မင္းအတြက္ ေဆးတစ္ခြက္ [System]

Par Sebastiann048

79K 14.1K 876

ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိ... Plus

About
က်င္​့ၾကံ​ေရးအဆင္​့သတ္​မွတ္​ခ်က္​မ်ား
အတြဲ (၁) အပိုင္း (၁) System က Host ကို အသိအမွတ္ျပဳျခင္း
အပိုင္​း (၂) ​ေသ​ေလာက္​သည္​့မစ္​႐ွင္​
အပိုင္း (၄) 'ခ်ီ' အိမ္ေတာ္မွထြက္ေျပးျခင္း
အပိုင္း (၅) ခ်န္းယြင္ၿမိဳ႕ေတာ္
အပိုင္း (၆) ​ေထာက္ပံ့သူကို ၿခိမ္းေျခာက္ျခင္း
အပိုင္း (၇) ကုန္းရိထ်န္းဟန္
အပိုင္း (၈) ​ေရာဂါ
အပိုင္း (၉) သတင္းေကာင္း
အပိုင္း (၁၀) ​ေဆးဝါးသန့္​စင္ျခင္​း
အပိုင္း (၁၁) ကုက်ိဳး၏စြမ္းရည္
အပိုင္း (၁၂) ​ေၾကာက္စရာေကာင္းသည့္ေဆး
အပိုင္း(၁၃) ကုက်ိဳး၏တန္ဖိုး
အပိုင္း (၁၄) ကုန္းရိအိမ္ေတာ္သို႔သြားျခင္း
အပိုင္း (၁၅) ကုန္းရိအိမ္ေတာ္
အပိုင္း (၁၆) မ်ိဳးႏြယ္စုတိုက္ပြဲ
အပိုင္း (၁၇) အားက်ိဳး၊ ေသခ်ာၾကည့္ထား
အပိုင္း (၁၈) ​ေထာက္ပံ့သူ၏ အနီးကပ္သင္တန္း
အပိုင္း (၁၉) တိုးတက္သြားေသာက်င့္ႀကံေရးနည္းလမ္း
အပိုင္း (၂၀) အိမ္​ေတာ္သခင္ေလး(၄)ဦးထြက္ေပၚလာျခင္း
အပိုင္း (၂၁) ထုံးထ်န္းမ်က္လုံး
အပိုင္း (၂၂) ၿပိဳင္ပြဲ၏ရလဒ္
အပိုင္း (၂၃) နဂါးျပာေရကန္
အပိုင္း (၂၄) မစ္ရွင္အသစ္
အပိုင္း (၂၅) ဖြင့္ဟဝန္ခံျခင္းႏွင့္ မွန္းဆေတြးေတာျခင္း
အပိုင္း (၂၆) အရိုးပုလဲ
အပိုင္း (၂၇) ​ေဆးလုံးမ်ားကို အကဲျဖတ္ျခင္း
အပိုင္း (၂၈) နဂါးျပာကုန္သြယ္ေရးလုပ္ငန္း
အပိုင္း (၂၉) ေလလံပြဲ
အပိုင္း (၃၀) ခ်ီဖုန္းႏွင့္ထပ္ေတြ႕ျခင္း
အပိုင္း (၃၁) အေသးစားလွည့္ကြက္
အပိုင္း (၃၂) ဆန္ကုန္ေျမေလးမ်ား၏သတင္း
အပိုင္း (၃၃) ကုက်ိဳး၏ ဆုံးျဖတ္ခ်က္
အပိုင္း (၃၄) ​ေ႐ႊသားလက္မွတ္မ်ား
အပိုင္း (၃၅) ပြဲႀကီးပြဲေကာင္း
အပိုင္း (၃၆) အကူအညီေလးတစ္ခုျပဳလုပ္ျခင္း
အပိုင္း (၃၇) လွ်ာလည္ေစေသာဟင္းပြဲ
အပိုင္း (၃၈) အမဲလိုက္ျခင္း
အပိုင္း (၃၉) ႀကီးနိုင္ငယ္ညွင္းသဘာဝေလာက
အပိုင္း (၄၀) ဇီဝမရဏႀကိဳးဝိုင္း
အပိုင္း (၄၁) ​ေလာင္းေၾကးထပ္ျခင္း
အပိုင္း (၄၂) ေလာင္းသမွ် အနိုင္ရျခင္း
အပိုင္း(၄၃) လူသတ္ယႏၲရား
အပိုင္း (၄၄) ေဆးလုံးမ်ားကိုေရာင္းဝယ္ျခင္း
အပိုင္း (၄၅) ႀကီးမားလွသည့္ တိုးတက္မႈ
အပိုင္း (၄၆) ေခါင္းကိုမိုးႀကိဳးပစ္ခံရျခင္း
အတွဲ (၁) end အပိုင္း (၄၇) ပုန္းကြယ္ေနေသာနဂါး ျပန္လည္ထြက္ေပၚလာျခင္း
အတွဲ (၂) အပိုင်း (၄၈) မိသားစုအိမ်တော်အား တုန်လှုပ်‌ေစခြင်း
အပိုင်း (၄၉) လောဘအတွေးများ

အပိုင္​း (၃) ​ေ႐ွ႕ခရီးလမ္​းက႐ွည္​လွတယ္​

1.6K 283 5
Par Sebastiann048

((Zawgyi))

အပိုင္း (၃)
ေရွ႕ခရီးလမ္းကရွည္လွတယ္

💊💊💊
ခ်ီထ်န္း႐ုံ၏ မွတ္ဥာဏ္အရ 'ထ်န္းဝူ' တိုက္ႀကီးအတြင္းရွိ ေဆးဆရာမ်ားကို 'အဆင့္မီသူမ်ား' ႏွင့္ 'အဆင့္မမီသူမ်ား' ဟူ၍ႏွစ္မ်ိဳးႏွစ္စားခြဲျခားထားသည္။ ေဆးဝါးမ်ားကို ေဆးလုံးအျဖစ္သန့္စင္ေပးနိုင္သည့္ေဆးဆရာမ်ားကို 'အဆင့္မီသူမ်ား' ဟု သတ္မွတ္ၿပီး၊ ေဆးဝါးမ်ားကို ေဆးရည္အျဖစ္သာသန့္စင္နိုင္ၿပီး ေဆးလုံးမ်ားျဖစ္လာေအာင္ ေပါင္းစပ္နိုင္စြမ္းမရွိသူမ်ားကို 'အဆင့္မမီသူမ်ား' ဟုသတ္မွတ္သည္။

စစ္ေဆးမႈကို ေက်ာ္ျဖတ္နိုင္သည့္ ေဆးလုံးမ်ားကို 'လူသားအဆင့္ေဆးလုံးမ်ား' ဟုေခၚတြင္ၿပီး အမ်ိဳးအစား(၃)ဆင့္ ခြဲျခားသတ္မွတ္ထားသည္။ ထိုလူသားအဆင့္ေဆးလုံးမ်ားအားလုံးသည္ မည​္သည့္အဆင့္တြင္ရွိသည္ျဖစ္ေစ သိုင္းပညာက်င့္ႀကံသူတို႔အတြက္ အသုံးဝင္လွ​ေပသည္။

ကုက်ိဳးက ေခါင္းတညိမ့္ညိမ့္လုပ္ေန၏။

သိပ္ေကာင္းတယ္, ၾကည့္ရတာ ဒီလူသားအဆင့္ေဆးလုံးေတြရဲ႕ ေစ်းကြက္ကေသးေတာ့မေသးလွဘူးပဲ?

သိုင္းပညာက်င့္ႀကံသူမ်ားအေၾကာင္းကို ဆက္ရလွ်င္ ၄င္းတို႔ကို ဟို႔ထ်န္း (ဆည္းပူးက်င့္ႀကံျခင္း) ႏွင့္ ရွန္းထ်န္း (ခ်ီစြမ္းအင္ေမြးဖြားျခင္း) ဟူ၍ ႏွစ္မ်ိဳးခြဲျပန္သည္။ ရွန္းထ်န္း၏ အထက္တြင္ အဆင့္တစ္ဆင့္ရွိေသးၿပီး ၄င္းကို ထို႔ဖန္ (မေသမ်ိဳးအဆင့္) ဟုေခၚသည္။ ---- နာမည္ေခၚေဝၚသည့္အတိုင္း, ထိုအဆင့္ကို က်င့္ႀကံေအာင္ျမင္သူသည္ သာမာန္လူသားတစ္ေယာက္၏ အဆင့္အတန္းမွ ေက်ာ္လြန္ကာ ေနာက္တစ္ဆင့္သို႔တက္လွမ္းနိုင္သည္။ ထိုက်င့္ႀကံသူ၏ သက္တမ္းမွာလည္း ႏွစ္ဆတိုးသြားမည္ျဖစ္သည္။

ဒီေနရာရွိ သာမာန္လူတစ္ဦး၏ ပွ်မ္းမွ်သက္တမ္းမွာ ႏွစ္ေပါင္း ၁၅၀ ခန့္ျဖစ္သည္။ အတိုခ်ဳံးေျပာရလွ်င္ ထိုသတ္မွတ္ခ်က္အဆင့္ကို ေက်ာ္လြန္တက္လွမ္းနိုင္လွ်င္ သူ၏ အသက္မွာ ႏွစ္ေပါင္း ၃၀၀ ခန့္ ရွင္သန္နိုင္မည္ျဖစ္သည္။ ထိုအခ်ိန္ကာလအတြင္း ရွားပါးသည့္ ေဆးဝါအမယ္မ်ားကို ရွာေဖြကာ 'အဆင့္မီသူ' ေဆးဆရာတစ္ေယာက္၏ အကူအညီကို ရယူနိုင္ပါက ထိုသက္တမ္းထက္ပင္ ပို၍ၾကာၾကာ အသက္ရွည္နိုင္မည္ျဖစ္သည္။

ထိုမွ်သာမက သိုင္းပညာရွင္တစ္ေယာက္ သက္တမ္းၾကာၾကာေနနိုင္ပါက သူ႕မိသားစုကို ပို၍ၾကာၾကာအက်ိဳးျပဳေထာက္ပံ့နိုင္သလို မိသားစုမွ ပါရမီရွင္တက္သစ္စမ်ားကိုလည္း ပိုမိုျပဳစုပ်ိဳးေထာင္ေပးနိုင္မည္ျဖစ္သည္။ ဤနည္းျဖင့္ သိုင္းပညာက်င့္ႀကံသူမ်ားသည္ မ်ိဳးဆက္တစ္ခုမွတစ္ခုသို႔ အင္အားႀကီးမားလာေအာင္ ထူေထာင္ရင္း စြမ္းအားႀကီးမားေသာ မိသားစုအျဖစ္တည္ေဆာက္ၾကသည္။

ထိုသို႔ဆိုလွ်င္ လူသားအဆင့္ေဆးလုံးမ်ား၏ အဆင့္ (၃) ဆင့္သည္ 'အဆင့္မီသူ' ေဆးဆရာမ်ား၏ အဆင့္ (၃) ဆင့္အတြက္သာမက သိုင္းပညာက်င့္ႀကံသူတို႔၏ နယ္ပယ္ (၃)ဆင့္ အတြက္ပါ သင့္ေတာ္အက်ိဳးျပဳေနေပသည္။

