Love Scenario (KookV/Complete...
Por Jinsoohyuk_0127
66.3K 6.9K 1.1K
Top- kook အချစ်အပေါ် ခံယူချက်ချင်းမတူညီသော လူငယ်ငါးယောက်ကြား ပေါက်ဖွားလာခဲ့သော အချစ်ဇာတ်လမ်းတစ်ပုဒ်။ Más
Introduction
EPISODE - 1
EPISODE - 2
EPISODE - 3
EPISODE - 4
EPISODE - 5
EPISODE - 6
EPISODE - 7
EPISODE - 8
EPISODE - 9
EPISODE - 10
EPISODE - 11
EPISODE - 12
EPISODE - 13
EPISODE - 14
EPISODE - 15
EPISODE - 16
EPISODE - 17
EPISODE - 18
EPISODE -19
EPISODE - 20
EPISODE - 21
EPISODE - 22
EPISODE - 23
EPISODE - 24
EPISODE - 25
EPISODE - 26
EPISODE - 27
EPISODE - 28
EPISODE - 29
EPISODE - 30
EPISODE - 31
FINAL EPISODE
EPISODE - 32
1.4K 151 17
Por Jinsoohyuk_0127
EPISODE - 32 (Unicode)
Ting Tong! Ting Tong!
အခန်းရှေ့မှ အဆက်မပြတ်သော လူခေါ်ဘဲလ်သံကြောင့် ကုတင်နှစ်လုံးဆက်ကာ အတူအိပ်နေသည့် ဂျောင်ဂုတို့နှစ်ယောက် မျက်လုံးကျယ်သွားကာ ဆတ်ခနဲထထိုင်လိုက်ကြသည်။ ညနက်သန်းခေါင် သူတို့ဆီ ဧည့်သည်မလာဖူး၍ ဒီတစ်ကြိမ်က အထူးအဆန်းဖြစ်စေသည်။
" ဟေး ဒီအချိန်ကြီး ဘယ်သူလာတာလဲ ထယ်ထယ်။ ငါတို့အခန်းကို ညနက်ကြီးလာရမယ့်သူ ဘယ်သူရှိလို့လဲ "
အိပ်ချင်နေသည့်လေသံဖြင့် ဂျောင်ဂု သန်းဝေပြီးပြောလာတော့ ထယ်ယောင်းလည်း စိတ်ရှုပ်ထွေးစွာ ဆံပင်တွေဆွဲဖွမိသည်။ သူတို့ဆီကို ဒီအချိန်ကြီးလာရအောင် ဘယ်သူက ဘာတွေ အရေးကြီးနေရပါသနည်း။
" ငါလည်း မသိဘူးလေ ဂျောင်ဂုရယ်။ ဘယ်သူလဲဆိုတာ တံခါးသွားဖွင့်ကြည့်မှ သိမှာပေါ့။ မင်း တံခါးသွားဖွင့်ပေးလိုက်ပါလား။ ငါမင်းနောက်မှာ ရှိနေမယ် "
ချစ်ရည်းစားက သူ့ကိုအရင်သွားခိုင်းလာတော့ ဂျောင်ဂု ခွန်းတုံ့ပြန်မငြင်းဘဲ အရှေ့က အရင်ထွက်လာခဲ့ပြီး ထယ်ယောင်းက နောက်က ကပ်ပါလာခဲ့သည်။ အခန်းတံခါးဆီရောက်တော့ သိချင်စိတ်က ပိုပိုလာခဲ့ကာ တံခါးဖွင့်ပေးလိုက်တော့ အခန်းဝက ထိုသူကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။
" ဟင်! ဆော့ဂျင် မင်းပါလား။ ဒီအချိန်ကြီး ငါတို့အခန်းဆီလာတာ ဘာကိ္စ္စရှိလို့လဲ "
ဆော့ဂျင်က ဂျောင်ဂု အမေးကို ဂရုမစိုက်အား။ သူ့မျက်ဝန်းများက ထယ်ယောင်းမျက်နှာဆီကိုသာ စူးစူးရဲရဲစိုက်ကြည့်လျှက် စားမလိုဝါးမလို အကြည့်တို့ဖြင့် တစ်စုံတရာကို ပြဿနာရှာချင်ဟန်။
