းပန္စရာ႐ွိတယ္ေျပာလာတာ အံ့ၾသစရာျဖစ္ေနပါလိမ့္မယ္။

" မင္းက ငါ့ကို ဘာအတြက္နဲ႔ ေတာင္းပန္မွာလဲ ေဂ်ာင္ဂု။ ငါနဲ႔တြဲလာတဲ့ တစ္ေလွ်ာက္လုံး မင္းငါ့အေပၚ ေတာင္းပန္ရေလာက္တဲ့ အျပစ္မ်ိဳး မလုပ္ဖူးပါဘူး "

ကြၽန္ေတာ္ သူ႕ကို ခပ္ယဲ့ယဲ့ကေလးျပဳံးရင္း ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္တယ္။ ၾကည့္ပါဦး အခုထိ သူ႕မ်က္ဝန္းလွလွေတြက ကြၽန္ေတာ္႕ကို နားမလည္သလို စိုက္ၾကည့္ေနေသးတာ။ ကြၽန္ေတာ္ ေျပာလာမယ့္ ေတာင္းပန္စကားကို သူအေတာ္ေလး ေမွ်ာ္လင့္ေနပုံပဲ။

" အခုအတြက္မဟုတ္ေပမယ့္ မင္းနဲ႔ငါ ဒီကို ပထမအႀကိမ္လာခဲ့တုန္းက မင္းကို ေတာင္တက္လမ္းနံရံကပ္ၿပီး နမ္းမလိုလုပ္ခဲ့ဖူးတယ္ေလ။ အဲ့ဒီတုန္းက မင္းငါ့ေၾကာင့္နဲ႔ အေတာ္ေလး စိတ္မသက္မသာျဖစ္ခဲ့ရမွာပဲ။ အဲ့ဒီအတြက္ ငါမင္းကို ျပန္ေတာင္းပန္ပါရေစ "

ကြၽန္ေတာ္႕စကားေၾကာင့္ ထယ္ထယ္က ေလးေထာင့္ဆန္ဆန္ျပဳံးရင္း ကြၽန္ေတာ္႕မ်က္ႏွာကို ေသခ်ာစိုက္ၾကည့္လာတယ္။ ျပဳံးေနတဲ့ သူ႕မ်က္ႏွာေလးက စကားေျပာဖို႔ဟန္ျပင္ေနခ်ိန္ ခဏတာ တည္သြားခဲ့ၿပီး-

" ငါေတာင္ ေမ့ေနတဲ့ကိၥၥကို အခုမွ ျပန္ေတာင္းပန္ေတာ့ ငါက ဘာလုပ္ေပးရမလဲ။ မင္းကို မေက်နပ္ဘူးေျပာၿပီး ဆြဲထိုးေပးရမွာလား။ တစ္ခါတေလ မင္းက အရမ္းေၾကာင္တာပဲ ေဂ်ာင္ဂု "

ထယ္ထယ္က စကားကို ဒီေလာက္ပဲေျပာၿပီး ေတာင္တက္လမ္းအတိုင္း ဆက္တက္သြားခဲ့တယ္။ သူေမ့ေနၿပီဆိုေပမယ့္ တစ္ခ်ိန္ခ်ိန္မွာ ျပန္သတိရလာၿပီး စိတ္ဆိုးမွာစိုးလို႔ ကြၽန္ေတာ္ ႀကိဳေတာင္းပန္ထားလိုက္တာ ဘာမ်ားမွားလို႔လဲ။ သူ႕ကို နည္းနည္းေလးေတာင္ စိတ္အၿငိဳျငင္မခံတာ ကြၽန္ေတာ္႕အားနည္းခ်က္ျဖစ္ေနၿပီေလ။

" ငါက မင္းအတြက္ဆို အ႐ူးျဖစ္ရလည္း ေက်နပ္ပါတယ္။ ဒါနဲ႔ အခု ေတာင္ေပၚတက္ရတာ ေညာင္းေနၿပီလား။ ငါကုန္းပိုးသြားမယ္ေလ "

ကြၽန္ေတာ္ သူ႕ေနာက္က အမွီေျပးလိုက္ၿပီး သူကြၽန္ေတာ္႕ကို ျပန္ၾကည္ဖို႔ စကားေတြတတြတ္တြတ္ေျပာေနမိတာ ငါးမိနစ္ေလာက္ေတာင္ ၾကာသြားခဲ့တယ္။ ေနာက္ဆုံးေတာ့ သူကြၽန္ေတာ္႕ကို မလြန္ဆန္ႏိုင္ဘဲ ကြၽန္ေတာ္႕ေက်ာေပၚ တက္စီးလာခဲ့တယ္။

