Unicode Version
ကာရန်ရှင်း၏ဒဏ်ရာများ သက်သာလာသဖြင့် ကျောက်ပတ်တီးဖြေပြီး ဆေးရုံဆင်းရသည့်နေ့မှာ ညီသုတသည် ဆေးရုံသို့ အစောကြီးရောက်လာပေသည်။ သူသည် မနက်စာပင်မစားနိုင်ခဲ့ဘဲ ထွက်လာခဲ့ခြင်းဖြစ်သောကြောင့် ကာရန်ရှင်းက အိမ်ပြန်သည့်လမ်းတွင် ဆိုင်တစ်ဆိုင်၌ကားကိုရပ်စေကာ သူ့ကိုမနက်စာဝယ်ကျွေးသည်။ ညီသုတမှာ ငြင်းမရသည်နှင့် ကာရန်ရှင်းဝယ်ကျွေးသမျှကို စားနေရသည်။
အလျှံပယ်ပေါများလွန်းသောမနက်စာကို စားသောက်ပြီးနောက် ညီသုတမှာ လှုပ်တောင်မလှုပ်နိုင်တော့ချေ။ ကာရန်ရှင်းသည် သူစားနေသည့်တစ်လျှောက်လုံး ဘေးနားမှနေ၍ များများစားသင့်ကြောင်းတိုက်တွန်းနေပြီး သူကိုယ်တိုင်ကလည်း ခွံ့ကျွေးနေသေးသဖြင့် ညီသုတမှာ ပြည့်အင့်သွားသည်အထိ စားခဲ့ရသည်။ ထိုအခါတွင်လည်း ကာရန်ရှင်းက အစာကြေဆေးဝယ်ပေးရန်မမေ့လျော့ပေ။
လမ်းတစ်ဝက်အရောက်တွင်တော့ ညီသုတအနည်းငယ်နေသာသွားပြီဖြစ်၏။ ညီသုတသည် ခန္ဓာကိုယ်ကနေသာသွားသောအခါမှသာ ပတ်ဝန်းကျင်အခြေအနေကို သေချာစူးစမ်းမိလေရာ အဘိုး၏ကားနောက်မှ လိုက်လာရသော သူတို့ကားသည် ဦးတည်ရာတစ်ခုတည်းကိုသွားနေသော်ငြား ထိုနေရာသည် အိမ်ပြန်နေသည်မဟုတ်မှန်း သတိထားမိလိုက်သည်။
"ကာရန်...ငါတို့ အခုဘယ်သွားနေတာလဲ"
ကာရန်ရှင်းသည် ညီသုတကိုရင်ခွင်ထဲသို့ သွပ်သွင်းကာ အနူးညံ့ဆုံးလေသံနှင့် ပြန်ဖြေလိုက်သည်။
"ငါတို့တစ်ခါရောက်ဖူးတယ်လေ"
ညီသုတသည် ဦးနှောက်ကို အလုပ်ပေးလိုက်ရသည်။ သူသတိရသွားချိန်တွင် သူ၏မျက်ခုံးနှစ်ဖက်သည် အံ့သြမှုကြောင့် မြင့်တက်သွားရပြီး ကာရန်ရှင်း၏ခါးကို လက်နှစ်ဖက်လုံးနှင့်တွယ်ချိတ်လိုက်သည်။
"အင်း... မင်း အခုရောဝမ်းနည်းနေလား"
သူသည် ယခင်တစ်ခေါက်ကလို ကာရန်ရှင်းစိတ်ထိခိုက်နေမည်ကို စိုးရိမ်၍ နှစ်သိမ့်ပေးနေခြင်းသာ။ ကာရန်ရှင်းမှာတော့ ထိုနှစ်သိမ့်မှုလေးကိုပင် လွန်စွာကျေနပ်နေရှာသည်။
"အခုတော့ နည်းနည်းသက်သာသွားပြီ"
"ငါရှိတယ်။ ဝမ်းမနည်းနဲ့တော့"
ကလေးချော့သလိုအချော့ခံနေသော်လည်း ကာရန်ရှင်းပျော်ရွှင်နေရသည်။ ထို့ကြောင့် ထိုလူသားကို ပို၍တင်းကြပ်နေအောင် ဖက်တွယ်ထားလိုက်ပြီး သူ၏လည်ပင်းကို ကလူကျီစယ်နေသောဆံစများအကြား မျက်နှာအပ်ကာနမ်းရှိုက်လိုက်တော့သည်။
ငုဝါပန်းပင်ကြီးနှင့် အေးချမ်းနေသူတစ်ဦး၏ နားခိုရာရိပ်မြုံလေးဆီသို့ သူတို့ရောက်သွားချိန်တွင် သူတို့အား အမြဲကြိုဆိုနေကျနေရာလေးမှာ ယခုလည်း နွေးထွေးစွာကြိုဆိုနေဆဲ။
ကာရန်ရှင်းသည် ညီသုတ၏လက်ကိုဆွဲကာ ငုဝါပန်းပင်အောက်သို့ လျှောက်လာပြီး သူ့အဘိုးဘေးတွင်ရပ်ကာ ပန်းပင်ကြီးအားမော့ကြည့်ရင်း ပြုံးပြမိသည်။
"ကိုကို ကျွန်တော်ထပ်ရောက်လာပြီ။ ဒီတစ်ခါတော့ အဘိုးလည်းပါသလို သူလည်းပါခဲ့တယ်"
"ငါ့မြေးကြီးရဲ့နေရာက တော်တော်တောင်စိုပြည်နေမှကိုးကွ။ အရမ်းအေးချမ်းနေတယ်ပေါ့။ ဒီလိုပုံစံနဲ့အေးချမ်းစေချင်ခဲ့တာမဟုတ်ပေမယ့် ငါ့မြေးကြီးပျော်နေတာသာမှန်ရင် အဘိုးကျေနပ်ပါတယ်"
သူ့အဘိုးသည် ပြောနေရင်းဖြင့် မထိန်းချုပ်နိုင်ဘဲ မျက်ရည်တစ်ပေါက်ကျဆင်းမိလေရာမှ မျက်ရည်စီးကြောင်းတစ်ခုသည်လည်း အထိန်းအကွပ်မဲ့စွာ တာကျိုးလာလေတော့သည်။ ကာရန်ရှင်းသည် သူ၏အဘိုးကို ပခုံးပုတ်ပေး၍ အသံတိတ်နှစ်သိမ့်နေသည်။ ညီသုတကလည်း စိုးရိမ်ကြီးစွာသောမျက်ဝန်းများနှင့် ငေးကြည့်နေပေသည်။