" နမ်ဂျွန်း ဘယ်ရောက်နေလဲဆိုတာ မင်းသိတယ်မဟုတ်လား ထယ်ယောင်း။ သူ ဒီနေ့တစ်နေ့လုံး ပျောက်နေတာလည်း မင်းစနက်ကြောင့်မဟုတ်လား။ ဂျွန်းက ငါဖုန်းတာလည်း မကိုင်တော့ဘူး။ မင်းသူ့ကို တစ်နေရာပို့ထားတာ မဟုတ်လား။ ငါမင်းကို ဒူးထောက်တောင်းပန်ရမယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းပြောပါ။ ငါ့မှာ သူတစ်ယောက်တည်းရှိတာမို့ သူမရှိဘဲ ငါမနေနိုင်ဘူး။ ငါတောင်းပန်ပါတယ် သူ့ကို ဖွက်မထားပါနဲ့ ထယ်ယောင်းရယ် "
ဒေါသသံဖြင့်စတင်သော ဆော့ဂျင်လေသံက အသနားခံသော ကရုဏာသက်ဖွယ်လေသံဖြင့် အဆုံးသတ်သည်။ ဘယ်သူ့ကိုမှ အလျှော့မပေးချင်သော ဆော့ဂျင်က သူ့လူနှင့်ပတ်သက်လာလျှင် ထယ်ယောင်းကို အလျှော့ပေးရလည်း သူကျေနပ်နိုင်သည်။ အတိတ်ကပတ်သက်မှုကြောင့် ထယ်ယောင်းက နမ်ဂျွန်းအပေါ် တစ်နည်းတစ်ဖုံ လွှမ်းမိုးနိုင်တာလည်း သူအသိပဲမို့ နမ်ဂျွန်းပျောက်နေသည့်ကိစ္စမှာ ထယ်ယောင်း ပါဝင်ပတ်သက်နိုင်သည်ဟု သူယူဆသည်လေ။
" မင်း ဘာတွေပြောနေတာလဲ ငါနားမလည်ပေမယ့် နမ်ဂျွန်းနဲငါ့ကြား ကင်းကင်းရှင်းရှင်းဖြစ်သွားတာ ကြာခဲ့ပါပြီကွာ။ မင်းနဲ့ငါ ဘယ်လိုပဲ အမြင်မကြည်တာတွေရှိရှိ နမ်ဂျွန်းက မင်းအပိုင်လို့ ငါ့ဘက်က မြင်ပေးခဲ့တယ်။ မင်းတို့ကိုလည်း ငါသဘောတူတယ်။ အခု နမ်ဂျွန်းဘက်မှာ ကိစ္စတစ်ခုခုရှိနေလို့ ပျောက်နေတာဖြစ်ပါလိမ့်မယ်။ ငါ့မှာလည်း ရည်းစားရနေပြီဆိုတော့ မင်းရဲ့နမ်ဂျွန်းနဲ့ ပတ်သက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ စိတ်အေးအေးထားပါ ဆော့ဂျင်ရယ်။ အချိန်တန်ရင် သူပြန်ရောက်လာမှာပါ "
ထယ်ယောင်းက ဆော့ဂျင် နားလည်နိုင်အောင် ေအးအေးဆေးဆေး သေချာရှင်းပြသည်။ သို့သော် ဆော့ဂျင်က စိတ်အေးနိုင်ပုံမရ။ ထယ်ယောင်း အမှန်အတိုင်းပြောနေသည့်တိုင် အစိုးရိမ်လွန်တတ်သော သူ့စိတ်က ရင်ဘတ်တစ်ခုလုံးကို လောင်စာအားကောင်းကောင်းဖြင့် မီးလောင်တိုက်သွင်းနေဆဲ။
" ဒါဆို သူက ငါ့ကိုတစ်နေ့လုံးပစ်ပြီး ဘယ်တွေသွားနေရတာလဲ။ ငါ့ဘက်က သူ့ကို အရမ်းကြိုက်ပြနေလို့ ငါ့ကို ခဏတာပျော်ရရုံ အပျော်ကစားခဲ့တာလား။ ငါ့ကို မဟုတ်ဘူးလို့ပြောပါ ထယ်ယောင်း။ ငါ့ရဲ့ဂျွန်းက အဲ့လိုလူစားမျိုး လုံးဝမဟုတ်ဘူးလို့ ပြောပေးပါ "
အတွေးလွန်ပြီး ထင်ရာမြင်ရာစွတ်ပြောလာသော ဆော့ဂျင်ကို ထယ်ယောင်း စိတ်မကောင်းစွာကြည့်ရင်း သက်ပြင်းမောကြီး ချလိုက်မိသည်။ ဒီအခြေအနေရဆိုလျှင် Yerinနှင့် နမ်ဂျွန်းတို့ကြား ပြဿနာဖြေရှင်းပြီးလောက်ပြီ ထင်ရသည်။ ဘယ်လိုပဲ ပြန်စဥ်းစားပါစေ နမ်ဂျွန်း စိတ်လေပြီး ေလျှာက်သွားနေလောက်သည့် အကြောင်းအရင်းက ဒီတစ်ခုသာရှိသည်။