(T/N - သာသာ အဆင့္သတ္မွတ္ခ်က္အခန္းမွာ ရွင္းခဲ့သလိုပါပဲ။ လူသားအဆင့္ေဆးလုံးေတြမွာ ဟို႔ထ်န္း၊ ရွန္းထ်န္း၊ ထို႔ဖန္ ဆိုၿပီး အဆင့္ (၃) ခုရွိပါတယ္။ အဲ့ေဆးလုံးေတြရဲ႕ အက်ိဳးအာနိသင္က ေဖာ္စပ္သူေဆးဆရာေတြကိုတင္ အက်ိဳးရွိ​ေစတာမဟုတ္ဘဲ သိုင္းပညာက်င့္ႀကံသူေတြရဲ႕ ဟို႔ထ်န္း၊ ရွန္းထ်န္း၊ ထို႔ဖန္ အဆင့္ရွိသူေတြကိုပါ အက်ိဳးအာနိသင္တိုးပြားေစတာျဖစ္တယ္လို႔ ေဆးလုံးမ်ားရဲ႕ အေရးပါပုံကို ရွင္းျပထားတာျဖစ္ပါတယ္)

အဆင့္နိမ့္ေဆးဆရာမ်ားသည္ အဆင့္နိမ့္ေဆးလုံးမ်ားကို ေဖာ္စပ္နိုင္ၾကၿပီး ထိုေဆးလုံးမ်ားက ဟို႔ထ်န္းအဆင့္သိုင္းက်င့္ႀကံသူတို႔အတြက္ သင့္ေတာ္​ေပသည္။ အလယ္အလတ္အဆင့္ေဆးဆရာမ်ားသည္ အလယ္အလတ္အဆင့္ ေဆးလုံးမ်ားကို ေဖာ္စပ္နိုင္ၾကၿပီး ထိုေဆးလုံးမ်ားမွာ ရွန္းထ်န္းအဆင့္သိုင္းက်င့္ႀကံသူမ်ားအတြက္ သင့္ေတာ္ေပသည္။ ဤကဲ့သို႔ပင္ အဆင့္ျမင့္ေဆးဆရာမ်ားသည္ အဆင့္ျမင့္ေဆးလုံးမ်ားကိုေဖာ္စပ္ေပးနိုင္ၾကၿပီး သူတို႔ကသာ ထို႔ဖန္အဆင့္သိုင္းက်င့္ႀကံသူတို႔အတြက္ မေသမ်ိဳးနတ္ေဆးလုံးမ်ားကို ေဖာ္စပ္နိုင္ဖို႔ အခြင့္အေရးရွိၾကေလသည္။

ခ်ီထ်န္း႐ုံသည္ ကုက်ိဳးကဲ့သို႔ အသက္ ၁၅ ႏွစ္သာရွိေသးေသာ္လည္း သူက 'အဆင့္မမီသူ' ေဆးဆရာတစ္ေယာက္အျဖစ္ ေဆးရည္မ်ားကို ေဖာ္စပ္ေပးနိုင္ၿပီး ေဆးလုံးမ်ားအျဖစ္ သန့္စင္နိုင္ရန္ စတင္ႀကိဳးစားေနၿပီျဖစ္သည္။ သူ႕ေဖာ္စပ္သည့္ေဆးလုံးမ်ားသည္ လက္ရွိတြင္ မေအာင္ျမင္ေသးေသာ္လည္း သံသယျဖစ္စရာမလိုေအာင္ အခ်ိန္တစ္ႏွစ္မွ ႏွစ္ႏွစ္အတြင္းေသခ်ာေပါက္ ေအာင္ျမင္ကာ အနိမ့္တန္း 'အဆင့္မီသူ' ေဆးဆရာတစ္ေယာက္ျဖစ္လာမွာ မလြဲဧကန္ပင္ျဖစ္သည္။

ခ်ီဖုန္းက ေဆးဝါးမ်ားသန့္စင္နိုင္သည့္ ပင္ကိုပါရမီပါေသာ္လည္း ခ်ီထ်န္း႐ုံႏွင့္ ယွဥ္ရင္ေတာ့ သူ႕အျဖစ္က ေန႕ႏွင့္ညလို ကြာျခားလြန္းလွသည္။ လက္ရွိတြင္ ခ်ီဖုန္းသည္ ေဆးရည္အျဖစ္သန့္စင္ရာတြင္ပင္ မၾကာခဏရႈံးနိမ့္ေနၿပီး တစ္ဖက္မွာေတာ့ ခ်ီထ်န္း႐ုံက ၁၀ ႀကိမ္တြင္ ၇ႀကိမ္ ၈ႀကိမ္ခန့္က ေအာင္ျမင္ေနၿပီျဖစ္သည္။

ဤကဲ့သို႔ ပါရမီကြာျခားမႈသည္လည္း ခ်ီဖုန္းက ခ်ီထ်န္း႐ုံကို မုန္းတီးရသည္ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုပင္ျဖစ္ေတာ့သည္။

ဤသို႔ႏွင့္ ေနာက္ထပ္ျပႆနာတစ္ခု ေပၚေပါက္လာသည္။

ခ်ီထ်န္း႐ုံက ယုံၾကည္မႈရွိရွိ ေဆးရည္မ်ားကို သန့္စင္နိုင္ေသာ္လည္း ကုက်ိဳး ေလ့လာၾကည့္လိုက္ေတာ့ ေဆးဝါးသန့္စင္ျခင္းနည္းလမ္းအဆင္ဆင့္မွာ အလြန္ရႈပ္ေထြးေပြလီကာ ေႏွးေကြးလြန္းလွသည္။ တစ္ခါတစ္ရံ တစ္ေန႕လုံးေနမွ ရိုးရွင္းလွသည့္ေဆးရည္ေလးတစ္ခြက္ေလာက္သာ သန့္စင္ေပးနိုင္သည္။ ေျပာစရာပင္မလို, မွတ္ဥာဏ္ကို ထိုင္ၾကည့္ရျခင္းႏွင့္ တကယ့္လက္ေတြ႕လုပ္ရျခင္းသည္ လုံးဝကိုမတူသည့္ အရာႏွစ္ခုျဖစ္သည္။ ကုက်ိဳးမွာက ဒီလို ေဆးဝါးသန့္စင္ရသည့္ အေတြ႕အႀကဳံမ်ိဳးလည္း တစ္ခါမွ မရွိခဲ့ေပ။ ထို႔အျပင္ သူေတြးၾကည့္လိုက္ေတာ့ System ေျပာထားသည့္ သန့္စင္ျခင္းလုပ္ေဆာင္ေနစဥ္ ခ်ီစြမ္းအင္အမွ်င္မ်ားထြက္ေပၚလာမည္ဆိုတာကရွိေသးသည္။ ထိုကဲ့သို႔ေသာအရာက ေသခ်ာေပါက္, ေပါက္လုတ္ပဲစား ယီးတီးယားတား သြားလုပ္၍ ထြက္လာမွာ​ေတာ့မဟုတ္ေခ်။

သူ ဒီအရႈပ္ထုပ္​ႀကီးကေန ဘယ္လိုလြတ္​ေအာင္​​​​႐ုန္းထြက္ရမလဲ ?

ကုက်ိဳးမွာ တစ္မ်ိဳးအေစာ္ကားခံလိုက္ရသလိုထင္မိသည္။ သူက မတတ္သာတဲ့အဆုံး System ကို ျပန္ခံေျပာလိုက္သည္ :
ငါတို႔ေပါင္းစည္းတုန္းက ေျပာထားတဲ့ ၿပီးေျမာက္ေအာင္ လုပ္နိုင္မယ့္မစ္ရွင္မ်ိဳးပဲေပးမယ္ဆိုတာကေကာ? အခုငါအစားဝင္ရမယ့္လူရဲ႕ အေျခအေနက ေဆးပုလဲလုံးေတြ ႏွိုက္ထုတ္ခံထားရတာေလ။ ေဆးေဖာ္ဖို႔လိုတဲ့ ေဆးဝါးအမယ္ေတြဆိုတာလည္း မရွိတဲ့ဟာကို၊ ငါကဘယ္ေဆးေတြကို ဘယ္လိုသန့္စင္ရမွာတုန္း? အခ်ိန္ကလည္း တစ္လတည္းေပးထားဟာ၊ မင္းက ငါ့ကို တကယ္သြားေသခိုင္းေနတာလားေဟ့!

[ေက်းဇူးျပဳၿပီး Host က ေပးထားတဲ့ စိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္းကို စိတ္ပါလက္ပါႀကိဳးစားေလ့က်င့္ၿပီး မစ္ရွင္ပစၥည္းေတြကို အျပည့္အဝ အက်ိဳးရွိေအာင္အသုံးခ်ေပးပါ။ ခ်ီထ်န္း႐ုံရဲ႕ နည္းလမ္းေတြက အေကာင္းဆုံးမွ ႐ြက္ၾကမ္းေရႀကိဳ လူသစ္အဆင့္ေလာက္ပဲရွိပါတယ္။ Host က <<အေျခခံေဆးဝါးသန့္စင္ျခင္းလက္စည္​းတံဆိပ္​>>ေတြကိုေသခ်ာေလ့လာသင့္ပါတယ္]

ကုက်ိဳးက ျပန္လည္တည္ၿငိမ္သြားကာ :
အဲ့ေတာ့ဆိုလိုတာက, ငါတကယ္လုပ္ရမွာက မင္းငါ့ကိုေပးထားတဲ့ ပစၥည္းေတြနဲ႕ စိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္းေတြကို ေလ့လာရမွာေပါ့? ခ်ီထ်န္း႐ုံရဲ႕ မွတ္ဥာဏ္ေတြက ဒီကမာၻႀကီးရဲ႕ သေဘာတရားကို ငါ နားလည္သေဘာေပါက္သြားေစဖို႔ သက္သက္ပဲေပါ့ ဟုတ္လား?

[ဟုတ္ပါတယ္ Host]

ကုက်ိဳးတစ္ေယာက္ အားငယ္သြားေတာ့သည္။

ေကာင္းၿပီ, ေကာင္းၿပီ ဘယ္လိုပဲျဖစ္ျဖစ္ သူက ခ်ီထ်န္း႐ုံရဲ႕ ျဖစ္တည္မႈကို အသုံးခ်ခ်င္တာကိုး.....

ေနာက္ေတာ့ သူေမးလိုက္သည္ :
မင္းခုနက ငါ့ကိုေျပာေတာ့ မင္းမွာ အခ်ိန္နာရီဝက္ပဲရွိတာဆို. အခု မင္း ငါ့ကို သခင္အျဖစ္အသိအမွတ္ျပဳလိုက္ၿပီဆိုေတာ့ မင္းျပန္အိပ္ဖို႔ လိုေသးလား?

[တစ္လအခ်ိန္ရပါတယ္။ တကယ္လို႔ Host က တာဝန္ကို တစ္လအတြင္းၿပီးေအာင္ လုပ္ေဆာင္နိုင္ရင္ ဒီ System ကဆက္ၿပီးအလုပ္လုပ္ေနမွာပါ။ တကယ္လို႔ ေအာင္ျမင္ေအာင္ မလုပ္နိုင္ခဲ့ရင္ေတာ့ System က အလိုအေလ်ာက္ဖ်က္ဆီးျခင္းကိုလုပ္ေဆာင္မွာပါ]

ကုက်ိဳး : "....."

အဲ့ဒါေၾကာင့္ ဒါက အလုံးစုံပ်က္သုန္းမယ္လို႔ ေျပာတာကိုး....

ဒီ System တကယ္ရက္စက္တာပဲ. ဒါက အေျခခံအားျဖင့္ "မင္းမစ္ရွင္ကို ၿပီးေအာင္မလုပ္နိုင္ရင္ ငါတို႔အတူတူေသၾကမယ္...."လို႔ေျပာေနတာပဲေလ...

ဒါက ဒီေလာက္ထိေၾကာက္စရာေကာင္းဖို႔လိုလို႔လား? ဘယ္သူက System နဲ႕ တူတူေသခ်င္မွာလဲ?!