သူ႕ကို ေက်ာပိုးၿပီး ေတာင္ေပၚတက္ရတာ နည္းနည္းေလးတယ္ဆိုေပမယ့္ ျပန္ရလိုက္တဲ့ ၾကည္ႏူးမႈက ဘယ္အရာနဲ႔မွ ႏႈိင္းယွဥ္မရႏိုင္ဘူးေလ။ တစ္ခ်က္တစ္ခ်က္ ကုန္းပိုးစီးေနတဲ့ သူ႕မ်က္ႏွာလွလွေလးဆီက ၾကည္ၾကည္ႏူးႏူး အျပဳံးခ်ိဳခ်ိဳေလးေတြကို ကြၽန္ေတာ္ ခိုးခိုးၾကည့္မိပါေသးတယ္။

" လူေလးတို႔ အဘြားဆီက ေသာ့ခေလာက္ေလးေတြ အားေပးသြားၾကပါဦး။ ဝမ္ငါးေထာင္တည္းပါ "

တိုက္တိုက္ဆိုင္ဆိုင္ ကြၽန္ေတာ္တို႔ ပထမအႀကိမ္ ဒီကိုလာခဲ့တုန္းက ေသာ့ခေလာက္ေရာင္းတဲ့အဘြားပဲ ထပ္ျဖစ္ေနျပန္ပါတယ္။ အဲ့ဒီတုန္းက ထယ္ထယ့္ကို ပိုက္ဆံ႐ွင္းခိုင္းမိလို႔ မေက်မနပ္ျဖစ္ၿပီး စူပုတ္ေနတဲ့ သူ႕မ်က္ႏွာေလးက ကြၽန္ေတာ္႕မွတ္ဉာဏ္မွာ အခုထိ စြဲထင္ေနတုန္းပါ။

" ဟုတ္ကဲ့ အဘြား။ ကြၽန္ေတာ္တို႔ တစ္ခုယူမယ္ေနာ္ "

ကြၽန္ေတာ္ ဘာမွမ​ေျပာရေသးခင္ ထယ္ထယ္က ကုန္းပိုးစီးလွ်က္သားကေန ကြၽန္ေတာ္လြယ္ထားတဲ့ ေဘးလြယ္အိတ္ကိုဖြင့္ၿပီး ပိုက္ဆံႏိႈက္ယူလိုက္တယ္။ ကိုယ့္ရည္းစားပိုက္ဆံ ကိုယ့္ပိုက္ဆံလို႔မွတ္ၿပီး ထယ္ထယ္ အခုလို ႏႈိက္ရဲေနတာ ကြၽန္ေတာ္႕မွာ ပီတိျဖစ္မဆုံးေပါ့။ ႏႈိက္ခ်င္သေလာက္သာ ႏႈိက္ ဒီကေကာင္က လိုသေလာက္ ထပ္ျဖည့္ေပးမိမွာပဲ။

" ေဂ်ာင္ဂု ငါမင္းအိတ္ထဲက ငါးေထာင္ယူသုံးလိုက္ၿပီေနာ္ "

အိုး ၾကည့္ပါဦး ကြၽန္ေတာ္႕ေကာင္ေလး ဘယ္ေလာက္ထိ လိမၼာသလဲဆိုတာ။ ပိုက္ဆံယူသုံးတာေတာင္ ကြၽန္ေတာ္႕ကို တေလးတစား ျပန္​ေျပာ​ျပေသးတာ။ ဒီေလာက္ လိမၼာသိတတ္တဲ့ ရည္းစားမ်ိဳး သူကလြဲၿပီး အျခား ဘယ္သူ႐ွိႏိုင္ပါေတာ့မလဲ။

" သုံးေလကြာ ငါ့တစ္ေယာက္လုံးကိုေတာင္ မင္းအပိုင္ရထားၿပီပဲ ငါပိုင္သမွ်ကိုလည္း မင္းသုံးခြင့္႐ွိရမွာေပါ့ "

