မင္းအတြက္ ေဆးတစ္ခြက္ [System]

By Sebastiann048

78.8K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... More

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္း (၈) ​ေရာဂါ

1.2K 265 11
By Sebastiann048

((Zawgyi))

အပိုင္း (၈)
ေရာဂါ

💊💊💊
အေစခံမေလးမ်ားမွာ ႀကိဳတင္မွာၾကားျခင္းခံထားရပုံ​ေပၚသည္။ သူတို႔က အျပင္မွာေစာင့္ေနကာ ကုက်ိဳးကို ခ်က္ခ်င္း လမ္းျပေပးၾကသည္။ သူတို႔က အလြန္ေရွးဆန္ေသာ အခန္းတစ္ခုေရွ႕ေရာက္ေသာအခါ သူ႕ကို တစ္ေယာက္တည္း အထဲသို႔ဝင္ေစသည္။

ကုက်ိဳး အခန္းထဲသို႔ဝင္လိုက္သည္ႏွင့္  အခန္းတြင္းရွိ ပရိေဘာဂမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားက ေသခ်ာၾကည့္စရာေတာင္မလိုဘဲ အခန္းႀကီးႏွင့္ အလြန္လိုက္ဖက္သင့္ေတာ္မွန္းသိသာလွသည္။ အခန္း၏ ခမ္းနားတင့္တယ္ၿပီး ယဥ္ေက်းသိမ္ေမြ႕သည့္ေလထုကလည္း နည္းနည္းမွမေလ်ာ့ေပ....ဒီေနရာက ခ်ီအိမ္ေတာ္နဲ႕ ယွဥ္ၾကည့္လွ်င္ ခ်ီအိမ္ေတာ္မွာ အခုမွခ်မ္းသာဖူးသျဖင့္ ဟန္တစ္လုံးပန္တစ္လုံး ႂကြားဝါေနသကဲ့သို႔သာရွိေတာ့၏။

ကုန္းရိထ်န္းဟန္သည္ အိမ္ေနရင္းဝတ္႐ုံရွည္ကို ဝတ္ဆင္ထားၿပီး စာလိပ္စာလႊာမ်ားျဖင့္ျပည့္ေနသည့္ စာၾကည့္စားပြဲေနာက္​တြင္ထိုင္ေနသည္။ သူက ဘာမွန္းမသိနိုင္ေသာ စာလိပ္မ်ားကို ဖတ္ရႈေန၏။ သူ၏နံေဘးတြင္ တည္တည္ၾကည္ၾကည္ႏွင့္ တိတ္ဆိတ္စြာရပ္ေနသည့္ လူတစ္ေယာက္ရွိသည္။ သူ႕အမူအရာက အလြန္ယဥ္ေက်းေလးစားပံုရကာ နဖူးတြင္ "သစၥာရွိေသာ အမဲလိုက္ေခြး" ဟုစာမကပ္ထား႐ုံတစ္မယ္သာျဖစ္သည္။

ကုက်ိဳး အခန္းထဲဝင္လာေတာ့ ကုန္းရိထ်န္းဟန္က လက္ထဲက စုတ္တံကိုခ်ကာ ေခါင္းေမာ့ၿပဳံးျပလာသည္။ ထို႔ေနာက္သူက အလြန္ညင္သာသည့္အသံျဖင့္...

"အားက်ိဳး, နိုးၿပီလား? လာထိုင္ပါဦး"

အရမ္းကိုေတာက္ပလြန္းတ​ဲ့မ်က္ႏွာပါလားေနာ္...... သူ႕ကို ပ့ံပိုးေပးမယ့္ လမင္းႀကီးမရွိတာေတာင္ သူ႕ရဲ႕ ေခ်ာေမာခန့္ညားမႈကေတာ့ အံ့မခန္းပါပဲလား..

ကုက်ိဳးက ကုန္းရိထ်န္းဟန္၏ ေခ်ာေမာလွသည့္မ်က္ႏွာကို ဆက္မၾကည့္ဝ့ံေတာ့ဘဲ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္ကာ ေျပာလိုက္သည္။

"ကုန္းရိသခင္ေလး"

ကုန္းရိထ်န္းဟန္က ရယ္ေမာလိုက္ကာ...

"ကိုယ္ေတာင္မင္းကို အားက်ိဳး လို႔ေခၚေနၿပီပဲ။ မင္းလည္း ကိုယ့္ကို နာမည္အတိုင္းတိုက္ရိုက္ေခၚရင္ ဘယ္ႏွယ့္လဲ?"

ကုက်ိဳးက စဥ္းစားလိုက္သည္။ သူ႕ကို ကူညီေထာက္ပ့ံေပးမည့္လူအေပၚ ေထာက္ပံ့သူကို ေထာက္ပ့ံသူမွန္း စိတ္ထဲကအ​ျမ​ဲ သတိရွိေနဖို႔လိုအပ္သည္ဟု သူခံစားရသည္။ သူအေနျဖင့္ တစ္ဖက္သား၏ ယဥ္ေက်းပ်ဴငွာမႈအေပၚ သတိလက္လြတ္ဆက္ဆံ၍ မျဖစ္ေပ။ ရလဒ္ကေတာ့ ကုက်ိဳးသည္ နာမည္အေခၚအေဝၚကို ခ်က္ခ်င္းေျပာင္းလ​ဲလိုက္၏။

"ထ်န္းဟန္သခင္ေလး"

ကုန္းရိထ်န္းဟန္ကလည္း သူ႕ကိုအတင္းမတိုက္တြန္းေတာ့ဘဲ ေပ်ာ့ေပ်ာင္းစြာ ေမးလိုက္သည္။

"မင္းေျပာထားတဲ့ ကိုယ့္ေရာဂါကို ကုသ​ေပးနိုင္တယ္ဆိုတာ တကယ္ပဲလား?"

ကုက်ိဳးက အစကေတာ့ System အေၾကာင္းကို အရင္ဖြင့္ေျပာခ်င္ေသာ္လည္း သူ႕၏ေထာက္ပံ့သူၾကည့္ရတာ မိမိ၏ေရာဂါအေျခအေနကိုသာ ပိုစိတ္ဝင္စားေနသည္။....ဒါ သဘာဝက်ပါတယ္ေလ။ ဒါေပမယ့္ သူ ကုသေပးနိုင္မေပးနိုင္ဆိုတာကေတာ့ ေျပာလို႔သိပ္မေကာင္းလွဘူး။

ကုက်ိဳးက သူ႕အၾကည့္ေတြကို သူတို႔ေဘးက တိတ္ဆိတ္စြာေစာင့္ဆိုင္းေနသည့္ ထိုလူအေပၚသို႔ေ႐ြ႕လိုက္၏။

ကုန္းရိထ်န္းဟန္က တစ္ခ်က္ရယ္လိုက္ကာ :

"ဒီလူက ကိုယ့္ရဲ႕လက္ေအာက္က ထ်န္းလုံ*အေစာင့္တပ္ရဲ႕ ေခါင္းေဆာင္ပါ။ သူ႕ကို ယုံၾကည္စိတ္ခ်လိဳ႕ရပါတယ္"

(T/N- ထ်န္​းလံုတပ္​ဖြဲ႔ : ​ေကာင္​းကင္​နဂါးအ​ေစာင္​့တပ္​ဖြဲ႔)

ကုက်ိဳးက ႏွစ္ခ်က္ေလာက္ ေျခာက္ကပ္ကပ္ရယ္ေမာလိုက္ေပမယ့္ သူ႕မ်က္လုံးမ်ားကေတာ့ ျပတ္သားေနသည္။

ဒီကိစၥမွာ ယုံၾကည္လား မယုံၾကည္ဘူးလားဆိုတာက ျပႆနာမဟုတ္၊ သူ႕အသက္ လုံၿခဳံမႈရွိမရွိကသာ ျပႆနာျဖစ္သည္။

သူ၏ေထာက္ပ့ံသူသည္ ဥာဏ္အေမွ်ာ္အျမင္ႀကီးမားသူျဖစ္သည္။ သို႔ေသာ္ သူ႕မွာရွိေသာပစၥည္းက ဘယ္ေလာက္ထူးဆန္းထိတ္လန့္ဖြယ္ေကာင္းမွန္း သူ႕ေထာက္ပံ့သူက မသိရေသးေပ။  ထို႔ေၾကာင့္ သူ၏ေထာက္ပံ့သူကို ထိုအေၾကာင္းႏွင့္ပတ္သတ္ၿပီး အရင္ဆုံး လုံေလာက္ေအာင္ ရွင္းျပၿပီးမွ စဥ္းစားဆုံးျဖတ္ခိုင္းတာ ပိုေကာင္းလိမ့္မည္။

ကုန္းရိထ်န္းဟန္က ရွင္းရွင္းလင္းလင္းသေဘာေပါက္သြားကာ အမိန့္ေပးလိုက္သည္။

"လုံရိ*, မင္းအျပင္ထြက္လိုက္၊ ၿပီးေတာ့ နားပိတ္ထား"

(T/N- လံုရိ : နဂါးနံပါတ္​(၁), အဖြဲ႔၀င္​​ေတြရဲ႕ နာမည္​ကို ရာထူးနံပါတ္​စဥ္​အလိုက္​​ေခၚတာပါ)

ထိုလူက ကုက်ိဳးကို ခက္ထန္တင္းမာစြာ တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သူ႕သခင္ေလးက ဒီမေလာက္ေလးမေလာက္စား ေကာင္ငယ္ေလးေလာက္ကို ကိုင္တြယ္နိုင္မွာေသခ်ာသည္ဟုေတြးကာ အခန္းထဲမွာ ခ်က္ခ်င္းထြက္သြားေတာ့သည္။ သူက အခန္းတံခါးကိုပင္ ေသေသခ်ာခ်ာ ပိတ္ေပးခဲ့ေလသည္။

ကုန္းရိထ်န္းဟန္က ကုက်ိဳးကို ေနာက္တစ္ခါ ၾကည့္လိုက္ၿပီးေနာက္...

"မင္းစိတ္ခ်ပါ။ ဒီအခန္းက အထူးစီမံထားတာ။ အခန္းတံခါးကိုပိတ္လိုက္တာနဲ႕ အထဲမွာေျပာသမွ် အျပင္ကလုံးဝမၾကားနိုင္ဘူး။ လုံရိရဲ႕ အျမင္န​ဲ့အၾကားအာ႐ုံက သာမာန္ထက္သာလြန္တယ္ဆိုေပမယ့္ အခုတံခါးလည္းပိတ္ထားၿပီ။ ၿပီးေတာ့ ကိုယ္ သူ႕ကို အမိန့္ေပးထားတာဆိုေတာ့ ဒီေနရာက​ေန ဆယ္ေပအကြာအထိ သူလာမွာမဟုတ္ဘူး။ အဲ့ေတာ့ သူက မင္းနဲ႕ ကိုယ္ေျပာတဲ့စကားေတြကို ေသခ်ာေပါက္ ၾကားရမွာမဟုတ္ဘူး။"

ကုက်ိဳး စိတ္သက္သာရာရသြားသည္။ ဒါေပမယ့္ ဒီလူရဲ႕ ေရာဂါအေၾကာင္းစဥ္းစားမိေတာ့ သူအနည္းငယ္ ထိတ္လန့္မိသည္။ သူက မဝံ့မရဲျဖင့္ ေျပာလိုက္၏။

"ကြၽန္ေတာ္ ခင္ဗ်ားကို အရင္ေသြးေၾကာစမ္းၾကည့္လို႔ရမလား?"

