မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.7K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း

1.2K 293 8
By Sebastiann048

((Zawgyi))

အပိုင္း (၂၈)
နဂါးျပာကုန္သြယ္ေရးလုပ္ငန္း

💊💊💊
နဂါးျပာကုန္သြယ္ေရးလုပ္ငန္း၊ အတြင္းခန္းေဆာင္တြင္ျဖစ္သည္။

ကိုယ္လုံးကိုယ္ေပါက္လွပ၍ က်က္သေရရွိလွေသာ အမ်ိဳးသမီးတစ္ေယာက္သည္ လက္ထဲတြင္ စာရင္းစာအုပ္တစ္အုပ္ကို ကိုင္ထားသည္။ သူမက မ်က္ခုံးမ်ားကို အသာပင့္လိုက္ကာဆိုသည္။

"တာဝန္ခံခ်န္၊ ခုတေလာ ဟိုလူ ထပ္လာေသးလား?"

သူမ၏ မ်က္ႏွာခ်င္းဆိုင္ရွိ သက္လတ္ပိုင္းအ႐ြယ္ ခပ္ဝဝ တာဝန္ခံလူႀကီးက သူမကို ဦးၫြတ္လိုက္ကာ ရိုရိုေသေသ ျပန္လည္ေျဖၾကားလိုက္သည္။

"ဟုတ္ကဲ့ တာဝန္ခံမႉးခ်င္"

တာဝန္ခံမႉးခ်င္၏ လွပေသာမ်က္ဝန္းမ်ားက အေရာင္လက္သြားကာ:

"ဒါဆို အေရအတြက္ကေရာ?"

တာဝန္ခံခ်န္က ျပန္ေျဖလိုက္သည္။

"အရည္အေသြးနိမ့္တာေတြက အေရအတြက္ပိုနည္းလာၿပီး အရည္အေသြးေကာင္းတာေတြက​ အေရအတြက္ ပိုမ်ားလာပါတယ္"

သူက ခဏစဥ္းစားလိုက္ၿပီးေနာက္ ခပ္တိုးတိုး ထပ္ေျပာလိုက္သည္။

"ကြၽန္ေတာ္တို႔ နည္းလမ္းတစ္ခုခု သုံးၿပီး လိုက္ရွာၾကည့္ရမလား--"

တာဝန္ခံမႉးခ်င္ သည္ သူမ၏ ေက်ာက္စိမ္းကဲ့သို႔ သြယ္လ်လ် လက္ေခ်ာင္းေလးမ်ားျဖင့္ စာရင္းစာအုပ္ကို လ်န္ေလ်ာကာ စဥ္းစားေနၿပီးေနာက္ ေနာက္ဆုံးတြင္ ေခါင္းခါျပလိုက္သည္။

"အဲ့ဒီလူရဲ႕ေနာက္မွာ အရမ္းကို ထူးခြၽန္တဲ့ ေဆးဆရာတစ္ေယာက္ ေသခ်ာေပါက္ရွိလိမ့္မယ္။ ၿပီးေတာ့ သူတို႔က ဘယ္သူဘယ္ဝါဆိုတာကို ကြယ္ဝွက္ထားပုံေထာက္ရင္ အရႈပ္အရွင္း ကင္းကင္းေနခ်င္ပုံရတယ္။ သူတို႔က ငါတို႔ရဲ႕ နဂါးျပာကုန္သြယ္ေရးလုပ္ငန္းကို ေ႐ြးခ်ယ္တယ္ဆိုမွေတာ့ ဒါ ငါတို႔အေပၚ ယုံၾကည္ၿပီး ငါတို႔ရဲ႕ ခြန္အားအေပၚ အသိအမွတ္ျပဳတာပ​ဲ။ တကယ္လို႔ ငါတို႔က ေနာက္ေယာင္ခံလိုက္ရင္ သူတို႔ကို တျခားေနရာဆီ တြန္းပို႔သလိုျဖစ္သြားလိမ့္မယ္......ငါတို႔ နဂါးျပာကုန္သြယ္ေရးလုပ္ငန္းက ဘယ္လို စိန္ေခၚမႈမ်ိဳးကိုမွ မေၾကာက္ဘူး။ ဒါေပမယ့္ အဲ့လို အရည္အခ်င္းရွိတဲ့ ေဆးဆရာကိုေတာ့ ငါတို႔ လုံးဝ အျပစ္ျပဳမိလို႔ မျဖစ္ဘူး"

တာဝန္ခံခ်န္သည္ စိတ္ရင္းျဖင့္ သေဘာတူေထာက္ခံလိုက္၏။

"တာဝန္ခံမႉးခ်င္ ေျပာတာ တရားနည္းလမ္းက်ပါတယ္။ ဒီ 'ခ်န္' နားလည္ပါၿပီ"

တာဝန္ခံမႉးခ်င္ သည္ ထိုကိစၥကို ေခတၱ စဥ္းစားၿပီးေနာက္ သူမ၏ ပါးစပ္ကို ဖြင့္ဟလိုက္သည္။

"အဲ့ဒီလူ ထပ္လာရင္ သူ႕ဆီက အေကာင္းဆုံးပစၥည္းေတြကို ခ်န္ထားၿပီး ေနာက္တစ္ခါေလလံပြဲမွာ တင္ေရာင္းရမယ္။ အဲ့ဒါကို လူေတြအမ်ားႀကီးစိတ္ဝင္စားၾကမယ္ဆိုတာ ငါ ေသခ်ာေပါက္ ယုံၾကည္တယ္။  ကိုယ့္ကံကိုယ္ယုံၿပီး အတင့္ရဲခ်င္တဲ့သူေတြကေတာ့ ငါတို႔နဲ႕ ဘာမွမဆိုင္ဘူး -- တကယ္လို႔ အဲ့ဒီေဆးဆရာမွာ ျပႆနာ တစ္ခုခု ႀကဳံခဲ့ရင္ ငါတို႔ နဂါးျပာကုန္သြယ္ေရးလုပ္ငန္းက ေသခ်ာေပါက္ ကူညီေပးဖို႔ အဆင္သင့္ပဲ"

တာဝန္ခံခ်န္ သည္ ဆိုလိုရင္းကို သေဘာေပါက္ နားလည္ေသာေၾကာင့္ ဘာမွထပ္မေျပာဘဲ အခန္းထဲမွ ျဖည္းညင္းစြာ ထြက္ခြာသြားေတာ့သည္။

သိပ္မၾကာခင္တုန္းက နဂါးျပာကုန္သြယ္ေရးလုပ္ငန္းသည္ ထူးဆန္းေသာလူတစ္ေယာက္ႏွင့္ေတြ႕ဆုံခဲ့သည္။ သို႔ေသာ္ ထိုထူးဆန္းေသာလူသည္ တုန္လႈပ္ေျခာက္ျခားစရာေကာင္းသည့္ စီးပြားေရးကိစၥႀကီးတစ္ခုကို ေဆာင္က်ဥ္းလာခဲ့သည္။

ထိုထူးဆန္းေသာလူသည္ အရပ္ရွည္ရွည္ႏွင့္ သိုင္းပညာရွင္တစ္ေယာက္ဟု ခန့္မွန္းရသည္။ ထိုလူသည္ သူ၏ ေခါင္းအစေျခအဆုံး အမဲေရာင္ဝတ္႐ုံႀကီးျဖင့္ ဖုံးအုပ္ထားသျဖင့္ မိမိ၏ သ႐ုပ္အမွန္ကို မေဖာ္ျပခ်င္မွန္း သိသာလွသည္။  ထိုလူက ဝင္လာသည္ႏွင့္ လက္ေမာင္းခန့္အလ်ားရွိသည့္ ေက်ာက္စိမ္းေဆးဗူးတစ္ခုကို ထုတ္လာၿပီး ထိုဗူးအတြင္း၌ ေဆးဖက္ဝင္ ေဆးလုံးမ်ားအျပည့္ပါရွိသည္။

ေဆးဆရာတို႔သည္ အမ်ားအားျဖင့္ မိမိတို႔ကိုယ္ပိုင္ လုပ္ငန္းမ်ားရွိေနျခင္း သို႔တည္းမဟုတ္ အိမ္ေတာ္မ်ားမွ ေထာက္ပ့ံေပးထားျခင္းမ်ိဳးရွိသည့္အတြက္ ေတာ္႐ုံႏွင့္ အမ်ားေရွ႕၌ လူလုံးထြက္ျပေလ့မရွိေပ။ သို႔ေသာ္ တခ်ိဳ႕ထူးခြၽန္သည့္ တစ္ကိုယ္ေတာ္ ေဆးဆရာမ်ားကေတာ့ ထြက္ေပၚလာတတ္ၿပီး သူတို႔က ေဆးဝါးမ်ား ထပ္မံေဖာ္စပ္သည့္အခါ လိုအပ္မည့္ ေဆးအမယ္မ်ားကို ဝယ္ယူနိုင္ရန္အတြက္ မိမိ ေဖာ္စပ္ထားေသာ ေဆးလုံးမ်ားကို ကုန္သြယ္ေရးလုပ္ငန္းမ်ားထံသို႔ လာေရာက္ေရာင္းခ်တတ္ၾကသည္။ ထို႔အျပင္ လုပ္ငန္းႀကီးႀကီးေသးေသး၊ ဆိုင္ငယ္ေလးမ်ားပင္ျဖစ္ပါေစ သူတို႔အားလုံးသည္ ထိုေဆးလုံးမ်ားကို လိုလိုလားလားႏွင့္ ဝယ္ယူၾကေလသည္။ ဤကဲ့သို႔ ျပဳလုပ္ျခင္းကား ေဆးလုံးမ်ားမွာ အၿမဲလိုလို ရွားပါးပစၥည္းျဖစ္ေနသည့္အျပင္ သူတို႔အားလုံးက ေဆးဝါးေဖာ္စပ္သန့္စင္သူ ေဆးဆရာမ်ားႏွင့္ ရင္းႏွီးခင္မင္သည့္ ဆက္ဆံေရးမ်ိဳးကိုလည္း လိုလားၾကေသာေၾကာင့္ ျဖစ္သည္။

ထို္ေၾကာင့္ တစ္ႀကိမ္တည္းႏွင့္ ဒီေလာက္မ်ားျပားေသာ ေဆးလုံးမ်ားကို ယူလာနိုင္သည့္လူမ်ိဳးကား အလြန္ရွားပါးသည္မွန္ေသာ္လည္း လုံးဝမရွိျခင္းေတာ့ မဟုတ္ေပ။

တာဝန္ခံခ်န္ သည္ ထိုဝတ္႐ုံနက္ ဝတ္ဆင္ထားေသာလူကို အလြန္ယဥ္ေက်းပ်ဴငွာစြာ လက္ခံခရီးဦးႀကိဳျပဳေလသည္။ သို႔ေသာ္ တာဝန္ခံခ်န္ ကိုယ္တိုင္ မေမွ်ာ္လင့္မိသည္က ဒီတစ္ခါ သူေတြ႕ရေသာ ေဆးလုံးမ်ား အားလုံးသည္ ခ်ီအားျဖည့္ေဆးလုံးမ်ားျဖစ္ေသာ္လည္း သူအရင္ျမင္ဖူးေသာ ေဆးလုံးမ်ားထက္ အရည္အေသြး ပိုမိုေကာင္းမြန္ေနၾကျခင္းပင္!