ထယ္ထယ္က box smileေလးနဲ႔ ျပဳံးျပရင္း ေခါင္းညိမ့္ျပတယ္။ သူ႕လက္ထဲမွာေတာ့ ေလာေလာလတ္လတ္ အဘြားဆီကဝယ္ထားတဲ့ ေသာ့ခေလာက္ေလးကိုင္လို႔ေပါ့။ ခ်စ္သူေတြအျဖစ္နဲ႔ ေသာ့ခေလာက္အတူခ်ိတ္ရေတာ့မွာမို႔ ကြၽန္ေတာ္႕ေျခလွမ္းေတြကလည္း ပိုပိုၿပီး သြက္လာခဲ့တယ္ေလ။

ဒီလိုနဲ႔ပဲ ေသာ့ခေလာက္ေတြ ခ်ိတ္ရမယ့္ေနရာဆီ ေရာက္လာခဲ့ၾကတယ္။ ထယ္ထယ့္ကို ကြၽန္ေတာ္႕ေက်ာေပၚကဆင္းေစလိုက္ၿပီး သူ႕လက္ထဲက ေသာ့ခေလာက္မွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ နာမည္ေတြေရးေနခ်ိန္ ကြၽန္ေတာ္႕ရင္ထဲက ေပ်ာ္႐ႊင္မႈက ဘယ္အရာနဲ႔မွ တုႏိႈင္းမရေအာင္ပါပဲ။

အရင္တစ္ေခါက္က ကြၽန္ေတာ္ ေသာ့ခေလာက္ေလးမွာတစ္စုံတစ္ေယာက္ကို ရည္႐ြယ္ရင္း someoneလို႔ေရးၿပီး ခ်ိတ္ထားတယ္။ အဲ့ဒီ someoneဆိုတဲ့ေနရာမွာ ထယ္ထယ့္နာမည္ ေျပာင္းေရးႏိုင္ရမယ္ဆိုတဲ့ သံဓိဌာန္လည္းခ်ရင္းေပါ့။ အခုေတာ့ တကယ္ပဲ ကြၽန္ေတာ္႕အဓိဌာန္ေတြ ျပည့္ဝလာခဲ့ၿပီ။

" ဂြၽန္ေဂ်ာင္ဂု + ကင္မ္ထယ္ေယာင္း "

ေသာ့ခေလာက္ေပၚက ဒီစာတန္းေလးကို စိတ္ထဲအႀကိမ္ႀကိမ္ျပန္ဖတ္ရင္း ၾကည္ႏူးပီတိေတြအျပည့္နဲ႔ ၾကည့္မဝျဖစ္ေနခဲ့တဲ့ ကြၽန္ေတာ္႕မွာ ေသာ့ခေလာက္ကို ခ်ိတ္ဖို႔ေမ့တဲ့အထိပါပဲ။ ႏွလုံးသားထဲအထိ ပဲ့တင္ထပ္႐ိုက္ခတ္ေနတဲ့ ဒီစာတန္းေလးရဲ႕ အသံမျမည္ေသာ အသံက ရင္ဘတ္တစ္ခုလုံးကို ေႏြးေထြးေပ်ာ္ဝင္သြားေစတယ္။

ကြၽန္ေတာ္႕ႏွစ္ေယာက္နာမည္ေရးထားတဲ့ ေသာ့ခေလာက္ေလးကို ေသာ့ခတ္ခ်ိတ္ဆြဲလိုက္ခ်ိနိ ကြၽန္ေတာ္တို္႕မ်က္ႏွာမွာ အျပဳံးကိုယ္စီဆင္ျမန္းရင္း ရင္တြင္းက ၾကည္ႏူးမႈအတိုင္းအတာကို ေဖာ္ျပေနမိတယ္။ ဒီေသာ့ေလးနဲ႔အတူ ထာဝရမေျပာင္းလဲႏိုင္တဲ့ ကြၽန္ေတာ္တို႔ခ်စ္ျခင္းေတြကိုပါ ေသာ့ခတ္သိမ္းဆည္းႏိုင္ခဲ့ၿပီေလ။