ကုန္းရိထ်န္းဟန္က သူ႕၏ဝတ္႐ုံလက္နားကို အေပၚသို႔ မ,တင္လိုက္ကာ သူ၏ ျဖဴေဖြးေဖ်ာ့ေတာ့ေနသည့္ လက္ေမာင္းကို စားပြဲေပၚသို႔တင္လိုက္သည္။

ကုက်ိဳးကလည္း မဆိုင္းမတြပင္ သူ႕လက္ေခ်ာင္းမ်ားကို တင္ကာ စမ္းသပ္ၾကည့္လိုက္သည္။

သူသည္ တစ္ခါမွ ေရာဂါမကုသေပးဖူးေသာ္လည္း သူမ်ားကို ဘယ္လိုေသြးေၾကာစမ္းေပးရမလဲဆိုတာေတာ့ သင္ယူဖူးကာ တစ္ခ်ိဳ႕ေသာ ေသြးေၾကာအေျခအေနမ်ားကို ရွင္းရွင္းလင္းလင္းသိရွိသ​ေဘာေပါက္နိုင္ေလသည္။....

စမ္းသပ္ၾကည့္ၿပီးေနာက္ ကုက်ိဳး အနည္းငယ္ တုန္လႈပ္ေျခာက္ျခားသြားသည္။

ဒီေသြးေၾကာက....ေသြးခုန္ႏႈန္းမရွိဘူးပဲ။

ဒါေပမယ့္ ေသြးခုန္ႏႈန္းမရွိရင္ ေသလူျဖစ္ေနရမွာမဟုတ္လား?

သူက ဇြန္ဘီႀကီးေတာ့မဟုတ္ပါဘူးေနာ္!

ကုက်ိဳးက ကုန္းရိထ်န္းဟန္ကို ေသေသခ်ာခ်ာၾကည့္လိုက္သည္။ သူ႕မွာ ေခ်ာေမာၿပီး ျဖဴေဖ်ာ့ေနတာကလြဲရင္ တျခားပုံမွန္မဟုတ္တာ ဘာရွိေသးလို႔လဲ? ဒီလိုမ်ိဳးေသြးခုန္းႏႈန္းအရဆို သူ႕ခႏၶာကိုယ္မွာ ေရာဂါလကၡဏာေတြအမ်ားႀကီး ရွိေနရမွာ

အခုေတာ့ ဘာလကၡဏာမွ မေတြ႕ရပါလား။ ဒါက ဘယ္လိုျဖစ္ရတာလဲ?

ဒီေသြးေၾကာက တကယ္ကို ရွင္းမျပနိုင္ေလာက္ေအာင္ ေသလူတစ္ေယာက္ရဲ႕ ေသြးေၾကာပဲ

ထို႔ေၾကာင့္ ကုက်ိဳးက ခ်က္ခ်င္း ပါးစပ္ဟကာေမးလိုက္ေတာ့၏။

"ထ်န္းဟန္သခင္ေလး, ကြၽန္ေတာ္ကို အရင္ေဆးဆရာေတြေျပာခဲ့တဲ့ ေတြ႕ရွိခ်က္ေတြကို ေျပာျပလို႔ရမလား။ ၿပီးေတာ့ ဒီႏွစ္ေတြမွာ ဘယ္လိုမသက္မသာေဝဒနာမ်ိဳး ခံစားခဲ့ရလဲ? ၿပီးေတာ့ က်န္းမာေရးအေျခအေနကေကာ ဘယ္လိုရွိပါသလဲ?"

ဘာေရာဂါလကၡဏာေတြရွိသလဲဆိုတာ သူေသခ်ာမသိရင္ အခ်က္အလက္ေတြကို သူဘယ္လိုရွာၾကည့္လို႔ရမွာလဲ!

ကုန္းရိထ်န္းဟန္ကလည္း သူေတာင္းဆိုခ်က္​မ်ားကို အသာတၾကည္ လိုက္ေလ်ာကာ ေျပာျပေလသည္။

သူ႕ၾကည့္ရတာ ဒီႏွစ္ေတြအတြင္း သူ၏ေရာဂါအေၾကာင္းကို ဘယ္ႏွေခါက္ေလာက္ေတာင္ ေျပာခဲ့ရသည္မသိ အခုျပန္ေျပာျပေနသည့္အခ်ိန္တြင္ သူသည္ အလြန္တိက်ကာ အေသးစိတ္ေျပာျပနိုင္​ေပသည္။

ေျပာရလွ်င္ ဒီေရာဂါက အလြန္ထူးဆန္းလွသည္။ သူသည္ ေမြးဖြားလာသည့္အခ်ိန္တြင္ သာမာန္ကေလးတစ္ေယာက္ကဲ့သို႔ အေကာင္းအတိုင္းရွိခဲ့သည္။ သူ႕မွာ အလြန္ဥာဏ္ပညာႀကီးမားသည္ကလြဲလွ်င္ တျခားဘာမူမမွန္တာမွမရွိခဲ့ေပ။ သို႔ေသာ္ သူ၏ အသက္ တစ္ႏွစ္ျပည့္ေမြးေန႕ေရာက္သည့္အခါ မိသားစုဝင္မ်ားက သူ၏ စြမ္းအင္အလားအလာကို စမ္းသပ္ၾကည့္ရာတြင္ ဤမိသားစု၏ တိုက္ရိုက္မ်ိဳးရိုးမွ ဆင္းသက္လာသည့္အႀကီးဆုံးေျမးတြင္ ခ်ီစြမ္းအင္ေသြးေၾကာမ်ားအလြန္အားနည္းကာ ပ်က္စီးလြယ္ေနသည္ကို သိရွိသြားၾကေတာ့သည္။

အားလုံးသိၾကသည့္အတိုင္း မည္သူမဆို သိုင္းပညာက်င့္ႀကံအားထုတ္မည္ဆိုလွ်င္ အေရးအႀကီးဆုံးအခ်က္မွာ သူ၏ခႏၶာကိုယ္ရွိ မူလ ခ်ီစြမ္းအင္ေသြးေၾကာမ်ားကိုၾကည့္ရႈရမည္ျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သိုင္းပညာက်င့္ႀကံသည့္အခါ ပထမဆုံးအေနျဖင့္ ေကာင္းကင္ႏွင့္ ေျမႀကီးမွ ခ်ီစြမ္းအင္မ်ားကို ခႏၶာကိုယ္တြင္းသို႔ စုပ္ယူကာ ခ်ီစြမ္းအင္ေသြးေၾကာမ်ားအတြင္းသို႔ စီးဆင္းေစရမည္ျဖစ္သည္။ ေျပာစရာမလိုေအာင္ပင္ ထိုခ်ီစြမ္းအင္စီးဆင္းမည့္ ေသြးေၾကာမ်ားက ပိုမိုက်ယ္ဝန္း ေပ်ာ့ေပ်ာင္းေလ၊ ပိုမိုခိုင္မာသန္စြမ္းေလ၊ ေကာင္းကင္ႏွင့္ေျမႀကီးမွ ခ်ီစြမ္းအင္ဓာတ္မ်ားက ပိုမိုစီးဆင္းဝင္ေရာက္နိုင္ေလျဖစ္ၿပီး သိုင္းပညာက်င့္ႀကံမႈမ်ားကလည္း ပိုမိုျမန္ဆန္တိုးတက္လာမည္ျဖစ္သည္။

ထိုအရာႏွင့္ ဆန့္က်င္စြာပင္ ကုန္းရိထ်န္းဟန္၏ ခ်ီစြမ္းအင္ေသြးေၾကာမ်ားမွာ အလြန္ပါးလႊာကာ အားနည္းေနၾကသည္။ -- သူ႕မွာ ေကာင္းကင္ႏွင့္ေျမႀကီးမွ ခ်ီစြမ္းအင္မ်ားကို စုပ္ယူလည္ပတ္ဖို႔မေျပာႏွင့္ ေဆးဝါးမ်ားမွီဝဲမည္ဆိုလွ်င္ေတာင္ အားျပင္းလြန္းသည့္ေဆးမ်ားကို မွီဝဲ၍မရနိုင္ေပ။ မဟုတ္လွ်င္ ထိုခ်ီစြမ္းအင္ေသြးေၾကာမ်ားက လုံးဝေပါက္ထြက္ကာ ပ်က္စီးသြားမည္ျဖစ္သည္။

ဤကဲ့သို႔အေျခအေနမ်ိဳးသည္ သိုင္းပညာက်င့္ႀကံရန္ မည္သို႔မွမျဖစ္နိုင္ေခ်။ သို႔ေသာ္ သူတို႔ကုန္းရိအိမ္ေတာ္၏ ဩဇာႀကီးမားမႈျဖင့္ အဖိုးတန္လွေသာေဆးလုံးမ်ိဳးကို ရွာေဖြနိုင္ခဲ့လွ်င္ေတာ့ ထိုခ်ီစြမ္းအင္ေသြးေၾကာမ်ား၏ အေျခအေနက ဘယ္ေလာက္ပင္ဆိုး႐ြားေနပါေစ ျဖည္းျဖည္းခ်င္း ျပန္လည္ေကာင္းမြန္လာနိုင္မည္​ျဖစ္သည္။.... သို႔ေသာ္ အဲ့လိုေဆးလုံးမ်ိဳးက ဘယ္မွာရွိလို႔လဲ?

ကုက်ိဳးတစ္ေယာက္ နည္းနည္းထူးဆန္းေနသည္ဟုထင္မိသည္။

တကယ္လို႔ ခ်ီစြမ္းအင္ေသြးေၾကာေတြသာ အားနည္းေနၿပီး သာမာန္ေန႕စဥ္ဘဝကို သက္ေရာက္မႈမရွိနိုင္ရင္ အဲ့ဒါက ေရာဂါမွ မဟုတ္တာပဲေလ.....

