မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး

1.2K 300 24
By Sebastiann048

((Zawgyi))

အပိုင္း (၁၂)
ေၾကာက္စရာေကာင္းသည့္ေဆး

💊💊💊
ကုန္းရိထ်န္းဟန္သည္ လက္ျပႏႈတ္ဆက္ကာ ေဆးလုံးမ်ားေဖာ္စပ္ရန္ အခန္းထဲ ျပန္ဝင္သြားသည့္ ကုက်ိဳးကို ၾကည့္ရင္း သူ႕ကို ထပ္မံေႏွာင့္ယွက္ျခင္း မျပဳေတာ့ေခ်။

ထို႔ေနာက္ သူေတြ႕ရွိလာသည္က ထိုဆယ္ေက်ာ္သက္ ေဆးဆရာေလးသည္ ပထမအႀကိမ္ ေဆးဝါးသန့္စင္ရာတြင္ အခ်ိန္ၾကာျမင့္သေလာက္ ဒုတိယအႀကိမ္ႏွင့္ တတိယအႀကိမ္ ႀကိဳးစားမႈမ်ားတြင္ သူ၏ ေဆးလုံးေဖာ္စပ္မႈႏႈန္းက သိသိသာသာ ပိုမိုလ်င္ျမန္လာသည္။

သူ၏ေဆးႀကိဳအိုးတိုင္းမွ ေဆးလုံးမ်ား၏ အရည္အေသြးသည္ ပထမအႀကိမ္ ေဆးလုံး(၁၆)လုံး၏ အရည္အေသြးႏွင့္ နည္းနည္းမွ ကြာျခားမႈမရွိေပ။ ထို႔အျပင္ ေဆးဝါးသန့္စင္ရန္ ၾကာခ်ိန္ကလည္း တစ္ေခါက္ထက္တစ္ေခါက္ ပိုမိုျမန္ဆန္လာသည္။

ကုန္းရိထ်န္းဟန္၏စိတ္တြင္ ဒီလူငယ္ေလးသည္ အလြန္စိတ္ဝင္စားစရာေကာင္းၿပီး အံ့ဩမဆုံးနိုင္ျဖစ္​ရသည္။ ထိုေကာင္ေလး၏ တိုးတက္မႈက သာမာန္မ်က္စိႏွင့္ပင္ ျမင္နိုင္သည္။... ဒီေကာင္ေလးအေပၚထားတဲ့ သူ႔ရဲ႕ ယုံၾကည္မႈက အခ်ည္းႏွီးမျဖစ္ဘူးပဲ။

ကုက်ိဳးက တတိယေျမာက္ေဆးႀကိဳအိုးကို ေအာင္ျမင္စြာ သန့္စင္ၿပီးသည့္အခါ နဖူးတြင္ ေခြၽးမ်ားစို႐ႊဲလာသည္။ သူက ေဆးဝါးေဖာ္စပ္ရန္ အခ်ိန္အနည္းငယ္သာ ၾကာသည္ကို သတိျပဳမိၿပီးေနာက္ မိမိကိုယ္ကို ေနာက္ထပ္ ေဆးဝါးမ်ား ထပ္မံသန့္စင္နိုင္သည္ဟု ခံစားမိလာသည္။ သို႔ေသာ္ သူ ထပ္မံ မသန့္စင္နိုင္ခင္မွာ တစ္စုံတစ္ေယာက္က သူ႕ကို တားျမစ္လိုက္သည္။

ဘယ္အခ်ိန္ကတည္းက သူအေနာက္တြင္ ေရာက္ေနမွန္း မသိသည့္ ကုန္းရိထ်န္းဟန္က သူ၏ ဘယ္ဘက္ပုခုံးကို လက္ျဖင့္ အသာဖိလိုက္ကာ ညင္သာစြာ အေမွ်ာ္အျမင္ရွိရွိ ေျပာလိုက္သည္။

"အားက်ိဳး၊ မင္းအရမ္း ပင္ပန္းေနၿပီ။ ကိုယ့္ကိုယ္ကို မထိခိုက္ေအာင္ ခဏေလာက္ သြားနားသင့္တယ္"

ကုက်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္ကာ:

"ထ်န္းဟန္သခင္ေလး, ကြၽန္ေတာ္ လုပ္နိုင္ပါေသးတယ္...."

ကုန္းရိထ်န္းဟန္က အနည္းငယ္ ရယ္ေမာလိုက္ကာ ႏွစ္သိမ့္သလိုေျပာလိုက္သည္။

"မေလာပါနဲ႕။ မင္း စိတ္မရွည္ျဖစ္​ေနရင္ ေနာင္ က်င့္ႀကံေရးလုပ္တဲ့အခါ ထိခိုက္မႈေတြရွိလာလိမ့္မယ္။ ၿပီးေတာ့ မင္းက ကိုယ့္ကိုလည္း ေရာဂါကုေပးရဦးမယ္ေလ"

ကုက်ိဳးက စဥ္းစားမိသည္။ ဒါလည္း ဟုတ္တာပဲ။ သူက အခ်ိန္တိုတိုအတြင္းမွာ အက်ိဳးအျမတ္ မ်ားမ်ားရဖို႔ မေလာသင့္ဘူး။ ဒီအလုပ္က အရင္ ေလ့က်င့္တုန္းက ပင္ပန္းတာမ်ိဳးနဲ႕ သိပ္မတူဘူး။ သူသာ တကယ္ ထိခိုက္ဒဏ္ရာရသြားရင္ ေနာက္ကို ျပႆာနာအႀကီးႀကီးတက္သြားလိမ့္မယ္!

သူ႕ေထာက္ပံ့သူက ဥာဏ္ပညာရွိတဲ့သူပဲ။ ဒီေတာ့ ဥာဏ္ပညာရွိတဲ့သူ ေျပာစကားကို သူ နားေထာင္သင့္တယ္။

ကုက်ိဳးက နားလည္သေဘာေပါက္စြာ ေခါင္းညိမ့္​ျပလိုက္သည္။ ထို႔ေနာက္ သူက ပြင့္လင္းစြာ ေျပာလိုက္သည္။

"ထ်န္းဟန္သခင္ေလး ေျပာစကားကို ကြၽန္ေတာ္ နားေထာင္ပါ့မယ္"

ကုန္းရိထ်န္းဟန္က ႏႈတ္ခမ္းပါးမ်ား ေကြးၫႊတ္ကာ ၿပဳံးလိုက္သည္။ ထို႔ေနာက္ သူက ကုက်ိဳးကို ဦးေဆာင္ကာ ေဆးဝါးသန့္စင္ခန္းထဲမွ ထြက္လာၿပိီး သူ၏ အိပ္ခန္းထဲသို႔ ဝင္လိုက္သည္။

အိပ္ခန္းသည္ အလြန္က်ယ္ဝန္းသည္​့ သီးသန့္ေနရာတစ္ခု​ျဖစ္သည္။ ၄င္း၏ ေဘးတံခါးမွတဆင့္ စာၾကည့္ခန္းကို တိုက္ရိုက္ ဆက္သြယ္ထားသည္။ အိပ္ေဆာင္ထဲတြင္ အလြန္ႀကီးမား​ေသာ သက္ေတာင္သက္သာရွိသည့္ ကုတင္တစ္လုံးရွိၿပီး ၄င္း၏ ေဘးတြင္ အနည္းငယ္ပိုေသးသည့္ ကုတင္တစ္လုံး ရွိေနသည္။ ထိုကုတင္ကေတာ့ အသစ္ထပ္ထည့္ထားသည့္ ကုက်ိဳးအတြက္ ကုတင္ေလးျဖစ္သည္။

ကုတင္ႏွစ္လုံး၏ အကြာအေဝးက သုံးမီတာမွ ငါးမီတာခန့္ရွိသည္။ ထို႔​ေၾကာင္​့ သူတို႔ႏွစ္ေယာက္ အတူတူေနထိုင္ရန္ လုံေလာက္ေအာင္ က်ယ္ဝန္းၿပီး တစ္ေယာက္ကို တစ္ေယာက္အေႏွာင့္အယွက္ျဖစ္မွာ စိတ္ပူရန္မလိုေပ။

ကုက်ိဳးက အိပ္ေဆာင္ကို ေလ့လာၾကည့္ၿပီးေနာက္ အလြန္ေက်နပ္သြားသည္။

သူ႕မွာ ကိုယ္ပိုင္ေနရာေလး ဆုံးရႈံးသြားရတာ ျဖစ္ေကာင္းျဖစ္မည္။ သို႔ေသာ္ သူကိုယ္တိုင္က ဘာမွကြယ္ဝွက္ထားစရာ မရွိေပ။ အဲ့ေတာ့ ဒါကို သာမာန္တကၠသိုလ္ေက်ာင္းမွာ အတန္းေဖာ္နဲ႕ အေဆာင္အတူေနတယ္လို႔ သေဘာထားလိုက္႐ုံပင္! ဒီတစ္ခါ သူ႕ရဲ႕ အခန္းေဖာ္က 'ထိပ္တန္း' ေက်ာင္းသားတစ္ေယာက္ေပါ့။ ဒီလိုဆို ဘာမွမေကာင္းတာမရွိဘူး။

ကုက်ိဳးသည္ ကုန္းရိထ်န္းဟန္ကို စကားအမ်ားႀကီး မေျပာေတာ့ဘဲ ဖိနပ္ခြၽတ္လိုက္ကာ သူ႕ကုတင္ေပၚတြင္ တင္ပ်င္ေခြထိုင္လိုက္သည္။

"ထ်န္းဟန္သခင္ေလး၊ ကြၽန္ေတာ္ က်င့္ႀကံေရး စလုပ္လိုက္ဦးမယ္"

ကုန္းရိထ်န္းဟန္က သူ႕ကို ၾကည့္ကာ ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္။

"မေလာပါနဲ႕ဦး၊ ကိုယ့္မွာ အားက်ိဳးနဲ႕ ေဆြးေႏြးစရာရွိတယ္"

ကုက်ိဳးက ဇေဝဇဝါျဖင့္:

"ဘာကိစၥလဲ?"