ထားပါေတာ့. သင္စရာရွိတာသင္​လိုက္​​ရံု​ေပါ့

ဟုတ္တယ္,ဟုတ္တယ္,ဟုတ္တယ္..သူမေသခ်င္ေသးဘူး! သူ႕အေဖကိုရွာဖို႔ သူအိမ္ကိုျပန္ရဦးမယ္!

ကုက်ိဳးတစ္ေယာက္ မ်က္ႏွာကိုသပ္လိုက္ကာ ႀကိတ္မွိတ္သည္းခံလိုက္ရင္း : System ငါ့ကို မစ္ရွင္ပစၥည္းေတြေပး။

စိတ္ဝိညာဥ္က်င့္ႀကံဘာဆိုလားနည္းလမ္းကို ေလာေလာဆယ္ ခဏေလာက္ဖယ္ထားရေအာင္ အဲ့ဒါကို ျဖည္းျဖည္းခ်င္းနားလည္လာေအာင္လုပ္ရမယ္

ခဏအတြင္း ကုက်ိဳး၏လက္ထဲသို႔ စာအုပ္ႀကီးေလးအုပ္ေရာက္ရွိလာသည္။ ထိုစာအုပ္မ်ားမွာ အလြန္ေရွးက်ကာေဟာင္းႏြမ္းေနသည္။ အထဲကိုဖြင့္ၾကည့္လိုက္ေတာ့ က်မ္းစာ,စာလုံးမ်ားကို ေဒါင္လိုက္ေရးသားထားသည္ကိုေတြ႕ရသည္။ ကုက်ိဳးသာ ေဆးပင္ေဆးဝါးေတြကို အာ႐ုံခံစားနိုင္စြမ္းမရွိခဲ့ရင္ ငယ္ငယ္ေလးကတည္းက သူ႕အေဖလို ဆံပင္မရွိတဲ့ ထိပ္ေျပာင္ဘဝေရာက္ေနမွာေသခ်ာသည္။ ဒီစာအုပ္ေတြထဲက က်မ္းစာမ်ားမွာ အျဖတ္အေတာက္မ်ားပင္မပါဘဲ ေရးသားထားျခင္းျဖစ္သည္။

ကံေကာင္းစြာျဖင့္ ေလာေလာဆယ္ေတာ့ က်မ္းစာဖတ္ဖို႔က အဆင္ေျပသြားခဲ့ၿပီ......

ကုက်ိဳးသည္ အလြန္ဉာဏ္ေကာင္းသူျဖစ္ၿပီး အထူးသျဖင့္ ေဆးဘက္ဆိုင္ရာစာအုပ္မ်ားကို ဖတ္ရႈရာတြင္ ပိုမိုထူးခြၽန္သည္။ သူ႕၏ မွတ္ဥာဏ္က ဓာတ္ပုံရိုက္သလို ခေရေစ့တြင္းက်မွတ္နိုင္ေသာ မွတ္ဥာဏ္ဟု ဆိုနိုင္သည္။ ယခုေတာ့ System ႏွင့္ ၄င္း၏အကူအညီျဖင့္ သူ႕၏ မွတ္နိုင္စြမ္းအားက ပိုမိုအားေကာင္းလာသည္။ သူက က်မ္းစာစာအုပ္အခ်ိ​ု႔ကို ဖတ္ၿပီးသြားခ်ိန္တြင္ ထိုအထဲရွိ စာလုံးအားလုံးကို ေခါင္းထဲတြင္ တစ္လုံးမက်န္ မေမ့မေလ်ာ့မွတ္သားၿပီးသြားၿပီျဖစ္သည္။

သူက အသုံးဝင္သည့္အခ်က္အလက္အားလုံးကို အလ်င္အျမန္ ခြဲျခမ္းစိတ္ျဖာၾကည့္လိုက္သည္။

အရင္ဆုံးက ေဆးဆရာတစ္ေယာက္၏ သေဘာတရားျဖစ္သည္။

ခ်ီထ်န္း႐ုံသိထားသည့္ ထ်န္းဝူတိုက္ႀကီးအေပၚထားသည့္ သူ၏ထင္ျမင္ခ်က္မွာ လက္ေတြ႕တြင္ ကြဲလြဲမႈမ်ားရွိေနသည္။ <<အေျခခံေဆးဝါးသန့္စင္ျခင္းလက္စည္းတံဆိပ္မ်ား>> စာအုပ္အရ ေဆးဝါးမ်ားကို သန့္စင္ရာတြင္ အပိုင္း (၃)ပိုင္းခြဲျခားထားသည္။ ေဆးဖက္ဝင္ေဆးလုံးမ်ား, ေဆးဖက္ဝင္ေဆးအႏွစ္ရည္မ်ား ႏွင့္ ေဆးဖက္ဝင္ဓာတ္စာဟင္းလ်ာမ်ားဟူ၍ျဖစ္သည္။ ထိုအပိုင္းသုံးပိုင္းမွာ ရႈပ္ေထြးနက္နဲသေလာက္ ေဆးအားလုံး၏ အာနိသင္ႏွင့္ အေရးပါမႈတို႔က တန္းတူပင္ျဖစ္သည္။

ေဆးဖက္ဝင္ဟင္းလ်ာမ်ားသည္ ခႏၶာကိုယ္ကို အားအင္ျပန္လည္ျဖည့္တင္းေပးနိုင္ကာ က်န္းမားေရးကို ျပန္လည္ထိန္းညွိေပးနိုင္သည္။ ေဆးဖက္ဝင္ေဆးအႏွစ္ရည္မ်ားသည္ ေရာဂါဘယမ်ားကိုတိုက္ထုတ္ေပးနိုင္ၿပီး အနာေရာဂါမ်ားကို ေပ်ာက္ကင္းေအာင္ ကုသေပးနိုင္သည္။ ေဆးဖက္ဝင္ေဆးလုံးမ်ားကေတာ့ သိုင္းပညာက်င့္ႀကံသူမ်ားကို ကူညီေထာက္ပံ့ေပးနိုင္စြမ္းရွိၾကသည္။.... ထို႔အျပင္ အထက္ေဖာ္ျပပါထဲမွ မည္သည့္ေဆးေဖာ္စပ္ပုံကို ေ႐ြးခ်ယ္အသုံးျပဳသည္ျဖစ္ေစ အေကာင္းဆုံးေသာ အက်ိဳးအာနိသင္ကို ရရွိဖို႔ရန္မွာ မတူညီေသာ စင္ၾကယ္သန့္စင္ျခင္းနည္းလမ္းမ်ားကို အသုံးျပဳရန္လိုအပ္ေပသည္။

ထ်န္းဝူတိုက္ႀကီးရွိ ေဆးဆရာမ်ားႏွင့္ သူတို႔ျပဳလုပ္နိုင္ေသာ ေဆးရည္ႏွင့္ အဆင့္နိမ့္ေဆးလုံးမ်ားသည္လည္း ေဆးေဖာ္စပ္ျခင္းပညာရပ္ႏွင့္ သေဘာတရားျခင္းတူညီ​ေပသည္။ သို႔ေသာ္ ထိုေဆးရည္မ်ားမွာ ေဆးဝါးမ်ားသန့္စင္ျခင္းနည္းလမ္း၏ တစ္စိတ္တစ္ေဒသမွ်သာျဖစ္ၿပီး အညစ္အေၾကးမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ အကယ္၍ ၄င္းတို႔ကို ေရာဂါဘယမ်ားကုသေရးႏွင့္ က်င့္ႀကံေရးအတြက္ ကူညီေထာက္ပ့ံရာတြင္ အသုံးျပဳမိပါက ေသခ်ာေပါက္ အက်ိဳးနည္းမည္ျဖစ္ၿပီး အမွန္တကယ္ အာနိသင္ျပည့္ဝသည့္ေဆးလုံးမ်ားႏွင့္ယွဥ္နိုင္မည္မဟုတ္ေခ်။

ထိုေၾကာင့္ ဤေနရာရွိေဆးဆရာဆိုသူမ်ားသည္ အဆင့္နိမ့္ေဆးဆရာမ်ားသက္သက္သာျဖစ္ၾကသည္။

လက္ရွိအခ်ိန္တြင္ ဤ <<အ​ေျခခံေဆးဝါးသန့္စင္ျခင္းလက္စည္းတံဆိပ္မ်ား>> က်မ္းစာအုပ္ထဲတြင္ လက္စည္းတံဆိပ္အၫႊန္း (၃) ခုကို အေသးစိတ္ေဖာ္ျပထားသည္။ ေဆးဖက္ဝင္ေဆးလုံးမ်ားကို စင္ၾကယ္သန့္စင္ရန္အတြက္ <<ၾကယ္စင္ကိုးသြယ္ဆြတ္ခူး႐ြယ္ - အငယ္တန္းစည္းတံဆိပ္>>, ေဆးဖက္ဝင္ေဆးအႏွစ္ရည္မ်ားကို စင္ၾကယ္သန့္စင္ရန္ အတြက္ <<ေဆာင္းဦးရာသီဆီးႏွင္းပြင့္ခ်ီ - အငယ္တန္းစည္းတံဆိပ္>>, ေဆးဖက္ဝင္ဓာတ္စာဟင္းလ်ာမ်ားကို စင္ၾကယ္သန့္စင္ရန္အတြက္ <<ၫႊတ္ေျပာင္းရိုးသြယ္ပန္းပြင့္သဖြယ္- အငယ္တန္းစည္းတံဆိပ္>> တို႔ျဖစ္ၾကသည္။

ကုက်ိဳးမွာ တစ္ခ်က္ၾကည့္႐ုံႏွင့္ ထိုနည္းလမ္းတစ္ခုခ်င္းစီသည္ ရႈပ္ေထြးေပြလီကာ ခက္ခဲမည္ဆိုတာ အတပ္ေျပာနိုင္သည္။ သို႔ေသာ္ ဒီနည္းလမ္း​ေတြက အရိုးဆုံးႏွင့္ အရွင္းဆုံး နည္းလမ္းမ်ားဟုဆိုထား​ေလသည္ -- သူက မတတ္သာပဲ ကိုယ့္ကိုယ္ကို ထပ္ၿပီးသံသယျဖစ္မိျပန္သည္ : ဒါေတြကို ငါက တကယ္တစ္လအတြင္း သင္လို႔တတ္ပါ့မလား?

က်န္ေသာ က်မ္းစာ(၃)အုပ္ကေတာ့ အ​ေျခအေနသိပ္မဆိုးလွ​ေပ။ အေျခခံအားျဖင့္ ထိုစာအုပ္မ်ားက ေဆးဖက္ဝင္ေဆးလုံးမ်ား, ေဆးအႏွစ္ရည္မ်ားႏွင့္ ဓာတ္စာဟင္းလ်ာမ်ားကို ျပဳလုပ္ေဖာ္စပ္ပုံႏွင့္ ေဆးၫႊန္းေပါင္းမ်ားစြာပါဝင္ေသာစာအုပ္မ်ား​ျဖစ္သည္။ သူက လက္စည္းတံဆိပ္မ်ားကို ကြၽမ္းက်င္ပိုင္နိုင္သြားသည့္အခါ ဤက်မ္းစာအုပ္မ်ားကို ေလ့က်င့္ရာတြင္ အသုံးျပဳနိုင္သည္။

သို႔ေသာ္ သူ႕ကို စိတ္ဓာတ္က်ေစသည့္အရာက ေဆးဝါးမ်ားကိုသန့္စင္ရာတြင္ ဒီလက္စည္းတံဆိပ္သုံးခုကို သူ အသုံးျပဳရန္လိုအပ္​​ျခင္းပင္။ <<နတ္ေဆးပညာစိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္း>> ၏ မိတ္ဆက္အခန္းေလးေလာက္ကိုပင္ နားလည္ကြၽမ္းက်င္ဖို႔ရန္ သူက ဒီက်မ္းစာမ်ားႏွင့္ လက္စည္းတံဆိပ္မ်ားကို ပိုင္နိုင္ကြၽမ္းက်င္ေနရမည္ျဖစ္သည္။ မဟုတ္ပါက သူ၏ က်င့္ႀကံျခင္းအေျခခံဖြဲ႕စည္းမႈ အားနည္းကာ မည္မွ်အစြမ္းကုန္ႀကိဳးစားၿပီး ေဆးဝါးမ်ားကိုသန​့္စင္ေနပါေစ ရလဒ္က အခ်ည္းႏွီးသာျဖစ္ေပလိမ့္မည္။

မတတ္နိုင္ဘူး။ ေနာက္ဆုံးေတာ့ စိတ္ဝိညာဥ္ က်င့္ႀကံေရးကိုပဲ အရင္လုပ္ရမွာပဲ

ကုက်ိဳးကေျပာလိုက္သည္ : ဒီစာအုပ္ေတြကို အရင္သိမ္းထားလိုက္

[ေကာင္းပါၿပီ Host]

မ်က္စိတစ္မွိတ္အတြင္း စာအုပ္မ်ားက ကုက်ိဳးလက္ေပၚမွ ေပ်ာက္ကြယ္သြားသည္။

ကုက်ိဳးက အနည္းငယ္သိခ်င္သြားကာ : မင္း အဲ့ဒီစာအုပ္ေတြကို ဘယ္မွာထားလိုက္တာလဲ?