ကုန္းရိထ်န္းဟန္ ဆက္ေျပာလိုက္ေသာ စကားမ်ားက သူ႕၏ မေသခ်ာမႈမ်ားကို ေဖ်ာက္ဖ်က္ေပးလိုက္ေတာ့၏။

အမွန္ပင္ သူ႕၏ေထာက္ပံ့သူမွာ အားနည္းေသာ ခ်ီစြမ္းအင္ေသြးေၾကာမ်ားရွိျခင္းသာမက အမွန္တကယ္ထူးဆန္းလွသည့္ေရာဂါပါရွိေနျခင္းျဖစ္သည္။

ကုန္းရိမိသားစုသည္ ကုန္းရိထ်န္းဟန္၏ ခ်ီလမ္းေၾကာင္းေသြးေၾကာမ်ားမွာ ကုသ၍မရသည့္အေျခအေနမွန္းသိသြားၾကၿပီးေနာက္ သူ၏ အမ်ားႏွင့္မတူ တမူထူးျခားသည့္ အျခားေသာစြမ္းေဆာင္ရည္မ်ားကို ျမင္ေတြ႕ရေသာအခါ ထိုကိစၥအေပၚ အရမ္းမပူပင္မစိုးရိမ္ခဲ့ၾကေပ။ သို႔ေသာ္ သူ႕အသက္ (၁၀)ႏွစ္အ႐ြယ္တြင္ သူ၏ ေျခေထာက္ႏွစ္ဖက္စလုံးက ႐ုတ္တရတ္အေၾကာေသသြားကာ လုံးဝ လႈပ္ရွားလို႔မရျဖစ္သြားသည့္အခ်ိန္မွာေတာ့ ေဆးဆရာမ်ားႏွင့္ ျပသစမ္းသပ္​ေစၿပီးေနာက္ ​ျပႆနာကို ရွာေဖြေတြ႕ရွိခဲ့ၾကသည္။

သူ၏ ခ်ီစြမ္းအင္ေသြးေၾကာမ်ားမွာ အားနည္းခ်ိနဲ႕ေန႐ုံသာမက ၄င္းခ်ီစြမ္းအင္ေသြးေၾကာမ်ားထဲမွာတစ္ခုသည္ တစ္ႏွစ္ၾကာတိုင္း တစ္ခုက်စီ ပိတ္ဆို႔လာၾကသည္။

အစပိုင္းတြင္ သူ႕၌ အရံခ်ီစြမ္းအင္ေၾကာ (၈)ခု* သာ ပိတ္ဆို႔ျခင္းျဖစ္သျဖင့္ ေရာဂါလကၡဏာက မသိသာခဲ့ေပ။ ထို႔အျပင္ ၄င္းတို႔မွာ အရံခ်ီစြမ္းအင္ေသြးေၾကာမ်ားျဖစ္သည့္အတြက္ ခႏၶာကိုယ္ႀကီးက လည္ပတ္ေနနိုင္ေသးတာေၾကာင့္ သူ၏ေန႕စဥ္ဘဝလႈပ္ရွားမႈမ်ားကို မ်ားစြာသက္ေရာက္မႈမရွိခဲ့ေပ။ သို႔ေသာ္ သူ႕ခႏၶာကိုယ္ရွိ အေျခခံခ်ီစြမ္းအင္ပင္မေသြးေၾကာႀကီး (၁၂)ခု* ထဲမွ (၂)ခု ပိတ္ဆို႔သြားခ်ိန္မွာေတာ့ ေရာဂါလကၡဏာႏွင့္ ေဝဒနာမ်ားက သူ႕အလိုလိုေပၚေပါက္လာကာ ေျခေထာက္ႏွစ္ဖက္စလုံးအေၾကာေသသြားရၿပီး သူ႕ကို အိမ္ရာထဲလွဲေနရလုနီးပါးျဖစ္ေစခဲ့သည္။

သိုင္းပညာက်င့္ႀကံရာတြင္ ခ်ီစြမ္းအင္ေသြးေၾကာမ်ားသည္ ေကာင္းကင္ႏွင့္ ေျမႀကီးမွ စုပ္ယူရရွိေသာ ခ်ီစြမ္းအင္မ်ားကို ခႏၶာကိုယ္အတြင္း လက္ခံစီးဆင္းရသည့္အျပင္ ေနာက္ထပ္အေရးႀကီးေသာ အခန္းက႑တစ္ခုကိုလည္း လုပ္ေဆာင္ေပးေသးသည္။ ၄င္းသည္ကား ခ်ီစြမ္းအင္ေသြးေၾကာမ်ားသည္  ခ်ီစြမ္းအင္အျပင္ ေသြးကိုပါ လည္ပတ္ေစနိုင္ၿပီး လူသားတို႔၏ အသက္ဓာတ္ကို အားအင္ျဖည့္တင္းေပးျခင္းျဖစ္ေလသည္။ တကယ္လို႔ ထိုခ်ီစြမ္းအင္ေသြးေၾကာမ်ားအားလုံးပိတ္ဆို႔သြားမည္ဆိုပါက ေနာက္ဆုံးရလဒ္မွာ စိတ္ကူးၾကည့္၍ပင္သိနိုင္သည္။

ထို႔အျပင္ ကုန္းရိထ်န္းဟန္သည္ ယခုႏွစ္တြင္ အသက္ (၁၈)ႏွစ္တင္းတင္းျပည့္ၿပီျဖစ္သည္။

သူ႕တြင္ မပိတ္ဆို႔ေသးေသာ ခ်ီစြမ္းအင္ေသြးေၾကာမႀကီး (၂)ခု သာက်န္​​​ေတာ့သည္။ သို႔ေသာ္ သူ အသက္(၂၀)ျပည့္သည့္အခ်ိန္တြင္ သူ႕ခႏၶာကိုယ္ရွ္ ခ်ီစြမ္းအင္ႏွင့္ ေသြးမ်ားလည္ပတ္​ေနျခင္းက လုံးဝ ရပ္တန့္သြားေတာ့မည္ျဖစ္သည္။ ထို႔ေနာက္ သူ႕ဘဝသက္တမ္းမွာလည္း အဆုံးသတ္သြားမည္ျဖစ္သည္။

ကုက်ိဳးမွာ ဒီအထိနားေထာင္ၿပီးသြားေတာ့ သူ႕မ်က္ႏွာက အ႐ုပ္ႀကိဳးျပတ္ျဖစ္သြားသည္။

ဒီေတာ့အဓိပၸါယ္က သူက ဒီတစ္လလုံး အသက္ရွင္ဖို႔ ႀကိဳးစားပမ္းစားလုပ္ရဦးမယ့္အျပင္ သူ႕ရဲ႕ေထာက္ပံ့သူက ေနာက္ထပ္ႏွစ္ႏွစ္ပဲ အသက္ရွင္ေတာ့မွာေပါ့! ၿပီးေတာ့ သူက အသက္ရွင္နိုင္တယ္ပဲထား သူ႕ရဲ႕ေထာက္ပံ့သူသာ ေသသြားခဲ့ရင္ ေနာက္ထပ္ေထာက္ပ့ံသူတစ္ေယာက္ကို သူ ထပ္ၿပီးရွာရဦးမွာေပါ့။ ဒါက လုံးဝမတရားတာပဲ!

မည္သို႔ပင္ဆိုေစ ကုက်ိဳးက​ေတာ့ စိတ္ဓာတ္က်မိသည္။ သို႔ေသာ္ သူက ကုန္းရိထ်န္းဟန္၏ မ်က္ဝန္းမ်ားကို ၾကည့္လိုက္မိသည့္အခါ ထိုလူ၏အၾကည့္မ်ားက နတ္ဘုရားတစ္ပါးႏွင့္ပင္ တူေနေတာ့သည္။

လက္ရွိမွာ သူ႕၏ေထာက္ပံ့သူသည္ သြားလာလႈပ္ရွားလာေနနိုင္သည္။ သူက ေဆးဝါးေတြ ဘယ္ေလာက္မ်ားမ်ားေသာက္သုံးခ​ဲ့ၿပီး ျဖည္းျဖည္းခ်င္း အားအင္ေမြးျမဴခဲ့ရသနည္း? သူကိုယ္တိုင္လည္း မည္မွ် ႀကိဳးစားအားထုတ္ခဲ့၍ ယခုကဲ့သို႔ သာမာန္လူတစ္ေယာက္လို သြားလာေနနိုင္သနည္း? ၄င္းက ဘယ္သူမွမသိနိုင္ေသာအရာျဖစ္သည္။

တကယ္ေတာ့ လက္ရွိအခ်ိန္တြင္ ကုန္းရိထ်န္းဟန္မွာ လႈပ္ရွားမႈျပဳလိုက္တိုင္း အလြန္နာက်င္မႈေဝဒနာကို ခံစားေနရသည္။

--- သူက အမွန္တကယ္ ခံနိုင္ရည္ရွိသူပင္။

ထို႔ေၾကာင့္ မၾကာမီမွာပဲ ကုက်ိဳး၏စိတ္က ရဲစြမ္းသတၱိႏွင့္ ယုံၾကည့္မႈတို႔ ေပါက္ဖြားလာေတာ့၏။

ေတြးၾကည့္ရင္ သူ႕ရဲ႕ေထာက္ပံ့သူေတာင္ ဒီခ်ိန္အထိ အခက္အခဲေတြကို ႀကံႀကံခံေနလာနိုင္ေသးတာ သူကဘာလို႔ ဒီအခ်ိန္ေတာင္ေရာက္လာမွ ေနာက္ဆုတ္သြားရမွာလဲ? ဒီလိုေထာက္ပံ့သူမ်ိဳးကို ေပ်ာက္ကင္းေအာင္ ကုသေပးသင့္တာေပါ့။ ၿပီးရင္ ေနာက္က် သူ႕ေပါင္ကိုဖက္ၿပီး သူ႕ရဲ႕ဩဇာလႊမ္းမိုးမႈေအာက္မွာ ခိုလႈံေနလိုက္ရင္ ၿပီးၿပီေလ။

ထို႔ေၾကာင့္ လက္ရွိအခ်ိန္သည္ သူ႕၏ က်မ္းစာသုံးအုပ္ကိုထုတ္ကာ ကုန္းရိထ်န္းဟန္၏ ေရာဂါလကၡဏာမ်ားႏွင့္ ကိုက္ညီသည့္ ကုသနည္းမ်ားကို စာမ်က္ႏွာတစ္ခုခ်င္း အေလးအနက္ထားကာရွာေဖြရမည့္ အခ်ိန္ျဖစ္သည္။ သူ႕ေထာက္ပံ့သူ၏ ေရာဂါအေျခအေနႏွင့္ကိုက္ညီသည့္ ဘယ္အေၾကာင္းအရာကိုမဆို ေသခ်ာစြာ ရွာေဖြ ၾကည့္သင့္သည္။ ၿပီးေတာ့ က်မ္းစာအေနာက္မွာပါတဲ့ ကုသရခက္ခဲသည့္ေရာဂါမ်ားဆိုတဲ့ေနရာမွာေရာ ကုသနည္းတစ္ခုခုမ်ား ရွိေနမလား.......

ကုက်ိဳးက အေျခအေနကို နားလည္သေဘာေပါက္ၿပီးေနာက္ ဘာမွဖုံးကြယ္မထားေတာ့ဘဲ သူ႕၏ လက္ဖဝါးထဲသို႔ က်မ္းစာအုပ္သုံးအုပ္ကို တိုက္ရိုက္ ဆင့္ေခၚလိုက္သည္။ ၄င္းတို႔အနက္ သူက <<လူသားအဆင့္ဓာတ္စာခ်က္ျပဳတ္နည္းအၫႊန္းမ်ား>> ႏွင့္ <<လူသားအဆင့္ေဆးအႏွစ္ရည္ေဖာ္စပ္ပုံအၫႊန္းမ်ား>> က်မ္းစာႏွစ္အုပ္ကို ယူထားလိုက္ၿပီး  <<လူသားအဆင့္ေဆးလုံးမ်ား>> စာအုပ္ကိုေတာ့ ေရွ႕သို႔ ကမ္းေပးလိုက္ကာေျပာလိုက္သည္။

"ထ်န္းဟန္သခင္ေလးလည္း ၾကည့္ၾကည့္ပါ။ ဒီက်မ္းစာအေနာက္မွာ ေရာဂါေဝဒနာနဲ႕ ကုသပုံေတြအမ်ားႀကီးပါတယ္။ ကြၽန္ေတာ္တို႔ ဒီက်မ္းစာေတြထဲမွာ ေရာဂါနဲ႕ကိုက္ညီတာ တစ္ခုခုရွိမလားဆိုတာ အတူတူရွာၾကရေအာင္"

သူက ေျပာလိုက္ၿပီးေနာက္ လက္ထဲက <<လူသားအဆင့္ဓာတ္စာခ်က္ျပဳတ္နည္းအၫႊန္းမ်ား>> စာအုပ္ကိုယူကာ စာအုပ္၏အေနာက္ဘက္မွ စတင္ရွာေဖြေတာ့သည္။

ထိုက်မ္းစာသုံးအုပ္ ေလထဲမွ ဘြားခနဲထြက္လာတာ ျမင္လိုက္ရသည့္အခါ ကုန္းရိထ်န္းဟန္၏ မ်က္ဝန္းမွသူငယ္အိမ္မ်ား  ႐ုတ္တရတ္က်ဳံသြားေတာ့၏။

ေလဟာနယ္သိုေလွာင္႐ုံလား?