ကုန္းရိထ်န္းဟန္က ရယ္ေမာလိုက္ကာ:

"အားက်ိဳး သန့္စင္လိုက္တဲ့ ေဆးလုံးေတြက အရည္အေသြးမဆိုးလွဘူး။ အဲ့ဒါေတြက ကုန္းရိအိမ္ေတာ္အ​ေနနဲ​့ျဖစ္ျဖစ္၊ ကိုယ္ကေန တိုက္ရိုက္ပဲျဖစ္ျဖစ္ ေရာင္းခ်ရင္ အားလုံးကို ေစ်းေကာင္းရနိုင္တယ္။ အဲ့ေတာ့ အျမတ္အစြန္းခြဲတဲ့အခါ အားက်ိဳးက ဘယ္ေလာက္ လိုခ်င္လဲ?"

ကုက်ိဳးက အနည္းငယ္ ရႈပ္ေထြးသြားကာ:

"ထ်န္းဟန္သခင္ေလး၊ ဒီကုန္ၾကမ္းေတြအကုန္လုံးက သခင္ေလးေပးတာပါ။ ကြၽန္ေတာ္က ဒါေတြကို ေလ့က်င့္ဖို႔ သက္သက္ အသုံးျပဳတာပါ။ ဒီေတာ့ ရလာတဲ့ ပစၥည္းေတြ အားလုံးကလည္း သခင္ေလးအပိုင္ပဲေပါ့။ ကြၽန္ေတာ့္ကို ဘာလို႔ ခြဲေပးဖို႔လိုမွာလဲ?"

အစကတည္းက သူ႕ေထာက္ပံ့သူကို အခုလိုေထာက္ပံ့ေပးဖို႔ အတင္းအၾကပ္လုပ္ယူခဲ့တာ။ အဲ့ဒါန​ဲ့တင္ သူ႕မွာ အရမ္းမ်က္ႏွာနာစရာေကာင္းေနၿပီ။ ေထာက္ပံ့သူကို ကုသနိုင္မယ့္ နည္းလမ္းကို သူရွာေတြ႕​ေတာ့မွ သူတို႔အေပးအယူက မွ်မွ်တတျဖစ္သြားတာေလ။ အဲ့ေတာ့မွ သူလည္း ကိုယ့္ကိုယ္ကို အျပစ္ရွိသလိုမခံစားရေတာ့ဘူး။ သူ႕ရဲ႕ ေထာက္ပံ့သူက သူ႕အေပၚ ယုံၾကည္ေပးဖို႔ သေဘာတူသလို ဒီလို ေဆးအမယ္ေပါင္းမ်ားစြာကိုလည္း မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ သူ႕ကိုေပးခဲ့တယ္။ ေနာက္ၿပီး ဒီေလာက္ အဆင့္ျမင့္တဲ့ အရည္အေသြးေကာင္း ပစၥည္းကိရိယာေတြနဲ႕ အသုံးအေဆာင္ေတြကိုလည္း စီစဥ္ေပးတယ္။...... ဒါေတြအားလုံးရဲ႕ ကုန္က်စရိတ္က နည္းတာမဟုတ္ဘူး။ ဒါေပါ့ ဒီေတာ့ သူေဖာ္စပ္လို႔ရလာတဲ့ ေဆးဝါးေတြအားလုံးကလည္း ေသခ်ာေပါက္ သူ႕ေထာက္ပ့ံသူ လက္ထဲကိုပဲ အပ္ရမွာေပါ့။ သူက ဘယ္လိုလုပ္ အက်ိဳးအျမတ္ေတြကို ခြဲေဝယူလို႔​ျဖစ္မွာလဲ?

တျခားလူအေပၚ အျမတ္ထုတ္တဲ့ လူမ်ိဳးေတာ့ သူအျဖစ္မခံနိုင္ဘူး။ အဲ့လို အရွက္မရွိတဲ့လူမ်ိဳးလည္း သူမလုပ္ခ်င္ဘူး!

ကုန္းရိထ်န္းဟန္သည္ ကုက်ိဳး၏ ေျပာစကားမ်ားကို ၾကားရသည့္အခါ မ်က္လုံးမ်ားတြင္ အမ်ိဳးအမည္မသိသည့္ ခံစားခ်က္အလင္းမွိန္မွိန္တို႔ ျဖတ္သန္းသြားသည္။

သူက ကုက်ိဳးအနားသို႔ ေလွ်ာက္သြားကာ သူ႕ေခါင္းေလးကို အသာပြတ္ေပးလိုက္ကာ ၿပဳံးလိုက္သည္။

"ေနာက္က် မင္း အဲ့ဒါကို လိုခ်င္ခဲ့ရင္ ကိုယ့္နဲ႕ အခ်ိန္မေ႐ြး လာေဆြးေႏြးလို႔ရတယ္"

ကုက်ိဳးသည္ ထိုကိစၥနဲ႕ပတ္သတ္ၿပီး ဘာမွထပ္ေဆြးေႏြးစရာမရွိဟု ခံစားရေသာ္လည္း သူ႕ေထာက္ပံ့သူ၏ ေစတနာကို လက္ခံေသာအားျဖင့္ ေခါင္းညိမ့္ျပလိုက္သည္။

ထို႔ေနာက္ ကုန္းရိထ်န္းဟန္သည္ အခန္းထဲမွထြက္သြားသည္။

ကုက်ိဳးက ေထာက္ပံ့သူ အျပင္ထြက္သြားသည္ကို ၾကည့္ရင္း တစ္စုံတစ္ရာကို သတိရသြားသည္။

သူက စိတ္ထဲကေန အလ်င္အျမန္ ေမးခြန္းထုတ္လိုက္၏။ : System, ငါခုနက ေဆးလုံးေတြ သန့္စင္ေနတုန္း ခ်ီစြမ္းအင္မွ်င္ေတြ ထြက္ေသးလား?

အဘယ့္ေၾကာင့္ဆိုေသာ္ သူသည္ ပထမဆုံးအႀကိမ္ ေဆးလုံးမ်ားေဖာ္စပ္ရာတြင္ အလြန္စိတ္လႈပ္ရွားေနၿပီး သုံးႀကိမ္ေျမာက္ ေဖာ္စပ္ၿပီးသည့္အခ်ိန္အထိ အလြန္အာ႐ုံစိုက္ထားသျဖင့္ ခ်ီစြမ္းအင္မွ်င္မ်ား အေၾကာင္းကို လုံးဝေမ့ေလ်ာ့သြားသည္။ ထို႔အျပင္ သူသည္ မိမိ၏ ထူးဆန္းသည့္ျမင္နိုင္စြမ္းရည္ကိုလည္း ကြၽမ္းက်င္စြာ အသုံးမျပဳတတ္ေသးသျဖင္​့ ခ်ီစြမ္းအင္မွ်င္မ်ားႏွင့္ ပတ္သတ္၍ ဘာမွသတိမထားမိေပ။

[ခ်ီစြမ္းအင္မွ်င္ သုံးခုကို စုေဆာင္းၿပီးပါၿပီ။  Host က ေက်းဇူးျပဳၿပီး ဆက္လက္ႀကိဳးစားေပးပါဦး]

ကုက်ိဳး အလြန္ေပ်ာ္ျမဴးသြားသည္။

ဒါဆို ေဆးႀကိဳအိုးတစ္အိုးစာ ေဆးဝါးသန့္စင္နိုင္ရင္ ခ်ီစြမ္းအင္အမွ်င္ တစ္ခုရတာေပါ့? ဒါဆို ေနာက္ထပ္ရက္(၂၀) က်န္ေသးတယ္။ ေန႕တိုင္း ဒီလို ေဆးဝါးေတြ သန့္စင္သြားရင္ ငါ သိပ္မၾကာခင္မွာ ခ်ီစြမ္းအင္အမွ်င္ (၃၀) စုေဆာင္းနိုင္မယ္ မဟုတ္လား? ဒါဆို သူရဲ႕ ဒီအသက္ကေလးကို ေသခ်ာေပါက္ ကာကြယ္နိုင္ၿပီေပါ့!

သို႔ေသာ္.... သူ႕စိတ္ထ​ဲဲတြင္ ႐ုတ္တရတ္ ေမးခြန္းတစ္ခု ေပၚေပါက္လာသည္။ : စကားမစပ္ မင္း ခ်ီစြမ္းအင္အမွ်င္(၃၀)ျပည့္ေအာင္ စုေဆာင္းၿပီးတဲ့အခ်ိန္က် ငါက ဆက္ၿပီး ေဆးဝါးသန့္စင္ေနဦးမွာေလ။ အဲ့ဒီအခါက် ပိုတဲ့ ခ်ီစြမ္းအင္အမွ်င္ေတြကို ဘယ္လိုလုပ္မွာလဲ?

[ဆက္လက္စုေဆာင္းသြားမွာပါ]

ကုက်ိဳးက ထပ္ေမးလိုက္သည္။: ဆက္စုေဆာင္းသြားၿပီးရင္ ေနာက္လစုရမယ့္အထဲကို ေပါင္းထည့္ေပးမွာလား?

[အ​ဲ့လို​ မျဖစ္နိုင္ပါဘူး]

ကုက်ိဳးက အလိုမက်ျဖစ္သြားကာေမးလိုက္သည္။: ဒါဆို ပိုတဲ့ အ​ဲ့ဒီိခ်ီစြမ္းအင္အမွ်င္ေတြကို မင္းက အကုန္ယူလိုက္တာလား?