-- မဟုတ္ေသး။ ဒီလိုေျပာလို႔ေတာ့ အလုံးစုံ ျပည့္စုံကုံလုံသည့္ဟုမဆိုသာေပ။

ေျပာသင့္သည္က ထိုဝတ္႐ုံနက္ ဝတ္ဆင္ထားသည့္ သိုင္းပညာရွင္သည္ ေက်ာက္စိမ္းပုလင္း (၂)လုံးကို ယူလာခဲ့သည္။ ပထမပုလင္းထဲတြင္ ခ်ီအားျဖည့္ေဆးလုံး အလုံး (၃၀၀) ပါရွိၿပီး ထိုေဆးလုံးအားလုံးသည္ ေစ်းကြက္ထဲတြင္ ေရာင္းခ်ေနသည့္ ေဆးလုံးမ်ားထက္ အာနိသင္ (၃)ဆ ပိုမိုေကာင္းမြန္ေလသည္။ ထို႔အျပင္ ဒုတိယပုလင္းထဲမွာေတာ့ ခ်ီအားျဖည့္ေဆးလုံး အလုံး (၁၀၀) ပါရွိၿပီး ထိုေဆးလုံးမ်ား၏ အာနိသင္က (၁၀)ဆ ပိုမိုေကာင္းမြန္ေလသည္!

ေသခ်ာေပါက္ပင္။ ထိုလူသည္ သူ၏ ခ်ီအားျဖည့္ ေဆးလုံးမ်ားကို သူတို႔ကုန္သြယ္ေရးလုပ္ငန္းထံသို႔ ပုံမွန္ေစ်း၏ သုံးဆႏွင့္ ဆယ္ဆႏႈန္းျဖင့္ အသီသီးေရာင္းခ်​​ခဲ့သည္။

သို႔ေသာ္ ေဆးလုံးမ်ား၏ တန္ဖိုးကား ဤမွ်မကပင္!

ေဆးလုံးမ်ားက ခ်ီအားျဖည့္ေဆးလုံးခ်င္းအတူတူပင္ျဖစ္ေသာ္လည္း ၄င္းတို႔၏ အက်ိဳးအာနိသင္က အလြန္ကြာျခားလွသည္။ ထို႔အေၾကာင္းေၾကာင့္ပင္ အေတြ႕အႀကဳံရွိလွသည့္ တာဝန္ခံခ်န္တစ္ေယာက္ ခန့္မွန္းမိသည္က ဤေဆးလုံးမ်ားကို ေဖာ္စပ္သူေဆးဆရာသည္ အလြန္စြမ္းအားႀကီးမားၿပီး ထူးခြၽန္သူျဖစ္ရမည္။ ထိုလူက သူ၏ ခ်ီအားျဖည့္ေဆးလုံးမ်ား ေဖာ္စပ္သန့္စင္သည့္နည္းလမ္းကို တိုးတက္လာေအာင္ ေလ့က်င့္ေနဆဲအခ်ိန္ျဖစ္သည့္အတြက္ သူ၏ ေဆးလုံးအထြက္ႏႈန္းရလဒ္မ်ားက ဤကဲ့သို႔ကြဲျပားေနျခင္း ျဖစ္နိုင္သည္။

ေနာက္ပိုင္း အျဖစ္အပ်က္မ်ားက သူ၏ မွန္းဆခ်က္ကို အနည္းငယ္ သက္ေသထူနိုင္ခဲ့သည္။

ႏွစ္ရက္ သုံးရက္ခန့္ၾကာတိုင္း အမဲေရာင္ဝတ္႐ုံၿခဳံထားသည့္ သိုင္းပညာရွင္တစ္ဦးက ေဆးလုံးမ်ားကို လာေရာက္ပို႔ေဆာင္ေပးေလ့ရွိသည္။ တာဝန္ခံခ်န္၏ စူးရွေသာ အျမင္အာ႐ုံအရ ထိုလူအားလုံးသည္ အမဲေရာင္ ဝတ္႐ုံၿခဳံ၍ ႐ုပ္ဖ်က္လာသူမ်ားသာျဖစ္ၿပီး ေသခ်ာေပါက္ လူတစ္ဦးတည္း မဟုတ္ေပ။ ထို႔အျပင္ သူတို႔ယူလာေသာ ခ်ီအားျဖည့္ေဆးလုံးမ်ားသည္ အာနိသင္နည္းသည့္ေဆးလုံးမ်ားက ပိုမိုနည္းပါးလာကာ အာနိသင္ ဆယ္ဆစြမ္းေသာ ေဆးလုံးမ်ားက ပိုမိုမ်ားျပားလာသည္။

ထိုအရာက ျပႆနာအမ်ားစု၏ အေျဖကို ေျဖရွင္းေပးၿပီးသား ျဖစ္သြားေတာ့သည္။

တာဝန္ခံခ်န္သည္ ဤကဲ့သို႔ကိစၥႀကီးကို မိမိဘာသာမိမိ မဆုံးျဖတ္ဝံ့ေပ။ သူက ဤအေၾကာင္းကို အထက္ကို ခ်က္ခ်င္းတင္​ျပၿပီးေနာက္ လွပေခ်ာေမာသည့္ ထိုအမ်ိဳးသမီး ေရာက္ရွိလာျခင္းျဖစ္သည္။ သူမကား တာဝန္ခံမႉး ခ်င္ ျဖစ္ၿပီး ဤကိစၥကို ကိုင္တြယ္ဖို႔ အထက္က ေစလႊတ္ျခင္းခံရသူျဖစ္သည္။

တာဝန္ခံမႉး ခ်င္ သည္ သာမာန္ေခသူတစ္ေယာက္ေတာ့မဟုတ္​ေပ။ သူမက လုပ္ရည္ကိုင္ရည္ ထူးကဲသာလြန္သည့္အျပင္ ဤနဂါးျပာကုန္သြယ္ေရးလုပ္ငန္း၏ ပိုင္ရွင္လည္းျဖစ္သည္။ - သူမသည္ အင္ပါယာ၏ ဘုရင္ငယ္ ခ်န္းဟယ္၏ အယုံၾကည္ရဆုံး ကိုယ္လုပ္ေတာ္မိဘုရားတစ္ပါးျဖစ္သည္။

(T/N - ဘုရင္ငယ္ဆိုတဲ့ အသုံးက ေနာက္ပိုင္းမွာလည္း ပါလာမွာပါ။ သူက ဧကရာဇ္မင္းႀကီး မဟုတ္ပါဘူး။ ဧကရာဇ္မင္းရ​ဲ့ေအာက္ တစ္ဆင့္နိမ့္တဲ့ စြမ္းအားအႀကီးဆုံး ဘုရင့္မ်ိဳးႏြယ္ မင္းသားတစ္ပါးျဖစ္ပါတယ္။ သူက ဘုရင္ျဖစ္မယ့္သူမဟုတ္ပါဘူး။ ဘုရင့္ကိုယ္စား တခ်ိဳ႕ကိစၥေတြကို ကိုင္တြယ္ေျဖရွင္းရတဲ့ ဘုရင့္ေဆြမ်ိဳးေတာ္ျဖစ္ပါတယ္)

နဂါးျပာကုန္သြယ္ေရးလုပ္ငန္းသည္ ခ်န္းယြင္အင္ပါယာ ေတာ္ဝင္မိသားစု၏ စီးပြားေရးလုပ္ငန္း ပိုင္ဆိုင္မႈတစ္ခုျဖစ္သည္။ ထိုလုပ္ငန္းအစဥ္အဆက္ကို အင္ပါယာ၏ ဘုရင္ငယ္က ကိုင္တြယ္ထိန္းခ်ဳပ္ထားၿပီး ထိုအင္ပါယာဘုရင္ငယ္ ဘြဲ႕ဂုဏ္ပုဒ္သည္ လက္လြတ္စပယ္ အပ္ႏွင္းခံရေသာ ဘြဲ႕ဂုဏ္ပုဒ္တစ္ခုမဟုတ္ပါေခ်။ ထိုဘြဲ႕ဂုဏ္ပုဒ္သည္ ေတာ္ဝင္မိသားစု အစဥ္အဆက္မွ အင္အားအႀကီးမားဆုံးႏွင့္ ပါရမီအရွိဆုံး သူမ်ားကိုသာ ခ်ီးျမႇင့္ေသာ ဘြဲ႕ေတာ္ျဖစ္ေလသည္။

ထို႔ေၾကာင့္ ဤကုန္သြယ္ေရးလုပ္ငန္းႀကီး၏ ေနာက္ခံႏွင့္ အဆင့္အတန္းျမင့္မားမႈကို အလြယ္တကူပင္ သိရွိနိုင္ေပသည္။

သို႔ေသာ္ ဤသို႔ဆိုေစကာမူ တျခားေသာစီးပြားေရးလုပ္ငန္းမ်ားက သူတို႔ နဂါးျပာကုန္သြယ္ေရးလုပ္ငန္းကို မယွဥ္နိုင္ၾကျခင္းေတာ့ ေသခ်ာေပါက္ မဟုတ္ေပ။

အင္ပါယာၿမိဳ႕ေတာ္၏ အိမ္ေတာ္ႀကီး (၅)ခု၌လည္း ၄င္းတို႔ကိုယ္ပိုင္ ကုန္သြယ္ေရးလုပ္ငန္းမ်ား အသီးသီးပိုင္ဆိုင္ၾကၿပီး ထိုလုပ္ငန္းမ်ားကား အင္ပါယာႀကီးတစ္ခုလုံးအႏွံ႕ အညီအမွ် ျဖန့္က်က္ထားၿပီးသားျဖစ္သည္။ ၄င္းတို႔သည္ နဂါးျပာကုန္သြယ္ေရးလုပ္ငန္းႏွင့္ ယွဥ္လွ်င္ အနည္းငယ္ နိမ့္က်ေန႐ုံသာျဖစ္သည္။

ထို႔ေၾကာင့္ တာဝန္ခံမႉး ခ်င္ သည္ အလြန္အေျမာ္အျမင္ရွိသူပီပီ လ်င္ျမန္စြာ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ တာဝန္ခံ ခ်န္သည္လည္း စိတ္ထဲတြင္ ခ်က္ခ်င္းပင္ အစီအစဥ္မ်ား ေရးဆြဲကာ အမ်ိဳးမ်ိဳးေသာ နည္းလမ္းမ်ားကို စဥ္းစားေတြးေတာလိုက္သည္။

ေနာက္လဝက္အၾကာတြင္ ႀကီးမားလွေသာ ေလလံပြဲႀကီးတစ္ခုကို က်င္းပမည္ ျဖစ္သည္!