သူ့အမြင်တွင် ဤမိသားစုသည် အရာအားလုံးပိုင်ဆိုင်ထားသလို ပြီးပြည့်စုံသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင် သူတို့သည် ပိုင်ဆိုင်သမျှဆုံးရှုံးထားရသူများနှင့်ပင် ပိုတူပေသည်။ အဆင့်အတန်းမြင့်မားသောကြောင့် ကန့်သတ်ချက်များလည်း မြင့်မားလွန်းသည်ဖြစ်ရာ လွတ်လပ်မှုနှင့်ပျော်ရွှင်မှုသည် ပိုင်ဆိုင်မှုများကိုထိန်းသိမ်းရမည့်အသိစိတ်အကြား ပျောက်ဆုံးနေရပြီး ဘဝကိုစက်ရုပ်တစ်ရုပ်လို ဖြတ်သန်းခဲ့ကြရသည်။
မြေးအဘိုးနှစ်ယောက်သား နေရန်ရှင်းဟူသောလူသားကို လွမ်းတသသနှင့် စကားများပြောနေစဥ်တစ်လျှောက်လုံး ညီသုတသည် ငြိမ်သက်စွာစောင့်ဆိုင်းပေးသည်။ ထိုလူနှစ်ယောက် အားပါးတရအလွမ်းသယ်ပြီးနောက်မှာမူ အိမ်ပြန်ချိန်ရောက်လာလေပြီဖြစ်ရာ ညီသုတကို ကာရန်ရှင်းက ပြန်ကြရန် စကားစလာသော်လည်း ညီသုတကငြင်းလိုက်သည်။
"မင်းအရင်သွားနှင့်။ ငါလာခဲ့မယ်။ မင်းအစ်ကိုကို ငါ စကားနည်းနည်းလောက်ပြောချင်သေးတယ်"
ကာရန်ရှင်းသည် သူ့ကို ငေးခနဲကြည့်လာပြီး ဘာမှထပ်မပြောတော့ဘဲ ခေါင်းကိုအသာအယာညိတ်ပြပြီး အနားမှထွက်သွားပေးသည်။ ကာရန်ရှင်းထွက်သွားသည့်အခါမှသာ ညီသုတလည်း ငုဝါပန်းပင်ကြီးဘက်သို့ မျက်နှာမူလိုက်ပြန်သည်။
"ကျွန်တော့်နာမည်က ညီသုတပါ။ အစ်ကိုသိပြီးလောက်ပြီလို့ထင်ပါတယ်။ ကာရန်နဲ့ကျွန်တော်က နောက်ဆိုရင် တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးကြတော့မှာပါ။ ကာရန်က အစ်ကို့အကြောင်းတချို့ပြောဖူးလို့သိထားတာက အစ်ကိုကသူ့ကိုအရမ်းဂရုစိုက်ပြီး အရမ်းလည်းအလိုလိုက်တယ်တဲ့။ အစ်ကိုမရှိတော့တဲ့နောက် သူက အရမ်းစိတ်လေသွားပြီး ကမ္ဘာကြီးပြိုသလိုတောင်ခံစားခဲ့ရတာတဲ့။ ကျွန်တော်နဲ့တွေ့တော့ ကျွန်တော်က အစ်ကိုနဲ့သိပ်တူတယ်လို့တောင် ပြောဖူးသေးတယ်။ တကယ်တော့ ကျွန်တော်က အစ်ကိုနဲ့ယှဥ်လို့မရမှန်းသိပါတယ်"
ညီသုတသည် ငုဝါပန်းပင်ကြီးကို ငေးကြည့်လိုက်ပြီး အသက်ထက်ဆုံးစောင့်ထိန်းသွားမည်ဖြစ်သည့် သစ္စာစကားကို ဆိုလိုက်၏။
"ဒါပေမဲ့ တတ်နိုင်သလောက်ကြိုးစားပြီး အစ်ကိုသိပ်ချစ်တဲ့အစ်ကို့ညီကို အမြဲပျော်ရွှင်အောင်ထားပါ့မယ်။ ကျွန်တော့်စိတ်အာရုံတစ်ခုလုံးကို သူ့ဆီမှာပဲမြှုပ်နှံပြီး သူတစ်ယောက်တည်းကို မြတ်မြတ်နိုးနိုးချစ်မှာပါ။ အရင်ကလည်း သူ့ကိုပဲချစ်ခဲ့တာမို့ ပထမဆုံးနဲ့နောက်ဆုံးအချစ်ကို သူ့ကိုပဲပေးထားပါတယ်။ ဒါကြောင့် ကျွန်တော့်ကို ယုံကြည်ပေးပြီး ကျွန်တော်တို့ရဲ့အချစ်ကို လက်ခံပေးပါလို့ တလေးတစားတောင်းဆိုပါတယ်"
ထိုစကားများကို မလှမ်းမကမ်းမှအကွယ်တစ်နေရာတွင်ရပ်၍ နားထောင်နေသော ကာရန်ရှင်းကြားသော် ထိန်းကွပ်မှုမဲ့သည့်မျက်ရည်တို့က ပါးပြင်ထက်တွင် အိုင်ထွန်းသည်။ ထိုလူသား၏အလေးထားတတ်မှုသည် သူ့ရင်အစုံကို ထိခတ်လှုပ်ရှားစေသည်။ ခံစားချက်များပြည့်နှက်လွန်း၍ သူ့ရင်ဘတ်သည်လည်း အနည်းငယ်မျှနာကျင်သလို ခံစားရသော်လည်း ဤတစ်ကြိမ်နာကျင်မှုသည် ချိုမြိန်သောနာကျင်မှုသာ ဖြစ်၏။
"ဒီနားမှာထိုင်ပြီး ဘာလို့ငိုနေတာလဲ။ မင်းအစ်ကိုရှေ့မှာ ငိုရမှာရှက်လို့ ကွယ်ရာမှာ လာငိုနေတာလား"
ဘယ်အချိန်ကရောက်လာမှန်းမသိရသည့် ညီသုတသည် သူ့နောက်သို့ရောက်နေပြီး သူ့ကိုပင်စနောက်နေသေးသည်။