ဒီကမ႓ာေျမႀကီး ႐ွိေနသေ႐ြ႕၊ ေတာင္ကိုရီးယားေျမမွာ နမ့္ဆန္းေတာင္ႀကီး႐ွိေနသေ႐ြ႕၊ မ်ားစြာေသာ အခ်စ္ေတြသိမ္းဆည္းထားရာ ဒီေနရာေလးက ကြၽန္ေတာ္ႏွစ္ေယာက္ၾကားက ခက္ခက္ခဲခဲျဖစ္ေပၚလာတဲ့ ခ်စ္ျခင္းေမတၱာကိုလည္း ထာဝရသက္ေသျပေပးေနမွာပါ။
~~~~~xxxxx~~~~~

အခ်ိန္က ညနက္ေနၿပီဆိုေပမယ့္ ေလေတြတျဖဴးျဖဴးတိုက္ခတ္ေနတဲ့ ပင္လယ္ကမ္းေျခရဲ႕ သဲေသာင္ယံမွာ တစ္ေယာက္ခါးကိုတစ္ေယာက္ဖက္ရင္း လမ္းေလွ်ာက္ေနတဲ့ ကြၽန္ေတာ္နဲ႔ထယ္ထယ္ကို ခင္ဗ်ားတို႔ေတြ႕ႏိုင္ပါေသးတယ္။ နမ့္ဆန္းေတာင္ကအျပန္မွာ ထယ္ထယ္ အတင္းပူဆာေနတာေၾကာင့္ပဲ ကြၽန္ေတာ္သူ႕ကို ပင္လယ္ကမ္းေျခ႐ွိရာဆီ ေခၚလာေပးခဲ့ရတယ္။

ပင္လယ္ကမ္းေျခနဲ႔ေရာ ေႏြရာသီနဲ႔ပါ လိုက္ဖက္ညီဖို႔ ကြၽန္ေတာ္႕ရဲ႕ထယ္ထယ္က စပန္႔သားအက်ႌ ခပ္ပြပြနဲ႔ ခ်ည္သားေဘာင္းဘီတိုတိုေလးကို လွလွပပ ဆင္ယင္ထားၿပီး ကြၽန္ေတာ္႕မ်က္ဝန္းအၾကည့္ေတြကို အျပည့္အဝ ဖမ္းစားထားတယ္။ ကြၽန္ေတာ္ သိပ္သေဘာက်ရတဲ့ သူ႕ေပါင္သားေဖြးေဖြးေလးေတြက ေလတျဖဴးျဖဴးတိုက္ၿပီး ေဘာင္းဘီအနားေလးေတြ လိပ္တက္သြားခ်ိန္မွာ ပိုၿပီးေတာ့ေတာင္ ျမင္သာေနပါေသးတယ္။

" ထယ္ထယ္ မနက္ျဖန္က်ရင္ မင္းေဘာင္းဘီကို ဒီထပ္ပို႐ွည္တာ ဝတ္ခဲ့ပါလား။ အနည္းဆုံး ဒူးေလာက္ေတာ့ ဖုံးပါေစေနာ္ "

ဒီစကားက ကြၽန္ေတာ္႕ရင္ထဲက သဝန္တိုမႈအစစ္အမွန္ကို သ႐ုပ္ေပၚေစပါတယ္။ အခုလို ညသန္းေခါင္ႀကီးမွာ ဒီလိုဝတ္တာ ကိၥၥမ႐ွိေပမယ့္ လူစည္တဲ့ ေန႔ဘက္အခ်ိန္မွာေတာ့ သူ႕ေပါင္တံေလးေတြကို အျခားသူေတြၾကည့္မွာ စိုးရိမ္ရတယ္ေလ။ ဒူးေခါင္းအထက္ ႏွစ္လက္မ သုံးလက္မေလာက္ပဲ ေပၚေနတဲ့ သူ႕ေပါင္တံေလးေတြကို ကြၽန္ေတာ္ကလြဲၿပီး အျခားဘယ္သူ႕ကိုမွ မၾကည့္ေစခ်င္တာ ကြၽန္ေတာ္႕ရဲ႕ စိတ္ရင္းအမွန္ပါ။

" ဘာလဲ မင္းက ငါ့ကို သဝန္တိုတာလား။ ငါ့ေပါင္ေပၚေနလို႔ သူမ်ားေတြၾကည့္ရင္လည္း ငါ့အသားပဲ့ပါသြားတာမွ မဟုတ္တာကို "

ထယ္ထယ္က သူ႕စကားကိုရပ္ၿပီး ကြၽန္ေတာ္႕ကို မထီတရီေလးျပဳံးျပတယ္။ ကြၽန္ေတာ္႕ရဲ႕သဝန္တိုစိတ္ကို သူက နည္းနည္းေလာက္ျဖစ္ျဖစ္ ကလိခ်င္ေနပုံပါပဲ။ ဒါေပမယ့္ သူဒီလိုလုပ္လည္း ကြၽန္ေတာ္က ဘာတတ္ႏိုင္မွာတဲ့လဲ။ သူဘာလုပ္လုပ္ ကြၽန္ေတာ္႕မွာ ျပဳံးပဲျပဳံးေနမိေတာ့တာ။