" နမ်ဂျွန်းက တကယ့်ကို လူကောင်းတစ်ယောက်ပါ ဆော့ဂျင်ရယ်။ သူက မင်းကို တကယ်ချစ်ခဲ့တာပါ။ သူပျောက်နေရတဲ့ အကြောင်းအရင်းကို ငါနည်းနည်းတော့ ရိပ်မိသလိုပဲ။ အပေါက်ဝမှာ ရပ်မနေဘဲ အခန်းထဲဝင်ခဲ့ပြီး ငါရှင်းပြတာ နားထောင်ပေး။ ဝင်လာခဲ့ သူငယ်ချင်း "
ထယ်ယောင်းက အကျိုးအကြောင်းပြောပြီး အခန်းထဲဆွဲခေါ်တော့ ဆော့ဂျင် အလိုက်သင့်ကလေး ပါလာခဲ့သည်။ ဧည့်ခန်းထဲက ဆိုဖာပေါ်စထိုင်မိသည်နှင့် သိချင်စိတ်က ထိန်းမရသိမ်းမရ ဖြစ်လာသည်မို့ ထယ်ယောင်း မပြောပြသေးခင် သူက အရင်ဦးအောင်မေးမိသည်။
" အခု မင်းပြောပြလို့ ရပြီလား။ သူဘာကြောင့် ငါ့ကို အဆက်အသွယ်ဖြတ်ပြီး တစ်နေကုန်ပျောက်နေတာလဲဆိုတာ။ ငါ့ရင်တွေပူလောင်နေလို့ ငါ့ကို အမြန်ပြောပြပေးပါကွာ "
ဆော့ဂျင်၏ အလောတကြီး အမူအရာကြောင့် ထယ်ယောင်းလည်း သက်ပြင်းတစ်ချက်ချကာ ပြောပြဖို့ ပါးစပ်ပြင်လိုက်သည်။ ပြောပြပြီးပြန်လျှင်လည်း ဆော့ဂျင်တို့ စိတ်သက်သာရာရဖို့ လမ်းမမြင်နိုင်သေး။ ဘာပဲဖြစ်ဖြစ် သိထားသည်ကတော့ ပိုကောင်းသည်ထင်။
" တကယ်တမ်းတော့ မင်းအစ်မနဲ့ နမ်ဂျွန်းက အတိတ်မှာ ရန်ငြှိုးတွေရှိခဲ့တယ်။ နမ်ဂျွန်းက သူ့ညီသေတဲ့ကိစ္စမှာ မင်းအစ်မပယောဂ မကင်းဘူးဆိုပြီး မင်းအစ်မကို သေလောက်အောင်မုန်းနေတာ။ ပြီးတော့ မင်းနဲ့နမ်ဂျွန်း ကြိုက်နေကြတယ်ဆိုတာ မင်းအစ်မသိထားတယ်။ လိုရင်းကို ပြန်ဆက်ရရင် မင်းနဲ့နမ်ဂျွန်း အဆင်ပြေဖို့ မင်းအစ်မက နမ်ဂျွန်းနဲ့တွေ့ပြီး သူတို့အတိတ်က ရန်ငြိုးတွေကို ပြန်ဖြေရှင်းဖို့ စဥ်းစားထားတာရှိတယ်။ အခု အခြေအနေအရဆို သူတို့တွေ တွေ့ပြီးကြပြီထင်တယ် "
ထယ်ယောင်း သူ့စကားကို ခဏရပ်ပြီး ဆော့ဂျင်ကို အကဲခတ်ကြည့်တော့ မျှော်လင့်ချက်မဲ့သွားဟန်ဖြင့် ခေါင်းငိုက်စိုက်ချလျှက်။ အားငယ်တတ်နေပုံက သူစသိခဲ့သော ကတ်ကတ်လန်ဆတ်ဆတ်ကြဲ ဆော့ဂျင်နှင့် များစွာခြားနားလွန်းသည်။
" ဟေး မင်းပုံစံက တကယ့်ကို စိတ်ပျက်အားလျော့နေတဲ့ပုံပါလား။ ငါသိတဲ့ ဆော့ဂျင်ဆိုတာ ဒီလိုလူမျိုး မဟုတ်ဘူးနော်။ မင်းက ဘာလာလာမကြောက်တတ်တဲ့ ဆတ်ဆတ်ကြဲလေကွာ။ နည်းနည်းပါးပါး အားတင်းထားစမ်းပါ "
ထယ်ယောင်း စကားကို ဆော့ဂျင် ချက်ချင်းပြန်မဖြေ။ ခေါင်းကို တသွင်သွင်ခါယမ်း၍သာနေသည်။ ခဏကြာမှ ခေါင်းအနည်းငယ်မော့လာကာ-
" ငါ့မှာ ​မျှော်လင့်ချက်မှ မရှိတော့တာကွာ။ ငါ့အစ်မက သူ့ညီကိုသေအောင်လုပ်ထားတဲ့ ရန်သူဖြစ်နေမှတော့ ဂျွန်းက ငါ့ကို ဘယ်လိုဆက်ချစ်နိုင်တော့မှာလဲ။ အခုလောက်ဆို ငါ့အစ်မအပေါ်ထားတဲ့ အမုန်းတွေနဲ့ ငါ့ကိုပါ မုန်းသွားလောက်ပြီ။ ငါ့ဘဝက လုံးဝပျက်စီးသွားပြီ။ သူငါ့ဆီကို ဘယ်တော့မှ ပြန်လာတော့မယ် မထင်ဘူး။ ငါသူ့ကို လက်လွှတ်လိုက်ရပြီ ထင်ပါတယ် "