ဤသည္မွာ စုေဆာင္းထားသည့္ တန္ဖိုးႀကီးပစၥည္းမ်ားစြာကို ရွင္းထုတ္ရမည့္ အခ်ိန္ေကာင္းျဖစ္သလို အသစ္ေရာက္ရွိလာေသာ အႏွီခ်ီအားျဖည့္ေဆးလုံးမ်ားကိုလည္း ထုတ္ျပ မိတ္ဆက္ရေပမည္။

💊💊💊

ကုက်ိဳးသည္ သူ၏ စိတ္အာ႐ုံအားလုံးကို လက္စည္းတံဆိပ္တစ္ခုခ်င္းစီ ျပဳလုပ္ရာတြင္ အာ႐ုံစူးစိုက္ထားသည္။ ေနာက္ဆုံးတြင္ သူက လက္​ေျမႇာက္္လိုက္သည့္အခါ ခ်ီအားျဖည့္ေဆးလုံး (၄၈)လုံးအျပည့္က သူထံသို႔ အျပည့္အဝ ေရာက္ရွိလာသည္!

ခ်ီအားျဖည့္ေဆးလုံးမ်ား၏ အျပင္ပန္း အသြင္အျပင္မ်ားသည္ အားလုံးအတူတူျဖစ္ၿပီး ၄င္းတို႔၏ အေရာင္အေသြးသည္လည္း ျပည့္ဝ ႐ႊန္းစိုေနသည္။ ခ်ိဳခ်ိဳေမႊးေမႊးသင္းရနံ႕ေလးကလည္း ႏွာဖ်ားထိပ္သို႔ လာေရာက္ရိုက္ခတ္ေနေပ၏။ ထို႔ေဆးလုံးမ်ားက ေသခ်ာေပါက္ ထိပ္ဆုံးအဆင့္ ခ်ီအားျဖည့္ေဆးလုံးမ်ားပင္ျဖစ္သည္။

ဒီရက္ပိုင္းအတြင္း၌ ကုက်ိဳး၏ ေဆးဝါးသန့္စင္ျခင္း အတတ္ပညာက လ်င္ျမန္စြာ ထပ္မံတိုးတက္လာခဲ့ျပန္သည္။

သူသည္ အစပိုင္းတြင္ ေဆးအမယ္ (၂)စည္းစာႏွင့္ ေဆးႀကိဳအိုးအလတ္စားကို အသုံးျပဳခဲ့ၿပီး အသြင္အျပင္ အဆင့္အမ်ိဳးမ်ိဳးရွိသည့္ ေဆးလုံးမ်ားကို သန့္စင္နိုင္ခဲ့သည္။ တစ္ခါတစ္ရံ သူ၏ ေဆးရည္လုံး တစ္ခုစ ႏွစ္ခုစသည္လည္း ေဆးဝါးသန့္စင္ေနစဥ္ အလဟႆ ပ်က္စီးသြားေသးသည္။ သို႔ေသာ္ သိိပ္မၾကာခင္မွာ သူ၏ ေဆးရည္လုံးအားလုံးက ေဆးလုံးေလးမ်ားအျဖစ္ ေအာင္ျမင္လာခ​ဲ့သည္။ ေဆးလုံးမ်ား၏ အသြင္အျပင္ကလည္း တစ္ခုထက္တစ္ခု ပိုမိုေကာင္းမြန္လာၿပီး ထိပ္ဆုံးအဆင့္ ေဆးလုံးမ်ား အထြက္ႏႈန္းကလည္း တစ္ရာရာခိုင္ႏႈန္းအထိ ျမင့္တက္လာသည္!

သို႔ေသာ္ ကုက်ိဳးတစ္ေယာက္ မေက်နပ္နိုင္ေသးေပ။

သူသည္ က်င့္ႀကံေရးနည္းလမ္းကို ေန႕စဥ္ေန႕တိုင္း မဆုတ္မနစ္ႀကိဳးစား ေလ့က်င့္မႈေၾကာင့္ သူ၏ စိတ္စြမ္းအားႀကီးမားလာမႈမွာ သာမာန္မ်က္စိႏွင့္ပင္ သိရွိနိုင္ေပသည္။ သိပ္မၾကာခင္မွာပင္ သူသည္ ေဆးႀကိဳအိုးအလတ္စားျဖင့္ အသုံးျပဳရသည္ကို က်င့္သားရလာသည္။ အရင္လိုမ်ိဳး ဆက္လက္သန့္စင္ရာတြင္ အားအင္ကုန္ခန္းၿပီး ႐ုန္းကန္ရသည့္ ခံစားခ်က္မ်ိဳးလည္း လုံးဝ မခံစားရေတာ့ေပ။

ထို႔ေနာက္ သူသည္ ေဆးႀကိဳးအိုးႀကီးကို အစားထိုးအသုံးျပဳရန္ ဆုံးျဖတ္လိုက္ၿပီး တစ္ႀကိမ္လွ်င္ ေဆးအမယ္ (၃)စည္းကို ပစ္ထည့္သန့္စင္လိုက္သည္။

ထုံးစံအတိုင္း ဤကဲ့သို႔ လုပ္ပုံလုပ္နည္းက ပိုမိုႀကီးမားသည့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုရသလို သူ႕အတြက္လည္း စိန္​ေခၚမႈတစ္ရပ္ကဲ့သို႔ပင္ ျဖစ္သည္။

အခုေတာ့ ကုက်ိဳးသည္ ေဆးႀကိဳအိုးႀကီးကို လြယ္လြယ္ကူကူ အသုံးျပဳနိုင္ၿပီး ေဆးအမယ္ (၃)စည္းကို တစ္ၿပိဳင္နက္တည္း သန့္စင္ေဖာ္စပ္နိုင္ေနၿပီျဖစ္သည္။ သူ၏ လုပ္ေဆာင္ခ်က္မ်ားက တိက်ေသခ်ာကာ ရရွိလာေသာ ခ်ီအားျဖည့္ေဆးလုံးတစ္ခုခ်င္းစီတိုင္းကလည္း အျပစ္အနာအဆာကင္းသည့္ ထိပ္ဆုံးအဆင့္ ေဆးလုံးမ်ားျဖစ္ၾကသည္။

သူသည္ မီးလွ်ံမ်ားကိုလည္း ပိုမိုကြၽမ္းက်င္စြာ ထိန္းညွိလာနိုင္ၿပီ​း သူက ထိပ္ဆုံးအဆင့္ ေဆးလုံးမ်ားရရွိလိုလွ်င္ ထိပ္ဆုံးအဆင့္ေဆးလုံးမ်ားကို သန့္စင္ေပးနိုင္ၿပီး အလတ္စားမွ အျမင့္စားေဆးလုံးမ်ားကို ရရွိလိုလွ်င္ အလတ္စားမွ အျမင္စားေဆးလုံးမ်ားကို သန့္စင္ထုတ္လုပ္ေပးနိုင္ေလသည္။

အနိမ့္စားေဆးလုံးမ်ားကေတာ့..... ကုက်ိဳး ႀကိဳးစားျပဳလုပ္ၾကည့္ဖူးသည္။ သို႔ေသာ္ ရလဒ္က အလြန္တရာမွ အၾကည့္ရဆိုးလွေပသည္။ သူသည္ ေဆးဝါးသန့္စင္သည့္ အတတ္ပညာႏွင့္ပတ္သတ္လာလွ်င္ စိတ္ထဲတြင္ ဂုဏ္ယူဝံ့ႂကြားမႈေလး အနည္းငယ္ေတာ့ရွိေပသည္။ ထို႔ေၾကာင့္ သူ႕အေနႏွင့္ ဤသို႔ အဆင့္နိမ့္သည့္ေဆးလုံးမ်ားကိုေတာ့ မျပဳလုပ္လိုေပ။

သူ၏ ခ်စ္လွစြာေသာ ေထာက္ပံ့သူ၏ ေတာင္းဆိုခ်က္အရ ကုက်ိဳးသည္ ေန႕တိုင္း ေဆးႀကိဳအိုး (၃)အိုးစာ အဆင့္​ျမင့္ေဆးလုံးမ်ားႏွင့္ ေဆးႀကိဳအိုးတစ္အိုးစာ အလတ္စားေဆးလုံးမ်ားကို ေဖာ္စပ္သန့္စင္ၿပီး က်န္တာကိုေတာ့ သူႀကိဳက္ႏွစ္သက္ရာ အဆင့္ရွိသည့္ ေဆးလုံးမ်ားကို ေဖာ္စပ္သန့္စင္သည္။

ကံေကာင္းသည္က ကုက်ိဳးသာ သင့္ေတာ္ေသာ ထိန္းခ်ဳပ္မႈျပဳလုပ္နိုင္ပါက သူသည္ ေဆးဖက္ဝင္ခ်ီစြမ္းအင္ မ်ားစြာကို အခက္အခဲမရွိ ရရွိနိုင္​ေလသည္။

ကုက်ိဳးသည္ ေဆးႀကိဳအိုးတစ္အိုးစာ ေဆးဝါးသန့္စင္ၿပီးသည့္ေနာက္ ေဆးလုံးထည့္သည့္ ဘူးသီးေျခာက္ဗူးေလးကို လႈပ္ခါၾကည့္လိုက္သည္။ ထိုအခါ ဗူးေလးထဲတြင္ ေဆးလုံးမ်ားအျပည့္ျဖစ္ေနသည္ကို ေတြ႕ေတာ့ ခ်က္ခ်င္း မတ္တပ္ရပ္လိုက္ကာ လွ်ို႔ဝွက္ခန္းအျပင္သို႔ ထြက္ခဲ့သည္။

လုံရိႏွင့္ လုံအာ့သည္ အလြန္သစၥာရွိသူမ်ား ျဖစ္ၾကသည္။ သို႔ေသာ္ ကုက်ိဳးက ေဆးဝါးသန့္စင္ၿပီးသည့္အခါတိုင္း ေဆးလုံးမ်ားကို သူ၏ ေထာက္ပံ့သူ လက္ထဲသို႔ ကိုယ္တိုင္ကိုယ္က် သြားေရာက္ ပို႔ေဆာင္ေပးေလ့ရွိသည္။

ကုက်ိဳးသည္ လက္ထဲတြင္ ဗူးသီးေျခာက္ပုလင္းေလးကို ကိုင္လာသည္။ သို႔ေသာ္ သူ၏ ေထာက္ပံ့သူကို စာၾကည့္ခန္းထဲတြင္ မေတြ႕ရေပ။

သူက ခဏစဥ္းစားလိုက္ၿပီးေနာက္ အျပင္သို႔ ထြက္လိုက္သည္။....

ဒီအခ်ိန္ေလာက္ဆို၊ ေထာက္ပ့ံသူရွိေနမယ့္ေနရာက......