" ဘာပဲျဖစ္ျဖစ္ ခ်စ္သူတစ္ေယာက္အေနနဲ႔ မင္းငါ့ကို သဝန္တိုတာ ငါသေဘာက်တယ္။ ငါအရင္က ငါ့ကို အျခားသူေတြ လာလႊမ္းမိုးတာမ်ိဳးကို အရမ္းမုန္းတာ။ ဒါေပမယ့္ ငါအခု မင္းစကားကို နားေထာင္ေပးပါ့မယ္။ မင္းသိပ္ျမတ္ႏိုးတဲ့ ငါ့ေပါင္တံလွလွေလးေတြကို အျခားဘယ္သူမွ ခိုးၾကည့္လို႔မရေအာင္ မနက္ျဖန္က်ရင္ ဒီထပ္႐ွည္တဲ့ ေဘာင္းဘီဝတ္ေပးမယ္။ မင္းသိရဲ႕လား ကိုယ့္ခ်စ္သူဆီက သဝန္တိုခံရတာကို မႀကိဳက္တဲ့လူ မ႐ွိဘူးဆိုတာ "

ထယ္ထယ့္ဆီက နာေပ်ာ္ဖြယ္စကားသံေလးနဲ႔အတူ ပင္လယ္ျပင္ကိုျဖတ္ၿပီးတိုက္ခတ္လာတဲ့ ေလျပည္ေလးေတြက ကြၽန္ေတာ္႕တို႔မ်က္ႏွာေတြေပၚ မထိတထိေလး က်ီစယ္ေဆာ့ကစားလာတယ္။ ကမ္းေျခကို တစ္ခ်က္တစ္ခ်က္ ႐ိုက္ပုတ္လာတဲ့ ​ေရ​လိႈင္းသံေလးေတြကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ​အခ်စ္ဇာတ္ဝင္ခန္းမွာ ေနာက္ခံတီးလုံးအျဖစ္နဲ႔ေပါ့။

ၾကယ္လင္ေနတဲ့ ေကာင္းကင္ယံထက္မွာ လျခမ္းေကြးေလးက အလင္းေရာင္ထိန္ထိန္ထြန္းလင္းရင္း လေရာင္ေအာက္က ကြၽန္ေတာ္တို႔ခ်စ္သူႏွစ္ဦးကို အမာခံအားေပးေနတယ္။ သူ႕ေဘးက မွိတ္တုတ္မွိတ္တုန္ ၾကယ္ကေလးေတြကလည္း လျခမ္းေကြးေလးကို အေဖာ္ျပဳရင္း ကြၽန္ေတာ္တို႔ကို အားက်စြာ ေငးၾကည့္ေနမယ္ထင္ရဲ႕။

" ေယာင္း ဟိုမွာ ၾကယ္ေလးတစ္ပြင့္ေႂကြသြားတာ မင္းျမင္လိုက္ရလား "

ကြၽန္ေတာ္ ထယ္ထယ့္ကို နာမည္အသစ္ေျပာင္းေခၚရင္း ေကာင္းကင္ယံတစ္ေနရာကို လက္ညိႇဳးထိုးျပမိေတာ့ သူက သူ႕ပါးေလးေတြ ခ်ိဳင့္ဝင္သြားတဲ့အထိ ကြၽန္ေတာ္႕ကိုျပဳံးျပတယ္။ သူလည္း ၾကယ္ေႂကြတာကို ျမင္လိုက္ရတယ္ထင္တယ္။

" မင္းေျပာတာေတာင္ ေနာက္က်ေနေသးတယ္။ ငါက ၾကယ္ေႂကြတာ ျမင္ျမင္ခ်င္း ဆုပါ တစ္ခါတည္းေတာင္းလိုက္တာ "

စိ္တ္ခ်င္းဆက္ေနတာမ်ားလို႔ေတာင္ ကြၽန္ေတာ္ ေတြးလိုက္မိတယ္။ သူ႕ကို ၾကယ္ေႂကြတာျပေနတဲ့တစ္ၿပိဳင္နက္မွာ ကြၽန္ေတာ္႕စိတ္ထဲ ဆုတစ္ခု ေတာင္းျဖစ္ခဲ့တယ္ေလ။ အဲဒါက သူနဲ႔ ထာဝရသက္ဆုံးတိုင္ အတူ႐ွိခြင့္ရဖို႔ပါပဲ။