[ဒီ System က ပိုေနတဲ့ ခ်ီစြမ္းအင္အမွ်င္ေတြကို သိမ္းဆည္းေပးနိုင္ပါတယ္။ သူ႕ရဲ႕အသုံးဝင္ပုံကိုေတာ့ Host က မိမိဘာသာ ရွာေဖြရမွာပါ]

လတ္စသတ္ေတာ့ သူက System ကို မွားၿပီးအျပစ္တင္မိၿပီပဲ.... ကုက်ိဳးက ရွက္ကိုးရွက္ကန္းႏွင့္ေျပာလိုက္သည္ : ေတာင္းပန္ပါတယ္။ ဒါဆို ပိုေနတဲ့ ခ်ီစြမ္းအင္အမွ်င္ေတြကို မင္းပ​ဲကူၿပီး သိမ္းထားေပးနိုင္မလား? ငါအဲ့ဒါေတြကို ဘယ္မွာၾကည့္ရမလဲ?

္[ဒီSystem က ခ်ီစြမ္းအင္အမွ်င္ (၃၀)ကို စုပ္ယူၿပီးတဲ့ေနာက္ ပိုေနတဲ့ ခ်ီစြမ္းအင္အမွ်င္ေတြကို ေလဟာနယ္သိုေလွာင္႐ုံထဲမွာ သိမ္းဆည္းထားမွာပါ။ Host က အဲ့ဒီမွာ အခ်ိန္မေ႐ြး စစ္ေဆးၾကည့္လို႔ရပါတယ္]

ကုက်ိဳး သေဘာေပါက္သြားသည္။

သူက ေမးခြန္းေတြ ထပ္မေမးေတာ့ဘဲ မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီးေနာက္ နတ္ေဆးပညာစိတ္ဝိညာဥ္က်င့္ႀကံေရး နည္းလမ္းကိုသာ ဆက္လက္ က်င့္ႀကံေနလိုက္ေတာ့သည္။

ေဆးဝါးမ်ားစြာကို ထပ္မံေဖာ္စပ္သန့္စင္နိုင္ရန္ ေကာင္းကင္ႏွင့္ေျမႀကီးရွိ ခ်ီစြမ္းအင္မ်ားစြာကို စုပ္ယူစုေဆာင္းဖို႔ လိုအပ္​ေပသည္။

-- မွန္သည္။ လက္ရွိတြင္ ခ်ီစြမ္းအင္မ်ားသည္ သူ႕ခႏၶာကိုယ္ရွိ ခ်ီစြမ္းအင္ေၾကာမ်ားထဲတြင္ ညင္သာစြာ စီးဆင္းေနသည္ကို ခံစားေနရသည္။ ထို႔အျပင္ လက္စည္းတံဆိပ္မ်ားကို အသုံးျပဳသည့္အခါတိုင္း ထိုခ်ီစြမ္းအင္မ်ားက သူ၏လက္ႏွစ္ဖက္ရွိ တိက်ေသာ ခ်ီစြမ္းအင္အမွတ္မ်ားမွ ထြက္ေပၚလာသည္။ ထိုေနရာက သူ၏ ေဆးပုလဲလုံးမ်ား တည္ရွိရာေနရာပင္ျဖစ္သည္။ ထို႔ေၾကာင့္ က်င့္ႀကံေရးနည္းလမ္းကို သုံးၿပီး ခ်ီစြမ္းအင္မ်ားစြာကို သူစုေဆာင္းနိုင္ေလ ေဆးဝါးမ်ားကို အခ်ိန္ၾကာၾကာပိုၿပီး သန့္စင္ေဖာ္စပ္နိုင္ေလျဖစ္သည္။

💊💊💊

တစ္ဖက္မွာေတာ့.....

ကုန္းရိထ်န္းဟန္သည္ အိပ္ခန္းထဲမွာ ထြက္ကာ စာၾကည့္ခန္းထဲတြင္ ရပ္ေနသည္။

ထို႔ေနာက္ လုံရိသည္ အနီေရာင္ ေဆးပုလင္းႀကီးတစ္ခု ကိုင္ကာ ႐ုတ္တရတ္ ေရာက္ရွိလာသည္။

"သခင္ေလး၊ ခ်ီအားျဖည့္ေဆးလုံးေတြ အားလုံးကို ဒီမီးေက်ာက္စိမ္း ပုလင္းထဲမွာ ထည့္ၿပီးပါၿပီ။ ေဆးရဲ႕ ေမႊးရနံ႕ကို တျခားလူေတြ လုံးဝ သတိထားမိမွာ မဟုတ္ပါဘူး"

ကုန္းရိထ်န္းဟန္က ေခါင္းတစ္ခ်က္ညိမ့္လိုက္ကာ:

"အခု မင္းက ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္း အဆင့္(၃) ေရာက္ေနၿပီမလား?"

လုံရိက ရိုေသစြာေျပာလိုက္သည္။

"မွန္ပါတယ္ သခင္ေလး"

ကုန္းရိထ်န္းဟန္က ေတြးေတြးဆဆျဖင့္ ေျပာလိုက္သည္။

"ခ်ီစြမ္းအင္အားျဖည့္ေဆးလုံးက ဟို႔ထ်န္းသိုင္းပညာအဆင့္ (၇)အထိပဲ သက္ေရာက္မႈရွိတာ။ အခုမင္းက ဟို႔ထ်န္းအဆင့္ (၉)ကိုေရာက္ေနၿပီဆိုေတာ့ ဘာမွသိပ္ၿပီး အသံုးဝင္မွာမဟုတ္ဘူး"

သူက လုံရိ၏ အေျဖကို ေစာင့္မေနဘဲ ဆက္လက္ေျပာလိုက္၏။

"မင္း ပုလင္းကို ဖြင့္ၿပီး ေဆးတစ္လုံးေလာက္ စားၾကည့္လိုက္"

လုံရိက အရိုအေသေပးလိုက္သည္။

သူသည္ သခင္​ေလး၏ ေနာက္လိုက္လုပ္လာတာ အခ်ိန္အေတာ္ၾကာခဲ့ၿပီ။ သူတို႔သခင္ေလးသည္ သာမန္လူတစ္ေယာက္ မဟုတ္တာေတာ့ ေသခ်ာသည္။ သခင္ေလးက သူ႕ကို ဤသို႔ ခိုင္းေစသည္မွာ ေသခ်ာေပါက္ အက်ိဳးအေၾကာင္း ရွိရမည္။

ထို႔ေၾကာင့္ သူက တုန့္ဆိုင္းျခင္းမရွိဘဲ ေဆးပုလင္း၏ ဘူးဆို႔ကို ဖြင့္ကာ ေဆးလုံးတစ္လုံးထုတ္ၿပီး ပါးစပ္ထဲသို႔ ထည့္လိုက္သည္။

ထို႔ေနာက္ လုံရိ မ်က္လုံးျပဴးသြားသည္။

ခ်ီအားျဖည့္ေဆးလုံးသည္ သူ႕ပါးစပ္ထဲသို႔ေရာက္သည္ႏွင့္ ခ်ိဳျမသည့္အရသာေပးစြမ္းကာ လည္ေခ်ာင္းတစ္ေလွ်ာက္ အရည္ေပ်ာ္သြားသည္။ ထို႔ေနာက္ သူ႕ ခ်ီစြမ္းအင္ေသြးေၾကာမ်ားထဲသို႔ အလြန္အားေကာင္းသည့္ ေဆးဝါးစြမ္းအင္တစ္ခု စီးဆင္းလာကာ ထိုအရာက သန့္စင္ေသာ စြမ္းအားတစ္ခုအျဖစ္ ေျပာင္းလဲသြားသည္။ ထိုစြမ္းအားသည္ သူ၏ ခႏၶာကိုယ္အႏွံ႕ရွိ ခ်ီစြမ္းအင္ေသြးေၾကာတည္ရာအမွတ္မ်ားသို႔ ဝင္ေရာက္စုစည္းသြားေတာ့သည္။

ထိုခဏ၌ သူ၏ ခ်ီစြမ္းအင္မ်ားသည္လည္း ခ်က္ခ်င္း တိုးတက္လာသည္!

ဤခ်ီအားျဖည့္ေဆးလုံးသည္ သူအရင္က စားသုံးဖူးသည့္ အခ်ိဳလြန္က​ဲလြန္းသည့္ ခ်ီအားျဖည့္ေဆးလုံးမ်ားႏွင့္မတူဘဲ သူ႕အတြက္ စားသုံးရလြယ္သည့္ ခ်ိဳျမျမအရသာရွိသည္။ ေဆးလုံး၏စြမ္းအားသည္ ေျပာစရာမလိုေအာင္ အျခားေဆးလုံးမ်ားထက္ အနည္းဆုံး အဆတစ္ရာခန့္ သာလြန္ေကာင္းမြန္ေနသည္!