"ငါပျော်လို့ပါ"
"ပျော်တယ်ဆိုရင် ရယ်စမ်းပါကွာ"
"အင်း"
အပျော်ရွှင်ရဆုံးအခိုက်အတန့်မှာမှ မပြုံးရယ်လျှင် သူ့လောက်မိုက်သောသူရှိမည်မထင်။ ချစ်ရသူနှင့် အတူရှိရသည့်အချိန်တိုင်းသည် ကောင်းကင်ဘုံမှပေးသော လက်ဆောင်လေးလို တန်ဖိုးရှိလှသည်။
"လာ သွားရအောင်"
သူဟာ ညီသုတလက်ကိုဆွဲ၍ တိုက်တွန်းမိလေရာ ညီသုတကလည်း သူ့လက်ကိုပြန်ဆုပ်ကိုင်လာပြီး မေးသည်။
"အင်း။ အိမ်ပြန်မှာမလား"
"မဟုတ်ဘူး"
"ဒါဆို ဘယ်ကိုလဲ"
"မင်းရဲ့အိမ်ကိုသွားပြီး မင်းမိဘတွေကိုရော လင်းထက်နဲ့စွမ်းထက်တို့ကိုရောတွေ့ပြီး တောင်းပန်ရင်းနဲ့ မင်းနဲ့လက်တွဲရဖို့ ခွင့်ပြုချက်တောင်းရဦးမယ်လေ"
ညီသုတမှာ သူ့ကြောင့် အံ့သြပျော်ရွှင်သွားပုံပေါ်သည်။ မျက်ခုံးကိုပင့်ကာ မျက်ဝန်းအစုံမှာလည်း တောက်ပလျက်ရှိသည်။
"လင်းထက်တို့ဆီကရော ခွင့်ပြုချက်တောင်းမှာလား"
"ဒါပေါ့။ သူတို့ကလည်း မင်းရဲ့မိသားစုဝင်ပဲမဟုတ်ဘူးလား"
"သေချာတာပေါ့"
ညီသုတသည် ကာရန်ရှင်း၏စကားအတိုင်း အိမ်ကိုခေါ်သွားပေးပြီး သူ့မိဘများနှင့် မိတ်ဆက်ပေးသည်။ ကာရန်ရှင်းမှာ သူတို့ကို တလေးတစားနှင့်ပြောဆိုဆက်ဆံကာ ဒူးမညွတ်ရုံတစ်မည် ခခယယပြုမူကာ ညီသုတ၏လက်တွဲဖော်အဖြစ် လက်ခံပေးရန် တောင်းဆိုရှာသည်။
အစကတည်းက ညီသုတပျော်ရွှင်ဖို့ကိုသာ လိုလားနေကြသော မိဘနှစ်ဦးမှာလည်း ယခုလိုရည်မွန်သောလူငယ်လေးကို ငြင်းပစ်ရန်ဘာအကြောင်းအရင်းမှ ရှာတွေ့နိုင်ဖွယ်ရာမရှိ။ အဆုံးတွင် သူတို့သည် သာမန်စုံတွဲများလို လက်ထပ်ချင်သည်ဟု ဆိုနေသောကာရန်ရှင်း၏စကားကိုပင် နားယောင်သွားသည်အထိပင်။ ညီသုတမှာတော့ သူ့မိဘများ၏စိတ်အားထက်သန်မှုကို တား၍ပင်မရတော့ချေ။
မိဘများထံမှခွင့်ပြုချက်ရသည်နှင့် နောက်အလှည့်ကျသည်မှာ အမြွှာနှစ်ယောက်သာဖြစ်သဖြင့် ညီသုတက ကာရန်ရှင်းကို အမြွှာနှစ်ယောက်နှင့် တွေ့ဆုံပေးရန်စီစဥ်ရပြန်သည်။ သူတို့နှစ်ယောက်ကိုလည်း ကာရန်ရှင်းက ပြေပြေလည်လည်ဆက်ဆံ၍ ခွင့်ပြုချက်တောင်းခံသည်။
ဇနီးလောင်းရှိသောစွမ်းထက်ပိုင်က ကာရန်ရှင်းကိုအပြည့်အဝနားလည်ပြီး ခွင့်ပြုပေးသော်လည်း ယခုထိစိတ်မပြေနိုင်သေးသော လင်းထက်ပိုင်ကမူ သူ၏အလိုမကျမှုကို သိသိသာသာထုတ်ပြသည်။ ထို့နောက် သူသဘောမတူကြောင်းကို တစ်နာရီတိတိထုတ်ပြပြီးနောက်မှာတော့ ကာရန်ရှင်း၏အပြောကောင်းမှုကြောင့် လက်မြှောက်အရှုံးပေးကာ သဘောတူလိုက်ရတော့သည်။
ကိစ္စအားလုံးပြီးသည်နှင့် သူတို့၏ First Dateမှာ တရားဝင်စတင်တော့သည်။ First Dateသည် ဦးတည်ရာမဲ့လွန်းသည်။ မြို့ထဲရှိနေရာအစုံလျှောက်သွားကြ၍ စုံတွဲဓာတ်ပုံလည်းမရေမတွက်နိုင်အောင် ရိုက်ခဲ့ကြပြီး ညီသုတပူဆာသမျှ စားစရာအစုံကိုလည်း ဝယ်ကျွေးဖြစ်သည်။
အချိန်တန်၍ အိမ်ပြန်ရမည်ဆိုပြန်တော့လည်း ကာရန်ရှင်းသည် ညီသုတကို မခွဲချင်သေးဟန်နှင့် တွယ်ကပ်နေပြီး ညီသုတအိမ်ထဲသို့ဝင်သွားမည်ကို တားဆီးနေသည်။
"နောက်ရက်တွေရှိသေးတယ်လေကွာ။ လိမ္မာစမ်းပါ"
ညီသုတသည် ကားထဲတွင်ထိုင်ကာ ကာရန်ရှင်း၏အတင်းအကြပ်ဖက်တွယ်မှုကို ခံထားရသဖြင့် ဖျောင့်ဖျပြောဆိုသံသည် တိုးညင်းလွန်းနေသည်။ ကာရန်ရှင်းကလည်း သနားစဖွယ်လေသံလေးကြောင့် အနိုင်မယူလည်း အရှုံးပေးချင်သွားသည်။
"ဒါဆို ငါမင်းကိုနမ်းလို့ရလား"
"..."