" ဟုတ္လား ဒါဆို ငါ မင္းဆုေတာင္းကို သိခြင့္႐ွိမလား။ မင္းမ​ေျပာခ်င္ရင္လည္း ရတယ္ေနာ္ "

ကြၽန္ေတာ္နဲ႔သူ ဆုေတာင္းေတြ ထပ္တူက်မက်သိခ်င္တာေၾကာင့္ သူ႕ဆုေတာင္းကို ကြၽန္ေတာ္ ထုတ္ေမးမိတယ္။ ေယာင္းက ကြၽန္ေတာ္႕ကို ျပဳံးၿမဲျပဳံးျပရင္း ေခါင္းေလးကို ညင္ညင္သာသာညိမ့္ျပတယ္။ ဆိုလိုတာက ကြၽန္ေတာ္ ေမးတာကို သူေျဖမယ္လို႔ေပါ့။

" မင္းသာ ငါ့ကို တကယ္ခ်စ္မယ္ဆိုရင္ ငါ့ရင္ထဲက ဆုေတာင္းစကားကို မင္းသိႏိုင္မယ္ထင္တယ္။ ငါတို႔ႏွလုံးသားေတြက အရာရာမွာ ထပ္တူညီခဲ့မယ္ဆို မင္းဆုေတာင္းခ်င္တဲ့အရာက ငါဆုေတာင္းမယ့္အရာနဲ႔ အတူတူျဖစ္လိမ့္မယ္။ ဘယ္လိုလဲ ငါ့ဆုေတာင္းကို မင္းသိႏိုင္ၿပီလား "

ကြၽန္ေတာ္ သတၱိ႐ွိ႐ွိနဲ႔ပဲ သူ႕ကို ေခါင္းညိမ့္ျပလိုက္တယ္။ ထယ္ထယ့္အေၾကာင္းကို ကြၽန္ေတာ္႕ေလာက္သိတဲ့လူ ဒီကမ႓ာမွာ မ႐ွိႏိုင္ဘူးလို႔ ကြၽန္ေတာ္ ယူဆထားတာမို႔ သူနဲ႔ပတ္သက္သမွ် အရာရာတိုင္းမွာ ကြၽန္ေတာ္မသိႏိုင္တာ မ႐ွိသေလာက္ပါပဲ။

" မင္းငါနဲ႔ တစ္သက္လုံး အတူ႐ွိသြားဖို႔ ဆုေတာင္းခဲ့မယ္ထင္တာပဲ။ ငါတို႔ႏွစ္ေယာက္အတြက္ အရာရာ ၿပီးျပည့္စုံၿပီးသားမို႔ ဆုေတာင္းရေလာက္တဲ့အထိ လိုအပ္တဲ့အရာက ႀကိဳမျမင္ႏိုင္တဲ့ ထာဝရေပါင္းဖက္ခြင့္ပဲ မဟုတ္လား။ ငါ့အေျဖမွန္ရဲ႕လား "

ကြၽန္ေတာ္႕အေျဖစကားၾကားေတာ့ ထယ္ထယ္က တစ္ခါမွမျပဳံးျပတဲ့ အျပဳံးတစ္မ်ိဳးနဲ႔ ကြၽန္ေတာ္႕ကိုျပဳံးျပျပန္တယ္။ သူဘာမွ ျပန္ေျပာမလာေပမယ့္ သူ႕မ်က္ဝန္းအၾကည့္ေတြအရေတာ့ ကြၽန္ေတာ္႕အ​ေျဖ တကယ္မွန္ေနပုံပါပဲ။ ဒီလိုဆို ကြၽန္ေတာ္နဲ႔သူက ဆုေတာင္းေတြ တစ္ထပ္တည္းက်ခဲ့တာေပါ့။

" ေဂ်ာင္ဂု ငါမင္းကို အေလးအနက္ထားၿပီး ေျပာစရာ႐ွိတယ္။ ငါစေျပာတဲ့အခါ ငါ့မ်က္ဝန္းေတြကလြဲၿပီး အျခားဘယ္ကိုမွ မၾကည့္ပါနဲ႔။ ငါ့စကားကလြဲၿပီး ဘယ္အသံကိုမွ နားမစြင့္ပါနဲ႔။ အေရးအႀကီးဆုံးက ငါဘာပဲေျပာေနေန မင္းငါ့ကို ေမးခြန္းျပန္မထုတ္ပါနဲ႔။ ကဲ ငါစေျပာလို႔ရၿပီလား "