သူသည္ ဟို႔ထ်န္းအဆင့္(၉) သိုင္းပညာရွင္ျဖစ္ေသာ္လည္း ဒီခ်ီအားျဖည့္ေဆးလုံးသည္ သူ႕အတြက္ အလြန္အသုံးဝင္လွသည္။ -- ဆိုရလွ်င္ ဤေဆးလုံးသည္ သူကဲ့သို႔​ေသာ ခ်ီေသြးေၾကာေငြ႕ရည္ဖြဲ႕ျခင္းအဆင့္ရွိ က်င့္ႀကံသူမ်ား ေသာက္သုံးရသည့္ 'ခ်ီေပါင္းစပ္ေဆးလုံး' ထက္ပင္ ပိုမိုအရည္အေသြးျမင့္မားေနသည္။ ထို႔အျပင္ ေဆးလုံး၏ အစြမ္းျဖင့္ စုေဆာင္းရရွိလာေသာ ခ်ီစြမ္းအင္မ်ားကလည္း ပိုမို အရည္အေသြးသန့္စင္ၾကသည္။

လံုရိသည္ ေဆးလုံး၏ အာနိသင္ကို ေသခ်ာေလ့လာစစ္ေဆးၿပီးသည့္ေနာက္ အေသးစိတ္ မခြၽင္းမခ်န္ သူ၏ သခင္ေလးကို အစီရင္ခံတင္ျပလိုက္သည္။

ကုန္းရိထ်န္းဟန္က မိမိဘာသာ တီးတိုးေရ႐ြတ္လိုက္သည္:

"ထင္တဲ့အတိုင္းပဲ ကုက်ိဳးရဲ႕ ခ်ီအားျဖည့္ေဆးလုံးေတြက တမူထူးျခားေနတာပဲ"

ထိုအခါ လုံရိသည္ သူ၏ သခင္ေလးကို ပိုမိုေလးစားမိေတာ့သည္။

သခင္ေလးရဲ႕ အျမင္အာ႐ုံက ခါတိုင္းလိုပဲ ထူးျခားစူးရွေနတာပဲ

ခ်ီအားျဖည့္ေဆးလုံးမွာပါတဲ့ သာမာန္ေဆးအမယ္ေလာက္ကို သုံးၿပီး ခ်ီေပါင္းစပ္ေဆးလုံးထက္ သာလြန္တဲ့ ေဆးလုံးမ်ိဳး ေဖာ္စပ္နိုင္တယ္ဆိုတာ သခင္ေလးကို ႀကီးမားတဲ့ အက်ိဳးအျမတ္ေတြ ရေစမွာ အမွန္ပဲ!

ကုန္းရိထ်န္းဟန္သည္ အလြန္တည္ၾကည္ေလးနက္စြာေျပာလိုက္၏။

"အားက်ိဳးရဲ႕ ကိစၥကို ဘယ္သူကိုမွ မသိေစနဲ႕"

လုံရိက ဆိုလိုသည္သေဘာကို နားလည္သည့္ဟန္ျဖင့္ အရိုအေသျပဳကာေျပာလိုက္သည္။

"ထ်န္းလုံတပ္က သခင္ေလးရဲ႕ဦးေဆာင္မႈကို အၿမဲလိုက္နာၿပီး သစၥာရွိစြာ အမႈေတာ္ထမ္း႐ြက္ေနပါတယ္။ ဘယ္ေတာ့မွ စိတ္ႏွစ္ခြမျဖစ္ဘဲ အမိန့္ေတာ္အတိုင္း နာခံေဆာင္႐ြက္ပါ့မယ္! သခင္ေလး စိတ္ခ်ပါ!"

ကုန္းရိထ်န္းဟန္သည္ ၿပဳံးလိုက္ကာ ေခါင္းညိမ့္လိုက္သည္။

"ငါမင္းတို႔ကို ယုံၾကည္ၿပီးသားပါ"

သူက ေျပာၿပီးသည္ႏွင့္ လက္ကိုဆန့္တန္းကာ လုံရိကို ထရန္ လက္ဟန္ျပလိုက္သည္။

လုံရိက မတ္တပ္ရပ္လိုက္ၿပီးေနာက္ လက္ထဲက အနီေရာင္ပုလင္းကို ၾကည့္လိုက္သည္။ ထို႔ေနာက္ သူက စိတ္အားထက္သန္စြာျဖင့္:

"သခင္ေလး, ဒါဆိုရင္ ဒီခ်ီအားျဖည့္ေဆးလုံးေတြက....."

ကုန္းရိထ်န္းဟန္က ခပ္ေထ့ေထ့ၿပဳံးလိုက္ကာ:

"ပစၥည္းေကာင္းဆိုတာ ကိုယ့္လူေတြသုံးဖို႔အတြက္ပဲ ေသခ်ာေပါက္ ခ်န္ထားရမွာေပါ့"

သူက ခဏေလာက္ ေတြးေတာကာ ေျပာလိုက္သည္။

"အားက်ိဳးက ေဆးလုံးသန့္စင္တဲ့ အရည္အခ်င္းျမင့္မားတယ္။ သူ႕ရဲ႕ ေဆးလုံးတိုင္းက ေအာင္ျမင္တယ္။ ဒီေတာ့ ငါက အကုန္လုံး သိမ္းထားၿပီး သူ႕ရ​ဲ​​့ ေဆးလုံးထုတ္လုပ္နိုင္တဲ့ ပမာဏေပၚမူတည္ၿပီး ငါ့ရဲ႕ ထ်န္းလုံတပ္ဖြဲကို ခြဲေဝေပးမယ္။ ဒါေပမယ့္ အိမ္ေတာ္မွာလည္း အိမ္ေတာ္စည္းကမ္းရွိတယ္။ ဘယ္သူမွ အလကားအလုပ္လုပ္ေပးတာမ်ိဳးမရွိေစရဘူး။ ငါရဲ႕ ကိုယ္ပိုင္ဘ႑ာေငြထဲက (၂၀) ရာခိုင္ႏႈန္းကို ခ်ီေပါင္းစပ္ေဆးလုံးေတြဝယ္ဖို႔ လႊ​ဲေျပာင္းလိုက္။ ၿပီးရင္ အသုံးစာရင္းကို ေငြစာရင္းစာအုပ္ အသစ္မွာ ေသခ်ာမွတ္သားထားရမယ္။ အဲ့ဒီေငြစာရင္းက ငါ့နာမည္ေအာက္မွာပဲ ရွိရမယ္ ဒါေပမယ့္ ငါ့ကိုယ္ပိုင္ဘ႑ာေငြထဲကေန သက္သက္ခြဲထားရမယ္"

လုံရိက စိုးရိမ္တႀကီး ေျပာလိုက္သည္။

"သခင္ေလးက ေဆးဆရာကု ကို ဒီေလာက္အမ်ားႀကီး လုပ္အားခေပးမလို႔လား?"

လုံရိသည္ ထို (၂၀) ရာခိုင္ႏႈန္းေသာ ဘ႑ာေငြႏွင့္ စာရင္းစာအုပ္အသစ္ဖြင့္ျခင္း အဓိပၸါယ္ကို ေကာင္းစြာ နားလည္သေဘာေပါက္ေလသည္။

ကုန္းရိထ်န္းဟန္က ရယ္ေမာလိုက္ကာ:

"သူက ဒီပမာဏကိုေပးဖို႔ ထိုက္တန္ပါတယ္။ ေနာက္ဆို သူက ဒီ့ထက္ပိုၿပီးတန္ဖိုးရွိလာမွာ"

လုံရိက ရိုေသစြာ ဦးၫြတ္ကာ ေျပာလိုက္သည္။

"ဟုတ္ကဲ့ပါ သခင္ေလး"

ကုက်ိဳးသည္ ကုန္းရိထ်န္းဟန္ကိုယ္တိုင္ ေထာက္ပံ့ေပးထားသည့္ သူ၏ ကိုယ္ပိုင္ေဆးဆရာျဖစ္သည္။ ကုက်ိဳးေဖာ္စပ္သန့္စင္သမွ် ေဆးဝါးအားလုံးသည္ သူ႕အပိုင္ျဖစ္သည္။ သို႔ေသာ္ အိမ္ေတာ္အတြက္ ေထာက္ပံ့ေပးဖို႔ ျဖစ္ေစကာမူ အိမ္ေတာ္က တန္ရာတန္ေၾကးေပးၿပီး ဝယ္ယူရမည္ျဖစ္သည္။

သာမန္မိသားစုအိမ္ေတာ္မ်ားသည္ ေဆးလုံးမ်ားကို လိုအပ္သျဖင့္ ေဆးဆရာမ်ားကို အျမတ္တနိုး တန္ဖိုးထားၾကသည္။ လိုအပ္သည့္ ေဆးအမယ္မ်ားကိုလည္း မည္မွ်ပင္ကုန္က်ပါေစ အိမ္ေတာ္မ်ားက ေထာက္ပံ့ေပးၾကရသည္။ တစ္ခ်ိန္တည္းတြင္ ထိုအိမ္ေတာ္မ်ားသည္ ရရွိလာသည့္ ေဆးလုံးမ်ားကို မိမိကိုယ္တိုင္ အသုံးျပဳသည္ျဖစ္ေစ ျပန္လည္ေရာင္းခ်သည္ျဖစ္​ေစ ထိုအက်ိဳးအျမတ္၏ တစ္ဆယ္ရာခိုင္ႏႈန္းကို ေဆးဝါးေဖာ္စပ္သူ ေဆးဆရာမ်ားကို ေပးေခ်ၾကရသည္ -- အထူးသျဖင့္ ေဆးဝါးသန့္စင္သူ ေဆးဆရာ၏ စြမ္းအားပါရမီေပၚမူတည္၍ ေပးရေသာ လုပ္အားခမွာလည္း ေျပာင္းလဲကြာျခားေလသည္။