လူသူကင္းမဲ့ကာ က်ယ္ဝန္းလွသည့္ ၿခံဝန္းထဲရွိ စိမ္းလန္းစိုေျပသည့္ သစ္ပင္ႀကီးတစ္ပင္ေအာက္တြင္ ကိုယ္က်ပ္ဝတ္စုံ ဝတ္ဆင္ထားသည္​့ ေခ်ာေမာခန့္ညားေသာ လူငယ္ေလးတစ္ဦးသည္ ျမင္းစီးထိုင္ အေနအထားျဖင့္ ေျခေထာက္ႏွစ္ေခ်ာင္းခြဲလ်က္ ခပ္ျဖည္းျဖည္းခ်င္း လက္ေဝွ႕ထိုးေလ့က်င့္ေနသည္။

(T/N - ျမင္းစီးထိုင္ဆိုတာကို သိုင္းကားေတြထဲမွာ ျမင္ေနက်ဆိဳေတာ့ သိၿပီးသားျဖစ္ၾကမယ္ထင္ပါတယ္။ ကြန္ဖူးက်င့္ထဲ ပုံစံေတြအမ်ိဳးမ်ိဳးရွိတဲ့အထဲက ဒူးေကြးထိုင္တဲ့ ပုံစံတစ္ခုပါ။

ဒီလိုပုံမ်ိဳးေလးပါ 😊)

မွန္ေပသည္။ လြန္ခဲ့ေသာ ရက္အနည္းငယ္မွစ၍ ေထာက္ပံ့သူသည္ ဒီအခ်ိန္ဆို ဒီသစ္ပင္ႀကီးေအာက္တြင္ ေန႕စဥ္ေန႕တိုင္း လက္သီးထိုးေလ့က်င့္ေလ့ရွိသည္။

သူ၏ ထိုလက္သီးဆုပ္မ်ားက ေဖ်ာ့ေတာ့အားနည္းေနေသာ္လည္း ၄င္းတို႔၏ သြားရာလမ္းေၾကာင္းမ်ားက အလြန္ထူးဆန္းလွသည္။ ၾကည့္ရသည္မွာ လက္သီးခ်က္တစ္ခုႏွင့္ တစ္ခုၾကား စည္းခ်က္မွန္မွန္လႈပ္ရွားမႈ တစ္စုံတစ္ရာရွိေနသေယာင္......

ကုက်ိဳးသည္ ေထာက္ပံ့သူ လက္သီးထိုးက်င့္သည္ကို ျမင္သည့္အခါတိုင္း စိတ္ထဲက မတတ္သာသည့္အဆုံး သက္ျပင္းခ်မိသည္။: နတ္ဘုရားဆိုတာကေတာ့ နတ္ဘုရားပါပဲ။ လက္သီးထိုးတာကအစ ဘယ္ေလာက္အၾကည့္ရဆိုးဆိုး သူ႕ရဲ႕ မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္တာနဲ႕ အဲ့လိုေခ်ာတဲ့လူအေပၚ ေဝဖန္ခ်င္စိတ္က ဟိုးအေဝးႀကီးကို လြင့္စင္ထြက္သြားမွာပဲ။

အခ်ိန္ခဏေလာက္ ေစာင့္လိုက္ၿပီးေနာက္ ကုန္းရိထ်န္းဟန္၏ ေလ့က်င့္မႈက ၿပီးဆုံးသြားသည္။

သူ၏ နဖူးထက္တြင္ ေခြၽးမ်ားစို႔ေနၿပီး သူ႕ၾကည့္ရတာ အင္အားအေတာ္အတန္ အသုံးျပဳလိုက္ပုံရသည္။ သူ၏အသားအေရသည္လည္း အရင္လို ျဖဴဖတ္ျဖဴေရာ္အေရာင္ႏွင့္ ယွဥ္လွ်င္ ပိုမိုေတာင့္တင္းသန္မာလာကာ ဤကဲ့သို႔ ေလ့က်င့္ခန္းမ်ိဳး ျပဳလုပ္ၿပီးသည့္အခါ က်န္းမာသည့္ ပန္းေရာင္ရဲရဲအေရာင္အေသြးတို႔ ထြက္ေပၚေနသည္။

သူ႕ကို အနီးကပ္ၾကည့္လိုက္ပါလွ်င္ 'အေခ်ာအလွေလး' ဟုပင္ ေခၚဆိုရေလာက္ေအာင္ ပုလဲရတနာေလးကဲ့သို႔ ေတာက္ပခန့္ညားေနေတာ့သည္။

ကုက်ိဳးသည္ ထိုျမင္ကြင္းကို တစ္စကၠန့္မွ် ခံစားၾကည့္ရႈလိုက္ၿပီးေနာက္ လက္ထဲမွ မီးေက်ာက္စိမ္း ဗူးသီးေျခာက္ကို ကမ္းေပးလိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ ဒါက ဒီေန႕အတြက္ ထိပ္ဆုံးအဆင့္ ခ်ီအားျဖည့္ေဆးလုံးေတြ။ စုစုေပါင္း အလုံး (၂၄၀)ပါ"

ကုန္းရိထ်န္းဟန္က လွမ္းယူလိုက္ၿပီးေနာက္ ခပ္ဖြဖြ ၿပဳံးလိုက္သည္။

"အားက်ိဳး ပင္ပန္းသြားၿပီ"

ကုက်ိဳးမွာ သိပ္ၿပီး ပင္ပန္းသလို မခံစားရေသာ္လည္း ေထာက္ပံ့သူ၏ ႏွစ္သိမ့္ေျပာစကားကို ဝမ္းေျမာက္ဝမ္းသာ ခံယူလိုက္​ေလသည္။ ထို႔ေနာက္ သူက အလြန္စိုးရိမ္စြာျဖင့္ ေမးလိုက္သည္။

"ထ်န္းဟန္သခင္ေလး အခုတေလာ ဘယ္လို ခံစားရလဲ? က်င့္ႀကံေရးနည္းလမ္းကို ေလ့က်င့္နိုင္ၿပီလား?"

သူသည္ ေဆးေဖာ္စပ္သည့္ ေဆးဆရာတစ္ေယာက္သာျဖစ္ၿပီး တကယ့္ဆရာဝန္တစ္ေယာက္ေတာ့မဟုတ္ေပ။ သူက ေထာက္ပ့ံသူကို ေသြးေၾကာစမ္းေပးသည့္အခါ ေထာက္ပံ့သူ၏ ခ်ီႏွင့္ေသြးလည္ပတ္မႈက တစ္ေန႕ထက္တစ္ေန႕ ပိုမိုအားေကာင္းလာသည္ကို ခံစားမိသည္။ ေထာက္ပ့ံသူ၏ လက္ေကာက္ဝတ္ေသြးေၾကာကို စမ္းၾကည့္ခ်က္အရ ကုက်ိဳးသည္ ေထာက္ပ့ံသူ၏ ခ်ီစြမ္းအင္ေၾကာမ်ား တည္ၿငိမ္လာသည္ကိုလည္း သိရွိနိုင္ေပသည္။ သို႔ေသာ္ ဤကဲ့သို႔ တည္ၿငိမ္ေနသည့္ အေျခအေနက စစ္မွန္ေသာခ်ီစြမ္းအင္မ်ားကို ေခ်ာေမြ႕စြာ လည္ပတ္ေပးနိုင္သည့္ အေျခအေနမ်ိဳးသို႔ ေရာက္မေရာက္ကိုေတာ့ သူမသိနိုင္ေပ။ ထို႔ေၾကာင့္ သူက ေထာက္ပံ့သူကို ေမးၾကည့္႐ုံသာ တတ္နိုင္​သည္။

ကုန္းရိထ်န္းဟန္က ေခါင္းညိမ့္လိုက္ကာ:

"အခု အခ်ိန္က်ၿပီထင္တယ္။ ဒီေန႕ည ကိုယ္စမ္းလုပ္ၾကည့္မယ္"

ကုက်ိဳး အနည္းငယ္ စိတ္လႈပ္ရွားသြားသည္။

ဒီေလာက္အခ်ိန္အၾကာႀကီး ျပင္ဆင္ႀကိဳးစားခဲ့ၿပီးေနာက္ အကယ္၍ ေထာက္ပံ့သူသာ အမွန္တကယ္ သိုင္းပညာက်င့္ႀကံနိုင္ခဲ့လွ်င္ သူ၏ ခ်ီစြမ္းအင္ေၾကာထဲတြင္ ပိတ္ဆို႔ေနသည့္ ရွန္းထ်န္းအဆင့္ ခ်ီစြမ္းအားမ်ားကို အသုံးခ်နိဳင္ၿပီး သူ၏ သိုင္းပညာအစြမ္းမွာ အမွန္တကယ္ပင္ အတိုင္းအဆမရွိ ထိုးေဖာက္ေက်ာ္ေစာနိုင္ေပလိမ့္မည္!

ေထာက္ပံ့သူက မည္သို႔ေသာ ထည္ဝါခန့္ညားသည့္ က်င့္ႀကံေရးနည္းလမ္းမ်ိဳးကို က်င့္ႀကံေလ့က်င့္မလ​ဲဆိုတာ သူအလြန္ပင္ သိခ်င္လွသည္!

ကုက်ိဳးတစ္ေယာက္ ထိုကဲ့သို႔အေတြးယဥ္ေၾကာထဲ ေမ်ာေနသည့္အခ်ိန္ ကုန္းရိထ်န္းဟန္က လွမ္းေျပာလိုက္၏။

"အားက်ိဳး၊ ေနာက္ (၁၃)ရက္ၾကာရင္ မင္း ကိုယ္နဲ႕ အျပင္ခဏ လိုက္ရမယ္"

ထိုအခါ ကုက်ိဳးက သတိျပန္ဝင္လာကာ ေျပာလိုက္သည္။

"အျပင္သြားရမယ္?"

ကုန္းရိထ်န္းဟန္က ၿပဳံးလိုက္ရင္း:

"နဂါးျပာကုန္သြယ္ေရးလုပ္ငန္းက ေလလံပြဲတစ္ခု က်င္းပဖို႔ရွိတယ္။ ေသခ်ာေပါက္ နည္းနည္းေတာ့ စိတ္ဝင္စားစရာေကာင္းမွာပဲ"

ကုက်ိဳးက စဥ္းစားလိုက္ၿပီးေနာက္ ေမးလိုက္သည္။

"အဲ့ဒါက ဟို နဂါးျပာကုန္သြယ္ေရးလုပ္ငန္းလား?"

ကုန္းရိထ်န္းဟန္က ေခါင္းညိမ့္ျပရင္း:

"အဲ့ဒီတုန္းက ထ်န္းလုံတပ္ဖြဲ႕ေတြသြားတဲ့ 'ဟို'ေနရာေလ"

သူက ႏႈတ္ခမ္းသားမ်ားကို ေကြးၫြတ္ကာ ၿပဳံးလိုက္ၿပီးေနာက္:

"ေျပာၾကတာေတာ့ အဲ့ဒီမွာ တစ္ခါမွ မႀကဳံစဖူး ထူးျခားတာတစ္ခုရွိတယ္တဲ့။ ပုံမွန္ထက္ အာနိသင္ ဆယ္ဆပိုရွိတဲ့ ခ်ီအားျဖည့္ေဆးလုံးေတြေပၚလာတယ္ဆိုလား"

ကုက်ိဳးက အံ့အားသင့္သြားကာ မဝံ့မရဲႏွင့္ေမးလိုက္သည္။

".....ကြၽန္ေတာ္ သန့္စင္တဲ့ဟာေတြလား?"