" ခဏလေး ငါ့စကား မဆုံးသေးဘူးလေကွာ။ ထပ်ရှင်းပြမယ် နားထောင် "
အလိုလိုနေရင်း အဆိုးဘက်ချည်းတွေးနေသော ဆော့ဂျင်ကြောင့် ထယ်ယောင်းလည်း စကားလုပြောလိုက်ကာ အကြောင်းစုံကို စီကာပတ်ကုံး သေချာရှင်းပြလိုက်ရသည်။ အထူးသဖြင့် နမ်ဂျွန်းညီဖြစ်သူ သေဆုံးမှုတွင် Yerinက ကြားလူသက်သက်ဖြစ်ကြောင်းကိုပါ နားဝင်အောင် ပြောယူရသည်။ ထိုအခါမှ ဆော့ဂျင်တစ်ယောက် ​မျှော်လင့်ချက်ရောင်ခြည် သန်းလာဟန်ဖြင့်-
" မင်းပြောတာ တကယ်ပဲလား ထယ်ယောင်း။ ငါ့အစ်မနဲ့ ဂျွန်းတို့ကြားမှာ လွယ်လွယ်ကူကူပဲ ပြဿနာရှင်းနိုင်တော့မှာပေါ့နော် "
ခုနက စိတ်ဓာတ်ကျနေတာ သူမဟုတ်ခဲ့သလို တက်တက်ကြွကြွဖြစ်နေသော ဆော့ဂျင်ကို ထယ်ယောင်း ခပ်ယဲ့ယဲ့ပြုံးပြရင်း ခေါင်းညိမ့်ပြလိုက်သည်။ ညလည်း နက်နေပြီဖြစ်၍ အနှီကိုယ်တော်ကို အမြန်ပြန်စေချင်နေမိပြီ။
" အေးပေါ့ကွာ။ အခု နမ်ဂျွန်း ပျောက်နေတယ်ဆိုတာက သူ့အတွက် အချိန်ယူဖို့လိုနေလို့ ဖြစ်ပါလိမ့်မယ်။ ဘာမှ စိုးရိမ်မနေဘဲ ပြန်အိပ်တော့နော်။ သူ့အတွက် စိတ်အဆင်ပြေသွားရင် သူမင်းဆီ ပြန်လာပါလိမ့်မယ်။ ငါအာမခံတယ် သူမင်းဆီ ကျိန်းသေပေါက် ပြန်လာမှာ "
ထယ်ယောင်း သေချာလေး ဖြောင်းဖျပြောလိုက်တော့မှ ဆော့ဂျင် စိတ်ကျေနပ်ကာ သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး အခန်းထဲက ပြန်သွားခဲ့သည်။ ဆော့ဂျင် ပြန်သွားသောအခါမှ ထယ်ယောင်းတို့နှစ်ယောက်သား အသက်ဝဝရှူရင်း အိပ်ခန်းထဲပြန်လာခဲ့ကြသည်။
နှစ်ယောက်လုံး အတော်အတန် ငိုက်နေကြပြီဖြစ်၍ အခန်းထဲပြန်ရောက်ရောက်ချင်း ကုတင်ပေါ်ပစ်လှဲလိုက်ကြပြီး စောင်အမြန်ခြုံကာ မျက်လုံးစုံမှိတ် အိပ်လိုက်ကြတော့သည်။
~~~~~xxxxx~~~~~
ငါးရက်ခန့်ကြာပြီးနောက်..။
အင်ဂျင်နီယာဌာန၏ ခန်းမကျယ်ကြီးထဲ ဌာနတွင်း မောင်မယ်ရွေးပွဲ ကျင်းပလျှက်ရှိသည်။ ပွဲ၏ နောက်ဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး Campus moonကိုသာ ကြေညာရန်ရှိတော့သည်။ ဌာန၏ အချောဆုံး ကျောင်းသားများကြားမှ အနိုင်ရရှိသူ မည်သူဖြစ်မည်ကို ကျောင်းသူများအချင်းချင်း စကားတွတ်ထိုးကာ ငြင်းခုံနေကြ၍ ခန်းမတစ်ခုလုံး ဆူညံနေ၏။