လက္ရွိတြင္ ကုန္းရိထ်န္းဟန္သည္ ရရွိသည့္ေဆးလုံးမ်ားအားလုံးကို သူ၏ ထ်န္းလုံတပ္ဖြဲ႕အတြက္ အသုံးျပဳမည္ျဖစ္သည္။ ထို႔ေၾကာင့္ သူက ထိုေဆးလုံးမ်ားအတြက္ ခ်ီေပါင္းစပ္ေဆးလုံး၏ ေရာင္းေစ်းအတိုင္း သူ၏ ကိုယ္ပိုင​္ဘ႑ာေငြထဲမွ လႊဲေျပာင္းေပးျခင္းျဖစ္သည္။ တစ္နည္းေျပာရလွ်င္ အကယ္၍ ဤခ်ီအားျဖည့္ေဆးလုံးမ်ားကို အျပင္သို႔ ထုတ္ေရာင္းမည္ဆိုပါက ၄င္းတို႔ကို ခ်ီေပါင္းစပ္ေဆးလုံးမ်ားႏွင့္ တစ္တန္းတည္းထားကာ ေရာင္းခ်ရမည္ျဖစ္သည္။ ထိုမွ ရရွိလာမည့္ အျမတ္ေငြမ်ားမွ (၂၀) ရာခိုင္ႏႈန္းကိုလည္း ေဆးေဖာ္စပ္သူ ေဆးဆရာကို ခြဲေဝေပးရမည္ျဖစ္ၿပီး ထိုေဆးဆရာကေတာ့ ကုက်ိဳးပင္ျဖစ္သည္။

လုံရိသည္ ဤသေဘာတရားကို နားလည္ သေဘာေပါက္ၿပီးသားျဖစ္သည္။

ေနာင္တြင္ ကုက်ိဳး၏ စြမ္းရည္ျဖင့္ ခ်ီေပါင္းစပ္ေဆးလုံးမ်ားထက္ ပိုမိုသာလြန္ေသာ ခ်ီအားျဖည့္ေဆးလုံးမ်ားကို ဆက္လက္ ေဖာ္စပ္သန့္စင္သြားနိုင္လွ်င္ ထိုေဆးလုံးႏွစ္မ်ိဳးကို ေစ်းႏႈန္းအတူတူ ေရာင္းခ်နိဳင္မည္ျဖစ္ၿပီး..... ရရွိမည့္ အက်ိဳးအျမတ္မွာလည္း မေမွ်ာ္မွန္းနိုင္ေအာင္ပင္ ျဖစ္သည္။

ဒါတင္မက သူတို႔၏ သခင္ေလးသည္ ပိုမိုေၾကာက္စရာေကာင္းသည္ အက်ိဳးအျမတ္မ်ား ရရွိလာေအာင္ လုပ္ေဆာင္နိုင္သည္ဟု သူက ယုံၾကည္​ေနသည္။

______________________________________

အခ်စ္ဆုံးတို႔ေရ.......

ကုက်ိဳးတစ္ေယာက္ သူ႕ဒယ္ဒီေက်းဇူးနဲ႕ သူေဌးျဖစ္ပါေတာ့မယ္ 😁😁 ဒါဆိုရင္ ေနာက္အပိုင္းမွာ ျပန္ေတြ႕ၾကမယ္ေနာ္.... အားလုံး အႏၲရာယ္ကင္း ေဘးရွင္းၾကပါေစလို႔ ဆုေတာင္းရင္း.......

With love ❤
Taiga 😘

((Unicode))

အပိုင်း (၁၂)
ကြောက်စရာကောင်းသည့်ဆေး

💊💊💊
ကုန်းရိထျန်းဟန်သည် လက်ပြနှုတ်ဆက်ကာ ဆေးလုံးများဖော်စပ်ရန် အခန်းထဲ ပြန်ဝင်သွားသည့် ကုကျိုးကို ကြည့်ရင်း သူ့ကို ထပ်မံနှောင့်ယှက်ခြင်း မပြုတော့ချေ။

ထို့နောက် သူတွေ့ရှိလာသည်က ထိုဆယ်ကျော်သက် ဆေးဆရာလေးသည် ပထမအကြိမ် ဆေးဝါးသန့်စင်ရာတွင် အချိန်ကြာမြင့်သလောက် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကြိုးစားမှုများတွင် သူ၏ ဆေးလုံးဖော်စပ်မှုနှုန်းက သိသိသာသာ ပိုမိုလျင်မြန်လာသည်။

သူ၏ဆေးကြိုအိုးတိုင်းမှ ဆေးလုံးများ၏ အရည်အသွေးသည် ပထမအကြိမ် ဆေးလုံး(၁၆)လုံး၏ အရည်အသွေးနှင့် နည်းနည်းမှ ကွာခြားမှုမရှိပေ။ ထို့အပြင် ဆေးဝါးသန့်စင်ရန် ကြာချိန်ကလည်း တစ်ခေါက်ထက်တစ်ခေါက် ပိုမိုမြန်ဆန်လာသည်။

ကုန်းရိထျန်းဟန်၏စိတ်တွင် ဒီလူငယ်လေးသည် အလွန်စိတ်ဝင်စားစရာကောင်းပြီး အံ့ဩမဆုံးနိုင်ဖြစ်​ရသည်။ ထိုကောင်လေး၏ တိုးတက်မှုက သာမာန်မျက်စိနှင့်ပင် မြင်နိုင်သည်။... ဒီကောင်လေးအပေါ်ထားတဲ့ သူ့ရဲ့ ယုံကြည်မှုက အချည်းနှီးမဖြစ်ဘူးပဲ။

ကုကျိုးက တတိယမြောက်ဆေးကြိုအိုးကို အောင်မြင်စွာ သန့်စင်ပြီးသည့်အခါ နဖူးတွင် ချွေးများစိုရွှဲလာသည်။ သူက ဆေးဝါးဖော်စပ်ရန် အချိန်အနည်းငယ်သာ ကြာသည်ကို သတိပြုမိပြီးနောက် မိမိကိုယ်ကို နောက်ထပ် ဆေးဝါးများ ထပ်မံသန့်စင်နိုင်သည်ဟု ခံစားမိလာသည်။ သို့သော် သူ ထပ်မံ မသန့်စင်နိုင်ခင်မှာ တစ်စုံတစ်ယောက်က သူ့ကို တားမြစ်လိုက်သည်။

ဘယ်အချိန်ကတည်းက သူအနောက်တွင် ရောက်နေမှန်း မသိသည့် ကုန်းရိထျန်းဟန်က သူ၏ ဘယ်ဘက်ပုခုံးကို လက်ဖြင့် အသာဖိလိုက်ကာ ညင်သာစွာ အမျှော်အမြင်ရှိရှိ ပြောလိုက်သည်။

"အားကျိုး၊ မင်းအရမ်း ပင်ပန်းနေပြီ။ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ခဏလောက် သွားနားသင့်တယ်"

ကုကျိုးက မျက်မှောင်ကြုတ်လိုက်ကာ:

"ထျန်းဟန်သခင်လေး, ကျွန်တော် လုပ်နိုင်ပါသေးတယ်...."

ကုန်းရိထျန်းဟန်က အနည်းငယ် ရယ်မောလိုက်ကာ နှစ်သိမ့်သလိုပြောလိုက်သည်။

"မလောပါနဲ့။ မင်း စိတ်မရှည်ဖြစ်​ေနရင် နောင် ကျင့်ကြံရေးလုပ်တဲ့အခါ ထိခိုက်မှုတွေရှိလာလိမ့်မယ်။ ပြီးတော့ မင်းက ကိုယ့်ကိုလည်း ရောဂါကုပေးရဦးမယ်လေ"

ကုကျိုးက စဥ်းစားမိသည်။ ဒါလည်း ဟုတ်တာပဲ။ သူက အချိန်တိုတိုအတွင်းမှာ အကျိုးအမြတ် များများရဖို့ မလောသင့်ဘူး။ ဒီအလုပ်က အရင် လေ့ကျင့်တုန်းက ပင်ပန်းတာမျိုးနဲ့ သိပ်မတူဘူး။ သူသာ တကယ် ထိခိုက်ဒဏ်ရာရသွားရင် နောက်ကို ပြဿာနာအကြီးကြီးတက်သွားလိမ့်မယ်!

သူ့ထောက်ပံ့သူက ဥာဏ်ပညာရှိတဲ့သူပဲ။ ဒီတော့ ဥာဏ်ပညာရှိတဲ့သူ ပြောစကားကို သူ နားထောင်သင့်တယ်။

ကုကျိုးက နားလည်သဘောပေါက်စွာ ခေါင်းညိမ့်​ြပလိုက်သည်။ ထို့နောက် သူက ပွင့်လင်းစွာ ပြောလိုက်သည်။

"ထျန်းဟန်သခင်လေး ပြောစကားကို ကျွန်တော် နားထောင်ပါ့မယ်"

ကုန်းရိထျန်းဟန်က နှုတ်ခမ်းပါးများ ကွေးညွှတ်ကာ ပြုံးလိုက်သည်။ ထို့နောက် သူက ကုကျိုးကို ဦးဆောင်ကာ ဆေးဝါးသန့်စင်ခန်းထဲမှ ထွက်လာပြိီး သူ၏ အိပ်ခန်းထဲသို့ ဝင်လိုက်သည်။

အိပ်ခန်းသည် အလွန်ကျယ်ဝန်းသည်​့ သီးသန့်နေရာတစ်ခု​ဖြစ်သည်။ ၄င်း၏ ဘေးတံခါးမှတဆင့် စာကြည့်ခန်းကို တိုက်ရိုက် ဆက်သွယ်ထားသည်။ အိပ်ဆောင်ထဲတွင် အလွန်ကြီးမား​ေသာ သက်တောင်သက်သာရှိသည့် ကုတင်တစ်လုံးရှိပြီး ၄င်း၏ ဘေးတွင် အနည်းငယ်ပိုသေးသည့် ကုတင်တစ်လုံး ရှိနေသည်။ ထိုကုတင်ကတော့ အသစ်ထပ်ထည့်ထားသည့် ကုကျိုးအတွက် ကုတင်လေးဖြစ်သည်။

ကုတင်နှစ်လုံး၏ အကွာအဝေးက သုံးမီတာမှ ငါးမီတာခန့်ရှိသည်။ ထို့​ကြောင်​့ သူတို့နှစ်ယောက် အတူတူနေထိုင်ရန် လုံလောက်အောင် ကျယ်ဝန်းပြီး တစ်ယောက်ကို တစ်ယောက်အနှောင့်အယှက်ဖြစ်မှာ စိတ်ပူရန်မလိုပေ။