ကုန္းရိထ်န္းဟန္က မေအာင့္နိုင္ဘဲ ရယ္လိုက္ကာ ေျပာလိုက္သည္။

"အားက်ိဳး သန့္စင္တဲ့ဟာေတြ"

အခ်ိန္ၾကာလာသည့္ႏွင့္အမွ် ေဆးဖက္ပင္ေဆးဝါးမ်ား လိုအပ္ခ်က္ကလည္း ပိုမိုႀကီးမားလာသည္။ အထူးသျဖင့္ အသက္ဓာတ္ငါးပါးေဆးလုံး သန့္စင္ရန္အတြက္ ဓာတ္ႀကီးငါးပါးအစြမ္းသတၱိရွိေသာ ေဆးဖက္ဝင္အမယ္မ်ားကို ပမာဏမ်ားစြာ လိုအပ္ေလသည္။ ကုက်ိဳး၏ ေဆးဝါးသန့္စင္ျခင္းသည္ အလြန္အဆင့္ျမင့္မားၿပီး အဆတစ္ရာမကေသာ အက်ိဳးအျမတ္မ်ားကို ရရွိနိုင္ေပသည္။ ထို႔ေၾကာင့္ ကုန္းရိထ်န္းဟန္သည္ တစ္စုံတစ္ရာကို လုပ္ခ်င္​ေနခဲ့ၿပီး ဤနည္းလမ္းျဖင့္ စတင္ရန္ ရည္႐ြယ္ခဲ့သည္။

ကုန္းရိအိမ္ေတာ္ႏွင့္ ကုန္းရိထ်န္းဟန္သည္ တစ္ေလွတည္းစီး တစ္ခရီးတည္းသြားမ်ားပင္ျဖစ္သည္။ သို႔ေသာ္ ကုန္းရိအိမ္ေတာ္သည္ ကုန္းရိထ်န္းဟန္၏ အပိုင္ေတာ့မဟုတ္ေပ။ ကုန္းရိထ်န္းဟန္က မ်ားစြာေသာ ပိုင္ဆိုင္မႈ အရင္းအျမစ္မ်ားကို ေ႐ႊ႕ေျပာင္းသုံးစြဲနိုင္သည္မွာမွန္ေသာ္လည္း အသုံးစရိတ္ အလြန္ႀကီးမားပါက မ်ိဳးႏြယ္စုအိမ္ေတာ္က မလႊဲမေရွာင္သာ သတိထားမိလာနိုင္သည္။

ထို႔ေၾကာင့္ ကိုယ္ပိုင္လုပ္ငန္းအသစ္မ်ားကို သီးသန့္လုပ္ေဆာင္ရန္ မျဖစ္မေန လိုအပ္လာသည္။

ထို႔အျပင္ ကုန္းရိထ်န္းဟန္သည္ အဆုံး၌ ကိုယ္က်ိဳးကိုသာၾကည့္ေသာ လူတစ္မ်ိဳးျဖစ္ရကား သူက ေသခ်ာေပါက္ အဆတစ္ရာမက အစြမ္းထက္သည့္ ထိုထိပ္ဆုံးအဆင့္ေဆးလုံးမ်ားကို ဒီေလာက္အေစာႀကီး တျခားလူမ်ားအား လက္ဖ်ားႏွင့္ေတာင္ ထိခြင့္ေပးလိမ့္မည္မဟုတ္ေပ။

______________________________________

အခ်စ္ဆုံးတို႔ေရ.....

Yayy..... ဒီေန႕အေစာႀကီးၿပီးသြားပါတယ္ 😊😊 ေနာက္တစ္ပိုင္းမွာ ေလလံပြဲေလးနဲ႕ ျပန္ေတြ႕ၾကမယ္ေနာ္။ အားလုံးပဲ လုံၿခဳံေဘးကင္းၾကပါေစ။

With love ❤
Taiga 😘

((Unicode))

အပိုင်း (၂၈)
နဂါးပြာကုန်သွယ်ရေးလုပ်ငန်း

💊💊💊
နဂါးပြာကုန်သွယ်ရေးလုပ်ငန်း၊ အတွင်းခန်းဆောင်တွင်ဖြစ်သည်။

ကိုယ်လုံးကိုယ်ပေါက်လှပ၍ ကျက်သရေရှိလှသော အမျိုးသမီးတစ်ယောက်သည် လက်ထဲတွင် စာရင်းစာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ သူမက မျက်ခုံးများကို အသာပင့်လိုက်ကာဆိုသည်။

"တာဝန်ခံချန်၊ ခုတလော ဟိုလူ ထပ်လာသေးလား?"

သူမ၏ မျက်နှာချင်းဆိုင်ရှိ သက်လတ်ပိုင်းအရွယ် ခပ်ဝဝ တာဝန်ခံလူကြီးက သူမကို ဦးညွတ်လိုက်ကာ ရိုရိုသေသေ ပြန်လည်ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့ တာဝန်ခံမှူးချင်"

တာဝန်ခံမှူးချင်၏ လှပသောမျက်ဝန်းများက အရောင်လက်သွားကာ:

"ဒါဆို အရေအတွက်ကရော?"

တာဝန်ခံချန်က ပြန်ဖြေလိုက်သည်။

"အရည်အသွေးနိမ့်တာတွေက အရေအတွက်ပိုနည်းလာပြီး အရည်အသွေးကောင်းတာတွေက​ အရေအတွက် ပိုများလာပါတယ်"

သူက ခဏစဥ်းစားလိုက်ပြီးနောက် ခပ်တိုးတိုး ထပ်ပြောလိုက်သည်။

"ကျွန်တော်တို့ နည်းလမ်းတစ်ခုခု သုံးပြီး လိုက်ရှာကြည့်ရမလား--"

တာဝန်ခံမှူးချင် သည် သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျလျ လက်ချောင်းလေးများဖြင့် စာရင်းစာအုပ်ကို လျန်လျောကာ စဥ်းစားနေပြီးနောက် နောက်ဆုံးတွင် ခေါင်းခါပြလိုက်သည်။

"အဲ့ဒီလူရဲ့နောက်မှာ အရမ်းကို ထူးချွန်တဲ့ ဆေးဆရာတစ်ယောက် သေချာပေါက်ရှိလိမ့်မယ်။ ပြီးတော့ သူတို့က ဘယ်သူဘယ်ဝါဆိုတာကို ကွယ်ဝှက်ထားပုံထောက်ရင် အရှုပ်အရှင်း ကင်းကင်းနေချင်ပုံရတယ်။ သူတို့က ငါတို့ရဲ့ နဂါးပြာကုန်သွယ်ရေးလုပ်ငန်းကို ရွေးချယ်တယ်ဆိုမှတော့ ဒါ ငါတို့အပေါ် ယုံကြည်ပြီး ငါတို့ရဲ့ ခွန်အားအပေါ် အသိအမှတ်ပြုတာပ​ဲ။ တကယ်လို့ ငါတို့က နောက်ယောင်ခံလိုက်ရင် သူတို့ကို တခြားနေရာဆီ တွန်းပို့သလိုဖြစ်သွားလိမ့်မယ်......ငါတို့ နဂါးပြာကုန်သွယ်ရေးလုပ်ငန်းက ဘယ်လို စိန်ခေါ်မှုမျိုးကိုမှ မကြောက်ဘူး။ ဒါပေမယ့် အဲ့လို အရည်အချင်းရှိတဲ့ ဆေးဆရာကိုတော့ ငါတို့ လုံးဝ အပြစ်ပြုမိလို့ မဖြစ်ဘူး"

တာဝန်ခံချန်သည် စိတ်ရင်းဖြင့် သဘောတူထောက်ခံလိုက်၏။

"တာဝန်ခံမှူးချင် ပြောတာ တရားနည်းလမ်းကျပါတယ်။ ဒီ 'ချန်' နားလည်ပါပြီ"

တာဝန်ခံမှူးချင် သည် ထိုကိစ္စကို ခေတ္တ စဥ်းစားပြီးနောက် သူမ၏ ပါးစပ်ကို ဖွင့်ဟလိုက်သည်။

"အဲ့ဒီလူ ထပ်လာရင် သူ့ဆီက အကောင်းဆုံးပစ္စည်းတွေကို ချန်ထားပြီး နောက်တစ်ခါလေလံပွဲမှာ တင်ရောင်းရမယ်။ အဲ့ဒါကို လူတွေအများကြီးစိတ်ဝင်စားကြမယ်ဆိုတာ ငါ သေချာပေါက် ယုံကြည်တယ်။  ကိုယ့်ကံကိုယ်ယုံပြီး အတင့်ရဲချင်တဲ့သူတွေကတော့ ငါတို့နဲ့ ဘာမှမဆိုင်ဘူး -- တကယ်လို့ အဲ့ဒီဆေးဆရာမှာ ပြဿနာ တစ်ခုခု ကြုံခဲ့ရင် ငါတို့ နဂါးပြာကုန်သွယ်ရေးလုပ်ငန်းက သေချာပေါက် ကူညီပေးဖို့ အဆင်သင့်ပဲ"

တာဝန်ခံချန် သည် ဆိုလိုရင်းကို သဘောပေါက် နားလည်သောကြောင့် ဘာမှထပ်မပြောဘဲ အခန်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။

သိပ်မကြာခင်တုန်းက နဂါးပြာကုန်သွယ်ရေးလုပ်ငန်းသည် ထူးဆန်းသောလူတစ်ယောက်နှင့်တွေ့ဆုံခဲ့သည်။ သို့သော် ထိုထူးဆန်းသောလူသည် တုန်လှုပ်ခြောက်ခြားစရာကောင်းသည့် စီးပွားရေးကိစ္စကြီးတစ်ခုကို ဆောင်ကျဥ်းလာခဲ့သည်။

ထိုထူးဆန်းသောလူသည် အရပ်ရှည်ရှည်နှင့် သိုင်းပညာရှင်တစ်ယောက်ဟု ခန့်မှန်းရသည်။ ထိုလူသည် သူ၏ ခေါင်းအစခြေအဆုံး အမဲရောင်ဝတ်ရုံကြီးဖြင့် ဖုံးအုပ်ထားသဖြင့် မိမိ၏ သရုပ်အမှန်ကို မဖော်ပြချင်မှန်း သိသာလှသည်။  ထိုလူက ဝင်လာသည်နှင့် လက်မောင်းခန့်အလျားရှိသည့် ကျောက်စိမ်းဆေးဗူးတစ်ခုကို ထုတ်လာပြီး ထိုဗူးအတွင်း၌ ဆေးဖက်ဝင် ဆေးလုံးများအပြည့်ပါရှိသည်။

ဆေးဆရာတို့သည် အများအားဖြင့် မိမိတို့ကိုယ်ပိုင် လုပ်ငန်းများရှိနေခြင်း သို့တည်းမဟုတ် အိမ်တော်များမှ ထောက်ပ့ံပေးထားခြင်းမျိုးရှိသည့်အတွက် တော်ရုံနှင့် အများရှေ့၌ လူလုံးထွက်ပြလေ့မရှိပေ။ သို့သော် တချို့ထူးချွန်သည့် တစ်ကိုယ်တော် ဆေးဆရာများကတော့ ထွက်ပေါ်လာတတ်ပြီး သူတို့က ဆေးဝါးများ ထပ်မံဖော်စပ်သည့်အခါ လိုအပ်မည့် ဆေးအမယ်များကို ဝယ်ယူနိုင်ရန်အတွက် မိမိ ဖော်စပ်ထားသော ဆေးလုံးများကို ကုန်သွယ်ရေးလုပ်ငန်းများထံသို့ လာရောက်ရောင်းချတတ်ကြသည်။ ထို့အပြင် လုပ်ငန်းကြီးကြီးသေးသေး၊ ဆိုင်ငယ်လေးများပင်ဖြစ်ပါစေ သူတို့အားလုံးသည် ထိုဆေးလုံးများကို လိုလိုလားလားနှင့် ဝယ်ယူကြလေသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းကား ဆေးလုံးများမှာ အမြဲလိုလို ရှားပါးပစ္စည်းဖြစ်နေသည့်အပြင် သူတို့အားလုံးက ဆေးဝါးဖော်စပ်သန့်စင်သူ ဆေးဆရာများနှင့် ရင်းနှီးခင်မင်သည့် ဆက်ဆံရေးမျိုးကိုလည်း လိုလားကြသောကြောင့် ဖြစ်သည်။