ညီသုတဘက်က ဘာမှပြန်မပြောလာသဖြင့် ကာရန်ရှင်းစိတ်မရှည်တော့ပေ။ ထို့ကြောင့် ရင်ခွင်ထဲမှလူသားလေးကို သူနှင့်မျက်နှာချင်းဆိုင်စေပြီး နောက်တစ်ကြိမ်ထပ်မေးလိုက်ပြန်သည်။
"နမ်းလို့ရလားလို့"
"မင်းနမ်းချင်ရင် နမ်းလိုက်လေ။ ဘာလို့လာမေးနေတာတုန်း။ ငါကရပါတယ် နမ်းပါခင်ဗျာလို့ ပြန်ပြောပေးရဦးမှာလား"
ထိုစကားကြောင့် ကာရန်ရှင်းမှာ အော်ရယ်မိမတတ်ပင်။
"ငါကမင်းလက်မခံမှာစိုးလို့"
"ဘယ်တုန်းကများ ငါငြင်းဖူးလို့လဲ"
ဆေးရုံဆင်းသည့်နေ့ကတည်းက ယခုအထိ ကာရန်ရှင်းပြုသမျှနုနေရသော နှုတ်ခမ်းလေးခမျာ မတော်မတရားစွပ်စွဲခံလိုက်ရရှာသည်။
"ဆေးရုံမှာတုန်းက မင်းငြင်းဖူးတယ်လေ"
"အဲ့ဒါက မင်းဒဏ်ရာတွေ နာမှာစိုးလို့ငြင်းရတာလေ။ အခုက မင်းနှုတ်ခမ်းမှာ ဒဏ်ရာမှမရဘဲ"
"ဒဏ်ရာမရရင် စိတ်ကြိုက်နမ်းလို့ရတယ်ပေါ့"
ညီသုတရှက်ရှက်နှင့်သာ ခေါင်းညိတ်ပြလိုက်တော့သည်။ တစ်ခါတစ်လေတွင် ကာရန်ရှင်းသည် သူ့ထက်ပင် ပို၍အရှက်သည်းနေတတ်ပြီး တစ်ခါတရံတွင်မူ သူ့ထက်ပင် တည့်တိုးဆန်တတ်လေသည်။
သဘောတူလေဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်မိသည်ကပင် သူ၏မဟာအမှားတစ်ခုဖြစ်လာတော့မည်ကို မသိရှာသော ညီသုတမှာ ကာရန်ရှင်း၏အနမ်းရေယာဥ်တွင် နစ်မျောနေတော့သည်။
ထိုနေ့ကစ၍ ကာရန်ရှင်းသည် နှစ်ယောက်တည်းရှိသည့်အချိန်တိုင်း ခဏခဏနမ်းဖို့သာ ကြံစည်နေပေတော့သည်။ ညီသုတတွန့်ဆုတ်နေသည်ကို မြင်လျှင်လည်း စကားတစ်ခွန်းကိုသုံးကာ အထွန့်တက်သေးသည်။
"ဒီမှာကြည့်။ ငါ့နှုတ်ခမ်းမှာ ဘာဒဏ်ရာမှမရှိဘူး"
ထိုအချိန်တိုင်းလည်း ဘာမှပြန်မပြောနိုင်ဘဲ အညံ့ခံလိုက်ရသည်သာ။ အသွားမတော် တစ်လှမ်းဆိုသည့်အတိုင်းသာ ကောက်ချက်ချရမည်ဆိုလျှင် ညီသုတ၏အဖြစ်မှာ အပြောမတော် တစ်ခွန်းဟုပင် ဆိုရပေလိမ့်မည်။
ညီသုတမသိသောအချက်မှာ ကာရန်ရှင်းသည် နေ့ရက်တိုင်းတွင် ညီသုတပြီးလျှင် ဒုတိယဦးစားပေးအနေနှင့် နှုတ်ခမ်းများဒဏ်ရာမရရေးကိုသာ ပိုအာရုံစိုက်နေခဲ့သည်ကိုပင်။
******************
A/N: Next part will be final...