[ဒီ System မွာ ေလဟာနယ္သိုေလွာင္႐ုံဆိုတာ ရွိပါတယ္။ အဲ့ဒီက အခန္းေတြထဲမွာ သက္မဲ့ပစၥည္းေတြနဲ႕ စဥ္းစားဆင္ျခင္နိုင္စြမ္းမရွိတဲ့ သက္ရွိပစၥည္းေတြကို သိုေလွာင္ထားနိုင္ပါတယ္။ ေက်းဇူးျပဳၿပီး Host က မိမိဘာသာ စူးစမ္းေလ့လာၾကည့္လို႔ရပါတယ္]

ကုက်ိဳး အံ့အားသင့္သြားသည္။
သူက ဒီ System နဲ႕အသိအမွတ္ျပဳေပါင္းစည္းၿပီးသည့္ေနာက္တြင္ System ႏွင့္သူ၏ ဆက္သြယ္မႈက အေတာ္ေလးနီးနီးကပ္ကပ္ရွိလာၿပီး System က သူ႕ကို ဘာမွလွ်ို႔ဝွက္ထားလို႔မရနိုင္မွန္း သူခံစားမိသည္။ သူအေနျဖင့္ ေနာက္ထပ္ေမးစရာ ဘာမွမရွိေတာ့ေပ။.... System က ထပ္မံသတိေပးလိုက္သည့္အခါ သူက စိတ္ကိုတည္ၿငိမ္ေအာင္လုပ္လိုက္ၿပီး ထိုေလဟာနယ္သိုေလွာင္႐ုံနဲ႕ ခ်ိတ္ဆက္ရန္ႀကိဳးစားလိုက္သည္။

ေသခ်ာတာက သူ႕စိတ္ထဲတြင္ တျဖည္းျဖည္းခ်င္းခံစားမိလာသည္။ သူ၏စိတ္အာ႐ုံထဲတြင္ အမည္းေရာင္ေလဟာနယ္ကဲ့သို႔ေသာ အခန္းအလြတ္ႀကီး ၁၂ ခုရွိေနသည္။ ဒါက ေလဟာနယ္သိုေလွာင္႐ုံဆိုတဲ့ဟာလား?

သူက ထို အခန္းလြတ္ႀကီးမ်ားကို စိတ္ထဲတြင္ ႀကိဳးစားျမင္ေယာင္ၾကည့္လိုက္ေတာ့ ထင္သည့္အတိုင္း သူစိတ္ထဲကေန ၄င္းတို႔ကို အမွန္တကယ္ ျမင္နိုင္လာသည္။ ပထမအခန္းထဲတြင္ ခုနက ေရွးေဟာင္းက်မ္းစာအုပ္မ်ားကို သိမ္းဆည္းထားသည္။ အခန္းမ်ားက အလြန္ႀကီးမားၿပီး ေနရာလြတ္မ်ားလည္း မ်ားစြာက်န္ရွိေနေသးသည္။ ေနာက္ထပ္ က်မ္းစာအုပ္နည္းနည္းထပ္တိုးလာရင္ေတာင္ ျပႆာနာမရွိနိုင္ေပ။ ဒီလိုဆို ပထမအခန္းကို သူ႕၏ ကိုယ္ပိုင္စာအုပ္စင္အျဖစ္ အသုံးျပဳနိုင္ေပသည္။ ေနာင္ကို System က ေနာက္ထပ္စာအုပ္ေတြထပ္ေပးလာခဲ့လွ်င္ အားလုံးကို ဒီအခန္းထဲတြင္ သူ စုထည့္ထားရမည္။

ကုက်ိဳး စမ္းၾကည့္ဖို႔ျပင္လိုက္သည္ : System မင္းအခုမလႈပ္နဲ႕။

[ေကာင္းပါၿပီ Host]

ထို႔ေနာက္ ကုက်ိဳးက <<ေဆာင္းဦးရာသီဆီးႏွင္းပြင့္ခ်ီ - အငယ္တန္းစည္းတံဆိပ္>> စာအုပ္ကို ထုတ္ယူလိုက္သည္ဟု စိတ္ကူးလိုက္သည္။ ခ်က္ခ်င္းပင္ သူ႕၏စိတ္ထဲက ဖ်တ္ခနဲလႈပ္ရွားသြားၿပီး လက္စည္းတံဆိပ္က်မ္းစာအုပ္က သူ႕လက္ထဲသို႔ မ်က္စိတစ္မွိတ္အတြင္းေရာက္ရွိလာသည္။ ထို႔ေနာက္ သူက စာအုပ္ကို ျပန္ထားဖို႔ စိတ္ကူးလိုက္ရာ ခုနကႏွင့္ တူညီေသာ ခံစားခ်က္တစ္ခုျဖစ္ေပၚလိုက္ၿပီးေနာက္ လက္စည္းတံဆိပ္စာအုပ္မွာ သိုေလွာက္႐ုံ ပထမခန္းထဲသို႔ ျပန္လည္ေရာက္ရွိသြားေတာ့သည္။

သူ ေက်နပ္အားရသြား၏။

တစ္နည္းေျပာရရင္ သူဒီအိမ္က ထြက္သြားသည့္အခါ လက္ထဲတြင္ ဘာပစၥည္းမွ သယ္သြားရန္မလိုေတာ့ေပ။ သူလိုအပ္သည့္အရာအားလုံးကို ဒီသိုေလွာင္႐ုံထဲတြင္ ထည့္သြားနိုင္သည္။

ကုက်ိဳးက System ၏စြမ္းေဆာင္ရည္မ်ားကို အေတာ္အတန္ ေလ့လာၿပီးသည့္ေနာက္ ေနာက္ထပ္ အခ်ိန္မျဖဳန္းေတာ့ေပ။ သူက သင့္ေတာ္ေသာေနရာတစ္ခုရွာကာ စိတ္ဝိညာဥ္က်င့္ႀကံေရးနည္းလမ္းကို စတင္ေလ့လာရန္ျပင္လိုက္သည္။

မွန္ကန္တဲ့က်င့္ႀကံေရးနည္းလမ္းကို သူနားမလည္နိုင္ေသးရင္ေတာင္ သူ႕ရဲ႕စိတ္ဝိညာဥ္ကိုေတာ့ အရင္ေလ့က်င့္ထားနိုင္သည္။

သို႔ေသာ္ ကုက်ိဳးမွာ ဒီကမာၻသို႔ေရာက္ရွိလာၿပီးကတည္းက အလြန္အလုပ္မ်ားေနရသည္။ အခုလည္း သူ႕မွာ စိတ္ေအးလက္ေအး က်င့္ႀကံဖို႔ ကံမပါေသးေပ။

႐ုတ္တရတ္ အျပင္မွ ေလးလံေသာေျခသံမ်ားကို ၾကားလိုက္ရသည္။ ထိုေျခသံမ်ားက သူ႕အခန္းတံခါးေရွ႕တြင္ ရပ္သြားကာ တံခါးေခါက္သံထြက္ေပၚလာသည္။

"သခင္ေလးထ်န္း႐ုံ, ညစာလာပို႔တာပါ။ တံခါးျမန္ျမန္လာဖြင့္ေပးဦး!"

အသံက အေစခံတစ္ေယာက္ျဖစ္ရမည္။ သို႔ေသာ္ သူမအသံက နည္းနည္းမွ ယဥ္ေက်းပ်ဴငွာမႈမရွိေခ်။ သူေတာ္စင္ေလး ခ်ီထ်န္း႐ုံကေတာ့ ဒီလိုအျပဳအမူကို ဂ႐ုစိုက္မည္မဟုတ္ေပ သို႔ေသာ္ ကုက်ိဳးကေတာ့ သူ႕မွတ္ဥာဏ္ကို ၾကည့္လိုက္တာနဲ႕ သိေနၿပီျဖစ္သည္။

အစကေန ယခုတိုင္ ခ်ီထ်န္း႐ုံသည္ သခင္ေလးထ်န္း႐ုံ ဟု အမည္တြင္ခဲ့သည္။ ခ်ီ မိသားစု၏ လက္ေအာက္ခံအိမ္ေတာ္မ်ားမွ ေခါင္းေဆာင္မ်ားကိုလည္း သာမာန္အားျဖင့္ စီနီယာအရ သခင္ေလးဟုသာ သုံးႏႈန္းၾကသည္။ ၄င္းမွာ ပါရမီအရည္အခ်င္းရွိေသာလူမ်ားကို ဒီမိသားစု၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ေဖာ္ျပေသာသ​ေကၤတတစ္ခုသာျဖစ္သည္။.....သို႔ေသာ္ အ႐ူးေလး ခ်ီထ်န္း႐ုံခမ်ာ ထိုအေခၚအေဝၚ၏ေနာက္ကြယ္က အဓိပၸါယ္ကို မသိသြားခဲ့ရေပ။

ထိုအေၾကာင္းကို စဥ္းစားမိေတာ့ ကုက်ိဳး အနည္းငယ္ ေဒါပြသြားသည္။ သို႔ေသာ္ အခု သူ႕မွာ အဲ့ဒါကိုဂ႐ုစိုက္ေနဖို႔ အခ်ိန္မရွိေပ။

သူက ခ်ီထ်န္း႐ုံ၏ အေလာင္းႀကီးဆီ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ လက္ရွိတြင္ သူက ဒီအေလာင္းႀကီးကို ၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္ေအာင္ ျပင္ဆင္ဖို႔မျဖစ္နိုင္ေပ။ ၿပီးေတာ့ ၾကည့္ရတာ သူက တံခါးမဖြင့္ျပန္ရင္လည္း ထိုအေစခံက ဘယ္နည္းနဲ႕ျဖစ္ျဖစ္ အထဲေရာက္ေအာင္ ဝင္လာမည့္ပုံေပၚသည္။ ဒါေပမယ့္ သူက ဒီေသာက္အေလာင္းေကာင္ႀကီးကို ဘာလုပ္ပစ္ရမွာတုန္း?