ကုကျိုးက အိပ်ဆောင်ကို လေ့လာကြည့်ပြီးနောက် အလွန်ကျေနပ်သွားသည်။

သူ့မှာ ကိုယ်ပိုင်နေရာလေး ဆုံးရှုံးသွားရတာ ဖြစ်ကောင်းဖြစ်မည်။ သို့သော် သူကိုယ်တိုင်က ဘာမှကွယ်ဝှက်ထားစရာ မရှိပေ။ အဲ့တော့ ဒါကို သာမာန်တက္ကသိုလ်ကျောင်းမှာ အတန်းဖော်နဲ့ အဆောင်အတူနေတယ်လို့ သဘောထားလိုက်ရုံပင်! ဒီတစ်ခါ သူ့ရဲ့ အခန်းဖော်က 'ထိပ်တန်း' ကျောင်းသားတစ်ယောက်ပေါ့။ ဒီလိုဆို ဘာမှမကောင်းတာမရှိဘူး။

ကုကျိုးသည် ကုန်းရိထျန်းဟန်ကို စကားအများကြီး မပြောတော့ဘဲ ဖိနပ်ချွတ်လိုက်ကာ သူ့ကုတင်ပေါ်တွင် တင်ပျင်ခွေထိုင်လိုက်သည်။

"ထျန်းဟန်သခင်လေး၊ ကျွန်တော် ကျင့်ကြံရေး စလုပ်လိုက်ဦးမယ်"

ကုန်းရိထျန်းဟန်က သူ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မလောပါနဲ့ဦး၊ ကိုယ့်မှာ အားကျိုးနဲ့ ဆွေးနွေးစရာရှိတယ်"

ကုကျိုးက ဇဝေဇဝါဖြင့်:

"ဘာကိစ္စလဲ?"

ကုန်းရိထျန်းဟန်က ရယ်မောလိုက်ကာ:

"အားကျိုး သန့်စင်လိုက်တဲ့ ဆေးလုံးတွေက အရည်အသွေးမဆိုးလှဘူး။ အဲ့ဒါတွေက ကုန်းရိအိမ်တော်အ​နေနဲ​့ဖြစ်ဖြစ်၊ ကိုယ်ကနေ တိုက်ရိုက်ပဲဖြစ်ဖြစ် ရောင်းချရင် အားလုံးကို စျေးကောင်းရနိုင်တယ်။ အဲ့တော့ အမြတ်အစွန်းခွဲတဲ့အခါ အားကျိုးက ဘယ်လောက် လိုချင်လဲ?"

ကုကျိုးက အနည်းငယ် ရှုပ်ထွေးသွားကာ:

"ထျန်းဟန်သခင်လေး၊ ဒီကုန်ကြမ်းတွေအကုန်လုံးက သခင်လေးပေးတာပါ။ ကျွန်တော်က ဒါတွေကို လေ့ကျင့်ဖို့ သက်သက် အသုံးပြုတာပါ။ ဒီတော့ ရလာတဲ့ ပစ္စည်းတွေ အားလုံးကလည်း သခင်လေးအပိုင်ပဲပေါ့။ ကျွန်တော့်ကို ဘာလို့ ခွဲပေးဖို့လိုမှာလဲ?"

အစကတည်းက သူ့ထောက်ပံ့သူကို အခုလိုထောက်ပံ့ပေးဖို့ အတင်းအကြပ်လုပ်ယူခဲ့တာ။ အဲ့ဒါန​ဲ့တင် သူ့မှာ အရမ်းမျက်နှာနာစရာကောင်းနေပြီ။ ထောက်ပံ့သူကို ကုသနိုင်မယ့် နည်းလမ်းကို သူရှာတွေ့​ေတာ့မှ သူတို့အပေးအယူက မျှမျှတတဖြစ်သွားတာလေ။ အဲ့တော့မှ သူလည်း ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုမခံစားရတော့ဘူး။ သူ့ရဲ့ ထောက်ပံ့သူက သူ့အပေါ် ယုံကြည်ပေးဖို့ သဘောတူသလို ဒီလို ဆေးအမယ်ပေါင်းများစွာကိုလည်း မျက်တောင်တစ်ချက်မခတ်ဘဲ သူ့ကိုပေးခဲ့တယ်။ နောက်ပြီး ဒီလောက် အဆင့်မြင့်တဲ့ အရည်အသွေးကောင်း ပစ္စည်းကိရိယာတွေနဲ့ အသုံးအဆောင်တွေကိုလည်း စီစဥ်ပေးတယ်။...... ဒါတွေအားလုံးရဲ့ ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး။ ဒါပေါ့ ဒီတော့ သူဖော်စပ်လို့ရလာတဲ့ ဆေးဝါးတွေအားလုံးကလည်း သေချာပေါက် သူ့ထောက်ပ့ံသူ လက်ထဲကိုပဲ အပ်ရမှာပေါ့။ သူက ဘယ်လိုလုပ် အကျိုးအမြတ်တွေကို ခွဲဝေယူလို့​ဖြစ်မှာလဲ?

တခြားလူအပေါ် အမြတ်ထုတ်တဲ့ လူမျိုးတော့ သူအဖြစ်မခံနိုင်ဘူး။ အဲ့လို အရှက်မရှိတဲ့လူမျိုးလည်း သူမလုပ်ချင်ဘူး!

ကုန်းရိထျန်းဟန်သည် ကုကျိုး၏ ပြောစကားများကို ကြားရသည့်အခါ မျက်လုံးများတွင် အမျိုးအမည်မသိသည့် ခံစားချက်အလင်းမှိန်မှိန်တို့ ဖြတ်သန်းသွားသည်။

သူက ကုကျိုးအနားသို့ လျှောက်သွားကာ သူ့ခေါင်းလေးကို အသာပွတ်ပေးလိုက်ကာ ပြုံးလိုက်သည်။

"နောက်ကျ မင်း အဲ့ဒါကို လိုချင်ခဲ့ရင် ကိုယ့်နဲ့ အချိန်မရွေး လာဆွေးနွေးလို့ရတယ်"

ကုကျိုးသည် ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှထပ်ဆွေးနွေးစရာမရှိဟု ခံစားရသော်လည်း သူ့ထောက်ပံ့သူ၏ စေတနာကို လက်ခံသောအားဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် ကုန်းရိထျန်းဟန်သည် အခန်းထဲမှထွက်သွားသည်။

ကုကျိုးက ထောက်ပံ့သူ အပြင်ထွက်သွားသည်ကို ကြည့်ရင်း တစ်စုံတစ်ရာကို သတိရသွားသည်။

သူက စိတ်ထဲကနေ အလျင်အမြန် မေးခွန်းထုတ်လိုက်၏။ : System, ငါခုနက ဆေးလုံးတွေ သန့်စင်နေတုန်း ချီစွမ်းအင်မျှင်တွေ ထွက်သေးလား?

အဘယ့်ကြောင့်ဆိုသော် သူသည် ပထမဆုံးအကြိမ် ဆေးလုံးများဖော်စပ်ရာတွင် အလွန်စိတ်လှုပ်ရှားနေပြီး သုံးကြိမ်မြောက် ဖော်စပ်ပြီးသည့်အချိန်အထိ အလွန်အာရုံစိုက်ထားသဖြင့် ချီစွမ်းအင်မျှင်များ အကြောင်းကို လုံးဝမေ့လျော့သွားသည်။ ထို့အပြင် သူသည် မိမိ၏ ထူးဆန်းသည့်မြင်နိုင်စွမ်းရည်ကိုလည်း ကျွမ်းကျင်စွာ အသုံးမပြုတတ်သေးသဖြင်​့ ချီစွမ်းအင်မျှင်များနှင့် ပတ်သတ်၍ ဘာမှသတိမထားမိပေ။

[ချီစွမ်းအင်မျှင် သုံးခုကို စုဆောင်းပြီးပါပြီ။  Host က ကျေးဇူးပြုပြီး ဆက်လက်ကြိုးစားပေးပါဦး]

ကုကျိုး အလွန်ပျော်မြူးသွားသည်။

ဒါဆို ဆေးကြိုအိုးတစ်အိုးစာ ဆေးဝါးသန့်စင်နိုင်ရင် ချီစွမ်းအင်အမျှင် တစ်ခုရတာပေါ့? ဒါဆို နောက်ထပ်ရက်(၂၀) ကျန်သေးတယ်။ နေ့တိုင်း ဒီလို ဆေးဝါးတွေ သန့်စင်သွားရင် ငါ သိပ်မကြာခင်မှာ ချီစွမ်းအင်အမျှင် (၃၀) စုဆောင်းနိုင်မယ် မဟုတ်လား? ဒါဆို သူရဲ့ ဒီအသက်ကလေးကို သေချာပေါက် ကာကွယ်နိုင်ပြီပေါ့!

သို့သော်.... သူ့စိတ်ထ​ဲဲတွင် ရုတ်တရတ် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။ : စကားမစပ် မင်း ချီစွမ်းအင်အမျှင်(၃၀)ပြည့်အောင် စုဆောင်းပြီးတဲ့အချိန်ကျ ငါက ဆက်ပြီး ဆေးဝါးသန့်စင်နေဦးမှာလေ။ အဲ့ဒီအခါကျ ပိုတဲ့ ချီစွမ်းအင်အမျှင်တွေကို ဘယ်လိုလုပ်မှာလဲ?

[ဆက်လက်စုဆောင်းသွားမှာပါ]

ကုကျိုးက ထပ်မေးလိုက်သည်။: ဆက်စုဆောင်းသွားပြီးရင် နောက်လစုရမယ့်အထဲကို ပေါင်းထည့်ပေးမှာလား?