" အားလုံးပဲ အသံတွေတိတ်ပေးကြပါ။ အခု 2021အတွက် ကျွန်မတို့ အင်ဂျင်နီယာဌာနရဲ့ Moonကို ကြေညာပေးဖို့ အချိန်ကျရောက်လာပါပြီ။ အားလုံး ကြိုခန့်မှန်းမိကြမယ်ဆိုပေမယ့် ရင်တွေခုန်နေကြတယ် ဟုတ်။ ဒီလိုဆိုတော့ အချိန်ထပ်မဆွဲတော့ဘဲ ဒီနှစ်ရဲ့ Moonကို ကြေညာပေးပါတော့မယ်။ အားလုံး ​မျှော်လင့်ထားကြတဲ့အတိုင်း စက်မှုအင်ဂျင်နီယာမေဂျာက hot boyလေး ဂျွန်ဂျောင်ဂုက ဒီနှစ်ရဲ့ Moonဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိသွားပါတယ် ရှင်။ လက်ခုပ်သံလေးတွေနဲ့ အားပေးလိုက်ကြပါဦး "
Presenterလုပ်ပေးနေသော အစ်မဆိုယွန်း၏ ကြေညာသံအဆုံး အမျိုးသမီးထုကြီးဆီမှ တစ်ခဲနက်အော်ဟစ်အားပေးသံများ ဆူညံပေါက်ကွဲထွက်လာသည်။ ပရိသတ်အော်သံကြောင့် ထယ်ယောင်းခင်ဗျာ လက်ထဲက ဂျောင်ဂုအတွက် ပန်းစည်းလေး လွတ်ကျလုမတတ် ရုတ်တရက် ထိတ်လန့်သွားရသည်။ ပြီးမှ ဂျောင်ဂုရည်းစားဖြစ်ခွင့်ရနေသည့် သူ့အဖြစ်ကိုပြန်တွေးမိကာ ဂုဏ်ယူသောအပြုံးဖြင့် ပြုံးလျှက်သား။
ဂျောင်ဂု စင်ပေါ်ကပြန်ဆင်းရင် ဒီကောင်မလေးက အလုအယက်တိုးပြီး ပန်းစည်းတွေ လက်ဆောင်တွေပေးကြလိမ့်မယ်။ ငါ့အတွက်တော့ သူတို့လို တိုးဝှေ့နေစရာ မလိုပါဘူး။ အခန်းဆီပြန်ရောက်မှ နှစ်ကိုယ်ကြားပေးလည်း ရနေတာပဲ။ သူတို့တွေ အသည်းအသန် ခဲမှန်ပြီး တိုးဝှေ့နေကြတာကို ငါက ပေါက်ပေါက်ဆုပ်စားပြီး ထိုင်ကြည့်နေမယ်။
အခမ်းအနားပြီးဆုံး၍ ဂျောင်ဂု စင်ပေါ်က ပြန်ဆင်းလာတော့ ထယ်ယောင်း ကြိုတွေးထားသည့်အတိုင်း ကျောင်းသူအုပ်လိုက်ကြီး ပြေးထွက်သွားကာ ဂျောင်ဂုအနား ဝိုင်းကုန်ကြသည်။ တစ်ယောက်တစ်လှည့်စီ အလုအယက် ပန်းစည်းပေးကြရင်း ဓာတ်ပုံတွဲရိုက်နေကြသည်မို့ ဂျောင်ဂုမှာ အသက်တောင် ဝဝမရှူရဲ။
လစ်သည့်အချိန်လေး ထယ်ယောင်းဘက်ကို ခိုးခိုးကြည့်မိတော့ သူ့အဖြစ်ကို သဘောကျပြီး ချစ်စဖွယ်ရယ်မောနေသော ထိုလူသားငယ်။ သဝန်တိုပြီး မျက်နှာမဲ့နေခြင်းမျိုး မတွေ့ရ၍ ဂျောင်ဂုအဖို့ အတော်လေး စိတ်သက်သာရာရသည်။ ထိုအခိုက်မှာပင် ထယ်ယောင်းတစ်ယောက် ထိုင်ရာက ထသွားသည်ကို ဂျောင်ဂု လှမ်းမြင်လိုက်သည်။
" ဂျောင်ဂု ပန်းစည်းတွေသယ်ရတာ လက်နဲ့မဆန့်တော့ဘူးပဲ။ ငါကူသယ်ပေးမယ်နော် "
လူနည်းနည်းကျဲသွားတော့ ထယ်ယောင်းက အနားရောက်လာကာ ဂျောင်ဂုလက်ထဲက ပန်းစည်းအချို့ကို လက်လွှဲယူလိုက်သည်။ လက်ခဏအားသွားသော ဂျောင်ဂုလည်း အားလုံးရှေ့မှာ ထယ်ယောင်းခါးလေးကို လှမ်းဖက်ရင်း သူ့နားဆွဲကပ်လိုက်တော့ သို့သောသို့လော အကြည့်များက စုံပြုံကျရောက်လာသည်။
" ပန်းစည်းတွေ ဆက်ပေးချင်ပေးလို့ရတယ်နော်။ ကျွန်တော့်ကောင်လေးက သဝန်မတိုတတ်တော့ ဘာပြဿနာမှမရှိဘူး။ သူက အရမ်းသဘောကောင်းတာ "