°°°°°°°°
ZawGyi Version
ကာရန္႐ွင္း၏ဒဏ္ရာမ်ား သက္သာလာသျဖင့္ ေက်ာက္ပတ္တီးေျဖၿပီး ေဆး႐ုံဆင္းရသည့္ေန႔မွာ ညီသုတသည္ ေဆး႐ုံသို႔ အေစာႀကီးေရာက္လာေပသည္။ သူသည္ မနက္စာပင္မစားႏိုင္ခဲ့ဘဲ ထြက္လာခဲ့ျခင္းျဖစ္ေသာေၾကာင့္ ကာရန္႐ွင္းက အိမ္ျပန္သည့္လမ္းတြင္ ဆိုင္တစ္ဆိုင္၌ကားကိုရပ္ေစကာ သူ႕ကိုမနက္စာဝယ္ေကြၽးသည္။ ညီသုတမွာ ျငင္းမရသည္ႏွင့္ ကာရန္႐ွင္းဝယ္ေကြၽးသမွ်ကို စားေနရသည္။
အလွ်ံပယ္ေပါမ်ားလြန္းေသာမနက္စာကို စားေသာက္ၿပီးေနာက္ ညီသုတမွာ လႈပ္ေတာင္မလႈပ္ႏိုင္ေတာ့ေခ်။ ကာရန္႐ွင္းသည္ သူစားေနသည့္တစ္ေလွ်ာက္လုံး ေဘးနားမွေန၍ မ်ားမ်ားစားသင့္ေၾကာင္းတိုက္တြန္းေနၿပီး သူကိုယ္တိုင္ကလည္း ခြံ႕ေကြၽးေနေသးသျဖင့္ ညီသုတမွာ ျပည့္အင့္သြားသည္အထိ စားခဲ့ရသည္။ ထိုအခါတြင္လည္း ကာရန္႐ွင္းက အစာေၾကေဆးဝယ္ေပးရန္မေမ့ေလ်ာ့ေပ။
လမ္းတစ္ဝက္အေရာက္တြင္ေတာ့ ညီသုတအနည္းငယ္ေနသာသြားၿပီျဖစ္၏။ ညီသုတသည္ ခႏၶာကိုယ္ကေနသာသြားေသာအခါမွသာ ပတ္ဝန္းက်င္အေျခအေနကို ေသခ်ာစူးစမ္းမိေလရာ အဘိုး၏ကားေနာက္မွ လိုက္လာရေသာ သူတို႔ကားသည္ ဦးတည္ရာတစ္ခုတည္းကိုသြားေနေသာ္ျငား ထိုေနရာသည္ အိမ္ျပန္ေနသည္မဟုတ္မွန္း သတိထားမိလိုက္သည္။
"ကာရန္...ငါတို႔ အခုဘယ္သြားေနတာလဲ"
ကာရန္႐ွင္းသည္ ညီသုတကိုရင္ခြင္ထဲသို႔ သြပ္သြင္းကာ အႏူးညံ့ဆုံးေလသံႏွင့္ ျပန္ေျဖလိုက္သည္။
"ငါတို႔တစ္ခါေရာက္ဖူးတယ္ေလ"
ညီသုတသည္ ဦးေႏွာက္ကို အလုပ္ေပးလိုက္ရသည္။ သူသတိရသြားခ်ိန္တြင္ သူ၏မ်က္ခုံးႏွစ္ဖက္သည္ အံ့ၾသမႈေၾကာင့္ ျမင့္တက္သြားရၿပီး ကာရန္႐ွင္း၏ခါးကို လက္ႏွစ္ဖက္လုံးႏွင့္တြယ္ခ်ိတ္လိုက္သည္။
"အင္း... မင္း အခုေရာဝမ္းနည္းေနလား"
သူသည္ ယခင္တစ္ေခါက္ကလို ကာရန္႐ွင္းစိတ္ထိခိုက္ေနမည္ကို စိုးရိမ္၍ ႏွစ္သိမ့္ေပးေနျခင္းသာ။ ကာရန္႐ွင္းမွာေတာ့ ထိုႏွစ္သိမ့္မႈေလးကိုပင္ လြန္စြာေက်နပ္ေန႐ွာသည္။
"အခုေတာ့ နည္းနည္းသက္သာသြားၿပီ"
"ငါ႐ွိတယ္။ ဝမ္းမနည္းနဲ႔ေတာ့"
ကေလးေခ်ာ့သလိုအေခ်ာ့ခံေနေသာ္လည္း ကာရန္႐ွင္းေပ်ာ္႐ႊင္ေနရသည္။ ထို႔ေၾကာင့္ ထိုလူသားကို ပို၍တင္းၾကပ္ေနေအာင္ ဖက္တြယ္ထားလိုက္ၿပီး သူ၏လည္ပင္းကို ကလူက်ီစယ္ေနေသာဆံစမ်ားအၾကား မ်က္ႏွာအပ္ကာနမ္း႐ိႈက္လိုက္ေတာ့သည္။
ငုဝါပန္းပင္ႀကီးႏွင့္ ေအးခ်မ္းေနသူတစ္ဦး၏ နားခိုရာရိပ္ျမဳံေလးဆီသို႔ သူတို႔ေရာက္သြားခ်ိန္တြင္ သူတို႔အား အၿမဲႀကိဳဆိုေနက်ေနရာေလးမွာ ယခုလည္း ေႏြးေထြးစြာႀကိဳဆိုေနဆဲ။
ကာရန္႐ွင္းသည္ ညီသုတ၏လက္ကိုဆြဲကာ ငုဝါပန္းပင္ေအာက္သို႔ ေလွ်ာက္လာၿပီး သူ႕အဘိုးေဘးတြင္ရပ္ကာ ပန္းပင္ႀကီးအားေမာ့ၾကည့္ရင္း ျပဳံးျပမိသည္။
"ကိုကို ကြၽန္ေတာ္ထပ္ေရာက္လာၿပီ။ ဒီတစ္ခါေတာ့ အဘိုးလည္းပါသလို သူလည္းပါခဲ့တယ္"
"ငါ့ေျမးႀကီးရဲ႕ေနရာက ေတာ္ေတာ္ေတာင္စိုျပည္ေနမွကိုးကြ။ အရမ္းေအးခ်မ္းေနတယ္ေပါ့။ ဒီလိုပုံစံနဲ႔ေအးခ်မ္းေစခ်င္ခဲ့တာမဟုတ္ေပမယ့္ ငါ့ေျမးႀကီးေပ်ာ္ေနတာသာမွန္ရင္ အဘိုးေက်နပ္ပါတယ္"
သူ႕အဘိုးသည္ ေျပာေနရင္းျဖင့္ မထိန္းခ်ဳပ္ႏိုင္ဘဲ မ်က္ရည္တစ္ေပါက္က်ဆင္းမိေလရာမွ မ်က္ရည္စီးေၾကာင္းတစ္ခုသည္လည္း အထိန္းအကြပ္မဲ့စြာ တာက်ိဳးလာေလေတာ့သည္။ ကာရန္႐ွင္းသည္ သူ၏အဘိုးကို ပခုံးပုတ္ေပး၍ အသံတိတ္ႏွစ္သိမ့္ေနသည္။ ညီသုတကလည္း စိုးရိမ္ႀကီးစြာေသာမ်က္ဝန္းမ်ားႏွင့္ ေငးၾကည့္ေနေပသည္။