[ေလဟာနယ္သိုေလွာင္႐ုံ]

ကုက်ိဳးက အသက္ရႈေအာင့္လိုက္ကာ စိတ္ထဲကေန ဒီအေလာင္းႀကီးကို သိုေလွာင္႐ုံထဲထည့္ဖို႔ စိတ္ကူးလိုက္သည္။

မ်က္စိတမွိတ္အတြင္းမွာပင္ ကုတင္ေပၚမွာ ေနရာရွင္းလင္းသြားကာ သိုေလွာင္႐ုံ၏ ၁၂ ခုေျမာက္အခန္းမွာေတာ့ အေလာင္းႀကီးတစ္ခုက တိတ္ဆိတ္စြာ ေပၚေလာေမ်ာေနေတာ့သည္။

တစ္ခ်ိန္တည္းမွာ အခန္းတံခါးကလည္း ပြင့္လာသည္။

ကုက်ိဳးက သက္ျပင္းတစ္ခ်က္မႈတ္ထုတ္လိုက္၏။

ကံသီေပလို႔....

သူေခါင္းလွည့္ၾကည့္လိုက္ေတာ့ ေက်ာက္စိမ္းေရာင္ဂါဝန္ကိုဝတ္ဆင္ထားသည့္ မိန္ကေလးတစ္ေယာက္ကို ေတြ႕ရသည္။

ခ်ီထ်န္း႐ုံ၏ မွတ္ဥာဏ္အရဆို သူမက ဒီအိမ္က အမ်ိဳးသမီးေခါင္းေဆာင္၏ ကိုယ္ပိုင္အေစခံမေလး 'ေခြၽ႕အယ္' ျဖစ္သည္။ သူမက ထ်န္း႐ုံအေပၚ အၿမဲယဥ္ေက်းသိမ္ေမြ႕ကာ မေတာ္တဆမႈျဖစ္ၿပီးေနာက္ပိုင္းမွာလည္း သူမ၏ အျပဳအမူမ်ားက ေျပာင္းလဲသြားခဲ့ျခင္းမရွိဘဲ ေႏြးေထြးသည့္အၿပဳံးေလးပန္ဆင္ကာ သူ႕ဆီထမင္းလာပို႔ၿမဲျဖစ္သည္။

ဒါေပမယ့္ ကုက်ိဳးကေတာ့ လူသားတို႔၏ စိတ္သေဘာထားအမွန္ကို ရွင္းလင္းစြာျမင္နိုင္သည္။ ထို႔ေၾကာင့္ သူက စိတ္ထဲကေန တဟားဟား ရယ္လိုက္သည္။

သူမ၏ မ်က္ႏွာမွာ အလြန္ႏွစ္လိုသည့္သေဘာေဆာင္​ေနေသာ္လည္း ႏွေမ်ာစရာက သူမ၏ လွပေသာမ်က္လုံးမ်ားတြင္ ႐ြံရွာစက္ဆုပ္ျခင္းမ်ားက စြန္းထင္းေနခဲ့သည္။ အခုေတာ့ သူမမ်က္လုံးေတြက အထင္အျမင္ေသးမႈမ်ားျဖင့္သာ တလက္လက္ေတာက္ပေန၏။

......ခ်ီထ်န္း႐ုံရဲ႕ လူကဲခတ္ပုံကေတာ့ မ်က္မွန္တစ္လက္ေလာက္ဝယ္ထားေပးသင့္သည္။

သို႔ေသာ္လည္း ကုက်ိဳးသည္ ခ်ီထ်န္း႐ုံကဲ့သို႔ ပုံဖမ္းကာ ေဖ်ာ့ေတာ့စြာ ၿပဳံးလိုက္၏

"ေခြၽ႕အယ္, မင္းလာၿပီလား?"

ေခြၽ႕အယ္၏ မ်က္လုံးမ်ားသည္ စက္ဆုပ္႐ြံရွာျခင္း၊ အထင္အျမင္ေသးျခင္းတို႔ျဖင့္ ျပည့္ႏွက္ေနသည္။ သို႔ေသာ္ သူမက ယဥ္ေက်းပ်ဴငွာသည့္ မိန္းမငယ္ေလးတစ္ေယာက္သဖြယ္ အခန္းထဲသို႔ လွမ္းဝင္လိုက္သည္။ သူမက ဟင္းပြဲ ၅ ပြဲ ၆ ပြဲခန့္ပါသည့္ ေလးလံလွေသာ လင္ဗန္းႀကီးကို စားပြ​ဲခုံေပၚတြင္ ခင္းက်င္းလိုက္သည္။ ဟင္းပြဲခ်သံမ်ားက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။

ကုက်ိဳးခမ်ာ ဒီလိုသိုင္းပညာက်င့္ႀကံၾကသည့္ေခတ္ႀကီးတြင္ သူ႕ရဲ႕ အားအင္ခ်ိနဲ႕လွသည့္ ႂကြက္သားကေလးမ်ားက သူမ်ားအိမ္က အေစခံမေလးတစ္ေယာက္ကိုေတာင္ မယွဥ္သာၿပီဟု ခံစားလိုက္ရသည္......

______________________________________

အခ်စ္ဆုံးတို႔ေရ......

သူတို႔ရွင္းထားတာေတြက အရမ္းရႈပ္သြားလား 😅 သိပ္မၾကာခင္မွာေတာ့ ကိုကို 'ကုန္' ေပၚလာေတာ့မွာပါေနာ္....အဲ့ေတာ့ ေနာက္အပိုင္းမွာ ျပန္ေတြ႕ၾကမယ္ေနာ္။ အားလုံးအစစအရာရာ အႏၲရာယ္ကင္းၾကပါေစလို႔ ဆုေတာင္းရင္း......

With love ❤
Taiga 😘

((Unicode))

အပိုင်း (၃)
ရှေ့ခရီးလမ်းကရှည်လှတယ်

💊💊💊
ချီထျန်းရုံ၏ မှတ်ဥာဏ်အရ 'ထျန်းဝူ' တိုက်ကြီးအတွင်းရှိ ဆေးဆရာများကို 'အဆင့်မီသူများ' နှင့် 'အဆင့်မမီသူများ' ဟူ၍နှစ်မျိုးနှစ်စားခွဲခြားထားသည်။ ဆေးဝါးများကို ဆေးလုံးအဖြစ်သန့်စင်ပေးနိုင်သည့်ဆေးဆရာများကို 'အဆင့်မီသူများ' ဟု သတ်မှတ်ပြီး၊ ဆေးဝါးများကို ဆေးရည်အဖြစ်သာသန့်စင်နိုင်ပြီး ဆေးလုံးများဖြစ်လာအောင် ပေါင်းစပ်နိုင်စွမ်းမရှိသူများကို 'အဆင့်မမီသူများ' ဟုသတ်မှတ်သည်။

စစ်ဆေးမှုကို ကျော်ဖြတ်နိုင်သည့် ဆေးလုံးများကို 'လူသားအဆင့်ဆေးလုံးများ' ဟုခေါ်တွင်ပြီး အမျိုးအစား(၃)ဆင့် ခွဲခြားသတ်မှတ်ထားသည်။ ထိုလူသားအဆင့်ဆေးလုံးများအားလုံးသည် မည​်သည့်အဆင့်တွင်ရှိသည်ဖြစ်စေ သိုင်းပညာကျင့်ကြံသူတို့အတွက် အသုံးဝင်လှ​ေပသည်။

ကုကျိုးက ခေါင်းတညိမ့်ညိမ့်လုပ်နေ၏။

သိပ်ကောင်းတယ်, ကြည့်ရတာ ဒီလူသားအဆင့်ဆေးလုံးတွေရဲ့ စျေးကွက်ကသေးတော့မသေးလှဘူးပဲ?

သိုင်းပညာကျင့်ကြံသူများအကြောင်းကို ဆက်ရလျှင် ၄င်းတို့ကို ဟို့ထျန်း (ဆည်းပူးကျင့်ကြံခြင်း) နှင့် ရှန်းထျန်း (ချီစွမ်းအင်မွေးဖွားခြင်း) ဟူ၍ နှစ်မျိုးခွဲပြန်သည်။ ရှန်းထျန်း၏ အထက်တွင် အဆင့်တစ်ဆင့်ရှိသေးပြီး ၄င်းကို ထို့ဖန် (မသေမျိုးအဆင့်) ဟုခေါ်သည်။ ---- နာမည်ခေါ်ဝေါ်သည့်အတိုင်း, ထိုအဆင့်ကို ကျင့်ကြံအောင်မြင်သူသည် သာမာန်လူသားတစ်ယောက်၏ အဆင့်အတန်းမှ ကျော်လွန်ကာ နောက်တစ်ဆင့်သို့တက်လှမ်းနိုင်သည်။ ထိုကျင့်ကြံသူ၏ သက်တမ်းမှာလည်း နှစ်ဆတိုးသွားမည်ဖြစ်သည်။

ဒီနေရာရှိ သာမာန်လူတစ်ဦး၏ ပျှမ်းမျှသက်တမ်းမှာ နှစ်ပေါင်း ၁၅၀ ခန့်ဖြစ်သည်။ အတိုချုံးပြောရလျှင် ထိုသတ်မှတ်ချက်အဆင့်ကို ကျော်လွန်တက်လှမ်းနိုင်လျှင် သူ၏ အသက်မှာ နှစ်ပေါင်း ၃၀၀ ခန့် ရှင်သန်နိုင်မည်ဖြစ်သည်။ ထိုအချိန်ကာလအတွင်း ရှားပါးသည့် ဆေးဝါအမယ်များကို ရှာဖွေကာ 'အဆင့်မီသူ' ဆေးဆရာတစ်ယောက်၏ အကူအညီကို ရယူနိုင်ပါက ထိုသက်တမ်းထက်ပင် ပို၍ကြာကြာ အသက်ရှည်နိုင်မည်ဖြစ်သည်။

ထိုမျှသာမက သိုင်းပညာရှင်တစ်ယောက် သက်တမ်းကြာကြာနေနိုင်ပါက သူ့မိသားစုကို ပို၍ကြာကြာအကျိုးပြုထောက်ပံ့နိုင်သလို မိသားစုမှ ပါရမီရှင်တက်သစ်စများကိုလည်း ပိုမိုပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည်။ ဤနည်းဖြင့် သိုင်းပညာကျင့်ကြံသူများသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ အင်အားကြီးမားလာအောင် ထူထောင်ရင်း စွမ်းအားကြီးမားသော မိသားစုအဖြစ်တည်ဆောက်ကြသည်။

ထိုသို့ဆိုလျှင် လူသားအဆင့်ဆေးလုံးများ၏ အဆင့် (၃) ဆင့်သည် 'အဆင့်မီသူ' ဆေးဆရာများ၏ အဆင့် (၃) ဆင့်အတွက်သာမက သိုင်းပညာကျင့်ကြံသူတို့၏ နယ်ပယ် (၃)ဆင့် အတွက်ပါ သင့်တော်အကျိုးပြုနေပေသည်။

(T/N - သာသာ အဆင့်သတ်မှတ်ချက်အခန်းမှာ ရှင်းခဲ့သလိုပါပဲ။ လူသားအဆင့်ဆေးလုံးတွေမှာ ဟို့ထျန်း၊ ရှန်းထျန်း၊ ထို့ဖန် ဆိုပြီး အဆင့် (၃) ခုရှိပါတယ်။ အဲ့ဆေးလုံးတွေရဲ့ အကျိုးအာနိသင်က ဖော်စပ်သူဆေးဆရာတွေကိုတင် အကျိုးရှိ​ေစတာမဟုတ်ဘဲ သိုင်းပညာကျင့်ကြံသူတွေရဲ့ ဟို့ထျန်း၊ ရှန်းထျန်း၊ ထို့ဖန် အဆင့်ရှိသူတွေကိုပါ အကျိုးအာနိသင်တိုးပွားစေတာဖြစ်တယ်လို့ ဆေးလုံးများရဲ့ အရေးပါပုံကို ရှင်းပြထားတာဖြစ်ပါတယ်)