[အ​ဲ့လို​ မဖြစ်နိုင်ပါဘူး]

ကုကျိုးက အလိုမကျဖြစ်သွားကာမေးလိုက်သည်။: ဒါဆို ပိုတဲ့ အ​ဲ့ဒီိချီစွမ်းအင်အမျှင်တွေကို မင်းက အကုန်ယူလိုက်တာလား?

[ဒီ System က ပိုနေတဲ့ ချီစွမ်းအင်အမျှင်တွေကို သိမ်းဆည်းပေးနိုင်ပါတယ်။ သူ့ရဲ့အသုံးဝင်ပုံကိုတော့ Host က မိမိဘာသာ ရှာဖွေရမှာပါ]

လတ်စသတ်တော့ သူက System ကို မှားပြီးအပြစ်တင်မိပြီပဲ.... ကုကျိုးက ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်သည် : တောင်းပန်ပါတယ်။ ဒါဆို ပိုနေတဲ့ ချီစွမ်းအင်အမျှင်တွေကို မင်းပ​ဲကူပြီး သိမ်းထားပေးနိုင်မလား? ငါအဲ့ဒါတွေကို ဘယ်မှာကြည့်ရမလဲ?

[ဒီSystem က ချီစွမ်းအင်အမျှင် (၃၀)ကို စုပ်ယူပြီးတဲ့နောက် ပိုနေတဲ့ ချီစွမ်းအင်အမျှင်တွေကို လေဟာနယ်သိုလှောင်ရုံထဲမှာ သိမ်းဆည်းထားမှာပါ။ Host က အဲ့ဒီမှာ အချိန်မရွေး စစ်ဆေးကြည့်လို့ရပါတယ်]

ကုကျိုး သဘောပေါက်သွားသည်။

သူက မေးခွန်းတွေ ထပ်မမေးတော့ဘဲ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် နတ်ဆေးပညာစိတ်ဝိညာဥ်ကျင့်ကြံရေး နည်းလမ်းကိုသာ ဆက်လက် ကျင့်ကြံနေလိုက်တော့သည်။

ဆေးဝါးများစွာကို ထပ်မံဖော်စပ်သန့်စင်နိုင်ရန် ကောင်းကင်နှင့်မြေကြီးရှိ ချီစွမ်းအင်များစွာကို စုပ်ယူစုဆောင်းဖို့ လိုအပ်​ေပသည်။

-- မှန်သည်။ လက်ရှိတွင် ချီစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအင်ကြောများထဲတွင် ညင်သာစွာ စီးဆင်းနေသည်ကို ခံစားနေရသည်။ ထို့အပြင် လက်စည်းတံဆိပ်များကို အသုံးပြုသည့်အခါတိုင်း ထိုချီစွမ်းအင်များက သူ၏လက်နှစ်ဖက်ရှိ တိကျသော ချီစွမ်းအင်အမှတ်များမှ ထွက်ပေါ်လာသည်။ ထိုနေရာက သူ၏ ဆေးပုလဲလုံးများ တည်ရှိရာနေရာပင်ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံရေးနည်းလမ်းကို သုံးပြီး ချီစွမ်းအင်များစွာကို သူစုဆောင်းနိုင်လေ ဆေးဝါးများကို အချိန်ကြာကြာပိုပြီး သန့်စင်ဖော်စပ်နိုင်လေဖြစ်သည်။

💊💊💊

တစ်ဖက်မှာတော့.....

ကုန်းရိထျန်းဟန်သည် အိပ်ခန်းထဲမှာ ထွက်ကာ စာကြည့်ခန်းထဲတွင် ရပ်နေသည်။

ထို့နောက် လုံရိသည် အနီရောင် ဆေးပုလင်းကြီးတစ်ခု ကိုင်ကာ ရုတ်တရတ် ရောက်ရှိလာသည်။

"သခင်လေး၊ ချီအားဖြည့်ဆေးလုံးတွေ အားလုံးကို ဒီမီးကျောက်စိမ်း ပုလင်းထဲမှာ ထည့်ပြီးပါပြီ။ ဆေးရဲ့ မွှေးရနံ့ကို တခြားလူတွေ လုံးဝ သတိထားမိမှာ မဟုတ်ပါဘူး"

ကုန်းရိထျန်းဟန်က ခေါင်းတစ်ချက်ညိမ့်လိုက်ကာ:

"အခု မင်းက ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃) ရောက်နေပြီမလား?"

လုံရိက ရိုသေစွာပြောလိုက်သည်။

"မှန်ပါတယ် သခင်လေး"

ကုန်းရိထျန်းဟန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"ချီစွမ်းအင်အားဖြည့်ဆေးလုံးက ဟို့ထျန်းသိုင်းပညာအဆင့် (၇)အထိပဲ သက်ရောက်မှုရှိတာ။ အခုမင်းက ဟို့ထျန်းအဆင့် (၉)ကိုရောက်နေပြီဆိုတော့ ဘာမှသိပ်ပြီး အသံုးဝင်မှာမဟုတ်ဘူး"

သူက လုံရိ၏ အဖြေကို စောင့်မနေဘဲ ဆက်လက်ပြောလိုက်၏။

"မင်း ပုလင်းကို ဖွင့်ပြီး ဆေးတစ်လုံးလောက် စားကြည့်လိုက်"

လုံရိက အရိုအသေပေးလိုက်သည်။

သူသည် သခင်​လေး၏ နောက်လိုက်လုပ်လာတာ အချိန်အတော်ကြာခဲ့ပြီ။ သူတို့သခင်လေးသည် သာမန်လူတစ်ယောက် မဟုတ်တာတော့ သေချာသည်။ သခင်လေးက သူ့ကို ဤသို့ ခိုင်းစေသည်မှာ သေချာပေါက် အကျိုးအကြောင်း ရှိရမည်။

ထို့ကြောင့် သူက တုန့်ဆိုင်းခြင်းမရှိဘဲ ဆေးပုလင်း၏ ဘူးဆို့ကို ဖွင့်ကာ ဆေးလုံးတစ်လုံးထုတ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် လုံရိ မျက်လုံးပြူးသွားသည်။

ချီအားဖြည့်ဆေးလုံးသည် သူ့ပါးစပ်ထဲသို့ရောက်သည်နှင့် ချိုမြသည့်အရသာပေးစွမ်းကာ လည်ချောင်းတစ်လျှောက် အရည်ပျော်သွားသည်။ ထို့နောက် သူ့ ချီစွမ်းအင်သွေးကြောများထဲသို့ အလွန်အားကောင်းသည့် ဆေးဝါးစွမ်းအင်တစ်ခု စီးဆင်းလာကာ ထိုအရာက သန့်စင်သော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုစွမ်းအားသည် သူ၏ ခန္ဓာကိုယ်အနှံ့ရှိ ချီစွမ်းအင်သွေးကြောတည်ရာအမှတ်များသို့ ဝင်ရောက်စုစည်းသွားတော့သည်။

ထိုခဏ၌ သူ၏ ချီစွမ်းအင်များသည်လည်း ချက်ချင်း တိုးတက်လာသည်!

ဤချီအားဖြည့်ဆေးလုံးသည် သူအရင်က စားသုံးဖူးသည့် အချိုလွန်က​ဲလွန်းသည့် ချီအားဖြည့်ဆေးလုံးများနှင့်မတူဘဲ သူ့အတွက် စားသုံးရလွယ်သည့် ချိုမြမြအရသာရှိသည်။ ဆေးလုံး၏စွမ်းအားသည် ပြောစရာမလိုအောင် အခြားဆေးလုံးများထက် အနည်းဆုံး အဆတစ်ရာခန့် သာလွန်ကောင်းမွန်နေသည်!

သူသည် ဟို့ထျန်းအဆင့်(၉) သိုင်းပညာရှင်ဖြစ်သော်လည်း ဒီချီအားဖြည့်ဆေးလုံးသည် သူ့အတွက် အလွန်အသုံးဝင်လှသည်။ -- ဆိုရလျှင် ဤဆေးလုံးသည် သူကဲ့သို့​ေသာ ချီသွေးကြောငွေ့ရည်ဖွဲ့ခြင်းအဆင့်ရှိ ကျင့်ကြံသူများ သောက်သုံးရသည့် 'ချီပေါင်းစပ်ဆေးလုံး' ထက်ပင် ပိုမိုအရည်အသွေးမြင့်မားနေသည်။ ထို့အပြင် ဆေးလုံး၏ အစွမ်းဖြင့် စုဆောင်းရရှိလာသော ချီစွမ်းအင်များကလည်း ပိုမို အရည်အသွေးသန့်စင်ကြသည်။

လံုရိသည် ဆေးလုံး၏ အာနိသင်ကို သေချာလေ့လာစစ်ဆေးပြီးသည့်နောက် အသေးစိတ် မချွင်းမချန် သူ၏ သခင်လေးကို အစီရင်ခံတင်ပြလိုက်သည်။

ကုန်းရိထျန်းဟန်က မိမိဘာသာ တီးတိုးရေရွတ်လိုက်သည်:

"ထင်တဲ့အတိုင်းပဲ ကုကျိုးရဲ့ ချီအားဖြည့်ဆေးလုံးတွေက တမူထူးခြားနေတာပဲ"

ထိုအခါ လုံရိသည် သူ၏ သခင်လေးကို ပိုမိုလေးစားမိတော့သည်။

သခင်လေးရဲ့ အမြင်အာရုံက ခါတိုင်းလိုပဲ ထူးခြားစူးရှနေတာပဲ

ချီအားဖြည့်ဆေးလုံးမှာပါတဲ့ သာမာန်ဆေးအမယ်လောက်ကို သုံးပြီး ချီပေါင်းစပ်ဆေးလုံးထက် သာလွန်တဲ့ ဆေးလုံးမျိုး ဖော်စပ်နိုင်တယ်ဆိုတာ သခင်လေးကို ကြီးမားတဲ့ အကျိုးအမြတ်တွေ ရစေမှာ အမှန်ပဲ!