ထယ္ထယ္က ေလွ်ာက္ေနတဲ့ေျခလွမ္းေတြကို ရပ္တန္႔ၿပီး ကြၽန္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္တယ္။ သူ႕မ်က္ဝန္းေတြက ကြၽန္ေတာ္႕မ်က္ဝန္းအိမ္ဆီ မမွိတ္မသုန္ ေငးစိုက္ၾကည့္ေနတယ္။ ကြၽန္ေတာ္႕ဘက္က ေခါင္းတစ္ခ်က္ညိမ့္ျပရင္း အဆင္သင့္ျဖစ္ေနေၾကာင္း အခ်က္ျပလိုက္ေတာ့ သူက ကြၽန္ေတာ္႕လက္ႏွစ္ဖက္ကို ခပ္ဖြဖြဆုပ္ကိုင္လာခဲ့ၿပီး-

" ငါေလ အစက ေယာက္​်ားတစ္ေယာက္ကို ဘယ္ေတာ့မွ ခ်စ္လာႏိုင္မွာမဟုတ္ဘူးလို႔ ကိုယ့္ကိုယ္ကို ထင္ခဲ့ဖူးတယ္။ မင္းနဲ႔ေတြ႕ေတာ့မွ ငါ့အထင္ေတြမွားမွန္း ငါသိလာခဲ့တယ္။ ဒါေတာင္ မင္းနဲ႔စတြဲကတည္းက ငါ့အေနနဲ႔ ေယာက်္ားတစ္ေယာက္ကို ခ်စ္တယ္ဆိုတာ ဘယ္ေတာ့မွထုတ္ေျပာမွာ မဟုတ္ဘူးလို႔ တင္းခံေနခဲ့တယ္။ ဒါေပမယ့္ ဒီတစ္ခုကိုလည္း ငါထပ္ၿပီး ခ်ိဳးေဖာက္ရၿပီထင္တယ္။ အခ်စ္မွာ ႐ႈံးတယ္ႏိုင္တယ္ဆိုတာမ်ိဳး မာနထိခိုက္တယ္ဆိုတာမ်ိဳး မ႐ွိသင့္ဘူး မဟုတ္လား "

ထယ္ထယ္က သူ႕စကားကို ခဏရပ္ထားျပန္တယ္။ သူ႕စကားအသြားအလာေၾကာင့္ ကြၽန္ေတာ္႕မွာ စိတ္လႈပ္႐ွားျခင္းအျပည့္နဲ႔ ရင္ခုန္ေနမိတာ ေျပာမျပတတ္ေအာင္ပါပဲ။ ကြၽန္ေတာ္ ေမွ်ာ္လင့္ထားသလိုမ်ိဳး သူကြၽန္ေတာ္႕ကို....။

" ဒီစကားကို မင္းသိပ္ၾကားခ်င္ေနမယ္ဆိုတာ ငါသိပါတယ္။ ငါအခု အဲ့ဒီအရာကို ေျပာေတာ့မယ္။ ေဂ်ာင္ဂု.. ငါ..မင္းကို "

ထယ္ေယာင္းက ကြၽန္ေတာ္႕နားကို ေျခႏွစ္လွမ္းထပ္တိုးလာၿပီး ကြၽန္ေတာ္႕နား႐ြက္နားကပ္ရင္း သူ႕စကားကိုဆက္ေျပာလာတယ္။ ငါ...မင္းကို...ဆိုတဲ့ ဒီစကားလုံးရဲ႕ေနာက္မွာ ကြၽန္ေတာ္႕နားထဲကို ေကာင္းကင္ဘုံစည္းစိမ္မ်ိဳး ခံစားရေစမယ့္ စကားလုံးေတြ တလိမ့္လိမ့္ဝင္ေရာက္လာခဲ့တယ္။

ကြၽန္ေတာ္ ဝမ္းသာလြန္းလို႔ သူ႕ကို တအံ့တၾသၾကည့္မိေတာ့ ထယ္ထယ္က ႐ွက္ေသြးျဖာရင္း မ်က္ႏွာေလးပန္းေရာင္သန္းလို႔။ အခ်ိန္ကိုက္စြာ တိုက္ခတ္လာတဲ့ ပင္လယ္ေလေျပေလးရယ္ ရင္ခုန္သံပိုျမန္ေစမယ့္ လႈိင္းပုတ္သံေလးရယ္ေၾကာင့္ ကြၽန္ေတာ္ ထယ္ထယ့္ကို ရင္ခြင္ထဲဆြဲေပြ႕ထားလိုက္ၿပီး ရင္ခုန္သံေတြ ဖလွယ္ေနမိတာ ေလာကႀကီးကို ေမ့သြားတဲ့အထိပါပဲ။