အဆင့်နိမ့်ဆေးဆရာများသည် အဆင့်နိမ့်ဆေးလုံးများကို ဖော်စပ်နိုင်ကြပြီး ထိုဆေးလုံးများက ဟို့ထျန်းအဆင့်သိုင်းကျင့်ကြံသူတို့အတွက် သင့်တော်​ေပသည်။ အလယ်အလတ်အဆင့်ဆေးဆရာများသည် အလယ်အလတ်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ကြပြီး ထိုဆေးလုံးများမှာ ရှန်းထျန်းအဆင့်သိုင်းကျင့်ကြံသူများအတွက် သင့်တော်ပေသည်။ ဤကဲ့သို့ပင် အဆင့်မြင့်ဆေးဆရာများသည် အဆင့်မြင့်ဆေးလုံးများကိုဖော်စပ်ပေးနိုင်ကြပြီး သူတို့ကသာ ထို့ဖန်အဆင့်သိုင်းကျင့်ကြံသူတို့အတွက် မသေမျိုးနတ်ဆေးလုံးများကို ဖော်စပ်နိုင်ဖို့ အခွင့်အရေးရှိကြလေသည်။

ချီထျန်းရုံသည် ကုကျိုးကဲ့သို့ အသက် ၁၅ နှစ်သာရှိသေးသော်လည်း သူက 'အဆင့်မမီသူ' ဆေးဆရာတစ်ယောက်အဖြစ် ဆေးရည်များကို ဖော်စပ်ပေးနိုင်ပြီး ဆေးလုံးများအဖြစ် သန့်စင်နိုင်ရန် စတင်ကြိုးစားနေပြီဖြစ်သည်။ သူ့ဖော်စပ်သည့်ဆေးလုံးများသည် လက်ရှိတွင် မအောင်မြင်သေးသော်လည်း သံသယဖြစ်စရာမလိုအောင် အချိန်တစ်နှစ်မှ နှစ်နှစ်အတွင်းသေချာပေါက် အောင်မြင်ကာ အနိမ့်တန်း 'အဆင့်မီသူ' ဆေးဆရာတစ်ယောက်ဖြစ်လာမှာ မလွဲဧကန်ပင်ဖြစ်သည်။

ချီဖုန်းက ဆေးဝါးများသန့်စင်နိုင်သည့် ပင်ကိုပါရမီပါသော်လည်း ချီထျန်းရုံနှင့် ယှဥ်ရင်တော့ သူ့အဖြစ်က နေ့နှင့်ညလို ကွာခြားလွန်းလှသည်။ လက်ရှိတွင် ချီဖုန်းသည် ဆေးရည်အဖြစ်သန့်စင်ရာတွင်ပင် မကြာခဏရှုံးနိမ့်နေပြီး တစ်ဖက်မှာတော့ ချီထျန်းရုံက ၁၀ ကြိမ်တွင် ၇ကြိမ် ၈ကြိမ်ခန့်က အောင်မြင်နေပြီဖြစ်သည်။

ဤကဲ့သို့ ပါရမီကွာခြားမှုသည်လည်း ချီဖုန်းက ချီထျန်းရုံကို မုန်းတီးရသည် နောက်ထပ်အကြောင်းရင်းတစ်ခုပင်ဖြစ်တော့သည်။

ဤသို့နှင့် နောက်ထပ်ပြဿနာတစ်ခု ပေါ်ပေါက်လာသည်။

ချီထျန်းရုံက ယုံကြည်မှုရှိရှိ ဆေးရည်များကို သန့်စင်နိုင်သော်လည်း ကုကျိုး လေ့လာကြည့်လိုက်တော့ ဆေးဝါးသန့်စင်ခြင်းနည်းလမ်းအဆင်ဆင့်မှာ အလွန်ရှုပ်ထွေးပွေလီကာ နှေးကွေးလွန်းလှသည်။ တစ်ခါတစ်ရံ တစ်နေ့လုံးနေမှ ရိုးရှင်းလှသည့်ဆေးရည်လေးတစ်ခွက်လောက်သာ သန့်စင်ပေးနိုင်သည်။ ပြောစရာပင်မလို, မှတ်ဥာဏ်ကို ထိုင်ကြည့်ရခြင်းနှင့် တကယ့်လက်တွေ့လုပ်ရခြင်းသည် လုံးဝကိုမတူသည့် အရာနှစ်ခုဖြစ်သည်။ ကုကျိုးမှာက ဒီလို ဆေးဝါးသန့်စင်ရသည့် အတွေ့အကြုံမျိုးလည်း တစ်ခါမှ မရှိခဲ့ပေ။ ထို့အပြင် သူတွေးကြည့်လိုက်တော့ System ပြောထားသည့် သန့်စင်ခြင်းလုပ်ဆောင်နေစဥ် ချီစွမ်းအင်အမျှင်များထွက်ပေါ်လာမည်ဆိုတာကရှိသေးသည်။ ထိုကဲ့သို့သောအရာက သေချာပေါက်, ပေါက်လုတ်ပဲစား ယီးတီးယားတား သွားလုပ်၍ ထွက်လာမှာ​ေတာ့မဟုတ်ချေ။

သူ ဒီအရှုပ်ထုပ်ကြီးကနေ ဘယ်လိုလွတ်အောင်ရုန်းထွက်ရမလဲ?

ကုကျိုးမှာ တစ်မျိုးအစော်ကားခံလိုက်ရသလိုထင်မိသည်။ သူက မတတ်သာတဲ့အဆုံး System ကို ပြန်ခံပြောလိုက်သည် :
ငါတို့ပေါင်းစည်းတုန်းက ပြောထားတဲ့ ပြီးမြောက်အောင် လုပ်နိုင်မယ့်မစ်ရှင်မျိုးပဲပေးမယ်ဆိုတာကကော? အခုငါအစားဝင်ရမယ့်လူရဲ့ အခြေအနေက ဆေးပုလဲလုံးတွေ နှိုက်ထုတ်ခံထားရတာလေ။ ဆေးဖော်ဖို့လိုတဲ့ ဆေးဝါးအမယ်တွေဆိုတာလည်း မရှိတဲ့ဟာကို၊ ငါကဘယ်ဆေးတွေကို ဘယ်လိုသန့်စင်ရမှာတုန်း? အချိန်ကလည်း တစ်လတည်းပေးထားဟာ၊ မင်းက ငါ့ကို တကယ်သွားသေခိုင်းနေတာလားဟေ့!

[ကျေးဇူးပြုပြီး Host က ပေးထားတဲ့ စိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်းကို စိတ်ပါလက်ပါကြိုးစားလေ့ကျင့်ပြီး မစ်ရှင်ပစ္စည်းတွေကို အပြည့်အဝ အကျိုးရှိအောင်အသုံးချပေးပါ။ ချီထျန်းရုံရဲ့ နည်းလမ်းတွေက အကောင်းဆုံးမှ ရွက်ကြမ်းရေကြို လူသစ်အဆင့်လောက်ပဲရှိပါတယ်။ Host က <<အခြေခံဆေးဝါးသန့်စင်ခြင်းလက်စည်းတံဆိပ်>>တွေကိုသေချာလေ့လာသင့်ပါတယ်]

ကုကျိုးက ပြန်လည်တည်ငြိမ်သွားကာ :
အဲ့တော့ဆိုလိုတာက, ငါတကယ်လုပ်ရမှာက မင်းငါ့ကိုပေးထားတဲ့ ပစ္စည်းတွေနဲ့ စိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်းတွေကို လေ့လာရမှာပေါ့? ချီထျန်းရုံရဲ့ မှတ်ဥာဏ်တွေက ဒီကမ္ဘာကြီးရဲ့ သဘောတရားကို ငါ နားလည်သဘောပေါက်သွားစေဖို့ သက်သက်ပဲပေါ့ ဟုတ်လား?

[ဟုတ်ပါတယ် Host]

ကုကျိုးတစ်ယောက် အားငယ်သွားတော့သည်။

ကောင်းပြီ, ကောင်းပြီ ဘယ်လိုပဲဖြစ်ဖြစ် သူက ချီထျန်းရုံရဲ့ ဖြစ်တည်မှုကို အသုံးချချင်တာကိုး.....

နောက်တော့ သူမေးလိုက်သည် :
မင်းခုနက ငါ့ကိုပြောတော့ မင်းမှာ အချိန်နာရီဝက်ပဲရှိတာဆို. အခု မင်း ငါ့ကို သခင်အဖြစ်အသိအမှတ်ပြုလိုက်ပြီဆိုတော့ မင်းပြန်အိပ်ဖို့ လိုသေးလား?

[တစ်လအချိန်ရပါတယ်။ တကယ်လို့ Host က တာဝန်ကို တစ်လအတွင်းပြီးအောင် လုပ်ဆောင်နိုင်ရင် ဒီ System ကဆက်ပြီးအလုပ်လုပ်နေမှာပါ။ တကယ်လို့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ရင်တော့ System က အလိုအလျောက်ဖျက်ဆီးခြင်းကိုလုပ်ဆောင်မှာပါ]

ကုကျိုး : "....."

အဲ့ဒါကြောင့် ဒါက အလုံးစုံပျက်သုန်းမယ်လို့ ပြောတာကိုး....

ဒီ System တကယ်ရက်စက်တာပဲ. ဒါက အခြေခံအားဖြင့် "မင်းမစ်ရှင်ကို ပြီးအောင်မလုပ်နိုင်ရင် ငါတို့အတူတူသေကြမယ်...."လို့ပြောနေတာပဲလေ...

ဒါက ဒီလောက်ထိကြောက်စရာကောင်းဖို့လိုလို့လား? ဘယ်သူက System နဲ့ တူတူသေချင်မှာလဲ?!

ထားပါတော့. သင်စရာရှိတာသင်လိုက်ရုံပေါ့

ဟုတ်တယ်,ဟုတ်တယ်,ဟုတ်တယ်..သူမသေချင်သေးဘူး! သူ့အဖေကိုရှာဖို့ သူအိမ်ကိုပြန်ရဦးမယ်!

ကုကျိုးတစ်ယောက် မျက်နှာကိုသပ်လိုက်ကာ ကြိတ်မှိတ်သည်းခံလိုက်ရင်း : System ငါ့ကို မစ်ရှင်ပစ္စည်းတွေပေး။

စိတ်ဝိညာဥ်ကျင့်ကြံဘာဆိုလားနည်းလမ်းကို လောလောဆယ် ခဏလောက်ဖယ်ထားရအောင် အဲ့ဒါကို ဖြည်းဖြည်းချင်းနားလည်လာအောင်လုပ်ရမယ်

ခဏအတွင်း ကုကျိုး၏လက်ထဲသို့ စာအုပ်ကြီးလေးအုပ်ရောက်ရှိလာသည်။ ထိုစာအုပ်များမှာ အလွန်ရှေးကျကာဟောင်းနွမ်းနေသည်။ အထဲကိုဖွင့်ကြည့်လိုက်တော့ ကျမ်းစာ,စာလုံးများကို ဒေါင်လိုက်ရေးသားထားသည်ကိုတွေ့ရသည်။ ကုကျိုးသာ ဆေးပင်ဆေးဝါးတွေကို အာရုံခံစားနိုင်စွမ်းမရှိခဲ့ရင် ငယ်ငယ်လေးကတည်းက သူ့အဖေလို ဆံပင်မရှိတဲ့ ထိပ်ပြောင်ဘဝရောက်နေမှာသေချာသည်။ ဒီစာအုပ်တွေထဲက ကျမ်းစာများမှာ အဖြတ်အတောက်များပင်မပါဘဲ ရေးသားထားခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် လောလောဆယ်တော့ ကျမ်းစာဖတ်ဖို့က အဆင်ပြေသွားခဲ့ပြီ......