ကုန်းရိထျန်းဟန်သည် အလွန်တည်ကြည်လေးနက်စွာပြောလိုက်၏။

"အားကျိုးရဲ့ ကိစ္စကို ဘယ်သူကိုမှ မသိစေနဲ့"

လုံရိက ဆိုလိုသည်သဘောကို နားလည်သည့်ဟန်ဖြင့် အရိုအသေပြုကာပြောလိုက်သည်။

"ထျန်းလုံတပ်က သခင်လေးရဲ့ဦးဆောင်မှုကို အမြဲလိုက်နာပြီး သစ္စာရှိစွာ အမှုတော်ထမ်းရွက်နေပါတယ်။ ဘယ်တော့မှ စိတ်နှစ်ခွမဖြစ်ဘဲ အမိန့်တော်အတိုင်း နာခံဆောင်ရွက်ပါ့မယ်! သခင်လေး စိတ်ချပါ!"

ကုန်းရိထျန်းဟန်သည် ပြုံးလိုက်ကာ ခေါင်းညိမ့်လိုက်သည်။

"ငါမင်းတို့ကို ယုံကြည်ပြီးသားပါ"

သူက ပြောပြီးသည်နှင့် လက်ကိုဆန့်တန်းကာ လုံရိကို ထရန် လက်ဟန်ပြလိုက်သည်။

လုံရိက မတ်တပ်ရပ်လိုက်ပြီးနောက် လက်ထဲက အနီရောင်ပုလင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက စိတ်အားထက်သန်စွာဖြင့်:

"သခင်လေး, ဒါဆိုရင် ဒီချီအားဖြည့်ဆေးလုံးတွေက....."

ကုန်းရိထျန်းဟန်က ခပ်ထေ့ထေ့ပြုံးလိုက်ကာ:

"ပစ္စည်းကောင်းဆိုတာ ကိုယ့်လူတွေသုံးဖို့အတွက်ပဲ သေချာပေါက် ချန်ထားရမှာပေါ့"

သူက ခဏလောက် တွေးတောကာ ပြောလိုက်သည်။

"အားကျိုးက ဆေးလုံးသန့်စင်တဲ့ အရည်အချင်းမြင့်မားတယ်။ သူ့ရဲ့ ဆေးလုံးတိုင်းက အောင်မြင်တယ်။ ဒီတော့ ငါက အကုန်လုံး သိမ်းထားပြီး သူ့ရ​ဲ​​့ ဆေးလုံးထုတ်လုပ်နိုင်တဲ့ ပမာဏပေါ်မူတည်ပြီး ငါ့ရဲ့ ထျန်းလုံတပ်ဖွဲကို ခွဲဝေပေးမယ်။ ဒါပေမယ့် အိမ်တော်မှာလည်း အိမ်တော်စည်းကမ်းရှိတယ်။ ဘယ်သူမှ အလကားအလုပ်လုပ်ပေးတာမျိုးမရှိစေရဘူး။ ငါရဲ့ ကိုယ်ပိုင်ဘဏ္ဍာငွေထဲက (၂၀) ရာခိုင်နှုန်းကို ချီပေါင်းစပ်ဆေးလုံးတွေဝယ်ဖို့ လွှ​ဲပြောင်းလိုက်။ ပြီးရင် အသုံးစာရင်းကို ငွေစာရင်းစာအုပ် အသစ်မှာ သေချာမှတ်သားထားရမယ်။ အဲ့ဒီငွေစာရင်းက ငါ့နာမည်အောက်မှာပဲ ရှိရမယ် ဒါပေမယ့် ငါ့ကိုယ်ပိုင်ဘဏ္ဍာငွေထဲကနေ သက်သက်ခွဲထားရမယ်"

လုံရိက စိုးရိမ်တကြီး ပြောလိုက်သည်။

"သခင်လေးက ဆေးဆရာကု ကို ဒီလောက်အများကြီး လုပ်အားခပေးမလို့လား?"

လုံရိသည် ထို (၂၀) ရာခိုင်နှုန်းသော ဘဏ္ဍာငွေနှင့် စာရင်းစာအုပ်အသစ်ဖွင့်ခြင်း အဓိပ္ပါယ်ကို ကောင်းစွာ နားလည်သဘောပေါက်လေသည်။

ကုန်းရိထျန်းဟန်က ရယ်မောလိုက်ကာ:

"သူက ဒီပမာဏကိုပေးဖို့ ထိုက်တန်ပါတယ်။ နောက်ဆို သူက ဒီ့ထက်ပိုပြီးတန်ဖိုးရှိလာမှာ"

လုံရိက ရိုသေစွာ ဦးညွတ်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး"

ကုကျိုးသည် ကုန်းရိထျန်းဟန်ကိုယ်တိုင် ထောက်ပံ့ပေးထားသည့် သူ၏ ကိုယ်ပိုင်ဆေးဆရာဖြစ်သည်။ ကုကျိုးဖော်စပ်သန့်စင်သမျှ ဆေးဝါးအားလုံးသည် သူ့အပိုင်ဖြစ်သည်။ သို့သော် အိမ်တော်အတွက် ထောက်ပံ့ပေးဖို့ ဖြစ်စေကာမူ အိမ်တော်က တန်ရာတန်ကြေးပေးပြီး ဝယ်ယူရမည်ဖြစ်သည်။

သာမန်မိသားစုအိမ်တော်များသည် ဆေးလုံးများကို လိုအပ်သဖြင့် ဆေးဆရာများကို အမြတ်တနိုး တန်ဖိုးထားကြသည်။ လိုအပ်သည့် ဆေးအမယ်များကိုလည်း မည်မျှပင်ကုန်ကျပါစေ အိမ်တော်များက ထောက်ပံ့ပေးကြရသည်။ တစ်ချိန်တည်းတွင် ထိုအိမ်တော်များသည် ရရှိလာသည့် ဆေးလုံးများကို မိမိကိုယ်တိုင် အသုံးပြုသည်ဖြစ်စေ ပြန်လည်ရောင်းချသည်ဖြစ်​ေစ ထိုအကျိုးအမြတ်၏ တစ်ဆယ်ရာခိုင်နှုန်းကို ဆေးဝါးဖော်စပ်သူ ဆေးဆရာများကို ပေးချေကြရသည် -- အထူးသဖြင့် ဆေးဝါးသန့်စင်သူ ဆေးဆရာ၏ စွမ်းအားပါရမီပေါ်မူတည်၍ ပေးရသော လုပ်အားခမှာလည်း ပြောင်းလဲကွာခြားလေသည်။

လက်ရှိတွင် ကုန်းရိထျန်းဟန်သည် ရရှိသည့်ဆေးလုံးများအားလုံးကို သူ၏ ထျန်းလုံတပ်ဖွဲ့အတွက် အသုံးပြုမည်ဖြစ်သည်။ ထို့ကြောင့် သူက ထိုဆေးလုံးများအတွက် ချီပေါင်းစပ်ဆေးလုံး၏ ရောင်းစျေးအတိုင်း သူ၏ ကိုယ်ပိုင​်ဘဏ္ဍာငွေထဲမှ လွှဲပြောင်းပေးခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် အကယ်၍ ဤချီအားဖြည့်ဆေးလုံးများကို အပြင်သို့ ထုတ်ရောင်းမည်ဆိုပါက ၄င်းတို့ကို ချီပေါင်းစပ်ဆေးလုံးများနှင့် တစ်တန်းတည်းထားကာ ရောင်းချရမည်ဖြစ်သည်။ ထိုမှ ရရှိလာမည့် အမြတ်ငွေများမှ (၂၀) ရာခိုင်နှုန်းကိုလည်း ဆေးဖော်စပ်သူ ဆေးဆရာကို ခွဲဝေပေးရမည်ဖြစ်ပြီး ထိုဆေးဆရာကတော့ ကုကျိုးပင်ဖြစ်သည်။

လုံရိသည် ဤသဘောတရားကို နားလည် သဘောပေါက်ပြီးသားဖြစ်သည်။

နောင်တွင် ကုကျိုး၏ စွမ်းရည်ဖြင့် ချီပေါင်းစပ်ဆေးလုံးများထက် ပိုမိုသာလွန်သော ချီအားဖြည့်ဆေးလုံးများကို ဆက်လက် ဖော်စပ်သန့်စင်သွားနိုင်လျှင် ထိုဆေးလုံးနှစ်မျိုးကို စျေးနှုန်းအတူတူ ရောင်းချနိုင်မည်ဖြစ်ပြီး..... ရရှိမည့် အကျိုးအမြတ်မှာလည်း မမျှော်မှန်းနိုင်အောင်ပင် ဖြစ်သည်။

ဒါတင်မက သူတို့၏ သခင်လေးသည် ပိုမိုကြောက်စရာကောင်းသည် အကျိုးအမြတ်များ ရရှိလာအောင် လုပ်ဆောင်နိုင်သည်ဟု သူက ယုံကြည်​ေနသည်။

______________________________________

အချစ်ဆုံးတို့ရေ.......

ကုကျိုးတစ်ယောက် သူ့ဒယ်ဒီကျေးဇူးနဲ့ သူဌေးဖြစ်ပါတော့မယ် 😁😁 ဒါဆိုရင် နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်နော်.... အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆုတောင်းရင်း.......

With love ❤
Taiga 😘

Continue Reading

You'll Also Like

814K 115K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
499K 8.2K 16
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
1.3M 52.4K 25
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
95K 12K 103
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...