ဂျောင်ဂုတို့ ပြောရဲဆိုရဲရှိပုံကြောင်​့ ထယ်ယောင်းမှာ ရှက်စိတ်မွှန်ပြီး မျက်နှာလေး ပန်းရောင်သန်းလျှက်။ အနားမှာ ဝိုင်းနေသည့် ကောင်မလေးအချို့ကလည်း ပန်းစည်းတွေ ခပ်သွက်သွက်ပေးကာ လစ်ပြေးသွားကြလေပြီ။ အခုတော့ သူတို့နှစ်ယောက်သာ ကျန်နေခဲ့သည်။
" မင်း အရမ်း ရဲတင်းတာပဲနော်​ ဂျောင်ဂု။ ဒီနေ့မှ ဌာနရဲ့ Moonစဖြစ်တာကို နည်းနည်းပါးပါး စော်ကြည်အောင်နေပါဦးလား။ ငါ့ကို ပိုင်ဆိုင်ကြောင်းတွေ ခဏခဏ ထုတ်ကြွားဖို့ မလိုပါဘူး "
လူရှင်းသွားချိန် ပွစိပွစိအပြစ်တင်လာသော အလှလေးကြောင့် ဂျောင်ဂု သဘောကျစွာပြုံးမိသည်။ ကိုယ့်ရည်းစားကိုယ် လူကြားထဲထုတ်ကြွားတာ ဘယ်သူ့ဂရုစိုက်မည်နည်း။ အချစ်နဲ့ပတ်သက်ရင် လူတိုင်းက ရဲတင်းလာတတ်တာ သဘာဝပဲလေ။
" ငါ့မှာ မင်းတစ်ယောက်လုံးရှိနေတာကို ငါကဘာလို့ singleယောင်ဆောင်ပြီး စော်ကြည်အောင်နေရမှာလဲ။ သူတို့ကြည်ဖို့ထက် ငါ့ကောင်လေးဖြစ်တဲ့ မင်းကြည်နေဖို့က ပိုအရေးကြီးတယ်။ ငါမင်းကို ဘယ်လောက်ထိ ခက်ခက်ခဲခဲ ရထားလဲဆိုတာ မင်းလည်းသိနေတာပဲ "
" ဟွန့် ပိုပြီ "
ထိုလူသားငယ်၏ ဟွန့်ဆိုသော စကားသံလေးက ဂျောင်ဂုနားထဲ ပျားသရည်လောင်းချလိုက်သလို ချိုမြိန်ခြင်းအတိဖြင့် တစ်ကိုယ်လုံးတုန်သွားသည်။ ဘယ်လိုပြောထွက်လိုက်သလဲ မသိနိုင်လောက်အောင် သာယာဖွယ်ကောင်းလွန်းတဲ့ ဒီအသံလေးက ဂျောင်ဂု ကမ္ဘာကြီးကို ပြောင်းပြန်လည်စေဖို့ မှော်အစွမ်းတွေနဲ့ ပြည့်နှက်လွန်းနေခဲ့သည်။
" မပိုပါဘူး အချစ်ရယ်။ မင်းကို ချစ်နေဖို့အတွက်ဆို ငါ့နှလုံးသားက ဘယ်တော့မှ ပိုတယ်ရယ်လို့မရှိဘူး။ လိုနေတာတွေ ထပ်ထပ်ဖြည့်ပြီးတောင် မင်းကို ဆက်ချစ်သွားရမှာ။ အကြင်နာတွေ မေတ္တာတရားတွေ စာနာမှုတွေ နွေးထွေးယုယမှုတွေနဲ့ ကိုယ့်နှလုံးသားကို ဝမ်းစာဖြည့်ထားမယ်။ ကိုယ့်အချစ်တွေကို အရသာရှိရှိ စားသုံးပြီး အချစ်ကမ္ဘာကြီးမှာ ပျော်ပျော်ကြီး ရှင်သန်သွားပေးပါ ကိုယ့်အချစ်ရယ် "
ချစ်သူဆီက ကဗျာဆန်လွန်းသော စကားလုံးတို့ကြောင့် ထယ်ယောင်းလည်း ပါးချိုင့်လေးပေါ်သည်အထိ စိတ်လိုလက်ရ ကြည်ကြည်နူးနူးပြုံးလိုက်သည်။ အချစ်နှင့်တွေ့လျှင် လူသားတွေက ကဗျာဆရာလည်း ဖြစ်သွားတတ်ကြသေးသည်ပဲ။ အခုဆို ကဗျာဆရာကြီး ဂျောင်ဂုက သူ့ကို ကဗျာဆန်ဆန်တွေ ပြောလာခဲ့ပြီလေ။
ဘာပဲဖြစ်ဖြစ် ဂျောင်ဂု နှလုံးသားဆီက ထွက်မံထွက်ပေါ်လာမယ့် အချစ်တေးကဗျာတွေကို ထယ်ယောင်း တစ်သက်တာ နားဆင်သွားချင်မိသည်။ ချစ်ခြင်းမေတ္တာကို စကားလုံးစီပြီး ကြင်နာခြင်းတရားနဲ့ သံစဥ်ညှိယူထားတဲ့ အချစ်တေးသွားတွေကသာ သူ့နှလုံးသားကို ထာဝရရှင်သန်စေနိုင်လိမ့်မည်။
~~~~~xxxxx~~~~~
Ting Tong!