ကုကျိုးသည် အလွန်ဉာဏ်ကောင်းသူဖြစ်ပြီး အထူးသဖြင့် ဆေးဘက်ဆိုင်ရာစာအုပ်များကို ဖတ်ရှုရာတွင် ပိုမိုထူးချွန်သည်။ သူ့၏ မှတ်ဥာဏ်က ဓာတ်ပုံရိုက်သလို ခရေစေ့တွင်းကျမှတ်နိုင်သော မှတ်ဥာဏ်ဟု ဆိုနိုင်သည်။ ယခုတော့ System နှင့် ၄င်း၏အကူအညီဖြင့် သူ့၏ မှတ်နိုင်စွမ်းအားက ပိုမိုအားကောင်းလာသည်။ သူက ကျမ်းစာစာအုပ်အချိ​ု့ကို ဖတ်ပြီးသွားချိန်တွင် ထိုအထဲရှိ စာလုံးအားလုံးကို ခေါင်းထဲတွင် တစ်လုံးမကျန် မမေ့မလျော့မှတ်သားပြီးသွားပြီဖြစ်သည်။

သူက အသုံးဝင်သည့်အချက်အလက်အားလုံးကို အလျင်အမြန် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။

အရင်ဆုံးက ဆေးဆရာတစ်ယောက်၏ သဘောတရားဖြစ်သည်။

ချီထျန်းရုံသိထားသည့် ထျန်းဝူတိုက်ကြီးအပေါ်ထားသည့် သူ၏ထင်မြင်ချက်မှာ လက်တွေ့တွင် ကွဲလွဲမှုများရှိနေသည်။ <<အခြေခံဆေးဝါးသန့်စင်ခြင်းလက်စည်းတံဆိပ်များ>> စာအုပ်အရ ဆေးဝါးများကို သန့်စင်ရာတွင် အပိုင်း (၃)ပိုင်းခွဲခြားထားသည်။ ဆေးဖက်ဝင်ဆေးလုံးများ, ဆေးဖက်ဝင်ဆေးအနှစ်ရည်များ နှင့် ဆေးဖက်ဝင်ဓာတ်စာဟင်းလျာများဟူ၍ဖြစ်သည်။ ထိုအပိုင်းသုံးပိုင်းမှာ ရှုပ်ထွေးနက်နဲသလောက် ဆေးအားလုံး၏ အာနိသင်နှင့် အရေးပါမှုတို့က တန်းတူပင်ဖြစ်သည်။

ဆေးဖက်ဝင်ဟင်းလျာများသည် ခန္ဓာကိုယ်ကို အားအင်ပြန်လည်ဖြည့်တင်းပေးနိုင်ကာ ကျန်းမားရေးကို ပြန်လည်ထိန်းညှိပေးနိုင်သည်။ ဆေးဖက်ဝင်ဆေးအနှစ်ရည်များသည် ရောဂါဘယများကိုတိုက်ထုတ်ပေးနိုင်ပြီး အနာရောဂါများကို ပျောက်ကင်းအောင် ကုသပေးနိုင်သည်။ ဆေးဖက်ဝင်ဆေးလုံးများကတော့ သိုင်းပညာကျင့်ကြံသူများကို ကူညီထောက်ပံ့ပေးနိုင်စွမ်းရှိကြသည်။.... ထို့အပြင် အထက်ဖော်ပြပါထဲမှ မည်သည့်ဆေးဖော်စပ်ပုံကို ရွေးချယ်အသုံးပြုသည်ဖြစ်စေ အကောင်းဆုံးသော အကျိုးအာနိသင်ကို ရရှိဖို့ရန်မှာ မတူညီသော စင်ကြယ်သန့်စင်ခြင်းနည်းလမ်းများကို အသုံးပြုရန်လိုအပ်ပေသည်။

ထျန်းဝူတိုက်ကြီးရှိ ဆေးဆရာများနှင့် သူတို့ပြုလုပ်နိုင်သော ဆေးရည်နှင့် အဆင့်နိမ့်ဆေးလုံးများသည်လည်း ဆေးဖော်စပ်ခြင်းပညာရပ်နှင့် သဘောတရားခြင်းတူညီ​ေပသည်။ သို့သော် ထိုဆေးရည်များမှာ ဆေးဝါးများသန့်စင်ခြင်းနည်းလမ်း၏ တစ်စိတ်တစ်ဒေသမျှသာဖြစ်ပြီး အညစ်အကြေးများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ ၄င်းတို့ကို ရောဂါဘယများကုသရေးနှင့် ကျင့်ကြံရေးအတွက် ကူညီထောက်ပ့ံရာတွင် အသုံးပြုမိပါက သေချာပေါက် အကျိုးနည်းမည်ဖြစ်ပြီး အမှန်တကယ် အာနိသင်ပြည့်ဝသည့်ဆေးလုံးများနှင့်ယှဥ်နိုင်မည်မဟုတ်ချေ။

ထိုကြောင့် ဤနေရာရှိဆေးဆရာဆိုသူများသည် အဆင့်နိမ့်ဆေးဆရာများသက်သက်သာဖြစ်ကြသည်။

လက်ရှိအချိန်တွင် ဤ <<အ​ခြေခံဆေးဝါးသန့်စင်ခြင်းလက်စည်းတံဆိပ်များ>> ကျမ်းစာအုပ်ထဲတွင် လက်စည်းတံဆိပ်အညွှန်း (၃) ခုကို အသေးစိတ်ဖော်ပြထားသည်။ ဆေးဖက်ဝင်ဆေးလုံးများကို စင်ကြယ်သန့်စင်ရန်အတွက် <<ကြယ်စင်ကိုးသွယ်ဆွတ်ခူးရွယ် - အငယ်တန်းစည်းတံဆိပ်>>, ဆေးဖက်ဝင်ဆေးအနှစ်ရည်များကို စင်ကြယ်သန့်စင်ရန် အတွက် <<ဆောင်းဦးရာသီဆီးနှင်းပွင့်ချီ - အငယ်တန်းစည်းတံဆိပ်>>, ဆေးဖက်ဝင်ဓာတ်စာဟင်းလျာများကို စင်ကြယ်သန့်စင်ရန်အတွက် <<ညွှတ်ပြောင်းရိုးသွယ်ပန်းပွင့်သဖွယ်- အငယ်တန်းစည်းတံဆိပ်>> တို့ဖြစ်ကြသည်။

ကုကျိုးမှာ တစ်ချက်ကြည့်ရုံနှင့် ထိုနည်းလမ်းတစ်ခုချင်းစီသည် ရှုပ်ထွေးပွေလီကာ ခက်ခဲမည်ဆိုတာ အတပ်ပြောနိုင်သည်။ သို့သော် ဒီနည်းလမ်း​တွေက အရိုးဆုံးနှင့် အရှင်းဆုံး နည်းလမ်းများဟုဆိုထား​ေလသည် -- သူက မတတ်သာပဲ ကိုယ့်ကိုယ်ကို ထပ်ပြီးသံသယဖြစ်မိပြန်သည် : ဒါတွေကို ငါက တကယ်တစ်လအတွင်း သင်လို့တတ်ပါ့မလား?

ကျန်သော ကျမ်းစာ(၃)အုပ်ကတော့ အ​ခြေအနေသိပ်မဆိုးလှ​ေပ။ အခြေခံအားဖြင့် ထိုစာအုပ်များက ဆေးဖက်ဝင်ဆေးလုံးများ, ဆေးအနှစ်ရည်များနှင့် ဓာတ်စာဟင်းလျာများကို ပြုလုပ်ဖော်စပ်ပုံနှင့် ဆေးညွှန်းပေါင်းများစွာပါဝင်သောစာအုပ်များ​ဖြစ်သည်။ သူက လက်စည်းတံဆိပ်များကို ကျွမ်းကျင်ပိုင်နိုင်သွားသည့်အခါ ဤကျမ်းစာအုပ်များကို လေ့ကျင့်ရာတွင် အသုံးပြုနိုင်သည်။

သို့သော် သူ့ကို စိတ်ဓာတ်ကျစေသည့်အရာက ဆေးဝါးများကိုသန့်စင်ရာတွင် ဒီလက်စည်းတံဆိပ်သုံးခုကို သူ အသုံးပြုရန်လိုအပ်​​ခြင်းပင်။ <<နတ်ဆေးပညာစိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်း>> ၏ မိတ်ဆက်အခန်းလေးလောက်ကိုပင် နားလည်ကျွမ်းကျင်ဖို့ရန် သူက ဒီကျမ်းစာများနှင့် လက်စည်းတံဆိပ်များကို ပိုင်နိုင်ကျွမ်းကျင်နေရမည်ဖြစ်သည်။ မဟုတ်ပါက သူ၏ ကျင့်ကြံခြင်းအခြေခံဖွဲ့စည်းမှု အားနည်းကာ မည်မျှအစွမ်းကုန်ကြိုးစားပြီး ဆေးဝါးများကိုသန​့်စင်နေပါစေ ရလဒ်က အချည်းနှီးသာဖြစ်ပေလိမ့်မည်။

မတတ်နိုင်ဘူး။ နောက်ဆုံးတော့ စိတ်ဝိညာဥ် ကျင့်ကြံရေးကိုပဲ အရင်လုပ်ရမှာပဲ

ကုကျိုးကပြောလိုက်သည် : ဒီစာအုပ်တွေကို အရင်သိမ်းထားလိုက်

[ကောင်းပါပြီ Host]

မျက်စိတစ်မှိတ်အတွင်း စာအုပ်များက ကုကျိုးလက်ပေါ်မှ ပျောက်ကွယ်သွားသည်။

ကုကျိုးက အနည်းငယ်သိချင်သွားကာ : မင်း အဲ့ဒီစာအုပ်တွေကို ဘယ်မှာထားလိုက်တာလဲ?

[ဒီ System မှာ လေဟာနယ်သိုလှောင်ရုံဆိုတာ ရှိပါတယ်။ အဲ့ဒီက အခန်းတွေထဲမှာ သက်မဲ့ပစ္စည်းတွေနဲ့ စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ့ သက်ရှိပစ္စည်းတွေကို သိုလှောင်ထားနိုင်ပါတယ်။ ကျေးဇူးပြုပြီး Host က မိမိဘာသာ စူးစမ်းလေ့လာကြည့်လို့ရပါတယ်]

ကုကျိုး အံ့အားသင့်သွားသည်။
သူက ဒီ System နဲ့အသိအမှတ်ပြုပေါင်းစည်းပြီးသည့်နောက်တွင် System နှင့်သူ၏ ဆက်သွယ်မှုက အတော်လေးနီးနီးကပ်ကပ်ရှိလာပြီး System က သူ့ကို ဘာမှလျှို့ဝှက်ထားလို့မရနိုင်မှန်း သူခံစားမိသည်။ သူအနေဖြင့် နောက်ထပ်မေးစရာ ဘာမှမရှိတော့ပေ။.... System က ထပ်မံသတိပေးလိုက်သည့်အခါ သူက စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုလေဟာနယ်သိုလှောင်ရုံနဲ့ ချိတ်ဆက်ရန်ကြိုးစားလိုက်သည်။

သေချာတာက သူ့စိတ်ထဲတွင် တဖြည်းဖြည်းချင်းခံစားမိလာသည်။ သူ၏စိတ်အာရုံထဲတွင် အမည်းရောင်လေဟာနယ်ကဲ့သို့သော အခန်းအလွတ်ကြီး ၁၂ ခုရှိနေသည်။ ဒါက လေဟာနယ်သိုလှောင်ရုံဆိုတဲ့ဟာလား?