ဒီပစၥည္းသည္ တကယ့္အဖိုးတန္ရွားပါးပစၥည္းျဖစ္သည္။ ခ်န္းယြင္အင္ပါယာ၏ ေတာ္ဝင္မ်ိဳးေတြဆီမွာေတာင္ ဒီလိုပစၥည္းမ်ိဳးက စုစုေပါင္း (၃)ခုပဲရွိတာျဖစ္သည္။ သူတို႔မ်ိဳးႏြယ္စုအိမ္ေတာ္ႀကီး (၅)ခုမွာေတာင္ အိမ္ေတာ္တစ္ခုတြင္ ဒီလိုပစၥည္းမ်ိဳးတစ္ခုသာရွိၿပီး အိမ္ေတာ္သခင္ႀကီးအဆက္ဆက္ လက္ဆင့္ကမ္းထိန္းသိမ္းရသည့္ပစၥည္းျဖစ္သည္။

ဒီလိုပစၥည္းမ်ိဳးက ဒီေကာင္ေလးလက္ထဲမွာရွိေနလိမ့္မယ္လို႔ မထင္ထားဘူး။

သို႔ေသာ္ ထိုအေတြးက ခ်က္ခ်င္းပင္ လြင့္စင္ေပ်ာက္ကြယ္သြားကာ ကုန္းရိထ်န္းဟန္၏ အာ႐ုံမ်ားက လက္ထဲရွိ ေရွးေဟာင္းက်မ္းစာေပၚတြင္ အာ႐ုံစူးစိုက္လိုက္သည္။

ဒါက ေသခ်ာေပါက္ ကုက်ိဳး ႀကဳံေတြ႕ခဲ့ရတဲ့ ထူးဆန္းတဲ့မေတာ္တဆမႈက ရလာတာျဖစ္ရမယ္။ ၿပီးေတာ့ ဒါက သူ ဒီအထိလာၿပီး သူ႕ကိုေထာက္ပ့ံသူအျဖစ္ လာရွာရဲတဲ့အေၾကာင္းရင္းပဲ..... သူ႕အတြက္ တကယ္လိုအပ္တဲ့အရာက ဒီအထဲမွာရွိေနပါေစလို႔ ေမွ်ာ္လင့္ရမွာပဲ။

ကုန္းရိထ်န္းဟန္သည္ ထိုေရွးေဟာင္းက်မ္းစာအုပ္ကို ျမန္ျမန္ဖြင့္ဖတ္လိုက္၏။

သူ႕၏ ရွည္လ်ားသြယ္လ်ေသာ လက္ေခ်ာင္းမ်ားက ထိုက်မ္းစာအုပ္၏ စာမ်က္ႏွာတိုင္းကို တစ္႐ြက္ခ်င္း၊ တစ္ေၾကာင္းခ်င္းစီ လွပတင့္တယ္စြာ လွန္ေလ်ာကာ ေသခ်ာဖတ္ရႈေနသည္။

ထို႔အျပင္ သူသည္ ဖတ္ရႈခဲ့သည့္ စာလုံးတိုင္းအေၾကာင္းအရာတိုင္းကို စိတ္ထဲတြင္ ေသခ်ာစြဲၿမဲေအာင္ မွတ္သားေနသည္။

ကုန္းရိထ်န္းဟန္၏ အလင္းကဲ့သို႔ လ်န္ျမန္သည့္စာဖတ္ႏႈန္းႏွင့္ ယွဥ္လိုက္လွ်င္ ထိုစာအုပ္မ်ားကို တစ္ခါဖတ္ဖူးၿပီးသား ကုက်ိဳးမွာ တစ္မ်ိဳးတစ္ဖုံ ေႏွးေကြးေန​ေပသည္။

ဤကိစၥသည္ သူ၏ကံၾကမၼာႏွင့္ သူ႕၏ေထာက္ပံ့သူအသက္ႏွင့္ပါ သက္ဆိုင္ေနသည္ျဖစ္ရာ မည္သည့္ တစ္စုံတစ္ရာကိုမွ သူမွာ လ်စ္လ်ဴမရႈဝံ့ေပ။ သူက အလြန္ေစ့စပ္ေသခ်ာစြာ ရွာေဖြဖတ္ရႈကာ ခ်ီစြမ္းအင္ေသြးေၾကာႏွင့္ဆိုင္သည့္အေၾကာင္းအရာမွန္သမွ်ကို လိုက္လံေ႐ြးထုတ္လိုက္သည္။

ထို႔​ျပင္ သူသည္ ဖတ္ရႈေနစဥ္ တစ္ခ်ိန္တည္းမွာ လက္ထဲတြင္ စာ႐ြက္တစ္႐ြက္ႏွင့္ စုတ္တံကိုင္ထားၿပီး အေၾကာင္းအရာတစ္ခုခ်င္းစီကို အာ႐ုံပ်ံ့လြင့္ျခင္းမရွိ ဂ႐ုတစိုက္ ေရးသားမွတ္သားေနသည္။

ကုန္းရိထ်န္းဟန္က က်မ္းစာအုပ္ကို အျမန္ဖတ္ရႈၿပီးသည္ႏွင့္ မ်က္လုံးမ်ားကို မွိတ္လိုက္ကာ က်မ္းစာအုပ္ထဲမွ အခ်က္အလက္မ်ားကို စိတ္ထဲတြင္ ျပန္လည္ျမင္ေယာင္ၾကည့္လိုက္သည္။

ဒီက်မ္းစာအုပ္သည္ အမွန္တကယ္ သာမာန္ထက္ထူးျခားေပသည္။ ေျပာရလွ်င္ ဤ <<လူသားအဆင့္ေဆးလုံးမ်ား>> က်မ္းစာအုပ္ထဲတြင္ ေျမာက္မ်ားစြာေသာ ေဆးလုံးေဖာ္စပ္ပုံအၫႊန္းမ်ားကို ေရးသားထားသည္။ -- သိုင္းပညာက်င့္ႀကံသူမ်ား၏ မတူညီေသာစြမ္းအင္အဆင့္မ်ားေပၚမူတည္၍ ဟို႔ထ်န္းအဆင့္သိုင္းပညာက်င့္ႀကံသူမ်ားအတြက္ ေဆးလုံးအမ်ိဳးေပါင္း (၁၃၂၀၀)မ်ိဳး၊ ရွန္းထ်န္းအဆင့္သိုင္းပညာက်င့္ႀကံသူမ်ားအတြက္ (၁၀၈၃၁)မ်ိဳးႏွင့္ ထို႔ဖန္(မေသမ်ိဳး)အဆင့္သိုင္းပညာက်င့္ႀကံသူမ်ားအတြက္ (၈၆၉၁)မ်ိဳးပါဝင္သည္။

က်မ္းစာအုပ္ထဲတြင္ သက္ဆိုင္ရာ တစ္ဆင့္ခ်င္းစီအတြက္ ေဆးလုံးအမ်ိဳးေပါင္း ေထာင္ေက်ာ္သာပါရွိေသာ္လည္း သူသိသမွ်ေျပာရလွ်င္ လက္ရွိခ်န္းယြင္အင္ပါယာတစ္ခုလုံးရွိ ေဆးဆရာမ်ားအားလုံးေပါင္းလိုက္ရင္ေတာင္ ေဆးလုံးေဖာ္စပ္ပုံအၫႊန္း (၅၀၀)ေက်ာ္မွ်သာ သိရွိၾကမည္ျဖစ္သည္။ -- ဒါအျပင္ ထို(၅၀၀)ေက်ာ္က သိုင္းပညာအဆင့္အားလုံးေပါင္းအတြက္သာျဖစ္ၿပီး သိုင္းပညာတစ္ဆင့္ခ်င္းစီအတြက္မျဖစ္နိုင္ေပ။

ဒီ<<လူသားအဆင့္ေဆးလုံးမ်ား>> က်မ္းစာအုပ္ထဲရွိ ေဆးအၫႊန္းမ်ားသည္ မည္သည့္ေဆးဆရာမဆို သူ႕ဘဝတစ္ခုလုံးကုန္ဆုံးသြားလွ်င္ေတာင္ က်မ္းစာထဲရွိ ေဆးအၫႊန္းမ်ားကို ကုန္ေအာင္ေဖာ္စပ္နိုင္လိမ့္မည္မဟုတ္ေပ။ က်မ္းစာအုပ္၏ အေနာက္တြင္ မွတ္သားထားေသာ ကုသရန္ခက္ခဲ့သည့္ ေရာဂါမ်ားအေၾကာင္းကလည္း သူ႕ကို ပို၍ပင္ အံ့အားသင့္မွင္သက္ေစသည္။ မ​​ေရမတြက္နိုင္သည့္ ေရွ႕ေဟာင္းစာအုပ္မ်ားစြာကို ဖတ္ရႈဖူးခဲ့သည့္ သူကိုယ္တိုင္ပင္ ဤက်မ္းစာမွတ္တမ္းကို ဖတ္ရႈၿပီးသည့္အခါ မိမိကိုယ္ကို အသိပညာနည္း​ေနေသးသည့္ဟု ခံစားမိေလသည္။

ကုန္းရိထ်န္းဟန္၏ စိတ္ထဲတြင္ ႐ုတ္တရတ္ အနည္းငယ္ ဂနာမၿငိမ္ျဖစ္လာေသာ့ေၾကာင့္ စိတ္ကို အတင္းခ်ိဳးႏွိမ္ကာ ထိန္းခ်ဳပ္လိုက္သည္။

တကယ္လို႔ ---

တကယ္လို႔ သူသာ သိုင္းပညာက်င့္ႀကံနိုင္လွ်င္---

သူသည္ တစ္ေလာကလုံးအႏွံ လွည့္လည္ခရီးသြားလာနိုင္မည္ျဖစ္ၿပီး ယခုကဲ့သို႔ ခ်န္းယြင္အင္ပါယာဆိုေသာ ေလွာင္အိမ္ႀကီးထဲတြင္ ပိတ္မိေနေတာ့မည္ မဟုတ္ေပ!