အခန်းရှေ့က လူခေါ်ဘဲလ်သံက ေဆာ့ဂျင်ဆီ မျှော်လင့်ချက်အလင်းရောင်များ သယ်ဆောင်လာပေးသည်။ ငါးရက်လုံးလုံး မတွေ့ရသေးသော သူ့ချစ်သူ နမ်ဂျွန်း သူ့ဆီ ပြန်လာခဲ့ပြီ ထင်သည်။
မျှော်လင့်ချက် တပွေ့တပိုက်ဖြင့် စိတ်လှုပ်ရှားစွာ အခန်းတံခါးပြေးဖွင့်ကြည့်တော့ သူမျှော်နေခဲ့ရသော ချစ်ရသူနမ်ဂျွန်း။ အလွမ်းရိပ်တို့ ယှက်သန်းနေသော နမ်ဂျွန်းမျက်ဝန်းများကလည်း သူ့နှလုံးသားကို ယိုင်နဲ့လာအောင် ဖန်တီးနေပြန်တော့ ဆော့ဂျင် စိတ်မထိန်းနိုင်တော့ဘဲ နမ်ဂျွန်းကိုဖက်ငိုလေတော့၏။
" နောက်ဆုံးတော့ မင်းငါ့ဆီ ပြန်လာပြီပေါ့။ ငါ့မှာ မင်းပျောက်သွားလို့ ဘယ်လောက်ထိ ပင်ပန်းခဲ့ရလဲသိလား။ နောက်တစ်ခါ ငါ့ကိုထားပြီး အကြာကြီး ပျောက်မသွားနဲ့တော့နော်။ မင်းမရှိရင် ငါသေသွားလိမ့်မယ် ဂျွန်းရဲ့ "
တွေ့တွေ့ချင်း ဆော့ဂျင်က ဝမ်းပန်းဖက်ငိုလာတော့ နမ်ဂျွန်း ရင်ထဲနင့်ကာ မျက်ရည်ကျမိသည်။ ပြဿနာတွေ ဖြေရှင်းပြီးခဲ့သော်လည်း သူ့စိတ်သူ သေချာအောင် အချိန်ယူခဲ့ရသည်မို့ ဆော့ဂျင်ကို ငါးရက်တာမျှ ပစ်ထားခဲ့မိခြင်း။ ပြန်ရောက်ရောက်ချင်း အခုလို ဆော့ဂျင် နာကျင်နေရသည်ကိုမြင်ရတော့ အလိုက်သင့်ပြန်ဖက်ထားပေးရင်း ကျောလေးကိုပွတ်သပ်နှစ်သိမ့်နေမိသည်ပေါ့။
" ငါ့ကိုယ်ငါ ပိုသေချာအောင် ပြန်စမ်းစစ်နေရလို့ မင်းကို ခဏလောက် ပစ်ထားမိတာပါကွာ။ အခု ငါမင်းကိုချစ်တာ သေချာသိသွားပြီမို့ ငါမင်းဆီ ပြန်လာခဲ့တာ။ မင်းသိရဲ့လား မင်းနဲ့ခွဲနေရတဲ့ ငါးရက်တာက ငါ့အတွက် ဘယ်လောက်ထိ ခက်ခဲပင်ပန်းခဲ့လဲဆိုတာ။ မင်းမရှိရင် မင်းပုံရိပ်လေးတွေ ငါ့မျက်လုံးထဲမြင်ယောင်လာတယ်။ မင်းအသံလေးတွေက ငါ့နားထဲ ပြန်ကြားယောင်လာတယ်။ ဗိုက်ဆာလို့ တစ်ခုခုစားချင်လာရင် အစားကြိုက်တတ်တဲ့ မင်းကို သတိရတယ်။ ဝက်ဝံရုပ်လေးတွေ သူများကိုင်လာတာမြင်ရင် ငါ့ရဲ့ဝက်ဝံပေါက်လေးဖြစ်တဲ့ မင်းကို သတိရလာတယ်။ ငါသေချာသိလိုက်တာက ငါလည်း မင်းမရှိရင် မရှင်သန်နိုင်တော့ဘူးလို့ပေါ့။ ငါမင်းကို ထပ်ပြီး ကတိပေးတယ်။ ငါမင်းနဲ့ ဘယ်တော့မှ ထပ်မခွဲသွားတော့ဘူးလို့ "