သူက ထို အခန်းလွတ်ကြီးများကို စိတ်ထဲတွင် ကြိုးစားမြင်ယောင်ကြည့်လိုက်တော့ ထင်သည့်အတိုင်း သူစိတ်ထဲကနေ ၄င်းတို့ကို အမှန်တကယ် မြင်နိုင်လာသည်။ ပထမအခန်းထဲတွင် ခုနက ရှေးဟောင်းကျမ်းစာအုပ်များကို သိမ်းဆည်းထားသည်။ အခန်းများက အလွန်ကြီးမားပြီး နေရာလွတ်များလည်း များစွာကျန်ရှိနေသေးသည်။ နောက်ထပ် ကျမ်းစာအုပ်နည်းနည်းထပ်တိုးလာရင်တောင် ပြဿာနာမရှိနိုင်ပေ။ ဒီလိုဆို ပထမအခန်းကို သူ့၏ ကိုယ်ပိုင်စာအုပ်စင်အဖြစ် အသုံးပြုနိုင်ပေသည်။ နောင်ကို System က နောက်ထပ်စာအုပ်တွေထပ်ပေးလာခဲ့လျှင် အားလုံးကို ဒီအခန်းထဲတွင် သူ စုထည့်ထားရမည်။

ကုကျိုး စမ်းကြည့်ဖို့ပြင်လိုက်သည် : System မင်းအခုမလှုပ်နဲ့။

[ကောင်းပါပြီ Host]

ထို့နောက် ကုကျိုးက <<ဆောင်းဦးရာသီဆီးနှင်းပွင့်ချီ - အငယ်တန်းစည်းတံဆိပ်>> စာအုပ်ကို ထုတ်ယူလိုက်သည်ဟု စိတ်ကူးလိုက်သည်။ ချက်ချင်းပင် သူ့၏စိတ်ထဲက ဖျတ်ခနဲလှုပ်ရှားသွားပြီး လက်စည်းတံဆိပ်ကျမ်းစာအုပ်က သူ့လက်ထဲသို့ မျက်စိတစ်မှိတ်အတွင်းရောက်ရှိလာသည်။ ထို့နောက် သူက စာအုပ်ကို ပြန်ထားဖို့ စိတ်ကူးလိုက်ရာ ခုနကနှင့် တူညီသော ခံစားချက်တစ်ခုဖြစ်ပေါ်လိုက်ပြီးနောက် လက်စည်းတံဆိပ်စာအုပ်မှာ သိုလှောက်ရုံ ပထမခန်းထဲသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

သူ ကျေနပ်အားရသွား၏။

တစ်နည်းပြောရရင် သူဒီအိမ်က ထွက်သွားသည့်အခါ လက်ထဲတွင် ဘာပစ္စည်းမှ သယ်သွားရန်မလိုတော့ပေ။ သူလိုအပ်သည့်အရာအားလုံးကို ဒီသိုလှောင်ရုံထဲတွင် ထည့်သွားနိုင်သည်။

ကုကျိုးက System ၏စွမ်းဆောင်ရည်များကို အတော်အတန် လေ့လာပြီးသည့်နောက် နောက်ထပ် အချိန်မဖြုန်းတော့ပေ။ သူက သင့်တော်သောနေရာတစ်ခုရှာကာ စိတ်ဝိညာဥ်ကျင့်ကြံရေးနည်းလမ်းကို စတင်လေ့လာရန်ပြင်လိုက်သည်။

မှန်ကန်တဲ့ကျင့်ကြံရေးနည်းလမ်းကို သူနားမလည်နိုင်သေးရင်တောင် သူ့ရဲ့စိတ်ဝိညာဥ်ကိုတော့ အရင်လေ့ကျင့်ထားနိုင်သည်။

သို့သော် ကုကျိုးမှာ ဒီကမ္ဘာသို့ရောက်ရှိလာပြီးကတည်းက အလွန်အလုပ်များနေရသည်။ အခုလည်း သူ့မှာ စိတ်အေးလက်အေး ကျင့်ကြံဖို့ ကံမပါသေးပေ။

ရုတ်တရတ် အပြင်မှ လေးလံသောခြေသံများကို ကြားလိုက်ရသည်။ ထိုခြေသံများက သူ့အခန်းတံခါးရှေ့တွင် ရပ်သွားကာ တံခါးခေါက်သံထွက်ပေါ်လာသည်။

"သခင်လေးထျန်းရုံ, ညစာလာပို့တာပါ။ တံခါးမြန်မြန်လာဖွင့်ပေးဦး!"

အသံက အစေခံတစ်ယောက်ဖြစ်ရမည်။ သို့သော် သူမအသံက နည်းနည်းမှ ယဥ်ကျေးပျူငှာမှုမရှိချေ။ သူတော်စင်လေး ချီထျန်းရုံကတော့ ဒီလိုအပြုအမူကို ဂရုစိုက်မည်မဟုတ်ပေ သို့သော် ကုကျိုးကတော့ သူ့မှတ်ဥာဏ်ကို ကြည့်လိုက်တာနဲ့ သိနေပြီဖြစ်သည်။

အစကနေ ယခုတိုင် ချီထျန်းရုံသည် သခင်လေးထျန်းရုံ ဟု အမည်တွင်ခဲ့သည်။ ချီ မိသားစု၏ လက်အောက်ခံအိမ်တော်များမှ ခေါင်းဆောင်များကိုလည်း သာမာန်အားဖြင့် စီနီယာအရ သခင်လေးဟုသာ သုံးနှုန်းကြသည်။ ၄င်းမှာ ပါရမီအရည်အချင်းရှိသောလူများကို ဒီမိသားစု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖော်ပြသောသ​ေင်္ကတတစ်ခုသာဖြစ်သည်။.....သို့သော် အရူးလေး ချီထျန်းရုံခမျာ ထိုအခေါ်အဝေါ်၏နောက်ကွယ်က အဓိပ္ပါယ်ကို မသိသွားခဲ့ရပေ။

ထိုအကြောင်းကို စဥ်းစားမိတော့ ကုကျိုး အနည်းငယ် ဒေါပွသွားသည်။ သို့သော် အခု သူ့မှာ အဲ့ဒါကိုဂရုစိုက်နေဖို့ အချိန်မရှိပေ။

သူက ချီထျန်းရုံ၏ အလောင်းကြီးဆီ တစ်ချက်လှမ်းကြည့်လိုက်သည်။ လက်ရှိတွင် သူက ဒီအလောင်းကြီးကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ဆင်ဖို့မဖြစ်နိုင်ပေ။ ပြီးတော့ ကြည့်ရတာ သူက တံခါးမဖွင့်ပြန်ရင်လည်း ထိုအစေခံက ဘယ်နည်းနဲ့ဖြစ်ဖြစ် အထဲရောက်အောင် ဝင်လာမည့်ပုံပေါ်သည်။ ဒါပေမယ့် သူက ဒီသောက်အလောင်းကောင်ကြီးကို ဘာလုပ်ပစ်ရမှာတုန်း?

[လေဟာနယ်သိုလှောင်ရုံ]

ကုကျိုးက အသက်ရှုအောင့်လိုက်ကာ စိတ်ထဲကနေ ဒီအလောင်းကြီးကို သိုလှောင်ရုံထဲထည့်ဖို့ စိတ်ကူးလိုက်သည်။

မျက်စိတမှိတ်အတွင်းမှာပင် ကုတင်ပေါ်မှာ နေရာရှင်းလင်းသွားကာ သိုလှောင်ရုံ၏ ၁၂ ခုမြောက်အခန်းမှာတော့ အလောင်းကြီးတစ်ခုက တိတ်ဆိတ်စွာ ပေါ်လောမျောနေတော့သည်။

တစ်ချိန်တည်းမှာ အခန်းတံခါးကလည်း ပွင့်လာသည်။

ကုကျိုးက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်၏။

ကံသီပေလို့....

သူခေါင်းလှည့်ကြည့်လိုက်တော့ ကျောက်စိမ်းရောင်ဂါဝန်ကိုဝတ်ဆင်ထားသည့် မိန်ကလေးတစ်ယောက်ကို တွေ့ရသည်။

ချီထျန်းရုံ၏ မှတ်ဥာဏ်အရဆို သူမက ဒီအိမ်က အမျိုးသမီးခေါင်းဆောင်၏ ကိုယ်ပိုင်အစေခံမလေး 'ချွေ့အယ်' ဖြစ်သည်။ သူမက ထျန်းရုံအပေါ် အမြဲယဥ်ကျေးသိမ်မွေ့ကာ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်းမှာလည်း သူမ၏ အပြုအမူများက ပြောင်းလဲသွားခဲ့ခြင်းမရှိဘဲ နွေးထွေးသည့်အပြုံးလေးပန်ဆင်ကာ သူ့ဆီထမင်းလာပို့မြဲဖြစ်သည်။

ဒါပေမယ့် ကုကျိုးကတော့ လူသားတို့၏ စိတ်သဘောထားအမှန်ကို ရှင်းလင်းစွာမြင်နိုင်သည်။ ထို့ကြောင့် သူက စိတ်ထဲကနေ တဟားဟား ရယ်လိုက်သည်။

သူမ၏ မျက်နှာမှာ အလွန်နှစ်လိုသည့်သဘောဆောင်​ေနသော်လည်း နှမျောစရာက သူမ၏ လှပသောမျက်လုံးများတွင် ရွံရှာစက်ဆုပ်ခြင်းများက စွန်းထင်းနေခဲ့သည်။ အခုတော့ သူမမျက်လုံးတွေက အထင်အမြင်သေးမှုများဖြင့်သာ တလက်လက်တောက်ပနေ၏။

......ချီထျန်းရုံရဲ့ လူကဲခတ်ပုံကတော့ မျက်မှန်တစ်လက်လောက်ဝယ်ထားပေးသင့်သည်။

သို့သော်လည်း ကုကျိုးသည် ချီထျန်းရုံကဲ့သို့ ပုံဖမ်းကာ ဖျော့တော့စွာ ပြုံးလိုက်၏

"ချွေ့အယ်, မင်းလာပြီလား?"

ချွေ့အယ်၏ မျက်လုံးများသည် စက်ဆုပ်ရွံရှာခြင်း၊ အထင်အမြင်သေးခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သို့သော် သူမက ယဥ်ကျေးပျူငှာသည့် မိန်းမငယ်လေးတစ်ယောက်သဖွယ် အခန်းထဲသို့ လှမ်းဝင်လိုက်သည်။ သူမက ဟင်းပွဲ ၅ ပွဲ ၆ ပွဲခန့်ပါသည့် လေးလံလှသော လင်ဗန်းကြီးကို စားပွ​ဲခုံပေါ်တွင် ခင်းကျင်းလိုက်သည်။ ဟင်းပွဲချသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကုကျိုးခမျာ ဒီလိုသိုင်းပညာကျင့်ကြံကြသည့်ခေတ်ကြီးတွင် သူ့ရဲ့ အားအင်ချိနဲ့လှသည့် ကြွက်သားကလေးများက သူများအိမ်က အစေခံမလေးတစ်ယောက်ကိုတောင် မယှဥ်သာပြီဟု ခံစားလိုက်ရသည်......

______________________________________

အချစ်ဆုံးတို့ရေ......

သူတို့ရှင်းထားတာတွေက အရမ်းရှုပ်သွားလား 😅 သိပ်မကြာခင်မှာတော့ ကိုကို 'ကုန်' ပေါ်လာတော့မှာပါနော်....အဲ့တော့ နောက်အပိုင်းမှာ ပြန်တွေ့ကြမယ်နော်။ အားလုံးအစစအရာရာ အန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းရင်း......

With love ❤
Taiga 😘

Continuer la Lecture

Vous Aimerez Aussi

1.3M 28.8K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...
604K 31.5K 82
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
52.4K 5.3K 133
acc ထဲမှာ 1 ရှိပါတယ်