ထို်ကြောင့် တစ်ကြိမ်တည်းနှင့် ဒီလောက်များပြားသော ဆေးလုံးများကို ယူလာနိုင်သည့်လူမျိုးကား အလွန်ရှားပါးသည်မှန်သော်လည်း လုံးဝမရှိခြင်းတော့ မဟုတ်ပေ။

တာဝန်ခံချန် သည် ထိုဝတ်ရုံနက် ဝတ်ဆင်ထားသောလူကို အလွန်ယဥ်ကျေးပျူငှာစွာ လက်ခံခရီးဦးကြိုပြုလေသည်။ သို့သော် တာဝန်ခံချန် ကိုယ်တိုင် မမျှော်လင့်မိသည်က ဒီတစ်ခါ သူတွေ့ရသော ဆေးလုံးများ အားလုံးသည် ချီအားဖြည့်ဆေးလုံးများဖြစ်သော်လည်း သူအရင်မြင်ဖူးသော ဆေးလုံးများထက် အရည်အသွေး ပိုမိုကောင်းမွန်နေကြခြင်းပင်!

-- မဟုတ်သေး။ ဒီလိုပြောလို့တော့ အလုံးစုံ ပြည့်စုံကုံလုံသည့်ဟုမဆိုသာပေ။

ပြောသင့်သည်က ထိုဝတ်ရုံနက် ဝတ်ဆင်ထားသည့် သိုင်းပညာရှင်သည် ကျောက်စိမ်းပုလင်း (၂)လုံးကို ယူလာခဲ့သည်။ ပထမပုလင်းထဲတွင် ချီအားဖြည့်ဆေးလုံး အလုံး (၃၀၀) ပါရှိပြီး ထိုဆေးလုံးအားလုံးသည် စျေးကွက်ထဲတွင် ရောင်းချနေသည့် ဆေးလုံးများထက် အာနိသင် (၃)ဆ ပိုမိုကောင်းမွန်လေသည်။ ထို့အပြင် ဒုတိယပုလင်းထဲမှာတော့ ချီအားဖြည့်ဆေးလုံး အလုံး (၁၀၀) ပါရှိပြီး ထိုဆေးလုံးများ၏ အာနိသင်က (၁၀)ဆ ပိုမိုကောင်းမွန်လေသည်!

သေချာပေါက်ပင်။ ထိုလူသည် သူ၏ ချီအားဖြည့် ဆေးလုံးများကို သူတို့ကုန်သွယ်ရေးလုပ်ငန်းထံသို့ ပုံမှန်စျေး၏ သုံးဆနှင့် ဆယ်ဆနှုန်းဖြင့် အသီသီးရောင်းချ​​ခဲ့သည်။

သို့သော် ဆေးလုံးများ၏ တန်ဖိုးကား ဤမျှမကပင်!

ဆေးလုံးများက ချီအားဖြည့်ဆေးလုံးချင်းအတူတူပင်ဖြစ်သော်လည်း ၄င်းတို့၏ အကျိုးအာနိသင်က အလွန်ကွာခြားလှသည်။ ထို့အကြောင်းကြောင့်ပင် အတွေ့အကြုံရှိလှသည့် တာဝန်ခံချန်တစ်ယောက် ခန့်မှန်းမိသည်က ဤဆေးလုံးများကို ဖော်စပ်သူဆေးဆရာသည် အလွန်စွမ်းအားကြီးမားပြီး ထူးချွန်သူဖြစ်ရမည်။ ထိုလူက သူ၏ ချီအားဖြည့်ဆေးလုံးများ ဖော်စပ်သန့်စင်သည့်နည်းလမ်းကို တိုးတက်လာအောင် လေ့ကျင့်နေဆဲအချိန်ဖြစ်သည့်အတွက် သူ၏ ဆေးလုံးအထွက်နှုန်းရလဒ်များက ဤကဲ့သို့ကွဲပြားနေခြင်း ဖြစ်နိုင်သည်။

နောက်ပိုင်း အဖြစ်အပျက်များက သူ၏ မှန်းဆချက်ကို အနည်းငယ် သက်သေထူနိုင်ခဲ့သည်။

နှစ်ရက် သုံးရက်ခန့်ကြာတိုင်း အမဲရောင်ဝတ်ရုံခြုံထားသည့် သိုင်းပညာရှင်တစ်ဦးက ဆေးလုံးများကို လာရောက်ပို့ဆောင်ပေးလေ့ရှိသည်။ တာဝန်ခံချန်၏ စူးရှသော အမြင်အာရုံအရ ထိုလူအားလုံးသည် အမဲရောင် ဝတ်ရုံခြုံ၍ ရုပ်ဖျက်လာသူများသာဖြစ်ပြီး သေချာပေါက် လူတစ်ဦးတည်း မဟုတ်ပေ။ ထို့အပြင် သူတို့ယူလာသော ချီအားဖြည့်ဆေးလုံးများသည် အာနိသင်နည်းသည့်ဆေးလုံးများက ပိုမိုနည်းပါးလာကာ အာနိသင် ဆယ်ဆစွမ်းသော ဆေးလုံးများက ပိုမိုများပြားလာသည်။

ထိုအရာက ပြဿနာအများစု၏ အဖြေကို ဖြေရှင်းပေးပြီးသား ဖြစ်သွားတော့သည်။

တာဝန်ခံချန်သည် ဤကဲ့သို့ကိစ္စကြီးကို မိမိဘာသာမိမိ မဆုံးဖြတ်ဝံ့ပေ။ သူက ဤအကြောင်းကို အထက်ကို ချက်ချင်းတင်​ြပပြီးနောက် လှပချောမောသည့် ထိုအမျိုးသမီး ရောက်ရှိလာခြင်းဖြစ်သည်။ သူမကား တာဝန်ခံမှူး ချင် ဖြစ်ပြီး ဤကိစ္စကို ကိုင်တွယ်ဖို့ အထက်က စေလွှတ်ခြင်းခံရသူဖြစ်သည်။

တာဝန်ခံမှူး ချင် သည် သာမာန်ခေသူတစ်ယောက်တော့မဟုတ်​ေပ။ သူမက လုပ်ရည်ကိုင်ရည် ထူးကဲသာလွန်သည့်အပြင် ဤနဂါးပြာကုန်သွယ်ရေးလုပ်ငန်း၏ ပိုင်ရှင်လည်းဖြစ်သည်။ - သူမသည် အင်ပါယာ၏ ဘုရင်ငယ် ချန်းဟယ်၏ အယုံကြည်ရဆုံး ကိုယ်လုပ်တော်မိဘုရားတစ်ပါးဖြစ်သည်။

(T/N - ဘုရင်ငယ်ဆိုတဲ့ အသုံးက နောက်ပိုင်းမှာလည်း ပါလာမှာပါ။ သူက ဧကရာဇ်မင်းကြီး မဟုတ်ပါဘူး။ ဧကရာဇ်မင်းရ​ဲ့အောက် တစ်ဆင့်နိမ့်တဲ့ စွမ်းအားအကြီးဆုံး ဘုရင့်မျိုးနွယ် မင်းသားတစ်ပါးဖြစ်ပါတယ်။ သူက ဘုရင်ဖြစ်မယ့်သူမဟုတ်ပါဘူး။ ဘုရင့်ကိုယ်စား တချို့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ ဘုရင့်ဆွေမျိုးတော်ဖြစ်ပါတယ်)

နဂါးပြာကုန်သွယ်ရေးလုပ်ငန်းသည် ချန်းယွင်အင်ပါယာ တော်ဝင်မိသားစု၏ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ ထိုလုပ်ငန်းအစဥ်အဆက်ကို အင်ပါယာ၏ ဘုရင်ငယ်က ကိုင်တွယ်ထိန်းချုပ်ထားပြီး ထိုအင်ပါယာဘုရင်ငယ် ဘွဲ့ဂုဏ်ပုဒ်သည် လက်လွတ်စပယ် အပ်နှင်းခံရသော ဘွဲ့ဂုဏ်ပုဒ်တစ်ခုမဟုတ်ပါချေ။ ထိုဘွဲ့ဂုဏ်ပုဒ်သည် တော်ဝင်မိသားစု အစဥ်အဆက်မှ အင်အားအကြီးမားဆုံးနှင့် ပါရမီအရှိဆုံး သူများကိုသာ ချီးမြှင့်သော ဘွဲ့တော်ဖြစ်လေသည်။

ထို့ကြောင့် ဤကုန်သွယ်ရေးလုပ်ငန်းကြီး၏ နောက်ခံနှင့် အဆင့်အတန်းမြင့်မားမှုကို အလွယ်တကူပင် သိရှိနိုင်ပေသည်။

သို့သော် ဤသို့ဆိုစေကာမူ တခြားသောစီးပွားရေးလုပ်ငန်းများက သူတို့ နဂါးပြာကုန်သွယ်ရေးလုပ်ငန်းကို မယှဥ်နိုင်ကြခြင်းတော့ သေချာပေါက် မဟုတ်ပေ။

အင်ပါယာမြို့တော်၏ အိမ်တော်ကြီး (၅)ခု၌လည်း ၄င်းတို့ကိုယ်ပိုင် ကုန်သွယ်ရေးလုပ်ငန်းများ အသီးသီးပိုင်ဆိုင်ကြပြီး ထိုလုပ်ငန်းများကား အင်ပါယာကြီးတစ်ခုလုံးအနှံ့ အညီအမျှ ဖြန့်ကျက်ထားပြီးသားဖြစ်သည်။ ၄င်းတို့သည် နဂါးပြာကုန်သွယ်ရေးလုပ်ငန်းနှင့် ယှဥ်လျှင် အနည်းငယ် နိမ့်ကျနေရုံသာဖြစ်သည်။

ထို့ကြောင့် တာဝန်ခံမှူး ချင် သည် အလွန်အမြော်အမြင်ရှိသူပီပီ လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ တာဝန်ခံ ချန်သည်လည်း စိတ်ထဲတွင် ချက်ချင်းပင် အစီအစဥ်များ ရေးဆွဲကာ အမျိုးမျိုးသော နည်းလမ်းများကို စဥ်းစားတွေးတောလိုက်သည်။

နောက်လဝက်အကြာတွင် ကြီးမားလှသော လေလံပွဲကြီးတစ်ခုကို ကျင်းပမည် ဖြစ်သည်!