နမ်ဂျွန်းဆီက ကတိစကားကြားရပြန်တော့ ဆော့ဂျင် ဝမ်းသာလွန်း၍ ထပ်ငိုမိပြန်သည်။ သူ့ရဲ့ဂျွန်းက သူမရှိဘဲ မရှင်သန်နိုင်ပါတဲ့။ ကိုယ်ချစ်ရသူ၏ ရှင်သန်ရခြင်း အကြာင်းအရင်းက ကိုယ်ကိုယ်တိုင်ဖြစ်ခွင့်ရသည့် ခံစားချက်က ဒီကမ္ဘာမှာ အထူးကဲဆုံးမဟုတ်လား။
" ငါမင်းကတိကို ယုံကြည်ပါတယ်။ ငါလည်း မင်းအပေါ် အရမ်းမဆိုးမိအောင် နေပါ့မယ်။ အားအားရှိ စိတ်ကောက်တာမျိုးလည်း မလုပ်မိအောင်နေမှာမို့ မင်းငါ့ကို စိတ်ကုန်ပြီး ပစ်မသွားပါနဲ့နော်။ ငါမင်းကို ငါ့ဘဝနဲ့ထပ်တူ အရူးအမူးချစ်တယ် ဂျွန်း "
ပစ်မသွားဖို့ တဖွဖွဆိုနေသော ဝက်ဝံပေါက်ကြောင့် နမ်ဂျွန်းရင်တွေ နင့်သထက်နင့်ရသည်။ ဒီလူသားက သူ့အပေါ် နှုိင်းမရသည့်ချစ်ခြင်းဖြင့် အရူးအမူးချစ်နေသည်မို့ သူ့ဘက်ကလည်း ပစ်သွားဖို့ စိတ်တောင်ကူးမည်မဟုတ်။ အချစ်တွေ ပိုတိုး၍ပင် ချစ်သွားလိမ့်ဦးမည်။
" မင်းဘယ်လိုနေနေ ငါက မင်းကို ပစ်သွားမှာမဟုတ်လို့ မင်းစိတ်ကြိုက် ဆိုးချင်သလိုဆိုးပါ။ စိတ်ကောက်ရင်လည်း ငါချော့ပေးမှာမို့ မင်းစိတ်ကြိုက် စိတ်ကောက်ပါ။ ငါ့ဘဝမှာ မင်းရှိနေရင် ငါ့အတွက် အရာရာပြီးပြည့်စုံပါပြီ။ အရမ်းချစ်တယ် ကိုယ့်ရဲ့ ဝက်ဝံပေါက်လေး "
နမ်ဂျွန်းစကားဆုံးတော့ နှစ်ယောက်သား စကားထပ်မပြောဖြစ်ကြဘဲ တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာဖက်ထားမိသည်။ နောက်ဆုံးတော့ အပြန်အလှန် ချစ်ခြင်းတရားတွေကြားမှာ အရာရာက ကောင်းခြင်းမင်္ဂလာဆီ ဆိုက်ရောက်ခဲ့ပါပြီ။
To be continued...
EPISODE - 32 (Zawgyi)
Ting Tong! Ting Tong!
~~~~~xxxxx~~~~~
" ဟွန့် ပိုပြီ "
~~~~~xxxxx~~~~~
Ting Tong!
To be continued...
Seguir leyendo
También te gustarán
25.2M 760K 76
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key." Foo...
28.7K 1.5K 21
🌅ᑌᑎIᑕOᗪᗴ+ᘔᗩᗯᘜI🌅 🧵အဆုံးသတ်၏တထောင့်‌တနေရာ🧵 ᴀ ᴄᴏʀɴᴇʀ ᴏғ ᴛʜᴇ ᴇɴᴅ.. "ငါကတိပေးထားတယ် အရုပ်လေးရှိတဲ့နေရာ လိုက်လာခဲ့မယ်လို့ ဒီတခါတော့ ငါကအရုပ်လေးခံစားခဲ...
62.2K 8.5K 32
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
5.6M 291K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...