သူ႕အျမင္တြင္ ဤမိသားစုသည္ အရာအားလုံးပိုင္ဆိုင္ထားသလို ၿပီးျပည့္စုံသည္ဟုထင္ရေသာ္လည္း တကယ္တမ္းတြင္ သူတို႔သည္ ပိုင္ဆိုင္သမွ်ဆုံး႐ႈံးထားရသူမ်ားႏွင့္ပင္ ပိုတူေပသည္။ အဆင့္အတန္းျမင့္မားေသာေၾကာင့္ ကန္႔သတ္ခ်က္မ်ားလည္း ျမင့္မားလြန္းသည္ျဖစ္ရာ လြတ္လပ္မႈႏွင့္ေပ်ာ္႐ႊင္မႈသည္ ပိုင္ဆိုင္မႈမ်ားကိုထိန္းသိမ္းရမည့္အသိစိတ္အၾကား ေပ်ာက္ဆုံးေနရၿပီး ဘဝကိုစက္႐ုပ္တစ္႐ုပ္လို ျဖတ္သန္းခဲ့ၾကရသည္။
ေျမးအဘိုးႏွစ္ေယာက္သား ေနရန္႐ွင္းဟူေသာလူသားကို လြမ္းတသသႏွင့္ စကားမ်ားေျပာေနစဥ္တစ္ေလွ်ာက္လုံး ညီသုတသည္ ၿငိမ္သက္စြာေစာင့္ဆိုင္းေပးသည္။ ထိုလူႏွစ္ေယာက္ အားပါးတရအလြမ္းသယ္ၿပီးေနာက္မွာမူ အိမ္ျပန္ခ်ိန္ေရာက္လာေလၿပီျဖစ္ရာ ညီသုတကို ကာရန္႐ွင္းက ျပန္ၾကရန္ စကားစလာေသာ္လည္း ညီသုတကျငင္းလိုက္သည္။
"မင္းအရင္သြားႏွင့္။ ငါလာခဲ့မယ္။ မင္းအစ္ကိုကို ငါ စကားနည္းနည္းေလာက္ေျပာခ်င္ေသးတယ္"
ကာရန္႐ွင္းသည္ သူ႕ကို ေငးခနဲၾကည့္လာၿပီး ဘာမွထပ္မေျပာေတာ့ဘဲ ေခါင္းကိုအသာအယာညိတ္ျပၿပီး အနားမွထြက္သြားေပးသည္။ ကာရန္႐ွင္းထြက္သြားသည့္အခါမွသာ ညီသုတလည္း ငုဝါပန္းပင္ႀကီးဘက္သို႔ မ်က္ႏွာမူလိုက္ျပန္သည္။
"ကြၽန္ေတာ္႕နာမည္က ညီသုတပါ။ အစ္ကိုသိၿပီးေလာက္ၿပီလို႔ထင္ပါတယ္။ ကာရန္နဲ႔ကြၽန္ေတာ္က ေနာက္ဆိုရင္ တစ္ေယာက္ကိုတစ္ေယာက္ အေဖာ္ျပဳေပးၾကေတာ့မွာပါ။ ကာရန္က အစ္ကို႔အေၾကာင္းတခ်ိဳ႕ေျပာဖူးလို႔သိထားတာက အစ္ကိုကသူ႕ကိုအရမ္းဂ႐ုစိုက္ၿပီး အရမ္းလည္းအလိုလိုက္တယ္တဲ့။ အစ္ကိုမ႐ွိေတာ့တဲ့ေနာက္ သူက အရမ္းစိတ္ေလသြားၿပီး ကမ႓ာႀကီးၿပိဳသလိုေတာင္ခံစားခဲ့ရတာတဲ့။ ကြၽန္ေတာ္နဲ႔ေတြ႕ေတာ့ ကြၽန္ေတာ္က အစ္ကိုနဲ႔သိပ္တူတယ္လို႔ေတာင္ ေျပာဖူးေသးတယ္။ တကယ္ေတာ့ ကြၽန္ေတာ္က အစ္ကိုနဲ႔ယွဥ္လို႔မရမွန္းသိပါတယ္"
ညီသုတသည္ ငုဝါပန္းပင္ႀကီးကို ေငးၾကည့္လိုက္ၿပီး အသက္ထက္ဆုံးေစာင့္ထိန္းသြားမည္ျဖစ္သည့္ သစၥာစကားကို ဆိုလိုက္၏။
"ဒါေပမဲ့ တတ္ႏိုင္သေလာက္ႀကိဳးစားၿပီး အစ္ကိုသိပ္ခ်စ္တဲ့အစ္ကို႔ညီကို အၿမဲေပ်ာ္႐ႊင္ေအာင္ထားပါ့မယ္။ ကြၽန္ေတာ္႕စိတ္အာ႐ုံတစ္ခုလုံးကို သူ႕ဆီမွာပဲျမႇဳပ္ႏွံၿပီး သူတစ္ေယာက္တည္းကို ျမတ္ျမတ္ႏိုးႏိုးခ်စ္မွာပါ။ အရင္ကလည္း သူ႕ကိုပဲခ်စ္ခဲ့တာမို႔ ပထမဆုံးနဲ႔ေနာက္ဆုံးအခ်စ္ကို သူ႕ကိုပဲေပးထားပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္႕ကို ယုံၾကည္ေပးၿပီး ကြၽန္ေတာ္တို႔ရဲ႕အခ်စ္ကို လက္ခံေပးပါလို႔ တေလးတစားေတာင္းဆိုပါတယ္"
ထိုစကားမ်ားကို မလွမ္းမကမ္းမွအကြယ္တစ္ေနရာတြင္ရပ္၍ နားေထာင္ေနေသာ ကာရန္႐ွင္းၾကားေသာ္ ထိန္းကြပ္မႈမဲ့သည့္မ်က္ရည္တို႔က ပါးျပင္ထက္တြင္ အိုင္ထြန္းသည္။ ထိုလူသား၏အေလးထားတတ္မႈသည္ သူ႕ရင္အစုံကို ထိခတ္လႈပ္႐ွားေစသည္။ ခံစားခ်က္မ်ားျပည့္ႏွက္လြန္း၍ သူ႕ရင္ဘတ္သည္လည္း အနည္းငယ္မွ်နာက်င္သလို ခံစားရေသာ္လည္း ဤတစ္ႀကိမ္နာက်င္မႈသည္ ခ်ိဳၿမိန္ေသာနာက်င္မႈသာ ျဖစ္၏။
"ဒီနားမွာထိုင္ၿပီး ဘာလို႔ငိုေနတာလဲ။ မင္းအစ္ကိုေ႐ွ႕မွာ ငိုရမွာ႐ွက္လို႔ ကြယ္ရာမွာ လာငိုေနတာလား"
ဘယ္အခ်ိန္ကေရာက္လာမွန္းမသိရသည့္ ညီသုတသည္ သူ႕ေနာက္သို႔ေရာက္ေနၿပီး သူ႕ကိုပင္စေနာက္ေနေသးသည္။