((T/N))

အရံခ်ီစြမ္းအင္ေၾကာ(၈)ခု - ေမြးဖြားသန့္စင္ကတည္းက စတင္ျဖစ္ေပၚေပါက္လာၿပီး ေမြးခင္းစအ႐ြယ္တြင္ အသက္ဓာတ္ႏွင့္ ခ်ီစြမ္းအင္သိုမွီးရာအျဖစ္ လုပ္ေဆာင္ၿပီး ထိုမွတဆင့္ အေျခခံခ်ီစြမ္းအင္ ပင္မေသြးေၾကာႀကီး (၁၂)ခု ကို ျဖစ္ေပၚေစသည္။

အေျခခံခ်ီစြမ္းအင္ပင္မေသြးေၾကာႀကီး (၁၂)ခု - ခႏၶာကိုယ္အတြင္း အင္အားႀကီးမားေသာ ခ်ီစြမ္းအင္မ်ားကို လည္ပတ္နိုင္ေစရန္လုပ္ေဆာင္ေပးသည့္ပင္မေသြးေၾကာမႀကီးမ်ားျဖစ္သည္။
[ကုန္းရိထ်န္းဟန္အေနႏွင့္ ဆိုရလွ်င္ သူ၏ ခ်ီစြမ္းအင္ေသြးေၾကာမ်ားသည္ ေမြးရာပါ အားနည္းၿပီး သူ႕အသက္တစ္ႏွစ္ႀကီးလာသည့္ႏွင့္အမွ် ေသြးေၾကာတစ္ေခ်ာင္းစီ ပိတ္ဆို႔လာျခင္းျဖစ္သည္။ ဦးစြာ အရံခ်ီစြမ္းအင္ေသြးေၾကာ (၈)ခုမွာ အသက္(၈)ႏွစ္ေရာက္သည္အထိ တစ္ႏွစ္လွ်င္တစ္ေခ်ာင္းက်စီ ပိတ္ဆို႔လာသည္။ ထို႔ေနာက္တြင္ အသက္ (၉)ႏွစ္မွစကာ အေျခခံခ်ီစြမ္းအင္ပင္မေသြးေၾကာႀကီးမ်ား စတင္ပိတ္ဆို႔လာသည္။ ပိတ္ဆို႔မႈမွာ ေျခေထာက္မွစတင္လာပုံရၿပီး အသက္ (၁၀)ႏွစ္တြင္ ေျခေထာက္ႏွစ္ေခ်ာင္းစလုံးရွိ ပင္မခ်ီစြမ္းအင္ေၾကာမ်ား ပိတ္ဆို႔သြားသျဖင့္ လမ္းမေလွ်ာက္နိုင္ေတာ့ဘဲ အေၾကာ​ေသသြားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အသက္ (၁၈)ႏွစ္အ႐ြယ္တြင္ ပင္မခ်ီစြမ္းအင္ေသြးေၾကာ(၂)ေခ်ာင္းသာ အေကာင္းအတိုင္းက်န္ရွိၿပီး အသက္(၂၀)ေရာက္သည့္အခါ ပင္မခ်ီစြမ္းအင္ေၾကာမ်ားအားလုံးပိတ္ဆို႔သြားမည္ျဖစ္ၿပီး သူလည္း ေသဆုံးသြားမည္ျဖစ္သည္]
___________________________________

အခ်စ္ဆုံးတို႔ေရ......

ဒီအပိုင္းကေတာ့ ေရာဂါကုသနည္းရွာၾကတာပါ။ လိုခ်င္တာ ရွာေတြ႕မေတြ႕ကေတာ့ ေနာင္အပိုင္းေတြမွာ ျပန္ေတြ႕ၾကမယ္ေနာ္.... အားလုံးပဲ အႏၲရာယ္ကင္းေဘးရွင္းၾကပါေစလို႔ ဆုေတာင္းရင္း.....

With love ❤
Taiga 😘

((Unicode))

အပိုင်း (၈)
ရောဂါ

💊💊💊
အစေခံမလေးများမှာ ကြိုတင်မှာကြားခြင်းခံထားရပုံ​ေပါ်သည်။ သူတို့က အပြင်မှာစောင့်နေကာ ကုကျိုးကို ချက်ချင်း လမ်းပြပေးကြသည်။ သူတို့က အလွန်ရှေးဆန်သော အခန်းတစ်ခုရှေ့ရောက်သောအခါ သူ့ကို တစ်ယောက်တည်း အထဲသို့ဝင်စေသည်။

ကုကျိုး အခန်းထဲသို့ဝင်လိုက်သည်နှင့်  အခန်းတွင်းရှိ ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများက သေချာကြည့်စရာတောင်မလိုဘဲ အခန်းကြီးနှင့် အလွန်လိုက်ဖက်သင့်တော်မှန်းသိသာလှသည်။ အခန်း၏ ခမ်းနားတင့်တယ်ပြီး ယဥ်ကျေးသိမ်မွေ့သည့်လေထုကလည်း နည်းနည်းမှမလျော့ပေ....ဒီနေရာက ချီအိမ်တော်နဲ့ ယှဥ်ကြည့်လျှင် ချီအိမ်တော်မှာ အခုမှချမ်းသာဖူးသဖြင့် ဟန်တစ်လုံးပန်တစ်လုံး ကြွားဝါနေသကဲ့သို့သာရှိတော့၏။

ကုန်းရိထျန်းဟန်သည် အိမ်နေရင်းဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စာလိပ်စာလွှာများဖြင့်ပြည့်နေသည့် စာကြည့်စားပွဲနောက်​တွင်ထိုင်နေသည်။ သူက ဘာမှန်းမသိနိုင်သော စာလိပ်များကို ဖတ်ရှုနေ၏။ သူ၏နံဘေးတွင် တည်တည်ကြည်ကြည်နှင့် တိတ်ဆိတ်စွာရပ်နေသည့် လူတစ်ယောက်ရှိသည်။ သူ့အမူအရာက အလွန်ယဥ်ကျေးလေးစားပံုရကာ နဖူးတွင် "သစ္စာရှိသော အမဲလိုက်ခွေး" ဟုစာမကပ်ထားရုံတစ်မယ်သာဖြစ်သည်။

ကုကျိုး အခန်းထဲဝင်လာတော့ ကုန်းရိထျန်းဟန်က လက်ထဲက စုတ်တံကိုချကာ ခေါင်းမော့ပြုံးပြလာသည်။ ထို့နောက်သူက အလွန်ညင်သာသည့်အသံဖြင့်...

"အားကျိုး, နိုးပြီလား? လာထိုင်ပါဦး"

အရမ်းကိုတောက်ပလွန်းတ​ဲ့မျက်နှာပါလားနော်...... သူ့ကို ပ့ံပိုးပေးမယ့် လမင်းကြီးမရှိတာတောင် သူ့ရဲ့ ချောမောခန့်ညားမှုကတော့ အံ့မခန်းပါပဲလား..

ကုကျိုးက ကုန်းရိထျန်းဟန်၏ ချောမောလှသည့်မျက်နှာကို ဆက်မကြည့်ဝ့ံတော့ဘဲ သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ပြောလိုက်သည်။

"ကုန်းရိသခင်လေး"

ကုန်းရိထျန်းဟန်က ရယ်မောလိုက်ကာ...

"ကိုယ်တောင်မင်းကို အားကျိုး လို့ခေါ်နေပြီပဲ။ မင်းလည်း ကိုယ့်ကို နာမည်အတိုင်းတိုက်ရိုက်ခေါ်ရင် ဘယ်နှယ့်လဲ?"

ကုကျိုးက စဥ်းစားလိုက်သည်။ သူ့ကို ကူညီထောက်ပ့ံပေးမည့်လူအပေါ် ထောက်ပံ့သူကို ထောက်ပ့ံသူမှန်း စိတ်ထဲကအ​ြမ​ဲ သတိရှိနေဖို့လိုအပ်သည်ဟု သူခံစားရသည်။ သူအနေဖြင့် တစ်ဖက်သား၏ ယဥ်ကျေးပျူငှာမှုအပေါ် သတိလက်လွတ်ဆက်ဆံ၍ မဖြစ်ပေ။ ရလဒ်ကတော့ ကုကျိုးသည် နာမည်အခေါ်အဝေါ်ကို ချက်ချင်းပြောင်းလ​ဲလိုက်၏။

"ထျန်းဟန်သခင်လေး"

ကုန်းရိထျန်းဟန်ကလည်း သူ့ကိုအတင်းမတိုက်တွန်းတော့ဘဲ ပျော့ပျောင်းစွာ မေးလိုက်သည်။

"မင်းပြောထားတဲ့ ကိုယ့်ရောဂါကို ကုသ​ပေးနိုင်တယ်ဆိုတာ တကယ်ပဲလား?"

ကုကျိုးက အစကတော့ System အကြောင်းကို အရင်ဖွင့်ပြောချင်သော်လည်း သူ့၏ထောက်ပံ့သူကြည့်ရတာ မိမိ၏ရောဂါအခြေအနေကိုသာ ပိုစိတ်ဝင်စားနေသည်။....ဒါ သဘာဝကျပါတယ်လေ။ ဒါပေမယ့် သူ ကုသပေးနိုင်မပေးနိုင်ဆိုတာကတော့ ပြောလို့သိပ်မကောင်းလှဘူး။

ကုကျိုးက သူ့အကြည့်တွေကို သူတို့ဘေးက တိတ်ဆိတ်စွာစောင့်ဆိုင်းနေသည့် ထိုလူအပေါ်သို့ရွေ့လိုက်၏။

ကုန်းရိထျန်းဟန်က တစ်ချက်ရယ်လိုက်ကာ :

"ဒီလူက ကိုယ့်ရဲ့လက်အောက်က ထျန်းလုံ*အစောင့်တပ်ရဲ့ ခေါင်းဆောင်ပါ။ သူ့ကို ယုံကြည်စိတ်ချလို့ရပါတယ်"

(T/N- ထျန်းလုံတပ်ဖွဲ့: ကောင်းကင်နဂါးအစောင့်တပ်ဖွဲ့)

ကုကျိုးက နှစ်ချက်လောက် ခြောက်ကပ်ကပ်ရယ်မောလိုက်ပေမယ့် သူ့မျက်လုံးများကတော့ ပြတ်သားနေသည်။

ဒီကိ္စ္စမှာ ယုံကြည်လား မယုံကြည်ဘူးလားဆိုတာက ပြဿနာမဟုတ်၊ သူ့အသက် လုံခြုံမှုရှိမရှိကသာ ပြဿနာဖြစ်သည်။

သူ၏ထောက်ပ့ံသူသည် ဥာဏ်အမျှော်အမြင်ကြီးမားသူဖြစ်သည်။ သို့သော် သူ့မှာရှိသောပစ္စည်းက ဘယ်လောက်ထူးဆန်းထိတ်လန့်ဖွယ်ကောင်းမှန်း သူ့ထောက်ပံ့သူက မသိရသေးပေ။  ထို့ကြောင့် သူ၏ထောက်ပံ့သူကို ထိုအကြောင်းနှင့်ပတ်သတ်ပြီး အရင်ဆုံး လုံလောက်အောင် ရှင်းပြပြီးမှ စဥ်းစားဆုံးဖြတ်ခိုင်းတာ ပိုကောင်းလိမ့်မည်။

ကုန်းရိထျန်းဟန်က ရှင်းရှင်းလင်းလင်းသဘောပေါက်သွားကာ အမိန့်ပေးလိုက်သည်။

"လုံရိ*, မင်းအပြင်ထွက်လိုက်၊ ပြီးတော့ နားပိတ်ထား"

(T/N- လုံရိ : နဂါးနံပါတ်(၁), အဖွဲ့ဝင်တွေရဲ့ နာမည်ကို ရာထူးနံပါတ်စဥ်အလိုက်ခေါ်တာပါ)

ထိုလူက ကုကျိုးကို ခက်ထန်တင်းမာစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့သခင်လေးက ဒီမလောက်လေးမလောက်စား ကောင်ငယ်လေးလောက်ကို ကိုင်တွယ်နိုင်မှာသေချာသည်ဟုတွေးကာ အခန်းထဲမှာ ချက်ချင်းထွက်သွားတော့သည်။ သူက အခန်းတံခါးကိုပင် သေသေချာချာ ပိတ်ပေးခဲ့လေသည်။

ကုန်းရိထျန်းဟန်က ကုကျိုးကို နောက်တစ်ခါ ကြည့်လိုက်ပြီးနောက်...