ဤသည်မှာ စုဆောင်းထားသည့် တန်ဖိုးကြီးပစ္စည်းများစွာကို ရှင်းထုတ်ရမည့် အချိန်ကောင်းဖြစ်သလို အသစ်ရောက်ရှိလာသော အနှီချီအားဖြည့်ဆေးလုံးများကိုလည်း ထုတ်ပြ မိတ်ဆက်ရပေမည်။

💊💊💊

ကုကျိုးသည် သူ၏ စိတ်အာရုံအားလုံးကို လက်စည်းတံဆိပ်တစ်ခုချင်းစီ ပြုလုပ်ရာတွင် အာရုံစူးစိုက်ထားသည်။ နောက်ဆုံးတွင် သူက လက်မြှောက်လိုက်သည့်အခါ ချီအားဖြည့်ဆေးလုံး (၄၈)လုံးအပြည့်က သူထံသို့ အပြည့်အဝ ရောက်ရှိလာသည်!

ချီအားဖြည့်ဆေးလုံးများ၏ အပြင်ပန်း အသွင်အပြင်များသည် အားလုံးအတူတူဖြစ်ပြီး ၄င်းတို့၏ အရောင်အသွေးသည်လည်း ပြည့်ဝ ရွှန်းစိုနေသည်။ ချိုချိုမွှေးမွှေးသင်းရနံ့လေးကလည်း နှာဖျားထိပ်သို့ လာရောက်ရိုက်ခတ်နေပေ၏။ ထို့ဆေးလုံးများက သေချာပေါက် ထိပ်ဆုံးအဆင့် ချီအားဖြည့်ဆေးလုံးများပင်ဖြစ်သည်။

ဒီရက်ပိုင်းအတွင်း၌ ကုကျိုး၏ ဆေးဝါးသန့်စင်ခြင်း အတတ်ပညာက လျင်မြန်စွာ ထပ်မံတိုးတက်လာခဲ့ပြန်သည်။

သူသည် အစပိုင်းတွင် ဆေးအမယ် (၂)စည်းစာနှင့် ဆေးကြိုအိုးအလတ်စားကို အသုံးပြုခဲ့ပြီး အသွင်အပြင် အဆင့်အမျိုးမျိုးရှိသည့် ဆေးလုံးများကို သန့်စင်နိုင်ခဲ့သည်။ တစ်ခါတစ်ရံ သူ၏ ဆေးရည်လုံး တစ်ခုစ နှစ်ခုစသည်လည်း ဆေးဝါးသန့်စင်နေစဥ် အလဟဿ ပျက်စီးသွားသေးသည်။ သို့သော် သိိပ်မကြာခင်မှာ သူ၏ ဆေးရည်လုံးအားလုံးက ဆေးလုံးလေးများအဖြစ် အောင်မြင်လာခ​ဲ့သည်။ ဆေးလုံးများ၏ အသွင်အပြင်ကလည်း တစ်ခုထက်တစ်ခု ပိုမိုကောင်းမွန်လာပြီး ထိပ်ဆုံးအဆင့် ဆေးလုံးများ အထွက်နှုန်းကလည်း တစ်ရာရာခိုင်နှုန်းအထိ မြင့်တက်လာသည်!

သို့သော် ကုကျိုးတစ်ယောက် မကျေနပ်နိုင်သေးပေ။

သူသည် ကျင့်ကြံရေးနည်းလမ်းကို နေ့စဥ်နေ့တိုင်း မဆုတ်မနစ်ကြိုးစား လေ့ကျင့်မှုကြောင့် သူ၏ စိတ်စွမ်းအားကြီးမားလာမှုမှာ သာမာန်မျက်စိနှင့်ပင် သိရှိနိုင်ပေသည်။ သိပ်မကြာခင်မှာပင် သူသည် ဆေးကြိုအိုးအလတ်စားဖြင့် အသုံးပြုရသည်ကို ကျင့်သားရလာသည်။ အရင်လိုမျိုး ဆက်လက်သန့်စင်ရာတွင် အားအင်ကုန်ခန်းပြီး ရုန်းကန်ရသည့် ခံစားချက်မျိုးလည်း လုံးဝ မခံစားရတော့ပေ။

ထို့နောက် သူသည် ဆေးကြိုးအိုးကြီးကို အစားထိုးအသုံးပြုရန် ဆုံးဖြတ်လိုက်ပြီး တစ်ကြိမ်လျှင် ဆေးအမယ် (၃)စည်းကို ပစ်ထည့်သန့်စင်လိုက်သည်။

ထုံးစံအတိုင်း ဤကဲ့သို့ လုပ်ပုံလုပ်နည်းက ပိုမိုကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုရသလို သူ့အတွက်လည်း စိန်​ေခါ်မှုတစ်ရပ်ကဲ့သို့ပင် ဖြစ်သည်။

အခုတော့ ကုကျိုးသည် ဆေးကြိုအိုးကြီးကို လွယ်လွယ်ကူကူ အသုံးပြုနိုင်ပြီး ဆေးအမယ် (၃)စည်းကို တစ်ပြိုင်နက်တည်း သန့်စင်ဖော်စပ်နိုင်နေပြီဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များက တိကျသေချာကာ ရရှိလာသော ချီအားဖြည့်ဆေးလုံးတစ်ခုချင်းစီတိုင်းကလည်း အပြစ်အနာအဆာကင်းသည့် ထိပ်ဆုံးအဆင့် ဆေးလုံးများဖြစ်ကြသည်။

သူသည် မီးလျှံများကိုလည်း ပိုမိုကျွမ်းကျင်စွာ ထိန်းညှိလာနိုင်ပြီ​း သူက ထိပ်ဆုံးအဆင့် ဆေးလုံးများရရှိလိုလျှင် ထိပ်ဆုံးအဆင့်ဆေးလုံးများကို သန့်စင်ပေးနိုင်ပြီး အလတ်စားမှ အမြင့်စားဆေးလုံးများကို ရရှိလိုလျှင် အလတ်စားမှ အမြင်စားဆေးလုံးများကို သန့်စင်ထုတ်လုပ်ပေးနိုင်လေသည်။

အနိမ့်စားဆေးလုံးများကတော့..... ကုကျိုး ကြိုးစားပြုလုပ်ကြည့်ဖူးသည်။ သို့သော် ရလဒ်က အလွန်တရာမှ အကြည့်ရဆိုးလှပေသည်။ သူသည် ဆေးဝါးသန့်စင်သည့် အတတ်ပညာနှင့်ပတ်သတ်လာလျှင် စိတ်ထဲတွင် ဂုဏ်ယူဝံ့ကြွားမှုလေး အနည်းငယ်တော့ရှိပေသည်။ ထို့ကြောင့် သူ့အနေနှင့် ဤသို့ အဆင့်နိမ့်သည့်ဆေးလုံးများကိုတော့ မပြုလုပ်လိုပေ။

သူ၏ ချစ်လှစွာသော ထောက်ပံ့သူ၏ တောင်းဆိုချက်အရ ကုကျိုးသည် နေ့တိုင်း ဆေးကြိုအိုး (၃)အိုးစာ အဆင့်​ြမင့်ဆေးလုံးများနှင့် ဆေးကြိုအိုးတစ်အိုးစာ အလတ်စားဆေးလုံးများကို ဖော်စပ်သန့်စင်ပြီး ကျန်တာကိုတော့ သူကြိုက်နှစ်သက်ရာ အဆင့်ရှိသည့် ဆေးလုံးများကို ဖော်စပ်သန့်စင်သည်။

ကံကောင်းသည်က ကုကျိုးသာ သင့်တော်သော ထိန်းချုပ်မှုပြုလုပ်နိုင်ပါက သူသည် ဆေးဖက်ဝင်ချီစွမ်းအင် များစွာကို အခက်အခဲမရှိ ရရှိနိုင်​ေလသည်။

ကုကျိုးသည် ဆေးကြိုအိုးတစ်အိုးစာ ဆေးဝါးသန့်စင်ပြီးသည့်နောက် ဆေးလုံးထည့်သည့် ဘူးသီးခြောက်ဗူးလေးကို လှုပ်ခါကြည့်လိုက်သည်။ ထိုအခါ ဗူးလေးထဲတွင် ဆေးလုံးများအပြည့်ဖြစ်နေသည်ကို တွေ့တော့ ချက်ချင်း မတ်တပ်ရပ်လိုက်ကာ လျှို့ဝှက်ခန်းအပြင်သို့ ထွက်ခဲ့သည်။

လုံရိနှင့် လုံအာ့သည် အလွန်သစ္စာရှိသူများ ဖြစ်ကြသည်။ သို့သော် ကုကျိုးက ဆေးဝါးသန့်စင်ပြီးသည့်အခါတိုင်း ဆေးလုံးများကို သူ၏ ထောက်ပံ့သူ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပို့ဆောင်ပေးလေ့ရှိသည်။

ကုကျိုးသည် လက်ထဲတွင် ဗူးသီးခြောက်ပုလင်းလေးကို ကိုင်လာသည်။ သို့သော် သူ၏ ထောက်ပံ့သူကို စာကြည့်ခန်းထဲတွင် မတွေ့ရပေ။

သူက ခဏစဥ်းစားလိုက်ပြီးနောက် အပြင်သို့ ထွက်လိုက်သည်။....

ဒီအချိန်လောက်ဆို၊ ထောက်ပ့ံသူရှိနေမယ့်နေရာက......

လူသူကင်းမဲ့ကာ ကျယ်ဝန်းလှသည့် ခြံဝန်းထဲရှိ စိမ်းလန်းစိုပြေသည့် သစ်ပင်ကြီးတစ်ပင်အောက်တွင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသည်​့ ချောမောခန့်ညားသော လူငယ်လေးတစ်ဦးသည် မြင်းစီးထိုင် အနေအထားဖြင့် ခြေထောက်နှစ်ချောင်းခွဲလျက် ခပ်ဖြည်းဖြည်းချင်း လက်ဝှေ့ထိုးလေ့ကျင့်နေသည်။

(T/N - မြင်းစီးထိုင်ဆိုတာကို သိုင်းကားတွေထဲမှာ မြင်နေကျဆိုတော့ သိပြီးသားဖြစ်ကြမယ်ထင်ပါတယ်။ ကွန်ဖူးကျင့်ထဲ ပုံစံတွေအမျိုးမျိုးရှိတဲ့အထဲက ဒူးကွေးထိုင်တဲ့ ပုံစံတစ်ခုပါ။

ဒီလိုပုံမျိုးလေးပါ 😊)

မှန်ပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ ထောက်ပံ့သူသည် ဒီအချိန်ဆို ဒီသစ်ပင်ကြီးအောက်တွင် နေ့စဥ်နေ့တိုင်း လက်သီးထိုးလေ့ကျင့်လေ့ရှိသည်။

သူ၏ ထိုလက်သီးဆုပ်များက ဖျော့တော့အားနည်းနေသော်လည်း ၄င်းတို့၏ သွားရာလမ်းကြောင်းများက အလွန်ထူးဆန်းလှသည်။ ကြည့်ရသည်မှာ လက်သီးချက်တစ်ခုနှင့် တစ်ခုကြား စည်းချက်မှန်မှန်လှုပ်ရှားမှု တစ်စုံတစ်ရာရှိနေသယောင်......