" ေက်းဇူးပါပဲ ထယ္ထယ္။ ငါမင္းဆီက ဒီစကားကို တစ္သက္လုံး မၾကားရေတာ့ဘူး ထင္ေနတာ။ တကယ္ ေက်းဇူးတင္ပါတယ္ ထယ္ထယ္ရယ္။ ငါ့ကိုေ႐ြးခ်ယ္တဲ့အတြက္ မင္းတစ္ဘဝလုံး ေနာင္တမရေစရပါဘူး "

ကြၽန္ေတာ္ ထယ္ထယ့္ကို ရင္ခြင္ထဲက မသိမသာျပန္ထုတ္ရင္း သူ႕မ်က္ႏွာလွလွေလးကို တစ္ဖန္ျပန္ေငးၾကည့္တယ္။ လေရာင္ေအာက္မွာေတာင္ ႐ႊန္းစိုေနဆဲသူ႕ႏႈတ္ခမ္းေလးေတြက ကြၽန္ေတာ္႕ရင္ခုန္သံကို ပိုျမန္လာေစပါတယ္။ ရင္ခုန္သံရဲ႕ ေခၚေဆာင္ရာအတိုင္း သူ႕ႏႈတ္ခမ္းေတြကို နမ္း႐ိႈက္ေမႊးၾကဴဖို႔ ႀကိဳးစားေတာ့ အလိုက္သင့္ကေလး မ်က္လုံးမွိတ္ေပးလာတဲ့သူ႕ေၾကာင့္ ကြၽန္ေတာ္ေ႐ွ႕ဆက္ရဲခဲ့တယ္။

ေႏြရာသီရဲ႕ ခပ္ေႏြးေႏြးအပူခ်ိန္ေအာက္ ပူေႏြးစြတ္စိုတဲ့ ႏႈတ္ခမ္းႏွစ္လႊာ၏ အႏူးညံ့ဆုံးထိေတြ႕မႈက ကြၽန္ေတာ္႕ကို သာယာယစ္မူးေစခဲ့တယ္။ ကမ႓ာေပၚက အေကာင္းဆုံးဆိုတဲ့ ႏွစ္ခ်ိဳ႕ဝိုင္ေတြထက္ သူ႕ႏႈတ္ခမ္းႏွစ္လႊာက ကြၽန္ေတာ္႕ကို ပိုယစ္မူးေစသလိုပါပဲ။ ဒီႏႈတ္ခမ္းလႊာေတြတင္မက သူ႕ရဲ႕အရာအရာတိုင္းက ကြၽန္ေတာ္႕ကို ထာဝရ ယစ္မူးေပ်ာ္ဝင္ေစမွာ အမွန္ပါပဲ။

ကြၽန္ေတာ္႕ႏွစ္ေယာက္ရဲ႕ သာသာယာယာ အခ်စ္ပုံျပင္ေလးမွာေတာ့ ကြၽန္ေတာ္႕ႏွလုံးသားက သူ႕အခ်စ္ေတြေအာက္မွာ ယစ္မူးေပ်ာ္ဝင္သြားခဲ့ပါၿပီ။

THE END
Love Scenerio©2021
15 Oct 2021,11:10 PM

Author Note: ငါမင္းကို ခ်စ္တယ္။ ငါလည္း မင္းကို ခ်စ္ပါတယ္ ဆိုတာမ်ိဳးက ႐ိုးလြန္းရာေရာက္လို႔ နည္းနည္း ကလိကလိျဖစ္မယ့္ပုံစံကို ေ႐ြးလိုက္ပါတယ္။ ဇာတ္သိမ္းၿပီမို႔ Voteအေႂကြးတင္ေနတဲ့ သူေတြလည္း Voteေပးသြားဖို႔ မေမ့ၾကပါနဲ႔ဦး။ လိုအပ္ခ်က္ေတြ႐ွိလို႔ ဖတ္လို႔မေကာင္းခဲ့ရင္လည္း ေတာင္းပန္ပါတယ္လို႔။ အားလုံးပဲ က်န္းမာေရး ဂ႐ုစိုက္ၾကပါ။

Continue Reading

You'll Also Like

543K 31.9K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
5.6M 292K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
100K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
138K 16.4K 11
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."