"မင်းစိတ်ချပါ။ ဒီအခန်းက အထူးစီမံထားတာ။ အခန်းတံခါးကိုပိတ်လိုက်တာနဲ့ အထဲမှာပြောသမျှ အပြင်ကလုံးဝမကြားနိုင်ဘူး။ လုံရိရဲ့ အမြင်န​ဲ့အကြားအာရုံက သာမာန်ထက်သာလွန်တယ်ဆိုပေမယ့် အခုတံခါးလည်းပိတ်ထားပြီ။ ပြီးတော့ ကိုယ် သူ့ကို အမိန့်ပေးထားတာဆိုတော့ ဒီနေရာက​ေန ဆယ်ပေအကွာအထိ သူလာမှာမဟုတ်ဘူး။ အဲ့တော့ သူက မင်းနဲ့ ကိုယ်ပြောတဲ့စကားတွေကို သေချာပေါက် ကြားရမှာမဟုတ်ဘူး။"

ကုကျိုး စိတ်သက်သာရာရသွားသည်။ ဒါပေမယ့် ဒီလူရဲ့ ရောဂါအကြောင်းစဥ်းစားမိတော့ သူအနည်းငယ် ထိတ်လန့်မိသည်။ သူက မဝံ့မရဲဖြင့် ပြောလိုက်၏။

"ကျွန်တော် ခင်ဗျားကို အရင်သွေးကြောစမ်းကြည့်လို့ရမလား?"

ကုန်းရိထျန်းဟန်က သူ့၏ဝတ်ရုံလက်နားကို အပေါ်သို့ မ,တင်လိုက်ကာ သူ၏ ဖြူဖွေးဖျော့တော့နေသည့် လက်မောင်းကို စားပွဲပေါ်သို့တင်လိုက်သည်။

ကုကျိုးကလည်း မဆိုင်းမတွပင် သူ့လက်ချောင်းများကို တင်ကာ စမ်းသပ်ကြည့်လိုက်သည်။

သူသည် တစ်ခါမှ ရောဂါမကုသပေးဖူးသော်လည်း သူများကို ဘယ်လိုသွေးကြောစမ်းပေးရမလဲဆိုတာတော့ သင်ယူဖူးကာ တစ်ချို့သော သွေးကြောအခြေအနေများကို ရှင်းရှင်းလင်းလင်းသိရှိသ​ေဘာပေါက်နိုင်လေသည်။....

စမ်းသပ်ကြည့်ပြီးနောက် ကုကျိုး အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားသည်။

ဒီသွေးကြောက....သွေးခုန်နှုန်းမရှိဘူးပဲ။

ဒါပေမယ့် သွေးခုန်နှုန်းမရှိရင် သေလူဖြစ်နေရမှာမဟုတ်လား?

သူက ဇွန်ဘီကြီးတော့မဟုတ်ပါဘူးနော်!

ကုကျိုးက ကုန်းရိထျန်းဟန်ကို သေသေချာချာကြည့်လိုက်သည်။ သူ့မှာ ချောမောပြီး ဖြူဖျော့နေတာကလွဲရင် တခြားပုံမှန်မဟုတ်တာ ဘာရှိသေးလို့လဲ? ဒီလိုမျိုးသွေးခုန်းနှုန်းအရဆို သူ့ခန္ဓာကိုယ်မှာ ရောဂါလက္ခဏာတွေအများကြီး ရှိနေရမှာ

အခုတော့ ဘာလက္ခဏာမှ မတွေ့ရပါလား။ ဒါက ဘယ်လိုဖြစ်ရတာလဲ?

ဒီသွေးကြောက တကယ်ကို ရှင်းမပြနိုင်လောက်အောင် သေလူတစ်ယောက်ရဲ့ သွေးကြောပဲ

ထို့ကြောင့် ကုကျိုးက ချက်ချင်း ပါးစပ်ဟကာမေးလိုက်တော့၏။

"ထျန်းဟန်သခင်လေး, ကျွန်တော်ကို အရင်ဆေးဆရာတွေပြောခဲ့တဲ့ တွေ့ရှိချက်တွေကို ပြောပြလို့ရမလား။ ပြီးတော့ ဒီနှစ်တွေမှာ ဘယ်လိုမသက်မသာဝေဒနာမျိုး ခံစားခဲ့ရလဲ? ပြီးတော့ ကျန်းမာရေးအခြေအနေကကော ဘယ်လိုရှိပါသလဲ?"

ဘာရောဂါလက္ခဏာတွေရှိသလဲဆိုတာ သူသေချာမသိရင် အချက်အလက်တွေကို သူဘယ်လိုရှာကြည့်လို့ရမှာလဲ!

ကုန်းရိထျန်းဟန်ကလည်း သူတောင်းဆိုချက်များကို အသာတကြည် လိုက်လျောကာ ပြောပြလေသည်။

သူ့ကြည့်ရတာ ဒီနှစ်တွေအတွင်း သူ၏ရောဂါအကြောင်းကို ဘယ်နှခေါက်လောက်တောင် ပြောခဲ့ရသည်မသိ အခုပြန်ပြောပြနေသည့်အချိန်တွင် သူသည် အလွန်တိကျကာ အသေးစိတ်ပြောပြနိုင်​ေပသည်။

ပြောရလျှင် ဒီရောဂါက အလွန်ထူးဆန်းလှသည်။ သူသည် မွေးဖွားလာသည့်အချိန်တွင် သာမာန်ကလေးတစ်ယောက်ကဲ့သို့ အကောင်းအတိုင်းရှိခဲ့သည်။ သူ့မှာ အလွန်ဥာဏ်ပညာကြီးမားသည်ကလွဲလျှင် တခြားဘာမူမမှန်တာမှမရှိခဲ့ပေ။ သို့သော် သူ၏ အသက် တစ်နှစ်ပြည့်မွေးနေ့ရောက်သည့်အခါ မိသားစုဝင်များက သူ၏ စွမ်းအင်အလားအလာကို စမ်းသပ်ကြည့်ရာတွင် ဤမိသားစု၏ တိုက်ရိုက်မျိုးရိုးမှ ဆင်းသက်လာသည့်အကြီးဆုံးမြေးတွင် ချီစွမ်းအင်သွေးကြောများအလွန်အားနည်းကာ ပျက်စီးလွယ်နေသည်ကို သိရှိသွားကြတော့သည်။

အားလုံးသိကြသည့်အတိုင်း မည်သူမဆို သိုင်းပညာကျင့်ကြံအားထုတ်မည်ဆိုလျှင် အရေးအကြီးဆုံးအချက်မှာ သူ၏ခန္ဓာကိုယ်ရှိ မူလ ချီစွမ်းအင်သွေးကြောများကိုကြည့်ရှုရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သိုင်းပညာကျင့်ကြံသည့်အခါ ပထမဆုံးအနေဖြင့် ကောင်းကင်နှင့် မြေကြီးမှ ချီစွမ်းအင်များကို ခန္ဓာကိုယ်တွင်းသို့ စုပ်ယူကာ ချီစွမ်းအင်သွေးကြောများအတွင်းသို့ စီးဆင်းစေရမည်ဖြစ်သည်။ ပြောစရာမလိုအောင်ပင် ထိုချီစွမ်းအင်စီးဆင်းမည့် သွေးကြောများက ပိုမိုကျယ်ဝန်း ပျော့ပျောင်းလေ၊ ပိုမိုခိုင်မာသန်စွမ်းလေ၊ ကောင်းကင်နှင့်မြေကြီးမှ ချီစွမ်းအင်ဓာတ်များက ပိုမိုစီးဆင်းဝင်ရောက်နိုင်လေဖြစ်ပြီး သိုင်းပညာကျင့်ကြံမှုများကလည်း ပိုမိုမြန်ဆန်တိုးတက်လာမည်ဖြစ်သည်။

ထိုအရာနှင့် ဆန့်ကျင်စွာပင် ကုန်းရိထျန်းဟန်၏ ချီစွမ်းအင်သွေးကြောများမှာ အလွန်ပါးလွှာကာ အားနည်းနေကြသည်။ -- သူ့မှာ ကောင်းကင်နှင့်မြေကြီးမှ ချီစွမ်းအင်များကို စုပ်ယူလည်ပတ်ဖို့မပြောနှင့် ဆေးဝါးများမှီဝဲမည်ဆိုလျှင်တောင် အားပြင်းလွန်းသည့်ဆေးများကို မှီဝဲ၍မရနိုင်ပေ။ မဟုတ်လျှင် ထိုချီစွမ်းအင်သွေးကြောများက လုံးဝပေါက်ထွက်ကာ ပျက်စီးသွားမည်ဖြစ်သည်။

ဤကဲ့သို့အခြေအနေမျိုးသည် သိုင်းပညာကျင့်ကြံရန် မည်သို့မှမဖြစ်နိုင်ချေ။ သို့သော် သူတို့ကုန်းရိအိမ်တော်၏ ဩဇာကြီးမားမှုဖြင့် အဖိုးတန်လှသောဆေးလုံးမျိုးကို ရှာဖွေနိုင်ခဲ့လျှင်တော့ ထိုချီစွမ်းအင်သွေးကြောများ၏ အခြေအနေက ဘယ်လောက်ပင်ဆိုးရွားနေပါစေ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနိုင်မည်​ဖြစ်သည်။.... သို့သော် အဲ့လိုဆေးလုံးမျိုးက ဘယ်မှာရှိလို့လဲ?

ကုကျိုးတစ်ယောက် နည်းနည်းထူးဆန်းနေသည်ဟုထင်မိသည်။

တကယ်လို့ ချီစွမ်းအင်သွေးကြောတွေသာ အားနည်းနေပြီး သာမာန်နေ့စဥ်ဘဝကို သက်ရောက်မှုမရှိနိုင်ရင် အဲ့ဒါက ရောဂါမှ မဟုတ်တာပဲလေ.....