"ငါေပ်ာ္လို႔ပါ"
"ေပ်ာ္တယ္ဆိုရင္ ရယ္စမ္းပါကြာ"
"အင္း"
အေပ်ာ္႐ႊင္ရဆုံးအခိုက္အတန္႔မွာမွ မျပဳံးရယ္လွ်င္ သူ႕ေလာက္မိုက္ေသာသူ႐ွိမည္မထင္။ ခ်စ္ရသူႏွင့္ အတူ႐ွိရသည့္အခ်ိန္တိုင္းသည္ ေကာင္းကင္ဘုံမွေပးေသာ လက္ေဆာင္ေလးလို တန္ဖိုး႐ွိလွသည္။
"လာ သြားရေအာင္"
သူဟာ ညီသုတလက္ကိုဆြဲ၍ တိုက္တြန္းမိေလရာ ညီသုတကလည္း သူ႕လက္ကိုျပန္ဆုပ္ကိုင္လာၿပီး ေမးသည္။
"အင္း။ အိမ္ျပန္မွာမလား"
"မဟုတ္ဘူး"
"ဒါဆို ဘယ္ကိုလဲ"
"မင္းရဲ႕အိမ္ကိုသြားၿပီး မင္းမိဘေတြကိုေရာ လင္းထက္နဲ႔စြမ္းထက္တို႔ကိုေရာေတြ႕ၿပီး ေတာင္းပန္ရင္းနဲ႔ မင္းနဲ႔လက္တြဲရဖို႔ ခြင့္ျပဳခ်က္ေတာင္းရဦးမယ္ေလ"
ညီသုတမွာ သူ႕ေၾကာင့္ အံ့ၾသေပ်ာ္႐ႊင္သြားပုံေပၚသည္။ မ်က္ခုံးကိုပင့္ကာ မ်က္ဝန္းအစုံမွာလည္း ေတာက္ပလ်က္႐ွိသည္။
"လင္းထက္တို႔ဆီကေရာ ခြင့္ျပဳခ်က္ေတာင္းမွာလား"
"ဒါေပါ့။ သူတို႔ကလည္း မင္းရဲ႕မိသားစုဝင္ပဲမဟုတ္ဘူးလား"
"ေသခ်ာတာေပါ့"
ညီသုတသည္ ကာရန္႐ွင္း၏စကားအတိုင္း အိမ္ကိုေခၚသြားေပးၿပီး သူ႕မိဘမ်ားႏွင့္ မိတ္ဆက္ေပးသည္။ ကာရန္႐ွင္းမွာ သူတို႔ကို တေလးတစားႏွင့္ေျပာဆိုဆက္ဆံကာ ဒူးမၫြတ္႐ုံတစ္မည္ ခခယယျပဳမူကာ ညီသုတ၏လက္တြဲေဖာ္အျဖစ္ လက္ခံေပးရန္ ေတာင္းဆို႐ွာသည္။
အစကတည္းက ညီသုတေပ်ာ္႐ႊင္ဖို႔ကိုသာ လိုလားေနၾကေသာ မိဘႏွစ္ဦးမွာလည္း ယခုလိုရည္မြန္ေသာလူငယ္ေလးကို ျငင္းပစ္ရန္ဘာအေၾကာင္းအရင္းမွ ႐ွာေတြ႕ႏိုင္ဖြယ္ရာမ႐ွိ။ အဆုံးတြင္ သူတို႔သည္ သာမန္စုံတြဲမ်ားလို လက္ထပ္ခ်င္သည္ဟု ဆိုေနေသာကာရန္႐ွင္း၏စကားကိုပင္ နားေယာင္သြားသည္အထိပင္။ ညီသုတမွာေတာ့ သူ႕မိဘမ်ား၏စိတ္အားထက္သန္မႈကို တား၍ပင္မရေတာ့ေခ်။
မိဘမ်ားထံမွခြင့္ျပဳခ်က္ရသည္ႏွင့္ ေနာက္အလွည့္က်သည္မွာ အႁမႊာႏွစ္ေယာက္သာျဖစ္သျဖင့္ ညီသုတက ကာရန္႐ွင္းကို အႁမႊာႏွစ္ေယာက္ႏွင့္ ေတြ႕ဆုံေပးရန္စီစဥ္ရျပန္သည္။ သူတို႔ႏွစ္ေယာက္ကိုလည္း ကာရန္႐ွင္းက ေျပေျပလည္လည္ဆက္ဆံ၍ ခြင့္ျပဳခ်က္ေတာင္းခံသည္။
ဇနီးေလာင္း႐ွိေသာစြမ္းထက္ပိုင္က ကာရန္႐ွင္းကိုအျပည့္အဝနားလည္ၿပီး ခြင့္ျပဳေပးေသာ္လည္း ယခုထိစိတ္မေျပႏိုင္ေသးေသာ လင္းထက္ပိုင္ကမူ သူ၏အလိုမက်မႈကို သိသိသာသာထုတ္ျပသည္။ ထို႔ေနာက္ သူသေဘာမတူေၾကာင္းကို တစ္နာရီတိတိထုတ္ျပၿပီးေနာက္မွာေတာ့ ကာရန္႐ွင္း၏အေျပာေကာင္းမႈေၾကာင့္ လက္ေျမႇာက္အ႐ႈံးေပးကာ သေဘာတူလိုက္ရေတာ့သည္။
ကိစၥအားလုံးၿပီးသည္ႏွင့္ သူတို႔၏ First Dateမွာ တရားဝင္စတင္ေတာ့သည္။ First Dateသည္ ဦးတည္ရာမဲ့လြန္းသည္။ ၿမိဳ႕ထဲ႐ွိေနရာအစုံေလွ်ာက္သြားၾက၍ စုံတြဲဓာတ္ပုံလည္းမေရမတြက္ႏိုင္ေအာင္ ႐ိုက္ခဲ့ၾကၿပီး ညီသုတပူဆာသမွ် စားစရာအစုံကိုလည္း ဝယ္ေကြၽးျဖစ္သည္။
အခ်ိန္တန္၍ အိမ္ျပန္ရမည္ဆိုျပန္ေတာ့လည္း ကာရန္႐ွင္းသည္ ညီသုတကို မခြဲခ်င္ေသးဟန္ႏွင့္ တြယ္ကပ္ေနၿပီး ညီသုတအိမ္ထဲသို႔ဝင္သြားမည္ကို တားဆီးေနသည္။
"ေနာက္ရက္ေတြ႐ွိေသးတယ္ေလကြာ။ လိမၼာစမ္းပါ"
ညီသုတသည္ ကားထဲတြင္ထိုင္ကာ ကာရန္႐ွင္း၏အတင္းအၾကပ္ဖက္တြယ္မႈကို ခံထားရသျဖင့္ ေဖ်ာင့္ဖ်ေျပာဆိုသံသည္ တိုးညင္းလြန္းေနသည္။ ကာရန္႐ွင္းကလည္း သနားစဖြယ္ေလသံေလးေၾကာင့္ အႏိုင္မယူလည္း အ႐ႈံးေပးခ်င္သြားသည္။
"ဒါဆို ငါမင္းကိုနမ္းလို႔ရလား"
"..."