ကုကျိုးသည် ထောက်ပံ့သူ လက်သီးထိုးကျင့်သည်ကို မြင်သည့်အခါတိုင်း စိတ်ထဲက မတတ်သာသည့်အဆုံး သက်ပြင်းချမိသည်။: နတ်ဘုရားဆိုတာကတော့ နတ်ဘုရားပါပဲ။ လက်သီးထိုးတာကအစ ဘယ်လောက်အကြည့်ရဆိုးဆိုး သူ့ရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်တာနဲ့ အဲ့လိုချောတဲ့လူအပေါ် ဝေဖန်ချင်စိတ်က ဟိုးအဝေးကြီးကို လွင့်စင်ထွက်သွားမှာပဲ။

အချိန်ခဏလောက် စောင့်လိုက်ပြီးနောက် ကုန်းရိထျန်းဟန်၏ လေ့ကျင့်မှုက ပြီးဆုံးသွားသည်။

သူ၏ နဖူးထက်တွင် ချွေးများစို့နေပြီး သူ့ကြည့်ရတာ အင်အားအတော်အတန် အသုံးပြုလိုက်ပုံရသည်။ သူ၏အသားအရေသည်လည်း အရင်လို ဖြူဖတ်ဖြူရော်အရောင်နှင့် ယှဥ်လျှင် ပိုမိုတောင့်တင်းသန်မာလာကာ ဤကဲ့သို့ လေ့ကျင့်ခန်းမျိုး ပြုလုပ်ပြီးသည့်အခါ ကျန်းမာသည့် ပန်းရောင်ရဲရဲအရောင်အသွေးတို့ ထွက်ပေါ်နေသည်။

သူ့ကို အနီးကပ်ကြည့်လိုက်ပါလျှင် 'အချောအလှလေး' ဟုပင် ခေါ်ဆိုရလောက်အောင် ပုလဲရတနာလေးကဲ့သို့ တောက်ပခန့်ညားနေတော့သည်။

ကုကျိုးသည် ထိုမြင်ကွင်းကို တစ်စက္ကန့်မျှ ခံစားကြည့်ရှုလိုက်ပြီးနောက် လက်ထဲမှ မီးကျောက်စိမ်း ဗူးသီးခြောက်ကို ကမ်းပေးလိုက်သည်။

"ထျန်းဟန်သခင်လေး၊ ဒါက ဒီနေ့အတွက် ထိပ်ဆုံးအဆင့် ချီအားဖြည့်ဆေးလုံးတွေ။ စုစုပေါင်း အလုံး (၂၄၀)ပါ"

ကုန်းရိထျန်းဟန်က လှမ်းယူလိုက်ပြီးနောက် ခပ်ဖွဖွ ပြုံးလိုက်သည်။

"အားကျိုး ပင်ပန်းသွားပြီ"

ကုကျိုးမှာ သိပ်ပြီး ပင်ပန်းသလို မခံစားရသော်လည်း ထောက်ပံ့သူ၏ နှစ်သိမ့်ပြောစကားကို ဝမ်းမြောက်ဝမ်းသာ ခံယူလိုက်​ေလသည်။ ထို့နောက် သူက အလွန်စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"ထျန်းဟန်သခင်လေး အခုတလော ဘယ်လို ခံစားရလဲ? ကျင့်ကြံရေးနည်းလမ်းကို လေ့ကျင့်နိုင်ပြီလား?"

သူသည် ဆေးဖော်စပ်သည့် ဆေးဆရာတစ်ယောက်သာဖြစ်ပြီး တကယ့်ဆရာဝန်တစ်ယောက်တော့မဟုတ်ပေ။ သူက ထောက်ပ့ံသူကို သွေးကြောစမ်းပေးသည့်အခါ ထောက်ပံ့သူ၏ ချီနှင့်သွေးလည်ပတ်မှုက တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာသည်ကို ခံစားမိသည်။ ထောက်ပ့ံသူ၏ လက်ကောက်ဝတ်သွေးကြောကို စမ်းကြည့်ချက်အရ ကုကျိုးသည် ထောက်ပ့ံသူ၏ ချီစွမ်းအင်ကြောများ တည်ငြိမ်လာသည်ကိုလည်း သိရှိနိုင်ပေသည်။ သို့သော် ဤကဲ့သို့ တည်ငြိမ်နေသည့် အခြေအနေက စစ်မှန်သောချီစွမ်းအင်များကို ချောမွေ့စွာ လည်ပတ်ပေးနိုင်သည့် အခြေအနေမျိုးသို့ ရောက်မရောက်ကိုတော့ သူမသိနိုင်ပေ။ ထို့ကြောင့် သူက ထောက်ပံ့သူကို မေးကြည့်ရုံသာ တတ်နိုင်​သည်။

ကုန်းရိထျန်းဟန်က ခေါင်းညိမ့်လိုက်ကာ:

"အခု အချိန်ကျပြီထင်တယ်။ ဒီနေ့ည ကိုယ်စမ်းလုပ်ကြည့်မယ်"

ကုကျိုး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ဒီလောက်အချိန်အကြာကြီး ပြင်ဆင်ကြိုးစားခဲ့ပြီးနောက် အကယ်၍ ထောက်ပံ့သူသာ အမှန်တကယ် သိုင်းပညာကျင့်ကြံနိုင်ခဲ့လျှင် သူ၏ ချီစွမ်းအင်ကြောထဲတွင် ပိတ်ဆို့နေသည့် ရှန်းထျန်းအဆင့် ချီစွမ်းအားများကို အသုံးချနိုင်ပြီး သူ၏ သိုင်းပညာအစွမ်းမှာ အမှန်တကယ်ပင် အတိုင်းအဆမရှိ ထိုးဖောက်ကျော်စောနိုင်ပေလိမ့်မည်!

ထောက်ပံ့သူက မည်သို့သော ထည်ဝါခန့်ညားသည့် ကျင့်ကြံရေးနည်းလမ်းမျိုးကို ကျင့်ကြံလေ့ကျင့်မလ​ဲဆိုတာ သူအလွန်ပင် သိချင်လှသည်!

ကုကျိုးတစ်ယောက် ထိုကဲ့သို့အတွေးယဥ်ကြောထဲ မျောနေသည့်အချိန် ကုန်းရိထျန်းဟန်က လှမ်းပြောလိုက်၏။

"အားကျိုး၊ နောက် (၁၃)ရက်ကြာရင် မင်း ကိုယ်နဲ့ အပြင်ခဏ လိုက်ရမယ်"

ထိုအခါ ကုကျိုးက သတိပြန်ဝင်လာကာ ပြောလိုက်သည်။

"အပြင်သွားရမယ်?"

ကုန်းရိထျန်းဟန်က ပြုံးလိုက်ရင်း:

"နဂါးပြာကုန်သွယ်ရေးလုပ်ငန်းက လေလံပွဲတစ်ခု ကျင်းပဖို့ရှိတယ်။ သေချာပေါက် နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းမှာပဲ"

ကုကျိုးက စဥ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

"အဲ့ဒါက ဟို နဂါးပြာကုန်သွယ်ရေးလုပ်ငန်းလား?"

ကုန်းရိထျန်းဟန်က ခေါင်းညိမ့်ပြရင်း:

"အဲ့ဒီတုန်းက ထျန်းလုံတပ်ဖွဲ့တွေသွားတဲ့ 'ဟို'နေရာလေ"

သူက နှုတ်ခမ်းသားများကို ကွေးညွတ်ကာ ပြုံးလိုက်ပြီးနောက်:

"ပြောကြတာတော့ အဲ့ဒီမှာ တစ်ခါမှ မကြုံစဖူး ထူးခြားတာတစ်ခုရှိတယ်တဲ့။ ပုံမှန်ထက် အာနိသင် ဆယ်ဆပိုရှိတဲ့ ချီအားဖြည့်ဆေးလုံးတွေပေါ်လာတယ်ဆိုလား"

ကုကျိုးက အံ့အားသင့်သွားကာ မဝံ့မရဲနှင့်မေးလိုက်သည်။

".....ကျွန်တော် သန့်စင်တဲ့ဟာတွေလား?"

ကုန်းရိထျန်းဟန်က မအောင့်နိုင်ဘဲ ရယ်လိုက်ကာ ပြောလိုက်သည်။

"အားကျိုး သန့်စင်တဲ့ဟာတွေ"

အချိန်ကြာလာသည့်နှင့်အမျှ ဆေးဖက်ပင်ဆေးဝါးများ လိုအပ်ချက်ကလည်း ပိုမိုကြီးမားလာသည်။ အထူးသဖြင့် အသက်ဓာတ်ငါးပါးဆေးလုံး သန့်စင်ရန်အတွက် ဓာတ်ကြီးငါးပါးအစွမ်းသတ္တိရှိသော ဆေးဖက်ဝင်အမယ်များကို ပမာဏများစွာ လိုအပ်လေသည်။ ကုကျိုး၏ ဆေးဝါးသန့်စင်ခြင်းသည် အလွန်အဆင့်မြင့်မားပြီး အဆတစ်ရာမကသော အကျိုးအမြတ်များကို ရရှိနိုင်ပေသည်။ ထို့ကြောင့် ကုန်းရိထျန်းဟန်သည် တစ်စုံတစ်ရာကို လုပ်ချင်​ေနခဲ့ပြီး ဤနည်းလမ်းဖြင့် စတင်ရန် ရည်ရွယ်ခဲ့သည်။

ကုန်းရိအိမ်တော်နှင့် ကုန်းရိထျန်းဟန်သည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားများပင်ဖြစ်သည်။ သို့သော် ကုန်းရိအိမ်တော်သည် ကုန်းရိထျန်းဟန်၏ အပိုင်တော့မဟုတ်ပေ။ ကုန်းရိထျန်းဟန်က များစွာသော ပိုင်ဆိုင်မှု အရင်းအမြစ်များကို ရွှေ့ပြောင်းသုံးစွဲနိုင်သည်မှာမှန်သော်လည်း အသုံးစရိတ် အလွန်ကြီးမားပါက မျိုးနွယ်စုအိမ်တော်က မလွှဲမရှောင်သာ သတိထားမိလာနိုင်သည်။

ထို့ကြောင့် ကိုယ်ပိုင်လုပ်ငန်းအသစ်များကို သီးသန့်လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်လာသည်။

ထို့အပြင် ကုန်းရိထျန်းဟန်သည် အဆုံး၌ ကိုယ်ကျိုးကိုသာကြည့်သော လူတစ်မျိုးဖြစ်ရကား သူက သေချာပေါက် အဆတစ်ရာမက အစွမ်းထက်သည့် ထိုထိပ်ဆုံးအဆင့်ဆေးလုံးများကို ဒီလောက်အစောကြီး တခြားလူများအား လက်ဖျားနှင့်တောင် ထိခွင့်ပေးလိမ့်မည်မဟုတ်ပေ။

______________________________________

အချစ်ဆုံးတို့ရေ.....

Yayy..... ဒီနေ့အစောကြီးပြီးသွားပါတယ် 😊😊 နောက်တစ်ပိုင်းမှာ လေလံပွဲလေးနဲ့ ပြန်တွေ့ကြမယ်နော်။ အားလုံးပဲ လုံခြုံဘေးကင်းကြပါစေ။

With love ❤
Taiga 😘

Continue Reading

You'll Also Like

178K 24.4K 65
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
9.6K 766 7
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
206K 13K 37
My priority /property/privacy