ကုန်းရိထျန်းဟန် ဆက်ပြောလိုက်သော စကားများက သူ့၏ မသေချာမှုများကို ဖျောက်ဖျက်ပေးလိုက်တော့၏။

အမှန်ပင် သူ့၏ထောက်ပံ့သူမှာ အားနည်းသော ချီစွမ်းအင်သွေးကြောများရှိခြင်းသာမက အမှန်တကယ်ထူးဆန်းလှသည့်ရောဂါပါရှိနေခြင်းဖြစ်သည်။

ကုန်းရိမိသားစုသည် ကုန်းရိထျန်းဟန်၏ ချီလမ်းကြောင်းသွေးကြောများမှာ ကုသ၍မရသည့်အခြေအနေမှန်းသိသွားကြပြီးနောက် သူ၏ အများနှင့်မတူ တမူထူးခြားသည့် အခြားသောစွမ်းဆောင်ရည်များကို မြင်တွေ့ရသောအခါ ထိုကိစ္စအပေါ် အရမ်းမပူပင်မစိုးရိမ်ခဲ့ကြပေ။ သို့သော် သူ့အသက် (၁၀)နှစ်အရွယ်တွင် သူ၏ ခြေထောက်နှစ်ဖက်စလုံးက ရုတ်တရတ်အကြောသေသွားကာ လုံးဝ လှုပ်ရှားလို့မရဖြစ်သွားသည့်အချိန်မှာတော့ ဆေးဆရာများနှင့် ပြသစမ်းသပ်စေပြီးနောက် ​ပြဿနာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

သူ၏ ချီစွမ်းအင်သွေးကြောများမှာ အားနည်းချိနဲ့နေရုံသာမက ၄င်းချီစွမ်းအင်သွေးကြောများထဲမှာတစ်ခုသည် တစ်နှစ်ကြာတိုင်း တစ်ခုကျစီ ပိတ်ဆို့လာကြသည်။

အစပိုင်းတွင် သူ့၌ အရံချီစွမ်းအင်ကြော (၈)ခု* သာ ပိတ်ဆို့ခြင်းဖြစ်သဖြင့် ရောဂါလက္ခဏာက မသိသာခဲ့ပေ။ ထို့အပြင် ၄င်းတို့မှာ အရံချီစွမ်းအင်သွေးကြောများဖြစ်သည့်အတွက် ခန္ဓာကိုယ်ကြီးက လည်ပတ်နေနိုင်သေးတာကြောင့် သူ၏နေ့စဥ်ဘဝလှုပ်ရှားမှုများကို များစွာသက်ရောက်မှုမရှိခဲ့ပေ။ သို့သော် သူ့ခန္ဓာကိုယ်ရှိ အခြေခံချီစွမ်းအင်ပင်မသွေးကြောကြီး (၁၂)ခု* ထဲမှ (၂)ခု ပိတ်ဆို့သွားချိန်မှာတော့ ရောဂါလက္ခဏာနှင့် ဝေဒနာများက သူ့အလိုလိုပေါ်ပေါက်လာကာ ခြေထောက်နှစ်ဖက်စလုံးအကြောသေသွားရပြီး သူ့ကို အိမ်ရာထဲလှဲနေရလုနီးပါးဖြစ်စေခဲ့သည်။

သိုင်းပညာကျင့်ကြံရာတွင် ချီစွမ်းအင်သွေးကြောများသည် ကောင်းကင်နှင့် မြေကြီးမှ စုပ်ယူရရှိသော ချီစွမ်းအင်များကို ခန္ဓာကိုယ်အတွင်း လက်ခံစီးဆင်းရသည့်အပြင် နောက်ထပ်အရေးကြီးသော အခန်းကဏ္ဍတစ်ခုကိုလည်း လုပ်ဆောင်ပေးသေးသည်။ ၄င်းသည်ကား ချီစွမ်းအင်သွေးကြောများသည်  ချီစွမ်းအင်အပြင် သွေးကိုပါ လည်ပတ်စေနိုင်ပြီး လူသားတို့၏ အသက်ဓာတ်ကို အားအင်ဖြည့်တင်းပေးခြင်းဖြစ်လေသည်။ တကယ်လို့ ထိုချီစွမ်းအင်သွေးကြောများအားလုံးပိတ်ဆို့သွားမည်ဆိုပါက နောက်ဆုံးရလဒ်မှာ စိတ်ကူးကြည့်၍ပင်သိနိုင်သည်။

ထို့အပြင် ကုန်းရိထျန်းဟန်သည် ယခုနှစ်တွင် အသက် (၁၈)နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။

သူ့တွင် မပိတ်ဆို့သေးသော ချီစွမ်းအင်သွေးကြောမကြီး (၂)ခု သာကျန်​​​ေတာ့သည်။ သို့သော် သူ အသက်(၂၀)ပြည့်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအင်နှင့် သွေးများလည်ပတ်​ေနခြင်းက လုံးဝ ရပ်တန့်သွားတော့မည်ဖြစ်သည်။ ထို့နောက် သူ့ဘဝသက်တမ်းမှာလည်း အဆုံးသတ်သွားမည်ဖြစ်သည်။

ကုကျိုးမှာ ဒီအထိနားထောင်ပြီးသွားတော့ သူ့မျက်နှာက အရုပ်ကြိုးပြတ်ဖြစ်သွားသည်။

ဒီတော့အဓိပ္ပါယ်က သူက ဒီတစ်လလုံး အသက်ရှင်ဖို့ ကြိုးစားပမ်းစားလုပ်ရဦးမယ့်အပြင် သူ့ရဲ့ထောက်ပံ့သူက နောက်ထပ်နှစ်နှစ်ပဲ အသက်ရှင်တော့မှာပေါ့! ပြီးတော့ သူက အသက်ရှင်နိုင်တယ်ပဲထား သူ့ရဲ့ထောက်ပံ့သူသာ သေသွားခဲ့ရင် နောက်ထပ်ထောက်ပ့ံသူတစ်ယောက်ကို သူ ထပ်ပြီးရှာရဦးမှာပေါ့။ ဒါက လုံးဝမတရားတာပဲ!

မည်သို့ပင်ဆိုစေ ကုကျိုးက​တော့ စိတ်ဓာတ်ကျမိသည်။ သို့သော် သူက ကုန်းရိထျန်းဟန်၏ မျက်ဝန်းများကို ကြည့်လိုက်မိသည့်အခါ ထိုလူ၏အကြည့်များက နတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။

လက်ရှိမှာ သူ့၏ထောက်ပံ့သူသည် သွားလာလှုပ်ရှားလာနေနိုင်သည်။ သူက ဆေးဝါးတွေ ဘယ်လောက်များများသောက်သုံးခ​ဲ့ပြီး ဖြည်းဖြည်းချင်း အားအင်မွေးမြူခဲ့ရသနည်း? သူကိုယ်တိုင်လည်း မည်မျှ ကြိုးစားအားထုတ်ခဲ့၍ ယခုကဲ့သို့ သာမာန်လူတစ်ယောက်လို သွားလာနေနိုင်သနည်း? ၄င်းက ဘယ်သူမှမသိနိုင်သောအရာဖြစ်သည်။

တကယ်တော့ လက်ရှိအချိန်တွင် ကုန်းရိထျန်းဟန်မှာ လှုပ်ရှားမှုပြုလိုက်တိုင်း အလွန်နာကျင်မှုဝေဒနာကို ခံစားနေရသည်။

--- သူက အမှန်တကယ် ခံနိုင်ရည်ရှိသူပင်။

ထို့ကြောင့် မကြာမီမှာပဲ ကုကျိုး၏စိတ်က ရဲစွမ်းသတ္တိနှင့် ယုံကြည့်မှုတို့ ပေါက်ဖွားလာတော့၏။

တွေးကြည့်ရင် သူ့ရဲ့ထောက်ပံ့သူတောင် ဒီချိန်အထိ အခက်အခဲတွေကို ကြံကြံခံနေလာနိုင်သေးတာ သူကဘာလို့ ဒီအချိန်တောင်ရောက်လာမှ နောက်ဆုတ်သွားရမှာလဲ? ဒီလိုထောက်ပံ့သူမျိုးကို ပျောက်ကင်းအောင် ကုသပေးသင့်တာပေါ့။ ပြီးရင် နောက်ကျ သူ့ပေါင်ကိုဖက်ပြီး သူ့ရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာ ခိုလှုံနေလိုက်ရင် ပြီးပြီလေ။

ထို့ကြောင့် လက်ရှိအချိန်သည် သူ့၏ ကျမ်းစာသုံးအုပ်ကိုထုတ်ကာ ကုန်းရိထျန်းဟန်၏ ရောဂါလက္ခဏာများနှင့် ကိုက်ညီသည့် ကုသနည်းများကို စာမျက်နှာတစ်ခုချင်း အလေးအနက်ထားကာရှာဖွေရမည့် အချိန်ဖြစ်သည်။ သူ့ထောက်ပံ့သူ၏ ရောဂါအခြေအနေနှင့်ကိုက်ညီသည့် ဘယ်အကြောင်းအရာကိုမဆို သေချာစွာ ရှာဖွေ ကြည့်သင့်သည်။ ပြီးတော့ ကျမ်းစာအနောက်မှာပါတဲ့ ကုသရခက်ခဲသည့်ရောဂါများဆိုတဲ့နေရာမှာရော ကုသနည်းတစ်ခုခုများ ရှိနေမလား.......

ကုကျိုးက အခြေအနေကို နားလည်သဘောပေါက်ပြီးနောက် ဘာမှဖုံးကွယ်မထားတော့ဘဲ သူ့၏ လက်ဖဝါးထဲသို့ ကျမ်းစာအုပ်သုံးအုပ်ကို တိုက်ရိုက် ဆင့်ခေါ်လိုက်သည်။ ၄င်းတို့အနက် သူက <<လူသားအဆင့်ဓာတ်စာချက်ပြုတ်နည်းအညွှန်းများ>> နှင့် <<လူသားအဆင့်ဆေးအနှစ်ရည်ဖော်စပ်ပုံအညွှန်းများ>> ကျမ်းစာနှစ်အုပ်ကို ယူထားလိုက်ပြီး  <<လူသားအဆင့်ဆေးလုံးများ>> စာအုပ်ကိုတော့ ရှေ့သို့ ကမ်းပေးလိုက်ကာပြောလိုက်သည်။

"ထျန်းဟန်သခင်လေးလည်း ကြည့်ကြည့်ပါ။ ဒီကျမ်းစာအနောက်မှာ ရောဂါဝေဒနာနဲ့ ကုသပုံတွေအများကြီးပါတယ်။ ကျွန်တော်တို့ ဒီကျမ်းစာတွေထဲမှာ ရောဂါနဲ့ကိုက်ညီတာ တစ်ခုခုရှိမလားဆိုတာ အတူတူရှာကြရအောင်"

သူက ပြောလိုက်ပြီးနောက် လက်ထဲက <<လူသားအဆင့်ဓာတ်စာချက်ပြုတ်နည်းအညွှန်းများ>> စာအုပ်ကိုယူကာ စာအုပ်၏အနောက်ဘက်မှ စတင်ရှာဖွေတော့သည်။

ထိုကျမ်းစာသုံးအုပ် လေထဲမှ ဘွားခနဲထွက်လာတာ မြင်လိုက်ရသည့်အခါ ကုန်းရိထျန်းဟန်၏ မျက်ဝန်းမှသူငယ်အိမ်များ  ရုတ်တရတ်ကျုံသွားတော့၏။

လေဟာနယ်သိုလှောင်ရုံလား?