ညီသုတဘက္က ဘာမွျပန္မေျပာလာသျဖင့္ ကာရန္႐ွင္းစိတ္မ႐ွည္ေတာ့ေပ။ ထို႔ေၾကာင့္ ရင္ခြင္ထဲမွလူသားေလးကို သူႏွင့္မ်က္ႏွာခ်င္းဆိုင္ေစၿပီး ေနာက္တစ္ႀကိမ္ထပ္ေမးလိုက္ျပန္သည္။
"နမ္းလို႔ရလားလို႔"
"မင္းနမ္းခ်င္ရင္ နမ္းလိုက္ေလ။ ဘာလို႔လာေမးေနတာတုန္း။ ငါကရပါတယ္ နမ္းပါခင္ဗ်ာလို႔ ျပန္ေျပာေပးရဦးမွာလား"
ထိုစကားေၾကာင့္ ကာရန္႐ွင္းမွာ ေအာ္ရယ္မိမတတ္ပင္။
"ငါကမင္းလက္မခံမွာစိုးလို႔"
"ဘယ္တုန္းကမ်ား ငါျငင္းဖူးလို႔လဲ"
ေဆး႐ုံဆင္းသည့္ေန႔ကတည္းက ယခုအထိ ကာရန္႐ွင္းျပဳသမွ်ႏုေနရေသာ ႏႈတ္ခမ္းေလးခမ်ာ မေတာ္မတရားစြပ္စြဲခံလိုက္ရ႐ွာသည္။
"ေဆး႐ုံမွာတုန္းက မင္းျငင္းဖူးတယ္ေလ"
"အဲ့ဒါက မင္းဒဏ္ရာေတြ နာမွာစိုးလို႔ျငင္းရတာေလ။ အခုက မင္းႏႈတ္ခမ္းမွာ ဒဏ္ရာမွမရဘဲ"
"ဒဏ္ရာမရရင္ စိတ္ႀကိဳက္နမ္းလို႔ရတယ္ေပါ့"
ညီသုတ႐ွက္႐ွက္ႏွင့္သာ ေခါင္းညိတ္ျပလိုက္ေတာ့သည္။ တစ္ခါတစ္ေလတြင္ ကာရန္႐ွင္းသည္ သူ႕ထက္ပင္ ပို၍အ႐ွက္သည္းေနတတ္ၿပီး တစ္ခါတရံတြင္မူ သူ႕ထက္ပင္ တည့္တိုးဆန္တတ္ေလသည္။
သေဘာတူေလဟန္ျဖင့္ ေခါင္းတစ္ခ်က္ညိတ္ျပလိုက္မိသည္ကပင္ သူ၏မဟာအမွားတစ္ခုျဖစ္လာေတာ့မည္ကို မသိ႐ွာေသာ ညီသုတမွာ ကာရန္႐ွင္း၏အနမ္းေရယာဥ္တြင္ နစ္ေမ်ာေနေတာ့သည္။
ထိုေန႔ကစ၍ ကာရန္႐ွင္းသည္ ႏွစ္ေယာက္တည္း႐ွိသည့္အခ်ိန္တိုင္း ခဏခဏနမ္းဖို႔သာ ၾကံစည္ေနေပေတာ့သည္။ ညီသုတတြန္႔ဆုတ္ေနသည္ကို ျမင္လွ်င္လည္း စကားတစ္ခြန္းကိုသုံးကာ အထြန္႔တက္ေသးသည္။
"ဒီမွာၾကည့္။ ငါ့ႏႈတ္ခမ္းမွာ ဘာဒဏ္ရာမွမ႐ွိဘူး"
ထိုအခ်ိန္တိုင္းလည္း ဘာမွျပန္မေျပာႏိုင္ဘဲ အညံ့ခံလိုက္ရသည္သာ။ အသြားမေတာ္ တစ္လွမ္းဆိုသည့္အတိုင္းသာ ေကာက္ခ်က္ခ်ရမည္ဆိုလွ်င္ ညီသုတ၏အျဖစ္မွာ အေျပာမေတာ္ တစ္ခြန္းဟုပင္ ဆိုရေပလိမ့္မည္။
ညီသုတမသိေသာအခ်က္မွာ ကာရန္႐ွင္းသည္ ေန႔ရက္တိုင္းတြင္ ညီသုတၿပီးလွ်င္ ဒုတိယဦးစားေပးအေနႏွင့္ ႏႈတ္ခမ္းမ်ားဒဏ္ရာမရေရးကိုသာ ပိုအာ႐ုံစိုက္ေနခဲ့သည္ကိုပင္။
******************
A/N: Next part will be final...
°°°°°°°°