ဒီပစ္စည်းသည် တကယ့်အဖိုးတန်ရှားပါးပစ္စည်းဖြစ်သည်။ ချန်းယွင်အင်ပါယာ၏ တော်ဝင်မျိုးတွေဆီမှာတောင် ဒီလိုပစ္စည်းမျိုးက စုစုပေါင်း (၃)ခုပဲရှိတာဖြစ်သည်။ သူတို့မျိုးနွယ်စုအိမ်တော်ကြီး (၅)ခုမှာတောင် အိမ်တော်တစ်ခုတွင် ဒီလိုပစ္စည်းမျိုးတစ်ခုသာရှိပြီး အိမ်တော်သခင်ကြီးအဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းရသည့်ပစ္စည်းဖြစ်သည်။

ဒီလိုပစ္စည်းမျိုးက ဒီကောင်လေးလက်ထဲမှာရှိနေလိမ့်မယ်လို့ မထင်ထားဘူး။

သို့သော် ထိုအတွေးက ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားကာ ကုန်းရိထျန်းဟန်၏ အာရုံများက လက်ထဲရှိ ရှေးဟောင်းကျမ်းစာပေါ်တွင် အာရုံစူးစိုက်လိုက်သည်။

ဒါက သေချာပေါက် ကုကျိုး ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့မတော်တဆမှုက ရလာတာဖြစ်ရမယ်။ ပြီးတော့ ဒါက သူ ဒီအထိလာပြီး သူ့ကိုထောက်ပ့ံသူအဖြစ် လာရှာရဲတဲ့အကြောင်းရင်းပဲ..... သူ့အတွက် တကယ်လိုအပ်တဲ့အရာက ဒီအထဲမှာရှိနေပါစေလို့ မျှော်လင့်ရမှာပဲ။

ကုန်းရိထျန်းဟန်သည် ထိုရှေးဟောင်းကျမ်းစာအုပ်ကို မြန်မြန်ဖွင့်ဖတ်လိုက်၏။

သူ့၏ ရှည်လျားသွယ်လျသော လက်ချောင်းများက ထိုကျမ်းစာအုပ်၏ စာမျက်နှာတိုင်းကို တစ်ရွက်ချင်း၊ တစ်ကြောင်းချင်းစီ လှပတင့်တယ်စွာ လှန်လျောကာ သေချာဖတ်ရှုနေသည်။

ထို့အပြင် သူသည် ဖတ်ရှုခဲ့သည့် စာလုံးတိုင်းအကြောင်းအရာတိုင်းကို စိတ်ထဲတွင် သေချာစွဲမြဲအောင် မှတ်သားနေသည်။

ကုန်းရိထျန်းဟန်၏ အလင်းကဲ့သို့ လျန်မြန်သည့်စာဖတ်နှုန်းနှင့် ယှဥ်လိုက်လျှင် ထိုစာအုပ်များကို တစ်ခါဖတ်ဖူးပြီးသား ကုကျိုးမှာ တစ်မျိုးတစ်ဖုံ နှေးကွေးနေ​ပေသည်။

ဤကိစ္စသည် သူ၏ကံကြမ္မာနှင့် သူ့၏ထောက်ပံ့သူအသက်နှင့်ပါ သက်ဆိုင်နေသည်ဖြစ်ရာ မည်သည့် တစ်စုံတစ်ရာကိုမှ သူမှာ လျစ်လျူမရှုဝံ့ပေ။ သူက အလွန်စေ့စပ်သေချာစွာ ရှာဖွေဖတ်ရှုကာ ချီစွမ်းအင်သွေးကြောနှင့်ဆိုင်သည့်အကြောင်းအရာမှန်သမျှကို လိုက်လံရွေးထုတ်လိုက်သည်။

ထို့​ပြင် သူသည် ဖတ်ရှုနေစဥ် တစ်ချိန်တည်းမှာ လက်ထဲတွင် စာရွက်တစ်ရွက်နှင့် စုတ်တံကိုင်ထားပြီး အကြောင်းအရာတစ်ခုချင်းစီကို အာရုံပျံ့လွင့်ခြင်းမရှိ ဂရုတစိုက် ရေးသားမှတ်သားနေသည်။

ကုန်းရိထျန်းဟန်က ကျမ်းစာအုပ်ကို အမြန်ဖတ်ရှုပြီးသည်နှင့် မျက်လုံးများကို မှိတ်လိုက်ကာ ကျမ်းစာအုပ်ထဲမှ အချက်အလက်များကို စိတ်ထဲတွင် ပြန်လည်မြင်ယောင်ကြည့်လိုက်သည်။

ဒီကျမ်းစာအုပ်သည် အမှန်တကယ် သာမာန်ထက်ထူးခြားပေသည်။ ပြောရလျှင် ဤ <<လူသားအဆင့်ဆေးလုံးများ>> ကျမ်းစာအုပ်ထဲတွင် မြောက်များစွာသော ဆေးလုံးဖော်စပ်ပုံအညွှန်းများကို ရေးသားထားသည်။ -- သိုင်းပညာကျင့်ကြံသူများ၏ မတူညီသောစွမ်းအင်အဆင့်များပေါ်မူတည်၍ ဟို့ထျန်းအဆင့်သိုင်းပညာကျင့်ကြံသူများအတွက် ဆေးလုံးအမျိုးပေါင်း (၁၃၂၀၀)မျိုး၊ ရှန်းထျန်းအဆင့်သိုင်းပညာကျင့်ကြံသူများအတွက် (၁၀၈၃၁)မျိုးနှင့် ထို့ဖန်(မသေမျိုး)အဆင့်သိုင်းပညာကျင့်ကြံသူများအတွက် (၈၆၉၁)မျိုးပါဝင်သည်။

ကျမ်းစာအုပ်ထဲတွင် သက်ဆိုင်ရာ တစ်ဆင့်ချင်းစီအတွက် ဆေးလုံးအမျိုးပေါင်း ထောင်ကျော်သာပါရှိသော်လည်း သူသိသမျှပြောရလျှင် လက်ရှိချန်းယွင်အင်ပါယာတစ်ခုလုံးရှိ ဆေးဆရာများအားလုံးပေါင်းလိုက်ရင်တောင် ဆေးလုံးဖော်စပ်ပုံအညွှန်း (၅၀၀)ကျော်မျှသာ သိရှိကြမည်ဖြစ်သည်။ -- ဒါအပြင် ထို(၅၀၀)ကျော်က သိုင်းပညာအဆင့်အားလုံးပေါင်းအတွက်သာဖြစ်ပြီး သိုင်းပညာတစ်ဆင့်ချင်းစီအတွက်မဖြစ်နိုင်ပေ။

ဒီ<<လူသားအဆင့်ဆေးလုံးများ>> ကျမ်းစာအုပ်ထဲရှိ ဆေးအညွှန်းများသည် မည်သည့်ဆေးဆရာမဆို သူ့ဘဝတစ်ခုလုံးကုန်ဆုံးသွားလျှင်တောင် ကျမ်းစာထဲရှိ ဆေးအညွှန်းများကို ကုန်အောင်ဖော်စပ်နိုင်လိမ့်မည်မဟုတ်ပေ။ ကျမ်းစာအုပ်၏ အနောက်တွင် မှတ်သားထားသော ကုသရန်ခက်ခဲ့သည့် ရောဂါများအကြောင်းကလည်း သူ့ကို ပို၍ပင် အံ့အားသင့်မှင်သက်စေသည်။ မ​​ေရမတွက်နိုင်သည့် ရှေ့ဟောင်းစာအုပ်များစွာကို ဖတ်ရှုဖူးခဲ့သည့် သူကိုယ်တိုင်ပင် ဤကျမ်းစာမှတ်တမ်းကို ဖတ်ရှုပြီးသည့်အခါ မိမိကိုယ်ကို အသိပညာနည်း​နေသေးသည့်ဟု ခံစားမိလေသည်။

ကုန်းရိထျန်းဟန်၏ စိတ်ထဲတွင် ရုတ်တရတ် အနည်းငယ် ဂနာမငြိမ်ဖြစ်လာသော့ကြောင့် စိတ်ကို အတင်းချိုးနှိမ်ကာ ထိန်းချုပ်လိုက်သည်။

တကယ်လို့ ---

တကယ်လို့ သူသာ သိုင်းပညာကျင့်ကြံနိုင်လျှင်---

သူသည် တစ်လောကလုံးအနှံ လှည့်လည်ခရီးသွားလာနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ ချန်းယွင်အင်ပါယာဆိုသော လှောင်အိမ်ကြီးထဲတွင် ပိတ်မိနေတော့မည် မဟုတ်ပေ!

((T/N))

အရံချီစွမ်းအင်ကြော(၈)ခု - မွေးဖွားသန့်စင်ကတည်းက စတင်ဖြစ်ပေါ်ပေါက်လာပြီး မွေးခင်းစအရွယ်တွင် အသက်ဓာတ်နှင့် ချီစွမ်းအင်သိုမှီးရာအဖြစ် လုပ်ဆောင်ပြီး ထိုမှတဆင့် အခြေခံချီစွမ်းအင် ပင်မသွေးကြောကြီး (၁၂)ခု ကို ဖြစ်ပေါ်စေသည်။

အခြေခံချီစွမ်းအင်ပင်မသွေးကြောကြီး (၁၂)ခု - ခန္ဓာကိုယ်အတွင်း အင်အားကြီးမားသော ချီစွမ်းအင်များကို လည်ပတ်နိုင်စေရန်လုပ်ဆောင်ပေးသည့်ပင်မသွေးကြောမကြီးများဖြစ်သည်။
[ကုန်းရိထျန်းဟန်အနေနှင့် ဆိုရလျှင် သူ၏ ချီစွမ်းအင်သွေးကြောများသည် မွေးရာပါ အားနည်းပြီး သူ့အသက်တစ်နှစ်ကြီးလာသည့်နှင့်အမျှ သွေးကြောတစ်ချောင်းစီ ပိတ်ဆို့လာခြင်းဖြစ်သည်။ ဦးစွာ အရံချီစွမ်းအင်သွေးကြော (၈)ခုမှာ အသက်(၈)နှစ်ရောက်သည်အထိ တစ်နှစ်လျှင်တစ်ချောင်းကျစီ ပိတ်ဆို့လာသည်။ ထို့နောက်တွင် အသက် (၉)နှစ်မှစကာ အခြေခံချီစွမ်းအင်ပင်မသွေးကြောကြီးများ စတင်ပိတ်ဆို့လာသည်။ ပိတ်ဆို့မှုမှာ ခြေထောက်မှစတင်လာပုံရပြီး အသက် (၁၀)နှစ်တွင် ခြေထောက်နှစ်ချောင်းစလုံးရှိ ပင်မချီစွမ်းအင်ကြောများ ပိတ်ဆို့သွားသဖြင့် လမ်းမလျှောက်နိုင်တော့ဘဲ အကြော​သေသွားခြင်းဖြစ်သည်။ ထို့ကြောင့် အသက် (၁၈)နှစ်အရွယ်တွင် ပင်မချီစွမ်းအင်သွေးကြော(၂)ချောင်းသာ အကောင်းအတိုင်းကျန်ရှိပြီး အသက်(၂၀)ရောက်သည့်အခါ ပင်မချီစွမ်းအင်ကြောများအားလုံးပိတ်ဆို့သွားမည်ဖြစ်ပြီး သူလည်း သေဆုံးသွားမည်ဖြစ်သည်]
___________________________________

အချစ်ဆုံးတို့ရေ......

ဒီအပိုင်းကတော့ ရောဂါကုသနည်းရှာကြတာပါ။ လိုချင်တာ ရှာတွေ့မတွေ့ကတော့ နောင်အပိုင်းတွေမှာ ပြန်တွေ့ကြမယ်နော်.... အားလုံးပဲ အန္တရာယ်ကင်းဘေးရှင်းကြပါစေလို့ ဆုတောင်းရင်း.....

With love ❤
Taiga 😘

Continue Reading

You'll Also Like

96.7K 12.1K 104
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
214K 30.1K 96
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
10.3K 828 7
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
501K 14.1K 33
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022